Sunday, August 26, 2012
နိုင်ငံခြားမှာ အသက် ၄၀ ထိ နေတုန်းကတောင် မြန်မာနိုင်ငံထဲက အကြောင်း အကုန်သိပါတယ်ဆိုတဲ့ ဒေါ်စု က တနိုင်ငံထဲ၊ တပါတီထဲမှာနေပြီး မြောင်းမြ NLD ကိစ္စ မသိ ဟုဆို
Posted by drmyochit
Sunday, August 26, 2012, under ပြည်တွင်းသတင်းများ | No comments
နိုင်ငံခြားမှာ
အသက် ၄၀ ထိ နေတုန်းကတောင် မြန်မာနိုင်ငံထဲက အကြောင်း အကုန်သိပါ တယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ
အခု တစ်နိုင်ငံထဲ၊ တစ်ပါတီ ထဲမှာနေပြီး ဧရာဝတီ တိုင်းဒေသကြီး ရှိ ပုသိမ်ခရိုင်မှ (၇)မြို့နယ်အပါအ၀င်၊
ဟင်္သာတ၊ ဓနုဖြူ၊ မြောင်းမြမြို့နယ် များမှ NLD မြို့နယ်ဥက္ကဌများ နှင့်ပါတီဝင်များ အချင်းချင်း
သဘောထားကွဲ စားခွက်လုကာ ချနေကြတာကို ဒေါ်အောင်ဆန်းစုကြည် မသိသေး ဘူးဆိုတဲ့ ထူးဆန်းတဲ့
သတင်း တစ်ခုကို ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ၊NLD ဥက္ကဌ ဦးတင်ဦး ကထုတ်ဖော်ပြောကြား
လိုက်သည်။
အဆိုပါကိစ္စနှင့် စပ်လျှဉ်း၍ သြဂုတ်လ ၂၅ ရက်နေ့တွင် ပုသိမ်ခရိုင်မှ (၇)မြို့နယ်အပါအ၀င်၊ ဟင်္သာတ၊ ဓနုဖြူ၊ မြောင်းမြမြို့နယ် များမှ NLD မြို့နယ်ဥက္ကဌများ နှင့်ပါတီဝင်များ သည်ပုသိမ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ပါတီဝင်များ တွေ့ဆုံကြပြီး မြို့နယ်အလိုက် ပါတီတွင်းဖြစ်စဉ်များ ကို တင်ပြ ဆွေးနွေးကြသည်။
“ဒီလိုမှညှိနှိုင်း မဆွေးနွေးရင် ပါတီဝင် လူငယ်တွေ လမ်းပေါ်ထွက် လာလိမ့်မယ်။ ပါတီတွင်းမှာ တပည့်မွေး ဆရာမွေး ကိစ္စတွေဖြစ်နေတယ်။ ဒါကို ဥက္ကဌသိအောင် ၊ပြည်သူတွေသိ အောင်လုပ်သွားမှာပါ။ အဓိကတော့ ဒီမိုကရေစီနည်းလမ်း မကျပဲ ဗဟိုဦးစီးစနစ် ချုပ်ကိုင်မှုရှိနေတယ်”ဟု ဦးတင်ဦးကဆိုသည်။ ပါတီ၏မြို့နယ် ကော်မရှင်ရွေးချယ် မှုနှင့်ပက်သက်၍ နိုင်ငံရေးအတွေ့ ရှိသောပါတီဝင် များထက်ကြားဖြတ် ရွေးကောက် ပွဲကာလ အတွင်းဝင်ရောက် လာသည့် ပါတီဝင်များအား ရွေးချယ်ခဲ့ခြင်းမှာလက်ရှိ အခြေအနေ တွင် ပါတီဝင် အချင်းချင်း တင်းမာမှုများ ရှိနေကြောင်းလည်း ၁၉၉၀ ခုနှစ်တွင် သာပေါင်းမြို့နယ် NLD လွှတ်တော် ကိုယ်စားလှယ်ဦးသန်းဝင်း ကသုံးသပ်ပြောကြားသည်။
