Wednesday, September 26, 2012

KIA အသုံးချတာခံနေရတဲ့ ABSDF မြောက်ပိုင်းအဖွဲ့

Posted by drmyochit Wednesday, September 26, 2012, under | No comments

KIA ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာနဲ့ ၅ မိုင်အကွာမှာ KIA ဌာနချုပ်ကိုကာထားတဲ့ စစ်ရေးအခေါ် နဲ့ပြောမယ်ဆိုရင် KIA ရဲ့ရှေ့ဆုံးခံစစ်စည်း(ပထမခံစစ်စည်း)မှာ စက်တင်ဘာလ ၁၇ ရက်နေ့က အစိုးရ စစ်တပ်နဲ့ တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့တယ်။ လဂျားယန်နားမှာ ABSDF (မြောက်ပိုင်း)ကျောင်းသား အဖွဲ့ကို KIA ကရှေ့ဆုံးကနေ ကာကွယ်ဖို့ နေရာချထားခဲ့တာဖြစ်တယ်။ အစိုးရတပ်က ပစ်တဲ့အမြောက် ကြောင့် ABSDF တပ်ဖွဲ့က မောင်ရှင်းကျဆုံးခဲ့ရတယ်။ ဒါကိုကြည့်ရင်မဖြစ်သင့်တဲ့ကိစ္စပါ။ ကချင်ပြည်နယ်မှာ တစ်ဖွဲ့တည်းသာကျန်ရှိနေတဲ့ ABSDF ကို KIA ကအသုံးချလိုက်တာပဲ။ အစိုးရနဲ့အရင်ဆုံး ထိပ်တိုက် တွေ့ရမဲ့နေရာတွေမှာ KIA တပ်တွေပဲရှိသင့်တယ်။ KIA ရဲ့ပြောရေးဆိုခွင့်ရှိတဲ့ ဦးလနန်ကသာ တောင်ပြော မြောက်ပြော ပြောနေတာ။ တိုက်ပွဲဖြစ်တိုင်း အစိုးရတပ်က ဘယ်လောက်ကျသွားတယ်။ KIA ကတော့ အထိအခိုက်မရှိဘူး။ ထာဝရငြိမ်းချမ်းရေးအတွက်ဆိုပြီး အသံကောင်းဟစ်နေတာ။ အစိုးရစစ်တပ်က အထိအခိုက်ရှိသလို KIA ဘက်က ပိုပြီးတော့များလိမ့်မယ်။ KIA ရဲ့လက်ခုပ်ထဲက မြေစာဖြစ်သွားရတဲ့ ကချင် တိုင်းရင်းသားအရေအတွက်ဟာ မနည်းလှတော့ဘူးထင်တယ်။ မုဆိုးမအဖြစ်ကျန်ရစ်တဲ့ ကချင်တိုင်းရင်းသူ တွေကိုစစ်တမ်းကောက်ကြည့်ရင် သိနိုင်ပါတယ်။ ဘယ်ဘက်က ဘယ်လောက်ထိခိုက်ကျဆုံးပြီး ဘယ်သူတွေ အတိဒုက္ခရောက်နေရတယ်ဆိုတာ ကျွန်တော်တို့ဒေသခံတွေလောက် ဘယ်သူမှမသိနိုင်ပါဘူး။ သေချာစွာ စာရင်းလုပ်ကြည့်လိုက်တော့ ဘယ်သူမှမမြတ်ဘဲ ဆုံးရှုံးနေတာကိုတွေ့ရမှာပါ။ အစိုးရတပ်က KIA ဌာနချုပ်နဲ့ ငါးမိုင်လောက်အကွာအဝေးထိရောက်နေတာ ဌာနချုပ်ကိုဝင်သိမ်းမယ်ဆိုရင် သိမ်းပိုက်နိုင်တဲ့အနေအထား ကိုရောက်နေတာ ဘာကြောင့်မသိမ်းပိုက်သေးတာလဲဆိုတာစဉ်းစားစရာပါ။ နိုင်ငံရေးအရဖြစ်လိမ့်မယ်။ ဦးလနန်ရဲ့လေလုံးတွေကြောင့် ဖြစ်မယ်ထင်တယ်။
          စက်တင်ဘာလ ၃ ရက်နေ့က ဖားကန့်ကိုကျောက်သွားတူးတဲ့ ကချင်၊ ရှမ်း လူအယောက် ၃၀ ကို KIA က အတင်းအဓမ္မဖမ်းပြီး လူသစ်စုသွားတယ်။ ပြန်ပေးဆွဲသွားတယ်လို့ပြောရင် ပိုမှန်လိမ့်မယ်။ မိဘတွေက သွားရွေးတော့ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့မိန်းကလေးငယ်တွေ ၁၂ယောက်ကို တစ်ယောက် ၂၅၀၀၀ စီတောင်းပြီး ပြန်လွှတ်ပေးလိုက်တယ်။ ဒါတွေဟာအခုမှမဟုတ်ဘူး။ KIA ရဲ့ဓါးပြလို၊ အကြမ်းဖက် သမားလိုလုပ်ဆောင်နေတာကြာခဲ့ပါပြီ။ NLD အဖွဲ့ဝင်တွေပါလာလို့သာအင်တာနက်သတင်းပေါ်ရောက်လာ ရတာပါ။ ကချင်လူမျိုးကောင်းစားရေးလို့ ကြွေးကြော်နေပေမယ့် အတင်းအဓမ္မဖမ်းခေါ်တဲ့ကိစ္စတွေ၊ ဓါးပြတိုက်၊ လူသတ်တဲ့ကိစ္စတွေ၊ ဆက်ကြေးတောင်းတဲ့ကိစ္စတွေ၊ ရှမ်းမိန်းကလေးတွေကို KIA စစ်သားတွေ အတင်း အဓမ္မမယားလုပ်ခိုင်းတာတွေ၊ စည်းမဲ့ကမ်းမဲ့ရွာဘေးမှာမိုင်းထောင်တာတွေ၊ လမ်းတံတားတွေမိုင်းခွဲဖျက်ဆီး လို့ သေကြေပျက်စီးဆုံးရှုံးရတာတွေ၊ အဖျက်လုပ်ငန်းမျိုးစုံကို ရက်စက်မှုကမ်းကုန်အောင် ကျူးလွန်နေကြတာ တွေဟာ ကချင်ပြည်နယ်က တိုင်းရင်းသားတွေကြိတ်မှိတ်ခံစားနေရတဲ့ ဒုက္ခတွေပါ။
          KIO/KIA ဆိုတာ ၁၉၆၀ ခုနှစ်က လားရှိုးငွေတိုက်ကို ဓါးပြတိုက်ပြီးရတဲ့ ပိုက်ဆံနဲ့ အဖွဲ့အစည်း ကိုစဖွဲ့ခဲ့တာပါ။ အဲဒီနောက်ပိုင်းကစပြီး ဒီနေ့အထိလည်း ပြည်သူတွေဆီက လူသတ်၊ ခြိမ်းခြောက်ပြီးမှ ရလာတဲ့ မသထာရေစာတွေနဲ့ ရပ်တည်လာခဲ့တာပါ။ စက်တင်ဘာလ ၁ ရက်နေ့ကလည်း မိုးကောင်း၊ နမ္မတီး ရွာက မဂျာဒွဲနူးဆိုတဲ့ ကိုယ်ဝန်သည်အမျိုးသမီးကို လူသစ်အဖြစ်နဲ့ စုသွားတယ်။ ဗိုက်ထဲကကလေးလေးက လူ့လောကထဲတောင်မရောက်သေးဘူး။ ကိုယ်ဝန်သုံးလနဲ့ တပ်သားသစ်အစုခံရတာ တော်တော်အကြံ ပက်စက်တဲ့ KIA တွေပါပဲ။ KIO/KIA ဟာ ကချင်ပြည်နယ်၊ ကချင်လူမျိုး ကောင်းစားရေးအတွက်လို့ ပြောနေ တာဟာ လက်တွေ့နဲ့တခြားစီဖြစ်နေပါပြီ။ ကချင်လူမျိုးရဲ့ဘ၀နဲ့ဆန္ဒတွေကို ကိုယ်စားမပြုဘဲ ထင်ရာစိုင်း ဒုက္ခပေးနေကြသူတွေဖြစ်ပါတယ်။ တစ်အူထုံ့ဆင်းညီအစ်ကိုအရင်းတွေမို့ နွေးနွေးထွေးထွေးနဲ့ ညိနှိုင်း ဆွေးနွေးအဖြေရှာတာကို လက်မခံနားမ၀င်တာမို့ ကျွဲပါးစောင်းတီးသလို အချိန်တွေကုန်လွန်းလှပါတယ်။ ဒီအချိန်တွေ၊ အနိဋ္ဌာရုံတွေကို လက်တွေ့ခံစားနေရတဲ့ ကျွန်တော်တို့မှာတော့ အရှင်လတ်လတ်ငရဲကျနေ တာပါပဲ။ ၈၈ မျိုးဆက်အဖွဲ့တွေ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေနဲ့ UNFC အဖွဲ့တွေက ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေကြတော့မှာလား။ အဆိပ်ပင်ကို ရေလောင်း မြေသြဇာကျွေးသလိုဖြစ်နေပါပြီ။ အရေးကြုံ လာရင်တော့ ပြည်ထောင်စုတပ်မတော်ကြီးကိုပဲ အားကိုးရတော့မယ်။ KIA က ဘီလူးဆိုင်းတီးနေမှတော့ ဘီလူးက ကလို့ လိုင်ဇာဌာနချုပ်ကိုသာမြန်မြန်သိမ်းပြီး ပြတ်ပြတ်သားသားသာ ကျူပင်ခုတ်ကျူငုတ်မကျန် အောင်တွယ်ပေးပါတော့လား။ ကျွန်တော်တို့ ပြည်သူတွေ ဘေးကင်းရာကိုရွှေ့ပေးပါ့မယ်။
မနောမောင်

ဘယ်သူတွေငြိမ်းချမ်းရေးလိုလားသလဲ

Posted by drmyochit Wednesday, September 26, 2012, under | No comments


ငယ်သူငယ်ချင်းတစ်ယောက်ရဲ့သား စစ်ဗိုလ်လေးတစ်ယောက်နဲ့ မြစ်ကြီးနားမှာဆုံဖြစ်တော့ တိုက်ပွဲမှာဒဏ်ရာရလို့ ဆေးရုံတက်ပြီး တပ်ကိုပြန်လာမှာလို့ ပြောတယ်။ အဲ့ဒါနဲ့ KIA နဲ့ တိုက်ပွဲဖြစ်နေ တဲ့ ကိစ္စတွေကို မေးခဲ့ပါတယ်။ မီဒီယာတွေမှာ ရေးထားသလိုမျိုး စစ်တပ်က တစ်ဖက်သတ်ရန်လိုစွာနဲ့ စခန်းတွေတိုက်နေလား ဆိုတဲ့ ပုံစံမျိုးနဲ့မေးတာပါ။ ဒီစစ်ဗိုလ်လေးကပြောတယ်“ဦးလေးရာကျွန်တော် တို့ကို မိမိကိုယ်ကို ခုခံကာကွယ်ရုံမှအပ ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်များ အထင်အမြင်လွဲမှားစေနိုင်တဲ့ လှုပ်ရှားချီတက်ခြင်းမလုပ်ဖို့ ညွှန်ကြားထားတဲ့အတွက် ညွှန်ကြားချက် အတိုင်းလိုက်နာပါတယ်။ ကျွန်တော်တို့စစ်သည်တွေ သင်တန်းတက်ဖို့၊ ရိက္ခာသွားထုတ်ဖို့ လစာပေး တက်တာတို့တွေတော့ ရှိတာပေါ့။ အဲ့ဒီကိစ္စ၀ိစ္စတွေအတွက် သွားလာတဲ့အခါမှာ ဒီ KIA တွေက စောင့် ပြီး မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်တယ်။ ကျွန်တော်တို့က အထက်ကအမိန့်အတိုင်း လှုပ်ရှား ရှင်းလင်းမှုမလုပ်ဘဲနေတာကို သူတို့က အလစ်ချောင်းပြီးပစ်တယ် စသဖြင့်ပေါ့ ဦးလေးရာ သူတို့က ကျွန်တော်တို့ကို စပြီးအလစ်ချောင်းတိုက်၊ လာရောက်ပစ်ခတ်တာတွေလုပ်တာပါ။ အဲ့ဒီလိုလုပ်ပြီးရင် သူတို့ကစပြီး အော်ရော၊ အဲ့ဒီမှာတင် အမှန်တစ်ကယ်ဖြစ်စဉ်နဲ့ လူထုကြားမှာ ကြားသိရတဲ့ ဖြစ်စဉ်တွေ က ပြောင်းပြန်ဖြစ်သွားရော” လို့ပြောခဲ့ပါတယ်။
          ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကိုလည်း သူကဆက်ပြောခဲ့တယ် “ ကျွန်တော် စစ်သည် တွေထဲက တစ်ယောက်တိုက်ပွဲမှာကျသွားရင် တပ်မှာကျန်ခဲ့တဲ့ သူ့ရဲ့မိန်းမနဲ့ကလေးတွေကို ပြန်ပြေးမြင်မိတယ်။ သူတို့တွေ ဘ၀ကိုဘယ်လိုရပ်တည်မလဲ။ စားဝတ်နေရေး၊ ပညာရေး စသဖြင့်ပေါ့။ ကိုယ်ချင်းစာကြည့်ပါ။ ကျွန်တော်တို့အရာရှိငယ်တွေ၊ တပ်မှူးငယ်တွေတောင် အဲ့ဒီလိုဖခင်စိတ် အစ်ကိုကြီးတစ်ယောက်စိတ်ထားမျိုးရှိရင် တပ်မတော်ရဲ့ထိပ်ဆုံးပိုင်းမှာ တာဝန်ယူနေရတဲ့ ကျွန်တော် တို့ခေါင်းဆောင်တွေ ဘယ်လောက်တောင်တိုင်းပြည်ငြိမ်းချမ်းစေချင်လဲ၊ ငြိမ်းချမ်းရေးကို လိုလားသလဲ လို့တွေးမိတယ်။ အဲ့ဒီတော့ ကျွန်တော်တို့စစ်သားတွေ ငြိမ်းချမ်းရေးလိုလားသလား၊ မလိုလားဘူး လားဆိုတာ ကိုယ်ချင်းစာကြည့်ပေါ့ဗျာ” လို့ပြန်ပြောတယ်လေ။ သူတို့ရဲ့ခံစားချက်ကို ကိုယ်ချင်းစာနိုင်၊ စဉ်းစားနိုင်အောင် တစ်ဆင့်ဖောက်သည်ချပေးတာဖြစ်ပါတယ်။
မိုးညှင်းသား

