ခေါင်းစဉ်ကို
ကြည့်ပြီး လက်နဲ့ထမင်းစားတာပေါ့ ဆိုပြီး တွေးကောင်းတွေးနိုင်ပါတယ်။ ၁၉၈၈ ခုနှစ်ကနေ
ယနေ့ အချိန်ထိ စားရေးသောက်ရေးအတွက် လုပ်ဆောင်ခဲ့တာလဲ မရှိဘူး။ မၾကာခင္မွာလဲ ပါတီေ
ထာင်ြ ပီး ရွေးေ ကာက်ပွဲဝင်တော့မယ်။ ကံကောင်းရင်တော့ သမ္မတ တောင် ၂၀၁၅ မှာ ဖြ စ်နိုင်သေးတယ်
ဆိုတော့ ကျွန်တော်တို့ မင်းကိုနိုင် သမ္မတမဖြစ်ခင် သူ့အကြောင်းလေးတွေ အရင်လေ့ လာကြည့်ရေ
အာင်ပါ။
အမည်ရင်း-ပေါ်ဦးထွန်း
မွေးသက္ကရာဇ်-၁၀.၁၀.၁၉၆၂
အဖ ဦးသက်ညွန့်(ပန်းချီဆရာကြီး)
၊ အမိ ဒေါ်လှကြည်မှ မွေး မွေးချင်း(၆)ယောက်၊ တတိယသား၊ သင်္ဃန်းကျွန်း အထကမှာ ၁၀ တန်းအောင်၊
ရန်ကုန်တက္ကသိုလ် သတ္တဗေဒ ကျောင်းသား ၊ ၈၈ အရေးအခင်းမှာ ဆူပူမှုတွေလုပ်ဆောင်ခဲ့မှုကြောင့်
၁၉၈၉ မတ် ၂၃ မှာ ထောင် အနှစ် ၂၀ ကျခဲ့ တယ်။ ကျောင်းသားဘ၀မှာ ကဗျာတွေရေးတယ်၊ကာတွန်းဆွဲတယ်၊
ကိုယ်တိုင် အပြင်မှာ တစ်ခုခု မလုပ်ခဲ့ဘူး ဆိုရင်တောင် ဒီခေတ်ကျောင်းသားတွေလို မိဘဆီက
ပြန်တောင်းတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီတော့ ပထမ အကြိမ် ထောင်မကျ ခင် အသက်(၂၉)နှစ်အရွယ်ထိ
အမေကကျွေးတဲ့ ထမင်းကို ကိုမင်းကိုနိုင်စားခဲ့တယ်။
၁၉၈၉ ကနေ ၂၀၀၄ နိုဝင်ဘာ
၁၉ အထိ (၁၅) နှစ်ကာလ ကိုတော့ နိုင်ငံတော် က ကျွေး တယ်။ နောက် တစ်ကြိမ် ထောင်ပြန်ကျအုံးမယ့်
၂၀၀၆ စက်တင်ဘာလအထိ (၂) နှစ်အတောအတွင်းမှာ လည်း ဘာစီး ပွားေ ရး တစ်ခုမှာမှ ၀င်ပါ ခဲ့ခြင်း
မရှိဘူး။ နောက်တော့ ၂၀၀၇ ဇန်န၀ါရီမှာ ပြန်လွတ်ပြီး အဖြူရောင် လှုပ်ရှားမှုေ တွ၊ သံဃာ့
အရေး အခင်း ဖြစ်အောင် လှုံ့ဆော်မှုတွေကြောင့် ဥပဒေအရ ၂၀၀၇ သြဂတ်လ ၂၁ မှာ ပြန် အဖမ်းခံရပြီး
ထောင် (၆၅) နှစ် ချမှတ်ခံခဲ့ရပါတယ်။ ထောင်ထဲ နေစဉ်ကာလ တ စ်ေ လျှာ က်လုံး မှာေ တာ့ ကျန်းမာရေးနဲ့
ပတ်သက်ပြီး စိုးရိမ်ရ ကြောင်း တွေ ကိုတော့ မီဒီယာ လေ လှိုင်းများ တွင် ဖော်ပြခဲ့ဖူးသည်။
သမ္မတကြီး ဦးသိန်းစိန်
လက်ထက် လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် လွတ်မြောက်လာပြီးသည့်နောက် အထင် ရှား ဆုံး ၀ င်ငွေ
ရရှိစရာ တစ်ခုမှာ လုံးချင်းဝတ္ထြု ဖစ်သည့် ‘ နောက်ကြည့်မှန်’ ကို ဒါရိုက်တာ ၀င်းထွန်း
ထွန်းမှ အမြင့် ဆုံး ကြေးဖြင့် ၀ယ်ယူခဲ့ခြင်းပင် ဖြစ်သည်။
ထို့နောက်တွင်တော့ ၈၈
ကျောင်းသား သုံးဦး ပေါင်းပြီး ရေးဆွဲထားသည့် ပန်းချီလက်ရာများ ပါဝင် သော ဂစ်တာ တစ်လုံး
ကို ကျပ်သိန်းပေါင်း ၅၈၈ သိန်း ဖြင့်
Sky Net ရုပ်သံလိုင်းမှ အထွေထွေ မန်နေဂျာ ဦးဝင်းနို င် က ၀ယ်ယူခဲ့ပြီး ဂီတပညာရှင်
အယောက် ၈ဝ ၏ဖြေဖျော်မှု၊ ၈၈ ကျောင်းသားေ ခါင်းဆောင် များ ထောင် ထဲ ရှိနေစဉ်အတွင်း ရေးစပ်ထားသော
ကဗျာ ရွတ်ဆိုမှုများ ပါဝင်သည့် ကုသိုလ်ဖြစ် ပွဲတော်မှ စုစုေ ပါင်း ငွေကျပ် သိန်းပေါင်း
၃,၀၀၀ ကျော် လက်ခံရရှိခဲ့သည်။ ဒီအလှူငွေများအနက် ကျပ်သိန်းပေါင်း ၆ဝဝ ကို ရေေ ဘး ဒုက္ခသည်၊ လူမှုရေးဆိုင်ရာ အရေးအခင်း ဖြစ်လျက်ရှိတဲ့
ရခိုင်ဒေသ၊ ကချင်ပြည်နယ် စစ်ပြေး ဒုက္ခသည်များ အတွက် အသီးသီးလှူဒါန်းမည်ဟု ဆိုခဲ့သည်။
ထို့ပြင် ကိုမင်းကိုနိုင်ရရှိခဲ့သည့်
ဆုတံဆိပ်များမှ Gwangju Prize for Human Rights ဆုသည် ဆုကြေးအဖြစ် ဒေါ်လာ ၅၀၀၀၀ ချီးမြှင့်လေ့ရှိသည်။ The Civil Courage
Prize သည် ဒေါ်လာ ၁၀၀၀ဆုကြေးပါဝင်ပြီး The Student Peace Prize သည် စတာလင်ပေါင် ၅၀၀၀ ခန့်ရရှိသည်။
The John Humphrey Freedom Award ကတော့ ကနေဒါဒေါ်လာ
၂၅၀၀၀ ခန့်ရရှိသည်။
အထက်ပါ ကိန်းဂဏန်များကို
ကြည့်ပါက ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် တက္က သိုလ် ကျောင်းသားဘ၀အဆုံးမှ
ယနေ့ နာမည်ကြီး နိုင်ငံရေးသမားအထိ ပြင်ပတွင် ၄ နှစ် မျှသာ နေခဲ့ရသည်။ ထို ၄ နှစ်ကာလအတွင်းလည်း
စီးပွားရေးလုပ်ချိန် မရခဲ့ပါ။ သို့သော် ဆုတံဆိပ်များမှ ရရှိငွေ သည် ခန့်မှန်းခြေ ဒေါ်လာ
တစ်သိန်းအထက်တွင် ရှိပြီး ကျန်သည့် ရောင်းချမှုများ၊ လှူဒါန်း ကူညီမှုများမှ ရရှိငွေသည် ကျပ် သိန်း ၁၀၀၀ ခန့်ရှိသည်။ စုစုပေါင်း ပိုင်ဆိုင်မှု တန်ဖိုးကို တွက်ပါက
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် ကချင်ပြည်နယ်သွားရောက်စဉ်အတွင်းနှင့် အခြား
လမ်းကြောင်းများမှ တရားမ၀င် ရရှိနိုင်သည့် ငွေများမပါ ငွေကျပ်
သိန်း ၂ ထောင် ကျော် ပိုင်ဆိုင် ပါသည်။
နိုင်ငံတော်တွင် တာဝန်ကြီးကြီးမားမား
ယူထားသူများ အနေဖြင့် မိမိတို့၏ ပိုင်ဆိုင်မှုများအား မကွယ် မ၀ှက် ဖော်ပြရမည်ဖြစ်ကြောင်း
ကိုမင်းကိုနိုင်မှ ပြောဆိုခဲ့သည်။
မီဒီယာဖိနှိပ်မှုတွင်လည်း ပါခဲ့သည်။NLD ပါတီမှ ဂျာနယ်များအား
တရားစွဲရာတွင်တော့ တစ်ခွန်းမှ မဟ။
ကျွန်တော်တို့
ကျောင်းသားတွေပဲ ခေတ်အဆက်ဆက်ဦးဆောင်သည်ဟု ပြောပြီး စည်းရုံး သဖြင့် ကျောင်း များ ပိတ်သွားခဲ့တော့သည်
ကျောင်းနံရံတစ်ဝိုက်
ဒေါင်းအလံတွေ စိုက်မည်ဟု ပြောချိန်
အမေစုအတွက်ကာကွယ်မည်။
ယခုတော့ ပါတီထောင်ပြီး ပြန်ဖိုက်ကြတော့မည်
ကျောင်းသား
တစ်ယောက်သည် ၄ နှစ်ခန့်သာ ပြင်ပတွင်နေပြီး ကျန်အချိန်များတွင် ကျပ်သိန်းပေါင်း ၂၀၀၀
ကျော် ပိုင်ပြီးပြီ။ ကျောင်းနံရံတစ်ဝိုက်လဲ ဒေါင်းအလံ ပြန်စိုက်မည့် အကြောင်း လည်း
မပြောတော့။ ကျောင်းသား လွှတ်တော် ကိုယ်စားလှယ်၊ ကျောင်းသားဝန်ကြီး၊ ကျောင်းသား သမ္မတ
သာ လုပ်တော့မည်။
Myanmar Express
စက်တင်ဘာ ၁၀ ရက်နေ့၊ ၁၉၉၁
ကျနော့်ကို စဖမ်းတဲ့
နေ့က ဖမ်းမယ်လို့လည်း မသိဘူး၊ ဖမ်းလိမ့်မယ်လို့လည်း ထင်မထား။
ညကလည်း အပေါ့်ကုန်းပေါ်မှာတော့
ကျနော်နဲ့ကိုညီညီကျော်နဲ့ တကုတင်တည်းမှာ နှစ်ယောက် အိပ်နေကြတာ။ ညဘက်ကြီး လူသံကြားလို့
ထကြည့်တော့မှ ထောက်လှမ်းရေး အဖွဲ့က ကျော်ထင်ဦးဖြစ်နေတယ်။ သူ့နောက်မှာ ရဲဘော် နှစ်ယောက်ပါတယ်။
