
ပင်တဂွန်စစ်ဌာနချုပ်မှ ထုတ်ဖော် ပြောကြားချက်အရ အမေရိကန် တပ်ဖွဲ့ များသည် မောင်းသူမဲ့လေယာဉ်
သစ် ထုတ်လုပ်မည်ဟု အေပီသတင်းဌာန၌ ဖော်ပြသည်။
အမေရိကန်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနက မောင်းသူမဲ့ လေယာဉ် သစ်အား ထုတ်လုပ်မည် ဖြစ်ကြောင်း
ပြောကြားသည်။ ယခင်မောင်းသူမဲ့ လေယာဉ်များထက် နည်းပညာ ပိုမိုမြင့်မားကာ လူထိန်းချုပ်မှု
နည်းပါး မည်ဖြစ်ပြီး နည်းပညာမြင့် မောင်းသူမဲ့ လေယာဉ်များကြောင့် ဝေဟင်တွင် ကင်းထောက်မှုများ
ပိုမိုတိုးတက် စေမည်ဟု အမေရိကန် လေတပ်မှ သိပ္ပံပညာရှင် မာ့ခ်မေဘာရီက ပြောကြားသည်။
အဆိုပါ မောင်းသူမဲ့ လေယာဉ် သစ်များတွင် တာဝေးကို ပျံသန်းနိုင်ခြင်းနှင့် ရေဒါ ရှောင်တိမ်းနိုင်သည့်
စနစ်များ ပါဝင်မည်ဟု သိရသည်။
0 comments:
Post a Comment