KIA မြို့ပေါ်ရောက်လာပြီလား

Posted by drmyochit Wednesday, September 26, 2012, under | No comments


၁၉-၉-၂၀၁၂ ရက်နေ့ထုတ် Weekly Eleven Journal မှာ “ဖားကန့်မြို့ပေါ်တွင် ဗုံးပေါက်ကွဲပြီး မှားယွင်းပစ်ခတ်မှုကြောင့် ကျောင်းဆင်းပြန်လာသော န၀မတန်းကျောင်းသူတစ်ဦး သေဆုံး” ခေါင်းစဉ်နဲ့ ဖြစ်စဉ်အပေါ် ထင်ယောင်ထင်မှားဖြစ်အောင်(ဖြစ်စဉ်ကို တစ်ကယ်မသိလို့ ထင်ယောင်ထင်မှားရေးတာလား၊ တမင်ရေးတာလားတော့ မသိ)ရေးသားထားတာ ဖတ်လိုက်ရတယ်။ ဖြစ်စဉ်အမှန်က ဘယ်လိုဖြစ်တာလဲဆိုတာ ဖော်ပြမထားပါဘူး။ အမှန်ကကျောင်းဆင်းချိန်နဲ့ကိုက်ပြီး KIA ကအဝေးထိန်းစနစ်(Remote Control) နဲ့ စတင်ဗုံးခွဲပြီး ပစ်ခတ် တိုက်ခိုက် တာပါ။ KIA ကမြို့ပေါ် ထိအောင်လာပြီး အရပ်သားအသွင်နဲ့နေပြီး အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်တာတွေလုပ်လာတာကို ကိုယ်တွေ့ကြုံခဲ့သူတစ်ယောက်အနေနဲ့ အမှန်သိစေချင်လို့ အခုလိုရင်ဖွင့်ရတာပါ။
            ၁၂-၉-၂၀၁၂ ရက်နေ့ထုတ် Weekly Eleven Journal မှာလည်း မိုင်းဒဏ်ကြောင့် ပျက်စီး နေတဲ့ ရထားလမ်းပိုင်းတစ်နေရာရဲ့ပုံကို ဖော်ပြထားပြီး ပုံအောက်မှာတော့ “ စက်တင်ဘာလ ၆ ရက် နေ့က မန္တလေး-မြစ်ကြီးနားမီးရထားလမ်း မိုင်တိုင်အမှတ်၊ ၆၂၂/၈၉ အနီးတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ပျက်စီးသွားသော တံတားအမှတ်၊ ၅၅၅ အားတွေ့ရစဉ်” ဆိုပြီး အညွှန်းစာရေးသားထားပါတယ်။

 အဲ့ဒီသတင်းရေးသူနဲ့ အယ်ဒီတာချုပ်သိအောင်ပြောရရင် အဲ့ဒီပုံဟာ KIA ကရည်ရွယ်ချက်ရှိရှိနဲ့ မိုင်းခွဲခဲ့လို့ အဲ့ဒီရထားလမ်းပျက်တာဆိုတာပဲ။ စာတစ်လုံးချင်း၊ တစ်ကြောင်းစီမှာ ထိရောက်တဲ့ အဓိပ္ပါယ်ရှိတယ်ဆိုတာ ခင်ဗျားတို့မသိတာမဖြစ်နိုင်ပါဘူး။ ဒါဆို ဘာရည်ရွယ်ချက်နဲ့ အဲ့ဒီလိုရေးသလဲ မေးချင်တယ်။ ပြည်သူလူထုက တပ်မတော်အပေါ်မှာ အမျိုးမျိုးအထင်အမြင်လွဲမှားအောင် လုပ်ဆောင်နေတာပဲလို့ ယူဆပါတယ်။ ဘာ့ကြောင့် တပ်မတော်အပေါ်ပြည်သူလူထု(တိုင်းရင်းသား လူမျိုးများအပါအ၀င်)က အထင်အမြင်လွဲအောင်လုပ်နေတာလဲ။ ဘာရည်ရွယ်ချက်နဲ့လဲဆိုတာ မေးလိုပါတယ်။ မီဒီယာလွတ်လပ်ခွင့်ကိုအကြောင်းပြမှာလား။ သတင်းလက်ဦးမှုရလိုမှုနဲ့ ရေးသားသူရဲ့ အမှားကို အပြစ်ဖို့မှာလား။ ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်အပေါ်မှာ မဟုတ်မမှန်ဘဲနဲ့ အထင်အမြင် လွဲမှားစေတဲ့ရေးသားချက်များ ဆက်လုပ်နေရင်တော့ နောက်ကွယ်မှာ ဘယ်သူတွေ၊ ဘယ်အဖွဲ့ အစည်းတွေကြိုးကိုင်ထားလဲလို့ မေးရမယ့်အခြေအနေဖြစ်လာပါလိမ့်မယ်။ အစိုးရသတင်းစာတွေနဲ့ မြ၀တီသတင်းစာတွေမှာ KIA ကလမ်းတံတားတွေ၊ မီးရထားလမ်းတွေကို အကြိမ်ကြိမ်မိုင်းထောင် ဖောက်ခွဲခဲ့တာတွေကို အထောက်အထားအတိအကျ၊ ဖြစ်စဉ်အတိအကျနဲ့ ဖော်ပြထားတာတွေကို ပြည်သူအားလုံးသိရှိပြီးဖြစ်ပါတယ်။ ဒါပေမယ့် Eleven Media အဖွဲ့က အခုလိုထင်ယောင်ထင်မှားဖြစ် အောင်ရေးလာတော့ ကာယကံရှင်မီဒီယာက တာဝန်ရှိပုဂ္ဂိုလ်များကတော့ ဘယ်လိုတွေးမလဲ မသိပေ မယ့် လက်တွေ့မြေပြင်မှာတော့ အထက်မှာပြောခဲ့တဲ့အတိုင်း တွေးမိတယ်ဆိုတာ Eleven Media က တာဝန်ရှိသူတွေသိစေချင်ပါတယ်။
            တစ်ဆက်တည်း မီဒီယာလွတ်လပ်ခွင့်အကြောင်း ပြောရရင် လက်ရှိအစိုးရတက်လာပြီး နောက်ပိုင်း ဒီမိုကရေစီနဲ့ပတ်သက်လို့ရော၊ ပြည်သူလူထုလိုလားပါတယ်ဆိုတဲ့ ကဏ္ဍရပ်အတော် များများမှာ လွတ်လပ်ခွင့်တွေ၊ ပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တာကို နိုင်ငံတကာကရော၊ ပြည်တွင်း အင်အားစုများကရော အသိအမှတ်ပြုခဲ့ကြပါတယ်။ မီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ သက်ဆိုင်ရာ မီဒီယာလောကသားများရဲ့အမြင်၊ သက်ဆိုင်ရာပြန်ကြားရေးဝန်ကြီးဌာနရဲ့တာဝန်ရှိသူတွေရဲ့အမြင်၊ အုပ်ချုပ်ရေးတာဝန်ရှိသူတွေရဲ့အမြင်၊ ဥပဒေပြဋ္ဌာန်းရေးအမြင်တွေ အမျိုးမျိုးကွဲပြားမှုရှိခဲ့တာ သတိ ထားမိခဲ့တယ်ဗျ။ မီဒီယာလွတ်လပ်ခွင့်ဆိုပြီး ဟန်ချက်ညီစွာ အတိုင်အဖောက်ညီစွာနဲ့ ယခင်စစ်အစိုးရ အပေါ် ပုဂ္ဂိုလ်ရေးခံစားချက်တွေကို စားမြုံ့ပြန်ပြီးအပြစ်ဖို့နေတာတွေလည်း ကြားခဲ့ရပါတယ်။ သတင်း အခြေအမြစ်နဲ့ ယုတ္တိရှိမှုတွေကို တာဝန်ယူနိုင်ဖို့လိုပါတယ်။ ဖြစ်ရပ်တစ်ခုကိုလည်း ဘက်စုံ၊ ထောင့်စုံ ကနေ ဓမ္မဓိဋ္ဌာန်ကျကျ “ ငါ့စကားနွားရ ” ရေးကြပြောကြမယ်ဆိုရင်တော့ မီဒီယာတွေက ၀င်ငွေ ဖြောင့်မှာမှန်ပေမယ့် ဘေးထွက်ဆိုးကျိုးကို ပြည်သူအများက ခံစားကြရမှာပါ။ မီဒီယာဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင်နားမလည်ပေမယ့် သတိထားမိတာကတော့ မကြာသေးမီ တစ်လနှစ်လလောက်ကစပြီး မီဒီယာတွေ(ဂျာနယ်တွေ)ဟာ သူတို့အခေါ် “ ထုတ်၊ တင်” ဖြစ်လာတယ်ဆိုတာ လောက်တော့ နားလည်မိပါတယ်။
            အဲ့ဒီလို “ထုတ်၊ တင်” ဆိုပြီးလုပ်လာတဲ့နောက်ပိုင်း ဂျာနယ်တွေမှာ သတင်းတွေအပြိုင်အဆိုင် နဲ့ မြိုင်နေအောင်ရေးလာကြရာမှာ မှန်တဲ့သတင်းရော၊ မမှန်တဲ့သတင်းတွေရော အကုန်လုံးရေး နေကြတာကို သတိထားမိပါတယ်။ ဘယ်လောက်ဆိုးနေလည်းဆိုရင် လုံးဝမဖြစ်ခဲ့တဲ့ ဖြစ်ရပ်သတင်း တွေ ဂျာနယ်တွေမှာပါလာတဲ့အတွက် သတင်းစာတွေ၊ ဂျာနယ်တွေမှာ ထပ်ပြီးရှင်းလင်းဖော်ပြတဲ့ အထိ ဖြစ်လာပါတယ်။ အဲ့ဒီတော့ ခင်ဗျားတို့ပြောနေတဲ့ မီဒီယာလွတ်လပ်ခွင့်နဲ့ တာဝန်ယူမှုအပိုင်းက ဘယ်ရောက်သွားပြီလဲလို့ ကျုပ်ကပြည်သူတစ်ယောက်အနေနဲ့ မေးချင်လာတယ်။ ဂျာနယ်ရောင်း ကောင်းရင်ပြီးရော သတင်းမှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သတင်းဦးရင် သတင်းထူးရင်ပြီးရော တာဝန်ယူမှုမရှိတဲ့ ဖော်ပြချက်တွေနဲ့ ကျုပ်တို့ပြည်သူတွေကို အထင်သေးစွာနဲ့ ရေးနေကြတာလားလို့ မေးချင်ပါတယ်။ အဲ့ဒါကြောင့် မှန်ကန်စွာနဲ့လွတ်လပ်ဖို့ မီဒီယာကို ပြောချင်ပါတယ်။ အမေရိကန်မှာ လွတ်လပ်စွာထုတ်ဖော်ခွင့်ဆိုပြီးလုပ်ကြတော့ " Innocence of Islams" ဆိုပြီး ရုပ်ရှင်ဇာတ်ကား ဖြစ်လာတယ်။ အဲ့ဒီဇာတ်ကားကိုအကြောင်းပြုပြီး တစ်ကမ္ဘာလုံးမှာ အမေရိကန် ဆန့်ကျင်ရေးဆန္ဒပြမှု တွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်နေရတယ်ဆိုတာ ထောက်ပြလိုက်ပါတယ်။

အောင်သော်အောင်

ထိုင်ဝမ် နှင့် ဂျပန် အပြန်လှန် ပစ်ခတ်

Posted by drmyochit Wednesday, September 26, 2012, under | No comments


အငြင်းပွား မှုများ ဖြစ်ပေါ် နေရာ ရေပြင်သို့ ထိုင်ဝမ်လှေများ အုံနှင့်ကျင်းနှင့် ဝင်ရောက် လာပြီးနောက် ဂျပန် ကမ်းခြေ စောင့် တပ်ဖွဲ့နှင့် အပြန်အလှန် ရေအမြောက်များဖြင့် ပစ်ခဲ့ကြောင်း သိရသည်။

ထိုင်ဝမ်ငါးဖမ်းလှေ (၄၀)ဝန်းကျင်သည် ကမ်းခြေစောင့်လှေများ ခြံရံကာ ဆန်ကာကူ ကျွန်းစုအနီးသို့ အင်္ဂါနေ့ နံနက်ပိုင်းက ဝင်ရောက်လာခဲ့သည်။ ဂျပန်တို့က မိမိတို့ ထိန်းချုပ်ထားသော ရေပိုင်နက်သို့ ဝင်ရောက်လာသည်ဟု အကြောင်းပြကာ ကမ်းခြေစောင့်လှေမှ ရေပက်သည့် အမြောက်များဖြင့် ငါးဖမ်းလှေများထံ လှမ်း၍ ပက်ဖြန်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုင်ဝမ် ကမ်းခြေစောင့် တပ်များကလည်း ဖိအားမြင့်သည့် ရေပန်းများဖြင့် ဂျပန်တို့အား တုံ့ပြန် ပစ်ခတ်ခဲ့သည်။ ယခုကျွန်းပိုင်ဆိုင်မှု အငြင်းပွားခြင်းသည် ဂျပန်အတွက် ဒုတိယကမ္ဘာစစ် နောက်ပိုင်း အခက်ခဲဆုံး နိုင်ငံတကာ ပြဿနာတစ်ခု ဖြစ်လာပြီး ထိုင်ဝမ်အပြင် တရုတ်နှင့်ပါ ရင်ဆိုင်နေရသည်။


