Monday, August 13, 2012
ဒုတိယသမ္မတနေရာရွေးချယ်ကြောင်း
Posted by drmyochit
Monday, August 13, 2012, under ပြည်တွင်းသတင်းများ | 1 comment
အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ တောင်ကြီးမှာ ကျင်းပ
Posted by drmyochit
Monday, August 13, 2012, under ပြည်တွင်းသတင်းများ | No comments
ဒီကနေ့မှာ
ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (International Youth Day) အခမ်းအနားကို
ရှမ်းပြည် နယ် တောင်ပိုင်းက လူငယ် အဖွဲ့အစည်းတွေ စုပေါင်းပြီး ဒီကနေ့
တောင်ကြီးမြို့မှာ ရှိတဲ့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှု ခန်း မမှာ တရားဝင်
ကျင်းပခွင့်ရခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံတွင်းမှာရှိတဲ့
လူငယ်တွေ အနေနဲ့ အခွင့်အရေး အခွင့်အလမ်းတွေ အပြည့်အ၀ ရရှိပြီး ပြည်ထောင်စု ငြိမ်း ချမ်းတိုးတက်ရေးမှာ
အခန်းကဏ္ဍတစ်ရပ် အဖြစ် ပါဝင်လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး မနက် ၉ နာရီခွဲမှာ အပြည်
ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနား ကျင်းပခဲ့တာဖြစ်တယ်လို့ ဖြစ်မြောက်ရေး
ကော်မတီဝင်တစ်ဦး ဖြစ်တဲ့ ကိုဝင့် ထယ်ကောင်းမြတ် က အာအက်ဖ်အေ ကို အခုလို
ပြောပါတယ်။
"ဒီနှစ်မှာပဲ
ကျနော်တို့က ခွင့်ပြုချက်တွေ ဘာတွေ သေချာတောင်းပြီးတော့ ပြည်နယ် အစိုးရကလည်း
ခွင့်ပြု ပေးပါ တယ်ဗျ။ ကျနော်တို့ လူငယ်အဖွဲ့အစည်း ပေါင်းစုံက ကျနော်တို့
ခေါင်းဆောင်ပိုင်း လူငယ်တွေ အကုန်လုံးစုပြီး ဒီ World Youth Day ဆိုတာ
မြန်မာနိုင်ငံမှာလည်း ရှိနေတယ်ဆိုတာကို ကျနော်တို့ လူငယ်တွေကို ချပြတယ်၊ ပြီးတော့
လူငယ်တွေရဲ့ ပေါင်းစည်းမှုတွေကို ကျနော်တို့က ဖော်ထုတ်ပေးတယ်၊ တစ်ယောက်ကို
တစ်ယောက် ခင်မင်ရင်း နှီးလာဖို့ပေါ။့ ပြီးလို့ရှိရင် သူတို့ရဲ့ capacity တွေ
မြင့်တက်လာဖို့အတွက် လူငယ်တွေရဲ့ ရင်ဖွင့်သံကို ကျနော်တို့က ဖော်ထုတ်လိုက်တဲ့
သဘောပါပဲ၊"
ဒါ့အပြင်
မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်ထု တစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ အဖွဲ့တွေ ဒေသ
အသီးသီးက လူငယ်တွေ ပါဝင်တဲ့ ကိုယ်စားပြုအဖွဲ့ ဖြစ်လာစေဖို့နဲ့ မြန်မာနိုင်ငံရှိ
တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ လူငယ်ညီလာခံ ကျင်းပလာနိုင်ပြီး လူငယ်တွေရဲ့
လက်ရှိ အဓိက လိုအပ်ချက်တွေကို ဖော်ထုတ် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပခဲ့တာ
ဖြစ်တယ်လို့ ဆိုပါတယ်။
အခမ်းအနား
ကျင်းပနိုင်ဖို့ အတွက်ကိုတော့ ရှမ်းပြည်တောင်ပိုင်းမှာ ရှိတဲ့ လူငယ်အဖွဲ့အစည်း ၆
ဖွဲ့က ကိုယ်စားလှယ် ခေါင်းဆောင်တွေ စုစည်းပြီး ကော်မတီတစ်ရပ်
ဖွဲ့စည်းလုပ်ဆောင်ခဲ့တာ ဖြစ်သလို ဒီကော်မတီကနေ ရှမ်းပြည်နယ်က
လူငယ်ဖွံ့ဖြိုးရေးတွေမှာ အဓိက ဆက်ပြီး ဦးဆောင်ပါဝင် လှုပ်ရှားသွားမှာ ဖြစ်တယ်လို့
ကိုဝင့်ထယ်ကောင်းမြတ် က ပြောပါတယ်။
"ကျနော်တို့က
အဖွဲ့အစည်း တစ်ဖွဲ့ချင်းစီလည်းပါတယ်၊ ဗုဒ္ဓဘာသာ လူငယ်၊ ပအိုဝ်း လူငယ်ပေါ့နော်။
အဲ့လိုမျိုး အဖွဲ့ပေါင်းစုံ ကျနော်တို့ အဲန်အယ်လ်ဒီ ကလည်း လူငယ် ပါတယ်ပေါ့၊
ဒါပေမယ့် ကျနော်တို့က အဲ့ဒီ အရောင်တွေကို ဖယ်လိုက်တယ်၊ ဖယ်လိုက်ပြီးတော့ လူငယ်ဆိုတဲ့
ခေါင်းစဉ်အောက်မှာပဲ လှုပ်ရှားတယ်၊ နောက်ပိုင်းဆိုရင်တော့ ဒီကော်မတီလေးကတော့
ဆက်ရှိနေမယ်။ ပြီးတော့ ဒီ ရှမ်းပြည်နယ်ရဲ့ လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆက်လုပ် ဖို့ရှိပါတယ်၊
အဲ့ကျရင်လည်း ဒီကော်မတီလေးနဲ့ပဲ ဆက်ပြီး လုပ်ဆောင်သွားပါမယ်။"
အခု
ညပိုင်းမှာတော့ ရှမ်းစာပေနဲ့ယဉ်ကျေးမှု ခန်းမမှာ ညစာနဲ့ကျွေးမွေး
ဧည့်ခံမှာဖြစ်ပြီး လက်မှတ်တစ်စောင်ကို လူတစ်ယောက် ကျပ်တစ်ထောင်နှုန်းနဲ့
ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ရရှိတဲ့ ငွေတွေကိုတော့ ကချင်ပြည်နယ်က စစ်ပြေး
ဒုက္ခသည်တွေကို အကူအညီ ပေးသွားမယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံနှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသော Dokdo ကျွန်းစုသို့ တောင်ကိုရီးယား သမ္မတ အလည်အပတ် သွားရောက်မည်ဆိုခြင်း
Posted by drmyochit
Monday, August 13, 2012, under နိုင်ငံတကာသတင်းများ | No comments
Xinhuanet.com;Aug-10(Fri)
