Wednesday, September 17, 2014

ဟစ်တလာတံဆိပ်ထက်ပိုမုန်းလို့ ကန့်ကွက်ပါသည်

Posted by drmyochit Wednesday, September 17, 2014, under | 1 comment


 စက်တင်ဘာလ၉ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာပါတဲ့ ကြေညာချက်တစ်ခုကြောင့်
 တော်တော် ဒေါသဖြစ်မိပါတယ်။ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်ပါတီ ရဲ့ ကြေညာချက်ကြောင့်ပါ။ သူတို့ပါတီရဲ့ တံဆိပ်ကို ပြောင်းလဲအသုံးပြုမယ့်အကြောင်း တံဆိပ်ပုံစံနမူနာနဲ့ဖေါ်ပြထားတာပါ။ အဲဒီတံဆပ်ကို ­­­ သူတို့ပြောင်းသုံးမယ်။ ကန့်ကွက် ချင်တဲ့သူ ကန့်ကွက်ကြ။ အထောက်အထားခိုင်လုံရင် ကန့်ကွက်ကြတဲ့။ ဒီတံဆိပ်ကြီးကိုတော့ ကန့်ကွက်ရမယ်ဗျာ။ ဟုတ်တယ် ကျွန်တော်တို့ ကန့်ကွက်ပါတယ်ဗျာ။

ပါတီတံဆိပ်ကိုကြည့်လိုက်တော့ ကေအိုင်အေ အငွေ့အသက်က ရာနှုန်းပြည့်ပါနေတယ်။ ကေအိုင်အေတံဆိပ်ကို နားလှည့်ပါးလှည့်နဲ့ ဘယ် ဘက်ထောင့်မှာ ကြယ်ဖြူလေးတစ်လုံးတင်ထားတာ။ ကေအိုင်အေတံဆိပ် က အနီရောင်နဲ့ အစိမ်းရောင်အောက်ခံမှာ ဓါးမတိုနှစ်ချောင်းကို ကြက်ခြေ ခတ်ထားတာ။ နောက်ခံအရောင်တွေက ငြိမ်းချမ်းရေးကို လိုလားသယောင် နဲ့ စစ်သွေးကြွမှု ရန်လိုမှုတွေက အပေါ်စီးက နေရာယူထားတာ။ ကြက်ခြေ ခတ်ထားတဲ့ ဓါးမတိုနှစ်ချောင်းကတော့ အမှားကိုသရုပ်ပြထားတာ။ ကြက်ခြေခတ်ထားမှတော့ မှန်စရာကိုအကြောင်းမရှိတာ။ လက်တွေ့မြေပြင် မှာလည်း သူတို့လုပ်ရပ်တွေက အမှန်တစ်ခုမှမရှိဘူးဆိုတာ ကျွန်တော်တို့ ဒေသခံတွေ အသိဆုံးပါ။

ဒီတံဆိပ်ကိုမြင်တိုင်း ကေအိုင်အေကို နှိပ်စက်မှုတွေကို သတိရတယ်။ ဒီတံဆိပ်ကိုမြင်တိုင်း ကေအိုင်အေရဲ့ ရက်စက်ယုတ်မာမှုတွေကို ပြန်သတိရတယ်။ ဒီတံဆိပ်ကိုမြင်တိုင်း ကျွန်တော်တို့ ရှမ်းနီတွေအပါအ၀င် ဒေသခံ ပြည်သူတွေကို ရက်စက်အနိုင်ကျင့်ခဲ့တဲ့ ကေအိုင်အေကို အသည်းနာတယ်။ ကချင်ပြည်နယ် ကောင်းစားရေးလို့ အသံကောင်းလွှင့်ပြီး တိုင်းရင်းသားအချင်းချင်း အနိုင်ကျင့် သတ်ဖြတ် မုဒိမ်းကျင့် ဆက်ကြေးကောက်စားနေတဲ့ ကေအိုင်အေ၊ ငြိမ်းချမ်းရေးကို အချိန်ဆွဲနေတဲ့ ကေအိုင်အေကို အသေမုန်းတယ်ဗျာ။

ကေအိုင်အေဆိုဟာ တစ်စက်လေးမှ ကောင်းတဲ့သူတွေမဟုတ်ပါဘူး။ ခုဆိုရင် တိုင်းရင်းသားအချင်းချင်းအပေါ် သစ္စာဖေါက်ပြီး သူတို့အကျိုးစီးပွားအတွက် ကုလားဆိုးတွေကို ကချင်ပြည်နယ်ထဲမှာ လက်ခံဖို့တောင် ကြံစည်နေကြပြီ။ တကမ္ဘာလုံးက အစွန်းရောက် အစ္စလာမ်တွေကို နှိမ်နင်းဖို့ လုပ်နေတဲ့အချိန်မှာ၊ ကေအိုင်အေက ဒီကုလားဆိုးတွေကို နေရာပေးဖို့ လုပ်နေတယ်။ ကိုယ့်တိုင်းရင်းသား ရခိုင်လူမျိုးတွေနဲ့ ကျန်တိုင်းရင်းသားတွေရဲ့ မျက်နှာကိုမထောက်ပဲ အကြံပက်စက်လွန်းပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးကို မျှော်လင့်နေကြတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ မျက်နှာကိုထောက်ပြီး ဒီလို ရက်စက်ယုတ်မာ ကောက်ကျစ်တဲ့ ကေအိုင်အေရဲ့လုပ်ရပ်တွေကို သည်းခံနေတဲ့ အစိုးရနဲ့ စစ်တပ်ကိုလည်း အားမလို အားမရ ဖြစ်မိတယ်။ ကေအိုင်အေက တိုင်းပြည်မျက်နှာကို နည်းနည်းလေးမှ ထောက်ထားတာမဟုတ်ဘူး။ ငြိမ်းချမ်းရေး အတွက် ထိုးစစ်ရပ်ထားတဲ့ စစ်တပ်ကိုတောင်မှ ရန်စတဲ့ အပြောအဆိုတွေလည်း အွန်လိုင်းမှာ မမြင်ချင်မှအဆုံးပါ။ တိုင်းရင်းသား ညီအစ်ကိုတွေအကြား လက်နက်နဲ့ဖြေရှင်းတာ မသင့်တော်ပေမယ့် ကြာလေ တိုင်းပြည်ကို အန္တရာယ် ပေးလေ ဖြစ်လာမယ့် ကေအိုင်အေကို စစ်တပ်က အမြစ်ပြတ်တိုက်သင့်ပါပြီ။

ကျွန်တော်တို့ကတော့ ရက်စက်ယုတ်မာတဲ့ကေအိုင်အေရဲ့တံဆိပ်ကို ပါတီတံဆိပ်လုပ်ပြီး နိုင်ငံရေးထဲဝင်လာမှာ လုံးဝမမြင်ချင်ပါဘူး။ ဒီပါတီမှာလည်း ကေအိုင်အေရဲ့ ဥာဉ်ဆိုးတွေကိန်းအောင်းနေမှာ သေချာပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေကို ဆက်ပြီးဒုက္ခပေးနေဦးမှာပါ။ ပြောရရင် ဒီတံဆိပ်ကို နာဇီဟစ်တလာရဲ့ စကြာတံဆိပ်ထက်တောင် ပိုမုန်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကန့်ကွက်ပါတယ်။

ရှမ်းနီလူငယ်များ

Friday, September 12, 2014

ခရစ်ယာန်သင်းအုပ်၊ ဓမ္မဆရာများအား အသုံးချကာ KIA လူသစ်စုဆောင်း

Posted by Unknown Friday, September 12, 2014, under | No comments


စက်တင်ဘာ ၁၂ ရက်၊ ၂၀၁၄ ခုနှစ်

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)သည် ထိန်းချုပ်နယ်မြေများအလိုက် ခရစ်ယာန်ဘာသာရေး သင်းအုပ် ဆရာ၊ ဓမ္မဆရာများအား အသုံးချကာ စက်တင်ဘာ ပထမပတ်မှစ၍ လူသစ်စုဆောင်းမှုများ ပြုလုပ်နေကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ဒေသခံကချင်ပြည်သူများသည် အပတ်စဉ် တနင်္ဂနွေတိုင်း ဘုရားကျောင်းတက်လေ့ရှိရာ ထိုအထဲမှ လူငယ် လူရွယ်များအား သီးခြားတွေ့ဆုံကာ စုဆောင်းနေခြင်းဖြစ်ကြောင်း သိရသည်။

``၀တ်ပြုလာတဲ့ အထဲမှာ လူငယ်တွေလည်း ပါတာပေါ့။ ၀တ်ပြုဆုတောင်းပြီးတဲ့နောက် အဲဒီလူငယ်တွေကို သီးခြားတွေ့ဆုံတာပါ။ လူငယ်တွေကို KIA အဖွဲ့ထဲဝင်ဖို့ ဖာသာတွေက စည်းရုံးတယ်လို့ သိရပါတယ်´´ ဟု အုပ်ထိန်းသူမိဘတစ်ဦးက ပြောသည်။

``အရင်တုန်းကတော့ ရွာတွေမှာ လာစုတာ၊ တောင်ယာသွားတဲ့လူလည်း ဖမ်းတယ်၊ ကယ်ရီဆွဲတဲ့လူတွေ့ရင် လည်း ဖမ်းတယ်၊ အခုနောက်ပိုင်း ဖမ်းဖို့ လူမရှိတော့တဲ့အတွက် ဘုရားကျောင်းတွေမှာ လာစုတာနေမှာပါ၊ ဒါပေ မယ့် ဘာသာရေးကို ခုတုံးလုပ်တာကတော့ မကောင်းပါဘူး´´ ဟု မလုမိုင်က ဆိုသည်။

KIA အဖွဲ့ အသုံးချခံ သင်အုပ်ဆရာများသည် ဒေသခံကချင်လူငယ်များအား KIA အဖွဲ့ထဲဝင်ရန် စည်းရုံးပြော ဆိုမှုများ ပြုလုပ်နေရသော်လည်း သာသာရေးထုံးတမ်းစဉ်လာနှင့် သွေဖယ်နေသောကြောင့် ထိုသို့ လုပ်ပေး ရခြင်းကို စိတ်ပျက်နေကြကြောင်း သိရသည်။

ဒေသခံလူငယ်များအား စည်းရုံးရန် သင်းအုပ်/ဓမ္မဆရာများအား KIA အဖွဲ့မှ ကချင်ပြည်နယ်အား ၀မ်ပေါင် နိုင်ငံ ထူထောင်မှသာ ကချင်လူမျိုးများ ကောင်းစားမည်ဖြစ်ကြောင်း၊ ကိုယ့်ပြည်နယ်ကိုယ့်လူမျိုးအား ချစ်ခင်လျှင် ကချင်လူမျိုးတစ်ယောက် အနေဖြင့် တတ်နိုင်သည့်ဘက်မှ ပါဝင်ဆောင်ရွက်ရန် လူမျိုးရေးဝါဒကို အခြေခံပြီး စည်းရုံးနေကြောင်း မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောကြားသွားသည်။

ညီသစ်(မြစ်ကြီးနား)

လေးတန်းနှင့် ရှစ်တန်း သုံးလပတ်စာမေးပွဲတွင် မြို့နယ်၊ ခရိုင်များမှ မေးခွန်း ထုတ်မည်

Posted by Unknown Friday, September 12, 2014, under | No comments



လာမည့် သုံးလပတ်စာမေးပွဲ(ပထမအစမ်း)တွင် မြို့နယ်၊ ခရိုင်တို့မှ ထုတ်သော လျှို့ဝှက်မေးခွန်း များဖြင့်လေးတန်း၊ ရှစ်တန်းကို စတင်စစ်ဆေးတော့ မည်ဖြစ်ကြောင်း သိရသည်။ အောက်တိုဘာလဆန်းတွင် ကျင်းပမည့် သုံးလပတ်စာမေးပွဲများ တွင် လေးတန်းနှင့် ရှစ်တန်းကို ပညာရေး မိသားစုများထုတ်ဝေ သည့် လျှို့ဝှက်မေးခွန်း ပုံစံများဖြင့် စတင်စစ်ဆေးတော့မည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ စစ်ဆေးရခြင်းမှာ စာမေး ပွဲကြီးတွင် လေးတန်း နှင့်ရှစ်တန်းကို တိုင်းခရိုင်စစ်များဖြင့် စစ်ဆေးတော့ မည်ဖြစ်သည့်အတွက် အစမ်းစာမေး ပွဲများတွင် အလေ့အကျင့်ရရှိစေရန် ယင်းကဲ့သို့စစ်ဆေး ရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးများမှ သိရ သည်။

