Wednesday, March 12, 2014

မလက်ကာ ရေလက်ကြားဘက်သို့ ပျောက်ဆုံးနေသော မလေးရှားလေယာဉ် မောင်းနှင်ခဲ့သည်ဟု ပြောဆိုခြင်းကို ရေတပ်မှ ငြင်းဆို

Posted by drmyochit Wednesday, March 12, 2014, under | No comments


မတ်လ ၁၂။

ပျောက်ဆုံးနေသော မလေးရှားလေယာဉ်သည် ပျံသန်းရာ လမ်းကြောင်းမှ ဖယ်ခွာပြီး မလက်ကာ ရေ လက်ကြား ဘက်သို့ လမ်းကြောင်းပြောင်း မောင်းနှင်ခဲ့သည်ကြောင်း စစ်တပ်သုံး ရေဒါတွင် ဖမ်းယူတွေ့ရှိခဲ့သည်ဟု ဆိုသော ပြောဆိုချက်များကို မလေးရှား လေတပ် အကြီးအကဲမှ ငြင်းဆိုသွားသည်။

ဒေသတွင်း မီဒီယားများ၏ ၎င်းပြောဆိုချက်မှာ မှန်ကန်မှု မရှိကြောင်း သို့ရာတွင် လေယာဉ် အနေဖြင့် လမ်းကြောင်းပြောင်း ဦးပြန်လှည့် မောင်းနှင်ခဲ့သည်မှာ ဖြစ်နိုင်ဖွယ်ရာ ရှိကြောင်း လေတပ် အကြီးအကဲ ဗိုလ်ချုပ် ရော့ဇာလီဒတ်မှ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းမည့် လေယာဉ် ခရီးစဉ် အမှတ် MH370 သည် လူပေါင်း ၂၃၉ ဦးကို တင်ဆောင်ပြီး စနေနေ့တွင် ထွက်ခွာခဲ့ရာမှ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ရဲ့ ရှာဖွေမှု လုပ်ငန်းတစ်ချို့ကို မလေးရှားရဲ့ သတင်းအချက်အလက်တွေပေါ် မူတည်ပြီး ခေတ္တရပ်တန့်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ် ” ဟု ဗီယက်နက် ခရီးသွားလာရေး ဝန်ကြီး ဖန်ကွေတူမှ ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့သည်။

ယခု ရက်သတ္တပတ် အစောပိုင်းတွင် မလေးရှားမှ ပျောက်ဆုံးနေသော လေယာဉ် ရှာဖွေမှုကို နောက်ဆုံးသိရှိရသည့် နေရာထက် ပိုမိုပြီး ဖြန့်ကျက် ရှာဖွေခဲ့သည်။ အစောပိုင်း ရှာဖွေမှုများမှာ မလေးရှားနှင့် ဗီယက်နမ်ကြား ရေပြင်တွင် အာရုံစိုက် ရှာဖွေခြင်း ဖြစ်သည်။

မလေးရှား အနောက်ပိုင်း ကမ်းခြေ မလက်ကာ ရေလက်ကြားဘက်သို့ လေယာဉ် ဦးတည်ပျံသန်းမှုကို စစ်တပ်သုံး ရေဒါတွင် တွေ့ရှိခဲ့ရကြောင်း ဗိုလ်ချုပ် ရော့ဇာလီဒတ်မှ ပြောဆိုခဲ့သည်ဟု ဒေသတွင်း မီဒီယာများမှ အင်္ဂါနေ့က ဖော်ပြခဲ့ကြသည်။

ထို့ကြောင့် ဗုဒ္ဓဟူးနေ့တွင် ဗိုလ်ချုပ် ရော့ဇာလီဒတ်မှ ၎င်းပြောဆိုမှု မပြုလုပ်ခဲ့ကြောင်း ငြင်းပယ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ၎င်းကဲ့သို့ လေယာဉ် ဦးလှည့် ပျံသန်းမှုမျိုးလည်း ဖြစ်နိုင်ဖွယ်ရာ ရှိကြောင်း ပြောဆိုခဲ့သည်။

ယခု အချိန်၌ ရှာဖွေမှုများကို မလက်ကာ ရေလက်ကြား မြောက်ပိုင်း အက်ဒမန် ပင်လယ်ဘက်သို့ ထပ်မံ ဖြန့်ကျက် ရှာဖွေလျက် ရှိကြောင်း မလေးရှား ပြည်သူ့ဆိုင်ရာ လေကြောင်း ကြီးကြပ်ရေး အကြီးအကဲ အဇာရူဒင် အဗ္ဗဒူ ရာမန်မှ ပြောဆိုခဲ့သည်။

REF: BBC
From: The Myanma Age

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်