Saturday, May 04, 2013

မန္တလေးဘူတာကြီးမှာ လုံခြုံရေးတင်ကျပ်ထားတဲ့ ကြားထဲက တွဲထိန်းဝန်ထမ်းအယောင်ဆောင်တစ်ဦး ဖမ်းဆီးရမိ ။

Posted by drmyochit Saturday, May 04, 2013, under | No comments


မန္တလေးဘူတာကြီးမှာ လုံခြုံရေးတင်းကျပ်ထားချိန် ၀န်ထမ်းအယောင်ဆောင်သူတစ်ဦး ဟာ ဧပြီ ၂၉ ရက်နေ့ မနက်(၉)နာရီ ခန့်အချိန်မှာ ဘူတာကြီးတောင်ဘက်ခြမ်းကနေ ကန့်သတ်နယ်မြေ ထဲကို ၀င်ရောက် လာပါတယ်။ အဆိုပါဝင်ရောက်လာသူဟာ တွဲထိန်းယူနီဖောင်းအထက်ပြာ အောက် ပြာ ၀တ်ဆင် ထားပြီး လက်ထဲမှာလည်း လက်မှတ်ရောင်းတဲ့ (Chart Book) ကို ကိုင်ထားတယ်လို့ သိရ တယ်။ ရထား ရဲတပ်ဖွဲ့ ဒုရဲ အုပ်မြင့်ဝေ ဦးဆောင်တဲ့ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့က ၄င်းကို ခေါ်ယူ စစ်ဆေး ကြည့်တဲ့ အခါ မီး ရထား ၀န်ထမ်း မဟုတ်ပဲ ဦးတောင်စုံနိုး အသက်(၃၂)နှစ် အလုပ်အကိုင် (ကျပန်း) ပြည်ကြီး တံခွန်မြို့နယ် နေသူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။ အဆိုပါ တွဲထိန်း ၀န်ထမ်း အယောင်ဆောင် သူကို ပုဒ်မ ၁၇၀ ဖြင့် အမှုဖွင့်ပြီး ချမ်းအေးသာစံမြို့နယ်တရားရုံးသို့ စွဲချက် တင်ထား တယ်လို့ မီးရထား ရဲတပ်ဖွဲ့တာဝန် ရှိသူ တစ်ဦးက မြန်မာ ဓိကကို ပြောပါတယ်။

ခင်ဘုန်းဝေဇော်
မြန်မာဓိက

တားမြစ်သည့် အဆီချဆေးကြောင့် သေဆုံးသွားသည့် ဆေးကျောင်းသူ

Posted by drmyochit Saturday, May 04, 2013, under | No comments

Sarah Hoston ဆိုတဲ့ အသက် ၂၃ နှစ်အရွယ် ဆေး ကျောင်း သူလေးဟာ ဆရာဝန် မိသားစုဝင် တစ်ဦး ဖြစ်ပါ တယ်။ သူမရဲ့ မိဘ နှစ်ပါး၊ အစ်ကိုနဲ့ အစ်မ တွေ အားလုံးဟာ ဆရာဝန်တွေ ဖြစ်ကြပါ တယ်။ သူမ ဟာ မိသားစု ဝင်တွေ မသိဘဲ တားမြစ်ထားတဲ့ အဆီ ကျ ဆေးကို မှီဝဲခဲ့တာကြောင့် သေဆုံး သွား တယ် လို့ သိရပါတယ်။

သူမကို သူမရဲ့အိပ်ခန်း အတွင်းမှာ သေဆုံး နေတာ ကို တွေ့ ရှိတာကြောင့် စစ်ဆေး ကြည့်ရာ သူမဟာ အဆီကျဆေး ၃၈ လုံးကို သောက်သုံး ထားပြီး သူမ ရဲ့ သွေးထဲမှာ ဆေးတွေကို တွေ့ရှိ ခဲ့တယ်လို့ သိရ ပါတယ်။ မသေ ဆုံးခင် တစ်ရက် အလိုမှာ သူနေ မကောင်းဖြစ် ပြီး အပူချိန် တက်လာတာကို ဆရာဝန်နဲ့ ပြဖို့ ငြင်းပယ် ခဲ့ပါတယ်။

သူမ အနေနဲ့ DNT လို့ ခေါ်တဲ့ အဆီကျ ဆေးကို စိတ်ကျ ဝေဒနာ ပျောက်ဆေးနဲ့ အတူ တွဲသောက် တယ်လို့ ဆိုပါ တယ်။ သူမဟာ လွန်ခဲ့တဲ့ သုံးနှစ်ခန့် ကစပြီး အစာ အလွန်အကျွံ စားလိုက်၊ အန်ထုတ်လိုက် တစ်လှည့်စီ ဖြစ်တဲ့ Bulimia ရောဂါကြောင့် စိတ်ကျန်းမာရေး အထူးကု ဆရာဝန်နဲ့ ပြသခဲ့ရပြီး သေဆုံးတဲ့ အချိန်မှာ အဲဒီရောဂါက သက်သာ သွားပြီးလို့ ဆိုပါတယ်။ DNP ဆိုတဲ့ ပိန်ဆေးဟာ တားမြစ်ဆေးဝါး ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဘယ်လောက် ပမာဏအတွင်း အန္တရာယ် ကင်းတယ်ဆိုတာ မသိရှိလို့ပါ။ ဆေးဝါးရဲ့ အကျိုးသက်ရောက်မှု ကလည်း တစ်ယောက်နဲ့ တစ်ယောက် တူညီမှု မရှိပါဘူး။

ဆာရာရဲ့ ကိုယ်ထဲမှာ DNP နဲ့အတူ စိတ်ကျပျောက်ဆေးတွေ ရှိနေတာကြောင့် DNP ရဲ့အကျိုးသက် ရောက်မှုကို ဆိုးရွားစေပါတယ်။ DNP ဟာ ခန္ဓာကိုယ်တွင်း ပမာဏများစွာရှိနေရင် ဆာရာမသေဆုံး ခင်တစ်ရက်က ခံစားရတဲ့ ဝေဒနာလိုမျိုး ဇီဝဖြစ်ပျက်နှုန်း မြင့်တက်လာကာ အပူချိန်တက်တာနဲ့ အသက်ရှူ မဝတာတွေ ဖြစ်ပြီး နှလုံးခုန်နှုန်းလည်း မြင့်တက် လာတတ် ပါတယ်။ DNP ကို အဆီချဆေး အနေနဲ့ တားမြစ် ထားပေမယ့် ပိုးသတ်ဆေး(Pesticide) အနေနဲ့လည်း တရားဝင် အသုံးပြုနိုင် တာကြောင့် စတိုးဆိုင် တွေမှာ ဝယ်ယူရရှိ နိုင်တာ ဖြစ်ပါတယ်။

ဆာရာဟာ DNP ဆေးဝါးကို သူမ သောက်နေကျ စိတ်ကျ ပျောက်ဆေးနဲ့ တွဲသောက် နေတာကို ဘယ်သူမှ မသိရှိကြဘူးလို့ ဆိုပါတယ်။ ၂၀ဝ၈ ခုနှစ်ကလည်း အသက် ၂၆ နှစ်အရွယ် Selena Walrond သညိ ဆိုသူဟာ DNP ဆေးဝါး သောက်သုံးပြီး နှလုံး တိုက်ခိုက် ခံရတာကြောင့် သေဆုံး ခဲ့ပါတယ်။ Sean Cleathero ဟာလည်း DNP သောက်ပြီး သေဆုံး ဖူးပါတယ်။ 

ဒေါက်တာခင်မိုးမိုး 
Good Health News 

အမှောင်ညထဲက ကြောက်လန့်နေသော ရန်ကုန်

Posted by drmyochit Saturday, May 04, 2013, under | No comments



အကြောက် တရားက ရန်ကုန်မြို့၏ မွတ်စလင် လူနည်းစု အသိုက်အ၀န်းကြား လွှမ်းမိုးထားသည် (ဓာတ်ပုံ – Reuters)

အသေး ငယ်ဆုံး လို့ ဆို နိုင်သည့် အရာ တခု ကနေ ဒုက္ခတွေ ဘယ်လို စခဲ့သည် ဆိုတာကို သူတို့မြင် ခဲ့ရ သည်။ ဘာသာရေး ဇောကပ်နေပြီး  အုတ်ခဲများ၊ ဒါးများ ကိုင်စွဲထားသည့် ဒေါသတကြီး လူအုပ်စုကြီး၏ ရှေ့ တွင် စွမ်းဆောင်ရည် အားနည်းသော ရဲတပ်ဖွဲ့ကို သူတို့ မြင်ခဲ့ရသည်။ ရုပ်မြင်သံကြားနှင့် သတင်း စာတွေ ပေါ် ညအမှောင်ထဲ မီးတောက်များက အိုးအိမ်များအား ၀ါးမျိုလိုက်သည့်မြင်ကွင်းကိုလည်း သူတို့မြင်ခဲ့ပြီးပြီ။ ထို့ကြောင့် လမ်းများပေါ်တွင် သံဆူးကြိုး အတားအဆီးများကို စိုက်ထူလိုက်ကြပြီး လမ်းထောင့်များတွင် ကိုယ် ထူ ကိုယ်ထ ကင်းသမားတွေ ချထားရသည်။ ကင်းတလှည့်လျှင် လူဆယ်ယောက်ခန့် စုစည်းပြီး အမှောင် ထုကို ဖြတ်ကျော်ဝင်ရောက်လာမည့် အန္တရာယ်များ၏ အချက်ပေးသံကို စောင့်ဆိုင်းနေကြသည်။

အကြောက် တရားက ရန်ကုန်မြို့၏ လမ်းတွေတလျှောက် လှည့်လည်နေသည်။ အထူးသဖြင့် မွတ်စလင် လူနည်း စု အသိုက်အ၀န်းကို ပိုပြီး တုန်လှုပ်စေ၏။ ထိခိုက် ပျက်ဆီးလွယ်သည့် ဒီမိုကရေစီကို ခြိမ်းခြောက် နေသော ဘာသာရေးအဓိကရုဏ်း ကျယ်ပြန့်လာနေသည်ကို စောင့်ကြည့်ရင်း သူတို့အိမ်တွေနား တွား တက် လာသလို ခံစားနေ ကြရသည်။ ကာကွယ်ပေးနိုင်မည့် အစိုးရ၏ စွမ်းဆောင်ရည်ကို ယုံကြည်မှု အားလျော့ လာရသည်နှင့် အမျှ အစွန်းရောက်တို့၏ မွတ်စလင်ဆန့်ကျင်ရေးကလည်း အရှိန်ရ လာသည့် အခါ ရွေးချယ်စရာ နည်းပါးလာပြီး မိမိကိုယ်မိမိ ကာကွယ်ရန် ကြိုးစားဖို့သာ ရှိကြောင်း တွေးမိလာကြသည်။

အချို့သောရပ်ကွက်များတွင် ကိုယ်ပိုင်လှည့်ကင်းတွေ ဖွဲ့စည်းလိုက်ကြသည်။ အခြားနေရာများတွင် တိုက်ခိုက် မှု၏ ပစ်မှတ်ဖြစ်ခဲ့ရသော မွတ်စလင်ဘာသာရေးကျောင်းတွေကို ပိတ်ထားလိုက်ကြသည်။ ကံကောင်း သူ အချို့ကတော့ မွတ်စလင် အများစုနေထိုင်ရာ မလေးရှားနိုင်ငံကို အလည် အပတ် သွားရောက် ဖို့ ဗီဇာ ရရှိသွားကြပြီး အေးအေးသက်သာ ရှောင်ထွက် သွားနိုင်ခဲ့ကြသည်။

ရန်ကုန်ရှိ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ဗုဒ္ဓဘာသာနှင့် မွတ်စလင်များ ဘေးချင်းကပ်ပြီး နေထိုင်ကြ သည်။ တချိန်က စည်ကားရှုပ်ထွေးခဲ့သော မင်္ဂလာတောင်ညွှန့်၏ လမ်းများသည် ညဆယ်နာရီခန့်တွင် တိတ် ဆိတ်ငြိမ် သက်နေ သည်။ အားနည်းဖျော့တော့သည့် လမ်းမီးတိုင်များ၏ အောက်တွင် တခါတရံ ဖြတ်သန်း သွားသည့် ဆိုက်ကား တစီးတလေကိုသာ မြင်ရသည်။ လမ်းပိတ်ဆို့ရန်အတွက် အရေး ပေါ် စီစဉ် ထားသည့် ခုံများ၊ လက်တွန်းလှည်းများနှင့် သံဆူးကြိုး အကာ အရံများက လမ်းထောင့်တိုင်းတွင် တွေ့ရ၏။

လမ်းထောင့်များတွင် ညဆယ်နာရီမှ မနက်ခြောက်နာရီအထိ ကင်းစောင့်ရန် စေတနာ့ဝန်ထမ်း တာဝန် ယူရ သူများ၏ လက်ထဲတွင် လက်ကိုင်ဖုန်းတလုံးသာ ရှိသည်။ ခေါင်းဆောင်များသည် ထူးခြား သော အခြေ အနေ ရှိပါက အချင်းချင်း ဖုန်းဆက် အကြောင်းကြားရန် အချိန်းအချက် ပြုထားကျပြီး ကျန် သည့် သူတွေ ကတော့ ငြိမ်းချမ်းရေး စတစ်ကာကပ်ထားသည့် ဗင်ကားတစီး နှင့် ထရပ်ကားဟောင်းတစီးကိုအသုံးပြု ကင်းလှည့်ကြသည်။

