
မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ နယူးယောက်မြို့တွင် ပြုလုပ်သော (၂၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့တက်ရောက်ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့ နံနက် ၉း၂၀ က ရန်ကုန်မြို့ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ပြန်ရောက်ပြီဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် သယောက်ဖ မင်းအကူအညီလိုပြီည်
မြန်မာနိုင်ငံ မင်္ဂလာဒုံလေဆိပ် သို့ပြန်ရောက်ခဲ့စဉ်တွင်လည်း နိုင်ငံေ၇းပါတီ ၊
အသင်းအဖွဲ့များ ၊ စက်ရုံအလုပ်ရုံ အလုပ်သမားများက လာရောက်ကြိုဆိုခဲ့ကြပြီး လာရောက်ကြိုဆိုကြသော
နိုင်ငံရေးပါတီများမှ ပြောကြားရာတွင် ဒီမိုကရက် တစ်ပါတီ(မြန်မာ) မှ ပြန်ကြားရေးမှူးဦးလှမြင့်က
ပွင့်ပွင်းလင်းလင်းပြောရရင် “ ကျွန်တော်တို့ ကတော့နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် နိုင်ငံရေးအဖွဲ့အစည်းမှ
မဟုတ်ပါဘူး ၊ ဘယ်သူမ ဆို နိုင်ငံသား တစ်ယောက် အနေနဲ့ သမ္မတတစ်ဦးရဲ့ လုပ်ဆောင်ချက်တွေက
အလွန်အင် မတန်မှ ကောင်းတယ် ၊ ကျွန်တော်တို့ နှစ်ပေါင်း (၅၀) အတွင်းမှာလည်း အခုလိုမျိုး
အစည်းအဝေးပွဲကြီးမှာ တက်ပြောခွင့် ရတဲ့အ တွက် မြန်မာပြည် သူပြည်သား တစ်ယောက် အနေနဲ့နိုင်ငံတော်သမ္မတကြီးကို
လေးလည်းလေးစားတယ် ၊ ဂုဏ်လည်း ဂုဏ်ယူတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ အတူတူအစစအရာရာ ပွင့်လင်းမြင် သာအောင် လုပ်ဆောင်ပေးတဲ့ အတွက်အခုလိုမျိုးလာကြို ဆိုရခြင်းဖြစ်တယ်´´ဟုပြောကြားခဲ့သည်။
အမျိုးသားဒီမို ကရေစီအင်အားစုပါတီမှ ကိုကျော်သူရပြောကြားရာတွင်“အခုလိုလာရောက်ကြိုဆိုရတဲ့
အကြောင်းအရင်း ကတော့ ကိုယ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလည်းမှုတွေ ၊ နိုင်ငံရဲ့ အရေးအရာ
တွေမှာ ထဲထဲဝင်ဝင် ထိ ထိရောက်ရောက် နဲ့ဆောင်ရွက်ပေးနိုင်တဲ့ ဆောင်ကျဉ်းပေးနိုင်တဲ့
နိုင်ငံတော်သမ္မတကို ဂုဏ်ပြုတဲ့အနေနဲ့ လာတာပါ ၊ ပါတီကို ကိုယ်စားပြုပြီးလာခဲ့တာမဟုတ်ပါဘူး
၊ နိုင်ငံသားတယောက် အနေနဲ့ နိုင်ငံတော် သမ္မတ ဂုဏ်ပြုတဲ့ အတွက် လည်းလာ တာပါ´´ဟုပြောကြားခဲ့သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ အတွင်းရေးမှူး ဦးအေးမြင့် ပြောကြားရာတွင်လည်း
“ ဒို့နိုင်ငံတော်သမ္မတ ဆိုတာမင်းတို့လဲသိတဲ့ အတိုင်းပဲ နိုင်ငံတော်ရဲ့ ပြည်သူသန်း ၆၀
အတွက်တကယ် အနစ်နာခံပြီးတော့ စိတ်ရော ကိုယ်ပါ ဆောင်ရွက်ပေးတဲ့ နိုင်ငံတော်သမ္မတ ကြီး လည်းဖြစ်တယ်။
ဒီမိုကရေစီ အပြောင်း အလည်း ကိုလဲဆောင်ရွက်ပေးတဲ့ နိုင်ငံတော်သမ္မတကြီးလည်း ဖြစ်ပါတယ်။ ဦးတို့ ပါတီရဲ့ဥက္ကဌကြီး လည်းဖြစ်တာပေါ့ကွာ
၊ ဦးတို့အနေနဲ့ ဒါကြောင့်မို့လို့ ပြည်ခိုင်ဖြိုးအနေ နဲ့လာတာပါ။ သူအမေရိကန်နိုင်ငံ ကနေ
ဆောင်ကျဉ်း လာတာ အကောင်းတွေ ပြည်သူအကျိုးပြုလေးတွေ ၊ တကယ်ကို ဦးတို့အနေ နဲ့ ပြောရမယ်ဆို
တော်တော်လေးကို ဂုဏ်ပြုထိုက်တဲ့ နိုင်ငံတော် သမ္မတကြီးဖြစ် ပါတယ်။ အဲဒါကြောင့်ဦး တို့
ပြည်ခိုင် ဖြိုးပါတီဝင်တွေ အနေနဲ့ လှိုက်လှိုက်လှဲလှဲ လာရောက်ကြို ဆိုခြင်း ဖြစ်ပါတယ်´´ဟုပြော ကြား ခဲ့သည်။
From: Myanmar Express
0 comments:
Post a Comment