Wednesday, March 12, 2014

K-popဂီတအဖွဲ့တစ်ခု ထူထောင်မည့် ဂျက်ကီချန်း

Posted by drmyochit Wednesday, March 12, 2014, under | No comments


ဂျက်ကီသည် ကိုယ်ပိုင် K-pop အဖွဲ့တစ်ခုကို စီမံဖန်တီးကာ စီစဉ်သူအဖြစ် နောက်ကွယ်မှ တာဝန်ယူ သွားမည်ဟု ဆိုသည်။

ဟောင်ကောင် နာမည်ကျော် အက်ရှင်မင်းသား ဂျက်ကီချန်း အနေဖြင့် တောင်ကိုရီးယား၏ K-pop ဂီတလော က ထဲတွင် အမျိုးသား အဆိုတော်အဖွဲ့တစ်ခု ထူထောင်ပေးသွားမည်ဟု သိရသည်။ ဂျက်ကီသည် ကိုယ်ပိုင် K-pop အဖွဲ့တစ်ခုကို စီမံဖန်တီးကာ စီစဉ်သူအဖြစ် နောက်ကွယ်မှ တာဝန်ယူသွားမည်ဟု ဆိုသည်။ အဆိုပါ ဂီတအဖွဲ့သစ်ကို ယခုလကုန်ပိုင်းတွင် မိတ်ဆက် ကြေညာဖွယ် ရှိနေကြောင်း တောင်ကိုရီးယား မီဒီယာများက ဆိုသည်။ ဂီတအဖွဲ့၏ အမည်ကို JJCCဟု အတိုကောက် အမည်ပေးဖွယ် ရှိနေပြီး သို့မဟုတ်ပါကလည်း Double JCဟု မှည့်ခေါ်နိုင်ကြောင်း သိရသည်။ ယင်းအဖွဲ့တွင် ကိုရီးယားမှ (၄)ဦးအပြင် တရုတ်မှ (၁)ဦးလည်း ပါဝင်မည်ဟု ဆိုသည်။

ဂျက်ကီ၏ ကုမ္ပဏီဖြစ်သော Jackie Chan Group Koreaက ယင်းအဖွဲ့ကို ကိုင်တွယ် တာဝန်ယူမည် ဖြစ်သည်။ ဖွဲ့စည်းမည့် အဖွဲ့ဝင် အားလုံးသည် အရပ် (၁.၈)မီတာအထက်တွင် ရှိကြပြီး အသက်(၂၀)ဝန်းကျင်များ ဖြစ်မည်ဟုလည်း သိရသည်။ ဂျက်ကီသည် အဖွဲ့ကို ဖွဲ့စည်းမှုနှင့် အဖွဲ့သားများ ရွေးချယ်စိစစ် အတည်ပြုပြီးနောက် လေ့ကျင့်ပေးမှုများတွင် ထဲထဲဝင်ဝင် ပါဝင်မည်ဟုလည်း ဆိုသည်။ ယခုအစီအစဉ်သည် ဂျက်ကီ၏ K-pop အနုပညာ နယ်ပယ်တွင် ပထမဆုံးအကြိမ် ပါဝင်ဆက်နွယ်မှု ဖြစ်လာကြောင်းလည်း သိရှိရသည်။

From: Planet Myanmar Network

မလေးရှား၏ မပွင့်လင်းမှုများကြောင့် ပိုမိုရှုပ်ထွေးလာသည့် လေယာဉ်ပျောက်ဆုံးမှုကြီး

Posted by drmyochit Wednesday, March 12, 2014, under | No comments


 ယခုအခါ မလေးရှားမှ တရုတ်နိုင်ငံဘက်သို့ ဦးတည်ပြီး အရှေ့မြောက်ဘက်သို့ ပျံသန်းသွားသော လေယာဉ်သည် အဆိုပါ လမ်းကြောင်းအတိုင်း ဦးတည်ခဲ့ခြင်း ဟုတ်မဟုတ် ကြီးမားသော သံသယများ ဖြစ်တည်လာခဲ့သည်။

ပျောက်ဆုံးနေသော မလေးရှား ခရီးသည်တင် လေယာဉ်ကို ရှာဖွေနေမှုသည် မလေးရှား စစ်ဘက်ဆိုင်ရာ အာဏာပိုင်များ၏ မပွင့်လင်းမှုနှင့်အတူ ပိုမိုရှုပ်ထွေး ခက်ခဲလာနေပြီဟု သတင်းများက ဖော်ပြခဲ့သည်။ ယခုအခါ မလေးရှားမှ တရုတ်နိုင်ငံဘက်သို့ ဦးတည်ပြီး အရှေ့မြောက်ဘက်သို့ ပျံသန်းသွားသော လေယာဉ်သည် အဆိုပါ လမ်းကြောင်းအတိုင်း ဦးတည်ခဲ့ခြင်း ဟုတ်မဟုတ် ကြီးမားသော သံသယများ ဖြစ်တည်လာခဲ့သည်။ လေယာဉ်သည် ပင်လယ်ပြင်ပေါ်တွင် ပြန်ကွေ့ကာ မလေးရှားနိုင်ငံ လေပိုင်နက်ကို ဖြတ်ကျော်ပြီး အနောက်ဘက်ယွန်းယွန်းသို့ ပျံသန်းသွားသည်ဟု သတင်းများပျံ့နှံ့ခဲ့သည်။ ထိုကိစ္စကို သတင်းထောက်များက မလေးရှားလေတပ်ကို မေးမြန်းသော်လည်း မာလက်ကာ ရေလက်ကြားဘက် လေယာဉ်ဦးလှည့်သွားသည် ဆိုခြင်းကို လေတပ်က ငြင်းဆိုခဲ့သည်။

ထို့ကြောင့် တရုတ်နိုင်ငံသို့ ဦးတည်ပျံသန်းသွားပြီး လူပေါင်း(၂၃၉)ဦး တင်ဆောင်သွားသော လေယာဉ်သည် စနေနေ့ကတည်းက ထူးဆန်းစွာဖြင့် သတင်းအစအန ပျောက်ကွယ်နေဆဲ ဖြစ်သည်။ မလေးရှား အာဏာပိုင်များက သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် လေယာဉ်ထံမှ နောက်ဆုံးရရှိသည့် အဆက်အသွယ် စကားကို အတည်ပြု ထုတ်ပြန်ခဲ့သည်။ ယင်းမှာ အခြေအနေအားလုံး အေးဆေးကြောင်း သတင်းပို့သည့် “All Right, Roger That”ဆိုသော စကားစုသာ ဖြစ်သည်။ မလေးရှား လေကြောင်းပို့ဆောင်ရေး အာဏာပိုင်များက မိမိတို့သည် မလေးရှားနှင့် ဗီယက်နမ် လေပိုင်နက် နယ်နိမိတ်သို့ အရောက်တွင် လေယာဉ်ကို ထိန်းသိမ်းလမ်းညွှန်ပေးမည့် တာဝန်ကို ဟိုချီမင်းရှိ ဗီယက်နမ် အာဏာပိုင်များထံ လက်လွှဲပေးလိုက်ပြီးဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ နောက်ထပ် မိနစ်ပိုင်းအကြာတွင် လေယာဉ်မှာ လုံးဝ အဆက်ပြတ် ပျောက်ကွယ်သွားသည်။

ဗုဒ္ဓဟူးနေ့က ထွက်ပေါ်လာသော သတင်းအချို့တွင် လေယာဉ်သည် အနောက်ဘက်သို့ ဦးလှည့်ပျံသန်းသွားသည်ကို လေတပ်ရေဒါများက ခြေရာခံ ဖမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြလာခဲ့သည်။ သို့သော်လည်း မလေးရှားလေတပ် အကြီးအကဲ ဗိုလ်ချုပ် ရော့ဇီဒေါ့ဒ်က “ကျွန်တော်တို့ အဲဒီလို မကြေညာခဲ့ပါဘူး”ဟု ငြင်းချက်ထုတ်ခဲ့သည်။ မျက်စိလည်စရာ ကောင်းသည်မှာ ၎င်းက “လေတပ်အနေနဲ့ လေယာဉ်က အနောက်ဘက်ကို ပြန်ကွေ့လာတယ် ဆိုတာကို အပြတ်ငြင်းတာမျိုးတော့ မပြောချင်ဘူး”ဟု နောက်ဆက်တွဲ မှတ်ချက်ပေးသွားခြင်း ဖြစ်သည်။ အဆိုပါ မတင်မကျ ပြောစကားမျိုးသည် လေယာဉ်ပေါ် ပါသွားသူများကို စိတ်ပူသောကရောက်နေသည့် မိသားစုများကို ဒေါသထွက်စေခဲ့ကြောင်းလည်း သိရသည်။

မည်သို့ပင်ဖြစ်စေ ရှာဖွေမှုများကမူ အရှိန်မြှင့် လုပ်ဆောင်နေဆဲ ဖြစ်သည်။ အစောပိုင်းက လေယာဉ်ကို မလေးရှားနှင့် ဗီယက်နမ်ကြား ရေပြင်တွင် အဓိက ရှာဖွေနေသော်လည်း ယခုအခါ မူလလမ်းကြောင်းနှင့် လုံးဝ မပတ်သက်သည့် မလေးရှား အနောက်ဘက်ကမ်းခြေတွင်ပါ ရှာဖွေမှု ကွန်ရက်ကို ဖြန့်ကျက်လိုက်ရသည်။ ဗုဒ္ဓဟူးနေ့တွင် ရှာဖွေရေး လုပ်ငန်းများကို စတုရန်းကီလိုမီတာ (၉၂၀၀၀)ထိ ကျယ်ပြန့်သည့် ရေပြင်ပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သတင်းများက ဆိုသည်။ မလေးရှား အာဏာပိုင်များသည် တမျှော်တခေါ် ဝေးလံသည့် အိန္ဒိယ နိုင်ငံနှင့်ပင် ဆက်သွယ်ကာ အန်ဒမန်ပင်လယ်တွင် လေယာဉ်ကို ကူညီရှာဖွေပေးပါရန် ပန်ကြား အကူအညီ တောင်းခဲ့ကြသည်။
ဗီယက်နမ်မှ ကယ်ဆယ်ရေး တပ်ဖွဲ့များက နယူးဇီလန်ရှိ ရေနံတူးဖော်ရေး မျှော်စင်အလုပ်သမား တစ်ဦးထံမှ မီးလောင်နေသည့် အစိတ်အပိုင်းတစ်ခုခုကို တွေ့ရှိခဲ့ကြောင်း သတင်းပေးပို့မှုကို ရရှိထားသည်ဟု ကြေညာသည်။ သို့သော်လည်း ဗန်တော်န် အရှေ့တောင်ဘက်ရှိ အဆိုပါအရာဝတ္ထု တည်နေရာသို့ မသွားရောက်နိုင်သေးကြောင်းလည်း ဗီယက်နမ် ရေတပ်က ဆိုသည်။ လက်ရှိအချိန်တွင် ရှာဖွေရေးကဏ္ဍ၌ သင်္ဘော(၄၂)စင်း၊ လေယာဉ်(၃၉)စင်းက စုပေါင်းပါဝင် လုပ်ဆောင်နေဆဲ ဖြစ်သည်။ ထိုအတောအတွင်း တရုတ်နိုင်ငံက မလေးရှား အစိုးရအား လေယာဉ်ရှာဖွေရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပိုမိုပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် တောင်းဆိုလိုက်ကြောင်းလည်း သိရှိရသည်။

