Friday, November 30, 2012

လွတ်လပ်ရေးရပြီးနှစ်ပေါင်း ၆၀ ကြာအထိ မငြိမ်းချမ်းသေးတာ ဟာ ယုံကြည်မှု မတည်ဆောက်နိုင်သေးခြင်းကြောင့်ဖြစ်

Posted by drmyochit Friday, November 30, 2012, under | No comments



“ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း” ဆိုတဲ့ အစည်းအဝေးတရပ်ကို သျှမ်းလူမှု အဖွဲ့ အစည်းတွေက ဦးဆောင်ပြီး ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီခန်းမမှာ နိုဝင်ဘာ ၂၆ ရက်ကနေ ၂၈ ရက် အထိ ၃ ရက်ကြာ ကျင်းပခဲ့ပါတယ်။ နိုင်ငံရေးပါတီ ၃ ဖွဲ့ကကိုယ်စားလှယ်တွေ၊ သျှမ်းလက်နက်ကိုင် အဖွဲ့အစည်း ၄ ဖွဲ့ ကိုယ်စား လှယ်များ၊ ပြည်တွင်းပြည်ပ အခြေစိုက် သျှမ်းလူမှု အခြေပြု အဖွဲ့အစည်း ၁၁ ဖွဲ့မှ ကိုယ်စားလှယ်များ၊ မြို့နယ်ပေါင်း ၄၂ မြို့နယ်မှ ကိုယ်စားလှယ်များနှင့် အထူး ဖိတ်ကြားထားသည့် ပညာရှင် ၁၇ ဦး စုစုပေါင်း ၁၇၀ ဦးတက်ရောက်တဲ့ ဒီအစည်းအဝေးမှာ ဘာတွေအထူးပြောဆိုဆွေးနွေးခဲ့ကြသလဲဆိုနဲ့ ပတ်သက်ပြီး ပြောခွင့်ရပုဂ္ဂိုလ် နန်းဝိုးဆိုင် ကို သျှမ်းသံတော်ဆင့် သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ နိုဝင်ဘာ ၂၆ ရက်ကနေ ၂၈ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပသွားတဲ့ အစည်းအဝေးက ဘာအစည်းအဝေးလဲ။ဘာကြောင့်ပြုလုပ်ရပါသလဲ။
ဖြေ။ ။ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်တဲ့ အစည်းအဝေးပါ။ တိုင်းရင်းသား ဒေသတွေမှာ ဘာကြောင့် မငြိမ်းချမ်းသေးသလဲ။ ကျမတို့ သျှမ်းတိုင်းရင်းသား ဒေသမှာလည်း မအေးချမ်းသေးဘူး။ ဘာကြောင့်လဲဆိုတာ ပြန်သုံးသပ်ကြည့်လိုက်ရင် လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာပဋိပက္ခတွေ ဖြစ်လာတယ်။ ဆူပူမှုတွေ ဖြစ်လာတယ်။ နှစ် ၆၀ ကျော်ပြီ မငြိမ်းချမ်း သေးဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးတာလည်း မအောင်မြင်ဘူး။ ဘာကြောင့်မအောင်မြင် သလဲဆိုရင် တယောက်နဲ့တယောက်၊ လူမျိုးတမျိုးနဲ့တမျိုး၊ အဖွဲတဖွဲ့နဲ့တဖွဲ့ ယုံကြည်မှုမရှိကြသေးလို့ဘဲ။ ဒါကြောင့် ငြိမ်းချမ်းရေး ရဖို့ယုံကြည်မှု တည်ဆောက်ရမယ်။ ယုံကြည်မှု မရှိရင် ဘယ်လိုဘဲ ဆွေးနွေးဆွေးနွေး မအောင်မြင်နိုင်ဘူး။ လက်နက်ကိုင် အဖွဲ့တွေလည်း စာချုပ်မှာ အပစ်ရပ်ဖို့ လက်မှတ်ထိုးပြီးပြီ။ ဒါပေမဲ့ တိုက်ပွဲတွေ ဖြစ်နေတုန်း။ ယုံကြည်မှု မရှိလို့။ ယုံကြည်အောင်လည်း လုပ်ဆောင်တာ မရှိသေးလို့။ ယုံကြည်မှု တည်ဆောက်ပြီး ငြိမ်းချမ်းရေရယူဖို့ ဘယ်လို လုပ်ကြမလဲဆိုတာ ဆွေးနွေးဖို့ ပြုလုပ်ရတာပါ။ မေး။ ။ ယုံကြည်မှု တည်ဆောက်ဖို့ အတွက် ဆွေးနွေးတယ်ဆိုတော့ ဘယ်လိုဆွေးနွေးပါသလဲ။ ကျေနပ်အားရမှု ရှိပါသလား။ ဖြေ။ ။ စစ်တပ်၊ ပါတီ၊ လူမှုအဖွဲ့၊ အမျိုးသမီးအဖွဲ့၊ စာပေ/ယဉ် အဖွဲ့၊ ပြည်သူစတဲ့ အဖွဲ့ပေါင်းစုံက လာကြတယ်။ အားလုံးကိုရောပြီး အုပ်စုလိုက်ဆွေးနွေးကြတယ်။ ယုံကြည်မှု တည်ဆောက်ဖို့ အတွက် အဖက်ဖက်က ပါဝင်ရမယ်။ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ ကျန်းမာရေး၊ ပညာရေး စသဖြင့် ဒါတွေနဲ့ ပတ်သက်တာကို ဆွေးနွေးတယ်။ အတွေ့အကြုံရင့်ကျက်တဲ့ အသိပညာရှင် အတတ်ပညာ ရှင်တွေလည်း သူတို့ရဲ့ အတွေ့အကြုံတွေကိုပြောပြတယ်။ အဖြစ်မှန် အမြင်မှန် ကိုသိပြီး ယုံကြည်မှုရအောင် ဘယ်လို လုပ်သင့်သလဲဆိုတာ ဆွေးနွေးကြတယ်။ ယုံကြည်မှုရှိရင် ငြိမ်းချမ်းရေး တည်ဆောက်ဖို့ လွယ်သွားမယ်။
မေး။ ။ အစည်းအဝေးမှာ အဆင်မပြေတာတွေ နားလည်မှု မရတာတွေ ရှိလား။
ဖြေ။ ။ မရှိပါဘူး။ သျှမ်းပြည်က သျှမ်းတိုင်းရင်းသားတွေ သာမက ကချင်ပြည်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းက သျှမ်းတိုင်းရင်းသားတွေ၊ပြည်ပက သျှမ်းတိုင်းရင်း သားတွေလည်း လာတက်ကြတယ်။ ဆွေးနွေးရတာ အားလုံး အဆင်ပြေပါတယ်။ အတွေ့အကြုံတွေက ခပ်များများ ဆင်တူနေကြတော့ ပြောရဆိုရတာ နားလည်မှုရှိကြတယ်။နားလည်လွယ်တယ်။
မေး။ ။အာဏာပိုင်တွေ နှောင့်ယှက်တာတွေ ရှိလား။
ဖြေ။ ။ မရှိပါဘူး။ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းလည်း လာတက်ပြီး ဒီလိုအစည်းအဝေးမျိုး ရှိသင့်တာကြာပြီ။ နောက်နောင်လည်း ဒီလိုအစည်း အဝေးရှိမယ်ဆိုရင် ကူညီပေးမယ် လို့ ပြောသွားတယ်။
မေး။ ။ ၁၉၆၂ ခုနှစ်နှောင်ပိုင်းမှာ ဒီလိုအစည်းအဝေးဟာ ပထမဆုံးအကြိမ်လို့ ပြောနိုင်တယ်။ သျှမ်းတိုင်းရင်းသားတွေ တွေ့ဆုံတဲ့ ပထမဆုံးအကြိမ်လို့လည်း မမှားဘူး။ ဒါကြောင့် အမျိုးသားရေး အတွက်ဘာတွေများဆုံးဖြတ်ခဲ့ကြပါသလဲ။
ဖြေ။ ။ ဘယ်လိုလုပ်ပြီး ယုံကြည်မှု တည်ဆောက်မလဲဆိုတာ နည်းလမ်းရှာဖွေ တဲ့ တွေ့ဆုံေ ဆွးနွေး ပွဲ ဖြစ်တာကြောင့် ဘာမှမဆုံးဖြတ်ပါဘူး။ အချက်အလက်တွေ ယူလာပြီး ဘယ်လို လုပ်မလဲ ဆိုတာ ဆွေးနွေးတာပါ။ အဖက်ဖက်က လာရောက်ဆွေးနွေးပြီး ဒီလိုလုပ်သင့်တယ်၊ ဒီလိုပြုပြင်သင့် တယ်ဆိုပြီး အကြံပေးတာကို နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ တိုင်းပြည်ငြိမ်းချမ်းဖို့၊ တိုးတက်ဖို့ ယူသုံးနိုင်အောင်ပါ။ ဒါပေမဲ့ နောက်နောင်မှာလည်း ဒီလိုအစည်းအဝေး လုပ်ပါအုံးမယ်။ ပထမဆုံး အကြိမ် ဖြစ်တာကြောင့် ဆွေးနွေး ရမဲ့ခေါင်းစဉ်တွေလည်း များတယ်။ အချိန်လည်း သိပ်မရတော့ ဆုံးဖြတ်ချက်ချတဲ့ အဆင့်ထိတော့ မရောက်ဘူး။ နောက်နောင်ဆိုရင် ဆုံးဖြတ်နိုင်တဲ့ အဆင့်ထိ ရောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
မေး။ ။ သျှမ်းတပ်ဖွဲ့ဆိုလည်း ၂ဖွဲ့ ၃ ဖွဲ့ရှိတယ်၊ သျှမ်းပါတီဆိုရင်လည်း ၂ ဖွဲ့ ၃ ဖွဲ့ရှိတယ်။ ပြည်သူ တွေက သူတို့ကို ပေါင်းစည်းစေချင်ကြတယ်။ ဒီကိစ်စနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ။
ဖြေ။ ။ ဒါလည်းဆွေးနွေးဖြစ်ပါတယ်။ အစည်းအဝေးမတိုင်ခင် အလုပ်အမှုဆောင် အဖွဲ့လည်း သျှမ်းတိုင်းရင်း သားတွေ နေထိုင်တဲ့ဒေသကို သွားရောက်ပြီး ဆန္ဒကောက်ယူခဲ့ကြပါတယ်။ ၉၀ ရာခိုင်နှုန်း လောက်က လက်နက်ကိုင် တပ်ဘဲဖြစ်ဖြစ်၊ နိုင်ငံရေးပါတီဘဲဖြစ်ဖြစ် သူတို့ကို ပေါင်းစည်း စေချင်ကြတယ်။ မပေါင်းစည်းနိုင်ရင်လည်း ပူးပေါင်းလုပ်ဆောင်ကြဖို့၊ နေရာ၊ တာဝန်ခွဲဝေကြဖို့ ပြောကြတယ်။ဒါကတော့ပြည်သူတွေရဲ့ဆန္ဒပါ။
မေး။ ။ ဒီအစည်းအဝေးကနေ သျှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ စကားကို ပြည်သူတွေ သိရှိအောင်ဘာများမှာကြားချင်ပါသလဲ။
ဖြေ။ ။ ဒီအစည်းအဝေးမှာ ဒေသအသီးသီးက လူငယ်အဖွဲ့လည်း ပါဝင်တယ်။ ကိုယ်စားလှယ် အသီးသီးလည်း လာတက်ကြတယ်။ ဒါကြောင့် သူတို့လည်း အချက်အလက်တွေကို ပြန်ပြောကြမှာပါ။
ပြည်သူတွေလည်း ကိုယ့်တိုင်းပြည်ကို ချစ်ကြဖို့၊ စိတ်ရှည်ရှည်ထားကြဖို့၊ မာနတွေ လျှော့ကြဖို့၊ တကိုယ်ကောင်းမဆန်ဘဲ အများအကျိုးအတွက် သယ်ပိုးဖို့၊ ပြည်ပမှာ ရောက်နေတဲ့ လူငယ်တွေလည်း ကိုယ့်တိုင်းပြည်ကိုပြန်လာပြီး တိုင်းပြည်အကျိုးသယ်ပိုးကြဖို့ အစည်းအဝေး တက်ရောက် ကြသူတွေ အားလုံးက တောင်းဆိုကြပါတယ်။ ၃ ရက်တာကာလ ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးဖြစ်စဉ်၊ လက်ရှိ သျှမ်းနိုင်ငံရေး၊စီးပွါးရေး၊ လူမှုရေး၊ စာပေ ယဉ်ကျေးမှု၊ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ဆိုင်ရာများ၊ သျှမ်းလူမျိုးများ နေထိုင်ရာ ဒေသများတွင် ရာစုနှစ်တဝက်ကြာ ခံစားနေရသော နိုင်ငံရေးပြဿနာများ ပကတိအခြေအနေ များကိုစာတမ်း ၂၃ စောင်ဖြင့် တင်ပြခဲ့ပါတယ်။ အဲဒီ စာတမ်း ၂၃ စောင်အပေါ် အခြေခံပြီးတော့ အစည်းအဝေး တက်ရောက်တဲ့ လူတွေကခေါင်းစဉ်အလိုက် အုပ်စုခွဲပြီး သဘောထားပေး ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာပြီးဆုံးတဲ့ရက်မှာဘဲ လူထုထံက ကောက်ယူထားတဲ့ ဆန္ဒသဘောထား စစ်တမ်းတွေရဲ့ အဖြေကို စုစည်းပြီး တင်ပြဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။
သျှမ်းသံတော်ဆင့်

မြန်မာပိုင်း VOA ရုပ်သံ စကိုင်းနက်မှာ လွှင့်မည်။

Posted by drmyochit Friday, November 30, 2012, under | No comments


အမေရိကန် အစိုးရ၏ အသံလွှင့်ဋ္ဌာနဖြစ်သည့် ဗီအိုအေ မြန်မာပိုင်းရုပ်သံ အစီအစဉ်ကို ပုဂ္ဂလိကပိုင် စကိုင်းနက်ရုပ်သံလိုင်းမှ လွှင့်တင်ရန် စီစဉ်နေသည်ဟု သတင်းရရှိသည်။  စကိုင်းနက်ပေါ်မှ ဗွီအိုအေ ဆိုသည့် အခမ်းအနားကို လာမည့် ဒီဇင်ဘာ ၆ရက်နေ့တွင် ပြုလုပ်မည့် ဖိတ်ကြားစာများကို သတင်းမီဒီယာများသို့ ဝေငှထားကြောင်း လက်ခံရရှိသူ သတင်းအယ်ဒီတာ တစ်ဦးကပြောသည်။
အခပေး ကြည့်ရှုသူပေါင်း တသိန်းကျော်ရှိသည့် ရွှေသံလွင် ဦးကျော်ဝင်း ပိုင်ဆိုင်သော စကိုင်းနက် ရုပ်သံဋ္ဌာနသည် အခပေး ရုပ်သံဈေးကွက်တွင် နေရာရထားသည့် ရုပ်သံလွှင့် ဋ္ဌာနလည်းဖြစ်သည်။
ယခင်က မိုးလုံးပြည့် မုသာဝါဒများ၊ လေလှိုင်းပေါ်မှ လူသတ်သမားများဟု နအဖ အစိုးရက တလျှောက်လုံး ခေါ်ဆိုလာခဲ့သော်လည်း ယမန်နှစ် သြဂုတ်လတွင် ယင်းသို့ခေါ်ဆိုခြင်းကို ရပ်ဆိုင်းလိုက်ပြီးနောက် လအနည်းငယ်အကြာတွင် ပြည်ပအခြေစိုက် မြန်မာသတင်းဋ္ဌာန အချို့ မြန်မာနိုင်ငံတွင်း ၀င်ရောက်သတင်းယူခွင့် ရရှိလာခဲ့သည်။  ယင်းနောက်ပိုင်း တဖြည်းဖြည်းနှင့် ပြည်ပအခြေစိုက် သတင်းဋ္ဌာနများ၏ ရုံးခန်းများ ပြည်တွင်းတွင် ဖွင့်လှစ်လာနိုင်ကြသည်။
ပြည်ပအခြေစိုက် မြန်မာ ရုပ်သံအစီအစဉ်တစ်ခု အနေဖြင့် ပြည်တွင်းမှ ထပ်ဆင့် ထုတ်လွှင့်ခြင်းမှာမူ ယခု ဗွီအိုအေရုပ်သံအစီအစဉ်သည် ပထမဆုံး ဖြစ်လာမည်ဖြစ်သည်။ ။

