Tuesday, April 23, 2013

ကားတိုက် ခံရ၍ အမှု ဖွင့်ရန် လာသူ များကို ရဲဝန်ထမ်း (၃၀)ခန့် ၀ိုင်းဝန်း ရိုက်နှက်ပြီး ၀တ္တရား နှောက်ယှက် မှုဖြင့် အမှုဖွင့်

Posted by drmyochit Tuesday, April 23, 2013, under | 2 comments


ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်တွင် ဧပြီလ (၁၆) ရက် နေ့ မဟာ သင်္ကြန် အတက်  နေ့က စံပြ (၅) လမ်းရေကစား မဏ္ဍပ် ရှေ့တွင် စူပါစလွန်းဘင်ကား  တစ်စီး ၀င်တိုက် သွားသည့် သူကို စံပြ  ဆေးရုံသို့ ဦးစွာ ပို့ဆောင်ခဲ့သော် လည်း ငွေကြေး ခက်ခဲ ခြင်း ကြောင့် ဆေးရုံမှ ပြန်လာ ကာ ရဲ စခန်းသို့ သွားရောက် ပို့ဆောင် သည့် လူငယ်  ဦးမောင်ဇင်ကိုကို (၁၈) နှစ်၊ ကုလား (ခ) ပြည့်ဖြိုး ပိုင် (၂၀) နှစ် (ကားတိုက် ခံရသူ) မောင် အောင်ကိုကို (၂၁) နှစ် (ဦးခေါင်းကွဲ၊ စံပြဆေးရုံတွင် ကုသပြီး နေအိမ်တွင် ဆေးကု သမှု ခံယူနေ)၊ ဦးသိန်းလှိုင် (၄၅) နှစ် (မျက်နှာတစ်ခြမ်းညိုမဲစွဲ)စသည့် (၄) ဦးကို သင်္ဃန်းကျွန်း ရဲစခန်း ၀န်းထဲမှ ရဲဝန် ထမ်း အင်အား (၃၀) ခန့်က သံတုတ် နံပတ်တုတ် စသည်တို့ဖြင့် ၀ိုင်းဝန်း ရိုက် နှက် ခဲ့ သော ကြောင့် ဒဏ်ရာအနာတရ များရရှိခဲ့သော်လည်း ၀ိုင်းရိုက် သည့်  ရဲစခန်းမှ ရဲများကိုအရေးယူခြင်း  မပြုသည့် အပြင် ပြည် တွင်းမီ ဒီယာ တစ်ခုဖြစ်သည့် တွင် ထိုသတင်းကို ဖော်ပြရာ၌ “သင်္ဃန်းကျွန်း ရဲစခန်း ၀န်း အတွင်း ဒု ရဲအုပ် တစ်ဦးကို ၀ိုင်းဝန်း ထိုးကြိတ် မှု ဖြစ်ပွား”ဟူသော ခေါင်းစဉ်ဖြင့် ရေးသား ဖော်ပြ ခဲ့သော ကြောင့် ကာယ ကံ ရှင် များက မကျေနပ်၍ ပြည်သူ လွှတ်တော် ကိုယ် စားလှယ် အား သွားရောက် တိုင် တန်း သော အခါ “ရဲတွေ ဆိုတာ လည်းပြည် သူ ပါပဲ။ 

ငယ်တဲ့ အမှုကို ကြီးအောင်  လုပ်ရင် ရဲတွေ ဖြစ်တဲ့ ပြည်သူ တွေပဲ  ဒုက္ခ ရောက်မှာ ကြီးကြီး ကျယ်ကျယ် တွေမ လုပ် တာ အကောင်းဆုံးပါပဲ” ဟု ဖြောင့်ပြ လွှတ်လိုက် သောကြောင့် ကာယကံ ရှင်ပြည်သူ (၄) ဦးက Hot News Journal  တိုက်သို့လာ ရောက်ရင် ဖွင့်ခဲ့ကြ ပါသည်။ ဦးခေါင်းတွင်အရေပြားကွဲ  ပြီးဆေ့း ရုံက ဆင်းခိုင်း သဖြင့် နေအိမ်တွင်  ဆေးကုသမှုခံယူနေဆဲဖြစ်သည့် အသက် (၂၁) နှစ်အရွယ် ကိုအောင် ကို ကိုက သူကြုံတွေ့ခဲ့ ရသည့်အဖြစ်အပျက်အားပြောပြ ရာတွင် ““အစ်ကိုစဉ်းစားကြည့်ဗျာ၊ တာဝန် သိပြည် သူအနေနဲ့ သင်္ကြန်  မှာ ကားတိုက်ခံရတဲ့ လူကိုဆေး ရုံပို့ပေမဲ့ငွေကြေးအခက်အခဲကြောင့် ပြန်ဆင့်ပြီး တာဝန်နဲ့ မဏ္ဍာပ်ကို လာတဲ့ ရဲကိုအကူအညီတောင့် တာငါနဲ့ မဆိုင်ဘူးဆိုပြီး မလုပ် ပေးလို့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ သင်္ဃန်းကျွန်းရဲ့စခန်းသွားပို့တာ ကို သင်္ဃန်းကျွန်းရဲ့စခန်းထဲက ပြည်သူ့ ရဲဆိုတဲ့ ရဲဝန်ထမ်း တွေက ၀ိုင်းရိုက်တာဗျာ။ တစ်ယောက်ဆို တစ်ကိုယ်လုံးညိုနေတယ်။ 

တစ်ယောက်ဆိုမျက်နှာတစ်ခြမ်း  ညိုမဲစွဲသွားတယ်၊ ကျွန်တော်ဆို ခေါင်းကွဲ သွားတယ်။ အဲဒါကိုချုပ်ပေးပြီး တော့ ဆရာဝန်ကဆေးရုံကနေ ဆင်းခိုင်းတယ်။ အဲဒါကို မကျေ နပ်လို့လွှန်တော်အမတ်ကို သွား  တိုင်တဲ့အ ခါသူ က ဘာပြောလဲဆို တော့ “ရဲတွေဆိုတာလည်း ပြည်သူ  ပါပဲ။ ငယ်တဲ့အမှုကို ကြီးအောင်  လုပ်ရင်ရဲ တွေဖြစ် တဲ့ ပြည်သူတွေ ပဲ ဒုက္ခရောက်မှာ ကြီးကြီးကျယ် ကျယ်တွေမလုပ်တာအကောင်းဆုံး  ပါပဲ”ဟု အစ်ကို ရယ်။ စဉ်းစားကြည့်  ပါ ကျွန်တော်တို့မိဘနေရာမှာ သူသာဆိုရင်အဲဒီစကားမျိုးပြောပါ့ မလားဗျာ”ဟု ပြောကြား သည်။

၎င်းတို့၏အဒေါ်တော်စပ် သူဒေါ်စန္ဒာဝင်းကရဲစခန်းအပြင်  မှာနေ၍ သူတွေခဲ့ရသည့်ဖြစ်စဉ် ကို ပြောပြ ရာတွင် “ရဲတွေက ဒီကောင်တွေကိုအသေသတ်ဆို ပြီးတော့ အရေးပေါ်သံပေးပြီးတော့  ကျွန်မတူ လေး တွေ ကို ၀ိုင်းရိုက်နေ တာကို ကျွန်မရင်နာနာနဲ့ မြင်ခဲ့ ရပါတယ်။ ပြည်သူလူထုကိုဒီလို ဆက်ဆံ တဲ့ရဲတွေ မြန်မာ နိုင်ငံမှာ မရှိသင့်ဘူးလို့ပဲ ကျွန်မအဓိက ယူဆပါတယ်”ဟု ပြောကြားသည်။ ၀ိုင်းဝန်းရိုက်နှက်ခံခဲ့ရသူ (၄) ဦး အား သင်္ဃန်းကျွန်းရဲစခန်းမှ (ပ) ၁၅၈/၁၃၊ ပုဒ်မ (၃၃၂/၁၁၄) ပြည်သူ့ဝန်ထမ်းအားတာဝန်ဝတ္တ ရားဆောင် ရွက်ခြင်းမှ ဟန့်တား ရန် မိမိအလိုလျှောက်နာကျင်စေ မှုတို့ဖြင့် အရေးယူထားပြီးထိုသူ (၄) ဦးအား အာမခံပေးရန်တောင်း  ဆိုခဲ့သည့်လေးထောင့်ကန်ရပ်ကွက်  နေရဲဝန်ထမ်းဟောင်းတစ်ဦးက “ကျွန်တော် ကသင်္ဃန်းကျွန်း ရဲစခန်း  မှာ ပြဿနာ ဖြစ်တယ်လို့ကြားတော့  ရဲဝန်ထမ်းဟောင်း တစ်ဦး အနေ နဲ့ သွားကြည့် ခဲ့တယ်။ 

ဟိုရောက် တော့ ရဲတို့ရဲ့ လုပ်ထုံးလုပ်နည်းထက် ကျော်လွန်ပြီး ဖွတ်ဖွတ်ညှစ်ညှစ်  ရိုက်ခံထားရတာကို ကျွန် တော် တွေ့ရတယ်။ အဲဒီအထဲမှာ အောင်ကိုကိုဆိုတဲ့ ကလေးက ခေါင်းကွဲသွားတယ်။ အဲဒီဒဏ်ရာ ကို စံပြ ဆေးရုံ သွားပြတော့ ခေါင်း ကို ၈ တန် ချုပ်ခဲ့ရတယ်။ သူတို့ (၄) ယောက်လုံးကိုအာမခံနဲ့ ထုတ်ပြီး သူတို့ ခန္ဓာကိုယ် အနှံ့ကို ကြည့်လိုက်တဲ့အခါမှာလည်း မျက်နှာ၊ လည်ပင်းစတဲ့ နေရာ တွေ ဖူးရောင်ပြီး ထိခိုက် ထားတာ ကို ကျွန်တော်မျက်မြင်ကိုယ်တွေ့  တွေ့ခဲ့ရပါတယ်။ 

ပြည်တွင်းမီဒီယာ နဲ့ ပတ်သက်ပြီးပြော ချင်တာကတော့ မီဒီယာဆိုတာ ဘာပဲဖြစ်ဖြစ်နစ်နာသူဘက်ကနေ မှန်မှန် ကန် ကန်ရပ် တည်တာဟာ စစ်မှန်တဲ့ မီဒီယာလို့ကျွန်တော် ယူဆထားပါတယ်လို့ပဲ ပြောချင်  ပါတယ်”ဟု တာဝန်သိစိတ်ဖြင့်  ၀င်ရောက်ကူညီပေးနေသည်ရဲဝန်  ထမ်းဟောင်းတစ်ဦးက ၎င်းင်းမြင် တွေ့ရပုံ နှင့် ၎င်း၏အမြင်ကိုပြော သည်။ ဘင်ကားတိုက်ခံရသူစံပြ ၆ လမ်းနေနာမည်ပြောင်ကိုကုလား နာမည် အရင်း ပြည့်ဖြိုးပိုင်က “ကျွန်တော့်ကိုတိုက်သွားတဲ့ ကာနာပတ်ကိုတော့ မမှတ်မိလိုက် ဘူး။ ကျွန် တော် ကား တိုက်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရဲစခန်းကို သွားပြီး အကူအညီတောင်းတဲ့ အခါမှာ ကျွန်တော် နဲ့ ကျွန်တော် သူငယ်ချင်းသုံးရောက်ကိုရဲတွေ က ၀ိုင်းရိုက်ခဲ့ပါတယ်။ 

ရဲစခန်း သွားပြောပြောချင်းရိုက်တာမဟုတ်  ပါဘူး။ ကျွန်တော်တို့ရဲစခန်းဝင် ပြီး အကူညီတောင်းတဲ့အခါမှာ ဒုရဲအုပ် ကိုညီညီအောင်က ကျွန်တော်တို့ကို “ညီလေးတို့ ဒီကိစ္စက ယဉ်တိုက်မှုဖြစ်တဲ့ အတွက် ယဉ်ထိန်း ရဲနဲ့ဆိုင် တယ်။ အစ်ကိုတို့နဲ့ ဒိုက်ရိုက်မပတ်သက်   ဘူးလို့” အေးဆေးစွာရှင်းပြနေတဲ့ အချိန်မှာ တာဝန် မှူးမျိုး ကျော်ဆို တဲ့ သူရောက်လာပြီးတော့ “မော့ကောင်တွေ မင်းတို့က ဘယ်က  ကောင်တွေလည်း ဘာကိ စ္စကို အမှုဖွင့်မှာလည်း စခန်းမှာရုတ်စိစိ  နဲ့ ငြိမ်ငြိမ်ထိုင်နေစမ်း”အဲလိုပြော တဲ့အချိန်မှာ နောက် ထပ်စွတ် ကျယ်  နဲ့ ပုဆိုးဝတ်ထားတဲ့ ရှဲဝန်ထမ်းတစ်  ယောက်ကညစ်ညမ်းစွာဆဲရေး တိုင်းထွာပြီး ၀င်ရောက်ရိုက်နှက် တော့။ 

ပထမတော့ ကျွန်တော် တို့ငြိမ်ခံနေခဲ့ပါတယ်။ နောက် နာကျင်လာတော့ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ အနေနဲ့ ခံပြီး ထွက်ပြေး  ဖို့ ကျွန်တော်တို့ကြိုးစားခဲ့ပါတယ်။ အဲဒီအချိန်မှာရဲတစ်ယောက်အရေး ပေါ်ဥသြ ဆွဲပြီးအ ရေးပေါ်၊ အရေး   ပေါ်ဆိုပြီး ရဲစခန်းတံခါးကို ပိတ်ပြီး  ကျွန်တော်တို့ကိုစခန်းဝန်းတဲ့ရှိ ရဲအင်အား ၃၀ ခန့် (အရပ်ဝတ် ပါ) ၀ိုင်းရိုက်ပါတော့တယ်။ အဲဒီ အချိန်မှာ စခန်းမှူး၊ မြို့နယ်မှူး စတဲ့ တာဝန်ရှိ သူတွေ ရောက်လာ ပါတော့တယ်။ အဲတော့မှပဲ ကျွန်တော်တို့ကိုရိုက်တာရပ်သွား ပါတယ်။ နောက်တော့ရဲအရာရှိ  ကြီးတစ်ဦး ကအားလုံးတာဝန်ယူ  တယ်။ 

ဘာမှမဖြစ်စေရဘူးလို့ပြော ပြီးဆေးကုသမှုခံယူရမယ်ဆိုပြီး စံပြဆေးရုံကိုပို့ပေးခဲ့ပါတယ်။ အစ်ကို ကျွန်တော် ပြောတာ မယုံလို့  ရှိရင် သင်္ဃန်းကျွန်း ရဲစခန်းက CCTV လုံခြုံရေး ကင်မရာကို တောင်းကြည့် နိုင်ပါတယ်”ကျွန်တော် တို့ခံခဲ့ရပေမဲ့ ကျွန်တော်တို့လို လူငယ်တွေ နောက်တစ်ခါမခံရ အောင် ထိထိ ရောက်ရောက် ဖြစ်စေ ချင်တယ်။ဟု ကားတိုက်ခံရသူကို ကုလား (ခ) ကို ပြည်ဖြိုးပိုင်က ပြောသည်။

ယင်းဖြစ် စဉ်နှင့် ပတ်သက် ပြီး ဧပြီလ ၂၂ ရက် ၁၂ နာရီ  ၂၅ မိနစ်အချိန်တွင် သင်္ဃန်းကျွန်း  စခန်းမှူး ဖုန်းနံပတ် (၀၉- ၇၃၁၀၁၈၁၆)အား ဆက်သွယ်၍ ဧပြီ ၁၆ ရက်နေ့ ညနေ ၆း၃၀ နှင့်  ၇း၃၀ အတွင်း ရိုက်ကူး ထားသည့် CCTV လုံခြုံရေးကင်မရာ၏ ဗီဒီယိုဖိုင်အားလာရောက်ကြည့်ရှု ခွင့်ပေး ရန်တောင်း  ဆိုခဲ့ရာ သင်္ဃန်း ကျွန်း စခန်းမှူးက “ရန်ကုန်    တိုင်းရုံးနဲ့ပဲဆိုင်တာကျွန်တော်တို့  နဲ့မဆိုင်ဘူး”ဟု ပြော ကာ ဖုန်းချ သွားခဲ့ သည်။ 

လူထုမျိုးမြင့်၊ ပြည်သူ့ညီညီအောင်
From: The Hot News 

အာဖဂန်နစ္စတန်တွင် အရပ်သားများကို တာလီဘန်တို့ ဖမ်းဆီးခေါ်ဆောင်သွား

Posted by drmyochit Tuesday, April 23, 2013, under | No comments


အာဖ ဂန် နစ္စတန် တွင် အရေးပေါ် ဆင်းသက်ခဲ့ ရသည့် ရဟတ်ယာဉ် တစ်စင်းမှ အရပ်သား (၁၁)ဦးကို တာလီဘန် တို့က အဓမ္မ ပြန်ပေး ဆွဲ ခေါ်ယူ သွားကြောင်း သိရှိ ရသည်။ နိုင်ငံခြားသား အင်ဂျင် နီယာ များကို သယ်ဆောင် လာသည့် ရဟတ်ယာဉ် တစ်စင်းသည် အာဖဂန် အရှေ့ ပိုင်း ဒေသတွင် အရေးပေါ် အခြေ အနေဖြင့် ဆင်းသက် ခဲ့ရ သည့် နောက် ခရီးသည်များကို တာလီဘန်တို့က ဖမ်းဆီး သွားခြင်း ဖြစ် ကြောင်း အာဖဂန် အစိုးရ တာဝန် ရှိသူ များက ပြောကြား ခဲ့သည်။ ယင်း အနေ အထားသည် နိုင်ငံ အတွင်း တာလီဘန်တို့ အင်အား ကြီးမား စွာ ရှိနေဆဲ ဆိုသည့် သတိ ပေးချက်လည်း ဖြစ်လာသည်။ ရဟတ် ယာဉ်သည် မုန်တိုင်း တစ်ခုနှင့် ကြုံရသည့် နောက် တနင်္ဂ နွေနေ့က မဖြစ်မနေ အရေးပေါ် ဆင်းသက် ခဲ့ရသည်။