တောင်ကိုရီးယားနှင့် ဂျပန်
နှစ်နိုင်ငံစလုံး ကပိုင်ဆိုင်ကြောင်း အငြင်းပွားနေသော Dokdo ကျွန်းစုသို့ တောင်ကိုရီးယားသမ္မတ
လီမြောင်ဘတ်သည် သြဂုတ်လ ၁ဝ ရက်နေ့တွင် အလည်အပတ် သွားရောက်ရန် စီစဉ်လျက်ရှိသဖြင့် ၄င်းအလည်
အပတ်ခရီးကို ဂျပန်နိုင်ငံက ကန့်ကွက်ဆန္ဒပြမှုနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ခန့်မှန်းချက်များ
ထွက်ပေါ် လျက်ရှိပါသည်။ တောင်ကိုရီးယားနိုင်ငံတွင် Dokdo ဟုခေါ်ပြီး ဂျပန်နိုင်ငံတွင်Takeshima
ဟုခေါ်သည့် အငြင်းပွားနေသော ကျွန်းစုများ၏ အနောက်ဘက် ၉ဝ ကီလိုမီတာ ခန့်အကွာရှိ Ulleung ကျွန်းသို့ လီမြောင်ဘတ်က
အလည်အပတ် ခရီးဆက်လက် သွားရောက်ပြီး နောက်တွင် အဆိုပါ Dokdo ကျွန်းစုသို့ အလည်အပတ် ခရီးသွားရောက်နိုင်
ဖွယ်ရှိကြောင်း တောင်ကိုရီးယား သမ္မတရုံးအဖွဲ့၏ ဖော်ပြချက်အရသိရှိရပါသည်။
စစ်ပွဲလွန်ကာလစေ့စပ်ညှိနှိုင်းမှုပြုလုပ်ရန်အတွက် သီရိလင်္ကာနိုင်ငံသို့ ကုလသမဂ္ဂမှ အဖွဲ့တစ်ဖွဲ့လာရောက်မည်ဆိုခြင်း
Posted by drmyochit
Monday, August 13, 2012, under နိုင်ငံတကာသတင်းများ | No comments
Xinhuanet.com;Aug-8(Thu)
ကုလသမဂ္ဂမှ အဖွဲ့တစ်ဖွဲ့သည်
စစ်ပွဲလွန် ကာလ စေ့စပ်ညှိနှိုင်း မှုပြုလုပ်ရန် သီရိလင်္ကာ နိုင်ငံသို့ စက်တင်ဘာလ အတွင်း
လာရောက် မည်ဖြစ်ကြောင်း၊ သို့သော် ၄င်းတို့၏
တွေ့ရှိချက်များ နှင့်ပတ်သက်၍ တုံ့ပြန်အစီ ရင်ခံမှုများ အပေါ် ထည့်သွင်း စဉ်းစားမည်မ
ဟုတ်ကြောင်း သီရိလင်္ကာ အစိုးရမှ အခိုင်အမာ ပြောကြားချက်အား သီရိလင်္ကာ အရာရှိတစ်ဦးက သြဂုတ်လ ၉ ရက်နေ့တွင် ပြောကြား
ခဲ့ပါသည်။ သီရိလင်္ကာ အစိုးရအနေဖြင့် စေ့စပ်ညှိ
နှိုင်းမှုများ ပြုလုပ်ရေး နှင့်ပတ်သက်၍ ကုလသမဂ္ဂမှ အဖွဲ့တစ်ဖွဲ့ လာရောက် မည်ဆိုသော သတင်းထုတ်
ပြန်ချက်၏ နောက်ဆက် တွဲအဖြစ် အစိုးရအဖွဲ့ ပြောရေးဆို ခွင့်ရှိသူနှင့် ပြန်ကြားရေးဝန်ကြီး
Keheliya Rambukwella
က အပြင်းအထန်တုံ့ပြန် ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ သီရိလင်္ကာအစိုးရ ၏ဖိတ်ခေါ်မှုကြောင့်
ကုလသမဂ္ဂအဖွဲ့သည် သီရိလင်္ကာသို့ လာရောက်မည် ဆိုသော်လည်း ၄င်းတို့သည် လေ့လာသူများ သာဖြစ်ပြီး
အကြံပေးအဖြစ် ဆောင်ရွက် ခွင့်ရှိသူများ မဟုတ်ကြောင်း Keheliya ကပြောကြားခဲ့ပါသည်။
အစ္စ လာမ်ဘာသာဝင် (၁ဝဝ)ခန့် ဆန္ဒ ထုတ်ဖော်ရန် အစီအစဉ်ရှိ
Posted by drmyochit
Monday, August 13, 2012, under ပြည်တွင်းသတင်းများ | No comments
From - Messanger Journal
သြဂုတ်လ၊ ၁၃ ရက်နေ့ နေ့လည် ၁
နာရီအချိန်တွင် ကမ္ဘာ အေးဘုရားလမ်းပေါ်ရှိ သာသနာရေး ဝန်ကြီးဌာန ရုံး ဟောင်းအနီး
စာတိုက် မှတ်တိုင်တွင် စုရပ်လုပ်၍ ဟာ့ဂ်ျ ခရီးသွားကိစ္စနှင့် ပတ်သက်၍ သြဂုတ်လ၊ ၁၃
ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် ကမ္ဘာ အေးဘုရားလမ်းပေါ်ရှိ သာသနာရေး ဝန်ကြီးဌာန
ရုံးဟောင်းအနီး စာတိုက် မှတ်တိုင်တွင် စုရပ် လုပ်၍ ဟာ့ဂ်ျ ခရီးသွားကိစ္စနှင့်
ပတ်သက်၍ အစ္စ လာမ်ဘာသာဝင် (၁ဝဝ)ခန့် ဆန္ဒ ထုတ်ဖော်ရန် အစီအစဉ်ရှိကြောင်း သြဂုတ်လ၊ ၁၁
ရက်နေ့ နေ့လည် (၃)နာရီတွင် ပြုလုပ်သော ခရီးသွား ကုမ္ပဏီများ သတင်းစာရှင်းလင်းပွဲ မှ
သတင်း ရရှိသည်။ ''အဓိကဖော်ထုတ်မှာက တော့
ဟာ့ဂ်ျခရီးသွားလာရေး ကိစ္စ
တွေနဲ့ ပတ်သက်လို့ ဘာသာရေး အဖွဲ့တွေက ဆုံးဖြတ်လုပ်ကိုင်ခွင့် မရဘဲနာမည်ပျက်ရှိတဲ့
ခရီးသွားကုမ္ပဏီတွေကိုသာ ဆက်လက်လုပ် ကိုင်ခွင့် ပေးနေတာနဲ့ ပတ်သက်လို့
ဘာသာရေးအဖွဲ့တွေကို လုပ်ကိုင် ခွင့်ပေးဖို့ ဆန္ဒထုတ်ဖော်မှာပါ''ဟု စိန်မြတ်နိုး
ခရီးသွားလာရေးကုမ္ပဏီ မှ ဒါရိုက်တာဦးစိန်မြင့်ကပြောသည်။
လာမည့် သြဂုတ်လ ၁၃ ရက် နေ့တွင်
သာသနာရေးဝန်ကြီးဌာနမှ ဆယ်ဦးကော်မတီ ဖွဲ့စည်းရန် အစည်းအဝေး ပြုလုပ်မည်ဖြစ် ကြောင်း
သိရသည်။ ယင်းအစည်း အဝေးသို့ အစ္စလာမ်ဘာသာနှင့် သက်ဆိုင်သော အဖွဲ့သုံးဖွဲ့ကိုသာ
ဖိတ်ကြားထားပြီး ယခုနှစ် ဟာ့ဂ်ျ ခရီးသွားလာရေးကိစ္စများနှင့် ပတ် သက်ပြီး
အဓိကလုပ်ကိုင်နေသော ကုမ္ပ ဏီ အများစုတွင် ယခင်နှစ်က နာမည်ပျက်ရှိခဲ့သော ကုမ္ပဏီများ
ပြန်လည်ပါဝင်နေခြင်းကြောင့် ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်းသိရသည်။
ရှိကြောင်း သြဂုတ်လ၊ ၁၁ ရက်နေ့
နေ့လည် (၃)နာရီတွင် ပြုလုပ်သော ခရီးသွား ကုမ္ပဏီများ သတင်းစာရှင်းလင်းပွဲ မှ
သတင်းရရှိသည်။