“ဒီကိစ္စမှာ တရုတ်အစိုးရက ခုထက်ပိုပြီး ပါဝင်ဆောင်ရွက်လာသင့်ပါပြီ။ ဒီလေယာဉ်မှာ တရုတ်နိုင်ငံ သားတွေ အများဆုံး လိုက်ပါသွားတာပါ”ဟု သမီးဖြစ်သူ လေယာဉ်နှင့်အတူ ပါသွားသည့် ဇန်ဆိုသော အမျိုး သား တစ်ဦးက သောကကြီးစွာဖြင့် ပြောကြားခဲ့သည်။ တရုတ်အာဏာပိုင်များက မိမိတို့သည် လုပ်ပိုင်ခွင့်အ တွင်းမှ အစွမ်းကုန် ကြိုးစားနေကြောင်း ပြောဆိုထားသည်။ MH370 ခရီးစဉ်တွင် လိုက်ပါသွားသူ အားလုံးအ နက် (၃)ပုံ(၂)ပုံမျှသည် တရုတ်နှင့် ထိုင်ဝမ် နိုင်ငံသားများ ဖြစ်ကြသည်။ လက်ရှိအချိန်ထိ လေယာဉ်၏ ကံကြမ္မာသည် ပျက်ကျခြင်းလော၊ ပြန်ပေးဆွဲခံရခြင်းလော မကွဲပြားသေးဘဲ မလေးရှား၏ လုပ်ဆောင်ပုံ မပွင့် လင်း မှုများကြောင့်လည်း ပိုမို၍ အခြေအနေ ရှုပ်ထွေးနေခြင်းဟု သတင်းများက သုံးသပ်ဖော်ပြသွားခဲ့သည်။

Planet

Malaysia လေကြောင်းလိုင်း MH370 ပျံသန်းနေတဲ့ပုံကို ဂြိုလ်တုကနေ ဖမ်းယူရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်လေး

Posted by drmyochit Wednesday, March 12, 2014, under | No comments

Malaysia လေကြောင်းလိုင်း MH370 ပျံသန်းနေတဲ့ပုံကို ဂြိုလ်တုကနေ ဖမ်းယူရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်လေးကြည့်လိုက်ရတယ်



ထူးတော့ အတော်လေးထူးဆန်းတာတွေ့ရတယ် ။ ရုတ်တရက်ကြီး လေယဉ်က အနီရောင်ဖြစ်လာပြီးပျောက်သွားတာတွေ့ရတယ် ။ ဂြိုလ်တုက လှမ်းရိုက်တဲ့အခါ နီရောင်ပြသခြင်းဟာ ဘယ်လို သင်္ကေတလည်းဆိုတာတော့ ကျွန်တော်လည်းမသိပါဘူး ။

ဒါပေမယ့် ရုတ်တရက်ကြီးပျောက်သွားတာကတော့ သို့လောသို့လောထွက်ပေါ်နေတဲ့မေးခွန်းပေါင်းများစွာကို ပိုပြီးရိုက်ခတ်စေတာတော့အမှန်ပါပဲ ။

ပုံ ၁ ကနေ ၄ ထိ အဆင့်ဆင့်ကြည့်ကြည့်ပါ ။


သက်တန့်ချို

မန်စီမြို့နယ် ပန်ဆက်ရွာက ရှမ်းစာပေဥက္ကဋ္ဌ၏ သမီးနှင့် ရှမ်းလူငယ်နှစ်ဦးကို KIA ဖမ်းဆီး

Posted by drmyochit Wednesday, March 12, 2014, under | No comments


မြန်မာပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ ပန်ဆက်ရွာက ရှမ်းစာပေနှင့် ယဉ်ကျေးမှု ဥက္ကဋ္ဌ၏ သမီးဖြစ်သူနှင့် မိုင်းခေါင်ရွာက တိုင်းလေ ရှမ်းလူငယ်နှစ်ဦးကို တပ်သားသစ် စုဆောင်းရေး အနေနဲ့ ၂၀၁၄ ၊ မတ်လ ၁၁ ရက်နေ့တွင် KIA ကချင်လွတ်မြောက်ရေး တပ်မတော်မှ ဖမ်းဆီးခေါ် ဆောင်သွားခဲ့တယ်လို့ သိရသည်။

မန်စီမြို့နယ် ပန်ဆက်ရွာက ရှမ်းစာပေနှင့် ယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးစိုင်းမောင်၏ သမီးဖြစ်သူကို KIA ကချင်လွတ်မြောက်ရေး တပ်မတော်က အိမ်အထိ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး၊ မိုင်းခေါင်ရွာက တိုင်းလေ ရှမ်းလူငယ် နှစ်ဦဖြစ်တဲ့ စိုင်းအိုက်ကြာ အသက်(၂၀) အဘ-ဦးစံနဲ့ စိုင်းထွန်း အသက်(၂၀) အဘ-ဦးစံမိုတို့ကို အဆိုပါ မတ်လ ၁၁ ရက်နေ့ နံနက် ၇း၀၀ နာရီခန့်အချိန်တွင် မိုင်းခေါင်ရွာအထွက် ၁ ဖာလုံခန့်အကွာ ခက်ပရာလမ်းတွင် KIA တပ်ရင်း (၂၇) က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဗန်းမော်ဒေသခံ တစ်ဦးဖြစ်တဲ့ ဦးစံတေက ပြောကြားသည်။

ရှမ်းမျိုးနွယ်စုရေးရာခေါင်းဆောင် ဦးစိုင်းထိန်လင်းကတော့ “အဖမ်းဆီးခံရတဲ့ လူငယ်တွေ ပြန်လွတ်ရေးပဲ ကျွန်တော်တို့က လုပ်ဆောင်နေတာပါ၊ ဘာမှ အဆန်းတကြယ် လုပ်နေတာလည်း မဟုတ်ပါဘူး၊ မိဘတွေကလည်း ဒီလို ဖမ်းဆီးစုဆောင်းတာကို သဘောမတူဘူးလေဗျာ၊ ဒီလို အဓမ္မဖမ်းဆီးတာကို လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ပဲ ယူဆပါတယ်” လို့ ပြောကြားသည်။
ပန်ဆက်နှင့် မိုင်းခေါင်ရွာက အမျိုးသား/အမျိုးသမီး ရှမ်းလူငယ် သုံးဦးကို KIA က တပ်သားသစ် စုဆောင်းရေး ဖမ်းဆီးမှုနှင့် ပက်သက်ပြီး KIO နည်းပညာအထောက်အကူပြုအဖွဲ့က ဦးခွန်နောင်ကို ၄င်း၏ လိပ်စာကာဒ်ပါ ဖုန်းနံပါတ်အတိုင်း ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမှားနေပါတယ်လို့ ပြန်လည်ပြောကြားခဲ့ပါသည်။

ဧရာဝတီမြစ်ဖျားဆီက

ကျောင်းစရိတ်အတွက် အပြာဗီဒီယိုရိုက်ပြီးငွေရှာတဲ့ တက္ကသိုလ်ကျောင်းသူ နောက်ဆက်တွဲ

Posted by drmyochit Wednesday, March 12, 2014, under | No comments

တက္ကသိုလ်ကျောင်းသူ အပြာဗီဒီယိုမယ် မီရီယမ် ရဲ့ ဖခင်ဟာ အာဖဂန်နစ္စတန်ကပြန်လာခဲ့ပါပြီ။


အာဖဂန်မှာ စစ်တပ်ဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်နေ တဲ့ဒေါက်တာ ကယ်ဗင်ဟာကျောင်း စရိတ် အတွက် အပြာကားတွေရိုက်ပြီးငွေရှာနေတဲ့အကြောင်း ဂုဏ်ယူဝင့်ကြွားစွာပြောဆိုနေတဲ့သမီးကို သတင်းတွေ မှာတီဗီမှာမမြင်ချင်အဆုံးမြင်နေ ရ၊မကြားချင်အဆုံးကြားနေခဲ့ရပါတယ်။


Duke တက္ကသိုလ်မှာ တက်ရောက်ဖို့ အတွက် တနှစ် ဒေါ်လာငါးသောင်းနဲ့ အထက်ကုန်ကျ မယ့်ကျောင်း စရိတ် အတွက်သမီးဖြစ်သူဟာ အပြာကားရိုက်ပြီး ရှာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဝါရှင်တန်၊စပို့ ကိန်း က ဘာသာတရား ကိုင်းရှိုင်း တဲ့ကတ်သလစ်မိသားစုက ကြီးပြင်းလာခဲ့တဲ့ မီရီယမ် တစ်ယောက်ခုလို သူ့ ကျောင်း စရိတ်အတွက် အပြာကားရိုက်ပြီးငွေ ရှာခဲ့ရပါ တယ်ဆိုတဲ့ကိစ္စဟာ မိသားအတွင်းမှာတော့ တကယ့် ကို နှလုံးကြေကွဲ စရာဖြစ်ရပ် တစ်ခုဖြစ် ခဲ့ပါတယ်။

ဒေါက်တာကယ်ဗင်(၅၄နှစ်)နဲ့ ဇနီးဟာချာရမ်(၄၈နှစ်)တို့ ဟာ သူတို့ သမီးအပြာမယ် အဖြစ်လုပ်ကိုင်နေ တယ် ဆိုတဲ့သတင်း အင်တာနက်ပေါ်၊တီဗီတွေပေါ်မှာမထုတ်လွှင့်ခင် တရက်အလိုလောက်မှ ဒီကိစ္စကို သိခဲ့ကြ ရတယ်။အခုတော့ အရှေ့ ဆီယက်တဲလ်နဲ့ အရှေ့ မိုင်၂၅၀လောက်ဝေးတဲ့ စပို့ ကိန်း ဆင်ခြေဖုံး ကအိမ်လေး ထဲ မှာ ဒီဇနီးမောင်နှံနှစ်ယောက်ဟာ သူတို့ သမီးရဲ့ အဖြစ်အပျက်ကို လက်ခံလာနိုင်အောင် တဖြည်းဖြည်းကြိုး စားနေကြရပါပြီ။

တချိန်ကကတ်သလစ်မဂ္ဂဇင်းမှာဖော်ပြခံခဲ့ရတဲ့မီရီယမ်၊အခု အပြာမယ် Belle Knox

ဒေါက်တာကယ်ဗင်က ဘာသာတရားကိုင်းရှိုင်းတဲ့ ကတ်သလစ်ဘာသာဝင်တစ်ယောက်ဖြစ်ပြီး စစ်ပြန်တွေ ကိုဆေးကုသပေးရတဲ့ လေးစား ဖို့ ကောင်းတဲ့ဆရာဝန်တစ်ယောက်ပါ။ မိခင်ဖြစ်သူက ဒီလို အပြာကား တွေဆိုတာ မကောင်းတဲ့ကိစ္စလို့ ယူဆကြတဲ့ ယဉ်ကျေးမှုရှိတဲ့အိန္ဒိယ ကလာခဲ့တဲ့သူပါ။

သမီးဖြစ်သူကို မိသားစုဝင်အဖြစ်ကစွန့် လွှတ်မှာတော့မဟုတ်ပါဘူးလို့ မိသားစုဝင်တစ်ယောက်ဖြစ်တဲ့ မစ်မီနော က ပြောပါတယ်။

