Monday, October 07, 2013

နှစ် ၅ဝ ကျော် ပထမဆုံးပြန်လည်ကျင်းပသည့်Miss Universe Myanmar 2013 ပြိုင်ပွဲ

Posted by drmyochit Monday, October 07, 2013, under | No comments


Hello Madam Media Group က စီစဉ်တဲ့ Miss Universe Myanmar 2013 နောက်ဆုံးအဆင့် ယှဉ်ပြိုင်မှုအတွက် ရွေးချယ်ခံ ထားရတဲ့ Miss Universe Myanmar အယောက် ၂ဝကို လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရာ အောက်တိုဘာလ ၁ရက်နေ့၊ ညနေ၅ နာရီက အမျိုးသား ကဇာတ်ရုံမှာ ရီဟာဇယ်လေ့ကျင့်နေ ကြပါတယ်။ Show Director များ ဖြစ်တဲ့ မတင်မိုးလွင်နဲ့ ယိုးဒယားမယ်နှစ်ဦး တို့က လိုအပ်တာတွေကို သင်ကြားပြသ ပေးခဲ့ကြပါတယ်။ Miss Universe Myanmar များကိုသင် ကြားပြသ နေတဲ့Talents & Model ဂျင်စီမှ မတင်မိုးလွင်ကလည်း “ဒီ နေ့တစ်နေ့လုံး သူတို့ ကို သင်ကြားပေး တယ်။ ကလေးတွေ လည်း တအားပင် ပန်းနေပြီ။ လမ်း လျှောက်ရတာတောင် နာလားမနာလား မသိတော့ဘူး။ ထုံနေပြီလို့ ကလေးတွေက လည်း ပြောကြတယ်။ လမ်းလျှောက်ပုံ လျှောက်နည်းလေးတွေ လိုအပ်တာအကုန်လုံး ကိုတော့ သင်ကြားပေးနေတယ်” လို့ ပြော ပြခဲ့ပါတယ်။ Miss Myanmar များ ကလည်း ရှိုးလျှောက်တဲ့အခါ သေ သပ်မှုရှိအောင် ရှိုးလျှောက်ပုံ လျှောက် နည်းတွေကို လေ့ ကျင့်နေခဲ့ကြသလို၊ ပြိုင်ပွဲမစတင်မီအကြို နှုတ်ခွန်းဆက် တဲ့အခါ ချွတ်ချော်မှုမရှိ စေရေး အတွက်ကိုလည်း လေ့ကျင့်ပြင်ဆင်နေ ကြတာကိုတွေ့ရပါတယ်။ ဒါ့အပြင် ထိုင်း အလှမယ် နှစ်ဦးရဲ့ လမ်းညွှန်မှုတွေနဲ့ အတူဆု ကြေညာ တဲ့အခါ၊ ဓာတ်ပုံရိုက် ကူးတဲ့အခါနေရ မယ့် အနေအထားနဲ့ မျက်နှာအနေအထား စသဖြင့် ပြိုင်ပွဲဝင်နေ့မှာ အဆင်ြေ ပရေး အတွက် Miss Myanmar များက သေချာလေ့ကျင့်နေကြ ပါတယ်။ပြိုင်ပွဲဝင်မယ့် နေ့ရောက်သည့်တိုင်လေ့ ကျင့်မှုတွေဆက်တိုက်လုပ် နေကြတာကိုတွေ့ ရပါတယ်။


Miss Universe Myan-mar 2013 ရဲ့ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ပွဲကို အောက်တိုဘာ ၃ရက်နေ့၊ ညနေ ၅နာရီတွင် ရန်ကုန်မြို့ အမျိုးသားကဇာတ် ရုံတွင် အောင်မြင် စွာကျင်းပ ပြု လုပ်ခဲ့ပါတယ်။ အခမ်းအနားမှူး အဖြစ် စိုင်းစိုင်းခမ်းလှိုင်နဲ့ တင် မိုးလွင်တို့က ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို မြန်မာ နိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ ချုပ်နာ ယက ဒေါ်ခင်သက် ဌေး၊President of Miss Uni-verse Organization, Mrs PAULA M. SHUGART၊ မြန်မာ နိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ ချုပ်နာယက ဒေါ်နီနီ ဝင်း၊ မြန်မာနိုင်ငံအမျိုးသမီး အားကစား အဖွဲ့ချုပ်တာဝန်ခံနာယက ပါ မောက္ခဒေါက်တာ ဒေါ်ခင်ဆွေ မြင့်၊မြန်မာနိုင်ငံအမျိုးသမီး အား ကစားအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါ်Lခွန်းရီ ၊မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်နာယကMiss Universe Myanmar Organization&JUNational Director ဒေါ်စိုးယုဝေနဲ့ ထူးဖောင်ဒေးရှင်း မှ တာဝန်ရှိသူတစ်ဦးတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။အဲဒီ နောက် Mrs PAULAM SHUGART က အဖွင့်အမှာစကားပြောကြားခဲ့ ပါတယ်။ အဆိုတော်မိုးမိုးကBurma Myanmar သီချင်းကို ဂီတမိတ်အဖွဲ့နဲ့ သီဆိုဖွင့် လှစ်ခဲ့ပြီး ၁၉၆ဝခုနှစ်ကMiss Universe ပြိုင်ပွဲမှာ ဒေါ်မြင့်မြင့်မေMiss Con-geniality ဆုရရှိခဲ့တဲ့ ဗီဒီယို ဖိုင်ကို ပြ သခဲ့ပါတယ်။ ဆက် လက်ပြီး ဒါရိုက်တာမောင် မျိုးမင်း(ရင်တွင်းဖြစ်)ပုံ ဖော် ရိုက်ကူးထားတဲ့ အမျိုး သမီးများရဲ့ဘဝ အလှတရားများ မှတ် တမ်းဗီဒီယိုကို LED ဖြင့် ပြသ ခဲ့ပါတယ်။ ပထမအဆင့် ယှဉ်ပြိုင် မှုအနေနဲ့ အင်းလေး ဒေသနောက်ခံ ရှုခင်း အလှနဲ့ ပန်းအိဖြူရဲ့ ‘နောင်အင်းလေး’ သီချင်း၊ဘိုဖြူရဲ့ ‘လက်တီး’ သီ ချင်း တို့ ဖြင့် အလှ မယ်
၂ဝဦးတို့က မြန် မာဝတ်စုံဖြင့် လျှောက် လှမ်းခဲ့ကြပြီး တစ်ဦး ချင်းမိတ်ဆက်စကား ပြောကြားခဲ့ပါတယ်။အကဲ ဖြတ်ဒိုင်များအဖြစ် မြန်မာ နိုင်ငံအမျိုးသမီး အား ကစားအဖွဲ့ ချုပ်ဒုဥက္ကဋ္ဌ ဒေါ် L ခွန်း ရီ၊ အကယ်ဒမီ ထွန်းအိန္ဒြာ ဗို၊ံHtoo Group of Companies, Exe-cutive Director of Air Bagan Limited မှ ဒေါ်အိမွန်ထူး၊ တေးရေးေ စာခူ ဆဲ၊ ပြည့်ဝေသျှန် Group of Companies, Chair Person ဒေါ်ကလျာ ပြည့်ဝေသျှန်နဲ့ The Best Make Up Artist Asia Award မိတ်ကပ်တိုးတိုးတို့က အကဲ ဖြတ် အမှတ်ပေးခဲ့ကြပါ တယ်။ဒုတိယအဆင့်ယှဉ်ပြိုင် မှုမှာတော့ကမ်းခြေ နောက် ခံ ဒီဇိုင်းများနဲ့ အတူအလှမယ် များက ရေကူး ဝတ်စုံ ဖြင့် ယှဉ်ပြိုင်ခဲ့ ပါတယ်။မြန်မာနိုင်ငံ မှာရေကူးဝတ် စုံဝတ်ဆင် ပြီး ယှဉ်ပြိုင်တာ ပထမဦး ဆုံးအကြိမ်ဖြစ်ပြီး ရေကူးဝတ်စုံကိုဝတ်ဆင်စေခြင်းက မြန်မာ အမျိုးသမီးအလှမယ်များရဲ့ ကျန်းမာကြံ့ ခိုင်မှုအဆီနည်း ပါးမှုတို့ကိုအကဲဖြတ် အမှတ်ပေးချင်တာကြောင့်ဝတ်ဆင်ရ ခြင်းဖြစ်ကြောင်းအစီအစဉ်တင်ဆက်သူ များကပြောပြခဲ့ပါတယ်။တတိယအဆင့် ယှဉ်ပြိုင်မှုမှာတော့ပုဂံေ ခတ်ဆက်တင် ပြင်ဆင်မှုနဲ့အလှမယ်လေးများက ညနေ ခင်းဝတ်စုံနဲ့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။


Miss Universe Myanmar 2013 ဆုကိုခါးနံပါတ်(၁၆)မိုးစက်ဝိုင်က ဆွတ် ခူးသွားခဲ့ပြီးMiss Universe Mya-nmar 2013 Title ဆုအတွက် ဆုငွေ သိန်း တစ်ရာ၊Honda Fit ကား တစ်စီး၊ ရုရှားနိုင်ငံမှာ ကျင်းပမယ့် Miss Universe 2013 ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်၊ မိတ်ကပ်နှင့်ပွဲတက်ဝတ်စုံ တစ်နှစ်စာ စပွန်ဆာ၊ သိန်း ၂ဝ တန် သရဖူတစ်ခု၊ bsc Cosmetics များ၊Organizer နဲ့အတူအနုပညာလုပ်ငန်း များ၊ ပရဟိတလုပ်ငန်းများ နှစ်နှစ်စာပြုလုပ် ခွင့်တို့ ရရှိမှာဖြစ်ပါတယ်။ 1st Runner Up ဆုကိုအေးချမ်းမိုး(၄)၊ 2nd Runner Upဆု ကို မြတ်နှင်းဖြူ(၁၅)၊ ၃မ 3rd Runner Upစဆုကို နှင်းယမုံဦး (၁၉)၊ 4th Runner Up ဆုကို မေချစ်ပုံ (၁ဝ) တို့ကရရှိခဲ့ ပါတယ်။ဒါ့အပြင် Miss Environment ဆုကို Michelle (၅)၊ Miss Healthy & Beautiful Skin ဆုနဲ့ Miss Body Perfect ဆုကို မြတ်နှင်းဖြူ (၁၅)၊
Miss Photogenic ဆုကို အေးချမ်းမိုး (၄)၊ Miss Beautiful Smile ဆုကို မေချစ်ပုံ (၁ဝ)၊ Miss Healthy Skin ဆုနဲ့ Miss Famous ဆုတို့ကို မိုးစက်ဝိုင် (၁၆)တို့က ရရှိခဲ့ပါတယ်။နှစ် ၅ဝကျော် အကြာမှာ မြန်မာနိုင်ငံရဲ့ကိုယ်စားပြုအနေနဲ့ ပထမဦး ဆုံး ပြန်လည်ယှဉ်ပြိုင်ရမယ့်Miss Universe Myanmar 2013 အလှမယ်တစ်ဦးေ ပ်ါပေါက်လာခဲ့ပြီဖြစ်ပြီး ရုရှားနိုင်ငံ၊ မော် စကိုမြို့မှာနိုဝင်ဘာလထဲမှာ သွားရောက် ယှဉ်ပြိုင်ရ မှာဖြစ်ပါ တယ်။၁၉၆ဝခုနှစ်မှာတော့ Miss Universe ပြိုင်ပွဲမှာ မြန်မာ နိုင်ငံကိုယ်စားပြုအနေနဲ့ ဒေါ်မြင့်မြင့်မေက သွားရောက်ယှဉ် ပြိုင်ခဲ့ပြီးMiss Congeniality ဆုကိုရရှိခဲ့ပါတယ်။ 

ပေါ်ပြူလာအဖွဲ့

ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)၊ မင်းမင်းထွန်း

မိခင်ဖြစ်သူကို သတ်၊ အလောင်းဖျောက်သည့် ပထွေးကို အမှုဖွင့်

Posted by drmyochit Monday, October 07, 2013, under | No comments


မိခင်ဖြစ်သူကို သတ်ဖြတ်ပြီး အလောင်းဖျောက်ခဲ့သည့် ပထွေးတော်စပ်သူကို သေဆုံးသူ၏ သမီးက အမှုဖွင့် တိုင်တန်းလိုက်သဖြင့် ဒလရဲစခန်းက အောက်တိုဘာ ၅ ရက်တွင် အမှုဖွင့်စစ်ဆေးနေကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးက ဆိုသည်။

အမှုကို သေဆုံးခဲ့သူ၏သမီး ဒလမြို့နယ်နေသူ မရွှေသိန်းသူက အမှုဖွင့်တိုင်တန်းထားခြင်းဖြစ်သည်။

(သေဆုံးသူ) ဒေါ်တုံးလုံးသည် ၎င်း၏ နောက်အိမ်ထောင်ဖြစ်သူ ရေလုပ်သား ၀င်းထွဋ်(ခ)ရဲအောင်နှင့်အတူ လက်ခတ်လှေတစ်စင်းဖြင့် ရန်ကုန်မြစ်အတွင်း ငါးဖမ်းသွားရာမှ တစ်လအကြာထိ ပြန်လည်ရောက်ရှိမလာသဖြင့် ဒေါ်တုံးလုံး၏ သမီးဖြစ်သူက စုံးစမ်းခဲ့သည်။

ထို့ကြောင့် အောက်တိုဘာလ ၂ ရက် ညနေတွင် ပထွေးဖြစ်သူ ၀င်းထွဋ်(ခ)ရဲအောင်၏ ညီမဖြစ်သူ မကြည်ထွေးနှင့်
ယောက်ဖဖြစ်သူ နေလင်းဆိုသူတို့၏ ပြောပြချက်အရ မိခင်ဖြစ်သူ အသတ်ခံရခြင်းကို သိရှိခဲ့ရသည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

လွန်ခဲ့သော (၁၅)ရက်ခန့်က ဆိပ်ကမ်းမြို့နယ်၊ ဗိုလ်တထောင်အမှတ် (၆) ဗောတံတားကမ်းစပ်ရှိ လက်ခတ်လှေပေါ်တွင် ၀င်းထွဋ်(ခ)ရဲအောင်က အရက်သေစာသောက်စားပြီး ဒေါ်တုံးလုံးနှင့် စကားများခဲ့ကြသည်ဟု ဆိုထားသည်။

ထို့နောက် ၀င်းထွဋ်ဆိုသူက မိခင်ဖြစ်သူအား လှေဘောင်ဖြင့် ဆောင့်၍ သေဆုံးသွားသဖြင့် သန်လျင် ရေနံချက်စက်ရုံအနီး ရန်ကုန်မြစ်အတွင်း၌ လှေပေါ်မှ အလောင်းကို မျှောချလိုက်ကြောင်း သိရှိခဲ့ရသည်ဟုလည်း တရားလိုက ရဲအား ပြောပြထားသည်။

ထို့ကြောင့် မိခင်ဖြစ်သူအား သတ်ပြီး အလောင်းဖျောက်သည့် ပထွေးတော်စပ်သူ ၀င်းထွဋ်(ခ) ရဲအောင်အား အရေးယူပေးရန် စွပ်စွဲတိုင်တန်းထားခြင်းဖြစ်သည်။

ယင်းတိုင်တန်းမှုကို ဒလရဲစခန်းက (ပ)၄၄၅/၂၀၁၃ဖြင့် အမှုဖွင့်ပြီး စွပ်စွဲတိုင်တန်းခံရသူအား ဖမ်းဆီးစစ်ဆေးနေပြီး ပြစ်မှုကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိပါက ပြစ်မှုပုဒ်မ ၃၀၂/၂၀၁ ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲတပ်ဖွဲ့မှူး ရုံးကဆိုထားသည်။



Mizzima - News in Burmese

မိုးစက်ဝိုင်က ဖိုးလပြည့်နှင့်မပတ်သက်ကြောင်းငြင်းဆို

Posted by drmyochit Monday, October 07, 2013, under | No comments


အငြိမ်းစားဗိုလ်ချုပ်မှုးကြီး ဦးသန်းရွှေ၏မြေး နေရွှေသွေးအောင်(ခ)ဖိုးလပြည့် နှင့် မကြာသေးမီက 2013 Miss Universe Myanmar ရရှိထားသူ မိုးစက်ဝိုင်တို့ဓါတ်ပုံများမှာ Facebook လူမှုကွန်ရက်စာမျက်နှာ၌ ပျံ့နှံ့ခဲ့သည့်အပေါ် သူမနှင့် နေရွှေသွေးအောင်(ခ)ဖိုးလပြည့် တို့လုံးဝပတ်သက်မှုမရှိကြောင်း မိုးစက်ဝိုင်က ငြင်းဆိုလိုက်သည်။

“ဖိုးလပြည့်နဲ့ လုံးဝပတ်သက်မှုမရှိပါဘူး”ဟု ယင်းက ၇.၁၀.၂၀၁၃ ရက်နေ့က ရန်ကုန်မြို့ Park Royal တွင် ကျင်းပသည့် Miss Universe Myanmar ဆုပေးပွဲအခမ်းအနားတွင် ယင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း အဆိုပါ ဓါတ်ပုံများ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်း Vote လုပ်သူများအနေဖြင့် အပြောင်းအလဲဖြစ်လာသူများရှိကြောင်း မိုးစက်ဝိုင်က ဆိုသည်။

“အရင်က vote လုပ်တဲ့သူတွေက ရှိသေးပါတယ်။တချို့အကြောင်းအမျိုးမျိုးကြောင့် ပြောင်းလဲလာတာတွေတော့ ရှိပါတယ်။ဒါပေမယ့် အရင်ကလိုပဲယုံကြည်လက်ခံပေးကြပါ၊အခုလိုဖြေရှင်းတာကိုလည်း နားဝင်ကြမယ် ထင်ပါတယ်။”ဟုသူကပြောသည်။
၅.၁၀.၂၀၁၃ ရက်နေ့ ညနေ ၃နာရီခွဲအချိန်က တက္ကသိုလ်များ ချန်ပီယံလိဂ်ဖွင့်ပွဲကို နာရီကရန်ကုန်ယူနိုက်တက် အသင်းပိုင် မြက်ခင်းတုကွင်းတွင် ကျင်းပရာရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေ ၊ အားကစားဝန်ကြီးဋ္ဌာနပြည်ထောင်စုဒုတိယ၀န်ကြီး ဦးသောင်းထိုက်၊ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ ၏ မြေးဖြစ်သူ ကိုနေရွှေသွေးအောင်( ဖိုးလပြည့်)တို့ ကတက်ရောက်ကြပြီး အဆိုပါ အခမ်းအနားကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် 2013 Miss Universe Myanmar မိုးစက်ဝိုင် မှ တက္ကသိုလ်များချန်ပီယံလိဂ်ဆုဖလားကြီးအား ဖွင့်ပွဲစဉ်အခမ်းအနားရှိ ပရိသတ်များရှေ့မှောက်သို့ သယ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
မိုးစက်ဝိုင်က သူမကိုယင်းအခမ်းအနားသို့တက်ရောက်ရန် အားကစားဝန်ကြီးဌါနက ဖိတ်ကြားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“မိုးစက်ကို အားကစားဝန်ကြီးဌါနက ဖိတ်လို့ သွားတာပါ။ဒဂုံတက္ကသိုက်ကျောင်းသူတစ်ယောက်အနေနဲ့ရော Miss အနေနဲ့ရော သွားတာဖြစ်ပါတယ်။ အင်တာနက်က ကောလဟာလတွေကြောင့် ပရိသတ်က အထင်လွဲတာဖြစ်တယ်”ဟုယင်းက ပြောသည်။

မြန်မာနိုင်ငံသည် မယ်စကြာပြိုင်ပွဲကို၁၉၆၁ခုနှစ်က နောက်ဆုံးဝင်ရောက်ယှဉ်ပြိင်ခဲ့ခြင်းဖြစ်သောကြောင့် Miss Universe ပြိုင်ပွဲသို့ နှစ်ပေါင်း ၅၀ ကျော်မှ ပြန်လည် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုအရွေးချယ်ခံထားရသူ မိုးစက်ဝိုင်အနေဖြင့် လာမည့် နိုဝင်ဘာလ ၉ ရက်နေ့တွင် ရုရှနိုင်ငံ မော်စကိုမြို့၌ကျင်းပမည့် Miss Universe 2013 ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။

မိုးစက်ဝိုင်သည် Talents & Models Agency မှ သင်တန်းဆင်းခဲ့သူဖြစ်ပြီး Ve Ve အချိုရည်ကို ကြော်ငြာခဲ့ဖူးကြောင်း၊ဒဂုံတက္ကသိုလ်မှ အင်္ဂလိပ်စာ အဓိကဖြင့် ဘွဲ့ရရှိထားသူဖြစ်သည့်အပြင် အမေရိကန်နိုင်ငံ ၌ B.A in Business Marketing ဘွဲ့ကို ရရှိထားပြီး ယင်းနိုင်ငံတွင်ပင် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်းသိရသည်။

မိုးစက်ဝိုင်သည် ၃.၁၀.၂၀၁၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊အမျိုးသား ကဇာတ်ရုံ၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ် Miss Universe ပြိုင်ပွဲတွင် Miss Universe ဆုရရှိခဲ့သူ ဖြစ်သည်။


News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဒညင်းကုန်းဈေးတွင် ကလေးငယ်တစ်ဦး ခိုးယူခံရမှုဖြစ်ပွား