''အဓိကဖော်ထုတ်မှာက တော့ ဟာ့ဂ်ျခရီးသွားလာရေး ကိစ္စ တွေနဲ့ ပတ်သက်လို့ ဘာသာရေး အဖွဲ့တွေက ဆုံးဖြတ်လုပ်ကိုင်ခွင့် မရဘဲနာမည်ပျက်ရှိတဲ့ ခရီးသွားကုမ္ပဏီတွေကိုသာ ဆက်လက်လုပ် ကိုင်ခွင့် ပေးနေတာနဲ့ ပတ်သက်လို့ ဘာသာရေးအဖွဲ့တွေကို လုပ်ကိုင် ခွင့်ပေးဖို့ ဆန္ဒထုတ်ဖော်မှာပါ''ဟု စိန်မြတ်နိုး ခရီးသွားလာရေးကုမ္ပဏီ မှ ဒါရိုက်တာဦးစိန်မြင့်ကပြောသည်။
''အဓိကဖော်ထုတ်မှာက တော့ ဟာ့ဂ်ျခရီးသွားလာရေး ကိစ္စ တွေနဲ့ ပတ်သက်လို့ ဘာသာရေး အဖွဲ့တွေက ဆုံးဖြတ်လုပ်ကိုင်ခွင့် မရဘဲနာမည်ပျက်ရှိတဲ့ ခရီးသွားကုမ္ပဏီတွေကိုသာ ဆက်လက်လုပ် ကိုင်ခွင့် ပေးနေတာနဲ့ ပတ်သက်လို့ ဘာသာရေးအဖွဲ့တွေကို လုပ်ကိုင် ခွင့်ပေးဖို့ ဆန္ဒထုတ်ဖော်မှာပါ''ဟု စိန်မြတ်နိုး ခရီးသွားလာရေးကုမ္ပဏီ မှ ဒါရိုက်တာဦးစိန်မြင့်ကပြောသည်။
လာမည့် သြဂုတ်လ ၁၃ ရက် နေ့တွင်
သာသနာရေးဝန်ကြီးဌာနမှ ဆယ်ဦးကော်မတီ ဖွဲ့စည်းရန် အစည်းအဝေး ပြုလုပ်မည်ဖြစ် ကြောင်း
သိရသည်။ ယင်းအစည်း အဝေးသို့ အစ္စလာမ်ဘာသာနှင့် သက်ဆိုင်သော အဖွဲ့သုံးဖွဲ့ကိုသာ
ဖိတ်ကြားထားပြီး ယခုနှစ် ဟာ့ဂ်ျ ခရီးသွားလာရေးကိစ္စများနှင့် ပတ် သက်ပြီး
အဓိကလုပ်ကိုင်နေသော ကုမ္ပ ဏီအများစုတွင် ယခင်နှစ်က နာမည်ပျက်ရှိခဲ့သော ကုမ္ပဏီများ
ပြန်လည်ပါဝင်နေခြင်းကြောင့် ယခုကဲ သို့ဆန္ဒ ဖော်ထုတ်ရခြင်းဖြစ်ကြောင်းသိရသည်။
၆၂ နှစ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနားကျင်းပ
Posted by drmyochit
Monday, August 13, 2012, under ပြည်တွင်းသတင်းများ | No comments
From - ပေါ်ပြုလာဂျာနယ်
ယနေ့တွင် ကျရောက်သည့် ၆၂
နှစ်မြောက် ကရင်အာ ဇာနည်နေ့အခမ်း အနားတရပ်ကို ကရင်ပြည်နယ်လှိုင်းဘွဲမြို့နယ် ရှိ
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၇ ဌာနချုပ်တွင် ကျင်းပ ခဲ့သည်။
အခမ်းအနားတွင် KNLA တပ် မဟာ ၇ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောေ ဂျာ်နီ က
ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ကရင်အ မျိုးသားအ လံ နှင့် ကျဆုံး သွားသည့်အာဇာနည်များကို
တက်ေ ရာက် လာ သည့် က ရင်အမျိုးသားများနှင့်အတူ အလေးပြုခဲ့ကြပြီး ကရင်အမျိုးသား
အစည်း အ ရုံး KNU ဥက္ကဌပေးပို့ခဲ့သည် ကရင်အာဇာနည်နေ့ မိန့်ခွန်းကို ပဒိုလေးတော
ကဖတ်ကြားခဲ့သည်။KNU ဥက္ကဌ ၏မိန့်ခွန်းတွင်"သမတဦးသိန်းစိန်ကိုတိုက်တွန်းလိုသည်မှာ
တိုင်းရင်းသားများနှင့် စစ်မှန်သောငြိမ်းချမ်းရေးကိုတည်ဆောက်ပြီး
ခေတ်မှီဖွံ့ဖြိုးတိုးတက်သောဒီမိုကရေစီနိုင်ငံသစ်သို့ချီတက်လိုလျှင် ပွင့်လင်း မြင်သာမှုရှိသော
နိုင်ငံရေးအရအဓိပါယ်ပြည့်ဝသည့် တွေ့ဆုံဆွေးနွေးမှုများကိုပြုလုပ်ရမည် ထိုသို့ မဟုတ်ပါက
ပြည်တွင်းစစ်ဆက်လက် ဖြစ်ပွားနေမည်ပင်ဖြစ် သည်"ဟုပါရှိသည်။KNLA တပ်မဟာ ၇ သည်
နှစ်ဘက် အကြားငြိမ်းချမ်းရေးဆိုင်ရာဆက်သွယ်မှုများကို
အစိုးရနှင့်ပုံမှန်ဆက်ဆံမှုပြုနိုင်ရန်အတွက် ယခုလ ၁၈ ရက်နေ့တွင်
ကရင်ပြည်နယ်မြ၀တီမြို့၌ ဆက်ဆံရေးရုံးတခုကိုဖွင့်လှစ်ရန်ရှိသည်ဟု တပ်မဟာ ၇ မှတပ်မှူးတဦးကပြောသည်။
အလားတူအခမ်းအနားများကို KNU လက်အောက်ခံ ဘိတ်ထားဝယ်၊ ဒူးပလာယာ၊ ဘားအံ၊ သထုံ၊ ညောင်လေးပင်၊
တောင်ငူ၊ဖာပွန်၊စသည့်ခရိုင် ၇ ခုနှင့်တပ်မဟာ ၇ ခု တွင်လည်းကျင်းပပြုလုပ်ခဲ့ကြသည်။KNU
အဖွဲ့သည် အစိုး ရငြိမ်း ချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့်ဒုတိယအကြိမ်မြောက်ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးကြပွဲကို
ဘားအံမြို့ ၌ ယခုလ၂၇-၂၈-၂၉-ရက်နေ့များတွင်ပြုလုပ်ရန်အတွက်နှစ်ဘက်တာဝန်ရှိသူများသဘောတူညီထားပြီးဖြစ်သည်ဟု
KNU ခေါင်းဆောင်တဦးကပြောသည်။
ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားတွေ ချင်းမိုင်မှာ တွေ့ဆုံ
Posted by drmyochit
Monday, August 13, 2012, under ပြည်တွင်းသတင်းများ | No comments
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေ အပါအ၀င် ပြည်နယ် ၇ ခုက တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးစီ ပါဝင်ဖွဲ့စည်းထားတဲ့ တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့ WGEC အဖွဲ့ဝင်တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သြဂုတ်လ ၅ ရက်ကနေ ၉ ရက် အထိ တွေ့ဆုံခဲ့ကြပါတယ်။