"မိသားစုအတွက် ကြေကွဲစရာဖြစ်ရပ်ပါ။သူတို့ အဖေက ကျနော်တွေ့ ဖူးသမျှထဲမှာ အကောင်းဆုံး ဖခင် တစ်ယောက်ပါ။သူ ခုပဲအာဖဂန်ကပြန်လာတယ်။ သူတိုင်းပြည်အတွက်တာဝန်ထမ်းဆောင်ခဲ့ တယ်။       သူ့ သမီး အတွက်အရမ်းဂုဏ်ယူတဲ့ဖခင် တစ်ယောက်ပါ။ခုလိုဖြစ်သွားတာတော့ အရမ်းကိုဆိုးဝါးပါတယ်။ ဒါပေမယ့်သူတို့ သမီး ကိုသူတို့ စွန့် လွှတ်မှာတော့မဟုတ်ပါဘူး။ မိသားစုအတွင်းမှာတော့ ဒါဟာ အိပ်မက်ဆိုးကြီး တစ်ခုပါပဲ။"

Belle Knox ဆိုတဲ့နာမည်နဲ့ အပြာမယ်အဖြစ်ရိုက်ကူးခဲ့ရတာဟာ အခြေအနေတစ်ရပ်က သူ့ ကိုတွန်းပို့ လိုက်တာကြောင့်ဖြစ် တယ်လို့ မီရီယမ်က ဆိုပါတယ်။ သူ့ မိဘတွေက ရုတ်တရက် သူ့ ကိုကျောင်း စရိတ်ထောက်ပံ့ငွေဖြတ်တောက်လိုက်ချိန်မှာ တလကို ဒေါ်လာ၅၀၀၀လောက် ပေးရ မယ့်ကျောင်းစ ရိတ်အ တွက် ဒီနည်းလမ်းနဲ့ ရှာခဲ့ ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ရိုက်ကွင်းတစ်ခုမှာ သူ့ လို ပဲအပြာမင်းသားနဲ့ တွေ့ ရတဲ့ မီရီယမ်။

အင်တာဗျူးတစ်ခုမှာ မီရီမယ် က "ကျမမှာကောလိပ်တက်နေ တဲ့ တခြားမောင်နှမတွေလည်းရှိပါတယ်။ သူတို့ အတွက်လည်းမိဘတွေ ကထောက် ပံ့ရပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ကျော်လောက်က ဘွဲ့ ရခဲ့တဲ့ ကျမအဖေကလည်း ခုထိသူ့ ရဲ့ ပညာရေးအတွက်ချေးယူထားတဲ့ငွေကို တလ ဒေါ်လာ ၁၀၀၀ ပြန် ဆပ်နေရတုန်းပါပဲ။ ကျမအမေက ခုလောလောဆယ်အလုပ်လက်မဲ့။ ကျမအတွက် ပညာရေးထောက် ပံ့ကြေး အစိုးရက ၁၃၀၀၀ရပေမယ့်မလုံလောက်ဘူး။နောက်ထပ် ၄၇၀၀၀လိုနေသေးတယ်။ "
ဘာသာရေးအရမ်းကိုင်းရှိုင်းတဲ့ အကိုပေါလ်

သူ့ မှာ အန်နီတာ(၂၀နှစ်)နဲ့ ပေါလ်(၂၂နှစ်) အရွယ်ရှိတဲ့မောင်နှမနှစ်ယောက်လည်းရှိပါသေးတယ်။
သူတို့ နှစ်ယောက် လုံးကလည်းကောလိပ်တက်နေကြတာပါ။သူ့ တို့ တွေက သူတို့ ညီမ Duke တက္ကသိုလ် မှာကျောင်း တက်ခွင့် ရတော့ တကယ်တော်တဲ့ ထက်မြက်တဲ့အမဖြစ် သူအတွက်ဂုဏ်ယူခဲ့ကြတာပါ။
သူတက်ခွင့်ရခဲ့တဲ့Duke တက္ကသိုလ်ဆိုတာလည်းနာမည်ကြီးတက္ကသိုလ်တစ်ခုပါ။ တက္ကသိုလ်ကို       တက်ဖို့ လျှောက်တဲ့ကျောင်းသား ၃၈၀၀၀ ထဲက တက်ရောက်ဖို့ ရွေးချယ် ခံရတဲ့ကျောင်း သား ၃၀၀၀ထဲမှာ မီရီယမ် ပါပါတယ်။
ကျူရှင်ခ ချဉ်းပဲ တနှစ်ကို ဒေါ်လာ ၄၇၀၀၀ရှိတဲ့ နာမည်ကျော် Duke တက္ကသိုလ်။

မီရီယမ် ကကျောင်းမှာအမြဲတမ်း အဆင့် A ရပြီးတော်တဲ့ ကျောင်းသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ၂၀၁၂-၁၃ ပညာ သင်နှစ်မှာဆိုရင် နိုင်ငံခြားဘာသာနဲ့ ပတ်သက်ပြီး စကောလား ရှစ်တောင်ရခဲ့ပါသေးတယ်။

သူတို့ မိသားစုအတွက် ပညာရေးဟာ အရမ်းကိုအရေးပါပါတယ်။ သူတို့ သားသမီးတွေ အားလုံးကို တက္ကသိုလ်ကို ရောက်အောင်ပို့ ပေးရတာကို မိဘတွေကဂုဏ်ယူတယ်။ သားသမီးတွေကို တက္ကသိုလ်မှာထားနိုင်ဖို့ အတွက် သူတို့ အရမ်းအလုပ်လုပ်ရတယ်။ဒေါက်တာ ကယ်ဗင်က တနှစ်ကိုဒေါ်လာ နှစ်သိန်းကျော်ဝင်ငွေရှိပါတယ်။မိခင်ဖြစ် သူက လတ်တလောအလုပ်မရှိဘူးလို့ သိရပါတယ်။ သားသမီး သုံးယောက်ကို ပုဂ္ဂလိကကျောင်းထား ကောလိပ်ပို့ ရတဲ့စရိတ်ဟာ ဒေါ်လာ တစ်သန်းအထက်မှာရှိပါတယ်။သူတို့  အခုပြောင်း အိပ်ခန်းလေးခန်းပါတဲ့အိမ်က ဒေါ်လာလေးသိန်းနဲ့ ခုနှစ်သောင်းကျော်ပေး ရပြီးအဲဒီအ တွက် ပေးရမယ့်အကြွေးတွေ၊သားသမီးတွေရဲ့ ကျောင်းစရိတ်စတာတွေနဲ့  လောလော ဆယ်ငွေကြေးအ ကျပ်အတည်းဖြစ်နေ ပုံရတယ်လို့ မိတ်ဆွေတစ်ယောက်ကပြောပါတယ်။
တစ်ပတ်ကို ဒေါ်လာ ၄၇၇ဒေါ်လာ အကြွေးဆပ်နေရတဲ့ အိပ်ခန်းလေးခန်းနဲ့ အိမ်။

ငွေရေးကြေးရေးအပြင် ဒေါက်တာကယ်ဗင်ဟာ အာဖဂန်ကစစ်ဖြစ်နေတဲ့နေရာမှာ တာဝန် ထမ်းဆောင်နေရ တာကာလည်း မိသားစုတွေကြားထဲမှာ ဖိစီးမှုဖြစ်ရတဲ့အချက် တစ်ချက် ပါ။၁၉နှစ်လုံးလုံးဒေါက်တာကယ်ဗင်ဟာကမ္ဘာအနှံ့ လှည့် ပြီးတာဝန်ထမ်းဆောင်ခဲ့ ရပါတယ်။
လောလောဆယ်သူပြန်လာတဲ့နေရာဟာ စစ်ပွဲတွေဖြစ်နေတဲ့တိုင်းပြည်ကပါ။
ဖခင်ဖြစ်သူက စစ်ဖြစ်နေတဲ့နေရာမှာတာဝန်ထမ်းဆောင်နေရတဲ့ကိစ္စဟာ မိသားစုဝင်တွေအတွက် အနည်းနဲ့ အများတော့စိတ်ဖိစီးမှုဖြစ်စေတာပါပဲလို့ သူတို့ မိတ်ဆွေတစ်ယောက်ကပြောပါတယ်။။

စီအင်န်အင်န်နဲ့ အင်တာဗျူးမှာ မီရီယမ် က သူ့ ရဲ့ အလုပ်အတွက်သူမရှက်ဖူး လို့ လို့ ပြောခဲ့ပါတယ်။ သူလုပ်တဲ့အလုပ်ကိုသူသဘောကျပါတယ်တဲ့။ ဒါပေမယ့် သူ့ မိဘတွေကို မပြောခဲ့တာတော့ ၀မ်းနည်းရပါ တယ်။ အဲဒါကတော့တကယ့်အမှားတစ်ခုဖြစ်တယ် လို့ သူထင်ပါတယ် တဲ့။

ဝေဖန်ချက်တွေကတော့အမျိုးမျိုးပါ။

"သူ့ မိဘတွေက သူ့ ကိုငွေကြေးအထောက်အပံ့ရပ်လိုက်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီကောင်မလေးက ဗီဒီယိုတဆက်ရှင်ရိုက်ရင် ဒေါ်လာ ၁၂၀၀ မြိုးမြိုးမျက် မျက်ရတာကို သဘောကျနေတာ၊နောက်ပြီး ကင်မရာရှေ့ မှာ ခုလိုအရိုက်ခံရတာကိုလည်း သဘောကျနေတာ" လို့ တယောက်ကဝေဖန်တယ်။

နောက်တစ်ယောက်ကတော့

"သူမမှားဘူး။ သူ့ မိဘတွေကသူ့ ကိုကျောင်းစရိတ် မပေးနိုင်တော့ဘူး။ တက္ကသိုလ်ပထမနှစ်မှာ ကျောင်းစရိတ်က တစ်လ ဒေါ်လာ၅၀၀၀ကျမယ်။ အသက် ၁၈နှစ်မိန်းကလေးတစ်ယောက်က ဒီဒေါ်လာ၅၀၀၀ ထောင်ကိုဘယ်မှာသွားရှာမလဲ။

ဒီလိုဗီဒီယိုရိုက်ပြီးငွေမရှာရင် သူကျောင်းကအထုတ်ခံရမယ်။ သူ့ မိဘတွေက ဘာကြောင့် မထောက်ပံ့နိုင်တော့ တာလည်း စဉ်းစားလို့ မရဘူး။ သိရ သလောက် ငွေရေးကြေးရေး တော်တော်အခက်အခဲဖြစ်နေတယ်လို့ သိရတယ်။

အခုဒီကားတွေ ရိုက်တော့ တလကိုတစ်သောင်းကနေသောင်းငါးထောင်လောက်ကို အလွယ်လေးရသွားတယ်။သူမိဘတွေက ၀င်ငွေများတော့ အစိုးရဆီကဂရန့် ၊စကောလားရှစ် အကူအညီဘာမှလျှောက်လို့ မရဘူး။မိဘတွေဆီကလည်း မရတော့ဘူး။
Duke တက္ကသိုလ်မှာဆက်တက်ပြီး ရှေ့ နေ တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် သူဘာလုပ်ရမလဲ??"