Photo: Update:
အငြင်းပွားမှုများ ဖြစ်ပေါ်နေရာ ရေပြင်သို့ ထိုင်ဝမ်လှေများ အုံနှင့်ကျင်းနှင့် ဝင်ရောက်လာပြီးနောက် ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့နှင့် အပြန်အလှန် ရေအမြောက်များဖြင့် ပစ်ခဲ့ကြောင်း သိရသည်။

ထိုင်ဝမ်ငါးဖမ်းလှေ (၄၀)ဝန်းကျင်သည် ကမ်းခြေစောင့်လှေများ ခြံရံကာ ဆန်ကာကူ ကျွန်းစုအနီးသို့ အင်္ဂါနေ့ နံနက်ပိုင်းက ဝင်ရောက်လာခဲ့သည်။ ဂျပန်တို့က မိမိတို့ ထိန်းချုပ်ထားသော ရေပိုင်နက်သို့ ဝင်ရောက်လာသည်ဟု အကြောင်းပြကာ ကမ်းခြေစောင့်လှေမှ ရေပက်သည့် အမြောက်များဖြင့် ငါးဖမ်းလှေများထံ လှမ်း၍ ပက်ဖြန်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုင်ဝမ် ကမ်းခြေစောင့် တပ်များကလည်း ဖိအားမြင့်သည့် ရေပန်းများဖြင့် ဂျပန်တို့အား တုံ့ပြန် ပစ်ခတ်ခဲ့သည်။ ယခုကျွန်းပိုင်ဆိုင်မှု အငြင်းပွားခြင်းသည် ဂျပန်အတွက် ဒုတိယကမ္ဘာစစ် နောက်ပိုင်း အခက်ခဲဆုံး နိုင်ငံတကာ ပြဿနာတစ်ခု ဖြစ်လာပြီး ထိုင်ဝမ်အပြင် တရုတ်နှင့်ပါ ရင်ဆိုင်နေရသည်။
  
အင်္ဂါနေ့ နံနက်ပိုင်းက ထိုင်ဝမ် ငါးဖမ်းသင်္ဘော အစင်း(၄၀)ခန့်နှင့် ကမ်းခြေစောင့်လှေ (၈)စင်းသည် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ဆန်ကာကူ ကျွန်းများအနီး ဝင်ရောက်လာပြီး ဂျပန်ကမ်းခြေစောင့် သင်္ဘောများက ယင်းတို့အနီး ခုတ်မောင်းကာ အခြေအနေ စောင့်ကြည့်နေသည်ကို တွေ့ရသည်။ ဆန်ကာကူဆိုသော အမည်ကို ဂျပန်က မှည့်ခေါ်ပြီး တရုတ်တွင် ယင်းကျွန်းကို ဒိုင်အိုယူဟု ခေါ်သည်။ ဂျပန်အစိုးရက ဆန်ကာကူ ကျွန်းစုမှ ကျွန်း(၃)ခုကို ဝယ်ယူမည်ဟု ယခုလ အစောပိုင်းက အတည်ပြု ကြေညာပြီးနောက် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ရေပြင်ကို ထိုင်ဝမ်က ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်လာခြင်း ဖြစ်သည်။ ဂျပန်သည် ယင်းကိစ္စအတွက် တရုတ်နှင့်လည်း ပြဿနာ ရှိနေဆဲဖြစ်သည်။


Photo: ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျွန်းများကို ဂျပန်အစိုးရက ဝယ်ယူရန် စီစဉ်နေခြင်းအပေါ် တုံ့ပြန်လာမှုများနှင့် ပတ်သက်ပြီး ပိုမို ရှုပ်ထွေးလာနေဆဲ ဖြစ်သည်။

အင်္ဂါနေ့ နံနက်ပိုင်းက ထိုင်ဝမ် ငါးဖမ်းသင်္ဘော အစင်း(၄၀)ခန့်နှင့် ကမ်းခြေစောင့်လှေ (၈)စင်းသည် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ဆန်ကာကူ ကျွန်းများအနီး ဝင်ရောက်လာပြီး ဂျပန်ကမ်းခြေစောင့် သင်္ဘောများက ယင်းတို့အနီး ခုတ်မောင်းကာ အခြေအနေ စောင့်ကြည့်နေသည်ကို တွေ့ရသည်။ ဆန်ကာကူဆိုသော အမည်ကို ဂျပန်က မှည့်ခေါ်ပြီး တရုတ်တွင် ယင်းကျွန်းကို ဒိုင်အိုယူဟု ခေါ်သည်။ ဂျပန်အစိုးရက ဆန်ကာကူ ကျွန်းစုမှ ကျွန်း(၃)ခုကို ဝယ်ယူမည်ဟု ယခုလ အစောပိုင်းက အတည်ပြု ကြေညာပြီးနောက် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ရေပြင်ကို ထိုင်ဝမ်က ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်လာခြင်း ဖြစ်သည်။ ဂျပန်သည် ယင်းကိစ္စအတွက် တရုတ်နှင့်လည်း ပြဿနာ ရှိနေဆဲဖြစ်သည်။

Myanmar Express 

တစ်သောင်းကျပ်တန် ငွေစက္ကူအတုများပြုလုပ်၍ မန္တလေးမြို့တွင် လိုက်လံအသုံးပြုနေသူများကို ဖမ်းဆီးစစ်ဆေးနေ

Posted by drmyochit Wednesday, September 26, 2012, under | No comments

Photo: တစ်သောင်းကျပ်တန် ငွေစက္ကူအတုများပြုလုပ်၍ မန္တလေးမြို့တွင် လိုက်လံ
အသုံးပြုနေသူများကို ဖမ်းဆီးစစ်ဆေးနေ
Wednesday, 26 September 2012 
တစ်သောင်းကျပ်တန်ငွေစက္ကူ အတုများပြုလုပ်၍ မန္တလေးမြို့အတွင်း လိုက်လံအသုံးပြုနေသူများကို ဖမ်းဆီးစစ်ဆေးနေကြောင်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းမှ သိရှိရသည်။

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် မန္တလေးမြို့နေသူ မောင်ပြုံးချိုသည် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်တွင် တစ်သောင်းကျပ်တန် ငွေစက္ကူအတုကို အသုံးပြုခဲ့ရာမှ မသင်္ကာ၍ စစ်ဆေးခဲ့ရာ ဧရာထွန်း၊ ဆ/၁ ရပ်ကွက်အတွင်းရှိ နေ အိမ်၌ ငွေစက္ကူအတုပြုလုပ်ရာ တွင်အသုံးပြုသည့် စက္ကူပရင်တာစက် တစ်လုံး၊ ကွန်ပျူတာလက်တော့ပ် တစ်လုံး၊ တစ်သောင်းကျပ်တန်ငွေစက္ကူအတု ၂၄ရွက်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့တစ်သောင်းကျပ်တန်ကို အတုပြုလုပ်၍ အသုံးပြုနေသူကို စစ်ဆေးခဲ့ရာ ပူးပေါင်းကြံစည်သူ နှစ်ဦးကိုလည်း ဖော်ထုတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကျူးလွန်သူများကို မှုခင်းရဲတပ်ဖွဲ့မှ ဆက်လက်စစ်ဆေးနေပြီး သုံးစွဲခဲ့သည့် တစ်သောင်းကျပ်တန်အတု များကို ပြန်လည်သိမ်းဆည်းလျက်ရှိကြောင်း ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းမှ သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ကြီးတံခွန်မြို့နယ်ရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်နိုင်အောင်မိုးက "တစ်သောင်းတန် ငွေစက္ကူအတုကို ကွမ်းယာဆိုင်နဲ့တွဲပြီးရောင်းတဲ့ ဓာတ်ဆီဆိုင်တစ်ခုမှာ သူကလာဝယ်တဲ့အခါမှာ အဲဒီဆိုင်ပိုင်ရှင်က မသင်္ကာလို့နီးစပ်ရာရဲကင်းကို အကြောင်းကြားခဲ့ရာကတစ်ဆင့် ခြေရာခံပြီး ဖမ်းဆီးခဲ့တာပါ။ အခုလိုမျိုး ပိုက်ဆံတွေအတုလုပ်ပြီး လိမ်လည်ဖို့ ပစ်မှတ်ထားခဲ့တဲ့ဆိုင်အများစုက အခြေခံမိသားစုတွေ တနိုင်တပိုင်ဖွင့်လှစ်ရောင်းချတဲ့ဆိုင်တွေ ဖြစ်တယ်။ ပြည်သူတွေအနေနဲ့ အတုနဲ့အစစ်ကိုခွဲခြားရာမှာ အခြေခံအကျဆုံးနဲ့ အဓိက အကြောင်းအရာတစ်ခုက အတုဆိုရင် ငွေစက္ကူအသားက အရမ်းချောမွေ့နေပါတယ်။ နောက်တစ်ခုက ငွေစက္ကူကိုထောင်ပြီး ကြည့်တဲ့အခါ အစစ်ဆိုရင် ရေစာနဲ့ လုံခြုံရေးကြိုးက သိသိသာသာမြင်ရမှာပါ။ အတုဆိုရင်တော့ လုံခြုံရေးကြိုး ပါနိုင်ပေမယ့် ရေစာမပါပါဘူး" ဟု ပြောကြားခဲ့သည်။

"အခုဖမ်းဆီးရမိတဲ့သူသုံးဦးကို စက်တင်ဘာလ ၂၁ ရက်နေ့ကတည်းက စီအိုင်ဒီကို လွှဲပြောင်းပေးခဲ့ပါတယ်။ စီအိုင်ဒီက ဆက် လက် စစ်ဆေးဖော်ထုတ်မှုတွေပြုလုပ်နေပြီး သုံးစွဲခဲ့တဲ့နေရာတွေက ငွေစက္ကူအတုတွေကို လိုက်လံပြီး ပြန်လည်သိမ်းဆည်းနေပါတယ်။ တစ်သောင်းတန် ငွေစက္ကူအတုပြုလုပ်သုံးစွဲတာ ဒါပထမဆုံးဖမ်းမိတဲ့ဖြစ်စဉ်ပါ။ အတုလုပ်တဲ့သူနဲ့ သူ့သူငယ်ချင်းတွေက စမ်းပြီးတစ် ရွက်ချင်းသုံးနေတဲ့အချိန်မှာ ဖမ်းမိခဲ့တာ" ဟု ဆက်လက်ပြောကြား ခဲ့သည်။

ငွေစက္ကူအတု ပြုလုပ်သူ သုံးဦးကို ပြည်ကြီးတံခွန်ရဲစခန်းမှ (ပ)၅၆၃/၂၀၁၂၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၈၉-က/၄၈၉-ခ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
eleven media group


တစ်သောင်းကျပ်တန်ငွေစက္ကူ အတုများပြုလုပ်၍ မန္တလေးမြို့အတွင်း လိုက်လံအသုံးပြုနေသူများကို ဖမ်းဆီးစစ်ဆေးနေကြောင်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းမှ သိရှိရသည်။
 
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် မန္တလေးမြို့နေသူ မောင်ပြုံးချိုသည် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်တွင် တစ်သောင်းကျပ်တန် ငွေစက္ကူအတုကို အသုံးပြုခဲ့ရာမှ မသင်္ကာ၍ စစ်ဆေးခဲ့ရာ ဧရာထွန်း၊ ဆ/၁ ရပ်ကွက်အတွင်းရှိ နေ အိမ်၌ ငွေစက္ကူအတုပြုလုပ်ရာ တွင်အသုံးပြုသည့် စက္ကူပရင်တာစက် တစ်လုံး၊ ကွန်ပျူတာလက်တော့ပ် တစ်လုံး၊ တစ်သောင်းကျပ်တန်ငွေစက္ကူအတု ၂၄ရွက်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့တစ်သောင်းကျပ်တန်ကို အတုပြုလုပ်၍ အသုံးပြုနေသူကို စစ်ဆေးခဲ့ရာ ပူးပေါင်းကြံစည်သူ နှစ်ဦးကိုလည်း ဖော်ထုတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကျူးလွန်သူများကို မှုခင်းရဲတပ်ဖွဲ့မှ ဆက်လက်စစ်ဆေးနေပြီး သုံးစွဲခဲ့သည့် တစ်သောင်းကျပ်တန်အတု များကို ပြန်လည်သိမ်းဆည်းလျက်ရှိကြောင်း ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းမှ သိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ကြီးတံခွန်မြို့နယ်ရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်နိုင်အောင်မိုးက "တစ်သောင်းတန် ငွေစက္ကူအတုကို ကွမ်းယာဆိုင်နဲ့တွဲပြီးရောင်းတဲ့ ဓာတ်ဆီဆိုင်တစ်ခုမှာ သူကလာဝယ်တဲ့အခါမှာ အဲဒီဆိုင်ပိုင်ရှင်က မသင်္ကာလို့နီးစပ်ရာရဲကင်းကို အကြောင်းကြားခဲ့ရာကတစ်ဆင့် ခြေရာခံပြီး ဖမ်းဆီးခဲ့တာပါ။ အခုလိုမျိုး ပိုက်ဆံတွေအတုလုပ်ပြီး လိမ်လည်ဖို့ ပစ်မှတ်ထားခဲ့တဲ့ဆိုင်အများစုက အခြေခံမိသားစုတွေ တနိုင်တပိုင်ဖွင့်လှစ်ရောင်းချတဲ့ဆိုင်တွေ ဖြစ်တယ်။ ပြည်သူတွေ အနေနဲ့ အတုနဲ့အစစ်ကိုခွဲခြားရာမှာ အခြေခံအကျဆုံးနဲ့ အဓိက အကြောင်းအရာတစ်ခုက အတုဆိုရင် ငွေစက္ကူအသားက အရမ်းချောမွေ့နေပါတယ်။ နောက်တစ်ခုက ငွေစက္ကူကိုထောင်ပြီး ကြည့်တဲ့အခါ အစစ်ဆိုရင် ရေစာနဲ့ လုံခြုံရေးကြိုးက သိသိသာသာမြင်ရမှာပါ။ အတုဆိုရင်တော့ လုံခြုံရေးကြိုး ပါနိုင်ပေမယ့် ရေစာမပါပါဘူး" ဟု ပြောကြားခဲ့သည်။
"အခုဖမ်းဆီးရမိတဲ့သူသုံးဦးကို စက်တင်ဘာလ ၂၁ ရက်နေ့ကတည်းက စီအိုင်ဒီကို လွှဲပြောင်းပေးခဲ့ပါတယ်။ စီအိုင်ဒီက ဆက် လက် စစ်ဆေးဖော်ထုတ်မှုတွေပြုလုပ်နေပြီး သုံးစွဲခဲ့တဲ့နေရာတွေက ငွေစက္ကူအတုတွေကို လိုက်လံပြီး ပြန်လည်သိမ်းဆည်းနေပါတယ်။ တစ်သောင်းတန် ငွေစက္ကူအတုပြုလုပ်သုံးစွဲတာ ဒါပထမဆုံးဖမ်းမိတဲ့ဖြစ်စဉ်ပါ။ အတုလုပ်တဲ့သူနဲ့ သူ့သူငယ်ချင်းတွေက စမ်းပြီးတစ် ရွက်ချင်းသုံးနေတဲ့အချိန်မှာ ဖမ်းမိခဲ့တာ" ဟု ဆက်လက်ပြောကြား ခဲ့သည်။