  Myanmar Express 

အန္တရာယ်တောင်ကြားက ကျောင်းတက်ချင်တဲ့ သမီးငယ်

Posted by drmyochit Friday, November 30, 2012, under | No comments



သူမသည် မိန်းကလေး တစ်ယောက်ဖြစ်သည်။ ထိြု့ပင် ၁၄ နှစ်သာ ရှိသေးသော ကလေးငယ် တစ်ယောက်လည်း ဖြစ်သည်။ သို့သော် သူမသည် သူတို့ အတွက်တော့ ကြောက်စရာ ကောင်းသော ရန်သူတော် ဖြစ်၏။ အမြစ်ဖြုတ်ရမည့် နိုင်ငံရေး ပြိုင်ဘက် တစ်ယောက်ဖြစ်သည်။ အပြစ်ကင်း နုနယ် ချစ်စရာကောင်းသော သူမ၏ မျက်နှာလေး ကို ကြည့်လိုက်တိုင်း ရင်ထဲ အေးသွားရမည့် အစား ဆူဝေ ပူလောင်လာသည်။
ဒီကလေးမလေး ဘာဖြစ်လို့ သူတို့ကို စိန်ခေါ်နေခဲ့ပါသနည်း။ အားနွဲ့ နုနယ်သူလေးက ဘာဖြစ်လို့ သူတို့လို သူရဲကောင်းကြီးတွေကို အန်တုရဲရ ပါသနည်း။ ဒါတွေ သိပ်နားလည်စရာ မလိုပါ။ သူ့တာဝန် က ဒီကလေးမလေး ကိုလုပ်ကြံရန်သာ ဖြစ်သည်။ ကိုယ့်သမီးအရွယ်၊ နှမလေး အရွယ်ပါလား ဆိုသည့် ခံစားချက်မျိုး မခံစားမိခင် မှာပင် သေနတ်မောင်းကို ဆွဲညှစ်လိုက်သည်။ မိန်းကလေး ဦးခေါင်း မှာ သွေးများဖြာပြီး လဲသွားတာ မြင်တော့ သူ့ရဲဘော် တာလီဘန် စစ်သည်ကြီးများဆီ သတင်းကောင်း ပါးရန် တိမ်းရှောင် ပြေးထွက် လာခဲ့သည်။ သူ့အထင်တော့ ဒီကောင်မလေး သေလေပြီ။ သူမသိလိုက် သည်မှာ တစ်ခုတော့ရှိသည်။ တာလီဘန်တွေ အကြောက်ကြီး ကြောက်နေသည့် ၁၄ နှစ်သမီး ကလေး၏ ရင်ထဲ နှလုံးသွေးထဲ မှာရှိသော အစ္စလာမ် အမျိုးသမီးတိုင်း တန်းတူ ပညာသင်ခွင့် ရကို ရရမည်ဆို သည့် အားကောင်းမောင်းသန် လိုလား တောင့်တချက် ကိုတော့ ဘယ် တာလီဘန် ကမှ မလုပ်ကြံနိုင်ခြင်းပင်ဖြစ်သည်။
ပါကစ္စတန်နိုင်ငံ တာလီဘန် ကြီးစိုးရာဒေသ ဆွက်တောင်ကြားတွင် မိန်းကလေးများ ကျောင်းယူနီဖောင်းဖြင့် ကျောင်းသွားခြင်းမှာ အလွန်စွန့်စားရသော ကိစ္စတစ်ခုဖြစ်သည်။ တာလီဘန်များက မိန်းကလေးကျောင်းများကို မကြာခဏ လာရောက် တိုက်ခိုက် ကြလေ့ ရှိသည်။ မိန်းကလေး ပညာတတ် တစ်ယောက် ထွက်ပေါ်လာဖို့ အလွန်ပင်ခက် ခဲလှသော အခြေအနေ ဖြစ်၏။ သို့သော် အံ့သြမကုန်နိုင်သည့် ရဲရင့်ခြင်းမျှော်လင့်ချက် အလင်းရောင် ထွက်ပေါ်လာသည်။ ၄င်းမှာ မာလာလာ ယူဆက်ဖ်ဇိုင်း ဟုအမည်ရသည့် လက်ရှိ ကမ္ဘာ့အချစ်တော် သမီးငယ်လေး ပင်ဖြစ်တော့သည်။ သူမကို ၁၉၉၇ ခုနှစ်တွင် ပါကစ္စတန် အစ္စလာမ်မစ် စစ်သွေးကြွများနှင့် တိုက်ပွဲများ ဖြစ်ပွားလေ့ရှိရာ အနောက်မြောက်ပိုင်း ဆွက်တောင်ကြား မင်ဂိုရာမြို့နယ်မှာ ဖွားမြင်ခဲ့သည်။ တစ်ချိန် တာလီဘန် အုပ်စိုးစဉ်က မိန်းကလေး များကို ကျောင်း တက်ခွင့် မပေးခဲ့သော ဆွက်တောင်ကြားတွင် မာလာလာသည် မိန်းကလေးများ ပညာသင်ခွင့် လှုပ်ရှားဆောင်ရွက်သူ အဖြစ် ကျော်ကြား လူသိများ လာခဲ့သည်။
ဆွက်တောင်ကြားကို တာလီဘန်များ အုပ်စိုးစဉ်က ကြုံတွေ့ရသော နေ့စဉ် အဖြစ်အပျက်များကို မှတ်တမ်း ဒိုင်ယာရီ ရေးသားခဲ့ပြီး ထိုဒိုင်ယာရီကို ဘီဘီစီ အူရဒူ ဘာသာ အစီအစဉ်က ထုတ်လွှင့်ခဲ့သည်။ ထိုစဉ်က မာလာလာ၏ အသက်သည် ၁၁ နှစ်သာရှိသေး ၏။ ထိုစဉ်အချိန် ကတည်းက မိန်းကလေးများ ကျောင်းနေခွင့်၊ စစ်ဆန့်ကျင်ရေး စသည့် အငွေ့ အသက်များ ပါဝင်သော ကလေးငယ် တစ်ယောက်၏ ရိုးသားကြောက်ရွံ့ခြင်းများ ကင်းသည့် အရေးအသားများကြောင့် သူ၏ ဒိုင်ယာရီသည် ဖတ်မှတ်နားထောင် လိုက်ရသူများကို ရင်ထဲနင့်ခနဲဖြစ်သွားစေ၏။ ၂ဝဝ၉ ခုနှစ် အတွင်းက ဆွက်တောင်ကြား ဒေသ၏ နေရာတော်တော် များများကို တာလီဘန်တို့ သိမ်းပိုက်ဖူးပြီး အစ္စလာမ္မစ် ဘာသာရေး ဥပဒေဖြင့် အုပ်ချုပ်ရေးကို အသက် သွင်းဖူးသည်။ မိန်းကလေးများ ကျောင်းတက်ခွင့်ကို ပိတ်ပင်ခဲ့ပြီး၊ ကျောင်းများစွာကိုလည်း ပိတ်ပစ်ခဲ့သည်။
ထိုစဉ်က မာလာလာက ဂရိတ်ဆဲဗင်း ကျောင်းသူဖြစ်သည်။ သူ၏ဒိုင်ယာရီ စာစုလေးတွေကြောင့် ပြည်တွင်းပြည်ပ မီဒီယာများ က ဆက်သွယ် လာကြပြီး မာလာလာ လူသိများ သွားသည်။ လူသိများမှု နှင့် ဆုတံဆိပ်များ ကို အသုံးပြုလျက် သူမက မိန်းကလေးများ လွတ်လပ်လုံခြုံစွာ ပညာသင်ကြားခွင့် ကို ဆက်လက်လှုပ်ရှားသည်။ ဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး၏ နိုင်ငံတကာ ငြိမ်းချမ်းရေး ကလေးငယ်ဆု ကိုလည်းလက်ခံ ရရှိခဲ့သည်။ ပါကစ္စတန်နိုင်ငံ၏ လူငယ် ငြိမ်းချမ်းရေး ဆု ကိုလည်း ရရှိသည်။ သူလုပ်ကြံ ခံရသောနေ့က အောက်တိုဘာလ ၉ ရက်နေ့ ဖြစ်သည်။ ကျောင်း မှအပြန် တာလီဘန် သေနတ်သမားများက ချောင်းမြောင်း ပစ်ခတ်လုပ်ကြံကြခြင်း ဖြစ်၏။ ဦးခေါင်းနှင့် လည်ပင်တို့ကို ထိသွားသည်။ နာရီပေါင်း များစွာကြာအောင် သတိမေ့နေခဲ့သည်။
စိုးရိမ်ရသော အခြေအနေတွင် လူနာတင်လေယာဉ် ဖြင့် ဗြိတိန်နိုင်ငံသို့ ပို့ဆောင်ကုသ ပေးလျက်ရှိရာ ယခု အခြေအနေ ပြန်ကောင်းလာပြီဟု ဆရာဝန်ကြီးများက ဆိုကြသည်။ မာလာလာကို လုပ်ကြံ ပစ်ခတ်ခဲ့သည့် တာလီဘန်များကို ပါကစ္စတန် အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များက ဆန့်ကျင် ကြောင်း အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ မာလာလာနှင့် သူ၏ဖခင် ဇီအူဒင် တို့ နှစ်ယောက်လုံးကို ရအောင်သတ်မည်ဟု တာလီဘန် များကလည်း ချက်ချင်း တုံ့ပြန်သည်။ ပါကစ္စတန်နိုင်ငံအနှံ့ တာလီဘန် ဆန့်ကျင်ရေးနှင့် ငြိမ်းချမ်းရေး လိုလားသော လမ်းမပေါ် ဆုတောင်းသံများ ညံသွားသည်။ ပါကစ္စတန်ပြည်တွင်း မီဒီယာ အားလုံးလောက် နီးပါးက တာလီ ဘန်များ၏ အဆိုပါ လုပ်ရပ်ကို ရှုတ်ချ ရေးသား ကြသည်။
ကလေးပင်ဖြစ်ပါစေ 
မီဒီယာများက မာလာလာ ယူဆက်ဖ်ဇိုင်း၏ သတင်းကိုရေးသား နေခြင်းသည် ဘက်လိုက်မှုများ ရှိနေသည်ဟု ပါကစ္စတန် တာလီဘန်က တုံ့ပြန်ပြောကြားသည်။ ကောင်မလေးသည် အနောက်အုပ်စု ၏ စပိုင်ကလေးဖြစ်ကြောင်း၊ တာလီဘန်ကို ဆန့်ကျင်ပြော ဆိုကြောင်း၊ အစ္စလာမ် ၏ ရန်သူတော် အိုဘားမား ၏ အယူအဆများကို ဖြန့်ဝေနေ သူဖြစ်ကြောင်း တာလီဘန်များက ဆိုသည်။ "ကျွန်ုပ်တို့သည် သူ၏ ပညာရေးအပေါ် ပြောဆိုနေမှုတို့ကို တိုက်ခိုက်ခြင်း မဟုတ်ပေ။ မူဂျာဟစ်ဒင် နှင့် ယင်းစစ်သည်တော်တို့ ဝင်နေသော စစ်ပွဲကို ဆန့်ကျင်သောကြောင့် တိုက်ခိုက်ရခြင်း ဖြစ်ပေသည်။ အစ္စလာမ် ဥပဒေက အစ္စလာမ်ကို ဆန့်ကျင်သော စကားပြောဆိုသည့် ကလေးငယ်ကိုပင် သုတ်သင် ထိုက်သည် ဟု သင်ကြားကြသည်" ဟု တာလီဘန် များက ၄င်းတို့၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားကြသည်။ "တာလီဘန်ဟာ သတင်းစာဆရာတွေကို လေးစားစွာ ဆက်ဆံနေပါတယ်။ ဒါပေမဲ့ တချို့မီဒီယာတွေက မာလာလာ ယူဆက်ဖ်ဇိုင်းကို ထောက်ခံ ရေးသားနေကြပြီး တာလီဘန်ကို တော့ သွားပုပ်လေလွှင့် ပြောနေတာကို တွေ့ရပါတယ်" ဟု ပါကစ္စတန် တာလီဘန် TTP ၏ ပြောရေးဆိုခွင့် ရပုဂ္ဂိုလ် အာဆန်နူလာအာဆန် ကပြောကြားသည်။
ဖအေတူ 
မိန်းကလေးငယ်၏ ရဲရင့်စွာ ရပ်တည်မှုနှင့် ပတ်သက်ပြီး အံ့သြတကြီး ထောက်ခံ အားပေးမှုများ ကမ္ဘာအနှံ့မှာ တွေ့ရသော်လည်း မိန်းကလေးငယ်ကို ပြုစုပျိုးထောင် ပေးလိုက်သည့် သူ့ဖခင်ကိုမူ (ကမ္ဘာ့သတင်း လေ့လာသူများ ကြားတွင်) လူသိနည်းသည်။ အသက် ၁၁နှစ် အရွယ်မှာပင် နိုင်ငံတကာ အင်တာဗျူးများ ဖြေဆိုခဲ့ရာ မိန်းကလေး ပညာရေး၊ အကြမ်းဖက်ခြင်း နှင့် အိန္ဒိယ-ပါကစ္စတန် ဆက်ဆံရေး စသော ပြဿနာကြီးများကို ကိုးကား ပြောဆိုတတ်သည်။ ဖခင်ကြီးစိုးပြီး ရှေးရိုးစွဲသော တောင်ကြား အစ္စလာမ္မစ် လူ့အသိုင်းအဝိုင်းတွင် ထိုသို့ သမီးငယ် တစ်ယောက်က ရဲဝံ့ပြတ်သားစွာ ဂျီဟတ် စစ်သည်တော်ကြီးများကို ကန့်ကွက် ပြောဆိုရဲဖို့ဆိုတာ မည်သို့မှ မဖြစ်နိုင်ပေ။ သူမ၏ နောက်တွင် ပြုစုပျိုးထောင်ပေး နေသော နောက်ထပ် အစဉ်အလာ တော်လှန်ရေး သမား တစ်ဦးရှိ၏။ သူ၏ ဖခင် ဇီအူဒင်ယူအက်ဖ်ဇိုင်း ပင်ဖြစ်သည်။ ဇီအူဒင် သည်လည်း ပညာရေးဆိုင်ရာ တက်ကြွ လှုပ်ရှားသူ တစ်ဦး ဖြစ်ကာ ဆွက်တောင်ကြား မင်ဂိုရာမြို့ တွင် ကျောင်းတစ်ကျောင်း နှင့် ကောလိပ်တစ်ခု ထောင်ထားသည်။ "ကလေးမလေးရဲ့ အဖေ ဟာလည်း အစဉ်အလာ ကို တော်လှန် တည်ထောင်လိုသူ တစ်ယောက် ဖြစ်တယ်။ သူကတကယ့်လူပဲ၊ နားလည်ရလည်း ခက်တယ်" ဟု ပါကစ္စတန် အခြေစိုက် Amnesty International ၏ သုတေသန အဖွဲ့ဝင် မူစတာဖာကာဒရီ က ပြောကြားသည်။ "သူဟာ ဘာသာတရား ကိုင်းရှိုင်း တဲ့ အစ္စလာမ် ဘာသာဝင်ကောင်း တစ် ယောက်လည်း ဖြစ်ပြီး သမီးကိုလည်း ပညာတတ် ဖြစ်စေချင်၊ မိန်းမတိုင်း ကို လည်း ယောက်ျားတွေ နဲ့ တန်းတူ ပညာတတ် ဖြစ်စေချင်တဲ့ လူတစ်ယောက် ဖြစ် ပါတယ်" ဟု မူစတာဖာက ဆက်လက် ပြောဆိုသည်။ အမှန်တကယ်တော့ ဇာအူဒင် သည်လည်း ဆွက်တောင်ကြားတွင် နေထိုင်ရသည်မှာ အန္တရာယ် များလှသူ ဖြစ်သည်။ သူထောင်ထားသော ကျောင်းများကို အမေရိကန်က ပိုက်ဆံထောက်ပံ့ ထားသည်ဟု ကောလာဟလ များ ဆွက်တောင်ကြားလို နေရာမျိုးမှာ ပျံ့နေခြင်းသည် သူ့အတွက် သိပ်ကောင်းလှ သည်မဟုတ်ပေ။ တာလီဘန် လုပ်ကြံ သတ်ဖြတ်ချင်သော စာရင်းတွင် ၄င်းက ထိပ်ဆုံးမှ ပါနေပြီး ညအိပ်လျှင် နေရာ မျိုးစုံ သွားအိပ်နေရသူ ဖြစ်သည်။ သမီးလေး သေနတ်နှင့် ပစ်ခံရခြင်း သည် ဇာအူဒင်ကို ပြင်းပြင်းထန်ထန် ထိခိုက်သွားကြောင်း၊ လုပ်ကြံ ခံရသည့် နေ့က ဇာအူဒင်သည် တစ်နာရီခွဲလောက် ကြာအောင် ငိုနေခဲ့ကြောင်း ၄င်းတို့ မိသားစုနှင့် နီးစပ်သည့် မိတ်ဆွေ သူငယ်ချင်းများ က Time မဂ္ဂဇင်းကို ပြောကြား ခဲ့သည်။ မာလာလာ၏ အခြေအနေ ကောင်းမွန်နေလျက် ရှိကြောင်း ဘာမင်ဂန် ဆေးရုံ ဆရာဝန်ကြီးများ က ပြောကြားသည်။ "ကောင်မလေးရဲ့ တောင့်ခံနိုင်စွမ်းရည် နဲ့ သန်စွမ်းမှု ကတော့ ချီးကျူးစရာပဲဗျို့" ဟု ဆရာဝန်ကြီး ဒေါက်တာဒေးဗစ်ရော့စ် ဆာက ပြောကြားသည်။ ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း၊ သို့သော် မူလအတိုင်း ပြန်လည်ကောင်း မွန်ရန်တော့ အချိန်အတော်ကြာလိုကြောင်း၊ ရှင်းရှင်းကြီး စိတ်ချရသည့် အခြေအနေတော့ မဟုတ်ကြောင်း ၄င်း ဆရာဝန်ကြီးက ဆိုသည်။ တာလီဘန် သေနတ်သမား၏ ကျည်ချက်ကြောင့် ဦးခေါင်းနှင့် လည်ပင်းတွင် မာလာလာ ဒဏ်ရာ ရသွားသကဲ့သို့ ယင်းစစ်သွေးကြွ အဖွဲ့၏ သမိုင်းတွင်လည်း ဆိုးဆိုး ဝါးဝါး ဒဏ်ရာ ရရှိသွားစေမှု ဖြစ်သည်။ ပါကစ္စတန်နှင့် ကမ္ဘာလုံးအနှံ့ ဆုတောင်း ပွဲများ၊ တာလီဘန် ဆန့်ကျင်ရေး ကန့်ကွက်ပွဲများ ကလေးမလေး၏ ဓာတ်ပုံကို ကိုင်ဆောင်လျက် ပြုလုပ်ကြသည်။ အမျိုးသမီး ဝန်ကြီးချုပ်ပင် ရှိခဲ့သော ပါကစ္စတန် မိန်းကလေးတိုင်းကို တိုက်ခိုက် ခြင်းဖြစ်ကြောင်း၊ ပညာရေးကို တိုက်ခိုက် ခြင်း ဖြစ်ကြောင်း၊ ယဉ်ကျေးသော လူ့အဖွဲ့ အစည်းကို တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ပါကစ္စတန် သမ္မတ ဇာဒါရီက တာလီဘန် များကို ရည်ရွယ် ပြောဆိုခဲ့သည်။
သန့်ဇင်စိုး
From -TheVoiceWeekly