ရဲဘော် နှစ်ယောက်ကတော့ M 21 G 3 ကိုင်ထားတာပေါ့ ကျော်ထင်ဦးကတော့ M 20 နဲ့
ကျနော့် မျက်နှာကို ချိန်းထားတယ်။
ကျနော့်ကို ဖမ်းပြီ ဆိုတာကို
အဲဒီအချိန်မှ ကျနော် သိလိုက်ပြီ၊ ဖမ်းမယ်ဆိုတော့လည်း ဖမ်းပေါ့ ဘာတတ်နိုင်မှာလည်း သူတို့က
ကျနော့်ကို လက်နောက်ပြန်ကြိုးတုပ်နေတုန်း ကိုညီညီကျော်ကလည်း ငါရော ပါလားလို့ ထမေးတယ်။
အဲတော့ ကျော်ထင်ဦးက ခင်ဗျားလည်း ပါတယ်ဆိုပြီး သူ့ကိုပါ ဖမ်းလိုက်တာပဲ။တဲအပေါက်ဝမှာတော့
လှဆိုင်းရှိနေတယ်၊ သူက ဦးဆောင်ပြီးတော့ကျနော်တို့ကို ဖမ်းတဲ့ သဘောပါပဲ။
ကျနော်တို့တဲကနေ ဆင်းဆိုပြီး
အပေါ်ကုန်းကနေ အောက်ကို ဆင်းရတာပေါ့ အဲလို ဆင်းနေတုန်း ဥက္ကဋ္ဌ တဲဘက်ကနေ ကိုထွန်းအောင်ကျော်
အပါအ၀င် မန္တလေးက ရောက်နေတဲ့ ယူဂျီတွေကိုပါ ကြိုးတွေတုပ်ပြီး ဖမ်းပြီး ဆင်းလာကြတာ တွေ့လိုက်ရတယ်။
ဟာ ဒီကောင်တွေ ဥက္ကဋ္ဌကိုပါ ဖမ်းလိုက်ကြတာ။
နောက်ပိုင်းမှ ပြန်သိရတာက
အဲဒီ ကျနော်တို့ကို ဖမ်းတဲ့ နေ့မှာပဲ လူ ၂၂ ဦးကို တခါတည်း ဖမ်းလိုက်တာလို့ သိရတယ်။
ကိုထွန်းအောင်ကျော်ကိုလည်း အဲဒီနေ့မှာပဲ တခါတည်း ဖမ်းလိုက်တာပြီးတော့ လူ ၂၀ ကျော်ကို
တခါတည်း ဖမ်းတာဆိုတော့ ကျနော့်အနေနဲ့ကတော့ ဒါဟာ ကြံစည်မှု တခုပဲလို့ ကောက်ချက်ချပါတယ်။
သူတို့ ဒါတွေကို ကြိုတင်ကြံစည်မှုနဲ့
လုပ်တယ်လို့ ကျနော် သတ်မှတ်ပါတယ်။
အောက်ရောက်တော့ ကျနော်တို့ကို
စစ်ရုံးထဲမှာပဲ ထည့်လိုက်တယ်၊ ကိုထွန်းအောင်ကျော်ကိုလည်း ညာဘက်က အခန်းလေးထဲမှာပဲ ထားတယ်။
အဲဒီမှာ ကျနော်တို့ကို လှဆိုင်းလာကြည့်တယ်။ ကြည့်တော့ ကျနော်က ပေါက်ကွဲနေပြီ ဟေ့ကောင်မင်း
သတ်ချင်လည်း သတ်ပစ်လိုက်ပေါ့။ အဲလိုတွေ ပြောနေပြီ။
သူက ဘာမှ မပြောဘူး ခေါင်းတညိမ့်ညိမ့်နဲ့ပဲ
ပြန်ထွက်သွားတယ်။ နောက် ၅ မိနစ်လောက်ကြာတော့ အောင်နိုင်လာကြည့်တယ်။ သူက လာကြည့်ပြီးတော့
မင်း လည်ပင်းက
ကျနော့်ကို မင်းလည်ပင်းမှာ
ဆွဲထားတဲ့ အဆိပ်ထုတ်လေးက ဘယ်မှာလဲ လို့ မေးတယ်။ အဲလို မေးတော့ ကျနော်ကပိုပြီး ဒေါသထွက်တယ်။
ဘာကြောင့်လဲ ဆိုတော့
ရော်နယ်အောင်နိုင်တို့ ကျနော်တို့က မြို့ပေါ်မှာကတည်းက နိုင်ငံရေးလုပ်ဖော် ကိုင်ဖက်တွေလေ။
အလုပ်အတူတူလုပ်ခဲ့ကြတဲ့ သူတွေ အရေးအခင်းတုန်းက အာဏာသိမ်းပြီးခါစ တုန်းက အဆောင်လေးတွေ
အသီးသီး ဆွဲကြတာပေါ့လေ။ အဲဒီ အဆောင်လေးက ကိုအောင်ဇော်မင်းက ပေးခဲ့တာလေး ဘာရယ်လို့ မဟုတ်ဘူး
အန္တရာယ်ကင်းတယ်ဆိုလို့ ဆွဲခဲ့ကြတာပါ။
အဲဒါလေးက ကျနော်နဲ့အတူ
တောထဲထိ ပါလာတာ။ ဒါကို သူက အဆိပ်ထုတ်ပါ၊ ဘာညာ ဆိုပြီးတော့လုပ်ပြီးတော့ တောင်းတယ်။ သူတောင်းတဲ့
အချိန်မှာ မရှိတော့ဘူး ကျနော်ရှေ့တန်းမှာ ပြုတ်ကျန်ခဲ့ပြီ၊ သူက တောင်းတော့စိတ်တိုတာနဲ့
ပျောက်သွားပြီလို့ ပြောလိုက်တယ်။ သူကလည်း ခေါင်းတညိမ့်ညိမ့်နဲ့ ပြန်ထွက်သွားတာပေါ့လေ။
အဲလိုမျိုး။
နောက်ကိုမျိုးဝင်းလည်း
လာကြည့်တယ် ပြီးတော့ြ့ပန်ထွက်သွားတယ်။ အဲလိုနဲ့ နောက်နေ့ကျတော့ကျနော့်ကို ခေါ်စစ်တယ်။
ထောက်လှမ်းရေး တဲထဲမှာပဲ စစ်တယ်၊ ထုံးစံအတိုင်းပဲ ခင်ဗျား ထောက်လှမ်းရေး ဟုတ်တယ် မဟုတ်လားပဲ
မေးတယ်၊ ကျန်တာ ဘာမှ မမေးဘူး။
ကျော်ထင်ဦးရယ်၊ လှဆိုင်းရယ်
နောက် လက်သီးပါမယ်၊ နောက် ကျော်ကျော်မင်း ပါတယ် ထင်တယ်။ စစ်တာကတော့ မဟုတ်ဘူး မဟုတ်ပါဘူး
လို့ ဖြေရင် ကောင်းကောင်း ရိုက်တော့တာပဲ။ ရိုက်တယ် ပြီးတော့ ကျနော့်ရဲ့ ညှို့သဂျီးပေါ်ကို
ဘီးလုံးနဲ့ လှိမ့်တယ်။ အဲဒါကိုတောင် တောင့်ခံနိုင်တယ်ဆိုရင် လူပါ တပ်ရပ်ပြီးတော့ လှိမ့်တယ်ဗျာ။
နှိပ်စက်ပြီး စစ်ပုံကတော့ တော်တော်ကို နည်းလမ်း စုံပါတယ်။ ခေါင်းကို ကြွပ်ကြွပ်အိတ်
စွပ်တယ်။ နောက် ခေါင်းတွေ ခြေထောက်တွေကို ဘက်ထရီ ရှော့တိုက်တယ်။
အဲဒီမှာ သူတို့ ဘယ်လို
စစ်သလဲ ဆိုတာကို ကျနော်သိတော့တာပဲ၊ အရင်တုန်းက လူတွေကိုလည်း သူတို့ ဒီလိုပဲ စစ်ခဲ့မှာပဲလို့
တွေးမိတယ်။
ကျနော်လည်း ထောက်လှမ်းေ၇း
မဟုတ်တော့ မဟုတ်ပါဘူး လို့ချည်း ဖြေတာပဲ အဲတာ မရဘူး ပိုပိုပြီး တိုးပြီး နှိပ်စက်လာတယ်၊
ပိုရိုက်လာတယ်။ ခေါင်းကို ကြွပ်ကြွ့ပ်အိတ် စွပ်ထားတဲ့အပြင် ဘက်ထရီကလည်း ရှော့တိုက်သေးတယ်၊
အဲလို နှစ်မျိုးသုံးမျိုးလုပ်ပြီး စစ်တာဆိုတော့ လူကလည်း သိပ်မခံနိုင်တော့ဘူး။ တော်တော်လေးလည်း
နာကျင်နေတဲ့အပြင် မခံနိုင်တော့ဘူး။
ကျနော်က တမျိုးချင်း
လုပ်တုန်းက တောင့်ခံထားသေးတယ်၊ တောင့်ခံပြီး မဟုတ်ဘူးပေါ့ အဲလိုတွေဖြစ်နေတော့ နှစ်မျိုးသုံးမျိုးတွဲလုပ်တော့တာပဲ
အဲလိုစစ်ရင်း ၂နာရီလောက်လည်း ကြာတော့ကျနော် ဘယ်လိုမှ မခံနိုင်တော့ဘူး၊ နောက်ဆုံး
အသက်မသေအောင် လည်း ပါတယ်ပေါ့ ဒီပုံအတိုင်းဆို သေတော့မှာကိုး အဲဒါနဲ့ ဟုတ်တယ်ကွာ လို့ပဲ
ဖြေလိုက်ရတော့တာပဲ။
အဲလို ဖြေရသွားတော့ 
ကျေနပ်သွားတယ်၊ နှိပ်စက်တာ ရပ်သွားတယ်၊ ပြီးတော့ ထောက်လှမ်းရေး ဖြစ်စဉ်တွေ မေးတယ်။
အဲဒီမှာ ကျနော်ပိုပြီး
သဘောပေါက်သွားတယ်၊ တကယ်တော့ ဒီလိုလုပ်တယ်ဆိုတာ ဘာကြောင့်မှ မဟုတ်ဘူး သူတို့ လုပ်ချင်လို့
လုပ်တဲ့ ကိစ္စပဲ ဆိုတာ ကျနော် မြင်သွားတယ်။
အဲဒီမှာ ကျနော်ကလည်း
ပါးစပ်ကနေ မပြောတတ်တော့ ဖြစ်စဉ်တွေအကုန်ရေးပေးမယ်ဆိုပြီး စောရွက်တောင်းပြီး ဖတ်ခဲ့ဖူးတဲ့
ဝတ္ထုတွေထဲက အတိုင်း ဇာတ်လမ်းတပုဒ်ရေးရတော့တာပဲ။ ဒါကတော့ စာဖတ်ခဲ့ခြင်းရဲ့ အကျိုးကျေးဇူးပါပဲ။
အဲဒီတုန်းက ကျနော်ရေးပေးခဲ့တာကို
ပြောရရင်တော့ဗျာ ကျနော်က ဆယ်တန်းအောင်ပြီးတော့ ဗိုလ်သင်တန်းသွားတက်တယ်ပေါ့ဗျာ။ လုပ်သားကောလိပ်တက်တော့လည်း
အထက်က တာဝန်ပေးလို့ပေါ့လေ။ လုပ်သားကောလိပ်မှာ ကွန်မြူနစ်တွေ ရှိတယ်၊ အဲဒါကြောင့်
စုံစမ်းရအောင် ကျောင်းသားသွားလုပ်ရတာပေါ့ အဲလိုတွေ ရေးရတယ်။ပြီးတော့ ပါတီလုပ်တော့လည်း
နိုင်ငံရေးပါတီတွေ ဘာတွေ လုပ်တယ်ဆိုတာသိရအောင် စုံစမ်းဖို့အတွက် လုပ်ရတာပါပေါ့လေ၊ အဲလိုတွေ
