Tuesday, August 27, 2013

ဆက်သွယ်ရေး ကောင်းမှ ကလေးတွေကို ကယ်တင်နိုင်မယ် မိုးမင်း

Posted by drmyochit Tuesday, August 27, 2013, under | No comments


ချစ်ဇနီး၊ ချစ်သမီး ၃ယောက်နဲ့ သာယာ အေးချမ်းတဲ့ဘဝလေးကို တည် ဆောက်နေတဲ့သူက တော့ သဘင်မင်းသားကြီး မိုးမင်းပါ။ သမီး ၃ ယောက်စလုံးကို ပညာရေး၊ အားကစား၊ အနုပညာ ပိုင်းဆိုင်ရာ တွေမှာ အားလုံးဘက်စုံ ထူးချွန်နေရ အောင် လုပ်ဆောင်ပေးရင်း ဖခင်တစ်ယောက် ရဲ့ ဝတ္တရားကိုလည်းကျေပွန်အောင် ထမ်းဆောင်နေ တဲ့ သူပါ။ အသက်အရွယ်တွေ အရ ငယ်သေးလှတဲ့ သမီး ၃ယောက်ကို ဖခင် တစ်ယောက်အနေနဲ့ ပြုစု စောင့် ရှောက်ပုံတွေကို မေးမြန်းဖော်ပြပေးလိုက်ရပါ တယ်။

► သမီး၃ယောက်ကို အတတ်ပညာအစုံ သင်ကြားပေး

ကျွန်တော့်မှာ သမီး ၃ ယောက် ရှိပါတယ်။ မြန်မာပြည်ရဲ့ ပညာရေး ကို သူတို့တွေ အမီလိုက်နိုင်အောင် ကျောင်းကောင်းကောင်းမှာ တက် နိုင် သမျှထားပါတယ်။ အနုပညာပိုင်း ဆိုင်ရာတွေလည်းလမ်းညွှန် ပေးရပါ တယ်။ ကျွန်တော်က သဘင်သမား ဖြစ်တယ်။

သမီးတွေအနေနဲ့ မြန်မာ ရဲ့ဂီတကိုလည်း သိသင့်သလို၊ မြန်မာ့ရဲ့ အခြေခံအကကိုလည်း သူတို့သိ သင့်တယ်။ ဒါကြောင့်လည်း သမီးကြီး ကို အခြေခံအနေနဲ့တတ်ကျွမ်းတဲ့ မြန်မာမလေးတွေဖြစ်အောင်တော့ ပျိုး ထောင်ပေးဖို့ စဉ်းစားပြီးသင်ကြား ပေးနေပါတယ်။မြန်မာ့တူရိယာ နဲ့ နွယ်တဲ့စန္ဒရားနဲ့မြန်မာ့သီချင်း ကြီး တွေ တီးတတ်အောင်လေ့ ကျင့် ပေးတယ်။ အကနဲ့ပတ်သက်ပြီးလည်း မြန်မာ့ရိုးရာအကကို အခြေခံ တတ် ကျွမ်းအောင်လို့ လေ့ကျင့်ပေးနေပါ တယ်။တကယ်လို့များ သဘင်နဲ့ ပတ်သက်ပြီးလုပ်ချင်သည် ဖြစ်စေ၊ ဘယ် အနုပညာကိုပဲလုပ် ချင်သည်ဖြစ်စေ အနုပညာရဲ့ အခြေခံမြန်မာမှုကို တော့ တတ်ကျွမ်းနေ တဲ့သူဖြစ် အောင် လေ့ကျင့်သင်ကြားပေးသွားမယ်။ နောက် အားကစား နဲ့ပတ်သက်ပြီး လည်း သင်ကြားပေးနေတယ်။ ပန်းချီ လည်း သင်ခိုင်းနေ တယ်။စာပေလည်း မလစ်ဟင်းအောင် လုပ်ခိုင်းတယ်။

► ကလေးတွေကို အနီးကပ်စောင့် ရှောက်သင့်

မိဘတွေအနေနဲ့ ကိုယ့် နယ်မြေ ကို လုံခြုံတယ်လို့ ထင်တတ်ကြတယ်။ အဲဒါတွေက နည်းနည်း အန္တရာယ် ပေး နိုင်တဲ့ အကြောင်းအရာ တွေပါ။ အခုခေတ်ကတအား ကျယ် ပြန့်လာတယ်။မထင်မှတ် နိုင်တဲ့ရာဇဝတ်မှုတွေ လည်း များပြားလာတယ်။ ဒါကြောင့် မိမိကလေး များကို စောင့်ရှောက် တဲ့ နေရာမှာမိမိ ကလေး များနဲ့ ကြပ်ကြပ် မတ်မတ် အနီးကပ် စောင့်ရှောက် သင့်တယ်။ ဥပမာ- Super Market ကြီး တစ်ခုသွား တယ်။မိဘကတစ်ဖက် ကို အာရုံစိုက်နေတဲ့အချိန်မှာဘေး နားမှာကိုယ်နဲ့အတူ ပါလာတဲ့ ကလေးက ပျောက်သွားတတ်တယ်။ အရင်တုန်းကပျောက်သွားရင် ကလေးကို ပြန်ေ တွ့နိုင် တယ်။ အခု ခေတ်မှာတော့ ပျောက်သွားပြီးရင် ကိုယ့် ကလေးလုံး ဝကိုပျောက်သွားပြီ လို့ သတ်မှတ်ရ မလို ဖြစ်နေပြီ။ ဒါတွေကို မိဘတွေက သတိထား သင့်တယ်။ တစ်ခုခုကို အာရုံစိုက် နေရင်လည်း ကလေးကို ခွာမသွား သင့်ဘူး။ ကျွန်တော့် အနေနဲ့လည်း သမီးတွေကို သတိထားနေရ တယ်။ ကျောင်း ပို့တာတောင်မှ ကျောင်းဝင်း ထဲကိုရောက်သွားရဲ့ လားဆိုတာ တော် တော်လေးကို သတိထားရ တယ်။ ကျောင်းကို သွားတော့လို့ လွှတ်လိုက်ပေမယ့် တစ်စုံတစ် ယောက်ကသူတို့ရဲ့ ပညာနဲ့ ကလေးကိုအန္တရာယ် ပေးနိုင်ပါ တယ်။ ညအချိန် မတော်တွေလည်း မလွှတ် သင့်ဘူး။ ယောက်ျားလေး ဖြစ်စေ၊ မိန်းကလေးဖြစ် စေပါ။ ကလေး ဆိုတာက အသက်ငယ်ရင် ငယ်သလောက် ခုခံနိုင်စွမ်းနည်းပါတယ်။ဒါ ကြောင့် ကလေးတွေနဲ့ ပတ်သက်ပြီး သေသေချာချာ ဂရုတစိုက်နဲ့ ကြပ် ကြပ်မတ်မတ် လုပ်သင့်ပါတယ်။

► ကလေးတစ်ယောက်ဆီတိုင်း ဖုန်းတစ်လုံးရှိစေချင်

ကျွန်တော့်အနေနဲ့တော့ ကလေးတွေကို ဖုန်းကိုင်စေချင် တယ်။ တချို့တွေကျတော့လည်း ကျောင်းထဲမှာ ဖုန်းနဲ့ ဂိမ်းကစား နေမှာစိုး လို့၊ ဖေ့စ်ဘုတ်တွေ သုံးနေ မှာစိုးလို့ မကိုင်စေချင်ဘူးထင်ပါ တယ်။ကျွန်ေ တာ့်အနေနဲ့ကတော့ ဂိမ်းကစားလည်းကစားပါစေ။ အိုင်တီ ဖြစ်တယ်လေ။ ဒီအိုင်တီကို လွတ်သွားမှာစိုးတဲ့အတွက်ကြောင့် သူတို့ကိုပေးကစား သင့်တယ်။ အကြာကြီး ကစားရင်တော့ သူတို့ကို ထိန်းချုပ်ရမယ်။ကလေး တိုင်းမှာ ဖုန်းတစ်လုံးရှိစေချင်တယ်။ သူတို့ အနေနဲ့အချိန်မရွေး၁၉၉ကို ဆက်လို့ရမယ်။မိဘကို ပြန်ပြီးဆက်သွယ်လို့ရမယ်။သူတို့တစ် နေရာမှာလမ်းမှားသွားရင် ဘယ် နားမှာဘယ်လို အထောက် အကူ မျိုးရှိနေပါတယ်။ ဘယ် နားရောက် နေပါတယ်ဆိုတဲ့မက်ဆေ့ခ်ျကို ပေးနိုင်ဖို့ကလေးတစ်ယောက်မှာ ဖုန်း တစ်လုံးတော့ရှိသင့်တယ်။ နိုင်ငံရဲ့ဆက်သွယ်ရေးကဏ္ဍအတွက်
ဖုန်းတွေလိုအပ်နေသလို၊ ကလေး သူငယ်များအတွက်လည်း ဖုန်းတွေရ ရှိနိုင်ဖို့ ကြိုးစားသင့်တယ်။ဖုန်းဆင်းကဒ်တွေများများချပေးစေချင်တယ်။ ဆက်သွယ်ရေးကောင်းလာမှ ကလေး ငယ်တွေကယ်တင်နိုင် မယ်လို့ မြင်တယ်။