ယင်းကပင်“လူရွေးချယ်မှုမှာ ပုဂ္ဂိုလ်ရေး တွေပါတယ်၊၈၈ တုန်းကလုပ်နေတဲ့ လူတွေထက်လော လော ဆယ် ၂၀၁၂ မှာ ၀င်လာတဲ့သူတွေ ကို ရွေးချယ်တယ်၊ ဒီကိစ္စကို ဒီမှာရှိတဲ့ ပါတီဝင် တော်တော်များများ ကမကျေ နပ်ကြ ဘူး”ဟုဆိုသည်။
ယင်းမကျေနပ် ချက်များနှင့်ပက်သက်၍ သြဂုတ်လ ၁၂ရက်နေ့တွင် မြောင်းမြမြို့၌ NLD ပါတီဝင် ၃၀၀ ခန့်က“ဗဟိုဦးစီးစနစ် အလိုမရှိ”ဟူသော ကြွေးကြော်သံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ တိုင်း ကော်မရှင် အားဦးတည်ကာ ဆန္ဒထုတ်ဖော် မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းဆန္ဒထုတ်ဖော် မှုတွင်မြောင်းမြ မြို့နယ် ရပ် ကျေး NLD အဖွဲ့ခေါင်းဆောင်ဖြစ်သော ဦးမြင့်ကျော်နှင့် ဦးစစ်အောင်မှ ဦးဆောင်ခဲ့ကြောင်းသိရ သည်။
တစ်နိုင်ငံလုံးက သိရှိပြီး NLD ကို စိတ်ပျက်လျှက် ရှိနေချိန်မှာတောင် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မသိသေးဘူးဆိုတာ နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တုံးလွန်း၊ အလွန်းသူ အဖြစ် လူအများက သုံးသပ်ကြသလို၊ ပြဿနာကို ဖြေရှင်းနိုင်တဲ့ အရည်အချင်း မရှိတာကြောင့် သိသိကြီးနဲ့ မသိချင်ဟန် ဆောင်နေတာ ဖြစ်နိုင်ကြောင်း ဝေဖန်ကြသူတွေလည်း ရှိပါတယ်။ NLD ပါတီ အတွင်း ရင်ကြားမစေ့နိုင်တဲ့ ကိစ္စများနဲ့ ပတ်သက်လို့ NLD ပါတီအကြောင်း အများဆုံး သတင်းရေးသား ထုတ်လွှင့်ကြတဲ့ ပြည်တွင်း ပြည်ပ စာမျက်နှာများ နဲ့ အသံလွှင့်ဌာန များက တော့ ထုတ်လွှင့်ရေးသားခဲ့ခြင်း မရှိခဲ့ပါဘူး။

နိုင်ငံတဝှမ်း ရေလွှမ်းမိုးသဖြင့် စစ်တပ် နှင့် အစိုးရမှ ကယ်ဆယ် ကူညီရေးလုပ်ငန်းများဖြင့် အလုပ်ရှုပ်နေချိန် NLD ကတော့ ပါတီတွင်း ကွဲလွဲမှုများဖြင့် အလုပ်ရှတ်
Posted by drmyochit
Sunday, August 26, 2012, under ပြည်တွင်းသတင်းများ | No comments
နိုင်ငံတဝှမ်း ရေလွှမ်းမိုးသဖြင့်
စစ်တပ် နှင့် အစိုးရမှ ကယ်ဆယ် ကူညီရေး လုပ်ငန်းများဖြင့် အလုပ်ရှုပ်နေချိန် NLD
ကတော့ ပါတီတွင်း ကွဲလွဲမှုများဖြင့် အလုပ်ရှုတ်နေကြောင်း သတင်းရရှိသည်။ အစိုးရဖွဲ့မှ
