
အီရန်နိုင်ငံသည် ပြည်တွင်းထုတ် တာဝေး ပစ်ခတ်နိုင်သည့် Shaaher လက်ဖြောင့် ရိုင်ဖယ်နှင့်
Neinava နည်းဗျူ ဟာမြောက် စစ်သုံးယာဉ် တို့အား စက်တင်ဘာလ ၂၉
ရက်နေ့က တီဟီရန်မြို့၌ ကျင်းပ ပြုလုပ်သည့် အခမ်းအနား တစ်ရပ်တွင် ထုတ်ဖော် ပြသခဲ့ ကြောင်း
Press TV သတင်း ဌာနက ဖော်ပြခဲ့သည်ဟု သိရှိရပါသည်။ အဆိုပါ လက်ဖြောင့် ရိုင်ဖယ်သည် ၁၄.၅
မီလီ မီတာ ပြောင်းအချင်း ရှိပြီး တာဝေး ၃ ကီလိုမီတာ(၁.၈ မိုင်ခန့်) အထိ ထိရောက်မှု ရှိကြောင်း၊
၁၈၅ စင်တီမီတာ အရှည်ရှိပြီး ၂၂ ကီလို ဂရမ် အလေးချိန် ရှိကြောင်းနှင့် ထိရောက်စွာ ပစ်ခတ်
အသုံးပြုနိုင်ရန် အတွက် တပ်ဖွဲ့ဝင် ၃ ဦး လိုအပ်ကြောင်း သိရှိရပါသည်။
Neinava နည်းဗျူဟာမြောက် ယာဉ်သည် စစ်လက်နက် ပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များအား သယ်ယူ
ပို့ဆောင်ရေး အတွက် ပုံစံရေးဆွဲ ထုတ်လုပ် ထားသည့် ယာဉ်ဖြစ်ပြီး အလေးချိန် ၂.၅ တန်ရှိကြောင်း၊
မြင်းကောင်ရေ ၂၄ဝ စွမ်းအားရှိ အင်ဂျင် တပ်ဆင် ထားကြောင်း၊ အလျား ၇ မီတာရှိကာ အကျယ်
၂.၅ မီတာရှိပြီး အမြင့် ၂.၈ မီတာရှိကြောင်း၊ သာမန် လမ်းများတွင် မောင်းနှင်မည် ဆိုပါက
အလေးချိန်၅ တန်အထိ တင်ဆောင် မောင်းနှ င် နိုင်ကြောင်းနှင့် မြေအနေအထား အမျိုးမျိုးတွင်
၂.၅ တန် အလေးချိန်ကို တင်ဆောင် ကာ မောင်းနှင် နိုင်စွမ်း ရှိကြောင်း သိရှိရပါသည်။ အီရန်နိုင်ငံ
အနေဖြင့် ပြည်တွင်းထုတ် Saeqeh အမည်ရှိ မျိုးဆက်သစ် ဂျက်တိုက် လေယာဉ်များကို ထုတ်လုပ်လျက်
ရှိကြောင်းနှင့် အီရန် လေတပ်ဖွဲ့ရှိ လေယာဉ် အုပ်များတွင် နာမည် အသစ် တစ်မျိုးဖြင့်
မကြာမီ ဖြည့်တင်းပေး သွားမည်ဖြစ်ကြောင်း အီရန် ဒုတိယ လေတပ် ဦးစီးချုပ် ဗိုလ်မှူးချုပ်
အဇစ်နာ ဆီယာဇာဒက်က ထုတ်ဖော် ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။
From: မိုးမခ
0 comments:
Post a Comment