Wednesday, September 10, 2014

KIA နှင့် ဘင်္ဂါလီ ပြည်ဖျက်ရန် ကြံစည်ပြီလား

Posted by drmyochit Wednesday, September 10, 2014, under | No comments

စက်တင်ဘာလ (၇) ရက်နေ့က ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ဘင်္ဂါလီ ကုလားအဖွဲ့အစည်းနှင့် KIO အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းအပေါ်တွင် လူမှုကွန်ယက်များပေါ်၌ ဂယက်ရိုက်ခတ်လျက်ရှိပေသည်။ ၄င်းအဖွဲ့စည်း နှစ်ဖွဲ့တွေ့ဆုံခဲ့ရာတွင် မြန်မာပြည်သူလူထှတစ်ရပ်လုံးထံမှ ဝေဖန်ချက်ပေါင်းမြောက်များစွာထွက်ပေါ်လာခဲ့ပြီး မည်ကဲ့သို့သောရည်ရွယ်ချက်များ၊ မည်ကဲ့သို့သောအကြောင်းပြချက်များဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ကို လည်းအားလုံးသိချင်နေခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ‘ကချင်ပြည်နယ်တွင် ရိုဟင်ဂျာတပ်မတော် တည်ထောင် ရန်တပ်နေရာပေးရေး’ ဟူသည့် ဆွေးနွေးချက်၏နောက်ကွယ်တွင်ရှိသော အကြံအစည၊် ရည်ရွယ်ချက် ရည်မှန်းချက် များသည်ကောင်းသောအလားအလာများမဖြစ်နိုင်သကဲ့သို့ မြန်မာနိုင်ငံနှင့်မြန်မာ တစ်မျိုးသားလုံး အတွက်ကြီးမားသော အန္တရာယ်တစ်ခုဖြစ်လာနိုင်သည်ဆိုတာကတော့ကျွန်ပ်အဖို့မလွဲမှားနိုင်သော ယူဆချက် ဖြစ်ပေလိမ့်မည်။

ပထမဦးစွာ ဘဂါင်္လီကုလားအဖွဲ့အစည်းနှင့်ပက်သက်၍ အနည်းငယ်ဖော်ပြပေးလိုပါသည်။ ထိုအဖွဲ့စည်းသည် မိမိကိုယ်ကိုယ်ရိုဟင်ဂျာဟုသုံးနှုံးကာ သွားရောက်ဆွေးနွေးကြခြင်းဖြစ်ပေသည်။ မြန်မာနိုင်ငံအစိုးရနှင့် နိုင်ငံတော်သမ္မတကိုယ်တိုင်ကပင် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဟူသည့်လူမျိုးမရှိကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသားစာရင်းတွင် ရိုဟင်ဂျာမပါဝင်ကြောင်း အတိအလင်းကြေငြာခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် ၄င်းဘင်္ဂါလီကုလားအဖွဲ့အစည်းသည် အစိုးရ၏ထုတ်ပြန်ကြေငြာချက်အပေါ် ပြောင်ပြောင်တင်းတင်းပင် ဆန့်ကျင်လိုက်သည်ဟုသာကျွန်ပ်အနေဖြင့် မြင်တွေ့မိပါသည်။

အဆိုပါဘင်္ဂါလီကုလားများသည် မြန်မာနိုင်ငံ၏ အနောက်ဘက်မှနေ၍ခိုးဝင်လာသူများဖြစ်ကြပြီး ရိုဟင်ဂျာတိုင်းရင်းသားများဟုဆိုကာ ရခိုင်ပြည်နယ်တွင် တစ်ရွာတစ်ကျီတည်၍နေထိုင်နေကြသူများဖြစ်ပေသည်။ ထိုမျှပင်မကသေး ဗုဒ္ဒဘာသာမြန်မာလူမျိုး ရခိုင် တိုင်းရင်းသားများအပေါ်တွင်လည်း လူမျိုးရေး ဘာသာရေးပဋိပက္ခများဖန်တီးကာ ရန်စစော်ကားနေကြ သူများလည်းဖြစ်ကြပေသည်။ ရခိုင်လူမျိုးများနှင့်ဖြစ်ပွားခဲ့သော ပဋိပက္ခကို အစပြု၍ မြန်မာတစ်နိုင်ငံလုံးတွင် ဆူပူအုံကြွမှုများ ဖြစ်ပေါ်စေခဲ့သော လူမျိုးများလည်းဖြစ်ပေသည်။ ယခုအခါတွင် ရခိုင်ပြည်နယ်တွင် ၄င်းတို့၏ နေထိုင်မှုကြပ်တည်းလာခြင်း၊ အစိုးရမှလည်း၎င်းတို့အား အလေးထားစောင့်ကြည့်နေခြင်းကြောင့် ရခိုင်ပြည်မှ နေ၍ ကချင်ပြည်နယ်ဘက်သို့ လှည့်လာခြင်းမျိုးလည်းဖြစ်နိုင်ပေသည်။
ထပ်မံ၍ KIO/KIA အဖွဲ့အကြောင်းကိုလည်း ကျွန်ပ်ရေးသားဖော်ပြချင်ပါသေးသည်။ KIO/KIA အဖွဲ့စည်းသည် မြန်မာနိုင်ငံရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများထဲတွင် အစိုးရနှင့်အပစ်အခတ်ရပ်စဲခြင်းကို လက်မှတ် ရေးထိုးခြင်းမပြုသော လက်နက်ကိုင်အဖွဲ့စည်းတစ်ခုဖြစ်ပေသည်။ ၄င်းတို့အဖွဲ့အစည်းအနေဖြင့် အစိုးရနှင့် အကြိမ်ကြိမ်ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့ကြသော်လည်း၎င်းတို့၏ကတိမတည်မှု၊ ရန်လိုမှုများနှင့် ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုစိတ်မရှိမှု များကြောင့်ယနေ့ထက်တိုင် အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးခြင်းမရှိသေးသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပေသည်။ ကချင်လူမျိုးကောင်းစားရေးဟုတွင်တွင် ညည်းသော်ငြားလည်း ကချင်လူမျိုးများ၏ ထောက်ခံမှုကိုအပြည့်အ၀မရရှိသည့် ခေါင်းဆောင်တစ်ချို့၏ လောဘဇောဖြင့် ရပ်တည်နေသောအဖွဲ့အစည်းတစ်ခုဖြစ်ပေသည်။
ယခုအခါတွင် အဆိုပါ KIO/KIA အဖွဲ့အစည်းနှင့် ရိုဟင်ဂျာဟုသုံးနှုံးထားသော ဘင်္ဂါလီကုလားများ အဖွဲ့အစည်းတို့သည် ကချင်ပြည်နယ်လိုင်ဇာမြို့ တွင်တွေ့ဆုံဆွေးနွေးနေကြပြီဖြစ်သည်။ မည်သို့သော အကြောင်းပြချက် များပေးနေပါစေ နိုင်ငံနှင့်လူမျိုးအတွက်တော့ ကောင်းသောဆွေးနွေးချင်းမျိုးမဖြစ်နိုင်ချေ။ KIO အနေနှင့် ရိုဟင်ဂျာဟူသော အသုံးအနှုံးကိုထောက်ခံလိုက်ပြီး မိမိသဘောဖြင့်မိမိဘင်္ဂါလီကုလားများကို ပြည်ထောင်စုတိုင်းရင်းသားစာရင်း သွင်းလိုက်သေးသည်။ ဘင်္ဂလီကုလားများအနေဖြင့် ရိုဟင်ဂျာသည်လည်း တိုင်းရင်းသားဖြစ်ပြီး တိုင်းရင်းသားအခွင့်ရေးတွေရရှိဖို့အစိုးရကို လက်တွဲ၍တော်လှန်မည်ဟူသော စည်းရုံး မှုသည် ပြည်ထောင်စုပြိုကွဲရေးအထိပါ ရည်ရွယ်ချက်ထားသည်ဟုလဲ သုံးသပ်ရပါသည်။ ထို့အတူ ကချင်ပြည်နယ်တွင် ရိုဟင်ဂျာတပ်မတော်တည်ထောင်ရန် တပ်နေရာအခိုင်အမာရရှိနိုင်ရေးကိုလဲ KIA ဗိုလ်မှူးကြီး ဂျိမ်းစ်ထံ တောင်းဆိုခဲ့ကြသေးသည်။ ကေအိုင်အေဘက်မှ ဘယ်သူသေသေငတေမာပြီးရောဟူ သည့်စိတ်ဖြင့် ထိုဘင်္ဂါလီကုလားများကို ကချင်ပြည်နယ်တွင် တပ်နေရာချထားခွင့်ပေးလိုက်ပါက ထိုအဖွဲ့စည်း နှစ်ခုသည် အမျိုးဘာသာသာသနာအတွက် အကြီးလေးဆုံးသောအန္တရာယ်များဖြစ်လာနိုင်ပေသည် ။
အချုပ်အားဖြင့်ဆိုသော် ဘင်္ဂါလီကုလားများအနေနှင့် အနေမချောင်တော့သော ရခိုင်ပြည်နယ်တွင်ရှိသမျှ ကုလားအင်အားစုများကိုစုစည်းကာ အစိုးရနှင့်မကျေမလည်ဖြစ်ပေါ်နေသည့် ကေအိုင်အေ လိုမျိုး သောင်းကျန်းသူအုပ်စုနှင့်ပူးပေါင်းရန်အားထုတ်လာခြင်းသည် တိုင်းရင်းသား အားလုံးစည်းလုံးညီညွတ်စွာ နေထိုင်နေသော အမိမြန်မာနိုင်ငံတော်ကြီးကို ဖြိုခွဲဖျက်ဆီးရန် အကြံစည်ပင်ဖြစ်နိုင်ပါကြောင်း သုံးသပ်ရေးသား လိုက်ပါသည်။