ဝန်ကြီးများ အပါအဝင် သမ္မတကြီး ဦးသိန်းစိန် ကိုယ်တိုင် ဧရာဝတီ တိုင်းဒေသကြီး သို့
သွားရောက်ကာ ရေဘေးသင့် ပြည်သူများကို ကူညီ ထောက့်ပံ့မှုတွေ လုပ်ဆောင်ခဲ့ပေမယ့်
ဧရာဝတီ တိုင်းဒေသကြီး အတွင်းက NLD ပါတီ များကတော့ ပြည်သူကို ကယ်တင်ရမယ့် အချိန်မှာ
ပါတီတွင်း သဘောထား ကွဲမှုတွေ၊ ဆန္ဒပြမှုတွေ၊ သတင်းစာ ရှင်းလင်းပွဲ လုပ်ရတာတွေနဲ့
အချိန်ကုန်နေခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်
ပါတီတွင်း ဘောထား ကွဲလွဲမှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်း ပွဲတစ်ရပ်ကို ယနေ့
သြဂုတ်လ ၂၅ ရက် မွန်းလွဲ ၂ နာရီက ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့နယ်
စကားဝါလမ်းရှိ မြို့နယ် အဖွဲ့ချုပ်ရုံးခန်းမှာ ပြုလုပ်ခဲ့သည်။
အဆိုပါ
သတင်းစာ ရှင်းလင်းပွဲတွင် ဧရာဝတီတိုင်း ဒေသကြီး ညီလာခံကျင်းပရေး ကော်မရှင်များ
ဖွဲ့စည်းမှုတွင် ပါဝင်သူများသည် ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်ခြင်းခံရသူများမဟုတ်ဘဲ
ဂိုဏ်းဂဏစွဲ ၊ ပုဂ္ဂိုလ်စွဲ ဗဟိုဦးစီးစ နစ်ဖြင့်ရွေး ချယ်ခဲ့ခြင်းဖြစ်ပြီး
ယင်းအပေါ် ပါတီဝင်အချို့မှ မကျေနပ်ကြောင်း ရှင်းလင်းပြော ကြားခဲ့ခြင်းဖြစ်သည်။
ယင်းရှင်းလင်းပွဲတွင် လက်ရှိ တိုင်း၊ ခရိုင်၊ မြို့နယ် ညီလာခံကျင်းပရေး ကော်မရှင်တွင် ပါဝင်သူ အချို့သည် နေရာရလို မှုအတွက် ပါတီ၏ အမည်နာမကို အသုံးချ လျှက်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ထိုပုဂ္ဂိုလ်များ၏ နာမည်များကို ထုတ်ဖော်ပြောဆိုခဲ့သည်။ ယင်းကိစ္စရပ်များ နှင့်ပတ်သက်၍ နာမည်ထုတ်ဖော် ပြောဆိုရာတွင် ပါဝင်ခဲ့သူ ပုသိမ်ခရိုင် ညီလာခံ ကျင်းပရေးကော်မရှင် အတွင်းအရေးမှူး ဦးဝေလှိုင်ထွန်း က ယင်းကဲ့သို့ စွပ်စွဲပြောဆို မှုများနှင ပတ်သက်ပြီး စွပ်စွဲသူများနှင့် ထိပ်တိုက်ရင် ဆိုင်ဖြေရှင်းချင်ကြောင်း ၊ မှားခြင်း၊ မှန်ခြင်း ကိစ္စရပ်အပေါ် ပါတီ ဗဟိုဌာနချုပ်မှ လူကြီးများဆောင်ရွက်သွား လိမ့်မည်ဖြစ်ကြောင်း ပေါ်ပြူလာနယူးစ်မှ သွားရောက်တွေ့ဆုံး မေးမြန်းရာတွင် ဖြေကြားခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင် ၊ အစရှိသည့် ဧရာဝတီတိုင်းဒေသကြီး ဒေသခရိုင်များမှ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ရပ်ကျေးပါတီဝင် ၂၀၀ ခန့်တက်ရောက်ခဲ့သည်။