သီတဂူ ဗုဒ္ဒတက္ကသိုလ်မှ သီတဂူဆရာတော် ဘုရားကြီး ဒေါက်တာ ရှင်ဥာဏိသရ က လက်ပံတောင်းတောင် ကယ်တင်ရေးအဖွဲ့ထံ ငွေကျပ် ၂၅ သိန်း လှူဒါန်း

Posted by drmyochit Friday, November 30, 2012, under | No comments


သီတဂူ ဗုဒ္ဒတက္ကသိုလ်မှ သီတဂူဆရာတော် ဘုရားကြီး ဒေါက်တာ ရှင်ဥာဏိသရ က လက်ပံတောင်းတောင် ကယ်တင်ရေး အဖွဲ့ထံ ယနေ့ နိုဝင်ဘာ ၃ဝ ရက်နေ့က ငွေကျပ် ၂၅ သိန်းလှူဒါန်းခဲ့ကြောင်း သိရသည်။ သီတဂူ ဆရာတော်ကြီးက မုံရွာပြည်သူ့ ဆေးရုံကြီးတွင်ဆေးကု သမှုခံယူနေသော သံဃာတော် များကို "ငါ့ရှင်တို့အားလုံး စိတ်ချမ်း သာအောင်နေ ကြပါ " ဟု မိန့်ကြားသွားခဲ့သည်။ အဆိုပါ ဆေးရုံကြီးတွင် သဃာတော် ၂၆ ပါးနှင့် အမျိုးသားတစ်ဦး ဆေးကုသမှု ခံယူနေပြီး မီးလောင်ဒဏ်ရာ များဖြစ်ကြောင်းကို ဆေးရုံအုပ်ကြီးက အတည်ပြု ပြောကြားထားသည်။ "ဒဏ်ရာဆေးတဲ့အခါမှာ အက်ဆက်နံ့ မရဘူး ၊ဒဏ်ရာတွေကတော့ မီးလောင်ဒဏ်ရာတွေ ၊ မျက်စိထိခိုက်တဲ့ သံဃာတော်အနေနဲ့ အမြင်မထိခိုက်နိုင်ဘူးလို့ မျက်စိအထူးကု ဆရာဝန်ကြီး က ပြောထားပါတယ်"ဟု မုံရွာ ပြည်သူ့ဆေး ရုံမှ ဆေးရုံ အုပ်ကြီး ဒေါက်တာသန်းထွဋ် က ပြော သည်။ လက်ပံတောင်းတောင် ကယ်တင်ရေးအဖွဲ့မှ လှူဒါန်းငွေများကို သံဃာတော်များအတွက် ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ပြီး နောက်ပိုင်းတွင် ကော်မတီများ ဖွဲ့စည်းပြီင်္းလုပ်ဆောင်သွားမည်ဟု သိရသည်။

Yangon Media Group

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်း ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတမစ္စတာကျုံးသန်စန်းနှင့် ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုညစာ စားပွဲဖြင့်တည်ခင်းဧည့်ခံ

Posted by drmyochit Friday, November 30, 2012, under | No comments


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာကျုံးသန်စန်းနှင့် ဇနီးမဒမ်မိုင်သီဟိုက် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင်၌ ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။
အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသော ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်ကြည်၊ ဦးသိန်းညွန့်၊ ဦးတင်နိုင်သိန်း၊ ဦးမြင့်လှိုင်၊ ဦးဉာဏ်ထွန်းအောင်၊ ဦးအေးမြင့်၊ ဦးဝင်းမြင့်၊ ဦးအေးမြင့်ကြူ၊ ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်နှင့် ဦးဌေးအောင် ၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးဇင်ယော်၊ ဦးထင်အောင်၊ ဒေါ်စန္ဒာခင်နှင့် ဦးစိုးတင့် ၊ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးဦးသက်ဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော်သမ္မတနှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ် လစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chu Cong Phung တက်ရောက်သည်။
ဂုဏ်ပြုညစာ မသုံးဆောင်မီ နိုင်ငံတော်တီးဝိုင်းက နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများကို ဂုဏ်ပြု တီးမှုတ်သည်။ ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက တေးသံသာ များဖြင့် ဖျော်ဖြေကြသည်။ ထို့နောက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဧည့်သည်တော် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတအား ခရီးစဉ်မှတ်တမ်း ဓာတ်ပုံ အယ်လ်ဘမ်ကိုပေးအပ်သည်။
  
ဂုဏ်ပြုညစာစားပွဲအပြီးတွင် ဧည့်သည်တော် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတနှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား အနုပညာဦးစီးဌာနမှ အနုပညာရှင်များက တေးသံသာများနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အကပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေ တင်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့်ဇနီးဒေါ်ခင်ခင်ဝင်း၊ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတနှင့်ဇနီးတို့ သည် ဖျော်ဖြေကြသော အနုပညာရှင်များအား လက်ဆောင် ပန်းခြင်းများ ပေးအပ်ကြပြီး အနုပညာ ရှင်များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

 Myanmar Express 

"မုံရွာကြေးနီစီမံကိန်းမရပ်ဖို့ တရုတ်သံရုံး ပြောပြီ"

Posted by drmyochit Friday, November 30, 2012, under | No comments


မုံရွာကြေးနီ စီမံကိန်းရပ်ဆိုင်းဖို့ လက်ပံတောင်းတောင်ဒေသနဲ့ တခြားဒေသတွေမှာ ဆန္ဒဖော်ထုတ် ခဲ့ကြပြီး ရုပ်ဆိုးတဲ့ နှိမ်နင်းမှုများ လက်ပံတောင်းတောင် သပိတ်စ ခန်းတွေမှာ ပေါ်ပေါက်လာတဲ့ နောက်တနေ့မှာပဲ ရန်ကုန်မြို့ တရုတ်သံရုံးက သူတို့ရဲ့ သဘောထားကို ထုတ်ပြန်လိုက်ပါတယ်။ ကြေးနီစီမံကိန်းကို ဆက်လုပ်ပါ ဆိုတဲ့ သဘောကို အဲဒီသတင်း ထုတ်ပြန်ချက်မှာ ထင်ထင်ရှားရှား တွေ့ရမှာပါ။ မြန်မာလို ထုတ်ပြန်ရာမှာလည်း အဲဒီသဘောကို တွေ့ရပါတယ်။ တရုတ်သံရုံးရဲ့ မြန်မာလို ထုတ်ပြန်ချက်က အင်္ဂလိပ်လို ထုတ်ပြန်ချက်နဲ့ မနီးစပ်တဲ့ စကားလုံးတချို့ ပါဝင်နေပါတယ်။  စိတ်ဝင်စားသူများ ဖတ်နိုင်ဖို့  အတတ်နိုင်ဆုံး တိတိကျကျ ဘာသာပြန်ပေးလိုက်ပါတယ်။ သတင်းထုတ်ပြန်ချက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးဖုန်း (၉၅၁) ၂၂၁ ၂၈၀၊ ဖက်စ် (၉၅၁) ၂၂၇ ၀၁၉ မုံရွာကြေးနီတူးဖော်ရေး လုပ်ငန်း စီမံကိန်းအပေါ် သုံးသပ်ချက် တရုတ်မြန်မာ နှစ်နိုင်ငံကုမ္ပဏီများကြား ပူးပေါင်းဆောင်ရွက်သည့်  လုပ်ငန်းတခုဖြစ်သော မုံရွာကြေးနီ တူးဖော်ရေး လုပ်ငန်းစီမံချက်သည်  နှစ်ဘက်စလုံးအတွက် အကျိုးရှိစေမည်ဖြစ်သည်။  စီမံကိန်းနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လာသော နေရာရွှေ့ပြောင်းမှု၊ လျော်ကြေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊  အကျိုးအမြတ် ခွဲဝေရေး စသည်တို့ကို  နှစ်ဘက် ညှိနှိုင်းပြီး စီစဉ်ဆောင်ရွက်ခဲ့ပါသည်၊ မြန်မာနိုင်ငံ၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်လည်း ကိုက်ညီပါသည်။ စီမံကိန်း အဆင်ပြေစွာ လည်ပတ်နိုင်ရေးအတွက်  မြန်မာပြည်မှ လူမှုအလွှာအသီးသီးက မြန်မာနိုင်ငံ၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သင့်လျော်သော အခြေအနေတခုကို ဖော်ဆောင်နိုင်လိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။
(ဧရာဝတီ)

ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းကိစ္စနှင့်ပက်သတ် ၍ ဒုတိယနေ့မွန့်ခွန်းအဖြစ်ချင်းတွင်းမြစ် သဲသောင်ပြင်တွင် ဟောပြော

Posted by drmyochit Friday, November 30, 2012, under | No comments


ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နိုဝင်ဘာ 30 ရက် နံနက် ၈နာရီခွဲခန့်တွင် ချင်းတွင်းမြစ်အတွင်း ၊ မုံရွာဘက်ခြမ်း သဲသောင်ပြင်( ရွှေလွန်းပျံ ကူးတို့ဆိပ်) တွင် နာရီဝက်ကျော်အကြာ ဟောပြော သွားကြောင်း သိရသည် ။ အဆိုပါ ဟောပြောပွဲတွင် ဒေသခံများ အနေဖြင့် အချိန်မှီ ရောက်လာသူ နည်းပါးသောကြောင့် ဧည့်ပရိတ်သတ် ၁၀၀၀ ကျော်ခန့် သာရှိကြောင်း ရန်ကုန်မဒီယာ သတင်းထောက် မှပေးပို့သည်။
“ အချိန်ကစောတာလဲပါတယ် တစ်ချို့က ဟောပြောပွဲ မလုပ်ဖြစ်ဘူးလို့လဲ ထင်သွားကြတယ် ဒါကြောင့်မို့ လူတော်တော် နည်းတယ် မိနစ်၄၀ လောက်သာ ကြတော့ ပွဲပြီးတဲ့ အထိ လူတွေကလာနေတုန်းပဲ” ဟု မုံရွာမြို့ခံ ကုန်သည်တစ်ဦးက ရန်ကုန်မီဒီယာဂရုသို့ ဆက်သွယ် ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ဟောပြောပွဲ အပြီးနံနက် ၉ နာရီ ၅၀ ကျော်ခန့်တွင် တည်းခိုရာ ၀င်းယူနတီ ဟိုတယ် သို့ပြန်သွားပြီး လက်ပံတောင်းတောင် စီမံကိန်းနှင့် ပက်သတ်၍ သက်ဆိုင်ရာအဖွဲ့အစည်း များနှင့်တွေဆုံညှိနှိုင်းမည်ဟု သိရသည်။ “အမေစုက ဟောပြောပွဲမှာ လက်ပံတောင်းကိစ္စနှင့် ပက်သတ်လို့ အခုလို ဖြေရှင်းပုံဟာ မလိုအပ်ဘူး လို့ပြောသွားတယ် ဒီကိစ္စနှင့်ပက်သတ်ပြီး အာဏာပိုင်တွေကိုတွေ့မယ်၊ လက်ပံတောင်း ဒေသခံတွေကို တွေ့မယ်၊ စီမံကိန်းနယ်မြေ အနီးက ၂၆ ရွာက ကိုယ်စားလှယ်တွေကိုတွေမယ် လို့ ပြောကြားသွားတယ်” ဟုမုံရွာမြို့ ရှိ သီးနှံစုံ ပွဲရုံတစ်ခုမှ မန်နေဂျာကပြောကြားသည်။
အခုနောက်ဆုံးရရှိသော သတင်းများအရ ဒေါ်အောင်ဆန်းစု ကြည်သည် ၀င်းယူနတီ ဟိုတယ်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် တွေ့ဆုံရန် အဆင်သင့် စောင့်ဆိုင်းနေကြောင်းသိရသည်။

Yangon Media Group

နျူပစ္စည်းတွေ ကိစ္စ သမ္မတ ဦးသိန်းစိန်ကို ကန်အထက်လွှတ်တော် အမတ် စာရေးမေးမြန်း

Posted by drmyochit Friday, November 30, 2012, under | No comments


မြန်မာနိုင်ငံကို တရားမ၀င်တင် ပို့မယ်လို့ယူဆရတဲ့ နူကလီယားအနုမြူ အစီအစဉ်မှာ သုံးစွဲနိုင်တဲ့ ပစ္စည်း တချို့ ကို ဂျပန်နိုင်ငံရောက် မြောက်ကိုရီးယား  သင်္ဘော တစ်စီးပေါ်ကနေ တွေ့ရှိတဲ့ သတင်း ပေါ်ထွက် လာခဲ့ပြီးတဲ့နောက်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ဆီးနိတ် အထက်လွှတ်တော်အမတ် တစ်ယောက်က သမ္မတ ဦးသိန်းစိန် ဆီကို စာရေးသား မေးမြန်းခဲ့ တယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံထုတ် Asahi Shinbun သတင်းစာက ရေးသားခဲ့တဲ့ သတင်းတစ်ပုဒ်မှာ -  ပြီးခဲ့တဲ သြဂုတ်လက တိုကျိုဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ မြောက်ကိုရီးယား သင်္ဘောတစ်စီးပေါ်ကို အမေရိကန်အစိုးရရဲ့ မေတ္တာ ရပ်ခံချက်အရ ဂျပန်အာဏာ ပိုင်တွေက တက်ရောက်ရှာဖွေခဲ့ရာမှာ အနုမြူလုပ်ငန်းမှာ သုံးစွဲနိုင်တဲ့ သတ္တုချောင်း တွေနဲ့အဆင့်မြင့် အလူမီနီယံ သတ္တုပြားတွေ တွေ့ရှိခဲ့ရကြောင်း၊ ဒီပစ္စည်းတွေကို တရုတ်ပြည်ကတဆင့် မြန်မာနိုင်ငံကို ပို့မယ်လို့ ယူဆရကြောင်း ဖေါ်ပြခဲ့ပါတယ်။ ဒီသတင်းထွက် ပေါ်လာခဲ့ပြီးတဲ့နောက် အမေရိကန်  ဆီးနိတ် အထက်လွှတ်တော် ရီပါဘလီကင် အမတ်ရစ်ချတ်လူဂါက သမ္မတဦးသိန်းစိန် ဆီကို စာရေးသား မေးမြန်းခဲ့တာဖြစ်ပါတယ်။  မစ္စတာ ရစ်ချတ်လူဂါဟာ အမေရကိန်လွှတ်တော် အနုမြူမပျံ့ပွားရေး ဆိုင်ရာလုပ်ငန်းမှာ သြဇာညောင်းတဲ့ အမတ်တစ်ဦးဖြစ်ပါတယ်။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအား ကူညီနေချိန်တွင် ဘာမှမကူညီပဲ ပိတ်ဆို့မှုအမျိုးမျိုးလုပ်ခဲ့သည့် ဂျော့ခ်ျဘုရှ် ဆေးရုံရောက်နေ

Posted by drmyochit Friday, November 30, 2012, under | No comments


အမေရိကန်သမ္မတဟောင်း ဂျော့ဂ်ျ အိတ်ခ်ျဒဗလျူ ဘုရှ်သည် ချောင်းဆိုးရင်ကျပ်ရောဂါကြောင့် ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း ၎င်း၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။  အသက် ၈၈ နှစ်အရွယ်ရှိပြီဖြစ်သည့် သမ္မတဟောင်း ဂျော့ဂ်ျ ဒဗလျူဘုရှ်သည် ချောင်းဆိုးရင်ကျပ်ကြောင့် ဆေးရုံတွင် ကုသမှုခံ ယူနေရသည်မှာ ၆ ရက်ရှိပြီဖြစ်ကြောင်း သိရှိရသည်။ ဂျော့ဂ်ျဒဗလျူဘုရှ်သည် အမေရိကန်နိုင်ငံ၏ ၄၁ ဦးမြောက် သမ္မတအဖြစ် ၁၉၈၉ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
 Myanmar Express 

