Tuesday, June 17, 2014

အနီကတ် ထိသွားတဲ့ ပေါ်တူဂီကစားသမား Pepe ဆိုတာ

Posted by drmyochit Tuesday, June 17, 2014, under | No comments

အနီကတ် ထိထွက်သွားရတဲ့ ပေါ်တူဂီ ကစားသမား Pepe ၊  ဓာတ်ပုံ-ဘန်ကောက်ပို့စ်

ကမ္ဘာ့ဖလားဘောလုံးပွဲ ဇွန်လ ၁၆ ရက်နေ့ ညက ဂျာမဏီနဲ့ ပေါ်တူဂီ ပွဲစဉ်မှာ ပေါ်တူဂီ ကစားသမား Pepe ကို ကွင်းလယ် ဒိုင်လူကြီးက အနီကတ် ပြထုတ်လိုက်တာ ကြောင့် ပွဲစဉ်ဟာ ထင်ထားသလောက် ကြည့် မကောင်းတော့ပါဘူး။

ပေါ်တူဂီအသင်းလည်း Pepe ကို ထုတ်လိုက်ပြီးနောက်ပိုင်း ခြေပိုကျသွားပါတယ်။ ဒီနေရာမှာ တချို့က
ဘောလုံးပွဲ ကိုဖျက်တာ ဒိုင်လူကြီး လို့ ပြောကြ၊ ဝေဖန်ကြတာ သတိထားမိပါတယ်။ ပရိသတ်တချို့ က ဝေဖန်စောပြီး အပြစ်တင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ကစားသမား Pe Pe မှာရော ဘယ်လို အားနည်းချက် ရှိသလဲ၊ Pe Pe ဆိုတဲ့ ပေါ်တူဂီ ကစား သမား က ဘယ်လို လူစားမျိုးလဲဆိုတာ အခု မှတ်တမ်းတခုက ညွှန်ပြနေတာကို လည်း ထည့်သွင်းစဉ်းစားဖို့ ကောင်း မယ် ထင်ပါတယ်။

အိမ့်သံစဉ်
ဧရာဝတီ

Sunday, February 09, 2014

“SEA Games ပြိုင်ပွဲအတွင်း ပြည်သူ သန်း ၆၀ ၏ ချစ်ခင်မှုများဖြင့် ထွေးပွေ့ခြင်း ခံခဲ့ရသူ”

Posted by drmyochit Sunday, February 09, 2014, under | No comments


Sunday, February 9, 2014

၂၀၁၃ ခုနှစ်အတွင်း ပရိသတ်ချစ်ခင်မှု အများဆုံး ရရှိခဲ့သော ဘောလုံးသမားကို ပြပါဆိုလျှင် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံးပြိုင်ပွဲများတွင် တတိယနေရာဖြင့် ကျေနပ် ခဲ့ရသော်လည်း ပြည်သူများ ပေးအပ်သော ချစ်ခင်မှု ရွှေတံဆိပ်ဆုကို ရရှိခဲ့သော မြန်မာအမျိုးသမီး အသင်း၏ နံပါတ် (၇) အင်္ကျီဝတ်ဆင်သူ ကွင်းလယ်ဗိုလ်ချုပ်၊ မြန်မာ အမျိုးသမီးအသင်း၏ ပရိသတ် အားပေးမှု အများဆုံး ကစားသမား၊ သူမ၏အမည်ကို ကိုယ်ပေါ်တွင် ဆေးမင်ကြောင် (Tattoo) ထိုးပြီး ဂုဏ်ပြုခြင်းခံခဲ့ရသော ပထမဆုံး အမျိုးသမီးအား ကစားသမား၊ ပြည်သူများ၏ ချစ်ခင်မှုများဖြင့် ထွေးပွေ့ခြင်း ခံခဲ့ရသူအဖြစ် သတ်မှတ်ပြီး ချစ်ထွေးလေးဟု ပရိသတ်များကခေါ်သူ သန်းသန်းထွေးကိုပင် ရွေးချယ်ပြသမိမည် ဖြစ်သည်။

သူမ၏ ဘောလုံး အားကစားနည်းနှင့် ပတ်သက်သော ဝါသနာစိတ်သည် ငယ်စဉ်ကတည်းက လေးနက်ခဲ့သည်။ မိခင်က ရွာနီးချုပ်စပ်နှင့် ရွာတွင်း ဈေးဝယ်ခိုင်းလိုက်သည့် လမ်းတွင် ဘောလုံးပွဲရှိလျှင် သူမအချိန်မီ အိမ်ပြန်မရောက်တော့။ ဘောလုံးပွဲ ရပ်ကြည့်နေပြီး ပွဲပြီးမှသာ အလုပ်ကို ဆက်လုပ်သည်။

အသက် ၁၁ နှစ်ခန့်တွင် ၎င်း၏မွေးရပ် ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ဗောဓိကျေးရွာတွင် ပြုလုပ်သော လွတ်လပ်ရေးပွဲများတွင် ခြေစွမ်းပြ ကစားနေပြီ ဖြစ်ပြီး အမျိုးသမီး ကစားဖော် ရှားပါးသောကြောင့် ယောက်ျားများနှင့် ရင်ပေါင်တန်းကာ တွန်းတိုက်ကစားခဲ့သည်။

အထက်တန်း ကျောင်းသူဘဝ ကျောင်းတွင်း ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်နေပြီး ၁၂ နှစ်၊ ၁၃ နှစ်အရွယ် ရွယ်တူ မိန်းကလေးများ အလှပြင် ကျော့မော့နေသော ကျောင်းမုန့်စားဆင်းချိန်များတွင် သူမကတော့ ရွယ်တူကောင်လေးများနှင့် ချွေးသံရွှဲရွှဲ အလုအယက် ဘောလုံးကစားနေခဲ့ကြောင်း ၎င်းကပြောကြားသည်။

ကျောင်းပွဲများမှတစ်ဆင့် အသက် ၁၄ နှစ်အရွယ်တွင် ညောင်တုန်းမြို့နယ် လက်ရွေးစင်အဖြစ် ကစားခဲ့ပြီး ပြိုင်ပွဲတစ်ခု ကျင်းပတိုင်း ပွဲစဉ်တောက်လျှောက် အကောင်းဆုံးဆု၊ အကောင်းဆုံး ကွင်းလယ် ကစားသမားဆု အနည်းဆုံး ဆုတံဆိပ် နှစ်ဆုခန့် ရတတ်ကြောင်း သူမက ပြောပြသည်။

မြို့နယ်လက်ရွေးစင်၊ ခရိုင်လက်ရွေးစင်၊ ပြည်နယ်နှင့်တိုင်း လက်ရွေးစင်များအဖြစ် ရွေးချယ်ခံခဲ့ရသည့် အားကစားသမား သက်တမ်းတစ်လျှောက် ဆရာငါးဦးခန့်ဖြင့် ကြုံခဲ့ဖူးပြီး မြေတောင် မြှောက်ပေးခဲ့သူ လက်ဦးဆရာမှာ ညောင်တုန်းမြို့နယ် ငါးလုပ်ငန်းရှင်များအသင်းမှ ဆရာဦးမြင့်စိုးဖြစ်ကာ မိမိဘောလုံးပွဲ အတွေ့အကြုံ ရရှိစေရန် ပြိုင်ပွဲများ ကျင်းပပေးသည်အထိ မိမိကို မြေတောင် မြှောက်ပေးခဲ့ကြောင်း ၎င်းကပြောပြခဲ့သည်။

“ဆရာက ကျွန်မကို လက်ရွေးစင် အသင်းကြီးအထိ ရောက်စေချင်တယ်။ အဲဒီအချိန်က အမျိုးသမီး ပွဲတွေဆိုတာ သိပ်မရှိသေးဘူးလေ။ အဲဒီအတွက် ကန်ချင်ရင်တောင် စောင့်ခဲ့ရတာ။ ဆရာဦးမြင့်စိုးက ပြိုင်ပွဲတွေ မကြာမကြာ ကျင်းပပေးခဲ့တယ်။ ကျွန်မ အားကစားသမားဖြစ်ဖို့ မြေတောင် မြှောက်ပေးတဲ့ ဆရာတစ်ယောက်ပါ” ဟု ၎င်းက ရှင်းလင်းပြောကြားသည်။
“မိန်းကလေးဖြစ်ပြီး ဘောလုံးကန်တာကို အိမ်ကမကြိုက်ပါဘူး၊ တားမြစ်တယ်။ နောက်ပိုင်းကျတော့ ဘောလုံးမှ ဘောလုံးဖြစ်နေတော့ အိမ်က ခွင့်ပြုတယ်လည်း မဟုတ်ဘူး၊ ရှင်းရှင်းပြောရရင် မနိုင်တော့ လွှတ်ပေးလိုက်တာပေါ့” ဟု ၎င်းကဆိုသည်။

အိမ်က အားမပေးခဲ့သော်လည်း မိမိစိတ်အား ထက်သန်သော ဘောလုံးကစားခြင်းကို ကြိုးစားလုပ်ကိုင်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် မလေးရှားနိုင်ငံ SEA Games ပြိုင်ပွဲအတွက် လက်ရွေးစင်အသင်းတွင် ပဏာမ လူစာရင်း အတွက် ပါခဲ့သော်လည်း အသက်ငယ်ရွယ်မှုကြောင့် နောက်ဆုံးအဆင့်တွင် ချန်လှပ်ထားခြင်း ခံခဲ့ရသည်။

၂၀၀၁ ခုနှစ်ပြိုင်ပွဲတွင် ချန်လှပ်ထားခြင်း ခံခဲ့ရသော်လည်း ဆက်လက်ကြိုးစားခဲ့ပြီး ၂၀၀၃ ခုနှစ် ဗီယက်နမ်တွင် ပြုလုပ်သည့် SEA Games ပြိုင်ပွဲတွင် စတင်ပြီး ၂၀၁၃ ခုနှစ် (၂၇) ကြိမ်မြောက် အိမ်ရှင်မြန်မာ တွင် ပြုလုပ်သော SEA Games ပြိုင်ပွဲအထိ လက်ရွေးစင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။

ယခုကဲ့သို့ သူမလက်ရွေးစင်အဖြစ်သို့ ရောက်ရှိရန် ရင်းနှီးခဲ့ရ၊ ကြုံတွေ့ခဲ့ရသည့် အခက်အခဲများမှာ မနည်းလှ။ အဓိက စွန့်လွှတ်ခဲ့ရသည်ကား ပညာရေးပင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ အထက်တန်း ပညာရေး၏ နောက်ဆုံးဖြစ်သော တက္ကသိုလ်ဝင်တန်း စာမေးပွဲကို သူမ မအောင်မြင်ခဲ့ပေ။
“ကိုယ်ဝါသနာပါတဲ့ အရာတစ်ခုကို အောင်မြင်ဖို့ အာရုံစူးစိုက်ဖို့အတွက် ကျောင်းစာကို လွှတ်ခဲ့ရတယ်။ ပညာရေးဆိုရင် ၁၀ တန်းတောင် မအောင်ခဲ့ပါဘူး” ဟု ပြောကြားသော သူမအသံသည် အနည်းငယ် တိုးသွားသည်။

သူမသည် ပြည်သူ့ ရေကြောင်း ပို့ဆောင်ရေးဌာနတွင် အကြီးတန်းစာရေးအဖြစ် လုပ်ကိုင်နေပြီး (၂၇)ကြိမ်မြောက် SEA Games ပြိုင်ပွဲပြီးဆုံးလျှင် ဌာနဆိုင်ရာ အလုပ်နှင့် ဘောလုံးကန်ခြင်း တစ်ခုခုကို ရွေးချယ်ရန်အတွက် ဌာနက ညွန်ကြားခဲ့ကြောင်း သူမကဆိုသည်။

သူမ ကစားသမားသက်တမ်း တစ်လျှောက်တွင် အပျော်ရွှင်ခဲ့ဆုံး ပြိုင်ပွဲမှာ ၂၀၀၇ ခုနှစ်က မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲပင် ဖြစ်သည်။ ယင်းတွင် မိမိနိုင်ငံ ပရိသတ်များရှေ့မှောက် ထိုင်းအသင်းကို ပင်နယ်တီအထိ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံအတွက် ရွှေတံဆိပ်ဆုကြီးကို ရယူပေးနိုင်သော ပွဲဖြစ်၍ မေ့မရဟု ၎င်းက ပြောကြားသည်။

သူမဘဝတွင် အပျော်ရွှင်ဆုံး အမှတ်တရပွဲမှာ ထိုင်းအသင်းနှင့် တွေ့ဆုံသောပွဲ ဖြစ်ခဲ့သလို ဝမ်းနည်းစရာ အကောင်းဆုံးပွဲမှာလည်း ထိုင်းအသင်းနှင့် ပွဲပင်ဖြစ်သည်။ ခြောက်နှစ်အကြာ၌ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ပြုလုပ်သော (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ အမျိုးသမီးဘောလုံး ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ထိုင်းအမျိုးသမီးနှင့် ပြန်လည် တွေ့ဆုံခဲ့ပြီး နောက်ဆုံး ပင်နယ်တီ အဆုံးအဖြတ် ၁၀ ဂိုးအထိ ရောက်ရှိခဲ့ပြီး မြန်မာအသင်း ရှုံးနိမ့်ခဲ့သည့်ပွဲတွင် သူမ ငိုကျွေးခဲ့ရသည်။
“ကိုယ့်ဘက်က ပင်နယ်တီ လွဲခဲ့တဲ့အထိ ရှုံးမယ်လို့ မမျှော်လင့်ထားဘူး။ ဒီလို ပင်နယ်တီကို ဆယ်လုံးလောက် အထိလည်း မရောက်ဖူးဘူးလေ။ နိုင်မယ်လို့ကို မျှော်လင့်ထားတာ။ ရှုံးခဲ့တော့ ဘာမှမပြောနိုင်အောင် စိတ်ဓာတ်ကျ အားပျက်ခဲ့တယ်၊ တာဝန်မကျေခဲ့ဘူးလေ” ဟု သူက ပြောသည်။

မြန်မာအမျိုးသမီး အသင်းအနေနှင့် ဗိုလ်လုပွဲသို့ မတက်ရောက်နိုင်ခဲ့သော်လည်း တတိယနေရာ လုပွဲတွင် မလေးရှားကို ခြောက်ဂိုးအထိ သွင်းယူခဲ့ပြီး သန်း ၆၀ သော ပြည်သူများ၏ ချစ်ခင်မှုဖြင့် ပေးအပ်ခဲ့သော ရွှေတံဆိပ်ဆုကို ရရှိခဲ့သည်။

သန်းသန်းထွေးအနေနှင့် ၂၀၁၃ SEA Games ပြိုင်ပွဲတစ်လျှောက် ပွဲစဉ်လေးပွဲခန့် ပွဲချိန်ပြည့် ကစားခဲ့ပြီး နှစ်ဂိုးသွင်းယူ ပေးနိုင်ခဲ့ကာ အသင်းဖော်များအတွက် အကောင်းဆုံး ဖန်တီးမှုများ ပြုလုပ်ပေးခဲ့သည်။ ပြိုင်ပွဲ စတင်သည်နှင့် အားကြိုးမာန်တက် ကစားသော သူမ၏ ပုံစံကြောင့် ပရိသတ်များ၏ အားပေးမှုကို ရရှိခဲ့ခြင်း ဖြစ်သည်။