သင့်ရဲ့ အချိန် ၅ မိနစ်လောက်လေး ပေးပြီး ဖတ်စေချင်ပါသည်
Posted by drmyochit
Sunday, August 26, 2012, under ပြည်တွင်းသတင်းများ | No comments
ဟောင်ကောင်သူဌေးကြီး
လီကာရှင်းရဲ့ မှတ်သားဖွယ် စကားကြီးတွေပါ၊ facebook ပေါ်မှာ share နေကြတာ
တွေ့ဖန်များတော့ မြန်မာလိုပြန်ရေး ချင်စိတ်ပေါက်ပြီး ပြန်ရေး ထားတာတွေပါ။
ပြောသာပြောရတယ်၊ တကယ့် လီကာရှင်းစစ်စစ်ကြီးက facebook ပေါ်မှာ
ဇိမ်ပြေနပြေ ထိုင်ရေးတာလား ဆိုတာ သံသယ ဖြစ်မိပါတယ်၊ သူ့ကိုချစ်တဲ့သူ တစ်ယောက်ယောက်
က ရေး တင်နေတာလည်း ဖြစ်ချင်ဖြစ် မှာပေါ့လေ၊ ဘာပဲဖြစ်ဖြစ်၊ သဘောကျမိတဲ့
စကားစုလေးတွေကို ရွေးတင်လိုက်ပါတယ်။
၂၀-၈၀
နိယာမ လူတွေမှာ ၂၀% က လည်ပင်းအထက်ပိုင်း နဲ့ပိုက်ဆံရှာတယ်၊ ၈၀% က
လည်ပင်းအောက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်။ ၂၀% က အချိန်ဝယ်တယ်၊ ၈၀% က အချိန်ရောင်း
တယ်။ ၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ လုပ်တယ်၊ ၈၀% က အလုပ်လုပ်တယ်။ ၂၀% က
အနာဂတ်အတွက် အစီအစဉ်ချတယ်၊ ၈၀% က အိပ်ယာထမှ ဒီနေ့ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။ ၂၀% က
ကိုယ့်ကိုကိုယ် ပြောင်းလဲတယ်၊ ၈၀% က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တယ်။ ၂၀% က
ဥစ္စာကြွယ်ဝတယ်၊ ၈၀% က ဆင်းရဲတယ်။ မင်း ၂၀% လုပ်မလား၊ ၈၀% လုပ်မလား။
တတိယ
၈ နာရီ ဘုရားသခင်က လူတိုင်း လူတိုင်းကို တစ်ရက်မှာ ၈ နာရီစာ အပိုင်းအခြား သုံးခုစီ
မျှမျှ တတပေးထားတယ်။ ပထမ ၈ နာရီမှာ လူတွေအလုပ် လုပ်ကြတယ်၊ ဒုတိယ ၈ နာရီမှာ လူတွေ
အိပ်ကြတယ်။ လူတစ်ယောက် နဲ့တစ်ယောက်ရဲ့ ကွဲပြားခြားနား ချက်တွေကို များသောအားဖြင့်
တတိယ ၈ နာရီကနေ ဖန်တီးခဲ့ကြတာပဲ။
လမ်းနှစ်လမ်း
လူတိုင်းမှာ လျှောက်စရာ လမ်းနှစ်လမ်းရှိတယ်၊ တစ်လမ်းကလျှောက် ကိုလျှောက်ရမယ့်
လမ်း၊ နောက်တစ်လမ်းက ကိုယ်လျှောက် ချင်တဲ့လမ်း။ မလျှောက်မနေ လျှောက်ကိုလျှောက် ရမယ့်လမ်းကို
