ရန်ကုန်
အောက်တိုဘာ ၁၈
အညတရ
သူရဲကောင်း တေးစီးရီး မိတ်ဆက်ပွဲကို အောက်တိုဘာ ၁၆ ရက် နံနက် ၁ဝ နာရီက ရန်ကုန်မြို့
ဗိုလ်ချုပ် အောင်ဆန်းလမ်းရှိ စင်ထရယ် ဟိုတယ်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ
အညတရ တေးစီးရီး ဖြစ်မြောက်ရေး အတွက် တေးရေး၊ တေးဆို၊ တီးခတ်၊ စီစဉ် ဖန်တီးသူ ဆောင်းဦးလှိုင်က
အညတရ သူရဲကောင်း တေးစီးရီးနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး အလင်းတန်း ဂျာနယ်မှ
ဦးဝင်းငြိမ်းနှင့် လျှပ်တစ်ပြက် ဂျာနယ်မှ ဦးမြတ်ခိုင် တို့က အမှာစကား ပြောကြား ခဲ့သည်။
ဆိုးလ် အောက်တိုဘာ ၁၉
တောင်ကိုရီးယား
နိုင်ငံတွင် တရုတ် နိုင်ငံမှ တရားမဝင် ငါးဖမ်းခဲ့သော သင်္ဘောသားနှင့် ငါးဖမ်းသမား ၁၁
ဦးကို တရား ဥပဒေ ချိုးဖောက်မှုဖြင့် အောက်တိုဘာ ၁၉ ရက်က ဖမ်းဆီးအမိန့် ထုတ်ပြန်ခဲ့ကြောင်း
ကိုရီးယား ကမ်းခြေစောင့် တပ်ဖွဲ့ အနောက်ဘက် ဒေသ ဌာနချုပ်မှ မိုကေပိုက ပြောကြား ခဲ့သည်ဟု
သိရသည်။ အဆိုပါ ငါးဖမ်းသမား ၁၁ ဦးကို ကမ်းခြေစောင့် တပ်ဖွဲ့မှ တာဝန် ရှိသူများက ရှာဖွေခဲ့ရာ
ကိုရီးယား နိုင်ငံ အနောက်ဘက် ပင်လယ် အတွင်းရှိ သီးသန့် စီးပွားရေး ဇုန်အတွင်း တရားမဝင်
ငါးဖမ်းနေသည့် သင်္ဘောသား ၁၁ ဦးကို စစ်ဆေးစဉ် ကိုရီးယား ပင်လယ်ပြင် ရဲတပ်ဖွဲ့ကို လက်နက်များ
အသုံးပြု၍ အကြမ်းဖက် တိုက်ခိုက် ခဲ့ကြကြောင်း သိရသည်။
လန်ဒန် အောက်တိုဘာ ၁၉
ဗြိတိန်
နိုင်ငံမှ အပျော်တမ်း ရှေးဟောင်းပစ္စည်း ရှာဖွေသူ တစ်ဦးသည် လေးရာစု ကာလ အတွင်းမှ ရောမ
ခေတ် သုံး ရွှေဒင်္ဂါးများကို လန်ဒန်မြို့ မြောက်ဘက် ၂၂ မိုင် အကွာရှိ စိန့်အယ်လ်ဘမ် မြို့ရှိ
ပုဂ္ဂလိကပိုင် မြေကွက်တစ်ခု အတွင်း၌ ရှာဖွေ တွေ့ရှိခဲ့ကြောင်း
အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။ ရှာဖွေ တွေ့ရှိသည့် ရွှေဒင်္ဂါးပြား အရေအတွက်မှာ ၁၅၉ပြားရှိပြီး
၎င်းတို့ကိုစိန့်အယ်လ်ဘမ် မြို့ရှိ Verulamium ပြတိုက်တွင် ခင်းကျင်း ပြသ သွားမည်
ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် ထိုဒင်္ဂါးပြား များအား ရှာဖွေ တွေ့ရှိခဲ့သည့် နေရာ အတိအကျ
ကို ဖော်ပြခြင်း မရှိခဲ့ပေ။
ကချင် ပြည်နယ်ရှိ လူငယ်များ အကြား၌ မူးယစ် ဆေးဝါး သုံးစွဲမှု အလွန် များပြား နေသော်လည်း
မူးယစ်ဆေး သုံးစွဲသူ များအား သက်ဆိုင်ရာ ရဲစခန်း များက ခဏတာ ဖမ်းဆီး ခေါ်ဆောင် ထားလေ့ရှိပြီး
မိသားစု ၀င်များမှ လာရွေးပါက ပြန်လွှတ်ပေး နေကြောင်း မိုးကောင်း ဒေသခံ များထံက သိရှိရသည်။
စစ်အင်
အားကြီး အမေရိကန် အပါအ၀င် အာရှ နိုင်ငံ အချို့ပါဝင်သော ကမ္ဘာ့အကြီးဆုံး ‘ကော်ဘရာဂိုး’
စစ်ရေး လေ့ကျင့်မှု ကိုလေ့ လာရန် မြန်မာနိုင်ငံ အမေရိကန် ပြည်ထောင်စုက ဖိတ်ခေါ် သွားမည်
ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
In a pageant, evaluating a girl based on the
beauty of her curves, skin and overall bearing is probably one of the most
difficult task a judge has to go through. But, with merely a few seconds
to base such assessment, it is no surprise why some of those who look
incredibly hot in their swimsuit portfolio still fail to get the nod of the
judges.