လက်ရှိ အစိုးရက နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးနေတာတွေနဲ့ ပတ်သက်လို့ တိုင်းရင်းသားအဖွဲ့ အားလုံး လက် ခံနိုင်မယ့် အချက်အလက်တွေကို ညှိနှိုင်းတိုင်ပင်ခဲ့ကြတယ်လို့ တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့ဝင် ဦးခွန်ဥက္ကာ က အာအက်ဖ်အေ ကို ပြောပါတယ်။
"အဓိကတော့ တိုင်းရင်းသားတွေ အားလုံး လက်ခံနိုင်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆွေးနွေးကြတာပါပဲ၊ Ethnic peace plan ကို အချောကိုင်တယ်၊ အဲ့ဒါကို ဘယ်လို အကောင်အထည် ဖော်မလဲ ဆွေးနွေးတယ်၊ နောက်ပြီးတော့ ဒီ Ethnic peace plan ကို နောက်ထပ် တိုင်းရင်းသား လူထု အဓိက အဖွဲ့အစည်းတွေ အမျိုးသမီးတွေ လူငယ်တွေ ရဲ့ ထောက်ခံမှု ရအောင် ဘယ်လို လုပ်မလဲပေါ့ဗျာ။ အဓိက အချက်ကတော့ ငြိမ်းချမ်းရေး လုပ်ထားတဲ့သူရော မလုပ်တဲ့သူရော ငြိမ်းချမ်းရေးလို့ မခေါ်နိုင်သေးဘူး။ အခုဟာကတော့ အပစ်အခတ်ရပ်စဲရေး ပဲ ရှိတာကိုး၊ အပစ်အခတ် ရပ်စဲရေးကနေ တဆင့် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ အတွက် ဘယ်လို လုပ်မလဲပေါ့။ အဲ့ဒါတွေ နည်း လမ်းရှာကြတာပေါ့။"
ဒါ့အပြင် အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာခဲ့ရင် တညီတညွတ် ပြောဆိုကြမယ့် ကိစ္စတွေ အတွက် ရှေ့လာမယ့် စက်တင်ဘာလအတွင်း ညီလာခံတစ်ခု ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ကြကြောင်းနဲ့ အဲဒီ ညီလာခံကိုလည်း ချင်းမိုင်မြို့မှာပဲ ကျင်းပဖို့ အလားအလာများကြောင်း သိရပါတယ်။
ဘင်္ဂါလီ ရိုဟင်ဂျာတွေကို ကူညီထောက်ပံ့ဖို့ မြန်မာ အစိုးရက ခွင့်ပြုကြောင်း OIC ကြေညာ
Posted by drmyochit
Monday, August 13, 2012, under ပြည်တွင်းသတင်းများ | No comments
ရခိုင်ပြည်နယ်က
ဘင်္ဂါလီ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့ မြန်မာအစိုးရက ခွင့်ပြုလိုက်ပြီ်
ဖြစ်ကြောင်း ဆော်ဒီအာရေဗျ အခြေစိုက် OIC ခေါ် အစ္စလာမ်မစ် ပူးပေါင်း
ဆောင်ရွက်ရေးအသင်းက စနေနေ့က ကြေညာ လိုက်ပါတယ်။
သောကြာနေ့က
ရန်ကုန်မြို့မှာ OIC ကိုယ်စားလှယ်အဖွဲ့နဲ့ သမ္မတ ဦးသိန်းစိန်တို့ ရခိုင်ပြည်နယ်
အခြေအနေနဲ့ ပတ်သက်ပြီး ပြောဆို ဆွေးနွေးခဲ့ကြပြီးတဲ့နောက် မြန်မာအစိုးရက
သဘောတူညီလိုက်တာ ဖြစ်ကြောင်း OIC က ပြောဆိုတယ်လို့ အေအက်ဖ်ပီင်္ သတင်းက ဖော်ပြပါတယ်။
လူသားချင်း
စာနာမှုဆိုင်ရာ အစ္စလာမ်ကူညီရေးအဖွဲ့တွေ အနေနဲ့ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဒဏ်
ခံစားခဲ့ရတဲ့ ဒေသခံ အားလုံးကို ထောက်ပံ့ ကူညီလိုတာ ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်ကို
OIC ကိုယ်စားလှယ် အဖွဲ့က အာမခံ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒီအတွင်း
ဆော်ဒီဘုရင် အဗ္ဗဒူလာက ရခိုင်ပြည်နယ်က ဘင်္ဂါလီ ရိုဟင်ဂျာတွေအတွက် ကူညီငွေ
အမေရိကန်ဒေါ်လာ သန်း (၅၀) ထောက်ပံ့ဖို့ ဆုံးဖြတ်လိုက်ကြောင်း ဆော်ဒီ SPA သတင်း က
ဖော်ပြပါတယ်။
အာရပ်စော်ဘွားများနိုင်ငံ
( UAE ) ကလည်း ရခိုင်ပြည်နယ်မှာ လူနည်းစု မူဆလင်တွေရဲ့ ဆင်းရဲဒုက္ခတွေ ကင်း ငြိမ်းသွားအောင်
တိုးတက် ဆောင်ရွက်ပေးကြဖို့ နိုင်ငံတကာ အသိုင်းအ၀န်းကို မနေ့က
တိုက်တွန်းလိုက်ပါတယ်။
အကြမ်းဖက်မီးရှို့မှု သံသယရှိသူ အာဏာပိုင်တွေ ဖမ်းဆီးစစ်ဆေး
Posted by drmyochit
Monday, August 13, 2012, under ပြည်တွင်းသတင်းများ | No comments
မကြာသေးခင်က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မီးရှို့မှုတွေနဲ့ ပတ်သက် တယ် လို့ ယူဆရသူတွေကို စစ်တပ်နဲ့ ဒေသ အာဏာပိုင်တွေက လိုက်လံ စစ်ဆေး ဖမ်းဆီးနေတယ်လို့ သိရပါတယ်။ကျောက် တော်မြို့နယ် တောင်ဘွေ ကျေးရွာသူတစ်ဦးက RFA ကို အခုလို ပြောပါတယ်။
မကြာသေးခင်က
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မီးရှို့မှုတွေနဲ့
ပတ်သက်တယ်လို့ ယူဆရသူတွေကို စစ်တပ်နဲ့ ဒေသ အာဏာပိုင်တွေက လိုက်လံ စစ်ဆေး
ဖမ်းဆီးနေတယ်လို့ သိရပါတယ်။ကျောက်တော်မြို့နယ် တောင်ဘွေ ကျေးရွာသူတစ်ဦးက RFA ကို
အခုလို ပြောပါတယ်။
"ရွာသားတွေကို
ခေါ်ပြီးတော့ စစ်ပါတယ်။ ၃ ရက်လောက်တော့ ရှိပြီ။ သူကရောက်လာပြီးတော့
ဒီအတိုင်းခေါ်ပြီးတော့ စစ်တယ်။ ဘယ်နေ့ ဘယ်နေ့ဆိုပြီးတော့ မရှိပါဘူး။ စာရွက်တွေနဲ့
လာပြီးတော့ ပေးတယ်။ သူတို့က မီးရှို့တဲ့ လူ တွေဆိုပြီးတော့။ အဲတာ သူတို့က
ခေါ်ပြီးတော့ စစ်တာပါ။ ဖမ်းဆီးမှုက ရှိပါတယ်"
စစ်တပ်နဲ့