Posted by drmyochit Monday, October 07, 2013, under | No comments



အင်းစိန်မြို့နယ် ဒညင်းကုန်းဈေးတွင် ကလေးငယ်တစ်ဦး ခိုးယူခံမှုတစ်ခု အောက်တိုဘာ ၄ ရက် ညနေ ၄ နာရီ ၅၀ မိနစ်အချိန်က ဖြစ်ပွားခဲ့သည်။

၎င်းအမှုတွင် တ/၁၅ ရပ်ကွက်၊ ရွှေပြည်သာနေသူ ပျံကျဈေးသည် မသင်းသင်းထွေးသည် ခင်ပွန်းဖြစ်သူ ကိုခင်မောင်ဇင် (၃၆)နှစ်နှင့်အတူ ဒညင်းကုန်းဘူတာ အမှတ်(၄) ရထားသံလမ်းဘေး ဈေးဆိုင်တန်းတွင် ဒညင်းသီး
ရောင်းချနေစဉ် သားငယ်ဖြစ်သူမှာ ခိုးယူခံရခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

ခိုးယူခံရသူမှာ အသက်တစ်နှစ်နှင့်တစ်လသာရှိသေးပြီး ဆိုင်ရှေ့ကစားနေစဉ် မိန်းမတစ်ဦးက ယူချီပြေးသွား
ကြောင်း ဆိုင်ချင်းကပ်လျက် ကုန်ခြောက်ရောင်းသူ မမြင့်မြင့်အေးမှ ပြောပြသဖြင့် လိုက်လံဖမ်းဆီးခဲ့ခြင်းလည်း
ဖြစ်သည်။

ထို့ကြောင့် ကလေးခိုးယူသွားသူကို ဒညင်းကုန်းဈေး (ဃ)ရုံ၊ ဆေးဆိုင်တစ်ခုရှေ့တွင် ကလေးငယ်နှင့်အတူ ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ကလေးငယ်အား ခိုးယူသွားသူမှာ မသန်းဌေး(၄၀)နှစ်၊ ကျပန်း၊အင်ကုန်းရွာ၊ ဥက္ကံမြို့၊ တိုက်ကြီးမြို့နယ်နေသူဟု ရဲတပ်ဖွဲ့ကအတည်ပြုထားသည်။

၎င်းကို အရေးယူပေးရန် မသင်းသင်းထွေးက တရားလိုပြုလုပ်တိုင်တန်းခဲ့သည်။ ယင်းတိုင်တန်းမှုကို အင်းစိန် ရဲစခန်းက (ပ) ၁၀၆၁/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးရမိထားသူအား စစ်ဆေးလျက်ရှိကာ ပြစ်မှုထင်ရှားပါက ပုဒ်မ ၃၆၃ဖြင့် တရားစွဲတင်သွားမည်ဟု တိုင်းရဲတပ်ဖွဲ့မှ သိရသည်။


Mizzima - News in Burmese

မေဆွိနဲ့ မေခလာတို့ရဲ့Two Lady Show

Posted by drmyochit Monday, October 07, 2013, under | No comments


မေဆွိနဲ့ မေခလာတို့ရဲ့ Two Lady Show ပြုလုပ်မယ့် အကြောင်း စာနယ်ဇင်းရှင်းလင်းပွဲကို အောက်တိုဘာ ၁ရက်၊ နေ့ခင်း ၁နာရီက စင်ထရယ်ဟိုတယ်မှာ ပြုလုပ် ခဲ့ပါတယ်။ မေဆွိနဲ့ မေခလာတို့ ရဲ့Two Lady Show ကို အောက်တိုဘာ၁၁ရက် ညနေ ၇နာရီတွင် ပြုလုပ်မှာဖြစ်ပြီး Plus Three တီး ဝိုင်းက တီးခတ်ပေးမှာဖြစ်ပါ တယ်။ မေဆွိနဲ့ မေခလာ တို့က နှစ်ယောက်ပေါင်း သီချင်း အပုဒ်ရေ ၄ဝကျော်လောက်ဖျော်ဖြေကြ မှာဖြစ်ပြီးစုံတွဲသီချင်းတွေအပြင်တစ် ယောက်ချင်းရဲ့ သီဆိုဖျော်ဖြေမှု ကိုလည်း ပရိသတ်တွေနားထောင်ရမှာဖြစ်ပါ တယ်။Two Lady Show မှာ ဟဲ လေး၊မိုးမိုး၊ရဲသွေးနောင်၊ဝေလျှံ၊ ရှိုင်း ဝေယံတို့လည်း ပါဝင်သီဆိုပေးကြ မှာဖြစ်တယ် လို့သိရပါတယ်။ “အရင် တုန်းကသီချင်းတွေ ပိုများတယ်။ စုံတွဲသီချင်းတွေကတော့ကိုကို စိတ် ကူးယဉ်တို့၊ကော်လံပေါ်ကနှုတ် ခမ်းနီတို့ ဒီသီချင်းတွေကို စီစဉ်ထားတယ်” လို့မေခလာကပြောပါ တယ်။ပွဲကရရှိတဲ့ငွေကြေးများကို လည်းပညာမြေကျောင်းက ကလေးများအ တွက်စာရေးကိရိယာများလှူဒါန်းမှာဖြစ်သ လို၊ ဆီးဂိမ်းအားကစား သများအတွက် Fan အဖြစ် ထည့်ဝင်လှူဒါန်းသွားမှာဖြစ်တယ်လို့သိရပါတယ်။

ဆိုင်ကယ် ကယ်ရီလိုက်သွားရာမှ ထူးဆန်းစွာ လူသတ်မှုဖြစ်

Posted by drmyochit Monday, October 07, 2013, under | No comments


2.10.2013 ရက်နေ့ ည ပြည်မြို့ ကိုးသောင်း ရှမ်းစုရပ်ကွက်နေ ကိုတင်ရှိန် (ခ) ကိုချင်းလေးသည် ဆိုင်ကယ်ကယ်ရီလိုက်သွားရာမှ လူသတ်မှုဖြစ် သေဆုံးခဲ့သည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်ပြီး သေဆုံးသူ၏ ညီမဖြစ်သူ မတင်တင်ဝင်းမှ ပြည်သတင်းသို့ ပြောကြားခဲ့သည်မှာ ...

ကိုချင်းလေးသည် 2.10.2013 ရက်နေ့ ည 9 နာရီ 30 မိနစ် အချိန်ခန့်တွင် ဆိုင်ကယ် ကယ်ရီလိုက်သွားသည်ဟု သိရှိရပြီး ည 11 နာရီ 30 အချိန်ခန့်တွင် P.T.U ကျောင်းနှင့် ဇာတ်ငါးရာကြားရှိ ပိုရွာသို့ သွားသောလမ်းမပေါ် ခရီးတ၀က်ခန့်တွင်ရှိသော ဇရပ်၏အနီး ၀ါးနှစ်ပြန်ခန့်အကွာတွင် သေဆုံးသူ၏ အလောင်းကိုတွေ့ရှိရပါသည်။ ထို့အပြင် သေဆုံးသူနှင့်အတူ လည်းကောင်းပိုင်ဆိုင်သော ဆိုင်ကယ်၊ လက်ကိုင်ဖုန်းတို့ကိုလည်းတွေ့ရှိရပြီး ထူးခြားသည်မှာ ဖိနပ်စီးလျှက်အနေအထားနှင့် အနီးပတ်ဝန်းကျင်တွင် သွေးကွက်မရှိခြင်း၊ လုံးထွေးသတ်ပုတ်ထားသည့် အသွင်အပြင်မရှိခြင်း၊ ဆိုင်ကယ်ဦးတည်ရာမှာ လမ်းမကြီးဘက်သို့ ဦးတည်ထားခြင်းတို့ဖြစ်ပါသည်။

အဆိုပါ ကိုတင်ရှိန် (ခ) ကိုချင်းလေး အသတ်ခံရမှုအား ပေါင်းတလည် ရဲစခန်းမှ စခန်းမှုး ဦးနိုင်ဝင်း ဦးဆောင်ပြီး ဒုရဲအုပ် ဦးကျော်ဇင်ထိုက်တို့မှ အမှုမှန် အမြန်ဆုံးပေါ်ပေါက်ရေးအတွက် အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သေဆုံးသူ၏ ညီမဖြစ်သူ မတင်တင်ငွေမှ ပြည်သတင်းသို့ ပြောကြားသွားပါသည်။

 ပြည်သတင်း
From= သစ်ထူးလွင်

မိုးစက်ဝိုင်ကို ဝေဖန်မှုတွေ ပြန်သုံးသပ်ပေးရန် ဒေါ်အယ်လ်ခွန်းရီ ပြော

Posted by drmyochit Monday, October 07, 2013, under | 2 comments

Miss Universe Myanmar 2013 ဆုရှင် မိုးစက်ဝိုင်နဲ့ နောက်ဆုံး ဇကာတင် ၅ ဦး

Miss Universe Myanmar 2013 သရဖူဆုရှင် မိုးစက်ဝိုင်အပေါ် အင်တာနက် အွန်လိုင်းတွေမှာ ဝေဖန်ကြ တာတွေနဲ့ပတ်သက်ပြီး ပြန်သုံးသပ်ဖို့ ဒေါ်အလ်ခွန်းရီက တိုက်တွန်း ထားပါတယ်။  ဒေါ်အယ်လ်ခွန်းရီဟာ Miss Universe Myanmar 2013 ဆုရွေးချယ်ရေးအဖွဲ့ထဲက ဒိုင်တဦးလည်း  ဖြစ်ပါတယ်။

အပြည့်အစုံကို Miss Myanmar Universe အင်တာနက် စာမျက်နှာကတဆင့် ပြန်လည် ကူးယူဖော်ပြပေး လိုက် ပါတယ်။

 "အားကစားဝန်င်္ကြီးဋ္ဌာနရဲ့လမ်းညွှန်ကြီးကြပ်မှု ၊ကူညီပံ့ပိုးပေးမှုတို့နဲ့အတူ Hello Madam Co. က
ငွေကြေး   များစွာ အကုန်အကျခံပြီး Miss Universe ပြိုင်ပွဲ မှာ နိုင်ငံ့ ကိုယ်စားပြု ပါဝင်ပြီး သွားရောက် ယှဉ်ပြိုင်နိုင်ဖို့အတွက် ၃.၁၀.၀၁၃ ရက်နေ့ က မယ်ရွေးပွဲကျင်းပခဲ့ပါတယ်..

အပြည်ပြည်ဆိုင်ရာအတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကြံဥာဏ်များကိုပါ ရယူပြီး သမာသမတ်ကျတဲ့ ကျမတို့ ဒိုင်တွေက မှန်မှန် ကန်ကန် ဆုံးဖြတ်ရွေးချယ်ပေးခဲ့ကြတာကိုလည်း အားလုံး အသိပဲ  ဖြစ်ပါ လိမ့်မယ်.. နိုင်ငံတကာမှာလည်း ထုံးစံအတိုင်း မယ်တစ်ယောက်ဖြစ်လာပြီဆိုတာနဲ့ အလိုအလျောက် လူမှုရေး သံတမာန် အဖြစ် ထမ်းဆောင်ကြရလေ့ ရှိတာကို မေ့ မထားသင့်ပါဘူး...

အများ ပြည်သူနဲ့ ပါတ်သက်တဲ့ လုပ်ငန်းတွေဖြစ်တဲ့ ပရဟိတ လုပ်ငန်းတွေမှာဖြစ်စေ၊ လူမှုရေးလုပ်ငန်းတွေ မှာဖြစ်စေ၊ အားကစားလုပ်ငန်းတွေ မှာ ဖြစ်စေ ပါဝင်ကူညီပေးရမှာပါပဲ..

သူလည်း တစ်ချိန်က တက္ကသိုလ်  ကျောင်းသူ တစ်ဦးဖြစ်ခဲ့ဖူးတာမို့ ဒီလို အားကစား အတွက် ကူညီပေး ခဲ့မိတာလေးနဲ့ပဲ ဒီလောက်အပြစ်ကြီး သွားရလောက်အောင် ၀ိုင်းဝန်းပြီး ဝေဖန်ပြောဆိုနေဖို့တော့ မသင့်ဘူး လို့ ထင်ပါတယ်..

အခုတော့ သူ့ခမျာ တစ်ဖက်သတ် အထင်လွဲခံရပြီး သွားပုပ်လေလွင့် ပြောဆိုခံနေရတာကို မြင်တွေ့ ကြားသိနေရတော့ ကလေး မလေး အတွက် အလွန်ပဲ နစ်နာလှတာမို့ စိတ်မကောင်းဖြစ်မိပါတယ်..

၅.၁၀.၂၀၁၃ ရက်နေ့ကလည်း မကျင်းပဖြစ်တာ နှစ်ပေါင်းအတော်ကြာပြီ ဖြစ်တဲ့ တက္ကသိုလ် ပေါင်းစုံ
ဘောလုံးပြိုင်ပွဲမှာ အစီအစဉ်အတိုင်း ကျောင်းသားအားကစား သမားလေးတွေကို ဂုဏ်ပြုသောအားဖြင့် တာဝန်ပေးတဲ့အတိုင်း ဆုဖလား သယ်ဆောင်ပေးခဲ့ရတာ နဲ့ ပါတ်သက်လို့ ဘာအပြစ်မှ မရှိတဲ့ မိုးစက်ဝိုင် ကို ဘာကြောင့်များ နစ်နစ်နာနာ အပြစ်တင်စကား ပြောချင်ခဲ့ကြရသလဲ ဆိုတာ မစဉ်းစား တတ်အောင် ပါပဲ..

ဒါကြောင့် သားသမီးချင်း နှမချင်း ကိုယ်ချင်းစာနာပြီး အကောင်းမြင် စိတ်ကလေးနဲ့ပြန်လည် သုံးသပ်ပေး ကြစေချင်ပါတယ်.."  လို့

 ဒေါ်အယ်လ်ခွန်းရီက မေတ္တာရပ်ခံထားတာကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

တောင်ကိုရီးယားနှင့် အမေရိကန်ကို မြောက်ကိုရီးယားခြိမ်းခြောက်

Posted by drmyochit Monday, October 07, 2013, under | No comments


တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ကာကွယ်ရေး မဟာဗျူဟာဆိုင်ရာ ချဉ်းကပ်မှု စာချုပ်သစ် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့

တောင်ကိုရီးယားနှင့် အမေရိကန်ကို မြောက်ကိုရီးယားခြိမ်းခြောက်
အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးပူးပေါင်းမှု စာချုပ်သစ်နှင့် ပတ်သက်ပြီး မြောက်ကိုရီးယားက ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ် လိုက်သည်။ တနင်္လာနေ့တွင် မြောက်ကိုရီးယား အစိုးရက ယခုစာချုပ်နှင့် ပတ်သက်ပြီး တောင်ကိုရီးယားသည် နျူကလီးယားဖြင့် တိုက်ခိုက်မှု၊ အဆုံးစွန်ထိ ဖျက်ဆီးမှုများနှင့် ကြုံရနိုင်ကြောင်း ခြိမ်းခြောက်သွားခဲ့ သည်။ တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ကာကွယ်ရေး မဟာဗျူဟာဆိုင်ရာ ချဉ်းကပ်မှု စာချုပ်သစ် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ယင်းသဘောတူညီချက် အသေးစိတ်ကို မဖော်ပြသော်လည်း ကိုရီးယား ကျွန်းဆွယ်တွင် မြောက် ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှုများမှ ကာကွယ်ရန် ပူးပေါင်းမှုအဖြစ် မီဒီယာများက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား၏ ကိုရီးယား နှစ်နိုင်ငံ ငြိမ်းချမ်းစွာ ပေါင်းစည်းရေး ကော် မတီ (CPK)က အဆိုပါ စာချုပ်သည် ပျက်စီးရာ ပျက်စီးကြောင်း ရွေးချယ်မှု တစ်ခုအတွက် ရန်စခြင်းဟု စွပ်စွဲလိုက်သလို ကျွန်းဆွယ်ဒေသတွင် နျူက လီးယား စစ်ပွဲတစ်ခု အစပြုလာနိုင်ကြောင်း ခြိမ်းခြောက်ခဲ့သည်။ "နောက်ဆုံး ချုပ်ဆိုလိုက်တဲ့ စစ်ရေးပူးပေါင်းမှု ဆိုတာက ကိုရီးယား ကျွန်းဆွယ်မှာ ပဋိပက္ခတွေ ပြန်ပြီး စိုးမိုးလာအောင် ဖန်တီးလိုက်တာပါပဲ။ အဆုံးအဖြတ် အမှားအယွင်းလေး တစ်ခုဟာ နျူကလီးယား စစ်ပွဲကြီး စတင်ဖို့ ခလုတ်ဖြုတ်လိုက်တာ ဖြစ်သွားနိုင်တယ် ဆိုတာကို မမေ့ဖို့ လိုပါတယ်"ဟု CPKက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် "တကယ်လို့ ရန်သူတွေဟာ ကျွန်ုပ်တို့ နိုင်ငံကို ဆန့်ကျင်ဖို့ ပူးပေါင်းကြံစည်မှုတွေ ဆက်လုပ်နေမယ် ဆိုရင်တော့ ကျွန်ုပ်တို့ အနေနဲ့လည်း အကြင်နာတရား ကင်းမဲ့တဲ့ တိုက်ခိုက်မှု တစ်ခုကို အစပြုဖို့ စဉ်းစားရလိမ့်မယ်။ ဒါဟာ ရန်သူတွေအတွက် အဆုံးသတ် ပျက်စီးရာလည်း ဖြစ်သွားလိမ့်မယ်"ဟုပါ အတိအလင်း ခြိမ်းခြောက်ထားသည်။ မြောက်ကိုရီးယားသည် ယခုနှစ် အစောပိုင်းကလည်း အက်တမ်ဗုံးတစ်လုံး စမ်းသပ်ဖောက်ခွဲပြီးနောက် အမေရိကန်နှင့် တောင်ကိုရီးယားတို့ကို ခြိမ်းခြောက်ခဲ့ဖူးပြီး ထိုစဉ်က အမေရိကန်ကလည်း B2 Spirit ကိုယ်ပျောက် ဗုံးကြဲ လေယာဉ်ကြီးများကို ကိုရီးယား ကျွန်းဆွယ်ပေါ် ဖြတ်ပျံပြပြီး တုံ့ပြန်ခဲ့သည်။ တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် အခြားမဟာမိတ် နိုင်ငံတစ်ခုဖြစ်သည့် ဂျပန်နှင့်ပါ ပူးပေါင်းပြီး ယခုသီတင်းပတ်အတွင်း ရေတပ်စစ်ရေးလေ့ကျင့်မှု တစ်ခု ပြုလုပ်ရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။


Planet Myanmar Network

ဆိုတေးကျန်းမာရေးအကြောင်းပြောတဲ့ နန်းဆုရတီစိုး

Posted by drmyochit Monday, October 07, 2013, under | No comments


နန်းဆုရတီစိုးက မန္တလေးမှာ လက်မှတ်မရေးထိုးမီ စက်တင်ဘာ ၂၉ရက်နေ့က မန္တလေးပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ ဆိုတေးဆီ ကို တတိယအကြိမ်သတင်း သွားရောက် မေးမြန်းပြီး ကျန်းမာရေးအခြေ အနေ တိုးတက်ကောင်းမွန်လာပြီဖြစ်သလို အားပေးစကားလည်း ပြောခဲ့ကြောင်းကို “သူ့ပုံစံက သက်သာနေပါပြီ။ နန်းဆုက ငါအခွေ လာပို့ပေးတာဆိုတော့ အခွေကို သူ့ရင်ဘတ်ပေါ်တင်ထားတယ်။ ဆိုတေးအမေက နန်းဆုလာတုန်း ဓာတ်ပုံ ရိုက် ကြရအောင်ဆိုတော့ သူကအင်္ကျီတွေဘာတွေ ဆွဲချတယ်။ဓာတ်ပုံရိုက်ပြီး သူ့ကို ပြတော့ ဆံပင်က ပွနေတယ်။ သူ့ဓာတ်ပုံသူပြန်ကြည့်ပြီး အမေဘီးပေးဆိုပြီး ဘီးဖြီးလိုက်သေးတယ်။လှလားလို့မေးတယ်။ဘီးဖြီးပြီးတော့ ဓာတ်ပုံတွေ ပြန်ရိုက် ဖြစ်တယ်။သူနန်းဆုကိုအများကြီးပဲဆုတောင်းပေးလိုက်တယ်။သူ့ကိုလည်း သီချင်း ပြန်ဆိုဖို့တိုက်တွန်းခဲ့သေးတယ်။နင့်ပရိသတ်တွေက နင့်ကိုသီ ချင်းပြန်ဆိုစေချင်ကြ တယ်လို့ ပြောခဲ့တယ်။သူက အခုအချိန်မှာ သီချင်းဆို ဖို့တော့ မဖြစ်နိုင်သေးဘူး။အချိန်ယူရဦးမယ်။ဆေးဆက်ကုရဦးမယ်။သူ့ကို ပရိသတ်တွေ အားေ ပးနေ တယ်ဆိုတာ ပြောခဲ့တယ်” လို့ နန်းဆုရတီစိုးကပြောပါတယ်။ယာဉ်မတော်တဆဖြစ် စဉ်က ဆိုတေးရဲ့ ဇနီး ဝင့်ကုဋေသူကွယ်လွန်သွားတာကိုတော့ အခုအချိန်ထိ ဆိုတေး ကိုအသိမပေးရသေးကြောင်းကိုလည်း နန်းဆုရတီစိုးက