“ဒီအဖွဲ့က ဗုဒ္ဓဘာသာတွေအတွက်လည်း မဟုတ်ဘူး၊ မွတ်စလင်တွေအတွက်လည်း မဟုတ်ဘူး။ ဒီမြို့ နယ်မှာ နေတဲ့သူ အားလုံးအတွက်ပါ။ ကျမတို့ ဒီမှာ တူတူနေခဲ့ကြတာ ကြာပါပြီ။ ကျမတို့ကြားက ခင်မင်မှု တွေ ပျက်စီးသွားမှာကိုလည်း အရမ်း စိုးရိမ်ပါတယ်။ ဒါကြောင့် ဘာသာပေါင်းစုံ စုပေါင်းပြီး စေတနာ့ ၀န်ထမ်း ကင်းစောင့်နေကြတာပါ” ဟု ကင်းစောင့်သူများကို စုစည်းရန် ကူညီပေးနေသည့် အသက် ၃၆ နှစ် အရွယ် မွတ်စလင် အမျိုးသမီး ခင်မာယာထွေးက ပြောသည်။

ဘာသာရေးကိုအကြောင်းပြုသော မတည်ငြိမ်မှုများသည် ယမန်နှစ်က ရခိုင်ပြည်နယ်တွင် စတင်ခဲ့ပြီး အဓိ ကရုဏ်း နှစ်ကြိမ်ဖြစ်ပွားခဲ့ရာတွင် လူ ၁၉၂ ယောက်သေဆုံးခဲ့သည်။ ယခုနှစ် မတ်လတွင်လည်း ရွှေဆိုင် တဆိုင်တွင် အငြင်းပွားရာမှ စတင်ကာ မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့တွင် ဘာသာရေး ပဋိပက္ခများ ဖြစ်ပေါ် ခဲ့ပြီး သုံးရက်ကြာသည့် ထိုဆူပူမှုတွင် လုံခြုံရေးတပ်ဖွဲ့များ ရှေ့မှောက်၌ပင် လူပေါင်း ၄၃ ယောက် သတ် ဖြတ်ခြင်းခံခဲ့ရ၏။

ထိုပရမ်းပတာ ဖြစ်ရပ်တွေက ယခုအပတ်ထဲတွင် ရန်ကုန်မြို့၏မြောက်ဖက် မိုင်ငါးဆယ်ခန့်သာ ကွာဝေး သော ဥက္ကံမြို့ အထိ ရောက်လာသည်။ အင်္ဂါနေ့က လူသူရှုပ်ထွေးနေသော ဥက္ကံဈေးထဲတွင် ဗုဒ္ဓ ဘာသာ ကိုရင် ကလေး နှင့် မွတ်စလင် အမျိုးသမီးတယောက် ၀င်တိုက်မိကြပြီး မြေပေါ်သို့ ကိုရင်လေး၏ သပိတ် အဖုံး ကျကွဲ သွားရာမှ စခဲ့သောပြဿနာသည် ဗုဒ္ဓဟူးနေ့ ရောက်သည့်အခါ လူ ၁ ယောက်သေ၍ ဗလီ၊ ဆိုင်နှင့် အိမ် စုစုပေါင်း ၁၆၀ ခန့် ပျက်စီးဆုံးရှုံးသွားသည်။ ကြောက်ရွံ့တုန်လှုပ်နေသော မိန်းမနှင့် ကလေး ငယ်များ သည် မီးကျွမ်းနေသော သစ်သားတိုင်များနှင့် ပြာပုံထဲမှ တလူလူ တက်နေသော မီးခိုးငွေ့များကို ကြောင် တောင်တောင် ငေးမောကြည့်နေကြသည်။ ဥက္ကံမြို့တွင် ရဲစခန်း ရှိသော်လည်း တိုက်ခိုက်မှုများကို ရပ်တန့် သွားရန် မစွမ်းဆောင်နိုင်ခဲ့ပေ။

“ဒီ တိုင်း ပြည်က ဥပဒေမရှိတဲ့ တိုင်းပြည်လိုပါပဲ။ တရွာလုံး မီးရှို့ခံလိုက်ရတာတောင် ဘာမှမဖြစ်သလိုပဲ” ဟု မီးရှို့ ခံလိုက် ရသည့် ဥက္ကံမြို့အနီးရှိ ရွာတရွာမှ အသက် ၄၈နှစ် အရွယ် ကိုအေးသောင်းက ပြောသည်။

မင်္ဂလာတောင်ညွှန်မြို့နယ်မှာ နေထိုင်သူများကတော့ မိတ္ထီလာ အဓိကရုဏ်း ဖြစ်ပွားပြီးကတည်းက ကင်း စောင့် နေ ခဲ့ကြသည်။ ကင်းစောင့်သူများကို ကူညီပေးနေသည့် အသက် ၄၅ နှစ်အရွယ် အစ္စလမ် ဘာသာ ၀င် ကိုထွန်းကြည်က ပြဿနာ တစုံတရာဖြစ်ပွားလာပါက မင်္ဂလာတောင်ညွှန့်မြို့နယ်ထဲရှိ ဘုန်းကြီး ကျောင်း များသို့ သွားကာ အခြေအနေကို ထိန်းသိမ်းပေးရန်အတွက် သံဃာတော်များကို ခေါ်ဆောင် လာမည် ဟု ဆိုသည်။ ရဲတပ်ဖွဲ့နှင့် ပတ်သက်၍ တစုံတရာ ထည့်သွင်းပြောဆိုခြင်း မရှိပါ။

လွန်ခဲ့ သော ရက်သတ္တပတ် အနည်းငယ်ကလည်း အရှိန်ပြင်းစွာဖြင့် ဂမူးရှူးထိုး မောင်းလာသည့် ကားတစီး ပေါ်မှ လူငယ်များက အော်ဟစ်ဆဲရေး ရန်စသွားကြသည်။ ထိုဖြစ်ရပ်က ရပ်ကွက်သူ၊ ရပ်ကွက်သား များကို ပိုပြီး သတိကြီး စေခဲ့သည်။

“ကျနော်တို့  သူတို့နောက်ကိုလိုက်တော့ ထွက်ပြေးသွားကြတယ်” ဟု အသက် ၂၆နှစ်အရွယ် မွတ်စလင် ဈေးဆိုင် ပိုင်ရှင်တယောက်ဖြစ်သည့် ကိုသန့်ဇော်က ပြောသည်။ သူသည် တနေ့လျှင် ၂နာရီ ခန့်သာ အိပ် စက်ပြီး သူနေထိုင်ရာ လမ်းထဲမှ ကင်း ၅ ခု အနက် တခုကို တာဝန်ယူစောင့်ကြပ်နေသူ ဖြစ်သည်။

ကိုသန့် ဇော်ဘေးတွင် ရပ်နေသူမှာ အသက် ၂၅ နှစ်အရွယ် ဈေးဆိုင်ပိုင်ရှင်တယောက်ဖြစ်သည့် ကိုသူရ သန်း ဖြစ်သည်။ ကိုသူရသန်းက ဆေးမင်ကြောင်များ ထိုးထားသည့်လက်ဖြင့် လူငယ်တဦးကိုညွှန်ပြရင်း “ ကျနော် က  မွတ်စလင်၊ သူက ဗုဒ္ဓဘာသာ။ ဒီမှာ နေနေကြတဲ့ ကျနော်တို့တွေချင်း ဘာမှ စိုးရိမ်စရာ မရှိဘူး၊ အပြင်က ရောက်လာမယ့် သူတွေ အတွက်ပဲ စိတ်ပူတယ်” ဟု ဆိုသည်။

သက်တောင့်သက်သာမရှိသည့် အခြေအနေကို ပိုပြီးလေးနက်စေသည်က ယခင်နှစ်တွေက စတင်ခဲ့သည့် ၉၆၉ ဟုခေါ်ကြသည့် ဗုဒ္ဓဘာသာ အစွန်းရောက် လှုပ်ရှားမှုတရပ် ကြီးထွားလာနေခြင်းပင်။ ယင်းလှုပ် ရှားမှုက ဗုဒ္ဓဘာသာဝင်များကို ဗုဒ္ဓဘာသာဝင် ဆိုင်များတွင်သာ ဈေးဝယ်ရန်၊ ဘာသာခြားနှင့် အိမ်ထောင် မပြုရန်၊ မိမိတို့၏ ပိုင်ဆိုင်မှုများကို  မွတ်စလင်များသို့ ငှားရမ်းခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ရန် တိုက်တွန်း ထားသည်။ ၉၆၉၏ အဆုံးအမများသည် ငြိမ်းချမ်းရေးကို ဖောက်ဖျက်ရန်မဟုတ်သော်လည်း ဥကံ္ကမြို့ မှ လူအချို့ကမူ ဖြစ်ပွားခဲ့သော ဆူပူမှုသည် ၉၆၉ စတစ်ကာများနှင့် ပတ်သက်နေသည်ဟု ယူဆကြ သည်။ မြို့ခံနိုင်ငံရေးသမားတယောက်ဖြစ်သည့် ဦးမြင့်သိန်းကလည်း ပြီးခဲ့သည့် ဆူပူမှုများတွင် ၉၆၉ ကို ထောက်ခံသူများ ပါဝင်ခဲ့ကြောင်း ပြောသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် နေထိုင်သူတဦးဖြစ်သော ဦးထွန်းကြည်ကလည်း ရန်ကုန်မြို့တွင် ၉၆၉ လှုပ်ရှား မှု ကျယ်ပြန့်လာသည်နှင့်အမျှ မွတ်စလင်များကို အနှောင့်အယှက်ပေးခြင်း ပိုများလာသည်ဟု ဆို သည်။ “ဒါဟာ ၉၆၉ ကြောင့်ပါပဲ” ဟု သူကပြောသည်။

ထိုလှုပ်ရှား မှုကို ဗုဒ္ဓဘာသာဝင်များသာ နေထိုင်ကြသော ကျောက်မြောင်းတွင် တွေ့နိုင်သည်။ ၉၆၉ ကို လှုပ် ရှားမှု မတိုင်ခင်တည်းက ကျောက်မြောင်းဒေသခံများသည် ၎င်းတို့အိမ်များကို မွတ်စလင်များသို့ ငှား ရမ်းခြင်း ရောင်းချခြင်း လုံးဝ မပြုခဲ့ကြပေ။

မင်္ဂလာ တောင်ညွှန့်မြို့နယ်အတွင်းရှိ မွတ်စလင်ဘာသာရေးကျောင်း ဆယ်ခုကျော်ကို ကြိုတင် ကာကွယ် သည့် အနေဖြင့် မတ်လ နှောင်းပိုင်းကထဲက ပိတ်ထားခဲ့သော်လည်း ကျောက်မြောင်းမှာတော့ ၉၆၉ ထောက်ခံ သူများက ဗုဒ္ဓဘာသာ ကလေးသူငယ်များအတွက် ဘာသာရေးကျောင်းများကို ဖွင့်လှစ် နေခဲ့သည်။

ယဉ်ကျေး လိမ္မာသင်တန်း ဘာသာရေးကျောင်းများကို ၉၆၉ လှုပ်ရှားမှု စတင်သူ ဘုန်းကြီးများထဲမှ တဦးဖြစ် သူ ဦးဝိမလဘိဝံသ တည်ထောင်ထားသော ဖောင်ဒေးရှင်း၏ အထောက်အပံ့ဖြင့် တည်ထောင် ခဲ့ခြင်း ဖြစ်သည်။ သူသည် မြန်မာနိုင်ငံ၏ တောင်ဖက်ပိုင်း မွန်ပြည်နယ်မှ ကွန်ယက်တခုတွင်ပါဝင်ပြီး သူ၏ ဆောင် ပုဒ်မှာ “လိုအပ်လာတဲ့အချိန် ငါတို့ရဲ့အရိုးတွေနဲ့ ခြံစည်းရိုးခတ်ရမယ်” ဟူ၍ဖြစ်သည်။

“အဲဒါက ကိုယ့်ရဲ့ ဘာသာ၊ သာသနာအတွက် သေဆုံးရတာ မြင့်မြတ်တယ်လို့ ဆိုလိုတာပါ” ဟု ၉၆၉ လှုပ်ရှား မှုကို ထောက်ခံသူတဦး ဖြစ်သည့် ဦးဆွေအောင် ကပြောသည်။

ပရဆေး ရောင်းသူတယောက်ဖြစ်သော ဦးဆွေအောင်သည် တနင်္ဂနွေနေ့တိုင်း ယဉ်ကျေး လိမ္မာ သင်တန်း များတွင် ဆရာ အဖြစ် စေတနာ့ဝန်ထမ်း လုပ်အားပေးနေသူဖြစ်သည်။ စက်တင်ဘာလအထိ ကျောင်းပေါင်း ၂၀ ခန့် ရန်ကုန်မြို့တွင် ဖွင့်လှစ်နိုင်ခဲ့ ပြီး တနိုင်ငံလုံး အတိုင်းအတာနှင့်ဆိုလျှင် ကျောင်းပေါင်း ၂၀၀ ကျော် ရှိပြီဖြစ်ကြောင်း သူကပြောပြသည်။