အာဏာပိုင်တွေက တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံစစ်ဆေးနေပြီး ဒီကနေ့အထိ
ဖမ်းဆီးခံရသူတွေထဲမှာ တောင်ဘွေကျေးရွာက (၇) ယောက်၊ ကျောက်ဖြူရွာသစ်နဲ့ ကသစ်တော
ကျေးရွာက (၈) ယောက် အပါအဝင် (၁၅) ယောက်ထက် မနည်း ရှိနေပြီလို့ ဒေသခံတွေက
ပြောပါတယ်။
ဒါ့အပြင် မနေ့
နေ့လည်ပိုင်းကလည်း ကျောက်တော်မြို့နယ် ရွာသစ်ကေနဲ့ ကာညိုပြင် ကျေးရွာတွေမှာ
စစ်တပ်နဲ့ အာဏာပိုင်တွေက ရွာခံတွေကို ခေါ်ယူ စစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။
ကျောက်တော်မြို့နယ်မှာ
ပြီးခဲ့တဲ့ သြဂုတ်လ (၅) ရက်နေ့ကစပြီး ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ
ရိုဟင်ဂျာတွေအကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ နောက်ဆုံးရ သတင်းတွေအရ
ပဋိပက္ခတွေအတွင်း အနည်းဆုံး လူ (၁၃) ယောက် သေဆုံးပြီး ဆန်စက်တစ်လုံး အပါအ၀င် နေအိမ်
(၃၃၀) ကျော် မီးလောင်ဆုံးရှုံးခဲ့ရာမှာ လူဦးရေ (၃၀၀၀) လောက် ဒုက္ခရောက်ခဲ့ရတယ်လို့
သိရပါတယ်။
ဒါကြောင့်
ဒေသအာဏာပိုင်တွေက သြဂုတ်လ (၈) ရက်နေ့မှာ ကျောက်တော်မြို့နယ် တစ်ခုလုံးကို
ပုဒ်မ-၁၄၄ (ညမထွက်ရအမိန့်) ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိ အခြေအနေ မှာတော့
ကျောက်တော်မြို့မှာ အခြေအနေတွေ ငြိမ်သက်နေပေမဲ့ နှစ်ဖက် တင်းမာမှုတွေ
ရှိနေသေးတဲ့အတွက် နယ်ဘက်တွေမှာ စိတ်ချလို့ မရသေးတဲ့ အနေအထားမျိုး ရှိနေသေးတယ်လို့
ကျောက်တော်မြို့နယ် မဲဆန္ဒနယ် ပြည်နယ် လွှတ်တော်အမတ် ဦးစောငြိမ်းက ဆိုပါတယ်။
"၁၄၄
လည်းထုတ်ထားတယ်ဆိုတော့ လက်ရှိ အခြေအနေကတော့ မြို့ပေါ်မှာ တည်ငြိမ် အေးချမ်းမှုတော့
ရှိ နေပါတယ်ခင်ဗျ။ နယ်တွေဘက်တွေမှာ ကျတော့ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက်
တင်းမာမှုနဲ့ ပတ် သက်ပြီးတော့ ဒါမီးလောင်မှုတွေ ဖြစ်ပေါ်တယ်လေ။ လက်ရှိအခြေအနေ အရတော့
ကျွန်တော်တို့က ဒီ ၁၄၄ ထုတ်တာလည်း သိတ်မကြာသေးဘူးလေ။ ၁ ရက် ၂ ရက်ပဲ ရှိသေးတယ်။
ကျွန်တော်တို့ ဘယ်နေ့ ဘယ်အချိန်မှာ ဖြစ် လာမယ်ဆိုတဲ့ အကြောင်းကိုတော့
ကျွန်တော်တို့ မသိသေးဘူး"
ကျောက်တော်မြို့နယ်
တစ်ခုလုံးကို ပုဒ်မ-၁၄၄ ထုတ်ပြန်ပြီးတဲ့ နောက် မီးရှို့ခံရတဲ့ ကျေးရွာတွေ
တစ်ဝိုက်မှာ လုံခြုံ ရေးတပ်ဖွဲ့တွေ တင်းတင်းကြပ်ကြပ် ချထားတယ်လို့ သိရပါတယ်။
ဖို့ဝိန်းမြို့တွင် ပထမအကြိမ် ကရင့်အာဇာနည်နေ့ အခမ်းအနား ကျင်းပခဲ့
Posted by drmyochit
Monday, August 13, 2012, under ပြည်တွင်းသတင်းများ | No comments
သြဂုတ်လ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ စောစိုင်းစိုင်း
အမေရိကန်ပြည်ထောင်စု၊
အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့တွင် ၆၂နှစ်မြောက် ကရင့်အမျိုးသား အာဇာနည်နေ့
အခမ်း အနားကို ပထမ ဆုံးအကြိမ်အဖြစ် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင်
ကျဆုံးသွားခဲ့ကြသူ အာဇာနည်များအတွက် ၀မ်းနည်းကြေကွဲသည့် အထိမ်းအမှတ်အဖြစ် ကရင်အ မျိုးသားအလံတော်
ကို တိုင်တစ်ဝက်သာ လွှင့်ထူပြီး စတင် ဖွင့်လှစ်ခဲ့သည်။
၎င်းနောက်
အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ၏ မိန့်ခွန်းအပြင်
ကရင် လူငယ်အစည်းအရုံးနှင့် ကရင်အမျိုးသမီးအစည်းအရုံးတို့မှ ပေးပို့လာသော
အာဇာနည်နေ့အတွက် သ၀ဏ်လွှာများကို ဖတ်ကြားခဲ့ကြသည်။
ဖို့ဝိန်းမြို့တွင်
ကရင့်အာဇာနည်နေ့ အခမ်းအနား ကျင်းပရခြင်းမှာ ကရင်မျိုးဆက်သစ်များ
အာဇာနည်နေ့အကြောင်း နား လည်သိရှိရန်နှင့် မပြီးဆုံးသေးသော ကရင့်တော်လှန်ရေးကို
လက်ဆင့်ကမ်းနိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟု အခမ်းအနား ဖြစ်မြောက်ရေးကော်မ
တီမှ ဆရာစောရှီးလာက ပြောသည်။
ဖို့ဝိန်းမြို့တွင်
မြန်မာနိုင်ငံသား ၇,၀၀၀ဦးကျော်ရှိပြီး အခမ်းအနားသို့ ဖို့ဝိန်းမြို့နေ
ကရင်လူမျိုးများ၊ အခြားပြည်နယ်များမှ ကရင်များ၊ အခြားမြန်မာတိုင်းရင်းသားများနှင့်
နိုင်ငံခြားသားများ အပါအ၀င် လူဦးရေ တစ်ထောင်ကျော် တက် ရောက် ခဲ့ကြသည်။
ကရင်အမျိုးသား
အာဇာနည်နေ့ကို ၁၉၅၀ခုနှစ်၊ သြဂုတ်လ ၁၂ရက်နေ့က ကေအဲန်ယူ ဥက္ကဌ စောဘဦးကြီးနှင့် ရဲ ဘော်ရဲဘက်များ
ကျဆုံး ခဲ့သည့်နေ့ကို သတ်မှတ်ခဲ့ကြပြီး ကရင့်တော်လှန်ရေးနယ်မြေ၌သာမက
နိုင်ငံအသီးသီးရှိ ကရင်လူမျိုးများက နှစ်စဉ် ကျင်းပပြုလုပ်လေ့ရှိ ကြသည်။
