Thursday, October 25, 2012

ရသေ့တောင်တွင် စစ်တပ်က ပစ်ခတ်၍ ၂ဦးသေ၊ ၉ ဦးဒဏ်ရာရ (သတင်းအပြည့်အစုံ)

Posted by drmyochit Thursday, October 25, 2012, under | No comments


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မူစဲကမ်းအတွင်း ဘင်္ဂလီ မွတ်ဆလင်များနှင့် တိုက်ခိုက်နေကြသော လူအုပ် ထဲ ကို စစ်တပ်မှ ချိန်ရွယ်ပစ်ခတ်သဖြင့်ရခိုင် ၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိသွားကြောင်း လူနာများကို ဆေးရုံသို့ ပို့ဆောင်နေသည့် အမျိုးသမီး တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

မိန်းမများ အုပ်စုဖွဲ့၍လုယက်မှု

Posted by drmyochit Thursday, October 25, 2012, under | No comments



ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၀ ရပ်ကွက်ဟေ မ၀န်ဈေးသားငါးတန်း အနီး  ကလေးက စားစ ရာရောင်း သည့် ဆိုင်တွင် လုယက်မှုတစ်ခုဖြင့်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ကိုစုံစမ်းသိရသည်မှာ အောက်တိုဘာ ၆ ရက် နံနက် ၇ နာရီခွဲအချိန်ခန့်က ဒေါက်တာ —–  လက်ထောက် ကထိ က၊ ရုက္ခဗေဒဌာန၊ ရန်ကုန်တက်္ကသိုလ်) သည် ငါးနှစ်သမီးအရွယ်သမီးများ ကို လက်ဆွဲ ကာဟေမ ၀န်ဈေးသား ငါးတန်းအနီးကလေးကစားစရာ အရောင်းဆိုင်တွင် မီးဘောလုံး ၀ယ် နေ စဉ်အ မျိုးသမီးငါးယောက်ခန့် ရှိသော အုပ်စုရောက်လာပြီး ရှေ့ နောက်ဝဲယာမှဝိုင်းဖိ၍ တိုးသဖြင့် ကလေး ငယ်မှာ ညှပ်နေကြောင်း တိုမိန်းမ တစ်သိုလ်ညှပ်ဖိထားသောကြောင့် ကလေးမှာအသက်မရှု နိုင်သဖြင့် ကလေးကိုမိခင်ကအာရုံ စိုက်နေစဉ် ထိုအုပ်စု ထဲမှ မိန်းမတစ် ဦးက ကလေးတစ်ဦးကို ဂရုစိုက်ရန်ပြော သွားကြောင်း ဒေါက်တာ —-က သမီးငယ်ကိုမယူ၍ ချီလိုက် စဉ် ဒေါက်တာ—–၏ အလေး ချိန်နှစ်ကျပ်ခွဲ သားခန့် ရှိရွှေ လက်ကောက်မှာ မရှိတော့ကြောင်း မိန်းမအုပ် စုမှာ လည်း အနားတွင် မရှိေ တာ့ကြောင်း သိရသည်။

ရသေ့တောင်တွင် စစ်တပ်ပစ်ခတ်မှုကြောင်း ရခိုင်တိုင်းရင်သား နှစ်ဦး သေဆုံးပြီး ၊အများအပြား ဒဏ်ရာရ

Posted by drmyochit Thursday, October 25, 2012, under | No comments



ရခိုင် ပြည်နယ် ရသေ့တောင် မြို့နယ် မူစည်း ကျွန်းရှိ ညောင်ပင်ကြီး ကျေးရွာမှ ဘင်္ဂလီများက အနီး အနားရှိ ရခိုင် တိုင်းရင်း သား ကျေးရွာ များကို အကြမ်းဖက် တိုက်ခိုက် လျှက်ရှိရာ ယင်းကို ထိန်းသိမ်းရန် ရောက်ရှိ လာသော ရသေ့တောင်မြို့ ခမရ(၅၃၆)  တပ်ရင်းမှ စစ်သားများ ပစ်ခတ် မှုကြောင်း ကပ်ချာင်း ကျေးရွာမှ ဦးအောင်စံဝေ(၄၅) နှစ်ဘဦးထွန်းစံဦးနှင့် ကျွန်းကြီးကျေးရွာမှ ဦးသိန်းလှမောင် ဘ(အမည် မသိ) ရခိုင်တိုင်းရင်းသားနှစ်ဦး ထပ်မံကျ ဆုံးသွားပြီဖြစ်ကြောင်း ခိုင်လုံသော သတင်းများ အရသိရှိ ရသည်။

အကြမ်းဖက်မှုများ ကျောက်တော်မြို့ နယ်နှင့် ရသေ့တောင်မြို့ နယ် ကို ကူးစက်(ယနေ့ မနက်၆ နာရီမှ ၉း၃၀ ရရှိသောသတင်း)

Posted by drmyochit Thursday, October 25, 2012, under | No comments


၅-၁၀-၂၀၁၂ နေ့မနက်၊ ၆း၃၀ သတင်းယနေ့မနက်တွင် ကျောက်တော်မြို့နယ်နှင့်အနီးတ၀ိုက်တွင် အခင်း တစ်စုံ တရာဖြစ် ပွားနေ၍ ကားလမ်းကြောင်းများအား ပိတ်ထားလိုက်ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ ကားလမ်း ကြောင်းများ ပိတ်ထား လိုက်သည့် အတွက် ကျောက်တော်မြို့သို့ ခရီးဆက် နေသော ရွှေပြည် သား၊ တိုးရတနာ၊ ရိုးမသစ္စာကားတို့မှာ ပုဏ္ဏားကျွန်းမြို့တွင် ရပ်တန့် နေရကြောင်း သိရသည်။ အခင်းဖြစ်ပွားနေ သည့်နေရာနှင့် အကြောင်းအရာကို ဆက်လက်စုံစမ်းနေပါသည်။