ကျားကျားလျားလျားရှိသော အသင်းဖော်များ၏ကြားတွင် အသားဖြူဖြူ မိန်းမဆန်ဆန်ဖြင့် မျက်နှာတွင် သနပ်ခါးရေကျဲဖြင့် ပြေးလွှားကစားနေသော သူမ၏ပုံစံမှာ ပရိသတ်များ၏ ပါးစပ်ဖျားတွင် သန်းသန်းထွေးဟု အော်ဟစ်အားပေးနိုင်စွမ်း ရှိစေသည်။

သူမ၏ အောင်မြင်မှုသည် ထိုမျှလောက်ဖြင့် ရပ်တန့်မသွားသေး။ သူမ၏ အမည်ဖြစ်သော သန်းသန်းထွေးနှင့် ကျောနံပါတ်ဖြစ်သော နံပါတ် (၇)ကို ပရိသတ်တစ်ယောက်က ဆေးမင်ကြောင်ထိုးကာ ဂုဏ်ပြုလိုက်သည်။ မြန်မာအားကစား သမိုင်းတစ်လျှောက်တွင် ကစားသမား အမည်ကို ဆေးမင်ထိုးခြင်းမှာ ပထမဆုံး ဖြစ်နိုင်သည်။

ယင်းအပြင် အခြားဖြစ်ရပ်တစ်ခု ရှိသေးသည်၊ မလေးရှားအသင်းနှင့် ယှဉ်ပြိုင်သည့် တတိယနေရာလု ပွဲစဉ် မိနစ်ကိုးဆယ် + အချိန်ပို ၂ မိနစ်တွင် သန်းသန်းထွေး ဖြတ်တင်ပေးလိုက်ကာ မြင့်မြင့်အေး ပိတ်သွင်းပြီး အောင်ပွဲခံစဉ်တွင် ပွဲကြည့်စင်မှ ပရိသတ်တစ်ဦးက သန်းသန်းထွေးကို လက်ဆွဲနှုတ်ဆက်ရန် ပွဲကြည့်စင်မှ ခုန်ဆင်းခဲ့သောကြောင့် ဘယ်ဘက်ခြေထောက်ရိုး နှစ်ချောင်း ကျိုးသွားခဲ့သည်။
ယခုဆိုလျှင် သူမအား သန်း ၆၀ ၏ ချစ်ခင်မှုများဖြင့် ထွေးပွေ့ခြင်း ခံခဲ့ရသောကြောင့် ချစ်ထွေးလေးဟု အများက ခေါ်နေကြပြီ ဖြစ်သည်။

သူမဘဝတွင် ငယ်စဉ်ကတည်းက ပြည်တွင်း ဘောလုံးသမားများတွင် ဦးသန်းတိုးအောင်၊ ယခုလက်ရှိ အချိန်တွင် ကျော်ကိုကိုနှင့် နိုင်ငံတကာတွင် ပေါ်တူဂီ တောင်ပံတိုက်စစ်မှူး စီရော်နယ်ဒိုကို ကြိုက်နှစ်သက်ကြောင်း သူမက ပြောဆိုသည်။
ပေါ်တူဂီ ကစားသမား ခရစ်စတီရာနို ရော်နယ်ဒိုသည် နိုင်ငံတကာတွင် အောင်မြင်ကျော်ကြားနေပြီး သူ၏ အမှတ်အသားအဖြစ် CR7 ဟု ပရိသတ်များက ခေါ်ဆိုကြကာ မြန်မာနိုင်ငံတွင်လည်း သန်းသန်းထွေးကို ပရိသတ်များက TT 7 ဟု ခေါ်ဆိုကြသည်။

သူမနှင့် မြန်မာ အမျိုးသမီးအသင်းအပေါ် ပရိသတ်များ၏ အားပေးမှုမှာ ပြောစရာပင် မရှိအောင် ကောင်းမွန်ကြောင်း၊ မိမိတို့၏ ကြိုးစားမှုမှာ ၈၀ ရာခိုင်နှုန်း ဖြစ်လျှင် ပရိသတ်၏ အားပေးမှုမှာ ၂၀ ရာခိုင်နှုန်း ပါဝင်ကြောင်းနှင့် ပရိသတ်က မိမိတို့ အားမငယ်ရန် နှစ်သိမ့်ပြီး ပထမဆုပေးသည် ဆိုသော်လည်း မိမိတို့ ရရှိခဲ့သောဆုမှာ တတိယ ဖြစ်နေသဖြင့် ပရိသတ်များအပေါ် တာဝန်မကျေခဲ့ကြောင်း ၎င်းကဆိုသည်။

မိမိအားကစားသက်တမ်း တစ်လျှောက် အော်ဟစ် အားပေးခြင်းများ၊ စာပေးခြင်းများသာ ကြုံဖူးပြီး မိမိအသားအနာခံကာ ဆေးမင်ထိုးကာ ဂုဏ်ပြုသော ပရိသတ်မျိုးရှိသဖြင့် အံ့သြရကြောင်း၊ ပရိသတ်များက ယခုကဲ့သို့ အားပေးလေ မိမိတို့ ပိုမိုသိမ်ငယ်လေ ဖြစ်ကြောင်း ၎င်းကဖွင့်ဟသည်။

သူမအနေနှင့် SEA Games ပြိုင်ပွဲ ငါးကြိမ်ခန့် ကြုံခဲ့ဖူးသော်လည်း ရွှေတံဆိပ်ဆု တစ်ကြိမ်မှ မရဖူးခဲ့ကြောင်း၊ မိမိဘဝတွင် အလိုချင်ဆုံး ဆုတံဆိပ်မှာ SEA Games ပြိုင်ပွဲမှ ရွှေတံဆိပ်ဆုပင် ဖြစ်ကြောင်း သူမက ပြောသည်။
“ကျွန်မ SEA Games ကို ငါးကြိမ် ကြုံဖူးတယ်။ ရွှေတစ်ခါမှ မရဖူးဘူး။ အကြောင်းတစ်ခုမဟုတ် တစ်ခုကြောင့် အမြဲတမ်းလွဲတယ်။ SER Games က ၂ နှစ် တစ်ကြိမ်ဆိုတော့ ဆယ်နှစ်ရှိပြီ အချိန်တွေ နှမြောဖို့ ကောင်းတယ်၊ နောက်အကြိမ်တွေမှာတော့ ရမလား မခန့်မှန်းရဲပါဘူး” ဟု ဆိုသည်။

သူမ၏ ဘောလုံးကန်ခြင်းအပြင် ဒုတိယဝါသနာကို ပြပါဆိုလျှင် ဆရာမ ဖြစ်ချင်သည်ဟု သူမဆိုသည်။
“နောက်တက်လာမယ့် မျိုးဆက်သစ်လေးတွေကို မြေတောင် မြှောက်ပေးရတာ ကျွန်မဝါသနာပါတယ်။ ဘောလုံးလောကက အနားယူဖြစ်ခဲ့မယ် ဆိုရင်လည်း နည်းပြအနေနဲ့ ကျွန်မဆက်လက် လုပ်ဆောင် ဖြစ်မယ်ထင်တယ်” ဟု ဆိုသည်။

သူမအနေနှင့် ဘောလုံးအားကစားကို ကစားနိုင်တဲ့ အချိန်အထိ ကစားသွားမည် ဖြစ်ပြီး SEA Games ပြိုင်ပွဲ ရွှေတံဆိပ်ဆုကို သူမရယူနိုင်အောင် အကောင်းဆုံး လေ့ကျင့်နေပြီ ဖြစ်ကြောင်း ပြောဆိုသည်။

မိမိအနေနှင့် ချစ်သူတစ်ဦး ထားခဲ့ဖူးသော်လည်း လတ်တလောတွင် ချစ်သူတစ်ဦးမှ မရှိသေးကြောင်း၊ နှလုံးသားရေးရာအတွက် အချိန်မပေးနိုင်သေးဘဲ ဘောလုံးတွင်သာ အာရုံစူးစိုက်ထားပြီး ပရိသတ်များအတွက် အကောင်းဆုံး ပေးဆပ်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။
“လတ်တလောတော့ ခြေစွမ်း အကောင်းဆုံးရအောင်ပဲ ကြိုးပမ်းနေပါတယ်” ဟု ဆိုသည်။

ကွင်းအတွင်း အားကြိုးမာန်တက် လိုက်လံဆော့ ကစားသူတစ်ယောက် သာမက လေ့ကျင့်ရေးချိန် များတွင်လည်း အပြင်းအထန် လေ့ကျင့်ပြီး အောင်မြင်မှုကို ဆာလောင်သူတစ်ဦး၊ ပရိသတ်များနှင့် ရင်းနှီးစွာ ဆက်ဆံတတ်သူ တစ်ဦးဖြစ်သည်။ သူမက ပြည်သူများအတွက် သူမ ရယူပေးချင်သော SEA Games ချန်ပီယံဆုကြီးကို ရယူနိုင်အောင် အကောင်းဆုံး ကြိုးစားမည်ဟု ကတိပေး ပြောကြားခဲ့သည်။

(အောင်သော်ဖြိုး)
The Voice Weekly

Saturday, January 25, 2014

သြစတြေးလျအိုးပင်းတင်းနစ် အမျိုးသမီးပွဲစဉ်တွင် တရုတ်တင်းနစ်မယ် လီနာ ဗိုလ်စွဲ

Posted by drmyochit Saturday, January 25, 2014, under | No comments


အသက် ၃၁ နှစ်အရွယ် လီနာသည် သြစတြေလျးအိုးပင်းဆုဖလားကို ပထမဆုံးအကြိမ် ရယူနိုင် ခဲ့ခြင်း ဖြစ်သည်။

သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲစဉ်ကို ယနေ့ ယှဉ်ပြိုင်ကစားခဲ့ရာ တရုတ်တင်းနစ်မယ် လီနာက ဆလိုဗက်ကီးယားသူ ဒိုမီနီကာ စီဘယ်ကိုဗာကို ၇-၆၊ ၆-၀ ဖြင့် အနိုင်ရရှိကာ ဆုဖလားဆွတ်ခူးသွားသည်။ အသက် ၃၁ နှစ်အရွယ် လီနာသည် သြစတြေလျးအိုးပင်းဆုဖလားကို ပထ မဆုံး အကြိမ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ၂၀၁၁ ခုနှစ်နှင့် ယမန်နှစ် သြစတြေးလျအိုးပင်းတွင် ဒုတိယနေ ရာဖြင့်သာ ကျေနပ်ခဲ့ရသည်။

လီနာသည် ၂၀၀၁ ခုနှစ် သြစတြေးလျအိုးပင်း ဗိုလ်လုပွဲတွင် ကမ်ကလိုက်စတားကို ရှုံးနိမ့်ခဲ့ပြီး ဒုတိယ ဆုသာ ရရှိခဲသည်။ ထို့အတူ ယမန်နှစ် ပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲတွင် ဗစ်တိုးရီးယား အဇာရင်ကာကို ရှုံးနိမ့် ခဲ့သည်။ ယခုနှစ်တွင်မူ ရှာရာပိုဗာ၊ ဆရီနာဝီလျံ၊ အိုင်ဗန်နိုဗစ်၊ အဇာရင်ကာ အစရှိသည့် နာမည်ကြီး တင်းနစ် မယ်များ ပြိုင်ပွဲမှ စောစီးစွာ ထွက်ခွာခဲ့ရခြင်းကလည်း လီနာအတွက် ဆုဖလားဆွတ်ခူးနိုင်ရေး အခွင့် အလမ်းကောင်းဖြစ်ခဲ့သည်။

လီနာသည် ယခုနှစ် သြစတြေးလျအိုးပင်း ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သဖြင့် ကမ္ဘာ့တင်းနစ်အားကစားတွင် အဓိကကျသော ဂရင်းဆလင်းပြိုင်ပွဲ ဆုဖလားကို ၂ ကြိမ် ရရှိခဲ့ပြီဖြစ်သည်။ ၎င်းသည် ၂၀၁၁ ခုနှစ်တွင် ပြင်သစ် အိုးပင်း ဆုဖလားကိုလည်း ရရှိထားသည်။ လီနာနှင့် ဗိုလ်လုပွဲတွင် တွေ့ဆုံယှဉ်ပြိုင်ခဲ့ရသည့် အသက် ၂၄ နှစ်အရွယ် ဆလိုဗက်ကီးယား တင်းနစ်မယ်လေးမှာ ဂရင်းဆလင်းပြိုင်ပွဲကြီးများ၏ ဗိုလ်လုပွဲ စဉ်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့သူဖြစ်သည်။

From: Planet Myanmar Network











Friday, January 24, 2014

ယူနိုက်တက်၏ ရလဒ်ယိမ်းယိုင်မှုကြောင့် ရဲတပ်ဖွဲ့ပါ မဆီမဆိုင် အလုပ်များ

Posted by drmyochit Friday, January 24, 2014, under | No comments

ယူနိုက်တက်သည် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ် လက်အောက်တွင် ရုန်းကန်နေရပြီး ဆန်းဒါးလန်းနှင့် ကစားသည့် Capital One အကြိုဗိုလ်လုပွဲတွင် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့် ထွက်ခွာခဲ့ရသည်။

မန်ချက်စတာ ယူနိုက်တက်၏ ရလဒ်ဆိုးများနှင့် စပ်လျဉ်းပြီး ပရိသတ်၏ ဒေါသပေါက်ကွဲမှုက ဗြိတိန် ရဲတပ်ဖွဲ့ကိုပါ အလုပ်ရှုပ်စရာ အခြေအနေမျိုး ဖြစ်သွားစေခဲ့သည်။ ယူနိုက်တက်သည် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ် လက်အောက်တွင် ရုန်းကန်နေရပြီး ဆန်းဒါးလန်းနှင့် ကစားသည့် Capital One အကြိုဗိုလ်လုပွဲတွင် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့် ထွက်ခွာခဲ့ရသည်။ ယူနိုက်တက် အနေဖြင့် ပရီးမီးယားလိဂ်တွင်လည်း အဆင့်(၇) နေရာထိ စိုက်ဆင်းလျှက် ရှိနေသောကြောင့် ပရိသတ်များအတွက် စိတ်မရှည်စရာ ဖြစ်နေသည်။ 