လင်းအက္ခရာ
Popular Journal

ဘဝရှင်သန်မှုနဲ့ ဂီတအကြောင်း ထက်ထက် (Bobby Soxer) သုံးသ ပ်ချက်

Posted by drmyochit Tuesday, August 27, 2013, under | No comments


ဟစ်ဟော့ပ်ဂီတလောကမှာ ပရိ သတ် တွေရဲ့အားပေးမှုကို ရရှိထားသူ ဟစ်ဟော့ပ် အဆိုရှင်ကတော့ ထက်ထက် (Bobby Soxer) ပဲဖြစ်ပါတယ်။ ဘယ်ဂီတ မဆို သူ့ လွတ်လပ်မှုနဲ့သူ ရှိပါတယ်လို့ ပြောလာတဲ့ ထက်ထက် Bobby Soxer ကို ဟစ်ဟော့ပ်ဂီတတွင်ကျယ်လာမှုနဲ့ ပတ်သက် ပြီး ဘယ်လို သုံးသပ်လဲလို့ မေးကြည့်တော့ “ဟစ်ဟော့ပ် ဂီတဆိုတာများ လာတဲ့အပေါ် ပြောရင် ထက်ထက်တို့ Underground မှာ သီချင်းစဆို ကတည်းက ဟစ်ဟော့ပ်ကဆိုရတာ လွယ်တယ်ပေါ့နော်။

လွယ်တယ်ဆိုတာ ထက်ထက် အထင် ဟစ်ဟော့ပ်ဂီတက ဆော့ဝဲလ်နဲ့ သီချင်းကို ဖန်တီးရတာပေါ့နော်။ အဲလိုကျတော့ သီချင်းဖန်တီး သူတွေဘက်က သူတို့အတွက် တီးလုံးတစ်ခုကို လွယ်လွယ်ကူကူနဲ့ ရှာနိုင်တယ်။ အဲဒီလိုရွေးရဆိုရ ခပ်လွယ်လွယ်နဲ့ လုပ်လို့ရတာ ပေါ့။ အဲဒါမျိုးလေးတွေကြောင့် အလွယ်တကူနဲ့ ကိုယ်ဝါသနာပါ တဲ့ မြူးဇစ်ကို လက်ဆင့်ကမ်းလို့ရတဲ့ အနေအထားပေါ့။ လွယ်ကူတယ်လို့တော့ အားလုံး ပြောမရဘူး။ band တစ်ခုနဲ့ သီချင်းတစ်ပုဒ်လုံးလုပ်ရတာ ထက်စာရင်ဆော့ ဝဲလ်ပိုင်းဖြစ်တဲ့ အတွက်ပါ။

ရော့ခ်သီချင်းဆိုရင် ဒီသီချင်းတစ်ပုဒ်လုံးကို အကြမ်းနားထောင် ကြည့်မယ် ဆိုရင် ဒီသီချင်းထဲမှာ ပါတဲ့အစိတ်အပိုင်းတွေက အများကြီးပဲ။ ဟစ်ဟော့ပ်ကျတော့ အဓိကမြူးပြီး၊ စာသားပဲ။ ဆော့ဝဲလ်နဲ့ လုပ်တဲ့အတွက် သီချင်းအကြမ်းတစ်ခုဖြစ်ဖို့ လွယ်တယ်။ ဒါကြောင့်ဆိုတဲ့ လူတွေ ပိုများ လာတယ်” လို့ ပြောပြခဲ့ပါတယ်။

လူတစ်ယောက် အသက်ရှင်နေ ထိုင်မှုပေါ်မှာ ဂီတပုံစံတစ်ခုက ဘယ် လောက် ထိ သက်ရောက်မှုရှိလဲလို့ မေး ကြည့်တော့ “ဂီတပုံစံတစ်ခုနဲ့ လူတစ် ယောက်ရဲ့ ရှင်သန်ေ နထိုင်မှုရဲ့ ပတ်သက်ချက်ကတော့ အကြီးကြီးတော့ ဆက်စပ်မနေပါဘူးလို့ ထင်ပါတယ်။ ဘဝရှင်သန်မှုနဲ့ ဂီတဟာ တိုက်ရိုက်တော့ ဆက်စပ်မယ်မထင်ပါဘူး။ ထက်ထက် နားလည်သလောက် ပြောရင်တော့ လူတွေရဲ့ စားဝတ်နေရေး နဲ့ပတ်သက်လို့ရုန်းကန်လှုပ်ရှားရင်း မောပန်းနေရင် တော့ ဆေးလေးတစ်ခုလို့ပဲမြင်တယ်” လို့ ပြောပြ ခဲ့ပါတယ်။

ဟစ်ဟော့ပ်ဂီတစာသားတချို့က လူငယ် လူထုပရိ သတ်တွေကြား မှာ ခေတ်စား ပြောဆိုသုံးနှုန်း ကြတယ်။ ဒါကြောင့် ဂီတဖန်တီးမှုတစ်ခုမှာ သံစဉ်နဲ့စာသားအရေးပါပုံ၊ ကွာခြားမှုကို ထက်ထက်ဘယ် လိုနားလည်ပါသလဲလို့ မေး ကြည့်တော့..

“သီချင်းတစ်ပုဒ် ပရိသတ်ကြားမှာ အောင်မြင်ဖို့ ပါးစပ်စွဲဖို့ ဘာတွေလိုအပ်လဲဆိုရင် အဓိကကတော့ သီချင်းတစ်ပုဒ်ဆိုမယ်ဆိုရင် စဉ်းစားရတယ်။ ပရိသတ်ကြား မှာ ပေါက်အောင် ဆိုရင်ဘယ်လိုအသုံး အနှုန်းတွေသုံးမလဲ။ ဘယ် လို အကြောင်းအရာကို သုံးမလဲ။ ဘယ်လို ပါးစပ်စွဲလွယ်တာတွေ သုံးမလဲ ဒါ အမြူးမှာ အကြမ်းဖျဉ်ြးေ ပာပြတာပါ။ အချစ်သီချင်း ဆိုရင်လည်း များသောအားဖြင့် လူတွေနဲ့ တိုက်ဆိုင်တဲ့အချစ်ပုံစံမျိုး ပိုစဉ်းစားဖြစ် တယ်။ ကျန်တဲ့ စာသား၊တီးလုံးအရေး ကြီးတယ်။ လိုအပ် တယ်။ စာသားနဲ့ သံ စဉ်နှစ်ခုလုံး အာပေါက်နေတဲ့ သီချင်း တစ်ပုဒ်ထွက်မှာ အရေးကြီးပြီး လိုအပ် တာမဟုတ်ပါဘူး။ သီချင်း တစ်ပုဒ်လုပ် ပြီဆိုရင် သံစဉ်ရော၊ စာသားရော အရေးကြီးတယ်။ သူ့ဟာနဲ့ သူရှိ တယ်။ သံစဉ်မကောင်းဘဲနဲ့ စာသားဘယ် လောက်ကောင်းကောင်းလူတွေ နှုတ်ဖျားမှာစွဲမှာမဟုတ်ဘူး။ သံစဉ် လှလှလေးတစ်ခုနဲ့ အဓိ ပ္ပာယ် မရှိတဲ့ ပေါပေါပဲပဲ စာသားသုံး မယ် ဆိုရင်လည်းလူတွေ လက်ခံမှာ မဟုတ် ဘူး။နှစ်ခုလုံး ညီမျှအောင် သုံးရင်ပရိသတ် တွေပိုပြီး လက် ခံမှာပါ” လို့ ပြော ပြခဲ့ပါတယ်။

ထူးထူး
Popular Journal

ရွှေပြည်သာရှိရပ်ကွက်အချို့ ရေလွှမ်းမိုးမှု ငါးရက်ကြာသည့်တိုင် ပြန်မကျသေး

Posted by drmyochit Tuesday, August 27, 2013, under | No comments

ရေလွှမ်း မိုးမှုဖြစ်ပွားသည့် ငါးရက်မြောက် နေ့အထိ ရွှေပြည်သာမြို့နယ်ရှိ ရေဘေးဒုက္ခ ကြုံနေရသည့် ရပ် ကွက်များတွင် ရေပြန်လည်ကျ ဆင်းခြင်း မရှိသေးကြောင်း ယ နေ့ နံနက်တွင် ကယ်ဆယ်ရေးစ ခန်း ရောက်ရှိနေသူများ၏ ပြော ကြားမှုများအရ သိရသည်။

ဩဂုတ် ၂၂ ရက်က စတင် ခဲ့သည့် မိုးရွာသွန်းမှုနှင့် ဝါးတစ် ရာချောင်းရေ တိုးလာမှုကြောင့် ရွှေပြည်သာမြို့နယ်၊ လှော်ကား ကျေးရွာအုပ်စုရှိ ရပ်ကွက်ရှစ်ခု တွင် ရေလွှမ်းခဲ့ပြီး အဆိုးဆုံးရပ် ကွက်များတွင် ယာယီကယ်ဆယ် ရေးစခန်းများ ဖွင့်လှစ်ကူညီနေ ပြီး ယနေ့တွင် လူဦးရေအများဆုံး ကယ်ဆယ်ရေးစခန်းဖြစ်သည့် အမှတ် (၁၇)ရပ်ကွက်ရှိ အလယ် တန်းကျောင်းတွင် ရေလွှမ်းခံရ သည့်ဦးရေ ဆက်လက်တိုးနေဆဲ ဖြစ်ကြောင်း ယာယီကယ်ဆယ် ရေးစခန်းမှ တာဝန်ရှိသူများ၏ ယနေ့ ပြောကြားမှုများအရ သိ ရသည်။