ဖောင် ဒေးရှင်းမှ ထုတ်ပေးထားသော အညိုရောင် တဘက်များ ဆင်တူလွှမ်းခြုံထားသည့် ကျောင်းသား ကျောင်းသူ များသည် သင်တန်းမစခင် ဇေယျာမင်္ဂလာကျောင်းတိုက်မှ ဘုန်းကြီးတပါးထံတွင် သီလယူ ကြရသည်။ စုစည်းတည်ထောင်သူများ၏ အဆိုအရ ကျောက်မြောင်း ကျောင်းတခုထဲမှာပင် ကျောင်းသား ကျောင်းသူ ၃၀၀ ကျော်ရှိသည်ဟု သိရသည်။ သင်ရိုးညွှန်းတမ်း အနေဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ ကိုယ်ကျင့် သိက္ခာ၊ ဗုဒ္ဓဘာသာ၏ သမိုင်းကြောင်းနှင့် ကမ္မဋ္ဌာန်း တရားထိုင်ခြင်း တို့ကို အဓိကထား၍ သင်ကြား ပေးသည် ဟု ကျောင်းက ဆရာဆရာမများပြောသည်။

“ကျနော် တို့က ကလေးတွေကို မုန်းတီးတတ်အောင် သင်မပေးပါဘူး” ဟု ဦးဆွေအောင်က ဆိုသည်။ ဘာသာ ရေး အဓိကရုဏ်းများနှင့် မူဆလင်ကမ္ဘာ၏ လွှမ်းမိုးလာမှုကိုမူ ဦးရွှေအောင် ကြောက်လန့်နေသည်။

ကမ္ဘာ့ လူဦး ရေ၏ ၆၄ ရာခိုင်နှုန်းသည် အစ္စလမ်ဘာသာဝင်များဖြစ်ကြကြောင်း ပြသထားသည့် မြေပုံကား ချပ်တခု ကို အတန်း၏ ရှေ့တွင်ချိတ်ဆွဲထားသည်။ အမေရိကန် စစ်တမ်း သုတေသန အဖွဲ့ Pew နှင့် John Templeton ဖောင်ဒေးရှင်းတို့၏ ၂၀၁၀ ခုနှစ် တွင် တွေ့ ရှိချက်အရဆိုလျှင်မူ ကမ္ဘာ့လူဦးရေ၏ ၂၃.၄ ရာခိုင်နှုံး သည် မူဆလင်များဖြစ်သည်။

“မွတ်စလင်တွေကို ကျနော်ကြောက်တယ်။ ဒါကြောင့် စည်းခြားထားချင်တယ်။ အစ္စလမ်မှာက သူတို့ ဘာသာအရ လူသတ်ခွင့် ရှိတယ်၊ လူသတ်လဲ ကောင်းကင်ဘုံကို ရောက်ကြတာပဲတဲ့။ တကယ်လို့ မွတ်စလင် တွေက ဗုဒ္ဓဘာသာတွေကို မသတ်ဘူးလို့ ကတိပေးရင် ကျနော်တို့ သူတို့ဆိုင်တွေမှာ ၀ယ်မယ်၊ စားမယ်။ ကျနော်တို့အိမ်မှာ သူတို့ကို နေခွင့်ပေးမယ်” ဟု ဦးရွှေအောင်က ဆိုသည်။

ညနက် လာသည့် အခါ မင်္ဂလာတောင်ညွှန့်တွင် နေထိုင်သူများနှင့်ကျောက်မြောင်းက လူတွေ ပိုပြီး ဝေးကွာ သွားကြသည်။

သန်းခေါင် ယံ နီးလာသည့် အချိန်တွင် မင်္ဂလာတောင်ညွှန့်၏ လေသာဆောင်များတွင် လူရိပ်တွေ ပေါ်လာ သည်။ သူတို့တိုက်အောက် ဧည့်သည်သတင်းထောက်များကို မသင်္ကာကြလို့ဖြစ်သည်။ “ဘယ်သူ လာတာလဲ” “ဘာဖြစ်တာလဲ” သူတို့ တွေးဆကြပေမည်။

လူငယ် ယောက်ျား လေးတွေ အိမ်ထဲကနေထွက်လာကြပြီး သတ်မှတ်ထားသည့် ဆုံရပ်မှာ စုစည်းကြသည်။

သူတို့ ၉၆၉ ကို ကြောက်ကြသည်။ အဖမ်းခံရမှာကို ကြောက်ကြသည်။ သူတို့ နေအိမ်များ မီးရှို့ခံရမှာကို ကြောက်ကြ သည်။ သူတို့ ဘယ်တော့မှ သက်သေပြ ဖော်ထုတ်နိုင်မှာ မဟုတ်သည့် ပူးပေါင်းကြံ စည်ခြင်း များကို ကြောက်ကြသည်။ သူတို့ မထိန်းချုပ်နိုင်သည့် ကြီးမားသော အမှောင်အင်အားများက အိမ်နီးချင်း မိတ်ဆွေ များကြားမှာ ရစ်ဖွဲ့ထားသော အကြင်နာတရားများကို တိုက်ဖျက်နင်းချေသွားမှာကို သူတို့ ကြောက် ကြသည်။

“ခုချိန်က အရမ်း ထိခိုက် လွယ်တဲ့ အခြေ အနေ ဖြစ်နေတယ်” ဟု ခင်မာယာထွေးက သတင်း ထောက် များ ကို ထွက် သွားကြရန် တွန်းထုတ်ရင်းပြောသည်။ “သူတို့တွေ သွေးလန့်တဲ့ ရောဂါဖြစ်နေကြတယ်၊ ဆေးကု လို့လဲ ရမှာ မဟုတ် ဘူး” ဟု ထပ်ပြောသည်။

(The Associated Press ၏ Fear begets fear in Myanmar: Citizens take on security as Buddhist extremism, violence spread ကို ဆီလျော်အောင် နိုင်မင်းသွင်က ဘာသာပြန်ဆိုသည်)

From: ဧရာဝတီ 

ဒုရဲအုပ်တစ်ဦးမှ ဇနီးနှင့်သမီးစီးသွားသော ဆိုင်ကယ်ကို ရုပ်ရှင်ဆန်ဆန်ကားဖြင့်တိုက်သတ်ရန် သေကြောင်းကြံ

Posted by drmyochit Saturday, May 04, 2013, under | No comments


ဇနီးနှင့် သမီး စီးသွားသော ဆိုင်ကယ်ကို ခင်ပွန်း ဖြစ်သူ နောက်မှ ကားနှင့် လိုက်တိုက် သေကြောင်းကြံ
စည် မှု၊ ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့တွင် ဖြစ်ပွားခဲ့သည်။ အခင်းဖြစ်ပွားပုံမှာ ကျိုက်မရောရဲတပ်ရင်း (၁၅) မှ ဒုရဲအုပ်ပြည်ဟိန်းထွန်း(၂၇)နှစ်၊ (ဘ)ဦးကျော် မိုးချစ် သည် ဇနီးဖြစ်သူ မစန္ဒာအောင်(၂၉) နှစ်နေ ထိုင်ရာ ကော့ကရိတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ကန္နား တန်းလမ်းရှိ ယောက္ခမနေအိမ်သို့ ရဲတပ်သား သစ် စုဆောင်း ရန် တာဝန်ဖြင့် ရောက်ရှိ နေစဉ် အခင်း ဖြစ်နေ့၌ 



ဆယ်တန်းအမှတ်စာရင်း မလိုဘဲ ဆရာ၊ဆရာမအဖြစ် လျှောက်ထားနိုင်ပြီ

Posted by drmyochit Saturday, May 04, 2013, under | No comments




နေ့စား အနေနဲ့စ ၀င်ရမှာ၊ ပြီးမှ နောက်ထပ် သင်တန်း ပေးပြီး တော့မှ ပညာရေး ၀န်ထမ်း အဖြစ် ခန့်အပ် မှာဖြစ် တယ်” ဟု အမှတ်(၁) အခြေခံ ပညာ ဦးစီး ဌာနမှ ညွှန်မှူး ဦးအေးကြိုင်က ပြောသည်။

အဆိုပါ ၀င်ခွင့်စာမေးပွဲကို ဧပြီလ (၉) ရက်နေ့တွင် ဖြေဆိုခဲ့ရပြီးဖြေဆိုသူဦးရေအနေဖြင့် အထက် မြန်မာ ပြည်တွင် တစ်သိန်း နှစ်သောင်း၊ အောက် မြန်မာပြည်တွင် ကိုးသောင်း ကျပ်ဝန်းကျင်နှင့် အမှတ် ( ၃) အခြေခံ ပညာ ဦးစီး ဌာန လက်အောက်တွင် လူဦးရေ သုံးသောင်း ၀န်းကျင်ခန့် ၀င်ရောက် ဖြေဆို ခဲ့ကြ ကြောင်း သိရှိရသည်။

“ အထွေ ထွေ၊ အင်္ဂလိပ်စာနှဲ့ သချာင်္ ဖြေရတယ်၊ သုံးဘာသာလုံးကိုတစ်နာရီပဲဖြေရတယ်၊ဖြေရတာကတော့ ဘာမှ အခက် အခဲ မရှိပါဘူး၊ ဒါပေမဲ့ သိချင်တာက အဲလောက်လူအများကြီး ၀င်ဖြေတာ သူတို့ ဘယ်လို ပြန်ရွေး မလဲဆိုတာ မသိဘူး၊ဘာလို့လဲဆိုတော့ ဖြေတဲ့ သူတွေ အများကြီးပဲ၊ အကုန် လုံး ကလည်း ဖြေနိုင် ကြတယ်ပဲ ပြောကြတယ်” ဟု ပခုက္ကူမြို့တွင် လာရောက်ဖြေဆိုသူမဆုချိုသင်းက ပြောသည်။

အဆိုပါမူလတန်းပြ ၀င်ခွင့်စာမေးပွဲအတွက် အသက်(၁၈) နှစ်မှ (၄၀) အထိသတ်မှတ်ထားပြီး ၀င်ခွင့် အောင်စာ ရင်းကို မေလအတွင်းတွင်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

“ မူလတန်းပြတွေအတွက် အခုလို လုပ်ပေးတာကောင်းပါတယ်၊ ဒါပေမဲ့အရေအတွက်တိုးလာပြီး အရည် အချင်း မရှိမှာပဲ စိုးရိမ်တယ်၊ ဒါပေမဲ့မူလတန်းပြတွေအပြင် အထက်တန်းပြ ဆရာ/ဆရာမတွေလည်း ခေါ်ပေး စေချင် တယ်၊ အခုကကျွန်မ သားအတန်းမှာဆိုရင် ကျောင်းသားတွေက အယောက် (၈၀) ကျော် တယ်၊ အဲဒီတော့ဆရာမတစ်ယောက်က ကျောင်းသားတွေအကြောင်း အကုန် ဘယ်သိပါ့မလဲ” ဟုကျောင်း သားမိ ဘ တစ်ဦးက ပြောသည်။

စာမေးပွဲဖြေဆိုရာတွင် မိမိ လျှောက်ထား လိုသည့် နေရာ ဒေသ ကို လျှောက်ထား နိုင်ပြီး အဆိုပါ နေရာ ဒေသ တွင်   နေရာ လစ်လပ်မှု ရှိပါက ခန့်အပ် ပေးမည်ဖြစ်ကြောင်း သိရသည်။
ထက်ထက်(မြစ်မခ)
by Myit Makha Mediagroup 

ခွင့်ပြုချက်မရဘဲ ကျောက်တော် ဆန္ဒဖေါ်ထုတ်ပွဲ ဦးဆောင်သူများကို တတိယအကြိမ် ရုံးတင် စစ်ဆေး

Posted by drmyochit Saturday, May 04, 2013, under | No comments



ခွင့်ပြုချက် မရဘဲ မတ်လ ၇ ရက်နေ့က ပြုလုပ်ခဲ့သော ရခိုင်ပြည်နယ် ကျောက်တော်မြို့ လူထု ဆန္ဒဖေါ် ထုတ် ပွဲကို ဦးဆောင်သူများဟု စွပ်စွဲခံထားရသူ (၄) ဦးကို ယမန်နေ့က တတိယ အကြိမ် ရုံးတင် စစ်ဆေး ခဲ့ သည်။


“ကျွန်တော်တို့ အားလုံးကို ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေနဲ့ စွဲဆိုတာဖြစ်ပါတယ်။ မနေ့က နေ့လည် ၁ နာရီခန့်မှာ စပြီးစစ်ပါတယ်။ ၂ နာရီ ၂၀ မှာပြီးပါတယ်” ဟု တရားစွဲခံရသူများ အထဲ တွင် ပါဝင်သူ ကိုမောင်ဝင်းက နိရဉ္စရာကို ပြောသည်။

တရား စွဲဆို ခံရ သူများမှာ ဦးမောင်သိန်းလှိုင်၊ ဦးမောင်ဝင်း၊ ဒေါ်လှမေနှင့် ဒေါ်တင်တင်အေးတို့ ဖြစ်ကြပြီး သူ တို့ ၄ ဦးအား မြို့နယ်ရဲမှူး မျိုးအောင်မှ တရားလို အဖြစ် ပြုလုပ်ကာ တရား စွဲဆိုထားခြင်း ဖြစ်သည်။