ဆန်းဒါးလန်းနှင့် ပွဲစဉ်အပြီးတွင်မူ အရက်မူးပြီး ဒေါသထွက်နေသော ပရိသတ် တစ်ဦးက ရဲတပ်ဖွဲ့၏ အရေးပေါ် ဖုန်းနံပါတ် 999ထံ ဖုန်းဆက်ကာ မိုယက်စ်၏ အသင်းရလဒ် ညံ့ဖျင်းမှုကို ယခင်မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန်ထံ အသိပေး အကြောင်းကြားပေးပါရန် တောင်းဆိုခဲ့သည်။ ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့ အနေဖြင့် အဆိုပါ ဖြစ်ရပ်ကြောင့် 999 နံပါတ်သည် အမှန်တကယ် အရေးပေါ် အခြေအနေများအတွက်သာ အသုံးပြုသင့်ကြောင်း ပြည်သူလူထုကို ထပ်မံ၍ သတိပေး နှိုးဆော်မှုများ ပြုလုပ်ခဲ့ရသည်။ "ညဘက်ကြီးမှာ မန်ချက်စတာမြောက်ပိုင်း၊ ခရမ့်ပ်ဆဲလ်က လူတစ်ယောက်ဟာ အရက်မူးနေပုံမျိုးနဲ့ ဖုန်းဆက်တယ်။ သူက ဆန်းဒါးလန်းနဲ့ပွဲ ရလဒ်ကို ဆာအဲလက်စ်သိအောင် ပြောပေးပါဆိုပြီး ကျွန်တော်တို့ကို ပြောခဲ့ပါတယ်"ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက သတင်းထောက်များအား ပြောကြားခဲ့သည်။

မန်ချက်စတာ ရဲတပ်ဖွဲ့က "ကိုယ်အားပေးတဲ့ ဘောလုံးအသင်း ရှုံးနိမ့်တာဟာ ဝမ်းနည်း စိတ်ထိခိုက်စရာမှန်း နားလည်ပါတယ်။ ဒါပေမဲ့ 999 ဖုန်းနံပါတ်ဟာ အရေးပေါ် ကိစ္စတွေအတွက်ပဲ ဖြစ်တယ်ဆိုတာကို သတိရစေချင်ပါတယ်။ တခြား စုံစမ်းစရာ ကိစ္စတွေရှိရင် ရဲတပ်ဖွဲ့ရဲ့ 101 နံပါတ်ကို ခေါ်ဆိုနိုင်ပါတယ်"ဟု ကြေညာခဲ့သည်။ ထို့အပြင် ဖာဂူဆန်ကို စကားပြောလိုပါက ဘောလုံးအသင်းကို တိုက်ရိုက်ဆက်သွယ်ခြင်းကသာ ဖြစ်နိုင်ခြေ အများဆုံး နည်းလမ်းဟုလည်း ရဲတပ်ဖွဲ့က ပရိသတ်များထံ အကြံပြုသွားခဲ့သည်။ ဖာဂူဆန်သည် မန်နေဂျာ ရာထူးမှ အနားယူပြီးနောက် လက်ရှိတွင် အသင်း၌ ဒါရိုက်တာ တစ်ဦးအဖြစ် တာဝန်ယူထားသည်။

From: Planet Myanmar Network

Saturday, December 21, 2013

မြန်မာအမျိုးသမီးဘောလုံးအသင်း တတိယရသော်လည်းမြန်မာတစ်မျိုးသားလုံးက သူတို့နှလုံးသားထဲမှ ရွှေဆုများပေးခဲ့

Posted by drmyochit Saturday, December 21, 2013, under | No comments



မန္တ လေး မန္တလာသီရိဘောလုံးပြိုင် ပွဲအတွင်း 'မြန်မာ မြန်မာ'ဟူ သည့် အသံကြီးက လျှံထွက်လာ သည်။ မြန်မာအမျိုးသမီး ဘောလုံးအသင်းက မလေးရှား အသင်းကို ခြောက်ဂိုး ဂိုးမရှိ ဖြင့်နိုင်ပြီး တတိယကြေးတံဆိပ် ဆုကို ရရှိခဲ့ပြီဖြစ်သည်။အကယ်၍သာ ဒီဇင်ဘာ ၁၈ရက်ကယှဉ်ပြိုင်ခဲ့သော အ ကြိုဗိုလ်လုပွဲတွင် ထိုင်းအသင်း ကိုအနိုင်ရခဲ့ပါမူ ယခုထက်ပင် ပို၍ ဝမ်းသာကြရမည်ဖြစ်သည်။ မြန်မာအမျိုးသမီးဘောလုံးအ သင်းသည် ကြေးတံဆိပ်ဆုသာ ဆွတ်ခူးခဲ့သော်လည်း အနိုင် မခံအရှုံးမပေးစိတ်ဓာတ်ဖြင့်  အရည်အချင်းရှိရှိအားကစား စိတ်ဓာတ်အပြည့်ကစားပြသွား နိုင်သောကြောင့် မြန်မာတစ် မျိုးသားလုံး၏နှလုံးသားထဲက ရွှေတံဆိပ်ဆုကို သူတို့ရရှိပိုင် ဆိုင်သွားကြပြီဖြစ်သည်။

''အမျိုးသမီးဘောလုံးပြိုင် ပွဲဆီးမီးဖိုင်နယ်ပွဲမှာဆိုရင် တစ် နိုင်ငံလုံးရဲ့ မျှော်လင့်ချက်တွေကို ထမ်းပိုးထားတဲ့ သမီးငယ်တွေ ဟာ အမိနိုင်ငံရဲ့ သမီးကောင်း ရတနာများပီပီ တတ်နိုင်သမျှ ဆိုတာထက် သာလွန်တဲ့ကြိုး စားအားထုတ်မှုနဲ့ မြန်မာနိုင်ငံ သားတွေရဲ့ အနိုင်မခံ အရှုံးမ ပေးတဲ့စိတ်ဓာတ်၊ အိမ်ရှင်နိုင်ငံ ရဲ့ သန့်ရှင်းမျှတတဲ့ အားကစား စိတ်ဓာတ်၊ အသင်းလိုက် စည်း လုံးညီညွတ်မှု၊ မခိုမကပ်တမ်း ကြိုးစားအားထုတ်မှုတို့ကို စံန မူနာအတုယူဖွယ်ရာ လက်တွေ့ ပြသခဲ့ကြတဲ့အတွက် မြန်မာနိုင်ငံ နဲ့ မြန်မာပြည်သူများကိုယ်စား ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းမှာ ရွှေတံဆိပ် ဆုအားမရရှိခဲ့သော်လဲ ပြည်သူ များမှပေးတဲ့ ချန်ပီယံဆုအားရ ရှိခဲ့ပြီဖြစ်ပါတယ်''ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ ပေးပို့သည့်သဝဏ်လွှာတွင် ဖော် ပြထားသည်။

တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ် ညိုညိုသင်းက ''မြန်မာအမျိုး သမီးအသင်းကို ဒီ့ထက်ပိုပြီး ချီးကျူးပါတယ်။ သူတို့အနေနဲ့ ပရိသတ်ကပေးတဲ့ မေတ္တာဆု၊ ရွှေဆုနဲ့ ထိုက်တန်ပါတယ်။ ကျွန်မကိုယ်တိုင်လဲ ပေးပါတယ်။ နိုင်ငံတော်သမ္မတအနေနဲ့ ဒီလို အမျိုးသမီးအသင်းပေါ်မှာ ချီး ကျုးဂုဏ်ပြုတာ ဝမ်းသာပါ တယ်။ ဒီ့ထက်ပိုပြီး သူတို့အ တွက် ဆောင်ရွက်ပေးနိုင်ပါစေ လို့ လူ့အဖွဲ့အစည်းကို မေတ္တာ ရပ်ခံချင်တာက အမျိုးသမီးတွေ အပေါ်မှာ ပိုပြီးချီးမြှောက်ပေး ပါလို့ ပြောချင်ပါတယ်''ဟု ပြော သည်။


အမျိုးသမီးလက်ရွေးစင် ဘောလုံးသမား သန်းသန်းထွေး က ''ဒီပြိုင်ပွဲဖိုင်နယ်ပွဲလို့ သဘော ထားပြီး ကန်တာပါ။ တတိယ ဆုရတဲ့အတွက် မလေးရှားကို အနိုင်ရတဲ့အတွက် နိုင်ငံ့ဂုဏ် ကို ဆောင်ခွင့်ရတဲ့အတွက် ဂုဏ် ယူမဆုံးပါဘူး''ပြောသည်။

မြန်မာ့လက်ရွေးစင်ဘော လုံးသမား ကျော်ကိုကိုက ''သူ တို့ကို ပရိသတ်က ရွှေဆုပေး ပါစေဗျာ။ သူတို့ထိုက်တန်ပါ တယ်။ ထိုင်းအသင်းကိုရှုံးရတာ လဲ ကုသိုလ်ကံပါသလို ဒိုင်ရဲ့ ဖေးမမှုမရတာလဲ ပါပါတယ်။ ဒါပေမဲ့ ပရိသတ်ကပေးတဲ့ရွှေ ဆုကို သူတို့ရခဲ့ပါတယ်''ဟု ပြော သည်။

ဝါရင့်အားကစားက လောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား)က ''တို့မြန်မာပြည် မှာ အားကစားအသင်းနိုင်တာ ရှုံးတာနဲ့ပတ်သက်လို့ သမ္မတ အဆင့်မျိုးက ဒီလိုဂုဏ်ပြုတာ မျိုးမရှိသေးဘူး။ သမ္မတဦးသိန်း စိန်လက်ထက်မှာ ဒါပထမဆုံး ပဲ။ တခြားအားကစားသမားတွေ လဲ အမျိုးသမီးအသင်းကို နမူ နာယူကြိုးစားဖို့လိုတယ်။ အား ကစားပြိုင်ပွဲမပြီးခင် ဒီလိုဂုဏ် ပြုတာ ပထမဆုံးပဲ။ ဦးနေဝင်း လက်ထက်တုန်းကတော့ ပြိုင် ပွဲပြီးမှ ညစာစားပြီးဂုဏ်ပြုတာ လောက်တော့ ရှိဖူးတယ်''ဟု သုံးသပ်ပြောသည်။

 မြန်မာ့လက်ရွေးစင်အ မျိုးသမီးအသင်းသည် ဒီဇင်ဘာ ၂ဝရက်တွင် တတိယနေရာလု ပွဲအဖြစ် မလေးရှားအမျိုးသမီး အသင်းနှင့် မန္တလေးမြို့ မန္တ လာသီရိအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ရီရီဦး၊ ခင်မိုးဝေ၊ သန်းသန်းထွေး၊ စန်း စန်းမော်၊ မြင့်မြင့်အေးတို့၏သွင်း ဂိုးများဖြင့် ခြောက်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ယင်းပွဲစဉ်အပြီးတွင် မန္တ လေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာအား ဖတ်ကြားပေး ခဲ့ပြီး မြန်မာအမျိုးသမီးဘော လုံးအသင်းသည် လုပ်ငန်းရှင် များကပေးသော ဂုဏ်ပြုငွေကျပ် သိန်း၂ဝဝဝကို ရရှိခဲ့ကြသည်။

Yangon Media Group

Saturday, December 14, 2013

ထိုင်းအသင်းနဲ့ ကစားမယ့် မြန်မာဘောလုံး အသင်း အခြေအနေ

Posted by drmyochit Saturday, December 14, 2013, under | No comments

မြန်မာလက်ရွေးစင် ဘောလုံးအသင်း ( ၂၇ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲဝင်)။
မြန်မာအသင်းအနေနဲ့ ထိုင်းအသင်းနဲ့ ကစားဖို့ အဆင်သင့်ဖြစ်နေပြီး၊ အနိုင်ကစား သွားမှာဖြစ်တယ်လို့ မြန်မာဘောလုံးအသင်း တာဝန်ရှိသူ ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း မြန်မာအသင်းအနေနဲ့ အရင်ပွဲတွေထက် ပိုပြီးတော့ ကြိုးစား ကစားရမယ်လို့ လည်း ဘောလုံး ကျွမ်းကျင်သူတွေက သုံးသပ်လိုက်ပါတယ်။ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းမှာ ဒီကနေ့ ကစားမယ့် မြန်မာ နဲ့ ထိုင်းတို့ရဲ့ ဘောလုံးပွဲ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကိုရန်နိုင်က တင်ဆက်ပေးထားပါတယ်။

၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဘောလုံးပွဲတွေမှာ စိတ်ဝင်စားစရာ အကောင်းဆုံးပွဲလို့ဆိုရမယ့် အိမ်ရှင် မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ရဲ့ ပွဲကို ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ရန်ကုန်မြို့ သုဝဏ္ဏလူငယ်လေ့ကျင့်ရေး အားကစားကွင်းမှာ ကစားကြမှာပါ။ အုပ်စု ပထမ ၂ ပွဲမှာ မြန်မာက ကမ္ဘောဒီးယားကို ၃ ဂိုး ဂိုးမရှိ၊ တီမောကို ၃ ဂိုး ၁ ဂိုး နဲ့ နိုင်ထားသလို၊ ထိုင်းကလည်း တီမောကို ၃ ဂိုး ၁ ဂိုး ၊ အင်ဒိုနီးရှားကို ၄ ဂိုး ၁ ဂိုး နဲ့ နိုင်ထားတာကြောင့် ၂ သင်းစလုံးဟာ ၂ ပွဲကစား ၂ ပွဲနိုင် ၆ မှတ် နဲ့ ရမှတ်တူနေပါတယ်။ ဒါကြောင့် မြန်မာ နဲ့ ထိုင်းပွဲဟာ အုပ်စုမှာ အဆုံးအဖြတ်ပေးမယ့် ပွဲတပွဲဖြစ်ပါတယ်။

မြန်မာကစားသမားတွေဟာ အခုချိန်မှာ နိုင်စိတ်အပြည့်ရှိနေတယ်လို့ ဗီအိုအေက ဆက်သွယ်မေးမြန်းတဲ့အခါမှာ မြန်မာဘောလုံးအသင်းအုပ်ချုပ်သူ ဦးစိုးမိုးကျော် က ပြောပါတယ်။

"မြန်မာအသင်းကတော့ ထိုင်းကိုအနိုင်ကစားမှာပေါ့။ အရေးကြီးတဲ့ ပွဲစဉ်လည်းဖြစ်တယ်။ ကိုယ့်အိမ်ကွင်းမှာလည်း ကစားတာဖြစ်တယ်။ အနိုင်ကစားမယ်။"

မေး- ထိုင်းနဲ့ကန်မယ့်ပွဲအတွက် အသင့်ဖြစ်နေတယ်ပေါ့။

" ဟုတ်တယ်။ အသင့်ပဲ။"

မေး- ဒီပွဲမှာ အသင်းမှာ ဒဏ်ရာရတဲ့သူ မပါနိုင်တဲ့သူ အနေအထားကရော ဘယ်လိုရှိပါသလဲ။

" ဒဏ်ရာရတဲ့သူလည်း အဲ့ဒီ့ဒဏ်ရာတွေက သေးသေးမွှားမွှားပဲ အဲ့ဒီ့ဒဏ်ရာတွေကို အကုန်မေ့ပြီး သူတို့အကုန် ကစားကြမှာ။ ဗိုလ်လုပွဲအတွက် နှလုံးသွင်းပြီး ကစားမှာ။"