ရဟတ် ယာဉ်ကို ပိုင်ဆိုင်သည့် အာဖဂန်မှ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ တစ်ခုက ရဟတ်ယာဉ်သည် တောတောင် ထူထပ်သည့် လိုဂါခရိုင်မှ အာဇာဒေသတွင် ဆင်းသက်ခဲ့ရပြီး ယင်းနေရာသည် တာလီဘန်တို့ အပြည့် အဝနီးပါး ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း ပြောကြားခဲ့သည်။ ရဟတ်ယာဉ်ပေါ်တွင် တူရကီ နိုင်ငံသား အင်ဂျင်နီယာ (၈)ဦး၊ အာဖဂန်သား (၁)ဦးနှင့် ရုရှားလုပ် ရဟတ်ယာဉ်၏ ပိုင်းလော့ (၂)ဦးတို့ လိုက်ပါ လာပြီး အားလုံး အဖမ်းခံရသည်။ ပိုင်းလော့များအနက် ရုရှားနိုင်ငံသား တစ်ဦးဖြစ်ပြီး ကျန်တစ် ဦးမှာမူ ရုရှား (သို့မဟုတ်) အာရှအလယ်ပိုင်း နိုင်ငံတစ်ခုခုမှ ဖြစ်နိုင်ပြီး တိတိကျကျ မခွဲခြားနိုင်သေးဟု သတင်း များက ဖော်ပြသွားသည်။ 

Source: NY Times
From: Planet Myanmar Network 

ဘာသာရေးခေါင်းဆောင်များ ပူပေါင်း၍ မုဒိမ်းမှုကို ဖြေရှင်း

Posted by drmyochit Tuesday, April 23, 2013, under | No comments


 ကလေးမလေး၏ ယဉ်ကျေးမှုသင်တန်းဆင်းလက်မှတ်

                                         "ဘာသာရေး ခေါင်း ဆောင် များ ပူပေါင်း၍ မုဒိမ်း မှုကို ဖြေရှင်း"
                                         *************************************

7.4.2013 မနက် အစော (3:00) နာရီ ခန့်မှာ ရန်ကုန်တိုင်း၊ ရွှေပြည်သာ မြို့နယ်မှာ မုဒိမ်း ကြံ စည်မှု တစ်ခု ဖြစ်ပွား ခဲ့ပါတယ်။ ရွှေပြည်သာ မြို့နယ်၊ အမှတ် (၁၂) ရပ်ကွက် ကံ့ကော် လမ်းနေ ဦးသန်းနိုင်+ ဒေါ်သူဇာ တို့ အိမ်မှာ ဖြစ်ပွား ခဲ့တာပါ။

သမီးဖြစ်သူ အသက်(၁၂) နှစ်အရွယ်၊ (၇)တန်း ကျောင်းသူ လေးကို ကြံစည်တဲ့ အမှုပါ။ ကြံစည် သူက ဦးတင် အေး(ခ) မာမက်ဇလီ အသက်(၄၃)နှစ် အရွယ်ရှိ မူဆလင် တစ်ဦး ဖြစ်ပါ တယ်။

ကျောင်း သူလေး အိပ်မော ကျနေတုန်း ခြင်ထောင်ထဲ ၀င်ပြီး လည်ပင်း ညှစ် ထားတာပါ။ ကလေး မလေး က မအော်နိုင်လို့ ရုန်းရင်း ကန်ရင်း ခြေထောင်နဲ့ ကြမ်းခင်း ဆောင့် သံပြင်းထန် တာကြောင့်   မိသားစုများ နိုးလားပြီး ခြင်ထောင် လှပ်ကြည့် ရာမှ တွေ့ရှိ ခဲ့ တာပါ။

မာမက် ဇလီက လက်သည်းညှပ် အကြီးစား ထဲမှာ ပါ တဲ့ ဓားချွန်နှင့် ထောက်ထားပြီး လက်တစ်ဖက် ကလည်း လည်ပင်းညှစ် ရက်ကြီးနဲ့ "ငါ့ မထိနဲ့၊ ထိရင် ကောင် မ လေးကို ထိုး သတ်ပစ် မယ်"ဟု ကြိမ်းဝါး ပါတယ်။ ခဲအို ဖြစ်သူ ကို အောင်မျိုးဇော်က နာသလယ် ကို ဖြတ်ကန် လိုက် လို့ မာမက် ဇလီ လဲ ကျသွား တဲ့ အခါ ဖခင် ဦးသန်းနိုင် ကပါ ၀င်ချုပ် ဖမ်းဆီးပြီး လက်သည်း ညှပ်ဓားကို လုယူ နိုင်ခဲ့ ပါတယ်။

ဒီအခါ မာမက် ဇလီက သူ့ကို ဝိုင်းရိုက် နေကြ ပါတယ် ကယ်ပါအုံး အကူ အညီ တောင်းလို့ တစ် ရပ်ကွက် လုံး လန့်နိုး ကုန်ကြ ပါတယ်။ 

ဦးသန်း နိုင်က ရွှေပြည်သာ လူငယ် ခေါင်းဆောင် ကိုအောင်ကြီး ကို ဖုန်းဆက် ခေါ် ပါ တယ်။ ကိုအောင်ကြီး က မြို့နယ် ရဲမှူး ထံ သတင်း ပို့ပြီး ရဲမှူးနှင့် အတူ ကား နှစ်စီးနဲ့ ထွက်လာ ကြတဲ့ အခါ နယ် ထိန်း ခေါင်းဆောင် ရောက် နေပါပြီ။ မာမက် ဇလီကို လက်ထိပ် ခတ်ထား ပါပြီ။ မာမက် ဇလီကို တစ် ရပ် ကွက် လုံးက ဝိုင်းရိုက် မယ် လုပ်လို့ ကို အောင်ကြီးက "ထောက် ခြောက်ထဲ ဝင်သွားမယ်။ မလုပ်နဲ့" တား လို့ပြည် သူများ သဘော ပေါက် သွားကြ ပါတယ်။ 

ရဲ စ ခန်းမှာ ပုဒ်မ (၃၇၆/၅၁၁- ၃၂၃၊ ၄၅၆) နှင့် စွဲ ဆို ထားပြီး 10.4.2013 နေ့မှာ ထောင်ကြီး ချုပ်သို့ ပို့ထား ပါတယ်။ 

မာမက် ဇလီဟာ အမဲပေါ်(နွား/ဆိတ် သတ်သမား) ဖြစ်ပြီး၎င်း၏မိန်းမဟာ ဗမာလူမျိုး အစ္စလာမ် ဘာ သာ ၀င် ဖြစ်ကာ မတရုတ်မ လို့ လူ သိ များတဲ့ ငါးရောင်း သူတစ် ယောက်ပါ။ မ တရုတ်မ ကို တရားဝင် မယား (ကြီး) အဖြစ် ပေါင်း သင်း ကာ သား သမီး သုံးယောက် ရှိပါ တယ်။ အခြား အမြှောင် မယား သုံး ယောက် လုံး ကလည်း ဗမာ တွေပဲ လို့ သိရ ပါတယ်။ 

ရွှေပြည်သာ မြို့နယ်မှာ ပြဿနာများ ပူပေါင်း ဖြေရှင်းဖို့ အတွက် ဘာသာပေါင်းစုံ အဖွဲ့  ဖွဲ့စည်း ထားတာ 31.3.2013 ရက် နေ့ က ဖြစ်ပါ တယ်။

မုဒိမ်း ကြံစည်မှု ဖြစ် လာတဲ့ အခါ မူ စလင် ခေါင်းဆောင် များနဲ့ ညှိုနှိုင်းပြီး ဆောင်ရွက် ခဲ့ရာမှာ မူဆလင် များက မာမက် ဇာလီ တို့ရဲ့ ထရံကာ ကြမ်းခင်း အိမ်ကို ဖျက်ယူ ရွှေ့ပေးကြ တဲ့အပြင် မုဒိမ်းမှုကို ရှုတ်ချ ကြောင်းပါ ကြေငြာချက် ထုတ်ပြန် ပေး ခဲ့ကြ ပါတယ်။ မူဆလင် ခေါင်း ဆောင်ကြီးက "သဘာဝ ကျပါ တယ်။ လုပ်ပေး ရမှာပေါ့" လို့ ပြောဆိုပြီး ဆောင်ရွက် ပေးခဲ့တာပါ။ အမှိုက် ဆိုတာ ရှုပ်တတ် တဲ့ အမျိုး ပဲနော် ရှုပ်လာပြီ ဆိုရင်တော့ မဖြစ် မနေ ရှင်း ရ မှာ ပဲ ပေါ့။ ဒီတစ် ခါ အမှိုက် ကစ ပြသာဒ် မီးလောင် မဖြစ် ရလေအောင်  ရှင်းတတ် ဖို့တော့ လို မယ် နော်။

ရွှေပြည် သာမှ ကိုအောင်ကြီးတို့ ဖြေရှင်း ပုံကို စံနမူနာ ယူရမယ် မဟုတ် လားဗျာ။

အကြမ်း ဖက် ခံရသော ကလေး မလေး သည် ဆံပင် စ ဆွဲဆောင့် ခံထား ရ၍ ဦးရေများ နာကြင်နေပြီး ည အခါတွင် စိတ် ခြောက် ခြားကာ အိပ်မပျော် ဘဲဖြစ် နေပါသည်။ နေ့အခါတွင် လည်း ခါတိုင်း လိုပုံမှန် စကား ပြောခြင်း မရှိဘဲ ငေးမှိုင် တွေဝေ နေကြောင်း သိရပါသည်။ ဦးဝီ ရသူက ဂုဏ်တော် ပွားအိပ်ဖို့ မှာကြား ခဲ့ကြောင်း သိရပါသည်။

ဆက်သွယ်ရန်-          
ကိုအောင်ကြီး-09.43070794
ရဲတပ်ဖွဲ့မှူး-09.450542933
နယ်ထိန်းခေါင်းဆောင်-09.43170716
ရဲစခန်း-01.610667
ဦးသန်းနိုင်+ဒေါ်သူဇာတို့နေအိမ်
ကလေးမလေး၏ အိပ်ရာ နေရာ
ဖြိုဖျက်ထားသော မာမက်ဇလီ၏ အိမ်နေရာ

          အစ္စလာမ် ဘာသာရေး အကျိုး ဆောင် အဖွဲ့ရဲ့ သဘော ထား ထုတ်ပြန် ချက် ကို ပူးတွဲ တင်ပြ လိုက်ပါ တယ်

                                                  "သဘောထားထုတ်ပြန်ချက်"
                                                  ပြင်းထန်စွာ ရှုပ်ချအပ်ပါသည်။
                                                                                                      နေ့စွဲ- ၈-၄-၂၀၁၃

၂၀၁၃ ခုနှစ်၊ ဧပြီ (၇)ရက်၊ ည (၁၂)နာရီတွင် ရွှေပြည်သာ မြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်၊ အ-မ-က (၂၉) ကျောင်း ဝင်း အတွင်း ကျူး ကျော် နေထိုင် သူ အလီ (ခ) တင်အေး၊ အသက် (၄၃)နှစ်သည် အရက် သေစာ သောက်စား မူးယစ်လျက် အိမ်နီးချင်း နေထိုင်သူမ........ (၁၂)နှစ်အား ကာမကျူးလွန် ရန် ကြိုးစား ခဲ့ခြင်း မှာ အစ္စလာမ် တရားတော် အရ လွန်စွာ ကြီးလေး သောပြစ် မှုကြီး ဖြစ်ပါ သဖြင့် ရွှေပြည် သာမြို့နယ်၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင် များနှင့် မြို့နယ် လုံးဆိုင်ရာ အစ္စလာမ်ဘာ သာရေး အကျိုး ဆောင် အဖွဲ့မှ ပြင်းပြင်း ထန်ထန် ရှုတ်ချ လိုက်ပါ သည်။ 
          
၎င်းသူအား တည်ဆဲဥပဒေအရ ထိရောက်ပြင်းထန်စွာ အပြစ်ပေးအရေးယူပေးပါရန် အာဏာပိုင် အဖွဲ့ အစည်း များအား တိုက်တွန်း အပ်ပါသည်။ 

အဆိုပါ ဖြစ်စဉ်ကြောင့် လွန်စွာ ဝမ်းနည်း ကြေကွဲရ ပါကြောင်း သဘောထား ထုတ်ပြန် အပ်ပါ သည်။ 

ရွှေပြည်သာမြို့နယ်၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင် များနှင့် မြို့နယ် လုံး ဆိုင်ရာ အစ္စလာမ် ဘာ သာရေး အကျိုး ဆောင်အဖွဲ့

ပေးပို့ခြင်း.........
ဥက္ကဋ္ဌ ဆရာတော် မြို့နယ် သံဃ မဟာ နာယက အဖွဲ့၊ ရွှေပြည်သာ မြို့နယ်၊ 

ဥက္ကဋ္ဌ ဆရာတော် ရပ်ကွက် သံဃ မဟာ နာယက အဖွဲ့၊ စိတ္တ သုခ ကျောင်းထိုင် ဆရာတော်၊ ရွှေပြည်သာ မြို့နယ်။ 

အုပ်ချုပ် ရေးမှူး၊ မြို့နယ် အထွေ ထွေ အုပ်ချုပ်ရေး ဦးစီး ဌာန၊ ရွှေပြည်သာ မြို့နယ်။ 

မြို့နယ် ရဲတပ်ဖွဲ့မှူး မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့၊ ရွှေပြည်သာ မြို့နယ်။

သာသနာရေး ဦးစီးမှူး၊ လူဝင်မှု ကြီးကြပ်ရေး ဦးစီး ဌာန၊ ရွှေးပြည်သာ မြို့နယ်။ 

ပြဿနာ ပေါင်းစုံ ပူးပေါင်း ဖြေရှင်းရေး အဖွဲ့၊ ရွှေပြည်သာ မြို့နယ်။ 

ဥက္ကဋ္ဌ အိုလမာ၊ အစ္စလာမ် သာသနာ့ ပညာရှင်များ အဖွဲ့ချုပ်၊ ရန်ကုန်။ 

ဥက္ကဋ္ဌ အစ္စလာမ် သာသနာ ရေးရာ ကောင်စီ ဌာနချုပ်၊ ရန်ကုန်။ 

ဥက္ကဋ္ဌ မော်လဝီများ အဖွဲ့ချုပ်၊ ရန်ကုန်။ 

ဥက္ကဋ္ဌ မွတ်ဆလင်လူငယ်များဘာသာရေးအဖွဲ့ချုပ်၊ ရန်ကုန်။

ဥက္ကဋ္ဌ မြန်မာ မွတ်ဆလင် အမျိုးသား ရေးရာ အဖွဲ့ချုပ်၊ ရန်ကုန်။

အုပ်ချုပ်ရေးမှူး- (၁၀)၊ (၁၁)၊ (၁၂) ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံး၊ ရွှေပြည်သာ မြို့နယ်။

လက်ခံ-
အစ္စလာမ်ဘာသာရေးအကျိုးဆောင်အဖွဲ့ရဲ့ သဘောထားထုတ်ပြန်ချက်
====================================================== 

ရွှေပြည်သာမြို့နယ်၊ ပြဿနာများ ပူပေါင်း ဖြေရှင်းရေး ဘာသာ ပေါင်းစုံ အဖွဲ့မှ သဘေားထား ထုတ်ပြန် ချက် ကိုလည်း ပူးတွဲ တင်ပြ လိုက် ပါ သည်။ 

ကန့်ကွက်ရှုတ်ချကြောင်းသဘောထားကြေညာချက်
၈.၄.၂၀၁၃ (တနင်္လာနေ့) တွင် မြို့နယ် အတွင်း ပြဿနာ မျိုးစုံ ပူးပေါင်း ဖြေရှင်းရေး အဖွဲ့မှ ကန့်ကွက် ရှုတ်ချကြောင်း သဘောထား ကြေညာချက် တစ်ရပ်ကို ထုတ်ပြန် လိုက်သည်။ 

၇.၄.၂၀၁၃ ရက်နေ့ ည သန်းခေါင် ယံတွင် ရွှေပြည်သာ မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက် အတွင်းရှိ မိဘ၊ မောင်နှမ များနှင့် တစ်အိမ်တည်း အိပ်မော ကျနေ သော (၁၂)နှစ် အရွယ် မိန်းကလေး တစ်ဦးအား ဘာသာ ကွဲ (အိမ်ထောင်ရှိ) အမျိုး သား တစ်ဦးမှ ပိုင်နက် ကျူးကျော် ကာ အိမ်ပေါ် တက်ရောက်ပြီး မတရား ကြံစည်ရန် ပြုမူ ကျင့်ကြံသည့် လုပ်ရပ် ဖြစ်စဉ် တစ်ခု ပေါ်ပေါက် ခဲ့ ပါသည်။ 

အဆိုပါ ဖြစ်စဉ်နှင့် မတရား ကျင့်ကြံရန် ကြိုးစား အားထုတ်သူ အား မြို့နယ် အတွင်း ပြဿနာ မျိုးစုံ ပူးပေါင်း ဖြေရှင်းရေး အဖွဲ့မှ ဆရာတော်ကြီး များ၏ သဘောထား တူညီမှုဖြင့် ကန့်ကွက် ရှုတ်ချကြောင်း သဘောထား ကြေညာ ချက်ကို ထုတ်ပြန် လိုက်သည်။ 

မြို့နယ်အတွင်း ပြဿနာမျိုးစုံ ပူးပေါင်း ဖြေရှင်းရေး အဖွဲ့
၈.၄.၂၀၁၃ (၁၂း၁၀)နာရီ
 ပြဿနာများ ပူပေါင်းဖြေရှင်းရေး ဘာသာပေါင်းစုံအဖွဲ့မှ သဘောထားထုတ်ပြန်ချက်


From: Wira Thu 

ဘင်္ဂလာဒေခ်ျ့တွင် ဘုန်းတော်ကြီးကျောင်း (၂) ကျောင်း တိုက်ခိုက်ခံရ

Posted by drmyochit Tuesday, April 23, 2013, under | No comments

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း ဒေသတွင် ဘုန်းတော် ကြီးကျောင်း (၂) ကျောင်း မီးရှို့ တိုက်ခိုက် ခံခဲ့ ရသည် ဟု ယနေ့ထုတ် The Daily Star သတင်းစာတွင် 2 Buddhist temples attacked ခေါင်းစဉ်ဖြင့် သ တင်း ဖေါ်ပြသည်။
( ဓါတ်ပုံ – The daily Star )
 
အမည် မသိ သူ များက စစ်တကောင်း ခရိုင် ပိုတီယာ ( Patiya) မြို့နယ်မှ ဘုန်းတော်ကြီး ကျောင်း တစ် ကျောင်း နှင့် မိဘမဲ့ကလေး ဂေဟာ တစ်ခုအား ၀င်ရောက် မီးရှို့ ဖျက်ဆီး သွားခဲ့ပြီး ဘော်ခါလီ မြို့နယ် အတွင်းမှ ဘုန်းတော်ကြီး ကျောင်း တစ်ခုကိုလည်း ၀င်ရောက် လုယက်ဖျက်ဆီးသွားခဲ့သည်ဟု ဆိုသည်။
 