မကွေးတိုင်း
ဒေသကြီး အောင်လံ မြို့နယ် စစ်အောင် ကျေးရွာ၌ အောက်တို ဘာလ ၁၂ရက် နေ့ နေ့လည် ၂နာရီ တွင်
ယင်း ကျေးရွာ၌ နေထိုင်သူ နေဝင်းထွန်းသည် ၄င်း ရည်းစား ဖြစ်သူကို မတွေ့ရ၍
လူငါးဦးကို ဓါးဖြင့် ခုတ်ခဲ့ရာ နှစ်ဦး သေဆုံး ခဲ့ကြောင်း အဆိုပါ မြို့နယ် ရဲစခန်းထံမှ
စုံစမ်း သိရှိရသည်။
ဘန်ကောက်မြို့မှာ
အလုပ်လုပ်ဖို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက် ကနေ တဆင့် သွားရောက်ဖို့ ကြိုးစားတဲ့ မြန်မာ
နိုင်ငံသား ၄၂ ယောက်ကို ဒီကနေ့ ဖမ်းမိတယ်လို့ သိရပါတယ်။ သူတို့ရဲ့
လှုပ်ရှားမှုကို သတင်းရ တဲ့အတွက် ထိုင်းအာဏာပိုင် အင်အား ၂၀ လောက်က မဲဆောက် မြို့ပြင်
တနေရာမှာ သွားရောက် ဖမ်း လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
လားရှိုးမြို့၊
ရပ်ကွက်(၂)၊ ပြည်ထောင်စု လမ်းမကြီးပေါ်၊ ရေပန်း လမ်းဆုံ အနီးတွင် အောက်တို ဘာလ ၁၉ ရက်နေ့၊
နေ့လယ် ၁၂ နာရီအချိန်က သီပေါဖက်မှ မောင်းနှင် လာသော (၁၂)ဘီး
ကုန်တင်ယာဉ် တစ်စီး သည် ဘရိတ် ပေါက်ကာ လမ်းဘေးသို့ ထိုးကျခဲ့ပြီး လမ်းဘေး လေထိုး ကျွတ်ဖာ
ဆိုင်မှ အလုပ်လုပ်နေသူတစ်ဦးအား တိုက် ကြိတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လာမယ့်
နိုဝင်ဘာလ ၁၈ရက်နေ့ အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် အတ္တလန်တစ် စီးတီး (Altantic
City, New Jersey) မှာ ကျင်းပမဲ့ အသုံးချ ကိုယ်ခံပညာ တိုက်ခိုက်ရေး လောက ကြေးစား လက်ဝှေ့
ပွဲစဉ် အမှတ် R.O.C ( Ring of Combat – 38 ) အတွက် MMA ( Mixed Martial Art ) မက်ဒယ်လ်
ဝိတ်တန်း ရှင် အင်ဆန် အောင်လ ကို ယခင်အပါတ် အောက်တိုဘာလ ၁၅ရက် စနေနေ့
ညနေတွေ့ဆုံ ဖုန်းနဲ့မေးမြန်း စကားစမြည် ပြောဆို ဖြစ်တယ်။
မီချီဂန် ပြည်နယ် က အမေရိကန် ပြည်သူတွေ ပညတ်ပေးလို့ ရခဲ့တဲ့ ( Burmese Python - ဘားမိစစ်
ပိုင်သွန် ) - မြန်မာ့ စပါးကြီးမြွေ ဆိုတဲ့ နာမည်နဲ့ အခုနှစ် ၂၀၁၁ အတွင်းမှာ ၃ပွဲထိုးသတ်ရာ
၂ပွဲ အနိုင်ရပြီး၊ လွန်ခဲ့တဲ့ စက်တင်ဘာလ ကပဲ ချေဆီမရစ် ( Casey Manrique ) ဆိုသူကို
လက်သီးထိုးချက်တွေ ချုပ်သတ် ကွက်တွေနဲ့ ၂ချီမှာ ဒိုင်ပွဲရပ်ကာ အနိုင်ရလာတဲ့ အောင်လ
ဟာ နောက်လဆို ပြိုင်ဖက် ဒရူးပူဇွန် (Drew Puzon) ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ မြစ်ကြီးနားမြို့
ဆရာအတတ်သင် လေ့ကျင့်ရေး မူလတန်းကျောင်းထွက် အောင်လ ဟာ သားချင်း ၅ယောက် ထဲက ၄ယောက်မြောက်
ဖြစ်ပြီး အမေရိကားမှာ အထက်တန်း တက်နေစဉ် နဘမ်း သတ်သည့် အားကစား လေ့ကျင့်ရာမှ ကိုယ်ခံပညာကို
မြေစမ်း ခရမ်းပျိုး ဖြစ်ပါတယ်။ တက္ကသိုလ် တက်နေစဉ် ကာလ ၂၀၀၅ ခုနှစ်မှာပင် အပျော်တမ်း
ကလပ်ပွဲ တွေမှာ ယှဉ်ပြိုင် ထိုးသတ်ခဲ့ကြောင်း၊ ယခု အမေရိကန် ကြေးစားလက်ဝှေ့ လောကထဲ
ဝင်ရောက် လာပြီး၊ ဘော်လ် တီးမိုးလ်မြို့၏ အယ်လ်ကရစ် အရပ်မှာ နေထိုင်ကာ ယခု ဘွဲ့ရချိန်မှာ
သူ့ကို မြေတောင် မြှောက်ပေး ခဲ့တဲ့ Crazy 88 Brazilian Jiu-Jitsu ဂျူဂျစ်ဆု ကလပ်မှာ
နည်းပြလုပ်ရင်း နိုင်ငံတကာ ပွဲတွေကို ထိုးသတ်ဖို့ ပြင်ဆင်နေတာပါ။ လာမဲ့နှစ် ကယ်လီဖိုးနီးယားမှာ
