အောက်တိုဘာ(၂၈)
တောင်ကြီးမြို့
ငြိမ်းချမ်းခြင်း အနုပညာပြပွဲမှ ရရှိသည့် အလှုငွေ ကျပ်(၂၁) သိန်း နှင့် အ၀တ်အထည် ဆေးဝါးတို့ကို
ကချင်ဒုက္ခသည်များထံ မကြာသေးမီက သွားရောက် ပေးအပ်ခဲ့သည်။
စစ်ဘေးသင့်ဒေသသို့
သွားရောက်လှူဒါန်းခဲ့သူ ကိုမြတ်သုန်က အောက်ပါအတိုင်း ပြောပြသည်။
-
ပြပွဲကို အောက်တိုဘာ ၁ရက်မှ ၅ ရက်ထိ ကျင်းပပြုလုပ်ခဲ့ကြောင်း၊
-
အောက်တိုဘာ ၁၆ရက်နေ့က ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် အနီးတ၀ိုက် ဒုက္ခသည်စခန်းများ၏
လိုအပ် ချက် နှင့် အလိုအပ်ဆုံး အခြေအနေတို့ကို လေ့လာခဲ့ကြောင်း ၊
-
နောက်တနေ့မှ စတင်ပြီး နန်းလှိုင် ဒုက္ခသည် စခန်းရှိ လူဦးရေ (၁၀၁) ယောက်အား ဆန်၊ ဆီ၊ ဆား
နှင့် ငွေသား (၁၅) သိန်းလှုဒါန်းပေးခဲ့ကြောင်း၊
-တောင်ကြီးမြို့မှ
စေတနာရှင်မိဘပြည်သူများ လှူဒါန်းသည့် အ၀တ်အထည် ၊ဖိနပ်၊ စသည်တို့ လည်း တစ်ဦး ချင်းစီအား
ပေးအပ်ခဲ့ကြောင်း၊
-
ပန်းချီဆရာတို့က ဒုက္ခသည်များနှင့် အတူတူ အိပ်စက်ခဲ့ကြောင်း၊ အတူနေစဉ်အတွင်း ယင်းတို့
စိတ် သောက ကင်းဝေးစေရန် ပန်းချီဆရာ ဦးစိုင်းလင်းမြတ်က ကယ်ရေကေးချား ရုပ်ပြောင်ပုံများ
ရေးဆွဲပေး ခဲ့ကြောင်း၊
-
အောက်တိုဘာ ၁၉ ရက်နေ့တွင် ဗန်းမော်မြို့ ရွှေကြီးနား ဘုရားဝန်းအတွင်းရှိ ဒုက္ခသည် စခန်းမှ
(၁၈၃) ယောက်အား ငွေ (၄)သိန်းခန့်နှင့် အ၀တ်အစား ဖိနပ်များ ၊ဆေးဝါးများ လှုဒါန်းပေးခဲ့ကြောင်း
၊
-
ယင်းနေ့တွင် ပင် AD2000 ဒုက္ခသည် စခန်းတွင်လည်း ဖိနပ်၊ ဆေးဝါးများ လှူဒါန်း ပေးခဲံကြောင်း၊