''ကျောင်းစဖွင့်ပြီးတဲ့ သုံးလ ကျော်အတွင်းမှာ အခန်းဆုံးစစ်ဆေး မှု သုံးကြိမ်ပြုလုပ်ပြီးပါပြီ။ အဲဒီစစ် ဆေး မှုတွေက စာသင်ချိန် တစ်ချိန် လောက်ယူပြီးတော့ ကျောင်းအစီအစဉ် နဲ့ထုတ်တဲ့မေး ခွန်းတွေနဲ့မေးခဲ့တယ်။ သုံးလပတ် စာမေးပွဲမှာတော့ ပညာ ရေးမိသားစုတွေက ထုတ်ဝေတဲ့ မေးခွန်း တွေနဲ့တစ်နာရီဖြေရတော့ မှာပါ''ဟု ဗဟန်းမြို့နယ် ပညာရေး မှူးရုံးမှ လက်ထောက်ပညာရေးမှူး ဖြစ်သူက ပြောသည်။

ဒုတိယအကြိမ်စစ်ဆေးမည့် ခြောက်လပတ်စာပေးပွဲ (ဒုတိယအ စမ်း)ကိုလည်း ယင်းနည်းအတိုင်း သာ စစ်ဆေးမည်ဖြစ်ပြီး၊ မေးခွန်း များကိုလည်း လုံခြုံမှုရှိစေရန်နှင့် ပေါက်ကြားမှုမရှိစေရန် မြို့နယ် အသီးသီးမှ ထုတ်ဝေသော မေးခွန်း များထဲမှ မေးခွန်းတစ်ခုတည်းကို သာ ရွေးချယ်၍ ဖြေမည့်နေ့တစ်ရက် အလိုတွင်မှ ကျောင်းများသို့ထုတ်ပေး သွားမည် ဖြစ်ကြောင်းသိရသည်။

''ကျွန်တော်တို့ဆီမှာတော့ ဒီလို အခြေအနေတွေကို ကျောင်း သားတွေဖြတ်ကျော်နိုင်ဖို့အတွက် ကျောင်း ဆင်းပြီးချိန်တွေမှာအခကြေး ငွေမယူဘဲ အချိန်ပိုခေါ်ခိုင်းထား တယ်။ သူတို့ဖြေရမယ့်မေးခွန်းတွေ ကို အဲ့ဒီအချိန်ပိုမှာလေ့ကျင့်ပေးတယ်။မေးခွန်းဆိုတာက မြန်မာနိုင်ငံစာစစ်က ထုတ်တဲ့ မေးခွန်းပုံစံကိုနမူနာ ယူပြီး ကျောင်း အလိုက်ပြန်လေ့ကျင့်ကြတာ ပါ။ ဇူလိုင်ကတည်းက အဲဒီအစီအစဉ် ကို စခဲ့ပါတယ်။ ကျောင်း သားတွေက အရင်တုန်းက မအောင်မရှိပုံစံနဲ့ဖြတ် ကျော်လာခဲ့ရတာတွေကြောင့် အခုလို ပုံစံနဲ့ဆိုရင် အကျအရှုံးများလာမယ် လို့ထင်တယ်''ဟုတာချီလိတ်မြို့နယ် ပညာရေးမှူးဦးစိန်ထွန်းလှကပြောသည်။

အခြားအတန်းများတွင် ကျောင်း သားများ၏ အရည်အချင်းကို နောက် ဆုံးစာမေးပွဲကြီးအထိ ဆရာဆရာမ များမှ အကဲဖြတ်၍ အရည်အချင်း ပြည့်မီခြင်း မရှိဟု ယူဆလျှင် မိဘများ နှင့်တိုင်ပင်ကာ အတန်းချသည့် ပုံစံမျိုးအတိုင်းသာပြုလုပ်နိုင်ဖွယ်ရှိ ကြောင်း သိရသည်။

''အစမ်းစာမေးပွဲတွေကနေ နောက်ဆုံးစာမေးပွဲအထိကျောင်း သားတစ်ယောက်က အရည်အချင်း မပြည့်ဘူးလို့ ဆရာတွေကယူဆရင် မိဘနဲ့တိုင်ပင်ပြီး အတန်းတင်ပေး ရင် ကလေးပဲနစ်နာမှာကို ပြော ဆို ဆွေးနွေးပြီး အတန်းချတဲ့ ပုံစံမျိုးတွေလုပ်မယ်။ အခုလဲဒီအတိုင်းသွားနေ တယ်။ ပြန်ဖြေခိုင်း တာမျိုးတွေ လဲ ရှိမှာမဟုတ်ဘူး။ ဒီလိုလုပ်တယ် ဆိုတာ ကျောင်းသား ကျောင်းသူတွေရဲ့ အရည် အသွေးတွေပြည့်မီ လာဖို့အ တွက်ပါ''ဟု ဗဟန်းပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူးကပြော သည်။

ယမန်နှစ်ကရှစ်တန်း အောင် ချက်မှာ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့်၉ဝရာခိုင်နှုန်း ကျော်ရှိခဲ့ကြောင်း သိရသည်။
(ဒီမိုကရေစီတူဒေးသတင်းစာမှ ကူးယူဖော်ပြပါသည်။)

Yangon Medai Group

Thursday, September 11, 2014

KIA နှင့် RSO တို့ ဆွေးနွေးမှုပေါက်ကြားသည့်အတွက် KIA အတွင်း သစ္စာဖောက်များရှိနေပြီဟုဆို

Posted by Unknown Thursday, September 11, 2014, under | No comments


 
 
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မှာ အခြေပြုနေတဲ့ ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့ RSO (Rohingya Solidarity Organization) ၊ BRAT (Burmese Ro-hingya Association in Thai-land) အဖွဲ့ဥက္ကဋ္ဌ မောင်ကျော်နု တို့နဲ့ KIO ဗဟိုကော်မတီ ဝင် ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်ဒေါင် တို့ KIO ထိန်းချုပ်နယ်မြေအတွင်း
ရိုဟင်ဂျာ တပ်မတော် ထူထောင် အခြေစိုက်ခွင့်ပြုရေး ဆွေးနွေးမှု အွန်လိုင်းပေါ်သို့ ပေါက်ကြား သည့်
အပေါ် KIO/KIA အတွင်း မကျေလည်မှုများ ဖြစ်နေကြကြောင်း သိရသည်။

" RSO ကဒီမှာ အခြေစိုက်ဖို့ နယ်မြေတောင်းတာ မှန်တယ်။ ဒီဆွေးနွေးမှု ပေါက်ကြားတာ ကို ခေါင်းဆောင်ကြီးတွေက အတော်ဒေါသထွက်နေတယ်ကြားတယ်။ သူတို့နဲ့ ဆွေးနွေးတဲ့
ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်ဒေါင် ဆိုတာ KIO ဗဟိုကော်မတီ ဝင်တစ်ယောက်။ ပြီးတော့
KIO မှာ နိုင်ငံခြားရေးနဲ့ ပညာရေး တာဝန်ယူထားသူတစ်ယောက်။ ဒီလို ရာထူးကြီးကြီးနဲ့
လူကြီးတစ်ယောက်ရဲ့ ဆွေးနွေးပွဲ အပြင်ကို ပေါက်ကြားတာ KIA အတွင်းမှာ သစ္စာဖောက်ရှိနေပြီလို့
ပြောနေကြတယ်။ " ဟု လိုင်ဇာမှ ဒေသခံတိုင်းရင်းသားတစ်ဦးဖြစ်သူက ပြောသည်။

မကြာသေးမီက မြန်မာ့တပ်မတော် အဆင့် မြင့်အရာရှိအချို့က တိုင်းရင်း သားလက်နက်ကိုင်အဖွဲ
ဒေသအ ချို့တွင် မွတ်စလင်တပ်ဖွဲ့များစစ် ရေးလေ့ကျင့်မှုများပြုလုပ်နေမှုရှိ ကြောင်းနှင့်
ငြိမ်းချမ်းရေးဖြစ်စဉ် မထိခိုက်စေရန် တပ်မတော်အ နေဖြင့် ထိန်းသိမ်းဆောင်ရွက်နေ ခြင်းသာဖြစ်ကြောင်းပြောကြား ထားမှုရှိသည်။
KIA နှင့် RSO တို့ တွေ့ဆုံမှု ဗီဒီယို ဖိုင်ကြောင့် KIA နယ်မြေထဲတွင် မွတ်စလင်တပ်ဖွဲ့များစစ် ရေးလေ့ကျင့်မှု အမှန်တကယ်ပင် ရှိနေပြီလား ဆိုသည့် စိုးရိမ်မှုများ ဒေသခံများကြားတွင် မြင့်တက်လာခဲ့သည်။

"မြန်မာစစ်တပ်ကလည်း ပြောထားတယ်ပေါ့။ လက်နက်ကိုင်အဖွဲ့ အချို့မှာ အစွန်းရောက်
မွတ်စလင်တွေ
စစ်ရေး လေ့ကျင့်မှုတွေ လုပ်တာတွေ ရှိတယ်ပေါ့။ ခု KIA က RSO နဲ့ ဆွေးနွေးမှု
ပေါက်ကြားလာတော့ တကယ်ပဲ ပြည်ပက အစွန်းရောက် မွတ်စလင်တွေ စိမ့်ဝင်နေပြီလားလို့ ထင်မိတယ်။ ကျနော်က ကချင်တစ်ယောက်ဆိုတော့ KIA ကို ထောက်ခံတယ်။
ဒါပေမဲ့ မနောမြေမှာ အစွန်းရောက်တွေရောက်လာမှာတော့ လက်မခံဘူး။" ဟု ကိုစောဘောက်က ပြောသည်။

ဆွေးနွေးမှု ပေါက်ကြားလာခြင်းသည်အဖွဲ့တွင်း သစ္စာဖောက်သူရှိခြင်းကြောင့်ဟု
KIA အဖွဲ့အတွင်း ယူဆမှုများရှိနေသော်လည်း ထိုသတင်းပေါက်ကြားမှုသည် သစ္စာဖောက်ခြင်း
မဟုတ်ဘဲ သစ္စာရှိခြင်းသာ ဖြစ်ကြောင်း မြစ်ကြီးနားဒေသခံ တစ်ဦးက ဆိုသည်။

"လူမသိစေချင်တဲ့ ကိစ္စကို ခိုးလုပ်တာ အပြင်ထွက်လာတော့ သစ္စာဖောက်လို့ သူတို့က
ယူဆချင် ယူဆမှာပေါ့။ တကယ်တော့ ဒါ သစ္စာဖောက်တာ မဟုတ်ဘူး။ သစ္စာရှိတာ။ ကချင်လူမျိုးတွေနဲ့
ပြည်ထောင်စု အပေါ် သစ္စာရှိတာလို့ ပြောရမှာပါ။ KIA ထဲမှာ အစွန်းရောက် အကြမ်းဖက်တွေရှိကြည့်
နောင်တစ်ချိန် ဒီနယ်မြေ ဘာဖြစ်သွားမလဲ တွေးတောင်မတွေးရဲဘူး။ KIA က အစိုးရကို ဆန့်ကျင်သူမှန်သမျှ အကုန်လက်ခံတယ်။ ဘာလို့လဲဆိုတော့ သူတို့လည်း အင်အားရတယ်လေ။ သူတို့ အာဏာတည်ဖို့ဆို ဘင်္ဂါလီတွေက အစ အကုန်လက်ခံတယ် လို့ ပြောရမယ်။ ဒါ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး" ဟု ၎င်းက ဆိုသည်။

RSO အဖွဲ့နှင့် တွေ့ဆုံမှုအပေါ် KIO ဗဟိုကော်မတီ ဝင် ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်ဒေါင်အနေနှင့်
ပုဂ္ဂိုလ်ရေးရင်းနှီးမှု အရ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တရား ၀င်ဆွေးနွေးခြင်းမဟုတ်ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိနေသော KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန် မော်က ငြင်းဆိုခဲ့
သည်။ သို့သော် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုများကြောင့် ပြည်သူများ၏ ရင်ထဲတွင်
ငြိမ်းချမ်းရေးမျှော်လင့်ချက်များ ကြီးထွားလာစဉ် KIA နှင့် RSO ကြားဆက်သွယ်မှုများကြောင့်
ငြိမ်းချမ်းရေး ထိခိုက်လာမည်ကို စိုးရိမ်နေကြကြောင်း သိရှိရသည်။