ကျောက်တော် ပဋိပက္ခ ရခိုင် (၃) ဦးသေဆုံး(သတင်းအပြည့်အစုံ)

Posted by drmyochit Thursday, October 25, 2012, under | No comments


မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ကျောက်ဖြူ မြို့နယ်တို့တွင် ဖြစ်ပွားနေသော အဓိဂရုဏ်းမှာ ယခုအခါ ကျောက်တော် မြို့သို့ တဖန် ကူးစက်သွားပြီး မီးရှို့ တိုက်ခိုက် မူများ ဖြစ်ပွားနေရာ ရခိုင်အမျိုးသား (၃) ဦးသေဆုံး သွားကြောင်း သတင်း ရရှိသည်။

ရခိုင်ပြည်နယ်-ကျောက်ဖြူမြို့နယ် မြို့ခံတစ်ဦးကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းချက်

Posted by drmyochit Thursday, October 25, 2012, under | No comments


ကျောက်ဖြူမြို့ လက်ရှိ အခြေ အနေ ကို ဆက်ဆက်သွယ်မေးမြန် ထားပါတယ်။ အပြည့်အစုံ ကိုဆက်လက် ဖော်ပြ ပါ မည်။

NOM ။။-ကျောက်ဖြူ နောက်ဆုံးအခြေအနေ ပြောပြပေးပါ။

-ကျောက်ဖြူမြို့ခံ ကိုနိုင်နိုင်ထွန်း-အခု ၅နာရီဝန်းကျင်အခြေအနေကတော့ ကုလားတွေနေ တဲ့ရွာ တစ်ရွာ လုံးမီး ကျွမ်း သွားပြီ၊သူတို့စရှို့တာပေါ့၊ဘာမှမရှိတော့ဘူး၊မြေပြင်ပဲ ကျန်တော့ တယ်။ ကုလား တွေ ကတော့ မော်တော် ဘုတ် အစီး(၂၀-၃၀)၀န်းကျင် နဲ့ ပင်လယ်ထဲမှာ ၅စီးလောက်ထွက်သွားပြီ။

NOM-အခု ကျောက်ဖြူမြို့ရဲ့ လုံခြုံရေးအခြေအနေ ဘယ်လိုရှိလဲဗျ။

-ကျောက်ဖြူမြို့ခံ ကိုနိုင်နိုင်ထွန်း-အခုကြားနေတာတော့ ညမထွက်ရအမိန့် (၁၄၄)ထုတ်ဖို့ စီစဉ်နေ တယ် လို့ ကြားတယ်။တရာဝင်တော့ မကြေညာသေးဘူး။မနေ့ည (၇)နာရီလောက်က မီးလောင်ခဲ့တဲ့ ကျောက်ဖြူမြို့ ရခိုင်ပိုက် ဆိပ်ရပ်ကွက် မီးလောင်တာကို သွားငြိမ်းတဲ့ သူတွေကို ကုလားတွေက ဂျင်ကလိနဲ့ ပစ်တယ်။မနေ့ညကတည်းကနေ အခုထိ မအိပ်ရသေးဘူး။ 

ယနေ့ မနက် ၅ နာရီခွဲ တွင် မူဆလင်ကုလားများ ရခိုင်အိမ်များကို ဝင်ရောက် မီးရှို့  တိုက်ခိုက်မူကြောင့် ၃ ဦးသေဆုံး

Posted by drmyochit Thursday, October 25, 2012, under | No comments



ရခိုင် ပြည်နယ်ကျော်တော်မြို့  ပြည်တော်သာရပ်ကွက်တွင် မနက် ၅ နာရီခွဲ တွင် မူဆလင်ကုလားများက ရခိုင်အိမ် များကို ဝင်ရောက် မီးရှို့ တိုက်ခိုက်မျုကြောင့် ရခိုင်တိုင်ရင်းသား ၃ ဦးကျဆုံး လျက်ရှိ ကြောင်းကို ကျောက်တော်နယ် မှ ဒေသခံ တစ်ဦး က ဖုန်းဖြင့်ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