ကျင်းပမဲ့ ကမ္ဘာ့ဂျူဂျစ်ဆု ပြိုင်ပွဲ ဝင်ဖို့လဲ အဓိကထား ဦးတည်လေ့ကျင့် နေတယ်လို့
MMA ( Mixed Martial Art ) မှာ အဆင့် ၁၇၈ ရှိသူ အောင်လ က ဆိုပါတယ်။
(နေပြည်တော်
- အောက်တိုဘာ ၁၉)
ကချင်
ပြည်သူလူထု အကျိုးနှင့် လူထု ကိုယ်စားပြု အဖွဲ့အဖြစ် ကြွေးကြော် နေသည့် ကေအိုင်အေ၊
ကေအိုင်အေသည် မိုင်းခွဲ ၊ လူသတ် ၊ ဆက်ကြေး တောင်းခြင်း ကိုသာ ဆောင်ရွက် လျက်ရှိရာ အောက်တိုဘာ
၁၇ ရက် ည ၁၀ နာရီခန့်တွင် ကေအိုင်အေ အဖွဲ့ တစ်ဖွဲ့သည် ဖားကန့်မြို့နယ် ၊ မှော်ဝမ်း
ရပ်ကွက် ၊ မှော်မောင်း ကုန်း ကျေးရွာသို့ ရုတ်တရက် ဝင်ရောက် လာပြီး၎င်းရွာမှ မြို့အပြင်စည်း လုံခြုံရေး တာဝန် ထမ်းဆောင် နေသည့် တပ်မတော်
စစ်ကြောင်း တစ်ခုအား လက်နက်ကြီးဖြင့် နှောက်ယှက် ပစ်ခတ်သဖြင့် လုံခြုံရေး တပ်ဖွဲ့များမှ
ပြန်လည် ပစ်ခတ်ခဲ့ ရပါသည်။ ကေအိုင်အေ၏ လက်နက်ကြီး ပစ်ခတ်သံ များကြောင့် မှော်မောင်းကုန်း
ရွာသားများ ရွာအပြင်သို့ ထွက်ပြေး တိမ်းရှောင်ကြရာ ကေအိုင်အေ အဖွဲ့ ထောင်ထားသော တိုက်မိုင်း
၁ လုံး တိုက်မိ ပေါက်ကွဲသဖြင့် ဂွမ်ယော်တန် ဂွန်း (ဘ) ဦးဂွန်ယော်ဂမ် သေဆုံးခဲ့ပြီး မောင်ဆဂလဂျာ (ဘ)
ဦးဆဂဂျာနော် နှင့် မောင်ဇော် ဆိုင်း (ဘ) ဦးဂွန်ဂျာတို့ မိုင်းစ ထိမှန် ဒဏ်ရာ ရခဲ့ပါသည်။
KIOနှင့်
မြန်မာ အစိုးရ အကြား ငြိမ်းချမ်းရေး ကိစ္စများ ဆောင်ရွက် နိုင်ရန် အတွက် ငြိမ်းချမ်းရေး
အကျိုး ဆောင် အဖွဲ့ဝင် (၂)ဦး လိုင်ဇာ မြို့သို့ သွားရောက် နေပြီဖြစ် ကြောင်း သိရှိရသည်။
”ဘယ်နေ့
လုပ်မယ် ဆိုတဲ့ ရက် ကတော့ မရ သေးဘူး၊ ဒီနေ့က ကျနော်တို့ အဖွဲ့ ၄ ယောက်ထဲက ၂ ယောက် သွားတာ
ဦးလာ မိုင်ဂွမ်းဂျာ နဲ့ ဦးခွန်အောင် သွားတာပါ။ ဘယ်တော့ လုပ်ဖြစ် မလဲ ဆိုတဲ့ ဟာရယ် ဘယ်သူတွေ
ပါဝင်မလဲ ဆိုတဲ့ အချက်တွေကို ကျနော်တိုက သိရအောင်လို့ ဒီ ဖုန်းနဲ့ အဆက် အသွယ် ရတာက
အခု တစ်လော ဆက်သွယ် ရတာ အဆင် မပြေလို့ လူကိုယ်တိုင် သွားဆွေးနွေး ရတာပါ။ ရက်က အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှ
အစည်းအဝေးထိုင်းနေတယ် လို့တော့ သိရတယ်။” ဟု ငြိမ်းချမ်းရေး အကျိုး တော်ဆောင် တစ်ဦးက
ပြောသည်။
KIA နဲ့ ဗမာ စစ်တပ် တို့အကြား တိုက်ပွဲတွေ ဖြစ်ပွား ခဲ့တဲ့
တစ်နှစ်ကျော် ကာလအတွင်း KIA မှ အရာရှိ အဆင့် ၂၆၀ ကျော် အပါအ၀င် စုစုပေါင်း ၂၀၀၀
လောက်သေ ဆုံးခဲ့တယ်။ သေဆုံးသူ အရေအတွက်ရဲ့ ၂ ဆဖြစ်တဲ့ အင်အား ၄၀၀၀ လောက်ဟာ ထိခိုက်
ဒဏ်ရာ ရခဲ့ တယ်။ အဲဒီ ထိခိုက် ဒဏ်ရာ ရသူတွေရဲ့ တစ်ဝက်ကျော် လောက်ဟာ ကိုယ်လက်
အင်္ဂါတွေ ဆုံးရှုံး ခဲ့ပြီး ပြန်လည် တာဝန် ထမ်းဆောင်လို့ မရတော့ သူတွေ ဖြစ်တယ်လို့
လိုင်ဇာ သတင်း ရပ်ကွက် အဆို အရ သိရပါတယ်။ KIA စစ်ဘက် ခေါင်းဆောင် တစ်ဦး
ကတော့ “စစ်ပညာ အခြေခံ နည်းလို့ ဖြစ်တာပါ။ ငြိမ်းချမ်း နေတုန်းက စစ်ပညာ ဟုတ်တိ
ပတ်တိ မသင်ခဲ့ဘူး။ တကယ် စစ်တပ်နဲ့ တိုက်ပွဲ ဖြစ်တော့ ထိခိုက် ကျဆုံးမှု များတယ်။
သူတို့ စစ်တပ် နဲ့တော့ ဘယ်တူ မလဲဗျာ။ တစ်ချို့ ကိုလည်း အလွယ် တကူ ခေါ်သုံး ထားရတာ။ သေနတ်
ပစ်တတ် တယ် ဆိုရုံ ပဲရှိတယ်။ စစ်နည်း ဗျူဟာပိုင်း ဆိုတာ ကတော့ ဝေးရော”လို့
