Sunday, September 08, 2013

Birth control pills for emergency contraception ပုံမှန် တားဆေးကို အရေးပေါ် အသုံးချနည်း

Posted by drmyochit Sunday, September 08, 2013, under | No comments


သမီးတို့ချစ်သူ ၂ ယောက်ဟာ ရာသီလာပြီး ၁၄ ရက်အတိမှာ မရည်ရွယ်ဘဲနေမိပါတယ်ရှင်။ သမီးဆီမှာ Morning after pills ကလဲဝယ်ဖို့ မလွယ်ပါဘူး။ အဲဒါနဲ့ Marvelon 28 ကဒ်ထဲက ပထမဆုံး ၄ လုံးကို သောက်ပါတယ်။ နောက် ၁၂ နာရီ ခြားပြီး နောက်ထပ် ၄ လုံးကို ဆက်သောက်ခဲ့ပါတယ်။ နောက်နေ့တွေ မှာတော့ ကျန်တဲ့ ၉ ကနေဆက်ပြီး သောက်ပါတယ်။ မလိုလားလိုလား မကျိန်းသေတဲ့အတွက် ဆက် သောက်ပါတယ်။ အခုဒီနေ့ဆိုရင် သမီးမှာ ၂၈ ရက်ဖြစ်လို့ လာခါနီးဖြစ်နေပါပြီ။ ကိုယ်ဝန်ရှိမှာ စိတ်ပူနေရတဲ့ အတွက် သောက်လိုက်တဲ့ဆေးနည်းဟာ မှန်မမှန် သိပါရစေ။ % ဘယ်လောက် ကာကွယ်နိုင်ခဲ့တယ် ဆိုတာလဲ သိပါရစေ။

တနေ့ ၁လုံး၊ တလ ၂၈ လုံး သောက်ရတဲ့ အများဆုံးသုံး ကိုယ်ဝန်တားစားဆေးတချို့တွေကို အရေးပေါ် တားဆေး အနေနဲ့ သုံးနိုင်ပါတယ်။ အားလုံးမဟုတ်ပါ။ Levonorgestrel ပါတာမျိုးကိုမှ အဲလို အရေးပေါ် အနေနဲ့သုံးနေခဲ့တာ ၁၉၇ဝ ကျော် ကတည်းက ဖြစ်ပါတယ်။ ဆေးအတူတူပါတဲ့ Morning after pill ဆေး လောက်တော့ မထိရောက်လှဘူး။

အမေရိကားမှာ အရေးပေါ်တားဆေးတွေထဲက Ella (Ulipristal acetate) ဆေးကို ဆရာဝန်လက် မှတ်နဲ့ သာ ရောင်းတယ်။ Plan B One-Step, Next Choice One Dose, Next Choice and Levonorgestrel Tablets (progestin) တွေကို အသက် ၁၇ နှစ်ကျော်သူ ကျား-မ ဘယ်သူမဆို ဝယ်လို့ရတယ်။ နေ့တိုင်း သောက်ရတဲ့ တားဆေးတွေထဲမှာ Progestin နဲ့ Estrogen တွေပါတယ်။ Marvelon ဆေးထဲမှာ Ethinyl-estradiol နဲ့ Desogestrel ပါတယ်။

အရေးပေါ်ဆိုတာ မရည်ရွယ်ဘဲ အတူနေမိတဲ့နောက် ကိုယ်ဝန်မရချင်ရင် ၁၂ဝ နာရီအတွင်း သောက်ရတဲ့ ဆေးဖြစ်တယ်။ Plan B One-Step နဲ့ Next Choice လိုမျိုး Levonorgestrel ပါတာဆိုရင် တခါတည်း သောက်လို့ရတယ်။ ပုံမှန်တားဆေးကို အရေးပေါ်သုံးရင် ကျန်တဲ့ဆေးအပိုကို မသောက်ပါနဲ့။ မထူးပါ။ ဘေးထွက်-ဆိုးကျိုးသာ ပိုခံစားရမယ်။

Progestin-only pills အရေးပေါ်တားဆေး

ဆေးနာမည် ချက်ချင်းသောက်ရန် နောက် ၁၂ နာရီမှာ သောက်ရန်
Ella ၁ -
Next Choice ၂ -
Plan B ၂ -
Plan B One Step ၁ -

Combined progestin and estrogen pills ပုံမှန်တားဆေး
ဆေးနာမည် ချက်ချင်းသောက်ရန် နောက် ၁၂ နာရီမှာ သောက်ရန်
Alesse ၅ ၅
Aviane ၅ ၅
Cryselle ၄ ၎
Enpresse ၄ ၎
Jolessa ၄ ၎
Lessina ၄ ၎
Levlen ၄ ၎
Levlite ၅ ၅
Levora ၄ ၎
Lo/Ovral ၄ ၎
LoSeasonique ၅ ၅
Low-Ogestrel ၄ ၎
Lutera ၅ ၅
Lybrel ၆ ၆
Nordette ၄ ၎
Ogestrel ၂ ၂
Ovral ၂ ၂
Portia ၄ ၎
Quasense ၄ ၎
Seasonale ၄ ၎
Seasonique ၄ ၎
Sronyx ၅ ၅
Triphasil ၄ ၎
Tri-Levlen ၄ ၎
Trivora ၄ ၎

Emergency Contraception (2) အရေးပေါ်တားဆေးများ (၂) ကို ဆက်လက်ဖတ်ရှုရန်

ဒေါက်တာတင့်ဆွေ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်