ငါးပေါက်သီးကလည်း လောင်စာတစ်မျိုးပါပဲ

Posted by drmyochit Thursday, October 25, 2012, under | No comments


From :hot news


ကချင် ပြည်နယ် ဒေသကြီး၊  မိုးညှင်းမှ ထွက်သော ငါးပေါက်သီး  များကို ကောလင်း စည်ပင် ဈေးသို့   မီးရထား ဖြင့်သယ်ပို့ ရောင်းချကြ သည်။ စည်ပင် ဈေးတွင် ငါးပေါက် သီးများကို ခင်းကျင်း ပြသပြီး၊ နို့ဆီ ဗူးဖြင့်ချင့် တွယ်၍ လည်းကောင်း၊   ပြည်တောင်း ဖြင့်ချင့် တွယ်၍ လည်းကောင်း၊ လိုသလောက် ရောင်းချ ပေးသည်။ နို့ဆီဗူး တစ်ဗူး(၂၀၀)  ကျပ်၊ တစ်ပြည် (၁၅၀၀)ကျပ်နှုန်း   ပေါက်ဈေး ရှိသည်။
သဘာဝ အလျောက်သစ် တောရှိ ငါးပေါက်သီး ပင်ကြီးများမှ ငါးပေါက်သီး များကို ရရှိသည်။  ငါးပေါက်သီး၊ ငါးပေါက်ဆံ၊ ငါးပေါက်သီး ယို မုန့်မျိုးစုံ ကိုလုပ်ငန်း ရှင်များက ပြုလုပ် ရောင်းချကြ သည်။ မိုးညှင်း ငါးပေါက်သီး ယိုကို   မန္တလေး၊ ရန်ကုန်၊ နေပြည် တော်သို့တိုင် တင်ပို့နေကြသည်။
ငါးပေါက်သီးတွင် အဆံငါး    ခုတွင် အဆီ အနှစ် ပြည့်ဝသော  ငါးဆံကို၊ အမျိုးသမီး များ၏ဆံညှပ်   ဖြင့်ထုတ်၍ စားကြသည်။ ကြွင်း ကျန်သော ငါးပေါက်သီး အခွံကို   နေလှန်း၍ မီးဖိုတွင် ထင်းမီး အဖြစ် အသုံးပြုကြ သည်။
ငါးပေါက်သီးပေါ်ချိန်ရာသီ တွင် ငါးပေါက်သီးပင်တောသို့ သွားရောက်၍ကောက်ယူစုဆောင်း  ကြပြီး၊ ဈေး ကွက်၌ ရောင်းချကြရာ    မိသားစု အပို ၀င်ငွေ အကွက် အဆင်    ပြေသော လုပ်ငန်း တစ်ခုဖြစ်သည်။
ငါးပေါက်သီး ပင်မှာအပင် သက်တမ်း (၁၅)နှစ် ကျော်မှ အသီး အားကောင်းသည်။ သို့ရာတွင် ထင်းရှာကြ သူများက ငါးပေါက် သီးပင်ကြီး များကိုခုတ်၍ ထင်း အဖြစ် ရောင်းချခြင်း၊ အသုံးပြုခြင်း တို့ကြောင့် ငါးပေါက် သီးပင်များ  မျိုးသုဉ်း မည်ကိုပင် ဒေသခံများမှ စိုးရိမ် နေကြသည်။ ကချင်မြေမှ စုန်ဆင်းလာ သော ငါးပေါက်သီး မှအဆံသည်  အာဟာရ အဖြစ် ပေးစွမ်း နိုင်သကဲ့ သို့၊ ထင်းရှား ပါးမှု ကိုလည်း တစ်  ဖက်တစ် လမ်းက ထိန်းသိမ်း ပေးနေ သဖြင့်၊ ပေါက်သီး ပင်များ ပြုစုပျိုး ထောင်ရေး ကို သဘာဝ ထိန်းသိမ်းရေး လုပ်ငန်း တစ်ခု အနေဖြင့် ပြောင်းပေး ဆောင်ရွက် သင့်ပါပြီ။ နိုင်ငံတော် က ၁၉၉၅ခုနှစ်ကို   ““ထင်းအစား၊ အခြား လောင်စာဆီ တီထွင် သုံးစွဲရေး လှုပ်ရှားမှုနှစ်”” အဖြစ်   ပြဋ္ဌာန်း သတ်မှတ်ခဲ့သည်။
ထို့ကြောင့် ရှားပါးမှုမဖြစ် စေရန်၊ သဘာဝ ရာသီ ဥတု ကာကွယ်     ထိန်းသိမ်းရန် အတွက် ထင်း အစား  လောင်စာဆီ တီထွင် သုံးစွဲ ရာတွင်   ငါးပေါက် သီးကလည်း တစ်ခန်း ကဏ္ဍ ပါဝင် သင့်ပါ ကြောင်း၊ ဒေသခံ ပြည်သူ များအား အသိပေးချင်ပါ တယ်။

အသက်ကြီးမှ အိမ်ထောင်ကျလို့ သားသမီး မရနိုင် တော့ဘူးလား

Posted by drmyochit Thursday, October 25, 2012, under | No comments


From : mwd

အမျိုး သမီးတွေ ၄၀ နှစ် ဝန်းကျင် ရောက် လာတဲ့ အချိန်ကို သွေးမဆုံးခင် အစောပိုင်း အချိန် တွေလို့ ဆိုလို ပါတယ်။ ဒီအချိန်မှာ အမျိုးသမီး တစ်ယောက်ရဲ့ သားဥတွေ ကလည်း အသက်ကြီးလာပြီး သားဥ ကြွေရာမှာ ကူညီ ပေးနေတဲ့ အီစထရိုဂျင် ဟော်မုန်း ပမာဏကလည်း စတင်ပြီး နည်းစပြု လာပါပြီ။
ဓမ္မတာ သွေးဆင်းတဲ့ ဖြစ်စဉ် ကလည်း အရင်လို ပုံမှန် မဟုတ်တော့ဘဲ ရက်စောတာ၊ နောက်ကျတာ၊ ရာသီသွေးနည်းတာ၊ များတာတွေ ကြုံတွေ့ လာရ ပါတယ်။

ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုကဏ္ဍ ရာနှုန်းပြည့် တိုးတက်လာဖွယ်ရှိနေ

Posted by drmyochit Thursday, October 25, 2012, under | No comments


From :သန့်ဇင်ဝင်း(မြစ်မခ)