“သူစိတ်မကောင်းဖြစ်မှာစိုးလို့ မိသားစုက ပေးမသိသေးဘူး။ အခု အချိန်က သူ့ကို ဆေးကုနေတဲ့အချိန် ဆိုတော့ ပေးသိလို့ မဖြစ်သေးဘူး။ လူနာတစ်ယောက်က စိတ်ပိုင်းဆိုင် ရာကလည်း လိုအပ်တယ်။ သူ့ကိုအား လုံးကဝိုင်းပြီး အားပေးနေကြတယ်။ စိတ်ဓာတ်ကျသွားရင် ကုဖို့မလွယ် သေးဘူး။ သူကတော့ မေးတယ်။ သူ့ရဲ့လက် မှာသူ့ကောင်မလေးရဲ့ နာ မည်တက်တူးထိုးထားတယ်။ အဲဒီ တက်တူးကို လက်ညှိုး ထိုးပြီးမေးတယ်။သူကစထိုင်ပြီးဝှီးချဲနဲ့ ဆေးရုံ မှာ သွားနိုင်တုန်းက စကားသာ သိပ် မပြောနိုင်တာ ဆရာဝန်တွေတွေ့ ရင် လက်အုပ်ချီတယ်။ ပရိသတ်တွေ တွေ့ရင် ရယ်ပြတယ်။ အဲဒီအချိန် ကတည်းကသူ ကမေးနေတာ။ ဒါပေမဲ့ သူ့အိမ်ကအသက်ရှိသေး တယ်။ ဆေးရုံ မှာ ဆေးကုနေတယ်လို့ ပြောထား တယ်” လို့ ဆိုတေးအကြောင်းတွေကို ပြောပြခဲ့ပါတယ်။


ခိုင်ဝေလွင်

စိတ်အလှတရားနှင့် အောင်မြင်မှု စိုးပိုင်ခဲ့ကြသည့် အလှမယ်ဆုရှင်များ

Posted by drmyochit Monday, October 07, 2013, under | No comments


ကမ္ဘာ့အဆင့်မီ အလှမယ် ပြိုင်ပွဲများကျင်းပခဲ့သည်မှာ ရာစုနှစ်ပေါင်းများစွာပင် တိုင်ခဲ့ချေပြီ။ Miss Universe နှင့် Miss World ပြိုင်ပွဲများ၌ သရဖူဆောင်းခဲ့ပြီး နယ်ပယ် အသီးသီး၌ အောင်မြင်ကျော် ကြားနေသူများလည်းရှိသည်။ ၄င်းပြိုင်ပွဲများ၌ အနောက်တိုင်း အလှမယ်များနည်းတူ အရှေ့ တိုင်းမယ်များကလည်း သရဖူ ဆောင်းနိုင်ခဲ့ သည်။ အိန္ဒိယ နိုင်ငံသည် ကမ္ဘာ့အလှမယ်ပြိုင်ပွဲ များ၌ ဆုတံဆိပ်ပေါင်းများစွာ ဆွတ်ခူးနိုင်ခဲ့ပြီး၊ ထိပ်တန်း အနု ပညာရှင်အဖြစ် ကမ္ဘာ့အလယ် တွင် ရပ်တည်နိုင်ခဲ့သည်။ ၄င်း တို့ထဲမှ နာမည်ရအလှမယ်များ အကြောင်းကို ဖော်ပြပေးပါမည်။

အက်ရှ်ဝါယာရိုင်း

၁၉၉၄ ခုနှစ်၌ ကျင်းပသော ၄၄ ကြိမ်မြောက် Miss World ပြိုင်ပွဲကြီးကို တောင်အာဖရိကနိုင်ငံ စန်းမြို့တော်၌ ကျင်းပခဲ့သည်။ ၄င်းပြိုင်ပွဲ ၌ ရုပ်ရှင်မင်းသားဘ လဲအန် ဒါဝုဒ် နှင့် စူပါမော်ဒယ်နာအိုမီဝပ် ကန့်ဘဲလ်က အစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာမှ ပြိုင်ပွဲဝင် ၈၇ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ Miss World ဆုပေးပွဲ ည၌ အိန္ဒိယနိုင်ငံမှ အသက် ၂၁နှစ် အရွယ်ဗိသုကာပညာရပ် ကျောင်းသူ အက်ရှ်ဝါယာရိုင်းအား Miss World အဖြစ် ချီးမြှင့်ခဲ့သည်။ ၁၉၉၄ခုနှစ်သည် အိန္ဒိယ အလှမယ်များအဖို့ ဂုဏ်ယူ ဝင့်ကြွားစရာနှစ်တစ်နှစ်ဖြစ်ပြီး ထိုနှစ်အစောပိုင်း၌ ကျင်းပပြုလုပ်သော Miss World ပြိုင်ပွဲကြီး၌ အိန္ဒိယ မယ်ဆက်(ရှ်)မီတာဆန်ကပင် Title ဆုကြီးကို ရရှိခဲ့သည်။ Miss World ဆုရရှိပြီးနောက် အက်ရှ်ဝါယာရိုင်းသည် မော်ဒယ် နှင့်ရုပ်ရှင်မင်းသမီးအဖြစ် လှုပ်ရှားမှုပြုခဲ့သည်။ ၁၉၉၇ ခုနှစ်၌ Iruvar ရုပ်ရှင်၌ ပွဲဦး ထွက် သရုပ်ဆောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်၌ ရိုက်ကူးသည့် Jeans ရုပ်ရှင်ဇာတ်ကားသည် စီးပွားရေး အရ အလွန်တရာအောင်မြင် ခဲ့သည်။၎င်းအား မီဒီယာများက ကမ္ဘာ့အ လှဆုံး အမျိုးသမီးတစ်ဦး အဖြစ် မကြာခဏဖော်ပြကြ သည်။၂ဝဝ၇ခုနှစ်တွင် အဘီဆစ် ဘချမ်းနှင့် လက်ထပ်ထိမ်းမြားခဲ့ သည်။၎င်းသည် ပရဟိတ အဖွဲ့ အစည်းေ ပါင်းများစွာအတွက် သံတမန်အဖြစ် ဆောင်ရွက် လျက်ရှိပြီး ကုလသမဂ္ဂဆိုင်ရာ HIV/AIDS တိုက်ဖျက်ရေး စီမံကိန်း၌ Goodwill သံတမန် တစ်ဦးဖြစ်သည်။ ၄င်းအား အိန္ဒိယအစိုးရက ၂ဝဝ၉ခုနှစ်၌ Pad ma Shri ဆုချီးမြှင့်ခဲ့ပြီး ပြင်သစ်အစိုးရက ၂ဝ၁၂ခုနှစ်၌ Ordre des Arts et des Letters ဆုချီးမြှင့်ခဲ့သည်။

ပရီယန်ကာချိုပယား

ပရီယန်ကာချိုပယားသည် အိန္ဒိယရုပ်ရှင်မင်းသမီးနှင့် အဆိုတော်တစ်ဦးဖြစ်ပြီး ၂ဝဝဝ ခုနှစ် Miss World ဆုရှင်ဖြစ်သည်။ ၄င်းသည် ဆယ်ကျော်သက်အရွယ်၌ အဒေါ်ဖြစ်သူနှင့် အမေရိက၌အတူ နေထိုင်ခဲ့ဖူးပြီး အင်္ဂလိပ်လို ကောင်းစွာ ပြောနိုင်သည်။ ၂ဝဝဝခုနှစ်တွင် မိခင်က Miss India World ပြိုင်ပွဲကို ဝင်ပြိုင်ခိုင်းခဲ့ပြီး ဆုရရှိ ခဲ့ကာ Miss World ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၄င်းသည် Miss World အဖြစ် ရွေးချယ်ခံရသော အိန္ဒိယနိုင်ငံ၏ ငါးဦးမြောက် အလှမယ်ဖြစ်သည်။ ထို့အပြင် ပြိုင်ပွဲဝင်စဉ် က အသက်၁၈နှစ်သာ ရှိသေးပြီး သမိုင်းတစ်လျှောက် အငယ်ဆုံး ပြိုင်ပွဲဝင်ဖြစ်သည်။ ထိုနှစ်သည်လည်း အိန္ဒိယနိုင်ငံအဖို့ ထူးခြားသည့်နှစ် တစ်နှစ်ဖြစ်ပြီး Miss Universe 2000ဆုရှင်သည် အိန္ဒိယနိုင်ငံမှ အလှမယ်လာရာ ဒတ်တာဖြစ်ကာ၊Miss Asia Pacific 2000 ဆုရှင်သည် လည်း အိန္ဒိယမှ ဒီရာမာ ဇာတ် ဖြစ်သည်။ ၁၉၉၄ ခုနှစ်ကလည်း Miss Worldနှင့် Miss Universe Title ဆုကြီးကို အိန္ဒိယမယ်များက သိမ်းပိုက်ခဲ့ပြီး၊ ၂ဝဝဝခုနှစ်တွင်လည်း အိန္ဒိယမယ် များက သာ သိမ်းပိုက်ခဲ့ ပြန်သည်။

Miss World ဆုရရှိခဲ့ခြင်းကြောင့် ၄င်းအားအိန္ဒိယရုပ်ရှင် လောကမှ ကမ်းလှမ်းခြင်းခံရပြီး ၂ဝဝ၂ခုနှစ်တွင် Thamizhan၊ Andaaz နှင့် The Hero ရုပ်ရှင်ဇာတ်ကားများ၌ ပါဝင်သရုပ်ဆောင်ခဲ့ကာ Film Fare ဆုပေးပွဲ၌ မျက်နှာသစ်အမျိုးသမီးဆုရရှိခဲ့ပြီး အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆု အတွက်လျာထားခံရ သည်။ ၄င်း သည် ကြေးမြင့် ဘောလီးဝုဒ်မင်းသမီး တစ်လက်ဖြစ်ပြီး National Film ဆုပေးပွဲနှင့် Filmfare ဆုပေးပွဲများ၌ ဆုချီးမြှင့်ခြင်းခံရသည်။ ထို့အပြင် ၄င်းသည် ကမ္ဘာကျော် ရက်ပါအဆိုတော် ဗစ်ဆူး(လ်)နှင့် တွဲဖက်၍ ၂ဝ၁၂ခုနှစ် In My City သီချင်းနှင့် ၂ဝ၁၃ ခုနှစ်တွင် Exotic သီချင်းကို သီဆိုဖြန့်ချိခဲ့သည်။ သူမသည် ကလေးသူ ငယ် များအခွင့် အရေးဆိုင်ရာ UNICEF ၏ Goodwill သံတမန်တစ်ဦး ဖြစ်သည်။

လာရာဒတ်တာ

လာရာဒတ်တာဆူပသီသည် ဘောလီဝုဒ်မင်းသမီးတစ်ဦးဖြစ်ပြီး Miss Universe ဆုရှင် ဖြစ်သည်။ ၂ဝဝ၃ခုနှစ် Andaaz ကို ပွဲဦးထွက် ရိုက်ကူးခဲ့ပြီး ရုပ်ရှင်လော က၌ အောင်မြင်မှုရရှိခဲ့သည့်အပြင် FilmFare ဆုပေးပွဲ၌အကောင်းဆုံး မျက်နှာသစ်အမျိုးသမီးဆုကို ရရှိခဲ့သည်။Miss Universe 2000 ပြိုင်ပွဲကြီးကို ဆိုက်ပရပ်(စ်)နိုင်ငံ နီကိုရှားဒေသ၌ ကျင်းပခဲ့ပြီး နိုင်ငံတကာအလှမယ် ၇၉ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၄င်းအလှမယ်ပြိုင်ပွဲ၌ အသက် ၂၁နှစ်အရွယ်အိန္ဒိယအလှမယ် လာရာဒတ်တာကMiss Universe သရဖူဆောင်းနိုင်ခဲ့သည်။နောက်ပိုင်း၌ လာရာဒတ် တာသည် ရုပ်ရှင်ဇာတ်ကားများ အား ဆက်တိုက်ရိုက်ကူးခဲ့ပြီး ၂ဝဝ၄ခုနှစ်တွင် Masti ၂ဝဝ၅၌ No Entry နှင့် Kaal ၊၂ဝဝ၆ ခုနှစ်တွင် Bhagam Bhag ၊ ၂ဝဝ၇ခုနှစ်တွင် Partner ၊ ၂ဝ၁ဝ ခုနှစ်တွင် Housefull နှင့် ၂ဝ၁၁ခုနှစ်တွင် Chalo Dilli စသည်ဖြင့် ရုပ်ရှင် ဇာတ်ကားများရိုက်ကူးခဲ့သည်။

ဂျနီဖာဟော့ကင်း

၅၃ကြိမ်မြောက် Miss Universe ပြိုင်ပွဲကြီးကို ၂ဝဝ၄ခုနှစ် ဇွန်လ ၁ရက်နေ့တွင် အီကွေဒေါနိုင်ငံ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး Miss Universe ဆုကို သြစတြေးလျအလှမယ် ဂျနီဖာဟော့ကင်းက ရရှိခဲ့သည်။ ၄င်းပြိုင်ပွဲသည် သုံးပတ်တာကြာမြင့်ခဲ့ပြီး ရီဟာဇယ်များနှင့် နောက်ဆုံး ပွဲစဉ်မကျင်းပမီ အကြိုပြိုင်ပွဲများ ကျင်းပခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် သြစတြေးလျ အလှမယ် မစ်ရှဲလ်မတ်လင်းသည် Miss Universe ဆုကို ရရှိခဲ့ပြီး ၁၂နှစ်ကြာပြီးနောက်၊ ဂျနီဖာဟော့ကင်းက သြစတြေးလျ နိုင်ငံ၏ဂုဏ်ကို တစ်ဖန်ေ ဆာင် နိုင်ခဲ့ပြန်သည်။ ၄င်းသည် သြစတြေးလျ နိုင်ငံ၏ထိပ်တန်း မော်ဒယ်အဖြစ် ရပ်တည်လျက် ရှိသည်။

သိမ့်နှင်းအိမ်

အောက်တိုဘာ တစ်လလုံး နယ်ရှိုးထွက်မယ့် ဆုပန်ထွာ

Posted by drmyochit Monday, October 07, 2013, under | No comments


“မတည့်အတူနေ” ဆိုတဲ့ တစ်ကိုယ်တော် အခွေ ထွက်ရှိထားတဲ့ ဆုပန်ထွာက သူ့ရဲ့ ဒုတိယ တစ်ကိုယ်တော် အခွေ အတွက်လည်း သီချင်းတွေ သွင်းဖြစ်နေပါတယ်။ ဆုပန်ထွာ က သူ့ရဲ့ ဒုတိယ တစ်ကိုယ်တော် အခွေ အကြောင်းကို “ပန်ပန့်ရဲ့ ဒုတိယ တစ်ကိုယ်တော် အခွေလေး လုပ်နေတာ။ ခုနစ် ပုဒ် ပြီးသွားပြီ။ ကျန်တဲ့ ငါးပုဒ် ကတော့ မပြီးသေးဘူး။ တေးရေးတွေ ကတော့ အစုံပဲ။ ပေးတဲ့ သီချင်းလေးပေါ် မှာ မု(ဒ်)သွင်းပြီး ဆိုလိုက်တာပေါ့။ သားသား ဆိုလို့ရှိရင် ပန်ပန် အင်တာဗျူး တစ်ခုမှာ Perfect ဖြစ်တဲ့သူ တစ်ယောက် အကြောင်း ဆိုပြီး ဖြေလိုက်တဲ့ဟာကို မပန် အတွက် Perfect Man လို့ရေးထားတယ် ဆိုပြီး ထုတ်ပေးတယ်။ တေးရေးတွေ ရေး ထားတဲ့ ပုံစံကို ကြိုးစားပြီး ဆိုထားတာပေါ့ ။ ဥပမာ- ညီမင်းခိုင် သီချင်း တစ်ပုဒ် ဆိုအေးအေးလေး။ ကိုဖိုးကာသီချင်း ဆိုလည်း အေးအေးလေး။ ပန်ပန် အကောင်း ဆုံး ဖြစ်အောင် ကြိုးစားနေပါတယ်” လို့ပြောပါတယ်။ ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်တဲ့အတွက် အောက်တိုဘာ တစ်လလုံး ခရီးတွေ ထွက်ပြီး ရှိုးတွေဆို ရ မှာဖြစ်ကြောင်း ပြောတဲ့ ဆုပန်ထွာက နယ် ပရိသတ်ရဲ့ အားပေးမှုတွေ ကိုလည်း “ပရိသတ်တွေက ဆုပန်ထွာလို့ ကြေညာ လိုက်တာ နဲ့ ပန်ပန်မဆိုရသေးဘူး။ လက်ခုပ်သံ က အကျယ်ကြီး ကြားရတယ်။ ဒါ ပန်ပန့် အတွက် တာဝန် ပိုကြီးတယ်။ ပရိသတ် လက်ခုပ်သံ အရင်ကြား ရတဲ့ အတွက် ပန်ပန် ပိုပြီး တာဝန်ကျေအောင် ကြိုးစား ပါ့မယ်လို့ စင်ပေါ် မှာ အရင်ပြော တယ်။ ပြီးရင် အကောင်းဆုံးဖြစ်အောင် ဆိုတယ်။ တစ်ကိုယ် တော် အခွေထဲက သီချင်းတွေဆိုလည်း အားပေးကြတယ်။ ပန်ပန် မျက်ရည် ဝဲလောက်တဲ့ အထိပဲ” လို့ ပြောပါတယ်။ ဂီတ၊ ရုပ်ရှင် အလုပ်နှစ်ခု တစ်ပြိုင်တည်း လုပ်နေတဲ့ ဆုပန်ထွာက သူ့ရဲ့ အချိန် စီမံခန့်ခွဲမှု ကိုလည်း “ဥပမာပေါ့- ပန်ပန် သီချင်း ဆိုနေလို့ ကားရိုက် ဖျက်လိုက်တာတို့၊ ကားရိုက်နေလို့ သီချင်းဆို ဖျက် လိုက်တာတို့ ဒီနေ့အထိ လုံးဝ မရှိအောင် ကြိုးစားတယ်။ အဆိုနဲ့ သရုပ်ဆောင် ပိုင်းကို မျှအောင် ကြိုးစားပြီး လုပ်တယ်” လို့ ပြောပါတယ်။



မျိုးမောင်

ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်၊ လှပသော စိတ်ထားနှင့် မြန်မာနှလုံးသားပိုင်ရှင် Miss Universe Myanmar

Posted by drmyochit Monday, October 07, 2013, under | No comments


Healthy Body ကျန်းမာ သန်စွမ်းသောခန္ဓာကိုယ်၊ Beauty Mind လှပတဲ့စိတ်ထား၊ Myanmar Heart မြန်မာနှလုံးသားဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ Hello Madam Media Group ကစီစဉ်ပြီး Miss Universe Myanmar 2013 အလှမယ်ကို ရွေးချယ်ဖြစ်ခဲ့ပါတယ်။ ဒီလိုရွေးချယ်တဲ့အခါ မှာလည်း သူတို့ရဲ့ ဆောင်ပုဒ်အတိုင်း တခြား ပြိုင်ပွဲတွေနဲ့ မတူဘဲ Miss တွေရဲ့လှပတဲ့ စိတ်ထားနဲ့ မြန်မာနှလုံးသား ပိုင်ရှင်တွေကို ရွေးချယ်ဖို့ အတွက် ပရဟိတလူမှုရေးလှုပ်ရှားမှု ခရီး စဉ်ကိုလည်း သုံးရက်စီစဉ် ခဲ့ပြီး အကဲဖြတ်အမှတ်ပေးမှုများ ကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ဒီခရီးစဉ်မှာ ထူးဖောင်ဒေးရှင်းမှ ပရဟိတခရီးစဉ် နှစ်ရက်ကို တာဝန်ယူစီစဉ်ပေးခဲ့ပြီး ကျိုက်ထို မြို့၊ဆိပ္ဖူးတောင် လူငယ် ပရဟိတ ဖွံ့ဖြိုးရေးဂေဟာမှ မိဘမဲ့ ကလေးများကို အားပေးစကား ပြောကြားခဲ့ကြသလို မိဘမဲ့ ကလေးများနှင့်အတူ ကျိုက်ထီးရိုး ဘုရားကိုလည်းသွားရောက် ဖူးမြော်ခဲ့ကြပါတယ်။ ဒီပရဟိတ ခရီးစဉ်တွေမှာ အလှမယ်လေး များကလည်း လူမှုရေး လုပ်ငန်းများကို တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်ခဲ့ကြပါ တယ်။ထူးဖော င်ဒေးရှင်း စီစဉ်တဲ့ ဒုတိယရက် ပရဟိတခရီးစဉ်မှာ တော့ ဆိပ္ဖူးတောင်မှ မိဘမဲ့ ကလေး ၃ဝဦး နဲ့ဆရာမ၂ဦးကို ရွှေတိဂုံဘုရားနဲ့ တိရစ္ဆာန် ဥယျာဉ်တွေကို ဒေသန္တရ ဗဟုသုတရရှိစေဖို့ အတွက် လိုက်ပို့ပေးခဲ့ကြပါတယ်။ Hello Madam Media Group မှ စီစဉ်တဲ့ ပရဟိတ ခရီးစဉ် တတိယမြောက်ရက်မှာတော့ မြန်မာနိုင်ငံဟော်ကီအဖွဲ့ ချုပ်မှာ ဆီးဂိမ်းအားကစား ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အား ကစားသမားတွေကို သွား ရောက်အားပေးခဲ့သလို၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်ကျောင်း ကိုလည်း သွားရောက် လေ့လာ ကြပါတယ်။