အဆိုပါ တိုက်ခိုက်မူ များကို လွန်ခဲ့သော သုံးရက် အတွင်း  ကျူးလွန်ခဲ့ကြသည်ဟု သတင်းစာက ဆိုသည်။
ပိုတီ ယာမြို့နယ်  Mukut Knight ရွာမှာ တည်ရှိသော  Dhatu Chaittya ၀ိဟာ  ကျောင်းမှာ စနေနေ့ ည နေ ၃ နာရီခန့်တွင် မီးရှို့တိုက်ခိုက်ခံခဲ့ရသည်။
 
အဆိုပါ အချိန်က ကျောင်းထိုင် ဆရာတော်မှာ ကျောင်းစာအုပ်စာတန်းဝယယူရန်  အပြင်သို့ရောက် ရှိ နေ ကြောင်း သိရသည်။  ဆရာတော်၏ လတ်တော့ ကွန်ပျူတာ၊TV က အစ အားလုံး မီးလောင် ကုန်သည်ဟု ဆရာ တော်က ပြောသည်။ အဆိုပါနေ့တွင်ပင် တစ်ခြား မိဘမဲ့ ဗုဒ္ဓဂေဟာ တစ်ခုလည်း မီးရှို့ တိုက် ခံခဲ့ရ သည်။
 
မည်သူ ၀င် ရောက် မီးရှို့ သည်ကို တစ်စုံ တစ် ယောက်မှ ပြော ဆို နိုင်ခြင်း မရှိကြောင်း သိရသည်။
( ဓါတ်ပုံ – The daily Star )
 
ယမန်နေ့ နံနက် ကလည်း အဆိုပါ မြို့နယ်နှင့် ကပ်ရပ် တည်ရှိသော Boalkhali မြို့နယ်တွင် ဘုန်း တော်ကြီး ကျောင်း တစ်ခုထဲသို့ အမည်မသိသူများ ၀င်ရောက်လာပြီး ဘုရားဆင်းထုတော်ရှိ သင်္ကန်း များအား မီးရှို့ ဖျက်ဆီး ခဲ့ သည်ဟု ဆိုသည်။ ဘုရား ဆင်း တော် ငယ် (၅) ဆူနှင့် အလှူခံ သေတ္တာ တို့အား ယူဆောင် သွား သည် ဟု ဆိုသည်။
 
ယခု လုယက် ဖျက်ဆီး မူများသည် လွန်ခဲ့သော နှစ်က ရာမူး (ပန်းဝါ)တွင် ဘုန်းတော်ကြီး ကျောင်း ၂၁ ကျောင်း မီးရှို့ တိုက်ခိုက် ခံရပြီးနောက် ပထမဆုံး အကြိမ် ဗုဒ္ဓ ဘာသာ ကျောင်း များ ပြန် တိုက်ခိုက် ခံ ရခြင်း ဖြစ်သည်။
 
လွန် ခဲ့ သောနှစ် စက်တင်္ဘာလ တိုက် ခိုက်မူ အတွင်း ပိုတီ ယာတွင် ဘုန်း တော်ကြီး ကျောင်း (၂) ကျောင်း မီးရှို့ တိုက် ခိုက် ခံ ခဲ့ ရ သည်။
 
by: နိရဉ္စရာသတင်းဌာန 

HRW အစီရင်ခံစာကြောင့် ဘင်္ဂလာဒေခ်ျ့တွင် လူနည်းစု ဗုဒ္ဓဘာသာဝင်များ အကြား စိုးရိမ်မူတိုးပွား

Posted by drmyochit Tuesday, April 23, 2013, under | No comments


Human Rights Watch ( HRW) မှ အစီရင်ခံစာ ထုတ်ပြန် ပြီးနောက်  အဆိုပါ အစီရင် ခံ စာပါ အချက် အလက် များကို အခြေခံပြီး မြန်မာ နိုင်ငံတွင် ဖြပ်ပျက် ခဲ့သော သတင်း များကို ဘင်္ဂလာ ရုပ်သံ လိုင်း များမှ ထုတ် လွှင့် ပြသ နေသဖြင့် ဗုဒ္ဓ ဘာသာဝင် လူနည်း စုများ အကြား စိုးရိမ် မူများ တိုးပွား နေကြောင်း သတင်း ရရှိ သည်။

“ ကျွန်မက မနေ့ကရော ဒီနေ့မနက် ကရော ဒီ နိုင်ငံက ရုပ်သံလိုင်း လိုလိုမှာ မြန်မာ သတင်းကို ထုတ်လွှင့် တာကို တွေ့ရ ပါတယ်။ အဲဒီမှာ ပြောတာက မြန်မာနိုင်ငံမှာ အစ္စလာမ် ဘာသာဝင် တွေကို ဗုဒ္ဓ ဘာသာ ၀င်တွေက လူမျိုးတုန်း သတ်ဖြတ် နေတယ် ဆိုပြီး  ပြောဆို ပါတယ်။ ပြီးရင် ဒီ သတင်း တွေနဲ့ အတူ ဗလီတွေ၊ လူတွေ သတ်ဖြတ် ခံနေရတဲ့ ပုံတွေကို ထုတ်လွှင့် ပြနေတဲ့ အတွက် ဒီမှာလည်း ပြဿနာ တွေ ပေါ်ပေါက် လာနိုင် တယ်လို့ ထင်မိတဲ့ အတွက် စိုးရိမ် မိတာ ဖြစ်ပါတယ်” ဟု ဒက္ကား မြို့က ရခိုင် အမျိုး သမီး တစ်ဦးက ဆိုသည်။

၎င်းပြင် ယနေ့ထုတ် သတင်းစာများတွင်လည်း HRW အစီရင်ခံစာကို ကိုးကားပြီး မြန်မာနိုင်ငံတွင် အစ္စ လာမ် ဘာသာ ၀င်များကို လူမျိုးတုန်း သတ်ဖြတ်မူများ ပေါ်ပေါက်နေပါသည်  ဆိုသော ခေါင်းစဉ်ဖြင့် သတင်း များ ရေးသား ဖေါ်ပြနေကြသည်။

၎င်းပြင် BBC မှ ထုတ်လွှင့်သော ဗွီဒီယို မှတ်တမ်းနှင့် ပတ်သက်ပြီး သတင်းများ ဖေါ်ပြ ကြသည်။ လွန်ခဲ့ သော မတ်လက ဖြစ်ပေါ် ခဲ့သော  မိတ္ထိလာ အရေး အခင်း တွင် လုံခြံရေး တပ်ဖွဲ့ဝင် များက ဗုဒ္ဓ ဘာသာ တိုက် ခိုက် သူများမှ မူဆလင် များကို တိုက်ခိုက် နေသည့် အပေါ် တစ်စုံ တစ်ရာ ဟန့်တားခြင်း  မရှိဟု ဘီဘီစီ က ထုတ် လွှင့်သော ဗွီဒီယို မှတ်တမ်း တွင် ဖေါ်ပြ ထားသည် ဟု ဆိုသည်။

“ အခုလို မူဆလင် တွေကို သတ်နေ တယ် ဆိုတဲ့ သတင်းတွေ တက် လာတော့ ဒီနိုင်ငံက အစ္စလာမ် ဘာသာ ၀င်တွေက မကျေနပ် မူတွေ တိုးလာ နေတယ်။ ဒါကြောင့် ပြဿနာတွေ ပေါ်လာနိုင်တယ်။ မကျေနပ် သူတွေ က တိုက်ခိုက် မူတွေ ရှိကောင်း ရှိလာ နိုင် ပါ တယ်” ဟု ဆိုသည်။

ရခိုင် အရေး အခင်းမှာ လွန်ခဲ့သော နှစ် ဇွန်လနှင့် အောက်တို ဘာလက ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး  အခြေ အနေ အေး ဆေး တည်ငြိမ်မူ ရှိလာနေစဉ် HRW ၏ တဘက်သတ် ရေးသား ထုတ်ပြန်သော အစီရင် ခံစာ ကြောင့် ပြဿနာ များ ဆက်လက် ဖြစ်ပွားမည်ကို မြန်မာနိုင်ငံတွင် သာမက ဘင်္ဂလာဒေခ်ျ့တွင် စိုးရိမ် လာကြ ခြင်း ဖြစ် သည်။

by:နိရဉ္စရာသတင်းဌာန 

ရွှေပေါက်ကံမြို့သစ်လယ်ယာမြေသိမ်းဆည်းခံရသောလယ်သမားအချို့နှင့်မြို့နေထိုင်သူများပဋိပက္ခဖြစ်ပွား

Posted by drmyochit Tuesday, April 23, 2013, under | No comments

၁၉၉၀-၉၁ ခုနှစ်တွင် တပ် မတော် အစိုးရ လက်ထက်၌ မြေ ယာကွက်များ ဖော်ထုတ်၍ အငြိမ်းစား တပ်မတော် မိသားစု များကို မြေ နေရာများ ချထားပေး ခဲ့သော ရန်ကုန်တိုင်း ဒေသကြီး၊ မြောက် ဥက္ကလာပ မြို့နယ်၊ ရွှေ ပေါက်ကံမြို့သစ်၊ လူနေမြေကွက် များနှင့် စက်မှုဇုန်မြေကွက်များ ဖော်ထုတ်ရာတွင် လယ်ယာ မြေ များသိမ်း ဆည်းခြင်း ခံရသော လယ်သမား (၃၀)ဦး ခန့်သည် အမျိုးသား ညီလာခံ ကိုယ် စားလှယ် ဦးထွန်းဦးနှင့် မြို့နယ်ပြည်ခိုင်ဖြိုး ပါတီမှ ဦးမင်းဇော်တို့ ဦးဆောင်၍ (၂၀-၄-၂၀၁၃)ရက်တွင် လူနေ ရပ်ကွက်၊ စီမံကိန်းမြေနေရာ ဌာနဆိုင်ရာ အဆောက်အအုံ မြေနေရာများရှေ့တွင် ပြည်ထောင် စုလယ် ယာ မြေစုံ စမ်းရေး ကော် မရှင်သို့ တိုင်ကြားထားသော မြေ ကွက်များဖြစ်ကြောင်း ရေးသား ထား သည့် ဆိုင်းဘုတ်များ လိုက် လံတပ်ဆင်ကြရာ အမှတ်(၁၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး၌ ရပ်ကွက် နေထိုင်သူ များနှင့် ပဋိ ပက်္ခဖြစ်ပွားခဲ့သဖြင့် မြို့နယ်ရဲ တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့ များ ၀င်ရောက် ဖြေရှင်း ပေးခဲ့ရ ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်ပွားမှုနှင့်ပတ် သက်၍ အမှတ်(၁၂)ရပ်ကွက်၌ နေထိုင်သူဒေသခံအချို့နှင့် တွေ့ ဆုံရာတွင် ““ကျွန်တော် တို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ လာပြီး ဆိုင်းဘုတ်လာတပ်တယ်။ ဦးထွန်း ဦးနဲ့ ဦးမင်း ဇော်တို့ ဦး ဆောင်ပြီး လာတပ်တယ်။ လူ(၃၀)လောက် ပါလာတယ်။ စုံစမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးအောင် သိန်းလင်း ညွှန် ကြားချက်လို့ပြောတယ်”” ကျွန် တော်တို့နေလာတာ နှစ်(၂၀) ကျော်နေပြီ၊ စာသင် ကျောင်းတွေ စက်မှုဇုန်တွေ၊ ဌာနဆိုင်ရာ အဆောက်အအုံတွေ၊ သာသနိ ကအဆောက်အအုံတွေနဲ့ မြို့ပြ စီမံကိန်းတွေဖြစ် ပေါ် နေပါပြီ။ အခုမှ သူတို့ပိုင်ပါတယ်ဆိုပြီး နေရာအနှံ့ ဆိုင်းဘုတ်တွေ လိုက် ကပ်ကြ တယ်။ ကျွန်တော်တို့ ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးကို လာ တပ်တယ်။ ကျွန်တော်တို့ထွက်ပြီး ကန့်ကွက်တော့ သူတို့နဲ့ ကျွန် တော်တို့ ပြဿနာဖြစ်ကြတယ်။ လမ်းပေါ်မှာ လူတစ်ရာကျော် လောက်ဖြစ် သွားတယ်။ နောက် တော့ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ မြို့ နယ်အုပ်ချုပ်ရေးမှူးရုံးက တာဝန် ရှိသူတွေ မြို့နယ်ပြည် ခိုင်ဖြိုးပါတီ အတွင်းရေးမှူးတွေ ရောက်လာ ပြီး ဖြေရှင်းပေးတယ်ဟု ရပ်ကွက် နေသူ တစ်ဦးကပြောသည်။

အမှတ်(၁၂)ရပ်ကွက်အုပ် ချုပ်ရေးမှူးကလည်း ““(၂၀-၄-၂၀၁၃)ရက်နေ့ နံနက် (၁၀)နာရီ ခွဲလောက်မှာ လူ(၃၀) လောက်နဲ့ ရပ်ကွက်နေတဲ့ သူတွေလမ်းပေါ် မှာ ပြဿနာဖြစ်နေတာသိလို့ ထွက်ကြည့်တော့ ကျွန်တော် တို့ ရုံးရှေ့မှာလာပြီး ခွင့်ပြုချက် မတောင်းဘဲ ဆိုင်းဘုတ်လာတပ် ထားတာတွေ့ရတယ်။ ဆိုင်း ဘုတ် တပ်တဲ့အတွက် ပြဿနာစဖြစ် တာလို့သိရတယ်။ တပ်ထားတဲ့ ဆိုင်းဘုတ်ကို ဖြုတ်ထားပါတယ်။ ဆိုင်းဘုတ် တပ်တာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ခွင့်ပြုချက်တစ်ခုမှ မပါဘူး””ဟုပြောသည်။

တစ်ဖန် မြို့သစ်ဖော်ထုတ် ရာတွင် ကွပ်ကဲရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်ဖူးတော့သော ဗိုလ်ကြီး အောင်မြင့်(ငြိမ်း)နှင့် တွေ့ဆုံရာတွင် ““မြို့သစ်ဖော် ထုတ်စဉ်က လယ်သိမ်း ခံတောင် သူတွေကို အဲဒီအ ခါတုန်းက သင့် တင့်မျှတတဲ့ နစ်နာကြေးနဲ့ တစ်ဦး ကို မြေကွက် တစ်ကွက် ပေးခဲ့ပါ တယ်။ အတွင်းရေးမှူး(၂)ဗိုလ် ချုပ်ကြီး တင်ဦး ကိုယ်တိုင် ကြီး ကြပ်ကွပ်ကဲဆောင်ရွက်ခဲ့ပါတယ်။ သူတို့ဒီအချိန်မှာ နစ်နာတယ်ဆို ပြီး စုံစမ်းရေး ကော်မရှင်ကို တိုင် ကြားထားရင် ကော်မရှင်ရဲ့ ဆောင်ရွက်ချက်၊ ညွှန်ကြားချက် အတိုင်း ဆောင်ရွက် သင့်တယ်။ ဖြစ်နိုင်တဲ့အနေအထားကို တင်ပြ တောင်းခံသင့်တယ်။ အခုလို လူ နေရပ်ကွက်ကို သူတို့လယ် တွေပါ ဆိုပြီး၊ ဆိုင်းဘုတ် လာတပ်တော့ အနှစ်(၂၀)ကျော်နေလာတဲ့ ရပ် ကွက်နေထိုင်သူတွေနဲ့ မလိုလား အပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ် တာပေါ့””ဟု ရှင်းလင်းပြောကြား ခဲ့သည်။

လယ်သိမ်းဆည်းခံ လယ် သမားတစ်ဦးမှလည်း ““အဲဒီတုန်း က ကျွန်တော် လယ်ဧက(၃၀) ကျော်ပါ သွားတယ်။ တစ်ချို့ လည်း ခံစားခွင့်ရကြတယ်။ ကျွန်တော်ကတော့ ယနေ့အထိ ဘာမှမရပါဘူး။ ဧပြီ(၉)ရက်နေ့ မှာ စုံစမ်းရေးကော်မရှင်က ဦး အောင်သိန်းလွင် လာသွားတယ် လို့ကြားတယ်။ (၁၁)ရက်နေ့မှာ (၁၁)ရပ်ကွက် ဓမ္မာရုံမှာ ဦးထွန်း ဦးနဲ့ ဦးမင်းဇော်တို့ ဦးဆောင် ကျင်းပတဲ့ ကော်မတီအစည်း အဝေးမှာ နစ်နာ သူ လယ်သမား တွေ နစ်နာမှုအတွက် စုံစမ်းရေး ကော်မရှင်ကို တင်ပြဖို့ပြောပြ တယ်။ တချို့ လယ် သမားတွေ လည်း လယ်မြေပေါ်မှာ နေအိမ် တွေပြန်လည်ဝင်ဆောက်နေကြ တယ်””ဟု ရှင်းလင်း ပြောကြားခဲ့ ကြောင်း သိရသည်။

ရဲနန္ဒ
၀၉-၄၅၀၀၄၁၃၆၄
From: The Hot News 

ဦးဇင်း ကျော်ဟိန်းနှင့် သူ့ဘ၀၊ သူ့အမြင်၊ သူ့လုပ်ဆောင်ချက်

Posted by drmyochit Tuesday, April 23, 2013, under | No comments


နိုင်ငံ ကျော် ရုပ်ရှင် မင်းသားကြီး ထပ်ဆင့် အကယ် ဒမီ ဦးကျော်ဟိန်း တစ်ဖြစ်လဲ ဦးပဉ္စင်း ဦးကိတ္တိ သာရသည် ကျင့်ကြံ အားထုတ်၍ သိရှိခဲ့ပြီးသော စိတ် လေ့ကျင့် ခန်းများကို တစ်ကမ္ဘာ လုံးရှိ လူသား အားလုံး သိရှိနိုင်စေ ရန် အတွက် www.athithedi. com အမည်ဖြင့် ၀က်ဘ်ဆိုဒ် တစ်ခု လွှင့်တင် တော့မည် ဖြစ်ကြောင်း ကြား သိရ သဖြင့် Myanmar ICT ဂျာနယ်မှ ဦး ကိတ္တိသာရ ထံသို့ သွား ရောက် တွေ့ဆုံ မေးမြန်း ခဲ့သည် များကို ပြန် လည် မျှဝေ ဖော်ပြလိုက်ပါသည်။
...
လူ့လောကကြီးကို စွန့်ခွာခဲ့တာ နောင်တရလား ဘုရား။
တစ်ခါမှ မရခဲ့ဖူးဘူး။ အခုဆို လေးနှစ်ကျော်သွားပြီ။

ဘာလို့ နောင်တ မရခဲ့တာပါလဲ ဘုရား။
မထွက်ခင်၊ ရဟန်းဘ၀ မရောက်ခင်၊ ပြီးခဲ့တဲ့ ရှစ်နှစ် ကတည်းက ကြိုတင်ပြီး ၂၀၀၀ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့မှာ ကြေညာခဲ့တယ်။ ၂၀၀၈ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့မှာ ထွက်မယ်ဆိုပြီး လုပ်ခဲ့တာ၊ ဒီအလုပ် က ရုတ်တရက် ကောက်ပြီး ထွက်မယ်ဆိုပြီး လုပ်ခဲ့တာ မဟုတ်ဘူး။ နောက်ရှစ်နှစ်ကြာရင် ထွက်မယ်ဆိုပြီး ပြင်ဆင်ထားတာတွေ၊ အစီအစဉ်တွေ ပါတယ်။ နောင်တရစရာ မရှိဘူး။

