၂၂
ရက်နေ့မှစတင်ဖြစ်ပွားခဲ့သော ရခိုင်ဒေသတွင်းပဋိပက္ခကြောင့် အောက်တိုဘာ၂၆ရက်နေ့ထိ
စာရင်းအရ ရခိုင်နှင့် ဘင်္ဂလီ စုစုပေါင်းသေဆုံးသူ ၆၇ဦး၊ ဒဏ်ရာရသူ ၉၅ ဦး၊အိမ်ခြေ
၂၈၁၈ လုံးနှင့် ဘာသာရေး အဆောက်အဦး ၁၈လုံးပျက်စီးခဲ့ကြောင်း ရခိုင်ပြည်နယ်
သတင်း ထုတ်ပြန်ရေးနှင့် မှတ်တမ်း စုဆောင်းရေး ဆပ်ကော်မတီ ဝင် တစ်ဦးကပြောသည်။
ထို့အပြင် ပဋိပက္ခအတွင်း မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ကျောက်တော်မြို့နယ်
ရသေ့တောင် မြို့နယ် တို့မှ လူစုစုပေါင်း ၂၆ ဦးစစ်တွေဆေးရုံကြီးတွင် ဆေးဝါး ကုသခံနေရသည်။
မြောက်ဦးမြို့နယ်၊မင်းပြားမြို့နယ်၊ ပေါက်တောမြို့နယ်၊ မြေပုံမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်ဖြူ မြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ ရသေ့တောင်မြို့နယ်တို့ အောက်တိုဘာ
၂၂ ရက်နေ့မှစ၍ ၂၆ရက်နေ့ ဆက်တိုက် ပဋိပက္ခဖြစ် ပွားခဲ့သည်။
ပဋိပက္ခဖြစ်ပွားနေသော
ပေါက်တော၊ရသေ့တောင်၊ ကျောက်ဖြူ ရမ်းဗြဲ၊ မြေပုံ၊မြောက်ဦး မင်းပြားမြို့နယ် တို့တွင်လည်း
လုံခြုံရေးများ ချထား ရဆဲဖြစ်သည်။ ယမန်နေ့ ကလည်း ရမ်းဗြဲမြို့နယ်တွင် အပြန် အလှန်မီးရှို့မှု
လည်းဖြစ်ခဲ့ သည်။
ပေါက်တောမြို့ရပ်ကွက်(၃)၊
ဘဝမ်းချောင်းဝချောင်းဝရပ်ကွက် တို့အားအောက်တိုဘာ ၂၅ရက်နေ့က မီး လောင်ကျွမ်း ခဲ့စဉ်
မီးလောင် ကျွမ်းမှုကြောင့် အိမ်ခြေ ဂဝဝကျော် ပျက်စီး ဆုံးရှုံးခဲ့သည်။
မြစ်မခမီဒီယာ
0 comments:
Post a Comment