Monday, August 13, 2012

မြန်မာတွင် ပထမဆုံးအကြိမ် ကျင်းပမည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် နိုင်ငံတကာမှ အကြီးဆုံးပုဂ္ဂိုလ်များ ၁၀၀၀ ကျော် တက်မည်

Posted by drmyochit Monday, August 13, 2012, under | No comments



From : Pyi Myanmar Journal
၂၀၁၃ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် နိုင်ငံတကာမှ နိုင်ငံ့ ခေါင်း ဆောင်များ၊ အမှုဆောင်အရာရှိချုပ်များ၊ အဖွဲ့ဝင်နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များနှင့် ကမ္ဘာကျော်စီးပွားရေး လုပ်ငန်းရှင်များ စုစုပေါင်း ၁၀၀၀ ကျော် တက်ရောက်မည်ဖြစ်၍ မြန်မာနိုင်ငံအတွက် အကြီးဆုံး အခမ်းအနားကြီး တစ်ခု ဖြစ်လာမည် ဟု ၁-၈-၂၀၁၂ရက်က သိရသည်။
အဆိုပါ ဖိုရမ်ကြီးကို ဘန်ကောက်တွင် ကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ်မှ အတည်ပြုချက်ဖြင့် မြန်မာနိုင်ငံက ကျင်း ပပေး ခွင့်ရခြင်းဖြစ်ကာ အဆိုပါ ဖိုရမ်ကြီး ပြီးပြည့်စုံစွာ ဆောင်ရွက်နိုင်ရေးအတွက် WEF (ကမ္ဘာ့စီးပွားရေးဖိုရမ်) မှ တာဝန်ရှိသူများက လာရောက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။ “ဇူလိုင်လ နောက်ဆုံးပတ်မှာပဲ၊ ဒုတိယဝန်ကြီးနဲ့ လာတွေ့သွားတာပါ။ WEF ရဲ့ အာရှဆိုင်ရာအကြီးအကဲ မစ္စတာ Sashant Palakurthi Rao နဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Benjamin Galazzo တို့ကလာပြီးတော့ ဆွေးနွေးခဲ့တာပါ” ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။
၎င်းတို့နှင့် ဆွေးနွေးချက်တွင် မြန်မာနိုင်ငံ၏ ဧည့်ခံကြိုဆိုမှုအပိုင်းကို ဦးစားပေး ဆွေးနွေးသွားခဲ့သည်ဟု သိရပြီး နေပြည်တော်၏ ဟိုတယ်နှင့် သယ်ယူပို့ဆောင်ရေးကို စိုးရိမ်မိနေသည်ဟု ဆိုသည်။ “ထိုင်းမှာ ကျင်းပသလိုမျိုးပါပဲ။ နိုင်ငံ့ခေါင်းဆောင်တွေ၊ အမှုဆောင်အရာရှိချုပ်တွေနဲ့ နာမည်ကြီးတွေ တက်ကြမယ်လို့ သူတို့က ပြောပါတယ်။ လူလည်း ၁၀၀၀ ကျော်မယ်လို့ ပြောတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ မြန်မာဘက်မှ ရှင်းပြသူများကလည်း နေပြည်တော်၏ လက်ရှိအနေအထားကို ဖြည့်စွက်ပြောကြားကြပြီး သယ်ယူပို့ဆောင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနဆီကိုသာ လွှဲပေးခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်