Saturday, September 15, 2012

အီဂျစ် ဝန်ကြီးချုပ်ဟောင်း လာဘ်စားမှုဖြင့် ထောင် ၃ နှစ်ချခံရ

Posted by drmyochit Saturday, September 15, 2012, under | No comments


အီဂျစ် နိုင်ငံရှိ တစ်ချိန်က ဝန်ကြီးချုပ်ဟောင်း ဖြစ်သူ Ahmed Nazif မှာ သမ္မတ ဟိုစနီမူဘာရက် လက်ထက် တွင် တရားမဝင်သည့် ငွေကြေး အမြတ်အစွန်းများ ရရှိအောင် လုပ်ဆောင်ခဲ့မှုဖြင့် တရားစွဲဆို ခံခဲ့ရကာ ကြာသပတေး နေ့က ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်သည်။
အီဂျစ် တရားရုံး တစ်ခုမှ Ahmed Nazif ကို ပစ္စည်းဥစ္စများကို တရားမဝင် ပိုင်ဆိုင်မှုများနှင့် ဥပဒေနှင့် မညီသည့် အမြတ်အစွန်းများ ရရှိအောင် ပြုလုပ်ခဲ့သဖြင့် ထောင်ဒဏ် ၃ နှစ် ကျခံစေရန် အမိန့် ချလိုက်ခြင်း ဖြစ်သည်။ အစိုးရ ရှေ့နေများ၏ အပြောအရ ၎င်း၏ တရားမဝင် ဝင်ငွေများမှာ အီဂျစ်ပေါင်ငွေ ၆၄ သန်းခန့် ရှိပြီး မြေများကို တရားမဝင် ဝယ်ယူမှုနှင့် ၎င်းထူထောင်ခဲ့သည့် ပုဂ္ဂလိက ပညာရေး လုပ်ငန်းမှ အမြတ်အစွန်းများမှ ဖြစ်ကြောင်းလည်း presstv သတင်းတွင် ဖော်ပြခဲ့သည်။ အလားတူပင် ယခုလိုထောင် ဒဏ်နှင့်အတူ ၎င်းကို အမေရိကန် ဒေါ်လာ ၁.၄၈ သန်း ဒဏ်ကြေး ပေးဆောင်ရန်လည်း အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်