နိုင်ငံတော်သမ္မတ၏ ဇနီးဒေါ်ခင်ခင်ဝင်း ဗီယက်နမ်သမ္မတ၏ ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Posted by drmyochit Friday, November 30, 2012, under | No comments


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတဦးသန်းစိန်၏ ဇနီးဒေါ်ခင်ခင်ဝင်းသည် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတမစ္စတာ ကျုံးသန်စန်း၏ ဇနီးမဒမ် မိုင်သီဟိုက် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ ညနေ (၃) နာရီ (၄၅) မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီး မှုတိုးမြှင့်ရေး၊ အမျိုးသမီးများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျေးလက်ဒေသရှိ အမျိုးသမီးများ ဘဝ ဖွံ့ဖြိုးတိုးတက်ရေး တို့အပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော် သမ္မတ၏ ဇနီးဒေါ်ခင်ခင်ဝင်းနှင့်အတူ နိုင်ငံခြားရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ဇနီးဒေါ် လင်းလင်းတင်၊ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ၏ ဇနီး ဒေါက်တာခင်ဆွေမြင့်၊ ဗီယက်နမ်သံအမတ်ကြီး၏ ဇနီး ဒေါ်ဖြူဖြူထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဗီယက်နမ် သမ္မတ၏ ဇနီးမဒမ် မိုင်သီဟိုက်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး၏ဇနီး Mrs. Le thi Vav လည်း တက်ရောက်ကြသည်။

 Myanmar Express 

MPT ကိုလည်း ၁၅ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ကြအုံးမည်

Posted by drmyochit Friday, November 30, 2012, under | No comments


လမ်းပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ်မှ ခေတ်မီသည့် မြန်မာနိုင်ငံတွင် အင်တာနက်ခများ ပြောင်းလဲ ကောက်ခံ မည့်ကိစ္စနှင့် ပတ်သက်ပြီး MPT ကိုလည်း ဆန္ဒ္ဒဖော်ထုတ်အုံးမည့် အကြောင်း ပြည်တွင်း ဂျာနယ်တစ်ခု မျက်နှာဖုံးမှာ ကြော်ငြာထားခဲ့ပါသည်။ အဆိုပါ ဆန္ဒဖော် ထုတ်မည့် ကိစ္စအား စတင်ဦးဆောင်ခဲ့သူမှာ နေမျိုးဇင် ဆိုသူဖြစ်ပါသည်။
အဆိုပါ ဆန္ဒဖော် ထုတ်မှုနှင့် ပတ်သက်၍ MPT မှ ဒုတိယ အင်ဂျင်နီ ယာချုပ် ဦးစိုးအောင်က "ဆန္ဒပြချင် ပြပါစေ။ ပြပေါ့။ ပြန်ရှင်းရမှာ ကျွန်တော်တို့တာဝန်ပါ။ 100 KB နှစ်ကျပ်မှ မကြိုက်ဘူး ဆိုရင် Plan B, C တွေ ရှိတယ်။ Plan D,E အကုန်လုပ်ပေးမယ်ဗျာ" ဟု ပြန် လည်ပြောကြား ခဲ့ပါသည်။
နေမျိုးဇင်၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည် ဆန္ဒဖော်ထတ်ုမှု ဖြန့်ဝေခြင်းမှာ -သော ပြည်သူ့တို့ဘက်မှ ကာကွယ်ရပ်တည်ပြီး ပြင်ဆင်လျော့ ချပေးရန် နစ်နာဆုံးရှုံးသော နည်းပညာ သုံးစွဲသူ အပေါင်းက ငြိမ်းချမ်းစွာ စုဝေး တောင်းဆိုကြမည်ဖြစ်ပါသည်။
လက်ရှိပြင်ဆင်လိုက်သော ဖုန်းအင်တာနက် အသုံးပြုခပြောင်းလဲ သတ်မှတ်ခြင်းကို ပြည်သူ့ သက်သာချောင်ချိရေးအတွက် ပြန်လည်ပြင်ဆင်ပေးခြင်း မရှိပါက၊ ................
ဒီဇင်ဘာ ၁၅ ရက် ( စနေ) နေ့တွင် ရန်ကုန် မြန်မာ့ ဆက်သွယ်ရေး ရုံးချုပ် အရှေ့ ဆန္ဒဖေါ်ထုတ်ခြင်း အခမ်းအနားကြီးအား တရားဝင်ခွင့်ပြုချက် တောင်းဆိုကာ လူထုလှုပ်ရှားမှုကြီး တခု ဖေါ်ဆောင်မည်ဖြစ်ပါသည်။
အဆိုပါ နည်းပညာ နှီပ်ကွပ် ဈေးမြင့်တင်မှု ၊ လူထုပေါ် ဖိစီးစေမှုနှင့် ပတ်သက်ပြီး ကန့်ကွက် လိုသူ မည်သည့် အဖွဲ့အစည်း နှင့် မဆို ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာ့ လူမှု ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ ထုတ်ပြန် ကြေငြာပါသည်။ အင်တာနက် သုံးစွဲမှု နည်းပညာ ဖိနှိပ် ကန့်သတ် ဈေးမြင့်တင်ခြင်းအား ကန့်ကွက်သည့် လူထု အခမ်းအနားကြီး တရပ် ဆောင်ရွက်မည် ဖြစ်ပါသဖြင့် နည်းပညာဖြင့် နိုင်ငံကို မြင့်မားတိုးတက် စေလိုသူ အပေါင်းအား ပူးပေါင်း လက်တွဲ ဆောင်ရွက်နိုင်ပါရန် ဖိတ်ခေါ်ပါသည် ။

KIA ရဲ့ မိုင်းကြောင့် ပြည်သူလူထုသာမက သံဃာတော်တွေပါ ဒဏ်ရာရနေကြလို့ ဒေသတွင်း စိုးရိမ်လျက်ရှိ

Posted by drmyochit Friday, November 30, 2012, under | No comments


      နိုဝင်ဘာလ (၂၄) ရက်နေ့မှာ ရွှေကူမြို့နယ် ၊ မြို့လှမြို့နယ်ခွဲ ၊ အမတ်ကြီးကုန်း ကျေးရွာအုပ်စု၊ ရွှေငြိမ်းချမ်း ကျေးရွာ ဘုန်းကြီးကျောင်းမှ ဦးပဉ္စင်း ဦးသုဇနနဲ့ ရွာသား (၃) ဦးတို့အား မြို့လှမြို့နယ်ခွဲမှာ ပြုလုပ်တဲ့ စုပေါင်း ဘုံကထိန်ကို ဆိုင်ကယ်နဲ့အသွားမှာ KIA ထောင်ထားတဲ့ မိုင်းနင်းမိပြီး ဆရာတော်နဲ့ ရွာသား တစ်ဦးဒဏ်ရာရရှိခဲ့ ပါတယ်။
           ဒါ့အပြင် နိုဝင်ဘာလ (၅) ရက်နေ့မှာ ကာမိုင်းမြို့နယ်၊ ကပ်မှော်ဇွပ် ကျေးရွာမှာနေတဲ့ ဦးလဂျာနဲ့ ဒေါ်ထုနန်တို့ (၂) ဦးဟာ သူတို့ပိုင်တဲ့ ဒညင်းခြံသွားရောက်ရှင်းလင်းရာမှာ KIA ထောင်ထားတဲ့ မိုင်းနင်းမိပြီး ခန္ဓာကိုယ်အနှံ့ အပြားဒဏ်ရာ ရရှိတဲ့အတွက် ဒေသခံများအနေနဲ့ မိမိတို့ပိုင်တဲ့ လယ်နဲ့ခြံတွေကို သွားဖို့တောင် မရဲကြတော့ဘူး လို့ ဆိုပါတယ်။
        အပြစ်မဲ့ပြည်သူတွေအပြင် သံဃာတော်တွေပါ လမ်းကြောင်းမှာ မိုင်းနင်းမိပြီး ဒဏ်ရာရကြတဲ့အတွက် ပြည်သူများ အနေနဲ့ KIA ရဲ့လုပ်ရပ်များနဲ့ ပတ်သက်ပြီး အထူးစိုးရိမ် ပူပန်လျက်ရှိကြောင်း  သိရှိရပါတယ်။ ကမ္ဘာနှင့်တ၀ှမ်း မြေမြှုပ်မိုင်းအန္တရာယ်ကင်းရှင်းရေးအတွက် အလေးထား ဆောင်ရွက်နေချိန်မှာ ကချင်ပြည်နယ် အတွင်းမှာတော့ KIA ထောင်ထားတဲ့ မြေမြှုပ်မိုင်းများကြောင့် ရဟန်းရှင်လူ ပြည်သူအများ နေ့စဉ်ဆိုသလို ထိခိုက်ဒဏ်ရာ ရမှုများဖြစ်ပေါ်နေလို့ ဒေသခံများ ၊ တိုင်းရင်းသား အဖွဲ့အစည်းများ သာမက နိုင်ငံတကာကပါ KIA အဖွဲ့အပေါ် အာရုံစူးစိုက်မှုများ ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။

မောင်တော မြို့နယ် ကျေးရွာများ၌ နယ်မြေခံ ဆေးတပ်ဖွဲ့ ဝင်များက ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်း ဆောင်ရွက်

Posted by drmyochit Friday, November 30, 2012, under | No comments



အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်သည် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာ ၂၆ရက် မွန်းလွဲပိုင်းက
 ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဝေလာတောင်ကျေးရွာ မူလတန်း ကျောင်း၌ နယ်မြေခံ ဆေးတပ်ဖွဲ့ဝင်များက ဒေသခံ တိုင်းရင်းသား များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင် ရွက်ပေး နေမှု အခြေအနေကို အားပေး ကြည့် ရှုပြီး ဒေသခံ တိုင်းရင်းသားများနှင့် အခြေခံပညာ မူလတန်းကျောင်းအတွက် ထောက်ပံ့ရေး ပစ္စည်း များနှင့် ထောက်ပံ့ငွေများကို ပေးအပ်သည်။ နိုဝင်ဘာ ၂၅ ရက်မှ ၂၆ ရက်အထိ မောင်တော မြို့နယ် မြောက်ပိုင်းရှိ တိုင်းရင်းသား ကျေးရွာ များတွင် နယ်မြေခံ ဆေးတပ်ဖွဲ့ဝင်များက ဒေသခံ ပြည်သူ ၅ဝ၇ ဦးတို့အား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ပြီး ကျန်းမာရေး ပညာပေး သရုပ် ပြသ ခြင်းများ ကိုလည်း ဆောင်ရွက် ပေးခဲ့ကြသည်။ ဆက်လက်၍ နိုဝင်ဘာ ၂၇ ရက်က မောင်တော မြို့နယ် ရွှေရင်အေး ကျေးရွာနှင့် သရေကုန်း ဘောင်ကျေးရွာ များရှိ မီးလောင် ပျက်စီး ခဲ့သည့် ကျေးရွာ ဘုန်းတော်ကြီး ကျောင်းများကို နယ်မြေခံ တပ်မတော် သားများက အသစ် ပြန် လည် တည်ဆောက် နေမှုကို ကြည့်ရှု အားပေး ပြီး ကျောင်းထိုင် ဆရာတော် များကို နဝကမ္မ အလှူငွေများ လှူဒါန်း ခဲ့ကြောင်း သတင်း ရရှိသည်။
Myanmar Express 

နိုင်ငံ “သိက္ခာရှိစွာ” ဒေါ်စု ဖြေရှင်းလိုကြောင်းပြော

Posted by drmyochit Friday, November 30, 2012, under | No comments


 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် သည် လက်ပံတောင်းတောင် စီမံကိန်းဒေသသို့ သွားရောက်ကာ ကြာသပတေးနေ့က ညနေ ၆ နာရီခန့်က ၈ မိနစ်ကြာ မိန့်ခွန်းတိုတရပ် ပြောကြားရာတွင် ကြေးနီစီမံကိန်း ပြဿနာအား တိုင်းပြည် “သိက္ခာရှိစွာ” ဖြေရှင်းလိုကြောင်း ပြောဆိုသွားသည်။ ဤ ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ “သိက္ခာရှိတဲ့ပုံစံနဲ့ ကျမ ဖြေရှင်းချင်ပါတယ်။ အဲဒီ့အတွက် ပြည်သူတွေကနေ ဝိုင်းပြီး ကူညီကြပါလို့ ကျမ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဆားလင်းကြီးမြို့နယ်၊ ကံ့ကုန်းရွာတွင် ဒေါ်အောင်ဆန်း စုကြည် က မိန့်ခွန်းပြောသည်။
“ပြည်သူတွေလည်း သက်သာ၊ နိုင်ငံလည်း သိက္ခာရှိ” သည့် အေးချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းသွားလိုပြီး အောင်မြင်မည်/မအောင်မြင်မည်ကိုမူ အာမ မခံနိုင်သော်လည်း ပြည်သူလူထုနှင့် လက်တွဲနိုင်ပါက အောင်မြင်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
ထို့ပြင် “ကျမ လုပ်ငန်းရှင်ဘက်ကို တွေ့ပြီးသွားပြီ။ သက်ဆိုင်ရာ ရွာသူရွာသားတွေနဲ့လည်း တွေ့မယ်။ ဒီလုပ်ငန်းကို ကန့်ကွက်တဲ့ ပြည်သူတွေနဲ့လည်း တွေ့ချင်တယ်။ အဲဒီ့အမြင်တွေကို ကြည့်ပြီးတော့ ကျမ တတ်နိုင်သလောက် ညှိပေးချင်တယ်” ဟု ကြားဝင်ဆောင်ရွက် ပေးလိုသောဆန္ဒကို ဒေါ်အောင်ဆန်း စုကြည်က ပြသခဲ့သည်။ အကောင်အထည် ဖော်နေဆဲ စီမံကိန်းများကို (မိမိတို့ဘက်မှ) တဖက်သတ် ဖျက်သိမ်းပါက နိုင်ငံတကာ၏ ယုံကြည်မှု ဆုံးရှုံးနိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည် က မီဒီယာများအား ပြောဆိုခဲ့ဖူးပြီး သဘောတူစာချုပ်များကို ဖျက်ရန်ကိစ္စမှာ အလွန် စဉ်းစားချင့်ချိန်ရမည့် ကိစ္စဖြစ်ကြောင်းလည်း ပြောဆိုထားသည်။
နယူးဒေလီ (မဇ္ဈိမ)