ဇာတ်လမ်းတွေ ရေးပေးလိုက်တယ်။ပြောတာနဲ့ ရေးတာမှာလည်း သဘာဝကျအောင်လုပ်ရတယ် နို့မို့ရင်
လွဲနေရင် ပြန်မေးပြန်စစ်နဲ့ ဒုက္ခရောက်တယ်။
နောက် absf ကို မြောက်ပိုင်းကို
ေ၇ာက်အောင် သွားနေရရအောင်လုပ်ပေါ့ ပြီးတော့ ကျောင်းသားလေးတွေကို စည်းရုံးပြီး ခေါ်သွားပေါ့
အဲလိုလုပ်လိုက်တော့ ကိုယ်နဲ့အတူ တောခိုလာကြတဲ့ ကျောင်းသားတွေကိုလည်းထိခိုက်မှာ
စိုးတော့ အဲဒီ ကလေးတွေကတော့ ဘာမှ မသိပါဘူးပေါ့၊ သူတို့ကို ကျနော်က စည်းရုံး ရတာပေါ့
တကယ့်ကျောင်းသားတွေပါပေါ့ အဲလိုတွေလည်း လုပ်ရသေးတယ်။
ရှောင်ပြောရတာတွေလည်း
ရှိတယ်၊ကိုယ့်ကိုလည်း ပြန်ပြီး ဆက်ပြီး ဒုက္ခမရောက်အောင်လည်း လုပ်နေရတယ်။ အဓိကကတော့
အဲဒီအချိန်မှာ ကိုယ့်အသက်ကိုယ်မွေးဖို့ စဉ်းစားရတာပဲ ။ ကိုယ့်အသက်ကိုယ်မွေးရမယ်ဆိုပြီး
လုပ်ပေမဲ့ အချင်းချင်းတွေအပေါ်မှာသစ္စာ မဖောက်ခဲ့ဖူး။ပြီးတော့ ကိုယ့်ကြောင့် တခြားလူတွေ
ထိခိုက်အောင်လည်း မပြောခဲ့ဘူး မလုပ်ခဲ့ဖူး။ ဘယ်သူ့ကိုမှလည်း စွဲ မထည့်ခဲ့ဘူး၊ အဲဒါ
ကျနော့် သမိုင်းပဲ။ ကိုယ်တယောက်တည်းပဲ လမ်းကြောင်း တခုကို ရှာပြီးတော့ ဖောက်ပြီးတော့
သွားခဲ့ရတာပေါ့လေ။ကျနော့်ထွက်ချက်တွေ သူတို့ ဆီမှာ ရှိတယ်။
အဲဒီမှာ သူတို့က ဘာဆက်ပြီး
လုပ်လာလဲ ဆိုတော့ ကျနော်တို့က သူတို့ဆိမှာ ထွက်ချက်အရ ထောက်လှမ်းရေး အရာရှိတွေ ပေါ့လေ၊
ထောက်လှမ်းရေး အရာရှိတွေဆိုတော့ ကျနော်တို့နဲ့အတူ ဆက်သွယ်ရေး ဆက်တွေ ဘာတွေပါလာမယ်
အဲဒါတွေကို အချင်းချင်းတိုင်ပင်ပြီးတော့ ဖော်ထုတ်ကြဆြို့ပီး လုပ်လာပြန်ရော။
အဲဒီမှာ ကျနော်တို့ကလည်း
တကယ့်ထောက်လှမ်းရေးတွေ မဟုတ်ဘူး၊ ကျနော်တို့ ဆီမှာလည်း ဘာစက်မှ မရှိဘူးဆိုတော့ အချင်းချင်းလက်တို့ပြီးတော့
ဟိုပြော ဒီပြောပေါ့နော် လျှောက်ပြောရပြန်ရော။
ကိုထွန်းအောင်ကျော်ကိုလည်း
ဆက်သွယ်ရေး စက်တွေဘာတွေတောင်းတော့ သူကလည်း ဟုတ်မှ မဟုတ်တာ သူ့မှာလည်း ပေးစရာမရှိဘူး။
ဒါပေမဲ့ သူကလည်း KIA ကလည်း မြင်အောင်ဆိုပြီးတော့ သူက KIA စခန်းဘက်မှာ ဖွက်ထားပါတယ်ဆိုပြီးတော့
အဲဒီဘက်ကို လှည့်ခေါ်ခဲ့သေးတယ်။ အဓိကကတော့ မျိုးဝင်းတို့ ဒီလိုလုပ်နေတာတွေကို
KIA ကို မြင်စေ သိစေချင်တာလည်း ပါတာပေါ့၊ သူလည်း ကြိုးစားပမ်းစားလုပ်ခဲ့ကြသေးတယ်။
KIAက ထိပ်ပိုင်းက လူကြီးတွေ
သိမသိတော့ ကျနော်လည်း မသိဘူး။ ဗိုလ်မှူးပန်းအောင် အဆင့်ထိတော့ သိတယ်ဗျ။ ခြေဖြတ်
လက်ဖြတ် လုပ်နေတာတွေကိုတောင် ဗိုလ်မှူးပန်းအောင်လာပြီး တားသေးတာပဲ။
ကျနော်တို့အနေနဲ့ကလည်း
သံခြေကျင်းတွေနဲ့ မျက်နှာကိုလည်း အ၀တ်တွေစည်းထားတော့ ဘာတွေ ဘယ်လိုဆိုတာ သေချာ မသိရပေမဲ့
နားကတော့ ကြားရတာပေါ့ဗျာ။
ကိုသက်နိုင်ကို စစ်တာ
ဆေးတာကို ကြားခဲ့ရတာတွေလည်း ရှိတယ်။ ကိုသက်နိုင်က ရန်ကုန်ကလေ။ သူကို့ ချောင်းထဲမှာ
ရေနှစ်ပြီးတော့ စစ်တာ။ ၀န်မခံ မချင်းကို ရေထဲ နှစ်လိုက် ဆယ်လိုက် လုပ်ပြီး စစ်နေတာ
ကြားနေရတာပဲ။ နောက်ပြီးတော့ ကိုထိန်လင်း ကိုလည်း စစ်နေတဲ့ အသံတွေ ကြားနေရတာပဲ ကိုထိန်လင်းကလည်း
အော်ဟစ်နေရတာ။ သူ့ကိုလည်း မတရားကြီး နှိပ်စက်နေကြတာကိုး။
အော်သံတွေကလည်း တကယ့်ကို
မချိမဆန့်အော်သံတွေပါ။ သာမန်ကြောက်လို့ အော်တဲ့ အသံမျိုး မဟုတ်ဘူး။ ခံစားရလို့ မချိမဆန့်ထွက်လာတဲ့
အသံမျိုးတွေ။
အဲလိုတွေ နှိပ်စက်ရုံနဲ့
မပြီးသေးဘူး ဆက်ပြီးတော့ ထပ်တိုးလာကြတယ်၊ တရက်ကျတော့ ကျနော်အပါအ၀င် လူ ၂၀ ကျော်လောက်ကို
သံချောင်းတို့မျိုးဝင်းတို့က အပေါ်ကုန်းဘက်ကို ခေါ်ပြီးတော့မှ လက်တွေကို မိုင်းမှာသုံးတဲ့
ဒစ်တိုနီတာတွေ ချည်ထားပြီးတော့ လုပ်တယ်။ဒီဒစ်တိုနီတာဆိုတာက ၀ါယာရှော့ဝင်သွားရင် ထကွဲတာကို
ထကွဲတော့မှ မိုင်းက ကွဲတာလေ၊ အဲလို ဒစ်တိုနီတာမျိုးပေါ့။
အဲဒါတွေကို ၀ါယာကြိုးနဲ့
ကျနော်တို့ အယောက် ၂၀ ကျော်လောက်ရဲ့ လက်တွေမှာပတ်ထားတယ်။ ပထမဆုံးကတော့ ကိုကျော်ဝေ ဆိုတဲ့
သူရဲ့ ညာဘက်လက်ကို ချီထားတယ် နာရီ တလုံးလည်း ချထားတယ်။
ပြီးတော့ ၅ မိနစ် အချိန်ပေးမယ်
လို့ ကိုကျော်ဝေကို ပြောတယ်။ ကျနော်တို့ကလည်း အကုန်လုံး ကြည့်နေရတာ။ ကိုကျော်ဝေကို
ကျနော်တို့ရဲ့ အလယ်ခေါင်မှာ ထိုင်ခိုင်းထားပြီးတော့ စက်တွေပေးပေါ့။ သူ့ဘေးမှာ
စဉ့်နီတုံးတွေ ဓါးမတွေလည်း ချထားတယ်။ ၅ မိနစ်အတွင်း ဖော်ပေါ့ မဖော်ရင် ခုတ်မယ်ပေါ့။
အဲလိုလုပ်တော့ ကျနော်တို့
အားလုံးလည်း စိတ်ချောက်ခြားနေပြီ။ မြင်နေရတယ် အားလုံးရဲ့ လက်တွေမှာလည်း ၀ါယာကြိုးတွေပတ်ထားပြီးပြီ။
ကိုကျော်ဝေ ခမျာ ပေးစရာလည်း
မရှိဘူးဖြေစရာ အဖြေလည်း မရှိရှာဘူး အဲတော့ ခွဲချလိုက်တယ်။ ချက်ခြင်းပဲ သွေးတွေ
ဖြာကနည်း ထွက်သွားတယ်၊လက်က အရိုးရော ဘာရော ပါသွားတာ လက်မရှိတော့ဘူး။ အဲလိုတွေ လုပ်တာ၊။
ကျနော်တို့ကိုလည်း အဲလို နှိပ်စက်တာကို ဒီအတိုင်း ထိုင်ကြည့်ခိုင်းထားတာ။
ကျနော်တို့မှာ စိတ်ကလည်း
မကောင်းဘူး၊ စိတ်တွေလည်း ခြောက်ခြားတယ်။ ကိုကျော်ဝေကိုလုပ်ပြီးတော့ နောက် ၅ ရက် တပတ်လောက်ကြာတော့
အဲလိုပဲ ကိုအောင်ဖိုးကို ဆက်လုပ်တာ။ အဲလို ကိုအောင်ဖိုးကို မလုပ်ခင် သက်နိုင်ကိုလည်း
သူဖြေတာ သံချောင်းက အလိုမကျလို့ ဆိုပြီး နားနားကို သေနပ်နဲ့ ပစ်ထည့်လိုက်တာ နားရွက်ကို
ဖောက်ထွက်သွားတယ်။ နားမှာ အပေါက်ဖြစ်သွားတယ်။ အဲဒီအပေါက်ကို သစ်ကိုင်းခြောက်လား ဘာလား
ထိုးထည့်တာလေး မှတ်မိပါသေးတယ်။ အဲဒါလည်း ကျနော်တို့ရှေ့ လူ ၂၀ ကျော်ရှေ့မှာပဲ လုပ်တာ။
ကိုအောင်ဖိုးကိုလည်း
၅ မိန်အချိန်ပေးမယ် ပစ္စည်းတွေပေးဆိုပြီး လုပ်တာ၊ ကိုအောင်ဖိုးကလည်း ပေးစရာလည်း
မရှိဘူး နောက်ဆုံး အံကြိတ်ခံတယ်။ နောက်ဆုံး ပေးစရာမရှိဘူးဆိုတော့ ခွဲချပစ်လိုက်တယ်။
ခွဲတော့ သွေးတွေ ဖြာဆင်းသွားတာပဲ။ ကျနော့် မျက်စိရှေ့တင် မြင်ရတာတွေပဲ။ အသေးစိတ်ပြောရရင်
စိတ်မကောင်းစရာတွေချည်းပဲ။အော့နှလုံး နာစရာတွေ ချည်းပဲ။
ရက်စက်တယ်။