''ရပ်ကွက်ရှစ်ခုမှာ အကြီး ဆုံး ကယ်ဆယ်ရေးစခန်းပါ။ အ ရင် သက်ဆိုင်ရာကို တင်ပြထား တာက ဦးရေ ၂၁၀၀ ကျော်ရှိ တယ်။ အခု ဒီနေ့ထပ်တိုးလာတာ ၂၀၀ ကျော်ရှိတယ်''ဟု ဩဂုတ် ၂၆ ရက်တွင် အမှတ်(၁၇) ရပ် ကွက်ရှိ စာသင်ကျောင်း၌ ဖွင့် လှစ်ထားသည့် ကယ်ဆယ်ရေး စခန်းအခြေအနေကို ကူညီကယ် ဆယ်ပေးနေသူ ဦးတင်ညွန့်က ပြောသည်။

လက်ရှိအချိန်အထိ ရပ် ကွက်တွင်းရှိ လမ်းများနှင့် လူနေ အိမ်ရာပေါင်းများစွာသည် နှစ် ပေအထက် ရေလွှမ်းမိုးမှုကို ခံနေ ရပြီး အချို့အိမ်များသည် လေး ပေနီးပါးအထိ ရေလွှမ်းမှုနှင့်ကြုံ တွေ့နေရကြောင်း ရပ်ကွက်သား များ၏ပြောကြားမှုများနှင့် ကိုယ် တိုင်မြင်တွေ့မှုများအရသိရသည်။
''၂၂ ရက်ကတည်းက ဒီ ကို ရောက်နေတာ။ နောက်နှစ် ရက်လောက်ပဲ လက်ခံမယ်လို့ ပြောတယ်။ ဒီမှာနေရတာ စား ဖို့ အဆင်ပြေပေမယ့် နေဖို့က တော့ ကျပ်ကျပ်ညပ်ညပ်ပဲ''ဟု အမှတ် (၁၇)ရပ်ကွက် အမှတ် (၆) အလယ်တန်းကျောင်းရှိ ယာ ယီကယ်ဆယ်ရေးစခန်းမှ အမျိုး သမီးတစ်ဦးက ပြောသည်။
''အိမ်ကမြုပ်နေသေးတယ်။ မိုးကလဲ အခုထိ ရွာနေတုန်းပဲ''ဟုယင်းက ဆက်ပြောသည်။
ယခု ဖွင့်လှစ်ပေးထားသည့် လူဦးရေ ၂၀၀၀ ကျော်ရှိသည့် ယင်းမြို့နယ်၏ အကြီးဆုံးကယ် ဆယ်ရေးစခန်းသည် လာမည့်နှစ် ရက်အတွင်း ကျောင်းပြန်ဖွင့်မည့် အတွက် လက်ရှိရောက်ရှိနေသူ များသည် နေအိမ်များကိုပြန်ကြ ရမည်ဖြစ်ပြီး ယင်းတို့၏ အဓိက အခက်အခဲသည် စားစရာ အ ခက်အခဲဖြစ်ကြောင်း ကယ်ဆယ် ရေးစခန်း ရောက်ရှိနေသူများ ထံမှ သိရသည်။

''ကျောင်းက ပိတ်ထားတာ ကြာပြီ။ နောက်နှစ်ရက်လောက် ပဲ ကျောင်းက လက်ခံမယ်လို့ ပြောတယ်။ မိုးမရွာရင်တော့ ရေက ပြန်ကျသွားမှာပါ။ လမ်း တွေကတော့ မြုပ်နေဦးမယ်''ဟုယာယီ ကယ်ဆယ်ရေးစခန်း တွင် ကူညီပေးနေသူ အရန်မီး သတ်မှ ဦးစိုးဝင်းကပြောသည်။

ဩဂုတ် ၂၂ ရက်မှ စတင် ရေလွှမ်းနေသည့် ရွှေပြည်သာမြို့ နယ်မှ ရပ်ကွက်များမှာ အမှတ် (၁)၊ (၂)၊ (၁၂)၊ (၁၄)၊ (၁၅)၊ (၁၆)၊ (၁၇)နှင့် (၁၈)ရပ်ကွက်များဖြစ် ပြီး အမှတ်(၁၇)ရပ်ကွက်မှာ အ ခြေအနေဆိုးရွားစွာ ကြုံတွေ့နေ ရပြီး လက်ရှိအချိန်အထိ ကျောင်း အချို့မှာ ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။


သြဂုတ်(၂၇) ၊ ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ

သိန်းပေါင်းထောင်ငါးရာကျော်တန်ဖိုးရှိ ဆူဒိုအက်ဖီဒရင်းဆေးပြားများဖမ်းဆီးရမိ

Posted by drmyochit Tuesday, August 27, 2013, under | No comments


ကလေး ၊ သြဂုတ်  ၂၇။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ၊ အင်ဒိုင်းကြီးကျေးရွာတွင် သြဂုတ်လ(၂၄)ရက်နေ့က တမူးမြို့မှ ကလေးမြို့သို့ ကားဖြင့် သယ်ဆောင်လာသော ဆူဒိုအက်ဖီဒရင်းဆေးပြားများကို ဖမ်းဆီးရမိကြောင်း မူးယစ်အထူးတပ်ဖွဲ့မှ သိရသည်။

ကလေးခရိုင်ရဲတပ်ဖွဲ့မှူး၏ စီစဉ်ညွှန်ကြားမှုဖြင့် အင်ဒိုင်းကြီးကျေးရွာ တန်ပိုဂိတ်တွင် စောင့်ဆိုင်း ဖမ်းဆီး စစ်ဆေးနေရာ တမူးမြို့မှ ကလေးမြို့သို့ယာဉ်မောင်း ကျော်နိုင်ဝင်း ၊ ယာဉ်နောက်လိုက်
ထက်နိုင်လင်းတို့ မောင်းနှင်လာသော ဆီဘောက်ဆာ ယာဉ်အမှတ် (၈ည/၃၂၆၁)အား ရှာဖွေရာ စိတ်ကြွဆေးဝါးများ ချက်လုပ်ရာတွင် အသုံးပြုသော ငွေကျပ်သိန်း(၁၅၀၀)ကျော် တန်ဖိုးရှိ ဆူဒိုအက်ဖီဒရင်း ဆေးပြားများကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်အထူး နှိမ်နင်းရေးအဖွဲ့ ရဲအုပ်လှနိုင်ထံမှ သိရသည်။

ဆီဘောက်ဆာပေါ်တွင် တင်ဆောင်ထားသည့် အစိမ်းနုရောင် ပေပါအတွင်းမှ တစ်ပြားလျှင် အလေးချိန်(၀.၁)ဂရမ်ခန့်စီရှိ အဖြူရောင် ဆူဒိုအက်ဖီဒရင်းဆေးပြား(၂၂၀၀၀၀)ပြားစီပါ အထုပ်(၇)ထုပ်၊ ဆေးပြားပေါင်း(၁၅၄၀၀၀၀)ပြား၊ စုစုပေါင်းအလေးချိန်(၁၅၄)ကီလို၊ ကာလတန်ဖိုး ကျပ်(၁၅၄၀)သိန်းကို ရှာဖွေဖမ်းဆီး မိခဲ့ကြောင်း၊ ကားခေါင်း အတွင်းတွင် Step တံဆိပ်ပါ
အ၀ါရောင်အိတ် အတွင်းမှ HUWAEI တံဆိပ် အနက်ရောင်ဖုန်းတစ်လုံးနှင့် NOKIA တံဆိပ်ပါ အဖြူရောင် ဖုန်းတစ်လုံး၊ ငွေစက္ကူ(၁၃၁၀၀၀)ကျပ်တို့အား တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း ရဲအုပ်လှနိုင်က ဆက်လက် ပြောကြားသည်။

“ယာဉ်မောင်းဦးကျော်နိုင်ဝင်းကို စစ်ဆေး ဖော်ထုတ်ချက်အရတော့ ကလေးမြို့က ဦးမင်းလွင်နှင့် တမူးမြို့က ဦးညီညီအောင်တို့က သယ်ယူခိုင်းတဲ့ပစ္စည်းတွေ ဖြစ်တယ်လို့ သိရပါတယ်။ကျွန်တော်တို့လည်း တမူးခရိုင် ရဲတပ်ဖွဲ့နှင့် ဆက်သွယ်ပြီး ဦးညီညီအောင်ကို ချက်ချင်း ဖမ်းဆီးနိုင်ခဲ့ပေမယ့် ဦးမင်းလွင်ကတော့ တိမ်းရှောင်နေလို့ အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေပါတယ်။ ကလေးမြို့ရဲစခန်းမှာ ပ/၉၆နှင့် အမှုဖွင့်ပြီး မယ(ပ)၉၆/၂၀၁၃၊ မူး/စိတ်-၁၅/၁၆(ခ)/၂၀ (က)/၂၁ ပုဒ်မတွေနှင့် ဥပဒေအရ ဆက်လက်အရေးယူသွားမှာပါ ”ဟု အထူးမူးယစ်နှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ရဲအုပ်လှနိုင် ပြောသည်။