မြန်မာ့လေကြောင်းက လေယာဉ်ဟောင်းများ နေရာတွင် အစားထိုးရန် လေယာဉ်သစ်များ ဝယ်ယူရန် စီစဉ်နေ
Posted by drmyochit
Monday, August 13, 2012, under ပြည်တွင်းသတင်းများ | No comments
From : Pyi Myanmar
ပို့ဆောင်ရေး ဝန်ကြီးဌာန၊ မြန်မာ့လေကြောင်း အနေဖြင့် ပြည်သူများ
အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန်နှင့် မကြာမီ သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည့်
F-28 လေယာဉ်များနေရာတွင် အစားထိုး လဲလှယ်ရန်အတွက် လေယာဉ်သစ်များကို ယခုနှစ်အတွင်း
ဝယ်ယူရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့လေကြောင်းမှ တာဝန်ရှိသူ တစ်ဦးထံမှ ၁-၈-၂၀၁၂
ရက်က သိရသည်။ “မြန်မာ့လေကြောင်းမှာ လက်ရှိအသုံးပြုနေတဲ့ F-28၊ MA-601 ATR နဲ့
Beech-1900D လေယာဉ်အမျိုးအစား လေးမျိုးမှာ F-28 အမျိုးအစား လေယာဉ်သုံးစင်းထဲက
တစ်စင်းက လာမယ့် ဒီဇင်ဘာ ၁ ရက်နေ့မှာ သက်တမ်းကုန်မယ်။ ကျန်တဲ့ နှစ်စင်းကလည်း
လာမယ့် ၂၀၁၃ သက်တမ်းကုန်မှာဖြစ်လို့ ဒီနှစ်ထဲမှာပဲ လေယာဉ်သစ်တွေ ဝယ်ယူဖို့
စီစဉ်နေပါတယ်။ ကနေဒါနိုင်ငံထုတ် Bombardier လေယာဉ် အမျိုးအစားထဲက ခရီးသည် ၉၀ ဦး
တင်ဆောင်နိုင်တဲ့ CRJ-900 လေယာဉ်ကို ဝယ်ယူဖို့ ရွေးချယ်ထားပါတယ်” ဟု ယင်းက ပြောသည်။
Bombardier (CRJ-900) လေယာဉ် အမျိုးအစားသည် ကမ္ဘာပေါ်တွင်
အသုံးအများဆုံးဖြစ်သည့် Boeing, Airbus လေယာဉ်များပြီးလျှင်
အသုံးအများဆုံးဖြစ်ပြီး လေယာဉ်များပြီးလျှင် အသုံးအများဆုံးဖြစ်ပြီး
မြန်မာ့လေကြောင်း အနေဖြင့် ၂၀၁၂-၂၀၁၃ တွင် ခရီးသည် ငါးသိန်းခန့် သယ်ဆောင်နိုင်ရန်
ရည်မှန်းထားကြောင်း သိရသည်။
ဆည်မြောင်းတာကျိုးပေါက်ခြင်း ကိစ္စရှင်းလင်းပွဲပြုလုပ်
Posted by drmyochit
Monday, August 13, 2012, under ပြည်တွင်းသတင်းများ | No comments
From : .hot news
ပန်းတနော်မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးစည်း ဝေးခန်းမတွင်
(၉.၈.၂၀၁၂) ရက်နေ့ ညနေ(၆)နာရီ အချိန်၌ မြို့နယ်အတွင်းရှိ နှဲကောအစွန်
ဆည်မြောင်းတာကျိုးပေါက်ခြင်း ကိစ္စရှင်းလင်းပွဲပြုလုပ်ခဲ့ပါသည်။
အဆိုပါ ရှင်းလင်းပွဲသို့ ဧရာ ၀တီတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမန်းသက်တင် နှင့်ဦးငြိမ်းမြိုင် ခရိုင်အုပ်ချုပ်ရေး မှူး ဦးအေးသောင်း ခရိုင်ဆည် မြောင်းဦးစီးမှူး ဦးဖြိုးမြင့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြဦးနှင့်နိုင်ငံ ရေးပါတီများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊မြို့ မိမြို့ဖများ သတင်းစာဆရာအသင်း ၀င်များ တက်ရောက်ခဲ့ပါသည်။
အဆိုပါ ရှင်းလင်းပွဲသို့ ဧရာ ၀တီတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမန်းသက်တင် နှင့်ဦးငြိမ်းမြိုင် ခရိုင်အုပ်ချုပ်ရေး မှူး ဦးအေးသောင်း ခရိုင်ဆည် မြောင်းဦးစီးမှူး ဦးဖြိုးမြင့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြဦးနှင့်နိုင်ငံ ရေးပါတီများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊မြို့ မိမြို့ဖများ သတင်းစာဆရာအသင်း ၀င်များ တက်ရောက်ခဲ့ပါသည်။
ခရိုင်အုပ်ချုပ်ရေးမှူးမှ ပန်း တနော်မြို့နယ် ရွှေလှေကျေးရွာ အုပ်စုခန့်မှန်းမြေပုံညွှန်း GP ၆၆၂၉၆၁ နှဲကောအစွန်ဆည်မြောင်း တာပေါ်သို့ မိုးရွာသွန်းမှုများပြီး ကွင်းရေလျှံကျမှုကြောင့် ပေ(၃၀) တစ်ပေါက် ပေ(၆၀)တစ်ပေါက် ပေ(၂၀)နှစ်ပေါက်၊ပေ(၁၅၀)တစ် ပေါက် စုစုပေါင်း(၅)နေရာ ကျိုး ပေါက်ခဲ့ကြောင်း အဆိုပါကျိုး ပေါက်နေရာများအား ၀ါးတိုင် စိုက် ယင်းကာပြီး ရေစီးအရှိန် နည်းစေရန်မြို့နယ်ဆည်မြောင်း ဦးစီးဌာနနှင့်တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးမန်းသက် တင်နှင့်ဦးငြိမ်းမြိုင် ဦးဆောင်သည့် ရေလုပ်ငန်းရှင်များမှ ကျွမ်းကျင် ရေလုပ်သားများနှင့်လှူဒါန်းကူညီ မှုများဖြင့်ဆောင်ရွက်ခဲ့ကြောင်း ခန့်မှန်းကုန်ကျငွေ(၅၂၈၀၀၀၀) ကုန်ကျမည်ဖြစ်ကြောင်း၊အချိန်နှင့် တစ်ပြေးညီဆောင်ရွက်ခဲ့ရာ(၁၀. ၈.