Saturday, May 04, 2013

တရုတ်-မွတ်စလင် ပဋိပက္ခဖြစ်ပွားမှုကြောင့် ၃၆ ဦး သေဆုံး

Posted by drmyochit Saturday, May 04, 2013, under | No comments


 တရုတ်နိုင်ငံ ဇီကျန်ဒေသတွင် ဟန်လူမျိုးများနှင့် မွတ်ဆလင် များအကြား လူမျိုးစု ပဋိပက္ခများ ဖြစ်ပွားခဲ့၍ အဓိ ကရုဏ်း တားဆီး သည့် တရုတ်ရဲ ၁၅ ဦး အပါအဝင် စုစုပေါင်း ၃၆ ဦး သေဆုံးပြီး လူပေါင်းများစွာ ဒဏ် ရာ ရရှိသည်။ အဆိုပါ ပဋိပက္ခသည် ရက်စက် ကြမ်းကြုတ် လွန်းသော အကြမ်းဖက် အဖွဲ့၏ စနစ် တကျ ကြိုတင် အကွက်ချပြီး ကြံစည် မှုကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးမှ ထုတ်ပြန် ကြေညာ ထားသည်။ 

မတူညီသော လူမျိုးစု နှစ်စု နေထိုင် ကြသည့် အဆိုပါ ဒေသတွင် အချင်းချင်း ပြန်လည် သင့်မြတ်စွာ နေထိုင် နိုင်ရေးသည် အင်မတန် ခက်ခဲကြောင်း တရုတ် ဒေသခံများက နိုင်ငံတကာ သတင်း မီဒီယာများသို့ ရင်ဖွင့် ပြောကြား ထားသည်။ ယခုအခါ အဆိုပါ ဒေသတွင် မွတ်ဆလင် လူဦးရေသည် ၄၅ ရာခိုင်နှုန်းအထိ ရှိလာပြီ ဖြစ်သောကြောင့် နယ်မြေခွဲထွက်လိုသူ မွတ်ဆလင်များနှင့် တရုတ် ဒေသခံများ အကြား ပဋိ ပက္ခများ ကြီးထွား လာသည်။ အပြစ်မဲ့ ပြည်သူများ သေဆုံးရသည့် အဆိုပါ တရုတ်-မွတ်ဆလင် ပဋိ ပက္ခ တွင် သွေးတိုးလှု့ဆော် ပါဝင်ခဲ့သူများနှင့် အကြမ်းဖက် သမားများကို တရုတ်အစိုးရက ဖမ်းဆီးထိန်းသိမ်း ထား သည်။ ၂၀၀၉ ခုနှစ် ကလည်း ဇီကျန်မြို့တော် ယူယန်ကီတွင် တရုတ်-မွတ်ဆလင် ပဋိပက္ခ ဖြစ်ပွားပြီး လူ ၂၀၀ ခန့် သေဆုံး ခဲ့ရသည်။  

Ref: Yoyarlay 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်