မတ်လ ၇ ရက်နေ့က ကျောက်တော်မြို့တွင် သံဃာတော်များအပါအ၀င် မြို့သူမြို့သားများသည် တူရကီ အစိုး ရ အကူအညီဖြင့် ဘင်္ဂလီဒုက္ခသည်များအတွက် အိမ်ဆောက်ပေးမည့် အစီအစဉ်ကို ခွင့်ပြုချက် မရှိဘဲ ဆန္ဒဖေါ် ထုတ်ပွဲ ပြုလုပ်ကာ ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။

၎င်းပြင် “ ဘင်္ဂလီအရေး ပွင့်လင်း မြင်သာမှု ရှိပါစေ။ ၁၉၈၂ ခုနှစ် ဥပေဒ အကောင် အထည် မဖော် ဘဲ ရခိုင်ပြည် တွင် ဘင်္ဂလီများ အတွက် နေအိမ် ဆောက်လုပ် ခွင့်ကို လုံးဝ ကန့်ကွက်သည်” စသည့် ပိုစတာများ၊ ဆိုင်း ဘုတ်များကို ကိုယ်စီ ကိုင်ဆောင်ကာ ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်။

ဆန္ဒ ဖေါ်ထုတ်ပွဲ အပြီးတွင် ကျောက်တော်မြို့နယ် ရဲစခန်းမှ ဦးမောင်သိန်းလှိုင်၊ ဦးမောင်ဝင်း၊ ဒေါ်လှမေနှင့် ဒေါ်တင် တင်အေးတို့အား ရဲစခန်းသို့ ခေါ်ယူပြီး တရားစွဲဆိုမည်ကြောင်း ပြောကြားခဲ့ပြီး နောက်ပိုင်းတွင် လက် မှတ် ရေးထိုးခိုင်းကာ ခံဝန်ချက်ဖြင့် လွှတ်ပေးခဲ့သည်။

ယမန် နေ့က စစ်ဆေးရာတွင် တရားလိုဘက်မှ သက်သေ ၃ ဦးကိုသာ စစ်ဆေးခဲ့ကြောင်း ကိုမောင်ဝင်း က ဆက် ပြောသည်။

“ မနေ့က ကျွန်တော်တို့ကို စစ်ဆေးမေးမြန်းတာ မရှိဘူး။ တရားလိုဘက်က သက်သေတွေဖြစ်တဲ့ ရပ် ကွက် အုပ်ချုပ်ရေးမှူးတွေကိုဘဲ စစ်ဆေးပါတယ်။ ကျောက်တော် အုပ်ချုပ်ရေးမှူး၊ ရှမ်းရွာအုပ် ချုပ်ရေးမှူး နဲ့ ပြည်တော် သာ အုပ်ချုပ် ရေးမှူး တွေကိုဘဲ စစ်ပါတယ်” ဟုဆိုသည်။

တရားစစ်ဆေးရာတွင် မည်သူ မဆို လွတ်လပ်စွာ လာရောက် နားထောင်ခွင့် ရရှပြီး ရှေ့နေလည်း ဌားရမ်း ခွင့်ပြုကြောင်း သိရသည်။

လာမည့် မေလ ၁၄ ရက်နေ့တွင် ထပ်မံရုံးချိန်း ပေးလိုက်သည်ဟု ဆိုသည်။

အလားတူ စစ်တွေ၊ ရသေ့တောင်နှင့် တောင်ကုတ်မြို့များတွင်လည်း ဘင်္ဂလီ ဒုက္ခသည်များအတွက် အိမ် ဆောက် ပေးမည့် အစီအစဉ်အား ကန့်ကွက်သည့် ဆန္ဒပြပွဲများကို ဦးဆောင်သူများကိုလည်း အာဏာ ပိုင်များက တရား စွဲဆိုထားသည်။

မောင်အေး
narinjara

Blog ဖန်တီးလို့ စီးပွားရေးလုပ်မယ်03 MAY 2013 | BY ရိုးရာလေး

Posted by drmyochit Saturday, May 04, 2013, under | No comments


အမှန်တော့ ဒီဆောင်းပါးကို ရေးဖို့တောင် စိတ်ကူးမရှိခဲ့ပါဘူး။ ဘာလို့လဲဆို ကိုယ့်အိုင်ဒီယာကို အသုံးချလို့ သူများ တွေ အမြတ်ထုတ်သွားလေမလားလို့ ဥစ္စာခြောက် ခြောက်ခဲ့ဖူးပါတယ်။ သို့ပေမယ့် အဲ့ဒါကမှသာ တကယ် ပဲ တစ်ကိုယ်ကောင်းဆန်တဲ့၊ မှားယွင်းတဲ့ ခံယူချက် ဖြစ်ပါတယ်။
လူတိုင်း တတ်မှ၊ သိမှ လူတိုင်းဖွံ့ဖြိုးမယ်။ တိုးတက်မယ်၊ အဆင်ပြေမယ်။ လူတိုင်း အဆင်ပြေမှ တိုင်းပြည် အဆင်ပြေ မယ်။ အားလုံး အတွက် မျှဝေတာ အကောင်းဆုံးပါပဲ။ ယခု မောင်အောင်ခမ်းမှ တတ်သိ သလောက် Blog ကနေ စီးပွားရှာနည်း တွေကို တင်ဆက်ပေးပါမယ်။ လူတိုင်း လုပ်နိုင်လို့ အကျိုးရှိမယ်လို့ မျော်လင့် ပါတယ်။
Blog ဆိုတာ
ကြီးကြီး ကျယ်ကျယ် ရှင်းပြစရာတောင် လိုမယ်မထင်ပါဘူး။ မြန်မာပြည်မှာ ဟိုးလွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ကတည်း က နာမည်ကြီး ဘလော့ဂါများ ရှိခဲ့ပါတယ်။ သို့ပေမယ့် စီးပွားမရှာခဲ့ပါဘူး။ စာရေးသူ မသိတာ လည်း ဖြစ် ပါ လိမ့်မယ်။ Blog ဆိုတာ သာမန် ဝဘ်ဆိုဒ် တစ်ခုလိုပါပဲ။ သို့ပေမယ့် မတူညီ တာ တစ်ခုက သူက အကြမ်း နည်းနည်း ဆန်ပါတယ်။ မှတ်စုသဘောမျိုးရေး မှတ်ပြီး လူတိုင်းလာဖတ်စေဆိုပြီး ချပြတဲ့ သဘော နည်းနည်း သက်ရောက်ပါ တယ်။ ဒီလိုနဲ့ ရေးချင်ရာရေး၊ တင်ချင်ရာတင်လုပ်ကြရင်း Blog ဆိုတာ ကမ္ဘာ့လည်ပတ်ချင်စရာ အကောင်းဆုံး ဆိုဒ်တစ်ခုထဲ စာရင်းဝင်လာပါတယ်။
Blog ဆိုတာ Google က အလကား သက်သက် ဝန်ဆောင်မှုပေးတဲ့ www.blogger.com ဖြစ်ပြီး ကိုယ်ဖန်တီးလိုက်တဲ့ Blog တိုင်းဟာ ယင်း Blog အုပ်စုထဲမှာပါဝင်ပါတယ်။ အားသာချက်ကတော့ ပိုက်ဆံ ပေးစ ရာ မလိုပဲ အခမဲ့ပြုလုပ်ရခြင်းဖြစ်ပြီး လူတိုင်းရေးနိုင်လို့ ဖြစ်ပါတယ်။ ဒီတော့ အရင်းအနှီးမရှိပဲ စီးပွား လုပ်နိုင် တဲ့ နေရာလို့တောင် ဆိုနိုင်ပါတယ်။
Blog တစ်ခုဖန်တီးဖို့မခက်ပါဘူး။ www.blogger.com ကိုဝင် Create Free Blog ကိုနှိပ်ပြီး သူပေးတဲ့ အဆင့် အတိုင်း Step by Step သွားရင် Blog တစ်ခုအလွယ်တကူ ရပါတယ်။ ဒီလိုနဲ့ ဟိုပေါင်း
အင်္ဂါစုံရမယ်
အရေးအကြီးဆုံး အချက်ပါပဲ။ စီးပွားတော့ ရှာချင်သပ ကိုယ် ဖန်တီးထားတဲ့ Blog က အင်္ဂါမစုံရင် အလကားပါပဲ။ အင်္ဂါစုံဆိုလို့ အခြားမဟုတ်ပါဘူး။ ကြည့်ပျော်ရှုပျော် အခြေအနေမဟုတ်ပဲ တကယ့်ကို အကျိုးကျေးဇူး များစွာဖြစ်ထွန်းစေတဲ့၊ Visitor များအတွက် အကျိုးထူးမယ့် Blog တော့ ဖြစ် ရပါမယ်။ သတင်းအချက်အလက်လား၊ နည်းပညာလား၊ တေးဂီတ၊ ရုပ်ရှင်၊ အနုပညာ၊ သတင်း၊ သုတ၊ ရသ၊ စာပေ အစရှိသဖြင့် ကိုယ်သန်ရာလိုင်း တစ်ခုခုတော့ ရှိရမယ်လေ။ အားလုံးကို ရေးနိုင်သပဆိုရင် လည်း ရေးနိုင်ပါ တယ်။
Update ဖြစ်နေရမယ်
အချို့ က စိတ်ကူးရှိတုန်း Blog ကောက်ထောင်လိုက်ပါတယ်။ နောက်တော့ Update မလုပ်ဖြစ်တဲ့ရက်က များတော့ စီးပွားလုပ်ဖို့ဆို ဝေလာဝေး။ ကိုယ်ရေးချင်ရာရေးပြီး စိတ်ပါမှ Post တင်မယ်ဆိုရင် ယင်း Blog မှာ သရဲခြောက်မှာ သေချာပါတယ်။ ဒီတော့ ကိုယ့် Blog ကို နေတိုင်းလူကြည့်ဖို့ ဆိုတာမှာ အရေးကြီး ဆုံးက Up to Date ဖြစ်နေဖို့ပါပဲ။
စွဲဆောင်မှု ရှိရမယ်
တကယ် တန်း ခေါင်းစဉ်တပ်ရရင် ထူးထူးခြားခြား ပေးစွမ်းနိုင်စွမ်း ရှိရမယ် ဆိုတာမျိုးပါ။ ထူးထူးဆန်းဆန်း ဆိုလို့ မဟုတ်က ဟုတ်က ပုံတွေတင်ပြီးတော့ စွဲဆောင်တာမျိုးကို ဆိုတာလည်း မဟုတ်ပါဘူး။ ကိုယ်ဖန်တီး တင်ဆက် ပေးတဲ့ အကြောင်းအရာက လာလည်သူ၊ လာဖတ်သူ၊ ကြည့်သူများအတွက် အကျိုးကျေးဇူး များရပါ မယ်။ သတင်းရလိုက်တာမျိုး၊ ဗဟုသုရလိုက်တာမျိုး၊ အနုပညာခံစား ချက်လေး ပေးနိုင်လိုက် တာမျိုး တို့ ဆိုရင် ယင်း Blog က လူစိတ်မဝင်မစားပဲ မနေပါဘူး။ ဒီလိုနဲ့ Site ရဲ့  လူဝင်ကြည့်နှုန်း (Traffic) က တက် တစ်ထက် တက်နေတော့ မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘလော့ရေးသားသူရဲ့  စကေးက အရမ်း အဓိက ကျသွားပါတယ်။ လူကြည့်မများတဲ့ Blog ဆိုရင်လည်း ဘယ်သူမှ စိတ်မဝင်စားပါဘူး။ ဒီ Traffic ဇယားကိုကြည့်လို့ နိုင်ငံတကာမှာ စီးပွားရေးလုပ်နေကြတာဖြစ်ပါတယ်။
စီးပွားရှာတော့မယ်
ဒီမှာ အရမ်းအရေးကြီးတဲ့ အစိတ်အပိုင်းကိုရောက်သွားပါပြီ။ ဆောင်းပါးရဲ့  ရည်ရွယ်ချက်က ခုမှ ရောက်ပါ တယ်။ ဘယ်လိုစီးပွားရှာကြမလဲ။ ကိုယ်တွေ ဘယ်လိုရှာမလဲဆိုတာထက် နိုင်ငံတကာမှာ ဘယ်လိုရှာ သလဲဆို တာကို အရင်လေ့လာရပါတယ်။ စာရေးသူ လေ့လာမိသလောက်ကတော့ ဒီလိုရှိပါ တယ်။