စိုင်းဇော်ထက်
ဂျိမ်းဖောမြေ

တောင်းဆိုမှုနှင့် လိုက်လျောမှုကြား လွန်ဆွဲအမြတ်ထုတ်နေဆဲ UNFC

Posted by Unknown Thursday, September 11, 2014, under | 1 comment



  ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပက်သက်ပြီး ကျွန်တော်တို့ပြည်သူတွေ စိတ်ကုန်ရ မလိုဖြစ်နေပါပြီ။ အားလုံး မျှော်လင့်ထားတဲ့ အတိုင်း အကောင်အထည် မဖော်နိုင်သေးဘဲ တောင်းဆိုမှုနဲ့ လိုက်လျောမှုတွေကြားထဲမှာ ပြည် တွင်းငြိမ်းချမ်းရေးဟာ အေးစက်စက်ဖြစ်နေပြန်ပါတယ်။ တောင်းတဲ့သူတွေကလည်း ဖြစ်နိုင်လား၊ မဖြစ်နိုင်လား မစဉ်းစားဘူး၊ လိုချင်တာ မှန်သမျှ အကုန်တောင်းတယ်၊ ပေးတဲ့သူဘက်ကလည်း ပြည်သူကိုထောက်ထားငဲ့ညှာ ပြီး တောင်းသမျှအကုန်လုံး မဟုတ် ရင်တောင် ရာခိုင်နှုန်းနီးပါး လိုက်လျောမှုတွေပြန်ပေးနေတာတွေ့ရပါတယ်။
သို့ပေမယ့်လည်း သြဂုတ်လ ၂၉/၃၀ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ United Nationalities Federal Council (UNFC)ရဲ့ အစည်းအဝေး နောက်ဆုံးနေ့မှာပဲ ကရင် တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ KNU က UNFC အဖွဲ့ထဲက နှုတ်ထွက် လိုက်ပြီဆို ပြီး သတင်းတွေမှာ တွေ့ရပါတော့တယ်။


အဓိက နှုတ်ထွက်ရတဲ့အကြောင်းအရင်းများစွာထဲက တစ်ခုကတော့ UNFC ရဲ့ငြိမ်းချမ်းရေး သဘော ထား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ထဲကနေ အလှည့်ကျ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လုပ်ဖို့တောင်း ဆို မှုနဲ့ UNFC အဖွဲ့ဝင်လက်နက်ကိုင်တပ်များ အင်အားမညီမျှမှုကို ဖက်ဒရယ် တပ်မတော်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သွတ်သွင်းပြီး UNFC အဖွဲ့ဝင်တိုင်း သဘောတူညီသယောင် ဆောင်ရွက်နေမှုကိုသည်းမခံနိုင်တဲ့ နောက်ဆုံး နှုတ် ထွက်ခြင်းဖြစ် တယ်လို့ ယူဆမိပါတယ်။


KNU ဘက်ကကြည့်မယ်ဆိုရင်လည်း UNFC မှာ ခေါင်းဆောင်လုပ်နေတဲ့ သူတွေဟာ နိုင်ငံရေး လုပ်စားတဲ့ လူတွေများပါတယ်။ နိုင်ငံရေး သမားဆိုတာက လည်း သူတို့ဖြတ်သန်းရတဲ့ ဘ၀တစ်လျှောက် ဘာအ ခက်အခဲမှမရှိဘဲ ကမ္ဘာပတ်ပြီးရန်ပုံငွေရှာနေတဲ့ ပညာတတ်အသိုင်းအ၀ိုင်းတွေများတယ်။ ၄င်းတို့လက်နက်ကိုင်တိုင်းရင်းသားတွေအနေနဲ့ တောထဲမှာတစ်ကယ် သေသေကြေကြေလုပ်ခဲ့ကြရပြီး မသေလို့ရာထူးရလာတဲ့ အခါ ကျတော့ ၄င်းတို့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကို နေရာမပေးဘဲ နိုင်ငံရေးလုပ်စားနေတဲ့ သူတွေကသာ အဲ့ဒီ့နေရာကို ချုပ်ကိုင်ထားကြတယ်လို့ ထင်ပါလိမ့်မယ် ။ မြန်မာနိုင်ငံမှာ အင်အားအများဆုံး လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ UWSA အဖွဲ့၊ မိုင်းလားအဖွဲ့နဲ့ SSA တောင်ပိုင်းအဖွဲ့တွေလည်း UNFC မှာအရင်က တည်းက မပါဝင်ကြပါဘူး။ ဘာလို့မပါဝင်သလဲဆိုတော့ UNFC ရဲ့ ရှေ့ဆက်လျှောက် မယ့် ခြေလှမ်းတွေနဲ့ ဗိုလ်ကျစိုးမိုးခြယ်လှယ် လာနိုင်တာတွေကို ကြိုတင်ရိပ်မိနေလို့လည်းဖြစ်ပါလိမ့်မယ်။


KNU အဖွဲ့ကို ပြန်ကြည့်လိုက်ရင် KNU ဥက္ကဌကြီး မူတူးဆေးဖိုး က ဆွေးနွေး တဲ့ နှစ်ဦးနှစ်ဖက်မှာ ကောက်ကျစ်စဉ်းလဲတဲ့ စိတ်မရှိဖို့ လိုတဲ့အကြောင်း၊ လက်နက်ကိုင်တပ်ဖွဲ့တွေဘက်ကလည်း စိတ်ရင်းသဘောထား မှန်ကန်စွာ နဲ့ ဆွေးနွေးဖို့ လိုတဲ့ အကြောင်း ပြောခဲ့ပါတယ်။ KNU အနေနဲ့ နိုင်ငံတော်သမ္မတနဲ့ (၃)ကြိမ်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ (၃)ကြိမ် တွေ့ပြီးပြီ ဆိုတော့ နိုင်ငံတော် အစိုးရရဲ့ သဘောထားနဲ့ စစ်တပ်ရဲ့သဘောထား တွေကို သိထားပြီးပြီလို့ ယူဆရပါတယ်။ အဖွဲ့ဝင်အဖြစ် နေလာတဲ့ကာလအတွင်းမှာ UNFC ဘယ်လိုခြေလှမ်း တွေကို လှမ်းနေလဲဆိုတာသိလောက်ပြီမို့ စောစောစီးစီး အဖွဲ့က ရုန်းထွက်ခဲ့တယ်လို့ထင်မြင်မိပါတယ်။


ဒီလိုအခြေအနေဆိုရင်တော့ UNFC အနေနဲ့ အဖွဲ့အတွင်းမှာ အင်အားကြီးမားတဲ့ အဖွဲ့အစည်းတွေ မရှိ တော့တဲ့အတွက် ၄င်းတို့ရဲ့ ဦးတည်ချက်ဖြစ်တဲ့ ဖက်ဒရယ် တပ်မတော်ဆိုတာကိုလည်း မှန်းလို့မရသလို အလှည့် ကျ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ အိပ်မက်ကလည်း ပျက်ပြယ်သလိုဖြစ်သွားပါပြီ။ ကျန်တဲ့လက်နက် ကိုင်အဖွဲ့ဆိုတာလည်း လူနည်းစုပဲဖြစ်ပါတယ်။ လူမျိုးစုတွေ အလိုက် လက်နက်ကိုင်ဆောင်နေကြပေမယ့် လက် နက်ကိုင်ဆောင်တဲ့အဖွဲ့ အားလုံးဟာ သူတို့လူမျိုးအားလုံးကို ကိုယ်စားမပြုပါဘူး။ UNFC အဖွဲ့ဝင်အဖြစ် ကျန်ခဲ့တဲ့ အဖွဲ့(၁၁)ဖွဲ့ထဲမှာတောင် အချို့အဖွဲ့တွေထဲမှာ လူ(၄/၅)ယောက်ေ လာက်ပဲရှိပါတယ်။


နောက်ဆုံးလိုရင်းကို ပြောရရင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့တဲ့  ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်သား လက်နက်ကိုင် အဖွဲ့အစည်း များ တွေ့ဆုံဆွေးနွေးပွဲကနေ မြန်မာနိုင်ငံအတွက် အကျိုးရှိမယ့် ရလာဒ် တစ်ခု ထွက်ပေါ်လာမလားဟု ရင်တစ်ထိတ်ထိတ်နဲ့ မျှော်လင့် ခဲ့ရတဲ့ ပြည်သူလူထုရဲ့ ငြိမ်းချမ်းရေးမျှော်လင့်ချက် တွေဟာ UNFC ရဲ့ဖွဲ့စည်းပုံမှာပါဝင်တဲ့ ဗဟိုချုပ်ကိုင်မှုသဘောထားအမြင်၊ နိုင်ငံရေးနဲ့ စစ်ရေး အခြေခံ ယူဆချက်၊ ကွဲလွဲချက် တွေကြား မှာ ပျက်ပြယ်သွားတော့မလား ဆိုတာ စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။


credit :နတ်မျက်စိ

နရဲစွမ် ဇတ်ကား အတွက် ထိုင်း ဒါရိုက်တာ တောင်ငူကို လာရောက်လေ့လာ

Posted by Unknown Thursday, September 11, 2014, under | No comments




တောင်ငူမြို့ အနောက်ဘက်ကျုံးပတ်လမ်းမှ မြို့ရိုးနှင့်ကျုံးကိုကြည့်ရှုနေသော ဒါရိုက်တာ ချတ်ထရီ ချလွန် ယူကွန်နှင့်အဖွဲ့(ဓာတ်ပုံ ဒေါက်တာမြသောင်း)


မြန်မာတို့ကို တော်လှန်ခဲ့တဲ့ ထိုင်းဘုရင် နရဲစွမ်ရဲ့ အကြောင်း “The Legend of King Naresuan” အပိုင်း ၆ ရိုက်ကူးဖို့ ထိုင်းရုပ်ရှင် ဒါရိုက်တာ ချတ်ထရီ ချလွမ်ယူကွန် နဲ့အဖွဲ့ ပြီးခဲ့တဲ့ စနေနေ့က တောင်ငူမြို့ကို ရောက်ရှိလာပြီး နှစ်ရက်ကြာ လေ့လာမှုများ ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။

အခုရိုက်ကူးမယ့် ရုပ်ရှင်ဟာ နရဲစွမ်ဘုရင်ရဲ့ အကြောင်း နောက်ဆုံးအပိုင်းဖြစ်ပြီး နရဲစွမ်ဘုရင် တောင်ငူကို လာရောက် တိုက်ခိုက် တဲ့ ဇတ်ဝင်ခန်း ပါဝင်မှာဖြစ်တဲ့အတွက် တောင်ငူမြို့မှာရှိတဲ့ သမိုင်းဝင်နေရာတွေကို လေ့လာတာဖြစ်တယ်လို့ အဆိုပါအဖွဲ့ကို လိုက်ပါ ပို့ဆောင်ပေးခဲ့တဲ့ သမိုင်းသုတေသီ ဒေါက်တာမြသောင်း က ဧရာဝတီကို ပြောပါတယ်။

“သူတို့မှာ ရုပ်ရှင်အတွက် ဆက်တင်တွေက ဆောက်ပြီးပြီ၊ ဒါပေမယ့် နရဲစွမ်ဘုရင် စစ်ချီတဲ့ အဓိကနေရာတွေရဲ့ မြေပြင် အနေ အထား ကို မသိရသေးတဲ့အတွက် လာပြီးလေ့လာတာပါ၊ သူတို့က ဟိုမှာ ပြန်ပြီး ဖန်တီးဖို့ ဓာတ်ပုံရိုက်ယူတယ်၊ ပုံကြမ်းဆွဲယူပါတယ်”လို့ သူက ပြောပြပါတယ်။

ဒါကြောင့် နရဲစွမ်ဘုရင် တောင်ငူမြို့ပြကို လာရောက်တိုက်ခိုက်စဉ်က စခန်းချခဲ့တဲ့ ကျွဲမကူးချောင်း၊ ရဲနွယ်ချောင်း၊ ရေကြောင်းချီခဲ့တဲ့ စစ်တောင်းမြစ်၊ ဒါ့အပြင် သမိုင်းဝင်နေရာတွေဖြစ်တဲ့ ကေတုမတီမြို့ဟောင်း၊ ကျုံး၊ ရေထွက်ပေါက် တခုဖြစ်တဲ့ မြစ်ကြီးပေါက် (ယိုးဒယားပေါက်) တို့ကို လိုက်လံကြည့်ရှုလေ့လာခဲ့တယ်လို့ ဒေါက်တာမြသောင်း က ပြောပါတယ်။

ဒါ့အပြင် တောင်ငူခေတ်က မြို့ရန်တွေဖြစ်ခဲ့ဖူးတဲ့ ဇေယျဝတီ၊ ကျောက်စရစ်၊ ကောလိယ၊ အာသာဝတီ(မြို့ဆိုး)စတဲ့ ရှေးဟောင်းမြို့တွေကိုလည်း သွားရောက်ခဲ့ပါသေးတယ်လို့ သိရပါတယ်။