ကျော်သူစိုး(ကလေးမြို့)
The Myanma Age

ဂန္ဓမာဟိုးဆေးကုန်တိုက်အတွင်းဈေးဝယ်စဉ် ယာဉ်မောင်းနှင့်အတူကားပါပျောက်ဆုံး

Posted by drmyochit Tuesday, August 27, 2013, under | No comments

ရန်ကုန်၊ သြဂုတ် ၂၇။

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ (၈)ရပ်ကွက်၊ မဉ္ဖူလမ်းသွယ် (၂)လမ်းတွင် နေထိုင်သော အမျိုးသမီးတစ်ဦးသည် ဝေဇယန္တာလမ်းရှိ ဂန္ဓာဟိုးဆေး ကုန်တိုက်သို့ဈေးဝယ်သွားရာ ၎င်းဈေးဝယ်ပြီး
ပြန်အထွက်တွင် ယာဉ်မောင်းနှင့်အတူ ကားပါပျောက်ဆုံးသွားသော ဖြစ်စဉ်တစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း မရမ်းကုန်းမြို့မရဲစခန်းရှိ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ကားအမျိုးစား တိုယိုတာဝှစ် အနက်ရောက်ဖြစ်ပြီး ယာဉ်အမှတ်-၂ဃ/၈၁၉၆ဖြစ်ကြောင်း၊ ယာဉ်မောင်းဖြစ်သူ ဇော်ဝင်းထွဋ် (အဘ/ အသက်/ နေရပ်လိပ်စာ)စိစစ်ဆဲဖြစ်ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

ယင်းမော်တော်ယာဉ် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ခရိုင်(၄)ခရိုင်နှင့် မြို့ဝင်/ထွက်လမ်းများအား ပိတ်ဆို့ရှာဖွေ စစ်ဆေးရန် သတင်းချပြထားကြောင်းနှင့် အမြန်ဆုံး ရှာဖွေဖမ်းဆီး အရေးယူနိုင်ရန်
မရန်းကုန်းမြို့မ စခန်းမှူး ဒုရဲမှူး ခင်မောင်လှနှင့် အဖွဲ့မှ စုံစမ်းရှာဖွေလျက်ရှိကြောင်း ဆက်လက်သိရသည်။

မြန်မာ့ခေတ်

အိမ်နီးချင်းများက (၁၅)နှစ်အရွယ်မိန်းကလေးအား လူသုံးဦးဖြင့် အခကြေးငွေယူ စပ်ယှက်စေခဲ့

Posted by drmyochit Tuesday, August 27, 2013, under | No comments

အခကြေးငွေယူပြီး သူ့သမီးလေးကို လူသုံးဦးနှင့် ကာမစပ်ယှက်စေသည်ဟုဆိုကာ အိမ်နီးချင်းများကို ကလေးမိခင်က ရဲစခန်း၌ တိုင်တန်းမှုတစ်ခု သြဂုတ် ၂၅ ရက်က ဒဂုံဆိပ်ကမ်းမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ကလေးငယ်သည် အသက် ၁၅ နှစ်အရွယ်သာရှိသေးပြီး သူမ၏မိဘများသည် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ကျူးကျော်တဲဖြင့် နေထိုင်သူများဖြစ်ကြသည်ဟု ရဲမှတ်တမ်းများတွင် တွေ့ရသည်။

သြဂုတ် ၂၃ ရက်ညတွင် ထိုကလေးသည် အိမ်သို့ ပြန်မလာသဖြင့် ည ၈ နာရီကတည်းက လိုက်ရှာသော်လည်း မတွေ့ခဲ့ရကြောင်း နောက်တစ်နေ့ နံနက် ၂ နာရီအချိန်ရောက်မှ အိမ်သို့ ပြန်ရောက်လာကြောင်း မိခင်ဖြစ်သူက ရဲကိုတိုင်တန်းရာတွင် ပြောကြားထားသည်။

ထို့ကြောင့် သမီးဖြစ်သူကို မေးမြန်းရာ အိမ်နီးချင်းများက အခကြေးငွေယူကာ သူ့ကို လူသုံးဦးနှင့် ကာမစပ်ယှက်စေခဲ့သည်ဟု ဖွင့်ပြောခဲ့ကြောင်းလည်း မိခင်ဖြစ်သူက ရဲကိုတိုင်တန်းသည်။

အိမ်နီးချင်းဖြစ်သည့် အသက် ၄၂ နှစ်အရွယ် အမျိုးသမီးကြီး၊ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးနှင့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့က သူမကို ဆိုင်ကယ်ဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ် ပဲခူးမြစ်လမ်းတွင် ရပ်ထားသော ကွန်တိန်နာ ကုန်တင်တွဲယာဉ်၏ ခေါင်းခန်းသို့ တင်ဆောင်ပေးခဲ့ကြောင်းလည်း ကလေး၏ ပြောကြားမှုကို မိခင်က ရဲစခန်း၌ ပြန်ပြောပြခဲ့သည်။

ထိုကွန်တိန်နာထဲတွင် အမည်မသိ ယာဉ်မောင်းသုံးဦးနှင့် ကာမစပ်ယှက်ခဲ့ရပြီး သူ့ကို လိုက်ပို့သည့် အမျိုးသမီးကြီးနှင့် ကျန်သူ နှစ်ဦးတို့က ငွေကြေးများရယူခဲ့သည်ဟုလည်း ကလေးက ပြန်ပြောပြသည်ဟု ကလေးမိခင်က ရဲကို ပြောထား သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မိခင်ဖြစ်သူက သူ့သမီးကို သွေးဆောင်၍ အခကြေးငွေယူပြီး ကာမစပ်ယှက် စေခဲ့သူများကို အရေးယူပေးပါရန် စွပ်စွဲတိုင်ကြားသဖြင့် ရဲစခန်းက အမှုဖွင့်ထားသည်။

စွပ်စွဲခံရသူသုံးဦးမှာ ဒေါ်သီတာချို၊ အသေးလေး(ခ)ကိုရွှေကိုနှင့် မရွှေဝတ်မှုံဆိုသူတို့ ဖြစ်ကြကြောင်းလည်း ရဲဌာနက အတည်ပြုထားသည်။

ထိုသုံးဦးအနက် ဒေါ်သီတာချိုနှင့် အသေးလေးတို့ကို ဖမ်းဆီးစစ်ဆေးလျှက်ရှိပြီး ကျန်သူများကိုလည်း လိုက်လံရှာဖွေ စုံစမ်း နေသလို၊ ၎င်းတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၆၆ ကာမသွေးဆောင် အကျင့်ဖျက်ဆီးမှုဖြင့် တရားစွဲမည်ဟု ရန်ကုန်တိုင်း ရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Source : Mizzima

ပုံရိပ်(burmesehearts.com)
(Visited 12 times, 12 visits today)

ယာဉ်မောင်း၏ မဆင်မခြင်မှုကြောင့် အမျိုးသမီးတစ်ဦး ဓာတ်တိုင်ပိ သေဆုံး

Posted by drmyochit Tuesday, August 27, 2013, under | No comments


ရန်ကုန်တိုင်း ဒေသကြီး ၊ ဒဂုံမြို့နယ် ၊ ပြည်ထောင်စု ရိပ်သာရှေ့ တွင် ယနေ့နံနက် ၆ နာရီက ပြည်လမ်းမကြီး တစ်လျှောက် ဆူးလေမှ မြေနီကုန်း ဘက်သို့ မောင်းနှင် လာသည့် ယာဉ်လိုင်း အမှတ် ၁၂၄ မြောက်ပိုင်း ခရိုင် အထူးယာဉ်လိုင်း မှ မော်တော်ယာဉ် သည် အရှိန် မထိန်းနိုင်ဘဲ ပလက်ဖောင်း ပေါ်မှ ဓာတ်တိုင်ကို ၀င်တိုက်ပြီး ဓာတ်တိုင် ကျိုးကျ သဖြင့် နံနက်ပိုင်း အားကစား လေ့ကျင့်ရန် လမ်းလျှောက် လာသူ အမျိုးသမီး တစ်ဦး ( အမည် စိစစ်ဆဲ ) အား ပိမိသငဖ့် နေရာတွင် ပွဲချင်းပြီး သေဆုံး သွားကြောင်း သိရသည်။ အဆိုပါ ယာဉ်မောင်း မှာ ထွက်ပြေး သွားသဖြင့် တာဝန်ရှိ သူများက အရေးယူ ဆောင်ရွက် နိုင်ရန် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

The Myawady Daily

ဆန္ဒထုတ်ဖော်ရမှာ နေရာအတွက်လားဆိုရင်တော့ ကိုလူချောအဖွဲ့အတွက် မလိုအပ်ဘူး

Posted by drmyochit Tuesday, August 27, 2013, under | No comments


မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအား ကိုလူချော အဖွဲ့မှ ဆန္ဒထုတ်ဖော်သွားမည်ဟူသော သတင်း များ နှင့် ပတ်သက်၍ ကိုလူချောအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က