တော်တော်ကို ရက်စက်လွန်းအားကြီးတယ်၊
အဲလောက်ထိ ရက်စက်တာက မကောင်းတော့ဘူး။ ကျနော်တို့က ကျောင်းသား တပ်မတော်ကို တိုက်ခိုက်တာ
မဟုတ်ဘူး။ လူတစုရဲ့ လုပ်ဆောင်ချက်တွေကို ထုတ်ပြောတာ။ ဒါဟာ သမိုင်းပါပဲ။
နောက် ခုလို ရက်ရက်စက်စက်လုပ်ကြ
ကိုင်ကြတဲ့ နေရာတွေမှာ လုပ်ကြတာလည်း ရှိသလို ချုပ်ထားတုန်းမှာလည်း ၀င်လုပ်ကြတာတွေလည်း
ရှိတယ်၊ ရိုက်ကြ နှိပ်ကြတယ်၊ ခေါင်းကို သေနပ်ဒင်နဲ့ ထုတယ်၊ မေးစေ့ကို သေနပ်ပြောင်းတွေနဲ့
ထိုးတယ်။ နည်းမျိုးစုံပေါ့လေ ပါးစပ်ကလည်း မင်းငါ့ကို ကြောက်လား ဆိုတာမျိုးတွေလည်း မေးကြတယ်။
ကျနော်တို့မှာက မျက်နှာကို
အ၀တ်စည်းထားတယ်၊ လက်ပြန်ကြိုးတုပ်ထားတဲ့ ကြားက အဆော်ခံကြရတာ။ ထောက်လှမ်းရေးတွေလို့
ပြောတာ ဆဲတာက တမျိုး အရင်တုန်းက ခရိုင်မှူးလုပ်ခဲ့တုန်းကတော့ ဒီလို မဟုတ်ပါဘူးဆိုတာမျိုးတွေနဲ့
ပြောကြဆိုကြတာလည်း တမျိုး၊ အမြင်ကတ်လို့ ကြုံလို့ ၀င်ဆော်တာတွေလည်း ရှိတယ်။ အဲလို လက်လွတ်စပယ်
ဝင်လုပ်ကြတာလည်း ရှိတော့ရ တခါဆိုရင် ခေါင်းတွေရော မေးစေ့တွေရော လက်တွေရော ခြေထောက်တွေရော
ရိုက်တာ ၁၀ နေရာလောက်ထိ နာပြီး ကွဲတယ်။ ၆ နေရာလောက် ချုပ်ရတယ်။ တခါတုန်းကဆိုရင် ၃ချက်လောက်
ချုပ်ရတယ်။ အဲလိုပဲ ကွဲကြတာပဲ။
တခါတုန်းက ကျနော်ကြုံရတာက
မှတ်မှတ်ရရပဲ ကိုထွန်းအောင်ကျော်တို့ ကိုချိုကြီးတို့ကို လက်ဝါးကပ်တိုင်ပေါ်တင်ပြီး
သံနဲ့ ရိုက်ခဲ့ကြတုန်းက ကျနော်တို့ကို ထမ်းပို့ရမယ် ထမ်းပို့ရမယ်ဆိုပြီး လိုက်သွားကြတယ်။
ကိုထွန်းအောင်ကျော်ကို
ပစ္စည်းတွေ တောင်းတော့ ပေးစရာမရှိဘူးဆိုတော့ သံနဲ့ ရိုက်ကွာဆိုလို့ ကိုထွန်းအောင်ကျော်ကို
လက်ဝါးကပ်တိုင်ပေါ် တင်ပြီး လက်ဖ၀ါးထဲကို လေးလက်မ သံ ရိုက်ထည့်တယ်၊ အဲဒါတွေကိုလည်း ကျနော်တို့က
ထိုင်ကြည့်ရတယ်။ ကျနော်တို့ ရှေ့မှာတင် ရက်ရက်စက်စက် လုပ်ခဲ့ကြတယ်။
လူ့အခွင့်အရေးကို ချိုးဖောက်ခဲ့ကြတယ်။
ရက်စက်ကြမ်းကြုတ်တာတွေ ရှိခဲ့တယ်။ ဒါတွေအားလုံး ဟာ မှတ်မှတ်ရရ တွေချည်းပဲ ကျနော်တယောက်တည်း
မြင်ခဲ့ တွေ့ခဲ့ရတာတွေ မဟုတ်ဘူး။ ကျနော်အပြင် ဘိုဘိုနဲ့ အခြား ၂ယောက် ၃ ယောက်လည်း
ကိုထွန်းအောင်ကျော်တို့ကို လုပ်ခဲ့တာတွေကို မြင်ခဲ့ရတယ်။
အဲဒါထက် ဆိုးတာကိုလည်း
သူတို့ ဆက်လုပ်ခဲ့ကြတာပဲ။ ကိုထွန်းအောင်ကျော်ကို နှိပ်စက်တာလဲ အဲလောက်နဲ့တင် ပြီး မသွားသေးဘူး။
Myanmar Express
ဗြိတိသျှ တော်ဝင်ရေတပ်၏ လေယာဉ်အခြေစိုက် စခန်းတစ်ခုတွင် အဆိပ်ပြင်း
ပင့်ကူများ ကျူးကျော်လာမှုကြောင့် တပ်လှန့်မှု ပြုလုပ်ထားရကြောင်း သိရှိရသည်။ ကွန်းဝဲလ်ရှိ
RNAS Culdroseမှ ဂိုဒေါင်တစ်ခုအတွင်း Noble False Widow ပင့်ကူများ ရာနှင့်ချီ ရှိနေကြောင်း
တွေ့မြင်ရသည့်နောက် ယင်းတို့ကို ရှင်းလင်းရန် ပတ်ဝန်းကျင် ကျန်းမာရေးဆိုင်ရာ ပညာရှင်များကိုပါ
အကူအညီ တောင်းခံခဲ့ရသည်။ အဆိုပါ ပင့်ကူများသည့် ဗြိတိန်တွင် အဆိပ်အပြင်းဆုံး ပင့်ကူမျိုးနွယ်လည်း
ဖြစ်သည်။ ယခုအခါ လေတပ်မှ ဝန်ထမ်းများသည် ထူထဲသော လက်အိတ်များကို ဝတ်ဆင်ကာ အလုပ်လုပ်နေရသည်။
ထိုပင့်ကူများသည် သဘာဝအားဖြင့် ရန်လိုလေ့ မရှိသလို လက်ရှိအချိန်ထိ မည်သည့် ဝန်ထမ်းမျှ
အကိုက်ခံရမှု မရှိသေးချေ။ အဆိုပါ ပင့်ကူတို့ ဆောက်လုပ်သော ပင့်ကူအိမ်များသည် သာမန် ပင့်ကူအိမ်များနှင့်
ကွဲပြားသဖြင့် အလွယ်တကူ သတိပြုမိနိုင်ကြောင်းလည်း သိရသည်။
Myanmar Express
၂၀၁၂ခုနှစ် မတ်လအတွင်း ၀ိုင်းမော်မြို့နယ်အောင်မြေ၁တွင် နေ့စား မုန့်ညှင်းရိပ်လုပ်ကိုင်သူ
မပြည့်ပြည့်ဝင်း(အသက်၁၉နှစ်)နှင့်အိမ်ရှင်သမီးဖြစ်သူတို့အား ကေအိုင်အိုအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရပါသည်၊မပြည့်ပြည့်ဝင်း၏ အဖိုးဖြစ်သူနှင့်
သူ၏မိတ်ဆွေများက ကေအိုင်အို တပ်တည်ရှိရာ လိုင်ဇာအနီးစုံစမ်းရာ
စုလှိုင်နှင်းဆိုသူနှင့်အတူ မပြည့်ပြည့်ဝင်းမှာ ၈၈မျိုးဆက်ကျောင်းသားတပ်မတော်အတွင်း
ရောက်ရှိနေကြောင်းခိုင်လုံစွာသိရှိခဲ့ရပါသည်၊ ထိုသို့ရောက်ရှိနေခြင်းမှာ
ဖမ်းဆီးခေါ်ဆောင်ခဲ့သူများမှ မပြည့်ပြည့်ဝင်းနှင့် မစုလှိုင်နှင်း တို့နှစ်ဦးအား ၈၈မျိုးဆက်ကျောင်းသားတပ်မတော်သို့
လက်ဆောင်ပေးခဲ့ခြင်းကြောင့် ဖြစ်သည်ဟုသိရပါသည်၊သူတို့နှစ်ဦးမှာ ၈၈မျိုးဆက်ကျောင်းသားတပ်မတော်အတွင်း
တစ်ရက်လျှင် (၁)နာရီခန့်ကင်းစောင့်ခြင်းအလုပ်ကို လုပ်ကိုင်နေကြရပါသည်၊ယခုအခါ ထိုအမျိုးသမီး(၂)ဦးမှာ
မိဘများထံပြန်နေလိုကြပြီး မိဘများမှာလည်းအထူးစိုးရိမ်ပူပန်လျှက် ရှိနေကြောင်း
အဖိုးဖြစ်သူဦးတင်မှ ကျွန်တော်ထံလာရောက်ပြောကြားခဲ့ပါသည်၊ အသက်၆၄နှစ်အရွယ်ရှိ ဦးတင်သည်
ဒီပဲယင်းမြို့နယ် ကံမြားရွာတွင်နေထိုင်သူဖြစ်ပြီး သူတို့မြေးအဖိုး ပြန်လည်အတူ
နေထိုင်ခွင့်ရရေးအတွက်
လူသားချင်း ကြင်နာစိတ်များဖြင့် ကူညီပေးကြရန်လည်း ပြောကြားခဲ့ပါသည်၊။
Myanmar Express
ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသောရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် မွတ်ဆလင်
(ဘင်္ဂါလီ)လူ မျိုးရေးအကြောင်းကိုအခွင့်ကောင်းယူပြီး ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့
မြို့မရပ်ကွက် (3)လမ်းတွင်နေထိုင်သူမွတ်ဆလင် ဦးမောင်မောင်သည် ကော့မူးမြို့နယ် အမတ်
ဒေါ်အောင်ဆန်းစုကြည်၏ ခွင့်ပြုချက်ဖြင့် အိမ်ကို အသစ်တဖန် ပြန်လည်ဆောက်လုပ်လျက်ရှိသည်ဟု
သတင်းလွှင့်ကာ ဗလီအဖြစ်အသုံးပြုနေကြောင်းသိရှိရသည်။သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊
မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကို
အကြောင်းမကြား၊ခွင့်ပြုချက်ရယူခြင်းမရှိဘဲ အမတ် ဒေါ်အောင်ဆန်းစုကြည်၏ ခွင့်ပြုချက်ဖြင့်လုပ်ဆောင်လျက်ရှိနေသည်။
သို့ရာတွင် ဦးမောင်မောင်