The Legend of King Naresuan ရုပ်ရှင်ကား ဒါရိုက်တာ ချတ်ထရီ ချလွမ်ယူကွန်ဟာ ထိုင်းတော်ဝင် မိသားစုဝင် တဦးဖြစ်ပြီး အခု ခရီးစဉ်မှာ သူနဲ့အတူ ချူလာလောင်ကွန်းတက္ကသိုလ်က သမိုင်းပညာရှင် ဒေါက်တာ ဆူနိတ်လည်း လိုက်ပါလာတယ်လို့သိရပါတယ်။

ဒါရိုက်တာဖြစ်တဲ့ မင်းသားကြီး ချတ်ထရီ ချလွမ်ယူကွန်ဟာ The Legend of King Naresuan ကို ရိုက်ကူးတဲ့နေရာမှာ တခြား သော ရုပ်ရှင်ဒါရိုက်တာတွေလို ထိုင်း အမျိုးသားရေး စိတ်ဓာတ်အခံနဲ့မချဉ်းကပ်ဘဲ အင်မတန် အင်အားကြီးမား၊ ဘုန်းတန်ခိုးကြီးတဲ့ မြန်မာဘုရင် ဘုရင့်နောင်ဟာ မြို့ပြနိုင်ငံတော်(City-state) များကို အောင်နိုင်ခဲ့သူ တဦးအနေနဲ့ ပုံဖော်ရိုက်ကူးခဲ့တာလို့သိရပါတယ်။

နရဲစွမ် ဇာတ်ကားရဲ့ အဓိက ကျောရိုးကတော့ ၁၅ ရာစု ခေတ်လယ်ခန့်က ဒေသတွင်း အင်အားကြီးနိုင်ငံဖြစ်တဲ့ မြန်မာ ဘုရင် ဘုရင့်နောင် မင်းတရားကြီး အယုဒ္ဓယကို သိမ်းပိုက်အောင်မြင်စဉ်က အသက် ၉ နှစ်အရွယ် မင်းသား နရဲစွမ်ကို ဟံသာဝတီ ရွှေနန်းတော် ကို ခေါ်ဆောင်ခဲ့ပြီး အဋ္ဌာရသ ၁၈ ရပ်ကို သင်ကြားပေးခဲ့ပါတယ်။

ဘုရင့်နောင် နတ်ရွာစံပြီးနောက် ၁၅၈၄ ခုနှစ် သားတော် နန္ဒဘုရင် လက်ထက်မှာ အယုဒ္ဓယ ဘုရင် နရဲစွမ်က သစ္စာမခံတော့ဘဲ ထိုင်းလူမျိုးများကို စုစည်းကာ ပြန်လည်တော်လှန်ခဲ့တဲ့ အကြောင်းအရာပါ။

အဲဒီကာလမှာ နန္ဒဘုရင်ဟာ ၅ကြိမ်တိုင် အယုဒ္ဓယ ကို စစ်ချီတက်တိုက်ခိုက်ခဲ့သလို၊ ဘုရင်နရဲစွမ်ကလည်း ၄ကြိမ်တိုင် ဟံသာဝတီ၊ တောင်ငူ၊ မုတ္တမ စတဲ့ဒေသတွေကို ချီတက်တိုက်ခိုက်ခဲ့ပါတယ်။

တောင်ငူမြို့ကို ဘုရင်နရဲစွမ်တပ်တွေ တိုက်ခိုက်ရာမှာတော့ ကျွဲမကူးကျွန်းချောင်းအရပ်မှာ စခန်းချပြီး ကေတုမတီ ကျုံးရေကို ယိုးဒယားပေါက်မှတဆင့် စစ်တောင်းမြစ်ထဲ ဖောက်ချ၊ အပြင်းအထန် ၀န်းရံပြီးတိုက်ခိုက်ပေမယ့် ရိက္ခာပို့ ယိုဒယား လှေများကို ရခိုင်ဘုရင်တပ်တွေက တိုက်ခိုက်ခဲ့တဲ့အတွက် အစာရေစာပြတ်လပ်ပြီး တောင်ငူက ခွာခဲ့ရတယ်လို့ မြန်မာ့သမိုင်း မှတ်တမ်းတွေမှာ ဖော်ပြပါတယ်။

၁၆၀၅ ခု မြန်မာဘုရင် အနောက်ဘက်လွန်မင်း လက်ထက်မှာ အယုဒ္ဓဘုရင် နရဲစွမ်ဟာ ဇင်းမယ်(ချင်းမိုင်)ကတဆင့် ရှမ်း ပြည်နယ် ကို စစ်ချီအသွား မိုင်းဟင် အရောက်မှာတော့ ကျည်မေနာကြောင့် ရုတ်တရက် နတ်ရွာစံခဲ့ပါတယ်လို့ မှန်နန်း မဟာ ရာဇ၀င်တော်ကြီး က ဆိုပါတယ်။

ဒီရောဂါ ကျည်မေနာကို မြန်မာ့ဆေးပညာရှင်တချို့က ကိမိန(ပိုးမွှားရောဂါ)လို့ အဓိပ္ပာယ်ဖွင့်ဆို ထားပေမယ့် သူ့အကြောင်း ရေး ထားတဲ့ ၀ီကီပီးဒီးယားမှာ Smallpox(ရေကျောက်ရောဂါ) လို့ ဖော်ပြပါတယ်။

အခုရိုက်မယ့် The Legend of King Naresuan အပိုင်း ၆ မှာတော့ ဒီအကြောင်းတွေ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လမှာတော့ The Legend of King Naresuan အပိုင်း ၅ ကို ထိုင်းအစိုးရက မျိုးချစ်စိတ်ဓာတ် မြှင့်တင်ရေး ရည်ရွယ်ချက် နဲ့ နိုင်ငံတ၀န်းက ရုပ်ရှင်ရုံတွေမှာ အခမဲ့ပြသခဲ့ပါတယ်။

Sexy မော်ဒယ်လ်တွေ ကပြမယ့် ပါတီ ကျင်းပမယ့်နေရာ အပြောင်းအလဲရှိ

Posted by Unknown Thursday, September 11, 2014, under | No comments




Dance For Life ကျင်းပမည်ဆိုသည့် မူလ ကြော်ငြာ


Sexy မော်ဒယ်လ်တွေ ပါဝင်ကပြမယ့် Dance For Life ပါတီ ပွဲကို မူလကြော်ငြာထားတဲ့ GTR2 ကလပ်မှာ ကျင်းပဖြစ်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ပါတီပွဲကျင်းပဖို့ ကြော်ငြာခဲ့စဉ်က GTR 2 ကလပ်မှာ လုပ်မယ်ဆိုပြီး ဖော်ပြခဲ့ပေမယ့် ကလပ်ဘက်က ပါတီပွဲပြုလုပ်ခွင့် မပေးတော့တာကြောင့် နေရာကို ပြောင်းလဲလိုက်ရတယ်လို့ ပွဲစီစဉ်သူဖြစ်တဲ့ DJ Japan က ဧရာဝတီကို ပြောပါတယ်။

အဲဒီပါတီကို ကျင်းပမယ့် နေရာအတိအကျကို မသိရသေးဘဲ၊ လာမယ့်အောက်တိုဘာ ၃ ရက်နေ့ ညနေ ၆ နာရီကနေ ည ၁၁ နာရီအထိ ရန်ကုန်မြို့မှာရှိတဲ့ ကလပ်တခုမှာ ကျင်းပမယ်လို့ စီစဉ်သူတွေက ဆိုပါတယ်။

“ကျနော်တို့တတွေလည်း ဒီပွဲ မှာ အလှူခံဖို့ အစီအစဉ်ရှိမယ်၊ အဲဒီက ရလာတဲ့ငွေတွေကို HIV/ AIDS ဝေဒနာရှင်တွေကို ထောက်ပံ့မယ်၊ ဒီပွဲအပေါ်မှာ အမြင်တွေ အမျိုးမျိုးရှိနေတယ်၊ ကြော်ငြာကိုကြည့်ပြီးလည်း ထင်ကောင်းထင်နိုင်ပါတယ်၊ ဒါပေမယ့် ဘယ်လိုပွဲလဲဆိုတာ လာကြည့်ပြီးမှ ဆုံးဖြတ်ဖို့ ပြောချင်တယ်” လို့ ပွဲစီစဉ်သူ DJ Japan က ပြောပါတယ်။

အဲဒီပါတီပွဲလိုမျိုး ပွဲတွေ အများအပြား ကလပ်တွေမှာ ကျင်းပဖူးခဲ့ပေမယ့် ဒီတခေါက်ပွဲ ကျင်းပမယ့်အကြောင်းကို Sexy Post မော်ဒယ်လ်တွေဖြစ်တဲ့ ဇွန်သဉ္ဇာ၊ ဇာဇာထက်နဲ့ ကဗျာကို တို့က သူတို့ရဲ့ facebook စာမျက်နှာတွေမှာ တရားဝင် တင်လိုက်တာကြောင့် ပါတီပွဲအပေါ် အမြင်တွေ အမျိုးမျိုးဖြစ်ကုန်ပြီး ဝေဖန်မှုတွေ ဖြစ်လာပုံရတယ်လို့ သူက သုံးသပ် ပါတယ်။

“ဘယ်မှာလုပ်မယ်ဆိုတာကို လောလောဆယ် မပြောသေးဘူး၊ ကျနော်တို့က GTR 2 ကို နှုတ်ကတိနဲ့ပဲ နေရာ ငှားထားခဲ့တာကိုး၊ နောက်ထပ် အဲဒီလို အဖြစ်မခံချင်တော့ ဘယ်မှာ လုပ်မယ်ဆိုတာကို လောလောဆယ်မပြောသေးဘူး၊ ဒီပွဲကို ဖြစ်အောင်ကို လုပ်မှာပါ” လို့ DJ Japan က ဆိုပါတယ်။

Wednesday, September 10, 2014

KIA နှင့် ဘင်္ဂါလီ ပြည်ဖျက်ရန် ကြံစည်ပြီလား

Posted by drmyochit Wednesday, September 10, 2014, under | No comments

စက်တင်ဘာလ (၇) ရက်နေ့က ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ဘင်္ဂါလီ ကုလားအဖွဲ့အစည်းနှင့် KIO အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းအပေါ်တွင် လူမှုကွန်ယက်များပေါ်၌ ဂယက်ရိုက်ခတ်လျက်ရှိပေသည်။ ၄င်းအဖွဲ့စည်း နှစ်ဖွဲ့တွေ့ဆုံခဲ့ရာတွင် မြန်မာပြည်သူလူထှတစ်ရပ်လုံးထံမှ ဝေဖန်ချက်ပေါင်းမြောက်များစွာထွက်ပေါ်လာခဲ့ပြီး မည်ကဲ့သို့သောရည်ရွယ်ချက်များ၊ မည်ကဲ့သို့သောအကြောင်းပြချက်များဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ကို လည်းအားလုံးသိချင်နေခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ‘ကချင်ပြည်နယ်တွင် ရိုဟင်ဂျာတပ်မတော် တည်ထောင် ရန်တပ်နေရာပေးရေး’ ဟူသည့် ဆွေးနွေးချက်၏နောက်ကွယ်တွင်ရှိသော အကြံအစည၊် ရည်ရွယ်ချက် ရည်မှန်းချက် များသည်ကောင်းသောအလားအလာများမဖြစ်နိုင်သကဲ့သို့ မြန်မာနိုင်ငံနှင့်မြန်မာ တစ်မျိုးသားလုံး အတွက်ကြီးမားသော အန္တရာယ်တစ်ခုဖြစ်လာနိုင်သည်ဆိုတာကတော့ကျွန်ပ်အဖို့မလွဲမှားနိုင်သော ယူဆချက် ဖြစ်ပေလိမ့်မည်။

ပထမဦးစွာ ဘဂါင်္လီကုလားအဖွဲ့အစည်းနှင့်ပက်သက်၍ အနည်းငယ်ဖော်ပြပေးလိုပါသည်။ ထိုအဖွဲ့စည်းသည် မိမိကိုယ်ကိုယ်ရိုဟင်ဂျာဟုသုံးနှုံးကာ သွားရောက်ဆွေးနွေးကြခြင်းဖြစ်ပေသည်။ မြန်မာနိုင်ငံအစိုးရနှင့် နိုင်ငံတော်သမ္မတကိုယ်တိုင်ကပင် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဟူသည့်လူမျိုးမရှိကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသားစာရင်းတွင် ရိုဟင်ဂျာမပါဝင်ကြောင်း အတိအလင်းကြေငြာခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် ၄င်းဘင်္ဂါလီကုလားအဖွဲ့အစည်းသည် အစိုးရ၏ထုတ်ပြန်ကြေငြာချက်အပေါ် ပြောင်ပြောင်တင်းတင်းပင် ဆန့်ကျင်လိုက်သည်ဟုသာကျွန်ပ်အနေဖြင့် မြင်တွေ့မိပါသည်။