မင်းထက်သာ(ဗဟန်း)
မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး

၂၀၁၅ အမီ မြန်မာနိုင်ငံတွင် ကြီးငါးကြီးစာရင်းဝင်ရန် ဗီယက်နမ်မျှော်မှန်း

Posted by Unknown Wednesday, September 10, 2014, under | No comments


လာမည့်နှစ်တွင် မြန်မာနိုင်ငံ ၌ အကြီးဆုံးနိုင်ငံခြားရင်းနှီးမြှုပ် နှံသူ ငါးဦးစာရင်းဝင်ဖြစ်ရန် ရည် မှန်းထားကြောင်း မြန်မာနိုင်ငံ တွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဗီ ယက်နမ်အသင်း AVIM က တနင်္ဂ နွေနေ့ကဟနွိုင်းမြို့တွင်ပြောသည်။

၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုကို ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံအထိ တိုးမြှင့်သွားရန်ရှိကြောင်း AVIM ဥက္ကဋ္ဌတရန်ဘာဟာက စက်တင်ဘာ ၅ ရက်မှ ၉ ရက်အထိ ဗီယက်နမ်နိုင်ငံတွင် အလည်အပတ်ရောက်ရှိနေ သောလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံကုန်သွယ်မှုကို ဒေါ် လာ ၆၅၀ မှ ၇၀၀ ဘီလီယံအထိ မြှင့်တင်ရန် AVIM က ရည်ရွယ် ထားပြီး တစ်နှစ်လျှင် ဗီယက်နမ်ခရီးသွား ၃၅၀၀၀ မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိကြောင်း ပြောကြားသည်ဟု ဗီယက်နမ်သတင်း အေဂျင်စီက ကိုးကားဖော်ပြထား သည်။

ယင်းအသင်းကို ၂၀၁၀ မတ်လက ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးမှုဘဏ် BIDV ၏ ဦးဆောင်မှုဖြင့် ထူထောင်ခဲ့ပြီး အသင်းဥက္ကဋ္ဌ မှာ BIDV ၏ ဥက္ကဋ္ဌ ဖြစ်သည်။

လက်ရှိတွင် အသင်းဝင် ၇၆ ဦးရှိပြီး အများအပြားမှာ Petro Vietnam, Vietnam Airlines, Hoang AnhGia Lai Group and Vietnam Rubber Group တို့ကဲ့ သို့သော ကော်ပိုရေးရှင်းနှင့် အဓိက ကုမ္ပဏီများဖြစ်သည်။

၎င်းတို့၏ ရည်မှန်းချက်ပြည့် မီရေးအတွက် မြန်မာနိုင်ငံ၏ ဥပ ဒေရေးရာဆိုင်ရာ ဖွံ့ဖြိုးရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲ ဆောင်နိုင်မည့် နည်းလမ်းများအား မွမ်းမံပြင်ဆင်ရန် မြန်မာအစိုးရနှင့် လွှတ်တော်သို့ AVIM က တိုက်တွန်းလိုက်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံနေသည့် ဗီယက်နမ်ကုမ္ပဏီများ၏ ပိုင်ဆိုင်မှုများကို အကာအကွယ် ပေးရေးနှင့် စည်းမျဉ်းစည်းကမ်း များ ချမှတ်ရေးအတွက် သဘော တူညီမှုများရရှိရန်လိုအပ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် အထည် ချုပ်လုပ်ငန်း၊ လယ်ယာစိုက်ပျိုး ရေးလုပ်ငန်း၊ ကျန်းမာရေးစောင့် ရှောက်မှု၊ စွမ်းအင်၊ ဆောက်လုပ် ရေးပစ္စည်းထုတ်လုပ်ခြင်း၊ ဘဏ္ဍာ ရေးနှင့် ဘဏ်လုပ်ငန်းများ၌ ဗီယက်နမ်တို့၏ လုပ်ငန်းလိုင်စင် ကို အလျင်အမြန်ဆောင်ရွက်ပေး ပါရန် မျှော်လင့်ကြောင်း AVIM ဥက္ကဋ္ဌက ပြောကြားသည်။

သူရ ဦးရွှေမန်းကလည်း မြန်မာသည် အခြားနိုင်ငံများမှသင်ယူပြီး ၎င်း၏ ဥပဒေစည်းမျဉ်းများဆိုင်ရာကို ပြင်ဆင်နေကြောင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်ရန် စီမံခန့်ခွဲရေးအပိုင်းကိုသာ လုပ်ဆောင်ရန်ရှိကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

အထူးသဖြင့် ဗီယက်နမ်မှ လယ်ယာ၊ ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ငွေကြေးဆိုင်ရာနှင့် ဘဏ် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု များ ပိုမိုဝင်ရောက်လာစေရန် AVIM အနေဖြင့် ကြားခံအ ဖြစ် ဆက်လက်လုပ်ကိုင်ပေးရန် ဦးရွှေမန်းက ပြောသည်။

စတင်တည်ထောင်ခဲ့ချိန်က စ၍ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများကို လေ့လာရန် လုပ်ငန်းရှင် ငါးထောင်ခန့်အား AVIM က စီစဉ်စေလွှတ်ခဲ့ကြောင်း ဗီယက်နမ်သတင်း အေဂျင်စီက ဖော်ပြသည်။

ဗီယက်နမ်လုပ်ငန်း (၅၆) ခုက မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ် ဆောင်ရန်လိုင်စင်ရရှိထားပြီး ယင်းတို့တွင် ခုနစ်ခုမှာ ကြီးမားသော စီမံချက်များရှိကာ ရင်းနှီးငွေစုစု ပေါင်း ဒေါ်လာသန်း ၆၀၀ ရှိသည်။ အကြီးဆုံးစီမံချက်အနေဖြင့် ဟိုတယ်၊ နေအိမ်များနှင့် ရုံးများ ဆောက်လုပ်ရေး ဖြစ်ပြီး Hoang Anh Gia Lai Group က ဒေါ်လာသန်း ၄၄၀ ရင်းနှီးလုပ်ကိုင်နေကြောင်း သိရသည်။

ကိုးကား-Tuitrenews

လူတစ်ဦးချင်းနှင့် အဖွဲ့အစည်း အကျိုးစီးပွားထက် နိုင်ငံ့အကျိုးစီးပွားကို ဦးစားပေးမည်ဟု သမ္မတဦးသိန်းစိန်ပြော

Posted by Unknown Wednesday, September 10, 2014, under | 1 comment


နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် ဆွစ်ဇာလန်သမ္မတတို့ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးနေစဉ် (PETER SCHNEIDER/EPA)

ြ မြန်မာနိုင်ငံတွင် သမ္မတ ဖြစ်ခွင့်ကို မည်သူတစ်ဦးတစ် ယောက်မှ တားမြစ်ခံထားရခြင်း မရှိသင့်ဟု ယုံကြည်သော်လည်း လူတစ်ဦးချင်းနှင့် အဖွဲ့အစည်း၏ အကျိုးစီးပွားထက် နိုင်ငံ၏အကျိုး စီးပွားကိုသာ ဦးစားပေးစဉ်းစား မည်ဖြစ်ပြီး ဥပဒေနှင့်အညီ ဖွဲ့ စည်းပုံပြင်ဆင်ခြင်းကို ဆန့်ကျင် ရန် မရှိကြောင်း သမ္မတဦးသိန်းစိန် က ပြောကြားသည်။

ဆွစ်ဇာလန်အခြေစိုက် NZZ သတင်းဌာနက ဒေါ်အောင်ဆန်း စုကြည်မှာ နိုင်ငံခြားသားနှင့် လက်ထပ်ထား၍ သမ္မတလောင်းဖြစ်ခွင့် ကန့်သတ်ခံနေရခြင်းအပေါ် မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။


‘‘အခြေခံအားဖြင့်တော့ သမ္မတဖြစ်ခွင့်ကို ဘယ်သူတစ်ဦး တစ်ယောက်မှ တားမြစ်မခံထား သင့်ဘူးလို့ ကျွန်တော်ယုံကြည်ပါ တယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဘယ်လိုပြင်ဆင်ရမယ် ဆိုတာ ရှင်းလင်းတဲ့ စည်းမျဉ်းတွေရှိပါတယ်။ ကျွန်တော့် သဘောကတော့ တရားဥပဒေနဲ့ အညီ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းကို လုပ်မယ်ဆိုရင် ဆန့်ကျင်စရာမရှိပါဘူး’’ ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါ သတင်း ဌာနက ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတလောင်းဝင်ရောက်ခွင့် မရအောင် ကန့်သတ်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မကို ပြင်ဆင်ရန် မဲပေးမည်ဆိုပါက သမ္မတက မည်သို့မဲပေးရွေးချယ် မည်ဆိုသည်ကိုလည်း ဆက်လက် မေးမြန်းခဲ့သည်။

‘‘တစ်ဦးတစ်ယောက်ချင်းနဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အကျိုးစီး ပွားထက် နိုင်ငံ့အကျိုးစီးပွားတစ် ခုတည်းကို ဦးစားပေးစဉ်းစားမှာ ဖြစ်တယ်။ ပြီးတော့ လူများစုရဲ့ ဆန္ဒကိုလည်း လေးစားရမှာ ဖြစ် တယ်။ အဲဒီနှစ်ချက်ပေါ်မူတည် ပြီး ကျွန်တော်မှန်ကန်တဲ့ ဆုံးဖြတ် ချက်ကို ချမှတ်နိုင်မယ်လို့ ယုံ ကြည်ပါတယ်’’ ဟု ၎င်းက ပြန် လည်ဖြေကြားခဲ့သည်။