Paid Review
သတင်း တစ်ပုဒ် သို့မဟုတ် ကုန်ပစ္စည်းတစ်ခုကို အချက်ကျကျရေး သားတင်ဆက်ပေးတာမျိုးပါ။ Paid review နဲ့ ကမ္ဘာမှာအောင်မြင်နေတဲ့ Blog တွေအများကြီးပါပဲ။ ဥပမာ - www.pocket-lint.com , www.engadget.com , www.phonearena.com ။
အထက်ပါ ဥပမာ တွေက နည်းပညာ ပစ္စည်းပဲ ရှိပါသေးတယ်။ အခြားသော လူသုံးကုန် အဝတ်အထည်၊ စားသောက် ကုန်၊ မော်တော်ယာဉ်၊ နေအိမ်သုံး၊ ရုံးသုံး ပစ္စည်းပစ္စယ စုံစုံလင်လင်တို့၊ အခြားသော အီလက် ထရောနစ် ပစ္စည်းတွေကို နေ့စဉ် Paid Review ပုံစံနဲ့ တင်ဆက်ပေးနေတဲ့ ဆိုဒ်တွေ တစ်ပုံမှ တစ်ပုံကြီး ပါပဲ။ သူတို့ရဲ့  တစ်လတာ ပျှမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ်လာ သိန်းနဲ့တောင် ချီတယ်လို့ ကြားဖူးပါတယ်။ ဒါကြောင့် တစ်ယောက်တည်း လှုပ်ရှားနေရာကနေ အစုအလိုက်အဖွဲ့ လိုက်တွေ ဖြစ်သွားကြပြီး ကုမ္မဏီကြီး တွေ ဖြစ်လာ ပါတော့တယ်။
ဥပမာ - ဒီဖုန်းက ဘယ်လိုဘယ်လို သုံးလို့ကောင်းတယ်။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်။ ဘယ်ဆိုင်မှာ သွားဝယ် လို့  ရပါတယ်။ ကွိစကွစနဲ့ တစ်ခုလုံး ဖတ်ပြီး အော်. ဒါဟာ ကြော်ငြာပါလားလို့ သိရတယ်လေ။ ဒါလည်း ကောင်းပါ တယ်။ ကိုယ့်အတွက်လည်း ဗဟုသုတ ရတယ်လေ။ ပြီးတော့ ဒီလိုရေး ထားတော့ ရေးထား တဲ့ ပေးထားတဲ့ လိပ်စာမှာပဲ ဝယ်ချင် စိတ်တွေ ပေါက် သွား တာပေါ။ ဒါကလည်း ရေးသားတဲ့ skill က ပိုအခရာ ကျသွား ပါတယ်။ ရေးတတ်လေလေ စိတ်ဝင်စားလေလေ၊ ပိုကြော်ငြာလေလေပါပဲ။
ဘယ်စားသောက်ဆိုင်ကတော့ ဘယ်လိုဟင်းလျာတွေရတယ်။ ချိုတယ်၊ ငံတယ်၊ ပေါ့တယ်၊ ခါးတယ် အစရှိ သဖြင့် ကလည်း စားသောက်ဆိုင် မိတ်ဆက်ကြော်ငြာသဘောပါပဲ။ ဒါလည်း Review ကဏ္ဍထဲကို ဝင်သွားပါ တယ်။ ဒီအတွက် နိုင်ငံတကာမှာ ကောက်ခံတဲ့ဈေးနှုန်းက အစားစားရှိပါတယ်။ ဈေးအကြီး ဆုံးအ နေနဲ့ Paid review တစ်ပုဒ်ကို အမေရိကန်ဒေါ်လာ ၁ သောင်းဝန်းကျင်တောင် ရှိတယ်လို့ ဖတ်ဖူး၊ သိဖူးပါ တယ်။
Banner
Banner တွေလည်း Blog တွေမှာတင်ပါတယ်။ သို့ပေမယ့် Paid Review ကို စီးပွားရေး လုပ်ငန်းရှင်တွေ ပိုကြိုက်ကြ ပါတယ်။ Banner ဆိုတာ အခြား မဟုတ်ပါဘူး။ Blog ဆိုဒ်မှာ ကြော်ငြာစရာ နေရာလေး တစ်ခု မျှသာ ဖြစ် ပါတယ်။ ယင်းကြော်ငြာနေရာမှာ လာကြော်ငြာမယ့် ကုမ္မဏီတွေက သူတို့ကြိုက်ရာပုံဖြစ်ဖြစ်၊ Link ဖြစ်ဖြစ်လာတင်ပါမယ်။ တင်ထားတဲ့နေရာ ကနေ လာလည်သူက မှားနှိပ်မိရင် သူတို့ဆိုဒ်ကို တန်းရောက် ပါလေရော။ ဒါကလည်း ကြော်ငြာနည်း တစ်မျိုးပါပဲ။ သို့ပေမယ့် တစ်ခုရှိတာက Blog တွေမှာ Banner လုပ်ရမလွယ်ပါဘူး။ အလကားပေးထားတဲ့ ဆိုဒ်ကိုတောင် Banner နဲ့ စီးပွားရေးလုပ်စားစေဖို့ လောက် ထိ Google က သဘောမကောင်းပါဘူး။ ဒီတော့ လုပ်ချင်သပဆိုရင် Free Blog ကနေ Paid ဗားရှင်း ပြောင်းရုံပါပဲ။ ဒါဆိုရင် ကိုယ်လိုသလို ဖန်တီးလို့ရပါပြီ။ ကိုယ်တတ်နိုင်သလောက် ကြော်ငြာစရာ အကွက် လေးတွေ ဖန်တီးနိုင်ပါတယ်။ ဒါတွေလုပ်ဖို့အတွက် Google မှ တိုက်ရိုက်ဝယ်ယူတဲ့ Service သော်လည်း ကောင်း၊ ကြားခံ Service Provider မှသော်လည်းကောင်း ကိုယ်အဆင်ပြေသလို ပြုလုပ်နိုင်ပါ တယ်။
နိုင်ငံခြားမှာနေတဲ့သူ ဒီနေရာမှာ တစ်ခုကောင်း ပါတယ်။ နိုင်ငံခြားမှာနေမှ ရယ်ကို မဆိုလိုပါဘူး။ နိုင်ငံ တကာက သုံးနေတဲ့ အွန်လိုင်း ငွေလွဲစနစ် အကောင့်၊ ကဒ်ရှိသူများကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ယင်းကဒ် များနဲ့ Google ကို ငွေချေလို့ ကိုယ်လိုသလို ဖန်တီးလို့ရတဲ့ စနစ်လည်း ရှိပါသေးတယ်။ Google ရဲ့  Blog ပေး ရခြင်း ရည်ရွယ်ချက်ကလည်း ဒါပါပဲ။ ကော် မရှင်ကြေးဖြတ်လို့ သူတို့လည်း ပိုက်ဆံရစေလို သဘောနဲ့ Blog တွေ အလကား ပေးခြင်း ဖြစ်ပါတယ်။ မြန်မာပြည်မှာ တစ်နေ့ ဒါတွေ ဖြစ်လာတော့မှာပါ။
အခြားသော နည်းလမ်းများ 
အထက်ပါ နှစ်ခုကတော့ ပင်မ နည်းလမ်းပါပဲ။ မြန်မာပြည်ရဲ့  လက်ရှိအနေ အထားမှာဆိုရင်ကို ပြောတာပါ။ ပုံတွေမှာ Link စာကြောင်းတွေပေါ်နေပြီး ကြော်ငြာဆိုဒ်ဝင်တာမျိုး၊ စာဖတ်နေရင်း စာအောက်မှာ Link လေး တွေ မြင်နေရတာမျိုးကလည်း ဆိုဒ်ကြော်ငြာနည်း တစ်မျိုးပါပဲ။ အချို့ ကျပြန်တော့ ကိုယ်က Blog တစ်ခု ထောင်ပြီး ကုမ္မဏီကြီးတစ်ခုနဲ့ ပါတနာ ဖွဲ့ပစ်ပါတယ်။ ဘယ် ကုမ္မဏီမှလက်မခံတော့ ပါဘူး။ ယင်း ကုမ္မ ဏီက ထွက်နေတဲ့ ကုန်ပစ္စည်းအားလုံးကို ထွက်လျှင် ထွက်ချည်း Blog မှာ ကြားညှပ်ပြီး ကြော်ငြာ ပေးတာ မျိုးတို့ လုပ်ပါတယ်။ Review တွေတင်ပေးပါတယ်။ သတင်းအချက်အလက်တွေ တင်ပေးပါတယ်။
အချို့ ကျပြန်တော့လည်း အပြောင်းပြန်ပါ။ အင်တာနက်မှာ နာမည်ကြီးနေတဲ့ စာရေးဆရာ သို့မဟုတ် ဘလောဂ်ဂါ သို့မဟုတ် Blog ဆိုဒ်တစ်ခုကို Fully Sponsor ပေးတဲ့သဘောနဲ့ တရားဝင်ကြေညာ ပါတယ်။ ဒါက လည်း ကြော်ငြာနည်းတစ်မျိုးပါပဲ။ ဒီလိုနဲ့ ကမ္ဘာမှာ Blog ကိုအခြေခံလို့ ငွေအလွဲအပြောင်းက နှစ်စဉ် ဒေါ်လာ သိန်းသန်းမက ရှိပါတယ်။ အွန်လိုင်းစီးပွားရေး စနစ်မှာ Blog ကိုအခြေခံတဲ့ စီးပွားရေးက ဖွံ့ဖြိုးပြီး နိုင်ငံများမှာ တော်တော်လေး တွင်ကျယ်ပါတယ်။ အချို့ ကျတော့ blogspot.com ပါနေတာကို လူမရှိန် ဘူးလို့ ထင်ကြ ပါတယ်။ အဲဒါက အဓိက မဟုတ်ပါဘူး။ သို့ပေမယ့် .blogspot.com ဖြစ်နေတာကို .com ဖြစ်ဖို့ Upgrade လုပ်နိုင်ပါတယ်။ ဘယ်လောက်မကုန်ကျပါဘူး။ စာရေးသူရဲ့  Blog ဆိုရင် သောင်းဂဏန်းပဲ ကုန်ကျ ပါတယ်။
မြန်မာပြည်မှာ ဒီထက် အဆပေါင်းများစွာ ကောင်းတဲ့၊ သာတဲ့ Blog တွေအများကြီး ရှိပါတယ်။ ယင်း Blog တွေက ဘယ်လို Theme တွေရွေးတယ်။ ဘယ်လိုရေးသားတင်ဆက်တယ်။ ဘယ်လိုဖန်တီးတယ်ဆိုတာ ကို လေ့လာလို့ ကိုယ်တိုင်ဖန်တီး နိုင်မယ်လို့ ယူဆပါတယ်။
အင်တာနက်လိုင်း ကောင်းမှသာ
မြန်မာပြည်ရဲ့  လက်ရှိ အင်တာနက်လိုင်းက ဖွံ့ဖြိုးပြီး နိုင်ငံများနဲ့ ယှဉ်ရင် တော်တော်လေး နှေးကွေး နေပါ သေး တယ်။ ဒီတော့ ဒီလိုင်းပေါ်ကို အခြေခံလို့ ဖြစ်တည်လာရမယ့် စီးပွားရေး လုပ်ငန်းတွေက ထင်သ လောက် ခရီး မရောက် နေရခြင်း ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ဖြစ်လာမှာပါ။ ဒီ အင်တာနက်လိုင်း တစ်ခု ကောင်း ရင် ကမ္ဘာ့စီးပွားရေးလုပ်ငန်းကြီးများ၊ စီးပွားရေးကွန်ရက်ကြီးများနဲ့ အချိတ်အဆက်မိပြီး ပြည်တွင်း အွန် လိုင်း စီးပွားရေး ကွန်ရက်ကို အာရုံထားသူများလာပါမယ်။ တီဗီမှာ၊ ဘေလ်ဘုတ် မှာ၊ ပြင်ပမှာ စီးပွား ရေး လုပ်ငန်းကြီးများ ပရိုမိုးရှင်းလုပ်ဖို့၊ မာကဲတင်း ဆင်းဖို့၊ ကြော်ငြာဖို့ အတွက် ဈေး အင်မတန်ကြီးနေချိန် အင် တာ နက် မှာကျ ဈေးသက်သက်သာသာနဲ့လုပ်လို့ ရပါတယ်။
အလွယ်ကူဆုံး ဥပမာ ပေးရရင် အလှကုန်ပစ္စည်းတစ်ခုသာ Blog တွေ၊ ဆိုဒ်တွေ၊ Facebook တွေပေါ်မှာ ကြော်ငြာ ရင် သူ့အတွက် များစွာအကျိုး ထူးပါတယ်။ ဘာလို့လဲဆို အင်တာနက်မှာကျ လူငယ်တွေ ပိုများလို့ ဖြစ် ပါ တယ်။ လူငယ်တင်မကပဲ လူလတ်ပိုင်း၊ လူကြီးပိုင်းတွေအထိ တွင်ကျယ် လာပြီမို့ ဘယ်ဟာဖြစ်ဖြစ် ပရိုမိုးရှင်း လုပ်မယ်။ ဈေးကွက်နယ်ချဲ့ မယ်ဆိုရင် အင်တာနက်ဆိုတာ မရှိမဖြစ်လိုအပ်လာပါတယ်။
Blog ဆိုတဲ့ ယင်းထဲမှာ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်ပါတယ်။ ဒီတော့ အင်တာနက်လိုင်းက နိုင်ငံတ ကာက လိုပဲ ခလုပ်တစ်ချက်နှိပ် ရုံနဲ့ ကောင်းနေပြီဆိုရင် ပြည်တွင်းမှာလည်း ကြိမ်းသေ ဖြစ်ထွန်းလာမယ့် စီးပွား ရေး ဈေးကွက်တစ်ခု ဖြစ်ပါတယ်။ ယခု အနေအထားမှာလည်း လုပ်နိုင်ပါတယ်။ လုပ်လည်း လုပ် နေကြ ပါ တယ်။ မြန်မာပြည် အခြေဆိုက်ရော၊ နိုင်ငံတကာအခြေဆိုက်ရော မြန်မာပြည်အကျိုးပြု ဆိုဒ်တွေ၊ Blog တွေ ကိုယ်စီရှိနေကြပြီး တတ်နိုင်သလောက် ခရီးသွားနေကြ ပါတယ်။ သို့ပေမယ့် ဒါကို အခြေခံလို့ လုပ်နိုင်မယ့် စီးပွားရေး လုပ်ငန်းက ထင်သလောက် ခရီးမရောက်သေးပါဘူး။
သို့ပေ မယ့် တကယ်ပဲ Blog ကို အခြေခံလို့ စီးပွားရေး လုပ်ဖို့ စိတ်ကူးရှိတယ်။ ခံယူချက်ရှိတယ်ဆိုရင် ခုက တည်းက စထားသင့်ပါတယ်။ ကိုယ်တတ်နိုင်တဲ့ ဖက်က ကြိုးစားရင်း စီးပွားရေးစနစ် တစ်ခုမှာ မရှိမဖြစ် လို အပ်တဲ့ နေရာလေး တစ်ခုဖြစ်လာရင် ဒါတွေဟာ အိပ်မက်မဟုတ်တော့ပါဘူး။ လူတိုင်း အင်တာနက်ကို အခြေခံလို့ အရင်းအနှီးနည်းနည်းနဲ့ သူဌေးဖြစ်နိုင်ပါတယ်။ သို့ပေမယ့် လွယ်လွယ်နဲ့တော့ မရပါဘူး။ လွယ်လွယ်မရပေမယ့် မခက်ခဲတဲ့ Blog လေးကို ဖန်တီးလို့ စာဖတ်သူတို့ အစပျိုးနိုင်ပါကြောင်း ဆန္ဒပြုလိုက် ရပါတယ်။
--
အောင်ခမ်း (ရိုးရာလေး)
From: Yoyarlay 

