ကင်ညာနိုင်ငံတွင်
ကလေးများ ရှိနေသည့် ခရစ်ယာန် ဘုရားကျောင်းကိုလက် ပစ်ဗုံး တစ်လုံးဖြင့် တိုက်ခိုက်မှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရဲများက တနင်္ဂ နွေနေ့ တွင် ဘုရားကျောင်းအတွင်း ဝတ်ပြုနေသော
ကလေးငယ်များအနက် လက်ပစ် ဗုံးကြောင့် တစ်ဦးသေဆုံးပြီး သုံးဦးမှာ ဆိုးရွားပြင်းထန်စွာ ဒဏ်ရာ ရခဲ့ ကြောင်း ပြောကြားခဲ့သည်။
ကင်ညာနိုင်ငံတွင် ကလေးများ ရှိနေသည့် ခရစ်ယာန် ဘုရားကျောင်းကို လက်ပစ်ဗုံး တစ်လုံးဖြင့်
တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရဲများက တနင်္ဂနွေနေ့တွင် ဘုရားကျောင်းအတွင်း
ဝတ်ပြုနေသော ကလေးငယ် များအနက် လက်ပစ်ဗုံးကြောင့် တစ်ဦးသေဆုံးပြီး သုံးဦးမှာ ဆိုးရွားပြင်းထန်စွာ
ဒဏ်ရာရခဲ့ကြောင်း ပြောကြား ခဲ့သည်။ နိုင်ရိုဘီ မြို့တော်ရှိ ဂျူဂျာ လမ်းမပေါ်မှာ စိန့်ပိုလီကပ်
ဘုရားကျောင်းကို တိုက်ခိုက်သူ ပစ်မှတ်ထား ခဲ့ခြင်းဟု ဆိုသည်။
ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ယခုတိုက်ခိုက်မှုကို ဆိုမာလီယာမှ မွတ်ဆလင်
အစွန်းရောက် စစ်သွေးကြွအဖွဲ့ အယ်လ်ရှာဘက်တို့က စီစဉ်ခဲ့ကြောင်း ပြစ်တင် ပြောဆိုထားသည်။
အယ်လ်ရှာဘက်တို့သည် ဆိုမာလီယာ အစိုးရကို ဖြုတ်ချရန် ကြိုးစားခဲ့သော်လည်း ကုလသမဂ္ဂ ငြိမ်းချမ်းရေး
ထိန်းသိမ်းမှု တပ်ဖွဲ့များ၏ ကြားဝင်မှုကြောင့် မအောင်မြင်ခဲ့ချေ။
အဆိုပါ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များတွင် ကင်ညာတပ်ဖွဲ့ဝင်များလည်း ပါဝင်ခဲ့သည်။ ရဲတပ်ဖွဲ့ အကြီးအကဲ မော့ဆက်စ် ညာကွမ်မာက လက်ပစ်ဗုံး ပစ်သွင်းခဲ့သည့် တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူ စုစုပေါင်း (၁၃)ဦးထိ ရှိခဲ့ကြောင်း BBCသို့ ပြောကြားခဲ့သည်။ ကင်ညာ ရဲတပ်ဖွဲ့သည် လက်ပစ်ဗုံး သယ်ယူလာမှုနှင့် ဆက်စပ်၍ မသင်္ကာသူ အချို့အား ဖမ်းဆီးကာ မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ကင်ညာ ရဲတပ်ဖွဲ့က အခြေအနေ ဆိုးသည့် ကလေးငယ် (၃)ဦးရှိကြောင်း ပြောဆိုထားသော်လည်း နိုင်ငံ၏ ကြက်ခြေနီ တပ်ဖွဲ့ကမူ ကလေး (၆)ဦးထိ ဒဏ်ရာ အလွန်ပြင်းထန်ကြောင်း ပြောကြားထားသည်။

From: ကချင်နေ့စဉ်သတင်း
0 comments:
Post a Comment