အဆိုပါဘင်္ဂါလီကုလားများသည် မြန်မာနိုင်ငံ၏ အနောက်ဘက်မှနေ၍ခိုးဝင်လာသူများဖြစ်ကြပြီး ရိုဟင်ဂျာတိုင်းရင်းသားများဟုဆိုကာ ရခိုင်ပြည်နယ်တွင် တစ်ရွာတစ်ကျီတည်၍နေထိုင်နေကြသူများဖြစ်ပေသည်။ ထိုမျှပင်မကသေး ဗုဒ္ဒဘာသာမြန်မာလူမျိုး ရခိုင် တိုင်းရင်းသားများအပေါ်တွင်လည်း လူမျိုးရေး ဘာသာရေးပဋိပက္ခများဖန်တီးကာ ရန်စစော်ကားနေကြ သူများလည်းဖြစ်ကြပေသည်။ ရခိုင်လူမျိုးများနှင့်ဖြစ်ပွားခဲ့သော ပဋိပက္ခကို အစပြု၍ မြန်မာတစ်နိုင်ငံလုံးတွင် ဆူပူအုံကြွမှုများ ဖြစ်ပေါ်စေခဲ့သော လူမျိုးများလည်းဖြစ်ပေသည်။ ယခုအခါတွင် ရခိုင်ပြည်နယ်တွင် ၄င်းတို့၏ နေထိုင်မှုကြပ်တည်းလာခြင်း၊ အစိုးရမှလည်း၎င်းတို့အား အလေးထားစောင့်ကြည့်နေခြင်းကြောင့် ရခိုင်ပြည်မှ နေ၍ ကချင်ပြည်နယ်ဘက်သို့ လှည့်လာခြင်းမျိုးလည်းဖြစ်နိုင်ပေသည်။
ထပ်မံ၍ KIO/KIA အဖွဲ့အကြောင်းကိုလည်း ကျွန်ပ်ရေးသားဖော်ပြချင်ပါသေးသည်။ KIO/KIA အဖွဲ့စည်းသည် မြန်မာနိုင်ငံရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများထဲတွင် အစိုးရနှင့်အပစ်အခတ်ရပ်စဲခြင်းကို လက်မှတ် ရေးထိုးခြင်းမပြုသော လက်နက်ကိုင်အဖွဲ့စည်းတစ်ခုဖြစ်ပေသည်။ ၄င်းတို့အဖွဲ့အစည်းအနေဖြင့် အစိုးရနှင့် အကြိမ်ကြိမ်ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့ကြသော်လည်း၎င်းတို့၏ကတိမတည်မှု၊ ရန်လိုမှုများနှင့် ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုစိတ်မရှိမှု များကြောင့်ယနေ့ထက်တိုင် အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးခြင်းမရှိသေးသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပေသည်။ ကချင်လူမျိုးကောင်းစားရေးဟုတွင်တွင် ညည်းသော်ငြားလည်း ကချင်လူမျိုးများ၏ ထောက်ခံမှုကိုအပြည့်အ၀မရရှိသည့် ခေါင်းဆောင်တစ်ချို့၏ လောဘဇောဖြင့် ရပ်တည်နေသောအဖွဲ့အစည်းတစ်ခုဖြစ်ပေသည်။
ယခုအခါတွင် အဆိုပါ KIO/KIA အဖွဲ့အစည်းနှင့် ရိုဟင်ဂျာဟုသုံးနှုံးထားသော ဘင်္ဂါလီကုလားများ အဖွဲ့အစည်းတို့သည် ကချင်ပြည်နယ်လိုင်ဇာမြို့ တွင်တွေ့ဆုံဆွေးနွေးနေကြပြီဖြစ်သည်။ မည်သို့သော အကြောင်းပြချက် များပေးနေပါစေ နိုင်ငံနှင့်လူမျိုးအတွက်တော့ ကောင်းသောဆွေးနွေးချင်းမျိုးမဖြစ်နိုင်ချေ။ KIO အနေနှင့် ရိုဟင်ဂျာဟူသော အသုံးအနှုံးကိုထောက်ခံလိုက်ပြီး မိမိသဘောဖြင့်မိမိဘင်္ဂါလီကုလားများကို ပြည်ထောင်စုတိုင်းရင်းသားစာရင်း သွင်းလိုက်သေးသည်။ ဘင်္ဂလီကုလားများအနေဖြင့် ရိုဟင်ဂျာသည်လည်း တိုင်းရင်းသားဖြစ်ပြီး တိုင်းရင်းသားအခွင့်ရေးတွေရရှိဖို့အစိုးရကို လက်တွဲ၍တော်လှန်မည်ဟူသော စည်းရုံး မှုသည် ပြည်ထောင်စုပြိုကွဲရေးအထိပါ ရည်ရွယ်ချက်ထားသည်ဟုလဲ သုံးသပ်ရပါသည်။ ထို့အတူ ကချင်ပြည်နယ်တွင် ရိုဟင်ဂျာတပ်မတော်တည်ထောင်ရန် တပ်နေရာအခိုင်အမာရရှိနိုင်ရေးကိုလဲ KIA ဗိုလ်မှူးကြီး ဂျိမ်းစ်ထံ တောင်းဆိုခဲ့ကြသေးသည်။ ကေအိုင်အေဘက်မှ ဘယ်သူသေသေငတေမာပြီးရောဟူ သည့်စိတ်ဖြင့် ထိုဘင်္ဂါလီကုလားများကို ကချင်ပြည်နယ်တွင် တပ်နေရာချထားခွင့်ပေးလိုက်ပါက ထိုအဖွဲ့စည်း နှစ်ခုသည် အမျိုးဘာသာသာသနာအတွက် အကြီးလေးဆုံးသောအန္တရာယ်များဖြစ်လာနိုင်ပေသည် ။
အချုပ်အားဖြင့်ဆိုသော် ဘင်္ဂါလီကုလားများအနေနှင့် အနေမချောင်တော့သော ရခိုင်ပြည်နယ်တွင်ရှိသမျှ ကုလားအင်အားစုများကိုစုစည်းကာ အစိုးရနှင့်မကျေမလည်ဖြစ်ပေါ်နေသည့် ကေအိုင်အေ လိုမျိုး သောင်းကျန်းသူအုပ်စုနှင့်ပူးပေါင်းရန်အားထုတ်လာခြင်းသည် တိုင်းရင်းသား အားလုံးစည်းလုံးညီညွတ်စွာ နေထိုင်နေသော အမိမြန်မာနိုင်ငံတော်ကြီးကို ဖြိုခွဲဖျက်ဆီးရန် အကြံစည်ပင်ဖြစ်နိုင်ပါကြောင်း သုံးသပ်ရေးသား လိုက်ပါသည်။

မင်းထက်သာ(ဗဟန်း)
မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး

၂၀၁၅ အမီ မြန်မာနိုင်ငံတွင် ကြီးငါးကြီးစာရင်းဝင်ရန် ဗီယက်နမ်မျှော်မှန်း

Posted by Unknown Wednesday, September 10, 2014, under | No comments


လာမည့်နှစ်တွင် မြန်မာနိုင်ငံ ၌ အကြီးဆုံးနိုင်ငံခြားရင်းနှီးမြှုပ် နှံသူ ငါးဦးစာရင်းဝင်ဖြစ်ရန် ရည် မှန်းထားကြောင်း မြန်မာနိုင်ငံ တွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဗီ ယက်နမ်အသင်း AVIM က တနင်္ဂ နွေနေ့ကဟနွိုင်းမြို့တွင်ပြောသည်။

၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုကို ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံအထိ တိုးမြှင့်သွားရန်ရှိကြောင်း AVIM ဥက္ကဋ္ဌတရန်ဘာဟာက စက်တင်ဘာ ၅ ရက်မှ ၉ ရက်အထိ ဗီယက်နမ်နိုင်ငံတွင် အလည်အပတ်ရောက်ရှိနေ သောလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံကုန်သွယ်မှုကို ဒေါ် လာ ၆၅၀ မှ ၇၀၀ ဘီလီယံအထိ မြှင့်တင်ရန် AVIM က ရည်ရွယ် ထားပြီး တစ်နှစ်လျှင် ဗီယက်နမ်ခရီးသွား ၃၅၀၀၀ မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိကြောင်း ပြောကြားသည်ဟု ဗီယက်နမ်သတင်း အေဂျင်စီက ကိုးကားဖော်ပြထား သည်။

ယင်းအသင်းကို ၂၀၁၀ မတ်လက ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးမှုဘဏ် BIDV ၏ ဦးဆောင်မှုဖြင့် ထူထောင်ခဲ့ပြီး အသင်းဥက္ကဋ္ဌ မှာ BIDV ၏ ဥက္ကဋ္ဌ ဖြစ်သည်။

လက်ရှိတွင် အသင်းဝင် ၇၆ ဦးရှိပြီး အများအပြားမှာ Petro Vietnam, Vietnam Airlines, Hoang AnhGia Lai Group and Vietnam Rubber Group တို့ကဲ့ သို့သော ကော်ပိုရေးရှင်းနှင့် အဓိက ကုမ္ပဏီများဖြစ်သည်။

၎င်းတို့၏ ရည်မှန်းချက်ပြည့် မီရေးအတွက် မြန်မာနိုင်ငံ၏ ဥပ ဒေရေးရာဆိုင်ရာ ဖွံ့ဖြိုးရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲ ဆောင်နိုင်မည့် နည်းလမ်းများအား မွမ်းမံပြင်ဆင်ရန် မြန်မာအစိုးရနှင့် လွှတ်တော်သို့ AVIM က တိုက်တွန်းလိုက်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံနေသည့် ဗီယက်နမ်ကုမ္ပဏီများ၏ ပိုင်ဆိုင်မှုများကို အကာအကွယ် ပေးရေးနှင့် စည်းမျဉ်းစည်းကမ်း များ ချမှတ်ရေးအတွက် သဘော တူညီမှုများရရှိရန်လိုအပ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် အထည် ချုပ်လုပ်ငန်း၊ လယ်ယာစိုက်ပျိုး ရေးလုပ်ငန်း၊ ကျန်းမာရေးစောင့် ရှောက်မှု၊ စွမ်းအင်၊ ဆောက်လုပ် ရေးပစ္စည်းထုတ်လုပ်ခြင်း၊ ဘဏ္ဍာ ရေးနှင့် ဘဏ်လုပ်ငန်းများ၌ ဗီယက်နမ်တို့၏ လုပ်ငန်းလိုင်စင် ကို အလျင်အမြန်ဆောင်ရွက်ပေး ပါရန် မျှော်လင့်ကြောင်း AVIM ဥက္ကဋ္ဌက ပြောကြားသည်။

သူရ ဦးရွှေမန်းကလည်း မြန်မာသည် အခြားနိုင်ငံများမှသင်ယူပြီး ၎င်း၏ ဥပဒေစည်းမျဉ်းများဆိုင်ရာကို ပြင်ဆင်နေကြောင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်ရန် စီမံခန့်ခွဲရေးအပိုင်းကိုသာ လုပ်ဆောင်ရန်ရှိကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

အထူးသဖြင့် ဗီယက်နမ်မှ လယ်ယာ၊ ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ငွေကြေးဆိုင်ရာနှင့် ဘဏ် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု များ ပိုမိုဝင်ရောက်လာစေရန် AVIM အနေဖြင့် ကြားခံအ ဖြစ် ဆက်လက်လုပ်ကိုင်ပေးရန် ဦးရွှေမန်းက ပြောသည်။

စတင်တည်ထောင်ခဲ့ချိန်က စ၍ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများကို လေ့လာရန် လုပ်ငန်းရှင် ငါးထောင်ခန့်အား AVIM က စီစဉ်စေလွှတ်ခဲ့ကြောင်း ဗီယက်နမ်သတင်း အေဂျင်စီက ဖော်ပြသည်။