မွတ်ဆလင်၏အဓိကရည်ရွယ်ချက်မှာ ဗလီဆောက်လုပ်ခွင့်မရလျှင် အိမ်ပြင်တာအယောင်ပြပြီး ဗလီအသုံးအဆောင်ထည့်၍
စာသင်ခြင်း၊ ဗလီဝတ်ပြုခြင်း၊ 2012 ခုနှစ် ၊ အစ်နေ့တွင်နွားများကိုသတ် ၍ အစ်ပွဲပြုလုပ်ခဲ့ပြီးဖြစ်ပါ
သည်။
Myanmar Express
လူတိုင်းက ကိုယ့်တိုင်ပြည်ကို ကိုယ်ချစ်တတ်ကြပါတယ်။ တိုင်းပြည်ကို
မချစ်တဲ့သူရယ်လို့တော့မရှိပါဘူး။ ဒီလို ချစ်တဲ့စိတ်ကြောင့် ကိုယ့်ဒေသကို ကိုယ်ကာကွယ်ကြ
တာ အပြစ်လား။ ကျွန်တော်ကလည်း တိုင်းပြည်ကို ချစ်တဲ့ လူ တစ်ယောက်ပါ။ ကျွန်တော့မှာ တိုင်းပြည်ကိုချစ်တဲ့
စိတ်ကြောင့်အပြစ်ရှိတယ်ဆိုရင် လည်း ပေးတဲ့အပြစ်ကိုခံရယူဖို့အသင့်ရှိတယ်လို့ ထင်ပါတယ်။
ဒီလိုပဲ ရခိုင်မြေ၊
ခိုင့်ရေ၊ ကိုယ့်လူမျိုး၊
ကိုယ့်ရွာ၊ ကိုယ့်မိသားစု၊ ကိုယ့်ဘာသာကို ချစ်ကြသူတွေဟာ အမျိုးမမှန်သူတွေကို ကိုယ့်ပြည်မှာရှိမနေစေချင်ဘူး။
ဒါကြောင့် ရှိတဲ့အင်အား၊ ရရာလက်နက်တွေနဲ့ ခုခံတော်လှန်တိုက်ခိုက်ခဲ့ကြတယ်။ ဒါ ရခိုင်သမိုင်းပဲ
ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာရေးထိုးလိုက်ကြတဲ့ ရခိုင် သမိုင်းစာမျက်မှာသစ်ဖြစ်ပါတယ်။
အသက်စွန့်ခဲ့သူတွေကိုလည်း သူရဲကောင်းလို့ကျွန်တော်တို့ သတ်မှတ်ပါတယ်။ အင်အားချင်း ၊
လူဦးရေချင်း မတူညီပေမယ့် စိတ်တတ်အင်အားတွေနဲ့ မတုန်မလှုပ်ကာကွယ်ခဲ့ကြတာ သူရဲကောင်းတွေပါဘဲ။
သူရဲကောင်း ဆိုတာ သီးခြားသတ်မှတ်ထားတဲ့ သွင်ပြင်လက္ခဏာမရှိပါဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။
ဒါပေမယ့် လက်ရှိရခိုင်ပြည်နယ်အနေအထားကို ပြန်ကြည့်ရင် အတွေးခက်စေသလို အရေးလည်းခက်ပါတယ်။
ကြည့်လေ ရခိုင်ပြည်မှာနေပြီးတော့ ရခိုင်တိုင်းရင်းသားတွေဟာ အိုးအိမ်တွေ၊ ပိုင်ဆိုင်မှုတွေကို
လက်လွှတ်ပြီး ဘေးကင်းရာကို ခိုလှုံနေကြရတယ်။ အပြင်မထွက်ရဲအောင်ဖြစ်လာတယ်။ ကျေးလက်ဒေသမှာ
ငါးရှာဟင်းခူး တောင်မှ မသွားရဲတဲ့အနေအထားကိုရောက်နေတာကိုတွေ့ရတယ်။ အိမ်ရှင်က ဧည့်သည်ကို
ကြောက်လန့်နေရတဲ့ဘ၀ တစ်ခုကိုတွေ့လာရတယ်။ ခေတ်တစ်ခုကို ဖြတ်သန်းနေရ တယ်။ အိပ်မက်မဟုတ်တဲ့လက်တွေ့
အခြေအနေထားသုံးသပ်မိရင် ရင်နာဖို့ကောင်းတယ်။ ဘယ်သူ့မှာ အပြစ် ရှိသလဲ။ ဘယ်သူတွေက မှားနေသလဲ
ဆိုတာ သေချာစဉ်းစားပေးကြပါ။ ဒုတိယ ကိုဆိုဘိုဖြစ်လာမလားလို့ ဆောင်းပါးရှင်တစ်ဦးရေးခဲ့တာ
မကြာသေးခင် အတွင်းက တွေ့လိုက်ပါတယ်။ ကိုဆိုဘိုလို ဇာတ်လမ်းတွေဖြစ် လာတယ်။ ဖြစ်ပျက်နေတာတွေကလည်း
အတော်လေးဆင်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ သတိထားရ မယ်ဆိုတာ ကြိုပြီးပြောဖိုလိုအပ်နေပါပြီ။
ရခိုင်မှာ ခိုင်မာတဲ့နောက်ခံ အဖွဲ့အစည်းမရှိဘူး။ ကူညီနိုင်တာက မြန်မာနိုင်ငံတစ်ဝှမ်းလုံးက
ပြည်သူတွေနဲ့ အစိုးရပဲရှိတယ်။ ဘင်္ဂလီတွေမှာကျတော့ နိုင်ငံတကာက ခိုင်မာတဲ့အဖွဲ့အစည်းတွေ
အားပေးတယ်။ ကျောထောက်နောက်ခံရှိတယ်။ အဲဒါကိုစဉ်းစားရင် မြန်မာနိုင်ငံထဲက တိုင်းရင်းသားတွေ
ဆိုတာကို ကျွန်တော် တို့ မေ့ထားလို့မရပါဘူး။ တိုင်းရင်းသားအချင်းချင်းလည်း ကူညီဖို့လိုပါတယ်။
ဒါကြောင့် တခြားတိုင်းရင်းသားတွေ ရခိုင်အတွက် ဘယ်လောက်အကူအညီပေးနေကြ့ပီလဲ။ ဘယ်လောက်
ကူ ညီခဲ့ပြီလဲဆိုတာ ထည့်တွက်စဉ်းစားသင့်သလို ရခိုင်တွေကကော တခြားတိုင်းရင်းသားတွေရဲ့အရေးမှာ
ဘယ် လောက်ပါဝင်ကူညီခဲ့သလဲ ဆိုတာ ပြန်ကြည့်ဖို့လိုပါမယ်။ သမိုင်းအတုတွေနဲ့ မဟုတ်မဟတ်တွေပြောနေသူတွေတောင်
ဒီလောက်ထိ လုပ်ခွင့်ရနေကြတယ်ဆိုရင် သမိုင်း မှတ်တိုင်တွေအခိုင်အမာရှိနေတဲ့ ရခိုင်တိုင်းရင်းသားတွေကကော
ဘာကြောင့် ဘာမှမလုပ်နိုင်ကြတလဲ။ သေနပ် ဒဏ်ရာနဲ့သေဆုံးခဲ့ရသူတွေ ဆယ်ဂဏန်းမကရှိခဲ့တာကိုကော
ဘယ်လို ကောက်ချက်ချမလဲ။ နွံတစ်ခုထဲ နစ် နေ ရသူတွေလို လှုပ်လေနစ်လေဘ၀ နဲ့ စခန်းသွားရတော့မှာလား။
ကျွန်တော်တို့တွေဟာ ဒီမေးခွန်းတွေကို ထိုင်စဉ်းစားတိုင်း ခေါင်းတွေခြောက်ခဲ့ရတယ်။ နိုင်ငံတော်က
----မရှိဘူးလို့ ပြောထားရက်သားနဲ့ ဒီဘင်္ဂလီတွေကို ဘင်္ဂလီလို့မခေါ်ဘဲ ---လို့ ခေါ်ဝေါ်သုံးစွဲနေ
ကြတဲ့ မီဒီယာသမားတွေကိုကော စွဲချက်တင်နိုင်တဲ့ ဥပဒေတွေမရှိတော့ဘူးလားလို့ မေးချင်တယ်။
ဒီလိုမီဒီယာ တွေကမြှောက်ပင့်နေလို့ ဘင်္ဂလီတွေဟာ အခုထိ နယ်မြေကိုအပိုင်လိုချင်တဲ့ဆန္ဒဖြစ်ပေါ်နေတာလို့
ယူဆတယ်။ နောက်တစ်ခုပြောချင်တာက- ရခိုင်ပြည်နယ်အရေးမှာ ကြိုးကိုင်လှုပ်ရှားနေသူတွေကို
သတင်းအတိကျပေးကြပါ၊ ဖမ်းဆီးအရေးယူမယ်လို့ ပြောလာတယ်။ အဲဒါကော ဘာကိုဆိုလိုတာလဲ ဆိုတာမရှင်းဘူး။
တကယ်ကောအရေးယူခဲ့သလားဆိုတာ မေး ခွန်းတစ်ခုဖြစ်နေတယ်။ ပြဿနာဖြစ်တုန်းက ဦးဆောင်ခဲ့တယ်လို့
အခိုင်အမာပြောနိုင်လို့ ဖမ်းခဲ့တဲ့သူတွေကို ကောဘာကြောင့် ပြန်လွှတ်ခဲ့တာလဲ။ အပြစ်ရှိရင်
အပြစ်ပေးမယ်လို့ပြောတာဟာ လွှတ်ပေးလိုက်သူတွေကို ပြန် မဖမ်းဘဲ
ဘာကြောင့် လေသေနပ်ပစ်နေတာလဲလို့
မေးချင်တယ်။ ယုတ်တိဗေဒအရ စဉ်းစားကြည့်ရင် ရခိုင်ရွာ တွေကို မီးရှို့ခဲ့သူတွေ အခုထိ အသွားမပျက်၊
အစားမပျက် ရှိနေတယ်။ အဲဒါကို ဘာပြောမလဲ။ မောင်တော၊သ ရီကုန်ဘောင်ရွာသားတွေကိုမေးကြည့်ရင်ဖြေပါတယ်။
သူတို့ရွာကိုမီးရှို့ခဲ့သူတွေကို သူတို့ ဒီနေ့အထိ မြင်နေ တွေ့နေရတယ်။ မီးရှို့သူတွေဘာမှမဖြစ်ဘူးလို့
ပြောနေကြတယ်။ ဒါတွေဟာ ဘာကြောင့် ယုတ်တိ မဆန်တာလဲ လို့ မေးစရာ ဖြစ်နေတယ်။ သူတို့ကို
မဖမ်းဘဲ နေခြင်း၊ ဖမ်းထားသူတွေကို ပြန်လွှတ်ပေးခြင်းဆိုတဲ့ လုပ်ရပ်တွေကြောင့် ရခိုင်ပြည်နယ်မှာ
ဒုတိယအကြိမ် မီးတောက်မီးလျှံတွေ ပြန်လည်ထွက်ပေါ်လာခဲ့တာလို့မြင်တယ်။ ဖမ်းရင်လည်းခဏပါ။
ပြန်လွှတ် ပေးမှာပါလို့ ဘင်္ဂလီတွေရဲ့ အသိမှာ စွဲလာစေတယ်။ ဒီအသိဟာ ရခိုင်ပြည်မှာ ပဋိပက္ခတွေထပ်ဖြစ်လာစေ
တယ်။ ထပ်မံဆူပူမူတွေ ဖြစ်လာဖို့ တွန်းအားပေးနေခဲ့သလိုဖြစ်ခဲ့တယ်လို့ သုံးသပ်မိပါတယ်။
ဒါကလေးကစားတာမဟုတ်ဘူး။ တကယ့်ကို အရေးကြီး ပြဿနာဖြစ်နေတာပါ။ တစ်ချို့ကတော့ ကလေးတွေက
