Sunday, July 14, 2013

ခွင့်ပြုချက်မရှိဘဲ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝတ်စုံအားဝတ်ဆင်ပြီး တပ်ဖွဲ့ဂုဏ်သိက္ခာကျဆင်း အောင် ပြုလုပ်ခဲ့သူများအားအရေးယူ

Posted by drmyochit Sunday, July 14, 2013, under | No comments


ရန်ကုန်၊ ဇူလိုင် ၁၃

၁၃.၇.၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် ရဲမှူးသာဌေး၊ အမှတ်(၆)ဒုတပ်ခွဲမှူး(ရန်ကုန်)၊ ယာဉ်ထိန်း ရဲ တပ်ဖွဲ့ သည်facebook တွင် ယာဉ်ထိန်းရဲ၏ ကကွက်ဆန်းခေါင်းစဉ်ဖြင့်

ရန်ကုန်မြို့၊ အနော်ရထာလမ်းနှင့် ဆူးလေဘုရားလမ်းဆုံမီးပွိုင့်၌ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝတ်စုံဝတ်ဆင်၍ လမ်း လယ်တွင် ယာဉ်ထိန်းရဲလမ်းရှင်းအချက်ပြနေပုံအား ဒန်ဆာအကဖြင် သရုပ်ပျက် ကခုန် လက်ပြနေသည် ကိုတွေ့ရှိရသဖြင့်စုံစမ်းရာအဆိုပါသူမှာ

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးမဟုတ်ဘဲ သရုပ်ဆောင် မင်းမင်းထွန်းဆိုသူဖြစ်ပြီး (Mango)ကုမ္မဏီ၏ ဗီတာမင်(စီ)ကြာ်ငြာအတွက် ဒါရိုက်တာဇော်ကိုကိုမှ စီစဉ်ရိုက်ကူးကြောင်း၊ သရုပ်ဆောင်မင်းမင်းထွန်းဝတ်ဆင်ရိုက်ကူးခဲ့သည့်ယာဉ်ထိန်းရဲတပ်ဖွဲ့ ၀တ်စုံအား ၎င်းတို့အစီအစဉ်ဖြင့် မင်္ဂလာဒုံဈေးမှ ချုပ်လုပ် ၀ယ်ယူ ခဲ့ကြောင်း စုံစမ်း သိရှိခဲ့ရသဖြင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝတ်စုံအားခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲယာဉ်ထိန်း
ရဲတပ်ဖွဲ့ဝင် တစ်ဦး အဖြစ် အယောင်ဆောင် ၀တ်ဆင်အသုံးပြုခဲ့ပြီး

ရန်ကုန်မြို့လယ်ရှိ လူအများ စည်ကားရာနေရာတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာညှိုးနွမ်း ကျ ဆင်းအောင် ရည်ရွယ် ကာ ပူးပေါင်းပြုမူဆောင်ရွက်ခဲ့ကြ သူများဖြစ်သည့် (Mango)ကုမ္ပဏီမှ အထွေထွေ မန်နေဂျာ ဒေါ်ခင်သက်ခိုင်၊

ဒါရိုက်တာဇော်ကိုကိုနှင့် သရုပ်ဆောင် မင်းမင်းထွန်းတို့အား အရေးယူပေးပါရန် ရဲမှူးသာဌေးမှ တိုင်တန်း ခဲ့၍ ကျောက်တံတား ရဲစခန်း(ပ)၂၄၄/၂၀၁၃၊ ပုဒ်မ ၁၇၁/၅၀၀/၁၁၄ ဖြင့် အရေး ယူဆောင်ရွက် လျက်ရှိ ကြောင်းသတင်းရရှိပါသည်။

Video ဖိုင် မနက်၉ခွဲလောက် ဆူးလေပွိုင့်မှာဖျော်ဖြေသွားတဲ့ယာဉ်ထိန်းရဲ ရဲ့ကကွက်ဆန်း



Posted From Yangon Police

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်