KIA လိုင်ဇာဌာနချုပ်မှ ဆင်း၍ ဆက်ကြေးကောက်နေ

Posted by drmyochit Wednesday, September 26, 2012, under | No comments



စက်တင်ဘာလ(၂၃)ရက်နေ့ ညနေပိုင်းတွင် KIA လိုင်ဌာနချုပ်မှ ဗိုလ်ကြီးအဆင့်တစ်ယောက်ပါဝင်သောအဖွဲ့တစ်ဖွဲ့သည် ဆင်ဘိုမြို့နယ်ရှိ ခေါမြေ၀န်းကျင်ရှိ ဧရာဝတီမြစ်ကျဉ်းတစ်လျှောက်တွင် တရားမ၀င် လုပ်ကိုင်နေသော ရွှေမှော်များ၊ သစ်ခိုးထုတ်နေသော အဖွဲ့များထံမှ ဆက်ကြေးကောက်ခံခဲ့ကြောင်း သိရှိရပါတယ်။

ကောက်ခံမှုနှုန်းထားမှာ ဈေးဆိုင်(၁)ဆိုင်လျှင် တစ်နှစ်စာ ငွေကျပ်(၄)သိန်း၊ သစ်ဖြတ်စက်တစ်လုံးလျှင် တစ်နှစ်စာ ငွေကျပ် (၆)သောင်း၊ လူတစ်ဦးလျှင် တစ်နှစ်စာငွေကျပ်(၂)သောင်းနဲ့ ရွှေမှော်တစ်ခုလျှင် တစ်နှစ်စာ ငွေကျပ်(၄)သိန်း   တောင်းခံသွား ကြောင်း သိရှိရပါတယ်။
အဆိုပါနေရာတွင် ရွှေမှော်လုပ်ကိုင်သောလုပ်ငန်း(၂၀)၀န်ကျင်းနဲ့သစ်ဖြတ်စက်(၁၅)လုံး ၀န်းကျင်းရှိကြောင်း ယာဉ်မောင်း တစ်ဦးမှ ပြောကြားခဲ့ပါတယ်။
``သူတို့ တော်တော် ခိုင်သွားတယ်၊ ကျွန်တော်အထင် သိန်း(၂၀၀)လောက်တော့ရသွားမယ်ထင်တယ်၊ အရင်နှစ်တွေ ကလည်း ကောက်တော့ကောက်တယ် ဒါပေမဲ့ ဒီလောက်မများဘူးလို့ ဆိုင်တွေကပြောတယ်၊ အခုက ရိက္ခာလိုနေလို့  ဆို ပြောပြီး တောင်းတာ´´ ဟု ကုန်ကားသမားတစ်ဦးမှ ပြောပါတယ်။
ဆက်ကြေးကောက်သောအဖွဲ့တွင် လူ(၇၀)ခန့်ပါဝင်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များစွာ ပါဝင်ကြောင်းနဲ့ လုပ်ငန်း လုပ်ကိုင်နေသူများမှာလည်း မပေးလျှင် ပစ်သတ်မည်ကို ကြောက်ရွံ့၍ ပေးလိုက်ရကြောင်း သိရှိရပါတယ်။
 
From: ကချင်နေ့စဉ်သတင်း 

လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင် အချို့ကြောင့် ပြည်တွင်း ငြိမ်းချမ်းရေး ကြန့်ကြာနိုင် ဟု တစည ပြော

Posted by drmyochit Wednesday, September 26, 2012, under | No comments



၆၅ နှစ်ကျော်ကြာ ကမ္ဘာအရှည်ကြာဆုံး စစ်ပွဲများ ဖြစ်ပွားရာ မြန်မာနိုင်ငံ ၏ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင် အချို့၏ ပြောစကားများနှင့် ၊ လုပ်ထုံးလုပ်နည်း များကြောင့် ကြန့်ကြာနိုင်ကြောင်း တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ တွဲဖက
် အတွင်းရေးမှုး ဦးခင်မောင်ကြီး က ပြောကြားသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ တွင် ကျင်းပ ပြုလုပ်သည့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ ၏ (၂၄)နှစ်ပြည့် အခမ်းအနား မတိုင်မီ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။

" အချို့ လက်နက်ကိုင် ခေါင်းဆောင်တွေ ပြောနေတာကို သေချာ နားထောင်ကြည့်ပါ ။ ခွန်ဥက္ကာ ပြောတာဆို နိုင်ငံတော် သမ္မတ ရဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ သဘောမတူဘူး ပြောတယ်။ မွန်ပြည်သစ်က နိုင်ဟံသာဆို ဦးအောင်မင်းက စကား လွယ်လွယ် ပြောတယ်လို့ ပြောသွားတယ်။ ဒါတွေက ငြိမ်းချမ်းရေး တည်ဆောက်တဲ့ ကာလတွေမှာ မပြောသင့်ဘူး" ဟု ၄င်းက သုံးသပ် ပြောဆိုသည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက် ရှိသော စစ်ပွဲများမှာလည်း အစိုးရ ဆွေးနွေးလိုမှု များနှင့် KIO(ကချင်လွတ် လပ်ရေး အဖွဲ့) ၏ဆွေးနွေးလိုမှုများ မတူညီသောကြောင့် အပစ်ရပ်ရန် ခက်ခဲ နိုင်ကြောင်း၊ ဘုံသဘော တူညီမှု တစ်ခု ရရှိရန် အရင် လုပ်ဆောင်သင့် ကြောင်း အဆိုပါ ပါတီ အတွင်းရေးမှူး ကဆက်လက် ပြောကြားသည်။

ယင်း တိုင်းရင်းသား ပြဿနာ အများစုမှာ ဖက်ဒရယ်ပြည်ထောင်စု စနစ် ကျင့်သုံးပါက ပြဿနာများ စတင် ပြေလည်သွားမည် ဖြစ်ကြောင်း ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး စက်တင်ဘာလ တတိယပတ်တွင် အမေရိကန် အခြေစိုက် သတင်းဌာနများသို့ ပြောကြား ထားသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ရှိရာ အစိုးရနှင့် လက်နက်ကိုင် တပ်ဖွဲ့ ၁၀ ဖွဲ့ အပစ်အခတ် ရပ်စဲထားနိုင်ပြီး KIO /KIA တစ်ဖွဲ့သာ အပစ်အခတ် ရပ်စဲရန် ကျန်ရှိကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီ ထုတ်ပြန်ချက်များ အရ သိရှိရသည်။
Myanmar Express 

KIA နှင့် မူးရစ်ဆေးဝါး တိုက်ဖျက်ရေး အစီစဉ်

Posted by drmyochit Wednesday, September 26, 2012, under | No comments


Opion_0311

 
(ဓါတ်ပုံ - Kachin net)
ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO/KIA) ၏ ဗဟို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့မှ ဦးဆောင်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လူထု အစည်း အဝေးပွဲ တစ်ရပ်ကို လိုင်ဇာမြို့တွင်း၌ ယနေ့ ၁၁ နာရီ အချိန်မှာ ပြုလုပ်သွား သည်ဟု KIA ဗဟို စစ်ရုံးချုပ်မှ အရာရှိ တစ်ဦးက ပြောပါသည်။
“ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ ကျနော်တို့ ကချင်ပြည်နယ် အတိုင်းအတာ တစ်ခုလုံး အနေနဲ့ လုပ်သွားဖို့ပါ။
ကျနော်တို့ ကေအိုင်အို အဖွဲ့ ထိန်းချုပ် နယ်မြေတွင်း မူးရစ်ဆေးဝါး ကင်းရှင်းတဲ့ ဒေသ ဖြစ်လာဖို့ လုပ်ဆောင်ခြင်း ဖြစ်တယ်။ ကချင်ပြည်သူတွေနဲ့ ပူးပေါင်း လုပ်ဆောင် သွားဖို့ ဆိုတဲ့ ရည်ရွက်ချက်နဲ့ ဒီလူထု အစည်းအဝေးကို လုပ်ရတာပါ” ဟု ဆိုပါသည်။
အဆိုပါ အခမ်းအနားကို ကေအိုင်အို မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဖွဲ့ ခေါင်းဆောင် စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်မှ ဦးစီး ကျင်းပ ပေးခဲ့ပြီး ၄င်းတို့၏ ဗဟို ဌာနချုပ် လိုင်ဇာ အထက်တန်း ကျောင်းတွင် ပြုလုပ်ရာ ကေအိုင်အေ အမူ ထမ်းများ၊ ကျောင်း သားကျောင်းသူများ၊ လိုင်ဇာ ပြည်သူ လူထုများနှင့် စစ်ပြေး ဒုက္ခသည် စခန်းမှ ပြည်သူ လူထုများ ၂၄၁၇ ဦး တက်ရောက် ခဲ့ကြောင်း ဆိုပါသည်။
ကေအိုင်အို၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်အား အဆင့် ၄ ဆင့်ဖြင့် လက်တွေ့ အကောင်အထည်ဖော် ဆောင် ရွက်နေကြောင်း၊ ပထမ အဆင့်တွင် ကေအိုင်အို အဖွဲ့အတွင်း၌ တိုက်ဖျက်ပြီး၊ ဒုတိယ အဆင့်အဖြစ် ကေအိုင်အို ထိန်းချုပ် နယ်မြေရှိ ပြည်သူများ အတွင်းနှင့် တတိယ အဆင့်တွင် ထိန်းချုပ် နယ်မြေ တစ်ခုလုံး အပါဝင် ကချင်ပြည်နယ် တစ်ခုလုံး၌ မူးယစ်ဆေးဝါး ကင်းစင်ရေး နယ်မြေဖြစ်ရန် ရည်မှန်း ထားပါသည်။
ပြီးခဲ့သည့် သြဂုတ်လတွင် ရှမ်းပြည်နယ် လာရှိုးမြို့ရှိ အစိုးရ ခလရ (၉၆) တပ်ဖွဲ့တို့သည် ကေအိုင်အို မူးယစ်ဆေးဝါး တိုက် ဖျက်ရေး ဒေသ ဝန်းကျင်တွင် ရောက်ရှိ လာခဲ့သည်။ ၄င်းတို့၏ မူးရစ်ဆေးဝါး ပေါ်လစီသည် KIA အား လက်ညှိးထိုးပြနိုင် လုပ်ဆောင် တတ်သည့် အတွက် မူးရစ်ဆေးဝါး တိုက်ဖျက်ရေးထက် အားပေးရေးများ ဖြစ်လာနေပါသည်။ အစိုးရ၏ မူးရစ် ဆေးဝါး တိုက်ဖျက်ရေး ပေါ်လစီသည်၊ နိုင်ငံရေး လက်နက် သဖွယ် အသုံးပြု တတ်သည်ဟု KIA ဖက်မှ ယူဆပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/1999-2012-08-10-06-51-20.html
 ကေအိုင်အို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီများက ဒေသခံ လူငယ် အဖွဲ့များနှင့် ဒေသခံ အမျိုးသမီး အဖွဲ့များတို့ နှင့် ပူးပေါင်းပြီး ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့မစပြီှး ရှမ်းပြည်နယ် မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်) အနီး တဝိုက်တွင် ဘိန်းတိုက်ဖျက်ရေးကို စဉ်ဆက်မပြတ် လုပ်ဆောင်သွားရန် စီမံခဲ့သည်ဟု ဆိုပါသည်။
KIA ၏ မူးရစ်ဆေးဝါး တိုက်ဖျက်မှု များသည် ၂၀၁၀ ခုနှစ် အောက်တိုဘာလမှ စပြီး ကချင်ပြည်နယ် အရှေ့ဘက် ဆဒုန်းဇုံ နယ်တွင် ဧက ၆၆၀၃၅၊ ကချင်ပြည်နယ် လိုင်ဇာ ဇုံနယ်တွင် ၂၀၈၅.၅ ဧက၊ ရှမ်းပြည် မြောက်ပိုင်းတွင် ၃၈၅ ဧက ဖျက်ဆီးနိုင် ခဲ့ပြီး အခြား သီးသန့် နေရာတွင်လည်း သီးသန့်တပ်ဖွဲ့က ဧက ၅၇၁ ဖျက်ဆီးခဲ့ကြောင်း ကေအိုင်အေ အရာရှိက ဆိုသည်။
“ကချင်ပြည်နယ်မှာ ရှိတဲ့ အစိုးရ တပ်မတော် ထိန်းချုပ်တဲ့ နယ်မြေထဲမှာ ဘိန်းစိုက်ပျိုးမှုတွေ ရှိကောင်းရှိမယ်။ ကျနော်တို့ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ ထိန်းချုပ်နယ်မြေမှာတော့ ပပျောက်အောင် ဆောင်ရွက်မှာပါ” ဟု ထိုအရာရှိက ဆိုပါသည်။
ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့၌လည်း ကေအိုင်အေ ဗဟို မူး ယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင် စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်သည် လိုင်ဇာ အနီးရှိ မုန်းဆိုင်ယန်း အနီး ဖဂါခ ချောင်း (Hpaga Hka) တွင် ကျပ်ငွေ သိန်း ၇၀၀ ကျော်တန်ဖိုး ရှိသော မူးယစ်ဆေးဝါးများကို မီးရှို့ ဖျက်ဆီးခဲ့ပါသည်။
၎င်းအပြင် ကေအိုင်အေ တပ်မဟာ (၂)  ကချင်ပြည်နယ် ဖါးကန့်မြို့နယ် အခြေစိုက် တနိုင်းမြို့ အောင်လောဒ် ကျေးရွာတွင် လည်း ဖမ်းဆီး ရရှိထားသည့် ဘိန်း(မဲ) ၂၆ ပိဿာ၊ ရာမဆေးပြား ၄၀၉ ကို ပြည်သူ လူထုများနှင့် ပူးပေါင်း၍ မီးရှို့  ဖျက်ဆီးခဲ့ သည်ဟု ဆိုပါသည်။
ကချင်ပြည် လွတ်လပ်ရေး အဖွဲ့သည် ကမ္ဘာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့တွင် ၄င်းတို့၏ ဖမ်းဆီး ရမိထား သော မူးယစ် ဆေးဝါး များကို မီးရှို့ ဖျက်ဆီးခဲ့လို နှစ်စဉ်လည်း အခမ်းအနား ကျင်းပပြီး မီးရှို့ဖျက်ဆီး ခဲ့ပါသည်။
ကေအိုင်အို ဗဟို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့သည် ၁၉၉၀ ခုနှစ် ကပင် ဖွဲ့စည်းခဲ့ပြီး၊ ၂၀၁၀ ခုနှစ် အောက် တိုဘာလမှ စတင်ကာ ကေအိုင်အို ဗဟိုဌာနချုပ် လိုင်ဇာနှင့် အခြား ထိန်းချုပ်ထားသော နယ်မြေတွင် မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အစီ အစဉ်များကို စဉ်ဆက်မပြတ် ပြုလုပ်လာခဲ့သည်။
မြန်မာ အစိုးရ၏ ကချင်ပြည်နယ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်ရေး၊ နယ်မြေရှင်းလင်းရေး နှင့် ရေကာတာ လုံခြုံ ရေးများကို အကြောင်းပြပြီး တပ်အင်အား အလုံးအရင်းဖြင့် ဝင်ရောက် လာပြီး ကေအိုင်အေကို တိုက်ခိုက်နေပါသည်။ အစိုး ရ၏ မူးရစ်ဆေးဝါး ပေါ်လစီသည်လည်း စိတ်ချရသော အနေအထား မရှိဟု ဝေဖန်သူ များက ဆိုပါသည်။ သူတို့ ကိုယ်တိုင်တ ဖက်လှည့်နှင့် ထုတ်လုပ်နေသလို မူးရစ်ဆေးဝါး တိုက်ဖျက်ရေးကို နိုင်ငံရေး လက်နက် သုံးပြီးလည်း တိုင်းရင်သား များကို အပြစ် ပုံချနိုင်ရန် သွယ်ဝိုက်နည်းဖြင့် အားပေး တတ်ပါသည်။
ဤသို့ကြောင့်  အစိုးရသည် ၀ပြည် သွေးစည်း ညီညွတ်ရေး ပါတီ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် ပြန်လည်တည်ထောင် ရေးကောင်စီ၊ ကေအိုင်အို အဖွဲ့နှင့် အခြား တိုင်းရင်းသား အဖွဲ့များကို မြန်မာ့ မူးယစ်ဆေးဝါး ဂိုဏ်းများဟု ကမ္ဘာက ထင်မြင်လာအောင် စဉ်ဆက်မပြတ် ကြိုးပမ်းနေသည်ဟု ဝေဖန်သူများက ဆိုပါသည်။