ကျောင်းမှာတော့ သူ့ ကွယ်ရာရောက်ရင် လူတိုင်းကသူ့ အကြောင်းပြောကြတော့တာပါပဲ။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေအပြင် သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်မှုတွေ လည်းခံရပါတယ်။ ဒါပေမယ့်သူကတော ငွေရေးကြေးရေးအတွက် ဗီဒီယိုတွေဆက်ရိုက်နေရဦးမှာပဲဖြစ်ပါတယ်။
ခုထိတော့သူ့ ရိုက်ထားတဲ့ဗီဒီယို တစ်ဒါဇင်လောက်ရှိပြီလို့ သိရပါတယ်။



The Melting Pot 4 U

တရုတ်နိုင်ငံထုတ် လျှို့ ဝှက်ကင်မရာအများအပြား မြန်မာနိုင်ငံရှိ တရုတ်ပိုင် ဟိုတယ်များတွင် တပ်ဆင်ထားကြောင်း သိရှိရ

Posted by drmyochit Wednesday, March 12, 2014, under | No comments


တရုတ်နိုင်ငံမှာတစ်ဆင့် ရွှေလီ-မူဆယ်လမ်းကြောင်းမှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများတွင် မြန်မာပြည်သူများအား ဆိုးကျိုး ဖြစ်စေမည့် ဓါတုဗေဒ ဆေးဝါးများပါဝင်သော Fast Food များနှင့် အခြားသော စားသောက်ကုန်များပါဝင်လျှက်ရှိနေကြောင်းကို သတင်းအများအပြားတွင် ဖတ်ရှုမှတ်သားပြီးဖြစ်ပါသည်။

ယခုလည်း တရုတ်ပြည်တွင် ညစ်ညမ်းဗီဒီယိုကားများ၌ Category ကွဲပြားစွာ ထုတ်လုပ်ရောင်းချရန် အတွက် Hidden Camera ဆိုသည့် ညစ်ညမ်းကားမျိုး ခေတ်စားလျှက်ရှိရာ မြန်မာနိုင်ငံအတွင်းမှ အမျိုးကောင်းသ မီးများအား ကုန်ကြမ်းအဖြစ်အသုံးချရန်အတွက် နေရာစုံတွင် တပ်ဆင်နိုင်သော လျှို့ ဝှက် ကင်မရာများ တင်သွင်းရောက်ရှိလျှက်ရှိကြောင်း နယ်စပ်မှ ကုန်သွယ်ရေးလုပ်ဆောင်သည့် စီးပွားရေးသမားတစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ကင်မရာတွေကတော့ အစုံပဲ၊ တခါးလက်ကိုင်ဘုမှာ တပ်တာမျိုး၊ ရေချိုးခန်းမှာရှိတဲ့ အသုံးအဆောင်တွေ မှာ တပ်တာမျိုးတွေပေါ့၊ ဒီက တရုတ်ပိုင်ဟိုတယ်တွေ က အဲဒီဗီဒီယိုတွေကို ဟိုက ညစ်ညမ်းဒါရိုက်တာတွေ ဆီ ပြန်ရောင်းတယ်၊ သူတို့ က Burmese Hidden Camera Girl ဆိုပြီး ဟိုမှာ ပြန်ရောင်းတာ၊ အွန်လိုင်း ကနေ ပိုက်ဆံပေးပြီးမှ ကြည့်လို့ ရတဲ့ Websiteတွေ ထိအောင်တင်တာ၊ စိတ်လွတ်ကိုယ်လွတ် ချစ်သူ နဲ့ ပျော်မြူးတာတော့ ပျော်မြူးတာပေါ့လေ၊ ဒါပေမယ့် သိတဲ့အတိုင်းပဲ၊ ကျွန်တော် ရွှေလီမှာရှိတုန်းက ဆိုရင် ရွှေစုံတွဲ ရေချိုးခန်းထဲမှာ ပလူးနေတဲ့ ဗီဒီယို ဆိုပြီးရောင်းလို့ ဝယ်ကြည့်တာ၊ ကိုယ့်မျက်နှာ ဘယ်ထား ရမှန်းမသိဖြစ်ခဲ့ရတယ်”ဟု စီးပွားရေးလုပ်ငန်းရှင် ကိုခင်ရီမောင် ကအတွေ့ အကြုံကိုပြောပြသည်။

မြန်မာအမျိုးကောင်းသမီးများအနေဖြင့် တရုတ်အမျိုးသားပိုင် ဟိုတယ်များသို့ မသွားရောက် ရန်နှင့်ဖြစ်နိုင် ပါက စိတ်မထိန်းနိုင်လျှင်လည်း တခြားအဆင်ပြေသည့် နည်းလမ်းမျိုးဖြင့်ဖြေရှင်းရန် စေတနာရှေ့ ထားကာ သတိပေးလိုက်ရပါသည်။

ZK(ကနောင်)

မလက်ကာ ရေလက်ကြားဘက်သို့ ပျောက်ဆုံးနေသော မလေးရှားလေယာဉ် မောင်းနှင်ခဲ့သည်ဟု ပြောဆိုခြင်းကို ရေတပ်မှ ငြင်းဆို

Posted by drmyochit Wednesday, March 12, 2014, under | No comments


မတ်လ ၁၂။

ပျောက်ဆုံးနေသော မလေးရှားလေယာဉ်သည် ပျံသန်းရာ လမ်းကြောင်းမှ ဖယ်ခွာပြီး မလက်ကာ ရေ လက်ကြား ဘက်သို့ လမ်းကြောင်းပြောင်း မောင်းနှင်ခဲ့သည်ကြောင်း စစ်တပ်သုံး ရေဒါတွင် ဖမ်းယူတွေ့ရှိခဲ့သည်ဟု ဆိုသော ပြောဆိုချက်များကို မလေးရှား လေတပ် အကြီးအကဲမှ ငြင်းဆိုသွားသည်။

ဒေသတွင်း မီဒီယားများ၏ ၎င်းပြောဆိုချက်မှာ မှန်ကန်မှု မရှိကြောင်း သို့ရာတွင် လေယာဉ် အနေဖြင့် လမ်းကြောင်းပြောင်း ဦးပြန်လှည့် မောင်းနှင်ခဲ့သည်မှာ ဖြစ်နိုင်ဖွယ်ရာ ရှိကြောင်း လေတပ် အကြီးအကဲ ဗိုလ်ချုပ် ရော့ဇာလီဒတ်မှ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းမည့် လေယာဉ် ခရီးစဉ် အမှတ် MH370 သည် လူပေါင်း ၂၃၉ ဦးကို တင်ဆောင်ပြီး စနေနေ့တွင် ထွက်ခွာခဲ့ရာမှ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ရဲ့ ရှာဖွေမှု လုပ်ငန်းတစ်ချို့ကို မလေးရှားရဲ့ သတင်းအချက်အလက်တွေပေါ် မူတည်ပြီး ခေတ္တရပ်တန့်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ် ” ဟု ဗီယက်နက် ခရီးသွားလာရေး ဝန်ကြီး ဖန်ကွေတူမှ ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့သည်။

ယခု ရက်သတ္တပတ် အစောပိုင်းတွင် မလေးရှားမှ ပျောက်ဆုံးနေသော လေယာဉ် ရှာဖွေမှုကို နောက်ဆုံးသိရှိရသည့် နေရာထက် ပိုမိုပြီး ဖြန့်ကျက် ရှာဖွေခဲ့သည်။ အစောပိုင်း ရှာဖွေမှုများမှာ မလေးရှားနှင့် ဗီယက်နမ်ကြား ရေပြင်တွင် အာရုံစိုက် ရှာဖွေခြင်း ဖြစ်သည်။

မလေးရှား အနောက်ပိုင်း ကမ်းခြေ မလက်ကာ ရေလက်ကြားဘက်သို့ လေယာဉ် ဦးတည်ပျံသန်းမှုကို စစ်တပ်သုံး ရေဒါတွင် တွေ့ရှိခဲ့ရကြောင်း ဗိုလ်ချုပ် ရော့ဇာလီဒတ်မှ ပြောဆိုခဲ့သည်ဟု ဒေသတွင်း မီဒီယာများမှ အင်္ဂါနေ့က ဖော်ပြခဲ့ကြသည်။

ထို့ကြောင့် ဗုဒ္ဓဟူးနေ့တွင် ဗိုလ်ချုပ် ရော့ဇာလီဒတ်မှ ၎င်းပြောဆိုမှု မပြုလုပ်ခဲ့ကြောင်း ငြင်းပယ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ၎င်းကဲ့သို့ လေယာဉ် ဦးလှည့် ပျံသန်းမှုမျိုးလည်း ဖြစ်နိုင်ဖွယ်ရာ ရှိကြောင်း ပြောဆိုခဲ့သည်။

ယခု အချိန်၌ ရှာဖွေမှုများကို မလက်ကာ ရေလက်ကြား မြောက်ပိုင်း အက်ဒမန် ပင်လယ်ဘက်သို့ ထပ်မံ ဖြန့်ကျက် ရှာဖွေလျက် ရှိကြောင်း မလေးရှား ပြည်သူ့ဆိုင်ရာ လေကြောင်း ကြီးကြပ်ရေး အကြီးအကဲ အဇာရူဒင် အဗ္ဗဒူ ရာမန်မှ ပြောဆိုခဲ့သည်။

REF: BBC
From: The Myanma Age

ပျောက်ဆုံးလေယာဉ် မူလလမ်းကြောင်း ကျော်လွန်ပျံသန်းခဲ့ဖွယ်ရှိ

Posted by drmyochit Wednesday, March 12, 2014, under | No comments


စနေနေ့က ပျောက်ဆုံးသွားတဲ့ မလေးရှား ခရီးသည်တင် လေယာဉ်ဟာ မူလပုံမှန် ဦးတည်ထားတဲ့ ကွာလာလမ်ပူ ကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကိုအသွား ပုံမှန်လမ်းကြောင်းကနေ တော်တော်ကွာဝေးတဲ့ နေရာအထိ သွေဖီသွားခဲ့တယ်လို့ မလေးရှား စစ်ဖက်ရေးရာ တာဝန်ရှိသူတွေက ပြောပါတယ်။ လေယာဉ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားတဲ့ နေရာဟာ မလေးရှားအရှေ့ဖက် ကမ်းရိုးတမ်းရဲ့ အနောက်ဖက် ကီလိုမီတာ ရာနဲ့ချီပြီးတော့ဝေးတဲ့ မလက္ကာ ရေလက်ကြားပေါ်မှာ တွေ့ခဲ့ရတယ်လို့ မလေးရှား တာဝန်ရှိသူတွေက အင်္ဂါနေ့မှာ ပြောဆိုလိုက်တာပါ။

အဲဒီဒေသဟာ ကမ္ဘာပေါ်မှာ ကုန်သွယ်ရေကြောင်းသွားလာမှုဆိုင်ရာ အရှုပ်ထွေးဆုံး ဒေသဖြစ်ပြီး အင်ဒိုနီး ရှားနိုင်ငံ ဆူမတြားကျွန်းနဲ့ မလေးရှားရဲ့ အနောက်ဖက် ကမ်းရိုးတန်းတို့ ဆုံစည်းရာအရပ် ဖြစ်ပါတယ်။ လူပေါင်း ၂၃၉ ယောက် လိုက်ပါသွားတဲ့ Boeing 777 လေယာဉ် ဘယ်နေရာမှာ ရှိနေသလဲဆိုတာဟာ  တစထက် တစ ပိုပြီးစဉ်းစားရ ကြပ်စရာ ကိစ္စတခု ဖြစ်လာရပါတယ်။ စနေနေ့ ကွာလာလမ်ပူကနေ ထွက်ခွာ သွားပြီးတဲ့နောက်ပိုင်း အရေးပေါ်အချက်ပေးမှုတစုံတရာမရှိပဲ ရေဒါစက်ကွင်းကနေ ပျောက်ဆုံး သွားခဲ့တာပါ။ ဒီလေယာဉ် ပျောက်ဆုံးသွားမှု နောက်ကွယ်မှာ အကြမ်းဖက်သမားတွေရဲ့ ပါဝင်ပတ်သက်မှု တစုံတရာ မတွေ့ရသေးဘူးလို့ နိုင်ငံတကာ ရဲတပ်ဖွဲ့ Interpol အကြီးအကဲက ပြောပါတယ်။ CIA အကြီးအကဲကတော့ ဖြစ်နိုင်ချေရှိတယ်လို့ ခန့်မှန်းထားတဲ့ အချက်ကို ဆက်လက် ဆွဲကိုင်ထားဆဲပဲလို့ ဆိုပါတယ်။