သမ္မတဦးသိန်းစိန်သည် နောက်ထပ်သက်တမ်းအတွက် အနားယူလိုသည်ဟု မကြာခဏ ပြောကြားခဲ့သော်လည်း ယခုဥရောပ ခရီးစဉ်တွင် တိုင်းပြည်နှင့် ပြည်သူလူထု၏ ဆန္ဒပေါ်မူတည်၍ နောက်သက်တမ်း ဆက်လုပ်၊ မလုပ် ဆုံးဖြတ်မည်ဖြစ်ကြောင်းပြောကြားထားပြီးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကသမ္မတဖြစ်လိုကြောင်း ပြောကြားထားသော်လည်း မိမိ၏ မိဘ၊ သားသမီး၊ ဇနီး၊ ခင်ပွန်းတို့မှာ နိုင်ငံခြားအစိုးရလက်အောက်ခံဖြစ်သူ တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရဟု ၂၀၀၈ ခုနှစ်ဖွဲ့စည်းအခြေခံ ဥပဒေပုဒ်မ ၅၉(စ)ကြောင့် သမ္မတဖြစ်ခွင့် ကန့်သတ်ခံနေရခြင်း ဖြစ်သည်။

‘‘ဒေါ်စုသမ္မတ မဖြစ်လည်း လွှတ်တော်ထဲကနေ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ကို ဆက်လုပ်သွားမှာ ပဲ။ အားလုံးက ပြောကြတာပဲ။ သားနှစ်ယောက်ကို မြန်မာနိုင်ငံ သား ခံယူလိုက်ဖို့။ ဒါပေမဲ့ ဒေါ်စု က ဒါအတွက် သိက္ခာအကျခံပြီး မလုပ်ဘူး။ ပြီးတော့ ၅၉(စ)ကို လည်း လုံးဝမပြောဘူး’’ ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။

ထို့ပြင် သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်း မှု လုပ်ငန်းစဉ်မှာ အရှေ့အလယ် ပိုင်းနိုင်ငံများတွင် ဖြစ်ပွားခဲ့သော အာရပ်နွေဦးဖြစ်စဉ်နှင့်အတူ စတင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အာရပ်နိုင်ငံများတွင် ရုန်းကန်နေရချိန် မြန်မာနိုင်ငံ အခြေအနေတည်ငြိမ်နေခြင်းမှာ တပ်မတော်၏ ကျေးဇူးကြောင့်ဖြစ် ကြောင်း လက်ရှိဖွဲ့စည်းပုံအရ လွှတ်တော်တွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းအ ပေါ် ထောက်ခံပြောဆိုခဲ့သည်။

- 7 dAYS

ရိုဟင်ဂျာအဖွဲ့ KIA နယ်မြေမှာ လှုပ်ရှားခွင့်ရရေး ဆွေးနွေးမှု ရုပ်သံဖိုင်

Posted by drmyochit Wednesday, September 10, 2014, under | No comments

စက်တင်ဘာ ၉ ရက်၊ ၂၀၁၄ ခုနှစ်
KIA အရာရှိနဲ့ ရိုဟင်ဂျာအဖွဲ့ကိုယ်စားလှယ်တချို့ရဲ့ စကားဝိုင်းကို မှတ်တမ်းတင်ထားတဲ့ ၁ နာရီကြာ ရုပ်သံဖိုင် ယူကျုမှာ လူကြည့်များလာဖွယ် ရှိပါတယ်။

ရုပ်သံမှာ ပါဝင်တဲ့ KIA အရာရှိက သူတို့နဲ့ ဒီကိုယ်စားလှယ်အဖွဲ့ကြားမှာ ပူးပေါင်းဆောင်ရွက်မှု မရှိပါဘူးလို့ ပြောဆိုကြောင်း ဧရာဝတီ အင်္ဂလိပ်ပိုင်းသတင်းတပုဒ် KIA Officer Denies Report of Rohingya Training in Kachin Rebel Area မှာ ရေးထားပါတယ်။

အနည်းငယ် ကောက်နုတ်ရရင်တော့
ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့အစည်းကို KIA ထိန်းချုပ်နယ်မြေမှာ လှုပ်ရှားခွင့်ပြုရေး တောင်းဆိုတာကို စကားဝိုင်းမှာ ကြားရပါမယ်။

ဒီကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး စဉ်းစားမယ်၊ အကြောင်းပြန်မယ် ဆိုပြီး KIA အရာရှိက တုန့်ပြန်ပါတယ်။
ဒီစကားဝိုင်းမှာ အဓိက စကားပြောသူ ၂ ဦးကို ဧရာဝတီက ဒီကနေ့ ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
၂ ဘက်စလုံးကတော့ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ အကြောင်းပြန်ကြပါတယ်။
Burmese Rohingya Association of Thailand အဖွဲ့ ခေါင်းဆောင် မောင်ကျော်နုက သူတို့အနေနဲ့ ငြိမ်းချမ်းစွာ အဖြေရှာတဲ့နည်းလမ်းကို လိုလားတယ်၊ 

ဒီနည်း အလုပ်မဖြစ်ရင်တော့ လက်နက်ကိုင်တော်လှန်ရေးအတွက် KIA နယ်မြေကို သွားကောင်း သွားမယ် လို့ ဆိုပါတယ်။



ဧရာဝတီ

Tuesday, September 09, 2014

အိုစမာဘင်လာဒင်အား ပစ်ခတ်စဉ်က ၀တ်ဆင်ခဲ့သည့် US Navy SEAL တပ်ဖွဲ့ဝင်၏ အင်္ကျီအား ၉/၁၁ အမှတ်တရပြတိုက်တွင် ပြသ

Posted by Unknown Tuesday, September 09, 2014, under | No comments


၂၀၁၁ ခုနှစ်အတွင်းက ပါကစ္စတန်နိုင်ငံ၊ အဘာ့တာ ဘတ်အရပ်ရှိ အိမ်တစ်လုံးသို့ US Navy SEAL တပ်ဖွဲ့က ၀င်ရောက်စီးနင်းခဲ့ပြီး အယ်လ်ခိုင်ဒါခေါင်းဆောင် အိုစမာဘင်လာဒင်အား ပစ်ခတ်ခဲ့သည့် တပ်ဖွဲ့ဝင်၏ အင်္ကျီအား ၉/၁၁ အမှတ်တရပြတိုက်တွင် ပြသလိုက်ကြောင်း သိရသည်။


အဆိုပါ Navy SEAL တပ်ဖွဲ့ဝင်သည် အိုစမာဘင်လာဒင်အား သေနတ်ဖြင့် သုံးချက်ပစ်ခတ်ခဲ့စဉ်က ယင်းအင်္ကျီကို ၀တ်ဆင်ထားခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးအတွက် ၎င်း၏ အမည်အား ထုတ်ဖော် ပြောကြားခဲ့ခြင်းမရှိသကဲ့သို့ ယခုပြသထား သည့် အင်္ကျီတွင်လည်း အမည်အား ရေးသားထားခြင်းမရှိပေ။

အဆိုပါအင်္ကျီအား ပြတိုက်တွင် ထားရေးအတွက် ကြားဝင်ဆောင်ရွက်ပေးခဲ့သူ လွှတ်တော်အမတ် ကာရိုလင်းမာရိုနေက “အကြမ်းဖက်နှိမ်နှင်းရေး စစ်ပွဲတွေ အတွက် အသက်တွေကို ရင်းနှီးမြှုပ်နှံထားတဲ့ အမျိုးသား၊အမျိုးသမီးတွေရဲ့ သတ္တိတွေကို ဂုဏ်ပြုပြီး ၉/၁၁ တိုက်ခိုက်ခံရမှုကို အမှတ်တရ ရှိစေဖို့အ တွက် Seal Team Six တပ်ဖွဲ့ဝင်က သူ့အင်္ကျီကို ပြတိုက်အတွက် လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

Ref:India Today

အိမ်အကူကိုနှိပ်စက်သည့် ဆရာဝန်လင်မယားအား ကျန်းမာရေးဝန်ကြီးဌာနကပါ စစ်ဆေးသွားမည်

Posted by Unknown Tuesday, September 09, 2014, under | No comments


.
ဒဏ်ရာများဖြင့် မြင်တွေ့ရသော အသက် ၁၄ နှစ်အရွယ် အိမ်အကူမိန်းကလေး 
(ဓာတ်ပုံ −အောင်သစ်လွင်)

အိမ်အကူမိန်းကလေး မျက်နှာပျက်စီးသွားသည်အထိ ရိုက်နှက်သည်ဟု စွပ်စွဲခံထားရ သည့် ဆရာဝန်လင်မယားအား အ ရပ်ဘက် ဥပဒေအပြင် ကျန်းမာ ရေး ဝန်ကြီးဌာနကပါ စစ်ဆေး သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အဆိုပါဆရာဝန်နှစ်ဦးသည် လက်ရှိတွင် မြောက်ဥက္ကလာပဆေး ရုံတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဆရာဝန်များဖြစ်သည်ဟု အမှုစစ်ရဲအရာရှိက ပြောသည်။

‘‘စုံစမ်းစစ်ဆေးချက်အရ တော့ ဆရာဝန်နှစ်ဦးဆိုတာလည်း မှန်နေတယ်။ ဆရာဝန်ဆိုတဲ့အ တွက် သူ့ဌာနဆိုင်ရာနဲ့ ညှိနှိုင်းပြီး တော့ ခေါ်ယူစစ်ဆေးဖို့ ဆောင် ရွက်နေတယ်။ အဖြစ်မှန်ပေါ် အောင် ဖော်ထုတ်သွားမှာပါ’’ဟု ထောက်ကြန့်မြို့မရဲစခန်းမှ အမှု စစ် ရဲအရာရှိက ပြောသည်။


ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်မှလာ၍ အိမ်အကူ လုပ်သူ အသက်(၁၄)နှစ်အ ရွယ် မိန်းကလေး တစ်ဦးကို လက် ကျိုးအောင် ရိုက်နှက်ခဲ့သည့်အ ပြင် မျက်နှာပျက်စီးသည်အထိ နှိပ်စက်ခဲ့သည့် စွပ်စွဲချက်ဖြင့် အမှု ဖွင့်ခံထားရသူမှာ ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ် ပုလဲ (၃)ရပ်ကွက်တွင် နေထိုင်သည့် ဆရာဝန်လင်မယားနှင့် ၎င်းတို့၏ မိခင်အမျိုးသမီးကြီး ဖြစ်သည်။