အခု www.athithedi.com ဆိုပြီး ၀က်ဘ်ဆိုဒ် လွှင့်တင်မယ်လို့ သိရပါတယ်။ ဘယ်ကနေဘယ်လို ၀က်ဘ် ဆိုဒ် တင်မယ်လို့ တွေးမိပါသလဲ ဘုရား။ ရည်ရွယ်ချက်ကရော ဘုရား။
ဦးပဉ္စင်းအသက်က ၆၆နှစ်၊ လူ့သက်တမ်း ၇၀လို့ထားရင် နောက် ၄နှစ်ပဲ ကျန်တယ်။ ဒီလေးနှစ်အတွင်း ဘာေ တွ လုပ်ခဲ့ရမလဲ။ ကိုယ်သိထားတာလေးတွေ ကိုယ်ကျင့်လို့ ရတာတွေရဲ့ အဖြေက ဘယ်အရာမှ အကြာ ကြီး မဟုတ်ဘူး။ ပြီးတော့ အားလုံးကို စွန့်လွှတ်ရမယ် ဆိုတာတွေအထဲမှာ သိခဲ့တဲ့ အသိတွေကိုပါ ထားခဲ့ရ မယ့် အတူတူ တန်ဖိုးရှိတဲ့ အသိတွေကို အရှိန်အဟုန်ပြင်းစွာ တိုးတက်လာတဲ့ ITခေတ်မှာ ၀က်ဘ် ဆိုဒ်နဲ့ IT ပစ္စည်းတွေရဲ့ အကူအညီကို ယူပြီး ထိထိရောက်ရောက် အသုံးချချင်တယ်။ အထူးသဖြင့် ဒီနေ့ေ ခတ် လူငယ်တွေ သိအောင် ဖြန့်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၀က်ဘ်ဆိုဒ် လွှင့်တင်မှာပါ။

ဦးပဉ္စင်းရဲ့ ဒီဝက်ဘ်ဆိုဒ်ထဲမှာ စိတ်နဲ့ ပတ်သက်တဲ့အကြောင်းတွေ ဖော်ပြထားတော့ စိတ်နဲ့စေတသိက်ရဲ့ ကွာခြား မှုလေးကို ရှင်းပြပေးပါလား ဘုရား။
စိတ်ဆိုတာ အာရုံကို သိရုံသိတာ။ စေတသိက်က စိတ်ကို မှီပြီး ခြယ်လှယ်တာ၊ ဒုက္ခပေးနေတာ စေတသိက် ဆိုတဲ့ စိတ်တွေ။

အသိနဲ့ သတိကို ခေါင်းစီးနာမည် ယူထား တာလည်း သိချင်ပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားရဲ့ အရည်အချင်းတွေကို ကြည်ညိုလွန်းလို့ သိစေချင်တယ်။ ဂုဏ်တော်ကိုးပါးမှာ ဒုတိယ အချက်ဖြစ်တဲ့ သမ္မာသဗ္ဗုဒ္ဓေါ ဂုဏ်တော်မှာ မြတ်စွာဘုရားဟာ သိစရာ မှန်သမျှ အရာအားလုံးကို ဆရာမလို ကိုယ် ပိုင် ဉာဏ်နှင့် ကိုယ်တော်တိုင် ထိုးထွင်းပြီး အကြွင်းမရှိ သိမြင်တော်မူတယ်။ လက်တဖျစ် အတွင်းမှာ ရုပ် ခန္ဓာ ရဲ့ ဖြစ်ပျက်မှုဟာ အကြိမ်ကုဋေပေါင်း ငါးထောင်၊ စိတ်က ကုဋေတစ်သိန်းဆိုတာ ဘုရားရဲ့ အသိ ဉာဏ်တော်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုခါနီးမှာ နောက်ဆုံးမှာခဲ့တာ ၀ယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္မာဒေ ထတဲ့။ ပြုပြင်ပေးရသမျှ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘော ရှိကြကုန်၏။ မေမ့မေ လ်ာ့ေ သာ သတိတရားနဲ့ ကိစ္စ ပြီးအောင် ဆောင်ရွက်ကြကုန်လော့တဲ့။ သတိ အရေးကြီးဆုံးဆိုတာ ဟောခဲ့ လို့ အသိ နဲ့ သတိကို ဦးညွတ်တဲ့သဘော။

ပြည်တွင်းက လူငယ်တွေ စဉ်းစား တွေးခေါ်ပုံတွေ၊ လက်ရှိ သူတို့ လုပ်ကိုင် နေကြပုံတွေကို အားရရဲ့လား ဘုရား။
ပြည်တွင်းက လူငယ်တွေ စဉ်းစား တွေးခေါ်ပုံတွေကို ပြောရရင်တော့ သူတို့ လွတ်လပ်စွာ တွေးခေါ်ခွင့် ရနြေ ပီလား။ ရခဲ့ရင်လည်း တကယ်တွေးခေါ်နိုင်တဲ့ အတွေ့အကြုံတွေရော ရနေပြီလား၊ အခွင့်အရေး ရခဲ့ ရင်ေ ရာ အသုံးချဖို့ အဆင်သင့် ပြင်ဆင်ထားတဲ့ အရည်အချင်း ရှိနေပြီလား ဆိုတာတွေကို ကြည့်ပြီးတော့မှ အား ရ တယ်၊ အားမရဘူးဆိုတာ ပြောနိုင်မှာပေါ့။ လူငယ်တွေ အနေနဲ့လည်း သူတို့လုပ်ချင်တာတွေ လုပ် ခွင့်ရပြီး လုပ်ပြနိုင်တဲ့ အရည်အချင်းတွေ အဆင်သင့် ဖြစ်နေပြီဆိုရင် လက်ခုပ်တီးပေးမယ့် လူတွေက နေရာ တိုင်းမှာ အပြည့်ပဲ။ အားလုံးက စွမ်းအားအသစ်တွေ လိုချင်နေကြပြီ။ ကိုယ့်ဘက်က အဆင်သင့် ပြင်ဆင် ထားဖို့ပဲ လိုတယ်။ ဒီသဘောကို မသိကြဘူးဆိုရင်တော့ စိတ်မကောင်းပါဘူး။

အနုပညာလောကသားတွေနဲ့ ပြန်တွေ့ ဖြစ်သေးလား။ တွေ့ဖြစ်ရင်ရော သူတို့တွေကို အကြံပေး ဝေဖန် မှုတွေ လုပ်ပေးသေးသလား ဘုရား။
တွေ့ဖြစ်ပါတယ်။ တွေ့တဲ့အခါမှာ သူတို့လည်း ဘာဆက်လုပ်ရင် ကောင်းမလဲ ဆိုတာကို မေးကြတယ်။ အား လုံး တိုင်ပင် ဆွေးနွေးပြီး လုပ်ကြရင်တော့ ကောင်းလာ မှာပါ။ မျှော်လင့်နေကြတဲ့ အခွင့်အရေးတွေ ရလာ ကြ ရင် အဆင်သင့် ဖြစ်နေဖို့ ပြင်ဆင်ထားစေချင်တယ်။ အင်္ဂလိပ်စာ ဘာသာရပ်၊ ကွန်ပျူတာ ဘာသာရပ်၊ အင် တာနက် အသုံးပြုမှု စတာတွေ တတ်ထားစေချင်တယ်။

မြန်မာ့ရုပ်ရှင်လောကကို ဘယ်လို မြင်ပါသလဲ ဘုရား။
အပြောင်းအလဲတွေ ရှိလာပြီ ဆိုတော့ တိုးတက်လာလိမ့်မယ်လို့ ထင်ပါတယ်။

ဟောပြောပွဲတွေ အများကြီး လုပ်ခဲ့ဖူးတာ ဦးကျော်ဟိန်းကြောင့် လူများတာလား။ ဦးပဉ္စင်း ယခုလေ့လာ ကျင့်သုံးခဲ့တဲ့ အသိတရားတွေ များကြောင့်လား ဘုရား။
အရင်ဦးဆုံးကတော့ သူတို့သိခဲ့တဲ့ ကျော်ဟိန်းဆိုတာကို လာကြည့်ကြတာ။ ဦးပဉ္စင်းက စိတ် အကြောင်းေ တွ၊ ဒုက္ခ အကြောင်းတွေ၊ သိစရာရှိတာ သိဖို့အကြောင်းတွေ၊ မရှိတာထက် မသိတာခက်တဲ့အကြောင်း၊ မသိ တာ ထက် မလုပ်တာခက်တဲ့ အကြောင်းတွေ ပြောတော့ သူတို့ ကြားချင်တာ မပြောပေးလို့ ကျေနပ် မှုတွေ ရှိချင်မှ ရှိနိုင်မယ်။ အသိနဲ့ သတိအကြောင်းကိုပဲ အဓိကထား ပြောတဲ့နေရာမှာ တစ်ချိန်ချိန်တော့ အသိနဲ့သတိ အရေးကြီးတာကို သဘောပေါက်လာမယ်လို့ ယုံကြည်တယ်။ စိတ်ရှည်ပေးရမှာပေါ့။

ဘုရားစာကို နှစ်ပေါင်းများစွာ ကျက်မှတ်ထားတဲ့ ဘုန်းကြီးများလို မရွတ်ဖတ်နိုင်တော့ ယခုလို လေ့လာ ကျင့်ကြံ တွေ့ရှိမှုတွေဟာ ဦးပဉ္စင်းဘက်မှာ ဘယ်လို သက်ရောက်မှု ရှိခဲ့သလဲ ဘုရား။

သက်ရောက် မှုတွေ ရှိတာပေါ့။ ဘုရားစာကို နှစ်ပေါင်းများစွာ ကျက်မှတ်ထားတဲ့ ဘုန်းကြီးတွေလို မရွတ် ဖတ်နိုင်တော့ဘဲ ရဟန်းဘောင် ၀င်ပြီး ဘာမှမကြာဘူး၊ စာအုပ်တစ်အုပ် ထွက်လာတယ်။ ဦးပဉ္စင်းဟာ ဘယ် ဂိုဏ်းဝင်ပါ၊ ပြောနေတဲ့ စကားတွေက အဓမ္မ၀ါဒီတွေပါ၊ ဘုရားရဲ့ အယူအဆ တွေကို ပြောင်းပြန်ဖြ စ်အောင် လုပ်နေတာပါ။ ဓမ္မတွေ၊ ၀ါဒတွေကို အပြောင်းအလဲ ဖြစ်ကုန်မယ်နော်၊ ဒီလူကြီးကို လွှတ်မထားနဲ့၊ သတိထားပါ ဆိုပြီး ရဟန်းခြောက်ပါးက တိုင်တယ်။ အဖွဲ့အစည်းတွေကလည်း စောင့်ကြည့် ကြတာပေါ့။ 

ဦးပဉ္စင်း အနေနဲ့ ကျော်ဟိန်း ဘ၀ကို စွန့်လွှတ်ပြီးတဲ့နောက်မှာ ဘာကို လိုချင်ရဦးမှာလဲ။ ဘာမှမဖြစ်ချင်၊ မလို ချင်တော့ဘူး။ ဘယ်အရာမှ မမြဲဘူး ဆိုတာကို ဦးပဉ္စင်းက သဘောပေါက်နေပြီ။ ဦးပဉ္စင်းက ဘုရားရဲ့ တ ရားေ တ်ာတွေကို အများသိအောင်၊ တစ်ဖက်တစ်လမ်းကနေ ကူညီချင်တာ။ သြော် ဦးပဉ္စင်းကြီးက သာ သ နာကို တစ်ဖက်တစ်လမ်းက နိုင်သလောက် အကူအညီ ပေးနေတာလို့ အကောင်းမြင်တဲ့ဘက်က သိပေး ရင်၊ နားလည်ပေးရင် အဆင်ပြေမှာပါ။

လူအဖြစ် ပြန်လည် မနေထိုင်တော့ဘူးလား ဘုရား။
မနေထိုင်တော့ပါဘူး။ အာရုံတွေကို ကြိုက်တတ်တဲ့ စိတ်တွေကို ဆက်တိုက် စွန့်လွှတ်နိုင်အောင် ကြိုးစား ရင်း နောက်ဆုံး စွန့်လွှတ်စရာ အသက်ပဲ ကျန်တော့တယ်။ မသေခင် အကြွေးတွေ အကုန်ဆပ်ခဲ့ချင်တယ်။

ဒီဝက်ဘ်ဆိုဒ်လေးက နိုင်ငံတကာမှာရှိတဲ့ မြန်မာလူမျိုးများလည်း လေ့လာနိုင်တယ်ဆိုတော့ သူတို့နှင့်တကွ ပြည်တွင်းမှ မြန်မာလူမျိုးအားလုံးရဲ့ ဝေဖန်မှုကို ဘယ်လိုမျှော်လင့်ထားသလဲ ဘုရား။
အပြုသဘောနဲ့ ဝေဖန်တာကို လက်ခံရမယ်။ လူဖြစ်နေတဲ့အတွက် ပြည်စုံပြီလို့ မပြောနိုင်ဘူး။ မှားတာကို ထောက်ပြနိုင်လို့ ဦးပဉ္စင်းဘက်က မှားမှန်း သိရင် ချက်ချင်းပြင်မယ်။

ဦးပဉ္စင်းရဲ့ ဘ၀တစ်လျှောက်မှာ ဆုံးရှုံးခဲ့ဖူးတယ်လို့ လူတွေထဲမှာ ပြောသံ မကြားဖူးဘူး ဘုရား။ ဒီဘ၀မှာ ကျရှုံးမှု မရှိခဲ့လို့ ယခုလို နောက်လာမယ့် ဘ၀မှာ မဖြစ်အောင် ယခုလို ကျင့်ကြံနေတာလား ဘုရား။
နောက်ဘ၀ကို မျှော်လင့်ပြီး ဘာမှမလုပ်ခဲ့ဖူးဘူး။ ပြီးတော့ အောင်မြင်နေတဲ့ လူအားလုံးကို မေးကြည့်လိုက်! ဆုံးရှုံးမှုကို မကြုံဖူးပဲနဲ့ အောင်မြင်မှု အကြီးစား ရတဲ့သူဆိုတာ မရှိဘူး။ ဦးပဉ္စင်းကတော့ ဆုံးရှုံးခဲ့တာတွေ များလွန်းလို့ လူတော့လူပဲ ဒါပေမယ့် ဒဏ်ရာများနဲ့လူ။

ယနေ့လို အပြောင်းအလဲ မြန်ဆန်လွန်းနေတဲ့ မြန်မာပြည်မှာ ဦးပဉ္စင်းလို အတွေ့အကြုံများစွာကို ဖြတ်သန်းခဲ့ဖူးသူ တစ်ယောက်အနေနဲ့ ပထမဆုံး လုပ်ဆောင်သင့်သည့် တာဝန် (သို့) လုပ်ငန်းဆောင်တာ ငါးချက်ကို ပြောပြလို့ ရမလားဘုရား။

ပြောကြည့်မယ်။ ငါးချက်တော့ ပြည့်ချင်မှ ပြည့်မယ်။ တစ်ယောက်နဲ့ တစ်ယောက် တိုးတက် အောင်မြင်စေ ချင်တဲ့ စိတ်အသိနဲ့ ညှိကြည့်စေချင်တယ်။ အကောင်းမြင်တဲ့ဘက်က ဝေဖန် စေချင်တယ်။ ဝေဖန်ခံစေ ချင် တယ်။ ညှိနှိုင်းပြီး အဖြေထွက်လာရင် ချက်ချင်း အကောင်အထည် ဖော်စေချင်တယ်။ တစ်ခုခုကို ချက်ချင်း လက်မ ခံပါနဲ့။ ချက်ချင်းလည်း မပယ်ပါနဲ့လို့ ပြောချင်ပါတယ်။

တိုင်းပြည်ကြီးလည်း ပြောင်းလဲနေပြီဆိုတော့ လက်ရှိ အခြေအနေလေးကို သုံးသပ်ပေးလို့ ရမလား ဘုရား။
တိုင်းပြည်မှာ လက်ရှိ အခြေအနေက တိုးတက်ဖို့ ကြိုးစားနေတဲ့ အချိန်ဆိုတော့ တကယ် တိုးတက်အောင် လုပ်နိုင် တဲ့ လူတွေနဲ့ တွဲလုပ်ပါ။ စိတ်တွေ ရှင်းဖို့လိုတယ်။ ဟန်မဆောင်နဲ့၊ မလိမ်နဲ့၊ လုပ်နိုင်တယ်၊ မ လုပ်နိုင် ဘူး၊ လုပ်တတ်တယ်၊ မလုပ်တတ်ဘူး။ ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား ပြောဖို့လိုတယ်။ လုပ်နိုင် တဲ့လူ၊ လုပ်တတ်တဲ့လူကို လုပ်ခွင့်ပေးပါ။ လုပ်ခွင့်ရတဲ့ လူကလည်း ရိုးသား စင်ကြယ်တဲ့ စိတ်မျိုး ထားပြီး လုပ်နိုင်စွမ်း ရှိသလောက် လုပ်ပါ။ ချက်ချင်း လုပ်ပါ။

ဦးပဉ္စင်း လူသူကင်းမဲ့တဲ့ တောထဲမှာ တစ်ပါးတည်း သီတင်း သုံးတယ်လို့ ကြားပါတယ် ဘုရား။ ယခင်က ချောေ ချာ လှလှလေးတွေ ၀ိုင်းနေတဲ့ ပတ်ဝန်းကျင်ကနေ ယခုလို ကျင့်သုံးနိုင်ဖို့ ဘယ်လိုများ ကြိုးစား ခဲ့ပါ သ လဲ ဘုရား။

အရင်က ချောချောလှလှလေး တွေလည်း အခုချိန်ဆို ပြောင်းလဲနေကြပြီ ပေါ့။ ဘယ်အရာမှ အကြာကြီး မ ဟုတ် ဘူး။ အားလုံးကို စွန့်လွှတ်ရမယ်ဆိုတာတွေ ကြိုသိထားပြီး ပြင်ဆင်ထားတဲ့နည်းနဲ့ အချိန်တွေကို ရင်ဆိုင်ေ နတယ်။

အခုလို အချိန်ပေးပြီး ဖြေကြားပေးခဲ့တဲ့ ဦးပဉ္စင်းကို ICT အဖွဲ့သားများမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။ ၀က်ဘ် ဆိုဒ် လွှင့်တင်တဲ့ အခါမှာလည်း တစ်ကမ္ဘာလုံးရှိ လူသားအားလုံးက စိတ်ဝင်တစား ၀င်ရောက် ကြည့်ရှုကြမယ့် Website တစ်ခု ဖြစ်မယ်ဆိုတာ ယုံကြည်နေပါသည်။