လှလှပပ လျှောက်ပြီးမှ ကိုယ်လျှောက်ချင်တဲ့ လမ်းကိုလျှောက်လို့ ရပါလိမ့်မယ်။
တခါသုံးယုံကြည်မှု
ယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပဲ၊ ကြေသွားပြီဆိုတာနဲ့ ဘယ်လိုပဲဖြန့်ဖြန့်
နဂိုအတိုင်းပြန် မဖြစ်တော့ဘူး။ နောင်တ နောက် အနှစ် ၂၀ ကြာသွားတဲ့အခါ
မင်းကိုပိုပြီးစိတ် ပျက်စေမှာက မင်းလုပ်ခဲ့တဲ့ ကိစ္စတွေ မဟုတ်ဘူး၊ မင်းမလုပ်လိုက် ရတဲ့ကိစ္စတွေပဲ။
နေရာ အအေးတစ်ပုလင်းကို လမ်းဘေးဆိုင်မှာ ၁၀ နဲ့ရောင်းတယ်၊ ဟိုတယ်မှာ ၃၀
နဲ့ရောင်းတယ်။ လူတစ်ယောက်ရဲ့တန်ဘိုးဟာလည်း သူရောက်နေတဲ့ နေရာပေါ်မှာ ပဲမူတည်တယ်။
သမာဓိ
စကားတစ်ခွန်း မပြောသေးခင်မှာ မင်းဟာအဲဒီစကားရဲ့အရှင်သခင်ပဲ၊
ပြောလိုက်ပြီဆိုရင်တော့ မင်းဟာသူ့ရဲ့ကျွန်ဖြစ်သွားပြီ။
ရွေးချယ်မှု
နောက်ဆုံးတော့လည်း မင်းဘာကိုယုံရင် ဘာဖြစ်တာပဲ။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ
ကြောက်စရာ အကောင်းဆုံး ဝေါဟာရ နှစ်ခုရှိတယ်၊ တစ်ခုက ခေါင်းမာတာ၊ နောက်တစ်ခုက
ကြိုးစားတာ။ ကြိုးစားတဲ့ကောင်က သူ့ကိုသူပြောင်း လဲပစ်တယ်၊ ခေါင်းမာတဲ့ ကောင်က
သူ့ကံကိုသူ ပြောင်းလဲပစ်တယ်။
မနာလိုခြင်းနှင့်
အားကျခြင်း သူများတွေထက် မဆိုစလောက် သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။
သူတို့တွေ ထက်အဆ ပေါင်းများစွာ သာသွားတဲ့အခါ မင်းကိုအား ကျကြလိမ့်မယ်။ နောက်ဆုံးအပြုံး ဘယ်သူ့ကိုမှ မယှဉ်နိုင်ဘူး လို့ထင်တဲ့အခါ အားမငယ်ပါနဲ့၊ မင်းဟာသာမန် လူတစ်ယောက် ဆိုတာလည်း
သတိရပါ။ သူများတကာ ရယ်မောနေတာ တွေ့ရင်လည်း တကမ္ဘာလုံးမှာ မင်းတစ်ယောက်တည်း
ဝမ်းနည်းပူဆွေး နေတယ်မထင်ပါနဲ့၊ တကယ်တော့ သူများတွေက မင်းထက်ပိုပြီး ဟန်လုပ်တတ်လို့ပဲ။
အကူအညီ မဲ့နေတဲ့အခါ မင်းငိုချင်ငိုလိုက်ပါ၊ သို့သော် ငိုပြီးရင်တော့
ပြန်ပြီးနိုးကြား တက်ကြွလာရမယ်၊ အရာရာကို လက်လွှတ်ဆုံး ရှုံးပစေဦးတော့၊
မင်းရဲ့အပြုံးလေးကိုတော့ ရှုံးမသွားပါစေနဲ့။
ပူပင်သောက
လူတစ်ယောက်ရဲ့ ပူပင်သောကတွေကနေ သူ့ရဲ့စိတ်နေ သဘောထား အတိုင်းအဆနဲ့ အနာဂတ် အောင်မြင်မှုရဲ့
အတိမ်အနက်ကို မှန်းဆလို့ရတယ်။ တနည်းအားဖြင့်၊ ပြဿနာအ သေးလေးတွေ ဟာ အချိန်ကုန်ခံပြီး