ထိုင်းအသင်းဟာ ဘောလုံးအပေးအယူ တိကျပြီး၊ ကွင်းလယ်အားကောင်းသလို၊ ရတဲ့ ဂိုးသွင်းခွင့်တွေကိုလည်း မလွတ်တမ်းအသုံးချနိုင်ပြီး ဂိုးသွင်းသေချာတဲ့ အသင်းတသင်းဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ဆိုတော့ မြန်မာအသင်းအနေနဲ့ ထိုင်းနဲ့ ကစားတဲ့အခါမှာ ဘာတွေကို အထူးသတိထားဂရုစိုက်ဖို့လိုမလဲ။  ၀ါရင့် အားကစားဆောင်းပါးရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) က ပြောတာကတော့

"အဲ့ဒီ့ကြားထဲမှာ ကျနော်ပြောသလို သူတို့က တချက်ထိ ညာပေး၊ နှစ်ချက်ထိ ညာပေး၊ လူတွေကြားထဲကနေ နောက်တန်းကြားထဲကနေ ကျော်ကျော်ပြီး ချပေးတာတွေ အဲ့တာတွေ ပေးတာကောင်းတယ်။ အဲ့တာကိုဖျက်နိုင်မှ ကျနော်တို့က နည်းနည်း အခွင့်အရေးသာမယ်ပေါ့နော်။"

အုပ်စု B မှာ ထိုင်းက အင်ဒိုနီးရှားကို အနိုင်ရလိုက်တဲ့အတွက် ၊ မြန်မာအသင်း နဲ့ ထိုင်းနဲ့ ပွဲရလဒ်ဟာ အုပ်စု B မှာ ဘယ်အသင်း အုပ်စု ပထမနေရာ ရမယ်ဆိုတာကို အဆုံးအဖြတ်ပေးမယ့်ပွဲလိုလည်း ဆိုရမှာဖြစ်ပါတယ်။ ထိုင်းအသင်းနဲ့ ကစားမယ့် မြန်မာအသင်းရဲ့ အလားအလာနဲ့ ပတ်သက်ပြီး ဦးခင်မောင်ထွေး သုံးသပ်တာကတော့ -

" မြန်မာအသင်းက ပြီးခဲ့တဲ့ ကစားတဲ့ နှစ်ပွဲဆိုရင်တော့ တော်တော်လေး ကြိုးစားပမ်းစား၊ ကစားရမှာပဲဗျ။ ထိုင်းကလည်း ကျနော်တို့ကို နိုင်လိုက်ရင် အကြိုဗိုလ်လုပွဲ တက်ဖို့ သေချာသွားတဲ့ အနေအထား ရှိတယ်လေ။ နောက်ဆုံးပွဲက သူက ကမ္ဘောဒီးယားနဲ့ကစားရမှာ။ သူတို့က ကျနော်တို့ကို အနိုင်ကစားမှာ၊ ယုံမှားသံသယမရှိဘူး။ ဒါပေမဲ့လည်း ကြည့်တဲ့ပရိတ်သတ်ရော၊ ကိုယ့်မြေပေါ်မှာရော၊  နောက်ပြီး တသင်းနဲ့တသင်းက ပြောပလောက်အောင် ကွာခြားတာ မရှိတော့ မြန်မာအသင်းက အနိုင်ကစားဖို့တော့ လိုတယ်။ မတော်တဆ ခြေချော် လက်ချော် ရှုံးခဲ့ရင် အင်ဒိုနီးရှားကို ကစားဖို့ခက်မယ်။ အင်ဒိုနီးရှားကလည်း ကျနော်တို့ကို နိုင်ခဲ့ရင် ဗိုလ်လုပွဲတက်နိုင်တဲ့ အနေအထားမျိုးရောက်သွားနိုင်တယ်။ အင်ဒိုနီးရှားနဲ့ပွဲကတော့ ကျနော်ပြောရဲပါတယ်။ မြန်မာ အသင်းနိုင်ဖို့များပါတယ်။ ထိုင်းနဲ့ကတော့ ငါးဆယ်ရာခိုင်နှုန်း၊ ငါးဆယ်ရာခိုင်နှုန်းပဲ၊ အမှားများတဲ့အသင်း ရှုံးမယ်။ အမှားနည်းတဲ့အသင်းနိုင်မယ်။ ပြောလို့မရဘူး။ အင်ဒိုနီးရှား ကို သေချာပေါက်ပြော လို့ရတယ်။ ကမ္ဘောဒီးယားနဲ့ကစားတဲ့ပွဲရော ကျနော်တို့ မြန်မာလက်ရွေးစင်အသင်းကို နိုင်နိုင်တဲ့ အဆင့်မရှိဘူး ကျနော်တော့ သုံးသပ်မိတယ်။"

မေး- ဦးခင်မောင်ထွေးက ထိုင်းနဲ့ပွဲကို ဘယ်လိုထင်လဲ။

"မြန်မာအသင်းက နည်းနည်းလေး တသင်းလုံး ညီညီညွတ်ညွတ်နဲ့ အင်တိုက် အားတိုက် ကစားရင် အနိုင်ရဖို့များပါတယ်။"

လာမယ့် ၁၆ ရက်နေ့မှာတော့ မြန်မာအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်နဲ့ အင်ဒိုနီးရှားအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ သောကြာနေ့က ကစားခဲ့တဲ့ အုပ်စု A ပွဲစဉ်မှာတော့ မလေးရှားအသင်းက လာအိုအသင်းကို ၄ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားပြီး၊ စင်ကာပူအသင်းက ဘရူနိုင်းကို ၂ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားပါတယ်။

From:VOA

Tuesday, November 26, 2013

၂၀၁၄ ကမ္ဘာ့ဖလားတွင် ဘရာဇီးလက်ရွေးစင်အသင်း ၀တ်ဆင်အသုံးပြုမည့် ၀တ်စုံသစ်ကို Nike ကုမ္ပဏီိ မိတ်ဆက်

Posted by drmyochit Tuesday, November 26, 2013, under | No comments


၂၀၁၄ ကမ္ဘာ့ဖလားအိမ်ရှင်ဘရာဇီးအသင်းအနေဖြင့် ခြောက်ကြိမ်မြောက် ဗိုလ်စွဲရန်ပစ်မှတ်ထားနေ ကြောင်း ၀တ်စုံသစ်မိတ်ဆက်ပွဲတွင် နည်းပြချုပ် စကိုလာရီက ပြောကြားလိုက်သည်။ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဘရာဇီးအသင်းဝတ်ဆင်မည့် Nike အမှတ်တံဆိပ်ဝတ်စုံသစ် မိတ်ဆက်ပွဲတွင် ဘရာဇီးကြယ် ပွင့် နေမာဦးဆောင်ပြီး သီယာဂိုဆေးဗား၊ ဂူစတာဗို၊ ဒေးဗစ်လုဇ်အစရှိသည့် ကစားသမားများက ၀တ် ဆင်ပြသခဲ့ကြသည်။ ထို့အတူ နည်းပြစကိုလာရီက ကမ္ဘာ့ဖလား ၅ ကြိမ်ရ ချန်ပီယံအနေဖြင့် ၆ ကြိမ် မြောက် ဗိုလ်စွဲရန် ပြင်ဆင်နေကြောင်း ပြိုင်ဘက်များအား သတိပေးပြောကြားလိုက်ခြင်းလည်း ဖြစ် သည်။

“၀တ်စုံက တော်တော်လေး ကောင်းပါတယ်။ လွဲနေတာလေးတစ်ခုပဲ ရှိတယ်။ အဲဒါကတော့ ကြယ် ခြောက်လုံး မပါသေးတာပဲ။ ကမ္ဘာ့ဖလားပွဲအပြီးမှာ အဲဒီအချက်ပြည့်စုံဖို့ ရည်မှန်းထားတယ်” ဟု စကို လာရီက ဆိုသည်။

Nike ကုမ္ပဏီအနေဖြင့် ၎င်းတို့၏ အရောင်းရဆုံးနိုင်ငံ လက်ရွေးစင်အသင်း ၀တ်စုံဖြစ်သော ဘရာဇီးဝတ် စုံအတွက် ယခုကဲ့သို့ ဒီဇိုင်းသစ်ပြသမှုမှာ အနာဂတ်ရောင်းအားအတွက် အဓိကသော့ချက်ဖြစ်လာမည် ဟုလည်း ယူဆနေသည်။ ၂၀၁၇ တွင် အမေရိကန်နှင့် တရုတ်ပြီးနောက် ဘရာဇီးနိုင်ငံက တတိယ အကြီးဆုံးဈေးကွက်ဖြစ်လာရန် Nike က မျှော်လင့်နေခြင်း ဖြစ်သည်။ Nike သည် ၎င်းတို့နှင့် အဓိက ပြိုက်ဘက် Adidas နှင့် ယူရို ၅ ဘီလီယံကျော်တန်ဖိုးရှိ အားကစား ၀တ်စုံဈေးကွက်တွင် ပြိုင်ဆိုင်နေရ သည်

Nike ၏ပြိုင်ဘက်Adidas သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာနှင့် နှစ် ၃၀ သက်တမ်းတိုး စာချုပ်နိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်တွင် ဘောလုံး၊ တာဝန်ရှိသူများ ၀တ်ဆင်မည့်ဝတ်စုံများအတွက်Adidasအမှတ်တံဆိပ် သုံးစွဲခွင့်ရမည်ဖြစ်သည့်အပြင် ဘောလုံးကွင်းများတွင်လည်း ကြော်ငြာခွင့်ရမည် ဖြစ်သည်။

ဂျာမန်အခြေစိုက်Adidas ကုမ္ပဏီ နှင့်Nike ကုမ္ပဏီတို့သည် အားကစားလောကတွင် နှစ်ပေါင်းများစွာ ပြိုင်ဆိုင်ခဲ့ကြပြီး ပြီးခဲ့သည့်နှစ်ရောင်းအားတွင်မူNike ကုမ္ပဏီက အသာရထားသည်။သို့ဖြစ်ရာNikeအနေဖြင့် အဆိုပါအစဉ်အလာကို ဆက်လက်ထိန်းသိမ်းရန် ကြိုးပမ်းနေသည်။ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ ၀င်ခွင့်ရအသင်းများ ထွက်ပေါ်ခဲ့ပြီးဖြစ်ရာNike အမှတ်တံဆိပ်ကိုဝတ်ဆင်အသုံးပြုမည့် အသင်းအရေ
အတွက် ၁၀ သင်းဖြင့် အများဆုံးဖြစ်ပြီးဂျာမန်ကုမ္ပဏီများဖြစ်သောAdidas နှင့်အာဖရိက အသင်းများကို အများဆုံးစပွန်ဆာပေးရလေ့ရှိသည့် Puma တို့မှာ ရှစ်သင်းသာရရှိထားသည်။

Nike သည် ဘရာဇီးလက်ရွေးစင်အသင်းနှင့် ၁၉၉၇ ခုနှစ်ကတည်းက နှစ်ရှည်စာချုပ်ထားခြင်းဖြစ်ပြီး ဘရာဇီး၏အားအထားရဆုံးကြယ်ပွင့် နေမာကိုလည်း စပွန်ဆာပေးထားသည်။ ကမ္ဘာ့ အဆင့်သတ်မှတ် ချက် အဆင့် ၄ အတွင်း ၀င်သော စပိန်၊ ဂျာမနီ၊ အာဂျင်တီးနားနှင့် ကိုလံဘီယာတို့မှာAdidasအမှတ် တံဆိပ်ကို အားကစားဝတ်စုံအဖြစ် ၀တ်ဆင်အသုံးပြုနေကြသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၂၀၁၄ ခုနှစ်၊ ဇွန်တွင် ဘရာဇီး၌ကျင်းပတော့မည် ဖြစ်သည်။
ဝဘုန်းလူ| အင်္ဂါနေ့၊ နိုဝင်ဘာလ ၂၆ ရက်၊ ၂၀၁၃ ခုနှစ်
Mizzima - News in Burmese

မြန်မာဗိုဗီနမ်အသင်း ဗီယက်နမ်ကို စိန်ခေါ်နိုင်ပြီဟုဆို

Posted by drmyochit Tuesday, November 26, 2013, under | 1 comment


ဆီးဂိမ်း ဗိုဗီနမ် ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ဗိုဗီနမ် အားကစား၏ ပိုင်ရှင်လည်းဖြစ်၊ လက်ရှိချန်ပီယံ လည်း ဖြစ်သည့် ဗီယက်နမ်အသင်းကို စိန်ခေါ်နိုင်ကြောင်း ဗိုဗီနမ်သရုပ်ပြအဖွဲ့၏နည်းပြ ဦးကျော်မင်းထွန်း က ပြောသည်။ မြန်မာ ဗိုဗီနမ်အဖွဲ့သည် လေ့ကျင့်ချိန် တစ်နှစ်သာ ရှိသေးသော်လည်း ဗီယက်နမ်ကို စိန် ခေါ်နိုင်သည့် အရည်အချင်းများ ရှိနေပြီဟု ၎င်းက ယုံကြည်နေခြင်း ဖြစ်သည်။

“သရုပ်ပြ ပြိုင်ပွဲက ကျွန်တော်တို့ အားသာတဲ့ ကစားနည်း ဖြစ်တာကြောင့် ရွှေမှန်းပါတယ်။ အတိုက်က တော့ သိပ်မမှန်းဘူး။ ကြိုးတော့ ကြိုးစားမှာပါ။ ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ မြန်မာ့လက်ရွေးစင် ဗိုဗီနမ်အဖွဲ့ အနေနဲ့ ရွှေတံဆိပ် ခြောက်ခု လောက် မှန်းထားပါတယ်။ ကျွန်တော်တို့ ကစားသမားတွေရဲ့ စွမ်းဆောင် ရည်က ဗီယက်နမ် အသင်းကို စိန်ခေါ်နိုင်တယ်ဗျ” ဟု ဦးကျော်မင်းထွန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးကျော်မင်းထွန်း၏ ပြောစကားကို မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးလှဦးက ထောက်ခံခဲ့ပြီး မြန်မာ ဗိုဗီနမ် အသင်းအနေဖြင့်ပြိုင်ပွဲ(၂)ရပ်လုံးတွင် ရွှေဆုရယူနိုင်ရန် ရည်မှန်းထားသော်လည်း အတိုက်ပြိုင်ပွဲထက် သရုပ်ပြပြိုင်ပွဲတွင် ရွှေတံဆိပ်ရရန် ပိုမိုအားသာနေကြောင်း ဆိုခဲ့သည်” အားလုံးတော့ လိုချင် တယ်။

“ဗန်ဒိုကစားနည်းနဲ့တူတာဆိုတော့ ဒီလောက်မခက်ခဲပါဘူး။ အားသာချက်က အတန်းတစ်တန်းကို တစ် ယောက် ကစားမှာဖြစ်လို့ ပိုအာရုံစိုက်နိုင်တယ်။ အပြ ကစားနည်းကိုတော့ ပိုအားသာတယ်” ဟု မြန်မာ ဗိုဗီနမ်အသင်း၏ တာဝန်ခံလည်း ဖြစ်သူ ဦးလှဦးက ပြောသည်။