တရုတ်-မွတ်စလင် ပဋိပက္ခဖြစ်ပွားမှုကြောင့် ၃၆ ဦး သေဆုံး

Posted by drmyochit Saturday, May 04, 2013, under | No comments


 တရုတ်နိုင်ငံ ဇီကျန်ဒေသတွင် ဟန်လူမျိုးများနှင့် မွတ်ဆလင် များအကြား လူမျိုးစု ပဋိပက္ခများ ဖြစ်ပွားခဲ့၍ အဓိ ကရုဏ်း တားဆီး သည့် တရုတ်ရဲ ၁၅ ဦး အပါအဝင် စုစုပေါင်း ၃၆ ဦး သေဆုံးပြီး လူပေါင်းများစွာ ဒဏ် ရာ ရရှိသည်။ အဆိုပါ ပဋိပက္ခသည် ရက်စက် ကြမ်းကြုတ် လွန်းသော အကြမ်းဖက် အဖွဲ့၏ စနစ် တကျ ကြိုတင် အကွက်ချပြီး ကြံစည် မှုကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးမှ ထုတ်ပြန် ကြေညာ ထားသည်။ 

မတူညီသော လူမျိုးစု နှစ်စု နေထိုင် ကြသည့် အဆိုပါ ဒေသတွင် အချင်းချင်း ပြန်လည် သင့်မြတ်စွာ နေထိုင် နိုင်ရေးသည် အင်မတန် ခက်ခဲကြောင်း တရုတ် ဒေသခံများက နိုင်ငံတကာ သတင်း မီဒီယာများသို့ ရင်ဖွင့် ပြောကြား ထားသည်။ ယခုအခါ အဆိုပါ ဒေသတွင် မွတ်ဆလင် လူဦးရေသည် ၄၅ ရာခိုင်နှုန်းအထိ ရှိလာပြီ ဖြစ်သောကြောင့် နယ်မြေခွဲထွက်လိုသူ မွတ်ဆလင်များနှင့် တရုတ် ဒေသခံများ အကြား ပဋိ ပက္ခများ ကြီးထွား လာသည်။ အပြစ်မဲ့ ပြည်သူများ သေဆုံးရသည့် အဆိုပါ တရုတ်-မွတ်ဆလင် ပဋိ ပက္ခ တွင် သွေးတိုးလှု့ဆော် ပါဝင်ခဲ့သူများနှင့် အကြမ်းဖက် သမားများကို တရုတ်အစိုးရက ဖမ်းဆီးထိန်းသိမ်း ထား သည်။ ၂၀၀၉ ခုနှစ် ကလည်း ဇီကျန်မြို့တော် ယူယန်ကီတွင် တရုတ်-မွတ်ဆလင် ပဋိပက္ခ ဖြစ်ပွားပြီး လူ ၂၀၀ ခန့် သေဆုံး ခဲ့ရသည်။  

Ref: Yoyarlay 

စင်ကာပူ ယာဉ်ရပ်နားစခန်းမှာ လုပ်သား ၂ ဦး Ferrari 458 အား ပိုင်ရှင်အလစ်၌ မြို့တစ်ပတ် ခိုးယူမောင်းနှင်

Posted by drmyochit Saturday, May 04, 2013, under | No comments



ပြီးခဲ့သည့် အင်္ဂါနေ့ လင်းအားကြီးအချိန်မှာ စင်ကာပူနိုင်ငံ Resorts World Sentosa သို့ လူတစ်ဦးမှ ယင်း ၏ ဒေါ်လာ ၂ သိန်းခွဲတန် Ferrari 458 ဖြင့် ရောက်ရှိလာခဲ့ပါတယ်။ 

Sentosa ရှိ ယာဉ်ရပ်နားရာသို့ ရောက်ရှိပြီးနောက် လုပ်သား ၂ ဦးအား ကားသော့ပေးပြီး ထွက်ခွာ သွားပါ တယ်။ ကားသော့ရပြီး နောက်မှာတော့ လုပ်သား ၂ ဦးက ကားကို အသေအချာ သိမ်းဆည်းပေးတယ်လို့ ထင်ရင် တော့ မှားသွား ပါလိမ့်မယ်။ 

ကားသော့ ရပြီးနောက် အဆိုပါ လုပ်သား ၂ ဦးဟာ ဤ Ferrari 458 စူပါကား အား စင်ကာ ပူမြို့ တစ်ပတ် အပျော် ခရီး မောင်းနှင် ခဲ့ကြ ပါတယ်။ မောင်း နှင်ရုံ တင် မဟုတ်ပဲ ဗီဒီယို ရိုက် ကူးပြီး မှတ်တမ်း တင်ခဲ့ ကြပါ သေးတယ်။ 

အဆိုပါ ပုဂ္ဂိုလ် ၂ ဦးရဲ့ ကားခိုး မောင်းမှုကို ပိုင်ရှင်ဖြစ် သူက ကားပေါ်ရှိ လုံခြုံရေး ကင်မရာအား ပြန် လည်ကြည့် ရှုရာမှ ဖော်ထုတ် နိုင်ခဲ့ပြီး ရဲထံသို့ တိုင်ကြားခဲ့သလို Resorts World Sentosa သို့လည်း ယင်း၏ရှေ့နေမှတဆင့် စာရေးသား ပေးပို့ခဲ့သည်ဟု သိရှိရသည်။ 

“နျူကလီယားဒုံးကျည်စီမံကိန်း မြောက်ကိုရီးယား ဆက်လက်အကောင်အထည်ဖေါ်”

Posted by drmyochit Saturday, May 04, 2013, under | No comments



မန္တလေး၊မေ ၄-၂၀၁၃

မြောက် ကိုရီးယား နိုင်ငံဟာ အမေရိကန် နိုင်ငံ အထိ ပစ်ခတ် နိုင်မည့် နျူ ကလီယား ဒုံးကျည် စီမံကိန်း ရည်မှန်း ချက်တွေ ဆက်လက် အကောင် အထည် ဖေါ်နေ ဆဲဖြစ် ကြောင်း အမေ ရိကန် ကာကွယ်ရေး ဋ္ဌာန ပင်တ ဂွန်ရဲ့ ကွန် ဂရက် လွှတ်တော်ကို တင်သွင်းတဲ့ အစီရင် ခံစာမှာ ဖေါ်ပြ ထားပါ တယ်။

အစီရင် ခံစာထဲမှာ တောင်ကိုရီးယား၊ ဂျပန်နဲ့ ပစိဖိတ် ဒေသ ပစ်မှတ်တွေ အထိ လက်လှမ်း မီတဲ့ တိုက်ချင်း ပစ်ဒုံး ကျည် တွေဖြန့်ကျက်ထား ပြီးဖြစ်ကြောင်း ဖေါ်ပြ ထားပါတယ်။နျူကလီယားနည်းပညာနဲ့ တိုက်ချင်းပစ် ဒုံးကျည် ဖြန့်ကျက်ရေး နည်းပညာတွေ တိုးတက် လာမှုနဲ့ အတူ အမေရိကန် မြေ အထိ ပစ်ခတ် တိုက်ခိုက် နိုင်စွမ်း ရှိလာမှာ ဖြစ်ကြောင်း အစီရင် ခံစာမှာ ဆက်လက် ဖေါ်ပြ ထား ပါတယ်။

မြောက် ကိုရီးယား နျူ ကလီးယား စမ်းသပ်မှု ၃-ကြိမ်ကို ကိုးကားပြီး အချိန် မရွေး စမ်းသပ်မှု အသစ်တွေ ပြုလုပ် လာနိုင် ဖွယ် ရှိကြောင်း အမေရိကန် ကာကွယ်ရေး ဋ္ဌာန ပင်တဂွန်ရဲ့ အစီရင် ခံစာမှာ ဆက်လက် ဖေါ်ပြထား ပါတယ်။ အစီရင်ခံရဲ့ အဆိုအရ ဓါတု လက်နက် မျိုးစုံ ထုတ်လုပ် နိုင်မယ့် စီမံကိန်း အန္ဒရာယ် ကိုလည်း ထည့်သွင်း ဖေါ်ပြ ထားကြောင်း NHK သတင်း တစ်ရပ်မှာ ဖေါ်ပြ ထားပါတယ်။

s.m.Aunng

ကိုးကား

NHK/World News

တရား လွှတ်တော် ရှေ့နေ ဦးသန်းဦး နှင့် Weekly Eleven News Journal ၊ နယ် သတင်း ထောက်တို့ ဖြစ်ပွား လျှက်ရှိသည့် ကိစ္စနှင့် စပ်လျှဉ်း ၍ သတင်းစာဆရာများ အသင်းသဘောထား ကြေညာချက် ထုတ်ပြန်

Posted by drmyochit Saturday, May 04, 2013, under | No comments

တရား လွှတ်တော် ရှေ့နေ ဦးသန်းဦး နှင့် Weekly Eleven News Journal ၊ နယ် သတင်း ထောက်တို့ ဖြစ်ပွား လျှက်ရှိသည့် ကိစ္စနှင့် စပ်လျှဉ်း ၍ မြန်မာနိုင်ငံ သတင်းစာ ဆရာများ အသင်း (ဧရာဝတီ တိုင်း ဒေ သကြီး၊ ဟင်္သာတမြို့နယ်)၊ ဟင်္သာတမြို့နယ် စာရေးဆရာအသင်း နှင့် ဟင်္သာတမြို့ခံ သတင်း ထောက် များမှ မေလ(၁)ရက်နေ့က အချက်(၅)ချက် ပါဝင်သော သဘောထား ကြေညာချက် ထုတ်ပြန် ခဲ့ကြောင်း သိရပါတယ်။

ထုတ်ပြန်ခဲ့သော သဘောထား ကြေညာချက်တွင် 
  
(၁) သတင်းရေးသား ဖော်ပြချက်သည် ကြေညာချက် မဟုတ်ပါ။

(၂) သတင်းရင်းမြစ် မှန်ကန်သော နှစ်ဖက် တိုင်တန်း ချက်များကို ရေးသား ဖော်ပြချက် ဖြစ်သည့် အတွက် ထောက်ခံ သည်။

(၃) စတုတ္ထ မဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာ ဖြစ်သည့်အတွက် မှန်ကန်သည့် ဘက်မှ ဆက်လက် ရပ်တည် သွားမည်။

(၄) ရေးသား ဖော်ပြချက်များနှင့် ပတ်သက်သော အကျိုးဆက်များ အပေါ် ကျင့်ဝတ် မှန်ကန်သော သတင်း သမား ဘက်မှ ဆက်လက် ရပ်တည်၍ ပူးပေါင်း ဆောင်ရွက် သွားမည်။

(၅) ခိုင်မာတိကျသော သတင်းများကို အများပြည်သူ သိရှိနိုင်ရန်အတွက် မီဒီယာ ကျင့်ဝတ်နှင့်အညီ ဆက်လက်ရေးသားဖော်ပြသွားမည်။

စသည့် အချက်(၅)ချက် အား ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။

======================================================



From: https://www.facebook.com/photo.php?fbid=194002497414490&set=pcb.194002577414482&type=1&permPage=1

From: https://www.facebook.com/photo.php?fbid=194001710747902&set=pcb.194002227414517&type=1&relevant_count=3&ref=nf

Friday, May 03, 2013

မိတ္ထီလာအကြမ်းဖက်မှုသံသယရှိသူ ၅၀ ကျော်အား အမှုပေါင်း ၃၆ မှုဖြင့် တရားစွဲဆို

Posted by drmyochit Friday, May 03, 2013, under | No comments


မန္တလေး- လူပေါင်း ၄၀ ကျော်သေ ဆုံးခဲ့သည့် မိတ္ထီလာ အကြမ်းဖက် မှုဖြစ်စဉ်တွင် ပါဝင်သည်ဟု သံသယ ရှိသူ လူ ၅၀ ကျော်အား ဖမ်းဆီးထား ပြီး ယင်းတို့ကို အမှုပေါင်း ၃၆ မှုဖြင့် တရားစွဲဆို အရေးယူ သွား မည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့်က ပြောသည်။