ဗီယက်နမ်လုပ်ငန်း (၅၆) ခုက မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ် ဆောင်ရန်လိုင်စင်ရရှိထားပြီး ယင်းတို့တွင် ခုနစ်ခုမှာ ကြီးမားသော စီမံချက်များရှိကာ ရင်းနှီးငွေစုစု ပေါင်း ဒေါ်လာသန်း ၆၀၀ ရှိသည်။ အကြီးဆုံးစီမံချက်အနေဖြင့် ဟိုတယ်၊ နေအိမ်များနှင့် ရုံးများ ဆောက်လုပ်ရေး ဖြစ်ပြီး Hoang Anh Gia Lai Group က ဒေါ်လာသန်း ၄၄၀ ရင်းနှီးလုပ်ကိုင်နေကြောင်း သိရသည်။

ကိုးကား-Tuitrenews

လူတစ်ဦးချင်းနှင့် အဖွဲ့အစည်း အကျိုးစီးပွားထက် နိုင်ငံ့အကျိုးစီးပွားကို ဦးစားပေးမည်ဟု သမ္မတဦးသိန်းစိန်ပြော

Posted by Unknown Wednesday, September 10, 2014, under | 1 comment


နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် ဆွစ်ဇာလန်သမ္မတတို့ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးနေစဉ် (PETER SCHNEIDER/EPA)

ြ မြန်မာနိုင်ငံတွင် သမ္မတ ဖြစ်ခွင့်ကို မည်သူတစ်ဦးတစ် ယောက်မှ တားမြစ်ခံထားရခြင်း မရှိသင့်ဟု ယုံကြည်သော်လည်း လူတစ်ဦးချင်းနှင့် အဖွဲ့အစည်း၏ အကျိုးစီးပွားထက် နိုင်ငံ၏အကျိုး စီးပွားကိုသာ ဦးစားပေးစဉ်းစား မည်ဖြစ်ပြီး ဥပဒေနှင့်အညီ ဖွဲ့ စည်းပုံပြင်ဆင်ခြင်းကို ဆန့်ကျင် ရန် မရှိကြောင်း သမ္မတဦးသိန်းစိန် က ပြောကြားသည်။

ဆွစ်ဇာလန်အခြေစိုက် NZZ သတင်းဌာနက ဒေါ်အောင်ဆန်း စုကြည်မှာ နိုင်ငံခြားသားနှင့် လက်ထပ်ထား၍ သမ္မတလောင်းဖြစ်ခွင့် ကန့်သတ်ခံနေရခြင်းအပေါ် မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။


‘‘အခြေခံအားဖြင့်တော့ သမ္မတဖြစ်ခွင့်ကို ဘယ်သူတစ်ဦး တစ်ယောက်မှ တားမြစ်မခံထား သင့်ဘူးလို့ ကျွန်တော်ယုံကြည်ပါ တယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဘယ်လိုပြင်ဆင်ရမယ် ဆိုတာ ရှင်းလင်းတဲ့ စည်းမျဉ်းတွေရှိပါတယ်။ ကျွန်တော့် သဘောကတော့ တရားဥပဒေနဲ့ အညီ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းကို လုပ်မယ်ဆိုရင် ဆန့်ကျင်စရာမရှိပါဘူး’’ ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါ သတင်း ဌာနက ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတလောင်းဝင်ရောက်ခွင့် မရအောင် ကန့်သတ်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မကို ပြင်ဆင်ရန် မဲပေးမည်ဆိုပါက သမ္မတက မည်သို့မဲပေးရွေးချယ် မည်ဆိုသည်ကိုလည်း ဆက်လက် မေးမြန်းခဲ့သည်။

‘‘တစ်ဦးတစ်ယောက်ချင်းနဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အကျိုးစီး ပွားထက် နိုင်ငံ့အကျိုးစီးပွားတစ် ခုတည်းကို ဦးစားပေးစဉ်းစားမှာ ဖြစ်တယ်။ ပြီးတော့ လူများစုရဲ့ ဆန္ဒကိုလည်း လေးစားရမှာ ဖြစ် တယ်။ အဲဒီနှစ်ချက်ပေါ်မူတည် ပြီး ကျွန်တော်မှန်ကန်တဲ့ ဆုံးဖြတ် ချက်ကို ချမှတ်နိုင်မယ်လို့ ယုံ ကြည်ပါတယ်’’ ဟု ၎င်းက ပြန် လည်ဖြေကြားခဲ့သည်။

သမ္မတဦးသိန်းစိန်သည် နောက်ထပ်သက်တမ်းအတွက် အနားယူလိုသည်ဟု မကြာခဏ ပြောကြားခဲ့သော်လည်း ယခုဥရောပ ခရီးစဉ်တွင် တိုင်းပြည်နှင့် ပြည်သူလူထု၏ ဆန္ဒပေါ်မူတည်၍ နောက်သက်တမ်း ဆက်လုပ်၊ မလုပ် ဆုံးဖြတ်မည်ဖြစ်ကြောင်းပြောကြားထားပြီးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကသမ္မတဖြစ်လိုကြောင်း ပြောကြားထားသော်လည်း မိမိ၏ မိဘ၊ သားသမီး၊ ဇနီး၊ ခင်ပွန်းတို့မှာ နိုင်ငံခြားအစိုးရလက်အောက်ခံဖြစ်သူ တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရဟု ၂၀၀၈ ခုနှစ်ဖွဲ့စည်းအခြေခံ ဥပဒေပုဒ်မ ၅၉(စ)ကြောင့် သမ္မတဖြစ်ခွင့် ကန့်သတ်ခံနေရခြင်း ဖြစ်သည်။

‘‘ဒေါ်စုသမ္မတ မဖြစ်လည်း လွှတ်တော်ထဲကနေ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ကို ဆက်လုပ်သွားမှာ ပဲ။ အားလုံးက ပြောကြတာပဲ။ သားနှစ်ယောက်ကို မြန်မာနိုင်ငံ သား ခံယူလိုက်ဖို့။ ဒါပေမဲ့ ဒေါ်စု က ဒါအတွက် သိက္ခာအကျခံပြီး မလုပ်ဘူး။ ပြီးတော့ ၅၉(စ)ကို လည်း လုံးဝမပြောဘူး’’ ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။

ထို့ပြင် သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်း မှု လုပ်ငန်းစဉ်မှာ အရှေ့အလယ် ပိုင်းနိုင်ငံများတွင် ဖြစ်ပွားခဲ့သော အာရပ်နွေဦးဖြစ်စဉ်နှင့်အတူ စတင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အာရပ်နိုင်ငံများတွင် ရုန်းကန်နေရချိန် မြန်မာနိုင်ငံ အခြေအနေတည်ငြိမ်နေခြင်းမှာ တပ်မတော်၏ ကျေးဇူးကြောင့်ဖြစ် ကြောင်း လက်ရှိဖွဲ့စည်းပုံအရ လွှတ်တော်တွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းအ ပေါ် ထောက်ခံပြောဆိုခဲ့သည်။

- 7 dAYS

ရိုဟင်ဂျာအဖွဲ့ KIA နယ်မြေမှာ လှုပ်ရှားခွင့်ရရေး ဆွေးနွေးမှု ရုပ်သံဖိုင်

Posted by drmyochit Wednesday, September 10, 2014, under | No comments

စက်တင်ဘာ ၉ ရက်၊ ၂၀၁၄ ခုနှစ်
KIA အရာရှိနဲ့ ရိုဟင်ဂျာအဖွဲ့ကိုယ်စားလှယ်တချို့ရဲ့ စကားဝိုင်းကို မှတ်တမ်းတင်ထားတဲ့ ၁ နာရီကြာ ရုပ်သံဖိုင် ယူကျုမှာ လူကြည့်များလာဖွယ် ရှိပါတယ်။

ရုပ်သံမှာ ပါဝင်တဲ့ KIA အရာရှိက သူတို့နဲ့ ဒီကိုယ်စားလှယ်အဖွဲ့ကြားမှာ ပူးပေါင်းဆောင်ရွက်မှု မရှိပါဘူးလို့ ပြောဆိုကြောင်း ဧရာဝတီ အင်္ဂလိပ်ပိုင်းသတင်းတပုဒ် KIA Officer Denies Report of Rohingya Training in Kachin Rebel Area မှာ ရေးထားပါတယ်။

အနည်းငယ် ကောက်နုတ်ရရင်တော့
ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့အစည်းကို KIA ထိန်းချုပ်နယ်မြေမှာ လှုပ်ရှားခွင့်ပြုရေး တောင်းဆိုတာကို စကားဝိုင်းမှာ ကြားရပါမယ်။

ဒီကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး စဉ်းစားမယ်၊ အကြောင်းပြန်မယ် ဆိုပြီး KIA အရာရှိက တုန့်ပြန်ပါတယ်။
ဒီစကားဝိုင်းမှာ အဓိက စကားပြောသူ ၂ ဦးကို ဧရာဝတီက ဒီကနေ့ ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
၂ ဘက်စလုံးကတော့ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ အကြောင်းပြန်ကြပါတယ်။
Burmese Rohingya Association of Thailand အဖွဲ့ ခေါင်းဆောင် မောင်ကျော်နုက သူတို့အနေနဲ့ ငြိမ်းချမ်းစွာ အဖြေရှာတဲ့နည်းလမ်းကို လိုလားတယ်၊ 

ဒီနည်း အလုပ်မဖြစ်ရင်တော့ လက်နက်ကိုင်တော်လှန်ရေးအတွက် KIA နယ်မြေကို သွားကောင်း သွားမယ် လို့ ဆိုပါတယ်။



ဧရာဝတီ

Tuesday, September 09, 2014

အိုစမာဘင်လာဒင်အား ပစ်ခတ်စဉ်က ၀တ်ဆင်ခဲ့သည့် US Navy SEAL တပ်ဖွဲ့ဝင်၏ အင်္ကျီအား ၉/၁၁ အမှတ်တရပြတိုက်တွင် ပြသ

Posted by Unknown Tuesday, September 09, 2014, under | No comments


၂၀၁၁ ခုနှစ်အတွင်းက ပါကစ္စတန်နိုင်ငံ၊ အဘာ့တာ ဘတ်အရပ်ရှိ အိမ်တစ်လုံးသို့ US Navy SEAL တပ်ဖွဲ့က ၀င်ရောက်စီးနင်းခဲ့ပြီး အယ်လ်ခိုင်ဒါခေါင်းဆောင် အိုစမာဘင်လာဒင်အား ပစ်ခတ်ခဲ့သည့် တပ်ဖွဲ့ဝင်၏ အင်္ကျီအား ၉/၁၁ အမှတ်တရပြတိုက်တွင် ပြသလိုက်ကြောင်း သိရသည်။


အဆိုပါ Navy SEAL တပ်ဖွဲ့ဝင်သည် အိုစမာဘင်လာဒင်အား သေနတ်ဖြင့် သုံးချက်ပစ်ခတ်ခဲ့စဉ်က ယင်းအင်္ကျီကို ၀တ်ဆင်ထားခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးအတွက် ၎င်း၏ အမည်အား ထုတ်ဖော် ပြောကြားခဲ့ခြင်းမရှိသကဲ့သို့ ယခုပြသထား သည့် အင်္ကျီတွင်လည်း အမည်အား ရေးသားထားခြင်းမရှိပေ။

အဆိုပါအင်္ကျီအား ပြတိုက်တွင် ထားရေးအတွက် ကြားဝင်ဆောင်ရွက်ပေးခဲ့သူ လွှတ်တော်အမတ် ကာရိုလင်းမာရိုနေက “အကြမ်းဖက်နှိမ်နှင်းရေး စစ်ပွဲတွေ အတွက် အသက်တွေကို ရင်းနှီးမြှုပ်နှံထားတဲ့ အမျိုးသား၊အမျိုးသမီးတွေရဲ့ သတ္တိတွေကို ဂုဏ်ပြုပြီး ၉/၁၁ တိုက်ခိုက်ခံရမှုကို အမှတ်တရ ရှိစေဖို့အ တွက် Seal Team Six တပ်ဖွဲ့ဝင်က သူ့အင်္ကျီကို ပြတိုက်အတွက် လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

Ref:India Today

အိမ်အကူကိုနှိပ်စက်သည့် ဆရာဝန်လင်မယားအား ကျန်းမာရေးဝန်ကြီးဌာနကပါ စစ်ဆေးသွားမည်

Posted by Unknown Tuesday, September 09, 2014, under | No comments


.
ဒဏ်ရာများဖြင့် မြင်တွေ့ရသော အသက် ၁၄ နှစ်အရွယ် အိမ်အကူမိန်းကလေး 
(ဓာတ်ပုံ −အောင်သစ်လွင်)