ဗိုဗီနမ်သည် ဗီယက်နမ်ရိုးရာ ကိုယ်ခံပညာ တစ်ရပ်ဖြစ်ပြီး မြန်မာ့ရိုးရာ ကိုယ်ခံပညာဖြစ်သော ဗန်တိုပညာနှင့် ဆင်တူသည်။ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်အနေဖြင့် အိမ်ရှင်အဖြစ် လက်ခံသည့် ဆီးဂိမ်းပြိုင်ပွဲတွင် ရိုး ရာ ကိုယ်ခံပညာ ဖြစ်သည့် ဗန်တိုပညာရပ်ကို ထည့်သွင်းကျင်းပလိုခဲ့သော်လည်း အကြောင်းကြောင်း ကြောင့် ဗိုဗီနမ်ကိုသာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ့လက်ရွေးစင် ဗိုဗီနမ်အသင်းကို ဖွဲ့စည်းရာတွင် ဗန်တိုကစားသမားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဗီယက်နမ်ရိုးရာ အားကစားနည်းဖြစ်သော ဗိုဗီနမ်ကစားနည်းသည် အတိုက်ပြိုင်ပွဲနှင့် သရုပ်ပြပြိုင်ပွဲဟူ၍ နှစ်မျိုးခွဲခြားထားပြီး မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ဆီးဂိမ်း၌ ရွှေတံဆိပ် ၁၈ ခုချီးမြှင့်မည် ဖြစ်သည်။ 

်မန်မာအသင်း၏ အောင်မြင်မှုအနေဖြင့် ၂၀၁၃ ခုနှစ် မေလအကုန်တွင် ကမ္ဘောဒီယား အရှေ့တောင်အာရှ ဗိုဗီနမ်တံခွန်စိုက်ပြိုင်ပွဲတွင် သွားရောက် ယှဉ်ပြိုင်ကစားခဲ့ရာ ရွှေ ၂ ခု၊ ငွေ ၆ခု၊ ကြေး ၁၀ခု ရရှိခဲ့ပြီး ဆီး ဂိမ်းအကြို ဖိတ်ခေါ်ပြိုင်ပွဲ၌ ရွှေ ၆ခု၊ ငွေ ၅ခု၊ ကြေး ၆ခု ရရှိခဲ့သည်။၂၀၁၁ ခုနှစ် အင်ဒိုနီးရှား ဆီးဂိမ်း၌ စတင်ပါဝင်ခဲ့သော ဗိုဗီနမ်အားကစားနည်းတွင် ၀ိတ်တန်း ၁၄ တန်းသာ ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိင်ငံတွင် ကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ၀ိတ်တန်း လေးခု တိုးမြှင့်ကာ စုစုပေါင်း ၀ိတ်တန်း (၁၈) တန်းအထိ ပါဝင်မည် ဖြစ်သည်။

အင်ဒို ဆီးဂိမ်းတွင် ဗိုဗီနမ် ပြိုင်ပွဲကို မြန်မာတို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းမရှိရာ ယခုတစ်ကြိမ်မှာ မြန်မာ ဗိုဗီနမ်အသင်းအတွက် ပထမဆုံး ဆီးဂိမ်းပြိုင်ပွဲလည်း ဖြစ်သည်။

်မန်မာ ဗိုဗီနမ်အသင်းအနေဖြင့် သရုပ်ပြပြိုင်ပွဲနှင့် အတိုက်ပြိုင်ပွဲ နှစ်မျိုး တွင် ကစားသမား ၃၄ ဦး ၀င် ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ၀ိတ်တန်းအလိုက် အမျိုးသား ၂၂ဦး၊ အမျိုးသမီး ၁၂ ဦး ပါဝင်မည် ဖြစ်သည်။ ဆီးဂိမ်း ဗိုဗီနမ် ပြိုင်ပွဲကို အိမ်ရှင်မြန်မာ အပြင် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် အင်ဒိုနီးရှားအသင်း တို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၀ိတ်တန်းအလိုက် သရုပ်ပြပြိုင်ပွဲ (၁၂) တန်းနှင့် အတိုက်ပြိုင်ပွဲ (၆)တန်း အတွက် ရွှေတံဆိပ် (၁၈)ခုချီးမြှင့်မည် ဖြစ်သည်။ 

ပြိုင်ပွဲအား ဒီဇင်ဘာလ ၁၈ ရက်မှ ၂၁ ရက် အထိ နေပြည်တော် ဇေယျာသီရိ မိုးလုံလေလုံ အားကစားရုံ (အေ)၌ ကျင်းပမည် ဖြစ်သည်။

Friday, November 22, 2013

အမေရိကန် လက်ရွေး စင် ဘော လုံး သ မား ဟောင်း များ ဘော လုံး အားကစား နည်း စနစ်များ ပိုမို တတ်ကျွမ်း စေရန် မြန်မာ လူငယ် အားကစား သမား များအား လာရောက် ပြသ

Posted by drmyochit Friday, November 22, 2013, under | No comments


အမေရိကန် လက်ရွေးစင် ဘောလုံးသမား ဟောင်းများ ပါဝင်သည့် အားကစား သံတမန် အဖွဲ့သည် ယနေ့ ညနေ ၃နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ကမာရွတ် မြို့နယ် သထုံလမ်းရှိ တက္ကသိုလ်များ အားကစား ကွင်း၌ ဘောလုံး အားကစား စွမ်းရည်ပြသ ကြပြီး အလားတူ ဘောလုံးစွမ်းရည် ပြသခြင်းကို နိုဝင်ဘာ ၂၄ရက်တွင် မွန်ပြည်နယ်၌ ထပ်မံပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမေရိကန် အားကစား သံတမန် အဖွဲ့တွင် နိုင်ငံတကာ အဆင့် ပြိုင်ပွဲများ၌ နည်းပြ လုပ်သက် နှစ် ၄ဝကျော် သက်တမ်းရှိ နည်းပြ ဂျေဟော့မန်း၊ အမေရိကန် အမျိုးသား လက်ရွေးစင် အဖြစ် ပွဲပေါင်း ၁၆၄ပွဲ ကစားထားကာ ကစားပွဲ စံချိန်တင်ထားသူ ကော်ဘီဂျူန်းနှင့် ကမ္ဘာ့ဖလား ချန်ပီယံနှင့် အိုလံပစ် တတိယ ဆုရှင် အမေရိကန် လက်ရွေးစင် အမျိုးသမီး ဘောလုံးသမားဟောင်း လော်ရီဖယ်ယားတို့ ပါဝင်သည်။

၎င်းအဖွဲ့သည် လူငယ်ဘောလုံး အားကစားသမား များနှင့် တွေ့ဆုံ ၍ လေ့ကျင့်ခန်း အစီအစဉ်များကို ဆောင်ရွက်ကြကာ ခေါင်းဆောင်မှု စွမ်းရည်များကိုလည်း သင်ကြား ပြသ ပေးကြောင်း သိရသည်။

ထို့အပြင် အမေရိကန် ကားကုမ္ပဏီ ချက်ဗိုလက်နှင့် One World Football Project တို့မှ ထိုင်ဝမ်မှ ထုတ်လုပ်သည့် Chevrolet ဘောလုံးအလုံး ၅ဝဝ ကို နိုဝင်ဘာ ၂၂ ရက်တွင် ရန်ကုန်ရှိ လူငယ် ဘောလုံး အားကစားသမား များအတွက် ပေးအပ်လှူဒါန်းမည် ဖြစ်ကာယင်းအခမ်း အနားသို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်နှင့် အားကစား ကိုယ်စားလှယ် အဖွဲ့ တက်ရောက် မည် ဖြစ်သည်။

လှူဒါန်းမှု အစီအစဉ်တွင် မွန်ပြည်နယ်၊ ကချင်ပြည်နယ်တို့ အပါအဝင်အခြားပြည်နယ်များသို့ Chevrolet ဘောလုံးအလုံး ၅ဝဝဝ စုစုပေါင်းအလုံး ၅၅ဝဝ တို့အား လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန် အားကစား သံတမန်အဖွဲ့ လာရောက်ခြင်းနှင့် ပတ်သက်၍ ''မြန်မာနိုင်ငံမှာဘောလုံး အားကစား ဖွံ့ဖြိုးအောင် ဒီလိုဘောလုံး ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် နည်းစနစ်၊ ကစားနည်းတွေကို သိရှိတတ်ကျွမ်းစေရန် လာရောက် ဆောင်ရွက်ပြသ ပေးခြင်း ဖြစ်ပါတယ်။ သူတို့ဆီက နည်းစနစ် တွေလည်း အများကြီးရမှာပါ။ အမေရိကန် နိုင်ငံရဲ့ နာမည်ကြီး ဘောလုံး အကျော်အမော်တွေလာရောက်ပြသ တာ ဖြစ်တဲ့အတွက် ကလေးတွေ အတွက် များစွာ အထောက်အပံ့ ရမှာပါ။ 

်မာ ဘောလုံး အခြေအနေဟာလည်းတစ်ဆင့်နဲ့တစ်ဆင့် တိုးတက်လာ တာတွေ့ရပါတယ်။ အခုလည်း ဆီးဂိမ်းအတွက် အများကြီး လုပ်နေကြ တာလည်း မြင် တွေ့ပါတယ်။ အောင်မြင်ဖို့လည်း ရှိပါတယ်။ ယခု အစီအစဉ်ကဲ့သို့ ဘတ်စကက် ဘောမှာလည်း လက်ရှိပူးပေါင်း ဆောင်ရွက်နေတာ ရှိပါတယ်။ နောက်ထပ် လာလုပ် ဖို့လည်း ရှိပါတယ်''ဟု မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးမှ ယဉ်ကျေးမှု ဆိုင်ရာ အရာရှိဖြစ်သူ အဲရစ်ခ် ဗွီးအီးအိုက်စ်လီက ပြောကြားသည်။

န်

ဝန်းရံခ

GERMAN CLASICO, GLITTERED WITH STARS, SET FOR SATURDAY

Posted by drmyochit Friday, November 22, 2013, under | No comments



Bayern Munich travels to face bitter rivals Borussia Dortmund on Saturday in a contest that pits Germany’s two giants against each other in an eagerly anticipated rematch of last year’s UEFA Champions League Final.

Dortmund comes into the week 13 match, now known as the “German Clasico,: in second place in the German Bundesliga table with 28 points, four behind reigning treble champions Bayern at the summit. They have split the last four Germany Bundesliga titles, with Bayern earning a sandwich of trophies before and after Dortmund’s 2010-11 and 2011-12 glory.

Now under first-year manager Pep Guardiola, the men from Munich are in sterling form with four wins on the trot. They’ve won 26 of their last 29 league matches dating back to last season, and last time out they set a record by extending their unbeaten streak to 37 games. The Bavarian’s last loss? An April 2012 trip to Dortmund in which Dortmund’s deadly striker Robert Lewandowski bagged the only goal of the match? In fact, Jurgen Klopp’s side has four wins and two draws from their last six league matches with Bayern.

Credit>> soccer(Daily mail) 

Sunday, November 17, 2013

တူနီးရှားနှင့်ပွဲတွင် အီတူးကို ဘောလုံးမပေးရန် အသင်းဖော်များ လျှို့ဝှက်ကြံစည်ခဲ့

Posted by drmyochit Sunday, November 17, 2013, under | No comments


တူနီးရှားနှင့် ဂိုးမရှိသရေကျခဲ့သည့် ပထမအကျော့ပွဲစဉ်တွင် အသင်းဖော်များက ၎င်းအား ဘောလုံးမပေးရန်လျှို့ဝှက်ကြံစည်ခဲ့ကြသည်ဟု ကင်မရွန်း တိုက်စစ်မှူး အီတူးက ထုတ်ဖော်လိုက်သည်။ အီတူးမှာ နိုင်ငံလက်ရွေးစင်အဖြစ်မှ အနားယူမည်ဟု ပြီးခဲ့သည့် စက်တင်ဘာလကတည်းက ဆုံးဖြတ်ခဲ့သော်လည်း လက်ရှိအချိန်ထိ ကင်မရွန်းအတွက် ဆက်ကစားနေဆဲဖြစ်ပြီး အသင်းဖော်များအနေဖြင့် ၎င်းတို့၏ လုပ်ရပ်အတွက် နောင်တရနေလိမ့်မည်ဟုလည်း ၎င်းက ပြောသည်။

အီတူးက “အဲဒီပွဲကို ကြည့်ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော် ကွင်းလယ်အထိ ဘောလုံးဆင်း ကစားခဲ့တာ တွေ့ရမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ကို ဘောလုံးမပေးဖို့ သူတို့ ကြိုတင်တိုင်ပင်ထားတာကို ကျွန်တော် သိနေလို့ပါပဲ။ အဲဒါက အမှန်ဖြစ်ပြီး နာင်တရစရာ ကောင်းတဲ့ကိစ္စပါ။ တကယ်တော့ ဘောလုံးကစားနည်းဟာ ပေါင်းစည်းညီညွတ်မှုနဲ့ ကစားရတဲ့ ကစားနည်းတစ်မျိုးဖြစ်ပြီး ရန်သူဖြစ်နေရင်တောင် အကောင်းဆုံး နေရာယူထားဆိုရင်တော့ ဘောလုံးပေးရမှာပါပဲ။ ဒါပေမဲ့ လောလောဆယ်မှာတော့ အဲဒီကိစ္စတွေကို မေ့ထားပြီး လာမယ့်ပွဲအတွက် အာရုံစိုက်ရပါမယ်”ဟု ဖွင့်ဟသွားသည်။

သို့သော် ကင်မရွန်းနည်းပြ ဖင်ကီကမူ ၎င်းအနေဖြင့် အဆိုပါပွဲစဉ် ဗီဒီယိုခွေအား (၆)ကြိမ်၊ (၇)ကြိမ် ပြန်လည်ကြည့်ရှုခဲ့ပြီး အီတူးပြောသကဲ့သို့ ဖြစ်ပွားခဲ့သည်ဟု မထင်ကြောင်း တုံ့ပြန်သွားသည်။ ထို့အပြင် အီတူးမှာ မူကြိုအရွယ် ကလေးများ ပြောသကဲ့သို့ ပြောနေခြင်းသာ ဖြစ်လိမ့်မည်ဟုလည်း မှတ်ချက်ပေးသွားခဲ့သည်။

Thursday, November 14, 2013

ကျွန်းဆွယ် ဆီးဂိမ်းနှင့် မြန်မာ ပြေးခုန်ပစ်

Posted by drmyochit Thursday, November 14, 2013, under | No comments


မြန်မာနိုင်ငံ နေပြည်တော် ဗဟိုပြု၍ ရန်ကုန်၊ မန္တလေး နှင့် ငွေဆောင်တို့တွင် ကျင်းပမည့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲများ စတင်ကျင်းပရန် ရက်ပိုင်းမျှသာ လိုတော့သည်။ ဒီဇင်ဘာလ ၇ ရက်မှ စတင်ကာ ဘောလုံး ပြိုင်ပွဲများ ကျင်းပတော့မည် ဖြစ်သည်။ ဘောလုံးနှင့် အတူ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ဟော်ကီ၊ ဘတ်စကက် ဘော စသည့် အားကစားနည်းများ အတွက်လည်း ပွဲစဉ်ဇယားများ ရေးဆွဲပြီးပြီ ဖြစ်သည်။ ရေးကူးနှင့် ပြေးခုန်ပစ် အပါအ၀င် အခြား လက်ဝှေ့၊ အလေးမ စသည့် အားကစားနည်း များအတွက် ပွဲစဉ် ရေးဆွဲမှုများ မလုပ်သေးသည်ကို တွေ့ရသည်။