ငြိမ်းချမ်းရေး စင် တာသွားရောက်ကာ ငြိမ်းချမ်း ရေးနဲ့ပတ်သက်ပြီး လေ့လာ ခဲ့ပြီး မြန်မာနိုင်ငံငြိမ်း ချမ်းရေးရရှိစေ ဖို့ ဂျိုးဖြူငှက်များလွှတ်ခဲ့ပြီး ဆုတောင်းခဲ့ကြပါတယ်။ဦးလှ ထွန်း မေတ္တာရိပ်မွန် ကင်ဆာ ဖောင်ဒေးရှင်းမှ ကင်ဆာရောဂါ ဝေဒနာခံစားနေရတဲ့ ဝေဒနာ ရှင်များကို အားပေး စကားပြော ကြားခဲ့ကြပါတယ်။ အလှမယ် လေးတွေရဲ့ ရုပ်အလှအပြင် စိတ် ထားအလှတရားကိုပါ ရွေးချယ် ဆုံးဖြတ်ခဲ့တဲ့ အပေါ် Hello Madam Media Group မှ တာဝန်ရှိသူ ဒေါ်သိန်းယုဝေက ” ပရဟိတ လုပ်ဖို့အတွက် Miss တစ်ယောက်က အရေးပါပါတယ်။ သူက မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားပြုတဲ့ Miss တစ် ယောက်ဖြစ်နေတယ်။ မိဘမဲ့ကလေးတွေ ကာကွယ်ေ စာင့် ရှောက် မှုတွေ၊အကြမ်းဖက်မှု တွေက ကာကွယ်ဖို့၊ပညာသင် ကြားချင်ပေမယ့်သင်ကြား ခွင့်မရရှိတဲ့ ကလေးတွေအတွက် လူမှုပရဟိတအလုပ်တွေကို လုပ်စေချင် တယ်။ ကျွန်မ တို့ နိုင်ငံမှမဟုတ်ဘူး။ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် Miss Universe က ပရဟိတအလုပ်ကိုလုပ်ရ တယ်။

အမျိုးသမီးထုနဲ့ ကလေး သူငယ်တွေကို အများဆုံး ကာ ကွယ် စောင့် ရှောက်ပေးတယ်။ ကျွန်မတို့ကလည်း Miss Universe Myanmar ဖြစ်တဲ့အတွက် သူတို့ရဲ့ လမ်းစဉ် အတိုင်း လုပ်သွားမှာပါ။ ကျွန်မတို့ရဲ့ ဆော င်ပုဒ်အ တိုင်း ပဲ မြန်မာ အမျိုးသမီးတစ်ယောက် ဖြစ်တဲ့ အတွက် ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်အပြင် လှပတဲ့ စိတ်ထားလ ည်းရှိဖို့ အရေးကြီးပါတယ်” လို့ ပြောပါ တယ်။ဆက် လက်ပြီး Miss တစ်ယောက်မှာရှိသင့်တဲ့ စိတ်ထားအလှကိုပဲ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ” ဗုဒ္ဓဘာသာ မြန်မာလူမျိုးမှာ အဓိကကတော့ Beautiful Mind ရှိရမယ်။ ရွေးကတည်းက Healthy Body ဆိုတဲ့ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ရှိရမယ်။ Beautiful Mind ရှိရမယ်။ ပြီးရင် မြန်မာ Heart ဆိုတာရှိရမယ်။ အဲဒီ သုံးချက်နဲ့ရွေးပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေမှာ အလိုအပ်ဆုံးက ကိုယ်ချင်းစာ တရားပါ။သ နားကြင်နာ စိတ်ရှိရမယ်။ ဒုက္ခသည်တွေ၊မိဘမဲ့ ကလေးတွေ၊ ရောဂါဝေ ဒနာသည်တွေကို ဘယ်လောက်သနားကြင်နာ တတ်သလဲ ဘယ်လိုစောင့် ရှောက် ကြမလဲပေါ့။ မြန်မာ Heart ဆို တာတော့ နိုင်ငံခြား မှာဆိုရင် ၁၈နှစ်ဆိုရင် ယောက်ျားလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် မိဘအုပ်ထိန်းမှု အောက်မှာ မရှိတော့ဘူး။


သူ့ဘာသာသူရပ် တည်ရတယ်။ ဒါပေမဲ့ မြန်မာ နိုင်ငံမှာတော့ အသက်၇ဝလောက် ရှိတဲ့အဘွားကြီးတွေ၊ အသက် ၅ဝလောက်ရှိတဲ့ အဘွားကြီး တွေက အမေတစ်ယောက် အနေနဲ့ ပြုစုနေတုန်း၊ မေတ္တာပို့ နေတုန်း၊ကန်တော့ အိပ်နေတုန်း ပဲ။ဒါတွေက ဘယ်လောက်ကြီး ခေတ်မီတိုးတက်တိုးတက် စောင့်ရှောက်သင့်တဲ့ အရာလို့ မြင် တယ်။ အဲဒါတွေကို စောင့် ရှောက်စေချင်တယ်။ ငယ်ငယ် တုန်းကဆိုရင် ကိုယ့်ကို အဖေ၊ အမေက ချေးသေးကအစ သန့်စင် ပေးတယ်။ သနပ်ခါးလူးပေး တယ်။ လမ်းလျှော က် တာ သင်ပေးတယ်။ အသက်ကြီးလာတဲ့အခါမှာ မိဘတွေကို လမ်းလျှောက်နိုင် အောင်ပြန်ပြီး တွဲသွားရတာ။သူတို့ကို သနပ်ခါး လိမ်းပေးရ တာ။ ရေချိုး၊ သနပ်ခါး လိမ်း ပြီးခြေသည်း၊ လက်သည်းကအစ လှီး ပေးရတာ မျိုး ပြန်လုပ်ပေးရမယ်။ဒါက မိဘရဲ့ကျေးဇူးကို ပြန်ဆပ်တယ် လို့လည်း ပြောလို့ရ တယ်။ကျွန် တော် တို့ မြန်မာေ တွမှာ အဲဒါကို လေ့ကျင့် ပေးထားတာရှိတယ်။ 

နှစ်ဆန်းတစ်ရက်နေ့မှာ ငှက် ကလေးတွေ၊ကြက် ကလေးတွေ၊ ငါးတွေ၊နွားတွေကို လွှတ်ပေးကြ တယ်။ သက်ကြီး ရွယ်အိုတွေကို ခေါင်းလျှော်ပေးတယ်။ခြေသည်း လက် သည်းလှီးပေးတယ်။ ဒါတွေ က မြန်မာနှလုံးသားတွေ လေ၊ဘယ်နိုင်ငံမှာမှမရှိဘူး။အဲဒါကမြန်မာစံပြမယ် တစ် ယောက်မှာရှိရမယ့် လိုအပ်တဲ့ အရည်အချင်းတွေပဲ” လို့ ပြော ပါတယ်။ အောက် တိုဘာ၃ရက် နေ့ အမျိုးသားကဇာတ်ရုံမှာ Miss Universe Myanmar ကို ရွေးချယ်ခဲ့ပြီး ဆုရရှိတဲ့ သူက Organizer တွေနဲ့ ပရဟိတ လုပ်ငန်း များ နှစ်နှစ်စာပြုလုပ်ခွင့် နဲ့ထူးဖောင်ဒေးရှင်းရဲ့ ပရဟိတလုပ်ငန်းများမှာ သံ တမန်အဖြစ် တစ်နှစ်တာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ 

ခိုင်ဝေလွင်

တိရစ္ဆာန်ရုံမှ ကျားတစ်ကောင် အလုပ်သမားတစ်ဦး၏လက်ကို ကိုက်

Posted by drmyochit Monday, October 07, 2013, under | No comments


အိုကလာဟိုးမားတိရစ္ဆာန် ရုံမှ ကျားတစ်ကောင်သည် အ လုပ်သမားတစ်ဦး၏လက်မောင်းကို ကိုက်လိုက်ပြီးနောက် ဆရာဝန် များ၏ကြိုးပမ်းမှုကြောင့် သူမ၏ လက်ကို ခွဲစိတ်ကုသနိုင်ခဲ့သည် ဟု အဆိုပါ တိရစ္ဆာန်ရုံ၏ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့ သည်။ 

အမည်မဖော်လိုသူ တိရစ္ဆာန် ရုံအလုပ်သမားအမျိုးသမီးကို ဆေးရုံတင်ထားရပြီး ခွဲစိတ်ပြီး နောက် ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း ဂါဗင်ကောင် တီမှ မြို့စားဂျင်မူလတ်က ပြော ခဲ့သည်။ 

''အမျိုးသမီးအလုပ်သမား က လုံခြုံရေးစည်းကမ်းဖောက် ဖျက်ပြီး သူမရဲ့ လက်ကို အသက် ၁၄နှစ်အရွယ် ကျားထီးတစ်ကောင် ရဲ့ လှောင်အိမ်မှာ သွင်းမိခဲ့ တယ်။ သူမကကြီးမားတဲ့ ဂျာ ကင်အင်္ကျီဝတ်ဆင်ထားတဲ့အ တွက် ကြိုးတွေနဲ့ငြိပြီး သူ့လက် ကို လှောင်အိမ်ထဲကနေ အလွယ် တကူဆွဲမထုတ်နိုင်ဘူး။ ကျားက သူမရဲ့ လက်ကို ဆွဲပြီးကိုက်လိုက် တာ လေးလက်မလောက်အ ပေါက်ကြီးဖြစ်သွားတယ်''ဟု တိရ စ္ဆာန်ရုံပိုင်ရှင် ဂျိုးချရိဗိုဂယ်က ပြောသည်။

ထိုကျားငယ်မှာ ယခင်က မည်သူ့ကိုမှ ထိခိုက်ဒဏ်ရာရအောင် မလုပ်ခဲ့ဖူးဟု ပိုင်ရှင်ချရိဗိုဂယ် က ပြောသည်။
By Yangon Media Group

ဆဲဆိုအပြစ်တင်နေမယ့် အစား အားပေးပါဆိုတဲ့ အဆိုတော် ရေဗက္ကာဝင်း

Posted by drmyochit Monday, October 07, 2013, under | No comments


ရေဗက္ကာဝင်းက လတ်တလော မှာတော့ ကျောင်းတစ်ဖက် အပြင် စီးပွားရေး တစ်ဖက်နဲ့ ဖြစ်တာကြောင့် အနုပညာဘက်ကို သိပ်မလှည့်ဖြစ် သေးဘဲ တစ်ကိုယ်တော်အခွေ ထွက် မယ့်အစီအစဉ်တော့ ရှိသေးကြောင်း ပြောပါတယ်။ “အခုကျောင်းက စာတမ်းပြုစု နေတာတစ်ဖက်ဆိုတော့ အခွေဘက် ကို မလှည့်နိုင်ဘူးဖြစ်နေတယ်။ စာတမ်းပြုစုတာ ပြီးသွားရင်တော့ အခွေဘက်လှည့်ဖြစ်မှာပါ။ စီးပွား ရေးကတော့ အမျိုးသားနဲ့ အတူ ဆေးဝါးလုပ်ငန်း လုပ်နေ ပါတယ်။

အိပ်မက် ဆုံရာမှာတော့ ဒိုင်မလုပ်ဖြစ် တော့ပါဘူး” လို့ ဆိုလာတဲ့ ရေဗက္ကာ ဝင်းကို အိပ်မက်ဆုံ ရာမှာ ဒိုင်လုပ် ခြင်းကနေ ဘယ်လိုအတွေ့အကြုံတွေ ရရှိခဲ့လဲဆိုတော့.. “အဘက်ဘက် ကစဉ်းစားပြီး ရွေးချယ်ပေးရတာမျိုးလေးတွေ ရှိပါ တယ်” လို့ ရေဗက္ကာဝင်း ကပြောပါ တယ်။ ဒီလို ဒိုင်လုပ်ခြင်း ကနေကော ကိုယ့်ရဲ့စွမ်းရည်တွေကိုလည်း ပိုပြီး တိုးတက်စေပါတယ်ဆိုတဲ့ ရေဗက္ကာ ဝင်းက သူများဆိုတာကို သေချာ နား ထောင်ရင်းနဲ့ ကိုယ့်ရဲ့အား နည်း ချက်ကိုလည်း ပြန်မြင် ရတယ်လို့ လည်း ဆိုပါတယ်။ 

အိပ်မက်ဆုံရာ ပြိုင်ပွဲဝင် တွေအပေါ်မှာလည်း ဝေဖန်သံတွေရှိကြတဲ့အတွက် အဲဒီ အပေါ်မှာလည်း ရေဗက္ကာဝင်းက “အဓိကကတော့လေ ပြိုင်ပွဲဝင် တွေ ပဲဖြစ်ဖြစ်၊ တခြား အနုပညာရှင် တွေပဲဖြစ်ဖြစ်၊ အားကစားသမား ပဲဖြစ်ဖြစ် ဘယ်သူ့အပေါ်မှာ မဆို လုပ်နေတဲ့သူတွေအပေါ်မှာ ဘာမှ မလုပ် တဲ့သူတွေက ဝေဖန်တာထက် စာရင်လုပ်နေတဲ့ သူတွေကို အားပေးဖို့၊ တိုက်တွန်းဖို့ ပိုပြီးဖြစ် စေချင် ပါတယ်။ ဘောလုံးပွဲ တစ်ပွဲကို ကြည့်ကြ မယ်ဆိုရင်လည်း ကန်နေတဲ့ သူကို ဆဲ ဆိုအပြစ်တင်နေမယ့် အစား အားပေးပြီး ပို ကောင်း အောင် လုပ်သင့်တယ်။ ပြိုင်ပွဲဝင်တွေ ဆိုလည်း ဒီအတိုင်းပါပဲ။ သူတို့ လည်း သူတို့ကြိုးစားမှုနဲ့ တက်လာရတာ ပဲလေ။ 
ဘေးကနေ မကောင်း ဝိုင်းပြောတာ မျိုးတော့ လျှော့စေချင်ပါ တယ်။ ဘာဖြစ်လို့ဆို မကောင်း ပြောရုံနဲ့ ကောင်းသွား မှာ မဟုတ်ပါ ဘူး။ ကောင်းတဲ့ဘက် ကိုပဲ ဦးတည်ပြီး ပံ့ပိုးပေးကြပါလို့ ပြောချင်ပါတယ်။ ဒါက ပြိုင်ပွဲဝင် တွေရော၊ နောက်ပြီး ဆီးဂိမ်းမှာ ယှဉ်ပြိုင်ကြမယ့် အားကစားသမားတွေ အကုန်လုံးကိုရော စိတ်ဓာတ်မြှင့် တင်တဲ့အနေနဲ့ အား ပေးကြပါ” လို့ ရေဗက္ကဝင်းက ဆီးဂိမ်း ပြိုင် ပွဲအားပေး မှုနဲ့ပတ်သက်ပြီး ပြောပါတယ်။ရေဗက္ကဝင်းရဲ့ အနုပညာလှုပ်ရှား မှုအနေနဲ့ကတော့ ဒီကြားထဲမှာ စီးပွား ရေးနဲ့အလုပ်ရှုပ်နေတာကြောင့် အခွေ ကိုလည်း ကြိုးစားလုပ်နေပါတယ် လို့လည်း ပြောပါ တယ်။
By Popular News

ခင်ပွန်းဖြစ်သူက ဇနီးအားသတ်၍ မြစ်ထဲပစ်ချ

Posted by drmyochit Monday, October 07, 2013, under | No comments


ဒလမြို့နယ်၊ စက်မြေရပ်ကွက်နေ မရွှေသိန်းသူ(ခ) မပုသိမ်၏ အတူနေမိခင်ဖြစ်သူ ဒေါ်လုံးတုံး၊ (ဘ) ဦးကြင်သည် ၎င်း၏နောက်အိမ်ထောင်ဖြစ်သူ ၀င်းထွဋ်(ခ)ရဲအောင် (မရွှေသိန်းသူ၏ပထွေး)၊ (ဘ)ဦးမြ သိန်းနှင့်အတူ လက်ခတ်လှေ(၁)စီးဖြင့် ရန်ကုန်မြစ်အတွင်း ငါးဖမ်းသွားရာမှ (၁)လခန့်ကြာ သည်အထိ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် စုံစမ်းခဲ့ရာ လွန်ခဲ့သော (၁၅)ရက်ခန့်၊ ဆိပ်ကမ်းမြို့နယ်၊ ဗိုလ်တထောင် အမှတ် (၆) ဗောတံတားကမ်းစပ် လှေပေါ်တွင် ၀င်းထွဋ်(ခ) ရဲအောင်မှာ အရက်သောက် စားရာမှ ဒေါ်လုံးတုံးနှင့် စကားများရန်ဖြစ်စဉ် ၀င်းထွဋ်(ခ)ရဲအောင်မှ ဒေါ်လုံးတုံးအား လှေဘောင်နှင့်ဆောင့် သဖြင့်သေဆုံးသွားခဲ့ပြီး အလောင်းအား သန်လျင်ရေနံချက်စက်ရုံအနီး၊ ရန်ကုန်မြစ်အတွင်း ရေထဲသို့မျော ချလိုက်ကြောင်း ၂.၁၀.၂၀၁၃ရက်နေ့ ၁၇၀၀အချိန်ခန့်တွင် စုံစမ်းသိရှိရသဖြင့် လူသတ်ပြီး အလောင်းဖျောက်ဖျက်သူ ၀င်းထွဋ်(ခ) ရဲအောင်အား အရေးယူပေးရန် မရွှေသိန်းသူမှ တိုင်တန်းခဲ့ရာ ဒလမြို့မရဲစခန်း(ပ)၄၄၅/၂၀၁၃၊ ပုဒ်မ ၃၀၂/၂၀၁ ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
By Yangon Police

အင်တာနက်ပေါ်တွင် ဖွနေကြသလို မဟုတ်ကြောင်း ဖိုးလပြည့်ရှင်းလင်း

Posted by drmyochit Monday, October 07, 2013, under | No comments


"Admin team ခင်ဗျား

- ကျွန်တော့်စာလေးကိုကျေးဇူးပြု၍ ဖြန့်ဝေပေးပါ။ကျွန်တော်ဟာ ဘောလုံးအားကစားကိုငယ်ငယ်ထဲက ဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော့်နည်းတူ အခြားလူငယ်များကိုလဲအားကစားကို စိတ်ဝင်စား၊ကစားစေလိုသူတစ်ယောက်လဲဖြစ်ပါတယ်။ 

ဒါကြောင့်လဲ ကျွန်တော် ယခုကျောင်းပြီးပြီးနောက် နှစ်အတန်ကြာမလုပ်ဖြစ်ခဲ့တဲ့ တက္ကသိုလ်ပေါင်း စုံဘောလုံးပြိုင်ပွဲကို ပြန်လည် ကျင်းပနိုင်ရန်ကြိုးစားစီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။အစပိုင်းမှာ အခက်အခဲများ စွာရှိ၍ သိပံ္ပနှင့်နည်းပညာအောက်ရှိ တက္ကသိုလ်များသာယှဉ်ပြိုင်ရန်ရည်ရွယ်သော်လည်း အခြားဆေး နှင့် ရေကြောင်းတို့မှလည်းစိတ်ပါဝင်စားစွာ ဆက်သွယ်လာခဲ့၍ (၁၆)သင်းပြည့်သည်အထိလက်ခံယှဉ်ပြိုင်စေခဲ့ ပါတယ်။ ဒါတောင်အခြားတက္ကသိုလ်များကို အချိန်မမီ၍မျက်နှာနာစွာပင်နောက် တစ်ကြိမ်မှပါဝင်ပေးပါရန် မေတ္တာရပ်ခံခဲ့ရပါတယ်။ ဒီနေရာမှာ ကျေးဇူးအထူး တင်ရှိရမှာကတော့ ကျွန်တော့်ရဲ့တင်ပြချက်ကို ပထမ ဦးစွာ စိတ်ပါဝင်စားစွာဆွေးနွေးတုံ့ပြန်ပေးခဲ့တဲ့ သိပံ္ပနှင့်နည်းပညာပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး၊ နယ်မှကစားသမားများ ရန်ကုန်တွင် နေထိုင်နိုင်ရေး အတွက်ကူညီပေးခဲ့တဲ့ အားကစားပြည်ထောင်စု ဝန်ကြီးနဲ့ ဒုတိယဝန်ကြီး၊ လုံခြုံရေးပိုင်းကိုအဘက်ဘက် ကပံ့ပိုးကူညီပေးခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အမြဲတမ်း ကိုယ့်အသင်း အတွက်အကောင်း ဆုံးဖြစ်အောင်စီစဉ်ပေးခဲ့တဲ့ ပြိုင်ပွဲဝင်အသင်းများမှ ပါချုပ်ကြီးများ၊ဆရာ၊ဆရာမများ၊အားတက်သရော ကိုယ့်တက္ကသိုလ် ဂုဏ်ဆောင်နိုင်ရန်ပါဝင်ယှဉ်ပြိုင် လာတဲ့ ထူးချွန်ထက်မြတ်တဲ့ကစားသမားများ နဲ့ နိုင်ငံကြီးသားပီသစွာအားပေး လာတဲ့ ကျောင်းသားထု ပရိသတ်တို့ပဲဖြစ်ပါတယ်။