လက်ပန်းတောင်းတောင်အရေးထိန်းသိမ်းခံသံဃာ၇ပါးပြန်လွှတ်

Posted by drmyochit Friday, November 30, 2012, under | No comments


မန္တလေးမြို့မှာ ရောက်နေတဲ့ ဝိုင်းတော်သား ကိုသိန်းထိုက်ဦးကို လက်ပန်းတောင်းတောင် ကြေးနီစီမံ
ကိန်း သံဃာတော်တွေ ရှိနေတဲ့ သပိတ်စခန်းတွေကို ရဲက ဖြိုခွင်းပြီးနောက် နောက်ဆုံး အခြေအနေတွေ သိရအောင် ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်း ခဲ့တဲ့အခါမှာ ကိုသိန်းထိုက်ဦးက အခုလိုပြောပါတယ်။
ကိုသိန်းထိုက်ဦး- “ဟုတ်ကဲ့ခင်ဗျာ။ မနေ့က ကျနော် မုံရွာက မထွက်ခွာခင်၊ မုံရွာဆေးရုံကြီးကို ခဏဝင်ခဲ့ပါတယ်။ မုံရွာဆေးရုံကြီးမှာ ဆေးကုသမှုခံနေတဲ့ သံဃာတော်တွေကို ခဏတွေ့ခဲ့ရပါတယ်။ လူတော်တော်များများက ဆေးရုံကြီးကို လာပြီးတော့ သံဃာတော်တွေကို လှူဖွယ်ပစ္စည်းတွေ ဆပ်ကပ်ကြပါတယ်။ မုံရွာမြို့ခံတွေလည်း ပါပါတယ်။  နောက် မန္တလေးမြို့ခံ မန္တလေးကလူတွေ မုံရွာကို ရောက်လာကြတာတွေ့ရပါတယ်ခင်ဗျာ။ အနေအထားတွေကတော့ သံဃာတော်တွေဟာ မီးလောင်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေ ရထားတယ်ဆိုတော့၊ အခြေအနေတွေက တင်းမာမှုတွေ ရှိတယ်ဆိုပေမဲ့လည်း၊ မုံရွာရဲ့ အခြေအနေကတော့ ထပ်ပြီးတော့ အာဏာပိုင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်မဲ့ အနေအထားမျိုးတော့ မရှိပါဘူးခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုတွေ့ဆုံ ပွဲကလည်းမနေ့က ညနေပိုင်းကျ မှပြီးသွားခဲ့တာပါခင်ဗျ။
ကိုဇော်ဝင်းလှိုင်- “ မနေ့က ညနေကတော့ အာဏာပိုင်တွေက ပထမရက်တွေက သူတို့ထိန်းသိမ်းထားတဲ့ သံဃာတော်တချို့ကို ပြန်လွှတ်လိုက်တယ် ကြားပါတယ် ခင်ဗျ။ အဲ့တာရော ဟုတ်ပါသလား။”
ကိုသိန်းထိုက်ဦး-“ဟုတ်ကဲ့ ခင်ဗျ။ သံဃာတော်ခုနှစ်ပါးကို မုံရွာထောင်မှာ ယာယီထိန်းသိမ်းပြီးတော့ ညနေပိုင်းမှာပဲ သူတို့ကို စစ်ဆေးမေးမြန်းတာတွေ လုပ်ပြီးတော့ ပြန်လွှတ်ပေးလိုက်တယ် လို့ပြောပါတယ်။ အဲ့ဒီ့အထဲက ပြန်လွတ်မြောက်လာတဲ့ သံဃာတော်တစ်ပါးကို ကျနော် ဖူးမျှော်ခွင့်ရခဲ့ပါတယ်။ သူကအခုလို မိန့်ကြားခဲ့ပါတယ်ခင်ဗျ။” လွတ်မြောက်သံဃာတော်-“အဲ့ဒီ့အထဲမှာ ထိခိုက်ဒဏ်ရာ ရတာကတော့ ပါပါတယ်။ ဘယ်နှစ်ပါး ပါလည်းဆိုတော့ အားလုံးငါးပါးပေါ့၊ ဆေးထိုးရတာတွေ၊ ဆေးသောက်ရတာတွေ၊ အဲ့လိုမျိုး လုပ်ရပါတယ်။ နောက်ဇာတိက က ကိုရင်တစ်ပါးက ပေါင်မှာ မီးလောင်တဲ့ ဒဏ်ရာတွေကြောင့် ရေကြည်ဖုတွေ ပေါက်နေတာကို သူတို့ ဆေးထည့်ပေးပါတယ်။ နောက်ပြီးတော့ နဖူးရဲ့ အပေါ်ပါးပေါ့ အရေပြားကြီး လန်သွားတာကိုလည်း သူတို့ဆေးထည့်ပေးပါတယ်။ အဲ့တာတွေတော့ သူတို့လုပ်ပါတယ်။ ဆေးထိုးတာတွေ၊ဆေးတိုက်တာတွေလုပ်ပါတယ်။”
ကိုသိန်းထိုက်ဦး- “ ဒါကတော့ ထိန်းသိမ်းခံရတဲ့ ဆရာတော်ဦးဝိမလ မိန့်ကြားသွားခဲ့တာပါခင်ဗျ။”
မန္တလေးမြို့မှာ ရောက်နေတဲ့ ဝိုင်းတော်သား ကိုသိန်းထိုက်ဦးကို လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သံဃာတော်တွေ ရှိနေတဲ့ သပိတ်စခန်းတွေကို ရဲက ဖြိုခွင်းပြီးနောက် နောက်ဆုံးအခြေအနေတွေ သိရအောင် ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

VOA(မြန်မာပိုင်း)

အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက် နာရီပိုင်းအတွင်း ပြန်လည် ပယ်ဖျက်

Posted by drmyochit Friday, November 30, 2012, under | No comments



အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက် နာရီပိုင်းအတွင်း ပြန်လည် ပယ်ဖျက်ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး ၀ဘ်ဆိုက်တွင် ဖေါ်ပြထားသည်။  မူလထုတ်ပြန်ခဲ့သော အချက်(၆)ချက်ပါ ထုတ်ပြန်ချက်တွင် "ထိုသို့ဆောင်ရွက် ရခြင်းသည် တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် အများပြည်သူတို့၏ အကျိုးစီးပွားအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။" ဟု ဖေါ်ပြပါရှိခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ နယ်ပယ်အသီးသီးမှ ဝေဖန်မှုများ ရှိနေကြောင်း စုံစမ်း သိရှိရပါသည်။  အစိုရသတင်း ထုတ်ပြန်ရေးအဖွဲ့၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်ကို ယနေ့ နိုဝင်ဘာလ (၂၉)ရက် ညနေ ၄နာရီတွင် အစိုရ ရုပ်မြင်သံကြား (MRTV) မှ တစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ပြီး ကြေညာချက် ထုတ်ပြန်အပြီး နာရီပိုင်းအကြာ ည (၈) နာရီခန့်တွင် ယင်းထုတ်ပြန်ချက်အား ပြန်လည် ပယ်ဖျက်ကြောင်း သမ္မတရုံးဝဘ်ဆိုက်တွင် ဖေါ်ပြခဲ့ခြင်း ဖြစ်သည်။ မည်သည့်အတွက်ကြောင့် ပယ်ဖျက် သည်ကိုမူ မသိရှိ ရသေးပါ။
from -EMG

ဒေါ်အောင် ဆန်းစုကြည် လာမယ့်နှစ် ဆန်းမှာ တောင် ကိုရီယား သွားမယ်

Posted by drmyochit Friday, November 30, 2012, under | No comments


မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ တောင်ကိုရီယားနိုင်ငံကို လာမယ့်နှစ် ဇန်န၀ါရီ လ ၃၀ ရက်နေ့မှာသွားဖို့ ရှိပါတယ်။  ၂၀၀၄ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို လူ့အခွင့်အရေး ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် နေအိမ် အကျယ်ချုပ်ကျခံ နေရစဉ် ဂွမ်ဂျူး လူ့အခွင့်အရေး ( Gwangju Prize) ဆု ချီးမြှင့်ခဲ့တဲ့ ဂွမ်ဂျူးမြို့ကိုလည်း သွားမှာ ဖြစ်ပါတယ်။ တောင်ကိုရီယားနိုင်ငံ ဂွမ်ဂျူးမြို့အခြေစိုက် The May 18 Memorial Foundation က ပြောတာကတော့ ပြုံချန် အိုလံပစ်ပွဲသို့ လာရောက်ရန် ဒေါ်အောင်ဆန် စုကြည်အား ဖိတ်ကြားမှာဖြစ်ပြီး အဆိုပါ အားကစားပွဲ တက်ရောက်ပြီးနောက် ဂွမ်ဂျူးမြို့သို့ ၂ ရက်တာ အလည်အပတ် ဖိတ်ကြားမှာဖြစ် တယ်လို့ ကိုရီယား ချိုဆမ်မီဒီယာ သတင်းတခုမှာ ဖော်ပြထားပါတယ်။ ဂွမ်ဂျူးမြို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ အဆိုပါ ဂွမ်ဂျူးဖောင်ဒေးရှင်းက တည်ခင်း ဧည့်ခံမယ့် ညစာစားပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်းတခုပေးဖို့ အစီအစဉ်လည်းရှိကြောင်း အဆိုပါ သတင်းမှာ ဖော်ပြထားပါတယ်။ ဒီအပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ the May 18 National Cemetery မှာ ဂါရ၀ ပြုပြီးနောက် ချွန်နမ် အမျိုးသား တက္ကသိုလ် (Chonnam National University) မှာလည်း စကားပြောမှာ ဖြစ်တယ်လို့ အဆိုပါ ဖောင်ဒေးရှင်းက ဆိုပါတယ်။ ၁၉၈၀ ခုနှစ် မေ ၁၈ က တောင်ကိုရီယားနိုင်ငံ ဂွမ်ဂျူးမြို့ရဲ့ လူထုလှုပ်ရှားမှု တခုမှာ ထိုစဉ်က အစိုးရက အကြမ်းဖက် ဖြိုခွဲမှု ကြောင့်  လူပေါင်း ၃၂၅ ဦး ထိခိုက်ဒါဏ်ရာ ရခဲ့ပါတယ်။ ဒါကြောင့် မေလ ၂၇ ရက်နေ့မှာ လူထုက မကျေနပ်လို့ စုရုံးပြီး ဆန္ဒပြရာမှာ အစိုးရက မောင်းပြန် ရိုင်ဖယ်တွေနဲ့ ပစ်ခတ်နှိမ်နင်း မှုကြောင့်တောင်ကိုရီယား ၁၅၄ ဦး အသက်ဆုံးရှုံးခဲ့တဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုဟာ တောင်ကိုရီယား နိုင်ငံမှာ ထင်ရှားတဲ့ သမိုင်းဖြစ်စဉ်တခုလည်း ဖြစ်ပါတယ်။ ထိုစဉ်က ထိခိုက်ကျဆုံးခဲ့ရ သူတွေအတွက် the May 18 National Cemetery ကို နောက်ပိုင်း လုပ်ဆောင် ထားပြီး နှစ်စဉ် ကမ္ဘာတ၀န်းက လူ့အခွင့်အရေး လှုပ်ရှားသူများကိုလည်း ဂွမ်ဂျူး ဖောင်ဒေးရှင်း ကနှစ်စဉ် ဆုပေးလေ့ရှိပါတယ်။
From:ဧရာဝတီ

ဘိန်းစီးပွားရေးကို ဆောင်ရွက်ခဲ့သည့် ကေအိုင်အေ၏ ကချင်လူမျိုး ကောင်းစားရေး သမိုင်း

Posted by drmyochit Friday, November 30, 2012, under | No comments


ကေအိုင်အေများကလည်း ဗကပနှင့်မခြား၊ ကျောက်စိမ်းမှောင်ခို လုပ်ငန်းသာမက ဘိန်းကုန်ကူးခြင်း၊ ဘိန်း စိုက်ပျိုးထုတ် လုပ်ခြင်းများကိုပါ အထူး အလေးထား လုပ်ဆောင် ခဲ့ကြသည်။ ကေအိုင်ေ အခေါင်းဆောင် ဇော်ဆိုင်းနှင့်ဇော်တူး ညီနောင် တို့ရှိစဉ် ကကျောက်စိမ်းနှင့် ဘိန်းများကိုမြင်း၊ လားများဖြင့် သယ်ဆောင်၍ ထိုင်း -မြန်မာနယ်စပ်ရှိ ကေအိုင်အေနိုင်ငံခြား ဆက်သွယ်ရေးစခန်း (OFFICE OF THE KACHIN FOREIGN AFFAIR,OKFA)သို့ ပို့ဆောင်ပြီး တစ်ဖက်နိုင်ငံ တွင်ရောင်းချကြသည်။ ရရှိသောငွေများဖြင့် လက်နက် ခဲယမ်းများ၊ ဆက်သွယ်ရေးစက်များ၊ အခြား လိုအပ်သော ပစ္စည်းများကို တစ်ဖက်နိုင်ငံမှ ကုန်သည် များ၊ ဒေသခံ အာဏာပိုင်များ ထံမှ ၀ယ်ယူကြ သည်။ ကချင်ပြည်နယ် ကာမိုင်း၊ လုံးခင်း၊ ဖားကန့်ဒေသ တွင် ကေအိုင်အေ တပ်မဟာ(၂)ကို ဖွဲ့စည်းကာကျောက် စိမ်းရရှိရေး၊ ဘိန်းများဝယ်ယူ စုဆောင်းရေးများ ပြုလုပ် ခဲ့ကြသည်။
ထို့နောက်ကေအိုင်အေ ကမရန်ဘရန်ဆိုင်း နှင့်ဇော်မိုင်တို့ခေတ်တွင် ဘိန်းကုန် ကူးသန်းခြင်း သာမကဘိန်းအမြောက် အများရရှိ နိုင်ရေးအတွက် မြစ်ကြီးနား နယ်မြေ၊ ဆဒုံး၊ ဆမားဒေသ၊ မိုးညှင်း၊ ဟူးကောင်းဒသ၊ ဗန်းမော်နယ်မြေ စိန်လုံ၊ လွယ်ဂျယ်၊ မန်စီ၊ မိုးမောက်ဒေသနှင့် မူဆယ်၊ လားရှိုး၊ ကျောက်မဲတို့တွင် ဘိန်းများ အတင်းအကျပ် စိုက်ပျိုးစေခဲ့သည်။ ထွက်ရှိလာသော ဘိန်းများကိုလည်း မတန်တဆ ဈေးဖြတ်ကာအားလုံး သိမ်းကျုံးဝယ်ယူသည် ဟုသိရသည်။ ရရှိလာသည့် ဘိန်းများကို တစ်ဖက်နိုင်ငံ နိုင်ငံခြား ဆယ်သွယ်ရေး စခန်း(OKFA) သို့ ပို့ကာရောင်း ချကြသည်။ ထိုအချိန်က တစ်နှစ်လျှင် ဘိန်း၁၆တန်၊ စုစုပေါင်း တန်ဖိုးငွေ သိန်း ၁၅၀ခန့် ရရှိသည် ဟု သိရသည်။
၁၉၈၆ ခုနှစ်ရောက်သောအခါ ဘိန်းကုန်ကူးခြင်းမှ ငွေအမြောက်အမြား ရရှိသည်ကိုမတင်းတိမ်၊ မရောင့်ရဲနိုင်သော ကေအိုင်အေခေါင်းဆောင်များသည် ဘိန်းကုန်ကူးခြင်း၊ ဘိန်းအတင်းအကျပ် စိုက်ပျိုးခြင်း သာမက ဗကပများနှင့် ပူးပေါင်းကာ မူဆယ်မြို့နယ်၊ နမ့်ဟွန်ကျေးရွာ အနီး တီးမားကျေးရွာ ၏ အရှေ့ဘက် တောတွင်းတစ်နေရာတွင် ဘိန်းချက်လုပ်သည့် စက်ရုံတစ်ရုံတစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ယင်းစက်ရုံမှ ရရှိသမျှ ထုတ်လုပ်သော ဘိန်းဖြူများကို ထုံးစံအတိုင်း တစ်ဖက်နိုင်ငံရှိ (OKFA) စခန်းသို့ ပိုဆောင်ပြီး ရောင်းချကြသည်။ ကေအိုင်အေ စက်ရုံမှ ထုတ်လုပ်သော ဘိန်းဖြူတံဆိပ်မှာ ခြူးနှစ်ကောင် ကမ္ဘာလုံးတံဆိပ်ဖြစ်သည်။
ဘိန်းအများအပြား စိုက်ပျိုးထုတ် လုပ်သည်နှင့်အမျှ ကချင်ပြည်နယ်အတွင်း ဘိန်းစွဲသူအရေ အတွက် ကလည်း မနည်းလှ။ ၁၉၈၀ ခုနှစ်ကျွန်တော် ဆဒုံးရောက်စဉ်က ဆဒုံးမှ  ဒူးဝါးကြီးပင်လျှင် မူးယစ်ဆေးဝါး၏ သားကောင်ဖြစ်နေ သည်ကိုတွေ့ခဲ့ရသည်။
ဤသို့ကချင်ပြည်နယ် လွတ်မြောက်ရေး၊ ကချင်အမျိုးသားများ ကြီးပွားတိုးတက်ရေး အတွက်ဟု လူမျိုးရေး ဗန်းပြကာ လက်နက်ကိုင်သောင်းကျန်းနေသော ကေအိုင်များ၏ လက်တွေ့လုပ်ရပ်က ကချင်အမျိုးသားများ ကောင်းစားရေးမဟုတ်။ ကချင်အမျိုးသားများအားလုံး လူညွန့်တုံးစေမည့် အလုပ်မျိုးဖြစ်နေသည် ကို သူတို့ မသိလေသ လားလို့ပင် ပြောချင်ပါသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ မစ္စတာကျုံးသန်စန်းနှင့် တွေ့ဆုံဆွေးနွေး

Posted by drmyochit Friday, November 30, 2012, under | No comments



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်  နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာကျုံးသန်စန်းနှင့် ယနေ့ ညနေ (၄) နာရီ (၁၅) မိနစ်တွင် နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးသည်။
တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြ သည့် ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်း၊ ဦးမြင့်လှိုင်၊ ဦးဥာဏ်ထွန်းအောင်၊ ဦးဝင်းမြင့်၊ ဦးအေးမြင့်ကြူ၊ ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးထင်အောင်၊ ဗီယက်နမ်နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသက်ဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး  ဧည့်သည်တော် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတနှင့်အတူ ဒုတိယဝန်ကြီးချုပ် Mr. Nguyen Thein Nhan ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနဝန်ကြီး၊ သမ္မတရုံး ဥက္ကဌ၊ ပါတီဗဟိုကော်မတီဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး Mr. Chu Cong Phung ဒုတိယ ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
တွေ့ဆုံရာ၌ မဟာမဲခေါင်ဒေသခွဲအတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စားသောက်ကုန်လုပ်ငန်း၊ သစ်တော၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှု၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေးနှင့် လမ်းပန်း ဆက်သွယ်ရေး၊ နှစ်နိုင်ငံ ပြည်သူများ ဝင်ထွက်သွားလာရေး၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ သတ္တုတူးဖော်ရေးနှင့် စွမ်းအင်ကဏ္ဍ စသည်တို့တွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံ နိုင်ငံများ အတွင်း နီးကပ်စွာ ပူးပေါင်းဆောင် ရွက်ရေးနှင့် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက် မှုများ တိုးတက်ဖြစ်ပေါ်ရေး ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံစာချုပ် ချုပ်ဆိုပွဲအခမ်းအနားကို ဆက်လက် ကျင်းပရာ နှစ်နိုင်ငံသမ္မတများ ရှေ့မှောက်၌ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ခေတ္တဒုတိယဥက္ကဌ ဦးအောင်အောင်နှင့် ဗီယက်နမ် နိုင်ငံတော်ဗဟိုဘဏ် ဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာဒွန်ထိုင်းဘင်တို့က မြန်မာ နိုင်ငံတော်ဗဟိုဘဏ်နှင့် ဗီယက်နမ် နိုင်ငံတော် ဗဟိုဘဏ်တို့အကြား ဘဏ်လုပ်ငန်းကြီးကြပ် စစ်ဆေးမှု သတင်းအချက်အလက် ဖလှယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကိုလည်းကောင်း၊ စွမ်းအင်ဝန်ကြီးဌာန စွမ်းအင်စီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဖေဇင်ထွန်းနှင့် ဗီယက်နမ် ရေနံနှင့်သဘာဝဓာတ်ငွေ့အဖွဲ့ (ပက်ထရိုဗီယက်နမ်) ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ် ဒေါက်တာ ဒိုဗန်းဟူးတို့က စွမ်းအင်ဝန်ကြီးဌာနနှင့် ဗီယက်နမ်နိုင်ငံ ဗီယက်နမ် ရေနံနှင့် သဘာဝဓာတ်ငွေ့အဖွဲ့တို့အကြား ချုပ်ဆိုသော ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာကိုလည်းကောင်း လက်မှတ်ရေးထိုးကြပြီး စာချွန်လွှာများကို အပြန်အလှန် လဲလှယ်ကြသည်။
ထို့နောက် နှစ်နိုင်ငံခေါင်းဆောင်များသည် ပြည်တွင်းပြည်ပ မီဒီယာများအား နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားကြသည်။