ပွဲစဉ်ဇယား ရေးဆွဲရန် ကျန်နေသေးသည့် အားကစာနည်းများ အနက် ပြေးခုန်ပစ် နှင့် ရေးကူး အားကစားနည်း တို့မှာ အထူး အရေးကြီးသည်။ အဘယ်ကြောင့် ဆိုသော် မည်သည့် အားကစား ပြိုင်ပွဲများတွင်မဆို မဖြစ်မနေ ပြေးခုန်ပစ်နှင့် ရေကူးပြိုင်ပွဲတို့မှာ မထည့်မနေရ သတ်မှတ်ထားသည့် အားကစားနည်း ၂ မျိုးဖြစ်သည်။ ဆုတံဆိပ် ချီးမြှင့်မှု အရေအတွက်မှာလည်း အများဆုံး ဖြစ်သည်။ ပြေးခုန်ပစ် အားကစားနည်းတွင် ရွှေတံဆိပ် ၄၆ ဆု (အမျိုးသား ၂၃ ဆု၊ အမျိုးသမီး၂၃ ဆု) ချီးမြှင့်မည် ဖြစ်သည်။ ရေကူး အားကစား နည်းတွင်လည်း ရွှေတံဆိပ် ၄၁ ဆု ချီးမြှင့်မည် ဖြစ်သည်။

ကျွန်းဆွယ် အားကစား ပြိုင်ပွဲနှင့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတို့တွင် မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံး အားကစားနည်းမှာ ပြေးခုန်ပစ် အားကစားနည်း ဖြစ်သည်။ ၁၉၅၉ ခုနှစ် ကျွန်းဆွယ် အားကစား ပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပထမဆုံး အကြိမ်အဖြစ် စတင် ကျင်းပခဲ့သည်။
ြ်မန်မာနိုင်ငံက ရွှေတံဆိပ် ၁၁ ဆု ဆွတ်ခူးပြီး နိုင်ငံအလိုက် ဒုတိယ နေရာ၌ ရပ်တည်ခဲ့သည်။ ရွှေတံဆိပ် ၁၁ ဆုကို အားကစားနည်း ၄ မျိုးက ဆွတ်ခူးခဲ့ရာ ပြေးခုန်ပစ် ၅၊ ရေကူး ၂၊ လက်ဝှေ့ ၂ နှင့် အလေးမ ၂ တို့ ဖြစ်ကြသည်။

ပြေးခုန်ပစ် ရွှေတံဆိပ် ရှင်များမှာ ဂရေစီကား (မီတာ ၈၀ တန်းကျော်ပြေး)၊ မေမေရီ (အမြင့်ခုန်)၊ ခင်ခင်ထွေး (လှန်တံပစ်)၊ အာဖူး (အမျိုးသား မီတာ ၁၅၀၀)၊ နော်ဖား (အမျိုးသား သံပြားဝိုင်းပစ်) တို့ ဖြစ်ကြသည်။ ဤသို့ဖြင့် မြန်မာ ပြေးခုန်ပစ် အားကစားသည် အရှေ့တောင် အာရှအဆင့်သို့ စတင် ၀င်ရောက်ခဲ့သည်။

၁၉၆၁ ခုနှစ်တွင် ဒုတိယ အကြိမ်မြောက် အရှေ့တောင် အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက ကျင်းပခဲ့သည်။ မြန်မာ အားကစား အဖွဲ့က ရွှေတံဆိပ် ၃၅ ဆုဖြင့် နိုင်ငံအလိုက် ပထမ ရရှိသည်။ ၁၉၆၁ ကျွန်းဆွယ် ပြိုင်ပွဲတွင် အားကစားနည်း ၁၃ မျိုးဖြစ်သည့် ပြေးခုန်ပစ်၊ ကြက်တောင်၊ လက်ဝှေ့၊ ဘတ်စကက်ဘော၊ စက်ဘီး၊ ဘောလုံး၊ သေနတ်ပစ်၊ ရေကူး၊ ပင်ပေါင်၊ တင်းနစ်၊ ဘော်လီဘော၊ အလေးမနှင့် ရွက်လှေ တို့ကို ထည့်သွင်း ကျင်းပသည်။ အိမ်ရှင် မြန်မာနိုင်ငံက အမျိုးသား အားကစားသမား ၁၂၀၊ အမျိုးသမီး အားကစားသမား ၂၇ ဦး၊ အုပ်ချုပ် နည်းပြနှင့် ဒိုင်လူကြီး ၃၀ စုစုပေါင်း ၁၇၇ ယောက်ဖြင့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ပြေးခုန်ပစ် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၇ ဆု ရသည်။ အမျိုးသား ပြိုင်ပွဲတွင် စိုးမရ (၀ါးလုံးထောက် ခုန်)၊ သိန်းဝင်း (သံလုံးပစ်)၊ ကာဖူး (မီတာ ၅၀၀၀ နှင့် မီတာ ၁၀၀၀၀၊ မီတာ ၁၀၀ အောက် လက်ဆင့်ကမ်း) နှင့် အမျိုးသမီး ပြိုင်ပွဲတွင် ခင်ဋ္ဌေး (သံပြားပစ်) နှင့် နန်းယဉ် (လှံတံပစ်) တို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံက အားထားကြသော ဂရေစီကားမှာ မီတာ ၈၀ တန်းကျော်ပြေးနှင့် မီတာ ၁၀၀ ပြေးပွဲများတွင် ပန်းဝင်ဓာတ်ပုံ အဆုံးအဖြတ်ဖြင့် ဒုတိယဆုသာ ရရှိခဲ့သည်။
ြ်မန်မာ အားကစား အဖွဲ့ အတွက် အအောင်မြင်ဆုံး အားကစားမှာ ရေကူးပင် ဖြစ်သည်။ ကျွန်းဆွယ် ရေကူးပြိုင်ပွဲတွင် အမျိုးသမီး ရေကူးပြိုင်ပွဲကို ၁၉၆၁ ရန်ကုန် ကျွန်းဆွယ် ပြိုင်ပွဲကျမှ ပထမဆုံး စတင်ထည့်သွင်း ကျင်းပခြင်း ဖြစ်သည်။

အမျိုးသား ရေကူး ပြိုင်ပွဲတွင် မြန်မာ ရေကူးသမားများက ရွှေတံဆိပ် ၇ ဆုနှင့် အမျိုးသမီးများက ရွှေတံဆိပ် ၆ ဆု ဆွတ်ခူး နိုင်ခဲ့သည်။ မြသီး (မီတာ ၁၀၀ အလွတ်ကူး)၊ တင်မောင်နီ (မီတာ ၂၀၀၊ မီတာ ၄၀၀ နှင့် မီတာ ၅၀၀ အလွတ်ကူး)၊ ချစ်စိန် (မီတာ ၁၀၀ ပက်လက်ကူး)၊ မီတာ ၁၀၀ လွန်းပျံ (ချစ်စိန်၊ တင်မောင်နီ၊ အောင်ကြည်၊ အောင်သန်း) မီတာ ၂၀၀ လွန်းပျံ (တင်မောင်နီ၊ မြသီး၊ စိန်ဖိုး၊ အောင်သန်း) မြန်မာအမျိုးသား ရေကူးအဖွဲ့က ရွှေတံဆိပ် ၇ ဆု ဆွတ်ခူးခဲ့သည်။ တင်မောင်နီ တယောက်တည်းက လက်ဆင့်ကမ်း ပွဲများ အပါအ၀င် စုစုပေါင်း ၅ ဆု ဆွတ်ခူးနိုင်ခဲ့သည်။

ကျွန်းဆွယ် အားကစားပြိုင်ပွဲတွင် စတင်ထည့်သွင်း ကျင်းပသည့် အမျိုးသမီး ရေကူးပြိုင်ပွဲတွင် မြန်မာ အမျိုးသမီး ရေကူးမယ် များကလည်း အစွမ်းပြ၍ ရွှေတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့သည်။ မညွန့်ခင် (မီတာ ၁၀၀ အလွတ်ကူး) နှင့် အယ်လီဇဘက်စပိုက် (မီတာ ၂၀၀ အလွတ်ကူး)၊ လီလီယံသွင် (မီတာ ၁၀၀ ရင်ပေါင်ကူး) နှင့် မီတာ ၁၀၀ လေးယောက် လက်ဆင့်ကမ်း အသင်း (လီလီယန်သွင်၊ ဆီးလ်ဗီးယားသွင်၊ အယ်လီဇဘက် စမိုက်) တို့ ဖြစ်သည်။ ထိုစဉ် ကတည်းက စင်ကာပူ ရေကူးသမားများ ပါဝင်ယှဉ်ပြိုင် ခဲ့သော်လည်း အောင်မြင်မှု မရရှိကြပါ။
ြ်မန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ဒုတိယ အကြိမ်မြောက် ကျွန်းဆွယ် အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် ၃၅ ဆုဖြင့် နိုင်ငံအလိုက် ပထမအဆင့်၌ ရပ်တည်နိုင်ခဲ့သည်။ ထိုရွှေတံဆိပ် ၃၅ ဆုထဲတွင် ရေကူးက ၁၂ ဆုနှင့် ပြေးခုန်ပစ်က ၇ ဆု စုစုပေါင်း ၁၉ ဆု ရရှိခဲ့ခြင်းက အားကစား ပြိုင်ပွဲများတွင် ပြေးခုန်ပစ် အားကစားနည်းနှင့် ရေကူး အားကစားနည်းတို့က မည်မျှ ရေးကြီးသည်ကို သိနိုင်သည်။

တတိယ အကြိမ်မြောက် ကျွန်းဆွယ် အားကစား ပြိုင်ပွဲကို ၁၉၆၃ ခုနှစ်တွင် ကမ္ဘောဒီးယား နိုင်ငံက လက်ခံကျင်းပခြင်း မပြုသဖြင့် ၁၉၆၅ ကျမှ မလေးရှား နိုင်ငံက လက်ခံကျင်းပသည်။ ဒီဇင်ဘာလ ၁၄ ရက်မှ ၂၁ ရက်အထိ ပြုလုပ်သည့် ကျွန်းဆွယ် ပြိုင်ပွဲတွင် အားကစားနည်း ၁၄ မျိုးဖြင့် ကျင်းပခဲ့သည်။ မြန်မာနိုင်ငံတွင် ထည့်သွင်း ယှဉ်ပြိုင်စေခဲ့သည့် ရွက်လှေ ပြိုင်ပွဲ ဖြုတ်ခဲ့သည်။ ၁၉၆၁ ကျွန်းဆွယ်ပွဲတွင် မြန်မာနိုင်ငံ ရွက်လှေပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ ဆု ရခဲ့ဖူးသည်။

မလေးရှား ကျွန်းဆွယ်ပွဲတွင် အားကစားနည်း အသစ် ၂ မျိုးဖြစ်သည့် ဂျူဒိုနှင့် ဆီပက်ရာဂါခေါ် ပိုက်ကျော်ခြင်း အားကစားနည်းသစ် ၂ မျိုး ထည့်သွင်း ကျင်းပခဲ့သည်။ မြန်မာနိုင်ငံက အမျိုးသား အားကစားသမား ၆၃ ယောက်၊ အမျိုးသမီး အားကစားသမား ၂၄ ယောက်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၆၅ ကျွန်းဆွယ် ပြိုင်ပွဲတွင် ဘော်လီဘော ပြိုင်ပွဲ၌ အမျိုးသမီးပွဲများ စတင်ထည့်သွင်း ကျင်းပခဲ့သည်။

၁၉၆၅ ကျွန်းဆွယ်ပွဲတွင် မြန်မာအမျိုးသား ပြေးခုန်ပစ် အားကစားသမားများ အောင်မြင်မှု နည်းပါးခဲ့သည်။ ၀ါးလုံး ထောက်ခုန် ပြိုင်ပွဲတွင် စိုးမရနှင့် မီတာ ၁၀၀၀၀ နှင့် မာရသွန် ပြိုင်ပွဲတို့တွင် ရှင်ဗွေဂန်းတို့က ရွှေတံဆိပ် ဆွတ်ခူး နိုင်ခဲ့ကြသည်။

မိုးစံ (မီတာ ၁၀၀)၊ ဂရေစီကား (အလျားခုန်)၊ ခင်တာ(သံလုံးပစ်) တို့ကသာ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ ကြသည်။ ၁၉၆၅ မလေးရှား ကျွန်းဆွယ် အားကစားပြိုင်ပွဲ ပြေးခုန်ပစ် အားကစားနည်းက စုစုပေါင်း ရွှေတံဆိပ် ၆ ဆု ဆွတ်ခူးနိုင်ခဲ့သည်။ ရေကူးပြိုင်ပွဲတွင်မူ မြန်မာတို့ အထိနာ ခဲ့သည်။ မီတာ ၁၅၀၀ ပွဲတွင်သာ တင်မောင်နီက ရွှေတံဆိပ် ၁ ဆုတည်းသာ ဆွတ်ခူးနိုင်ခဲ့သည်။ ၁၉၆၅ ကျွန်းဆွယ် ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် စုစုပေါင်း ၁၈ သာ ဆွတ်ခူးခဲ့ရာ၌ ပြေးခုန်ပစ်က ရွှေတံဆိပ် ၆ ဆု ရရှိခဲ့သည်။ မြန်မာအားကစား အဖွဲ့များ အနက် ရွှေတံဆိပ် အများဆုံး ဆွတ်ခူးနိုင်ခြင်း ဖြစ်သည်။

၁၉၆၇ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဒီဇင်ဘာလ ၉ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့သည့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက အမျိုးသား အားကစားသမား ၁၃၇ ဦးဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ စုစုပေါင်း ရွှေတံဆိပ် ၁၁ ဆုသာ ရရှိခဲ့ကြသည်။ ယင်းရွှေတံဆိပ် ၁၁ ဆုအနက် ပြေးခုန်ပစ်မှ ရှင်ဗွေဂန်း (မီတာ ၁၀၀၀၀)၊ မီတုန်းနော် (မာရသွန်) တို့သာ ရွှေတံဆိပ် ဆွတ်ခူးနိုင်သည်။