- ကျွန်တော့်အနေနဲ့ ဒီပြိုင်ပွဲကိုဝါသနာပါ၍ ကျောင်းသားများအားကစား Life ရရှိစေရန်သာ ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး မိမိအနေဖြင့်မည်သည့်အကျိုးကိုမျှမမျှော်လင့်ပါ။ ဒီလိုပြိုင်ပွဲကျင်းပခြင်း အားဖြင့်လဲ တက္ကသိုလ် ကျောင်းသားများ အနေဖြင့် ပြိုင်ပွဲကိုခမ်းခမ်းနားနား ယှဉ်ပြိုင်ရုံကလွဲပြီး ကျွန်တော်တို့အတွက်လဲမည်သည့် အကျိုးအမြတ်မှမရပါ။ ထို့ကြောင့်အချို့သောသူများအနေဖြင့် အစိုးရ အဖွဲ့မှတာဝန်ရှိသူများ ကျွန်တော်တို့နှင့်ပူးပေါင်းလာမှုအပေါ် အမြင်မစောင်းစေလိုပါ။ ကျွန်တော်တို့ ကော်မတီ ဝင်များ (ပြိုင်ပွဲဝင်တက္ကသိုလ်များမှ ဆရာ၊ဆရာမများအပါအဝင်) အနေဖြင့် ကျောင်းသား၊ကျောင်းသူများ အတွက် အစွမ်းကုန်အဆင်ပြေစေရန်ကြိုးပမ်းဆောင် ရွက်လျက်ရှိ၍ တာဝန်ရှိသူများ ယခုကဲ့သို့ မြေတောင်မြှောက်ပေးရန်ရည်ရွယ်ချက်ဖြင့်ပူးပေါင်းလာခြင်းကို မိမိတို့အနေဖြင့်ဝမ်းမြောက် ဝမ်းသာကြိုဆိုရမည်ဖြစ်ပါသည်။

- ကျွန်တော့်အနေဖြင့် မည်သူ့ကိုမဆိုချစ်ကြည်လေးစား ရင်းနှီးစွာဆက်ဆံ၊ခင်မင်တတ်ပြီး တက္ကသိုလ်များမှ ဆရာ၊ဆရာမများ၊ကျောင်းသားများကို အစည်းအဝေးပွဲများတွင်ဆုံသောအခါတိုင်း တွင်လည်း ရင်းနှီးဖော်ရွေစွာပင်ဆက်ဆံ ၊နှုတ်ဆက်လေ့ရှိပါတယ်။ (ဤသည်ကိုကျွန်တော်နှင့်ဆုံဖူးသော ဆရာ၊ ဆရာမများ၊ကျောင်းသားများအသိဖြစ်ပါသည်၊ ကျွန်တော်တို့ အပေါ်အမြင်စောင်းစေလို၍၊ ကျောင်းသား များနှင့်သွေးခွဲလို၍ တစ်ဘက်စောင်းနင်းရေးသား ထားသောသတင်းများကို လုံးဝ မယုံစေလိုပါ ခင်ဗျာ)

- နောက်တစ်ခုကျွန်တော်ပြောလိုတာကတော့ Miss universe ကိစ္စဖြစ်ပါတယ်။သူဟာကျွန်တော်နဲ့ သိယုံသာ သိပြီးလူခြင်းမခင်ပါ။ သူဟာ နှစ်ပေါင်း(၅၀)ကျော်ကြာမှ တစ်ကျော့ပြန်ဆုရရှိခဲ့သူဖြစ်ပြီး ကျွန်တော်တို့ ပြိုင်ပွဲမှာလည်း နှစ်အတော်အတန်ကြာမှပြန် လည်ကျင်းပခဲ့ခြင်းဖြစ်တာကြောင့် ဖွင့်ပွဲကြီး ပိုမိုစည်ကား သိုက်မြိုက်စေရန်ရည်ရွယ်၍၊ သူ့ကိုဆုရုပ်တုသယ်ဆောင်ပေးပါရန် ကျွန်တော် ကိုယ်တိုင်လေးလေး စားစား ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး သူကလည်းဝမ်းမြောက်ဝမ်းသာပင် (အခကြေးငွေ တစ်ပြား၊ တစ်ချပ်မျှမယူပဲ) တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများ ကို လေးစားဂုဏ်ပြုသော အားဖြင့် ပါဝင်ပေး ခဲ့ခြင်းဖြစ်ပါတယ်။ Internet တွင်ဖွနေသလို ပြိုင်ကားမှာ ကျွန်တော့်ကားမဟုတ်သလို ကျွန်တော်မောင်း ပို့ပေးခြင်းလဲ မဟုတ်ပါ။ ကျွန်တော်နဲ့အဆက်အသွယ်လဲမရှိပါ။ ပြိုင်ပွဲကျင်းပမှု ပိုမိုခမ်း နားလေ တက္ကသိုလ်များမှ ဆရာ၊ဆရာမများ၊ကျောင်းသား များပိုမို ပျော်ရွှင်ဂုဏ်ရှိလေသာဖြစ်ဖြစ် ၍သူ့ကိုပါဝင်နိုင်ရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပါသည်။ 

တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများကိုများကို လေးစား၍ပါဝင်ဆင်နွှဲပေးခဲ့သော မမိုးစက်ဝိုင်အပေါ် အခြေအမြစ်မရှိသော စွပ်စွဲချက်များအတွက် ကျွန်တော့်အနေဖြင့်အထူးပင်စိတ်မကောင်းဖြစ်ရပါသည်။

- နောက်ဆုံးတစ်ခုမိမိအကြံရထားသည်ကို တင်ပြလိုပါသည်။ဤပြိုင်ပွဲကြီးပြီးဆုံးလျှင်မိမိအနေဖြင့် ဤပြိုင်ပွဲမှအကောင်းဆုံးကစားသမား(၂၀)ခန့်ကို ရွေးချယ်ပြီးအိမ်နီးချင်းနိုင်ငံများမှ တက္ကသိုလ်များနှင့် (နိုင်ငံခြားသို့ စရိတ်ငြိမ်းစေလွှတ်၍) ယှဉ်ပြိုင်စေနိုင်ရန်စဉ်းစားလျက်ရှိပါသည်။ ပရိသတ်ကြီး၏ အကြံဉာဏ်သဘောထား ကိုလည်းရယူလိုပါသည်။ Admin team မှတဆင့်ဆက်သွယ်အကြံပြုစေ လိုပါသည်။

- ကျေးဇူးအထူးတင်ရှိပါသည်။ "

ပုဂ္ဂိုလ်စောင့်၊သိုက်စောင့်ဟူသည်

Posted by drmyochit Monday, October 07, 2013, under | No comments


ဓမ္မမိတ်ဆွေတစ်ဦးမေးလာသည့် မေးခွန်းတစ်ခုမှာ အချို့သောသူသည် သိုက်ဆက်နီးလွန်းအားကြီးသဖြင့် အိမ်ထောင်ပြု၍ မရသော အဖြစ်များကြုံဖူးကြားဖူးသည်ဟု ဆိုသည်။ မှန်မမှန်နှင့် ဘုရားဟောမည်သို့ရှိသည်နှင့် ဖြေရှင်းပေးရမည့် မေးခွန်းဖြစ်ချေသည်။

သိုက် ဟူသည် အဖိုးတန်ပစ္စည်းများ ထာပနာသိမ်းဆည်းများ ထားသိုရာနေရာတစ်ခုဟု စာရေးသူသိထားပါ သည်။ သို့သော် သိုက်ဟုဆိုလိုက်လျှင် အဖိုးတန်ပစ္စည်းများသာမက လျှို့ဝှက်ဆန်းကျယ်သော မှော်ဆန်ဆန် ဒြပ်ဝတ္ထုနှင့် သတ္တဝါများ စုဖွဲ့တည်ရှိရာ ဟုလည်း အများအသိဖြင့် သိရှိထားပါသေးသည်။ သိုက်စောင့်သော နတ်၊ သိုက်စောင့်သော မြွေ၊ နဂါး၊ ခြင်္သေ၊ ကျား၊ ဘီလူး၊ စသည်ဖြင့် အမျိုးမျိုး အထွေထွေ ရှိကုန်သည်။ မည်ကဲ့သို့ပင် ထူးထွေများပြားစေကာမှု အားလုံးမှာ ၃၁ ဘုံသားချည်းဖြစ်ချေသည်။

အချို့က သိုက်ဖွားဟုဆိုပြီး လျှို့ဝှက်ဆန်းကျယ်မှုနှင့်ကြုံသည်။ ကူညီစောင့်ရှောက်သူများ နှင့် ကြုံသည်ဟု ဆိုသည်။ ယင်းတွင် မည်သူက ကူညီစောင့်ရှောက်သနည်း။ ကြားဖူးသည့် ဖြစ်ရပ်တစ်ခုအရ သိုက်အတူတူ စောင့်ခဲ့သူ တစ်ဦးသေပြီး လူဖြစ်သော် ထိုဘဝထိ လိုက်လံစောင့်ရှောက်သည်ဟု ဆိုသည်။ ဖြစ်နိုင်ပါသည်။

ဤတွင် ၃၁ ဘုံကို အကျဉ်း ရှင်းပြန်ရန်လိုအပ်ပေသည်။ ငရဲကြီး ၈ ထပ်၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ အသူရကယ်ဘုံ၊ လူ့ပြည် ၁ထပ်၊ နတ်ပြည် ခြောက်ထပ်၊ ဗြဟ္မာ အထပ် ၂၀ စုစုပေါင်း ၃၁ ဘုံရှိသည်။ သိုက်၊နန်းဟူသည် ဗြဟ္မာတို့နှင့် ဆက်စပ်မှုမရှိချေ။ အဘယ်ကြောင့်ဆိုသော် ဗြဟ္မာတို့က ရုပ်သာရှိ (သို့) နာမ်သာရှိ (သို့) ရုပ်နှင့် နာမ် ရှိကြကုန်သောကြောင့်ဖြစ်ပြီး သူ့ဘုံတွင် အမြဲတည်ရှိသည်။

သို့သော် နတ်ပြည် ခြောက်ထပ်ဖြစ်သည့် စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသ ဝတ္တိ ဟူ ၍ အောက်မှ အထပ်အထိ ရှိသည်။ စတုမဟာရာဇ်နတ်ဘုံသည် နတ်များတွင် အနိမ့်ဆုံးဘုံဖြစ်ပြီး နတ်သေးနတ်မွားများ ကျရောက်သောဘုံဖြစ်သည်။ လူ့ဘုံတွင် ရှိသော ရုပ်က္ခဆိုးနတ်၊ အိမ်စောင့်နတ်၊ ရွာစောင့်နတ်၊ ညောင်ပင်စောင့်နတ်၊ တောစောင့်နတ် စသည်များမှာ စတုမဟာရာဇ် ဘုံသားများ ဖြစ်ကြချေသည်။ သူတို့သည် တာဝတိံသာ နတ်ပြည်မှ နတ်သားများကဲ့သို့ အရောင်အသွေးမစုံ၊ ဘုန်းကံမမြင့်ချေ။

ထိုနည်းတူစွာ ငရဲကြီးရှစ်ထပ်၌ ငရဲသားများအဖြစ်နေကာ ငရဲဘုံကျသူများကို နှိပ်စက်ရာတွင်လည်း ထို စတုမဟာရာဇ်နတ်ဘုံမှ အာလာဝက နတ်ဘီလူးများက အလည့်ကျသွားရောက်ခြင်း ဖြစ်သည်ဟု ဘုရားဟော အဘိဓမ္မာတွင် ဖွင့်ဆိုရှင်းလင်းထားသည်။ နတ်မင်းကြီး လေးပါးတို့ကို ဆည်းကပ်ခစားရသော လက်အောက်ခံ နတ်တို့၏ နေရာဘုံဌာနဖြစ်သဖြင့် စတုမဟာရာဇ်နတ်ဘုံဟု ခေါ်ပြီး နတ်နှစ် ၅၀၀ ဖြစ်ချေသည်။

(ဤတွင်စာဖတ်သူတို့၏ အတွင်းစိတ်၌ “ဟာကွာများလိုက်တဲ့ ဘုံနဲ့နတ်တွေ” ဟု တစ်လွဲထင်နေကောင်း ထင်တတ် ပါသည်။ စာရေးသူတင်ပြသော ၃၁ ဘုံမှာ အမှန်တကယ်တည်ရှိသော ဌာနများဖြစ်သည်ဟု မြတ်စွာဘုရား မှ ဟောကြားခဲ့ချေသည်။ ထိုဘုံအလိုက်အထိုက်တွင်လည်း ပွင့်ဖူးခဲ့သော ဘုရားအဆူဆူတို့မှ ကျင်လည်ကာ တရားများ ဟောပြဆုံးမခဲ့သည်ဟုလည်း သိရသည်။ အနီးစပ်ဆုံ သာဓက အဖြစ် ဂေါတမ မြတ်စွာဘုရားသည် မယ်တော် အဖြစ် တော်စပ်ခဲ့သူ သန္တုဿီတနတ်သားကို အမှူးပြုကာ တာဝတိံတာ နတ်ပြည် တွင် ကျေးဇူးဆပ်ခဲ့သည်။ ကျေးဇူးဆပ်ပုံမှာ အဘိဓမ္မာတရားအကျယ်ဟောကြားခဲ့ခြင်းဖြစ်သည်။ ယင်းအဘိဓမ္မတရားကို အရှင်သာရိပုတ္တရာအား အကျဉ်းနည်းဖြင့် ဟောပြောတော်မူခဲ့သည်။ ထိုမှတစ်ဆင့် တပည့်ရဟန်း ငါးရာတို့အား နေ့ချင်းပင် မကျဉ်းမကျယ်နည်းဖြင့် ပြန်လည်ဟောတော်မှုခဲ့ရာ ယနေ့တိုင် တည်ရှိရာ အခြေပြုလာခဲ့ခြင်း ဖြစ်ချေသည်။ ထိုအချက်ဖြင့် ၃၁ ဘုံအမှန်တကယ်ရှိသည်ဟုလည်း ထောက်ပြနိုင်သည်။)

သိုက်အကြောင်းကိစ္စပြန်ဆက်မည်။ စာဖတ်သူတို့ စတုမဟာရာဇ်ဘုံ သဘောကို သိရှိပြီဆိုလျှင် သိုက်တွင်စောင့်ကြပ်သော နတ်များကို သိရှိပြီဟု စာရေးသူယုံကြည်သည်။ သိုက်စောင့်နတ်အမျိုးမျိုး အထွေထွေ အားလုံးသည် ဘုရားထာပနာဖြစ်ပါကလည်း တာဝန်ရှိသဖြင့် လာရောက် စောင့်ကြပ်ပေးရခြင်း ရှိ၏။ နတ်တို့နှင့် မပြီးသေးချေ။ ဘုရားထာပနာစောင့်ကြပ်ရသော မြွေ၊ နဂါးစသည်ဖြင့် အမျိုးမျိုးရှိချေသေး သည်။

တိရစ္ဆာန်၊ ဗြိတ္တာ နှင့် အသူရကာယ်တို့လည်း ပါဝင်ချေသေးသည်။ ထို ဘုံသားတို့သည် လူဖြစ်စဉ်က (သေခါနီးအချိန်) လောဘဇောတက်ကာ ပိုင်ဆိုင်သော (ဝါ) ပိုင်ဆိုင်လိုသော ပစ္စည်းဥစ္စာကို အစွဲပြုပြီး သေမည်ဆိုလျှင် ထိုပစ္စည်းဥစ္စာ တည်နေရာ နှင့် ဒြပ်ဝတ္ထုတို့တွင် မကြွတ်မလွတ်နိုင်ပဲ တိရစ္ဆာန်သော် လည်းကောင်း၊ ဗြိတ္တာသော်လည်းကောင်း၊ အသူရကာယ်သော်လည်းကောင်း ဖြစ်ကြရသည်။ ဥစ္စာတို့ကို စောင့်ကြပ်ရသည်။

လှပသော မိန်းကလေးတို့ကို တောထဲတွင် တွေ့လျှင် ဥစ္စာစောင့်ဟုဆိုကြသည်။ အမှန်စင်စစ် သူတို့သည် ထို ပစ္စည်းဥစ္စာကိုအစွဲပြုပြီး သေလွန်ကြသဖြင့် မကျွတ် မလွတ်နိုင်သော ဗြိတ္တာနှင့် အသူရကယ် (သို့) စတုမဟာရာဇ် ဘုံသားများ ဖြစ်ရချေသည်။ သူတို့စောင့်ကြပ်သော ပစ္စည်းဥစ္စာအပေါ် နှောက်ယှက် လိုသူတို့နှင့် ကြုံတွေ့ရသော် နည်းလမ်းအမျိုးမျိုးဖြင့် ခြောက်လှန့်မောင်းထုတ်ရချေသည်။

အထက်ပါ ရှင်းလင်းချက်သည် ဒြပ်ဝတ္ထုသာရှိသေးသည်။ သက်ရှိ သတ္တဝါတို့အား စွဲလမ်းမှု၊စောင့်ကြပ်မှု ရှိသေးချေသည်။ သာဓကတစ်ခုအရ အမျိုးသားတစ်ဦးသည် သူချစ်သော အမျိုးသမီးကို စွဲလမ်းစိတ်ဖြင့် သေလွန်သည်ရှိသော် ကောင်းရာဘုံဘဝသို့မရောက်နိုင်ပဲ လောဘစိတ်အခြေခံ ပဋိသန္ဓေကြောင့် အသူရကာယ်၊ ဗြိတ္တာကဲ့သို့သော ဘုံဘဝသို့ရောက်ရသည်။ ထိုကဲ့သို့သော အခြေအနေတွင် သူချစ်ရသော မိန်းကလေးကို အများသူကာ အန္တာရယ်မှ လွတ်ကင်းအောင်ကူညီခြင်း၊ သို့တည်းမဟုတ် အခြားသူ တစ်ဦးနှင့် ချစ်ကြိုက်သွားမည်ကို စိုးရိမ်သဖြင့် လိုက်လံနှောင့်ယှက်ခြင်းများ ပြုတတ်ချေသည်။

ဤတွင် အကြောင်းမဲ့ခံရသည် မဆိုလို။ ထိုကဲ့သို့ နှောက်ယှက်မှုကို ခံရရန် ကံပါမှလည်း လိုက်လိုက်နှောင့် ယှက် (သို့မဟုတ်) ကူညီဖေးမမှုကိုခံရသည်။ (ဥပမာနောက်တစ်ခုအရ။ ။ သေသောကလေး (ကလေးခြောက်)က ဘုံဘဝစွဲလမ်းသဖြင့် အမေ့ကို အိပ်မက်ပေးခြင်း၊ အတိတ်စိမ်းပေးပြီး ကူညီခြင်းမျိုး)

ထိုအချက်နှင့်လည်း မလုံလောက်သေးချေ။ တစ်ခါတစ်ရံ ဝဋ်ကျွေးကြောင့်လည်း မိမိလုပ်ဆောင်ချက်များကို တားဆီးပိတ်ပင်မှုခံရသည်။ ဥပမာတစ်ခုအရ ဘုရားဟောဇာတ်တော် တစ်ခုတွင် အမျိုးသမီးတစ်ဦးသည် အရိယာတစ်ဦးကို နှုတ်ရေးဖြင့် ဆဲရေးတိုင်းထွာပြုမိသောကြောင့် သူဆဲခဲ့ဖူးသည် ပြည့်တန်ဆာမ ဟူသော စကားလုံးအတိုင်း ဘဝပေါင်းများစွာ ပြည့်တန်ဆာ အမျိုးသမီး၊ ယုတ်ညံ့သော တိရစ္ဆာန် ဖြစ်ရသည်။

ဘုရင်သမီးတော် ဖြစ်သည့် ဘဝတွင်ပင် ရုပ်ရည်ချောမောသဖြင့် နိုင်ငံပေါင်း များစွာက လိုလားကာ စစ်မက်ဖြစ်မည်ကို ဘုရင်က ကြောက်လှန့်သဖြင့် မည်သူကိုမှ မပေးစားနိုင်ပဲ ထိုနိုင်ငံဘုရင်၊ အိမ်ရှေ့ မင်းသား များအတွက် ပြည့်တန်ဆာသဘောမျိုးသာ ပျော်တော်ဆက်ဖြစ်စေခဲ့သည်။ (နောက်ဆုံး ဘဝ တစ်ခုတွင် ထိုအမျိုးသမီးလည်း မဂ်ဖိုလ်နိဗ္ဗာန်ရောက်ရချေသည်။) (ဘုရားဟောဇာတ်တော်ဖြစ် သည်။ အတိအကျ သိလိုသော် မေးနိုင်ပါသည်။)

ဆိုလိုသည်မှာ ဘဝတစ်ခုတွင် ပြုခဲ့မိသော အကုသိုလ်ထူးတစ်ခုကြောင့် ဘဝဆက်တိုင်းတွင် မပြတ်နိုင်ပဲ တူညီစွာပင် ဝဋ်ကျွေးဆပ်ရခြင်းမျိုးဖြစ်သည်။ ကုသိုလ်ထူးကြောင့်လည်း ဘဝဆက်တိုင်းအကျိုး ပေးကောင်း ရခြင်း မျိုးလည်းရှိသည်။ အိမ်ထောင်ရေးအမြဲ အဆင်မပြေ ဖျက်လိုဖျက်ဆီး ခံရသည်ဆိုခြင်းမှာ သိုက်စောင့်ကြောင့်သော် လည်းကောင်း၊ မိမိရှေးဘဝက ကြီးမားသော အိမ်ထောင်ရေးရာ နှောင့်ယှက် ကျူးလွန်သည့် အကုသိုလ်ကံတစ်ခုခုကြောင့် ဖြစ်ကြောင်း သိနိုင်သည်။ (ဥပမာ- သူတော်ကောင်းတို့ မဂ်လာကိစ္စခမ်းနားကို ဖျက်လိုဖျက်ဆီးပြုလုပ်ခြင်းမျိုး)