ဗီယက်နမ်- မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု ကဏ္ဍမှာ (၅)နှစ်တာ ကာလ အတွင်း (၅၀) ရာခိုင်နှုန်း တိုးတက် လာကြောင်းနှင့် မကြာမီ ကာလအတွင်း ရာနှုန်းပြည့် တိုးတက် လာမည် ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သော(၅)နှစ်က နှစ်နိုင်ငံကုန်သွယ်မူမှာအမေရိကန်ဒေါ်လာ(၉၅)မီလီယံခန့်ရှိရာမှ ၂၀၁၁ ခုနှစ်တွင် အမေရိကန် ဒေါ်လာ(၁၅၀) မီလီယံ အထိ တိုးတက် လာလာ သဖြင့် ငါးနှစ်တာ ကာလ အတွင်း အမေရိကန် ဒေါ်လာ (၅၅) မီလီယံခန့် တိုးတက်လာပြီး မကြာမီ နှစ်များ အတွင်း အမေရိကန် ဒေါ်လာ (၂၀၀) မီလီယံ အထိ တိုးတက် လာနှိင်ကြောင်း သိရသည်။
“ဒီလို ကုန်သွယ်မူ ရာနှုန်းပြည့် တိုးတက် လာနိုင် တာဟာ ဗီယက်နမ် ကုန်သွယ်ရေး ၀န်ကြီး ဌာနနဲ့ မြန်မာ နိုင်ငံ စီးပွား ကူးသန်း ၀န်ကြီးဌာန တို့ဟာ အလွန်ပဲ ရင်းနှီး ကျွမ်းဝင် ပါတယ်၊ ကျွန်တော်တို့ အစိုးရက ပူးပေါင်း ဆောင်ရွက် မူတွေ၊ ပံပိုးမူ တွေကို လုပ်ခဲ့တယ်။ ဒီဟာက နှစ်နိုင်ငံ ကုန်သွယ်မူ မြင့်မား တိုးတက် ကြီးမားတဲ့ အကြောင်း အရင်းပါပဲ”ဟု စီးပွား ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောသည်။
ဗီယက်နမ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံတွင် ၂၀၀၁ ခုနှစ်မှ စတင်၍ ကုန်စည် ပြပွဲ(၇) ကြိမ်မြောက် ကျင်းပ ခဲ့ကြောင်းနှင့် မြန်မာ နိုင်ငံအတွင်း အဓိက တင်သွင်းသည့် ၄င်းတို့၏ ကုန်စည် ပစ္စည်းမှာ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်း၊ လျှပ်စစ် ပစ္စည်း ဈေးကွက် ဖြစ်ပြီး မြန်မာနှင့် ဗီယက်နမ် တိုက်ရိုက် ပျံသန်း သည့်လေကြောင်း လိုင်းများ လည်းရှိကြောင်း သိရသည်။
ထိုအပြင် Vietnam Expo 2012 ပြပွဲအား အောက်တိုဘာ (၂၅) ရက်မှ (၂၈) ရက် နေ့အထိ တပ်မတော် ခန်းမ၌ ပြခန်းပေါင်း (၁၁၈)ခန်းအား ကုမ္ပဏီပေါင်း (၈၁) ခုက ပါဝင် ပြသမည် ဖြစ်ကြောင်း သိရသည်။
“ဗီယက်နမ် နိုင်ငံဟာ အာဆီယံ အသင်းဝင် နိုင်ငံ ဖြစ်ပြီး ယခုနှစ် တွေမှာ စီးပွားရေး တိုးတက် နေတဲ့ နိုင်ငံ ဖြစ်တယ်။ မြန်မာ နိုင်ငံ နှင့်လည်း ချစ်ကြည် ရင်းနှီး နွေးထွေးတဲ့ ဆက်ဆံရေး ရှိတဲ့ နိုင်ငံလည်း ဖြစ်တယ်။    မြန်မာ နိင်ငံနဲ့ ဗီယက်နမ် နိုင်ငံ ကုန်သွယ်မူ တန်ဘိုး ဟာနှစ်စဉ် တစ်နှစ် ထက် တစ်နှစ် တိုးတက် နေတယ်။ ဒီပြပွဲ့ကြီးအောင်မြင်ဖို့ကို UMFCCI က အတတ်နိုင်ဆုံး ပူးပေါင်း ပါဝင် သွားမှာ ဖြစ်တယ်။ နောင် ကုန်သွယ်မူ လမ်းကြောင်းတွေ ကောင်းလာရင် ဒီထက်ပို တိုးတက် လာမှာ ဖြစ်တယ်” ဟု UMFCCI မှအလုပ်အမူ ဆောင် ကော်မတီဝင် ဦးထွန်းအောင်က ပြောသည်။
အဆိုပါ ဗီယက်နမ်ကုန်စည်ပြပွဲတွင် စက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်များ၊ ဆေးရုံလုပ်ငန်း သုံးပစ္စည်များ၊ အလှကုန် ပစ္စည်းများ၊ ဆက်သွယ်ရေး ပစ္စည်းများနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ ပါဝင်ပြသ မည်ဖြစ်ကြောင်း သိရသည်။

ရခိုင်အရေးသုံးသပ်ချက်ပါရှိသော သ၀ဏ်လွှာအား ပယ်ဖျက်ပေးရန် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံ တော် သမ္မတ သ၀ဏ်လွှာပေးပို့