ပူပန်နေ စရာမလိုဘူး၊ တကယ့်ကြီးမားတဲ့ ကိစ္စတွေ ကျပြန်တော့ ပူနေရုံနဲ့လည်း
အကျိုးမရှိဘူး။ အချိန်တိုတိုနဲ့ ပြဿနာဖြေရှင်း နိုင်စွမ်းရှိရင် အရာရာတိုင်းဟာ
မိုးတွေထန် ပြီးတဲ့နောက် ပွင့်လင်းသွားတဲ့ ရာသီဥတုလို သာယာနေမှာပါပဲ။ အောင်မြင်မှုနှင့်
တိုးတက်မှု မင်းမအောင် မြင်လို့ရတယ်၊ သို့သော်မ တိုးတက်လို့မရ ဘူး။ မင်းရဲ
့အောင်မြင်မှုကိုက ဖျက်ကယက် လုပ်မယ့်သူတွေ ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမဲ့
မင်းတိုးတက် တာကိုတော့ ဘယ်သူမှကာ ဆီးကာဆီးလုပ်မှာမဟုတ်ဘူး။
ဖိအားနှင့်
တွန်းအား အပြင်ကသက်ရောက် တဲ့အားကြောင့် ကွဲသွားတဲ့ ကြက်ဥဟာ အစာတစ်လုပ် ဖြစ်သွားပေမယ့်
အတွင်း ကနေရုန်းထွက် လာတဲ့အားကြောင့် ကွဲသွားတဲ့ ကြက်ဥကျတော့ အသက်တစ်ချောင်း
ဖြစ်လာစေတယ်။ လူ့ဘဝဆို တာလည်းအဲလိုပါပဲ၊ အပြင်ကလာ တဲ့အားတွေက ဖိအားတွေဖြစ်ပြီး
အတွင်းကနေ ဖြစ်တည် လာတဲ့အားတွေက ကြီးပြင်းရှင်သန်မှုပါ။ ပြင်ပကအားတွေနဲ့
အခွဲခံဖို့ပဲ ထိုင်စောင့်နေလို့ရှိရင် သင်ဟာ သူများရဲ့အစာတနပ်
ဖြစ်သွားမှာမလွဲပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး အတွင်းကေ န ဖောက်ထွက်နို င်ရင်တော့
ကိုယ့်ရဲ့ရှင်သန် ကြီးပြင်းခြင်းဟာ အသက်တစ်ချောင်း အသစ်တဖန် ပြန်လည်မွေးဖွား လာတာနဲ့
တူတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။
မဇ္ဈိမ ဝက်ဆိုဒ်များ Cyber Attack ပြုလုပ်ခြင်းခံနေရ (အထူးသတင်း)
Posted by drmyochit
Sunday, August 26, 2012, under ပြည်တွင်းသတင်းများ | No comments
အင်္ဂလိပ်ဘာသာ၊
မြန်မာဘာသာတို့ဖြင့် ရေးသား တင်ပြထားသည့် မဇ္ဈိမ သတင်းဌာန၏ အင်တာနက် စာမျက်နှာများ
သောကြာ နေ့မှစ၍ DDoS တိုက်ခိုက်မှုခံနေရသည်။ “မဇ္ဈိမဝက်ဘ်ဆိုက်သည် DDoS
တိုက်ခိုက်မှု ခံနေရပါသည်။ ဘာကြောင့် တိုက်ခိုက်သည်ကိုတော့ အယ်ဒီတာ အဖွဲ့အနေဖြင့်
တိတိကျကျ အတည်မပြု နိုင်သေးပါ။” ဟု ထုတ်ပြန်ချက်အတွင်း ပါရှိသည်။ ယင်းအပြင်
“မဇ္ဈိမအနေဖြင့် မကြာသေးမီသော ရက်သတ္တပတ်အတွင်း ရခိုင်ပြည်နယ် အတွင်းဖြစ်ပွား ခဲ့သည့်