အခုလိုပျောက်ဆုံးသွားတဲ့ မလေးရှား ခရီးသည်တင် လေယာဉ်ကို ရှာဖွေနေချိန်မှာ ဗီယက်နမ် နိုင်ငံက လေဆိပ်တွေမှာ လုံခြုံရေးကို ပိုမိုတင်းကြပ် ထားလိုက်ပါတယ်။ အစိုးရက လုံခြုံရေး အထူးသတိပေး အဆင့် ၃ ဆင့်ထဲက ပထမ ဆုံးအဆင့်ထားပြီး ဗီယက်နမ်နိုင်ငံက လေဆိပ်တွေမှာ လုံခြုံရေး တင်းကြပ်ထားတယ်လို့ ဟနွိုင်းမြို့တော် Noi Boi အပြည်ပြည်ဆိုင်ရာ လေဆိပ် အကြီးအကဲက ပြောဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

မမျှော်လင့်ဘဲ သေဆုံးသွားတဲ့ မိန်းမအလောင်းကို သင်္ချိုင်းကနေ အိမ်ပြန်သယ်ပြီး ကော်ဖီစားပွဲပြုလုပ်ခဲ့တဲ့ ချစ်လွန်းသူယောင်္ကျား(ဖြစ်ရပ်မှန်)

Posted by drmyochit Wednesday, March 12, 2014, under | No comments


အမေရိကန်နိုင်ငံ Arizona က Jeff Green ဆိုတဲ့ အသက် ၃၂ နှစ် အရွယ်ရှိ လူတစ်ယောက် ရဲ့ ဇနီးဖြစ်သူ Lucy ဟာနှလုံးရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်..။ သူဟာ သူ့မိန်းမကို အရမ်းချစ်လွန်းပြီး သိပ်ကို ခံစားခဲ့ရ ပါတယ်..၊ နောက်ဆုံးတော့ သူဟာ သာမန်လူသားတွေ  လုပ်ဖို့ မစဉ်းစားရဲတဲ့ မိုက်မဲတဲ့ လုပ်ရပ်တစ်ခုကို လုပ်ခဲ့ပါတယ်..၊ အဲဒါကတော့သေဆုံးသူ သူ့ဇနီးကို သချိုင်းကနေ အိမ်ကို ပြန်သယ်လာတာပဲ ဖြစ်ပါတယ်။

Lucy မသေဆုံးမီ Jeff Green ကို "ငါတို့ ကောင်းကင်ဘုံမှာ ပြန်ဆုံရအောင်" လို့ပြောခဲ့ပါတယ်.။
ဒီစကားက Jeff ရဲ့ ခံစားချက်တွေကို နှစ်သိမ့်နိုင်စွမ်းမရှိခဲ့ပါဘူး၊ အသုဘချတဲ့နေမှာ..၊မျှော်လင့်ချက် ကင်းမဲ့တဲ့မျက်နှာ နဲ့ Jeff ဟာLucy ကို သူ့စီကနေ ထွက်ခွာခွင့်မပြုဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

သူဟာ တာဝန်ရှိသူတွေနဲ့ စကားပြောခဲ့ပါတယ်..၊ သူ့ကိုတာဝန်ရှိသူတွေက မယုံကြည်နိုင်
ခဲ့ပေမယ့်..၊ ပြင်းထန်လှ တဲ့သှူ့ဆန္ဒကို မလွန်ဆန်နိုင်တာကြောင့် ထူးခြားနောက်ဆုံးတော့
သူ့ဇနီးကို အိမ်ပြန်သယ်သွားနိုင်မယ့် အထူးခွင့်ပြုချက်ကို ပေးခဲ့ပါတယ်..၊

" ကျွန်တော့်ဇနီးကို အိမ်မှာထားရတာက မြေအောက် ၇ ပေ လောက်မှာ မြှပ်ရမှာထက်ပိုကောင်းပါ တယ်၊ Lucy ဟာပျော်ရွှင်တတ်သူလည်း ဖြစ်တာကြောင့် သူက ကျွန်တော့်ကော်ဖီစား ပွဲဖြစ်ရတာ သူဝမ်းသာမှာပါ " လို့လည်းပြောခဲ့ပါတယ်..။

Jeff ဟာ အလောင်းကို မပျက်စီးစေမယ့် အထူးစီမံပြုလုပ်ထားတဲ့ ဖန်အခေါင်းတစ်လုံးကို ဒေါ်လာ ၆၀၀၀ လောက် အကုန် အကျခံကာ မှာယူခဲ့ပါတယ်။ တစ်ချို့ အပေါင်းအဖော်နဲ့ ဆွေမျိုးတွေဟာ.၊ ကြောက်လန့်ပြီး သူ့အိမ်ကို လာမလည်တော့ ပါဘူး..၊

ဒါပေမယ့် သူ့ခံစားချက်ကို နားလည်တဲ့ သူငယ်ချင်းအချို့ကတော့ လာလည်မြဲ လာလည်ကြပါတယ်၊ တစ်ချို့ဆိုရင် ဒီကော်ဖီစားပွဲဟာ အတော်ကောင်းကြောင်းကိုတောင်ချီးမွမ်းပြောဆိုသွားပါသတဲ့ဗျာ။

အောင်ထွန်ဦး
ရွှေမြန်မာမီဒီယာ

မလေးရှားလေယာဉ် ပျောက်ဆုံးမှု မြန်မာဗေဒင်အကျော်အမော်များ အငြင်းပွား

Posted by drmyochit Wednesday, March 12, 2014, under | 1 comment


မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ တရုတ်နိုင်ငံ ပီကင်းသို့ ပျံသန်းရာမှ ပျောက်ဆုံးနေသော မလေးရှား လေကြောင်းလိုင်းမှ MH 370 လေယာဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ ဗေဒင်ဆရာများ ဟောကိန်း ကွဲလွဲပြီး အငြင်း ပွားဖွယ်ရာ ဖြစ်နေကြောင်း သိရသည်။

လက်ရှိ ပျောက်ဆုံးနေသော MH 370 လေယာဉ်အား တစ်ကမ္ဘာလုံးက စိတ်ဝင်တစား အာရုံစိုက် နေချိန်တွင် ရှေ့ဖြစ် နောက်ဖြစ်များကို ဟောကြားလေ့ရှိသော မြန်မာနို်င်ငံမှ ဗေဒင်ဆရာများလည်း ပါဝင်လာ ခဲ့သည်။

"ဒီလေယာဉ်က ဆရာတို့ တွက်ချက်အရဆိုရင် အင်္ဂါဂြိုလ်ဝင်နေချိန်မှာ ဖြစ်သွားတာ။ ဗုဒ္ဓဟူးနံကို အင်္ဂါဝင်တဲ့ အခါ ကြီးကြီးမားမား ထိခိုက်ရတာမျိုးတွေ ရှိပါတယ်။ မလေးရှားလေကြောင်းလိုင်း ဆိုရင် ကြာသပတေးနံ၊ လေယာဉ်ပျံသန်းတဲ့အချိန်ကလည်း နက္ခတ်အရ ပျက်ကိန်းကြုံရမယ့်အချိန်။ ဆိုလိုတာက ရာသီဥတု ဆိုးဆိုးရွားရွား တွေ့ရင်တွေ့၊ မတွေ့ရင် ဘေးဒုက္ခတွေ့ရမယ့် ကိန်းက လွတ်မြောက်ဖို့ လမ်းမရှိဘူး။ အခုအချိန်မှာ လေယ်ာဉ် ဘာဖြစ်သွားပြီလဲ ဆိုတာကို ပြောရရင် လေယာဉ်က အကြမ်းဘက်သမားတွေ ဖမ်းသွားတာ။ အားလုံး မသေသေးဘူး။ အသက်ရှင်နေသေးတယ်" ဟု နာမည်ကြီး ဗေဒင်ပညာရှင် စံ(ဇာဏီဘို)က ဟောသည်။

လေယာဉ်မှာ အနောက်တောင်အရပ်တွင် ရောက်ရှိနေကြောင်း၊ ပါဝင်သွားသည့် ခရီးသည်များ ဘေးကင်းလုံခြုံကြောင်း၊ လေယာဉ် ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်းလည်း ၄င်းက ပြောသည်။

သို့သော် အခြားသော နာမည်ကြီး နက္ခတ္တပညာရှင် ဦးဇေယျာကိုကမူ စံ(ဇာဏီဘို)၏ ဟောကြားချက်ကို ငြင်း၍ ပယ်ချလိုက်သည်။

"ဒီဟောကိန်းက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ နက္ခတ်နဲ့ ဂြိုလ်တွေအနေအထားအရ အသက်ရှင်နေသေးတယ် ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် အကြမ်းဘက်သမားတွေက ဖမ်းဆီးထားတယ် ဆိုတာ မှားတယ်။ တွင်းနက်ကြီးထဲ ရောက်သွားတာ။ သေချာတယ်။ ကျွန်တော်တို့ နက္ခတ်ကြည့်တဲ့အခါ Black Hole ကြီး အကြီးကြီး ပေါ်နေတယ်။ ဒီလေယာဉ်က တွင်းနက်ထဲရောက်သွားတာ။ ဒါမျိုးဖြစ်စဉ်တွေ ရှိတယ် ဆိုတာလည်း အံ့သြစရာ တွေ့နိုင်ပါတယ်။ ဆန်းကြယ်တဲ့ ဖြစ်ရပ်တွေဟာ သိပ္ပံပညာ မလိုက်နိုင်အောင် ရှိနေပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလေယာဉ် ဘာဖြစ်သွားသလဲ ပြောရရင် ဘာမှ မဖြစ်ဘူး။ တွင်းနက်ထဲ ရောက်နေတာ။ တွင်းနက်ထဲမှာ ဘယ်လောက်ကြာမလဲ ပြောရရင်တော့ မသိနိုင်သေးဘူး။ ဂြိုလ်တွေ လှုပ်ရှားတာကို နောက်ထပ် ၁ ရက်လောက် စောင့်ကြည့်ပြီးမှ တိတိကျကျ ပြောနိုင်မယ်။ တွင်းနက်ဆိုတာကို တချို့က အချိန်ယန္တရား ဆိုပြီး ပြောကြတာလည်း ရှိတယ်" ဟု နက္ခတ္တပညာရှင် ဦးဇေယျာကိုက ဟောသည်။

နှစ်ဦးစလုံးမှာ လေယာဉ် ဘာမှမဖြစ်သေး၊ ခရီးသည်များ အသက်ရှင်နေသေးသည် ဟူသောအချက်များတွင် တူညီနေသော်လည်း အကြီးအကျယ် ကွဲလွဲနေသည်။