အမျိုးသမီး အမြင့်ခုန်တွင် ဘာဘရာ ကျော်ဘွား၊ သံလုံးပစ်တွင် ဂျနီဖာတင်လေး ပေါင်း ၈ ဆုသာ ဆွတ်ခူး နိုင်ခဲ့သည်။ ၁၉၆၅ ဆီးဂိမ်းတွင် မြန်မာ ပြေးခုန်ပစ် အားကစားအဖွဲ့က ရွှေတံဆိပ် ၄ ဆုသာ ဆွတ်ခူးနိုင်ခဲ့သည်။
ရေကူးပြိုင်ပွဲတွင် မီတာ ၁၀၀ လိပ်ပြာကူး၌ အောင်လှိုင်ဝင်း တဦးတညးသာ ရွှေတံဆိပ် ၁ ဆုတည်း ဆွတ်ခူးနိုင်ခဲ့ သည်။ ၁၉၆၇ ဘန်ကောက် ကျွန်းဆွယ်ပြိုင်ပွဲတွင် မြန်မာအားကစား သမားများအဖွဲ့ နောက်ထပ် ဆွတ်ခူးခဲ့သည့် ရွှေတံဆိပ်များမှာ ဘောလုံး ၁၊ အလေးမ ၄၊ သေနတ်ပစ် ၁ တို့ ဖြစ်ကြသည်။

၁၉၆၉ ခုနှစ်တွင် ပဉ္စမ အကြိမ်မြောက် အရှေ့တောင် အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ဒီဇင်ဘာလတွင် ကျင်းပသည်။ ကမ္ဘောဒီးယား နိုင်ငံက ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိသဖြင့် မြန်မာ၊ မလေးရှား၊ လာအို၊ ထိုင်း၊ စင်ကာပူ နှင့် တောင်ဗီယက်နမ်တို့ ၆ နိုင်ငံက ယှဉ်ပြိုင်ကြသည်။ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ လက်ဝှေ့၊ စက်ဘီး၊ ဘောလုံး၊ ကျွမ်းဘား၊ ဂျူဒို၊ သေနတ်ပစ်၊ ရေးကူး၊ စားပွဲတင် တင်းနစ်၊ ဘော်လီဘော၊ အလေးမ နှင့် ရွက်လှေ ပြိုင်ပွဲများ ထည့်သွင်းကျင်းပသည်။ အိမ်ရှင် မြန်မာနိုင်ငံ အသင်းက ရွှေတံဆိပ် ၅၇ ဆုဖြင့် နိုင်ငံအလိုက် ပထမအဆင့်၌ ရပ်တည်နိုင်ခဲ့သည်။ ယင်းရွှေတံဆိပ် ၅၇ ဆုထဲတွင် ပြေးခုန်ပစ် အားကစားနည်းက ရွှေတံဆိပ် ဆု အများဆုံး ဆွတ်ခူးနိုင်ခဲ့သည်။

ကျွန်းဆွယ် ပြိုင်ပွဲများတွင် သာမက ဆီးဂိမ်းပြိုင်ပွဲ အစပိုင်းတွင်ပါ အောင်မြင်မှု ရရှိခဲ့သည့် ပြေးခုန်ပစ် အားကစားနည်း သည် ဆီးဂိမ်းနောက်ပိုင်းတွင် ရွှေတံဆိပ် ၁ ဆုမှ မရတော့သည် အထိ ကျဆင်းလာရသည်မှာ မြန်မာအားကစား လောကအတွက် ကြေကွဲဝမ်းနည်းစရာ ဖြစ်သည်။

ယခု ကျင်းပတော့မည့် နေပြည်တော် ဆီးဂိမ်းတွင်ရော ပြေးခုန်ပစ် အားကစားနည်းက ရွှေတံဆိပ် ဘယ်နှဆု ဆွတ်ခူးနိုင်မည်နည်း။ အကောင်းကို ရှာ၏၊ အကောင်းကား ရှာမတွေ့ ဟု ပြောရတော့မည် ထင်သည်။ ဆက်လက် ဆွေးနွေး တင်ပြသွားပါမည်။ ။

ဧရာဝတီ

မြန်မာ့ တပ်မတော် ဘောလုံး အသင်းနှင့် မလေးရှား တပ်မတော် ဘောလုံးအသင်း ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစား

Posted by drmyochit Thursday, November 14, 2013, under | No comments


နေပြည်တော် နိုဝင်ဘာ ၁၃ 

မြန်မာ့ တပ်မတော် ဘောလုံးအသင်းနှင့် မလေးရှား တပ်မတော် ဘောလုံးအသင်း ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ တပ်မတော် အားကစားကွင်း၌ ကျင်းပ ပြုလုပ်ရာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် ကြည့်ရှု အားပေးသည်။ 



အဆိုပါ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲသို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ မလေးရှား တပ်မတော်မှ Major General Dato' Hi Khilr bin Hj Mohd Nor နှင့် အရာရှိကြီးများ၊ တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ်များ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နေပြည်တော် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေး အဖွဲ့ ကွပ်ကဲမှု အောက်ရှိ ပျဉ်းမနား၊ တပ်ကုန်း မြို့နယ်များမှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ တပ်နယ် ၆ခုမှ အရာရှိ၊ စစ်သည်၊ မိသားစု များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။ 

ရှေးဦးစွာ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ မစတင်မီ တပ်မတော် (ကြည်း) ဂုဏ်ပြု စစ်တီးဝိုင်းက အားကစားကွင်း အတွင်းသို့ စစ်ချီ သီချင်းများ တီးမှုတ်ကာ ဝင်ရောက် နေရာယူပြီး ပုံဖော်ပြသ ကြသည်။ 

ထို့နောက် မြန်မာ့ တပ်မတော် ဘောလုံးအသင်းနှင့် မလေးရှား တပ်မတော် ဘောလုံး အသင်းတို့က ဇေယျာသီရိ တပ်မတော် အားကစား ကွင်းအတွင်းသို့ ဝင်ရောက် နေရာယူကြပြီး ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)နှင့် ဧည့်သည်များအား အလေးပြုကြသည်။ 

ယင်းနောက် တပ်မတော် အားကစားနှင့် ကာယပညာ အုပ်ချုပ်မှု ကော်မတီ ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနှင့် မလေးရှား တပ်မတော်မှ Major General Dato' Hi Khilr bin Hj Mohd Nor တို့သည် နှစ်နိုင်ငံ အားကစား သမားများအား တစ်ဦးချင်း ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက် ကြသည်။ 


၎င်းနောက် နှစ်နိုင်ငံ တပ်မတော် ဘောလုံးအသင်းမှ အားကစားသမား များအား မြန်မာ အမျိုးသမီးငယ် လေးများက ဂုဏ်ပြု ပန်းစည်းများ ပေးအပ်ကြပြီး နှစ်ဖက် အသင်း ကစားသမား များက အပြန်အလှန် နှုတ်ဆက်ကြကာ အသင်းလိုက် စုပေါင်း ဓာတ်ပုံရိုက်ကြ၍ အသင်းခေါင်းဆောင်များက နှစ်နိုင်ငံ အလံများ လဲလှယ်ကြ သည်။ 

ထို့နောက် မြန်မာ့ တပ်မတော် ဘောလုံး အသင်းနှင့် မလေးရှား တပ်မတော် ဘောလုံးအသင်းတို့ ချစ်ကြည်ရေး ဘောလုံး ယှဉ်ပြိုင်ကစား ကြရာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အတူ တက်ရောက် လာကြသူများက ကြည့်ရှု အားပေးကြသည်။ 


ပြိုင်ပွဲ မစတင်မီနှင့် ခေတ္တ အနား ပေးချိန်များတွင်လည်း မြဝတီတေး ဂီတ အဖွဲ့သားများက ပရိသတ်များအား သီဆိုဖျော်ဖြေ ဧည့်ခံခဲ့သည်။ 

ပြိုင်ပွဲတွင် မြန်မာ့ တပ်မတော် ဘောလုံးအသင်းက မလေးရှား တပ်မတော် ဘောလုံး အသင်းကို ၂ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိ သွားသည်။ 


မြန်မာ့ တပ်မတော် ဘောလုံးအသင်းနှင့် ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ကစားခဲ့သော မလေးရှား တပ်မတော် ဘောလုံး အသင်းသည် နိုဝင်ဘာ ၁၅ရက်တွင်လည်း မြန်မာ့ လက်ရွေးစင် (U-19) ဘောလုံးအသင်း နှင့် ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

စာပို့တံဆိပ်ခေါင်းပုံနှိပ်၍ ဂုဏ်ပြုခံရတော့မည့် ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်

Posted by drmyochit Thursday, November 14, 2013, under | No comments








ဆွီဒင်နိုင်ငံ စာတိုက်ဌာန၏ အကြီးအကဲတစ်ဦးဖြစ်သူက ပြည်တွင်းသတင်းစာ တစ် စောင်ဖြစ်သည့် The Local ကိုပြောကြားခဲ့ရာတွင် အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးသည် နိုင်ငံ့အတွက် ပြယုဂ်ကစားသမားတစ်ဦးဖြစ်ပြီး နောင်လာနောက်သားများအတွက် အတုယူစရာစံပြပုဂ်္ဂိုလ် တစ်ဦးအဖြစ် ဂုဏ်ပြုလိုခြင်းကြောင့် ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီဘရာဟီမိုဗစ်၏ပုံအား တံဆိပ်ခေါင်းပုံစံ ငါးခုတွင် ရိုက်နှိပ်မည်ဖြစ်ပြီး တံဆိပ်ခေါင်း ၁၀ ခုစီပါဝင်သည့် အတွဲငယ်များအဖြစ် ထုတ်လုပ်မည် ဖြစ်သည်။ ဆွီဒင် စာတိုက်ဌာန၏ တံဆိပ်ခေါင်းဆိုင်ရာ အကြီးအကဲ တစ်ဦးဖြစ်သူ ဘရစ်အန်ဂါဟက်နီက “သူ (အီဘရာဟီမိုဗစ်) ကလည်း ကျွန်တော်တို့ရဲ့ အစီအစဉ်ကို သဘောကျတာကြောင့် စီစဉ်ဖြစ်သွားတာပါ။ သူ့ကို အားပေးနှစ်သက်ကြတဲ့ ပရိသတ်တွေအနေနဲ့ အခု ဆိုရင်သူ့ပုံပါတဲ့ ပို့စကတ်တွေ၊ စာအိတ်တွေနဲ့ အချင်းချင်း ဆက်သွယ်လို့ ရပြီပေါ့”ဟု ဆိုခဲ့သည်။

အီဘရာဟီမိုဗစ်ကလည်း “စာပို့ တံဆိပ်ခေါင်းမှာ ဖော်ပြခံရတာဟာ ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ပြုခံရမှု ပါပဲ၊ ကျွန်တော် အရမ်းပျော်ရွှင်သလို ကျွန်တော့်ကို ရွေးချယ်ခဲ့ကြတဲ့အတွက်လည်း အရမ်းဂုဏ်ယူနေပါ တယ်”ဟု ၀မ်းသာအားရ ပြောကြားခဲ့သည်။ အီဘရာဟီမိုဗစ်သည် ကိုယ်တိုင်ရေးအတ္တုပ္ပတ်္တိစာအုပ် ထုတ်ဝေစဉ်ကလည်း ပြည်တွင်းတွင် ရောင်းအားအကောင်းဆုံးဖြစ်ခဲ့ပြီး ဆွီဒင်ပြည်တွင်းရှိ အဘိဓာန်တွင် လည်း ၎င်း၏နာမည်အား စကားလုံးအဖြစ် ထည့်သွင်းကာ ဂုဏ်ပြုမှုခံထားရသူလည်းဖြစ်သည်။

ဆွီဒင်အသင်းအတွက် အောင်မြင်မှု အများအပြားရယူပေးထားနိုင်ခြင်း မရှိသော်လည်း အီဘရာဟီမိုဗစ် သည် လက်ရှိအချိန်ထိ နိုင်ငံအသင်းတွက် ၉၄ ပွဲ ပါဝင်ကစားကာ ၄၆ ဂိုး အထိသွင်းယူပေးထားနိုင်သည်။

Mizzima - News in Burmese

Monday, November 11, 2013

အပြောင်းအလဲလုပ်ထားသည့် ဆီးဂိမ်းဘောလုံးပြိုင်ပွဲ ပွဲစဉ်ဇယား ပြန်လည်ထုတ်ပြန်

Posted by drmyochit Monday, November 11, 2013, under | No comments


(၂၇)ကြိမ် မြောက် အရှေ့တောင်အာရှအ မျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု (A)တွင် ဖိလစ်ပိုင်အသင်းပါဝင် ခြင်းမရှိသည့်အတွက်ကြောင့် ပွဲ စဉ်ဇယားပြောင်းလဲရေးဆွဲခြင်း ပြုလုပ်ခဲ့သည်။

ယခုပွဲချိန်ဇယားပြောင်းလဲ ရေးဆွဲရာတွင် အုပ်စုနှစ်ခုစလုံး အတွက် မူလကစီစဉ်ထားသည် ထက်များပြားစွာ ပြောင်းလဲခဲ့ သည်။ အုပ်စုပွဲစဉ်များရေးဆွဲပြီး ထုတ်ပြန်ရာတွင် ဒီဇင်ဘာ၂ရက် ၌ ပွဲစဉ်များစတင်ကစားမည်ဖြစ် ပြီး ယခုနောက်ဆုံးထုတ်ပြန်မှုတွင် အုပ်စုနှစ်ခုစလုံးမှ ပွဲစဉ်များမှာ ဒီဇင်ဘာရရက်မှစတင်ကာ ယှဉ် ပြိုင်ကစားကြမည်ဖြစ်သည်။

အုပ်စု(ဗ)မှပွဲစဉ်များကို ဖိလစ်ပိုင်အသင်းနှင့် ကစားမည့် အသင်းများ၏ ပွဲစဉ်များကို အ ပြောင်းအလဲလုပ်ခဲ့ခြင်းဖြစ်ပြီး ဆီးဂိမ်းအဖွင့်ပွဲစဉ်ကို အုပ်စု(B)မှပွဲစဉ်ဖြင့်စတင်ရန် ပြန်လည်စီ စဉ်ခဲ့သည်။ဆီးဂိမ်းအဖွင့်ပွဲစဉ်အဖြစ် အုပ်စု(B) မှ တီမောနှင့်ထိုင်းအ သင်းတို့ ညနေ၄နာရီတွင် သုဝဏ္ဏ အားကစားကွင်းကြီး၌ စတင်ယှဉ် ပြိုင်မည်ဖြစ်ကာ ဒုတိယပွဲစဉ်အ ဖြစ် အိမ်ရှင်မြန်မာအသင်းနှင့် ကမ္ဘောဒီးယားတို့က သုဝဏ္ဏကွင်း မှာပင် ည၆နာရီ ၄၅မိနစ်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ဆီးဂိမ်းဘောလုံးပြိုင်ပွဲအုပ် စုပွဲစဉ်များကို ဒီဇင်ဘာ ရရက် မှ ဒီဇင်ဘာ၁ရရက်အထိ ယှဉ် ပြိုင်စေမည်ဖြစ်ကာ ဆီမီးဖိုင်နယ် ကို ဒီဇင်ဘာ ၁၉ရက် ညနေ၄နာရီ နှင့် ည ရနာရီခွဲတွင် ဇေယျာ သီရိအားကစားကွင်း၌ယှဉ်ပြိုင် ကစားစေမည်ဖြစ်ပြီး တတိယလု ပွဲကို ဇေယျာသိရီအားကစားကွင်း မှာပင် ညနေ ၄ နာရီနှင့် ဗိုလ် လုပွဲကို ဇေယျာသီရိကွင်းမှာပင် ည ရနာရီခွဲတွင် ယှဉ်ပြိုင်ကစား စေမည်ဖြစ်သည်။