Ref : Myanmar ICT

စော်ဘွားကြီးကုန်းဝင်းတွင် ပေါက်ကွဲမှုဖြစ်၊ ၃ ဦး သေဆုံး

Posted by drmyochit Tuesday, April 23, 2013, under | No comments


ရန်ကုန်မြို့ အင်းစိန် မြို့နယ် စော်ဘွားကြီး ကုန်းမှာ အိမ်ဆောက် ပစ္စည်း တွေ ရောင်းချ တဲ့ ၀င်း အ တွင်းက ငွေလမင်း သံပစ္စည်း ရောင်းဝယ်ရေး ဆိုင်မှာ ဒီနေ့ နေ့ လယ် ၂ နာရီ ခွဲလောက်မှာ ပေါက်ကွဲမှု တခုဖြစ် ခဲ့ပြီး လူကြီး ၂ ဦးနဲ့ ကလေး ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိ သွားပါတယ်။

အခင်း ဖြစ်ပွားရာ နေရာ ရောက် နေတဲ့ ဒီဗွီဘီ သတင်းထောက် အောင်စိုးထိုက်က “စော်ဘွားကြီး ကုန်း ၀င်းထဲ မှာ ပေါက်ကွဲ မှုဖြစ် တယ်။ အိမ်ဆောက် ပစ္စည်း ရောင်းနေတဲ့ ငွေ လမင်းဆိုင်။ ပေါက် တာက သံတွေ ဘာတွေ ဖြတ်တဲ့ အခါမှာ သုံးတဲ့ လေအိုး ရှိတယ်။ အဲဒီ လေအိုး ကနေ ပေါက် ကွဲတာ။ အလုပ် သမား ၂ ယောက်ရယ်၊ ကလေး ၁ ယောက် သေ သွားတယ်။ ဒဏ်ရာ ရသူ ၄ ယောက်ကိုတော့ အင်းစိန် ဆေးရုံ ကို ခေါ်သွားတယ်။ အဲထဲမှာ အမျိုးသမီး တယောက်လည်း ပါတယ်” လို့ ပြော ပါတယ်။

သေဆုံး ဒဏ်ရာ ရမှု အခြေ အနေကို အခင်း ဖြစ်ပွားရာ ရောက်ရှိ နေတဲ့ ရဲ တပ်ဖွဲ့ ကလည်း အတည်ပြု ပြီးပြီလို့ ဆိုပါတယ်။

“အခု လာပြီးတော့ သေတဲ့ သူတွေ ကို လာဖော် ထုတ်နေ တယ်။ လော လော ဆယ် ဒေသခံ ရဲတွေ ရောက်လာ တယ်။

ပေါက်ကွဲ မှုဖြစ်ပွား ပေမယ့် မီးလောင်ကျွမ်းမှု မရှိဘဲ အနီး အနားက ဆိုင်အ တော် များ များလည်း ပျက်စီး ကုန်တယ်လို့ ဒီဗွီဘီ သတင်း ထောက်က ပြော ပါတယ်။

“လေအိုး ပေါက်တာ ဆိုတော့ မီးမ လောင်ဘူး။ အနီး အနားက ဆိုင်တန်း ကြီး ဆိုတော့ ကျန်တဲ့ ဆိုင်တွေ အကုန် လုံးလည်း ပျက်စီး ကုန်တယ်။ အနီးနား ဆိုင်တွေက တော်တော် လေးကို ပျက်စီး သွားတယ်။ ဘေး ပတ်ဝန်းကျင် မှာတော့ လူတွေ အထိ အခိုက် မရှိဘူး။

From: DVB

ထိုင်းနိုင်ငံ ယာဉ်တိမ်းမှောက်မှု ၂ နေရာတွင် မြန်မာနိုင်ငံသားများ ပါဝင်

Posted by drmyochit Tuesday, April 23, 2013, under | No comments


ထိုင်းနိုင်ငံ အလယ်ပိုင်း  ဖစ်ချပူရီခရိုင် နဲ့ ချိုင်းယားနတ်ခရိုင်မှာ ဒီရက်ပိုင်းအတွင်း မော်တော်ယာဉ် မတော် တဆ ထိခိုက်မှုတွေ ဖြစ်ပွား ခဲ့ပြီး ယာဉ် ၂ စီးလုံးမှာ မြန်မာ နိုင်ငံသားတွေ ထိခိုက် ဒဏ်ရာ ရခဲ့ တယ်လို့ ထိုင်း သတင်း ဌာန တွေမှာ ဖော်ပြ သွားပါ တယ်။

ပထမ ဖြစ်စဉ်မှာ မြန်မာ နိုင်ငံသား တဦး မောင်း နှင်တဲ့ အဖြူ ရောင် နစ်ဆန် ဟိုင်းလပ် ကား တစ်စီးဟာ ဒီ မနက်စောစော ၂ နာရီ လောက်က  ဖစ်ချပူရီ ခရိုင်ခေါ်ယွဲ့ မြို့ နယ် နောင်ပရုန်း ရပ်ကွက် ထဲမှာ တိမ်းမှောက် ခဲ့ တာဖြစ်ပြီး စီးနင်းလိုက်ပါလာတဲ့ မြန်မာအလုပ်သမား စုစုပေါင်း ၂၉ ဦးမှာ ၁၇ ဦး ဒဏ်ရာ ရခဲ့ တယ်လို့ ခေါ်ယွဲ့ မြို့နယ် ရဲစခန်း တာဝန် ရှိသူ တွေရဲ့ ပြောပြ ချက်ကို ကိုး ကားပြီး မန်နေဂျာ အွန်လိုင်း ထိုင်းသ တင်းမှာ ဖော်ပြသွားပါတယ်။

အဲဒီ အလုပ် သမားတွေ အားလုံးဟာ ထိုင်းနိုင်ငံ တောင်ပိုင်း ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့နယ်က ရာဘာခြံ အလုပ် သမားတွေ ဖြစ်ပြီး သင်္ကြန်ပိတ်ရက် ကန်ချနာဘူရီ ခရိုင်က အပြန် ခုလို မတော် တဆ ထိခိုက်မှု ဖြစ်ပွား ရတာလို့ သတင်းမှာ ဖော်ပြ ပါတယ်။

ကားမောင်း သူဟာ အသက် ၃၈ နှစ်အရွယ် မောင်ကံ ဆိုသူဖြစ်ပြီး  အခင်းဖြစ်ပွားတဲ့ နေရာ အရောက် အရှေ့က ဖြတ်မောင်းတဲ့ ၁၀ ဘီးကားကို ရှောင်တိမ်း ရာမှာ အရှိန် မထိန်း နိုင်ဘဲ အိမ်တ အိမ်ရှေ့က အုတ်တိုင်ကို ၀င်တိုက်ပြီး တိမ်းမှောက် ခဲ့တာပါ။

ကားတိမ်း မှောက် မှုကြောင့် ဒဏ်ရာ ရသူ အားလုံးကို ခေါ်ယွဲ့ ပြည်သူ့ ဆေးရုံနဲ့ ဖရကျွမ်းကောက် ဆေးရုံမှာ တင်ထားရပြီး ကားမောင်း သူကို ရဲစ ခန်းက စစ်ဆေး မေးမြန်းဖို့ ခေါ်ယူ ထိန်းသိမ်း ထားကြောင်း၊ စီးနင်းလိုက် ပါလာသူ မြန်မာ အလုပ် သမား တွေရဲ့ သက်သေ အထောက် အထား တွေလည်း စစ်ဆေး မှာဖြစ်ပြီး တရားမ၀င် ၀င်လာ သူတွေကို လိုအပ် သလို အရေး ယူမယ်လို့ ခေါ်ယွဲ့ ရဲစခန်း အထူး စုံစမ်း စစ်ဆေးရေး ဌာနက ဗိုလ်မှူး အင်းထဆွန် ဖလုမ်းဟွမ်က ထိုင်း သတင်း ဌာနကို ပြောသွား ပါတယ်။

ဧပြီ ၂၂ ရက် မနက် ၅ နာရီ ခွဲကလည်း ထိုင်းနိုင်ငံ အလယ်ပိုင်း ချိုင်းယား နတ် ခရိုင် ဆန်ဖယား မြို့နယ်က အာရှ လမ်းမကြီး ပေါ်မှာ  ချင်းမိုင်- ဘန်ကောက်သွား ခရီးသည်တင် ၂ ထပ် ဘတ်စ် ကားကြီး တိမ်းမှောက် ခဲ့တာ ဖြစ်ပြီး အနည်း ဆုံးလူ ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ချန်နယ် ၃ ထိုင်းတီဗွီသတင်းက ထုတ်လွှင့် သွားပါ တယ်။

အင်း ထရားထိုး ကုမ္ပ ဏီပိုင် ဘတ်စ် ကားဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် ကနေ ဧပြီ ၂၁ ရက်နေ့ညက ထွက်ခွာ လာတာ ဖြစ်ပြီး ဘန်ကောက် မရောက်ခင် မိုင်တိုင် အမှတ် ၁၁၂ နဲ့ ၁၂၃ ကြားမှာ တိမ်းမှောက် ခဲ့ကြောင်း၊  ခရီးသည်တို့ ထွက်ဆို ချ က်အရ  အသက် ၅၀ နှစ် အရွယ် ကား သမား ဟာ အခင်း ဖြစ်တဲ့ နေရာမှာ အရှေ့က ကုန်တင် ကား တစီးကို ကျော်တက် ရာက အရှိန် မထိန်း နိုင်ဘဲ ကားဘီး လည်ပြီး ဘေးက ချောင်းထဲ ထိုးကျ သွားတယ်လို့ ထိုင်း သတင်းက ဖော်ပြ ပါတယ်။

ကားပေါ်မှာ လူပေါင်း ၄၈ ဦး စီးနင်း လိုက်ပါ လာပြီး  အနည်း အကျဉ်း ဒဏ်ရာ ရသူ တွေကို ကယ်ဆယ်ရေး လုပ်သား တွေက ရှေးဦး သူနာပြုစု ပေးကြောင်း၊  ဒဏ်ရာ ပြင်းတဲ့ ၁၀ ဦး ဆေးရုံ တင်ထား ရကြောင်း၊ အဲဒီထဲမှာ နိုင်ငံခြားသား ၃ ဦးပါပြီး မစ်စ ခန်းအောင်  လို့ ခေါ်တဲ့  အသက် ၄၅ နှစ် အရွယ် မြန်မာ နိုင်ငံက အမျိုး သမီး တဦးနဲ့ တရုတ် နိုင်ငံသား ၂ ဦး တို့ ဖြစ်ကြောင်း  ဆန်ဖယား မြို့နယ် ရဲစခန်းက ထိုင်း သတင်း ဌာနကို ပြောသွား ပါတယ်။

From: The Hot News

မစုစုနွေး၏ အမျိုးသာ ကိုမာကီ၏ ရှင်းတမ်း

Posted by drmyochit Tuesday, April 23, 2013, under | No comments


 ကျနော် ကိုမာကီ ဗုဒ္ဓ ဘာ သာ လား၊ မွတ် ဆလင် လား၊ ဗမာလား၊ ကုလားလား 

Facebook စာမျက်နှာ တွေမှာ ကျနော်နဲ့ ကျနော့်ရဲ့ အမျိုးသမီး မစုစုနွေး တို့ကို မကြာ ခန တိုက် ခဲ့ တာ တွေ ရှိ ပါ တယ်။ အထူး သဖြင့်တော့ ကျနော့် ကို တည်ပြီး မစုစု နွေးကို တိုက်ကြ ပါတယ်။ ဘယ်တုန်း ကမှ ကျနော်တို့ တုန့်ပြန်လေ့ မရှိ ခဲ့ပါဘူး။ unfriend, block … စတာတွေ မလုပ် ခဲ့ပါဘူး။ 

comment တွေကိုတောင် ရိုင်းရိုင်း စိုင်းစိုင်းတွေ မဟုတ်ရင် ဖြုတ်ပစ်လေ့ မရှိ ပါဘူး။ 

အခုမှ ကိုယ့်ရဲ့စိတ်ထဲ အမှန်ရှိတဲ့ သဘောထား အမြင်တွေကို ဖော်ထုတ်ခွင့်၊ အထိုက် အလျောက် လွတ်လွတ် လပ်လပ် ရေးသားခွင့် ရှိလာ စဉ်မှာ အဟန့် အတား မလုပ် ချင်လို့ပါ။ အဓိ ကက တော့ ကျနော် ဟာ မွတ် ဆလင် ကုလား တစ်ယောက် ဖြစ်တယ် ဆိုပြီး တိုက်ကြတာပါ။ 

ဘယ် ဘာသာ ကိုပဲ ကိုးကွယ် ကိုးကွယ်၊ ဘယ်လူမျိုးပဲ ဖြစ်ဖြစ် ဘယ်သူ့ကိုမှ ခွဲခြား ဆက်ဆံလေ့ မရှိတဲ့ အတွက် ကျနော် မွတ် ဆလင် ကုလား မဟုတ်ကြောင်း ဆတ်ဆတ် ထိမခံ တုန့်ပြန် စရာ မလို ဘူးလို့ပဲ ခံယူ ထား ပါတယ်။

ပြီးတော့ မွတ်ဆလင် ကုလား ဆိုပြီး တိုက်ခိုက် နေကြတဲ့ အပေါ် မှာလည်း ကျနော် အားပေး အားမြှောက် မလုပ်ချင် လို့ပါ။

နောက် ထပ် အဓိက ကျတဲ့ အချက်က ရခိုင်ဘက်မှာ ဖြစ်ပွား နေတဲ့ ပဋိပက္ခ အပေါ် မှာလည်း နိုင်ငံရေး သမား တစ်ယောက် အနေနဲ့ ကျနော့်ရဲ့ခံယူချက် ရှိပြီး သား မို့ပါ။ 

နယ်စပ် ဖြတ်ကျော် ခိုးဝင် လာတဲ့ ကျူးကျော် သူတွေနဲ့ အစ္စလာမ် ဘာသာ ကိုလည်း သီးခြား စီပဲမြင် ပါတယ်။ 

ရခိုင်ပြည်နယ်ရဲ့ အန္တရာယ် ရှိတဲ့ ပထဝီဝင် သဘာဝ၊ ရခိုင် တိုင်းရင်းသား တို့ရဲ့ စိုးရိမ် ပူပန်မှုနဲ့ အမျိုးသား ရေးစိတ်၊ ဒါတွေကိုလည်း ကျနော် ရှင်းရှင်းလင်းလင်း နားလည် ထားပါတယ်။ 

ဒါ့ကြောင့် ကျနော် တို့ကို တိုက်ခိုက် နေတဲ့ အပေါ်မှာ အထူး အထွေ လည်း မခံစား ရပါဘူး။ နစ်နာ လှချည် ရဲ့လို့လည်း မခံစား ခဲ့ရပါဘူး။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ကျနော်တို့က တုန့်ပြန်မရှင်းတဲ့အတွက် ပုဂ္ဂိုလ်ချင်း ရင်းနှီးသူ မိတ်ဆွေ တွေကရော၊

လူချင်း မမြင် ဖူးကြတဲ့ မိတ်ဆွေ တွေ ကပါ အားမလို အားမ ရ ဖြစ်လာ ကြပါတယ်။ တချို့ဆိုရင် ထင်ယောင် ထင် မှားတွေ တောင် ဖြစ် လာကြပုံ ရပါတယ်။ 

ဒါ့ကြောင့် ဘယ်တုန်း ကမှ ဖြေရှင်း လိုစိတ် မရှိ ခဲ့တဲ့ကျနော် အခုတော့ ….
ကျနော့် မာမီက စိန့်ဂျွန်း ကွန်ဗင့် ကျောင်း(ယခုလသာ၂) ထွက်ပါ။ မွန် ဗမာ လူမျိုး RC ခရစ်ယန်ပါ။ ကျနော့် ဒယ်ဒီက ဗမာ လူမျိုး ဗုဒ္ဓ ဘာသာပါ။

RC ဘာသာ ရဲ့ ထုံးစံကို ဗုဒ္ဓဘာ သာ ယောက်ျား ကျနော့်ဒ ယ်ဒီက လိုက်လျော ခဲ့လို့ ကျနော်ဟာ မွေးကင်း စ က တည်းက RC ခရစ် ယန်ဖြစ် ခဲ့ပါတယ်။

ခရစ် ယာန် နာမည် Mark ဆိုပြီး ရေဖြန်း ခံခဲ့ရ တာပါ။ Mark ဆိုတာကို ကျနော် တို့ ဝန်း ကျင်မှာ အခေါ်ရ ခက်လှ တာမို့ Marky (မာကီ)ဆိုပြီး နာမည် တွင်ခဲ့ ရပါတယ်။ 

ငယ်စဉ် ကလေး ဘ၀ တစ်လျှောက် လုံး Church တက် ခဲ့ရ ပါတယ်။ အသက် ၁၈/ ၁၉ မှာ စာပေတွေ က တစ် ဆင့် လက်ဝဲ အယူ ဆတွေ ၀င်လာ ပါတယ်။

(ဒယ်ဒီ ရော၊ မာမီရောက စာဖတ် သမား တွေမို့ ကျနော့် ကိုလည်း စာဖတ် ၀ါသနာ ပါစေ ပါတယ်) အဲဒီက တစ်ဆင့် ကွန်မြူ နစ် စာပေ၊ အ ယူ အ ဆ တွေရဲ့ လွှမ်း မိုးခြင်း ခံခဲ့ ရပါတယ်။ 

ငယ် စဉ် က တည်းက ဗုဒ္ဓ ဘာသာ ပတ်ဝန်းကျင်၊ ဗုဒ္ဓ ဘာသာ စာပေ တွေ နဲ့ နီး နီး စပ်စပ် ကြီးပြင်း ခဲ့ရ ပေမယ့်၊ ကျနော် ကိုက ဘာသာ ရေး ကို စိတ်မ ဝင်စား ခဲ့ပါဘူး။ 

ဗုဒ္ဓ တရားတော်တွေကို လေ့လာ ဖြစ်တဲ့ အခါ မှာလည်း ကြည်ညို သဒ္ဓါ စိတ်နဲ့ မဟုတ်ဘဲ၊ ငြင်းခုန်ဖို့ အချက် အလက် ရှာတဲ့ အနေ နဲ့ပဲ ဖတ်ရှု ခဲ့တာမို့ ကျနော်ဟာ ဗုဒ္ဓ ဘာသာ ဝင်တစ် ယောက် မဖြစ် ခဲ့ပါ။