ပဋိပက္ခသတင်း ဖော်ပြမှုနှင့်ပတ်သက်၍ ခြိမ်းခြောက်မှုအချို့ ခံခဲ့ရပါသည်။” ဟုလည်းကြေညာ
ချက်အတွင်း ဖေါ်ပြထားသည်။
သောကြာနေ့
ညနေပိုင်းမှ စတင်ခဲ့သော DDoS တိုက်ခိုက်မှုကြောင့် မဇ္ဈိမ၏ အင်တာနက် စာမျက်နှာများ
ဖွင့်၍ မရတချက် ရတချက် ဖြစ်နေခဲ့ပြီး စနေနေ့တွင် မြန်မာနိုင်ငံတွင်းအပါအ၀င်
အချို့နေရာများတွင် လုံးဝ ဖွင့်မရ တော့သည်ကို တွေ့ရှိရသည်။ DDoS ဟူခေါ်သည့်
Distributed Denial of Services attack သည် ဆာဗာပေါင်း များစွာမှ မဇ္ဈိမဝဘ်ဆိုဒ်သို့
ဝင်ရောက်ကြည့်ရှုမှု များပြားစွာ ဖြစ်လေဟန် တချိန်တည်း ပို့လွှတ်၍ တိုက်ခိုက်သည့် နည်းလမ်းဖြစ်သည်။
မဇ္ဈိမ အင်တာနက် စာမျက်နှာသို့ DDoS ပို့လွှတ်ကာ အများဆုံး လာရောက်တိုက်ခိုက်သည့်နိုင်ငံမှာ
မလေးရှားနိုင်ငံဖြစ်ပြီး အမေရိကန် နိုင်ငံမှာ ဒုတိယဖြစ်သည်။ အင်္ဂလန်၊ ကနေဒါနိုင်ငံတို့မှလည်း
DDoS ပို့လွှတ်ကာ တိုက်ခိုက် လျက်ရှိနေသည်။ အိန္ဒိယနိုင်ငံတွင်း တနေရာနှင့်
မြန်မာနိုင်ငံ အတွင်းမှလည်း ပို့လွှတ်တိုက်ခိုက် လျက်ရှိသည်ကို တွေ့ရသည်။ မဇ္ဈိမ
အင်တာနက် စာမျက်နှာများသည် ၂ဝဝ၇ စက်တင်ဘာ သံဃာတော်များ ဦးဆောင်သော
လူထုဆန္ဒပြချိန်တွင်းနှင့် ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းတိုက် ခတ်မှုအပြီးနှင့် ၂၀၁၀
ရွေးကောက်ပွဲ နီးကာလများတွင် လည်းယခုကဲ့သို့ DDoS တိုက်ခိုက်မှု မျိုးကြုံခဲ့ရသေးသည်။
ရခိုင်တိုင်းရင်းသာ တစ်ဦး ဘင်္ဂါလီကု လားများ အသတ်ခံရ
Posted by drmyochit
Sunday, August 26, 2012, under ပြည်တွင်းသတင်းများ | No comments
ရခိုင်ပြည်နယ်၊
ဘူးသီးတောင်မြို့နယ်၊ ကင်းချောင်းကျေးရွာအုပ်စု၊ ဒု-ကင်းချောင်း ကျေးရွာအနီး ဥယျဉ်ခြံ
တစ်ခုတွင် အလောင်းတစ်လောင်းအား လုံခြုံရေး ချထားသော ခလရ (၂၃၃)မှ တပ်သားတစ်ဦး ကင်းလှည့်စဉ်
သြဂုတ်လ ၂၄ရက်နေ့ညနေ ၅ နာရီတွင် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ အလောင်းမှာ ဦးထွန်းရွှေလှိုင် အသက် (၄၀) နှစ် (ဘ) ဦးလှအောင်
ဖြစ်ပြီး ဘူးသီးတောင်မြို့ အေးစေတီ ဘုန်းတော်ကြီး ကျောင်းအနီး အမှတ်(၅)
ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း ဘူးသီတောင်မြို့မှ ဒေသခံတစ်ဦးကပြောသည်။ ”