၂၀၁၂)ရက်နေ့တွင် ပေ(၁၅၀) အပေါက်အား အပြီးသတ်ပိတ်ဆို့ နိုင်မည်ဖြစ်ကြောင်း အဆိုပါကျိုး ပေါက်မှုကြောင့် ပတ်ဝန်းကျင် ကျေးရွာအုပ်စု(၇)အုပ်စု၊ကွင်းပေါင်း (၃၈)ကွင်း၊လယ်ဧက(၁၅၀၀)ခန့် ရေကြီးနစ်မြှုပ်နိုင်ကြောင်း၊မိုးစပါး အများစုမှာ ရေနက်ကွင်းစပါးများ ဖြစ်၍ ထိခိုက်သော်လည်း ပျက် စီးမှုမရှိနိုင်ကြောင်း၊သက်ငယ်စပါး ခင်းများသာ ပျက်စီးနိုင်ကြောင်း၊ စိုက်ခင်းများပျက်စီးမှုကို ကွင်းဆင်း အဖွဲ့များဖြင့်တိကျစွာ စာရင်း ကောက်ယူပြီး ရေကျသွားပါက ရေကျနောက်စိုက်နှင့်နွေစပါးစိုက် ပျိုးနိုင်ရန် မျိုးနှင့်စိုက်စရိတ်ထုတ် ချေးရေး နွေစပါးစိုက်ပျိုးနိုင်ရန် ဆောင်းသီးနှံများစိုက်ပျိုးရေးကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မိမိကိုယ်တိုင်ကွင်းဆင်း စစ်ဆေး၍ နီးစပ်ရာ အုပ်စုများ ရှိ တောင်သူများနှင့်တွေ့ဆုံပြီးဖြစ် ကြောင်းရှင်းလင်းသွားပါသည်။ တက်ရောက်လာသူများမှအကြံ ဥာဏ်များပေးကြပြီး ရှင်းလင်းပွဲ ကို ည(၇)နာရီတွင် ရုတ်သိမ်းလိုက် ပါသည်။
နှစ်ပေါင်း ၃၆ဝဝ သက်တမ်းရှိ ဖြတ်တောက်ခြင်း ခံထား ရသော ညာဘက် လက်များ အားသုတေ သီများ အီဂျစ်၌ တူးဖော်တွေ့ရှိ
Posted by drmyochit
Monday, August 13, 2012, under နိုင်ငံတကာသတင်းများ | No comments
(ကိုင်ရို သြဂုတ် ၁၁)
ရှေးဟောင်း သုတေသန ပညာရှင် များသည် အီဂျစ်နိုင်ငံ၏
မြို့ဟောင်း တစ်ခုဖြစ်သော အေဗရစ်မြို့ (ယခုအခေါ် တယ်အဲလ်ဒါ ဘာမြို့) အတွင်းရှိ
နန်းတော် ဟောင်းတစ်ခု အတွင်း၌ ဖြတ်တောက် ခံထားရသော ညာဘက်လက် ၁၆ ဖက်ကို တူးဖော်
တွေ့ရှိခဲ့ရကြောင်း အင်တာနက် သတင်း တစ်ပုဒ်အရ သိရ သည်။
အဆိုပါ လက်များကို လွန်ခဲ့သော နှစ်ပေါင်း ၃၆ဝဝ ခန့်က
မြှုပ်နှံခဲ့ခြင်း ဖြစ်ပြီး လက်များ၏ ပိုင်ရှင် များမှာ ရှေးယခင် စစ်သည်တော် များ၏
ရန်သူများ ဖြစ်ကြသည့် Hyksos တို့၏ လက်များ
ဖြစ်နိုင်သည်ဟု ယူဆ ရကြောင်း သုတေသီ များက ပြောကြားသည်။ တွေ့ရှိခဲ့ သည့် လက်၁၆
ဖက်အနက် နှစ်ဖက်ကို ဘုရင့် ပလ္လင်တော် ထားရှိရာ နန်းတော် အခန်းဟု ယူဆရသည့်
အဆောက်အအုံ၌ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ကျန် ၁၄ ဖက် ကိုမူ နန်းတော်၏ အပြင်
ဘက်အပိုင်း၌ တူးဖော် တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အီဂျစ် နိုင်ငံတွင် ရှေးယခင်က စစ်သည်တော် များသည်
၎င်းတို့ စစ်နိုင် လာပါက ၄င်းတို့၏ စွမ်းအား ထာဝရ တည်မြဲရေးနှင့် ရန်သူတို့က
မိမိတို့အား လုံးဝ အနိုင် မရစေရ ဟူသော ရည်ရွယ်ချက်ဖြင့် စစ်ရှုံးသူ ရန်သူများ၏
ညာလက် များကို ဖြတ်တောက် လေ့ရှိကြောင်း၊ ယင်းလက် ပြတ်များကို ရွှေနှင့် အလဲအလှယ်
လုပ်ခဲ့ ကြသည့် ဓလေ့ ရှိခဲ့ကြောင်း အီဂျစ်လူမျိုး များ၏ ရှေးဟောင်း စာပေများ၌
ဖော်ပြ ထားသည်ဟု သုတေသီ ခေါင်းဆောင် မန်ဖရက်ဒ် ဘိုင်တက်ခ်က ပြောကြား သည်။
ထိုင်ဝမ်အမျိုးသမီးနှစ်ဦး လိင်တူချင်း လက်ထပ်ထိမ်းမြား
Posted by drmyochit
Monday, August 13, 2012, under နိုင်ငံတကာသတင်းများ | No comments
တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/သူများအတွက် ၀ံလက်ဖောင်ဒေးရှင်းမှ အခမဲ့စာသင်ဝိုင်းဖွင့်လှစ်
Posted by drmyochit
Monday, August 13, 2012, under ပြည်တွင်းသတင်းများ | No comments
ရခိုင်ပြည်နယ်၊
စစ်တွေမြို့၊ မင်းဂံရပ်ကွက်တွင် စီးပွါးရေးကြပ်တည်းခြင်းကြောင့် ၂၀၁၂-၂၀၁၃
ပညာသင်နှစ် တက္က သိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/သူများအတွက် ပညာရေးထိခိုက်မှု
မရှိစေရန် ၀ံလက် (ဒေသဖွံ့ဖြိုးရေး ဖောင် ဒေးရှင်း)မှ အခမဲ့စာသင်ဝိုင်းဖွင့်၍
သင်ကြားနေကြောင်း သတင်းရရှိသည်။
ယခုနှစ်တွင် မင်းဂံရပ်ရပ်ကွက်ရှိ
ကျောင်းသူ၊ ကျောင်းသားများ၏ မိသားစုများသည် စီးပွားရေး ကြပ်တည်းခြင့်ကြောင်
အခမဲ့စာသင်ဝိုင်းဖွင့်၍ စာသင်ပေးနေကြောင်းကို အဆိုပါစာသင်ဝိုင်း၏
အုပ်ချုပ်ရေးနှင့် သင်ကြားပို့ချရေးကို တာဝန် ယူထားသူ ဆရာဦးအောင်ကျော်ငြိမ်းက
ပြောသည်။
"
ကျနော်တို့ အခမဲ့စာသင်ဝိုင်းကို ဖွင့်လှစ်သင်ကြားနေတာက တစ်လလောက်ရှိနေပါပြီ၊
အခမဲ့စာသင်ဝိုင်းကို ဖွင့်ရ တာကလည်း ကျောင်းသားမိဘတွေဟာ ဒီနှစ်မှာ
ဆင်းရဲကြပ်တည်းကြတယ်၊ ဒီနှစ်မှာ ခေတ်ကာလ အခြေအနေ မကောင်းတာကြောင့်
အလုပ်အကိုင်တွေလည်း အဆင်မပြေတာတွေ့ရတယ်၊ ဒါကြောင့် ၀ံလက်ဖောင်ဒေးရှင်းကို အကူအညီတောင်းပြီး
အခုလို အခမဲ့စာသင်ဝိုင်းဖွင့် သင်းကြားခဲ့ကြတာပါ " ဟု ဆရာ
ဦးအောင်ကျော်ငြိမ်းက ပြော သည်။
မင်းဂံရပ်ကွက်တွင်
လူထုများ စီးပွါးရေးအကြပ်တည်းကြောင့် ပညသင်ယူနေသာ သူများအတွက် အခက်အ ခဲဖြစ် နေသော
အနေအထားကြောင့် အရေးပေါ်အနေအထားအရ အခမဲ့စာသင်ဝိုင်း ဖွင့်လှစ်ခဲ့ရကြောင်းကို
ဝံလက်ဖောင် ဒေးရှင်း၏ ပညာရေးအခန်းကဏ္ဍအား တာဝန်ယူထားသူ ဒါရိုက်တာ