ပြီးတော့ လူငယ့် သဘာဝ ပတ်ဝန်း ကျင်ကို စူးစမ်း တဲ့အ ခါမှာ လည်း ပါးစပ် က ဘုရား ဘုရား လက်က ကား ယား ကား ယား ဆို တဲ့ သူက ခပ်များ များမို့ ဘာသာ တရားနဲ့ ခပ်ကင်း ကင်းပဲ ဖြစ်ခဲ့ ပါတယ်။

အဲဒါ ကတော့ ကျနော့်ရဲ့ လူငယ် ဘ၀ တစ်လျှောက်လုံး ဆိုပါ တော့။ မာမီက သူကိုယ် တိုင် လွတ်လပ် ခွင့်ကို မြတ်နိုး သူမို့ ကျနော့် အသက် ၁၈နှစ် ပြည့် တဲ့နေ့ မှာ Church မတက်လိုက မတက် ဘဲနေနိုင်ခွင့် ပေးခဲ့ပါ တယ်။

၁၉၉၆ ခုနှစ် ဒုတိယ အကြိမ် ထောင်ကျ လို့ မြစ်ကြီးနား ထောင် ရောက်နေ စဉ် (၁၉၉၈ခုနှစ် ကျနော့် အသက် ၃၀ကျော်) မှာ အပြောင်း အလဲ စဖြစ် ပါတယ်။ 

ကျနော်တို့ ထောင်ထဲ မှာ နေ့စဉ် ရင်ဆိုင် ကြုံတွေ့ နေရတဲ့ ပြဿ နာတွေ ရဲ့ ရိုက် ခတ် မှုကြောင့် ကျနော့် စိတ်တွေ အတော်ပူလောင် ညှိုး ချုံးခဲ့ ရတယ်။ ဒေါသ ဖြစ်လွယ်ပြီး မကြာ ခန ပေါက်ကွဲ ချင် လာတယ်။ 

ရန်လို လာတယ်။ ဒါနဲ့ မဖြစ် တော့ ဘူး ဆိုပြီး Meditation လုပ်ဖို့ ကြိုး စားတယ်။ တရား ထိုင်တယ်။ တစ်နာရီ လုံးလုံး ထိုင် တာကို တစ်မိနစ် ပြည့်အောင် မရဘူး။ အလွယ် ဆုံး လို့ ပြော လို့ ရတဲ့ ဂဏ ကမ္မ ဌာန်းတောင် မှတ်လို့မရခဲ့ဘူး။

တစ် နှစ် သုံး လေး ငါး .. စသဖြင့် ရေတွက် တာ ပေါ့လေ။ တစ်ဆယ်ပြည့် အောင်တောင် ရေတွက်လို့ မရခဲ့ဘူး။ အဲဒီ့အချိန်မှာ ထောင်က ဖွင့်ပေးနေတဲ့ sound box ကနေ ဆရာ တော် ဦး ဇောတိ ကရဲ့တရားကို စတင်ကြား နာ ရတာပဲ။ 

အရှုပ် ထဲမှာ ရှင်းအောင် နေ တဲ့။ စ ကြား ခါစက ဘယ်ဆရာ တော်မှန်းတောင် မသိပါဘူး။ 

ကိုယ့်ကို ရည်ရွယ်ပြီး ဟောနေ တယ် လို့ကို ထင်ရ လောက်အောင် ထိမိ လွန်းလို့ စုံစမ်းတော့မှ ဆရာတော် ဦးဇော တိ က မှန်း သိရတာပါ။ 

အဲဒီ ကစပြီး ဆရာ တော်ရဲ့ စာအုပ် တွေကို ဆက်တိုက် ဖတ်ဖြစ် ခဲ့တယ်။ မြတ် ဗုဒ္ဓရဲ့အဆုံး အမ တွေကို ယုံကြည် လက်ခံ ခဲ့တယ်။ 

တတ်နိုင် သမျှလည်း အဆုံး အမနဲ့ ညီအောင် ကြိုးစားပြီး နေထိုင် ပါတယ်။ အဲဒီ လောက် ကို ဗုဒ္ဓ ဘာသာပါလို့ သတ်မှတ် မယ် ဆို ရင်တော့ ကျနော် ဗုဒ္ဓ ဘာသာ ပါပေါ့။ 

ဒါပေမယ့် ကျနော် ကတော့ ကိုယ့်ကို ကိုယ် အပြည့် အ၀ မကျင့်ကြံ၊ မနေထိုင် နိုင်သေးတဲ့ အဆုံး အမတွေ ရှိနေ သေးတာမို့ ကိုယ့် ကိုကိုယ် ဗုဒ္ဓ ဘာ သာပါ လို့ ပြောရမှာ မြတ် ဗုဒ္ဓကို အားနာ နေ မိ ပါ တယ် ... ။

ကိုမာကီ
Posted From Ko Marky
Thit Htoo Lwin blog

ဒါတွေရပ်ရင် ဆွေးနွေးမယ်ဟုမြောက်ကိုရီးယားဆို

Posted by drmyochit Tuesday, April 23, 2013, under | No comments



မြောက် ကိုရီးယား နိုင်ငံ အပေါ် ကမ္ဘာ့ ကုလ သမဂ္ဂက အရေးယူ ပိတ်ဆို့ မှုတွေ ရပ်ရင် လက်ရှိ ဆောင်ရွက် နေတဲ့ အမေ ရိကန်နဲ့ တောင် ကိုရီးယား ပူးတွဲ စစ်ရေး လေ့ကျင့် မှုတွေ ရပ်ရင် မြောက်ကို ရီးယား အနေနဲ့ တောင် ကိုရီးယား အမေ ရိကန် တို့နဲ့ ဆွေး နွေးမယ် လို့ ဧပြီလ ၁၈ ရက်မှာ မြောက် ကိုရီး ယား စစ် ကော် မရှင်က သတင်း ထုတ် ပြန် ပါတယ်။

တောင် ကို ရီးယား နိုင်ငံက တော့ ဒါဟာ တစ်ဖက်သက် တောင်း ဆို မှု ဖြစ်တယ်။ မြောက် ကိုရီးယားရဲ့ တောင်း ဆို မှုဟာ နားလည်ရ ခက်တယ် လို့ ပြောနေ ပါတယ်။ သို့သော် ကုလ သမဂ္ဂ ကတော့ မြောက် ကိုရီး ယားရဲ့ တောင်း ဆိုမှုကို လောလောဆယ် တုန့်ပြန် ပြောဆို မှု တစ်စုံ တစ်ရာ မရှိ သေး ပါဘူး။ မြောက် ကို ရီးယား ကတော့ ကုလ သမဂ္ဂ အနေနဲ့ မြောက် ကိုရီးယား နိုင်ငံဟာ နျူး ကလီးယား စစ်ပွဲ တစ် ရပ်ကို ဖန်တီး နေတယ် ဆိုတဲ့ အချက် ကို ပြန် ရုပ် သိမ်းပါ။ ဒီလို ဆို ရင်ဖြင့် မြောက် ကို ရီးယားနဲ့ ကုလ သမဂ္ဂ တို့ အကြားမှာ ညှိနှိုင်း ဆွေး နွေးမှု တွေ ဖြစ်လာ နိုင် ပါ တယ် လို့ ပြော ကြား နေပါတယ်။

အမေ ရိကန် ကတော့ မြောက် ကိုရီး ယားရဲ့ ကမ်းလှမ်း မှုဟာ အပြု သဘော ဆောင် တယ်လို့ ဆိုလိုက် ပါ တယ်။ တရုတ် ကလည်း မြောက် ကိုရီး ယားရဲ့ တောင်း ဆိုမှု ကို ကြိုဆို လိုက် ပါတယ်။

အတွင်း ရေးမှူး ချုပ် ဘန်ကီမွန်း ကတော့ လောလော ဆယ်မှာ မြောက် ကိုရီး ယားတို့ တစ်ဖက် သတ် ပိတ်ဆို့ ထားတဲ့ ကေဆောင် စက်မှု ဇုန်ကို ပြန်လည် ဖွင့်ပေးပါ လို့ ပြောနေ ပါတယ်။

မည်သို့ ဆိုစေ မြောက်ကိုရီး ယားရဲ့ ကမ်းလှမ်း ချက်ဟာ အကြို သဘော ဆောင် တယ် လို့ ဒေသ တွင်း နိုင်ငံ များက ပြောကြား လျက်ရှိနေပါတယ်။ ကိုရီးယား ကျွန်းဆွယ်တင်းမာမှုလျော့ကျ ရေးအတွက် အထောက် အကူပြု စေတဲ့ အချက် တစ် ချက် ဖြစ် နိုင် ပါ တယ်။
 
ကျော်စိန်
From: The Hot News 

မူးယစ်ဆေးမှုအပါအ၀င်အမှုများဖြင့် ထောင် ၃၂ နှစ်ကျခံနေသူက ပြင်ပလူတစ်ဦးကို ဖုန်းဖြင့် ဆက်သွယ် ခြိမ်းခြောက်

Posted by drmyochit Tuesday, April 23, 2013, under | No comments

မကွေးတိုင်း ဒေသကြီး၊ မကွေး ခရိုင်၊ တောင်တွင်းကြီး မြို့နယ် တောင်ပြင် ၁ ရပ်ကွက်၊ အိမ် အမှတ် ၄၉ ဒက်္ခိဏ ကျောင်းလမ်း နေ ကိုမိုးဇော်ထံသို့ ၁၅.၄.၂၀၁၃ ရက်နေ့ ည ၉း၁၀ အချိန်ခန့်တွင် ၎င်း၏ မိတ်ဆွေ ဖြစ်သူ မမီမီစိန်၏ ယခင် အမျိုးသား ဦးကို ကြီး ဆိုသူ သည်ထောင် ထဲမှ ဖုန်း ဆက်၍ ကို မိုးဇော်၏ အိမ်၌ မမီမီ စိန် နှင့် လက်ရှိ ခင်ပွန်းမောင်မောင်တင် အား အိမ်မှာလက်ခံထားပါက လက် ခံထား သည့် အိမ် များ အား မူးယစ် ဆေးဝါး တစ်ခု ခု ပစ်ပြီး ရဲဖြင့် ရှာဖွေ ဖမ်း စီး မည်။ ၎င်းင်းအိမ်များ အား ရဲတပ်ဖွဲ့အား လာရှာခိုင်း မည်။ 
ရဲ တပ် ဖွဲ့ဖြင့် ရှာ မတွေ့ ခဲ့ပါ က စသုံး လုံးဖြင့် ထပ်ရှာ မည်ဟု ထောင်ထဲမှ ဖုန်းဆက်၍ ခြိမ်းခြောက် မှုများ ပြုလုပ် နေသော ကြောင့် ကို မိုးဇော်၏ မိသား စုမှာ စိုးရိမ် ကြောင့်ကြ မကင်း ဖြစ်နေ ရပါ သောကြောင့် ယင်း ခြိမ်း ခြောက်မှု များအား မကွေးတိုင်း ဒေသကြီး ရဲ တပ်ဖွဲ့ မှူး ရုံးသို့ လိပ် မူ၍ ကြိုတင် အသိပေး အသနား ခံ တင်ပြထား ကြောင်း သိရှိရသည်။ 
အဆိုပါ မမီမီစိန်၏ ယခင် ခင်ပွန်း ဖြစ် သူ ဦး ကိုကြီး ဆိုသူမှာ မူးယစ် ဆေးဝါးမှု လက်နက် ကိုင်ဆောင်မှု၊ လူ ပြန်ပေး  ဆွဲမှု၊ တပ် မတော် အယောင် ဆောင် မှု၊ ကား လိုင်စင်မဲ့ မှူး တို့ဖြင့် မန္တလေး တိုင်းဒေသကြီး၊ မန္တလေး အိုးဘို ထောင်တွင် ထောင်ဒဏ် (၃၂) နှစ်ကျခံနေရသည်ဟု သိရှိရပြီး ဦးကိုကြီးနှင့် မမီမီ စိန် တို့ သည် ယင်းအ မှုမဖြစ်ခင် က ပင် တရားဝင် ကွာရှင်း ပြတ်ဆဲ ခဲ့သည်ဟု မမီမီစိန် ၏ ပြောပြ ချက် အရ သိရှိ ရပါ သည်။ 
ဦးကိုကြီး၏ ခြိမ်းခြောက် ခံရသူ ကို မိုးဇော် မိသား စုမှာ ဦးကို ကြီး၏ ထောင် ချောက် ဆင် ဖမ်း စီး မည်ကို ကြောက် ရွံ့စိုး ရိမ် ပူပန် ဖြစ် နေ ရ ပါ သော ကြောင့် ဥ ပ ဒေ နှင့် အညီ လို အပ် သလို ကူညီ အကာ အကွယ် ပေးနိုင်ရန် ကိုမိုး ဇော် (ကားဘော် ဒီ လုပ်ငန်း လုပ်ကိုင် နေသူ)မှ တိုင်း ဒေသကြီး ရဲ တပ် ဖွဲ့မှူး ရုံး မကွေး တိုင်း ဒေသကြီး၊ မကွေး မြို့နှင့် သက် ဆိုင်ရာ တာဝန် ရှိသူ များထံ ကာကွယ် ကူညီ မှုများ ပေးနိုင်ရန် အားကိုး ယုံကြည် စွာဖြင့် အသနား ခံစာ ပေးပို့ တင်ပြ ထားကြောင်း စုံစမ်း သိရှိရပါသည်။
ဦးကိုကြီး ဆိုသူက ထောင် အတွင်းမှ ဆက်သွယ် ခြိမ်းခြောက် ပြောဆို ရာတွင် အသုံးပြု ခဲ့သော ဖုန်း များမှာ ၀၉- ၄၀၂၅၉၃၇–နှင့် ၀၉- ၄၀၂၆၂၅၇–တို့ဖြစ် ကြောင်း သိရသည်။



ဟင်္သာ(တောင်တွင်းကြီး)
From: The Hot News  

၁၅ဝဝတန်ဖုန်း ငွေဖြည့်ကတ်များကို တပ်မတော်ပိုင် MECTel က ထုတ်လုပ်

Posted by drmyochit Tuesday, April 23, 2013, under | No comments

လာမယ့် ဧပြီ ၂၄ ရက်နေ့မှာ စတင် ရောင်းချ ပေးမယ့် ၁၅ဝဝတန် ဆင်းကတ် အတွက် သီးသန့် ငွေဖြည့် ကတ် တွေကို မြန်မာ့ စီးပွားရေး ကော်ပို ရေးရှင်း ကနေ တာဝန်ယူ ထုတ်လုပ် တာဖြစ်ပြီး ဖုန်း ဆိုင် တိုင်းမှာ လက်လီ အဖြစ် လွယ်လွယ် ကူကူ ဝယ်ယူ နိုင်တော့ မယ်လို့ ဆို ပါတယ်။

မလေးရှားဒါရိုက်တာနှင့် အိန္ဒိယစက်အဖွဲ့သားများပူးပေါင်းကာ မြန်မာ့အနုပညာရှင်များဖြင့် ဇာတ်ကားရိုက်ကူးမည်

Posted by drmyochit Tuesday, April 23, 2013, under | No comments


မလေးရှား နိုင်ငံရောက် မြန်မာ လုပ်သား အချို့၏ ဖြစ်ရပ် မှန်အား မလေးရှား ဒါရိုက်တာနှင့် အိန္ဒိ ယ စက် အဖွဲ့သားများ ပူးပေါင်းကာ မြန်မာ အနု ပညာ ရှင် များဖြင့် ဇာတ်ကားတစ်ကား ရိုက်ကူး ရန် စီစဉ် ထား သည်ဟု သတင်းရရှိသည်။

အဆိုပါ ဇာတ်ကားကို မလေးရှား ရုပ်ရှင် ထုတ်လုပ် ရေးမှ ရိုက်ကူး ထုတ်လုပ် သွားမည် ဖြစ်ပြီး လိုအပ် သည့် ရိုက်ကွင်း နေရာများနှင့် အခြေခံ အချက်အ လက်များ အတွက် မလေးရှား
နိုင်ငံမှ ထုတ်လုပ်သူ၊ ဒါရိုက်တာများ၏ ဖိတ်ခေါ်ချက်အရ မြန်မာ နိုင်ငံမှ ရှုတင် မန်နေဂျာ ကိုစတီးလ်က သွားရောက် လေ့လာ ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။ “ကျွန်တော်တို့ နိုင်ငံမှာလည်း မလေးရှား ဒါရိုက်တာ အဖွဲ့က ဇာတ်ကား တစ်ကား လာရောက် ရိုက်ကူး ခဲ့တယ်။ အဲဒီ  ဒါရိုက်တာကပဲ အခု ဇာတ်ကားကို ရိုက်ကူးဖို့ စီစဉ် ခဲ့တာပါ။ ဒီဇာတ်ကားမှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမား တစ်ယောက် မတော် တဆကြောင့် မလေးရှား နိုင်ငံတွင် ဆုံးပါး သွားပြီး နောက်ပိုင်း သင်္ဂြိုလ်ဖို့ အခက် အခဲ ဖြစ်တာကို မလေးရှားမှာ ရှိတဲ့ နာရေး ကူညီမှု အသင်းက ကူညီ ပေးလိုက်တဲ့ ဖြစ်ရပ်မှန် ပါ။ အဲဒါလေးကို အခြေခံပြီးတော့ မလေးရှား နိုင်ငံရောက် မြန်မာ အလုပ်သမား တွေအနေနဲ့ အခက်အခဲ တွေ ရှိလာတဲ့ အခါ ဘယ်လို ဖြေရှင်းရမယ် ဆိုတာရယ်၊ ဘယ်လို အကူအညီ တောင်းရမယ် ဆိုတာတွေကို Message ပေးဖို့ ရည်ရွယ် ရိုက်ကူး မယ်လို့ သိရ ပါတယ်။ မလေးရှား နိုင်ငံမှ နာရေး ကူညီမှု အသင်း ရုံးခွဲ နဲ့လည်း သွားရောက် ညှိနှိုင်း ခဲ့ပြီး ပါပြီ။ သရုပ်ဆောင် ရွေးချယ်တဲ့ အပိုင်းကတော့ ဆက်လက် လုပ်ဆောင် သွားမှာပါ” စု မလေးရှား နိုင်ငံတွင် ဇာတ်ကား ရိုက်ကူးမှုနဲ့ ပက်သက်၍ ရှုတင် မန်နေဂျာ ကိုစတီးလ်က ရှင်းပြခဲ့ပါတယ်။

မလေးရှား ဒါရိုက်တာမှာ Vninra Iravl ဟု အမည် ပေးထားသည့် အိန္ဒိယ ရုပ်ရှင် ဇာတ်ကားကို ကင်မရာ မန်းနှင့် မင်းသား၊ မင်းသမီး တို့ဖြင့် မြန်မာ နိုင်ငံ၌ ၂၀၁၃ ခုနှစ် မတ်လ အတွင်းက လာရောက် ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။


