
နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် ဆွစ်ဇာလန်သမ္မတတို့ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးနေစဉ် (PETER SCHNEIDER/EPA)
ြ မြန်မာနိုင်ငံတွင် သမ္မတ ဖြစ်ခွင့်ကို မည်သူတစ်ဦးတစ် ယောက်မှ တားမြစ်ခံထားရခြင်း မရှိသင့်ဟု ယုံကြည်သော်လည်း လူတစ်ဦးချင်းနှင့် အဖွဲ့အစည်း၏ အကျိုးစီးပွားထက် နိုင်ငံ၏အကျိုး စီးပွားကိုသာ ဦးစားပေးစဉ်းစား မည်ဖြစ်ပြီး ဥပဒေနှင့်အညီ ဖွဲ့ စည်းပုံပြင်ဆင်ခြင်းကို ဆန့်ကျင် ရန် မရှိကြောင်း သမ္မတဦးသိန်းစိန် က ပြောကြားသည်။
ဆွစ်ဇာလန်အခြေစိုက် NZZ သတင်းဌာနက ဒေါ်အောင်ဆန်း စုကြည်မှာ နိုင်ငံခြားသားနှင့် လက်ထပ်ထား၍ သမ္မတလောင်းဖြစ်ခွင့် ကန့်သတ်ခံနေရခြင်းအပေါ် မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
‘‘အခြေခံအားဖြင့်တော့ သမ္မတဖြစ်ခွင့်ကို ဘယ်သူတစ်ဦး တစ်ယောက်မှ တားမြစ်မခံထား သင့်ဘူးလို့ ကျွန်တော်ယုံကြည်ပါ တယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဘယ်လိုပြင်ဆင်ရမယ် ဆိုတာ ရှင်းလင်းတဲ့ စည်းမျဉ်းတွေရှိပါတယ်။ ကျွန်တော့် သဘောကတော့ တရားဥပဒေနဲ့ အညီ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းကို လုပ်မယ်ဆိုရင် ဆန့်ကျင်စရာမရှိပါဘူး’’ ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် အဆိုပါ သတင်း ဌာနက ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတလောင်းဝင်ရောက်ခွင့် မရအောင် ကန့်သတ်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မကို ပြင်ဆင်ရန် မဲပေးမည်ဆိုပါက သမ္မတက မည်သို့မဲပေးရွေးချယ် မည်ဆိုသည်ကိုလည်း ဆက်လက် မေးမြန်းခဲ့သည်။
‘‘တစ်ဦးတစ်ယောက်ချင်းနဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အကျိုးစီး ပွားထက် နိုင်ငံ့အကျိုးစီးပွားတစ် ခုတည်းကို ဦးစားပေးစဉ်းစားမှာ ဖြစ်တယ်။ ပြီးတော့ လူများစုရဲ့ ဆန္ဒကိုလည်း လေးစားရမှာ ဖြစ် တယ်။ အဲဒီနှစ်ချက်ပေါ်မူတည် ပြီး ကျွန်တော်မှန်ကန်တဲ့ ဆုံးဖြတ် ချက်ကို ချမှတ်နိုင်မယ်လို့ ယုံ ကြည်ပါတယ်’’ ဟု ၎င်းက ပြန် လည်ဖြေကြားခဲ့သည်။
သမ္မတဦးသိန်းစိန်သည် နောက်ထပ်သက်တမ်းအတွက် အနားယူလိုသည်ဟု မကြာခဏ ပြောကြားခဲ့သော်လည်း ယခုဥရောပ ခရီးစဉ်တွင် တိုင်းပြည်နှင့် ပြည်သူလူထု၏ ဆန္ဒပေါ်မူတည်၍ နောက်သက်တမ်း ဆက်လုပ်၊ မလုပ် ဆုံးဖြတ်မည်ဖြစ်ကြောင်းပြောကြားထားပြီးဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကသမ္မတဖြစ်လိုကြောင်း ပြောကြားထားသော်လည်း မိမိ၏ မိဘ၊ သားသမီး၊ ဇနီး၊ ခင်ပွန်းတို့မှာ နိုင်ငံခြားအစိုးရလက်အောက်ခံဖြစ်သူ တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရဟု ၂၀၀၈ ခုနှစ်ဖွဲ့စည်းအခြေခံ ဥပဒေပုဒ်မ ၅၉(စ)ကြောင့် သမ္မတဖြစ်ခွင့် ကန့်သတ်ခံနေရခြင်း ဖြစ်သည်။
‘‘ဒေါ်စုသမ္မတ မဖြစ်လည်း လွှတ်တော်ထဲကနေ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ကို ဆက်လုပ်သွားမှာ ပဲ။ အားလုံးက ပြောကြတာပဲ။ သားနှစ်ယောက်ကို မြန်မာနိုင်ငံ သား ခံယူလိုက်ဖို့။ ဒါပေမဲ့ ဒေါ်စု က ဒါအတွက် သိက္ခာအကျခံပြီး မလုပ်ဘူး။ ပြီးတော့ ၅၉(စ)ကို လည်း လုံးဝမပြောဘူး’’ ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။
ထို့ပြင် သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်း မှု လုပ်ငန်းစဉ်မှာ အရှေ့အလယ် ပိုင်းနိုင်ငံများတွင် ဖြစ်ပွားခဲ့သော အာရပ်နွေဦးဖြစ်စဉ်နှင့်အတူ စတင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အာရပ်နိုင်ငံများတွင် ရုန်းကန်နေရချိန် မြန်မာနိုင်ငံ အခြေအနေတည်ငြိမ်နေခြင်းမှာ တပ်မတော်၏ ကျေးဇူးကြောင့်ဖြစ် ကြောင်း လက်ရှိဖွဲ့စည်းပုံအရ လွှတ်တော်တွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းအ ပေါ် ထောက်ခံပြောဆိုခဲ့သည်။
- 7 dAYS
1 comments:
Nice blog, thanks for posting
Post a Comment