Monday, July 08, 2013

အင်ဒိုမှာ ကျားလိုက်လို့ သစ်ပင်ပေါ်တက်နေရ

Posted by drmyochit Monday, July 08, 2013, under | No comments



ကျားပေါက်လေးကို သတ်မိ သွားရ ကနေ တခြား ကျားကြီးတွေက လိုက်ပြီး တိုက်ခိုက် ခဲ့


အင်ဒိုနီးရှား နိုင်ငံ ဆူမားထရားကျွန်း တောတခု မှာ သစ်မွှေး ရှာသူတွေကို ကျားတွေ လိုက်လို့ အဲဒီသူတွေဟာ သစ်ပင်ပေါ် တက်နေ ခဲ့ကြရ ပါတယ်။

အဲဒီ ထဲက ၅ ဦး ဟာ သစ်ပင်ပေါ်မှာ နေနေ ရတာ ၃ ရက်ကြာ သွားပြီ ဖြစ်ပြီး တခြား တဦး ကတော့ ကျားကိုက်လို့ သေဆုံး သွားခဲ့ ပါတယ်။

အဲဒီ သစ်မွှေး ရှာသူတွေဟာ ကျားပေါက်လေး တကောင်ကို မတော် တဆ သတ်မိ သွားရ ကနေ တခြား ကျားကြီးတွေက သူတို့ကို လိုက်ပြီး တိုက်ခိုက် ခဲ့တာ ဖြစ်ပါ တယ်။

အနီး အနားက ရွာသား တွေဟာ ဒီလူတွေကို ကယ်ဆယ်ဖို့ မဖြစ် နိုင်တဲ့ အတွက် ရဲကို ခေါ်ထားတယ်လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်