  Myanmar Express 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာကျုံးသန်စန်းနှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုကြိုဆို

Posted by drmyochit Friday, November 30, 2012, under | No comments


ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ ပြည်ထောင် စုသမ္မတ မြန်မာနိုင်ငံတော်၌ ချစ်ကြည်ရေးခရီး လည်ပတ်ရန် နေပြည်တော်သို့ ရောက်ရှိနေသည့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတမစ္စတာ ကျုံးသန်စန်းနှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဂုဏ်ပြု ကြိုဆိုသည့် အခမ်းအနားကို ယနေ့ညနေ (၃) နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဥပစာမြက်ခင်းပြင်၌ ကျင်းပသည်။
ဧည့်သည်တော် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတနှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ရန် ခေတ္တ တည်းခိုသည့် ရွှေနန်းတော် ဟိုတယ်မှ မော်တော်ယာဉ် များဖြင့် ရောက်ရှိလာရာ နိုင်ငံတော်သမ္မတ အိမ်တော်ရှေ့၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်းတို့က ရင်းနှီးခင်မင်စွာ ကြိုဆိုနှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဧည့်သည်တော် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူရန် အလေးပြုခံစင်မြင့်သို့ သွားရောက်ကြပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကြသည်။
ထိုအချိန်တွင် နိုင်ငံတော်တီးဝိုင်းက ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံနှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တို့၏  နိုင်ငံတော် သီချင်းများကို  ဂုဏ်ပြုတီးမှုတ်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတတို့သည် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကြသည်။
 ထို့နောက် နိုင်ငံတော်သမ္မတအား ဧည့်သည်တော် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသမ္မတက ၎င်းနှင့်အတူ လိုက်ပါလာသည့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးသည်။
ဆက်လက်၍ နိုင်ငံတော် သမ္မတကလည်း ၎င်းနှင့်အတူ ကြိုဆိုနှုတ်ဆက်ကြသည့်  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ဇနီး ဒေါ်ခင်ခင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဦးဝဏ္ဏမောင်လွင်၊ ဦးသိန်းညွန့်၊ ဦးမြင့်လှိုင်၊ ဦးဥာဏ်ထွန်းအောင်၊ ဦးဝင်းမြင့်၊ ဦးဝင်းရှိန်၊ ဦးအေးမြင့်ကြူ၊ ဒေါက်တာကံဇော်နှင့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသက်ဦးတို့အား  ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတနှင့် ပြန်လည်မိတ်ဆက်ပေးသည်။

 Myanmar Express 

သီရိလင်္ကာ နိုင်ငံ၏ ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင်

Posted by drmyochit Friday, November 30, 2012, under | No comments


သီရိလင်္ကာ နိုင်ငံသည် တရုတ် နိုင်ငံရှိ အာကာသ စခန်းတစ်ခုမှ ၎င်းတို့၏ ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တုကို နိုဝင်ဘာ ၂၇ ရက်က လွှတ်တင် ခဲ့ကြောင်း ဒေသခံ ကုမ္ပဏီ တစ်ခု၏ ကြေညာချက် အရ သိရသည်။
အဆိုပါ ဂြိုဟ်တုကို တရုတ် နိုင်ငံပိုင် China Great Wall Industry Corporation နှင့်အတူ ပူးပေါင်း၍ သီရိလင်္ကာ နိုင်ငံရှိ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုဖြစ်သော Supreme SAT ကုမ္ပဏီမှ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ Supreme SAT-1 ဟုအမည် ပေးထားသော ဆက်သွယ်ရေး ဂြိုဟ်တုက အရှေ့ အလယ်ပိုင်း၊ တောင်အာရှ၊ အာရှ အလယ်ပိုင်းနှင့် သြစတြေးလျ ဒေသများ အတွင်း broadband အင်တာနက်၊ တယ်လီဖုန်း ဆက်သွယ် ရေးနှင့် ရုပ်သံ ထုတ်လွှင့်ရေး ဝန်ဆောင်မှုများ အပါအဝင် ဆက်သွယ်ရေး လုပ်ငန်းများကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်ရန် ဝန်ဆောင်မှု ပေးအပ်နိုင်မည် ဖြစ်ကြောင်း Supreme SAT ကုမ္ပဏီက ပြောကြားသည်။ Supreme SAT-1 ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင်နိုင်ခြင်းကြောင့် သီရိလင်္ကာ နိုင်ငံသည် ဆက်သွယ်ရေး ဂြိုဟ်တု ပိုင်ဆိုင်သည့် ၄၅ နိုင်ငံမြောက် နိုင်ငံ ဖြစ်လာ ခဲ့ပြီး အိန္ဒိယနှင့် ပါကစ္စ တန်နိုင်ငံ တို့ပြီးလျှင် သီရိလင်္ကာ နိုင်ငံသည် တောင်အာရှ နိုင်ငံများ အတွင်း ဂြိုဟ်တု လွှတ်တင် နိုင်ခဲ့သည့် တတိယ မြောက် နိုင်ငံတစ်ခု ဖြစ်ကြောင်း သိရသည်။ Supreme SAT-1 ဂြိုဟ်တုကို ခန့်မှန်းခြေ အားဖြင့် ကမ္ဘာမြေ မျက်နှာပြင် အထက် ကီလို မီတာ ၃၆ဝဝဝ အကွာ ၈၇ ဒသမ ၅ ဒီဂရီ အရှေ့ဘက်တွင် ကမ္ဘာတည် နေရာ အတိုင်း ရွေ့လျားနေ သည့် ဂြိုဟ်တု ပတ်လမ်း တစ်ခုအတွင်း ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။
Myanmar Express 

ကျဆုံး ရခိုင် သူရဲကောင်း ၆၁ ဦးအား ရည်စုး၍ ဆံတော်ရှင် စေတီတော်တွင် ဆုတောင်းပွဲပြုလုပ်

Posted by drmyochit Friday, November 30, 2012, under | No comments


ဇွန်လနှင့် အောက်တိုဘာလ ပဋိပက္ခအတွင်း ကျဆုံးသွားခဲ့သူ ရခိုင်အမျိုးသား ၆၁ ဦးကို ရည်စူးပြီး ဆုတောင်း အမျှပေးဝေပွဲ အခမ်းအနား တစ်ခုကို ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် စေတီတော်တွင် ယမန်နေ့က ပြုလုပ်ခဲ့ကြသည်။
ကျဆုံးခဲ့ကြရသော ရခိုင် အမျိုးသား ၆၁ ဦးကို ရခိုင်အာဇာနည် သူရဲကောင်းများ အဖြစ် သတ်မှတ်ပြီး ရည်စူးကုသိုလ် ပြုလုပ်ရခြင်း ဖြစ်သည်ဟု ကိုယ်တိုင် အခမ်းအနားသို့ တက်ရောက်ခဲ့သူ ရတပပါတီ ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က နိရဉ္စရာသို့ ပြောသည်။
“အဓိကတော့ အရေးခင်းအတွင်းမှာ  ဘင်္ဂလီ ကျူးကျော်စစ်ကို ကာကွယ်ရင်း ကျဆုံးသွားတဲ့ ရခိုင်အာဇာနည် သူရဲခေါင်း ၆၁ ဦးကို ရည်စူးပြီး  ဆီမီး ပူဇော်၊ ရေစက်ချ၊ အမျှဝေ၊ မေတ္တာပို့သမူ ပြုလုပ် ကြတာဖြစ်ပါတယ်” ဟု ဆိုသည်။ အခမ်းအနားသို့ ပေါက်တောနှင့် စစ်တွေမှ သံဃာတော် ၁၀ ပါးနှင့် လူပေါင်း ၇၀၀ ကျော် တက်ရောက်ခဲ့သည်ဟု ပြောသည်။ အခမ်းအနားသို့ ရောက်ရှိလာသူများအား လူငယ်ခေါင်းဆောင်များ၊ တာဝန်ရှိ ပုဂ္ဂိုလ်နှင့် ရဟန်း သံဃာတော်များက နောင်တွင်ဖြစ်လာ မည့်အန္တရာယ်များကို ကာကွယ်စောင့်ရှောက်နိုင်ရန် အသိပညာပေးမှု မိန့်ခွန်း များဟောပြောခဲ့သည်ဟု ဆိုသည်။ “ရခိုင်ဒေသဟာ ပင်လယ်ထွက်ပေါက်ဖြစ်တယ်။ အဲဒါကြောင့် ဘယ်အချိန်မဆို ဘင်္ဂလီတွေရဲ့ တိုက်ခိုက်မှုကို အချိန်မရွေး ခံရနိုင်တယ်။ ဒါကြောင့် မိမိတို့ ရခိုင်လူမျိုးတွေ အနေနဲ့ အမြဲသတိနဲ့ သွားလာနေထိုင်ကြဖို့၊ အမြဲ သတိနဲ့ သွားသတိ လာသတိရှိရှိနဲ့ နေထိုင်ကြဖို့ကို ပြောသွားကြပါတယ်” ဟု ဦးတက်ထွန်းအောင်က ဆိုသည်။
၂၀၁၂-ခုနှစ် ဇွန်လတွင်ဖြစ်ပွားခဲ့သော ပထမအကြိမ်  ဆူပူမှုအတွင်း ရခိုင်လူမျိုး (၃၂)ဦး ကျဆုံးခဲ့ရပြီး၊ ပြီးခဲ့သော အောက်တိုဘာလအတွင်းက တစ်ကျော့ပြန် ဖြစ်ပွားခဲ့သည့်  ဆူပူ အကြမ်းဖက်မှုတွင် ရခိုင် လူမျိုး စုစု ပေါင်း(၂၉)ဦး ကျဆုံးခဲ့သည်ဟု သိရသည်။ အခမ်းအနားကို  မနက် ၈နာရီကစတင်ပြီး  ၁၁နာရီတွင်အောင်မြင်စွာပြီးဆုံးခဲ့သည်ဟုဆိုသည်။

နိရဉ္စရာသတင်းဌာန

သာသနာ့ဝန်ထမ်းဟာ သာသနာ့အရေးထက် ဘယ်အရေးကိုမှ ဦးစားပေးလို့ မရဘူး

Posted by drmyochit Friday, November 30, 2012, under | No comments


ခေါင်းထဲမှာ စဉ်းစားမိတာတွေကို ဘုန်းကြီးစာချ လုပ်သလို ဖြစ်မှာစိုးရိမ်လို့ ထပ်ခါ ထပ်ခါ စဉ်း စားပြီးမှ ရေး ချလိုက်တာပါ။ ကျွန်မ မိရိုးဖလာ ဗုဒ္ဓဘာသာ တစ်ယောက်ဘဝကို စွန့်လွှတ်ပြီး ထေရ ဝါဒဗုဒ္ဓ ဘာသာဝင် တစ်ယောက်ဖြစ်လာတာ အချိန် ကာလအားဖြင့် တိုင်းတာမယ်ဆိုရင် ၄နှစ်တာ အတိုင်းအတာ ကို ရောက်ရှိ ခဲ့ပါပြီ။ ဒီလို ရောက်ရှိခဲ့တာက သံဃာတို့ရဲ့ ကျေးဇူးတရားကြောင့်ပါ။
ငယ်စဉ်တည်းက မိဘတွေ ကိုးကွယ်ဆည်းကပ်ခဲ့တဲ့ အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက် တိုက်အုပ် ဆရာေ တာ် အရှင်တိလောကဘိဝံသ ကို ဒီအချိန်မှာ သိပ်ကို သတိတရ ရှိမိပြီး ကြည်ညိုစိတ် ပိုပြီး တိုးလာပါ တယ်။ ဆရာတော်ကြီးဟာ နဝတ အစိုးရ လက်ထက်တုန်းက ပတ္တနိက္ကုဇ္ဇနကံ ဆောင်မှုကြောင့် သင်္ကန်းဝတ် နဲ့ ထောင်ထဲသွင်း သင်္ကန်းကို အတင်းချွတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ရဟန်းဝိနည်း အတိုင်းပဲ ထောင်တွင်းမှာ ဆက်လက်နေထိုင် ကျင့်ကြံခဲ့တယ်။
ဒီနေရာမှာ ပြောပြချင်တာက ပတ္တနိက္ကုဇ္ဇနကံ ဆောင်တယ် ဆိုတာ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ပညတ်ထားခဲ့တဲ့ အတွက် ဝိနည်းအရ မင်းဆိုးဒါယိကာ တွေအပေါ်မှာ ပြုလုပ်ရမယ့် သံဃာ့တာဝန်တစ်ရပ်ပါ။ ဒါပေမဲ့ ဆရာတော်ကြီးဟာ  ထောင်တွင်းကနေ ပြန်လွတ်မြောက်လာချိန်မှာ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ပါတယ်။ ဒါကတော့ သာသနာ့တာဝန်ကိုသာ ထမ်းရွက်တော့မယ်တဲ့။ ဆရာတော်ကြီးသာ အဲဒီ့ကာလက အစိုးရအပေါ်မှာ စိတ်အရှိအတိုင်း ဆက်ဆံမယ်ဆိုရင် ဆရာတော်ကြီးရဲ့ တပည့် အခြားသံဃာတွေအတွက် အခက်အခဲ ဖြစ်ရချည်ရဲ့။ သံဃာ့တာဝန်အမှန်ဟာ ပရိယတ္တိ၊ ပရိပတ္တိ တို့ကို ကျင့်ကြံအားထုတ်ပြီး ပဋိဝေဒ ဆိုတဲ့ ပန်းတိုင်ကို အရောက်သွားဖို့သာ ဖြစ်ပါတယ်။ ဒါကြောင့် ဆရာတော်ကြီးဟာ နိုင်ငံရေးရာကိစ္စတွေမှာ ပါဝင်ပတ်သက်မယ်ဆိုရင် သာသနာ့တာဝန်ကို ထမ်းရွက်ဖို့ရန် စွမ်းအားတွေကို ဆုံးရှုံးလိုက်ရမယ်ဆိုပြီး သာသနာတော်ကို ရွေးချယ်ခဲ့ပါတယ်။ သာသနာ့ဝန်ထမ်း သံဃာရှင်မြတ် စင်စစ်ဖြစ်တဲ့ ဆရာတော်ကြီးဟာ ၂၀၀၇ သံဃာအရေးအခင်းမှာ ကျောင်းက သံဃာတွေကို အပြင်မထွက်စေဖို့ကြီးကြပ်တားမြစ်ခဲ့ပါတယ်။
ဆရာတော်ကြီးဟာ လူစွမ်းကောင်း၊သူရဲကောင်း မဟုတ်တဲ့ သာသနာ့အာဇာနည် အရှင်သူမြတ်ကြီးပါ။ ဆရာတော်ကြီး ပြောတဲ့ စကားတစ်ခွန်းရှိပါတယ်။ "သာသနာ့ဝန်ထမ်းဟာ သာသနာ့အရေးထက် ဘယ်အရေးကိုမှ ဦးစားပေးလို့ မရဘူး။" တဲ့။ မှန်ပါတယ်... အကယ်၍သာ ဆရာတော်ကြီးဟာ နိုင်ငံရေးကိစ္စတွေမှာ ပါဝင်ပတ်သက်ဆက်နွယ်ပြီး ထပ်မံအဖမ်းခံ အချုပ်ကျမယ်ဆိုရင် နစ်နာရမယ့်သူဟာ ဆရာတော်ကြီး တစ်ပါးတည်းတင် မကပါဘူး။ ဆရာတော်ကြီးဆီကနေ ပရိယတ္တိ စာပေ လေ့လာသင်ယူ၊ ဆရာတော်ကြီးကို အားကိုးအားထား နေရတဲ့ စာသင်သားသံဃာတွေပါ နစ်နာပါမယ်။ စာသင်သားသံဃာ တစ်ပါး ဆီဟာ နောင်တချိန်မှာ သာသနာ့အာဇာနည် ဖြစ်လာနိုင်တဲ့ ရဟန်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မ တို့ မြန်မာနိုင်ငံရဲ့ အသက် "သာသနာ" အဓွန့်ရှည် တည်တံ့ရေးအတွက် အားလုံးသော ရဟန်း သံဃာတွေဟာ သာသနာ့တာဝန်ကို ဦးစားပေး ထမ်းရွက်ဆောင်ကြဖို့လိုအပ်နေတယ်လို့ကျွန်မမြင်မိပါတယ်။
အစပျိုးခဲ့သလိုပဲ ကျွန်မဟာ ဘုန်းကြီးစာချတာ မဟုတ်ရပါဘူး။ သံဗျင်မင်းသမီးလိုလဲ ပိဋကတ်တော်တွေကို နှံ့စပ်ကျွမ်းကျင်မှု မရှိပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့ သိထားသမျှ အသိလေးနဲ့ သာသနာတော် အဓွန့်ရှည် တည်တံ့ဖို့အရေး တစ်ထောင့် တစ်နေရာကနေ ပါဝင်စွမ်းဆောင် ချင်မှုကြောင့် ဒီစာလေးကို ရေးဖြစ်ခဲ့ပါတယ်။ အမှားပါခဲ့သည်ရှိသော် ကျွန်မထက် သာသနာတော်အကြောင်း ပိုမိုသိသော လူပုဂ္ဂိုလ် ရဟန်းပုဂ္ဂိုလ်တိုင်းမှ ဆုံးမနိုင်ပါတယ်။