common street Punk လူငယ်များ စစ်တပ်ထဲ ဝင်မည်

Posted by drmyochit Wednesday, September 26, 2012, under | No comments


ငြိမ်းချမ်းရေး တောင်းဆို လမ်းလျှောက် ပျော်ပွဲရွှင်ပွဲတွင် သတင်းစာမျက်နှာများ တွင် HOT ဟော့ခ်ဖြစ်ခဲ့
သော Common Street Punk (ပန့်ခ်လမ်းသရဲများအဖွဲ့ပေါင်းစုံ) မှ လူငယ်တစ်ချို့သည် စစ်တပ်ထဲ ဝင်လို
ကြောင်း သတင်းရရှိပါသည် ။


ခေတ်လွန်ဒီဇိုင်းများ အကြောင်အကျားများဖြင့် လွပ်လပ်သော လူငယ် အဖွဲ့များသည် စစ်ပွဲငြိမ်းချမ်းရေး
အတွက် အားကြိုးမာန်တတ်ပါဝင်ခဲ့သည်မှာ ပြည်သူလူထုအသိပင်ဖြစ်သည် ။ ခွင့်ပြုချက်မရပဲ ဆန္ဒပြခဲ့
မိ၍ ဥပဒေနှင့် ငြိစွန်းသောကြောင့် တာဝန်ရှိသူများက လိုက်လံစုံစမ်းသောအခါ လူငယ်ပီပီ ရှေ့ဆုံးမှ
ရှောင်ပြေးခဲ့ကြသော်လည်း ယခုအခါ နယ်မြေခံရဲစခန်းများမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက်
မေးမြန်းစုံစမ်းသောအခါ ၄င်းတို့သည် စစ်ထဲသို့ ဝင်လိုကြောင်း ၊ ဆက်သွယ်ပေးစေလိုကြောင်း ပြောကြား
ခဲ့သည်ဟု ကျောက်တံတားမြို့နယ် သို့ ခေတ္တရောက်ရှိနေသူ စင်္ကာပူနိုင်ငံရှိ ကွန်ပျူတာနည်းပညာရှင် လူရွှယ်တစ်ဦးမှ သတင်းပေးပို့လာပါသည် ။

စစ်ထဲဝင်လိုသည့် Common Street Punk (ပန့်ခ်လမ်းသရဲများအဖွဲ့ပေါင်းစုံ) မှ လူငယ်တစ်ချို့

 " မနေ့က ကိုဇော် တို့အိမ်ကို ရဲတွေရောက်လာတယ်လေ..ဆန္ဒပြပွဲတုန်းက ကိုဇော်တို့ရှေ့ဆုံးက ပါတယ်ပေါ့လေ..အဲဒါ မေးစရာလေးတွေ ရှိလို့ပါဆိုပြီး. လာမေးတယ်..အိမ်မှာကလည်း ဘွားလေးပဲ ရှိနေတော့ အသက်ကြီးတဲ့လူဆိုတော့လေ ရုံးရောက် ဂတ်ရောက်ကြောက်တယ်ထင်ပါတယ်.သူတို့တွေရှောင်နေတဲ့ သူငယ်ချင်းအိမ်ကို ပြောပြလိုက်မိတယ် ..ရဲတွေရောက်သွားတဲ့အချိန် ကိုဇော်တို့သူငယ်ချင်း ၃ ယောက်လုံး
ရှိနေတယ်...ရဲတွေက မင်းတို့နောက်ကဘယ်သူတွေခိုင်းတာလဲ..ဘာညာပေါ့နော်..မေးကြတာပေါ့...
အဲဒါနဲ့ ကိုဇော်တို့က မဟုတ်ပါဘူး..ကျနော်တို့နောက်မှာ ဘယ်သူမှမခိုင်းပါဘူး..ကျနော်တို့ ဆန္ဒနဲ့ကျနော်တို့
လုပ်ကြတာပါ..ကျနော်တို့လည်း ကချင်မပြောနဲ့ မန္တလေးကိုတောင် ကျော်ပြီး ဘယ်မှ မသွားဖူးပါဘူး..
မြစ်ဆုံဆိုတဲ့နေရာတွေ ဖားကန့်တို့ဆိုတာကလည်းး အွန်လိုင်းတတ် ဖေ့ဘုတ်ကြူမှ တွေ့ဖူးတာပါ...ဘာပဲ
ပြောပြောလေ..ဒုက္ခသည်တွေကို စာနာပါတယ်..သူတို့လည်း ကျနော်တို့ ညီရင်းအကိုတွေပါပဲ..သူတို့တွေ
အတွက် လှည့်ကြည့်ပေးဖို့ပေါ့လေ...အဲဒါကြောင့် တိုက်ခိုက်နေတာတွေ ရပ်ပေးဖို့ဆန္ဒပြခဲ့တာပါ "
လို့ ပြောကြပါတယ်...။

စစ်ထဲဝင်လိုသည့် Common Street Punk (ပန့်ခ်လမ်းသရဲများအဖွဲ့ပေါင်းစုံ) မှ လူငယ်တစ်ချို့ 

 အဲဒါနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက နည်းနည်းပါးပါးရှင်းပြတာပေါ့လေ..စစ်တပ်က မတိုက်ပါဘူးပေါ့
သမ္မတ ဦးသိန်းစိန် အမိန့်နဲ့ ရှေ့တန်းမှာ အသေခံပြီး ခံစစ်ယူနေပါတယ်ပေါ့...အဲလို တိုက်ရင်နိုင်မှန်းသိ
လျှက်နဲ့ တမင်ခံစစ်ယူပြီး အသေခံနေရတဲ့ စစ်သည်တွေ မုဆိုးမတွေကတောင် အစိုးရကို ဘာမှမတောင်း
ဆိုတဲ့အခြေအနေမှာ ညီတို့က KIA ကိုပါ ဆန္ဒပြသင့်တယ်ပြောတော့..ကိုဇော့်သူငယ်ချင်းက..အာ..KIA ဒီဇိုင်းတွေလန်း
ပါတယ်..ကျနော်ဆို KIA GT4 ကိုသိပ်ကြိုက်တာ..ပြောလို့...ဒုရဲအုပ်က ညီလေးပြောတာ
 ကီယာ(KIA)ကားတွေ...ကိုတို့ပြောနေတာ..ကချင်သူပုန် (KIA)ကိုပြောတာဆိုပြီး..ပြောရင်း ရီကြရသေးတယ်..။

စစ်ထဲဝင်လိုသည့် Common Street Punk (ပန့်ခ်လမ်းသရဲများအဖွဲ့ပေါင်းစုံ) မှ လူငယ်တစ်ချို့ 

အဲဒါနဲ့..ဦးရဲကြီးတွေက..တကယ့်စစ်မြေပြင်မှာ ကချင်သူပုန်တွေက ဒီလိုတွေလုပ်နေတယ်ပေါ့နော်..ညီတို့
မယုံရင် ကချင်ကနေ တိမ်းရှောင်လာတဲ့ ဝန်ထမ်းတွေကိုမေးကြည့်ပါ ပြောတော့..ညီငယ်လေးတစ်ယောက်
ကတောင်..ငါလိုးမ ဝန်ထမ်းတွေနဲ့ လီးတောင်မတွေ့ဘူး..ထပြောလို့ ကျနော်ထိန်းခဲ့ရပါသေးတယ်..။
နောက်တော့ ကချင်ဒေသမှာ တကယ်အဖျက်လုပ်နေတာ ကေအိုင်အေ ပါ..ညီလေးတို့ နိုင်ငံရေးသမား
တွေ လှည့်ကွက်မှာ မခံရစေနဲ့ စသည်ဖြင့်ပြောရင်း တကယ့်စစ်မြေပြင်က ပုံတွေပြတယ်..ကျနော်လည်း
အင်တာနက်မှာ ကချင်သူပုန်နဲ့သူတို့အပေါင်းအပါတွေ ဘယ်လိုလိမ်နေတယ်.စသည်ဖြင့် နားချတော့
သူတို့က " တကယ်လို့ ကေအိုင်အေကို အပြုတ်တိုက်လိုက်ရင် ငြိမ်းချမ်းသွားမယ်ပေါ့...ရဲဘော်တွေရဲ့
ဘဝကိုလည်း သနားတယ်ဗျာ..ကျနော်တို့က ကားဘီးပေါက်ရင်တောင် ပုခုံးတွန့်တတ်တဲ့လူငယ်တွေCounter Strike တွေမှာသာ သွေးရဲတဲံ့လူငယ်တွေဆိုပေမယ့် တကယ်လို သမ္မတကြီးက အဲဒီ ဂမ်ရှောင်လား ဂွမ်ချောင်လား..အဲဒီသူပုန်အဖွဲ့ကို တကယ်အပြုတ်တိုက်မယ်လို့..အမိန့်ပေးလိုက်ရင်ဗျာ..။ဒီနေ့ အမိန့်
ပေး..ဒီနေ့ ညနေပဲ ကျနော်တို့ သူငယ်ချင်းတွေ စစ်ထဲဝင်မယ်..အဲဒီကချင်သူပုန်တွေကို တိုက်မယ့်.ခြေလျှင်တပ်ရင်းတွေမှာ ပါလို့ရအောင် ကူညီပေးပါ...ကျနော်တို့ ဝင်ချမယ်..ကချင်ပြည်မြန်မြန်ငြိမ်းချမ်းရေးရအောင်ပေါ့..." လို့ ကိုဇော်နဲ့သူငယ်ချင်းတွေက ဦးရဲကြီးတွေနဲ့
တာဝန်ရှိသူတွေကို ပြောကြားခဲ့ပါတယ်..။ 
 


ရုရှားအရှေ့ဖျားတွင် ငါးမိုးရွာကျမှုကြောင့် ဒေသခံပြည်သူများ အံ့အားသင့်

Posted by drmyochit Wednesday, September 26, 2012, under | No comments





(မော်စကို စက်တင်ဘာ ၂၅)
ရုရှားနိုင်ငံ အရှေ့ဖျား ဒေသရှိ လာဇာနာရာမြို့ ကမ်းခြေတွင် ကောင်းကင်ယံမှ ငါးများ၊ ကမာကောင်များနှင့် ကဏန်းများ မိုးရွာသကဲ့သို့ ရွာကျလာခြင်းကြောင့် ဒေသခံပြည်သူ များမှာ အလွန် အံ့အားသင့် ဝမ်းသာခဲ့ရ သည်ဟု သိရသည်။