အိမ်ထောင်ရေးတစ်ခုတွင်သာမဟုတ် သက်ဆိုင်ရာသက်ဆိုင်ရာ အကြောင်းအရာကိစ္စရပ်တိုင်းတွင် ရှေးဘဝအကြောင်းကိစ္စ (ကံ) ကြောင့် ဝဋ်တစ်ခုသဖွယ် ဆက်တိုက်ခံရခြင်းဖြစ်သည်။ ဥပမာ- ချမ်းသာရန် အခွင့်အမြဲကြုံသော်လည်း အမြဲလိုလို ဆင်းရဲရခြင်း၊ ဆင်းရဲရန် အကြောင်းအမြဲကြုံသော်လည်း ကူညီဖေးမမှု (ဝါ) ကံထောက်ပံ့မှုကြောင့် အမြဲချမ်းသာရခြင်း စသည်ခြင်းမျိုးဖြစ်သည်။

အနှစ်ချုပ်ဆိုရသော် မည်ကဲ့သို့သော် ပုဂ္ဂိုလ်သိုက် စောင့်စောင့်၊ ကံဝဋ်ကျွေးမည်မျှပင် ကျန်ကျန် မိမိ လုပ်ဆောင်ရမည်ဖြစ်သော ကုသိုလ်ကောင်းမှုနှင့် ကျင့်ကြံအားထုတ်ရမည်ဖြစ်သော မဂ်ဖိုလ်တရားများကို အစဉ်တစ်ဆိုက်ပွားများကျင့်ကြံအားထုတ်ရချေမည်။

ဘဝများရှည်လျားလှသည်။ ဝဋ်ကြွေးများ ပေါလှချေသည်။ ကောင်းမှုရှိသလို၊ မကောင်းမှုရှိသဖြင့် ဘုံအထွေထွေတွင် ကြင်လည်ပြီး ဝဋ်ခံကြရသည်။ ထို ဘုံ၊ ဝဋ် များမှ ကြွတ်လွတ်အောင်၊ အကုသိုလ်ကံ အကျိုးများ အဟော သိကံဖြစ်အောင် နိဗ္ဗာန်ဝင်နိုင်ရန် ပွားများကြင့်ကြံရချေမည် ဖြစ်သည်။ ဝဋ်ကြွေးသည် နိဗ္ဗာန်ဝင်ခါနီးအထိတွင်ပင် ဆပ်ရမည်ဖြစ်ကြောင်းကို ဂေါတမမြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ပင် သာဓက အဖြစ် ပရိနိဗ္ဗာန်စံသဖြင့် သိမြင်ရသည်။

သို့သော် နိဗ္ဗာန်သို့ရောက်လျှင် ထိုကြောင်းကျိုးများလွတ်ကင်းရချေသည်။ သင်ကြားလေ့လာခဲ့သော အဘိဓမ္မာကျမ်းမှ ကိုးကား၍ ကုသိုလ်ဖြစ် ဆောင်းပါးရေးသား ကုသိုလ်ပြုအပ်ပါသည်။

စာဖတ်သူ ဓမ္မမိတ်ဆွေတို့ ကြောင်းကျိုးလွတ်ကင်း၊ ဆင်းရဲဝဋ် ကင်းမဲ့သော နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြ ပါစေ။

ကျပ်သိန်းပေါင်း ၅၂၅၀ခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမှုနှင့် ပတ်သက်၍ ဆက်စပ်တရားခံများအား ထပ်မံ၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ

Posted by drmyochit Monday, October 07, 2013, under | No comments


အာက်တိုဘာ ၄ရက် နံနက် ၃နာရီ ၃၀မိနစ်အချိန်ခန့်က ကျိုင်းတုံ -တာချီ လိတ်သွား ကားလမ်းမပေါ်ရှိ တာလေမြို့နယ်ခွဲ၊ နားယောင်းကျေးရွာအုပ်စု၊ နားအွမ်ကျေးရွာတွင် ကျိုင်းလပ် - တာလေမြို့နယ်ခွဲဘက်မှ တာချီလိတ် ဘက်သို့ မောင်းနင်လာသော ကားပေါ်မှ ကျပ်သိန်းပေါင်း ၅၂၅၀ ခန့် တန်ဖိုးရှိသည့် မူးယစ်ေ ဆးဝါးများအား ဖမ်းဆီးရမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ကွင်းဆက်များအား စစ်ဆေးဖော်ထုတ် လျှက်ရှိရာ အဆိုပါ ကဖင်များကို သယ်ဆောင်လာသူ ဦးစိုင်းxxx အား သက်ဆိုင်ရာ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ စစ်ဆေးဖော်ထုတ်ချက်အရ ကဖင်းများကို သယ်ဆောင်ရာတွင် အသုံးပြုသည့် ကား၏ ပိုင်ရှင်မှာ မိုင်းကိုးကျေးရွာအုပ်စုနေ ဦးxxxxခမ်း၏ ကားဖြစ်ကြောင်း ထွက်ဆိုလာသည့် အတွက် အောက် တိုဘာလ ၃ ရက်နေ့ ညနေ ၆နာရီ ၄၅မိနစ်အချိန်ခန့်က သက်ဆိုင်ရာရဲတပ်ဖွဲ့မှ မိုင်းကိုးကျေးရွာအုပ်စုရှိ ဦး xxxxခမ်း အား သွားရောက်ရှာဖွေရာ မူးယစ်ဆေးဝါးများနှင့်အတူ ထပ်မံ၍ ဖမ်းဆီးရ မိကြောင်း သတင်းရ ရှိသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ တပ်ဖွဲ့စု (၃၀) တာချီလိတ်၊ တို့မှ ဦးဆောင်သော ပူးပေါင်း အဖွဲ့တို့သည် ဦးxxxxခမ်း ၏ နေအိမ်အား အဆိုပါနေ့မှာပင် ရှာဖွေရန်အတွက် သွားရောက်စဉ် နေအိမ်တွင် ဦးxxxxခမ်း အား အသင့်တွေ့ရှိနေရပြီး၊ ဆက်လက်၍ နေအိမ်အတွင်းနှင့် ၎င်းတို့၏ ကားများအတွင်း မူး ယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေရာ အောက်တိုဘာ ၄ရက်နေ့ နံနက် ၃နာရီခွဲဝန်းကျင်က ကဖင်းများနှင့်အတူ ဖမ်းဆီးရမိထားသူ ဦးစိုင်းxxx ပိုင်ဆိုင်သည့် Honda Fit ကားတစ်စီးအားတွေ့ ရှိနေ ရ ပြီး အဆိုပါကားအတွင်းသို့ ရှာဖွေရာ အပြာရောင် ကပ်ခွာ ပလပ်စ တစ်အိတ်ဖြင့် ထည့်လျက် WY စာတမ်း ပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၁၉၅၀ပြားအား တွေ့ရှိရကြောင်း သိရသည်။ ဆက်လက်၍ မူးယစ်ဆေး ၀ါးများနှင့် လက်ဝယ်တွေ့ရှိရသူ ဦးxxxxxခမ်း အား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၁၂၂/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူထားရှိကြောင်း သိရှိရသည်။ 


Tachileik

ကျားအင်္ဂါ ကြီးစေခြင်း(+18)

Posted by drmyochit Monday, October 07, 2013, under | No comments


1. ဆရာ့ရဲ့ ရှုထောင့် သက်သက်ကနေပြောမယ်ဆိုရင် ရှည် (သို့) ကြီး စေဖို့အတွက် ဘေးထွက်ဆိုးကျိုး အနည်းဆုံး ထိရောက်မှု အရှိနိုင်ဆုံး နည်းလမ်းကို ပြောပါဆိုရင် မည်သည့်နည်းကို ထောက်ခံ အားပေးမည်လဲ။
2. ပြီးတော့ အီတလီနိုင်ငံကထုတ်တဲ့ Andropenis လို ထောက်တိုင်နဲ့ ကွင်းစွပ်ရတဲ့ Extender လို ကိရိယာမျိုးကို ရှည်ဖို့ သက်သက်အတွက်ဆိုရင် ဘေးထွက် ဆိုးကျိုးနည်းပြီး ထိရောက်မှု ရှိနိုင်တယ်လို့ ယူဆပါ သလား။
3. မြန်မာ့ လူမှုအသိုင်းအဝိုင်းတွင် ဤကဲ့သို့သော ပညာပေးခြင်း၊ ဆွေနွေးခြင်း ကိစ္စရပ်များကို ရှက်စရာ ရွံစရာဟု သတ်မှတ်ခြင်း ခံထားရတာကြောင့် ပွင့်လင်းစွာ ဆွေးနွေး-တိုင်ပင်-အကြံဥဏ်ရယူနိုင်သော ဆရာဝန်မှာ ပြည်တွင်း၌ မရှိသလောက် ရှားပါသည်။ ရှိသည့်တိုင်အောင်လည်း တိုင်းပြည်တွင် လွတ်လပ် စွာ ပြောဆိုခွင့် မရှိသောကြောင့် ပွင့်လင်းစွာ ပြောရဲဖို့ မလွယ်ကူပါ။
Andropenis နည်းကို Effective non-surgical penis enlargement မခွဲစိတ်ရဘဲ ထိရောက်တဲ့ ကျား-လိင်အင်္ဂါ ကြီးစေနည်းလို့ ဆိုပါတယ်။ သူ့ (ဆိုဒ်) မှာ ရေးထားတာမှန်သမျှတော့ အကောင်းကြီးသာ ပါတယ်။ တခြားနည်းတွေထက် သာတယ်။ Length increase အရှည် 4 cm (1.6 inches) အထိ တိုးလာစေမယ်၊ Girth increase လုံးပတ် 1.5 cm (0.6 inches) ရှိလာစေမယ်၊ Curvature correction ကောက်နေတာကို ၄ဝ% ဖြောင့်စေမယ်လို့ စာက ဆိုပါတယ်။
ရိုးရိုးနေချိန်ရော သန်မာမှုဖြစ်ချိန်မှာပါ တိုးတယ်ဆိုတာ သိသာတယ်။ ၂ လအတွင်း ပြောတာ မဟုတ်ရင် ငွေပြန်အမ်းမယ် ဆိုတာလဲ ပါသေးတယ်။ ဒီနည်းဟာ Medical principle of traction ဆွဲဆန့်ခြင်း ဆေးပညာ-သဘောတရားကို အခြေခံတယ်။ သူတို့ဆီက ရှေးရိုးဥပမာတောင် ပြလိုက်သေးတယ်။ ကိုယ့်ဆီမှာ ဘာနဲ့ တူမလဲဆိုရင် ပဒေါင် (ကယား၊ ကယန်း) အမျိုးသမီးတွေ လည်ပင်းမှာ ကြေးပတ်တဲ့ ဓလေ့ကြောင့် ကြာလေလေ လည်ပင်းရှည်လေလေသဘော ဖြစ်မယ်။
Andropenis နည်းမှာ Progressive traction force ဆွဲဆန့်အားကို တိုးတိုးလုပ်ပေးတာဖြစ်တယ်။ ဆွဲအား 600 နဲ့ 1500 grams ကြားမှာ ရှိတယ်။ ဒီလိုလုပ်လို့ Suspensory ligament အရွတ်၊ Corpus cavernosum အတွင်းမွလွှာ နဲ့ တခြားဟာတွေကို သက်ရောက်စေတယ်။ Stimulates growth ရှည်လာစေအောင် နိုးဆွပေးမယ်။
ကရိယာ ၃ မျိုး ရှိတယ်။
1. Andropenis Peyronie လိင်တံ ကောက်နေတာကို ပြင်ဘို့၊
2. Andropenis Mini မွေးရာပါကို ပိုရှည်ဘို့ နဲ့
3. Andropenis Postsurgery ဆီးလမ်း ခွဲစိတ်လိုက်ရလို့ တိုသွားတာကို ရှည်ဘို့အတွက် ဖြစ်တယ်။
ဆီးကျိတ်ကင်ဆာ၊ လိင်တံကောက်လို့ ခွဲစိတ်တာ၊ လိင်တံရှည်ချင်လို့ ခွဲစိတ်တာ၊ လိင်တံပစ္စည်းထည့်တာ၊ လိင်တံကို ထိခိုက်မိလို့ ခွဲစိတ်ရတာ၊ ဆီးထွက်ပြွန်ကျဉ်းလို့ ပြုပြင်တာ၊ ဆီးအိမ်ရောဂါတွေအတွက် ခွဲစိတ်တာတွေ လုပ်ရလို့ လိင်တံ နဂိုထက်တိုသွားရင် ဒီနည်းနဲ့ ပြန်ရှည်စေနိုင်တယ်။
Springs စပရင်တွေကို Stainless steel နဲ့ Shafts ရိုးတံကို Surgical aluminum တွေနဲ့ လုပ်ထားတယ်။ ကရိယာကို တောင့်တင်းမှု မရှိချိန်မှာ တပ်ဆင်ရတယ်။ ကရိယာ အမျိုးအစား အလိုက် တနေ့ ဘယ်နှစ်နာရီ တပ်ထားရတယ်ဆိုတာ သတ်မှတ်ထားတယ်။ ၄-၉ နာရီ ဖြစ်နိုင်တယ်။
Advantages အားသာချက်တွေ -
1. ကရိယာကို သူများ မသိအောင် တပ်ထားနိုင်တယ်။ လမ်းသွား၊ ထိုင်နေ၊ ရပ်နေရတယ်။
2. ဘာအလုပ်မှ မပျက်ဘူး။
3. လူမျိုးမရွေး၊ အရွယ်မရွေး ရတယ်။
4. ခွဲစိတ်စရာ မလိုပါ၊
5. ထာဝရ ရလဒ်ဖြစ်တယ်၊
6. ဥရောပမှာ တရားဝင် အသိအမှတ်ပြုခံထားရလို့ CE Certification ရှိထားပြီ၊
7. ၉၇% ထိရောက်တယ်။
Disadvantages အားနည်းချက်တွေ -
1. ကုသမှုကို ၆-၇ လ လုပ်ရတယ်။
2. တနေ့မှာ အချိန်ကြာကြာ တပ်ထားရသလို လိုသလိုရလာဘို့ အချိန်ယူရမယ်၊
3. လိင်စိတ် တိုးလာအောင် လုပ်မပေးနိုင်ဘူး၊ ပန်းသေတာ မကုနိုင်ဘူး၊
4. ကရိယာ တပ်ထားရလို့ အနေရခက်နိုင်တယ်၊
5. ကရိယာတခုဟာ ၁၅ဝ ကနေ ၃၅ဝ ဒေါ်လာပေးရတယ်၊
6. စိတ်ရှည်ဘို့နဲ့ ဇွဲလိုမယ်၊
7. လုံးပတ်တိုးမှာက သိပ်မသိသာဘူး၊
ပဌမမေးခွန်းကို နောက်မှာ ဖြေပါရစေ။ ရှည်စေ- ကြီးစေဖို့အတွက် ဘယ်နည်းကို ထောက်ခံ အားပေး ရမလဲ။
• လူနာ (ကာယကံရှင်) ကို နည်းတွေ ဘယ်လိုရှိတယ်၊ ဘာက ဘယ်လို စတာတွေ ပြောဘို့သင့်ကြတယ်။ အကောင်းရော ဖြစ်လာနိုင်လောက်တဲ့ ဆိုးကျိုး၊ ကုန်ကျစရိတ် အပါအဝင်ပေါ့။
• ဘာလို့ လုပ်ချင်သလဲ ဆိုတာ အပေါ်မှာလဲ အများကြီး မူတည်သေးတယ်။
• လုပ်ချင်တယ်ဆိုသူဟာ သူ့အင်္ဂါအစိတ်အပိုင်းက လူရာမဝင်ဘူးလို့ တလွဲထင်နေတာဆိုရင် မမှန်ကြောင်း ပြောရအုံးမယ်။ ယောက်ျား လိင်တံ အတို-အရှည်ဆိုတာ ဆေးပညာ သတ်မှတ်ချက် တခုအရ ပုံမှန် အချိန်မှာ 1.6 inches (4 cm) ထက်တိုပြီး၊ တောင့်တင်းမှု ရှိချိန်မှာ 2.75 inches (7 cm) ထက် နည်းတာ ကိုသာ ခေါ်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအတိုင်းအတာ ရှိရင် သူ့အလုပ်သူ လုပ်နိုင်စွမ်းရှိလို့ ဖြစ်တယ်။
• လူနာကိုယ်တိုင်ကို ရွေးချယ်ခွင့် ပေးပါမယ်။
By ဒေါက်တာတင့်ဆွေ

မလေးရှား ဂျိုဟိုးမှာ မြန်မာမိန်းကလေးတစ်ဦးကို ရေစင်ပေါ်တင်ကာ လူသုံးဦးက မုဒိန်းကျင့်

Posted by drmyochit Monday, October 07, 2013, under | No comments


မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် စီနိုင်းမြို့တွင် အောက်တိုဘာလ ၃ ရက်နေ့ ညပိုင်းက အလုပ်မှ ပြန်လာေ သာ မြန်မာ အမျိုးသမီး တစ်ဦးကို လူသုံးဦးက ဖမ်းဆီးပြီး ကားဖြင့်ခေါ်ဆောင်ကာ မုဒိမ်းကျင့်ခဲ့ကြောင်း အ ဆိုပါ အမျိုးသမီး၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။ 

လျှပ်စစ်ပစ္စည်း စက်ရုံတွင် လုပ်ကိုင်သည့် အဆိုပါ အမျိုးသမီးမှာ အောက်တိုဘာလ ၃ ရက်နေ့ ည ၇ နာရီေ ကျာ်ခန်က အလုပ်မှ ပြန်လာစဉ် လူသုံးဦးက ကားပေါ်တင် ဖမ်းခေါ်သွားခြင်း ဖြစ်ကြောင်း၊ ဖမ်းခေါ်ပြီးေ နာ က် ရေစင်ဟု ယူဆရသည့် စင်မြင့်တစ်ခုတွင် မုဒိမ်းမှု ကျူးလွန်ခဲ့ပြီး ရေစင်မှ တွန်းချရန် ကြံစဉ်ခဲ့ကြောင်း အဆိုပါ အမျိုးသမီး၏ ပြောဆိုချက်ကို ကိုးကားက အမည်မဖော်လိုသူ ၎င်းက ဆိုသည်။

“ယောက်ျားနဲ့ ကလေးရှိတယ် မသတ်ပါနဲ့လို့ တောင်းပန်တယ်။ ကံကောင်းတော့ အိတ်ထဲမှာ သူ့အစ်မ က လေးဓာတ်ပုံ ပါလာတယ်။ အဲဒါကိုပြလို့ သူ့ကို မသတ်ခဲ့တာ” ဟု စီနိုင်းမြို့တွင် နေထိုင်သူတစ်ဦး က ပြန် လ ည် ပြောကြားသည်။

အဆိုပါ အမျိုးသမီးကို လူသွားလူလာ မရှိသည့် နေရာတစ်ခုတွင် ပစ်ချခဲ့ပြီး မလေးရှား အမျိုးသမီးတစ်ဦး၏ ကူညီမှုဖြင့် နေအိမ်ကို ပြန်လည် ရောက်ရှိ လာကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်၍ စီနိုင်း ရဲတပ်ဖွဲ့စခန်း တွင် အမှုဖွင့်ထားပြီး မြန်မာသံရုံးကို အကြောင်းကြားထားကြောင်း ၎င်းကဆိုသည်။

ပြစ်မှု ကျူးလွန်ခံခဲ့ရသည့် အဆိုပါ အမျိုးသမီးကို ဆေးစစ်ဆေးမှုများ ပြုလုပ်နေပြီး ပြစ်မှု ကျူးလွန်ခဲ့သည်ဟု ယူဆရသူ သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီ ဖြစ်ကြောင်း စီနိုင်းမြို့တွင် နေထိုင်သူတစ်ဦးက ထပ်မံပြော ဆိုသည်။

အဆိုပါ အမျိုးသမီးသည် ၎င်း၏ ခင်ပွန်းနှင့်အတူ နေထိုင်ပြီး ကလေးတစ်ဦး ရှိကြောင်း ၎င်းကဆိုသည်။

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်တွင်လည်း ယခုနှစ် သြဂုတ်လ ၁၆ ရက်နေ့က Panasonic ဖုန်းထုတ်လုပ် သည့် Flairis Shd Bhd စက်ရုံတွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီး လုပ်သားများ နေထိုင်သ ည့် အဆောင်ကို ည ၁၀ နာရီခန့်က လူအုပ်စုလိုက် ဝင်ရောက်၍ အမျိုးသမီးတစ်ဦးကို ဖမ်းခေါ်သွားကာ မုဒိ မ်းကျင့်ပြီး အဆောင်အနီး လမ်းမတွင် ပစ်ချခံရမှုတစ်ခု ဖြစ်ပွားခဲ့သည်။

၂၀၁၂ ခုနှစ်ကလည်း ယင်းပြည်နယ်တွင် ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံခဲ့ရ ကြောင်း မလေးရှားရောက် မြန်မာလုပ်သားများထံမှ သိရှိရသည်။ 