မေတ္တာဖြင့် -ထိပ်ထား

ကိုယ့်ကိုကိုယ် မီးလောင်ခံ မီးရှို့ခဲ့ကြသော လက်ပံတောင်း ဘုန်းကြီးများ

Posted by drmyochit Friday, November 30, 2012, under | 1 comment


လာင်ဗုံးဟု ဖော်ပြသူက ဖော်ပြ၊ ဓာတုဗေဒ ဗုံးဟု ဖော်ပြသူက ဖော်ပြ စိုင်းသိန်းဝင်းကလည်း ကြားဖူး နားဝ ၀င်ပြောပြီးသည့်နောက် မြန်မာပြည် သူများအကြား ဗုံးပြဿနာသည် ရှင်းမရသည့် ပုစ္ဆာတစ်ပုဒ် ဖြစ် ခဲ့သည်။ သမ္မတရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့မှ မီးသတ်ပိုက်၊ မီးခိုးဗုံးသာ သုံးပါသည် ဟု ဖြေရှင်း ထားပြီး ဖြစ် သည်။ ထိုအချိန် တွင် အဆိုပါ ကိစ္စအား မျက်မြင်တွေ့သူများ၏ ပြောကြားချက်အရ အဖြေ တစ်ခုထွက် လာချေပြီ။
ရဲတပ်ဖွဲ့မှ လူစုခွဲရန် မီးသတ်ပိုက်ဖြင့် စတင်သည်နှင့် ဘုန်းကြီးများသည် ယခင်ကကဲ့သို့ ကန်တော့ တောင်းပန်ကြရန် ဒူးထောက်ထိုင်ခဲ့ကြသည်။ စောင်များ၊ သင်္ဃန်းများနှင့် တဲများမှ မီးလောင်သည်နှင့် ချက်ချင်း မီးကူး စက်ရန် အလွယ်ဆုံး ပစ္စည်းများ ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များကို ဘုန်းကြီး မပီသစွာ ကန်တော့တောင်းပန်ပြီး စက်တင်ဘာကဲ့သို့ လုပ်ဆောင်ရန် ကြိုးစားခဲ့ကြသည်။
ထိုအချိန်တွင် မီးတောက်များ တောက်လောင်နေလေပြီ။ မီးစတင် လောင်ကျွမ်း ခံရသော ဦးဇင်းတစ်ပါးမှ ထို ထိုင်ကန်တော့နေသော ဘုန်းကြီးများ အနားရောက်သည်။ မျက်လုံးမှိတ်ကာ ဆုတောင်းနေသည့် ဘုန်းကြီးများ သည်လည်း မမြင်ကြ။ နောက်ဆုံးတော့ လောင်ကျွမ်းခံ ရသူများသည် ထိုထိုင်ကန်တော့ဖို့ ကြိုးစားခဲ့ကြသော ဘုန်းကြီးများသာ ဖြစ်ခဲ့သည်။
မီးလောင် ဘုန်းကြီးများကို ၀င်ဆွဲသော လူ တစ်ဦး ၂ ဦးမှ လွဲ၍ မီးလောင် ဒဏ်ရာရသူအားလုံးမှာ ဘုန်းကြီးများသာ ဖြစ်သည်။ ကံကံ ၏ အကျိုးပင် ဖြစ်ပေတော့သည်။

ပထမဆုံးသော Myanmar Travel & Trade Expo 2013 ကျင်းပမည်

Posted by drmyochit Friday, November 30, 2012, under | No comments


Myanmar Tourism Federation (MTF) ၏ ဦးဆောင်မှုဖြင့် MTS Group မှ စုစည်းကျင်းပမည့် ပထမဆုံးသော Myanmar Travel & Trade Expo 2013 ကို ၁၁-၁-၂၀၁၃ ရက်မှ ၁၄-၁-၂၀၁၃ ရက်နေ့အထိ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ Myanmar Convention Centre (MCC) ခန်းမတွင် နံနက် ၉း၀၀ နာရီမှ ညနေ ၈း၀၀ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ ပြပွဲကြီးတွင် Travel Zone အနေဖြင့် ပြည်တွင်းပြည်ပသို့ ဝန်ဆောင်မှုပေးနေသော ခရီးသွားလုပ်ငန်းများ၊ ပြည်တွင်းပြည်ပ ဟိုတယ်များနှင့် Hotel Suppliers ကုမ္ပဏီများ၊ Bank ဝန်ဆောင်မှု လုပ်ငန်းများ၊ လေကြောင်းလိုင်းများ၊ စားသောက်ဆိုင်များ၊ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီများ၊ International School များ၊ ပညာရေးနှင့် အသက်မွေးဝမ်း ကျောင်းဆိုင်ရာ Training Centre များ၊ Spa ဝန်ဆောင်မှု လုပ်ငန်းများ၊ Souvenir Shop များ၊ Gems & Jewellery Shop များနှင့် Trade Zone အနေဖြင့် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့် ရရှိသူများနှင့် ကားကုမ္ပဏီကြီးများ၊ ကားအပိုပစ္စည်းများနှင့် အခြားဆက်စပ် ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် အိမ်ရာအရောင်းပြခန်းများ၊ အိမ်ဆောက်ပစ္စည်းများနှင့် အိမ်တွင်းအလှဆင် ပစ္စည်းများ၊ မြန်မာပရိဘောဂပစ္စည်းများ၊ လုံခြုံရေးသုံးပစ္စည်းများ၊ အီလက်ထရွန်နစ်နှင့် လျှပ်စစ်ပစ္စည်းများ၊ စားသောက်ကုန်များ၊ အဝတ်အထည်များ၊ ဆေးဝါးများ၊ တိုင်းရင်းဆေးဝါးပစ္စည်းများ၊ စိုက်ပျိုးမွေးမြူရေး ပစ္စည်းများ၊ စာရေးကိရိယာများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ စက်မှုထုတ်ကုန်များနှင့် အခြားလူသုံးကုန် ပစ္စည်းများ စုံလင်စွာ ပါဝင်ပြသ ရောင်းချသွားမည်ဖြစ်သည်။ စိတ်ပါဝင်စားသည့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် Myanmar Tourism Services Co.,Ltd အခန်းအမှတ် (၁၀၁၀)၊ ၁၀လွှာ၊ ယုဇနတာဝါ၊ ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း -၀၁ ၅၅၂၇၆၂၊ ၅၅၂၆၄၂၊ ၀၉-၇၃၂၁၆၀၁၀၊ ၀၉-၅၁၆၈၀၅၇၊ ၀၉-၄၉၃၀၁၇၂၄ သို့ ကြိုတင်ဆက်သွယ်နိုင်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။  

 Myanmar Express 

မီးလောင် ဒဏ်ရာရသူများအား ပြည်ခိုင်းဖြိုးပါတီမှ ထောက်ပံ့ကြေးပေးအပ်

Posted by drmyochit Friday, November 30, 2012, under | No comments


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရ ဦးအေးမြင့် သည် (၁၀-၁၁-၂၀၁၂) နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့မှ ပါတီ ကော်မတီဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု အမျိုးသား လွှတ်တော်၊ ပြည်သူ့ လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့သည် ကန့်ဘလူမြို့ ကုတင် (၁၀၀) ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ပြီး ဆီတွဲရထား တိမ်းမှောက် မီးလောင်မှုတွင် ဒဏ်ရာရရှိခဲ့ကြသော မီးဘေးသင့်လူနာ (၈၃)ဦးအား လှူဒါန်းထောက်ပံ့ငွေ တစ်ဦးလျှင် ကျပ် (၅)သောင်းနှုန်းဖြင့် စုစုပေါင်း (၄၁.၅) သိန်းအား တစ်ဦးချင်းစီသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေး စကားပြောကြား ခဲ့ပါသည်။ ဆက်လက်၍ နံနက် (၁၀း၀၀) နာရီတွင် ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်နှင့် အဖွဲ့သည် ချပ်ကြီးကျေးရွာသို့ သွားရောက်၍ ချပ်ကြီးကျေးရွာမှ မီးဘေးသင့် သေဆုံးခဲ့သူ (၂၉) ဦး၏ ကျန်ရစ်သူ မိသားစုများအား တစ်ဦးလျှင် ကျပ် (၁) သိန်းနှုန်း ဖြင့်လည်းကောင်း၊ ချပ်သင်းဆေးရုံရှိ ဒဏ်ရာရလူနာ (၂) ဦးအတွက် တစ်ဦးလျှင် ကျပ်(၅)သောင်းနှုန်းဖြင့်လည်းကောင်း  အသီးသီး ထောက်ပံ့လှူဒါန်းခဲ့ကာ အားပေးစကား ပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Myanmar Express 

လက်ပန်းတောင်းသပိတ်စခန်းဖြိုခွဲရာမှာ မီးလောင်ဗုံး အသုံးပြုခြင်းမရှိ

Posted by drmyochit Friday, November 30, 2012, under | No comments


နိုဝင်ဘာ ၂၉ ရက်နေ့ မနက်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒ ထုတ်ဖော်နေသည့် သပိတ်စခန်းများကို ဖြိုခွဲရာတွင် ဓာတုဗေဒဗုံးနှင့် မီးလောင်ဗုံးများ အသုံးပြုခဲ့ခြင်း မရှိဘဲ၊ နိုင်ငံတကာတွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်များကို နှိမ်နှင်းရာတွင် အသုံးပြုသည့် သာမန် မျက်ရည်ယိုဗုံး ကိုသာ အသုံးပြုခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက RFA နှင့်ဆက် သွယ်မေးမြန်းချက်တွင် ဖြေကြားခဲ့သည်။
နိုဝင်ဘာ ၂၉ ရက်နေ့မနက်ပိုင်း သပိတ်စခန်းများကို ဖြိုဖျက်ခြင်းသည် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက် မဟုတ်ဘဲ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးစိုက်ရာ နေပြည်တော်မှ တိုက်ရိုက်ညွှန်ကြားချက်သာ ဖြစ်ကြောင်း ယင်းတာဝန်ရှိသူက ဆက်လက် ဖြေကြားခဲ့သည်။
အဆိုပါ တာဝန်ရှိသူက RFA သို့ဖြေကြားရာတွင် နိုဝင်ဘာ ၂၉ ရက်မနက်က သပိတ်စခန်းဖြိုခွင်းရာတွင် ဖမ်းဆီးခဲ့သည့် သံဃာတော်များကိုလည်း ပြန်လွှတ်ပေး လိုက်ပြီ ဖြစ်ကြောင်းအတည်ပြုပြောကြားခဲ့သည်။

 
 Myanmar Express 

လက်ပံတောင်းတောင်စီမံကိန်း စာချုပ်များ ပြန်ဖျက်မည်ဆိုက ကတိ စကားနှင့်တန်ရာတန်ကြေး ထည့်တွက်ရန်လိုဟု ဒေါ်အောင်ဆန်း စုကြည် ပြောကြား

Posted by drmyochit Friday, November 30, 2012, under | No comments


 
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဖျက်ပစ်မည်ဆိုပါက တန်ရာတန်ကြေးနှင့် ကတိစကားများ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
"အခု လက်ပံတောင်းတောင် စီမံကိန်းက စာချုပ်တွေက ချုပ်ပြီး သားတွေ ပြန်ဖျက်ရင် တန်ရာတန်ကြေး ပြန်ပေးရမယ်။ ဒါကိုလည်း ထည့် စဉ်းစားဖို့ လိုတယ်။ ကတိစကား တည်ရမယ်။ ဒီနိုင်ငံက ကတိစကားမတည် ဘူး။ ဒီနိုင်ငံနဲ့ အလုပ်လုပ်ရင် အချိန်မရွေး ပျက်စီးသွားနိုင်တယ်လို့ တွေးရင် ရင်းနှီးမြှုပ်နှံမှုတွေ စိတ်မ၀င် စားနိုင်တော့ဘူး။ အမြတ်နဲ့အကျိုးက အရှုံး ကို ပြန်တွက်ရမယ်။ အရှုံးကို ကာနိုင်ရမယ်။ ပြီးတော့ ကတိစကားနဲ့ ပတ်သက်လို့ အရမ်းသတိထားရမယ်။ တချို့က ခပ်ပေါ့ပေါ့ပြော၊ ခပ်ပေါ့ပေါ့  ဖျက်လိုက်တာပဲ"ဟု ၄င်းက အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ လွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်တွင် ပြောသည်။
Myanmar Express 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာကျုံးသန်စန်း ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Posted by drmyochit Friday, November 30, 2012, under | No comments


ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာကျုံးသန်စန်း ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ယနေ့ညနေ (၃)နာရ်ီမိနစ် (၅ဝ) တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့လက်ခံတွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတနှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊  လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်ကြူ၊ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသက်ဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတမစ္စတာကျုံးသန်စန်း ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီး  H.E.Mr. Chu Cong Phung လည်း တက်ရောက်သည်။
ယင်းသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု၊ ငြိမ်းချမ်းရေး တည်ဆောက်မှု၊ ပြည်တွင်းစီးပွားရေး ပြုပြင်ပြောင်းလဲမှု၊  နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် စီးပွားရေး ပိုမိုတိုးတက် ခိုင်မြဲစေရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။

  Myanmar Express 

Thursday, November 29, 2012

ယနေ့ လက်ပံတောင်း အခြေအနေများအား အချိန်နဲ့ တစ်ပြေးညီ ဖော်ပြနေသည့် သတင်းဂျာနယ်များမှ ဖော်ပြချက်များ