ဦးထွန်းမင်းသိန်းမှ ပြောသည်။
"
ကျနော်တို့ ဖောင်ဒေးရှင်းက ပညာရေးနှင့် ပတ်သက်ပြီး အဓိထား လုပ်ဆောင်ပါတယ်၊ စစ်တွေ
မြို့ထဲမှာတော့ ယခင် ကလည်း ဒီလိုအခမဲ့စာသင်ဝိုင်းတွေ ဖွင့်ထားတာရှိတယ်၊ မင်းဂံမှာ
မခမဲ့စာသင်ဝိုင်းကို ဒီနှစ်မှ ဖွင့်တာဖြစ်တယ်၊ အရေးအခင်းကြောင့် လူတွေစီးပါးရေး
ခက်အခဲဖြစ်ကြတယ်၊ စာသင်သားတွေအတွက်လည်း အခက်အ ခဲဖြစ် လာတဲ့အနေအထားမှာ
အရေးပေါ်အနေအထားအရ ဖွင့်လှစ်လိုက်ရတယ်၊" ဟု ဦးထွန်းမင်းသိန်းက ပြောသည်။
"
ကျနော်တို့ အဖေက အခြားကျေးရွာမှာ အလုပ်သွားလုပ်တယ်၊ အခုက ဘင်္ဂလီနဲ့ ရခိုင်ပြဿနာ
ဖြစ်နေတဲ့ အတွက်ကြောင့် အဖေက အလုပ်မသွားနိုင်၊ ကျနော်တို့ ကျောင်းလခကို မပေးနိုင်၊
လကုန်တော့ ကျူရှင်လ စာမပေးနိုင်တော့ မျက်နှာပူရတယ်၊ အခုလို အခမဲ့စာသင်ဝိုင်းမှာ
စာသင်ရတော့ လစာအတွက် ပူစရာမလိုတော့ဘူး၊ စာသင်ရတာလည်း အားလုံးအဆင်ပြေပါတယ်၊ အခုလို
အခမဲ့စာသင်ဝိုင်းဖွင့်ပေးတဲ့ ၀ံလက်ဖောင်ဒေးရှင်းကိုလည်း ကျနော်တို့
ကျေးဇူးတင်ပါတယ် " ဟု ကျောင်းသား အောင်နိုင်ထွန်းက ပြောသည်။
ဝံလက်ဖောင်ဒေးရှင်းမှ
ဖွင့်လှစ်ထားသော အခမဲ့စာသင်ဝိုင်းတွင် ကျောင်းသား၊ ကျောင်သူ ၅၁ ဦး၊ စာသင်ဆရာ၊
ဆရာမ ၅ ဦးရှိပြီး အင်္ဂလိပ်စာဘာသာနှင့် သင်္ချာဘာသာရပ်ကို အဓိကသင်းကြားကြောင်း
သိရသည်။
အခမဲ့
စာသင်ဝိုင်းတွင်သင်ကြားသော ဆရာ၊ ဆရာမများအား လုပ်အားဓါနခ တစ်ဦးလျှင်(၂၀၀၀၀)
ကျပ်စီ ၀ံလက် ဖောင်ဒေးရှင်းမှ ထောက်ပံ့ကြောင်း သတင်းရရှိသည်။
ဝံလက်ဖောင်ဒေးရှင်းမှ
မင်းဂံရပ်ကွက်တွင် ဖွင့်လှစ်ထားသော အခမဲ့စာသင်ဝိုင်းအခမ်းအနားကို သြဂုတ်လ ၁၂ နေ့က
ကျင်းပပြုလုပ်ပြီး အခမ်းအနားတွင် ကျောင်းသူ၊ ကျောင်းသားများအတွက် ဗလာစာအုပ်၊
ဘောပင်၊ A4 စာရွက်နှင့် ကျောင်းသူ၊ ကျောင်းသားများအတွက် အထောက်အကူဖြစ်စေသော
ဘာသာရပ်ဆိုင်ရာ အထူးထုတ်စာများကိုလည်း စာသင်ဝိုင်း စာကြည့်တိုက်အတွက်
လှူဒါန်းခဲ့ကြောင်း သိရသည်။
မြန်မာတွင် ပထမဆုံးအကြိမ် ကျင်းပမည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် နိုင်ငံတကာမှ အကြီးဆုံးပုဂ္ဂိုလ်များ ၁၀၀၀ ကျော် တက်မည်
Posted by drmyochit
Monday, August 13, 2012, under ပြည်တွင်းသတင်းများ | No comments
From : Pyi Myanmar
Journal
၂၀၁၃ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် နိုင်ငံတကာမှ နိုင်ငံ့ ခေါင်း ဆောင်များ၊
အမှုဆောင်အရာရှိချုပ်များ၊ အဖွဲ့ဝင်နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များနှင့် ကမ္ဘာကျော်စီးပွားရေး လုပ်ငန်းရှင်များ စုစုပေါင်း
၁၀၀၀ ကျော် တက်ရောက်မည်ဖြစ်၍ မြန်မာနိုင်ငံအတွက် အကြီးဆုံး အခမ်းအနားကြီး တစ်ခု ဖြစ်လာမည်
ဟု ၁-၈-၂၀၁၂ရက်က သိရသည်။
အဆိုပါ ဖိုရမ်ကြီးကို ဘန်ကောက်တွင် ကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ်မှ အတည်ပြုချက်ဖြင့်
မြန်မာနိုင်ငံက ကျင်း ပပေး ခွင့်ရခြင်းဖြစ်ကာ အဆိုပါ ဖိုရမ်ကြီး ပြီးပြည့်စုံစွာ
ဆောင်ရွက်နိုင်ရေးအတွက် WEF (ကမ္ဘာ့စီးပွားရေးဖိုရမ်)
မှ တာဝန်ရှိသူများက လာရောက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။ “ဇူလိုင်လ
နောက်ဆုံးပတ်မှာပဲ၊ ဒုတိယဝန်ကြီးနဲ့ လာတွေ့သွားတာပါ။ WEF ရဲ့ အာရှဆိုင်ရာအကြီးအကဲ
မစ္စတာ Sashant Palakurthi Rao နဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Benjamin Galazzo တို့ကလာပြီးတော့
ဆွေးနွေးခဲ့တာပါ” ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ
အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။
၎င်းတို့နှင့် ဆွေးနွေးချက်တွင် မြန်မာနိုင်ငံ၏ ဧည့်ခံကြိုဆိုမှုအပိုင်းကို
ဦးစားပေး ဆွေးနွေးသွားခဲ့သည်ဟု သိရပြီး နေပြည်တော်၏ ဟိုတယ်နှင့် သယ်ယူပို့ဆောင်ရေးကို
စိုးရိမ်မိနေသည်ဟု ဆိုသည်။ “ထိုင်းမှာ ကျင်းပသလိုမျိုးပါပဲ။
နိုင်ငံ့ခေါင်းဆောင်တွေ၊ အမှုဆောင်အရာရှိချုပ်တွေနဲ့ နာမည်ကြီးတွေ တက်ကြမယ်လို့
သူတို့က ပြောပါတယ်။ လူလည်း ၁၀၀၀ ကျော်မယ်လို့ ပြောတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
မြန်မာဘက်မှ ရှင်းပြသူများကလည်း နေပြည်တော်၏ လက်ရှိအနေအထားကို
ဖြည့်စွက်ပြောကြားကြပြီး သယ်ယူပို့ဆောင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနဆီကိုသာ
လွှဲပေးခဲ့ကြောင်း သိရသည်။