Yangon Media Group

Tuesday, November 05, 2013

ထိုင်းဘုရင့်မြေးတော်မလေး အခု ဆီးဂိမ်းမှာ မြင်းစီးဝင်ပြိုင်မယ်

Posted by drmyochit Tuesday, November 05, 2013, under | No comments

သူကတော့ (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲရဲ့ မြင်းစီး အားကစား နည်းမှာ ၀င်ပြိုင်မယ့် ထိုင်းဘုရင် Bhumibol Adulyadej ရဲ့ မြေးမတော် Princess Sirivannavari ဖြစ်ပါတယ်။ 
စွဲဆောင်မှု ရှိပြီး Fashion ကျကျ ၀တ်ဆင် တက်တဲ့ သူဟာ Forber မဂ္ဂဇင်းကပြုလုပ်တဲ့ ၂၀၀၈ ခုနှစ် "20 Hottest Young Royals" မှာ နံပါတ် ၁၆ ရခဲ့ဖူး ပါတယ်။ 

ထို့အပြင် အားကစားနည်း များကို စိတ်ဝင်စားပြီး ၂၀၀၅ ခုနှစ် ဖိလစ်ပိုင်မှာ ကျင်းပတဲ့ (၂၃) ကြိမ်မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲရဲ့ ကြက်တောင် အားကစား နည်းမှာ ထိုင်းနိုင်ငံ ကိုယ်စားပြု အဖြစ် သွားရောက် ခဲ့ပါတယ်။ 

၂၀၁၁ ခုနှစ် အင်ဒိုနီးရှား ဆီးဂိမ်းစ် ပြိုင်ပွဲရဲ့ မြင်းစီး အားကစားနည်း ပြိုင်ပွဲကို သွားရောက် ကြည့်ရှု ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံမှ လက်ခံ ကျင်းပမည့် ဆီးဂိမ်းစ် ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင် မယ်လို့ ဆိုလာ ပါတယ်။

Monday, November 04, 2013

ဂိုးသမားဂျိုးဟတ် အနားယူရန်လို၍ ချန်လှပ်ခဲ့ခြင်းဖြစ်ဟု ပယ်လီဂရီနီ ဆင်ခြေပေး

Posted by drmyochit Monday, November 04, 2013, under | No comments


နောဝစ်ခ်ျကို ခုနစ်ဂိုးပြတ် အနိုင်ရခဲ့သည့်ပွဲစဉ်တွင် အသင်းပထမဂိုးသမား ဂျိုးဟတ်ကို လူစာရင်းမှ ချန်လှပ်ခဲ့သည့် ဆုံးဖြတ်ချက်အတွက် မန်စီးတီးနည်းပြ ပယ်လီဂရီနီက ကာကွယ်ပြောကြားလိုက်သည်။ 
ဂိုးသမားဂျိုးဟတ်အနေဖြင့် အနားယူရန်လိုအပ်နေသောကြောင့် ယခုကဲ့သို့ အနားပေးထားရခြင်းဖြစ်ကြောင်း နည်းပြပယ်လီဂရီနီက ပြောကြားခဲ့သည်။ မန်စီးတီးဂိုးသမား ပယ်လီဂရီနီသည် ချဲလ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်အပါအ၀င် ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင်လည်း အမှားများကို ပြုလုပ်ခဲ့သောကြောင့် ပယ်လီဂရီနီ၏ ပွဲထွက် လူစာရင်းမှ ချန်လှပ်ခံခဲ့ရသည်ဟု မီဒီယာများက သုံးသပ်ခဲ့ကြသည်။ ဂျိုးဟတ်ကို ချန်လှပ်ရန် ဆုံးဖြတ်ခဲ့ရသည့်အချိန်မှာ မိမိအတွက် ခက်ခဲခဲ့သည်ဟု နည်းပြ ပယ်လီဂရီနီက ပြောကြားခဲ့သည်။

တခြားသတင်းများအရ မန်စီးတီးတိုက်စစ်မှူး အဂူရိုကို လာမည့်ဇန်န၀ါရီ အပြောင်းအရွှေ့ ဈေးကွက်ကာလတွင် ကမ်းလှမ်းသွားရန် ဘိုင်ယန်မြူးအသင်းဘက်မှ စီစဉ်နေကြောင်း သိရသည်။ ဂွာဒီယိုလာသည် ဘာစီလိုနာတွင် ရှိစဉ်ကတည်းက တိုက်စစ်မှူး အဂူရိုကို ခေါ်ယူရန် ကြိုးစားခဲ့ဖူးပြီး ယခု ဘိုင်ယန်မြူးနစ်ကို ကိုင်တွယ်ချိန်တွင် ထပ်မံ ကြိုးစားလာခဲ့ခြင်း ဖြစ်သည်။ ဘိုင်ယန်မြူးနစ်သည် ဒေါ့မွန်တိုက်စစ်မှူး လီဝမ် ဒိုစကီးကို ခေါ်ယူချင်သော်လည်း အဆိုပါ တိုက်စစ်မှူးကို ခေါ်ယူနိုင်ရန် မသေချာတော့သည့်နောက် မန်စီးတီးတိုက်စစ်မှူး အဂူရိုကို ပစ်မှတ်ထားလာခဲ့ခြင်း ဖြစ်သည်။

7Day Sport Journal.

ဂျိုကိုဗစ်နှင့် တင်းနစ်ကစားခဲ့သည့် PSG တိုက်စစ်မှူး အီဘရာဟီမိုဗစ်

Posted by drmyochit Monday, November 04, 2013, under | No comments

PSGအသင်း တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်သည် နာမည်ကျော် တင်းနစ်သမား နိုဗက် ဂျိုကိုဗစ်နှင့် ယှဉ်ပြိုင်ကာ တင်းနစ် ကစားပြခဲ့ကြောင်း သိရှိရသည်။ ပဲရစ်မာစတာ တင်းနစ်ပြိုင်ပွဲတွင် ဧရာမ တင်းနစ်ကြယ်ပွင့် နှစ်ဦးအဖြစ် ဂျိုကိုဗစ်နှင့် ဆွစ်ဇာလန်သား ရော်ဂျာ ဖက်ဒါရာတို့ ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ အကြိုဗိုလ်လုပွဲတွင် ဆာဘီးယား နာမည်ကျော် တင်းနစ်စတား ဂျိုကိုဗစ်က ဖက်ဒါရာကို အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။ ပွဲအပြီးတွင် ဖက်ဒါရာက ပရိသတ်များကြား ရှိနေသည့် ဆွီဒင်လက်ရွေးစင် ဘောလုံးသမားကို တင်းနစ်အတူကစားရန် ဖိတ်ခေါ်ခဲ့သည်။ အီဘရာဟီမိုဗစ်သည် ကွင်းထဲသို့ ဆင်းလာပြီး ဂျိုကိုဗစ်နှင့် အပြန်အလှန် ခေတ္တမျှ တင်းနစ်ရိုက်ခဲ့ကြသည်။


"ကျွန်တော် တင်းနစ် အားကစားပွဲတွေကို ကြည့်ရတာ သဘောကျပါတယ်။ တကယ့်လက်တွေ့တော့ မကစားတတ်ဘူး။ ခုတော့ ကျွန်တော် သင်ယူနိုင်ပြီလေ"ဟု အသက်(၃၁)နှစ်ရှိ အီဘရာဟီမိုဗစ်က ရယ်ရယ်မောမော ပြောဆိုခဲ့သည်။ အီဘရာဟီမိုဗစ်သည် ဂျိုကိုဗစ်နှင့် တင်းနစ်ကစားပြီးနောက် တင်းနစ်ဘောလုံးကို ပရိသတ်များထံသို့ ခြေထောက်ဖြင့် လှမ်းကန်ပေးလိုက်ရာ ပရိသတ်များက သဘောတကျ ရှိခဲ့ကြသည်။ ဂျိုကိုဗစ်သည် ဖက်ဒါရာကို (၄-၆)၊ (၆-၃)၊ (၆-၂)ဖြင့် အနိုင်ကစားပြီး ဗိုလ်လုပွဲသို့ တက်လှမ်းခဲ့သည်။ ဂျိုကိုဗစ်သည် နိုင်ခြေအဆင့်(၁) ရာဖေးလ်နာဒယ်လ်ကို အနိုင်ယူလာသည့် လက်ရှိချန်ပီယံ ဒေးဗစ်ဖာရာနှင့် ဗိုလ်လုပွဲတွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
credit>>popular

Saturday, November 02, 2013

ကမ္ဘာ့ အကောင်းဆုံးအဆင့် တိုက်စစ်အတွဲမျိုးကို မိမိပိုင်ဆိုင်ထားကြောင်း မိုယက်စ်ကြွေးကြော်

Posted by drmyochit Saturday, November 02, 2013, under | No comments


မိမိသည် ကမ္ဘာ့အကောင်းဆုံးဟု ညွှန်းဆိုနိုင်လောက်သည့် တိုက်စစ်အတွဲအဖက်ကို ပိုင်ဆိုင်ထားကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်က ကြွေးကြော်လိုက်သည်။

ရော်ဘင်ဗန်ပါစီနှင့် ဝိန်းရွန်နီတို့၏ အတွဲအဖက်သည် ပရီးမီးယားလိဂ်တွင် အကောင်းဆုံးဖြစ်သလို ကမ္ဘာ့အဆင့်ထိ အမြင့်ဆုံးအခြေအနေ နှိုင်းယှဉ်နိုင်ကြောင်း မိုယက်စ်က ဆိုသည်။ လက်ရှိတွင် ပရီးမီးယား လိဂ်၌ လီဗာပူးလ်၏ ဒန်နီရယ်လ် စတားရစ်ဂ်ျနှင့် လူးဝစ်ဆွာရက်ဇ်တို့ နှစ်ဦးက အကောင်းဆုံးပုံစံ ရရှိနေသော်လည်း ရွန်နီနှင့် ဗန်ပါစီ အတွဲသာ အကောင်းဆုံးဟု မိုယက်စ်က ယုံကြည်ထားသည်။ ပြီးခဲ့သည့် သီတင်းပတ် ပရီးမီးယားလိဂ် ပွဲစဉ်များတွင် နှစ်သင်းလုံးမှ တိုက်စစ်အတွဲများ အပြိုင်ဂိုးသွင်းခဲ့ကြသည်။

မိုယက်စ်က "ရွန်နီနဲ့ ဗန်ပါစီတို့ဟာ အကောင်းဆုံး အခြေအနေမှာ ရှိနေပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံးဆိုတဲ့ ဘယ်တိုက်စစ်အတွဲကိုမဆို ယှဉ်နိုင်ပါတယ်။ ဒီနိုင်ငံ အဆင့်လောက်ကို ကျွန်တော် ထည့်ပြောမနေတော့ဘူး။ သူတို့နှစ်ယောက် တကယ်ခြေတွေ့ပြီဆိုရင် အကောင်းဆုံးဆိုတာ ငြင်းစရာကို မရှိတော့ဘူး"ဟု ပြောကြားခဲ့သည်။ ယူနိုက်တက်သည် ဖူလ်ဟမ်နှင့် ယနေ့ညတွင် ရင်ဆိုင် ကစားရ မည်ဖြစ်ပြီး ကွင်းလယ်တွင် မိုက်ကယ်ကာရစ်မှ ခြေဖနောင့် ဒဏ်ရာကြောင့် ပါဝင်နိုင်မည် မဟုတ်ချေ။ ဗန်ပါစီသည် ခြေမနှင့် ပေါင်ခြံ အတန်ငယ် နာကျင်မှု ရှိသော်လည်း ယခုပွဲအတွက် ကြံ့ခိုင်မှု ပြည့်ဝနေဖွယ်ရှိကြောင်း သိရှိရသည်။ 

Ref: dailymail

Thursday, October 17, 2013

နောဝှစ်ခ်ျနှင့်ပွဲကို အိုဇေးလ် လွဲချော်ဖွယ်ရှိနေ

Posted by drmyochit Thursday, October 17, 2013, under | No comments


အာဆင်နယ် ကွင်းလယ်လူ မီဆွတ်အိုဇေးလ် အနေဖြင့် နောဝှစ်စီးတီးနှင့် ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ်ကို လွဲချော်ဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

ဂျာမနီ လက်ရွေးစင် ကစားသမားသည် ဆွီဒင်ကို (၅-၃)ဖြင့် အနိုင်ရသည့် နိုင်ငံတကာ ပွဲစဉ်တွင် ဒူးဒဏ်ရာ ရရှိသွားခဲ့သည်။ ၎င်းသည် ဗုဒ္ဓဟူးနေ့က Scanဖတ် စစ်ဆေးမှု ခံယူထားပြီး ရလဒ်ကို အာဆင်နယ်က စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၄၂.၅)သန်းဖြင့် အာဆင်နယ်က ဝယ်ယူထားသည့် ကစားသမားသည် ဒဏ်ရာအခြေအနေ ဆိုးရွားဖွယ် မရှိသော်လည်း နောဝှစ်ခ်ျနှင့်ပွဲစဉ်တွင် ပါဝင်ကစားနိုင်ရန် ရာခိုင်နှုန်း နည်းပါးနေကြောင်း သိရှိရသည်။

အိုဇေးလ်ကို ဒဏ်ရာရစဉ် ကုသမှုပေးခဲ့သည့် ဂျာမန် ဆေးအဖွဲ့ကိုလည်း အာဆင်နယ်က ဆက်သွယ်ဆွေးနွေး မှုများ ပြုလုပ်ထားသည်။ အိုဇေးလ်သည် ၎င်း၏ အသက်(၂၅)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဂျာမနီအတွက် ဂိုးသွင်းခဲ့ပြီးမှ ဒဏ်ရာရသွားခြင်း ဖြစ်သည်။ ပွဲချိန် (၄၄)မိနစ်တွင် ကမ္ဘာ့ဖလား ခြေစစ်ပွဲအဆင့်၌ ၎င်း၏ (၈)ဂိုးမြောက်ကို ဆွီဒင်ခံစစ်မှူး နှစ်ဦးကြားမှ အိုဇေးလ်က ကန်သွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ဂျာမနီသည် ခြေစစ်ပွဲအားလုံး ပြီးဆုံးချိန်တွင် (၁၀)ပွဲကစား၊ (၉)ပွဲနိုင်၊ (၁)ပွဲသရေ ရလဒ်ဖြင့် ပြတ်ပြတ်သားသား ခြေစစ်ပွဲအောင်မြင်ခဲ့သည်။
soccer myanmar

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်