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား အမျိုးသမီးများ၏ ဣနြေ္ဒ အရှက်တရားနှင့် ဂုဏ်သိက္ခာများကို ဥပေ ဒကြောင်းအရ လုံခြုံမှုပေးရန် မလေးရှားနိုင်ငံ အခြေစိုက် ၈၈ မျိုးဆက်နှင့် မျိုးဆက်သစ် လူ့အဖွဲ့အစည်း၊ NLD (LA) တို့က မြန်မာနိုင်ငံ အစိုးရကို တောင်းဆိုသည့် ကြေညာချက် တစ်စောင်ကို စက်တင်ဘာလ ၉ ရ က်နေ့တွင် ထုတ်ပြန်ခဲ့သည်။

By The Voice

ကိုယ်လက်လှုပ်ရှားခြင်းဖြင့် အ၀လွန်ခြင်းနှင့် အကြောအဆစ်ရောဂါများအတွက် ကုသရေး နည်းလမ်းများ

Posted by drmyochit Monday, October 07, 2013, under | No comments


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အဖွဲ့ကြီးရဲ့ သတင်းထုတ်ပြန်ချက်အရ ခန္ဓာကိုယ် အလေးချိန် များပြားမှုတွေ ယနေ့ကမ္ဘာမှာ တိုးတက်လျက်ရှိရာ ၂ဝဝ၅ ခုနှစ်မှာ လူဦးရေ

၂ ဒသမ ၃ ဘီလီယံဟာ ခန္ဓာကိုယ် အလေးချိန်များသူများ ဖြစ်လာနိုင်ပြီး အဲဒီထဲက သန်း ၇ဝဝ ကျော်ဟာ အဝလွန်သူများ ဖြစ်လာလိမ့်မယ်လို့ ဆိုထားပါတယ်။ အဝလွန်တာကို လျှော့ချဖို့ ပထမဆုံး သတိထားမိတာက အရိုးအဆစ်များ သန်မာဖို့၊ မကျိုးနိုင်စေဖို့ စနစ်တကျ လေ့ကျင့်ခန်းတွေကို နေ့စဉ် နာရီဝက် လုပ်ရမယ်လို့ ဆိုပါတယ်။

နေ့စဉ် လေ့ကျင့်ခန်း (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး) လုပ်သူဟာ လေ့ကျင့်ခန်း မလုပ်သူထက် အရိုးအဆစ် ပိုမိုသန်မာပြီး အရိုးကျိုးခြင်းမှ ကင်းဝေးနိုင်ပါတယ်။ ဒါကြောင့် အရိုးသန်မာချင်ရင် နည်းနည်းစားပြီး များများလျှောက် ရပါမယ်။ ကိုယ်လက် လှုပ်ရှား လေ့ကျင့်မှုများ ပြုလုပ်ခြင်းဟာ အကြောအဆစ် ဝေဒနာများမှ ကင်းဝေးရာ ရောက်သလို ဘေးကင်းရာလည်း ရောက်ပါတယ်။

အကြောအဆစ်ပညာကို စတင်လုပ်ဆောင်ခဲ့သူကတော့ ဆေးပညာရဲ့ ဖခင်ကြီးဖြစ်တဲ့ ''ဟစ်ပိုကရေးတီး'' ပဲဖြစ်တယ်။ နှိပ်နယ် ကုသမှုပညာ၊ အကြောအဆစ် ပြုပြင် ကုသမှုပညာ၊ ရေရဲ့ ဂုဏ်သတ္တိ အသုံးပြုပြီး ကုသပေးတဲ့ ပညာတွေကို အကြောအဆစ် ဝေဒနာရှင်တွေကို ကုသရာမှာ အသုံးပြုကြဖို့ ဘီစီ-၄၆ဝ ကတည်း က တိုက်တွန်းခဲ့ပါတယ်။

အကြောအဆစ် ပညာရပ်သမိုင်းရဲ့ အဓိကအချိုးအကွေ့က ပထမကမ္ဘာစစ် ဖြစ်ခဲ့ရာမှ စစ်ပွဲမှာ ဒဏ်ရာ ရရှိခဲ့တဲ့ စစ်သည် အမြောက်အမြားကို နေ့မနား၊ ညမအား ကုသပေးရတဲ့ အရိုးခွဲစိတ် အထူးကု ဆရာဝန် ကြီးများ အနေနဲ့ လူနာများရဲ့ ကာကွယ်ရေးနဲ့ ပြန်လည်ထူထောင် ကုသရေးမှာ အကြောအဆစ် ပညာရှင် များကို အားကိုးအားထား ပြုခဲ့တယ်။ ၁၉၁၈ ခုနှစ်မှာ အမေရိကန်ဝင် တပ်ဆေးဘက် ဌာနကြီးဟာ အထူးဆေးရုံ တပ်မများနဲ့ ပြန်လည် ထူထောင်ရေး စခန်းတွေဖွင့်လှစ်ပြီး အကြောအဆစ် ကုပညာရှင်တွေ တာဝန် ထမ်းဆောင်စေတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ အကြောအဆစ် ကုပညာရေးကျောင်း (School of Physical Ther-arpy) ကို ဝါရှင်တန်ဒီစီဝေါ် ကာရိဒ်ဝင်ဆေးရုံမှာ ဖွင့်လှစ်စေတယ်။ အကြောအဆစ် ပညာရှင်များရဲ့ ပညာရေး အဆင့်အတန်းဟာ ယခုအခါ များစွာမြင့်မားလာပြီး မဟာသိပ္ပံနဲ့ ပါရဂူဘွဲ့တွေကို ထင်ရှားတဲ့ တက္ကသိုလ်ကြီးတွေက သင်ပေးနေကြတယ်။ အကြောအဆစ် ပညာရှင်တွေဟာ လူနာကို လွတ်လပ်စွာ အကြောအဆစ် ကုသနိုင်တဲ့ ပညာရှင (Medical Professional) တွေအဖြစ် သတ်မှတ်တယ်။ မြန်မာနိုင်ငံမှာ အကြောအဆစ် ပညာရှင်တွေကို ဒီပလိုမာအဆင့်က ရွေးချယ်ပေးခဲ့ပြီး အခုနောက်ပိုင်း ဆေးဘက်ဆိုင်ရာ တက္ကသိုလ်တွေမှာ အကြောအဆစ် ပညာရပ်ကို မဟာသိပ္ပံထိ ဆက်လက်မြှင့်တင် ပေးလျက်ရှိတယ်။

အကြောအဆစ် ရောဂါဝေဒနာဟာ မွေးကင်းစ ကလေးဘဝမှ သက်ကြီး ရွယ်အိုဘဝအထိ ဘယ်သူမှ မကင်းနိုင်ကြပါဘူး။ ယခုအချိန်တွင် ယာဉ်တိုက်မှုတွေက တစ်နေ့တခြား များလာခြင်း၊ သက်ကြီးရွယ်အိုများ တိုးပွားလာခြင်း၊ အားကစား နဲ့ ဘဝနေထိုင်မှုဆိုင်ရာ ထိခိုက်ဒဏ်ရာ ရမှုများ ပိုမိုဖြစ်ထွန်းလာခြင်း တို့ကြောင့် ခါးနာလူနာ၊ ဇက်ခိုင်၊ ခေါင်းကိုက်၊ လည်ပင်းကျီးပေါင်းတက်၊ အားကစားနှင့် ထိခိုက်မှုဆိုင်ရာများ ပိုမိုဖြစ်ပွားလျက် ရှိသဖြင့် ခါးနာ၊ ဒူးနာ၊ ဇက်ခိုင်၊ ခေါင်းကိုက်၊ ပခုံးကပ်၊ လေဖြတ် စသည်ဖြင့် များပြား လာတာနဲ့အမျှ ပညာရပ်ဆိုင်ရာ အားပေးမှုတွေ ပိုမိုဖြစ်ပေါ်လာရတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ''ကိုယ်လက် လှုပ်ရှားအားကစား''ကို နေ့စဉ် နာရီဝက် လိုက်စားပါက အဝလွန်ခြင်းဘဝမှ ကင်းဝေးပြီး အစားအစာနဲ့ လူမှု နေထိုင်မှုဘဝကို ပီပြင်စွာ မောင်းနှင်နိုင်မှာ ဖြစ်တယ်။ အရင်က ခါးနာ၊ ဒူးနာ၊ ဇက်ခိုင်၊ ခေါင်းကိုက်၊ ပခုံးကပ်၊ လေဖြတ် ရောဂါသည်တွေအနေနဲ့ တတ်ယောင်ကား အနှိပ်သည်နဲ့ ပြီးနေရာက စနစ်တကျ စက်အကူအညီနဲ့ လုပ်ဆောင်လာ နိုင်တဲ့အထိ ကျန်းမာရေးလည်း ပိုကောင်းမွန်လာပြီး အကြောအဆစ် ကုပညာရှင် များက ပိုမိုဝန်ဆောင် မှု ပေးနိုင်လာကြပြီ ဖြစ်တယ်။

လူတိုင်း အကြောအဆစ်၊ အရိုးနဲ့ ပတ်သက်ပြီး တစ်နေ့နေ့မှာ မလွဲမသွေ ကြုံရမှာဖြစ်တဲ့ အတွက် နေ့စဉ် ပုံမှန် အားကစား၊ (အပြေး၊ လမ်းလျှောက်၊ စက် ဘီးစီး) နာရီဝက် လုပ်ဆောင်ပေးပြီး နည်းနည်းဖြစ်တာက စလို့ အချိန်မီ ပညာရှင်နဲ့ ပြသလမ်းညွှန်မှု ခံယူရန် လိုပါကြောင်း ရေးသားလိုက်ရပါတယ်။

သံတွဲပြသနာအဖြေရှာရန် ရခိုင်အမတ် ၄ ဦး လွှတ်တော်မှာခွင့်တင်ပြီး သံတွဲသွားပြီ

Posted by drmyochit Monday, October 07, 2013, under | No comments


ရန်ကုန်၊ အောက်တိုဘာ ၇

လူအသေအပျောက်ရှိခဲ့သည့် သံတွဲမြို့အကြမ်းဖက်ဖြစ်ပွားမှုများနှင့်ပတ်သက်၍ အဖြေရှာဖွေနိုင်ရန်အတွက် ရခိုင်တိုင်းရင်းသား လွှတ်တော် အမတ်လေးဦး ယနေ့ အောက်တိုဘာ ၇ရက်တွင် သံတွဲမြို့သို့သွားရောက် မည်ဖြစ်သည်။

အမျိုးသားလွှတ်တော်မှဒေါက်တာအေးမောင်နှင့်ပြည်သူ့လွှတ်တော်မှ ဦးဘရှိန်၊ဦးထွန်းအောင်ကျော်၊ဦးဖေသန်း စသည့်အမတ် သုံးဦးစုစုပေါင်း အမတ် လေးဦးနှင့်အတူ ပါတီအဖွဲ့ဝင် ၂ဦးလိုက်ပါပြီး သံတွဲမြို့သို့ သွားရောက်မည် ဖြစ်သည်။

၎င်းတို့ သွားပြီးနောက်တွင် အဖြေအများကြီးရလာနိုင်ကြောင်း ဒေါက်တာအေးမောင်ကပြောသည်။
"ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတဲ့ကောင်းတဲ့ဦးတည်ချက်နဲ့သွားမှာဖြစ်ပါတယ်" ဟု ၎င်းကဆက်ပြောသည်။

အမတ်လေးဦးသည်ဒေသအခြေအနေကိုစုံစမ်းပြီးနောက် အဖမ်းခံထားရသည့် ၄၄ဦးအနက် ရခိုင် တိုင်ရင်းသား ၃၆ ဦး၏ တစ်အိမ်ခြင်းအလိုက် သွားရောက်စုံစမ်းမည်ဖြစ်ကြောင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကိုလည်းဆေးရုံသို့ သွားရောက်ကြည့်ရှုမည်ဟု ဒေါက်တာအေးမောင် ကပြောသည်။

ထိုသို့ တစ်အိမ်တက်တစ်အိမ်ဆင်း စုံစမ်းခြင်းနှင့်ပတ်သက်၍ ၎င်းက"ဘာကြော့င်ဖမ်းတာလည်း။ဝန်ထမ်းပါသလား။ဘာပုဒ်မနဲ့စွပ်စွဲတာလည်း။ဘာတွေလုပ်ခဲ့လဲ ဒီလိုလုပ်ခဲ့လို့အရေးယူတာလား " တို့ကို သိရှိနိုင်အောင် ဆောင်ရွက်သွားမည်ဟု ပြောသည်။

"ရက်နာရီအလိုက်မှတ်တမ်းယူပြီးအစိုးရကိုလည်းထောက်ပြမယ်။ လိုအပ်ရင် လွှတ်တော်မှာလည်း တင်ပြမယ်။ ထုတ်ပြန်ချက်လည်း ထုတ်ပြန်မယ်။" ဟု ဒေါက်တာအေးမောင်ကဆက်ပြောသည်။

အကြမ်းဖက်မှုပြဿနာအဖြေရှာရန် လွှတ်တော်၌ခွင့်ယူကာသွားရောက်မည့် ရခိုင်လွှတ်တော် အမတ်လေးဦး၏ ခရီးစဉ်သည် သုံးရက်ခန့်ကြာမည်ဖြစ်သည်။

ဆက်လက်ပြီး ဒေါက်တာအေးမောင်က ဖြစ်ပွားခဲ့သည့် သံတွဲအကြမ်းဖက်မှုနှင့်ပတ်သက်၍ "အစိုးရစွပ်စွဲ သလိုဖြစ်သလား။ဘာကြောင့် OIC နိုင်ငံခြားရေးဝန်ကြီးတွေလာမယ်ဆိုတဲ့ကာလမှ ။ မကြာခင် UNရှဲ့ လူအခွင့် အရေးကြေညာချက်ကို ကွင်တားနားထုတ်ပြန်မယ်ကာလမတိုင်ခင်လေးမှာမှ ဘာဖြစ်သွားသလဲ။ဦးသိန်းစိန်ပြောတဲ့ အတိုင်းတိုက်ဆိုင်တာလား။တမင်တိုက်ဆိုင်အောင်ဘယ်သူလုပ်သလဲ။
ဒီဘက်မှာဗိုလ်ချုပ်ကြီးရွှေမန်းနဲ့ ရခိုင်လူထုနဲ့မြန်မာတပ်မတော်ရဲ့ အငြိမ်းစားခေါင်းဆောင်လက်ရှိပြည်သူ လွှတ်တော်ရဲ့ ဥက္ကဌ နာယကကြီးနဲ့ ယုံကြည်မှုကိုတည်ဆောက်နေတဲ့အချိန်ဘာကြောင့်ဖြစ်သွားသလဲ။ဘယ်သူတွေလုပ်သလဲ။ကျွန်တော်တို့ အင်မတန်တည်ဆောက် ရတာ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရခိုင်လူထုကို မလိုလား ဘူးလား" ဟု မေးခွန်းထုတ် ပြောသည်။

လှိုင်သာယာ KTV အခန်း ၂ ခန်းက နှစ်လောင်းပြိုင်လူသတ်မှု မိန်းကလေးနှစ်ဦးအပါအ၀င်သံသယရှိသူ ၁၂ ဦးအား ရဲကဖမ်းလိုက်ပြီ

Posted by drmyochit Monday, October 07, 2013, under | No comments


ရန်ကုန် ၊ ၇-၁၀-၂၀၁၃

ရန်ကုန် မြောက်ပိုင်း ခရိုင် ၊ လှိုင်သာယာ မြို့နယ် အမှတ်(၅) ရပ်ကွက် ၆၉၃/ ၆၉၄ ၊ သုဓမ္မာလမ်း ရှိ Music ကာရာအိုကေ ဆိုင်တွင် အောက်တိုဘာလ ၄ ရက်က ဖြစ်ပွား ခဲ့သော နှစ်လောင်းပြိုင် လူသတ်မှု မှ ပြစ်မှု ကျူးလွန်သည်ဟု ယူဆရသူ ၁၂ ဦးအား ကရင်ပြည်နယ် ရဲတပ်ဖွဲ့ က ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

အဆိုပါ Music ကာရာအိုကေ ဆိုင်တွင် ဖြစ်ပွား ခဲ့သော လူသတ်မှု တွင် မောင်ဇော် ၃၅ နှစ် နှင့် ကိုသူ ၂၀ နှစ်တို့မှာ ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဆိုင်မန်နေဂျာ ကံဝင်းဇော် (ခ) မိုက်မိုက် နှင့် အလုပ်သမား များ ထွက်ပြေး တိမ်းရှောင် သွားခဲ့ကြောင်း သတင်း ရရှိသဖြင့် လှိုင်သာယာ မြို့နယ် ရဲတပ်ဖွဲ့ က တိုင်းဒေသကြီး ၊ ခရိုင် အထူးအဖွဲ့ များနှင့် ပူးပေါင်း စုံစမ်း ရှာဖွေပြီး အခြားသော တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၊ ပြည်နယ် ရဲတပ်ဖွဲ့ များနှင့် ချိတ်ဆက် ဆောင်ရွက် ခဲ့သည်။

ထိုသို့ ဆောင်ရွက် ရာတွင် သတင်း ကွင်းဆက်အရ ကရင်ပြည်နယ် ရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင် များသည် သံလွင်တံတား ၌ တပ်ဖြန့် စောင့်ဆိုင်း ခဲ့စဉ် ယာဉ်ကို စစ်ဆေးရာ စစ်ဆေးမှု မခံဘဲ မောင်းတံကို တိုက်၍ ထွက်ပြေး သွားသဖြင့် ၄င်းယာဉ် နောက်သို့ ရဲတပ်ဖွဲ့ဝင် များက လိုက်လံ ဖမ်းဆီးခဲ့ရာ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ဇာသပြင် ရဲစခန်း အပိုင် ဇာသပြင် အနောက် ကျေးရွာ လယ်ကွင်း အတွင်း ဖမ်းဆီး ရမိခဲ့ သည်။

ဖမ်းဆီး ရမိသူများမှာ လှိုင်သာယာ ရဲစခန်းမှ ပ / ၁၁၃၁ / ၂၀၁၃ ပုဒ်မ ၃၀၂ လူသတ်မှု ဖြင့် အမှုဖွင့် ထားပြီး ထွက်ပြေး တိမ်းရှောင် လာသော ကဲဝင်းဇော် ၃၄ နှစ် ၊ မျိုးမင်းထိုက် (ခ) ကိုအောင် ၂၉ နှစ် ၊ ကျော်စွာဝင်း ၃၃ နှစ် ၊ ကိုထိုက် (ခ) ကတုံး ၁၉ နှစ် ၊ ကိုကိုနိုင် (ခ)ကိုနိုင် ၂၄ နှစ် ၊ စိုးမိုးကျော် (ခ) ကရင် ၂၇ နှစ် ၊ အောင်သူရ (ခ) အောင်ကျော်သူ ၃၀ နှစ် ၊ စစ်နိုင် (ခ) တင့်နိုင်ဦး ၂၈ နှစ် ၊ ရဲထွဋ်ကျော် (ခ) ရဲကြီး ၂၅ နှစ် ၊ မင်းခန့် ၂၄ နှစ် ၊ ယဉ်ယဉ်ထိုက် ၂၉ နှစ် နှင့် နော်ထူးဖောဆန်း ၂၀ နှစ် စုစုပေါင်း အမျိုးသား ၁၀ ဦး နှင့် အမျိုးသမီး ၂ ဦး (ပုံ) တို့အား ၄င်းတို့ ထွက်ပြေး ရာတွင် စီးနင်းသော သက်သေခံ Probox အဖြူရောင် ကားအပြင် ပြစ်မှု ကျူးလွန် ရာတွင် အသုံးပြု ခဲ့သော လက်နက် များကိုပါ သိမ်းဆည်း ရမိ ခဲ့သည်။


ဖြစ်စဉ်အား ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးမှုခင်း အကူဌာနစု တွင် စစ်ဆေး ဆောင်ရွက်ပြီး ရန်ကုန် မြောက်ပိုင်း ခရိုင် ၊ ရဲတပ်ဖွဲ့မှူးရုံး အထူး မှုခင်း နှိမ်နင်းရေး ဌာနစု မှ လွှဲပြောင်း လက်ခံ၍ ဆက်လက် စစ်ဆေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။


By Myawady Daily

ပြည်တွင်း၌ခေတ်စားနေသော ဒေါ်လာ ၁၁ ဘီလီယံ ပြည်ပဘဏ်တွင်အပ်ထားသည်ဆိုသော ကောလဟာလများအား အစိုးရ ထပ်မံရှင်းလင်း

Posted by drmyochit Monday, October 07, 2013, under | No comments


ပြည်တွင်းမီဒီယာအချို့က ဝိုင်းဝန်းဖော်ပြကြသည့် ငွေစာရင်းငါးခုဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကို ပြည်ပဘဏ်များတွင် အပ်နှံထားသည်ဆိုသော သတင်းနှင့် ပတ်သက်ပြီး အမှန်တကယ် အပ်ထားခြင်း ရှိမရှိကို အစိုးရအနေနှင့် မသိရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ထပ်မံ ပြောကြားသည်။

ဒေါ်လာ ၁၁ ဘီလီယံ အပ်နှံထားမှုကြောင့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ ကြွေးမြီများ ကို လျှော်ပေးခြင်း မရှိဟု သတင်းမီဒီယာများ၏ ရေးသားချက်ကို အောက်တိုဘာလ ၄ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး တတိယမြောက်နေ့တွင် အစိုးရအဖွဲ့ ကိုယ်စား လာရောက် ရှင်းလင်းစဉ် ၄င်းက အထက်ပါအတိုင်း ထပ်မံ ပြောကြားသွားခြင်း ဖြစ်သည်။ ယင်းဒေါ်လာ ၁၁ ဘီလီယံကြောင့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ ကြွေးမြီများကို လျှော်ပေးခြင်းမရှိဆိုသော သတင်းမှာ လုံးဝမှားယွင်းပြီး ကြွေးနွံနစ်နေသည့် နိုင်ငံများမှအပ ကျန်နိုင်ငံများကို ကမ္ဘာ့ဘဏ် က ကြွေးလျှော်ပေးလေ့ မရှိကြောင်း ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ထပ်လောင်း ရှင်းလင်းသည်။