လူသတ်မှု၊ လုယက်မှု၊ နာကျင်စေမှု၊ မီးရှို့မှု၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုစသည့်ပြစ်မှုပုဒ်မ (၁၀)ခုခန့်ဖြင့် တရားစွဲ ဆိုမည်ဟု သတင်းရရှိသည်။ ဧပြီလကုန်ပိုင်းအထိ အမှု ၁၀ မှုစွဲဆိုထားပြီဖြစ်ပြီး ၁၂ မှုကို ဥပဒေ အကြံတောင်း ထားကာ ကျန်ရှိသည့် အမှုများကိုလည်း ဆက်လက်တရား စွဲဆိုသွားမည်ဖြစ်ကြောင်း မန္တ လေး တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

“ဥပဒေနဲ့ အညီ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်ဖြစ်အောင် တရားစွဲဆိုအရေးယူသွားပါမယ်” ဟု ဦးရဲ အောင်မြင့် က မေလ ၂ ရက်တွင် ပြောသည်။

တရားခံများအနေဖြင့်လည်း ရှေ့နေများ ငှားရမ်းပြီး ခုခံချေပခွင့် ရရှိရန်၊ မျှမျှ တတ ရှိစေရန် စီစဉ် ဆောင်ရွက် နေကြောင်းဦးရဲအောင်မြင့်ကဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သေဒဏ်၊ တစ်သက်တစ်ကျွန်းဒဏ် အထိ ပြစ်ဒဏ်ချမှတ်နိုင်သောအမှုများတွင် တရား ခံ အတွက် ခုခံချေပ ပေးမည့် ရှေ့နေမပါရှိဘဲ ပြစ်ဒဏ်ချ မှတ်၍မရကြောင်း၊ ဘုန်းတော်ကြီး ဦးသော ဘိတ အသတ်ခံရမှုတွင် တရားခံများအတွက် ရှေ့နေကို နိုင်ငံတော်မှ ငှားရမ်းပေးခဲ့သော်လည်း အမှုလိုက် ပေးမည့် ရှေ့နေမရှိကြောင်း တရားခံများအတွက် မျှမျှတတဖြစ်စေရန် ၄င်းတို့ကွန်ရက်မှ အခမဲ့ ရှေ့နေ လိုက်ပေးနေကြောင်းမြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ ဦးသိန်းသန်းဦးကပြောသည်။

“မိတ္ထီ လာခရိုင် တရားရုံးက တော့ တရားခံအခွင့်အရေး အပြည့် အ၀ပေးထားတာ တွေ့ရတယ်။ ဒီအမှု တွေက တိုင်းပြည်ရဲ့ တရားရေး ဂုဏ်သိက္ခာနဲ့လည်းဆိုင်တယ်” ဟု ဦးသိန်းသန်းဦးက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံရှေ့နေများကွန်ရက်အနေဖြင့် အမျိုး၊ ဘာသာမခွဲခြားဘဲတရားဥပပဒေအရ အကာ အကွယ် ပေးနိုင် ရန်နှင့် တရားခံ အစစ်အမှန် ပေါ်ပေါက်ပြီး ဥပဒေအတိုင်း ထိုက်သင့်သည့်ပြစ်ဒဏ်ချ မှတ်နိုင်စေရန် အကူညီ ပေးနေကြောင်းပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၁ ရက်က ဖြစ်ပွားခဲ့သော မိတ္ထီလာပဋိပက္ခဖြစ် စဉ်တွင် သေဆုံးသူ (၄၀)ကျော်၊ ဒဏ် ရာရသူ (၅၀)ကျော်ရှိခဲ့ပြီး နေအိမ်များ မီးလောင်ပျက်စီးမှုကြောင့် လူပေါင်းသောင်းချီ အိုးမဲ့ အိမ် မဲ့ဖြစ် ခဲ့ရသည်။

7 Day News Journal

အင်းလေး ဖောင်တော်ဦး ဈေးသည်များ တရားစွဲခံရ

Posted by drmyochit Friday, May 03, 2013, under | No comments


အင်းလေး ဖောင်တော်ဦးစေတီတွင် ရွှေဆိုင်းကပ်လှူနေသည့် လူငယ်တဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ရှမ်းပြည် နယ် တောင်ပိုင်း ညောင်ရွှေ မြို့နယ်ရှိ အင်လေး ဖောင်တော်ဦး ဘုရားပိုင် ပစ္စည်းများကို ဖျက်ဆီး သည်ဟု စွပ်စွဲခံရသည့် လယ်သာရှည်ရွာမှ ဘုရားဈေးသည်များကို ဂေါပက အဖွဲ့က တရားစွဲ ဆိုထား ကြောင်း သိရသည်။

ဘုရား ပိုင် ပစ္စည်းများ ဖျက်ဆီး မှုနှင့် ဆူပူ ခဲ့မှု များပြုလုပ် ခဲ့သည်ဟု ဆိုကာ ညောင်ရွှေမြို့နယ် တရားရုံး တွင် ပုဒ်မ ၄၄၀ နှင့် ပုဒ်မ ၁၁၄ နှစ်ခုဖြင့် တရားစွဲထားကြောင်း ဖောင်တော်ဦး ဘုရား ဂေါပကအဖွဲ့ဝင် ဦးမြင့် ငွေက ဧရာဝတီသို့ ပြောသည်။

“ဒီအမှုက မတ် ၂၆ ရက်က စဖြစ် တာပါ။ ဈေးသည်တွေကို ဘုရားပတ်ဝန်းကျင်မှာ မရောင်းဖို့၊ ပြင်ပ ရွှေဆိုင်း တွေကို ဘုရားပေါ် ကပ်ခွင့်မပြုဘူး ဆိုတာ အမြဲတမ်းလိုလို ကြေညာပါတယ်။ သူတို့တွေ အဲဒီလို ရောင်းတဲ့ အတွက် ဧည့်သည်တွေကို စိတ် အနှောင့်အယှက် ဖြစ်စေပါတယ်” ဟု ဦးမြင့်ငွေက ဆိုသည်။

ဖြစ်စဉ်မှာ ဖောင်တော်ဦးဘုရားတွင် ကပ်လှူရန် ရွှေဆိုင်းများကို ကန်ထရိုက် ယူထားသူကသာ ရောင်းချ ရန်နှင့် ပြင်ပ ရွှေဆိုင်း မရောင်းချရန် ဂေါပကအဖွဲ့က ကြေညာထားကြောင်း၊ ပြင်ပမှ ယူဆောင်လာသည့် ရွှေဆိုင်း များ မကပ်ကြရန် နေ့စဉ်နှင့်အမျှ ငါးမိနစ်ခြားတခါခန့် လော်စပီကာနှင့် ဂေါပက အဖွဲ့က အော် လေ့ ရှိကြောင်း၊ ထိုကြေညာချက်ကြောင့် ဘုရားဖူးလာ ပရိသတ်နှင့် ပြင်ပ ရွှေဆိုင်း ရောင်းချသူတချို့ စိတ် အနှောင့် အယှက် ဖြစ်ရကြောင်း သိရသည်။

မတ်လ ၂၆ ရက်နေ့ကမူ ဘုရားဖူးတဦးက ပြင်ပရွှေဆိုင်း ရောင်းချသူထံမှ ရွှေဆိုင်းကို ဝယ်ယူကာ ကပ်လှူ နေစဉ် ဂေါပက အဖွဲ့က လော်စပီကာနှင့် ဆက်တိုက်အော်သည့် အပြင် ပြင်ပရွှေဆိုင်း ရောင်းချ သူကို လည်း ဘုရားဖူး ထံသွား၍ ထိုရွှေဆိုင်း မကပ်ရန် မကြာခဏ သွားရောက်ပြောခိုင်းနေ သဖြင့် ပြင်ပရွှေဆိုင်း ရောင်းချ သည့် ဈေးသည်က မကျေမနပ်ဖြစ်ကာ ဂေါပက၏ လော်စပီကာနှင့် ထိုင်ခုံကို ရိုက်ချိုး ခဲ့ခြင်းဖြစ်ကြောင်း အမှုရင်ဆိုင်နေရသူနှင့် ဆွေမျိုးတော်စပ်သူ တဦးက ရှင်းပြသည်။

ရှမ်းပြည်နယ် အစိုးရ လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင်က တရားစွဲခံရသည့် လယ်သာရှည် ရွာသားများကို သနား စာနာ မိသည့် အတွက် အာမခံ လုပ်ပေးခဲ့ကြောင်း၊ အမှု ရင်ဆိုင်နေရသည့် ရွာသားများကို ရွှေဆိုင်း မဟုတ် သည့် တခြား ပစ္စည်းများ ရောင်းချခွင့်ရရှိစေရန် လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်းနှင့် တခြား လုပ်ငန်း များ လုပ်နိုင်ရန်အတွက် အရင်းအနှီးများ ပံ့ပိုး ကူညီ ပေးသွားမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြော သည်။

“ဒီကလေးတွေက ဆင်းရဲပြီး ကောင်းလုပ် ကောင်းစား လုပ်နေကြတာ။ ပြီးတော့ အရင်က ဘုရားမှာကပ်တဲ့ ရွှေဆိုင်း တွေကို ကန်ထရိုက် မပေးဘူး။ အဲဒီတုန်းကတော့ ဘာပြဿနာမှလည်း မဖြစ်ဘူး။ ကန်ထ ရိုက် ပေးပြီး တဲ့ နောက် အပြင်က ၀ယ်လာတဲ့ ရွှေဆိုင်းကို ဘုရားမှာ ကပ်ခွင့် မပြုဘူးဆိုတဲ့ ကိစ္စကနေ စဖြစ်ကြ တာ” ဟု ဦးစိုင်းထွန်းရင်က ဆိုသည်။

ဦးစိုင်း ထွန်းရင်က အမှုရင်ဆိုင်နေရသူများကို ဘုရားတွင် ပြင်ပရွှေဆိုင်းများ မရောင်းစေရပါဆိုသည့် အာမခံ ချက်ဖြင့် လွတ်မြောက်ရန် ဆောင်ရွက်ခဲ့ရခြင်း ဖြစ်သည်။

တရားစွဲခံရသူများသည် ယခုအချိန်တွင် အာမခံနှင့် လွတ်မြောက်လာပြီးနောက် ဘုရားပတ်ဝန်းကျင်တွင် ထီးများ၊ တံခွန်များ ရောင်းချ၍ အသက်မွေး နေကြောင်း၊ ဘုရားပစ္စည်းများ ဖျက်ဆီးခဲ့သည်အထိ စိတ်မ ကျေ မနပ် ဖြစ်လာရန်  ရွှေဆိုင်း ရောင်းချသည့် ကန်ထရိုက်က စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခင် က ဘုရားပတ်ဝန်းကျင်တွင် ရွှေဆိုင်း ရောင်းချခဲ့သော်လည်း မည်သည့် ပြဿနာမှ မရှိခဲ့ကြောင်း၊ ဧည့်သည် များကို ရောင်းချရာတွင်လည်း အေးအေးဆေးဆေး ရောင်းခဲ့ကြခြင်းသာ ဖြစ်ကြောင်း၊ ယခုအချိန် တွင် ရွှေဆိုင်းမရောင်းပါဆိုသည့် အာမခံချက်ဖြင့် အချုပ်မှ လွတ်မြောက်ခဲ့သဖြင့် တခြားသော ပစ္စည်းများ ကိုသာ ရောင်းချနေရသော်လည်း ရွှေဆိုင်းက အမြတ်ပိုများသောကြောင့် ရွှေဆိုင်းသာ ရောင်းချင် နေကြကြောင်း တရားစွဲခံရသူများနှင့် ဆွေမျိုးတော်စပ်သည့် ကိုနန္ဒအောင်က ဧရာဝတီကို ပြော သည်။

“ကန်ထရိုက်ပိုင်တဲ့ လော်စပီကာ၊ မိုက်နဲ့ ထိုင်ခုံကို ရိုက်ချိုးခဲ့တာပါ။ ဘုရားပိုင်ပစ္စည်း မဟုတ်ပါဘူး။ ရွှေဆိုင်း ကိုလည်း ဟိုအရင် ကတည်းက ရောင်းခဲ့တာ ဘာမှမဖြစ်ခဲ့ဘူး။ ဘုရားဖူးတွေကို ဘုရားမှာ ကပ်ဖို့ရောင်း နေချိန် မှာ ဂေါပကက အချိန်ပြည့် အပြင်က ရောင်းတာတွေ မ၀ယ်ဖို့၊ ၀ယ်ရင် ကပ်လို့မ ရဘူးဆို တဲ့ အကြောင်း ပြောနေတော့ စိတ်ညစ်လာကြတာ” ဟု ကိုနန္ဒအောင်က ရှင်းပြသည်။