ပြောပါတယ်။
နိုင်ငံရေး အကျဉ်းသား ၁၄၈ ဦး ပြန်လည် လွတ်မြောက်ရန် ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန အကျဉ်းဦးစီး ဌာနတို့နှင့် နီးစပ် သည့် အသိုင်းအ၀န်းတွင် သတင်း ထွက်ပေါ်နေသည်။ ပြီးခဲ့သည့်လက သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းက အမေရိကန် နိုင်ငံသို့ ရောက်ရှိချိန်တွင် မြန်မာ မိသားစုများက အကျဉ်း ကျခံ နေရသည့် ဦးမြင့်အေး၊ ကိုလက်ျာထွန်းနှင့် နိုင်ငံရေး အကျဉ်းသားတချို့ ပြန်လွှတ် ပေး ရန် တောင်းဆိုခဲ့ရာ အမြန်ဆုံး စိစစ်ပြီး ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း ကတိပေးပြောကြားထားသည်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏ အောက်တိုဘာ ၁၂ ရက်နေ့ ထုတ်ပြန် ချက်အရ နိုင်ငံရေး အကျဉ်းသား ၂၈၀ လွတ်မြောက်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။
KIO နှင့်မြန်မာ အစိုးရအကြား ငြိမ်းချမ်းရေးကိစ္စများဆောင်ရွက်နိုင်ရန်အတွက် ငြိမ်းချမ်းရေး အကျိုး ဆောင် အဖွဲ့ဝင် (၂)ဦး လိုင်ဇာမြို့သို့ သွားရောက်နေပြီဖြစ်ကြောင်း သိရှိရသည်။
”ဘယ်နေ့ လုပ်မယ်ဆိုတဲ့ ရက်ကတော့ မရသေးဘူး၊ ဒီနေ့က ကျနော်တို့ အဖွဲ့ ၄ ယောက်ထဲက ၂ ယောက်သွား တာ ဦးလာမိုင်ဂွမ်းဂျာ နဲ့ ဦးခွန်အောင် သွားတာပါ။ ဘယ်တော့ လုပ်ဖြစ်မ လဲဆိုတဲ့ ဟာရယ် ဘယ်သူတွေ ပါဝင်မလဲ ဆိုတဲ့ အချက်တွေကို ကျနော်တိုက သိရအောင်လို့ ဒီ ဖုန်းနဲ့ အဆက် အသွယ်ရတာက အခုတစ်လော ဆက်သွယ်ရတာ အဆင်မပြေလို့ လူကိုယ်တိုင် သွားဆွေးနွေးရတာပါ။ ရက်က အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှ အစည်းအဝေးထိုင်းနေတယ် လို့တော့ သိရတယ်။”ဟု ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တစ်ဦးက ပြောသည်။ အခုတစ်ခေါက်တွေ့ဆုံမှုမှာ နှစ်ဖက်စစ်ခေါင်းဆောင်များ ပါဝင်နိုင် မည်ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးအတွက် အဖြေ တစ်ခုခုထွက်ပေါ်လာနိုင်မည်ဟု မျှော် လင့်ကြောင်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆန်အောင် ထံက သိရှိရသည်။
အမေရိကန်တွေရဲ့ မြန်မာပြည်ပေါ်လစီသစ် အလျင်အမြန် အကောင်အထည် ဖော်လာနေတယ် (ဓာတ်ပုံ – Reuters) အမေရိကန် ပြည်ထောင်စုအနေနဲ့ နိုင်ငံတကာ ဘဏ္ဍာရေး အင်စတီကျူးရှင်းတွေက မြန်မာနိုင်ငံကို အကူအညီ ပေးတဲ့အပေါ် ထောက်ခံသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟေ လာရီ ကလင်တန်က ပြောကြားလိုက်ပါတယ်။ ဒီလိုပြောလိုက်တာဟာ မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) တို့လိုမျိုး အဖွဲ့ အစည်းတွေထံက ဘဏ္ဍာရေး အထောက် အ ပံ့တွေ ပေးနိုင်ဖို့ လမ်းခင်းပေးလိုက်တာပဲ ဖြစ်ပါတယ်။ “နိုင်ငံတကာ ဘဏ္ဍာရေး အင်စတီကျူးရှင်းတွေက မြန်မာနိုင်ငံကို ကူညီတဲ့အပေါ် ထောက်ခံတာဟာ အမေရိကန်ပြည် ထောင်စုရဲ့ အကျိုး စီးပွားနဲ့ ကိုက်ညီ တယ်လို့ နိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာလ ၁၂ ရက်နေ့မှာ အခိုင်အမာ ပြောကြားလိုက်တာပါ” လို့ အမေ ရိကန် နိုင်ငံခြားရေးဌာနက ဆိုပါတယ်။ “နိုင်ငံခြားရေးဝန်ကြီးက အဲ့ဒီလို