Saturday, February 15, 2014

အမေရိကန်ကားပြတိုက်၌ ဧရာမမြေကျွံတွင်းကြီးပေါ်ထွက်

Posted by drmyochit Saturday, February 15, 2014, under | No comments


ဘိုးလင်းဂရင်း၊ ဖေဖော်ဝါရီ- ၁၄

အမေရိကန်ပြည်ထောင်စု ကင်တပ်ကီပြည်နယ် အမျိုးသားကားပြတိုက်တစ်ခုတွင် ဧရာမမြေကျွံ တွင်းကြီး တစ်ခု ရုတ်တရက်ပေါ်ထွက်ခဲ့ရာပြသထားသည့် အဖိုးတန်ရှားပါး မော်တော်ယာဉ်များ မြေကျွံတွင်းအတွင်း
နစ်မြုပ် ခဲ့ရကြောင်း ဖေဖော်ဝါရီ ၁၄ ရက် သတင်းများ၌ ဖော်ပြသည်။

ပြတိုက်အတွင်း ပေါ်ထွက်လာသော မြေကျွံတွင်းကြီးမှာ အနက်ပေ ၂၀ မှ ပေ ၃၀ အထိရှိပြီး အချင်းပေ ၄၀ ကျယ်ဝန်းကြောင်းအမျိုးသားကော်ဗက်ကားပြတိုက် တာဝန်ရှိသူများကပြောကြားသည်။

မြေကျွံတွင်းထဲကျရောက်ခဲ့သော ရှားပါးမော်တော်ယာဉ်ရှစ်စီးအနက်ခြောက်စီးကို ပြတိုက်က ပိုင်ဆိုင်ပြီးနှစ် စီးမှာ ဂျင်နရယ်မော်တာကုမ္ပဏီမှငှားရမ်းပြသထားသည့် ကားများဖြစ်ကြောင်း သတင်းများ တွင်ဖော်ပြ ထားသည်။ ဖေဖော်ဝါရီ ၁၂ ရက်နံနက်ပိုင်း၌ ဖြစ်ပွားခဲ့သောမြေကျွံ ၀င် မှုဖြစ်စဉ်ကြောင့် ဒဏ်ရာ ရရှိသူ တစ်ဦး တစ်ယောက်မျှ မရှိခဲ့ကြောင်း ပြတိုက်တည်ရှိရာဘိုးလင်းဂရင်းမြို့ ရဲတပ်ဖွဲ့ကပြောကြားသည်။

မြေကျွံကျွင်းထဲကျရောက်မည့် အန္တရာယ်ရှိနေသောရှားပါးမော်တော်ယာဉ် တစ်စင်းကို ပြတိုက် တာဝန် ရှိသူများ ကနေရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်