Posted by drmyochit Thursday, October 25, 2012, under | No comments


From :သမ္မတရုံး

ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထ ပုံမှန် အစည်း အဝေး ဒသမနေ့ တွင်တင်ပြရန် ပေးပို့ခဲ့ သည့် သ၀ဏ်လွှာကို ပယ်ဖျက်ပေးရန် သ၀ဏ်လွှာကို အောက်တိုဘာလ ၂၂ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင် စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့တွင် ပေးပို့ခဲ့ပါသည်။ အဆိုပါ သ၀ဏ်လွှာ တွင် နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော် နာယက ထံသို့ ၁၇-၈-၂၀၁၂ ရက်စွဲပါ စာအမှတ် ၁၀၇(၁)/၈/ သမ္မတရုံးဖြင့် ပေးပို့ ထားသော သ၀ဏ် လွှာအား ဤစာဖြင့် ပယ်ဖျက် ပေးပါရန် သ၀ဏ်လွှာ ပေးပို့ အပ်ပါ သည်ဟု ဖော်ပြပါ ရှိပါသည်။ ပြည်ထောင်စု လွှတ်တော် စတုတ္ထ ပုံမှန် အစည်း အဝေးတွင် နိုင်ငံတော် သမ္မတက ပေးပို့သော သ၀ဏ် လွှာတွင် ရခိုင် ပြည်နယ် အတွင်း ဖြစ်ပွား ခဲ့သော ပဋိ ပက္ခ ဖြစ်စဉ် သုံးသပ်ချက် မှတ်တမ်းပါ ပူးတွဲပါ ရှိခဲ့သောကြောင့် ရခိုင် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် များက ကန့်ကွက်ခဲ့ရာ သြဂုတ်လ ၂၃ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် စတုတ္ထ ပုံမှန် အစည်း အဝေး တွင် သ၀ဏ် လွှာကို ဖတ်ကြား တင်ပြခြင်းနှင့် မှတ်တမ်း တင်တင်ခြင်း ဆောင်ရွက်ခြင်း တို့ကို ပြည်ထောင်စု လွှတ်တော် နာယက ဦးခင် အောင်မြင့်က ရွှေ့ဆိုင်းကြောင်း ကြေညာ ခဲ့သည်။ ''အဲဒီ အချိန် တုန်းက သမ္မတရုံးကနေပြီး ပြန်ရှင်းတယ်။ ဒါပေမယ့် လူထုက လက်မခံဘူး။ အဲဒါကြောင့် အခုလို သမ္မတ ကြီးက ရှင်းရှင်းလင်းလင်း ရုပ်သိမ်းသွားတဲ့အတွက်ကြောင့် ၀မ်းသာပါတယ်။ ကျေးဇူးလည်းတင် ပါတယ်'' ဟု ရခိုင် တိုင်းရင်း သားများ တိုးတက်ရေး ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ပြောပါသည်။ သြဂုတ်လ ၁၇ ရက်နေ့က ပြည်ထောင်စု လွှတ်တော်သို့ နိုင်ငံတော် သမ္မတ မှပေး ပို့သည့် သ၀ဏ်လွှာ နှင့်အတူ သတင်း သုံးသပ်ချက် မှတ်တမ်း ပူးတွဲပါ ရှိပြီး အဆိုပါ သတင်း သုံးသပ် ချက်မှတ် တမ်းတွင် ရခိုင်ပြည် နယ်အတွင်း တည်ငြိမ် အေးချမ်းမှု အခြေအနေ၊ လမ်းပန်း ဆက်သွယ်မှု အခြေအနေ၊ အလုပ် အကိုင်နှင့် အသက် မွေးဝမ်းကျောင်းမှု အခြေအနေ၊ ရခိုင် တိုင်းရင်း သားများ၏ အခြေအနေ၊ ဘင်္ဂါလီများ ၏အခြေအနေ၊ နိုင်ငံတကာ၏ တုန့်ပြန်မှု၊ လတ်တလော ဖြေရှင်း ဆောင်ရွက် မှုများ၊ ရေရှည် ဆောင်ရွက်ရန် အစီအမံများ၊ စီးပွားရေး၊ ဥပဒေ စိုးမိုးရေးနှင့် ဘာသာရေး ဆိုင်ရာ အကြောင်း အရာများကို ထည့်သွင်းပေး ပို့ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သတင်း သုံးသပ် ချက်မှတ် တမ်း၌ ရခိုင်အရေးနှင့်ပတ်သက်၍ သုံးသပ် ရာတွင် နိုင်ငံရေး ပါတီများ၊ သံဃာ အချို့နှင့် လူပုဂ္ဂိုလ် အချို့ တို့ ခေါင်းဆောင်၍ လူမျိုး မုန်းတီးမှု စိတ်ဓာတ် အလွန် အကျွံ မြှင့်တင်ခြင်း၊ လူမျိုးရေး အရ အဆင်အခြင် မဲ့စွာ တိုက်ခိုက် လိုစိတ်ကို လှုံ့ဆော်ခြင်းတို့ ဆောင်ရွက် လျက်ရှိသည် ဟုအ ပါအ၀င် ယင်းအချိန်က အမှန် တကယ် ဖြစ်ပေါ် နေသော အခြေ အနေများနှင့် ကွဲပြားစွာ သုံးသပ် ခြင်းကြောင့် ရခိုင် တိုင်းရင်းသား ကိုယ်စား လှယ်များက ကန့်ကွက်ခဲ့ခြင်းလည်းဖြစ်သည်။ ထိုစဉ်က နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာ နှင့်အတူ ပူးတွဲပါရှိခဲ့သော ''ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ သတင်း သုံးသပ်ချက် မှတ်တမ်း'' နှင့်ပတ်သက်ပြီး အဆိုပါ သတင်း သုံးသပ်ချက် မှတ်တမ်းမှာ ရခိုင် ပြည်နယ် ဖြစ်စဉ်များ နှင့်ပတ် သက်၍ ပြည်တွင်း ပြည်ပ သတင်း ဌာနများ၊ အစိုးရ မဟုတ်သော အဖွဲ့ အစည်းများ၊ ၀န်ကြီး ဌာနများ စသည်တို့၏ သတင်း များကို စုစည်း ထုတ်နုတ်ပြီး နိုင်ငံတော် သမ္မတထံ တင်ပြချက် သာဖြစ်ကြောင်း သိရှိရသည်။