ပြောလိုက်တာဟာ အမေရိ ကန်ပြည်ထောင်စုအနေနဲ့ ဒီအင်စတီကျူးရှင်းတွေကနေ တဆင့် မြန်မာနိုင်ငံကို ကူညီထောက် ပံ့ဖို့နဲ့ မြန်မာပြည်ရဲ့ လက်ရှိပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်ထောက်ပံ့သွားနိုင်ဖို့ လမ်းခင်း ပေးလိုက် တာပါပဲ” လို့လည်း ပြောပါတယ်။ အခုလို ပြောဆိုမှုဟာ သမ္မတ ဘားရက် အိုဘားမား ဥပဒေအဖြစ် လက်မှတ် ထိုးအတည်ပြုခဲ့တဲ့ မကြာသေးခင်က လွှတ်တော်ဥပဒေပြဌာန်းချက်အတွက် လိုအပ်တာတွေ ကို အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ နိုင်ငံခြားရေးဝန်ကြီးရဲ့ အခိုင်အမာပြောဆိုမှုဟာ မြန်မာပြည် အတွက် အရေးပါလှပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီ ဥပဒေပြဌာန်းချက် မတိုင်ခင်ကဆိုရင် ကမ္ဘာ့ ဘဏ်၊ IMF နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အပါအဝင် နိုင်ငံတကာ ဘဏ္ဍာရေး အင်စတီကျူးရှင်းတွေမှာ တာဝန်ယူ နေကြတဲ့ အမေရိကန် အမှုဆောင်ဒါရိုက်တာတွေဟာ မြန်မာနိုင်ငံအတွက် ဘယ်စီမံကိန်း အစီ အစဉ်တွေ ကိုမှ ထောက်ခံမဲ မပေးခဲ့ကြလို့ပါပဲ။ “အခုဆိုရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ လာမယ့် နိုဝင်ဘာ လဆန်း ကမ္ဘာ့ဘဏ် ဘုတ်အဖွဲ့ အစည်းအဝေးတွေမှာ မြန်မာပြည်ကို ကူညီဖို့ ထောက်ခံ မဲပေးနိုင်တော့မှာပါ” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဒါ့ပြင် ဝန်ကြီးရဲ့ ပြောဆိုမှု ကြောင့် အမေရိ ကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲမှု၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်၊ ပွင့်လင်း မြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေ ပိုပြီးတိုးတက်မှုရှိလာဖို့ ဒီအင်စတီကျူးရှင်းတွေရဲ့ မူဝါဒတွေ နဲ့ လုပ်ငန်း ဆောင်ရွက်မှုတွေက စီမံပြုပြင်နိုင်စွမ်း ရှိလာစေပါလိမ့်မယ်လို့လည်း ဆိုပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်က Cobra Gold စစ်ရေးလေ့ကျင့်မှုကို လာရောက်လေ့လာဖို့ မြန်မာကို ဖိတ်မယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
ကမ္ဘာလှည့်
ခရီးသွားများ အဓိက လေ့လာ ဖူးမျှော်ရာ မြန်မာ နိုင်ငံ၏ အထင်ကရ စေတီတော် တစ်ဆူ ဖြစ်သော
ရွှေတိဂုံ စေတီတော် တွင်အောက် တိုဘာ လ ၉ ရက်နေ့ ကအဆိုပါ စေတီတော် တနင်္ဂနွေ
ထောင့် ရှိ ဘိုးဘိုးအောင် ဘုရား သံတံခါး အတွင်းရှိ အလှူငွေများ ကို ထီးနှင့် ချိတ်ဆက်၍
ခိုးယူမှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း ရွှေတိဂုံ စေတီ ဂေါပကရုံး အဖွဲ့မှူး ဦးဝင်းကြိုင်
က ပြောကြားသည်။
အာရှဒေ သတွင်းရှိ အမေရိကန် နှင့် မဟာမိတ်နိုင်ငံ များ နှစ်စဉ်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုကို ယခုနှစ် တွင် မြန်မာ နိုင်ငံ က လေ့လာသူ အဖြစ် ပါ ၀င်ရန်အမေရိကန် က ကမ်းလှမ်းထား သည် ဟု ရိုက်တာ သတင်း ဌာန က သီးသန့် ရရှိသည့် သတင်း တွင် ဖော်ပြထားသည်။Cobra Gold စစ်ရေးလေ့ ကျင့်မှုမှာ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ အင်ဒိုနီးရှားနှင့်စင်ကာပူ နိုင်ငံမှ ကြည်း၊ ရေ၊ လေ စစ်သား များ နှင့် ခောတ်မှီစစ်လက်နက် ပစ္စည်းများ သုံးကာစစ်ရေးလေ့ကျင့် ကြခြင်းဖြစ်သည်။