ဦးကျော်လှိုင်က ဘူးသီးတောင် မှာနေတာ၊ သူက သူ့မိဘပိုင် ဒု-ကင်းချောင်းကျေးရွာ အနီးနှစ်ဖာလုံခန့်
အကွာမှာရှိတဲ့ ဥယျဉ်ခြံကို လုပ်ကိုင်စားသောက်နေတာ၊ အလောင်းမှာက
ဦးခေါင်းထက်ခြမ်းကွဲ ဓါးဒဏ်ရာတစ်ချက်၊ ညာဘက်လက်မောင်းအောက်မှ ၀မ်းဗိုက်ထိ
ထက်ခြမ်းကွဲ ဓါးဒဏ်ရာ တစ်ချက်၊ ၀ဲဘက်လက်မောင်း ဓါးဒဏ်ရာတစ်ချက်၊ ကျောကုန်းတွင်
ဓါးဒက်ရာတစ်ချက်၊ လက်ဝဲဘက်ပေါင် ဓါးဒဏ်ရာတစ်ချက်၊ ခန္ဓာကိုယ်အနှံ့ ရိုက်နှက်ဒဏ်ရာ
မြောက်းများစွာ ဖြင့်ရက်ရက်စက်စက် သတ်ဖြတ်ခံထားရတာ တွေ့ရတယ်။ ” ဟု အဆိုပါဒေသခံက
ပြောသည်။
အဆိုပါ အလောင်းအား
(၂၅-၈-၁၂) နံနက်တွင် ဘူးသီးတောင် ဆေးရုံးသို့ သယ်ယူစစ်ဆေးခဲ့ပြီး မွန်းလွဲ
(၁)နာရီတွင် သေဆုံးသူ၏ မိသားစုဝင်များနှင့် မြို့သူမြို့သားများက လိုက်ပါ သင်္ဂြ
ိုလ် ခဲ့ကြကြောင်းသိရသည်။ ဘူးသီးတောင်မြို့နယ်၊ ကင်းချောင်းကျေးရွာ အုပ်စုတွင်
ကင်းချောင်း၊ ဒု-ကင်းချောင်း၊ သဘောက်ချောင်း၊ လက်ပံကိုင်း၊ အာကာပျံ၊ စသောကျေးရွာ ငါးရွာတွင်
လုံခြုံရေးအတွက် ခလရ (၂၃၃) မှ တပ်သားအင်အား ၈ ယောက် တာဝန်ယူ လျက်ရှိပြီး
အမှုမှန်ပေါ်အောင် ဘူးသီးတောင်မြို့နယ် ရဲတပ်ဖွဲ့မှ ဆက်လက်
စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်ကြောင်း ဒုကင်းချောင်း ကျေးရွာနေ
ဒေသခံဒိုင်းနက် တိုင်းရင်းသားများမှာ အသက်အန္တာရာယ် အတွက်လုံခြုံ ရေးစိတ်ချရသည့် အခြေအနေမ
ရှိသောကြောင့် နီးစပ်ရာလုံခြုံသော နေရာများသို့ ထွက်ပြေးတိမ်းရှောင် နေကြကြောင်း
သတင်းရရှိသည်။
ယခုကဲ့သို့
ရခိုင်ပြည်အနှံ့တွင် ဘင်္ဂလီ ကုလားများ၏ ငြိမ်းခြောက် သတ်ဖြတ်နေမှုကြောင်း
ဒေသခံတိုင်းရင်း သားများမှာ မိမိတို့၏ နေ့စဉ်ပုံမှန် အသက်မွေးဝမ်းကျောင်း
လုပ်ငန်းများကို မလုပ်ကိုင်နိုင် ကြသဖြင့် စားဝတ်နေရေးအတွက် အလွန်အခက် အခဲရောက်လျက်
ရှိသည် ။ ရခိုင်ဒေသတွင် အေးအေးချမ်းချမ်း ပြန်လည်တည်ငြိမ်နေပြီဟု အစိုးရအ ဏာပိုင်များမှ
ထုတ်ပြန်ကြေ ငြာထားသော်လည်း ရခိုင်လူမျိုး များမှာလူများစု ဘင်္ဂလီကုလားများ၏
သတ်ဖြတ် ခြိမ်းခြောက် မှုများကိုခံနေ ရဆဲဖြစ်ကြောင်းသိရသည်။