REF: Weekly Eleven Journal
From: Myanmar Daily News

ဒေါက်တာ ဆိတ်ဖွား ကို ဖော်ထုတ် နိုင်ပြီဟု ကောမရှင် ဥက္ကဌ ပြောကြား

Posted by drmyochit Tuesday, April 23, 2013, under | No comments



ရန်ကုန် ၊ ဧပြီ ၂၂

လွှတ်တော် ကိုယ်စားလှယ်များကို Above the Law (ဥပဒေ အထက်တွင် လွှတ်တော် ရှိနေသလား) ဆိုသော ခေါင်းစဉ် ဖြင့် အင်တာနက်ပေါ်တွင် ဝေဖန် ရေးသား ခဲ့သော ဒေါက်တာ ဆိတ်ဖွားကို စုံစမ်း ဖော်ထုတ် နိုင်ပြီ ဖြစ်ကြောင်း ဒေါက်တာ ဆိတ်ဖွား စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဦးမြငြိမ်းက The Voice သို့ ပြောကြားသည်။

လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးဖြင့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သော ယင်းကော်မရှင်က ဒေါက်တာ ဆိတ်ဖွား အမည်ဖြင့် အင်တာနက် စာမျက်နှာ ဖန်တီးပြီး လွှတ်တော်အား ဝေဖန် နေသူကို နှစ်လကျော် ကာလ အတွင်း ဖော်ထုတ် နိုင်လိုက်ခြင်း ဖြစ်သည်။

ဒေါက်တာ ဆိတ်ဖွားကို ဖော်ထုတ် အရေးယူ နိုင်ရန် ယင်း ကော်မရှင်က သမ္မတရုံး ဒုတိယ ၀န်ကြီး၊ ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန အကြီးတန်း အရာရှိများ၊ တပ်မတော်သား ကွန်ပျူတာနှင့် Network တာဝန်ခံများ၊ သတင်းစာ ဆရာများနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများကို စစ်ဆေး ကြားနာပြီး အစီရင် ခံစာ ရေးသားကာ ပြည်ထောင်စု လွှတ်တော် နာယကထံ တင်ပြ အဆုံးအဖြတ် ရယူခဲ့ ရခြင်း ဖြစ်ကြောင်း ယင်း ကော်မရှင် အဖွဲ့ဝင် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

ဒေါက်တာ ဆိတ်ဖွားအနေနှင့် သက်ဆိုင်ရာ တရားရုံးမှ ပြန်လည် ခုခံ ပိုင်ခွင့်ကိုလည်း ကော်မရှင်တွင် ပါဝင်သည့် ဥပဒေ ပညာရှင်များက အကြံပြု တင်ပြ ထားကြောင်း ၎င်းက ပြောသည်။
  
“ကာယကံရှင်ကို မထိ ခိုက် စေချင်လို့ နာမည်ကိုတော့ ထုတ်မပြော လိုပါဘူး။ နာယကကြီး ဆုံးဖြတ်ချက် ချပြီး ပါပြီ” ဟု ဦးမြငြိမ်းက နာမည် အတိ အကျ ထုတ်ဖော် ပြောကြားရန် ငြင်းဆိုသည်။

သို့သာ် ဒေါက်တာ ဆိတ်ဖွား အမည်ဖြင့် အင်တာနက် ဆောင်းပါး

ရေးသားသူမှာ အယ်ဒီတာချုပ်ခင်မောင်ညို (ဘောဂဗေဒ)၏ The Street View ဂျာနယ်တွင် ဆောင်း ပါးရေး သား ဖူးသူဖြစ်ကြောင်း ဦးမြငြိမ်းက အရိပ်အမြွက် ပြောကြားသည်။

(ယနေ့ ထုတ် The Voice Daily သတင်းစာမှ ကူးယူပါသည်)

Credit: Aungmyo Tun 

ဆီးရီးယားအတိုက်အခံခေါင်းဆောင်က ကမ္ဘာက တန်ပြန် ဆောင်ရွက်မှုမရှိခြင်းကြောင့် နှုတ်ထွက်မည်ဟု ပြောကြား

Posted by drmyochit Tuesday, April 23, 2013, under | No comments


ဒ မက် စက ပ်စ်၊ ဧပြီ ၂၂။ 

ဆီးရီးယား အတိုက် အခံ ခေါင်းဆောင် အာမက် မိုအာဇ် အယ်ကာ တစ်သည် အစိုးရ တပ်များ ၎င်းတို့ သိမ်းယူ ခဲ့သော နယ်မြေ များကို ပြန်လည် သိမ်း ယူခဲ့ခြင်းကို ကမ္ဘာက တန်ပြန် လုပ်ဆောင်မှု မရှိဟု ယူဆပြီး ရာထူးမှ နှုတ် ထွက်ရန် ဆုံးဖြတ် ထားကြောင်း လုပ်ဖော်ကိုင်ဖက်များက တနင်္ဂနွေ နေ့ တွင် ပြောကြားသည်။ 

သမ္မတ အယ်အာ ဆတ် တပ်ဖွဲ့သည် မြို့တော်အနီးနှင့် လကုပ်သစ် ရွေးချယ်ရေးအတွက် အကြံဥာဏ် တောင်းယူ ခြင်းများ လုပ် ဆောင် နေကြပြီဖြစ်ကြောင်း သိရသည်။ 

ညွန့်ပေါင်းအဖွဲ့ အဖွဲ့ဝင်ကော်မတီကို ဦးဆောင်သည့် မစ္စတာဟာဂျစ်က “မစ္စတာကာတစ်ဟာ ဆီးရီးယား ပြည်သူ တွေ ကိုယ်စား တစ်ကယ် မလုပ်ခဲ့လို့ နှုတ်ထွက် တာဖြစ်တယ်၊ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဆီးရီးယား မိတ်ဆွေ များ အုပ်စုဟာလည်း ဆီးရီးယားပြည်သူတွေ ကိုယ့်ကိုယ် ကိုယ် ကာကွယ် နိုင်ရေး အတွက် လက်နက်ကြီးတွေ ထောက်ပံ့ပေးသင့်ပါတယ်” ဟုပြောကြားသည်။ 

အစ္စတန်ဘူလ်တွင်ကျင်းပသည့် ဆွေးနွေးပွဲတွင် အမေရိကသည် လက်နက်ကိုင်အတိုက်အခံများကို လက်နက်များ မပါဝင်သည့် စစ်သုံး ထောက်ပံ့ပစ္စည်း များ နှစ်ဆတိုးထောက်ပံ့မည်ဟု ပြောကြားခဲ့သည်။ 

သမ္မတ အာဆတ်၏တပ်ဖွဲ့သည် လက်ဘနွန်နယ်စပ်အနီးရှိ အတိုက်အခံများသိမ်းပိုက်ထားသည့် ကူဆေ ယာမြို့အနီးသို့ တနင်္ဂနွေနေ့က ရှေ့တိုးလာခဲ့သည်။ 

အတိုက်အခံများက အစိုးရစစ်တပ်ကို လက်ဘနွန်ရှီအိုက်လှုပ်ရှားမှု ဟက်ဘိုလာမှ စစ်သားများက အကူ အညီ ပေးကြောင်း ပြောကြားသည်။ 

ကူဆေယာမြို့အနီးမှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်ဆံ ၄ ခုသည် လက်ဘနွန်အရှေ့ပိုင်း ဟာမယ်ဒေသသို့ ကျရောက် ကြောင်း သိရသည်။ 

လက်ဘနွန် အမျိုးသားသတင်းအေဂျင်စီက တနင်္ဂနွေနေ့အစောပိုင်းတွင် ဒုံးကျည်သုံးခုထိကြောင်း၊ နောက် တစ်ခု သည် နောက်ပိုင်းအချိန်တွင် ကျရောက်ကြောင်း သတင်းထုတ်ပြန်သည်။ 

ကူဆေယာဒေသသည် ဆီးရီးယားအတိုက်အခံများလက်အောက်တွင် တစ်နှစ်ရှိကျော်ပြီဖြစ်သည်။ 

“အစိုးရတပ် ဒီဒေသကို ဝင်ရောက်လာတဲ့အဓိက အကြောင်းပြချက်ဟာ ဟက်ဘိုလာတပ်ကြောင့်ဖြစ်တယ်၊ အစိုးရတပ်က လေကြောင်းက ကာပစ်ပေးနေချိန်မှာ ဟက်ဘိုလာတပ်ဟာမြေပြင်က ရှေ့တိုးလာတယ်” ဟု ကူဆေယာအခြေစိုက် အတိုက်အခံ ဟာဒီ အယ်အက်ဘဒယ်လာ က ပြောကြားသည်။ 

ဒမက်စကတ်မြို့အနီးရှိ ယာဒီဒက် အယ်ဖာဒီမြို့တွင်လည်း အစိုးရတပ်များ ငါးရက်ကြာတိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ ရှစ်ဆယ်သေဆုံး ခဲ့ရ ကြောင်း မျက်မြင်သက်သေများက ဆိုသည်။ 

Ref:AFP
From:   မြန်မာ့ခေတ်  

ဖြစ်လု နီးပါး အခြေအနေထိ ရောက်ခဲ့သော စစ်တွေ အဓိဂရုဏ်း အာဏာပိုင်များက အချိန်မှီ ထိန်းသိမ်း

Posted by drmyochit Tuesday, April 23, 2013, under | No comments


 ရခိုင်ပြည်နယ် စစ်တွေမြို့  မြို့ပြင်တွင် ဖြစ်လုနီးပါး အခြေအနေထိ ရောက်ရှိခဲ့သော  အဓိဂရုဏ်း ပုံစံမျိုး လူအုပ်ဖွဲ့ တိုက်ခိုက်ကြမည့် တိုက်ခိုက်မူ တစ်ခုအား ယနေ့တွင် အာဏာပိုင်များက အချိန်မှီ ထိန်းသိမ်း ခဲ့ရသည်ဟု သတင်း ရရှိသည်။

အဆိုပါ အပြန်အလှန် တိုက်ခိုက်ကြမည့် အဓိဂရုဏ်းမှာ စစ်တွေမြို့နယ် ကျက်တောပြင် ရခိုင် ကျေးရွာသားများနှင့် အောင်ဒိုင်ကျေးရွာ အုပ်စု ခေါင်တုတ်ကာ မွတ်ဆလင် ကျေးရွာသားများ အကြားတွင် ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

“ ပထမ ကျက်တောပြင်ရွာထဲကို ဘင်္ဂလီ အုပ်စု တစ်ခုက ၀င်လာတယ်လို့ ပြောတယ်။ အဲသလို ၀င်လာတော့ ရွာသားတွေက ဘာကြောင့် ၀င်လာတာလဲဆိုပြီး သင်္ကာမကင်း ဖြစ်ရာကနေ ဖမ်းတယ်။ တချို့ကို ဖမ်းမိတယ်။ တချို့က လွှတ်သွားတယ်။ လွှတ်သွားတဲ့ လူတွေက ရွာကိုသွားပြီး အကြောင်းကြားတော့ ခေါင်တုတ်ကာ ရွာက လူ ၂၀၀ ခန့် တုတ်တွေ၊ ဓါးတွေနဲ့ တက်လာကြတယ်။ ဒီဘက်ကလည်း အဆင်သင့် စောင့်နေတော့ တပ်က ချင်ချင်း ရောက်ရှိလာပြီး အခြေအနေကို ထိန်းသိမ်း ခဲ့ရပါတယ်” ဟု စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

အရေးအခင်း ဖြစ်ပွားပြီးနောက်ပိုင်းတွင် ဘင်္ဂလီကျေးရွာသားများနှင့် ရခိုင် ကျေးရွာများ အကြား တရွာနှင့် တရွာ အသွားအလာ မရှိကြဘဲ ရှိနေရာက ဘင်္ဂလီရွာသားများ  ရုတ်တရက် ရွာထဲ ၀င်ရောက်လာရာမှ မသင်္ကာ သဖြင့် ဖမ်းဆီးပြီး ကျေးရွာသားများက ရဲလက်သို့အပ်လိုက်သည်ဟု ဆိုသည်။

“ အခု လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရွာကို ရောက်သွားပါပြီ။ အချိန်မှီ တားဆီးနိုင်ခဲ့ပါတယ်။  ပြဿနာ က တော့ မရှိ တော့ဘူးလို့ ကြားရတယ်။ အခြေအနေ ပြန်တည်ငြိမ်သွားပြီလို့ ကြားရပါတယ်” ဟု ဦး အောင်မြ ကျော် က ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်အောင် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့သို့ ဆက်သွယ် မေးမြန်း ရာ “ ခင်ဗျားဖုံး အသံ မကြားရဘူး။ ဘာမှ မကြားရရဘူး” ဟုဆိုကာ ဖုံးချသွားခဲ့သည်။ နောက်ထပ် ဆက် သွယ် သော်လည်း မရရှိခဲ့တော့ပါ။

ဖမ်းဆီး အရေး ယူမူများ ရှိကြောင်း သိရှိရသော်လည်း အသေးစိတ် သိရှိရခြင်း မရှိပါ။

From: Narinjara News

မိတ္ထီလာအကြမ်းဖက်မှုနဲ့ ဆက်နွယ်သူတချို့ တရားရုံးတင်စစ်ဆေး

Posted by drmyochit Tuesday, April 23, 2013, under | No comments


 မိတ္ထီလာပဋိပက္ခအတွင်း မီးလောင်နေတဲ့ နေအိမ်တွေကို မီးငြိမ်းသတ်ဖို့ ကြိုးစားနေတဲ့ မီးသတ်ဝန်ထမ်းများ

သိပ် မကြာ သေးခင် တုန်းက ဖြစ်ပွား ခဲ့တဲ့ မိတ္ထီလာ အကြမ်း ဖက်မှု အဓိ ကရုဏ်း မှာတော့ တရားခံ အဖြစ် စွပ်စွဲ ခံထား ရသူ ၁၁ ဦးထဲက ဖမ်းမိထားသူ ၇ ဦးကို ပုဒ်မ ၃၀၂ လူသတ်မှု အပါအ၀င် တခြားပုဒ်မတွေနဲ့ စွဲချက် တင် ထားပြီး အာဏာပိုင်တွေက  မြို့ခံလူထုကို ကြည့်ရှု နားထောင်ခွင့် မပေးဘဲ လုံခြုံရေး အစောင့် အကြပ်တွေနဲ့ ရုံးထုတ်ပြီး တရားလို များကို စတင် စစ်ဆေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လက လူ ၄၀ ကျော် သေဆုံးခဲ့ရတဲ့ မိတ္ထီလာ  အဓိကရုဏ်းအတွင်း ဆရာတော် ဦးသော ဘိတ အား သတ်ဖြတ် ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက် တွေနဲ့ တရားခံ လို့ စွပ်စွဲ ခံရသူ ၇ ဦးကို တနင်္လာနေ့မှာ လုံခြုံရေး အစောင့် အကြပ် တွေနဲ့ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။ တရားရုံးမှာ သွားရောက် နားထောင်ခွင့် ရခဲ့တဲ့ မိတ္ထီလာ မြို့က သတင်းစာ ဆရာ၊ စာရေး ဆရာ ဦးတင် လှိုင် ကတော့ အခုလို ပြောပြပါတယ်။

“မိတ္ထီလာ အမှတ် ၂ ရဲစခန်းမှ တရားလိုစခန်းမှူး မြင့်သန်းက ဧပြီလ ၂၀ ရက်နေ့က အမှတ် ၂ ရဲစခန်း ပ ၇၆၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂၊ ၄၃၆/၃၂၆ ဖြင့် အမှုဖွင့်ထားသော လူသတ်တရားခံများဖြစ်ကြသည့် မျိုးထွန်း ညွန့်၊ ဖိုးချို၊ မျိုးညွန့်ဦး၊ မျိုးဝင်း (ခေါ်) ဆယ်သန်း၊ ဇော်ထက်နိုင်၊ မြတ်ကိုကို (ခေါ်) အဏ္ဏ၀ါ၊ ညီညီနိုင်နဲ့ ဟာဂျီ မျိုးဝင်း (ခေါ်) မျိုးညွန့်၊ မြတ်ကျော်နိုင်၊ ကိုကိုဝင်း (ခေါ်) ကျော်သူဝင်းနဲ့ စည်သူတို့အား မိတ္ထီလာခရိုင် တရား သူကြီး ရုံးတွင် တရားစွဲဆိုကာ ခရိုင်တရားသူကြီးရုံးက ရာဇသတ်ကြီးအမှတ် ၁၆/၂၀၁၃ အမှုကို လက် ခံပြီး အမှုကို ဧပြီလ ၂၂ ရက်နေ့တွင် တရားခံများအား လုံထိန်း အစောင့်အရှောက်များနှင့် ရုံး ထုတ်ကြ တယ်။ တရားခံများ စစ်ဆေးခြင်းအား တရားလိုပြ သက်သေများဖြစ်ကြတဲ့ စခန်းမှူး ရဲအုပ်မြင့် သန်း၊ ဆရာတော် ဦးနန္ဒိယ၊ ကျော်မင်းထွန်း၊ အောင်ခိုင်၊ ကျော်ထိုက်နှင့် ထွန်းဝင်းတို့အား စစ်ဆေးခဲ့တယ်။ တရားခံ များဘက်က အကျိုးဆောင် ၆ ဦး ငှားရမ်းထားတယ်လို့ သိရပါတယ်။”

ဆရာတော် ဦးသောဘိတ ကို သတ်ဖြတ်ခဲ့မှုနဲ့ စွဲချက်တင် ခံရသူတွေကို ရုံးထုတ် စစ်ဆေးမယ် ဆိုတာကြောင့် တရားရုံးကို မြို့ခံတွေက မနက်စောစောကတည်းက သွားဖို့ ပြင်ဆင်ထားကြပေမဲ့ လုံခြုံရေး တွေ တင်းကျပ်စွာ ချထားတာကြောင့်  မြို့ခံတွေအနေနဲ့ သွားရောက်ကြည့်ရှု နားထောင်ခွင့် မရခဲ့ဘူးလို့ မြို့ခံတ ဦးက ပြောပါတယ်။

