မကွေးတိုင်း
မြစ်သာမြစ် ရေအားလျှပ်စစ် စီမံကိန်းကြောင့် ရွှေ့ပြောင်းရမည့် ပနန်း၊ စံပယ်၊
ဆင်ပုံ၊ ယင်းမာ ရွာများ မှ ဒေသခံ ၅၀၀ ခန့် က စီမံကိန်း ရပ်ဆိုင်းပေးရန်အတွက်
တည်ဆောက်ရေးရုံးသို့ ဇူလိုင် ၇ ရက်နေ့က သွားရောက် ဆန္ဒပြကြောင်း သတင်းရသည်။
စီမံကိန်းကြောင့်
ဒေသတွင်းရှိ လယ်မြေ ၈၇၇ ဧက၊ ယာမြေ ဧက ၇၇၀၊ နှစ်ရှည် စားပင်များနှင့် ရွာလေး ရွာ
ရေအောက်သို့ ရောက်ရှိသွားမည် ဖြစ်သော်လည်း ရရှိမည့် လျှပ်စစ်ဓာတ်အားမှာ မီဂါဝပ် ၄၀
ရှိကြောင်း၊ ကုန် ကျစရိတ်၊ ဆုံးရှုံးမှုနှင့် ပြန်လည်ရရှိမည့် အကျိုးအမြတ်မှာ
မကာမိသည့်အတွက် စီမံကိန်းရပ်ဆိုင်းပေးရန် ဆရာေ တာ် သံဃာတော်များက ဦးဆောင်
တောင်းဆိုရခြင်း ဖြစ်ကြောင်း ဆင်ပုံရွာမှ ကျောင်းထိုင် ဆရာတော် ဦးအာစရိယ က
ဧရာဝတီသို့ ပြောသည်။
Time in Rangoon