ယင်းကဲ့သို့ ငါးမိုး ရွာကျခြင်းသည် ဘိုလာဗန် မုန်တိုင်း တိုက်ခတ်မှုကြောင့် ပင်လယ်အတွင်းမှ ရေသတ္တဝါ များသည် မုန်တိုင်းနှင့် အတူ ရောနှော လိုက်ပါလာပြီး ကုန်းမြေပေါ်သို့ ပြန်ကျ  လာခြင်း ဖြစ်ကြောင်း သိရသည်။ 

ငါးမိုး ရွာကျခြင်းကြောင့် အဆိုပါ ဒေသမှပြည်သူများ ပျော်ရွှင်နေ ချိန်တွင် အိမ်နီးချင်း မြောက် ကိုရီးယား နိုင်ငံ ၌ ဘိုလာဗန် မုန်တိုင်းကြောင့် အိမ်များ၊ လမ်းများ၊ ရေလွှမ်းမိုး ခဲ့ရကြောင်း၊ မြေပြိုကျ မှုများ ဖြစ်ပွားပြီး ရထားလမ်းများ မြေကြီးအတွင်းသို့ မြုပ်သွား ခဲ့ရကြောင်းနှင့် ကောက်ပဲသီးနှံ ဧကပေါင်း များ စွာ မှာလည်း ပျက်စီးခဲ့ သည်ဟု သိရသည်။ 

From:  မြ၀တီ 

မြန်မာနိုင်ငံသား ၃၀ ကျော် ရနောင်းတွင် ဖမ်းဆီးခံရ

Posted by drmyochit Wednesday, September 26, 2012, under | No comments


တရားမဝင် နိုင်ငံခိုးဝင်မှုဖြင့် မြန်မာနိုင်ငံသား ၃၄ ဦးကို စက်တင်ဘာလ ၂၃ ရက်နေ့ က   မြန်မာနိုင်ငံ    တောင်ဘက်စွန်း   ကော့သောင်းမြို့ တဘက်ကမ်းရှိ ရနောင်းမြို့တွင် ဖမ်းဆီးခံရကြောင်း ရနောင်းမြို့မှ အလုပ်သမား ကိုယ်စားလှယ်များက    ပြောသည်။



“ရနောင်း အဝင်ပေါ့၊ အဲဒီမှာ စစ်တပ်ဂိတ်နဲ့ တော်မော် (လဝက) ဂိတ်ရှိတယ် အဲနေရာမှာ မိတယ်၊ ပဲ့ချိတ်သမားက ရေထဲခုန်ချသွားတယ်” ဟု ရနောင်းမြို့မှ ရွှေ့ပြောင်းအလုပ်သမား ကိုယ်စားလှယ်တဦး ဖြစ်သူ နိုင်မွန်ချမ်း က ပြောသည်။


ကော့သောင်းမှ တဆင့် ရနောင်းမြို့သို့ စက်လှေဖြင့် ခိုးဝင်စဉ် လူကုန်ကူးသူ အပါအဝင် အမျိုးသား ၂၇ ဦးနှင့် အမျိုးသမီး ၇ ဦးကို ထိုင်း လူဝင်မှု ကြီးကြပ်ရေးက ဖမ်းဆီးရမိခြင်း ဖြစ်သည်။ ဖမ်းဆီးခံရသူများတွင် ကလေး ၃ ဦးလည်း ပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် ရနောင်းမြို့ရှိ လူဝင်မှု ကြီးကြပ်ရေးရုံးတွင် လူကုန်ကူးမှု တားဆီးရေးအဖွဲ့မှ စစ်ဆေးနေပြီး၊ မည်ကဲ့သို့ အရေးယူမည်၊ မြန်မာနိုင်ငံသို့ ပြန်ပို့မည် သို့မဟုတ် ဖမ်းဆီးထောင်ချမည်ကို မသိရသေးကြောင်း လည်း နိုင်မွန်ချမ်း က ပြောသည်။

ယခုလလယ်ပိုင်းမှ စ၍ ထိုင်းနှင့် မြန်မာတို့ ပူးပေါင်းပြီး လူကုန်ကူးမှု တားဆီးရေး ကော်မတီကို ဖွဲ့စည်းထားကာ ရနောင်းဘက်ကမ်းတွင် စစ်ဆေးမှုများ ယခင်ကထက် ပိုမိုလုပ်ဆောင်လာသော်လည်း မြန်မာဘက်ခြမ်းတွင် သေချာစွာ ကိုင်တွယ်မှု မရှိသေးကြောင်း ဒေသခံများက ပြောသည်။

“ခုဟာက မြန်မာနိုင်ငံဘက်က ကြပ်ကြပ်မတ်မတ် မလုပ်လို့ လွတ်သွားတာ၊ မြန်မာဘက်ခြမ်းမှာလည်း လူကုန်တားဆီးရေးအဖွဲ့ ရှိတာပဲ၊ ဖွဲ့ထားတာ တပတ်လောက်ပဲ ရှိသေးတယ်” ဟု ကော့သောင်းမြို့မှ ကိုဝင်းထွန်း က ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲ စတင်နေပြီဟု ဆိုသော်လည်း အောက်ခြေလူထုထံ မရောက်ရှိသေး သည့်အတွက် အလုပ်လက်မဲ့ ပြဿနာကြောင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်လုပ်ကိုင်မှုများ ယခင်ကထက် ပိုမိုများပြားနေကြောင်း ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ခေါင်းဆောင် ကိုမိုးဆွေ က ပြောသည်။

“ဒီ ၂၀၁၂ အတွင်းမှာပဲ စက်ရုံအလုပ်သမားတွေ လစာအရမ်းနည်းလို့ သပိတ်မှောက်တာတွေ ဖြစ်တယ်၊ အခြေခံ လူတန်းစားတွေရဲ့ လယ်ယာမြေတွေ အသိမ်းခံနေရတယ်၊ ဒီလို အခက်အခဲ ရှိတဲ့အခါကျတော့ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှုတွေက ဆက်ပြီး ရှိနေဦးမှာပဲ” ဟု ကိုမိုးဆွေ က ပြောသည်။

From: Kachindailynews 

ဘင်ဂါလီ ဟုတ်၊ မဟုတ် စစ်ဆေးနိုင်မည်. နည်းပညာ မြန်မာနှင့် အမေရိကန် ပညာရှင်များ တီထွင်

Posted by drmyochit Wednesday, September 26, 2012, under | No comments



 ကာကွယ်ရေးဝန်ကြီး ဋ္ဌာန လက်အောက်ရှိ တပ်မတော်ဆေးသုတေသန တပ်ဖွဲ. နှင့် အမေရိကန် NASA မှ ပညာ ရှင်များပူးပေါင်း ပြီး လူမျိုးခြား ဘင်ဂါလီများ ဟုတ်မဟုတ် အောင်မြင်စွာ ဖော်ထုတ် နိုင် သည်.နည်းပညာ ကို ရှာဖွေ တွေ.ရှိခဲ့ ပြီ ဖြစ်သည်။ genetic engineering technology နှင့် Na no technology ပူးပေါင်း ပြီး လူသားမျိုး နွယ်စု များ အား Gene Typing ပြုလုပ်ခြင်း နည်းပညာ ကို NASA မှ ရှာဖွေတွေ.ရှိ ပီး ဖြစ်သော်လည်း မြန်မာပြည် သို. ခိုးဝင်လာသော ဘင်ဂါလီ များ ကို ပထမ ဆုံး အကြိမ် အောင်မြင်စွာ စမ်းသပ်နိုင် ခဲ့ ခြင်းဖြစ် သည်။ အမည်မဖော်လို သူ မြန်မာ စစ်တပ် အရာရှိ တစ်ယောက်၏ ပြောကြားချက်မှာ " အခု နည်းပညာ က အရမ်းကောင်းပါတယ်။ ကျီးကန်း တွေ ဟုတ်မဟုတ် ကို တန်း ကတည်း သိနိုင်တယ်။ တချို. မြန် မာမတွေ ကို ယူပြီး မွေး ထားတဲ့ ကလေး တွေ ဆို လည်း စစ်လို.ရတယ်။ ဒါပေမယ့် သူ.မှာ က နည်းပညာ အခက်အခဲ နဲနဲ ရှိ တယ်။ အဓိကကတော့ ဒီနည်းပညာ က အမေရိကန်က စစ်သွေး ကြွ အစ္စလာမ်ဘာသာဝင်တွေ ကို နှိမ်နင်းဖို. တီထွင်ထားတဲ့ နည်းပညာလို.တောင် ပြော လို.ရတယ်။ grade A,B,C,D,E ဆိုပီး ၅ ခုရှိ တယ်။ positive ဆို တာနဲ့ grade ထပ်ခွဲ ရတယ်။ A နဲ. B ဆို ရင် လုံးဝ မွတ်စလင် အစ္စလာမ်ဘာသာဝင် အစွန်းရောက် စစ်သွေးကြွ လို. သတ်မှတ် တယ်။ လားပင်စင် ပေးရမယ့် ကောင်တွေပေါ့။ C ဆိုရင် အစ္စလာမ်တော့ အစ္စလာမ် ၊ အစွန်းရောက်တော့ မဟုတ်ဘူး ဒါပေမယ့် အချိန်မရွေး အစွန်းရာက်သွားနိုင် တဲ့ သူတွေ ပေါ့၊ ကျွန်တော် တို. စမ်းသပ်ပီး သလောက် မြန်မာ မွတ်စလင် တချို. ဒီ group ထဲ မှာ ပါနေတာ တွေ. ရတယ်၊ ၀မ်းသာ စရာ ကောင်း တာ ကတော့ မြန်မာ မွတ်စလင် အများ စု ကတော့ group D နဲ. E မှာ ပဲ ရှိ ပါတယ်။ ကပြား ဆို ရင်တော့ သပ်သပ် Test Kit နဲ. တိုင်းရပါ တယ်။ သူ.မှာ ထူးခြားချက် တစ်ခု က အမေရိကန် က အထူး တီ ထွင် ထား တာ ပါ။ အစ္စလာမ် ဘာ သာ ၀င် တွေ က သူ များ ဘာသာ ထက် ရန်လို မှု များ တယ်။ မများ ရင် လည်း ဦး နှောက် က အင်ဒို ဖရီ နွိုက် လို. ခေါ် တဲ့ ဟော်မုန်း အထွက်များ တယ်။ ဒါကို NASA က 1990 လောက် ကတည်း က တွေ.ထား တယ်။အဲဒါကြောင့် ကုလားအမျိုးသမီးတွေ ကိုယ်နံ. ပျင်းတာတွေ ဘာတွေ ရှိ တယ်လေ၊ အဲဒါကို တိုင်းခြင်းအားဖြင့် အစ္စလာမ်ဘာ သာဝင် ဘယ်လောက် စစ်လဲ သိရ တယ်။ အဲ ဒီမှာ လည်း level အမျိုးမျိုး ရှိ တယ်။ ထူးခြား တာ က သူ.မှာ - အစ္စလာမ်ဘာသာဝင် ကနေ တခြား ဘာသာ ကို ပြောင်းသွားရင် သူ က တစ်နှစ် အကြာ မှာ positive ကနေ negative ဖြစ် သွား တယ်။ ဒီ နည်းပညာ ကို နောက် နှစ် ပြည် လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူ ရင် အကုန် လုံးတော့ အသုံး မပြု နိုင် သေး ပါ ဘူး တစ်စိတ်တစ်ပိုင်း အနေနဲ. သံသယ ရှိ တဲ့ သူတွေ ကို စောင့် ကြည့် စစ်ဆေး သွား မှာ ပါ။" လို. ပြော ကြား သွား ပါတယ်။

From: Myanmar Express 

ယောကျာ်းလေးတွေ အလွန်ကြောက်သော ဒီလိုမိန်းမများ (ပေးစာ - ၁၇၅)

Posted by drmyochit Wednesday, September 26, 2012, under | No comments



 (၁) ညစ်ပတ်သောမိန်းမ

 ညစ်ပတ်သောယောက်ကျားမှာ ချစ်သူရနိုင်သော်လည်း ညစ်ပတ်သော မိန်းကလေးကိုမူ နှာခေါင်းရှုံ့ချင်ကြသည်။ မသန့်ရှင်းသော မိန်းကလေးများ၏ အိပ်ခန်းမှာ အမှိုက်ဗုံးများ ပေါက်ကွဲထားသလို ကျောချစရာမရှိအောင် ရှုတ်ပွနေတတ်သည်။ ပစ္စည်းတစ်ခု ပျောက်လျှင် လွယ်လွယ်နှင့် ရှာလို့မရတော့ပေ။ ၄င်းကဲ့သို့သော မိန်းကလေးသည် အပြင်ထွက်လျှင် ရှုပ်ပွနေသော အိတ်ထဲမှ သော့ကို အလွယ်တကူ ရှာမတွေ့ နိုင်တော့။ ၀တ်ထားသော အ၀တ်အစားမှာလည်း အ၀တ်လျှော်စက်ထဲက ယခုမှထုတ်လာသည့် အတိုင်းပင်၊ ၀တ်ထားသော အနွေးထည်မှာလည်း ကြယ်သီးများပြုတ်၊ ချုပ်ရိုးများ ပြေနေတတ်သည်။ လက်သည်း ခြေသည်းများလည်း ဂျီးများနှင့် မဲနေတတ်ပြီး ဆိုးထားသော လက်သည်းနီများလည်း ညီညာမှု မရှိပေ။ အဆိုးဆုံးမှာ စကားပြောဖို့ ပါးစပ်ဟလိုက်သည်တွင် အာပုပ်နံ့ရနေတတ်သည်။ သွားများတွင်လည်း ဟင်းဖတ်များ ကပ်နေတတ်သည့်အပြင် နုတ်ခမ်းနီများလည် ပေကျံနေတတ်သည်။