မြန်မာနိုင်ငံမှာ ကြွေးနွံနစ်သည့် နိုင်ငံများစာရင်းတွင် မပါဝင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးက ဆိုသည်။ အဆိုပါ ၁၁ ဘီလီယံသတင်း မှန်မမှန် ပြည်သူများကို တိတိကျကျ ရှင်းလင်းရန်လိုကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က လွှတ်တော်တွင် မေးမြန်း ရာ ဗဟိုဘဏ်ဥက္ကဋ္ဌက အဆိုပါ ငွေစာရင်းငါးခုကို မသိကြောင်းသာ ထပ်မံဖြေကြားသည်။ “နိုင်ငံခြား ဘဏ်တွေမှာ မြန်မာသူဋ္ဌေးတွေ အပ်ထားတဲ့ ငွေတွေ ရှိနိုင်ပါတယ်။ ဘယ်ဘဏ်မှာ ဘယ်လောက်ရှိတယ် ဆိုတာ ကာယကံရှင်နဲ့ ဘဏ်လုပ်ငန်းရှင်များကပဲ အတိအကျ သိနိုင်တယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက မှတ်ချက်ပြုသည်။

ထို့အပြင် ဘဏ်များကလည်း မိမိတို့ဘဏ်၌ အပ်နှံထားသူ တစ်ဦးချင်း၏ အပ်ငွေမည်မျှ ရှိသည်ဆိုခြင်းကို လုံးဝထုတ်ဖော် ပြောကြားမည် မဟုတ်သဖြင့် မြန်မာသူဌေးအချို့၏ ဘဏ်စာရင်းငါးခုတွင် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ရှိနေသည်ဆိုသော သတင်းကို အတည်မပြုနိုင်သေးကြောင်း ၄င်းက သုံးသပ်သည်။ စက်တင်ဘာလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ဝန်ကြီးဌာနများ သတင်းစာ ရှင်းလင်းပွဲတွင်လည်း ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေကြေး အရန်ငွေ အဖြစ် ဗဟိုဘဏ်၊ အစိုးရ ကုန်သွယ်မှု ဘဏ်များနှင့် ပုဂ္ဂလိကဘဏ် အသီးသီးက ပြည်ပ ဘဏ်များ၌ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလီယံ အပ်နှံထားပြီး ၁၁ ဘီလီယံကိစ္စကို မသိရှိရကြောင်း ပြောဆိုထားသည်။

အစိုးရများက နိုင်ငံရပ်ခြားတွင် ဘဏ်စာရင်းများ ဖွင့်လှစ်၍ နိုင်ငံခြားငွေကြေး အပ်နှံထားမှုမှာ ပုံမှန် လုပ်ငန်း တစ်ရပ်သာ ဖြစ်ကြောင်း ကမ္ဘာဘဏ်က ထုတ်ပြန် ပြောကြားထားသည်။ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ အထိရှိသော ဘဏ်စာရင်းငါးခုကို ပြည်ပဘဏ်များ၌ အပ်နှံထားခြင်းေ ကြာင့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ ကြွေးမြီများကို လျှော်ပေးခြင်း မရှိကြောင်း အမေရိကန်အခြေစိုက် Bank Information Center မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းပုဂ္ဂလိက သတင်းစာ အချို့တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

The Voice Saturday 
Photo:AP

ပြိုင်ရဲ ရဲ့ လား

Posted by drmyochit Monday, October 07, 2013, under | No comments


တပ်မတော်၏သမိုင်းသည် နိုင်ငံတော်၏သမိုင်းဖြစ်သည်။ထို့အတူပင် နိုင်ငံတော်၏သမိုင်းသည် တပ်မတော်၏ စစ်သမိုင်းပင်ဖြစ်သည်။တပ်မတော်မရှိက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်မရှိနိုင်။တပ်မတော်မရှိကကျွန်ဖြစ်နိုင်သည်။အဘယ်ကြောင့်ဆိုသော် နိုင်ငံတော်နှင့်တပ်မတော်သည်ခွဲခြား၍မရသောကြောင့်ဖြစ်သည်။ 

တပ်မတော်သားတို့သည် သူ့ခေတ်နှင့်သူ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည်။ အမိမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည် တည်တံ့ရေးအတွက် ပုဂံခေတ် အနော်ရထာတည်ထောင်ခဲ့သော ပထမမြန်မာနိုင်ငံတော်မှ ယနေ့ ခေတ်တိုင်အောင် တပ်မတော်သည် ပြည်သူနှင့်လက်တွဲ၍ သမိုင်း ၀င်သော တိုက်ပွဲများစွာ ဆင်နွှဲခဲ့သည်။ တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ် ပန်ဆင်လျက် နိုင်ငံတော်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဓွန့်ရှည်ကြာ ရပ်တည်နိုင်ရေး အတွက် ဦးလည်မသုန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသော တပ်မတော် တစ်ရပ်ဖြစ်ပေသည်။

နယ်ချဲ့ဗြိတိသျှတို့သည်မြန်မာနိုင်ငံကို၁၈၂၄ခုနှစ်တွင်ပထမကျူးကျော်စစ်၊၁၈၅၂ခုနှစ်တွင်ဒုတိယကျူးကျော်စစ်၊၁၈၈၅ခုနှစ်တွင် တတိယကျူးကျော်စစ် သုံးကြိမ်ဖြင့် မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ သည်။ ထိုသို့ သိမ်းပိုက်ပြီးသည်နှင့် တောင်ပေါ်၊ မြေပြန့်ခွဲခြားကာ သွေးခွဲ အုပ်ချုပ်မှု စနစ် (Divided Rule)ကိုကျင့်သုံးအုပ်ချုပ်ခဲ့သည်။ သူ့ကျွန်ဘ၀ကျရောက်ပြီးသည် နှင့် အမြို့မြို့ အနယ်နယ်ရှိ မျိုးချစ်သူရဲကောင်းများ က တော်လှန်ခဲ့ကြသည်။သို့သော် မအောင်မြင်ခဲ့ပေ။ မြန်မာ့ လွတ်လပ်ရေး ကို ပြန်လည်ရရှိအောင် ကြိုးပမ်းရာတွင် ဗိုလ်ချုပ် အောင်ဆန်းပါဝင်သည့် ရဲဘော်သုံးကျိပ် သည် တရုတ်ပြည်တောင်ပိုင်း ဟိုင်နန် ကျွန်းတွင် စစ်ပညာများကို တိတ်တဆိတ် သင်ကြားခဲ့သည်။ ဗမာပြည် လွတ်လပ်ရေးကို အရယူမည်ဟု သန္နိဋ္ဌာန်အပြည့်ဖြင့် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ တွင် မြန်မာ လွတ်လပ်ရေး တပ်မတော် (BIA) ကို စတင်ဖွဲ့စည်းခဲ့သည်။

ဆုံးရှုံးသွားသော လွတ်လပ်ရေး ပြန်လည်ရရှိရေးအတွက် နိုင်ငံရေးသက်သက်ဖြင့် တိုက်၍မဖြစ်တော့သဖြင့် တပ်မတော်ပေါ်ထွန်းလာရသည်။ တပ်မတော်သည် လွတ်လပ်ရေး တိုက်ပွဲ၏ ဦးဆောင်မှုကို ရယူထားပြီးလွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယ အဖြစ်ခံယူကာ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကို တာဝန်ယူဆောင်ရွက်ခဲ့သည်။ အသက် ၊ သွေး၊ ချွေးေ ပါင်းမြောက်မြားစွာ ပေးဆပ်ခဲ့ရပြီး ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင် လွတ်လပ် သည့် နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိသည်နှင့် တစ်ပြိုင်နက် နိုင်ငံရေးအယူအဆများကွဲပြားမှု၊နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ရေး စနစ်နှင့်သပ်လျှိုသွေးခွဲ ခဲ့မှုများကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုပြိုကွဲပြီး ပြည်တွင်းသောင်းကျန်းမှုကြီး ပေါ်ပေါက်ခဲ့ရသည်။တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲရာမှ ပြည်ထောင်စုကြီးပြိုကွဲမည့်အခြေအနေအထိ ဖြစ်ပေါ်လာခဲ့ရသည်။မြေပေါ်မြေအောက်လှုပ်ရှားမှုများ၊ နိုင်ငံရေးအကွဲအပြဲများနှင့်နာလန်မထူနိုင်အောင်ဖြစ်ခဲ့ရသည်။ထိုအချိန်ကအမျိုးသားနိုင်ငံရေးသည် ပြည်တွင်းသောင်းကျန်းမှုချုပ်ငြိမ်းရေးပင်ဖြစ်သည်။ပြည်တွင်းသောင်းကျန်းမှုချုပ်ငြိမ်းရေးကိုတပ်မတော်ကဆောင်ရွက်ခဲ့ရသည့်အတွက် တပ်မတော် သည် အမျိုးသားနိုင်ရေး ဦးဆောင်မှု အခန်း ကဏ္ဍကို ရယူခဲ့ရသည်။

တပ်မတော်သည်ပြည်တွင်းသောင်းကျန်းမှုအခြေအနေကိုသာထိန်းသိမ်းကာကွယ်ခဲ့ရသည်မဟုတ်ပါ။ ပြည်ပကျူးကျော်မှုအန္တရာယ်ဖြစ်သည့်တရုတ်ဖြူတပ်များနှင့်KNDOများပူးပေါင်း၍
လွိုင်ကော်၊လွိုင်ပွတ်၊ ဘော်လခဲနှင့်နန့်ပဲမြို့များကိုတိုက်ခိုက်ခဲ့သည့် ပြည်ပကျူးကျော်စစ်များ ကိုပါ တပ်မတော်မှ စစ်ဆင်ရေးအမည် အမျိုးမျိုးဖြင့် တိုက်ခိုက် ခဲ့ရပါသည်။ပြည်ပကျူးကျော်မှုအန္တရာယ်သည် လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကိုထိပါးခြင်းဖြစ်သဖြင့် ပြည်ပကျူးကျော်မှုအန္တရာယ်တွန်းလှန်ကာကွယ်ရေးသည်အမျိုးသားနိုင်ငံရေး၏အသက်တစ်မျှအရေးကြီးသောကိစ္စဖြစ်သဖြင့်တပ်မတော်သည်ထိုအချိန်ကတည်းကအမျိုးသားနိုင်ငံရေးတာဝန်ကြီးကိုထမ်းဆောင်ခဲ့ရသည်။လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ချိန်မှစ၍ယနေ့အချိန်ထိတပ်မတော်သည်အိမ်စောင့်အစိုးရ၊ တော်လှန်ရေးကောင်စီ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့စသည်ဖြင့်ပုံစံအမျိုးမျိုးဖြင့်အမျိုးသားနိုင်ငံရေးကိုအစဉ်ထာဝရထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့သည်။

အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးသည်မြန်မာနိုင်ငံအား ခေတ်မီ ဖွံ့ဖြိုးတိုးတက် သည့် နိုင်ငံတော်အဖြစ် တည်ဆောက်ရာတွင် ပဓာနကျသော အဓိကအချက်ဖြစ်သည်။ ထို့ကြောင့်အစိုးရသည် တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းအဖြေရှာမှသာလျှင်အမျိုးသားပြန်လည်စည်းလုံးညီညွတ်မှုကိုရရှိနိုင်မည်ဖြစ်သဖြင့်ဖိတ်ခေါ်ခြင်း၊လိုက်လျောခြင်း၊ကူညီပံ့ပိုးပေးခြင်း၊တာဝန်ယူခြင်း၊စိတ်ရှည်ခြင်း၊သည်းခံခြင်း၊သဘောထားကြီြး
ခင်း၊ပွင့်လင်းခြင်း၊ယုံကြည်မှုနှင့်အပြန်အလှန်လေးစားခြင်းတို့ဖြင့် ဆောင်ရွက်ခဲ့ပါသည်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၁၇)ဖွဲ့ဥပဒေဘောင်အတွင်းဝင်ရောက်လာခဲ့ပြီး တောတွင်းလက်နက်ကိုင် အဖွဲ့အစည်း အများအပြားသည်လည်း လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့ကြသည်။

သမိုင်းအစဉ်အလာကြီးမားခဲ့သော တပ်မတော်သည် တို့တာဝန်အရေးသုံးပါးကို ထိပါး လာမည့် အန္တရာယ်များနှင့် ကြုံလာတိုင်း ရှင်မဟာရဋ္ဌသာရ၏ ဂမ္ဘီသာရပျို့ကဗျာပါ-
ရဲရေးရောက်သော် ၊ ရွံ့ကြောက်မဲ့တွန်
နို
ုမ္ဘဏ်ယက္ခ
င်ငံ့ဝန်၌ ၊
ကု
နာဂခြသေ့င်္ ၊ ရင်ဆိုင်တွေ့လည်
ခွာ၍မတွန့် ၊ အသက်စွန့်လော့
ဆိုသည့်အတိုင်း ရွပ်ရွပ်ချွံချွံ ရင်ဆိုင်ခဲ့ပါသည်။

တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်း စတင်သန္ဓေတည် ပေါက်ဖွား လာပြီး ပြည်သူ တို့နှင့် အတူလက်တွဲ၍ လွတ်လပ်ရေးကို ရယူပေးခဲ့သည်။ လွတ်လပ်ရေးနှင့် ဒို့တာဝန်အရေး (၃)ပါးဖြစ်သော ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးကို အစဉ်တစိုက် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခဲ့ရသည်။ မည်သို့သော အန္တ ရာယ်၊ အခက်အခဲတစ်စုံတစ်ရာ ကျရောက်လာသည်ဖြစ်စေ ပြည်သူလူထုနှင့်အတူ လက်တွဲ၍ ရင်ဆိုင်ဖြေ ရှင်းခဲ့သည်။ ပြည်တွင်းပြည်ပအဖျက်သမားများကြောင့် တိုင်းပြည်ဒုက္ခရောက်မည့်အချိန်တိုင်း တပ်မတော် သည် အမျိုးသားနိုင်ငံရေးတစ်ခုတည်းအတွက် အသက်၊သွေး၊ချွေးများပေးဆပ်ကာ အမြဲတမ်း ကာကွယ်ပေးခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏သမိုင်းကြောင်းတစ်လျှောက်တွင် အစဉ်အလာ ကြီး မားပြီး အမျိုးသားနိုင်ငံရေးကို ဦးစားပေးကာ ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ထား ကာကွယ်စောင့်ေ ရှာက်နေသော တပ်မတော်ကို အစဉ်လေးစားလျက် မည်သူတွေနှင့် ဘယ်လို ခိုင်းနှိုင်း ခိုင်းနှိုင်း တိုင်းပြည်နှင့်လူမျိုးအတွက် ပေးဆပ်မှုတွင် ပြိုင်ရဲရဲ့လားဟု မေးလိုက်ချင်ပါသည်။

ကိုမိုးစက်

ကိုယ်ဝန်ဆောင်နှင့် နဂါးမောက်သီး

Posted by drmyochit Monday, October 07, 2013, under | No comments


ကိုယ်ဝန်ဆောင်နေတဲ့ ကာလမှာ သစ်သီးတွေ စားတာဟာ မိခင်ကျန်းမာရေး အတွက်သာမက ကလေး ဖွံ့ဖြိုးမှုကိုပါ အကူအညီ ပေးပါတယ်။ အရောင်စုံတဲ့ အသီးတွေစားရင် အမျိုးစုံတဲ့ အာဟာရ ဓာတ်တွေ ရရှိနိုင်ပါတယ်။ ဒါကြောင့် အရောင်အသွေးလည်းစုံပြီး အာဟာရ ဖြစ်စေတဲ့ နဂါးမောက်သီးနဲ့ ကိုယ်ဝန် ဆောင်မိခင်တွေရဲ့ ကျန်းမာရေးက ဘယ်လို ဆက်စပ်နေလဲဆိုတာ လေ့လာကြည့် ရအောင်။ နဂါးမောက် သီးဟာ မွတ်ညက်နေတဲ့ အသားနဲ့ အစက်အပြောက်လေးတွေ ပါတဲ့ အသီးဖြစ်ပြီး အရသာက ကီဝီသီး နဲ့ ဆင်ပါတယ်။ အနီရောင်ဖျော့ဖျော့ သို့မဟုတ် ပန်းရောင်အပြင် အခြား အရောင်တွေကလည်း တစ်မျိုးစီ အာဟာရ ဓာတ်တွေ ကြွယ်ဝနေတဲ့အတွက် ကိုယ်ဝန်ဆောင် မိခင်တွေကို အမျှင်ဓာတ်တွေ အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ 
၁။ ဗီတာမင်ဓာတ် 
နဂါးမောက်သီးမှာ အဓိကဗီတာမင် အနေနဲ့ ဗီတာမင်စီ နဲ့ ဗီတာမင်ဘီအုပ်စု ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ရော ကလေးမှာပါ ကျန်းမာတဲ့ ကိုယ်ခံစွမ်း အား ရရှိဖို့အတွက် ဗီတာမင်စီဟာ အရေးပါရုံသာမက သံဓာတ် စုပ်ယူတဲ့ နေရာမှာလည်း ကူညီပေးပါတယ်။

ဗီတာမင်ဘီကတော့ ကလေးကြီးထွား ဖို့အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်ကို စုပ်ယူပေးပြီး ကာဗိုဟိုက်ဒရိတ်တွေကို လောင်ကျွမ်းစေကာ စွမ်းအင်အဖြစ်ထုတ် ပေးလေ့ရှိပါတယ်။ ဒါကြောင့် ကလေးရဲ့ အရေပြားနဲ့ မျက်လုံး စတင်ဖြစ်ပေါ်လာ ဖို့သာမက အစာခြေစနစ်ကိုလည်း အ ထောက်အပံ့ ပေးပါတယ်။
ဗီတာမင်အေလည်း အနည်းငယ်ပါဝင် တာကြောင့် သန္ဓေသားရဲ့ အရိုးနဲ့ သွား တွေကို သန်မာအော င်ပြုလုပ်ပေးနိုင်ပါ တယ်။

၂။ သတ္တုဓာတ်များ 
နဂါးမောက်သီးဟာ သံဓာတ်ရရှိဖို့ အတွက်အဓိက အရင်းအမြစ်ဖြစ်တာနဲ့ အညီ အသီးရဲ့၁၀ဝ ဂရမ်မှာ သံဓာတ် ၁ မီလီဂရမ်နီးပါး ပါဝင်ပါတယ်။ သံဓာတ်ဟာ ကိုယ်ဝန်ဆောင်နေတဲ့ ကာလအတွင်းမှာ သွေးပမာဏကို များစေတဲ့ အပြင် သွေးနီဥအတွက် လိုအပ်တဲ့ ဟေမို ဂလိုဘင် ဖြစ်ပေါ်မှုကို အားပေးတာ ကြောင့် လမစေ့ဘဲကလေးမွေးဖွားတာ၊ ပေါင်မပြည့်တဲ့ကလေး မွေးတာတွေမှ ကာကွယ်ပေးပါတယ်။

သန္ဓေသားရဲ့ ဆဲလ်တွေ ဖြစ်ပေါ်ရာမှာ အရေးကြီးတဲ့ ဖောလိတ်ကာဗိုဟိုက်ဒ ရိတ် ( Folate Carbohydrate ) လည်း ပါဝင်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင် မိခင်တွေ ကလေးမမွေးခင် စားပေး တာဟာ မွေးလာတဲ့ကလေးရဲ့အာရုံကြော ဆိုပါတယ်။
နောက်ပြီး ကယ်လ်စီယမ်ပါဝင်တာဟာ ကလေးရဲ့သွားတွေ၊ အရိုးတွေကို ကြီး ထွားဖို့ အရေးပါပြီး မဂ္ဂနီဆီယမ်၊ ပို တက်စီယမ်နဲ့ ဖိုက်တိုကယ်မီကယ် ပါ ဝင်တာကြောင့် ခန္ဓာကိုယ်ခုခံအားစနစ် ကို တက်စေပြီး ဖျားနာတာ မဖြစ်အောင် ကူညီပေးပါတယ်။

အကြံပြုချက် 
နဂါးမောက်သီးဟာ ကိုယ်ဝန် ဆောင်မိခင်အတွက်သာမက ကလေး အတွက်ပါ များစွာသော အာဟာရ ဓာတ် တွေပါဝင်တာကြောင့် အလေ့အကျင့် လုပ်ပြီး စားသင့်ပါတယ်။ ဒီအတိုင်း အသီးကို ဇွန်းနဲ့ခပ်ထုတ်ပြီး စားရတာ ခံတွင်းမတွေ့လှဘူးဆိုရင်တော့ တခြား အကျိုးပြုအသီးတွေဖြစ်တဲ့ နာနတ်သီး၊ သရက်သီး၊ သင်္ဘောသီး၊ ကီဝီသီး စတာ တွေနဲ့ အချိုရည်အနည်းငယ်ရောကာ အသီးအသုပ်စုံ ပုံစံမျိုး စားပေးသင့်တယ် လို့ အကြံပြုလိုက်ရပါတယ်။ 
အိဖြူ(ဆေးဝါးတက္ကသိုလ်)
By Good Health

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်