"ဗေဒင်ဆရာတွေ တစ်ကယ်မှန်သလား၊ လျှောက်ပြောနေတာလား။ ဒီကိစ္စက ဖော်ပြမှာ ဖြစ်တဲ့အတွက် ကြာကြာ မစောင့်ရတော့ပါဘူး။ ဦးဇေယျာကို ဟောတာ မှန်သလား။ ကျွန်တော်ပြောတာ မှန်သလား ဆိုတာ မကြာခင်မှာ အဖြေထွက်တာပါ။ ကျွန်တော်တို့ ဟောတာက အတွေ့အကြုံနဲ့ နိမိတ်အယူတွေကိုပါ အခြေခံတာပါ။ စောင့်ကြည့်ပြီး အဖြေမှန်ထွက်လာမှာပါ" ဟု စံ(ဇာဏီဘို) က ပြောသည်။

"ကျွန်တော်တို့က ဂြိုလ်တွေ နက္ခတ်တွေကို ကြည့်ပြီး ပြောတာ။ သူများတွေလို စိတ်ထင်နဲ့ ခန့်မှန်းပြီး ပြောတာ မဟုတ်ဘူး။ ဒီကိစ္စ ကျွန်တော်တို့ မှန်းဆထားသလို ကြိုက်သလို ပြော။ မှားတယ် ဆိုရင် ဒီတစ်သက် ဗေဒင်မဟောတော့ဘူး။ သူ့ဘက်ကလည်း မှားရင် ဗေဒင် မဟောတော့ပါဘူး ဆိုတဲ့ ကတိ ပေးဖို့ လိုတယ်" ဟု ဦးဇေယျာကိုက ရှင်းလင်း ပြောကြားသည်။

ဗေဒင်ဆရာများ ဤသို့ အဖြေမှန် မြန်မြန်ထွက်နိုင်သည့် ရှေ့ဖြစ်မျိုးကို ဟောကြားသည်မှာ ကောင်းမွန်ကြောင်း၊ အချိန်တန်လျှင် မည်သူမှန်၍ မည်သူမှားသည်ကို သိရှိလာတေ့မည့် ဖြစ်၍ ကောင်းမွန်ကြောင်း၊ အခြားသော ဗေဒင်ဆရာများလည်း မိမိတို့ ဟောကိန်းများကို ပြတ်ပြတ်သားသား ထုတ်ဖော်ပြောကြားသင့်ကြောင်း ဗေဒင်ဝါသနာရှင် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

P-647920745 93
ပြည်သူ့အာဏာ
မလေးရှားလေယာဉ် ပျောက်ဆုံးမှု မြန်မာဗေဒင်အကျော်အမော်များ အငြင်းပွား

Wednesday, March 12, 2014

မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ တရုတ်နိုင်ငံ ပီကင်းသို့ ပျံသန်းရာမှ ပျောက်ဆုံးနေသော မလေးရှားလေကြောင်းလိုင်းမှ MH 370 လေယာဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ ဗေဒင်ဆရာများ ဟောကိန်း ကွဲလွဲပြီး အငြင်းပွားဖွယ်ရာ ဖြစ်နေကြောင်း သိရသည်။

လက်ရှိ ပျောက်ဆုံးနေသော MH 370 လေယာဉ်အား တစ်ကမ္ဘာလုံးက စိတ်ဝင်တစား အာရုံစိုက်နေချိန်တွင် ရှေ့ဖြစ် နောက်ဖြစ်များကို ဟောကြားလေ့ရှိသော မြန်မာနို်င်ငံမှ ဗေဒင်ဆရာများလည်း ပါဝင်လာခဲ့သည်။

"ဒီလေယာဉ်က ဆရာတို့ တွက်ချက်အရဆိုရင် အင်္ဂါဂြိုလ်ဝင်နေချိန်မှာ ဖြစ်သွားတာ။ ဗုဒ္ဓဟူးနံကို အင်္ဂါဝင်တဲ့အခါ ကြီးကြီးမားမား ထိခိုက်ရတာမျိုးတွေ ရှိပါတယ်။ မလေးရှားလေကြောင်းလိုင်း ဆိုရင် ကြာသပတေးနံ၊ လေယာဉ်ပျံသန်းတဲ့အချိန်ကလည်း နက္ခတ်အရ ပျက်ကိန်းကြုံရမယ့်အချိန်။ ဆိုလိုတာက ရာသီဥတု ဆိုးဆိုးရွားရွား တွေ့ရင်တွေ့၊ မတွေ့ရင် ဘေးဒုက္ခတွေ့ရမယ့် ကိန်းက လွတ်မြောက်ဖို့ လမ်းမရှိဘူး။ အခုအချိန်မှာ လေယ်ာဉ် ဘာဖြစ်သွားပြီလဲ ဆိုတာကို ပြောရရင် လေယာဉ်က အကြမ်းဘက်သမားတွေ ဖမ်းသွားတာ။ အားလုံး မသေသေးဘူး။ အသက်ရှင်နေသေးတယ်" ဟု နာမည်ကြီး ဗေဒင်ပညာရှင် စံ(ဇာဏီဘို)က ဟောသည်။

လေယာဉ်မှာ အနောက်တောင်အရပ်တွင် ရောက်ရှိနေကြောင်း၊ ပါဝင်သွားသည့် ခရီးသည်များ ဘေးကင်းလုံခြုံကြောင်း၊ လေယာဉ် ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်းလည်း ၄င်းက ပြောသည်။

သို့သော် အခြားသော နာမည်ကြီး နက္ခတ္တပညာရှင် ဦးဇေယျာကိုကမူ စံ(ဇာဏီဘို)၏ ဟောကြားချက်ကို ငြင်း၍ ပယ်ချလိုက်သည်။

"ဒီဟောကိန်းက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ နက္ခတ်နဲ့ ဂြိုလ်တွေအနေအထားအရ အသက်ရှင်နေသေးတယ် ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် အကြမ်းဘက်သမားတွေက ဖမ်းဆီးထားတယ် ဆိုတာ မှားတယ်။ တွင်းနက်ကြီးထဲ ရောက်သွားတာ။ သေချာတယ်။ ကျွန်တော်တို့ နက္ခတ်ကြည့်တဲ့အခါ Black Hole ကြီး အကြီးကြီး ပေါ်နေတယ်။ ဒီလေယာဉ်က တွင်းနက်ထဲရောက်သွားတာ။ ဒါမျိုးဖြစ်စဉ်တွေ ရှိတယ် ဆိုတာလည်း အံ့သြစရာ တွေ့နိုင်ပါတယ်။ ဆန်းကြယ်တဲ့ ဖြစ်ရပ်တွေဟာ သိပ္ပံပညာ မလိုက်နိုင်အောင် ရှိနေပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလေယာဉ် ဘာဖြစ်သွားသလဲ ပြောရရင် ဘာမှ မဖြစ်ဘူး။ တွင်းနက်ထဲ ရောက်နေတာ။ တွင်းနက်ထဲမှာ ဘယ်လောက်ကြာမလဲ ပြောရရင်တော့ မသိနိုင်သေးဘူး။ ဂြိုလ်တွေ လှုပ်ရှားတာကို နောက်ထပ် ၁ ရက်လောက် စောင့်ကြည့်ပြီးမှ တိတိကျကျ ပြောနိုင်မယ်။ တွင်းနက်ဆိုတာကို တချို့က အချိန်ယန္တရား ဆိုပြီး ပြောကြတာလည်း ရှိတယ်" ဟု နက္ခတ္တပညာရှင် ဦးဇေယျာကိုက ဟောသည်။

နှစ်ဦးစလုံးမှာ လေယာဉ် ဘာမှမဖြစ်သေး၊ ခရီးသည်များ အသက်ရှင်နေသေးသည် ဟူသောအချက်များတွင် တူညီနေသော်လည်း အကြီးအကျယ် ကွဲလွဲနေသည်။

"ဗေဒင်ဆရာတွေ တစ်ကယ်မှန်သလား၊ လျှောက်ပြောနေတာလား။ ဒီကိစ္စက ဖော်ပြမှာ ဖြစ်တဲ့အတွက် ကြာကြာ မစောင့်ရတော့ပါဘူး။ ဦးဇေယျာကို ဟောတာ မှန်သလား။ ကျွန်တော်ပြောတာ မှန်သလား ဆိုတာ မကြာခင်မှာ အဖြေထွက်တာပါ။ ကျွန်တော်တို့ ဟောတာက အတွေ့အကြုံနဲ့ နိမိတ်အယူတွေကိုပါ အခြေခံတာပါ။ စောင့်ကြည့်ပြီး အဖြေမှန်ထွက်လာမှာပါ" ဟု စံ(ဇာဏီဘို) က ပြောသည်။

"ကျွန်တော်တို့က ဂြိုလ်တွေ နက္ခတ်တွေကို ကြည့်ပြီး ပြောတာ။ သူများတွေလို စိတ်ထင်နဲ့ ခန့်မှန်းပြီး ပြောတာ မဟုတ်ဘူး။ ဒီကိစ္စ ကျွန်တော်တို့ မှန်းဆထားသလို ကြိုက်သလို ပြော။ မှားတယ် ဆိုရင် ဒီတစ်သက် ဗေဒင်မဟောတော့ဘူး။ သူ့ဘက်ကလည်း မှားရင် ဗေဒင် မဟောတော့ပါဘူး ဆိုတဲ့ ကတိ ပေးဖို့ လိုတယ်" ဟု ဦးဇေယျာကိုက ရှင်းလင်း ပြောကြားသည်။

ဗေဒင်ဆရာများ ဤသို့ အဖြေမှန် မြန်မြန်ထွက်နိုင်သည့် ရှေ့ဖြစ်မျိုးကို ဟောကြားသည်မှာ ကောင်းမွန်ကြောင်း၊ အချိန်တန်လျှင် မည်သူမှန်၍ မည်သူမှားသည်ကို သိရှိလာတေ့မည့် ဖြစ်၍ ကောင်းမွန်ကြောင်း၊ အခြားသော ဗေဒင်ဆရာများလည်း မိမိတို့ ဟောကိန်းများကို ပြတ်ပြတ်သားသား ထုတ်ဖော်ပြောကြားသင့်ကြောင်း ဗေဒင်ဝါသနာရှင် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

P-647920745 93
ပြည်သူ့အာဏာ

ရှရီယာ ဥပဒေကို အမျိုးသမီးများ အ၀တ်ဗလာဖြင့်ဆန္ဒပြ

Posted by drmyochit Wednesday, March 12, 2014, under | No comments

နိုင်ငံတကာအမျိုးသမီးများနေ့ မှာ ပြင်သစ်က လုဗ်အနုပညာပြတိုက်ရှေ့ မှာ အာရပ်၊အီရန်အမျိုးသမီးတွေ ဟာ သမားရိုးကျမဟုတ်ဆန္ဒပြနည်းနဲ့ ဆန္ဒပြခဲ့ ကြပါတယ်။ သူတို့ ဟာလွတ်လပ်မှု၊တန်းတူညီမျှမှုနဲ့ အစိုးရ အုပ်ချုပ်မှုကို ဘာသာရေးနဲ့ ခွဲခြားဖို့ အတွက် အ၀တ်မပါ ကိုယ် လုံးတီး ဆန္ဒပြခဲ့ကြ တာဖြစ်ပါတယ်။