၎င်းတို့သုံးဦးအား လက်နက် ဖြင့် အပြင်းအထန် နာကျင်စေမှု၊ ဒဏ်ရာရစေရန် အားပေးကူညီမှု ဥပဒေပုဒ်မ ၁၁၄/၃၂၅/၃၂၆ တို့ဖြင့် ထောက်ကြန့်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေခြင်းဖြစ်သည်။

အိမ်အကူမိန်းကလေးအား ရိုက်နှက်သောကြောင့် ရခဲ့သော ဒဏ်ရာများကို အိမ်ပေါ်မှ လိမ့်ကျ ၍ရသော ဒဏ်ရာဟု လိမ်ညာစေ ၍ ဆေးရုံ၌ ကုသစေကြောင်း ကာယကံရှင်မိန်းကလေး၏မိခင် ဒေါ်သိန်းသိန်းဝင်းက စွပ်စွဲထား ပြီး လွန်ခဲ့သည့် ၁၅ ရက်ခန့်က ဖြစ်သော အမှုကို ယခုမှ စစ်ဆေး နေရခြင်းဖြစ်သောကြောင့် အ သေးစိတ် စိစစ်နေရကြောင်း ထောက်ကြန့်မြို့မရဲစခန်းမှူး ရဲ အုပ် ဝင်းဌေးက ပြောသည်။

ရဲစခန်းတွင် အမှုမဖွင့်မီ အိမ်အကူပွဲစား၏ ညှိနှိုင်းမှုဖြင့် ရိုက် နှက်ခံရသည့် ကလေးငယ်၏မိခင် က လျော်ကြေးငွေ ကျပ် ၁၂ သိန်း ဖြင့် ကျေအေးထားခဲ့ပြီး ၁၅ ရက် ခန့်ကြာမှသာ ပြန်လည်အမှုဖွင့် ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။

ကျေအေးပေးခဲ့စဉ်က အိမ်အကူပွဲစားက ၎င်းအား အရွယ် မရောက်သေးသော သမီးဖြစ်သူ ကို အလုပ်လုပ်ခိုင်းသောကြောင့် ရဲက အရေးယူနိုင်ကြောင်း ခြိမ်း ခြောက်ကာ ထမင်းဆိုင်တစ်ဆိုင် တွင် ကျေအေးလက်မှတ် ထိုးစေ ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်သိန်းသိန်း ဝင်းက ပြောသည်။


7Day Daily

အွန်လိုင်းစနစ်အသုံးပြုရင်း ခင်မင်ရင်းနှီးရာမှတစ်ဆင့် မှုခင်းကျူးလွန်မှုဖြစ်စဉ်အဖြစ်များလာ

Posted by Unknown Tuesday, September 09, 2014, under | No comments

အွန်လိုင်းအသုံးပြုရင်း ခင်မင်ရင်းနှီးရာမှတစ်ဆင့် အပြင်လောကတွင် မှုခင်းကျူးလွန်ခံရမှုဖြစ်စဉ်များ ယခုနှစ်အတွင်းအဖြစ်များလာကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

အထူးသဖြင့် လူမှုကွန်ရက်ဖြစ်သည့် Facebook နှင့် အင်တာနက်ဆော့ဖ်ဝဲတစ်ခုဖြစ်သည့် Viber တို့မှတစ်ဆင့် ခင်မင်ရင်းနှီးရာမှ ငွေကြေးလိမ်လည်ခံရမှုများ၊ လိင်ပိုင်းဆိုင်ရာငေ့်ယှက်ခံရမှုများ၊ ပစ္စည်းလုယက်ခံရမှုများနှင့် အသတ်ခံရမှုများ ယခုနှစ်အတွင်း ဖြစ်ပွားခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

အွန်လိုင်းတွင် ခင်မင်ရင်းနှီးရာမှတစ်ဆင့် အိမ်သို့ညအိပ်လက်ခံခဲ့ရာ ရွှေငွေများအပါအ၀င် တန်ဖိုးကြီးပစ္စည်းများအခိုးခံရမှုဖြစ်စဉ်တစ်ခု သြဂုတ်လအတွင်းကဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၂၆ ရက်က ဒဂုံမြို့နယ်နေ ဦးရဲမြတ်အောင်သည် နေအိမ်၌ရှိနေစဉ် Facebook လူမှုကွန်ရက်တွင်သိကျွမ်းခဲ့သည့် ပေါလုလွင်ဆိုသူမှာ ညအိပ်တည်းခိုရန်ရောက်ရှိလာသဖြင့် စကားပြောဆိုခဲ့ပြီး နံနက် ၁ နာရီဝန်းကျင်တွင် အိပ်ရာဝင်ခဲ့ကြောင်း မှုခင်းစစ်ချက်တွင် ဖော်ပြထားသည်။

ယင်းနောက် နံနက် ၂ နာရီဝန်းကျင်ခန့်တွင်တရေးနိုး၍ ပေါလုလွင်ဆိုသူအားကြည့်ရှုရာ မတွေ့တော့ဘဲ စိန်ရွှေရတနာပစ္စည်း ၁၄ မျိုး၊ လက်ပတ်နာရီတစ်လုံး၊ ဆင်းမ်ကတ်ပါ အိုင်ဖုန်းတစ်လုံး၊ ငွေနှစ်သိန်းခွဲ၊ နိုင်ငံကူးလက်မှတ်အပါအ၀င် စုစုပေါင်းတန်ဖိုးကျပ် ၃၇၄၃၀၀၀၀ သိန်းမှာ ပျောက်ဆုံးနေသဖြင့် အရေးယူပေးပါရန် ဒဂုံမြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါပြစ်မှုကျူးလွန်သူ ပေါလုလွင် (ခ) ရဲရင့်ထွဋ်ခေါင်(ခ) ကျော်မင်းသီဟန် (ခ) ကောင်းကောင်းဆိုသူကို သြဂုတ် ၃၀ ရက်တွင် စမ်းချောင်းမြို့နယ်ရှိနေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းမှာ ယခင်ကခိုးမှုပြစ်ချက်ဟောင်းရှိသူတစ်ဦးဖြစ်ကြောင်း မှုခင်းစစ်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှရဲမှူး မြင့်ထွေးက "ဒီလိုမျိုးအင်တာနက်လူမှုကွန်ရက်ကနေတစ်ဆင့် မှုခင်းတွေကျူးလွန်ခံရမှုတွေမဖြစ်စေဖို့ ကျွန်တော်တို့မြို့နယ်တွေ ရပ်ကွက်တွေမှာ ပညာပေးဟောပြောမှုတွေပြုလုပ်နေပါတယ်။ ပြည်သူတွေက ဥပဒေကိုသိရှိနားလည်ဖို့နဲ့ အွန်လိုင်းပေါ်မှာ ဘယ်သူ့ကိုမှမယုံဖို့လိုအပ်ပါတယ်" ဟုဆိုသည်။

ပြီးခဲ့သည့် ဇွန်လပိုင်းကလည်း အင်တာနက်ဆော့ဖ်ဝဲ Viber မှတစ်ဆင့် ရင်းနှီးချစ်ကြိုက်ခဲ့သည့် အမျိုးသမီးတစ်ဦးမှာ အပြင်တွင်ချိန်းတွေ့ရာမှ လူသတ် ပစ္စည်းအလုခံရသည့် ဖြစ်စဉ်တစ်ရပ်လည်း ဖြစ်ပွားခဲ့သည်။

"ဒီလိုမျိုးတွေဖြစ်ပွားရတာက လူတစ်ဦးချင်းနဲ့ပဲဆိုင်ပါတယ်။ အယုံလွယ်တာကြောင့်လည်းပါတာပေါ့။ အွန်လိုင်းပေါ်မှာတွေ့ပြီးမှ ဖြစ်တာမဟုတ်ဘဲ အပြင်မှာဒီလိုကိစ္စတွေကရှိနေပါတယ်။ လူတွေရဲ့အသိဗဟုသုတတွေမြင့်တက်လာရင်တော့ ဒါမျိုးတွေကလျော့နည်းသွားမှာပါ။ ဒီလိုအကျူးလွန်ခံရတာတွေကို အွန်လိုင်းလူမှုကွန်ရက်ကြောင့် လူတွေသိတာ ပိုမြန်လာတာမျိုးလည်းရှိတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ဦးမင်းဦးက သုံးသပ်သည်။

ဇွန် ၁၃ ရက် ညနေ ၃ နာရီခွဲခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ မင်္ဂလာဒုံဥယျာဉ်ပန်းခြံအတွင်းရှိ ၀ါးရုံအောက်၌ ပုပ်ပွနေသည့် အမျိုးသမီးလူသေလောင်းတစ်လောင်းတွေ့ရှိသဖြင့် သက်ဆိုင်ရာက အင်းစိန်ဆေးရုံသို့ ပို့အပ်စစ်ဆေးစေခဲ့ကြောင်း သိရသည်။

ထို့နောက်သက်ဆိုင်ရာ ရဲတာဝန်ရှိသူများ ဆက်လက်စုံစမ်းရာသေဆုံးသူမှာ တိုးချဲ့(၃)ရပ်ကွက်၊ ထောက်ကြန့်၊ မင်္ဂလာဒုံမြို့ နယ်နေ ရန်ကုန်မြို့ထဲဈေးကြီးများမှ အ၀တ်အထည်များဝယ်ယူကာ တစ်ဆင့်ရောင်းချနေသော မ.......(၃၂) နှစ်ဖြစ်ကြောင်းနှင့် အခင်းမဖြစ်ခင် ဇွန် ၉ ရက် နံနက်ပိုင်းတွင် အ၀တ်ဝယ်မည်ဆိုကာ နေအိမ်မှထွက်သွားခြင်းဖြစ်ပြီး အသတ်ခံရသည့်အမျိုးသမီးနှင့် ပြစ်မှုကျူးလွန်သူ ဇာနည်ဆိုသူတို့မှာ Viber တွင်တွေ့ဆုံချစ်ကြိုက်ခဲ့ပြီး အသတ်ခံရကာ ပစ္စည်းများလုယက်ခံခဲ့ရခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