Posted by drmyochit Thursday, November 29, 2012, under | No comments


သည်နေ့မနက် ၃း၀၀လောက်မှာ ရဲတပ်ဖွဲ့ဝင်များ မီးသတ်ပိုက်နဲ့ စတင်လူစုခွဲပြီးတဲများကို မီးရှို့ တာတွေေ ကြာင့် သပိတ် စခန်း၆ခုလုံး ပျက်စီးသွားပြီ ဖြစ်ပါတယ်။ ဒဏ်ရာရသူ ၇၀ ၀န်းကျင် ရှိပြီး သည်လူတွေကို မုံရွာနဲ့ မန္တလေး ဆေးရုံတွေကို ပို့ဆောင်ထားပါတယ်။ ပုသိမ်-မုံရွာ လမ်းကို ရဲတပ်ဖွဲ့ဝင် များက ပိတ်ထား ပါတယ်။ လက်ပံတောင်းတောင် ကို သွားရောက်နေတဲ့ ဒေါ်အောင်ဆန်း စုကြည်က မနေ့ညနေမှာ စစ်ကိုင်း တိုင်းဒေ သကြီး ၀န်ကြီးချုပ်၊ ၀မ်ဘောင် ကုမ္ပဏီနဲ့ ဦးပိုင်မှ တာဝန်ရှိသူ တွေ နဲ့တွေ့ဆုံဖို့ ခွင့်ပြုချက်တောင်း ထားတာ မှာ ခုထိအကြောင်းပြန်ချက် မရသေးဘူးလို့ အခင်းဖြစ်ပွားရာမှာ သတင်းယူနေတဲ့ မော်ဒန်မှ အယ်ဒီတာ တစ်ဦးကပေးပို့ပါတယ်။
-------------------------------------------------------------------------
ယနေ့မနက်က အင်အားသုံး လူစုခွဲရာတွင် အသုံးပြုခဲ့သော မီးလောင်ဗုံး ကျည်ဆံများတွင် မီးစုန်းခေါ် ဖော့စဖား ထည့်သွင်း အသုံးပြုခဲ့ခြင်း ဖြစ်နိုင်ဖွယ် ရှိသည်ဟု ယူဆရသည်။ ဖော့စဖားသည် ထိမိသည့်နေရာမှ ပေါက်ကွဲလွင့်စင်၍ နေရာအနှံ့ လောင်ကျွမ်းတတ်ခြင်း၊ ရေနှင့်ထိတွေ့ပါက ဖော့စဖောရက်စ် အက်စစ်ဖြစ် ကာ အဖြူရောင်အက်စစ်ငွေ့များ ထွက်လာပြီး အဝတ် အထည်နှင့် တစ်ကွ အသားအရေ ကိုပါလောင်ကြွမ်းနိုင်ခြင်း စသော အစွမ်းသတ္တိများရှိသည်။ လက်ရှိတွေ့မြင်ရသည့် ဓာတ်ပုံပါ ဒဏ်ရာများတွင် အစက်အပြောက်များဖြစ်ခါ လောင်ကြွမ်း ဒဏ်ရာများ အရေပြား လောင်ကြွမ်း ဒဏ်ရာများသည် ဖော့စဖား ၏ အာနိသင်ကြောင့်ဟု ယူဆနိုင်သည်။ သို့သော် ဖော့စဖားကို ဗုံးသီးများတွင် အထူး သဖြင့် လူစုခွဲရန်နှင့်အ ထိကရုန်း နှိမ်နင်းရာတွင် အသုံးပြုသော ဗုံးသီးများနှင့် လက်ပစ်ဗုံးများတွင် အသုံးပြုခြင်း မရှိတော့ပေ။ ထို့ကြောင့်မြန်မာ့ ရဲတပ်ဖွဲ့ဝင်များ အသုံးပြုခဲ့သည် ဖော့စဖား ဘယ်ကလာသနည်း ဆိုသည့်ေ မးခွန်းအတွက် သက်ဆိုင်သူများတွင်သာအဖြေရှိမည်ဟု မျှော်လင့်ရသည်။ ထို့အပြင် ထိုမီးေ လာင် ဗုံးတွင် ဖော့စဖား ကို သုံးထားပါက ဖော့စဖားနှင့် ရေတို့ဓာတ်ပြုရာမှ ထွက်လာသည့် အဖြူရောင် အက်စစ်ငွေ့ သက်ရောက်မှု ခံရသူတိုင်း တစ်ချိန်တွင် အမြင်အာရုံ ဆုံးရှုံးခြင်း ဒုက္ခနှင့် ရင်ဆိုင်ရဖွယ်ရှိသဖြင့် ကျွမ်းကျင် သူ ကျန်းမာရေး ဝန်ထမ်းများဖြင့် အထူးဂရုပြု စစ်ဆေးသင့်ကြောင်း အကြံပြုအပ် ပါသည်။ (ရာဇာဓိ ရာဇာ)
----------------------------------------------------------------------------------------------------
မုံရွာ(မဇ္ဈိမ)။ မုံရွာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအတွက် ၀မ်ပေါင် ကုမ္ပဏီရှေ့တွင် သပိတ် စခန်းဖွင့်ကာ ဆန္ဒပြနေသော သံဃာ ထုအား ယနေ့ နံနက် ၃နာရီခန့်တွင် ရဲတပ်ဖွဲ့မှ မီးသတ်ကား တစ် စီး ရပ် ကာ မီးသတ် ပိုက်ဖြင့် ရေဖြန်းလူစုခွဲလိုက်ပြီး မိနစ်ပိုင်းတွင်ပင် အသံတခုကြားကာ မီးလောင်ခဲ့ရာမှ သံဃာ အပါး ၅၀မုံရွာဆေးရုံ သို့ရောက်ပြီး ၁၀ပါးမှာ ပျောက် ဆုံးနေကြောင်း သပိတ် စခန်းမှ ဆရာတော် ဦးတေဇ က ပြောသည်။ သံဃာတပါးမှာ အခြေအနေ ဆိုးရွားသောကြောင့် မန္တလေးဆေးရုံသို့ ပို့ဆောင်ကာ ကုသနေရပြီး ဒေသခံ မဖြူဖြူသင်းနှင့် မသွဲ့သွဲ့ဝင်းတို့လည်း ဒဏ်ရာများရရှိသွားခဲ့သည်။ ၀မ်ပေါင် ကုမ္ပဏီရှေ့တွင် ရဲအင်အား ၅၀၀၀ခန့်ချထားပြီး ကုမ္ပဏီပရ၀ဏ်နှင့် အနီးတ၀ိုက်ကိုလည်း သံဆူးကြိုးများဖြင့် ကာရံထားသည်ဟု မုံရွာရောက် မဇ္ဈိမသတင်းထောက် မင်းမင်းက ပေးပို့သည်။
----------------------------------------------------------------
လက်ပန်းတောင်းတော င်ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး အ တွက် ဆန္ဒပြနေကြသော သပိတ် စခန်း(၆)ခုမှ ရဟန်း ရှင် လူပြည်သူ လူထုနှင့် လက်ပန်းတောင်းတောင် စီမံကိန်း ဧရိယာ အနီးရှိ (၂၆)ရွာ မှဒေသခံများ ကို သက်ဆိုင်ရာ က လူအင်အား လက်နက် အင်အားသုံး၍ ဖြိုခွင်းနှိမ်နင်း လိုက်ပြီးဖြစ်ကြောင်း သိရသည်။ “နံနက်(၃) နာရီခန့်မှာ အခုလို စတင်ပြီး ရဲတပ်ဖွဲဝင်တွေဆောင် ရွက် လိုက်တာပါ။ စစခြင်း မီးသတ်ကား နဲ့ ရေအား သုံးဖြိုခွဲတယ်။ အဲဒါပြီးတော့မှ မီးလောင်ဗုံး ခွဲတာပါ။ ၀မ်ပေါင် ကုမ္ပဏီ ရုံးရှေ့က သပိတ် စခန်းကို စတင်ပြီး ဖြိုခွဲပါတယ်။ အဲဒါပြီးတော့ တစ်ဆက်တည်း မှာဘဲ လက်ပန်းတောင်းတောင် စီမံကိန်း ဧရိယာ အတွင် မှာ ရှိတဲ့ ဆရာ တော်သံဃာတော်တွေနဲ့ဒေသခံတွေ ရှိနေတဲ့ သပိတ်စခန်းတွေကို လည်း ၀မ်ပေါင် ကုမ္ပဏီရှေ့မှာ ရှိနေတဲ့ သပိတ် စခန်းများ နည်းတူ ဖြိုခွဲလိုက်ပါတယ်။
အခုလို ဆန္ဒပြမှုကို အာဏာပိုင်တွေ ဘက်ကနေ လက်နက် အင်အား လူအင်အားတွေ အစွမ်းကုန်သုံးပြီး ဖြိုခွင်း ခဲ့သော်လည်း ဆန္ဒပြ ရဟန်းရှင်လူပြည်သူများဘက်ကတော့ ပြန်လည်ပြီး တိုက်ခိုက်တာမျိုးတွေ လုံးဝ မရှိခဲ့ဘဲ အေးအေး ချမ်းချမ်းနဲ့ လူစုခွဲခဲ့ကြပါတယ်။ လူစုခွဲပြီး အေးအေးဆေးဆေးပြန် လည်ပြီး ထွက်ခွာ လာခဲ့ကြတဲ့ ဆရာတော် သံဃာေ တ်ာတွေ ပြည်သူတွေကို ရဲတပ်ဖွဲ့က နေလိုက်လံပြီး ခြောက်လှန့် ရိုက်နှက် တာတွေပြုလုပ်လို့ အိမ်ပြန်မရောက်ဘဲ လမ်းသင့်ရာကိုထွက်ပြေးကြရတယ်”လို့ အဆိုပါ ဆန္ဒပြမှု တွင် ပါဝင် ခဲ့သူတစ်ဦးကဆိုပါတယ်။ ဆန္ဒပြသူတွေထဲမှာ ပြည်သူလူထု အထိအခိုက် များရှိခဲ့ပြီး ရဟန်းသာမဏေ များမှာထိခိုက်မှု ပိုမိုပြင်း ထန်ခဲ့တယ်လို့ လည်းသိရပါတယ်
-------------------------------------------------------------------------------
ယမန်နေ့ အာရုဏ် တက်ချိန်တွင် လက်ပန်းတောင်းတောင် သပိတ် စခန်းများအား မီးလောင်ဗုံးဖြင့် ဖြိုခွင်ြး ခင်းေ ကြာင့် သံဃာတော်များနှင့် ရွာသူ ရွာသားများ ဒဏ်ရာ ရှိအောင် အစိုးရ၏ ကိုင်တွယ်ပုံနှင့် ပတ်သက် ၍ ပြည် သူ လူထု၏ ယုံကြည်မှုပျောက် ကွယ်နိုင်ကြောင်း အရှင်အာစရာ လင်္ကာရ(ကိုးဘွဲ့ရ) ဆရာတော်က မိန့်ကြား သည်။  အစိုးရက ပြည်သူ လူထုသည် မိဘ၊ ပြည်သူလူထု အသံကို နားထောင် ပါသည်ဟု စကားကြီး စကားကျယ် ထပ်တလဲလဲ ပြောဆိုပြီး ယခုကဲ့သို့ လုပ်ဆောင်မှုသည် ပြည်သူ လူထု၏ ယုံကြည်မှု ပျောက်ကွယ်ပြီး လုံးပါး ပါးနိုင်ကြောင်း ဆရာတော်က မိန့်ကြားသည်။
လက်ပန်းတောင်းတောင် ကိစ္စသည် နှစ်ပေါင်းများစွာ အမြစ်တွယ် လာသော ကချင်၊ ရခိုင် အရေးများ ကဲ့သို့ ဖြေရှင်း ရန် ခက်ခဲသော အရာ မဟုတ်ပဲ၊ မြစ်ဆုံကဲ့သို့ ကြီးမားသော ပြသနာကို ဖြေရှင်းပေးနိုင်ခဲ့ပြီး လက် ပန်းတောင်းတောင် အရေးမှာ ဖြေရှင်းရန် ခက်ခဲသော ကိစ္စ မဟုတ်ဟု ဆရာတော်က ဆိုသည်။
“သနားလည်း သနားတယ် မေတ္တာလည်း ပို့ပါတယ်”ဟုဆရာတော်က မိန့်ဆိုသည်။
------------------------------------------------------------------------------------
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ၏ လတ်တလြော ဖစ် စဉ်များနှင့် ပတ်သက်ပြီး သွားရောက်လေ့လာ မှုများပြုလုပ်ရန် ယခု နံနက် ၁၁နာရီခွဲတွင် မုံရွာမြို့နှင့် ၁၂မိုင်ခန့် အကွာ၊ လက်ပံတောင်းတောင်နှင့် မိုင် ၂၀ ကျော် အကွာရှိ ချောင်းဦးမြို့ တွင်ရောက် ရှိနေပြီဖြစ်ကြောင်း ရန်ကုန် မီဒီယာဂရုပ် သတင်းထောက်မှ သတင်းပေးပို့သည်။
------------------------------------------------------------------------------------

မုံရွာလ က်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ကန့်ကွက် ဆန္ဒပြနေသည့် သပိတ် စခန်းများကို ဖြိုခွင်း ရာတွင် ဓါတု လက်နက်များ သုံးစွဲခြင်း မရှိဟု သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။
အင်တာနက် လူမှုရေး စာမျက်နှာများတွင် ပျံနှံ့နေ သည့် ဓါတု လက်နက် သုံးစွဲသည် ဆိုသည့် သတင်းမှာ မမှန် ကန်ကြောင်း ပထမ မီးသတ်ပိုက်၊ မျက်ရည်ဗုံး၊ မီးခိုးဗုံး(Smoke )တွေ သုံးစွဲ ဆိုသည်ကိုမူ သိထားပြီး ရဲတပ် ဖွဲ့ သုံးသည့် လက်နက်နှင့် စစ်ဘက်သုံးသည့် လက် နက် မတူညီသည့်ကြောင်း ၄င်းက ဆက်လက် ရှင်းပြသည်။
နိင်ငံတကာ၏ တုံ့ပြန် ပြောဆိုမှုများကို စောင့်ကြည့်နေသည်ဟု ၄င်းကဆိုသည်။
------------------------------------------------------------------------------------
ထိုင်သပိတ် ဆန္ဒ ထုတ်ဖော်နေသော ပခုက္ကူ အလယ်တိုက် မှ သက်တော်  ၂၅နှစ် ရှိ ဦး စန္ဒောဘာသ ၏ ပေါင်ပေါ်သို့ မဲမဲ အလုံးကြီး ကျရောက်ပြီး  အနီးကပ် ပေါက်ကွဲမှု ကြောင့် မျက်နှာနှင့် ခန္ဒာကိုယ် တစ်ခုလုံးလောင်ကျွမ်းခဲ့ကြောင်း ဆရာတော်နှင့် အနီးကပ် ရှိသူ ဦးဇဝန   က ပြောကြားသည်။
ဒဏ်ရာ သေးသေး ကြီးကြီး အသားတွေ ကျက်သွားကြောင်း၊ သံဃာ   အပါး ၆၀ ကျော် အပါအဝင် ဒဏ်ရာရသည့် သူများ အားလုံး ကို ဆေးရုံသို့ ပို့ထားပြီး ၁၀ပါးက ဒဏ်ရာ ပြင်းထန်သည်ဟု ဆရာတော်က ဆိုသည်။ (The Voice)

----------------------------------------------------------------------------------------------
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နှင့် ပတ်သက်၍ ဆန္ဒပြသပိတ်စခန်း (၆) ခုစလုံးကို ယနေ့နံနက် ၃ နာရီခန့်တွင် အင်အား ၅၀၀၀ ဖြင့် မီးရှို့ဖြိုခွင်း ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် သံဃာတော် အပါး ၃၀ ကျော် နှင့် လူအများအပြား မီးလောင်ဒဏ်ရာ များရရှိခဲ့ပြီး စခန်း(၆)ခုစလုံး မှာ မီးလောင်သွားခဲ့ကြောင်းသိရသည်။
"ဒီနေ့မနက် ၃ နာရီလောက်မှာ မီးသတ်ပိုက်နဲ့ အရင်ဆုံးထိုးတယ် ပြီးတော့ မီးလောင်ဗုံးတွေနဲ့ပစ်တယ် ၊ သင်္ဃန်းပေါ်တွေကျတာခါချရင်း မီးလောင် ဒဏ်ရာတွေရ ကုန်တယ် ၀က်မှေးရွာက မဖြူဖြူဝင်းဆိုရင် မျက်နှာရောလက်မောင်းပါ မီးလောင်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရခဲ့တယ် ၊ သပိတ်စခန်း (၆)ခုမှာ သံဃာတော် အပါး ၃၀၀ ကျော် နဲ့ လူတစ်ရာကျော် လောက်စခန်းထဲမှာရှိနေကြတယ် ဒဏ်ရာရတဲ့သူတွေက အသားမှာ မီးလောင်တဲ့ဒဏ်ရာတွေ ရကြတယ် " ဟု သပိတ်ကို ဦးဆောင်သူ ကိုယ်တိုင်အရိုက်ခံခဲ့ရသူကိုဝင်းကျော်မှူးကပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်း လှိုင် က ယနေ့နံနက် ၈ နာရီတွင် ရဲမှူးကြီးနှင့် ညှိနှိုင်းဆောင် ရွက်နေကြောင်း သိရသည်။ ယင်းအခြေ အနေကြောင့် ၀မ်ပေါင်ကုမ္ပဏီရှေ့ရှိ ပုသိမ်-မုံရွာ ကားလမ်းမကြီး တစ်ဝိုက်ကို ပိတ်ထားပြီး ၀မ်ပေါင် ကုမ္ပဏီတစ်ဝိုက်ကို သံစူးကြိုးများဖြင့် ကာရံထားကြောင်း သိရသည်။

"မနက်စောစောဆိုတော့မှောင်မှောင်မဲမဲ ထဲမှာ ကိုယ်လွတ်ရုန်းပြေးရတာ ၊ ရဲအင်အား ၅၀၀၀ လောက် ရှိမယ် ၊ မီးလောင်ပြီး ဒဏ်ရရတဲ့သူတွေအများဆုံးပဲ " ဟု အဆိုပါဒေသခံ တစ်ဦး ကပြောသည်။
ဒဏ်ရာရရှိသူများကို မုံရွာပြည်သူ့ဆေးရုံကြီးတွင် ကုသပေးလျက်ရှိပြီး သံဃာတော် အပါး ၃၀ ခန့် ဆေးရုံ တွင် ကုသမှုခံယူနေကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ မုံရွာပြည့်သူ့ဆေးရုံအုပ်ကြီးက "ကုသရေးကို ဦးစားပေးနေလို့ နောက်မှ သတင်းထု တ်ပြန်ပေးပါ့မယ် ၊ ထိန်ချန်ထားစရာမရှိပါဘူး " ဟုပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည် လက်ပံတောင်းတောင် ဒေသ ချင်းတွင်းမြစ် အနောက်ဖက် ကံကုန်း ရွာကွင်းပြင်တွင် ယနေ့ဟောပြောပွဲ ပြုလုပ်မည်ဟု ဒေသခံများကပြောသည်။

ကျော်သူ ( Yangone media group)

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်