ဘုရား ပတ်ဝန်းကျင်တွင် ရွာသားများ လာရောက် ဈေးရောင်းနေသည်မှာ ဘုရားဖူးများ အတွက် စိတ် အနှောင့် အယှက် ဖြစ်စေသည်မှာ မှန်သော်လည်း ဈေးသည်များဘက်က စည်းကမ်းတကျဖြင့် ရောင်းချ မည်ဆို ပါက အဆင်ပြေနိုင်ကြောင်း၊ ဖောင်တော်ဦး ဘုရားသည် အင်းလေးကန်တွင် ခရီးသွား ဧည့်သည် အများ ဆုံး လာသည့် နေရာတခု ဖြစ်သည့်အတွက် ဈေးသည်များ စနစ်တကျ ရောင်းချနိုင်စေရန် စီစဉ်ပေး ရေးနှင့် ရွာသားများကို စွဲဆိုထားသည့် အမှုကို ဖျက်သိမ်းပေးရေး အတွက် ဂေါပကကို တောင်း ဆိုပေး သွားမည်ဟု လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင်က ထပ်မံဆိုသည်။

“သူတို့တွေ ဘယ်လို ဘာပဲ ရောင်းကြရောင်းကြ ဘာမှမဖြစ်ဘူး။ ဖြစ်တာက ကျမတို့ တိုးဂိုက်တွေက ဧည့်သည် တွေကို ဘုရားရင်ပြင်ပေါ် ဖိနပ်ချွတ်ဖို့ ပြောနေတဲ့ အချိန်မှာ ဈေးသည်တွေက ဖိနပ်စီးပြီး ရောင်း တာတွေ့ ရတာနဲ့ ဧည့်သည်ကို ဘုရားနောက်ခံ သမိုင်း အကြောင်း ရှင်းပြနေချိန်မှာ လော်စပီကာနဲ့ ပြင်ပ ရွှေဆိုင်းတွေ မ၀ယ်ကြဖို့၊ တရားမ၀င်တဲ့ အကြောင်း၊ ၀ယ်ရင် ကပ်လို့မရတဲ့ အကြောင်း ပြောနေတာတွေက ဧည့်သည် တွေကို အနှောင့်အယှက် အရမ်းဖြစ်တာ” ဟု ခရီးသွားလမ်းညွှန် အမျိုးသမီးတဦးက ဧရာဝတီသို့ ပြောသည်။

နန်းဆိုင်နွမ် 
ဧရာဝတီ 

မန္တလေးတွင် ဆူပူမှု ဖြစ်စေရန် လှုံ့ဆော်မှုဖြင့် ၄ ဦးကို တရားစွဲ

Posted by drmyochit Friday, May 03, 2013, under | No comments


 မန္တလေးမြို့ ၃၅ လမ်းနှင့် ၇၆ လမ်းထောင့်တွင် နေရာ ယူ ထားသော ရဲတပ်ဖွဲ့ဝင်များကို မေလ ၂ ရက်နေ့ ညက တွေ့ရစဉ် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)

မန္တလေး မြို့၌ ဘာသာရေး၊ လူမျိုးရေး ဆူပူ မှုဖြစ် စေရန် ကြံစည် မှုဖြင့် ဗုဒ္ဓ ဘာသာဝင် ၃ ဦးနှင့် အစ္စလမ် ဘာသာဝင် ၁ ဦးတို့ကို တရား စွဲဆို လိုက် ကြောင်း သိရသည်။

စွပ်စွဲခံ ရပြီး တရား စွဲဆိုခြင်း ခံရသူ များမှာ အောင်မြေ သာ ဇံမြို့ နယ်နေ ကိုရဲဝင်းအောင်၊ ကိုအောင်မျိုး ကျော်၊ ကိုဖြိုး ကိုဝင်းနှင့် မဟာအောင် မြေ မြို့နယ် နေ ဟာဂျီ ဦးမြင့်ဦး တို့ဖြစ်ပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် တရား စွဲခြင်း ဖြစ်ကြောင်း သတင်းရသည်။

ယမန်နေ့ ညနေပိုင်းက မန္တလေးမြို့ ၃၅ လမ်းနှင့် ၇၆ လမ်းများ၌ အဓိကရုဏ်း ဖြစ်ပွားနေသည်ဆိုသည့် ကောလာ ဟလ သတင်းများ ပျံ့နှံ့ ခဲ့ပြီး လူများ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ရာ လူတချို့က မော်တော် ဆိုင်ကယ်၊ ကား စသည်တို့ဖြင့် လှည့်လည် အော် ဟစ်ခြင်း၊ နိုင်ငံတော် သီချင်း များကို သီဆိုကာ ချီတက် လာခြင်း တို့ကြောင့် လုံခြုံရေး တပ်ဖွဲ့ များက တားဆီး ခဲ့ရသည်။

တရား စွဲဆို ခံရသည့် အစ္စလမ် ဘာသာဝင် ဟာဂျီ ဦးမြင့်ဦးက မိမိအနေဖြင့် ယမန်နေ့ညနေက အခင်းဖြစ် ပွားသည့် နေရာ အနီး တ၀ိုက် တွင် မရှိကြောင်း၊ မည်သည့်အတွက် တရားစွဲဆိုသည်ကို မသိရှိကြောင်း ပြော သည်။

“အဓိကရုဏ်း ဖြစ်တဲ့ နေရာမှာ ကျနော်မရှိပါဘူး။ သိုးခြံ ကွက် သစ်မှာ ရောက် နေတာ။ မနေ့ညက ၁ နာရီ လောက် တိုင်း ရဲတပ်ဖွဲ့ မှူးက အကူအညီ ပေးပါဆိုပြီးလာ ခေါ်ပါတယ်။ ပြီးတော့ စစ်မေးပြီး အခု တရားရုံး ရောက်တာပါ” ဟု မဟာအောင်မြေ မြို့နယ် တရားရုံးတွင် ရုံးထုတ်လာစဉ် ၎င်းက ဧရာဝတီသို့ ပြောသည်။

ယခု အခါ ဟာဂျီ ဦးမြင့် ဦးကို မန္တလေးမြို့ရှိ အိုးဘို ထောင်တွင် ထိန်းသိမ်းထားပြီး လာမည့် ၉ ရက်နေ့တွင် ထပ်မံ ရုံး ထုတ်မည်ဟု သိရသည်။

ချမ်းအေး သာဇံ မြို့နယ် တရားရုံးတွင် ရုံးထုတ်သည့် ၃ ဦးကိုမူ ဆက်သွယ်၍ မရခဲ့ပေ။

မန္တလေး မြို့ခံ သတင်းသမားတဦးက ယမန်နေ့ညက အဖြစ်အပျက်များသည် ကောလာဟလ သတင်းများ မှတ ဆင့် ဆူပူလိုသူများက ဖန်တီးသည်ဟု ထင်မြင်ကြောင်းဆိုသည်။

“မန္တလေး က ငြိမ်နေတော့ ဆူစေချင်တဲ့ ပုံမျိုးတွေ့ရတယ်။ အာဏာပိုင်တွေအနေနဲ့လည်း သတိထား ကိုင်တွယ် နေရပုံရတယ်” ဟု ၎င်းက ဆိုသည်။

ကောလာ ဟလ ကြောင့် မွတ်စ လင် အများစု နေထိုင် သည့် ၃၅ လမ်းနှင့် ၇၆ လမ်းတ၀ိုက် လူစုလူဝေး ဖြစ်ပေါ် လာမှုနှင့် ပတ်သက်ပြီး  ဗုဒ္ဓဘာသာ ဆရာတော်ကြီးများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါ အ ၀င် နိုင်ငံရေး အင်အားစုများနှင့် မန္တလေးတိုင်း ရဲတပ်ဖွဲ့ပါ ရောက်ရှိစောင့်ကြပ်ပေးခဲ့ကြောင်း သိရ သည်။

“ငယ်ငယ် ကတည်းက အတူ တူနေ လာတဲ့ ဗုဒ္ဓ ဘာသာ တွေက မစိုးရိမ် ရဘူး၊ သံသယ လည်း မဖြစ်ပါဘူး။ အခုဟာ အပြင်က လူစိမ်းတွေ ၀င်ပါ လာမှာကို စိုးရိမ်တာပါ” ဟု မွတ်စလင် တဦးဖြစ်သူ ရွှေကရ ၀ိတ် ဦးမောင်မောင်က ဆိုသည်။

မန္တလေး မြို့သည် သံဃာအား ကောင်းသည့် မြို့ဖြစ်သည့် အတွက် ဆရာတော်၊ သံဃာ တော်များဖြင့် ပူးတွဲ ကာ အဓိကရုဏ်း မဖြစ် ပွားရေးကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

လူမှုရေး၊ စီးပွားရေး ပြဿနာများကို အကြောင်း ပြုပြီး လူမျိုး ရေး၊ ဘာသာရေး ပဋိပက္ခများ မကြာ ခဏ ဖြစ်ပွား လျက်ရှိရာ မန္တလေးတိုင်း မိတ္ထီလာမြို့ အရေး အခင်း နောက်ပိုင်း ပဲခူးတိုင်း သာယာဝတီနှင့် ပြည်ခရိုင် အတွင်း မြို့များတွင်လည်းကောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်တိုင်း ဥက္ကံမြို့ တွင် လည်းကောင်း ဆက်တိုက် ဖြစ်ပွားခဲ့သေးသည်။

ရန်ပိုင်
ဧရာဝတီ 

ဂရံမြေကွက်များ အရေးအိုးအိမ်ရုံးရှေ့ ဆန္ဒထုတ်ဖော်

Posted by drmyochit Friday, May 03, 2013, under | 1 comment



မြန်မာ့ခေတ်

ရန်ကုန်၊ မေ ၃။
စစ် အစိုးရ လက်ထက်တွင် ငှားရမ်း အသုံးပြု ထားသည့် နှစ် ၉၀နှင့် ၆၀ ဂရံပိုင် မြေကွက် များကို မြေ ပိုင်ရှင် များအား တစ်စုံ တစ်ရာ ဆွေးနွေး ညှိနှိုင်းခြင်း မရှိဘဲ ပုဂ္ဂလိက ကုမ္ပ ဏီများသို့ ရောင်းချ ခဲ့ခြင်း အပေါ် ပြေ လည်အောင် ဆောင်ရွက် ပေးရန် ရည်ရွယ်၍ ယနေ့နေ့လည်က ရန်ကုန်မြို့ရှိ အိုးအိမ် ဌာန ရုံးရှေ့တွင် ဆန္ဒ ထုတ်ဖော်မှု တစ်ရပ် ပြုလုပ် ခဲ့ကြောင်း သိရသည်။

“အဓိ ကတော့ ဒီမြေ ကွက်တွေ ကို ပြန်လို ချင်တယ်။ လျော်ကြေးပေးမယ် ဆိုရင်လဲ ညှိနှိုင်းရမှာပဲ။ မြေကွက် ကို ပြန်မရနိုင်တဲ့ အကြောင်း ရင်းလဲ တိကျတဲ့ ဖြေရှင်းချက် ပေးဖို့လိုတာပေါ့”ဟု ၂၄ x ၅၀ မြေကွက် ပိုင်ဆိုင် သူ တစ်ဦးဖြစ် သည့် ဦးမြင့်စိုးက ပြောကြားသည်။

ယင်း မြေကွက် များမှာ ယခင် စစ်အစိုးရ လက်ထက်တွင် စစ်တပ် အတွက် ငှားရမ်း အသုံးပြု ခဲ့ပြီး ဌာန အဆင့် ဆင့် ဆက်လက် ငှားရမ်း ခဲ့ကြကြောင်း၊ ၂၀၀၁ ခုနှစ်မှ စတင်၍ ငှားရမ်းခ ပေးခြင်းကို ရပ်တန့် ခဲ့ကြောင်း၊ လွန်ခဲ့ သည့် သုံးလ ခန့်တွင် ကုမ္ပဏီ ၃ခုမှ ထိုနေရာတွင် အိမ်ယာများ ဆောက်လုပ် ၍ ပြန်လည် ရောင်းနေ သဖြင့် ယခုကဲ့သို့ ဆန္ဒ ထုတ်ဖော် ရခြင်း ဖြစ်ကြောင်း ဆန္ဒပြ သူများ ထံမှ သိရသည်။

မြေ နေရာ များအား ဝင်ရောက် ဆောက်လုပ်နေခြင်းအပေါ် သက်ဆိုင်ရာ ဌာနအသီးသီးသို့ အကြောင်း ကြား စာများ ပေးပို့ တိုင်ကြားခဲ့သော်လည်း ယခုချိန်ထိ တစုံတရာ အရေးယူဆောင်ရွက်ခြင်း မရှိသေး ကြောင်း၊ (၂.၃.၂၀၁၃)နေ့တွင် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ပထမ အကြိမ် ဆန္ဒပြ ခဲ့သော်လည်း တစုံ တရာ ထူးခြားမှု မရှိသေးသည့် အတွက် ထပ်မံ ဆန္ဒပြ ဖြစ်ပြီး အရေးယူဆောင်ရွက်ခြင်း မရှိပါက ဆက်လက်၍ ဆန္ဒပြ သွားကြမည်ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်သူများက ပြောကြားသည်။

မြေနေ ရာများ သိမ်းဆည်း ခံရမှုကြောင့် ဆန္ဒ ဖော်ထုတ် မှုကို ဒုတိယအကြိမ် ပြုလုပ်ခြင်း ဖြစ်ပြီး ရန်ကုန်မြို့ ရှိ အိုးအိမ် ဦးစီး ဌာန ရုံးရှေ့မှ ဗိုလ်တထောင်မြို့နယ်ရှိ COD ဝင်းနှင့် BOAD ဝင်းရှိ သိမ်းဆည်း ခံ မြေနေရာ များ အထိ ချီတက် လမ်းလျောက်၍ ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်း

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်