နိုဘယ်လ်ဆုရှင် ဒေါ်စုကြည်ကို အားကိုးကာမှ NLD ပါတီဝင်များ ထောင်လုံးလုံးကျ

Posted by drmyochit Thursday, October 25, 2012, under | No comments


From : သာနောင်

အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ပါတီဝင် ကိုညီညီ အပါ အ၀င် ပါတီဝင် (၁၁) ဦးအား ဇမ္ဗူ သီရိ မြို့နယ် တရား ရုံးမှ အောက်တိုဘာ (၂၃)ရက်နေ့၌ ထောင်ဒဏ် (၇)ရက် (သို့မဟုတ်) ငွေဒဏ်(၅)ထောင် ကျခံ စေရန် သတ်မှတ် ခဲ့ ကြောင်း ဒီချုပ် အဖွဲ့ ၀င်များ ထံက သိရှိရသည်။ ဇမ္ဗူ သီရိမြို့နယ်၊ တဲကြီးကုန်း ကျေးရွာတွင် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက် ပွဲအတွက် NLD ပါတီ ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည် မဲဆွယ် စည်းရုံးရေး ဟောပြောပွဲ အတွက် ကြိုတင် ပြင်ဆင်မှုနှင့် ပတ်သတ်၍ ၄င်းပါတီဝင် ကိုညီညီ အပါ အ၀င် (၁၁) ယောက်အား တဲကြီးကုန်း ကျေးရွာ အုပ်ချုပ်ရေးမှူးမှ ကျေးရွာ အုပ်ချုပ်ရေး ဥပဒေပုဒ် မ(၂၇) ဖြင့် ၂၀၁၂ခုနှစ် ဇွန်လ (၁)ရက်နေ့မှစ၍ ဇမ္ဗူ သီရိမြို့နယ် တရားရုံး၌ တရားလို ပြုတိုင်တန်း ခဲ့ခြင်းဖြစ် သည်။ အဆိုပါ ကိစ္စနှင့် ပါတ်သတ်၍ NLD ပါတီ အနေဖြင့် နေပြည် တော်ရှိ ရှေ့နေ ကွန်ယက်များ အသင်းမှ ရှေ့နေ ဦးခင်မောင် ဇော်အား အမှု ကိစ္စအတွက် ငှားပေး ထားကြောင်း၊ ယခုကဲ့သို့ နေပြည် တော်တွင်း တရားမဲ့ ပြုကျင့် မှုများနှင့် ပတ်သက်၍ မျှမျှ တတ ဖြစ်စေရန် အတွက် လိုက်ပါ ဆောင်ရွက် သွားမည်ဖြစ် ကြောင်း NLD ပါတီရှိ လွှတ်တော် ကိုယ်စားလှယ် များထံမှ သိရှိရသည်။ 

အမေရိကန်နှင့် စစ်ရေးမပူးပေါင်း၊ နည်းပညာအကူအညီနှင့် သင်တန်းများကိုသာ ရယူသွားရန်ရှိ