စားနေတာလို့ မြင်နေမလား မသိဘူး။ ရခိုင်တွေရဲ့အရေးကို ကာကွယ်ဖို့၊ တိုင်းရင်းသားအရေးကိုကာကွယ်ဖို့
အတွက် ကျွန်တော်တို့အားလုံး မှာတာဝန်ရှိပါတယ်။ ဘယ်အဖွဲ့မှ ကျောထောက်နောက်ခံမရှိတဲ့
ရခိုင်တိုင်းရင်းသားတွေကို မကူညီဘဲ သူခိုးဓါးရိုးကန်းလုပ်နေကြ မယ်ဆိုရင်တော့ တစ်ဘက်သတ်ဖြစ်နေပါလိမ့်မယ်။
အခုထိ ဘယ်နိုင်ငံတကာအဖွဲ့ကမှ ရခိုင်တွေကို မကူညီ သေးဘူးဆိုတာ အားလုံးသိပါတယ်။ ဒါကြောင့်
ရခိုင်တွေရဲ့လူနေမှုဘ၀ ဟာ ပြောင်းလဲနေပါပြီ။ ကိုယ့်ပြည်၊ ကိုယ့်မြေမှာ နေပြီး ဧည့်သည်ကိုကြောက်နေရတဲ့
ဘ၀ကိုသာ ဆက်လက်ရင်ဆိုင်ရမယ်ဆိုရင် ဘယ်သူ့ကိုအဖေ ခေါ်ရမလဲ။ ဘယ်သူ့ကိုအမေ ခေါ်ရမလဲ ဖြစ်နေရပါပြီ။
တကယ်တော့ ရှည်ရှည်ဝေးဝေးစဉ်းစားနေစရာမလိုပါ ဘူး။ ဘင်္ဂလီတွေကို နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားနေတာက
OIC ဘဲဖြစ်တယ်။ OIC ရဲ့တွန်းအားကြောင့် ဘင်္ဂလီတွေအခုဒီလိုဖြစ်လာတာလို့ ပြောချင်တယ်။
နောက်တစ်ခုပြောချင်တာက ဗလီဆရာတွေအကြောင်းပါ။ ဗလီဆရာလို့ခေါ်တဲ့မော်လ၀ီ တွေဟာ ရခိုင်ပြည်
ပဋိပက္ခမှာ အဓိက ကြိုးကိုင်သူတွေလို့ ကျွန်တော်အကြမ်းဖျင်းသုံးသပ်မိတယ်။ ဘာကြောင့်လဲဆိုတော့
ဗလီ ဆရာတွေဟာ အမျိုးသမီးတွေကို ထိန်းချုပ်ထားသလို ဘာသာရေးအရ ဗလီတွေကို ဘယ်သူမှ မ၀င်နိုင်အောင်
လုပ်ထားတာကိုတွေ့ရတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဘယ်ဘာသာမှ သူတို့ရဲ့ ကိုးကွယ်အားထားရာနနေရာ
ကို ၀င်ခွင့်မပြုတာမရှိပါဘူး။ အခုက သူတို့ဟာ သိပ်ပြီး သီးခြားဆန်လွန်းတယ်။ နောက်တစ်ခုက
ရခိုင်ပြည်နယ် ထဲမှာ ဗလီတွေ မှိုပေါက်သလို ပေါလာတယ်။ ဘယ်အချိန်က တည်ထားလိုက်တယ်မသိတဲ့
ဗလီတွေဟာ ဘယ် နှစ်ခုနှစ်ကတည်းက ရှိနေခဲ့တာပါလို့ စာတမ်းတွေထိုးထားတာကို တွေ့ရတယ်။ ဒါကြောင့်
ရခိုင်ပြည်နယ်မှ ဗလီ ဘယ်လောက်ရှိတယ်ဆိုတာကို လေ့လာပြီး ဖျက်သင့်ဖျက်ထိုက်တဲ့ဗလီတွေကို
ဖျက်ရမယ်။ စည်ပင်ဥပဒေအရ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာရမယ်။ ဒီနေရာမှာ ဗလီသစ်တစ်ခုဆောက်ဖို့ဆိုတာ
စည်ပင်မသိဘဲ ဖြစ်နိုင် ပါ့လမလားဆိုတာကိုလည်းထည့်တွက်စဉ်းစားဖို့ လိုပါ့မယ်။ စည်းမဲ့ကမ်းမဲ့တည်ဆောက်ခဲ့တဲ့ဗလီတွေဟာ
စည် ပင်လက်ချက် ကင်းမှ ကင်းပါရဲ့လားဆိုတာကိုလည်းကျွန်တော် ထည့်တွက်စဉ်းစားမိပါတယ်။
ဒီရက်ပိုင်းမှာ လက်နက်တွေ သိမ်းဆည်းတယ်လို့ သတင်းတွေထွက်လာတယ်။ ဘင်္ဂလီရွာ ဘယ်နှစ်ရွာကလက်
နက်တွေကို သိမ်းဆည်းခဲ့ပြီလဲ။စစ်ဆေးခဲ့ပြီလဲဆိုတာ သိသာနေပါတယ်။ တစ်ဘက်စောင်းနင်းလုပ်မယ်ဆိုရင်
တရား ဥပဒေစိုးမိုးရေးဆိုတဲ့ နိုင်ငံတော်က ချမှတ်ထားတဲ့ လမ်းကြောင်းတွေ လွဲမှား သွားပါလိမ့်မယ်။
နောက်ဆုံးမှာ အင်အားချင်း မျှတမှုမရှိရင် ရခိုင်တိုင်းရင်းသားတွေဟာ မြေပျောက်တော့မယ်။
---ဆိုတဲ့ ဘယ်က မှန်းမသိတဲ့ လူတစ်စုကို စနစ်တကျ ထိန်းသိမ်းထားနိုင်ခြင်းမရှိရင် ရခိုင်ပြည်နယ်ရဲ့အရေးဟာ
ဘယ်တော့မှ အေးမှာမဟုတ်ပါဘူး။ ကျီလန့်စာစား ဘ၀နဲ့ နေထိုင်ရမယ့် ရခိုင်လူမျိုးတွေရဲ့
အနာဂတ်ဟာ လက်ရှိအနေ အထားရကို ကြည့်မယ်ဆိုရင် အတွေးခက်၊ အရေးခက်စေမယ့် အနေအထားဖြစ်နေတယ်လို့
ကျွန်တော်သုံးသပ် မိပါတယ်။
Myanmar Express
ရန်ကုန်မြို့တွင် လူအများရှေ့၌ပင် အုပ်စုဖွဲ့၍ လူသတ်မှု၊ ရိုက်နှက်မှုများ
မကြာခဏဖြစ်ပွားလာခြင်းကို တွေ့ရကြောင်း မြို့နေပြည်သူများနှင့် ဥပဒေနယ်ပယ်မှ ပုဂ္ဂိုလ်များကပြောကြားသည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလက
ပုဇွန်တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော မြို့လယ်ခေါင်၌ ရုပ်ရှင်ဆန်ဆန် လူသတ်မှုမှစ၍
နာမည်ကြီးပြီး ဆန်းပြားသော လူသတ်မှုများ၊ ရိုက်နှက်မှုများ ထပ်မံဖြစ်ပွားလာခြင်းဖြစ်သည်။
ပုဇွန်တောင်မြို့နယ်တွင် ကားပေါ်မှလူက ကားအပြင်မှလူကို လည်ပင်းညှစ်လျက်သား အနေအထားဖြင့်
ကတ္တရာလမ်းတစ်လျှောက် ကားနှင့်တရွတ်တိုက်ပါသွားကာ သေစေခဲ့သော ရုပ်ရှင်ဒါရိုက်တာတစ်ဦး၏အမှုနှင့်
မရှေးမနှောင်းပင် မြောက်ဥက္ကလာပမြို့နယ်အတွင်း၌ လူအများထိုင်နေသော စားသောက်ဆိုင်အတွင်းသို့
ကားသုံးစီးဖြင့် ရောက်ရှိလာသူများက ဆိုင်အတွင်းထိုင်နေသူကို ဓားများဖြင့်ခုတ်ကာ သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်။
အင်းလျားကန်ပေါင်ပေါ်ရှိ
တာဝန်ကျလုံခြုံရေးဝန်ထမ်းနှင့် ဆိုင်ခန်းများကို ဆိုင်ကယ်များနှင့် ရောက်လာသူ ၁၄ ဦးက
ဓားဖြင့်ထိုး၊ တုတ်များဖြင့် ရိုက်နှက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ ယခုနောက်ဆုံး အောက်တိုဘာ၂၃
ရက်ညတွင် လမ်းလျှောက်သီချင်းဆိုလာသူအား ပြိုင်ကားပေါ်မှလူများက ၎င်းတို့ကို စောင်းမြောင်းဆိုသည်ဟုဆိုကာ
ရေအိုးဖြင့် ခေါင်းကိုရိုက်ခွဲသတ်မှုသည်လည်း လူများသွားလာနေရာ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ
နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့တွင် ဖြစ်ပွားခဲ့သည်။
ခေတ်အရ ပြောင်းလဲပေါ်ပေါက်လာသည့်
နိုက်ကလပ်များ၊ ရာသီပေါ်ပွဲလမ်းသဘင်များတွင် လူငယ်များစုရုံးလာခြင်း၊ မူးယစ်ရမ်းကားခြင်းတို့မှာ
ဖြစ်လေ့ဖြစ်ထရှိသော်လည်း လုံခြုံရေးအရ ညအချိန်တွင် သတ်မှတ်ထားသည့် ဥပဒေများကို သက်ဆိုင်ရာက
ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှု အားနည်းနေကြောင်း ရှေ့နေဦးအောင်သန်းစိုးကပြောသည်။
“ထုတ်ထားတဲ့အမိန့်တွေကို သက်ဆိုင်ရာက ထိထိရောက်ရောက် ဆောင်ရွက်ဖို့လိုတယ်”ဟု ၎င်းကပြောသည်။
ပြစ်မှုဆိုင်ရာဥပဒေတွင်
လူသတ်မှုကျူးလွန်သူကို အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် သေဒဏ်ထိ ချမှတ်နိုင်သော်လည်း အနိမ့်ဆုံးပြစ်ဒဏ်ဟူ၍
