Monday, May 06, 2013

ဒါကာ အစ်စလာမ် ဆန္ဒပြပွဲကြီး ဖြိုခွဲခံရ

Posted by drmyochit Monday, May 06, 2013, under | No comments


 အစ်စလာမ် စော်ကားသူကို သေဒဏ်ပေးဖို့ တောင်းဆို

ဒါကာ မြို့တော်က အစ္စလာမ် ဘာသာဝင်တွေရဲ့ ဆန္ဒပြပွဲကြီးကို ရောင်ခြည်ဖြာ ဒိုင်းနမိုက်နဲ့ ရာဘာ ကျည်ဆန်တွေ သုံးပြီး ဘင်ဂလားဒေ့ရှ် ရဲက ဖြိုခွဲ ခဲ့ပါတယ်။

ဒါကာ မြို့လယ်က စီးပွားရေး ရပ်ကွက်ကို ရဲနဲ့ လုံခြုံရေး အဖွဲ့တွေ ထိန်းချုပ် လိုက်ပြီ ဖြစ် ပါတယ်။

အဆောက်အအုံ တွေ ကြားမှာ ပုန်းကွယ် နေတဲ့ ဆန္ဒပြသူတွေကို ရဲက ရှာဖွေ နေတာမို့ သေနတ်သံနဲ့ ပေါက်ကွဲသံတွေ ကြားနေရ ဆဲ ဖြစ်ပါတယ်။

ရဲနဲ့ ဆန္ဒပြသူတွေ အကြား သွေးထွက် သံယို အချင်း များမှု တွေကြောင့် အနည်းဆုံး လူ ၇ ယောက် သေဆုံးခဲ့ပြီး ဆန္ဒပြသူ တွေက ကျောက်တုံးတွေနဲ့ ပစ်ပေါက် ခဲ့ကြပါတယ်။

တင်းကျပ်တဲ့ အစ်စလာမ် စံနှုန်းတွေ ထားရှိရေး တောင်းဆိုကြတဲ့ ထောင်သောင်းချီတဲ့ ပြည်သူတွေ ချီတက် ဆန္ဒပြ ခဲ့ကြတာ ဖြစ်ပါတယ်။

ဘင်ဂလားဒေ့ရှ်ဟာ ဘာသာရေး စွက်ဖက်မှု ကင်းတဲ့ နိုင်ငံ ဖြစ်တယ် ဆိုတဲ့ အကြောင်း ပြချက်နဲ့ အစိုးရက ဒီ တောင်းဆို ချက်တွေကို ပယ်ချ ခဲ့ ပါတယ်။

From: BBC 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်