''ကိုလူချောအဖွဲ့ဆန္ဒထုတ်ဖော်မယ်ဆိုတဲ့သတင်း တွေက မဟုတ်ပါဘူး။ ကျွန်တော်တို့က ဘာကိုမကျေ နပ် လို့ဆန္ဒပြရမှာလဲ။ဆန္ဒပြတယ်ဆိုတာကသူတို့မှာမရှိတဲ့နေရာတစ်ခုကိုလိုချင်လို့ဆန္ဒပြကြတယ်လို့ကျွန်တော်
ကတော့ထင်တယ်။ကိုလူချောအဖွဲ့ဆန္ဒပြမယ်ဆိုပြီးလျှောက်ဖွနေတာဘယ်သူလဲဆိုတာလဲ ကျွန်တော်တို့ သိပါတယ်။ သူတို့ပြောသလိုမျိုး ကိုလူချော အဖွဲ့ဆန္ဒထုတ်ဖော်ရအောင် ကိုလူချောအဖွဲ့က ဘယ်အတွက် ဆန္ဒထုတ်ဖော်ရမှာလဲ၊ နေရာအတွက်လား၊ နေရာအတွက်ဆိုရင်တော့ ကိုလူချောအဖွဲ့အတွက် မလိုအပ် ဘူးလို့ထင်တယ်။

ကျွန်တော်တို့မှာ ရသင့်ရ ထိုက်တဲ့ နေရာတစ်ခုက ရှိနေပြီးသား။ ဘယ်နေရာကို ရမှဆိုတဲ့စိတ် ကိုလူချော အဖွဲ့မှာမရှိဘူး။ ကိုလူချော အဖွဲ့ဆိုတာက ရုပ်ရှင်သရုပ်ဆောင်လူကြမ်းတွေစုပေါင်းပြီးတော့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပဲ လေ။ ကိုလူချောအဖွဲ့က လူကြမ်းတွေကြီးပဲ ဖွဲ့စည်းထား တဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပေမယ့် စိတ်ဓာတ်တွေက တော့ အောက်တန်းမကျဘူးဆိုတာကို သိစေချင်တယ်။ ကိုလူချော အဖွဲ့ကလူတွေ ဘယ်သူမှ စိတ်ဓာတ်အောက် တန်းမကျဘူးဆိုတာကို ကျွန်တော်လုံးဝ အာမခံရဲပါ တယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို ပြိုကွဲအောင် လုပ်နေတဲ့သူတွေ ပျက်စီးစေချင်တဲ့ ဆန္ဒရှိနေကြတဲ့ သူတွေ ကို အနုပညာရှင်အစစ်အမှန်တွေက ဒီအ တိုင်းကြည့်နေမှာ မဟုတ်ပါဘူး။ အဲဒီလို အနုပညာ ရှင်အစစ် အမှန်ထဲမှာလဲစီးပွားရေးသမားတွေမပါပါဘူး''ဟုကိုလူချောအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင် မှပြောကြား သွား သည်။

Yangon Media Group

ပြန်လည် အသုံးပြုနိုင်တဲ့ Usernameတွေကို Yahooက စီစဉ်ပေး

Posted by drmyochit Tuesday, August 27, 2013, under | No comments

ကမ္ဘာကျော်ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Yahooအနေနဲ့ ပြန်လည်အသုံးပြုနိုင်တဲ့(Recycle လုပ်ထားတဲ့) Usernameတွေကို တရားဝင် ဖြန့်ဝေပေးလိုက်ပြီ ဖြစ်ပါတယ်။ အရင်က ဆိုရင် Usernameတစ်ခုခု လိုချင်တဲ့အခါ ကိုယ်လိုချင်တဲ့ Usernameနဲ့ တူနေတာတွေ ရှိလို့ အကောင့်ဖွင့် မရတဲ့သူတွေ အတွက် ၀မ်းမြောက်ဖွယ်ပါပဲ။ ဒါဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ကြေညာခဲ့တဲ့ Yahooရဲ့ မသုံးတာကြာတဲ့ အကောင့်တွေကို ရပ်စဲပြီး အဆိုပါ အကောင့်နာမည်တွေကို အခြားသူတွေ သုံးလို့ရစေရန် ပြုလုပ်ပေးဖို့ ဆိုတဲ့ ပရောဂျက်ရဲ့ အစီအစဉ် တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ အခုဆိုရင် မိမိလိုချင်တဲ့ Usernameတွေကို ရဖို့ ဆန္ဒပြုထားတဲ့ အသုံးပြုတွေဆီကို Yahooရဲ့ ဖိတ်ခေါ်မှုတွေလည်း ဖြန့်ချိပြီး ဖြစ်ပါတယ်။

တောင်းဆိုမှုအများဆုံး လုပ်ထားကြတဲ့ နာမည်တွေကတော့ အမျိုးသားတွေ အတွက်ဆိုရင် David, Michael, Alexနဲ့ အမျိုးသမီးတွေ အတွက်ဆိုရင် Maria, Jennifer, Jessicaတို့ပဲ ဖြစ်ပါတယ်။ “Batman”, “Superman”စတဲ့ နာမည်တွေတောင် တောင်းဆိုကြတဲ့ စာရင်းထဲမှာ ထိပ်တန်းက ရှိတယ်လို့ သိရပါတယ်။ Yahooအကောင့် တစ်ခုဖွင့်တဲ့အခါမှာ ကိုယ်လိုချင်တဲ့ နာမည်မရလို့ စိတ်ပျက်မသွားပါနဲ့။ သင်စိတ်ကူးထားတဲ့ နာမည်ကို Yahooရဲ့ “Watchlist”ထဲ အလိုလျောက် ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ နာမည်ကို အသုံးပြုလို့ ရပြီဆိုရင် သင့်အနေနဲ့ အဲဒီUsernameကို Createလုပ်ဖို့ အချိန် ၁၄ရက်ရမှာ ဖြစ်ပြီး ၁၄ရက်အတွင်းမှ ဘာမှမလှုပ်ရှားရင်တော့ အဆိုပါ နာမည်ဟာ တစ်ခြားတောင်းဆိုထားတဲ့ လူတစ်ယောက်ယောက်ဆီ ရောက်သွားမှာ ဖြစ်ပါတယ်။

သင့်အနေနဲ့ Listမဖွင့် ရသေးတဲ့အတွက်လည်း စိတ်ပူစရာ မရှိပါဘူး။ ၁.၉၉ဒေါ်လာ ပေးဆာင်ကာ သင်လိုချင်တဲ့ Usernameငါးခု ကိုရွေးချယ်ပြီး “Watch List”ထဲကို ထည့်ထားလိုက်ရင် အဆိုပါ အကောင့်နာမည်တွေဟာ သုံးနှစ်အတွင်း သင့်ဆီကို ရောက်ရှိလာမှာပဲ ဖြစ်ပါတယ်။ Yahooက အခုလို လုပ်ပေးတဲ့ အစီအစဉ်အပေါ်မှာ မြန်မာအိုင်စီတီ ပရိသတ်တွေရော ဘယ်လိုမှတ်ချက် ပြုချင်ပါသလဲ?



Myanmar ICT

ပွဲကြမ်းခဲ့တဲ့ Miley Cyrus

Posted by drmyochit Tuesday, August 27, 2013, under | No comments


အမေရိကန် Popအဆိုတော် Miley Cyrusတစ်ယောက် ကတော့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ Video Musicဆုပေးပွဲမှာ ဆုမရရှိခဲ့ပေမယ့် Performanceနဲ့ ပတ်သက်ပြီး လူပြောသူပြော အများဆုံးဖြစ်ခဲ့ပါတယ်။ Tumblr, Twitterနဲ့ Redditစတဲ့ လူမှုကွန်ရက်တွေမှာလည်း Mileyရဲ့ Performanceတွေ အကြောင်း ပြောဆိုမှုတွေ အများအပြားပဲ တက်လာခဲ့ပြီး Mileyဟာ “We Can’t Stop”နဲ့ “Blurred Lines”ဆိုတဲ့ သီချင်းနှစ်ပုဒ်ကို Thickeနဲ့ အတူ ဖျော်ဖြေ တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ၎င်းတို့နှစ်ယောက်ရဲ့ တင်ဆက်မှုဟာ VMA(Video Music Award)ဆုပေးပွဲ တစ်လျောက် အထူးဆန်းဆုံးနဲ့ အရူးနှမ်းဆုံး လုပ်ရပ်တစ်ခုသာ ဖြစ်တယ်လို့ သတင်း မီဒီယာတွေ က ဖော်ပြကြပါတယ်။