အောက်တိုဘာ(၁၂) ရက်က KIA ၏မိုင်းနင်းမိ၍ ဒဏ်ရာရခဲ့သူ အပြစ်မဲ့ပြည်သူတစ်ဦး
ဖားကန့်မြို့ တယ်မှော်မောင်း ကုန်းရွာမှ ဒေသခံပြည်သူနှစ်ဦးသည် အောက်တိုဘာလ(၁၇)ရက်နေ့ ည (၉) နာရီခွဲခန့် တွင် KIA အဖွဲ့မှ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့ကြောင်း သိရပါ တယ်။
အဆိုပါ မိုင်းနင်းမိသူများမှာ ဦးဂွမ်ယော်တန်ဂွမ်(၃၁)နှစ်နှင့် ဦးဆဂလဂျာ အသက်(၂၁)တို့ဖြစ်ပါတယ်။ ၄င်းတို့နှစ်ဦး သည် တဖက်ရွာမှ ပြန်လာစဉ် မှော်မောင်ကုန်းရွာမရောက်မီ လမ်းပေါ်၍ KIA တို့ ထောင်ထားသော မိုင်းအား နင်းမိ ခဲ့ခြင်းဖြစ်ပြီး ဦးဂွမ်ယော်တန်ဂွမ်မှာ မိုင်းစမှန်၍ ၀မ်းဗိုက်ပွင့် ထွက်သွား ကာ ညာဘက်ပေါင်ကျိုးသွားခဲ့ပြီး ဦးဆဂလဂျာမှာ ဦးခေါင်း၊ နှုတ်ခမ်း၊ နှာခေါင်း ဆုတ်ပြဲသွားကာ ညာဘက် လက်ကျိုးသွားခဲ့ကြောင်း သိရပါတယ်။
KIA တပ်မဟာ(၅)လက်အောက်ခံ တပ်ရင်း(၃၀)မှ ဗိုလ်ကြီး လဂွမ်ဘော ဦးဆောင်သော အင်အား (၃၀)ဦး ခန့်ဟာ လက်နက်ငယ်ကိုယ်စီဖြင့် ၀ိုင်းမော်မြို့နယ် ရှငေါ်ရွာအနီးရှိ မနောကမ္ဘာ ရွှေတူးဖော်ရေး လုပ်ကွက် အမှတ်(၃)မှ ရွှေတူး ဖော်ခြင်းလုပ်ငန်းလုပ်နေသူများနှင့် ရှငေါ်ရွာသူ/ရွာသား စုစုပေါင်း (၅၀)ဦးခန့်အား အောက်တိုဘာလ(၁၆)ရက်နေ့ ည(၁၀)နာရီတွင် KIA တပ်သားသစ်အဖြစ် လာရောက် ဖမ်းဆီး သွားကြောင်း သိရပါတယ်။
အတ္တတွေ ကိုင်စွဲနေသမျှ တစ်ယောက်ခြင်းဆီတိုင်းရဲ့ လိုအပ်ချက်ကို သမ္မတကြီး ပြည့် မှီအောင်ဖြည့်  ပေးနိုင် မယ်မထင် ပါဘူး.....။
ဆိုလိုတာက တနေ့ လုပ်တနေ့ စားရဲ့ အိမ်ထောင်စု အတွက် ၅၀၀၀တန်ဖုန်းဆိုတာတွေ ၊ဒါမှမဟုတ် အင်တာ နက်လိုင်းနှုန်းမြန်ဖို့ ဆိုတာတွေထက် သူတို့ရင်ထဲမှာ အလုပ်တခု မြဲနေဖို့က ပို အရေးကြီး မယ်ထင် ပါတယ်..........
ဒီလိုပဲ ပြည်ပရောက်နေ သူတွေက အခွန်တွေ များတာ၊လေဆိပ်မှာ အဆင်မပြေတာတွေ အစသဖြင့် ပြောပါ လိမ့် မယ်...........
ပညာရေးနဲ့ ပတ်သတ် ရင်လည်း ဘယ်လိုကောင်းအောင်လုပ်ပေးမှာလဲ ၊ဘယ်လို သင်ရိုးညွန်းတမ်းတွေနဲ့ လုပ်မှာလဲ ဆိုပြီး မေးခွန်းထုတ် လာနိုင်ပါတယ်.............. စီးပွားရေးနဲ့ ပတ်သတ်ရင်လည်း အရိုးစွဲလာတဲ့  ခရိုနီ တွေကိုပြေးမြင်ပြီးတော့ ဘယ်လို ရင်နှီးမြုပ်နှံမှု ဥပဒေတွေနဲ့ သတ်မှတ်မှာလဲ ဖြစ်လာကြ ဦးမှာ ပါ.............. ကျန်းမာရေးဆိုရင်လည်း ပြည်ပမှာ အမြင်ကျယ်လာတဲ့  သူတွေကတော့  အစိုးရ က ကျန်းမာရေး စောင့်ရှာက်ပေးမူတွေ ၊ပညာရေးဝန်ဆောင်ပေးမူတွေကို ပြေးမြင်ယောင်ပြီးတောင်းဆိုကြပါ လိမ့်မယ်.......... (တိုင်းပြည်က လုပ်ပေး နိုင်ခြင်းရှိမရှိ သူတို့ သိချင်မှသိပါ လိမ့်မယ် ....။