 (၂) အတင်းပြောသောမိန်းမ
 
 BMW ကုမ္ပဏီမှထုတ်သောကားများကို ယောကျာ်းများကြိုက်ကြသော်လည်း BMW (Big Mouth Women)မိန်းကလေးများကိုတော့ လန့်တတ်ကြသည်။ တစ်အိမ်တက်ဆင်းဖြင့် အတင်းပြောနေရလျှင် ထမင်းမေ့ ဟင်းမေ့သောသူဖြစ်သည်။ တစ်ခါတရံ သူမပြောသော စကားများသည် အမှန်ဖြစ်ကြောင်း ယောကျာ်းလေးများကို သူမအား ထောက်ခံရန် မဲဆွယ်တတ်သေးသည်။ တချို့ယောကျာ်းလေးများက မထောက်ခံလျှင် သူမသာ အမှန်ြဖစ်ကြောင်း ငြင်းချက်များထုတ်တတ်သေးသည်။ ထိုမိန်းကလေးမျိုးကို အိမ်ထောင်ပြုမိပါက ယောက္ခမနှင့် ချွေးမတို့၏ စစ်ပွဲ စတင်ခြင်းပင် ဖြစ်သည်။ ၄င်းအပြင် ဆွေမျိုးသားချင်း သူငယ်ချင်းများကပါ စက်ကွင်း မလွတ်နိုင်တော့ချေ။ အတင်းပြောတတ်သော မမှန်မကန် စကားပြောတတ်သော မိန်းကလေးများကို ယောကျာ်းလေးများသာမက မိန်းကလေးများလည်း ဝေးဝေးရှောင် နိုင်ရမည်။သူမ၏ မမှန်မကန် ပြောသော စကားလေပွေထဲတွင် ၀င်မပါမိအောင် သတိထားရမည်ဖြစ်သည်။

 (၃) စကားများသောမိန်းမ 

ထိုမိန်းကလေးမျိုးသည် စကားပြောရတွင် မိမိပြောချင်ရာ ဇွတ်ပြောတတ်သည် ၊ စဉ်းစားဆင်ခြင်မှု နည်းသည်။ မပြောသင့်သော စကားကို အချိန်အခါမဟုတ် မပြောထိုက်သောလူကို ပြောတတ်သည်။ ဆွေမျိုးသားချင်း သူငယ်ချင်းများကြားတွင် အထင်လွဲစရာဖြစ်အောင် ပြောခြင်း၊ သူတစ်ပါး သိက္ခာကျအောင် လေးစားမှု လျော့အောင်ပြောခြင်းများ ပြုလုပ်တတ်သည်။ ကိုယ်ကို သွက်လက်ချက်ချာသည်ဟု အထင်ကြီး နေတတ်သူဖြစ်သည်။

 (၄)  ခိုင်းနိုင်းတတ်သောမိန်းမ 

ထိုမိန်းကလေးမျိုးသည် စိတ်အနှောင့်အယှက် အပေးဆုံးမိန်းကလေးဖြစ်သည်။ ဘယ်အရာမဆို နိုင်းယဉ်နေတတ်သည်။ တစ်ခြားမိန်းကလေး၏ ရည်းစား(သို့) ယောကျာ်းကို နိုင်းယှဉ်ကြည့်ပြီး အသုံးမကျသော ယောကျာ်းဟု၍ လက်ညိုးထိုး ပြီး ဆဲတတ်သော မိန်းကလေးမျိုးဖြစ်သည်။ တကယ်တမ်းဆိုရလျှင် အသုံးဝင်သော ယောကျာ်းကို သူမရွေးသင့်ပြီး ထိုအသုံးမ၀င်သော ရည်းစား(သို့) ယောကျာ်းအတွက် စိတ်မတိုနေသင့်ပေ။ တစ်ခြားသူနှင့် နိုင်းယဉ်ပြီး ဆဲနေစရာမလိုပေ။ မိမိ ရွေးယူထားသောကြောင့် မိမိကိုယ်သာ အပြစ်တင်ရမည်ဖြစ်သည်။ လူတိုင်းတွင် အရည်အချင်း တစ်ခုစီ ရှိတတ်ကြသည်။ ယောကျာ်းလေးတစ်ယောက် မိမိကိုယ်ကို ယုံကြည်မှုနည်းသွားအောင် တစ်ခြားလူနှင့် ခိုင်းနိုင်းပြီး မဆဲသင့်ပေ။ ထိုယောကျာ်းလေးအတွက် ကံမကောင်းဆုံးအရာ အသုံးမကျဆုံး အရာမှာ ထိုမိန်းကလေးမျိုးကို ရွေးမိခြင်းပင်ဖြစ်သည်။



 (၅) အနေအထိုင်မတတ်သောမိန်းမ 

 အနေအထိုင်မတတ်သော မိန်းကလေးမျိုးသည် လုပ်ငန်းခွင်တွင်ဖြစ်စေ ပတ်ဝန်းကျင်တွင်ဖြစ်စေ ဆက်ဆံရခက်သော မိန်းမဟု နာမည်ကြီးတတ်သည်။ ပစ္စည်းတစ်ခု သွားဝယ်သည်ဖြစ်စေ အစားသွားစားသည်ဖြစ်စေ ဆိုင်ဝန်ထမ်းနှင့် ရန်ဖြစ်ခဲ့ရမှ ကျေနပ်သော မိန်းကလေးမျိုးဖြစ်သည်။ ထိုမိန်းကလေးမျိုးနှင့် အတူအပြင်ထွက်မိလျှင် ရှက်လွန်း၍ မျက်နှာ ဖွက်ထားစရာမရှိ အောင်ဖြစ်တတ်သောကြောင့် သူမနှင့်မရင်းနှီးသလို ဟန်ဆောင်က ခပ်လှမ်းလှမ်းတွင် နေချင်ကြသည်။ ထစ်ခနဲဆို ရန်ဖြစ်ချင်သော နုတ်ကြမ်းသော မိန်းကလေးမျိုးကို လက်ထပ်ပြီး မိဘနှင့်အတူ နေရမည့် ပုံရိပ်ကို မြင်ယောင်ဖူးပါသလား။ ထိုမိန်းကလေးမျိုးကို ရွေးချယ်မည့်အစား သူမလောက် အသုံးမ၀င်သော၊ တုံးအသော၊ သာမန်သော မိန်းကလေးမျိုး ကိုသာ ယောကျာ်းလေးအများစုက ရွေးချယ်မည်ပင်။

 (၆) သ၀န်တိုလွယ်သောမိန်းမ 

 ထိုမိန်းကလေးမျိုးသည် မိမိကိုယ်ကို ယုံကြည်မှုနည်းသလို တစ်ပါးသူကိုလဲ မယုံကြည်သော မိန်းကလေးဖြစ်သည်။ ယောကျာ်းလေး အသက်ရှူမချောင် နိုင်လောက်အောင် ချုပ်ချယ်တတ်သော မိန်းကလေးမျိုးလည်းဖြစ်သည်။ သံသယစိတ် ၀င်လာလျှင် ရှင်းပြတာကိုနားထောင်မနေတော့ သ၀န်တို စိတ်ကောက်ဖို့က ပထမပင်။ သူမ၏ရည်းစား(သို့) ယောကျာ်း၏ သူငယ်ချင်းများကိုလည်း မိမိရည်းစားနှင့် အပေါင်းအသင်းမလုပ်ရန် ပြောတတ်သောကြောင့် သူငယ်ချင်းများက ထိုမိန်းမမျိုးနှင့် ပတ်သက်သော ယောကျာ်းလေးကိုပါ ရှောင်လာတတ်ကြသည်။ ထိုအခါ ယောကျာ်းလေးမှာ အကျဉ်းချထားသလို ခံစားရသော်လည်း မိန်းကလေးမှာမှု ပျော်ရွှင်နေတတ်သည်။ လူဆိုသည်မှာ အဖွဲ့အစည်း အသိုင်းအ၀န်းနှင့် နေသော အမျိုးဖြစ်သည်။ အသက်ရှူရန် နေရာလေး တစ်ခု ချန်မထားဘဲ ချုပ်ချယ်တတ်သော ထိုမိန်းကလေးမျိုးကို ယောကျာ်းလေးများက ရှောင်ချင်ကြသည်။

 (၇) တုံးအသောမိန်းမ 

အာလာဒင် ပုံပြင်ကို နားထောင်ဖူးကြပါသလား။ ထိုပုံပြင်ထဲက အာလာဒင်၏ တုံးအသော မိန်းမသည် မသိနားမလည်သည်ကို မမေးဘဲ ဆီမီးခွက်ကို ခွက်စုတ်ဟု အထင်ဖြစ် ရောင်းလိုက်ဖူးသည်။ ထိုမိန်းကလေးမျိုးသည် ဥစ္စာပစ္စည်းပေါ်တွင်ဖြစ်စေ အတွေးအခေါ်ပိုင်းတွင် ဖြစ်စေ အလွယ်တကူ အလိမ်မိတတ် သည်။ ယခုခေတ်တွင် ထိုကဲ့သို့ တုံးအသော မိန်းကလေးမျိုး နည်းပါးသွားပြီလား။ ထက်မြက်ပြီး တွေးခေါ်ဆင်ခြင်ဥာဏ် ရှိသော မိန်းကလေးမျိုးကို ယောကျာ်းလေးက လေးစားသော်လည်း တုံးအသော မိန်းကလေးမျိုးမှာမှု ယောကျာ်းလေးအတွက် ဆူးညှောင့်ခလုတ် တစ်ခုလိုပင်။ ယခုခေတ် မိန်းကလေးများသည် မိမိကိုယ်ကို ထက်မြက်မှု အပြည့်အ၀နှင့် ယုံကြည်မှု ရှိနေသင့်သည်။ သူတစ်ပါးကြင်နာလာအောင် တုံးအ ဟန်ဆောင် မနေသင့်ပေ။ တုံးအတိုင်း အပြစ်မဲ့သည် မဟုတ်။ တုံးအလျှင် ဖယ်ထုတ်ခြင်းခံရမည်မှာ ဧကန်မလွဲပင်။



 (၈) ငွေသုံးကြမ်းသောမိန်းမ 

Shopping Mechine ကဲ့သို့သော မိန်းကလေးမျိုးမှာ လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ ပစ္စည်းအ၀ယ်ကြမ်းသော သူဖြစ်သည်။ ယောကျာ်းလေး အနည်းစုမှာ ထိုမိန်းကလေးမျိုးနှင့် ကြုံရန် မကြောက်ကြသော်လည်း အကောင်းမြင် အမြင့်ကြိုက်သော သူမအတွက် မိမိအိတ်ထဲမှ ငွေများ အလာဟသ စီး ဆင်းကုန်မည်ကို ကြောက်တတ်ကြသည်။ ဥစ္စာ ပစ္စည်းထဲတွင်သာ နစ်မျှောနေတတ်သော မိန်းကလေးမျိုးသည် အများအားဖြင့် စိတ်သဘောထား သေးသိမ်တတ်သည်။ တစ်ကိုယ်ကောင်း ဆန်တတ်သည်။ စိတ်တိမ်းညွတ် လွယ်သည်။ လိုချင်သော ပစ္စည်းရရန် မိမိကိုယ်ကို သစ္စာဖောက်ခြင်း၊ တန်ဖိုးမထားခြင်းများဖြင့် ရမ္မက်အိုင်ထဲတွင် နစ်နေတတ်ကြသည်။ မြင်သမျှ ၀ယ်ယူတတ်သော မိန်းကလေးမျိုးနှင့် ဈေးသွားလည်ဖူးသော ယောကျာ်းလေးများမှာ ရင်ထဲတွင်နာကျင် နှမြောသမျှကို ဖုံးကွယ်ရင်း ဒုတိယအကြိမ် သွားရမည်ကို ခေါင်းခါကြမည်ပင်။

 (၉) လမ်းခွဲစကားပြောလွယ်သောမိန်းမ

 ဘာမဟုတ်သော ကိစ္စလေးတခုဖြင့် လမ်းခွဲဖို့ပြောတတ်သော ထိုမိန်းကလေးမျိုးသည် တကယ့်ခွါရခက်သော မိန်းကလေးမျိုးဖြစ်သည်။ လမ်းခွဲကြစို့ဟု အမြဲပြောတတ်သည်မှာ သူမ၏ အကျင့်တစ်ခုလို ဖြစ်နေသည်။ တကယ်တမ်း ယောကျာ်းလေးဘက်က လမ်းခွဲတော့မည်ဆိုလျှင် ငိုယိုပြီး လက်မခံတော့။ လမ်းခွဲစကားပြောခြင်းသည် အခံရခက်သော ဝေဒနာတစ်ခု ဖြစ်သည်။ ပြောသူက အကျင့်တစ်ခု အနေဖြင့် ပြောသော်လည်း ခံရသူမှာ တစ်ခါပြောတိုင်း တစ်ခါ အသဲနင့်အောင် ခံစားရတတ်သည်။ နှလုံးသားတွင် အမာရွတ်အထုံး များကျန်နေခဲ့တတ်သည်။ တကယ့် လမ်းခွဲတော့မည်ဆိုလျှင် တစ်ကြိမ်ထဲဆုံးဖြတ် တစ်ခါထဲ လမ်းစဖျောက်လိုက်တာက ခံရပိုသက်သာဦးမည်။ လမ်းခွဲစကားဖြင့် တစ်ဖက်သားကို ခြိမ်းခြောက်နေသောသူသည် နုံအသောသူသာလျှင်ဖြစ်သည်။



 (၁၀) ချွဲနွဲ့လွန်သောမိန်းမ 

 မိန်းကလေးတိုင်းချွဲနွဲ့တတ်သည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော် အချွဲနွဲ့လွန် မိန်းကလေးများမှာ လူအမြင်ကပ်စရာဖြစ်သည်။ ထိုမိန်းကလေးမျိုးသည် အမြဲတမ်း အချော့ခံချင်၊ လူတွေဂရုစိုက်နေတာကို ခံချင်နေသော မိန်းကလေးမျိုးဖြစ်သည်။ လူရှေ့တွင် စကားပြောလျှင် နုတ်ခမ်းလေး ဟချင် မဟချင်နှင့်(ခေတ်စ ကားနှင့်ပြောရလျှင် ဘဲများလွန်းနေခြင်းဖြစ်သည်) လူကွယ်ရာတွင်မှု ဆန့်ကျင်ဖက် ဖြစ်နေတတ်သည်။ ယခုခေတ် မိန်းကလေးများသည် တဖက်သား သနားကြင်နာလာအောင် ညုာတာလာအောင် ဟန်ဆောင်ချွဲနွဲ့ပြီး အားနွဲ့ မနေသင့်တော့ပေ။ ယောကျာ်းလေးတွေနှင့် တန်းတူ မဟုတ်တောင် ယောကျာ်းလေးနီးနီး လုပ်နိုင်ကိုင်နိုင်စွမ်း ရှိကြောင်းကို ပြသင့်သောအချိန်ပင်ဖြစ်သည်။ 
 