"ကျမတို့ ဟာ အီဂျစ်၊အီရန်နိုင်ငံကဖြစ်ပြီး အစ္စလာမ်ရှရီယားဥပဒေကိုဆန့် ကျင်ပါတယ်။ လိင်ခွဲခြား ဆက်ဆံ တာ၊ ကျောက်တုံးနဲ့ ပစ်ပေါက်သတ်တာ၊ မျက်နှာမှာ ပုဝါအုပ်ရတာတွေကိုဆန့် ကျင်ပါတယ်။"

"ကျမ တို့ဟာ ဘာသာရေးကို ဘေးမှာဖယ်ထားပြီး သာမန်ဘ၀မျိုးမှာပဲ နေနိုင်ရမယ်။ ကျမခန္ဓာကိုယ်ကို ကျမတို့ ပိုင်ဆိုင်ပါတယ်။ ဘယ်သူကမှ ကျမတို့ ခန္ဓာကိုယ်ကို သတ်မှတ်ပိုင်ခွင့်မရှိပါဘူး။ ကျမခန္ဓာကိုယ် အတွက် ကျမဟာ အုပ်ချုပ်သူ ဖြစ်ပြီးတော့ ကျမကြိုက်တာကိုလုပ်ခွင့်ရှိပါတယ်။" ဒါတွေကတော့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့အမျိုးသမီးတွေ ရဲ့ စကားသံတချို့ ဖြစ်ပါတယ်။

From: The Melting Pot 4 U

























Monday, March 10, 2014

ရှမ်းပြည်နယ်မှ မကြည်ဝင်း လယ်တောသူ အလှမယ်ဖြစ်လာ

Posted by drmyochit Monday, March 10, 2014, under | No comments


ရန်ကုန်၊ မတ်-၉

ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုဦးစားပေး ရွေးချယ်သည့် လယ်တောသူအလှပြိုင်ပွဲ (2014 Miss Farmer) ၌ ရှမ်းပြည်နယ်မှ မကြည်ဝင်းက ပထမဆု ရရှိသွားပြီး ဧရာဝတီတိုင်းဒေသကြီးမှ မေချိုသော်ကဒုတိယ၊ တနင်္သာရီတိုင်း ဒေသကြီးမှမြတ်နိုးဦးက တတိယဆု အသီးသီးဆွတ်ခူးရရှိခဲ့ကြသည်။လယ်တောသူ အလှပြိုင်ပွဲကို မတ် ၈ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ MCC ခန်းမ ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲတွင် ပထမဆုအဖြစ် ငွေ ကျပ် သိန်း ၅၀ နှင့် ရွှေသုံးကျပ်သား၊ ဒုတိယဆုအဖြစ်ကျပ်သိန်း ၃၀၊ တတိယ ဆုအဖြစ် ကျပ်သိန်း ၂၀ အပြင် နိုင်ငံခြား ခရီးစဉ် လိုက်ပါခွင့်ရရှိကြောင်းကိုလည်း သိရသည်။ ထို့အပြင် ပရိသတ်အကြိုက်ဆု (Member Choice) ဆုအဖြစ်မချောစုမွန်အောင်၊ ငျြ ဏ့သအသါနညငခ ဆုကို မနွေးနုနုလှိုင်တို့က ဆု ကြေးငွေကျပ် ၁၀ သိန်းစီ ဆွတ်ခူးရရှိခဲ့ ကြသည်။ဒုတိယအကြိမ်
ဒုတိယအကြိမ် လယ်တောသူ အလှမယ်ပြိုင်ပွဲ ၂၀၁၄ (Miss Farmer Contest 2014) ကို ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများအသင်း၏ အသင်းနှစ်ပတ်လည် အထွေထွေအစည်း အဝေးနှင့် မြန်မာ့လယ်ယာ ထွက်ကုန်တန်ဖိုးမြှင့် စက်ကိရိယာပြပွဲ (၂၀၁၄)၌ ထည့်သွင်းကျင်းပခဲ့
ခြင်းဖြစ်သည်။

အဆိုပါ လယ်တောသူ အလှမယ် ပြိုင်ပွဲအတွက်လူတွေ့စစ်ဆေးမှုကိုဖေဖော်ဝါရီ ၂၄ ရက်က ပြုလုပ် ခဲ့ကြောင်း အကြိုပြိုင်ပွဲဝင် စစ်ဆေးခြင်း ပထမဆင့်ကို UMFCCI ၌ ကျင်းပခဲ့ပြီး အကြို ပြိုင်ပွဲစစ်ဆေးခြင်း ဒုတိယအဆင့် ကို ဖေဖော်ဝါရီ ၂၇ ရက်ကကျင်းပခဲ့သည်။

ပထမအကြိမ် လယ်တောသူ အလှမယ်ရွေးချယ်ပွဲကို ပြီးခဲ့သည့်နှစ်ကMCC ခန်းမ၌ ကျင်းပခဲ့ပြီး လယ်တောသူစစ်စစ်များသာ ၀င်ရောက်ယှဉ်ပြိုင်မှု များကြောင်း၊ အဆိုပါပြိုင်ပွဲ၌ လယ်သူမ တစ်ဦးတတ်မြောက်သင့်သည့်အရာများကို ထည့်သွင်းယှဉ်ပြိုင်စေခြင်းဖြစ်ကြောင်း ပထမအကြိမ် လယ်တောသူ အလှမယ် ရွေးချယ်ပွဲတက်ရောက်ခဲ့သူတစ်ဦးက ပြောဆိုခဲ့ သည်။



မိုးမြင့်ကျော်(မြစ်မခ)၊

ပဟေဠိဆန်နေဆဲ မလေးရှားလေယာဉ် ပျောက်ဆုံးမှုကြီး

Posted by drmyochit Monday, March 10, 2014, under | No comments


“ကံမကောင်းစွာနဲ့ပဲ ကြေညာပါရစေ။ ဂုဏ်သရေရှိ အမျိုးသမီးများနဲ့ လူကြီးမင်းများခင်ဗျား။ ခုချိန်ထိ ကျွန်တော်တို့ အနေနဲ့ လေယာဉ်က အစိတ်အပိုင်းလို့ ယူဆရတဲ့ ဘာပစ္စည်းတစ်ခုခုကိုမှ ရှာမတွေ့သေးပါဘူး”

“ကံမကောင်းစွာနဲ့ပဲ ကြေညာပါရစေ။ ဂုဏ်သရေရှိ အမျိုးသမီးများနဲ့ လူကြီးမင်းများခင်ဗျား။ ခုချိန်ထိ ကျွန်တော် တို့ အနေနဲ့ လေယာဉ်က အစိတ်အပိုင်းလို့ ယူဆရတဲ့ ဘာပစ္စည်းတစ်ခုခုကိုမှ ရှာမတွေ့သေးပါဘူး” မလေးရှား လေကြောင်းပျံသန်းမှု စီမံရေးရာဌာနမှ အထွေထွေဒါရိုက်တာ အက်ဇ်ဟာရူဒင် အက်ဘ်ဒူလ်ရာဟ်မန်က သတင်းထောက်များအား နွမ်းနယ်သော လေသံဖြင့် ပြောကြားခဲ့သည်။ တနင်္လာနေ့တွင် နိုင်ငံပေါင်း(၈)ခုမှ ကျွမ်းကျင်သူများသည် သင်္ဘောအစင်း(၄၀)၊ လေယာဉ်ပျံ (၃၄)စင်းကို အသုံးပြုကာ ပျောက်ဆုံးနေသည့် မလေးရှား လေကြောင်းလိုင်းပိုင် ခရီးစဉ်အမှတ် (၃၇၀) လေယာဉ်ကို ပိုက်စိပ်တိုက် ရှာဖွေနေကြသည်။

သို့သော်လည်း လေယာဉ် အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးသွားရာ ပင်လယ်သမုဒ္ဒရာ ရေပြင်တစ်ဝိုက်တွင် မည်သည့် အထောက်အထား သဲလွန်စမျှ မတွေ့ရသေးချေ။ အဆိုပါလေယာဉ် ပျောက်ဆုံးနေသည်မှာ (၄၈)နာရီကျော် ကြာမြင့်လာပြီ ဖြစ်သည်။ သို့သော်လည်း လူပေါင်း(၂၃၉)ဦးကို တင်ဆောင်သွားသည့် Boeing 777-200ER လေယာဉ်၏ ကံကြမ္မာကို မည်သူမျှ တိတိကျကျ အဖြေမထုတ်နိုင်သေးချေ။


လေယာဉ်သည် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်သို့ ဦးတည်ပျံသန်းရင်း ထူးခြားစွာ ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ လေယာဉ် ပျက်ကျသွားခြင်းလော၊ အကြမ်းဖက် အနုကြမ်းစီးခံရခြင်းလောဆိုသည့် မေးခွန်းများစွာတို့သည် ယခုတိုင် အဖြေမရှိသေးချေ။ ဗီယက်နမ် ရေတပ်အာဏာပိုင်များက ပင်လယ်ထဲတွင် လေယာဉ်ပြူတင်းပေါက်ဟု ယူဆရသော အရာတစ်ခု တွေ့ရှိသည်ဆိုသော သတင်းများကို ရာဟ်မန်က ပယ်ချထားသည်။ “ဒီသတင်းတွေကို ဗီယက်နမ် အာဏာပိုင်တွေဘက်က တရားဝင် အတည်မပြုပါဘူး။ နောက်ပြီး လေယာဉ်အမြီးပိုင်း ရှာတွေ့ပြီဆိုတဲ့ သတင်းတွေကလည်း မမှန်ဘူး”ဟု ရာဟ်မန်က ဆိုသည်။ လတ်တလောတွင် ဗီယက်နမ် လေယာဉ်တစ်စင်းက ဗီယက်နမ်ပိုင် သိုချူကျွန်း တောင်ဘက် မိုင်(၉၀)မျှအကွာ ထိုင်းပင်လယ်ကွေ့ထဲတွင် တွေ့မြင်ရသည့် ဆီကွက်ကြီးကို အဓိက အာရုံစိုက် လေ့လာလျှက်ရှိသည်။