Posted by drmyochit Thursday, October 25, 2012, under | No comments


From : ကျော်ရဲလင်း


 အမေ ရိကန် ပြည်ထောင်စုနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်ရန် ကိစ္စ အပေါ် တရားဝင် အကြောင်း ကြားခြင်း မရှိသေး သလို မြန်မာ နိုင်ငံ အနေ ဖြင့်လည်း လုပ်ဆောင် နိုင်ရန် အခြေ အနေ မရှိ သေးကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်း စိန်က အောက်တို ဘာလ ၂၁ ရက်က ပြည်တွင်း အခြေစိုက် မီဒီယာများ နှင့် တွေ့ဆုံ စဉ်တွင် ပြောကြား ခဲ့သည်။ အရှေ့ ပစိဖိတ် ဒေသ အတွင်း အာရှ နိုင်ငံ အများ အပြားမှ စစ်တပ် များနှင့် ပူးတွဲ လုပ်ဆောင်သည့် အကြီးဆုံး ပူးတွဲ စစ်ဆင်ရေး လေ့ကျင့်မှု ဖြစ်သည့် အမေရိကန် စစ်တပ်၏ Cobra Gold 2013 တွင် မြန်မာ နိုင်ငံအား လေ့လာ သူအဖြစ် ဖိတ်ခေါ်ရန် အမေ ရိကန် ပြည်ထောင်စုမှ စီစဉ် ထားခဲ့ပြီး တိကျ သည့် ဆုံးဖြတ် ချက်မျိုး ချမှတ် ထားခြင်း မရှိ သေးကြောင်း ဘန်ကောက်ပို့စ် သတင်း စာ၏ ဖော်ပြ ချက်အရ သိရသည်။ ''မြန်မာက လေ့လာသူ စာရင်း ထဲမှာပါ။ ဒါပေမဲ့ ဒါဟာ အပြီး သတ် ဆုံးဖြတ်ချက် မဟုတ် ပါဘူး''ဟု ထိုင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး Thanathip Sawangsang က ထုတ် ဖော်ပြောခဲ့သည်။ စစ်ရေး လေ့ကျင့်မှုတွင် ပါဝင်မည့် နိုင်ငံများက မြန်မာ နိုင်ငံအား ဖိတ်ခေါ် ခြင်းပြုရေး၊ မပြု ရေးနှင့် ပတ်သက်၍ အောက်တိုဘာ နှောင်း ပိုင်းတွင် တွေ့ဆုံ ဆွေးနွေးပွဲ ၌ ဆွေးနွေး ကြမည်ဟု သိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ မိမိ အနေဖြင့် မည်သည့်သတင်း အချက် အလက် မှ သိရှိခြင်း မရှိ သောကြောင့် မည်သို့မျှ မှတ်ချက် ပေးလိုခြင်း မရှိကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေ ရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်က အောက်တိုဘာ လ ၁၉ ရက်က ပြောသည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မိမိတို့ အနေဖြင့် လက်ရှိ အချိန်တွင် အမေရိကန်နှင့် စစ်ရေး ပူးပေါင်းရန် မရှိကြောင်း နည်းပညာ များကို ရယူ သွားရန် ရှိပြီး စစ်ရေး အကူ အညီ ရယူ သွားရန် မရှိကြောင်း ဆိုသည်။ ''စစ်ရေး အကူ အညီ ကလည်း လောလောဆယ် ကျွန်တော် တို့က မလိုပါဘူး၊ ဘာလို့ လဲဆိုတော့ ဘယ်နိုင်ငံ ကိုမှ ကျွန်တော် တို့က ရန်ပြု နေတာ မှမရှိတာ။ သူ့ဆီ ကစစ်ရေး အကူ အညီ မလိုပါဘူး။ သို့သော် လည်းပဲ နည်းပညာ အကူ အညီ ပိုင်းနဲ့ ပတ်သက်ပြီးတော့ သင်တန်းတွေ လွှတ်ဖို့ ပြုဖို့ ကိုတော့ ကျွန်တော်တို့ စဉ်းစား ထားပါတယ်'' ဟု မီဒီယာတွေ့ ဆုံပွဲတွင် ၄င်းက ပြော ကြားခဲ့သည်။ လာမည့်နှစ် Cobra Gold စစ်ရေး လေ့ကျင့် မှုကို ထိုင်းနိုင်ငံက အိမ်ရှင် အဖြစ် ကျင်းပ မည်ဖြစ်ပြီး လေ့လာသူ ၁၃ နိုင်ငံအား ဖိတ်ခေါ် ထားကာ အာရှမှ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့လည်း ပူးတွဲစစ်ရေး လေ့ကျင့် မှုတွင် ပါဝင်မည်ဟု ခန့်မှန်း ထားသည်။ စစ်ရေး လေ့ကျင့် မှုတွင် ပါဝင်ရန် မြန်မာအား ဖိတ်ခေါ် မည့် အစီ အစဉ်မှာ အမေရိကန် တို့၏ အစီ အစဉ် ဖြစ်သည်ဟု အမည် မဖော်လိုသူ ထိုင်းအကြီး တန်း စစ်ဘက် အရာရှိ တစ်ဦးက ဆိုသည်။ ''အားလုံး အဖွဲ့ဝင်တွေ သဘော တူရင် ဒါဟာ တရား ဝင်ဖြစ်မှာပါ (တရားဝင် ဖိတ်ခေါ်မှာပါ)''ဟု ၄င်းက ဆိုသည်။ ယင်းကိစ္စ မတိုင်မီ အမေရိကန် စစ်ဘက် အရာရှိတစ်ဦး မြန်မာ နိုင်ငံသို့ လာရောက်ခဲ့ပြီး မြန်မာ စစ်ဘက် ဆိုင်ရာ တာဝန်ရှိ သူများနှင့် တွေ့ဆုံခဲ့သော် လည်း ယင်း သည် လူ့အခွင့် အရေး ဆိုင်ရာ ဆွေးနွေး ပညာပေးမှု လုပ်ငန်း များ အတွက်သာ ဖြစ်ကြောင်း သိရသည်။ 