 
From Myanmar Express 

အိန္ဒိယ ကုမ္ပဏီမှ ဘင်္ဂလီတစ်ဦး ရခိုင်အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ရန်ကြံစည်

Posted by drmyochit Wednesday, September 26, 2012, under | No comments




ရခိုင်ပြည် ကျောက်ဖြူမြို့နယ် ဂုံးချွိန်ကျေးရွာ၊စည်ပုတ်ကေထောင့်မှ (ဘ)ဦးမောင်ကြချ(မ)ဒေါ်ဗွီစိကေတို့ သမီး ဖြစ်သူ အသက်(၁၇)နှစ်ရှိသော မရွှေဇင်အေးအား အိန္ဒိယကုမ္ပဏီ၏ အလုပ်သမားဖြစ်သော ဘင်္ဂလီ တစ်ဦး ဖြစ်သူ အာလီကူးမားသည် ယင်းမိန်းကလေးကို ယနေ့မနက်(၉)နာရီတွင် အဓမ္မမုဒိန်းကျင့်ရန် ကြံစည်ခဲ့ကြောင်း
သတင်းရရှိသည်။

" အဲဒီဘင်္ဂလီက မရွှေဇင်အေးကို မနက်စောစော အလုပ်လုပ်ဖို့ဆိုပြီး ခေါ်သွားပါတယ်။ ပြီးတော့ မရွှေဇင် အေးကို ခါးကိုဖက်ကာ ဆွဲလားယမ်းလားလုပ်နေတုန်း ဗမာမန်နေဂျာက တွေ့သွားတဲ့အတွက် ဟန့်တား နိုင်ခဲ့ ပါတယ်။ မုဒိန်းကျင့်မခံလိုက်ရဘူး။

အဲဒီအမှုကို ဒီနေ့ ညနေ(၃)နာရီလောက်က ကျောက်ဖြူလူငယ်တွေက ကွင်းဆင်းကာသက်သေဖြစ်သူ မရွှေရွှေ အေးနဲ့ ကျောက်ဖြူမြို့မှ ရဲစခန်းတွင် အမှုဖွင့်ပေးခဲ့ကြပါတယ်။ " ဟု ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။

Arakan Times

KIA မှဖမ်းဆီးခေါ်ဆောင်သွားသူများထဲမှ ၃ ဦး ပြန်လည်ထွက်ပြေးလွတ်မြောက်လာ

Posted by drmyochit Wednesday, September 26, 2012, under | No comments





 KIA တပ်မဟာ(၂) တပ်ရင်း(၁၁)မှ စက်တင်ဘာ(၂၂)ရက်နေ့က ဒွန်ဂန်ရွာမှ ဖမ်းဆီးခေါ်ဆောင်ခဲ့သော လူသစ်(၁၂)ဦး အား သုံးယောက်တစ်တွဲ ကြိုးဖြင့်ချည်၍ ခေါ်ဆောင်သွားရာမှ (၃)ဦး သည် (၂၃)ရက်နေ့ မနက်(၂)နာရီခန့်တွင် ထွက် ပြေး လွတ်မြောက်လာခဲ့ပါတယ်။လွတ်မြောက်လာခဲ့သူ(၃)ဦးမှာ ဒွန်ဂန်ရွာသား လကုန်တန်၊ ဘွန်ခမ်းနဲ့ လဂမ်အောင်တို့ ဖြစ်ကြပြီး လကုန်တန် သည် ဒွန်ဂန်ရွာသို့ ည (၉)နာရီခန့်တွင်ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ကျန်နှစ်ဦးမှာ KIA တို့ ပြန်လည်ဖမ်းဆီးမည်ကို ကြောက်ရွံ့ပြီး ထွက်ပြေး ပုန်းအောင်းနေကြောင်း သိရသည်။ ဖမ်းဆီးသွားသူ များအား KIA မှ နောက်မှခြေထောက်နှင့်ကန်ခြင်း၊ လမ်းသွားရင်းတွင် သစ်သားစိမ်းများဖြင့် ကျောသို့ရိုက်ခြင်း များပြုလုပ် နှိပ်စက်ခဲ့ပြီး လကုန်တန် ပြန်ရောက်လာချိန်တွင် ဒဏ်ရာများပါလာကြောင်း သိရသည်။

(၂၇)ကြိမ်မြောက် ဆီးဂိမ်းဖွင့်ပွဲ ပိတ်ပွဲ အခမ်းအနား အင်ဒိုနီးရှားထက် ပိုကောင်းအောင် ဆောင်ရွက်မည်

Posted by drmyochit Wednesday, September 26, 2012, under | No comments





မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းဖွင့်ပွဲ ပိတ်ပွဲ အခမ်းအနားကို အင်ဒိုနီးရှားထက် ပိုကောင်းအောင် ဆောင်ရွက်နေကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ဦးက စက်တင်ဘာ ၂၄ ရက်နေ့တွင် ပြောကြားလိုက်သည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ခမ်းနားကြီးကျယ်စွာဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ပြီး အရှေ့တောင်အာရှ (၁၁) နိုင်ငံမှ နိုင်ငံအကြီးအကဲများ၊ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ တက်ရောက်ရန်ရှိကြောင်း သိရသည်။ ယင်းအခမ်းအနားကို အစီအစဉ်နှစ်ပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး ပထမပိုင်းတွင် အိုလံပစ်မီးရှုးတိုင်ကို မီးထွန်းညှိခြင်း၊ အားကစားပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌက ပြိုင်ပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသွားမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတကို ပြိုင်ပွဲဖွင့်လှစ်ကြောင်း ကြေညာပေးရန် ပန်ကြားခြင်း၊ ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံပေါင်း (၁၁)နိုင်ငံမှ ထင်ရှားသည့် တေးသီချင်းများကို မြန်မာ့ဆိုင်းဝိုင်းကြီးများက ဂုဏ်ပြုတီးခတ် သီဆိုမည့် အစီအစဉ်အပြင် နိုင်ငံကျော်အဆိုရှင်များ၏ သီဆိုမှုများဖြင့် ခမ်းခမ်းနားနား တင်ဆက်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။ “ဒီလိုမျိုး တင်ဆက်နိုင်ဖို့ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကစပြီး ပြည်ထောင်စု ဝန်ကြီးက စဉ်းစားလာခဲ့တာပါ။ ခမ်းနားအောင် ဆောင်ရွက်နိုင်ဖို့၊ ဘေဂျင်းအိုလံပစ်၊ လာအို၊ အင်ဒိုနီးရှား ဆီးဂိမ်းတွေကိုလဲ သွားရောက်လေ့လာခဲ့တယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ဦးက ဆက်လက်ပြောကြားသည်။ ဒုတိယပိုင်း အစီအစဉ်များမှာ မြန်မာနိုင်ငံ မြေပုံတွင် တိုင်းရင်းသားများ စုပေါင်းနေထိုင်ကြသည်ကို တရုတ်နိုင်ငံ၊ ဘေဂျင်းအိုလံပစ် အခမ်းအနားကို တာဝန်ယူခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်း၍ ယဉ်ကျေးမှုဝန်ကြီးဌာနမှ တိုင်းရင်းသားအကများဖြင့် ကပြတင်ဆက်မည့် အစီအစဉ်၊ ခေတ်အဆက်ဆက် သရုပ်ဖော်ကကွက်များ၊ မင်းခမ်းမင်းနား အစီအစဉ်များကို ဒေဝါဝင်း၊ ရာဇာဝင်းများခင်း၍ စီချီစစ်တက် သရုပ်ဖော်မှု အစီအစဉ်များ ပါဝင်ကြောင်း သိရသည်။ ယင်းသို့ တင်ဆက်ပြသသည့် အစီအစဉ်များနှင့် အပြီးသတ် လေ့ကျင့်ရေးအတွက် အားကစားကွင်း ပြီးစီးမှု အခြေအနေနှင့် ပတ်သက်၍ ဖြေကြားရာတွင် “ဒီနှစ် ဒီဇင်ဘာမှာ ရာခိုင်နှုန်းအပြည့် ပြီးစီးမယ်လို့ သိရတယ်။ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် သွားရောက်ပြီး လေ့လာကြည့်ရှုပြီးပြီ” ဟု ယင်းကပြောသည်။ အဆိုပါ ဖွင့်ပွဲပိတ်ပွဲ အခမ်းအနားကို ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန အပါအဝင် လူဦးရေ (၃၀၄၈) ဦးဖြင့် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ထင်ရှားကျော်ကြားသည့် အနုပညာရှင်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ “ဝန်ကြီးဌာန တစ်ခုတည်းကတင် လူဦးရေ သုံးထောင်ကျော် သုံးထားတယ်။ နောက် ပြင်ပပညာရှင်တွေတဲ့ ကျောက်ဆည်ဆင်အကကိုလဲ လူအင်အား အများကြီးနဲ့ ခေတ်မီနည်းစနစ်တွေ သုံးပြီး ရုပ်လုံးကြွအောင် ဖန်တီးထားတယ်” ဟု ယင်းက ပြောပြခဲ့ကြောင်း သိရှိရသည်။
  

ပြည်တွင်းဈေးကွက်၌ နေ့စဉ်စီးဆင်းနေသည့် ဒေါ်လာငွေကြေးပမာဏ ခုနှစ်သန်း ရှိကြောင်း ဗဟိုဘဏ်ပြောကြား

Posted by drmyochit Wednesday, September 26, 2012, under | No comments





မြန်မာနိုင်ငံတွင်း၌ နေ့စဉ် လည်ပတ်စီးဆင်းနေသော ဒေါ်လာငွေကြေးပမာဏသည် ခုနှစ်သန်းအထိ ရှိသည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ပြောကြားကြောင်း Bloomberg တွင် ဆောင်းပါးရှင် Daniel Ten Kate ရေးသားသော သတင်းတစ်ပုဒ်အရ သိရသည်။ ယခင်က အထက်ပါကဲ့သို့ ပြည်တွင်း ဈေးကွက်အတွင်း စီးဆင်းနေသည့် ဒေါ်လာငွေကြေး ပမာဏအား ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ဖူးရာမှ တရားဝင် ပြောကြားလိုက်ခြင်းဖြစ်ပြီး ယင်းဒေါ်လာ ခုနှစ်သန်းဆိုသည်မှာ Authorized Dealer လိုင်စင်ရဘဏ်များက လဲလှယ်ပေးနေသည့် နှစ်သန်းနှင့် တရားမဝင် ဈေးကွက်မှ ငါးသန်းဖြစ်သည်ဟု ဦးမောင်မောင်ဝင်းက ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ် စက်တင်ဘာ ၁၄ ရက်က ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။ ဦးမောင်မောင်ဝင်းက ဆက်လက်၍ ၂၀၁၃ ဆီးဂိမ်းအမီ မှောင်ခိုကုန်သွယ်မှု ဗဟိုဘဏ်အနေဖြင့် အဆုံးသတ်စေချင်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ ဗဟိုဘဏ်သည် တရားမဝင် ငွေကြေးစီးကြောင်းအား တရားဝင်လမ်းကြောင်းပေါ်သို့ တွန်းတင်ရေးအတွက် ဒေါ်လာဈေးတစ်မျိုးတည်း ဖြစ်စေရေး လုပ်ငန်းစဉ်အဖြစ် ဧပြီ ၁ ရက်မှ စတင်ကာ Authorzied Dealer လိုင်စင်ရရှိထားသော ဘဏ်များထံသို့ ဒေါ်လာကို လေလံပစ်ခြင်းဖြင့် managed float (ထိန်းကွပ်နှုန်းရှင်) စနစ်ကို စတင်ခဲ့သော်လည်း ယခုအချိန်ထိ ပြင်ပဈေးနှင့် တရားဝင်ဈေးသည် ကွာဟမှု ကြီးမားနေဆဲဖြစ်ပြီး ယင်းစနစ် စတင်မည်ဆိုသည့် အချိန်ကတည်းက ပြင်ပဈေးကွက်တွင် စီးဆင်းနေသည့် ပမာဏသည် မှန်းဆရန် ခက်ခဲသည့် အနေအထားဖြစ်ပြီး ဘဏ်များက ဝယ်ယူနိုင်သည့် ပမာဏနှင့် များစွာကွာခြားနေဖွယ်ရာရှိရာ ငွေလဲလှယ်နှုန်းထားချင်း နီးစပ်သွားစေရန် လွယ်ကူမည် မဟုတ်ကြောင်းနှင့် ဒေါ်လာငွေ လဲလှယ် ရောင်းချခွင့်အား ဘဏ်များကို သာမကဘဲ လက်ရှိဈေးကွက် အတွင်း ရောင်းဝယ်နေသူများကိုပါ တရားဝင် ခွင့်ပြုလိုက်ခြင်းဖြင့် အမှန်ဈေးနှုန်းကို ပေါ်ပေါက်စေသင့်ကြောင်း သုံးသပ်ပြောကြားသည်။ ဒေါ်လာငွေကြေး ရောင်းဝယ်သူ လက်ကြီးသမားတစ်ဦးက “အပြင်မှာ ဖြစ်နေတဲ့ဈေးက ပွဲစားတွေက အာချောင်ပြီး လုပ်ထားတဲ့ဈေး မဟုတ်ဘူး။ ရောင်းသူ ဝယ်သူ နှစ်သက်လို့ ဖြစ်နေတာ။ အမှန်တကယ် ဈေးနှုန်းပေါ်စေချင်ရင် ဘဏ်တွေကိုမှ မဟုတ်ဘဲ အားလုံးကို ယှဉ်ပြိုင်လုပ်ကိုင်ခွင့်ပေးသင့်တယ်။ ဒါဆိုရင် အားလုံးလက်ခံတဲ့ မျှခြေဈေးနှုန်း တစ်ခုတော့ ပေါ်လာမှာပေါ့” ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။
  

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်