လေယာဉ်ပေါ် လိုက်ပါသွားသူများအနက် (၂)ဦးသည် ခိုးယူထားသည့် ပတ်စ်ပို့တ်များကို အသုံးပြုထားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ၎င်းတို့သည် အကြမ်းဖက်သမားများ ဟုတ်မဟုတ် သက်သေမပြနိုင်ချေ။ လေယာဉ်မှ နောက်ဆုံး အကြောင်းကြား အချက်ပြထားသည့် မည်သည့် မီးရောင်မျိုးကိုမျှလည်း ပင်လယ်ပြင်ထက်တွင် ရှာမတွေ့သေးဘဲ ဖြစ်နေသည်။ တာဝန်ရှိသူများက လေယာဉ်ပေါ် လိုက်ပါသွားသည့် ခရီးသည်နှင့် ဝန်ထမ်းများ၏ ကျန်ရစ်သူ မိသားစုများကို အဆိုးဆုံးအတွက် ကြိုတင်မျှော်လင့်ထားပါရန် တိုက်တွန်းထားသည်။ “လေယာဉ်က ခုလိုမျိုး ပဟေဠိဆန်ဆန် ပျောက်ကွယ်နေတော့ ကျွန်တော်တို့ စိုးရိမ်ရတဲ့အပြင် စိတ်ရှုပ်ထွေးမှုပါ ကြုံနေရတယ်။ ဘာပဲဖြစ်ဖြစ် လေယာဉ်ကို ကျွန်တော်တို့ မဖြစ်မနေ လိုက်ရှာမှာပဲ”ဟု ရာဟ်မန်က ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ဗီယက်နမ်၊ တရုတ်၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ အမေရိကန်၊ ထိုင်း၊ ဩစတြေးလျနှင့် ဖိလစ်ပိုင်တို့သည် မလေးရှားကို အလေးအနက် အကူအညီပေးကာ ဖြစ်နိုင်ခြေရှိသမျှ ရေပြင်ဧရိယာတိုင်းတွင် ဖြန့်ကျက်ရှာဖွေမှုများ ပြုလုပ်နေသည်။ အထူးသဖြင့် တောင်တရုတ်ပင်လယ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ထိုင်းပင်လယ်ကွေ့ တစ်ဝိုက်တွင် လေယာဉ်၏ အစအန တစ်ခုခုကို တွေ့မြင်ရမည်ဟူ၍ မျှော်လင့်ချက်ထား ကြိုးစားလျှက်ရှိသည်။ ထို့အပြင် ရှာဖွေရေးအဖွဲ့ အချို့၏ အာရုံသည် ယခုအခါ အန်ဒမန်ပင်လယ်ဘက်သို့ ဦးလှည့်လာနေပြီ ဖြစ်သည်။ လေယာဉ်ပျောက်ကွယ်သွားစဉ် အချိန်ပိုင်းအတွင်း လေယာဉ်မှူးထံမှ မည်သည့်အချက်ပြ အကြောင်းကြားမှုကိုမျှ မရခဲ့ခြင်းက ရှာဖွေရေးများအတွက် မျက်စိလည် လမ်းစပျောက်နေစေသည်။


“ခိုင်မာတဲ့ အထောက်အထားမျိုး ကျွန်တော်တို့ လိုတယ်။ တကယ့်ကို ခိုင်မာတဲ့ အခြေအနေမျိုးပေါ့။ ခုချိန်မှာတော့ ကျွန်တော်တို့ရဲ့ အားထုတ်မှုတိုင်းကို ပိုပိုပြီး တိုးမြှင့် အကောင်အထည်ဖော်ဖို့ပဲ ကြိုးစားနေရမှာပါပဲ”ဟု ရာဟ်မန်က ဖွင့်ဟခဲ့သည်။ နိုင်ငံတကာ ရဲတပ်ဖွဲ့က လေယာဉ်ပေါ် လိုက်ပါလာသူများအနက် အနည်းဆုံး (၂)ဦးသည် ခိုးယူထားသော ပတ်စ်ပို့တ်များဖြင့် ခရီးသွားနေခြင်းဟု ဖော်ပြခဲ့ခြင်းကလည်း လေယာဉ်ပျောက်ဆုံးမှုသည် သွေးရိုးသားရိုး ဟုတ်မဟုတ် သံသယပွားစရာ ဖြစ်လာသည်။

သတင်းထောက်တစ်ဦးက “လေယာဉ်က အပိုင်စီးခံရတာ ဖြစ်နိုင်သလား”ဟု မေးမြန်းရာ ရာဟ်မန်က “ဒီမေးခွန်းကို ကျွန်တော်မဖြေနိုင်သေးဘူး။ ခုချိန်မှာ ကျွန်တော်တို့ ရှုထောင့်တိုင်း၊ အခြေအနေတိုင်း၊ အမြင်တိုင်းကို အလေးထားရမယ်။ ခုတော့ ပင်လယ်ထဲမှာ တစ်လက်မလေးမှ မကျန်အောင် ပိုက်စိပ်တိုက်ပြီး ရှာဖွေဖို့ပဲ လုပ်ဆောင်ရဦးမယ်”ဟု ဖြေကြားခဲ့သည်။ လတ်တလောတွင် လေယာဉ်ပေါ် ပါရှိသွားသူ၏ မိသားစုဝင်များသည် စိတ်နှလုံး မချမ်းမြေ့စွာဖြင့် သတင်းစောင့်နေရဆဲ ဖြစ်သည်။ လိုက်ပါသွားသူများအနက် (၁၅၄)ဦးသည် တရုတ်နှင့် ထိုင်ဝမ်တို့မှ ဖြစ်သည်။ မလေးရှားနိုင်ငံသား (၃၈)ဦး၊ အိန္ဒိယနိုင်ငံသား (၅)ဦးနှင့် အမေရိကန် (၃)ဦးတို့လည်း လေယာဉ်ပေါ်တွင် ပါသွားသည်။ ခရီးသည် (၅)ဦးမှာ (၅)နှစ်အောက် ကလေးများ ဖြစ်ကြောင်းလည်း သိရသည်။

မလေးရှား လေကြောင်းလိုင်းသည် လတ်တလောတွင် လေယာဉ်ပေါ် ပါသွားသူ အားလုံး၏ ဆွေမျိုးများအတွက် ကွာလာလမ်ပူသို့ လာရောက်နိုင်ရန် အကူအညီ ပေးလျှက်ရှိသည်။ လေယာဉ်ပေါ် လိုက်ပါသွားသူ တစ်ဦးစီလျှင် ဆွေမျိုး(၅)ဦးထိ ပတ်စ်ပို့တ်ကိစ္စ အဆင်ပြေစေရန် မလေးရှား လေကြောင်းလိုင်းက စီစဉ်ပေးနေသည်။ အခြားသော သတင်းများအရ တနင်္လာနေ့တွင် မလေးရှားလေကြောင်းလိုင်း၏ ရှယ်ယာတန်ဖိုးသည် (၁၀)ရာခိုင်နှုန်းထိ ထိုးကျသွားကြောင်းလည်း သိရှိရသည်။

From: Planet Myanmar Netwrok

ပဲခူးတိုင်းဒေသကြီးတွင် ပါးရိုက်ခဲ့သည့် အလုပ်သမားခေါင်းဆောင်အား ဗိုက်ခွဲသတ်ဖြတ်စားသောက်ကာ သုံးလောင်းပြိုင်လူသတ်မှု ကျူးလွန်ခဲ့သူများအား ရဲအင်အား ၇၀ ကျော်ဖြင့် ဖမ်းဆီး

Posted by drmyochit Monday, March 10, 2014, under | No comments

ပဲခူးတိုင်းဒေသကြီးကြို့ပင်ကောက်မြို့နယ်၊ ဘော်ဘင်ဆည် ၏ အရှေ့ ကျောက်ဖြူလေးချောင်းဖျား၊ တောတွင်း
စခန်း တစ်ခု၌ ပါးရိုက်ခဲ့သည့် အလုပ်သမားခေါင်းဆောင်အား ဗိုက်ခွဲ သတ်ဖြတ် စားသောက်ကာ သုံးလောင်းပြိုင်လူသတ်မှု ကျူးလွန်ခဲ့သည့် ကျူးလွန်သူလေးဦးအား ဖမ်းဆီး ရမိပြီဖြစ် ကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖေဖော်ဝါရီ ၂၅ ရက်တွင် အဆိုပါ မီးသွေးဖုတ်သည့် တောတွင်းစခန်း၌ အလုပ်သမားလေးဦးမှ ၎င်းတို့အား ပါးရိုက်ခဲ့သည့် အလုပ်သမားခေါင်းဆောင် ဦး.....အား တူးမီးသေနတ်ဖြင့် ပစ်သတ်ကာ ဓားဖြင့်ဗိုက်အားခွဲပြီး ကလီစာများအားနှုတ်ယူ၍ အရက်ဖြင့်ချက်ပြုတ်ကာ စားသောက်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ဦး......နှင့်အတူ ရှိနေသည့် အမျိုးသားတစ်ဦးကိုလည်း ဓားဖြင့်လည်ပင်းအား ခုတ်သတ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်ညတွင်လည်း နတ်တလင်းမြို့နယ်နှင့် အရှေ့ဘက် ၃၇ မိုင်ခန့်ဝေးသော ရိုးမတောင်ပေါ်ရှိ အိုးဂင်းမြောင်စခန်းတွင် နေထိုင်သူ အမျိုးသားတစ်ဦးအား ဓားဖြင့် ၁၁ ချက်ခုတ်၍ ထပ်မံသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကျူးလွန်ခဲ့ကြသူများမှာ နတ္တလင်းမြို့နယ် ဆီဆုံကျေးရွာနေ စိုးခိုင် (၃၄) နှစ်၊ အုတ်ဖိုမြို့နယ် စိန်ပတ်လည်ရွာနေ ၀င်းသောင်း(ခ)စိုးအောင် (၃၃) နှစ်၊ ဇီးကုန်းမြို့နယ် ဘော်ဘင်ကျေးရွာနေ နိုင်လင်း (၃၉) နှစ်နှင့် အောင်ကျော်ဝင်း (၃၃)နှစ်တို့ဖြစ်ကြောင်း သိရသည်။

“ကျူးလွန်ခဲ့တဲ့ အမျိုးသားလေးဦးကို မတ် ၃ ရက်တွင် ဖမ်းဆီးရမိခဲ့တယ်။ ပထမဦးဆုံး သူတို့သတ်ခဲ့တဲ့ အမျိုးသားက ကျူးလွန်သူလေးဦးကို ကိစ္စတစ်ခုကြောင့် ပါးရိုက်ခဲ့တယ်။ ဒါကြောင့် ကျူးလွန်သူတွေက အငြှိုးထားပြီး သတ်ဖြတ်ခဲ့ကြတယ်။ ပြီးတော့ သူနဲ့အတူပါတဲ့ အမျိုးသားတစ်ဦးကိုပါ ထပ်မံသတ်ဖြတ်ခဲ့တယ်။ ပထမဆုံး သတ်ဖြတ်ခံရတဲ့သူရဲ့ အနေအထားကို ကြည့်မယ်ဆိုရင် ဗိုက်အတွင်းပိုင်းမှာရှိတဲ့ အစိတ်အပိုင်းတွေ တစ်ခုမှ မရှိတော့ဘူး။ စစ်ဆေးမှုတွေ အရတော့ စားသောက်ခဲ့တယ်လို့ သိရတယ်” ဟု ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် ရဲအုပ်အောင်နိုင်ထွန်းက ပြောကြားသည်။

ယင်းကဲ့သို့ သုံးလောင်းပြိုင်လူသတ်မှု ကျူးလွန်ခဲ့သူများကို နတ်တလင်းမြို့နယ်၊ ချောင်းကွက်ကျေးရွာ တောစပ် အနီးတွင် မတ် ၃ ရက် ညနေ ၆ နာရီခွဲခန့်တွင် ရဲအင်အား ၇၀ ကျော်ဖြင့် ဖမ်းမိခဲ့ပြီး ၎င်းတို့သည် ရေနောက်ရန်ချောင်း တောင်ယာဘက်ရှိ နေအိမ်တဲများထံမှ ခြိမ်းခြောက်ကာ စရိတ်ဆက်ကြေးများ တောင်းယူခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အဆိုပါလေးဦးကို ကြို့ပင်ကောက်မြို့၊ အလယ်ကုန်း နယ်မြေရဲစခန်းတွင် (ပ) ၅/၂၀၁၄ ပုဒ်မ ၃၀၂ ဖြင့် လည်းကောင်း၊ နတ်တလင်းမြို့နယ် တောင်ညိုနယ်မြေရဲစခန်း၌ (ပ) ၁၉/၂၀၁၄ ပုဒ်မ ၃၀၂ ဖြင့် လည်းကောင်း အမှုဖွင့်ထားကာ တရားစွဲဆိုတင်ပို့ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်