“သူတို့ကို ရုံးထုတ်တဲ့အချိန်က မြို့ခံလူထုက သွားမရဘူး။ လုံခြုံရေးတွေက ရုံးရဲ့ အပြင်ဘက်မှာ ချထားတဲ့ အတွက် ရုံးထဲကို သွားပြီးတော့မှ ဦးသောဘိတ ကိုသတ်တဲ့ ၁၁ ဦးကို စစ်ဆေးမှုမှာ မြို့ခံလူထုက သွားပြီး တော့ ရုံးရှေ့မှာ စုရုံး စုရုံးနဲ့ ရုန်းရင်းဆန်ခတ်တွေ လုပ်လို့မရဘူးခင်ဗျ။ အပြင်မှာ လုံခြုံရေး အပြည့်အ၀ ချထား တယ်။ လူတွေက သွားချင်ကြတယ်။ တော်တော်များများ က ဒီကိစ္စကို စိတ်ဝင်စားနေတဲ့အတွက် အကုန် လုံးကတော့ မနက်အစောပိုင်းကတည်းကနေပြီး သွားဖို့ စီစဉ်တာ၊ ဒါပေမဲ့ ရုံးထုတ် တဲ့အချိန်မှာ ကျတော့ သွားလို့ မရဘူး ပေါ့နော်။ လုံခြုံရေးတွေ၊ အာဏာပိုင် အဖွဲ့အစည်းတွေက အပြင်မှာ တင်းတင်း ကျပ်ကျပ်ကို လုံခြုံရေး ချထားတယ်။”

မိတ္ထီလာ ပဋိပက္ခကြောင့် ဒုက္ခသည်စခန်း ၆ ခုမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေထဲက တချို့ဟာလည်း  နေခင်း ဘက်တွေမှာ သူတို့ အိမ်ယာတွေကို ပြန်ကြတာတွေရှိပြီး ညဘက်တွေမှာတော့ ဒုက္ခသည်စခန်းမှာ ပြန်နေ ထိုင်ကြ ရတယ်လို့ ဆိုပါတယ်။ မိတ္ထီလာမြို့ လုံခြုံရေးကတော့ စိတ်မချရသေးတာကြောင့် ကိုယ့်လမ်း တွေမှာ ကင်းစောင့်နေရတုန်းပဲလို့ မြို့ခံတွေက ဆိုပါတယ်။

“ရပ်ကွက်ထဲတွေမှာရှိတဲ့ လူနည်းစု အိမ်ခြေလေးတွေကနေပြီးတော့ ပျောက်ကြားပျောက်ကြား ရှိတဲ့ အိမ်လေး တွေက နေ့လည်ပိုင်းမှာ သူတို့အိမ်တွေဆီ ပြန်လာပြီးတော့ ညနေပိုင်းဆိုရင်တော့ ဒုက္ခသည် စခန်းကို ပြန်သွားတယ် အဲ့ဒါမျိုးတွေ ရှိပါတယ်။ ရပ်ကွက်တွေမှာတော့ အခု လုံခြုံရေးတွေ ထွက်တာ ကလည်း ထွက်တာပေါ့ နော်။ အာဏာပိုင် အဖွဲ့အစည်းက လုံခြုံရေးပေးတာ ပေးတာပဲ။ ဒါပေမဲ့ ကိုယ့်ရပ် ကွက်တွေ ကိုယ့်လမ်းတွေမှာတော့ အရင်လိုပဲ ကျနော်တို့က စဖြစ်တဲ့နေ့ကတည်းက အခုထိ ကင်းကတော့ စောင့်နေ ရသေးတယ်။”

ဒုက္ခသည် စခန်းတွင်းမှာ နေထိုင်နေတဲ့ ဒုက္ခသည်တွေကတော့  စခန်းတွင်းမှာ နေထိုင်လိုခြင်း မရှိတော့ ပေမဲ့  အပြင်ဘက်မှာ နေအိမ်တွေ ဖျက်ဆီးခံလိုက်ရတာတွေ လုံခြုံရေး စိတ်မချရသေးတာရယ်ကြောင့် ဒုက္ခ သည် စခန်းမှာပဲ နေထိုင်နေကြရသူတွေရှိသလို တချို့ကလည်း အိမ်ယာတွေ ရှိနေသေးတဲ့အတွက် အိမ် ကို ပြန်လိုသူတွေလည်း အများအပြား ရှိနေပါတယ်။

အစ္စလာမ်ဘာသာဝင်တချို့ကတော့ ဆိုင်တချို့ ပြန်ဖွင့်တာတွေရှိပေမဲ့ အများစုကတော့ ဆိုင်တွေ မဖွင့် ရဲကြ သေးဘူး လို့ ဆိုပါ တယ်။ မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အာဏာပိုင်တွေက လူ ၇၀ ကျော် ကို ဖမ်းဆီးစစ်ဆေးနေပြီး ဧပြီလထဲမှာပဲ ပဋိပက္ခ စတင်ဖြစ်ပွားခဲ့တဲ့ ရွှေဆိုင်ပိုင်ရှင် တွေအပါ အ၀င် လူ ၃ ဦးကို ထောင်ဒဏ် ၁၄ နှစ်စီ ချမှတ်ခဲ့ပါတယ်။

မအေးအေးမာ 
From: VOA 

ရထားလမ်းချော်အောင် လုပ်ဖို့ ကြံသူကို ကနေဒါမှာ ဖမ်းမိပြီ

Posted by drmyochit Tuesday, April 23, 2013, under | No comments


 ရထားလမ်းချော်အောင် ကြံစည်မှု ဖော်ထုတ်နိုင်ခဲ့

ကနေဒါ နိုင်ငံမှာ ခရီးသည်တင် ရထားကို လမ်းချော်သွားအောင် အယ်ကိုင်းဒါး ကျောထောက် နောက်ခံ ပေးခဲ့တဲ့ အကြမ်းဖက် ကြံစည်မှုကြီး တခုကို သူတို့ ဖော်ထုတ် နှိမ်နင်း နိုင်ခဲ့ တယ်လို့ ရဲက ပြောပါ တယ်။

ကနေဒါ နိုင်ငံသားတွေ မဟုတ်သူ နှစ်ယောက်ကို ဖမ်းဆီး ခဲ့ပြီး အကြမ်းဖက်မှုနဲ့ ဆိုင်တဲ့ ပြစ်မှုတွေနဲ့ တရား စွဲဆို ထားတယ်လို့ ရဲက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ အစောပိုင်းတုန်းက ရဲက စောင့်ကြည့် လေ့လာတဲ့ စစ်ဆင်ရေး တခု ဆင်နွှဲခဲ့ ပြီးတဲ့နောက် သူတို့ကို ဖမ်းဆီး နိုင်ခဲ့တာ ဖြစ်တယ်လို့ ယူဆရပါတယ်။

ကနေဒါရဲ့ အကြီးဆုံး မြို့ဖြစ်တဲ့ တိုရွန်တိုမြို့နားမှာ ရထားတွဲ လမ်းချော်သွားအောင် လုပ်ဖို့ သူတို့ ရည်ရွယ် ခဲ့ကြတာ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။

အပြစ်မဲ့တဲ့ လူတွေ သေဆုံး ဒဏ်ရာရမှု မဖြစ်ခဲ့ ပေမယ့်လည်း ဒီလို ဖြစ်အောင် ကြံစည်ခဲ့တဲ့ ခြိမ်းခြောက်မှုက ဖြစ်အံ့ ဆဲဆဲ ဘဲလို့ ရဲက ဆိုပါတယ်။

သူတို့ဟာ အီရန်က အယ်ကိုင်းဒါး အဖွဲ့တွေက နေ အထောက် အပေံ့တွ ယူခဲ့တာ တွေ့ရပြီး စုံစမ်း စစ်ဆေး မှုတွေ အရ အထောက် အပံ့ ဆိုတာက လမ်းညွန်မှု တွေပါလို့ လက်ထောက် ရဲမင်းကြီး ဂျိမ်းစ် မလီဇီယာက ဆိုပါတယ်။

ဒါပေမယ့် အခု သံသယ ဖြစ်ဖွယ် ကြံစည် မှုမှာ တော့ အီရန် အစိုးရက အထောက်အပံ့ ပါတာ မတွေ့ ရ ဘူးလို့ ရဲက ပြောပါတယ်။
From: BBC 

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အားလုံးနီးပါး EU ရုပ်သိမ်း

Posted by drmyochit Tuesday, April 23, 2013, under | No comments


 ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီိးအကဲ Catherine Ashton

လွန်ခဲ့တဲ့ တနှစ်က မြန်မာ နိုင်ငံ အပေါ် ဆိုင်းငံ့ ထားခဲ့တဲ့ ဥရောပ သမဂ္ဂ (EU) ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ အရေး ယူမှု တွေကို EU က အခုအခါ အပြီးအပိုင် ဖယ်ရှားပေးလိုက်ပြီ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံတွင်း တိုးတက်မှု ရှိတဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ရော၊ မြန်မာအစိုးရ အနေနဲ့ ရှေ့လျှောက် ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်သွား လိမ့်မယ်လို့ မျှော်လင့် တဲ့အတွက်ပါ လက်နက် ကုန်သွယ်မှု ပိတ်ပင်တာကလွဲလို့ မြန်မာအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေကို အပြီး အပိုင် ရုပ်သိမ်းကြောင်းကို တနင်္လာနေ့က EU နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ ဆုံးဖြတ်ချက်မှာ ဖော်ပြ ထားပါ တယ်။ ဒါနဲ့ပတ်သက်လို့ လူ့အခွင့်အရေး အဖွဲ့တွေဘက်က ဝေဖန်မှုတွေလည်း ရှိပါတယ်။ အကြောင်းစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မခင်ဖြူထွေး က တင်ပြထားပါတယ်။

တနင်္လာနေ့ကပဲ Luxembourg မြို့မှာ ပြုလုပ်တဲ့ ဥရောပသမဂ္ဂ (EU) ၂၇ နိုင်ငံက နိုင်ငံခြားရေး ၀န်ကြီး တွေရဲ့ အစည်း အဝေးမှာ မြန်မာအပေါ် EU ရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ အားလုံးနီးပါးကို ရုပ်သိမ်း ပေးလိုက် တာ ဖြစ်ပါတယ်။

ကောင်စီ အစည်း အဝေး အပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာတော့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီိး အကဲ ကက်သရင်း အက်ရှတွန် (Catherine Ashton) က အခုလို ပြောသွားပါတယ်။

“ဒီကနေ့ မြန်မာ နိုင်ငံနဲ့ EU ဆက်ဆံ ရေးမှာ နှစ်ပေါင်းများစွာ မြန်မာ အပေါ် ချမှတ်လာခဲ့တဲ့ EU ရဲ့  စီးပွား ရေးနဲ့ နိုင်ငံရေး အရ ဒဏ်ခတ် ပိတ်ဆို့ အရေး ယူမှု တွေကို ဖယ်ရှား ပေးလိုက် ပါပြီ။ လက်နက် ကုန်သွယ်မှု ပိတ်ပင်ချက် တခုပဲ ဆက်လက် ထားရှိမှာ ဖြစ်ပါတယ်။ ရှေ့ဆက် ပြုပြင်ပြောင်းလဲစရာတွေ အများကြီး ကျန်နေ သေးတယ် ဆိုတာကို ကျမတို့ သိပါတယ်။ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ ဆင်းရဲမွဲတေမှု တိုက်ဖျက် ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ရှေ့ဆက် ဆောင်ရွက်ရမယ့် စိန်ခေါ်မှုတွေ ရှိနေသေးတယ် ဆိုတာ ကိုလည်း ကျမတို့ လျှော့တွက်မထားပါဘူး။ ဒါပေမဲ့ ခုအချိန်ဟာ မြန်မာအစိုးရနဲ့ ပိုမိုထိတွေ့ပြီး ပြုပြင် ပြောင်းလဲ ရေးလုပ် ငန်းတွေ ရှေ့ဆက်နိုင်အောင် ကူညီရမယ့်အချိန်လို့ ကျမတို့ ယုံကြည်ပါတယ်။ အခက် အခဲ စိန်ခေါ်မှုတွေကို ပွင့်လင်း လွတ်လပ်တဲ့ ဒီမိုကရေစီ စနစ်အောက်မှာ ထိထိရောက်ရောက် ဖြေရှင်း ကိုင် တွယ် နိုင်ပါတယ်။ မြန်မာအစိုးရနဲ့အတူ တခြားနိုင်ငံတွင်းက အရေးပါတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေနဲ့ ကျမ တို့ အနီးကပ် ပူးပေါင်း ဆောင်ရွက်သွားနိုင်ဖို့လည်း မျှော်လင့်ပါတယ်။”

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ မြန်မာအပေါ် ချမှတ်ထားတဲ့ အရေး ယူမှု အတော်များများကို EU က ပြီးခဲ့တဲ့နှစ် ဧပြီလက စတင် ဆိုင်းငံ့ပေးခဲ့တာဖြစ်ပြီး အခု တကြိမ် မှာတော့ အပြီးအပိုင် ဖယ်ရှားပေးလိုက်တာ ဖြစ်ပါတယ်။

အခုလို မြန်မာအပေါ် EU ရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ကိစ္စကို ဗြိတိန်နိုင်ငံကလည်း လိုလား ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို အခုထက် ပိုမို ကောင်း မွန်အောင် ဆက်ပြီး လုပ်သွားဖို့ လိုအပ်နေသေးတဲ့အပေါ်မှာ ရှေ့ဆက် ပြုပြင်ပြောင်းလဲသွားရမှာ ဖြစ်တဲ့ အကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၀ီလျံ ဟိတ် (William Hague) ကလည်း မနေ့က ဥရောပကောင်စီ အစည်း အဝေး မတိုင်ခင်မှာ ပြောဆိုသွားခဲ့ပါတယ်။ 

“မြန်မာပြည်တွင်းမှာ ဖိနှိပ်ဖို့အတွက် အသုံးပြုနိုင်တဲ့ စစ်သုံးပစ္စည်းတွေနဲ့ လက်နက် တင်ပို့မှုကို ပိတ်ပင် တာက လွဲလို့ ကျန်နေတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဖယ်ရှားဖို့အတွက် ကျနော်တို့ ဗြိတိန်နိုင်ငံက လိုလား ပါ တယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ လုပ်ဆောင်ရမယ့် တာ ၀န် ၀တ္တရားတွေကတော့ လုံးလုံးလျားလျား အပြီးမသတ်သေးပါဘူး။ လူ့အခွင့်အရေး အခြေအနေ တိုးတက် လာဖို့၊ အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်းက လူသားချင်း စာနာထောက်ထားမှု အခြေအနေ ပိုပြီး ကောင်း မွန် လာဖို့၊ တိုင်းရင်းသား လူမျိုးစုတွေနဲ့ အကြမ်းဖက်မှုတွေ၊ အထူးသဖြင့် မူဆလင် လူ့အဖွဲ့အစည်းကို တိုက်ခိုက် နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ရမှာတွေ ရှိနေပါသေးတယ်။”

မြန်မာအကျဉ်းထောင်တွေထဲမှာ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ လိုအပ် သလို မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေး မတူကွဲပြားကြတဲ့ လူမှုအသိုင်းအ၀ိုင်းတွေကြား ဆက် ဆံရေး ပိုမို ကောင်းမွန်လာအောင် ဆောင်ရွက်ဖို့လည်း လိုအပ်တယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆို သွားပါတယ်။

လူ့အခွင့် အရေး အဖွဲ့တွေ ကတော့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေဟာ ထင်သလောက် မတိုးတက် သေးတဲ့အတွက် EU အနေနဲ့ အရေးယူမှုတွေကို အပြီးပိုင် ရုပ်သိမ်းလိုက်တာဟာ အချိန် စောလွန်း နေသေးတယ်လို့ ဝေဖန် ပြောဆိုနေကြပါတယ်။

ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖယ်ရှားဖို့အတွက်မှာ EU ဘက်က မြန်မာအစိုးရအပေါ် သတ်မှတ်ထားတဲ့ လူ့အခွင့် အရေး ဆိုင်ရာ လိုက်နာဆောင်ရွက်ရမယ့် ကိစ္စတွေ အကောင်အထည် ပေါ်လာခြင်း မရှိသေးခင်မှာ အခုလို အရေး ယူမှု တွေကို ဖယ်ရှား မပေးသင့်ဘူးလို့ လန်ဒန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ Burma Campaign UK က လှုပ်ရှားမှု တာဝန်ခံ မဇိုရာဖန်း က ပြောပါတယ်။

“ကျမတို့ဘက်က အချိန် မတော်သေးဘူးလို့ မြင်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ EU ဘက်က သတ်မှတ် ချက်တွေ ထားတဲ့ ၄ ချက်အပေါ်မှာ မူတည်ပြီးတော့ ဒါ လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ သတ်မှတ် ချက်တွေ ပေါ့နော်။ အခုထက်ထိ သူတို့ဘက်က မပြည့်စုံသေးဘူးဆိုတာကို ကျမတို့ မြင်ရတယ်။ မြန်မာ ပြည်မှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့၊ တိုင်းရင်းသားနယ်မြေမှာ ဖြစ်နေတဲ့ လက်နက် ပဋိ ပက္ခတွေ ရပ်ဆိုင်းဖို့၊ တပြည်လုံးဆိုင်ရာ လူသားချင်းစာနာထောက်ပံ့မှုတွေကို သမ္မတ ဦးသိန်းစိန် ဘက်က ခွင့်ပြုဖို့ပေါ့နော် အဓိက တိုင်းရင်းသားနယ်မြေတွေမှာ၊ ပြီးတော့ နောက်ဆုံးတခုဖြစ်နေတဲ့ ရခိုင်ပြည် နယ်မှာ ရှိနေတဲ့ ရိုဟင်ဂျာ တွေရဲ့ အခြေ အနေ တွေကို မြှင့်တင် ပေးဖို့ ပေါ့နော် ဒီအချက် အလက် တွေကို ပြန်ကြည့် ရမယ် ဆိုရင် အခုထက်ထိ တခုမှ မပြည့်စုံသေးဘူးပေါ့နော်။ အဲ့ဒါကြောင့် EU ဘက်က မြန်မာအပေါ်မှာ ထားနေတဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်တာကို ကျမတို့ဘက်က အချိန် မတော် သေးဘူး လို့ မြင်ပါတယ်။”

မြန်မာအပေါ် EU ရဲ့ အရေး ယူ မှုတွေ အားလုံးနီးပါး ရုပ်သိမ်းလိုက်တဲ့အတွက် မြန်မာနိုင်ငံတွင်း ရင်းနှီး မြှုပ်နှံ လိုကြ တဲ့ ဥရောပ လုပ်ငန်းရှင်တွေအတွက်တော့ မြန်မာနိုင်ငံနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိုပြီး ယုံ ကြည် မှု ရှိရှိနဲ့ လုပ်ကိုင်နိုင်တော့မှာ ဖြစ်ပါတယ်။

လူ့အခွင့် အရေးအဖွဲ့တွေကတော့ EU အနေနဲ့ ကုန်သွယ် ရေးနဲ့ စီးပွားရေး ကို ဦးစားပေးပြီး လူ့အခွင့်အရေး အခြေ အနေ တွေကို လျစ်လျူရှု ပစ်လိုက် တာမျိုး မဖြစ် စေဖို့ ဝေဖန် ထောက်ပြ ပြောဆို နေကြ ပါတယ်။

မခင်ဖြူထွေး 
From: VOA 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်