အဆိုပါပြစ်မှုကျူးလွန်သူ ဇာနည်ဆိုသူအား ဇူလိုင် ၂ ရက်က ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ စုံစမ်းသိရသည်။ ထိုသို့အွန်လိုင်းမှတစ်ဆင့် မှုခင်းကျူးလွန်သူအများစုမှာ အွန်လိုင်းအသုံးပြုမှု နုနယ်သေးသည့် မိန်းကလေး၊ အရွယ်မရောက်သေးသည့်ကလေးသူငယ်များကို အဓိကပစ်မှတ်ထား ကျူးလွန်တတ်ကြောင်း ဆိုက်ဘာလေ့လာသူတစ်ဦးကဆိုသည်။

Viber အသုံးပြုသူတစ်ဦးဖြစ်သူ အသက် ၂၂ နှစ်အရွယ်အမျိုးသမီးတစ်ဦးက "ကျွန်မဖုန်းနံပါတ်ဆီကို ဟိုတလောကဆိုရင် နံပါတ်စိမ်းဖုန်းနံပါတ်တွေနဲ့ အပြင်မှာတွေ့ချင်တယ်။ ခင်ချင်တယ်ဆိုပြီး လာပြောတယ်။ ဘာမှပြန်မပြောတော့ ညစ်ညမ်းစာတွေ၊ ပုံတွေပို့လာတာတွေရှိတယ်။ ရဲတိုင်ရင် အလုပ်ရှုပ်မှာဆိုးလို့ အဲ့ဒီနံပါတ်ကို Block လိုက်တယ်။ စိတ်အနှောင့်အယှက်ဖြစ်ရတယ်" ဟု ပြောကြားသည်။

Facebook အသုံးပြုသူတစ်ဦးဖြစ်သည့် မပြည့်ပြည့်ကျော်က "အွန်လိုင်းကနေသိပြီးတော့ အပြင်မှာ ငွေအလိမ်ခံရတဲ့ဖြစ်စဉ်တွေကြားဖူးပါတယ်။ ဒီလိုမျိုးအလိမ်ခံရတာကလည်း တော်တော်ကို ဗဟုသုတနည်းပါးတယ်လို့ ဆိုရပါမယ်။ ကိုယ်နဲ့မသိတဲ့လူတစ်ယောက်ကို အပြင်မှာယုံရဖို့ခဲယဉ်းတယ်။ ဘာပဲပြောပြော မိန်းကလေးတွေအနေနဲ့က ပိုသတိထားသင့်ပါတယ်" ဟုဆိုသည်။

အွန်လိုင်းမှ ညစ်ညမ်းစာများ၊ ပုံများဖြင့် တစ်စုံတစ်ဦးကို စိတ်အနှောင့်အယှက်ဖြစ်အောင်ပြုမူပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၂ ဖြင့် အမှုဖွင့်အရေးယူနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်ဇော်ကဆိုသည်။

"တကယ်လို့ အွန်လိုင်းကနေ တစ်စုံတစ်ဦးက ညစ်ညမ်းစာတို့၊ ရုပ်ပုံတို့နဲ့နှောင့်ယှက်ခဲ့မယ်ဆိုရင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၂ နဲ့ အမှုဖွင့်အရေးယူလို့ရတယ်" ဟု ၎င်းကပြောကြားသည်။


- Eleven

Monday, September 08, 2014

ငြိမ်းချမ်းရေးပန်းခင်းထဲက နိုဘယ်လ်ဆုရှင်လောင်းလျာများဆောင်းပါးရှင် မောင်မြင့်မောင် (မန္တလေး)သို့


တစ်နေ့က လူမှုကွန်ယက်မီဒီယာအချို့မှာ ဝေဖန်မှုတွေများနေတဲ့ ဆောင်းပါးရှင်
မောင်မြင့်မောင်(မန္တလေး)ဆိုသူရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်ဖတ်လိုက်ရတယ်။
ဆောင်းပါးခေါင်းစဉ်က ငြိမ်းချမ်းရေးပန်းခင်းထဲက နိုဘယ်လ်ဆုရှင် လောင်းလျာများတဲ့။

ဆောင်းပါး အနှစ်ချုပ်ကိုကြည့်မယ်ဆိုရင်
သမ္မတကြီးနဲ့ ဦးအောင်မင်းကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုရရှိသင့်တယ်။
အခုလက်ရှိ NLD နာယကလုပ်နေတဲ့ ဦးတင်ဦးသည် တစ်ချိန်က ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့တဲ့အတွက်အဲဒီခေတ်ကာလက သောင်းကျန်းမှု
နှိမ်နှင်းရေးတွေမှာ တာဝန်ရှိတယ်၊ တာဝန်ရှိသူဖြစ်တယ်။
တပ်မတော်သားတွေအနေနဲ့လည်း ပြည်သူကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့
သူပုန်တွေကို တိုက်ခိုက်နေတာဟာ အဓိပ္ပါယ်မရှိဘူး၊

လက်ရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပါအ၀င်၊ အငြိမ်းစားယူသွားတဲ့ ဗိုလ်ချုပ်ကြီးအားလုံးက ပြည်သူတွေကို ၀န်ချတောင်းပန်ရမယ်။
ဖက်ဒရယ်တပ်မတော်နဲ့ အလှည့်ကျကာကွယ်ရေး ဦးစီးချုပ်တွေက
နိုင်ငံတော်ရဲ့လုံခြုံရေး၊ ကာကွယ်ရေးနဲ့ ပြည်သူ့အကျိုးစီးပွားတွေကို ဆက်ပြီး
တာဝန်ယူရမယ်ဆိုပြီးဆိုးရွားစွာ ရေးသားထားတာကို တွေ့ရှိရမှာဖြစ်တယ်။
တစ်နည်းအားဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ လက်မခံနိုင်သည့် အရေးအသား။

တောထဲတောင်ထဲ၊ မိုးထဲရေထဲမှာ အပင်ပန်း အဆင်းရဲခံပြီး
သွားလာလှုပ်ရှားကာ နေ့မအိပ် ညမအိပ် တာဝန်ထမ်းဆောင်နေကြရသည့်
တပ်မတော်သားအားလုံးအား သိမ်းကြုံးစော်ကားလိုက်သည့် စကားဖြစ်သည်။ ယခုလိုအခြေအနေရောက်ရှိအောင်၊ တည်ငြိမ်အေးချမ်းမှုရှိအောင် ပြည်သူအများ
စိတ်လက်ချမ်းသာစွာဖြင့် လွတ်လပ်စွာသွားလာနိုင်အောင် လုပ်ဆောင်ပေးခဲ့သည်မှာ
တပ်မတော်ပင်ဖြစ်သည်။

ယနေ့ကဲ့သို့ အခြေအနေမျိုးရောက်အောင် တပ်မတော်အနေဖြင့် အသက်ပေါင်းများစွာ
စွန့်လွှတ်ကာ အနစ်နာခံခဲ့ကြရသည်။ ယခုကဲ့သို့ ရေးသားရဲသော
ဆောင်းပါးရှင်၏ ဦးဏှောက်ကိုလည်း တော်တော် အံ့သြမိသည်။

နောက်တစ်ခုက ဖယ်ဒရယ် တပ်မတော် ကိစ္စ။

ပြည်နယ်အလိုက် ဖယ်ဒရယ် ဖယ်ဒရယ် လို့ ပြောနေတဲ့သူတွေ၊ အလှည့်ကျ ကာကွယ်ရေးဦးစီးချုပ်လုပ်မယ်လို့ အရှက်မရှိပြောနေတဲ့သူတွေ
ဒါလေးဖြေကြည့်စမ်းပါ

၁)ကိုယ်ကလိုချင်တာလား ?

၂) ကိုယ့်ပြည်နယ်ကလိုချင်တာလား ?

၃)ကိုယ့်ပြည်နယ်ထဲက ဘယ် % ကလိုချင်တာလဲ ?

၎)ကိုယ့်ပြည်နယ်ထဲက ဘယ် % ကကိုယ့်ကို ဖယ်ဒရယ်တောင်းဖို့Mandate ပေးထားသလဲ ?

၅)ပေးထားတဲ့ Mandateကရော ပြည်နယ်အတွင်းနေတဲ့သူ အားလုံးကိုကိုယ်စားပြုရဲ့လား ?

၆)ကိုယ့်ပြည်နယ်ထဲက လူဦးရေအမှန်က ?

၇) ကိုယ့်ပြည်နယ်ထဲမှာရော ဖယ်ဒရယ် လိုချင်တာ/ မလိုချင်တာ မရှိနိုင်ဖူးလား ?

၈) ပြည်နယ်သူပြည်နယ်သားတွေရဲ့ဆန္ဒခံယူပြီးပြီလား ?


