Saturday, September 15, 2012

KIA မှ လက်နှက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဖားကန့်တွင် ကျောင်းသူတစ်ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ

Posted by drmyochit Saturday, September 15, 2012, under | No comments

From : The Voice

ကချင်ပြည်နယ် ဖားကန့်မြို့တွင် နှစ်ဖက်တပ်များအကြား လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့သည့် တိုက်ပွဲ များကြောင့် နမ၀တန်း ကျောင်းသူ တစ်ဦးသေဆုံးခဲ့ပြီး ဒေသခံ ပြည်သူ ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကချင်ပြည်နယ်တွင် နေထိုင်သည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေသခံများထံမှ စုံးစမ်း သိရှိရ သည်။

စက်တင်ဘာ ၁၃ ရက်နေ့တွင် အစိုးရ တပ်မတော်က ဖားကန့်မြို့ ဗျူဟာကုန်းမှ လက်နှက်ကြီး နှင့်ပစ်သကဲ့သို့ ကေအိုင်အေတို့က မော်ဝမ်းကြီး ကျေးရွာအုပ်စု ဆွတ်ငိုင်ယန် ကျေးရွာကုန်း မှနေ၍ လက်နှက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်ကြကြောင်း၊ ယင်းပစ်ခတ်မှုမှာ ညနေ ၃နာရီမှ ၄နာရီခွဲ အထိ ကြာမြင့်ကြောင်း ၎င်းတို့ကဆိုသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်