Mileyဟာ အဆိုပါ ဖျော်ဖြေပွဲမှာ အလွန်အကျူး Performanceနဲ့ လူမြင်မတင့်တယ်တဲ့ သရုပ်ဖော်မှုတွေကို လူပုံအလယ်မှာ လုပ်ပြခဲ့ပြီး ပရိသတ်တွေရဲ့ ရှုံ့ချမှုတွေကိုလည်း တော်တော်ခံခဲ့ ရပါတယ်။




http://www.businessinsider.com/miley-cyrus-robin-thicke-we-cant-stop-vmas-2013-8

~ချပ်ချပ်ရပ်ရပ်နှင့် လှပချင်ပါသလား~

Posted by drmyochit Tuesday, August 27, 2013, under | No comments


လေပွပြီးဗိုက်ပူတာမျိုး မဖြစ်စေဘဲဝမ်းဗိုက်ချပ်ရပ်လိုသူတိုင်း ရှောင်သင့်၊ ဆောင်သင့်တဲ့အစားအသောက် တွေကိုကျွမ်းကျင်သူ တွေက အောက်ပါအတိုင်း အကြံပြု ရေးသား ထားပါတယ်။

1)အကောင်းဆုံး အစားအသောက် - ဒိန်ချဉ်

ဒိန်ချဉ်ဟာ လူတွေ အားလုံးအတွက် ကောင်းတယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ ဝမ်းဗိုက် ချပ်ရပ် စေတယ် လို့တော့ မသိကြပါဘူး။ ဒိန်ချဉ် အများစုမှာပါတဲ့ အကျိုးပြု ဘက်တီးရီးယား တွေက အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ ဒိန်ချဉ်ဟာ လေပွတာနဲ့ ဝမ်းချုပ်တာတွေ မဖြစ်စေဘဲ ဝမ်းဗိုက်ချပ်ရပ် နေစေတဲ့ အာနိသင် ရှိပါတယ်။

2)အဆိုးဆုံး အစားအသောက် - ဆော်ဒါ အချိုရည်

ဗိုက်ပူမှာစိုးရွံ့သူတွေအနေနဲ့ကာဗွန်ပါတဲ့အချိုရည်တွေကို ရှောင်သင့်ပါတယ်။ ဂက်စ်ပါတဲ့ အချိုရည်တွေ ဟာ ဗိုက်ကို လေတွေနဲ့ ပြည့်နေစေပြီး ဗိုက်ပူကာ လေပွနေစေပါတယ်။ ဒါကြောင့် ဗိုက်ချပ်ရပ်လိုရင် ဆော်ဒါ အချိုရည်အစား ရေ ဒါမှမဟုတ် ကယ်လိုရီနည်းတဲ့ အရည် (ဥပမာ-လက်ဖက်စိမ်း လက်ဖက်ရည်)ကို သောက်သင့်ပါတယ်။ ဒီအရည်ထဲမှာ အင်တီအောက်ဆီးဒင့်များစွာ ပါဝင်ပြီးဝမ်းဗိုက်ထဲ အဆီစုတာနဲ့ ဆက်စပ်နေတဲ့ ရောင်ရမ်းမှု ဖြစ်နှုန်းကို လျော့ကျ စေပါတယ်။

3)အကောင်းဆုံး အစားအသောက် - ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကညွတ်၊ငရုတ်သီး၊ ပဲဝါ စတဲ့ အစားအစာတွေမှာ ဗီတာမင်အေ၊ စီနဲ့ ကေအပြင် ဖောလိတ်၊ ဘီတာကယ်ရိုတင်း၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်နဲ့ အမျှင်ဓာတ်တွေလည်း ပါဝင်နေ ပါတယ်။

4)အဆိုးဆုံး အစားအသောက် - အခွံချွတ်ထားသော ကာဗိုဟိုက်ဒရိတ်

ဂျုံဖြူနဲ့ လုပ်ထားတဲ့ မုန့်တွေနဲ့ ထမင်းဖြူတွေကို မစားပါနဲ့။ ဒီအစာတွေက အစာကြေလွယ်ပြီး သွေးတွင်း သကြားဓာတ်နဲ့အင်ဆူလင်အဆင့်ကို မြင့်တက်စေလို့ပါ။ အင်ဆူလင် အဆင့်မြင့် တက်တာက ဝမ်းဗိုက် တစ်ဝိုက် အဆီစုပုံမှုကို တိုးစေနိုင်ပါတယ်။

5)အကောင်းဆုံး အစားအသောက် - အခွံချွတ်မထားသော ကောက်နှံစာ

အခွံချွတ်မထားတဲ့ ကောက်နှံနဲ့ လုပ်ထားတဲ့ ဆန်လုံးညို၊ ပေါင်မုန့်ညိုနဲ့ ပဲနီလေးလို အစာတွေကို စားပါ။ အမေရိကန် အာဟာရ ဆေးပညာဂျာနယ်ရဲ့ လတ်တလော လေ့လာမှုတစ်ရပ်အရ အခွံချွတ်မထားတဲ့ ကောက်နှံစာဟာ ကယ်လိုရီ ထိန်းချုပ်ပေးပြီး ခါးတစ်ဝိုက်ကို အဆီပိုတွေ ကင်းဝေး စေတယ်လို့ သိရပါ တယ်။

6)အဆိုးဆုံး အစားအသောက် - ဆားကဲသော အစားအစာ

ပဲပိစပ်ဆော့ အများအပြားပါတဲ့ ဆူရှီစားပြီးချိန်မှာ လေပွသလို ခံစားနေရပါသလား။ ဆိုဒီယမ်များစွာပါတဲ့ အစားအစာတွေကို စားတာက ရေစုဆောင်းမှု များတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗိုက်က ဖောင်း လာပြီး လေပွ လာတတ် ပါတယ်။ ဗိုက်သား ချပ်ရပ်စေဖို့ တစ်နေ့မှာ ဆိုဒီယမ် ၂၀၀၀ မီလီဂရမ်အောက်ပဲ စားပါ။

7)အကောင်းဆုံး အစားအသောက် - မပြည့်ဝဆီ

သံလွင်ဆီလိုမျိုး မပြည့်ဝဆီပါတဲ့ အစားအစာတွေဟာ ဗိုက်သားချပ်ရပ်စေတယ်လို့ လေ့လာမှု အသစ် တစ်ရပ်အရ သိရပါတယ်။

8)အကောင်းဆုံး အစားအသောက် - ရှာလကာရည်

ရှာလကာရည်မှာပါတဲ့ချဉ်တဲ့အရသာနဲ့စူးရှတဲ့အနံ့ကိုပေးတဲ့ဓာတ်တွေဟာဗိုက်အဆီကို ချေဖျက် ပေးတယ်လို့ ဂျပန်လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အဝလွန်တဲ့ လူတွေဟာ တစ်နေ့မှာ ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း- နှစ်ဇွန်း စားရာ ၁၂ ပတ်အကြာမှာ ကိုယ်အလေးချိန်၊ ဗိုက်အဆီနဲ့ ခါးအတိုင်း အတာ သိသိသာသာ လျော့ကျမှုရှိတာကို လေ့လာမှုအရ သိရပါတယ်။ ရှလကာရည်မှာပါတဲ့ Acetic Acid ဟာ အဆီချေဖျက်တဲ့ ပရိုတင်းတွေထွက်လာအောင်မျိုးရိုးဗီဇကို ပြောင်းလဲ ပေးတာကြောင့်လို့ လေ့လာ သူတွေက ဆိုပါတယ်။

ဆေးပညာဆိုင်ရာဆောင်းပါးများ
Myanma Light

နေ့ပိုင်း ဖွင့်သည့် ကလပ်များကို အရေးယူ တော့မည်

Posted by drmyochit Tuesday, August 27, 2013, under | No comments

ရန်ကုန် ၊ သြဂုတ် - ၂၆ ။        ။ နေ့အချိန် ဖွင့်သည့် ကလပ်များ (Day Club) ကို အရေးယူ တော့မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးမှ တာဝန်ရှိသူက ပြောသည်။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးမှ တာဝန် ရှိသူက '' Day Club  တွေ ရှိနေလို့ ကလေးတွေ၊ ကျောင်းသားတွေ ပိုပျက်စီးကြတယ် ဆိုပြီး တိုင်တာတောတာတွေ ရှိလာတယ်။ ဒါကြောင့်  Day Club  တွေကို အရေး ယူဖို့လုပ်နေ တယ်။ တကယ်တော့ နိုက်ကလပ် ကလဲ တရားဝင် ဖွင့်ခွင့် ပေးထားတာ မဟုတ် ပါဘူး''ဟု ပြောသည်။

ကျောင်းသား လူငယ်များ ကိုပျက်စီး စေသည့် အတွက် Day Club  များကိုအရေးယူ ပေးပါရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့ထံ တိုင်ကြား မှုများ ရှိနေကြောင်း၊ ယင်းကြောင့် Day Club  များကို အရေး ယူရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

Day Club တစ်ခုရှိ ဝန်ထမ်း တစ်ဦးက ''ကလပ်ကို လာတဲ့သူ တွေက ဆယ်ကျော်သက် ကလေးတွေ များတယ်။ ၁၃နှစ်ကနေ ၁၉၊ ၂ဝအရွယ်တွေပဲ လာတာ။ ၂၀ ကျော်နည်းတယ်။ ဆယ်ကျော်သက် ကလေးသာသာ ဆိုပေမယ့် ကောင်မလေးတွေ ဝတ်တာလန်ထွက်နေ တာပဲ။ ကျွန်တော်တို့ ကလပ်ဆို တက္ကစီ အဝင် မခံဘူး။ ကိုယ်ပိုင် ကားနဲ့လာမှ ရတာ ဆိုတော့ သူဌေးသား၊ သမီးတွေပဲ လာကြတာ''ဟု ပြောသည်။

