From :planet
ကိုလံဘီယာ နိုင်ငံတွင် ရစ်ခ်ျတာစကေး (၇.၁) ပြင်းအား အဆင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ တောင်အမေရိကတိုက်ရှိ နိုင်ငံ၏ အနောက်တောင်ဘက် ကမ်းခြေ ဒေသများတွင် တုန်ခါ လှုပ်ရှားမှုကို ခံစားခဲ့ရကြောင်း သိရသည်။
ကိုလံဘီယာ နိုင်ငံတွင် ရစ်ခ်ျတာစကေး (၇.၁) ပြင်းအား အဆင့်ရှိသော ငလျင် တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ တောင်အ မေရိကတိုက်ရှိ နိုင်ငံ၏ အနောက်တောင်ဘက် ကမ်းခြေ ဒေသများတွင် တုန်ခါ လှုပ်ရှားမှုကို ခံစားခဲ့ရကြောင်း သိရသည်။ တနင်္ဂနွေနေ့က လှုပ်ခတ်ခဲ့သည့် ငလျင် သည် မြေမျက်နှာပြင်အောက် မိုင်(၁၀၀)နီးပါးကို ဗဟိုပြု လှုပ်ရှားခဲ့ခြင်း ဖြစ်ပြီး ငလျင်နောက်ဆက်တွဲ သေဆုံး၊ ပျက်စီးမှု သတင်းများ မရရှိခဲ့ဟု အာဏာ ပိုင်များက ဆိုသည်။ ပိုပါယန်မြို့မှ မိုင်ပေါင်း (၃၀)အကွာ မြေအောက်ကို ဦးတည် သည့် ငလျင်လှုပ်ရှားမှုကို မြို့တော် ဘိုဂိုတာမှပင် ခံစား သိရှိခဲ့ကြောင်းလည်း ဒေ သခံ များက ပြောကြားခဲ့သည်။

အမေရိကန် ငလျင်တိုင်းတာရေး ပညာရှင်များက ငလျင်သည် မြေအနက် (၉၄)မိုင်ကို ဗဟိုပြု လှုပ်ရှားခဲ့ပြီး ပြင်းအား (၇.၂)အဆင့် ရှိနေကြောင်း ဆိုသည်။ အမေရိကန်မှ U.S. Geological Survey ကမူ ငလျင်၏ပြင်းအားကို ရစ်ခ်ျတာစကေး ၇.၃ ဖြစ်ကြောင်း သတ်မှတ်ဖော်ပြထားသည်။ ယခုငလျင်သည် အဆိုပါ ဒေသတွင်ပင် ပြင်းအား အဆင့်(၇.၂)ရှိသော ငလျင်တစ်ခု (၂၀၀၄)ခုနှစ်က လှုပ်ခတ်ခဲ့ပြီး နောက်ပိုင်း နိုင်ငံ၏ အားအပြင်းဆုံး ငလျင်လည်း ဖြစ်လာသည်။ ကိုလံဘီယာရှိ ပြည်နယ် (၃၂)ခုအနက် ငလျင်သက်ရောက်မှုကို ပြည်နယ် (၁၀)ခုက ခံစားခဲ့ရသည်။ ကော်ကာပြည်နယ် လုံခြုံရေးမှူးချုပ် အီဒစ်သ် ကာဘီဇာက ပြည်နယ်အတွင်း ထိခိုက် သေကြေမှု မရှိကြောင်း ဆိုသည်။ ပိုပါယန်မြို့သည် (၁၉၈၃)ခုနှစ်၊ မတ်လအတွင်းက သမိုင်းဝင် ငလျင်ကြီး တစ်ခုကြောင့် လူပေါင်း(၂၅၀) သေဆုံးသော ဖြစ်စဉ်ကို ကြုံတွေ့ခဲ့ဖူးသည်။
0 comments:
Post a Comment