သတ်မှတ်ထားခြင်းမရှိဘဲ မှုခင်းဖြစ်ပွားသည့် အခြေအနေကိုလိုက်၍ တရားသူကြီး၏ ဆင်ခြင်ဉာဏ်ဖြင့်သာ
ပြစ်ဒဏ်ချမှတ်ရခြင်းဖြစ်ကြောင်း သိရသည်။
ယခုနောက်ပိုင်းတွင် ဖြစ်ပွားသည့်
ပြစ်မှုများသည် ကြိုတင်ကြံစည်မှုက နည်းပါးပြီး လူငယ်အချင်းချင်းဖြစ်ပွားသော ပြဿနာများမှ
ရိုက်ကြနှက်ကြသည်သာရှိကြောင်း၊ သို့သော် အုပ်စုဖွဲ့ရမ်းကားမှုများတွင် လူသေဆုံးပါက ထောင်ဒဏ်
နှစ်၂၀ မှ တစ်သက်တစ်ကျွန်းထိ ချနိုင်ကြောင်း အလုံမြို့နယ်မှ အငြိမ်းစားတရားသူကြီးတစ်ဦးကပြောသည်။
နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့တွင်
ဖြစ်ပွားခဲ့သော လူသတ်မှု၌ အမျိုးသမီးတစ်ဦး အပါအ၀င် လူငယ်ကိုးဦးက အရက်သေစာသောက်စားထား၍
ရန်စမှုကြောင့်သာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည့်အတွက် ညဘက်အပြင်ထွက်လေ့ရှိသော ယောက်ျားလေးများအတွက်လည်း
စိုးရိမ်ပူပန်စရာများရှိလာသည်။ “အခုဆိုရင် ကိုယ်ကပြဿနာစမရှာရင်တောင် အုပ်စုလိုက်ရန်စလာရင်
ဘာမှမတတ်နိုင်ဘူး။ ဒါကြောင့် ညဘက်ဘောလုံးပွဲသွားကြည့်တာမျိုးတောင် သတိထားရတယ်”ဟု အမျိုးသားတစ်ဦးကပြောသည်။
အုပ်စုဖွဲ့ရမ်းကား လူသတ်မှုဖြစ်စဉ်များ
ဖြစ်ပေါ်ခဲ့သည့် မြောက်ဥက္ကလာပလူသတ်မှုတွင် ပြစ်မှုကျူးလွန်သူ ၂၀ ကျော်အနက် ၁၅ ယောက်အား
ဖမ်းဆီးထားနိုင်ခဲ့ပြီး၊ အောက်တိုဘာ ၂၃ ရက်က ဖြစ်ပွားခဲ့သော နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့၌ဖြစ်သော
ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူ ကိုးဦးစလုံးကို ဖမ်းဆီးနိုင်ခဲ့သည်ဟုဆိုသည်။ အောက်တိုဘာ
၁ ရက် ညက အင်းလျားကန်ပေါင်တွင် ဖြစ်ပွားသော
ဆိုင်ကယ်စီးအုပ်စုဖွဲ့ရိုက်နှက်မှု
၁၄ ဦးတွင် သုံးဦးကိုသာ လက်ရဖမ်းဆီးရရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ
သတင်းရရှိသည်။
Myanmar Express
နေပြည်တော် နိုဝင်ဘာ ၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဆွစ်ဇာလန် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်
နိုင်ငံတော်ကောင်စီဝင် H.E. Mr. Didier Burkhalter အား ယနေ့ ညနေ(၃)နာရီတွင်
နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင်
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့်
ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဆွစ်ဇာလန်နိုင်ငံ
နိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတော်ကောင်စီဝင်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ
ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Christoph Burgener လည်း တက်ရောက်သည်။
တွေ့ဆုံရာ၌ နှစ်နိုင်ငံရင်းနှီးသော
ဆက်ဆံမှုများ တိုးတက်အောင်ဆောင်ရွက်ရေး၊ စားသောက်ကုန်နှင့် သဘာဝထွက်ကုန်များအား
တန်ဖိုးမြှင့်တင်ထုတ်လုပ်နိုင်ရေး၊ ပြန်လည် ထူထောင်ရေး နှင့် လူသားချင်းစာနာ
ထောက်ထားမှုဆိုင်ရာတို့တွင် ပူးပေါင်း ဆောင်ရွက်ရေး၊ သဘာဝဘေးဒဏ်ဆိုင်ရာ
ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး၊
ကျန်းမာရေး၊စားနပ်ရိက္ခာနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်နိုင်ရေးနှင့်
ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တို့နှင့်စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ
ဆွေးနွေးကြသည်။
Myanmar Express
ရခိုင်ပြည်အတွင်း မကြာမီကဖြစ်ပွားခဲ့သော ဘင်္ဂလီ-ရခိုင်အဓိကရုဏ်းကြောင့် မြောက်ဦးမြို့တွင်
ခိုလှုံ နေကြသော အိုးမဲ့အိမ်မဲ့ဒုက္ခသည်များမှာ အဟာရချို့တဲ့ပြီး ရောဂါဖြစ်ပွားမှုနှုန်းများ
တိုးလာနေကြောင်း သတင်း ရရှိသည်။
ဒုက္ခသည်များ၏
လိုအပ်ချက်များကို ကူညီထောက်ပံ့ပေးနေသော ဝံလက်ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ကိုဇော် ဇော်ထွန်းက "
အခု အလိုတော်ပြည့်ကျောင်းမှာ ရှိနေကြတဲ့ ဒုက္ခသည်တွေထဲမှာ နေမကောင်းတဲ့ လူနာ(၅၀)ကျော်
ရှိနေပါတယ်။ အဲဒီထဲမှာ ငါးနှစ်အောက် ကလေးငယ်တွေက ရောဂါအဖြစ်များပါတယ်။ မနေ့က သုံးလအရွယ်
ကလေးငယ်တစ်ယောက် အာဟာရချို့တဲ့လို့ ဆေးရုံပို့လိုက်ရပါတယ်။ အဓိက အဖြစ်များကြတဲ့ ရောဂါတွေကတော့
လူကြီးတွေက သွေးအားနည်း၊ ခေါင်းကိုက်ရောဂါ အဖြစ်များပါတယ်။ ကလေးငယ်တွေက နှာစေး၊ ချောင်းဆိုး၊
တုပ်ကွေးရောဂါနှင့် တစ်ချို့ကလေးတွေဆိုရင် ဗိုက်ထဲမှာ သန်ကောင်တွေ တွေ့ရပါတယ်။
" ဟု Arakantimes သို့ ပြောကြားသည်။
(ကသာ)
၈၈မျိုးဆက်ကျောင်းသား တပ်မတော်(မြောက်ပိုင်း)အတွင်းရောက်ရှိနေသော ဖမ်းဆီးခံအရပ် သူတစ်ဦး
နေရပ်ပြန်လိုသော်လည်း အခက်အခဲတွေ့ကြုံနေရပါတယ် ။၂၀၁၂ခုနှစ် မတ်လအတွင်း ၀ိုင်းမော်မြို့ နယ်အောင်မြေ၁တွင် နေ့စား မုန့်ညှင်းရိပ်လုပ်ကိုင်သူ
မပြည့်ပြည့်ဝင်း (အသက် ၁၉နှစ်)နှင့်အိမ်ရှင် သမီးဖြစ်သူ တို့အား ကေအိုင်အိုအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရပါသည်၊
မပြည့်ပြည့် ၀င်း၏ အဖိုးဖြစ်သူနှင့် သူ၏မိတ်ဆွေ များက ကေအိုင်အို တပ်တည်ရှိရာ လိုင်ဇာ အနီးစုံစမ်း ရာစုလှိုင်နှင်း ဆိုသူနှင့် အတူမပြည့်ပြည့်ဝင်း မှာ၈၈မျိုး ဆက်ကျောင်းသားတပ်မတော်အတွင်း
ရောက်ရှိနေကြောင်း ခိုင်လုံစွာသိရှိခဲ့ရပါသည်၊
Bangalardish Party 30-10-12ဘင်္ဂလာဒေ့ခ်ျနိုင်ငံရှိ မိမိနေအိမ်သို့ ရခိုင်ပြည်မှ
ပြန်လည် လာရောက်နေထိုင်မည့် ဘင်္ဂလီများအား လက်ရှိအာဏာရပါတီမှ အထွေထွေအတွင်းရေးမှူးက
ကိုယ့် အိမ်ကို မီးရှို့သူနှင့် အကြမ်းဖက်သမားများကို လက်ခံလိမ့်မည်မဟုတ်ကြောင်း ထုတ်ဖေါ်ပြောဆို
လိုက်ပြီး နယ်စပ်တစ်လျှောက် လုံခြုံရေးတပ်ဖွဲ့များကို တင်းကျပ်စွာ ချထားလျှက်ရှိကြောင်း
သိရှိရသည်။
ပါဝင်ဆွေးနွေး သူတစ်ဦးမှ
လက်ဆင့်ကမ်းလိုက်ပါသည်။
"လစာလည်းမရ မိသားစုနဲ့လည်းခွဲ တိုက်ခိုင်းတော့ ဒို့ရှေ့ ကပဲ။