နိုက်ကလပ်များကို ည ၁၁ နာရီ အထိသာ ဖွင့်ခွင့် ပေးပြီး သတ်မှတ်ချိန် ထက်ကျော်လွန် ပါက အရေး ယူမည် ဖြစ်ကြောင်း သိရသည်။


အေးမြမြထွန်း
Yangon Media Group

ဝန်ကြီးဌာ များမှ ဟင်းသီး ဟင်းရွက် စိုက်ခင်း အဖြစ် သိမ်းဆည်း ထားသော ခြံမြေများအား မူလ ပိုင်ရှင် လယ်သမားများက ပြန်လည် တောင်းခံမည်

Posted by drmyochit Tuesday, August 27, 2013, under | No comments

ရန်ကုန် ၊ သြဂုတ် - ၂၆ ။      ။ ဝန်ကြီးဌာ များမှ ဟင်းသီးဟင်းရွက် စိုက်ခင်း အဖြစ် သိမ်းဆည်း ထားသော မှော်ဘီမြို့နယ် ကြာကန်စု ကျေးရွာရှိ ခြံမြေများအား မူလ ပိုင်ရှင် လယ်သမား များက ခြံမြေပြန် ရရှိရေး အတွက် ဝန်ကြီး ဌာနများ ထံမှ ပြန်လည် တောင်းခံ သွားမည် ဖြစ်ကြောင်း သိရသည်။ ညောင်နှစ်ပင် ကျေးရွာ အုပ်စုဝင် ကြာကန်စု ကျေးရွာရှိ ခြံမြေ ၃၅ ဧကကို စွမ်းအင် ဝန်ကြီးဌာန၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီး ဌာနတို့မှ ၁၉၉၉နှင့် ၂၀၀၀ ခုနှစ်များတွင် ဟင်းသီး ဟင်းရွက် စိုက်ခင်း အဖြစ် သိမ်းယူခဲ့ကြောင်း၊ လယ်သမား ၁၉ဦးခန့် ရွှေ့ပြောင်း ပေးခဲ့ ရကြောင်း သိရသည်။

စိုက်ခင်းမြေပြန်ရရှိရေး အတွက် လယ်သမားများ အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာန များသို့ မေ၂၅ရက်က စာတင် ခဲ့ကြောင်း၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှု စုံစမ်းရေး ကော်မရှင်နှင့် သမ္မတ ထံသို့လည်း စာတင် ခဲ့ကြောင်း လယ်သမား များက ဆိုသည်။ ယင်းနှင့် ပတ်သက်ပြီး လယ်သမား အကျိုး ဆောင်ရွက် ပေးနေသူ ဦးမျိုးမြင့်အောင်က ''ဒီစိုက်ခင်း မြေတွေ ထဲက ၃၅ ဧကခန့် လောက်ကို ဝန်ကြီး ဌာန လူကြီးတွေက စီမံကိန်း နယ်မြေကျော်ပြီး အကျိုးစီးပွား အတွက် သိမ်းဆည်း ထားတာပါ။ တချို့ကို သီးစား ချထားပြီး တ ချို့စိုက်ခင်း တွေက ဒီအတိုင်း မြေလွတ်တွေ ဖြစ်နေတာပေါ့။ မေ ၂၅ မှာ လယ်သမား တွေက လယ်မရှိ၊ စိုက်ခင်း မရှိတော့ မူလ ပိုင်ရှင် တွေက ဟင်းရွက် စိုက်ခင်းကို ဇူလိုင် လထဲမှာ ခြံခတ်ပြီး စိုက်ခင်း ပြန်လုပ်ဖို့ စီစဉ်ကြတာပေါ့။ မကြာ ဘူး။ စွမ်းအင် ဝန်ကြီးဌာနက အေ အီး ဦးသိန်းကျော် နာမည်နဲ့ နိုင်ငံပိုင် ဟင်းသီး ဟင်းရွက် စိုက်ခင်း ကျူးကျော် ခြံခတ်ခြင်း မပြုဖို့ သုံးရက် အတွင်း ခြံခတ်တာ ဖယ်ဖို့ကို သတိပေး စာပြန်ပါ တယ်''ဟုပြော သည်။

ယင်းသို့ စာပြန်သော်လည်း လယ်သမားများ အနေဖြင့် လက်ရှိ အတိုင်း စိုက်ခင်း ပြန်လုပ်သွား မည်ဖြစ်ကြောင်း၊ တချို့ စိုက်ခင်း မြေများသည် နိုင်ငံပိုင် သိမ်းယူမှုများတွင် မပါဝင်ဘဲ ဝန်ကြီး ဌာနများမှ သိမ်းယူ ထားခြင်း ဖြစ်ကြောင်း၊ ထိုဝန်ကြီးဌာနများသို့ ယခုလ အတွင်း ထပ်မံ စာတင် သွားမည်ဖြစ်ကြောင်း ဦးမျိုးမြင့်ကျော်က ထပ်မံပြောသည်။ မူလ ပိုင်ရှင် လယ်သမား ၁၉ ဦးမှ စိုက်ခင်း များကို ပြန်လည်ခြံခတ် စိုက်ပျိုးရန် စီစဉ် သော်လည်း ၁၅ ဧက ခန့်သာ ခြံခတ် ထားပြီး ကျန်ရှိ ဧကများ တွင် ဗိုလ်မှူး... ဆိုသူက ရော်ဘာခြံများ စိုက်ပျိုး ထားကြောင်း လယ်သမား များက ဆိုသည်။

ကျေးရွာ လယ်သမား တစ်ဦး ဖြစ်သူ ဦးတင်စိန်က ''သူတို့ဟင်း သီးဟင်းရွက် စိုက်ခင်း လို့သိမ်းပြီး တစ်ရာသီကို တစ်ဧက ကျပ်တစ် သောင်း အခကြေးငွေ ပြန်ငှားစား ကြတယ်။ စိုက်ခင်း လုပ်လဲ ခဏပဲ အလုပ် လုပ်ကြတယ်။ အိမ်တွေ ဖျက်ပေး ခဲ့ရတယ်။  ဗိုလ်မှူး အ ငြိမ်းစား တွေက ရော်ဘာခြံတွေ စိုက်ပြီး ပုဂ္ဂလိက နာမည်နဲ့ လွှဲပြောင်း ယူထား ကြတယ်။ တချို့ကလဲ ပုဂ္ဂလိက လက်လွှဲ ရောင်းချ ထားတယ်''ဟုပြောသည်။
လယ်သမားအကျိုးဆောင်မှ သတင်း မီဒီယာ များအား ကြာကန်စု ကျေးရွာခြံကိစ္စ ရှင်းပြ နေစဉ်။ ဓာတ်ပုံ - မင်းမင်း

သော်ဇင်ထက်
Yangon Media Group

နေရောင်အဟပ်ခံလိုက်ရတဲ့ အနွမ်းပန်းတစ်ပွင့်

Posted by drmyochit Tuesday, August 27, 2013, under | No comments


နိုင်ငံပြောင်းလဲလာတာနဲ့အမျှ ကုန်ဈေးနှုန်းတွေလည်း အကုန်ပြောင်းလဲလာတယ်..ဒီကြားထဲမှာ ငွေကြေးပြည့်စုံတဲ့သူအတွက် လုပ်ငန်းတွေ လုပ်လို့ကောင်းတဲ့အချိန်အခါပဲလေ..ဒါပေမယ့် လက်လုပ်လက်စားဘ၀တွေအတွက် ကတော့ တွေးကြည့်စရာမလိုတော့ပါဘူး....တစ်နေ့တစ်နေ့ ရုန်းကန်နေလိုက်ကြရတာ..နဖူးကချွေး ခြေမ ကျတဲ့အထိပါပဲ....ဒီလိုဘ၀တွေအတွက် လက်ရှိ ပြောင်းလဲနေတဲ့ ဒီမိုကရေစီဆိုတာကရော သူတို့ဘ၀တွေကို အမှန်တကယ်ပြောင်းလဲပေးနိုင်ပါ့မလား...ငွေကြေးပြည့်စုံသူတွေအတွက်က စိတ်အေးချမ်းသာစွာနေနိုင်ကြတယ်..ဆမ်းရဲနမ်းပါးသူတွေအတွက်ကတော့ ဘယ်လိုလုပ် အေးချမ်းအနိုင်အုံးမလဲဗျာ.....အဲဒီထဲမှာ တကယ်မအေးချမ်းနိုင်သေးတာ အရွယ် အလတ်ပိုင်း မိန်းခလေးတွေဘ၀ပါပဲ.....ဘယ်သူ့ကို အပြစ်ပြောရမလဲ...