သေချာပါတယ်။ ဘယ်သူမှ ဖြေနိုင်မှာမဟုတ်ပါဘူး။

တကယ်တော့ စစ်သားဆိုတာ စစ်ပွဲတစ်ပွဲကို ခင်းကျင်းတိုက်ခိုက်ဖို့ သူကဦးဆောင်ပြီး
ဘယ်တော့မှ မဆုံးဖြတ်ပါဘူး၊ စစ်ပွဲရဲ့ အနိဌာရုံတွေကို ကိုယ်တိုင်တိုက်ရတဲ့
စစ်သားဟာ အသိဆုံးဖြစ်သည်။စစ်ပွဲနှင့်ပတ်သက်ပြီး
စစ်သားထက်ပိုမိုခံစားရသူသည်မရှိနိုင်ပါဘူး။
သို့သော်
War is Peace ဆိုတဲ့အတိုင်းအချို့သော အခြေအနေတွေမှာ ငြိမ်းချမ်းဖို့အတွက်
စစ်မတိုက်ချင်သော်လည်း တိုက်ကြရတယ်။ မြန်မာနိုင်ငံ ဒီနေ့ဒီလိုအခြေအနေနဲ့
ကမ္ဘာ့အလည်မှာ တည်တည်ငြိမ်ငြိမ်နဲ့ အသွင်ကူးပြောင်းနေနိုင်တာ
တပ်မတော်သားတွေရဲ့ အသက်သွေးချွေးပေါင်းများစွာ ပေးဆပ်ခဲ့ရပြီးမှ ဖြစ်လာတာပါ။
ဒါတွေကို တန်ဖိုးမထားရင်တောင် ကျေးဇူးကန်းရာ၊ စော်ကားရာ မဖြစ်စေသင့်ပါဘူး။

နိုင်ငံသားတိုင်းက နိုင်ငံတော်ကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်။
ဆောင်းပါးရှင် မောင်မြင့်မောင်(မန္တလေး) ကဲ့သို့ နိုင်ငံတော်ကို
ဖျက်လိုဖျက်ဆီးလုပ်နေတဲ့ သူတွေကိုလည်း ဘုံရန်သူအဖြစ်သာမြင်သင့်ပါတယ်။
အဆင့်အတန်းမရှိတဲ့ ရေးသားချက်များဖြင့်
အစိုးရအဖွဲ့အချင်းချင်း သွေးကွဲအောင်၊ တပ်မတော်ခေါင်းဆောင်များအား
ပြည်သူအများ အထင်မှား အမြင်မှားဖြစ်အောင် လုပ်ဆောင်နေခြင်းဟာ
တစ်မျိုးသားလုံး ထိခိုက်နေတယ်ဆိုတာကို သတိပြုရမှာဖြစ်တယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ အစိုးရကို ကြိုက်ခြင်း မကြိုက်ခြင်းထက်
နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာတည်တန့်ခိုင်မြဲရေးကို အလေးထားသင့်သလို၊
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကိုပဲ ဦးတည်သင့်ပါတယ်။

နိုင်ငံသူနိုင်ငံသားအားလုံး၏ အမျိုးသားရေးတာဝန်သည် အေးချမ်းသာယာပြီး
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံသစ်တည်ဆောက်ရေးတာဝန်ဖြစ်သည်။

ဒီလို အနာဂါတ်နိုင်ငံတော်ကို ပုံဖော်နေတဲ့နေရာမှာ တပ်မတော်ရဲ့ရပ်တည်ချက်ကတော့
အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ခြင်း ဖြစ်မည်ဆိုတာကတော့ အငြင်းပွားဖွယ်ရာပင်မလိုပေ။

မည်သူတို့ မည်သို့ပင် သွေးထိုးလှုံ့ဆော်နေကြပစေ တပ်မတော်ကတော့ စစ်တိုက်ရန်၊ စစ်တိုက်ရန်မရှိကလေ့ကျင့်ရန်၊စစ်တိုက်ရန်နှင့် လေ့ကျင့်ရန်မရှိက ပြည်သူ့အကျိုးပြုလုပ်ငန်းများ
ကို လုပ်ဆောင်ရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် ဆိုသည့်အတိုင်း ကျရာနေရာမှ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် မိမိတို့အသက်ကိုပင်ပဓာနမထားပဲ ဦးလည်မသုန်ထမ်းရွက်သွားမည်မှာ ကမ္ဘာတည်သရွေ့ ရှိနေဦးမည့် တပ်မတော်သားတို့၏ သစ္စာအဓိဌာန်ပင်ဖြစ်တော့သည်....။

တပ်မတော် ထိပ်ပိုင်းရာထူးများ အပြောင်းအလဲပြုလုပ်

Posted by Unknown Monday, September 08, 2014, under | No comments


နေပြည်တော် စက်တင်ဘာ ၈

ယနေ့နံနက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးအခြေစိုက်ရာ နေပြည်တော်တွင်
တပ်မတော် ထိပ်ပိုင်းရာထူးကြီးအချို့ အပြောင်းအလဲပြုလုပ်ခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရှိရသည်။

စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ကို စစ်ဆင်ရေးအထူးအဖွဲ့မှူးအနေဖြင့်
တိုးမြှင့်တာဝန်ပေးအပ်လိုက်ပြီး စရဖချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ကိုလည်း
စစ်ဦးစီးအရာရှိချုပ် (ကြည်း) နှင့် စစ်ဆင်ရေးအထူးအဖွဲ့မှူးအနေဖြင့်
တိုးမြှင့်တာဝန်ပေးအပ်လိုက်ကြောင်းသိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး မြတ်ထွန်းဦး ကို စရဖချုပ်နှင့် စစ်ဆင်ရေးအထူးအဖွဲ့မှူးအနေဖြင့်
ပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်း သိရသည်။

ရန်ကုန်စစ်တိုင်းမှူးတာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ် ဆန်းဦးကို စစ်ရေးချုပ်အဖြစ်
တိုးမြှင့်ခန့်အပ်ပြီး နေပြည်တော်သို့ ပြောင်းရွှေ့လိုက်ကြောင်းသိရသည်။

အလားတူ မြောက်ပိုင်းစစ်တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်ကို ရန်ကုန်စစ်တိုင်းမှူးအဖြစ်
ပြောင်းရွှေ့ခဲ့ပြီး မြောက်ပိုင်းစစ်တိုင်းမှူးနေရာအား ဗိုလ်ချုပ် ၀င်းဘိုရှိန်အား ခန့်အပ်လိုက်ကြောင်း
သိရှိရသည်။


ရုရှကို အင်အားပြရန် နေတိုးအဖွဲ့ စစ်ရေးလေ့ကျင့်

Posted by drmyochit Monday, September 08, 2014, under | No comments

ရီဂါ၊ စက်တင်ဘာ ၇။ အင်အား၊ အာဏာပြင်းထန်သော ရုရှကို ရင်ဆိုင်နေရသည့် နေတိုးအဖွဲ့ဝင် ဘော်လ်တစ်နိုင်ငံများကို ကာ ကွယ်ရန် နေတိုးခေါင်းဆောင် များ ၏ ကတိက၀တ်ကို လက်တွေ့ အကောင်အထည်ပြ သိသာစေခြင်းအနေ ဖြင့် လပ်ဗီးယားတွင် စက်တင်ဘာလ ၇ ရက်က အထူးစစ်ရေးလေ့ကျင့်မှု ကို နေတိုးက ပြုလုပ်ခဲ့သည်ဟု ရိုက်တာသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

ဝေလနယ်တွင် ပြုလုပ်သော စက်တင်ဘာလ ၆ ရက် နေတိုးအစည်းအဝေးတွင် တန်ပြန်တပ်ဖွဲ့ ဖွဲ့စည်း ရေးနှင့် ယူကရိန်းရှိ ရုရှ၏အပြုအမှုကို တုံ့ပြန်သည့် အနေဖြင့် အရှေ့ဥရောပတွင် စစ်ရေးလေ့ကျင့်မှုပြုလုပ် ရန် သဘောတူခဲ့ကြသည်။

ရုရှသမ္မတ ဗလာဒီမာပူတင်၏ ကရိုင်းမီးယားကို ၀င်သိမ်းခဲ့ချိန်တွင် ရုရှားဘာသာစကား ပြောဆိုကြသူများ ကို အားယူသွားခဲ့သည့် အတွက်ကြောင့် ဘောလ် တစ်ဒေသရှိ စကားအနည်းငယ် အသုံးပြုသော နိုင်ငံများ ကို လည်း တိုက်ခိုက်မှု ပြုလာမည်ကို ဘောတစ် မဟာမိတ်များက စိုးရိမ်နေသည်။ ပဋိပက္ခ အခြေနေ ကြုံတွေ့နေ သည့် အခြားတစ်နိုင်ငံသို့ နေတိုးစစ်သားနှင့် စစ်လက်နက်ပစ္စည်းများ ဖြန့် ကြက်ပုံစံမျိုးဖြင့် Steadfast Javelin စစ်ရေးလေ့ကျင့်မှုကို လပ်ဗီးယားတွင် ပြုလုပ်မည်ဖြစ်ပြီး မြို့တော်ရီဂါ မှ ၃၅ မိုင်ကွာရှိ လီအေဗာဒီ လေဆိပ်သို့ စက်တင်ဘာလ ၆ ရက်ညက လေထီး စစ်သား ၅၀၀ ခန့် စတင် ဆင်းသက်ခဲ့သည်။

နိုင်ငံပေါင်း ကိုးနိုင်ငံမှ စစ်သား စုစုပေါင်း ၂,၀၀၀ က ဂျာမနီ၊ အက်စတိုနီးယား၊ လက်ဗီးယား လစ်သူရေး နီးယားနှင့် ပိုလန် နိုင်ငံတစ်လျောက် စစ်ရေးလေ့ ကျင့်မှုကို စက်တင်ဘာ ၂ ရက်မှ ၈ ရက်အထိ လုပ်ဆောင် နေကြခြင်း ဖြစ်သည်။“ကျွန်တော်တို့က အကာအကွယ်ပေး နိုင်တယ် လို့ ပြည်သူတွေရဲ့ စိတ်ထဲ ယုံကြည်မှု ရစေချင်လို့ပါ” ဟု နယ်သာလန်နိုင်ငံ ဘရန်ဆန်းရှိ နေတိုးစစ်ဌာနရုံးမှ တပ်မှူး ဗိုလ်ချုပ်လော့သာဒွမ်ရို့စ်က ပြောသည်။

“နေတိုးကို ထိပါး ခြိမ်းခြောက် ချင်သူတွေ သေချာသိသွားစေချင်တယ်။ နေတိုး က ပြည်သူတွေကို အမြဲတမ်း အကာအကွယ် ပေးသွားမယ်ဆိုတာ” ဟူ၍လည်း ရီဂါတွင် သတင်းထောက်များကို ဒွမ်ရို့စ်က ပြောခဲ့သည်။