အဆင့်မြင့်နည်းပညာ တက္ကသိုလ်နှစ်ခုတွင် အင်တာနက် အခမဲ့ သုံးခွင့်ပြုမည်

Posted by drmyochit Thursday, October 25, 2012, under | No comments


From : Popular
ဒီဇင် ဘာလ အတွင်း စတင် ဖွင့်လှစ် သွားမည့် အဆင့်မြင့် နည်းပညာ တက္ကသိုလ် နှစ်ခုတွင် ကျောင်း သား၊ ကျောင်းသူများ အတွက် အင်တာနက် အခမဲ့ အသုံး ပြုခွင့်နှင့် အတူ ဝန်ဆောင်မှု ကောင်းများ ပေးအပ် သွားရန် ရှိသည်ဟု သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဌာနမှ အရာရှိ တစ်ဦးက ပြောသည်။ တက္ကသိုလ် ဝင်တန်း ရမှတ် ၄၅၀ အနည်းဆုံး သတ်မှတ်ကာ ဝင်ခွင့် ခေါ်ယူခဲ့ သည့်အပြင် တက္ကသိုလ် နှစ်ခု ပေါင်းမှ ကျောင်းသား ၅၀၀ သာရှိ သည့်အတွက် ထိုကဲ့သို့ ဝန်ဆောင်မှုကောင်းများ ပေးအပ်ရခြင်းဖြစ်သည်ဟု ၄င်းက ဆက်လက် ပြောသည်။ “အပြင်ကုမ္ပဏီတွေကလည်း ပံ့ပိုးပေးဖို့ ကမ်းလှမ်းတာမျိုးတွေ ရှိနေတယ်” ဟု သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ အထက်ပါ အရာရှိက ပြောသည်။ တက်ရောက် သင်ကြားမည့် ကျောင်းသား များအတွက် စွမ်းရည်မြင့် သင်ကြားရေး ဆရာ၊ ဆရာမ များအပြင် ပြည့်စုံသည့် လက်တွေ့ စမ်းသပ် ခန်းများ စီစဉ် ထားရှိပြီး ဖြစ်ကြောင်း နိုင်ငံခြား ဧည့် ပါမောက္ခ တို့ကိုပါ ခေါ်ယူ ခန့်ထားရန် ဆွေးနွေး နေကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဌာနမှ သိရသည်။ တက်ရောက် သင်ကြားမည့် ကျောင်းသား များကို ဝန်ဆောင်မှု ကောင်းများ အပြင် လက်ရှိ ရှိထားသော အဆောင် အနေ အထား များကို ကြည့်ကာ အဆောင်ပေးသွားရန် တာဝန်ရှိသူတို့က စဉ်းစားနေကြောင်းလည်း အထက်ပါအရာရှိက ထပ်လောင်း ဆိုသည်။ ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စိစစ် ရွေးချယ် ရေးအဖွဲ့ စာရင်း အရ ရန်ကုန် အဆင့်မြင့် နည်းပညာ တက္ကသိုလ် အတွက် ရမှတ် ကျား ၅၀၀၊ မ ၅၀၄ နှင့် မန္တလေး အဆင့်မြင့် နည်းပညာ တက္ကသိုလ် အတွက် ရမှတ် ကျား ၄၈၅၊ မ ၄၉၇ မှတ်ရှိသည်။ ယင်း အမှတ်သည် ဆေးတ က္ကသိုလ်နှင့် ရေကြောင်း တက္ကသိုလ် တို့ထက် အမှတ် မြင့်ကြောင်း သိရှိရသည်။

တကွဲတပြားဖြစ်နေသော မိသားစုဝင်များနှင့် အဆက်အသွယ်ရရှိအောင် ဆောင်ရွက်ပေးမည်

Posted by drmyochit Thursday, October 25, 2012, under | No comments


From :  မြန်မာ့အလင်း

နှစ်စဉ် ကမ္ဘာ တစ်ဝန်းတွင် ဘေး ဒုက္ခနှင့် ပဋိပက္ခ များကြောင့် မရေ မတွက် နိုင်သော မိသား စုများသည် တကွဲ တပြား ဖြစ်နေ ကြကြောင်း သိရသည်။ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းသည် လူသားချင်း စာနာ ထောက်ထား သည့်အ နေဖြင့် မိသားစု များကို အဆက် အသွယ် ပြန်လည် ရရှိအောင် ဆောင်ရွက် ပေးနေ ကြောင်း အောက်တို ဘာလ ၂၂ ရက်က ရန်ကုန်မြို့၊ ဗိုလ်တ ထောင်မြို့နယ်၊ နယူး ဧရာ ဟိုတယ်၌ မြန်မာ နိုင်ငံ ကြက်ခြေနီ အသင်းတို့ သြစတြေး လျနိုင်ငံ ကြက်ခြေနီ အသင်းတို့ ပူးပေါင်း ဖွင့်လှစ်သည့် မိသားစု ပြန်လည် ဆက်သွယ် ပေးရေး သင်တန်းမှ တာဝန် ရှိသူ တစ်ဦး၏ ပြောကြား ချက်များ အရ သိရသည်။ မြန်မာ နိုင်ငံ ကြက်ခြေနီ အသင်းသည် ၂၀၀၈ ခုနှစ် မေလတွင် မိသားစု ပြန်လည် ဆက်သွယ် ပေးရေး ယူနစ်ကို တည်ထောင် ခဲ့ပြီး သဘာဝ ဘေးကြောင့် အဆက် အသွယ် ပြတ်တောက် ခဲ့သည့် မိသားစု ဝင်များ အား ပြန်လည် ဆက်သွယ် ပေးနိုင် ခဲ့ကြောင်း၊ ထို့ပြင် ၂၀၁၂ ခုနှစ် မေ ၈ ရက်တွင် ပြည်ပ ရောက်ပြီး အကြောင်း အမျိုး မျိုးကြောင့် အဆက် အသွယ် ပြတ်တောက် နေသူ များအား မိသားစု အချင်းချင်း အဆက် အသွယ် ပြန်လည် ရရှိအောင် စတင် ဆောင်ရွက် ပေးနိုင်ရန် ကြိုးစားခဲ့ကြောင်း၊ အမေရိကန်၊ သြစတြေးလျ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံတို့မှ အကြောင်း ကြားစာ (၇၇) စောင်ကို လက်ခံ ရရှိပြီး (၆၁) စောင် အတွက် မိသားစုနှင့် အဆက် အသွယ် ပြန်လည် ရရှိ အောင် အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်းဖြင့်လည်း ပြောကြားခဲ့သည်။ မိသားစုဝင်များအကြား ခံစား နေရ သည့် စိတ်ဆင်း ရဲမှုနှင့် စိတ် ပင်ပန်း မှုများကို လျှော့ချ နိုင်ရေးအတွက် တက်ရောက် နေကြသည့် သင်တန်း သား၊ သင်တန်းသူများအနေဖြင့် အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ကြိုးစား သင့်ကြောင်း ကိုလည်း ဆက်လက် ပြောကြား ခဲ့သည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်