ငါတို့ကို လိမ်ပြီးခိုင်းနေတာ သိပေမဲ့ ဒို့မိသားစုတွေက သူတို့လက်ထဲမှာ။
သေနတ်တွေ ယူပြီးပြေးကြမယ်။ ဒီတစ်ခါလိုက်ဖမ်းရင် ပြန်ပစ်ကြမယ်။
ဆွေးနွေးခါနီးတိုင်း ဒီတစ်ခါအဆင်ပြေမယ်ထင်တယ်ထင်တယ်နဲ့
ဒို့ကိုလူကြီးတွေလိမ်တာများဘီ။
နှာခေါင်းရှည်ကောင်တွေလာလာ ပြီးသွားဆွေးနွေးရင်ပျက်လာပြန်ပြီ။
ထမင်းလည်းမှန်မှန်မစားရဘူး။ ကျည်ဆံလည်းနဲနဲပဲပေးတယ်။
ဒို့စခန်းတွေ ဒို့သွားနေတာတွေ ဗမာရဲဘော် အကုန်သိတယ် သူတို့မလုပ်ချင်သေး
လို့ဆိုတာဟုတ်တယ်။
သူတို့မှာ လူကော လက်နက်ကြီးတွေကောအများကြီးဘဲ။
ကျည်ဆံလည်းတအားပေါတဲ့ကောင်တွေ ပေါက်ပေါက်ဖောက်သလို ပစ်တာ
နောက်တစ်ခါဆို သူတို့ကိုသွားမလုပ်တော့ဘူး။
ရခိုင်ပြည်နယ် တစ်ဝန်းတွင် (၃) ရက်အတွင်း ဓါး၊ လှံ၊ လက်နက်များကို နီးစပ်ရာ သက်ဆိုင်ရာ
လုံခြုံရေး တပ်ဖွဲ့ဝင်များသို့ အပ်နှံရန် ယနေ့တွင် သက်ဆိုင်ရာက ကြေညာသည်။အဆိုပါ ကြေညာချက်များကို
ယနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖေါ်ပြသည်။စာပါ အကြောင်းအရာများမှာ အောက်ပါအတိုင်း
ဖြစ်သည်။
အောက်တိုဘာ ၂၁ ရက်မှစတင်၍ ရခိုင်ပြည်နယ် အတွင်း မြို့နယ်အချို့တွင် ပဋိပက္ခများ ထပ်မံ
ဖြစ်ပွား လျက်ရှိရာ တစ်ဖက်နှင့်တစ်ဖက် လူမျိုးစု အချင်းချင်း အပြန်အလှန် မီးရှီု့မှုများအပြင်
သေဆုံး၊ ထိခိုက် ဒဏ်ရာရသူများရှိခဲ့သဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက
အရေးယူ ထိန်းသိမ်း ဆောင်ရွက်ခဲ့ပြီး ပြည်နယ် အာဏာပိုင် အဖွဲ့အစည်းများနှင့် မြို့မိမြို့ဖများက
ဝိုင်းဝန်း ထိန်းသိမ်း လျက်ရှိသည်။
အမေရိကန် သံအမတ်ကြီး ဒဲရစ် မက်ချယ် ( Derek Miitcheel) အဖွဲ့ ရမ်းဗြဲမြို့ကို လာရောက်လည်ပတ်
ကြည့်ရှု့သည့် နေ့တွင်ပင် အဆိုပါ မြို့နယ်တွင် ရခိုင်အမျိုးသား တစ်ဦး လည်ပင်း ဓါးနှင့်လှီး
သတ်ဖြတ် ခံခဲ့ရသည်ဟု သတင်း ရရှိသည်။
ရှေးဟောင်း
အမွေအနှစ် ရမ်းဗြဲမှ ကိုရန်တောင် ဘုရား။
အမေရိကန်
သံအမတ်ကြီးသည် ယမန်နေ့ အောက်တိုဘာလ ၁ ရက်နေ့ နေ့လည် တစ်နာရီတွင် ရမ်းဗြဲမြို့ကို နယ်စပ်ရေးရာ
ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး အပါအ၀င် တစ်ခြား အနောက်နိုင်ငံ သံအမတ်ကြီးများနှင့်
အတူ လာရောက် လည်ပတ်ကြည့်ရှု့ခဲ့သည်။
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့အနေဖြင့် အစိုးရတပ်များနှင့် တိုက်ပွဲဖြစ်နေသော ကာလ
အတွင်း လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ စခန်းမျာပြုပြင်ရန် ရွာသားများကို အတင်းအဓမ္မ
ခိုင်း စေခြင်း စသော လူ့အခွင့်အရေးချိုးဖောက်မှုများကို အဆက်မပြတ်ဆောင်ရွက်လာပါသည်။
နိုဝင်ဘာလ(၁)ရက်နေ့ နံနက်(၁၀)နာရီတွင် သံတွဲမြို့ရှိ ဗလီများနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး
ကျောင်းများအား စစ်တပ်နှင့်ရဲပေါင်းပြီး ရှောင်တခွင် ဝင်ရောက်စစ်ဆေးခဲ့ရာ သံတွဲမြို့ရှိ
ဂျာမဲ့ဗလီအတွင်း သိမ်းဆည်း ဝှက်ထားသည့် လက်နက်များ ဖမ်းဆီးရမိကြောင်း ဒေသခံတစ်ဦး၏
သတင်းပေးပို့ချက်အရ သိရသည်။
အစိုးရနှင့်
တစ်နှစ်ကျော်ကြာတိုက်ပွဲဖြစ်ပွားနေသော KIA အဖွဲ့အနေဖြင့် ရိက္ခာပြတ်လပ်လျက်ရှိကြောင်း
သိ ရပါတယ်။ KIA အဖွဲ့အနေဖြင့် ကချင်ပြည်သူများအား မတရားညှဉ်းပန်းနှိပ်စက်ခြင်း၊ လူ့အခွင့်အရေး
ချိုး ဖောက်ခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူလူထုမှ ရွံရှာမုန်းတီးနေကြောင်း
သိရပါတယ်။ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲများကြောင့် ဒေသအတွင်း စားနပ်ရိက္ခာပြတ်လပ်ကာ
ပြည်သူ များ ဒုက္ခပင်လယ်ဝေနေခဲ့ရပါတယ်။ ထိုကဲ့သို့ ပြည်သူများ ဒုက္ခရောက်နေချိန်တွင်
KIA အဖွဲ့မှ ဆက်ကြေး ငွေများကို တိုးမြှင့်ကောက်ခံနေပြီး မပေးပါက အသက်အန္တရာယ်ကိုပင်
စိုးရိမ်ရတဲ့ အခြေအနေကိုရောက်ရှိ နေပါတယ်။
ရခိုင်တွင်
ပေါ်ပေါက်နေသော ဆူပူ အကြမ်းဖက်မူများကြောင့် မြန်မာ- ဘင်္ဂလာနယ် စပ် ပင်လယ်ပြင်တွင်
နှစ်ဘက် နိုင်ငံ၏ ရေတပ် သင်္ဘောများကို တိုးချကာ လုံခြုံရေး မြှင့်တင် ထားကြောင်း သတင်း
ရရှိသည်။ ယခု တိုးချထားမူမှာ ၂၀၀၈ ခုနှစ်ကဲ့သို့ တစ်ဘက်နှင့် တစ်ဘက် ရန်စောင် တိုက်ခိုက်ရန်
အတွက် မဟုတ်ဘဲ မြန်မာနို်င်ငံမှနေပြီး ဘင်္ဂလားဒေခ်ျ့ဘက်သို့ ထွက်ပြေးသူများကို တားဆီးရန်
အတွက် ဖြစ်သည်ဟု သိရသည်။“ အဓိကတော့ ဒီ ဘင်္ဂလာ ဘက်ကလည်း မြန်မာဘက်က ထွက်ပြေး လာတဲ့ လူတွေကို
တားဆီးဖို့ အတွက် ရေတပ်သင်္ဘောတွေကို နယ်စပ်မှာ အများကြီးတိုးချထားပါတယ်။။ မြန်မာ ဘက်ကလည်း
ရေတပ် သင်္ဘောတွေ အများကြီးရှိနေပါတယ်။ သူ့တို့ကလည်း နိုင်ငံကနေ ဒီဘက်ကို လူတွေ ကို အထွက်
မပေးဘူးဗျာ” ဟု တက်ကနက် ဆိပ်ကမ်းတွင် ရှိနေသူ စီးပွားရေး သမား တစ်ဦးက ပြောသည်။
သပြေကုန်းရွာအုပ်ချူပ်ရေးမှူးသည်ဆင်းရဲသူများနေစရာထိုင်စရာမရှိသောကြောင့်ဆင်းရဲသူကျေးရွာသူများကိုလယ်ကွင်းအစပ်နားတွင်နေစရာချပေးခဲ့ပါသည်။ဆင်းရဲသည့်နေစရာမရှိသူများကလည်းအထက်ကဖယ်ခိုင်းလျှင်ဖယ်ပေး
မည်ဟုကတိထားရှိခဲ့ကြသည်။ ယခုအခါ NLD ပါတီဝင်များ မှအုပ်ချူပ်ရေးမှူး အားမလိုသော ကြောင့်(၁၀)သိန်းဖြင့်ရောင်း
စားသည်ဟုတိုင်ကြားပါသည်။ ဆင်းရဲသူများမှာ လည်းထို မြေ၀ယ် ယူရန်(၁၀) သိန်းမတတ်နိုင်ပါ။ယခုအခါထိုမလျှော်မ
ကန်တိုင်ကြားသည့်အမှူ့ ကြောင့်ဆင်းရဲ သူများ မှာနေစ ရာထိုင်စရာမရှိဖြစ်နေရပါသည်။ထို
့ကြောင့်လေးစားရပါသော NLDပါတီ အနေဖြင့် အကျိုးအကြောင်း ကောင်း၊မကောင်းစိစစ်ပြီးမှတိုင်ကြားပါရန်လေးစားစွာအသနားခံတင်ပြအပ်ပါ
သည်။ အဆိုပါ အုပ်ချုပ်ရေးမှူးမှာ လည်းအထက် ပါပါတီဝင်များ(၂)ကြိမ်တိတိတိုင်ကြားမှုကိုအောင်မြင်
စွာဖြေ ရှင်းပြီးဖြစ် သည်။ယခုအခါ(၃) ခါမြောက် တိုင်ကြားမှူသည်ဆင်း ရဲသူများအတွက် ထိခိုက်ပါသဖြင့်
တင်ပြ ရခြင်းဖြစ် ပါသည်။