Ref: Reuters

မေမြတ်နိုးကို ရဲတိုင်ပြီးအရေးယူမည်ဟု Miss Asia Pacific World ကော်မတီ သတိပေး

Posted by Unknown Monday, September 08, 2014, under | No comments


ကိုရီးယားနိုင်ငံ Miss Asia Pacific World ကော်မတီက မြန်မာအလှမယ်မေမြတ်နိုးကို လိမ် ညာမှုများအတွက် ကိုရီးယားနှင့် မြန်မာရဲတပ်ဖွဲ့များထံသို့ ရာဇ၀တ်မှုနှင့် အရေးယူရန် တောင်းဆိုသွားမည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

ကိုရီးယား အော်ဘဇာဘာ သတင်းစာတွင် စက်တင်ဘာ ၆ ရက် ဖော်ပြထားသော အဆိုပါအဖွဲ့အစည်း၏ ကြေညာ ချက်၌ ယင်းကဲ့သို့ ရေးသားထား ခြင်းဖြစ်သည်။ ထိုကြေညာ ချက်တွင် မေမြတ်နိုးအား အချက် သုံးချက်ကြောင့် မယ်ပွဲဆုရှင် အဖြစ်မှ ဖယ်ရှားခဲ့ရသည်ဟု ဆို သည်။

အဆိုပါအချက်များတွင် အ ဆက်မပြတ်လိမ်ညာမှုများ၊ မိခင်ကို သုံးလနေထိုင်ခွင့်မပြုပါလျှင် သူကပါ သူ၏တိုင်းပြည်သို့ ပြန် မည်ဆိုသည့် ရိုင်းပျသော တစ် ကိုယ်ကောင်းဆန်သော အပြုအမူနှင့် ကော်မတီ၏စကားကို နား မထောင်ခြင်း စသည်တို့ဖြစ်သည်ဟု ကိုရီးယားနိုင်ငံ Miss Asia Pacific World ကော်မတီက ထောက်ပြထားသည်။

ထို့အပြင်မေမြတ်နိုးကို နိုင်ငံ တကာယဉ်ကျေးမှုမသိသူ နိုင်ငံ ကြီးသား မပီသသူ၊ ယဉ်ကျေးမှု ချင်းခြားနားချက်ကို မကျော်လွှား နိုင်ခြင်းဖြင့် ကိုရီးယားနိုင်ငံယဉ် ကျေးမှုကို လိုက်မမီသူအဖြစ် လည်း ၎င်းတို့က စွပ်စွဲထားသည်။ ကော်မတီက မေမြတ်နိုး၏ ကိုရီးယားခရီးစဉ်နှင့် ပတ်သက်၍သြဂုတ် ၁၉ ရက်မှ ၂၇ ရက်ထိအသေးစိတ်ထုတ်ပြန်ခဲ့ပြီး၊ သူမက ရင်သားခွဲစိတ်မှုမပြုခဲ့သည်ဆိုသော်လည်း သြဂုတ် ၂၀ တွင် ခွဲစိတ်ခဲ့ကာ သြဂုတ် ၂၃ အထိ ဆေးရုံတွင်ရှိခဲ့ကြောင်း ဖော်ပြထားသည်။ သြဂုတ် ၂၉ တွင် မေမြတ်နိုးနှင့် ကော်မတီ ထိပ်တိုက်တွေ့ကာ သြဂုတ် ၂၅ ရက်တွင်ဆေးရုံက ဆင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတကာ သတင်းဌာနများက သူတို့ ကော်မတီနှင့် မေးမြန်းပြီး အခြေအနေမှန်ကို သိရှိသော်လည်း မြန်မာပြည်က သတင်းမီဒီယာများသည် စက် တင်ဘာ ၂ ရက်က အလှမယ် မေ မြတ်နိုးပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲကိုသာ အခြေခံပြီးရေး သားထားသည်ဟု ဆိုသည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်ရေး အခြေခံရေးသားထားသော သတင်းမီဒီ ယာများသည် မြန်မာနှင့် ကိုရီး ယားနှစ်နိုင်ငံလုံး၏ ပုံရိပ်ကို ဖျက် ဆီးနေသည်ဟု ကိုရီးယားနိုင်ငံ Miss Asia Pacific World ကော် မတီက စွပ်စွဲပြောကြားသည်။ မေမြတ်နိုးကို အဆိုပါကြေညာချက်နှင့်ပတ်သက်၍ 7Day Daily က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဖုန်းကိုင်ခြင်းမရှိပေ။

စက်တင်ဘာ ၂ ရက်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် Miss Asia Pacific Worldကော်မတီသည် တစ်ကိုယ်လုံးခွဲစိတ်ရန် ပြောဆိုပြီး၊ လုပ်ငန်းရှင်များကိုဖျော်ဖြေရန် ပြောခဲ့ကြောင်းမေမြတ်နိုးက ပြောကြားခဲ့သည်။

ဘီဘီစီနှင့် တခြားသတင်း မီဒီယာများတွင် ဖော်ပြခဲ့သော သတင်းများအရ ကိုရီးယားနိုင်ငံ Miss Asia Pacific World ကော် မတီသည် တခြား နိုင်ငံတကာ အလှမယ်များနှင့် အလားတူပြ ဿနာများရှိခဲ့သည့် အဖွဲ့အစည်းဖြစ်ပါသည်။ ယူကျူ့ဘ်ဗီဒီယိုတွင် လည်း အဆိုပါအဖွဲ့အစည်းနှင့် နိုင်ငံတကာမယ်များ ပြိုင်ပွဲတွင် မရိုးသားမှုကြောင့် စကားများ ငြင်းခုံနေကြသည့် ဗီဒီယိုဖိုင်ကို လည်း တွေ့ရသည်။ မယ်ဆု ပြိုင်ပွဲဆိုသော်လည်း ဆုငွေပေး ခြင်းမရှိဘဲ ဆုရသူမယ်ကို အဆို တော် မင်းသမီးဖျော်ဖြေသူ ဖြစ် အောင်သာ စပွန်ဆာအဖွဲ့အစည်း များဖြင့် ကူညီပေးလေ့ရှိပါသည် ဟု သူတို့၏ ထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားပါသည်။

ကိုရီးယားနိုင်ငံတွင် သရုပ် ဆောင်များ၊ မော်ဒယ်များ၊ မင်း သမီးများကို သူတို့၏အဖွဲ့အစည်း များ၊ မန်နေဂျာများက လုပ်ငန်း ရှင်များဖြင့် ဖိအားပေးပြီး ဖျော်ဖြေခိုင်းသည်မှာ ထုံးစံဖြစ်သည်။

မြန်မာပရိသတ်များသိရှိကြ သည့် နာမည်ကျော်ကိုရီးယား မင်းသမီး Jang-Ja-Yeon သည် ထိုကဲ့သို့ ပြဿနာများကြောင့် ၂၀၀၉ ခုနှစ် မတ်လ ၂၉ ရက် တွင် ကိုယ့်ကိုယ့်ကိုယ် သတ်သေခဲ့သည်။ သူသည် ကိုရီးယားလုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများကလုပ်ငန်းရှင်များနှင့် ဖျော်ဖြေရန် ဖိအားပေးခံရမှုကြောင့် စိတ်ဓာတ်ကျကာ သတ်သေခြင်းဖြစ်သည်ဟု ကိုရီးယားသတင်းဌာနများက ရေးသားဖော်ပြခဲ့ဖူးပါသည်။

Sunday, September 07, 2014

တောင်အာရှ ရေလွှမ်းမိုးမှုဘေးဒုက္ခ

မုတ်သုန်မိုးနဲ့ နောက်ဆက်တွဲ ရေကျော်၊ ရေလွှမ်းမိုးမှုတွေက ပါကစ္စတန်မြောက်ပိုင်းနဲ့ အိန္ဒိယနိုင်ငံအတွင်း ဒေသအတော်များများမှာ ရင်ဆိုင်နေရပြီး လတ်တလောအချိန်အထိ ဒီ ရေဘေးဒုက္ခအတွင်း လူပေါင်း ၃၀၀ ကျော် သေဆုံးပြီးဖြစ်သလို ရာနဲ့ချီပြီးတော့ ဒဏ်ရာအနာတရဖြစ်မှုတွေနဲ့ ထောင်ချီပြီး အိုးအိမ်မဲ့သူတွေ လည်းရှိလာနေပါတယ်။














VOA Burmese

အနုပညာကြေးနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ ဘယ်လောက်ဆိုပြီး ဈေးမခေါ်ဖူးဘူးလို့ ဖွင့်လိုက်တဲ့ ဖူးပွင့်သခင်