အိမ်အကူမိန်းကလေး မျက်နှာပျက်စီးသွားသည်အထိ ရိုက်နှက်သည်ဟု စွပ်စွဲခံထားရ သည့် ဆရာဝန်လင်မယားအား အ ရပ်ဘက် ဥပဒေအပြင် ကျန်းမာ ရေး ဝန်ကြီးဌာနကပါ စစ်ဆေး သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အဆိုပါဆရာဝန်နှစ်ဦးသည် လက်ရှိတွင် မြောက်ဥက္ကလာပဆေး ရုံတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဆရာဝန်များဖြစ်သည်ဟု အမှုစစ်ရဲအရာရှိက ပြောသည်။

‘‘စုံစမ်းစစ်ဆေးချက်အရ တော့ ဆရာဝန်နှစ်ဦးဆိုတာလည်း မှန်နေတယ်။ ဆရာဝန်ဆိုတဲ့အ တွက် သူ့ဌာနဆိုင်ရာနဲ့ ညှိနှိုင်းပြီး တော့ ခေါ်ယူစစ်ဆေးဖို့ ဆောင် ရွက်နေတယ်။ အဖြစ်မှန်ပေါ် အောင် ဖော်ထုတ်သွားမှာပါ’’ဟု ထောက်ကြန့်မြို့မရဲစခန်းမှ အမှု စစ် ရဲအရာရှိက ပြောသည်။


ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်မှလာ၍ အိမ်အကူ လုပ်သူ အသက်(၁၄)နှစ်အ ရွယ် မိန်းကလေး တစ်ဦးကို လက် ကျိုးအောင် ရိုက်နှက်ခဲ့သည့်အ ပြင် မျက်နှာပျက်စီးသည်အထိ နှိပ်စက်ခဲ့သည့် စွပ်စွဲချက်ဖြင့် အမှု ဖွင့်ခံထားရသူမှာ ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ် ပုလဲ (၃)ရပ်ကွက်တွင် နေထိုင်သည့် ဆရာဝန်လင်မယားနှင့် ၎င်းတို့၏ မိခင်အမျိုးသမီးကြီး ဖြစ်သည်။

၎င်းတို့သုံးဦးအား လက်နက် ဖြင့် အပြင်းအထန် နာကျင်စေမှု၊ ဒဏ်ရာရစေရန် အားပေးကူညီမှု ဥပဒေပုဒ်မ ၁၁၄/၃၂၅/၃၂၆ တို့ဖြင့် ထောက်ကြန့်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေခြင်းဖြစ်သည်။

အိမ်အကူမိန်းကလေးအား ရိုက်နှက်သောကြောင့် ရခဲ့သော ဒဏ်ရာများကို အိမ်ပေါ်မှ လိမ့်ကျ ၍ရသော ဒဏ်ရာဟု လိမ်ညာစေ ၍ ဆေးရုံ၌ ကုသစေကြောင်း ကာယကံရှင်မိန်းကလေး၏မိခင် ဒေါ်သိန်းသိန်းဝင်းက စွပ်စွဲထား ပြီး လွန်ခဲ့သည့် ၁၅ ရက်ခန့်က ဖြစ်သော အမှုကို ယခုမှ စစ်ဆေး နေရခြင်းဖြစ်သောကြောင့် အ သေးစိတ် စိစစ်နေရကြောင်း ထောက်ကြန့်မြို့မရဲစခန်းမှူး ရဲ အုပ် ဝင်းဌေးက ပြောသည်။

ရဲစခန်းတွင် အမှုမဖွင့်မီ အိမ်အကူပွဲစား၏ ညှိနှိုင်းမှုဖြင့် ရိုက် နှက်ခံရသည့် ကလေးငယ်၏မိခင် က လျော်ကြေးငွေ ကျပ် ၁၂ သိန်း ဖြင့် ကျေအေးထားခဲ့ပြီး ၁၅ ရက် ခန့်ကြာမှသာ ပြန်လည်အမှုဖွင့် ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။

ကျေအေးပေးခဲ့စဉ်က အိမ်အကူပွဲစားက ၎င်းအား အရွယ် မရောက်သေးသော သမီးဖြစ်သူ ကို အလုပ်လုပ်ခိုင်းသောကြောင့် ရဲက အရေးယူနိုင်ကြောင်း ခြိမ်း ခြောက်ကာ ထမင်းဆိုင်တစ်ဆိုင် တွင် ကျေအေးလက်မှတ် ထိုးစေ ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်သိန်းသိန်း ဝင်းက ပြောသည်။


7Day Daily

အွန်လိုင်းစနစ်အသုံးပြုရင်း ခင်မင်ရင်းနှီးရာမှတစ်ဆင့် မှုခင်းကျူးလွန်မှုဖြစ်စဉ်အဖြစ်များလာ

Posted by Unknown Tuesday, September 09, 2014, under | No comments

အွန်လိုင်းအသုံးပြုရင်း ခင်မင်ရင်းနှီးရာမှတစ်ဆင့် အပြင်လောကတွင် မှုခင်းကျူးလွန်ခံရမှုဖြစ်စဉ်များ ယခုနှစ်အတွင်းအဖြစ်များလာကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

အထူးသဖြင့် လူမှုကွန်ရက်ဖြစ်သည့် Facebook နှင့် အင်တာနက်ဆော့ဖ်ဝဲတစ်ခုဖြစ်သည့် Viber တို့မှတစ်ဆင့် ခင်မင်ရင်းနှီးရာမှ ငွေကြေးလိမ်လည်ခံရမှုများ၊ လိင်ပိုင်းဆိုင်ရာငေ့်ယှက်ခံရမှုများ၊ ပစ္စည်းလုယက်ခံရမှုများနှင့် အသတ်ခံရမှုများ ယခုနှစ်အတွင်း ဖြစ်ပွားခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

အွန်လိုင်းတွင် ခင်မင်ရင်းနှီးရာမှတစ်ဆင့် အိမ်သို့ညအိပ်လက်ခံခဲ့ရာ ရွှေငွေများအပါအ၀င် တန်ဖိုးကြီးပစ္စည်းများအခိုးခံရမှုဖြစ်စဉ်တစ်ခု သြဂုတ်လအတွင်းကဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၂၆ ရက်က ဒဂုံမြို့နယ်နေ ဦးရဲမြတ်အောင်သည် နေအိမ်၌ရှိနေစဉ် Facebook လူမှုကွန်ရက်တွင်သိကျွမ်းခဲ့သည့် ပေါလုလွင်ဆိုသူမှာ ညအိပ်တည်းခိုရန်ရောက်ရှိလာသဖြင့် စကားပြောဆိုခဲ့ပြီး နံနက် ၁ နာရီဝန်းကျင်တွင် အိပ်ရာဝင်ခဲ့ကြောင်း မှုခင်းစစ်ချက်တွင် ဖော်ပြထားသည်။

ယင်းနောက် နံနက် ၂ နာရီဝန်းကျင်ခန့်တွင်တရေးနိုး၍ ပေါလုလွင်ဆိုသူအားကြည့်ရှုရာ မတွေ့တော့ဘဲ စိန်ရွှေရတနာပစ္စည်း ၁၄ မျိုး၊ လက်ပတ်နာရီတစ်လုံး၊ ဆင်းမ်ကတ်ပါ အိုင်ဖုန်းတစ်လုံး၊ ငွေနှစ်သိန်းခွဲ၊ နိုင်ငံကူးလက်မှတ်အပါအ၀င် စုစုပေါင်းတန်ဖိုးကျပ် ၃၇၄၃၀၀၀၀ သိန်းမှာ ပျောက်ဆုံးနေသဖြင့် အရေးယူပေးပါရန် ဒဂုံမြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါပြစ်မှုကျူးလွန်သူ ပေါလုလွင် (ခ) ရဲရင့်ထွဋ်ခေါင်(ခ) ကျော်မင်းသီဟန် (ခ) ကောင်းကောင်းဆိုသူကို သြဂုတ် ၃၀ ရက်တွင် စမ်းချောင်းမြို့နယ်ရှိနေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းမှာ ယခင်ကခိုးမှုပြစ်ချက်ဟောင်းရှိသူတစ်ဦးဖြစ်ကြောင်း မှုခင်းစစ်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှရဲမှူး မြင့်ထွေးက "ဒီလိုမျိုးအင်တာနက်လူမှုကွန်ရက်ကနေတစ်ဆင့် မှုခင်းတွေကျူးလွန်ခံရမှုတွေမဖြစ်စေဖို့ ကျွန်တော်တို့မြို့နယ်တွေ ရပ်ကွက်တွေမှာ ပညာပေးဟောပြောမှုတွေပြုလုပ်နေပါတယ်။ ပြည်သူတွေက ဥပဒေကိုသိရှိနားလည်ဖို့နဲ့ အွန်လိုင်းပေါ်မှာ ဘယ်သူ့ကိုမှမယုံဖို့လိုအပ်ပါတယ်" ဟုဆိုသည်။

ပြီးခဲ့သည့် ဇွန်လပိုင်းကလည်း အင်တာနက်ဆော့ဖ်ဝဲ Viber မှတစ်ဆင့် ရင်းနှီးချစ်ကြိုက်ခဲ့သည့် အမျိုးသမီးတစ်ဦးမှာ အပြင်တွင်ချိန်းတွေ့ရာမှ လူသတ် ပစ္စည်းအလုခံရသည့် ဖြစ်စဉ်တစ်ရပ်လည်း ဖြစ်ပွားခဲ့သည်။

"ဒီလိုမျိုးတွေဖြစ်ပွားရတာက လူတစ်ဦးချင်းနဲ့ပဲဆိုင်ပါတယ်။ အယုံလွယ်တာကြောင့်လည်းပါတာပေါ့။ အွန်လိုင်းပေါ်မှာတွေ့ပြီးမှ ဖြစ်တာမဟုတ်ဘဲ အပြင်မှာဒီလိုကိစ္စတွေကရှိနေပါတယ်။ လူတွေရဲ့အသိဗဟုသုတတွေမြင့်တက်လာရင်တော့ ဒါမျိုးတွေကလျော့နည်းသွားမှာပါ။ ဒီလိုအကျူးလွန်ခံရတာတွေကို အွန်လိုင်းလူမှုကွန်ရက်ကြောင့် လူတွေသိတာ ပိုမြန်လာတာမျိုးလည်းရှိတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ဦးမင်းဦးက သုံးသပ်သည်။

ဇွန် ၁၃ ရက် ညနေ ၃ နာရီခွဲခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ မင်္ဂလာဒုံဥယျာဉ်ပန်းခြံအတွင်းရှိ ၀ါးရုံအောက်၌ ပုပ်ပွနေသည့် အမျိုးသမီးလူသေလောင်းတစ်လောင်းတွေ့ရှိသဖြင့် သက်ဆိုင်ရာက အင်းစိန်ဆေးရုံသို့ ပို့အပ်စစ်ဆေးစေခဲ့ကြောင်း သိရသည်။

ထို့နောက်သက်ဆိုင်ရာ ရဲတာဝန်ရှိသူများ ဆက်လက်စုံစမ်းရာသေဆုံးသူမှာ တိုးချဲ့(၃)ရပ်ကွက်၊ ထောက်ကြန့်၊ မင်္ဂလာဒုံမြို့ နယ်နေ ရန်ကုန်မြို့ထဲဈေးကြီးများမှ အ၀တ်အထည်များဝယ်ယူကာ တစ်ဆင့်ရောင်းချနေသော မ.......(၃၂) နှစ်ဖြစ်ကြောင်းနှင့် အခင်းမဖြစ်ခင် ဇွန် ၉ ရက် နံနက်ပိုင်းတွင် အ၀တ်ဝယ်မည်ဆိုကာ နေအိမ်မှထွက်သွားခြင်းဖြစ်ပြီး အသတ်ခံရသည့်အမျိုးသမီးနှင့် ပြစ်မှုကျူးလွန်သူ ဇာနည်ဆိုသူတို့မှာ Viber တွင်တွေ့ဆုံချစ်ကြိုက်ခဲ့ပြီး အသတ်ခံရကာ ပစ္စည်းများလုယက်ခံခဲ့ရခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

အဆိုပါပြစ်မှုကျူးလွန်သူ ဇာနည်ဆိုသူအား ဇူလိုင် ၂ ရက်က ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ စုံစမ်းသိရသည်။ ထိုသို့အွန်လိုင်းမှတစ်ဆင့် မှုခင်းကျူးလွန်သူအများစုမှာ အွန်လိုင်းအသုံးပြုမှု နုနယ်သေးသည့် မိန်းကလေး၊ အရွယ်မရောက်သေးသည့်ကလေးသူငယ်များကို အဓိကပစ်မှတ်ထား ကျူးလွန်တတ်ကြောင်း ဆိုက်ဘာလေ့လာသူတစ်ဦးကဆိုသည်။

