
စက်တင်ဘာလ ၂၁ ရက်၊ အပြည်ပြည်ဆိုင်ရာ
ငြိမ်းချမ်းရေးနေ့က တစ်နိုင်ငံလုံး စစ်ပွဲတွေ ရပ်တန့်ရေး အတွက် ရန်ကုန်မြို့တွင်း ၆
မြို့နယ်မှာ လမ်းလျှောက် ဆန္ဒပြခဲ့ကြတဲ့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ခေါင်းဆောင် ဦးမရန်ဂျော်ဂွန်းနဲ့
ဒေါ်မေစံပယ်ဖြူ (ခေါ်) အယ်လ်ခေါန်ထွယ် တို့ကို ငြိမ်းချမ်း စွာစုဝေး ခွင့်နဲ့ ငြိမ်းချမ်းစွာ
စီတန်းလှည့်လှည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ (၁၈) နဲ့ စမ်းချောင်းမြို့ နယ်တရားရုံး မှာ
ဒီကနေ့ စတင် တရား စွဲဆိုလိုက်ပါတယ်။
သူတို့ နှစ်ဦးကို စမ်းချောင်းမြို့နယ် စခန်းမှူး ရဲအုပ်ဦးမြအောင်က တရားလိုအဖြစ် စွဲချက်တင်
တိုင်ကြားလိုက်တာပါ။ ကချင်ငြိမ်းချမ်းရေး ကွန်ရက်ဟာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ
နေပြည်တော် ကို သွားရောက် ဆန္ဒပြဖို့အတွက် စမ်းချောင်းမြို့နယ်မှာ စုဝေးခဲ့ကြပြီး အာဏာပိုင်တွေရဲ့
တားမြစ်မှုကြောင့်နေပြည်တော်ကို မသွားနိုင်တော့ဘဲ ပြည်သူ့ရင်ပြင်ကို
စီတန်း လမ်းလျှောက် ခဲ့ကြတဲ့ အတွက် စမ်းချောင်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုခံခဲ့ရတာပါ။
သူတို့နှစ်ဦးကို ကိုယ်တိုင်ခံဝန်ချက်နဲ့ အာမ,ခံ ပေးပြီးနောက် အောက်တိုဘာ (၃) ရက်နေ့ကို
ပြန်လည် ချိန်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကလည်း သူတို့ နှစ်ဦးကို ဒဂုံမြို့နယ်
တရားရုံးက အလားတူ ပုဒ်မနဲ့ တရားစွဲဆိုခဲ့ရာမှာ ကိုယ်တိုင် ခံဝန်ချက်၊ အာမခံကြေး ၁ဝ
သိန်းနဲ့ အမှုကို အောက်တိုဘာလ ၁ဝ ရက်နေ့ကို ပြန်လည် ချိန်းဆို လိုက်တယ်လို့ သိရပါတယ်။
From: ကချင်နေ့စဉ်သတင်း
0 comments:
Post a Comment