Saturday, December 08, 2012

ခေါင်းလျှော်ရည်ထုပ်များနှင့်အတူမူးယစ်ဆေးဝါးများ သယ်ဆောင်လာသူဖမ်းဆီးရမိ

Posted by drmyochit Saturday, December 08, 2012, under | No comments


၅-၁၂-၂ဝ၁၂ ရက်နေ့ ၁၇းဝဝ အချိန် ရှမ်းပြည်နယ် မူဆယ်(မူးယစ်)၊ ကွတ်ခိုင်လှုပ်ရှားအဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပူးပေါင်း အဖွဲ့များနှင့် အတူ သတင်းအရ ကွတ်ခိုင်မြို့ ခိုတင်ရွာသွားလမ်းမပေါ်တွင် ရပ်ထားသော Tiger ခဲရောင် လိုင်စင်မဲ့ ယာဉ်အမှတ် ၇ခ/×××× အား စစ်ဆေးရှာဖွေရာ ယာဉ်ရှေ့ခန်း တွင် ယာဉ်မောင်း လိကျင်ဖ(ခ)ကျော် မိုးလွင် (၂၄)နှစ်နှင့် လိကျင်လုံ(ခ) ကျော်ထွေး (၂၆)နှစ်တို့ (၂)ဦးကြား၌ဂျပ်ဖာပုံးခွံ အတွင်း ခေါင်းလျှော်ရည် ထုပ်များနှင့် ရောနှောထားသည့် WY စာတမ်းပါ အနီရောင် စိတ်ကြွရူးသွပ်ဆေးပြား (၁၉ဝဝဝ)ပြား၊ အလေးချိန် (၁.၈)ကီလို၊ ၈၈ နှင့် ၁ စာတမ်းတစ်ဖက်စီပါ အနီရောင် စိတ်ကြွရူးသွပ်ဆေးပြား (၃၈ဝဝ)ပြား၊ အလေးချိန် (၃၇ဝ)ဂရမ်၊ ပေါင်းဆေးပြား (၂၂၈ဝဝ)ပြား၊ အလေးချိန် (၂.၁၇)ကီလို (ဒေသပေါက်ဈေး ၁ ပြားလျှင် ၂,ဝဝဝ ကျပ်နှုန်းဖြင့် ကျပ် ၄၅၆ သိန်း)အား ရှာဖွေတွေ့ရှိခဲ့သည်။ စိတ်ကြွရူးသွပ်ဆေးပြားများ လက်ဝယ်တွေ့ရှိသူ လိကျင်ဖ (ခ) ကျော်မိုးလွင်နှင့် လိကျင်လုံ(ခ) ကျော်ထွေး တို့(၂)ဦးအား ၂၂၄၅ အချိန် ကွတ်ခိုင်ရဲစခန်း မယ(ပ) ၆၁/၁၂ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် ဖမ်းဆီးစစ် ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။



Myanmar Police Force

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်