ဆင်းရဲလို့ ပြောပြန်ရင်လည်း အရင်အစိုးရလက်ထပ်က ဆိုပြီး မရိုးနိုင်တဲ့ မုန့် လုံး စက္ကူကပ်နေဦးမှာပါ ) သွားလာရေး ပိုင်းဆိုရင်လည်း အနီးစပ်ဆုံး ရန်ကုန် ကား စပါယ်ယာ ကိစ္စတွေ ........ လယ်ယာမြေ ပြန်ရ ရှိရေးတွေ................. ဖုန်းကိစ္စ.................. အင်တာနက်မြန်နှန်း.............. ဒါကြောင့်  အွန်လိုင်းကနေ မေးမေး ၊မီဒီယာတွေကနေ ပဲပြောပြော အဆင်ပြေလိမ့် မယ်လို့  မထင်မိပါဘူး.... ဒါပေမဲ့  အဓိက လက် တလော ပေါ်ပြူလာဖြစ်နေတဲ့  ကိစ္စလေးတွေတော့  မေးခွန်းလေးတွေ တူညီကောင်း တူညီသွား နိုင်ပါ တယ် (ဥပမာ - ရခိုင် OIC အရေး၊ကချင် ပြည်တွင်းစစ်၊မုံရွာလက်ပံတောင် အရေးတို့ပေါ့) သမ္မတကြီးပြော သလို သူများနိုင်ငံတွေ တိုးတက်နေချိန်မှာ တုတ်ချောင်းလေးယူ တချောင်းတည်းဆို ကျိုးမယ် အစည်း လိုက်ဆို ဘယ်သူမှ လည်းမချိုးနိုင်ဘူး ဆိုပြီး ဥပမာပြကောင်းနေ တုန်းပါ.............. ဒါကြောင့် ကိုယ်တိုင်ကိုယ်ကျဖြစ်ဖြစ် .............. စိတ်ချရတဲ့ဝန်ကြီး ဖြစ်ဖြစ်............... လျှို့ဝှက်အဖွဲ့ အ စည်းဖြစ်ဖြစ် ..............ဖွဲ့ပြီး တိုင်းပြည်တိုင်းခမ်းလှည့်လည်ရင်ဖြင့်ပိုမိုသာလွန်ကောင်းမွန်မယ်လို ထင်မိကြောင်း ပါ................။
ဒါပေမဲ့ လယ်သမား မိသားစုက လာတဲ့ ဧရာဝတီ တိုင်း သား သမ္မတကြီးက ဘယ်သူ မှမပြောပဲ တောင်သူ ဘ၀ကို သူများတွေထက်ပိုသိနေမယ်ဆိုတာ........... စစ်သားတစ်ယောက်ဖြစ်ဖူးတဲ့ အတွက် စစ်သားတွေ ဘ၀ကို တခြားသူတွေထက် ပို နားလည်နေမယ်ဆိုတာ............. ၀န်ကြီးချုပ် အဖြစ်နဲ့ အာ ဆီယံ နိုင်ငံတွေကို လည်း ခရီးပေါက်ခဲ့ ပြီ အားလျှော်စွာ မြန်မာ နိုင်ငံအခြေအနေကိုလည်း သူများပြော တာတွေထက် ပိုနိုင်းယှဉ်နိုင်ခဲ့ ပြီဆိုတာ........... ယုံကြည်မိပါတယ်
(ဖားကန့်မြို့ပေါ်ရှိ အစိုးရတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲဘော် နှစ်ဦးနှင့် ဒေသခံရွာသား သုံးဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရှိခဲ့သည်)ဟု ချင်းမိုင်(မဇ္စျိမ) သတင်းဌာနမှ ရေးသားထားခြင်းနှင့် DVB သတင်းဌာနက ရေးသားဖေါ်ပြထားသည့် (ကချင်ပြည်နယ်ဖားကန့်မြို့နယ် မှော်မောင်ကုန်းရွာမှာ မနေ့ညက လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဆယ်အိမ်မှူး အပါ အ၀င် ရွာသား ၆ ဦးသေဆုံးပြီး ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားပါတယ်) ဟု ရေးသားထားသည်ကို လည်းကောင်း တွေ့ရှိရသဖြင့် ဖြစ်စဉ်အမှန်အား သိရှိစေရေး တာဝန်ရှိသူများအား ဆက်သွယ် မေးမြန်း ခဲ့ပါတယ်။
ဖားကန့်မြို့၊ တာမခံကျေးရွာ၊ ရပ်ကွက်(၇)၊ အမှတ်(၇၂)နေ ဦးဝင်းမြင့်ထွန်း(ခ) ဖိုးလုံး (၅၃)နှစ်သည် ၁၆-၁၀-၂၀၁၂ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ ဘီလူးကျေးရွာအုပ်စု၊ ဘုံချောင်းကျေးရွာတွင် ဇနီးဖြစ်သူ သေဆုံး သွားသဖြင့် သမီးဖြစ်သူ မမေချိုလွင်(၁၇)နှစ် ၉ တန်း ကျောင်းသူ တွဲဘက် အထက (တာမခံ)နှင့်အတူ ဘုံချောင်းကျေးရွာသို့ သွားရောက်ခဲ့သည်။ ဖားကန့်-မိုးကောင်းလမ်းအတိုင်း ဆိုင် ကယ်ဖြင့် မောင်းနှင်လာရာ လုံးခင်းကျေးရွာအုပ်စု၊ ၆ မိုင်ကျေးရွာအနီး အရောက်တွင် ကေအိုင်ကေ (ကချင်)အဖွဲ့မှ ထောင်ထားသော မိုင်းအား နင်းမိပေါက်ကွဲခဲ့သည်။ မိုင်းပေါက်ကွဲမှု ဖြစ်ပွားရာ အနီးတစ်ဝိုက် ကားလမ်းဝဲဘက်ရှိ တောင်ယာတဲအတွင်းမှ ကေအိုင်ကေ(ကချင်)အဖွဲ့ (၅)ဦးခန့်သည် အရပ် ၀တ်ဖြင့် ထွက်လာပြီး ဖြစ်ပွားမှု အနီးကျန်ရှိသော ၀ါယာကြိုးစများအား သိမ်းဆည်း၍ ကားလမ်း ၀ဲဘက်ခြမ်း