Viber အသုံးပြုသူတစ်ဦးဖြစ်သူ အသက် ၂၂ နှစ်အရွယ်အမျိုးသမီးတစ်ဦးက "ကျွန်မဖုန်းနံပါတ်ဆီကို ဟိုတလောကဆိုရင် နံပါတ်စိမ်းဖုန်းနံပါတ်တွေနဲ့ အပြင်မှာတွေ့ချင်တယ်။ ခင်ချင်တယ်ဆိုပြီး လာပြောတယ်။ ဘာမှပြန်မပြောတော့ ညစ်ညမ်းစာတွေ၊ ပုံတွေပို့လာတာတွေရှိတယ်။ ရဲတိုင်ရင် အလုပ်ရှုပ်မှာဆိုးလို့ အဲ့ဒီနံပါတ်ကို Block လိုက်တယ်။ စိတ်အနှောင့်အယှက်ဖြစ်ရတယ်" ဟု ပြောကြားသည်။

Facebook အသုံးပြုသူတစ်ဦးဖြစ်သည့် မပြည့်ပြည့်ကျော်က "အွန်လိုင်းကနေသိပြီးတော့ အပြင်မှာ ငွေအလိမ်ခံရတဲ့ဖြစ်စဉ်တွေကြားဖူးပါတယ်။ ဒီလိုမျိုးအလိမ်ခံရတာကလည်း တော်တော်ကို ဗဟုသုတနည်းပါးတယ်လို့ ဆိုရပါမယ်။ ကိုယ်နဲ့မသိတဲ့လူတစ်ယောက်ကို အပြင်မှာယုံရဖို့ခဲယဉ်းတယ်။ ဘာပဲပြောပြော မိန်းကလေးတွေအနေနဲ့က ပိုသတိထားသင့်ပါတယ်" ဟုဆိုသည်။

အွန်လိုင်းမှ ညစ်ညမ်းစာများ၊ ပုံများဖြင့် တစ်စုံတစ်ဦးကို စိတ်အနှောင့်အယှက်ဖြစ်အောင်ပြုမူပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၂ ဖြင့် အမှုဖွင့်အရေးယူနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်ဇော်ကဆိုသည်။

"တကယ်လို့ အွန်လိုင်းကနေ တစ်စုံတစ်ဦးက ညစ်ညမ်းစာတို့၊ ရုပ်ပုံတို့နဲ့နှောင့်ယှက်ခဲ့မယ်ဆိုရင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၂ နဲ့ အမှုဖွင့်အရေးယူလို့ရတယ်" ဟု ၎င်းကပြောကြားသည်။


- Eleven

Monday, September 08, 2014

ငြိမ်းချမ်းရေးပန်းခင်းထဲက နိုဘယ်လ်ဆုရှင်လောင်းလျာများဆောင်းပါးရှင် မောင်မြင့်မောင် (မန္တလေး)သို့


တစ်နေ့က လူမှုကွန်ယက်မီဒီယာအချို့မှာ ဝေဖန်မှုတွေများနေတဲ့ ဆောင်းပါးရှင်
မောင်မြင့်မောင်(မန္တလေး)ဆိုသူရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်ဖတ်လိုက်ရတယ်။
ဆောင်းပါးခေါင်းစဉ်က ငြိမ်းချမ်းရေးပန်းခင်းထဲက နိုဘယ်လ်ဆုရှင် လောင်းလျာများတဲ့။

ဆောင်းပါး အနှစ်ချုပ်ကိုကြည့်မယ်ဆိုရင်
သမ္မတကြီးနဲ့ ဦးအောင်မင်းကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုရရှိသင့်တယ်။
အခုလက်ရှိ NLD နာယကလုပ်နေတဲ့ ဦးတင်ဦးသည် တစ်ချိန်က ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့တဲ့အတွက်အဲဒီခေတ်ကာလက သောင်းကျန်းမှု
နှိမ်နှင်းရေးတွေမှာ တာဝန်ရှိတယ်၊ တာဝန်ရှိသူဖြစ်တယ်။
တပ်မတော်သားတွေအနေနဲ့လည်း ပြည်သူကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့
သူပုန်တွေကို တိုက်ခိုက်နေတာဟာ အဓိပ္ပါယ်မရှိဘူး၊

လက်ရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပါအ၀င်၊ အငြိမ်းစားယူသွားတဲ့ ဗိုလ်ချုပ်ကြီးအားလုံးက ပြည်သူတွေကို ၀န်ချတောင်းပန်ရမယ်။
ဖက်ဒရယ်တပ်မတော်နဲ့ အလှည့်ကျကာကွယ်ရေး ဦးစီးချုပ်တွေက
နိုင်ငံတော်ရဲ့လုံခြုံရေး၊ ကာကွယ်ရေးနဲ့ ပြည်သူ့အကျိုးစီးပွားတွေကို ဆက်ပြီး
တာဝန်ယူရမယ်ဆိုပြီးဆိုးရွားစွာ ရေးသားထားတာကို တွေ့ရှိရမှာဖြစ်တယ်။
တစ်နည်းအားဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ လက်မခံနိုင်သည့် အရေးအသား။

တောထဲတောင်ထဲ၊ မိုးထဲရေထဲမှာ အပင်ပန်း အဆင်းရဲခံပြီး
သွားလာလှုပ်ရှားကာ နေ့မအိပ် ညမအိပ် တာဝန်ထမ်းဆောင်နေကြရသည့်
တပ်မတော်သားအားလုံးအား သိမ်းကြုံးစော်ကားလိုက်သည့် စကားဖြစ်သည်။ ယခုလိုအခြေအနေရောက်ရှိအောင်၊ တည်ငြိမ်အေးချမ်းမှုရှိအောင် ပြည်သူအများ
စိတ်လက်ချမ်းသာစွာဖြင့် လွတ်လပ်စွာသွားလာနိုင်အောင် လုပ်ဆောင်ပေးခဲ့သည်မှာ
တပ်မတော်ပင်ဖြစ်သည်။

ယနေ့ကဲ့သို့ အခြေအနေမျိုးရောက်အောင် တပ်မတော်အနေဖြင့် အသက်ပေါင်းများစွာ
စွန့်လွှတ်ကာ အနစ်နာခံခဲ့ကြရသည်။ ယခုကဲ့သို့ ရေးသားရဲသော
ဆောင်းပါးရှင်၏ ဦးဏှောက်ကိုလည်း တော်တော် အံ့သြမိသည်။

နောက်တစ်ခုက ဖယ်ဒရယ် တပ်မတော် ကိစ္စ။

ပြည်နယ်အလိုက် ဖယ်ဒရယ် ဖယ်ဒရယ် လို့ ပြောနေတဲ့သူတွေ၊ အလှည့်ကျ ကာကွယ်ရေးဦးစီးချုပ်လုပ်မယ်လို့ အရှက်မရှိပြောနေတဲ့သူတွေ
ဒါလေးဖြေကြည့်စမ်းပါ

၁)ကိုယ်ကလိုချင်တာလား ?

၂) ကိုယ့်ပြည်နယ်ကလိုချင်တာလား ?

၃)ကိုယ့်ပြည်နယ်ထဲက ဘယ် % ကလိုချင်တာလဲ ?

၎)ကိုယ့်ပြည်နယ်ထဲက ဘယ် % ကကိုယ့်ကို ဖယ်ဒရယ်တောင်းဖို့Mandate ပေးထားသလဲ ?

၅)ပေးထားတဲ့ Mandateကရော ပြည်နယ်အတွင်းနေတဲ့သူ အားလုံးကိုကိုယ်စားပြုရဲ့လား ?

၆)ကိုယ့်ပြည်နယ်ထဲက လူဦးရေအမှန်က ?

၇) ကိုယ့်ပြည်နယ်ထဲမှာရော ဖယ်ဒရယ် လိုချင်တာ/ မလိုချင်တာ မရှိနိုင်ဖူးလား ?

၈) ပြည်နယ်သူပြည်နယ်သားတွေရဲ့ဆန္ဒခံယူပြီးပြီလား ?


သေချာပါတယ်။ ဘယ်သူမှ ဖြေနိုင်မှာမဟုတ်ပါဘူး။

တကယ်တော့ စစ်သားဆိုတာ စစ်ပွဲတစ်ပွဲကို ခင်းကျင်းတိုက်ခိုက်ဖို့ သူကဦးဆောင်ပြီး
ဘယ်တော့မှ မဆုံးဖြတ်ပါဘူး၊ စစ်ပွဲရဲ့ အနိဌာရုံတွေကို ကိုယ်တိုင်တိုက်ရတဲ့
စစ်သားဟာ အသိဆုံးဖြစ်သည်။စစ်ပွဲနှင့်ပတ်သက်ပြီး
စစ်သားထက်ပိုမိုခံစားရသူသည်မရှိနိုင်ပါဘူး။
သို့သော်
War is Peace ဆိုတဲ့အတိုင်းအချို့သော အခြေအနေတွေမှာ ငြိမ်းချမ်းဖို့အတွက်
စစ်မတိုက်ချင်သော်လည်း တိုက်ကြရတယ်။ မြန်မာနိုင်ငံ ဒီနေ့ဒီလိုအခြေအနေနဲ့
ကမ္ဘာ့အလည်မှာ တည်တည်ငြိမ်ငြိမ်နဲ့ အသွင်ကူးပြောင်းနေနိုင်တာ
တပ်မတော်သားတွေရဲ့ အသက်သွေးချွေးပေါင်းများစွာ ပေးဆပ်ခဲ့ရပြီးမှ ဖြစ်လာတာပါ။
ဒါတွေကို တန်ဖိုးမထားရင်တောင် ကျေးဇူးကန်းရာ၊ စော်ကားရာ မဖြစ်စေသင့်ပါဘူး။

နိုင်ငံသားတိုင်းက နိုင်ငံတော်ကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်။
ဆောင်းပါးရှင် မောင်မြင့်မောင်(မန္တလေး) ကဲ့သို့ နိုင်ငံတော်ကို
ဖျက်လိုဖျက်ဆီးလုပ်နေတဲ့ သူတွေကိုလည်း ဘုံရန်သူအဖြစ်သာမြင်သင့်ပါတယ်။
အဆင့်အတန်းမရှိတဲ့ ရေးသားချက်များဖြင့်
အစိုးရအဖွဲ့အချင်းချင်း သွေးကွဲအောင်၊ တပ်မတော်ခေါင်းဆောင်များအား
ပြည်သူအများ အထင်မှား အမြင်မှားဖြစ်အောင် လုပ်ဆောင်နေခြင်းဟာ
တစ်မျိုးသားလုံး ထိခိုက်နေတယ်ဆိုတာကို သတိပြုရမှာဖြစ်တယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ အစိုးရကို ကြိုက်ခြင်း မကြိုက်ခြင်းထက်
နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာတည်တန့်ခိုင်မြဲရေးကို အလေးထားသင့်သလို၊
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကိုပဲ ဦးတည်သင့်ပါတယ်။

နိုင်ငံသူနိုင်ငံသားအားလုံး၏ အမျိုးသားရေးတာဝန်သည် အေးချမ်းသာယာပြီး
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံသစ်တည်ဆောက်ရေးတာဝန်ဖြစ်သည်။

ဒီလို အနာဂါတ်နိုင်ငံတော်ကို ပုံဖော်နေတဲ့နေရာမှာ တပ်မတော်ရဲ့ရပ်တည်ချက်ကတော့
အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ခြင်း ဖြစ်မည်ဆိုတာကတော့ အငြင်းပွားဖွယ်ရာပင်မလိုပေ။

မည်သူတို့ မည်သို့ပင် သွေးထိုးလှုံ့ဆော်နေကြပစေ တပ်မတော်ကတော့ စစ်တိုက်ရန်၊ စစ်တိုက်ရန်မရှိကလေ့ကျင့်ရန်၊စစ်တိုက်ရန်နှင့် လေ့ကျင့်ရန်မရှိက ပြည်သူ့အကျိုးပြုလုပ်ငန်းများ
ကို လုပ်ဆောင်ရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် ဆိုသည့်အတိုင်း ကျရာနေရာမှ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် မိမိတို့အသက်ကိုပင်ပဓာနမထားပဲ ဦးလည်မသုန်ထမ်းရွက်သွားမည်မှာ ကမ္ဘာတည်သရွေ့ ရှိနေဦးမည့် တပ်မတော်သားတို့၏ သစ္စာအဓိဌာန်ပင်ဖြစ်တော့သည်....။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်