Posted by drmyochit Sunday, September 07, 2014, under | 1 comment

အကယ်ဒမီ ဗန်းကိုင်မှတစ်ဆင့် အနုပညာလောကထဲ ဆင့်ကာဆင့်ကာ ၀င်ရောက်ခဲ့ပြီး ဇာတ်ကားတွေ တော်တော်များများမှာ ခေါင်းဆောင်မင်းသမီးနေရာကနေ ရိုက်လာရတဲ့ ဖူးပွင့်သခင် က အနုပညာပျိုးခင်းမှာလဲ ၀င်ပြိုင်ထားတယ်လို့ သိရပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး သူမကတော့ “အနုပညာပျိုးခင်း ကဖောင်တော့တင်ထားပါတယ်။ သူများတွေက သွားတင်လို့ ပြောတာနဲ့တင်တော့ တင်ထားကြည့်တယ်။ ကံပေါ့နော်”တဲ့။
ကာရိုက်တာရွေးချယ်တဲ့အပိုင်း၊ ဇာတ်ကားလက်ခံရိုက်ကူးရေးပိုင်းကိုတော့ “ကိုယ်လဲအသစ်ကနေ လာရတာပဲဆိုတော့ တတ်နိုင်သမျှ ဇာတ်ကောင်းပြီးကိုယ်လဲလုပ်ကွက်ရမယ်ဆိုရင်တော့ ညီမ ရိုက်ပါတယ်။ ခုခေတ်က မင်းသားစွဲလဲ မရှိတော့ဘူး။ အသစ်လဲ အားပေးကြတော့ ကိုယ့်အတွက် လုပ်ကွက်ရမယ်ဆို ဘယ်မင်းသားနဲ့မဆို ညီမ ရိုက်မှာပါ။ ကိုယ်ကိုယ်တိုင်ကတော့ ကားတိုင်းမှာ အကောင်းဆုံးနဲ့ အမှားအနည်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ သရုပ်ဆောင်ဆိုတာ အပြင်မှာ ဖြစ်နေတဲ့ဟာတွေ အားလုံးကို လေ့လာထားရတယ်။ ကိုယ်ကျရာ ဇာတ်ရုပ်ကို အရုပ်ရယ် အ၀တ်အစား ဆင်ယင်မှု အိုက်တင်ပိုင်းရောအကုန်လုံးကို perfect ဖြစ်အောင်လုပ်ရတာပေါ့နော်။ အဓိက အ၀တ်အစားက၂၅ ရာခိုင်နှုန်းပါတယ်။ အိုက်တင်ပိုင်းကတော့ ၇၅ ရာခိုင်နှုန်း ပါမယ်လို့ ညီမကတော့ထင်တယ်။”လို့ သူမက ပြောပါတယ်။
တက်သစ်စ မင်းသမီးတစ်ယောက်ရဲ့အနုပညာကြေးနဲ့ပတ်သတ်ပြီးတော့လဲ သူမက “ညီမ စရိုက်ကတည်းက ဘယ်ရွေ့ ဘယ်မျှ မသတ်မှတ်ထားဘူး။ ကိုယ့်လုပ်ရည်ကိုင်ရည်ကို ပရိသတ်ကပဲ ဝေဖန်ပေးမယ်။ ပရိသတ်ကပဲ ဒီကောင်မလေးက ဘယ်လောက်ထိ ပေးဆပ်ထားလဲ ဘယ်လောက်ထိ တန်လဲဆိုတာ အမှတ်ပေးပါလိမ့်မယ်။ ကိုယ့်ကိုကိုယ် ငါကတော့ ဘယ်လောက်တန်တယ် ဆိုပြီး ဈေးခေါ်ရအောင် ညီမတို့ကကုန်ပစ္စည်းလဲ မဟုတ်ဘူး။ ဈေးသည်တွေလဲ မဟုတ်ဘူး။ ကိုယ့်ရဲ့ကြိုးစားမှု အပေါ်ပဲ ဆုံးဖြတ်တယ်။ ညီမစရိုက်ကတည်းက ကုမ္ပဏီကပဲ စညှိပေးတာ။ သူတို့ပြောတဲ့အတိုင်းပဲ ညီမယူတယ်။ ခင်တဲ့သူကျတော့လဲ ခင်တဲ့သူအလျောက်ပေါ့။ အတတ်နိုင်ဆုံးတော့ ညီမ ဈေးဘယ်တော့မှ စမခေါ်ပါဘူး။ ကိုယ့်ရဲ့ကြိုးစားမှုကိုပဲ အဓိကထားတယ်။ ပိုက်ဆံကတော့ လူတိုင်း လိုချင်တာပေါ့နော်။ များများလိုချင်ရင် ကိုယ့်ရဲ့ကြိုးစားမှုကို များများ ထားရမယ်။ ငါကတော့ ဒီဈေးတန်တယ်ပြောပြီးမှ ကိုယ့်ဖက်က ဘာမှမလုပ်ပေးနိုင်ရင် ကိုယ်က အလကားသက်သက် ပိုက်ဆံယူနေသလိုဖြစ်မှာစိုးလို့ ညီမကိုယ်ညီမ ဈေးကို မသတ်မှတ်ထားပါဘူး”တဲ့။

ခင်ဆွေသက်

Trend Myanmar





















တာချီလိတ် စစ်ဗျူဟာမှူး ဦးဆောင်သည့် တပ်မတော်သားများမှ ရေဘေး ကူညီ

Posted by drmyochit Sunday, September 07, 2014, under | No comments

၂၀၁၄ခုနှစ် စက်တင်ဘာလ(၆)ရက်နေ့ နံနက်ပိုင်းက မိုးကြီးစွာ ရွာသွန်းမှုနှင့်အတူ တောင်ကျရေများကြောင့် သော်လည်းကောင်း၊ နေအိမ်များ တိုးချဲ့ဆောက်လုပ်မှုတို့တွင် ရေစီးလမ်းကြောင်းများဖြစ်သည့် ချောင်းများ၊ မြောင်းများအား  မြေခိုးကာရံပိတ်ဆို့သည့် လောဘဇောများကြောင့် သော်လည်းကောင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာ ယခုအကြိမ်သည် တာချီလိတ်မြို့၏ အဆိုးရွားဆုံး ရေကြီးမှုအဖြစ် ဖြစ်ပေါ်ခဲ့ပြီး မြို့ပေါ်(၉)ရပ်ကွက်တို့ရှိ ပြည်သူလူထုမှာ ရေကြီးရေလျှံမှု ဒဏ်ကို ခံစားခဲ့ရသည်။

ရေကြီးရေလျှံမှုကြောင့် အဆိုးရွားဆုံးအဖြစ် ပုန်းထွန်ရပ်ကွက် နှင့် တာလော့ရပ်ကွက်တို့တွင် ရွံ့နွံများ၊ နုန်းများ နှင့် အမှိုက်များ တင်ကျန်နေခဲ့သည့်အတွက် ယနေ့ စက်တင်ဘာလ(၇)ရက်နေ့ နံနက်ပိုင်းတွင်  စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦး ဦးဆောင်သည့် တာချီလိတ်တပ်နယ်မှ တပ်မတော်သားများသည် ထိုင်း - မြန်မာ နှစ်နိုင်ငံ မယ်ဆိုင်ချောင်းဘေးရှိ ရွှေနန်းတော်ကုန်တိုက်၏ နယ်နိမိတ် နှင့် ခရိုင်လ၀ကရုံးအတွင်းတို့တွင် တင်ကျန်နေသော  ရွံ့နွံများ၊ နုန်းများ နှင့် အမှိုက်များကို ရှင်းလင်းဖယ်ရှားပေးခြင်း၊ ရေများဖြင့် ဆေးကြောခြင်းတို့ကို တက်ကြွစွာ ဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ စစ်ဗျူဟာမှူးဦးဆောင်သည့် တပ်မတော်သားများသည်  ရွှေနန်းတော်ကုန်တိုက်အတွင်း၌ တင်ကျန်နေသော မယ်ဆိုင်ချောင်းမှတဆင့် မျှောပါလာသည့် အမှိုက်များ၊ သစ်တုံးများ၊ အသုံးပြု၍ မရတော့သည့် လူသုံးကုန်ပစ္စည်းများအား အားကြိုးမာန်တက် ရှင်းလင်းဖယ်ရှားခြင်း၊ ကုန်တိုက်အတွင်း ၀င်ရောက်နေသော ရွံ့နွံများ ဖယ်ရှားပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

"ဗျူဟာမှူးကြီး ဦးဆောင်တဲ့ တပ်မတော်သားတွေ အခုလို လာကူညီတာ တကယ်ကျေးဇူးတင်တယ်၊ သူတို့သာ လာကူညီပြီး ရွံ့နွံတွေ မဖယ်ရှားပေးရင် ကျွန်မတို့တော့ တကယ်ကို မသက်သာဘူး၊ အခု ရေကြီးရေလျှံတာက အရင်ကလိုမဟုတ်ဘူး၊ တော်တော်ရှင်းလိုက်ရတယ်၊ အခုလို ပြည်သူကြားထဲ ထဲထဲဝင်ဝင် အခုလို ကူညီတာ မြင်ရတော့ တကယ်ကို ၀မ်းသာပီတိဖြစ်မိတယ်"ဟု ရွှေနန်းတော်ကုန်တိုက်မှ အရောင်းတာဝန်ခံ အမျိုးသမီးတစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

တဆက်တည်းမှာပင် အဆိုပါအဖွဲ့သည် တာချီလိတ်ခရိုင်လ၀ကရုံးအတွင်း၌ တင်ကျန်နေသော ရွံ့နွံများ၊ နုန်းများ နှင့် အမှိုက်များအား ရှင်းလင်းဖယ်ရှားပေးခြင်း၊ လူသုံးကုန်ပစ္စည်းများအား ရွှေ့ပြောင်းပေးခြင်းတို့ကို တက်ကြွစွာ ဆောင်ရွက်ခဲ့ကြသည်။


မယ်ဆိုင်ချောင်းတလျှောက် ချောင်းရေမြှင့်တက်မှုကြောင့် အမှတ်(၁)ချစ်ကြည်ရေးတံတား၏ တံတား ယက်မကျော်အထိ ရေမြင့်တက်လာခဲ့သလို ရေကြီးမှုအရှိန်အဟုန်ကြောင့် သစ်လုံးကြီးများမှာ အဆိုပါ တံတားအား အားပြင်းစွာ ဆောင့်မှုများကြောင့် တံတားကျိုးမည်ကို စိုးရိမ်၍ မြန်မာဘက်မှ  စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦး နှင့် ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးတို့အပါအ၀င် သက်ဆိုင်ရာ ဌာနဆိုင်ရာများ နှင့် ထိုင်းနိုင်ငံဘက်မှ ရေတပ်၊ ထိုင်း TBC အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ ညှိနှိုင်း၍  တံတားအား အချိန်(၃)နာရီကျော် ခေတ္တပိတ်ထားကာ ထိုင်းနိုင်ငံမှ ဘက်ဟိုးဖြင့် တံတား၌ခံနေသော သစ်လုံးများ၊ သစ်ကိုင်းများ စသည်တို့ကို ရှင်းလင်းဖယ်ရှားခဲ့ရကြောင်း သိရသည်။

သတင်း။   ။ ကိုဇောင်း
Tachileik Online News


































































Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်