Saturday, December 08, 2012

မိုးထိမိုးမိဆန္ဒပြ ခေါင်းဆောင်များကို ရုံးထုတ်

Posted by drmyochit Saturday, December 08, 2012, under | No comments


နေပြည်တော်ကို ချီတက်ရင်း ဖမ်းဆီးခံတဲ့ မိုးထိမိုးမိရွှေလုပ်သား ဆန္ဒပြ သမားခေါင်း ဆောင် ၄ ဦးကို ဒီကနေ့ ရေတာ ရှည်မြို့နယ် တရားရုံးမှာ ဆက်လက်ရုံးထုတ်ရာမှာ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မနဲ့ ခွင့်ပြုချက် မရဘဲ ဆန္ဒပြ မှုပုဒ်မ ၂ ခုကို စစ်ဆေးတယ်လို့ တရားခွင်တက်နားထောင်တဲ့ တရားစွဲခံရသူ ကိုနေထက်အောင်ရဲ့ ဖခင် ဦးမြင့် သန်းက ပြောပါတယ်။


ရန်ကုန်ကနေ နေပြည်တော်ထိချီတက်ရာမှာ ခေါင်းဆောင်တွေဖြစ်တဲ့ ကိုရဲရင့်ထွန်း၊ ကိုနိုင်ဝင်း၊ ကိုနေ အောင်ထက်နဲ့ ကိုစောနောင်တို့ကို အာဏာပိုင်တွေက နိုဝင်ဘာ ၂၃ ရက်မှာ ဖမ်းဆီးပြီး တောင်ငူထောင်မှာ ချုပ်နှောင်ထားတာပါ။

ဒီနေ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုကို စွပ်စွဲခံရသူတွေဘက်က လျှောက်လဲချက်ပေးပြီး ခွင့်ပြုမိန့်မရဘဲ ဆန္ဒပြမှုကို တရားလိုဘက်က သက်သေနဲ့ တရားလိုကို စစ်တယ်လို့ ဆိုပါတယ်။

ပုဒ်မနှစ်ခုစလုံးအတွက် အာမခံလျှောက်ရာမှာ ဆန္ဒပြမှုအတွက်သာ အာမခံရတဲ့အတွက် တောင်ငူ ထောင်ကို ပြန်ခေါ်သွားတယ်လို့ ဆိုပါတယ်။

ဒီအမှုတွေကို လာမယ့် ၁၀ ရက်နေ့မှာ ဆက်လက်စစ်ဆေးဖို့ တရားသူကြီးက ရုံးချိန်းပေးလိုက်ပါတယ်။မိုးထိ မိုးမိ ဆန္ဒပြ လုပ်သမား ခေါင်းဆောင် ၄ ဦး အမှု ရင်ဆိုင် နေရ ချိန်မှာသူတို့ နောက်လိုက် တွေကို အစိုးရနဲ့ ကုမ္ပဏီ သဘော တူညီချက်နဲ့ ရမည်းသင်းမြို့ကို ပြန်လည် ခေါ်ဆောင်ပြီး သူတို့ တောင်းဆို ချက်တွေကို တကြိမ်ဆွေး နွေးခဲ့ ပြီးပါပြီ။

DVB (မြန်မာပိုင်း)
 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်