သို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။ မိုင်းပေါက်ကွဲမှု ဖြစ်စဉ်အားသိသိခြင်း တပ်မတော် စစ်ကြောင်းများမှ လိုက်လံရှင်းလင်းဆောင်ရွက်ပြီး ထိခိုက်ဒဏ်ရာရရှိသူ များအား ဖားကန့်ပြည် သူဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုရရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့သည်။ ဦးဝင်းမြင့် ထွန်း မှာ စိုးရိမ်ရပြီး ၊ မမေချိုလွင်မှာ စိုးရိမ်စရာမရှိကြောင်းသတင်းရရှိသည်။
အီရန် နိုင်ငံက ဆိုက်ဘာ တိုက်ခိုက်မှုများ ပိုမို လုပ်ဆောင်လျက် ရှိသည်ဟု အစ္စရေး ဝန်ကြီးချုပ် နေတန် ညာဟုက ထုတ်ဖော် ပြောကြားခဲ့ပြီးနောက် အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ (IDF) အနေဖြင့် ဆိုက်ဘာ စစ်ဆင်ရေး ဆိုင်ရာ စွမ်းပကား များအား တိုးမြှင့်ရန် လုပ်ဆောင်လျက် ရှိကြောင်း အောက်တိုဘာလ ၁၆ ရက်နေ့ Xinhua သတင်း တစ်ရပ်အရ သိရှိရ ပါသည်။ ဆိုက်ဘာနှင့် ဆက်စပ်သော လှုပ်ရှားမှုများကို တုံ့ပြန် လျက်ရှိသည့် အထူး တပ်ဖွဲ့များကို အထောက် အကူ ဖြစ်စေရန် အစ္စရေး ငွေရှာကယ် ၁ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂၆၂ သန်း) ရင်းနှီးမြှုပ်နှံသွားရန်IDFက စီစဉ်လျက် ရှိပါသည်။ အဆိုပါ ဆိုက်ဘာ ခြိမ်းခြောက် မှုများသည် IDF အတွက် သာမက အစ္စရေး နိုင်ငံ တစ်နိုင်ငံလုံးအပေါ် အကျိုး သက်ရောက်မှု ရှိနိုင်သည့် ကိစ္စရပ် တစ်ရပ်ဖြစ်ကြောင်း အဆင့်မြင့် တာဝန်ရှိသူ တစ်ဦးက အောက်တို ဘာလ ၁၆ ရက်နေ့တွင် Ha'aretz နေ့စဉ် သတင်းဌာနသို့ ပြောကြားခဲ့ ပါသည်။ ထို့အပြင် အဆိုပါ ခြိမ်းခြောက် မှုသည် အစ္စရေး နိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာ ကဏ္ဍရပ်များ အတွက် အဓိကကျပြီး အထူး သဖြင့် ခေတ်မီ နည်းပညာ များ ဆိုင်ရာ ကဏ္ဍရပ်တစ်ခုလုံး အတွက် လွန်စွာ အရေးကြီးကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ ပါသည်။ အီရန် နိုင်ငံသား ဟတ်ကာများ အနေဖြင့် အစ္စရေး နိုင်ငံ၏ ကွန်ပျူ တာ ကွန်ရက် အတွင်းသို့ ဝင်ရောက် ဖျက်ဆီး နိုင်ရေးအတွက် နေ့စဉ်နှင့်အမျှ ကြိုးပမ်းလျက် ရှိကြောင်း ဝန်ကြီးချုပ် နေတန်ညာဟုက အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။ အမေရိကန်နှင့် ပင်လယ်ကွေ့ ဒေသ နိုင်ငံများတွင် ဆိုက်ဘာ တိုက်ခိုက် ခံရမှုများ စဉ်ဆက်မပြတ် ပေါ်ပေါက် ခဲ့ပြီးနောက် အမေရိကန် နိုင်ငံ၏ အကျိုး စီးပွားများကို ဆန့်ကျင်ရေး "Cyber-Pearl Harbor" အစီအစဉ် အတွက် အီရန် ဟက်ကာများက တိုက်ခိုက် ရန် ကြိုးစားလာ နိုင်ကြောင်း အမေရိကန် တာဝန်ရှိ ပုဂ္ဂိုလ်များက လွန်ခဲ့သော ရက်သတ္တပတ် အတွင်း ပြောကြားခဲ့ ပါသည်။ မကြာသေး မီ ရက်သတ္တပတ် အတွင်း အမေရိကန် ဘဏ်များနှင့် ချိတ်ဆက် ထားသည့် ကွန်ပျူတာ ကွန်ရက်များအား ဟတ်ကာ များက ဝင်ရောက် တိုက်ခိုက်ခဲ့ ကြောင်းနှင့် သြဂုတ်လ အတွင်းကလည်း ဆော်ဒီ အာရေဗျနိုင်ငံ Aramco ရေနံ ကုမ္ပဏီ၏ ကွန်ပျူတာကွန်ရက် တစ်ခုအတွင်းသို့ ကွန်ပျူတာ ဗိုင်းရပ်စ်များ ထည့်သွင်းကာ ကွန်ပျူ တာ ၃ဝ,ဝဝဝ ကျော်မှ အချက်အလက်များကို ဖျက်ဆီး ပစ်ခဲ့ကြောင်း သိရှိရ ပါသည်။