ဘယ်လိုထောက်ပြရမလဲဆိုတာကို မသိအောင်ထိပါပဲ..ဘာလို့လဲဆိုတော့..သူတို့ဘ၀ တွေက နေရောင်အဟပ်ခံလိုက် ရတဲ့ အနွမ်းပန်းတစ်ပွင့်လိုဖြစ်နေလို့ပါပဲ.......စစ်အုပ်ချုပ်ရေးလက်အောက်မှာ စီးပွားရေးမပြေလည်မှုတွေနဲ့ အမျိုးမျိုးရုန်းကန်ခဲ့တဲ့ သူတို့ရဲ့ နွမ်းနယ်နေတဲ့ဘ၀တွေက အခုဒီမိုကရေစီ ဆိုတဲ့ အသံလေးနဲ့ ပြန်လည် လန်းဆန်းလာမယ်ပဲရှိကြပါသေးတယ်....ခက်တာက ခုခေတ်မိန်းခလေးတွေ ရည်းစားနဲ့အတူ နေတာ...လိင်မှုနဲ့စီးပွားရှာတာကို သူတို့က ပေါ့ပေါ့လေးတွေးလာကြတာပါပဲ.....လွတ်လပ်တဲ့ နိုင်ငံမှာ လွတ်လပ်စွာလုပ်ပိုင်ခွင့် လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်တွေရှိတယ်ဆိုတဲ့ အတွေးဆိုးတွေလည်း ၀င်လာကြတယ်ထင်ပါရဲ့.....ပြောချင်တာက ဒီမှာပါ......

ရန်ကုန်မြို့ပေါ်က (၅လွှာ၊ ၃လွှာ၊ )တွေမှာဖွင့်ထားတဲ့ တစ်ချို့ အလှပြုပြင်ဆိုင်တွေဟာ အလှပြုပြင်ရုံမကပဲ လိင်ပိုင်းဆိုင်ရာတွေနဲ့ မြူဆွယ်မှုတွေရှိနေတယ်လို့ သိရပါတယ်....အလှပြုပြင်ဆိုင်လို့ ဆိုင်းဘုတ်ထောင်ပြီး အနှိပ်ခန်းလိုလို လိင်ပိုင်းဆိုင်ရာ ဧည့်ဂေဟာလိုလိုဖြစ်နေတယ်လို့ ရန်ကုန်မြို့မှ ကိုယ်တွေ့ ကြုံခဲ့သူ မိတ်ဆွေတစ်ဦးပြောပြချက်အရသိရပါတယ်...တကယ်ပဲ အဲလိုမျိုးတွေ ဖြစ်လာခဲ့ရင် မြန်မာမိန်းခလေးတွေ အတွက် ရင်လေးစရာပါပဲ.......တစ်ချို့ဆိုင်တွေဆိုရင်လည်း စီးပွားရေးတွက်ခြေကမကိုက် ဒါပေမယ့် ပိုင်ရှင်ဖြစ်သူက ဆိုင်ကို ဆက်လက်ဖွင့်ပေးထားတယ်..ပိုင်ရှင်နဲ့ ဆိုင်က အလုပ်သမားတွေနဲ့ကလည်း အကုန်ဘာညာဘာညာ ဆိုပဲ....သဘောတူလို့ အတူနေတာ မပြောချင်ပါဘူး...ဒါပေမယ့် ငွေရှိတိုင်း မိန်းခလေးတွေရဲ့ ဘ၀ကို အပျော်တမ်းကစားနေတဲ့ ငွေကြေးရှင်တွေလည်း စာနာနားလည်ပေးသင့်တယ်လို့ပြောချင်တယ်....
နောက်တစ်ခု.....မြန်မာနိုင်ငံမှာ လိင်မှု ကိုတရားဝင်လုပ်ပိုင်ခွင့်တွေ တောင်းလာတာ သတင်းတွေမှာ ဖက်ရတယ်...တဖက်ကကြည့်ရင် ကောင်းပါတယ်....အပျော်အပါးကြိုက်တဲ့ ယောင်္ကျားတွေအတွက်
 ကောင်းတယ်လို့ပြောလို့ရသလို တဖက်ကကြည့်ရင် မြန်မာမိန်းခလေးတွေ လွယ်လွယ်နဲ့ ငွေများများရတာကိုကြည့်ပြီး ဘ၀ပေး ငွေရှာကြမှာကိုလည်းထည့်စဉ်းစားစရာမဟုတ်လား..
လက်ရှိအချိန်ထိ ရန်ကုန်မြို့ တော်တော်များများနေရာတွေမှာလည်း ရပ်ကွက် လူကြီးနဲ့ပေါင်းပြီး လိင်ကိစ္စတွေပြုလုပ်နေကြတာရှိပါတယ်.ခေတ်အဆက်ဆက်နာမည်ကြီးတဲ့ ရပ်ကွက်တွေလည်း ရှိနေတာပဲ...လက်ရှိအချိန်ထိပေါ့...ဥပမာ စော်ဘွားကြီးကုန်း တို့လိုပေါ့...အဲဒီမှာ လိင် လုပ်တဲ့အိမ် ၅ အိမ် ခြောက်အိမ်လောက်ရှိတယ်..." အိမ်တစ်လုံးမှာ မိန်းခလေး ၁၀ ယောက်အထက်ရှိကြတယ်...သူတို့က မိုးချုပ်မှ အဲဒီအိမ်ကိုလာကြတာ...ည ၈ နာရီလောက်ဆိုရင် ဒီလမ်းထဲမှာ ဘီယာမူးသားတွေနဲ့ အပျော်လာရှာကြတဲ့ ယောင်္ကျားတွေ နေ့တိုင်း မြင်နေရတယ်...အိမ်ရှင်တွေက ဒီနယ်မှာတာဝန်ကျတဲ့ ရဲတွေ နှင့် ရပ်ကွက်လူကြီးတွေကို ပေးကမ်းထားတာရှိတော့ ပတ်ဝန်းကျင်က ပြောလည်း မထူးဘူးလေ..ဒီတော့ ဒီအတိုင်းပဲကြည့်နေရတာပေါ့"

စော်ဘွားကြီးကုန်းမှာနေထိုင်တဲ့ ကျော်ဇင် က ပြောပြထားပါသေးတယ်.......လက်ရှိအများဆုံးစုဝေးရာနောက်တစ်နေရာကတော့ ညဖက်တွေ မီးရောင်စုံအောက်မှာ ပျော်ပါးသောက်စားကခုန်ကြတဲ့ ကလပ်ဆိုတဲ့နေရာတွေမှာပါပဲ..အဲဒီကလပ် ကပြန်တဲ့အချိန်မှာ အိမ်မပြန်ကြပဲ အနီးအနားတည်းခိုခန်းတွေမှာ ချစ်သူ...ဒါမှမဟုတ် ကာစတာမာ တွေနဲ့ ထပ်ပြီး ပျော်မြူးကြသေးတယ်လို့ မင်္ဂလာတောင်ညွန့်မှ ကိုစိုးနိုင် ကလည်းပြောပြပါသေးတယ်..
ဘာပဲဖြစ်ဖြစ် မြန်မာမိန်းခလေးတွေ ငွေကြေးကြောင့် ဘ၀မပေးမိစေဖို့ပဲပြောချင်ပါတယ်....
တာဝန်ရှိတဲ့သူတွေကလည်း စီစစ်ကြပ်မက်သင့်ပါတယ်လို့အကြံပြုရင်း............

ကြမ်းပိုးလေး
Credit:  Myanmar Daily News

ညဥ့်လမ်းပေါ်က ဘ၀များစွာ

Posted by drmyochit Tuesday, August 27, 2013, under | No comments

ရေးသားသူ- သီဟ နီယွန်မီးရောင်များ မှိတ်တုတ်မှိတ်တုတ်ဖြင့် လင်းလက်နေသည်မှာ ရန်ကုန်၏ ညကမ္ဘာငယ်တစ်ခုအလား သက်ဝင် လှုပ်ရှားလျက်ရှိသည်။ သက်ကြီးခေါင်းချချိန် ကျော်သည့်တိုင် ပင် နုပျိုလတ်ဆတ် သယောင် ညချမ်းသည် ဟိုမှဒီမှ ကူးခတ်သွားလာနေသည့် ညဥ့်ငှက်လေး များဖြင့် ပျော်ဝင်နေဆဲဖြစ် သည်။

ကားတစ်စီး ထိုးရပ်လာတိုင်း အပြေးအလွှားထွက်လာသည့် သွေးသားအကျိုးဆောင်များက စကားလုံးများဖြင့် ဆွဲဆောင်လျက်ပင်။

ထိုနေရာကား ရန်ကုန်မြို့၏ စီးပွားရေး အချက်အချာကျရာ ဈေးကြီးတစ်ခု၏ ပတ်ဝန်းကျင်တွင်ဖြစ်သည်။

နေ့လယ်ခင်းအချိန်တွင် ကုန်စည်ကူးသန်းရောင်းဝယ်မှုများဖြင့် စည်ကားလေ့ရှိပြီး ညပိုင်းမှာတော့ သွေးသားကူးသန်းရောင်းဝယ်မှုများဖြင့် စည်ကားလေ့ရှိသည့် ယင်းနေရာသည် တရားဝင် မဟုတ်သော်လည်း ရန်ကုန်မြို့၏ ထိုနေရာများစွာထဲမှ တစ်နေရာပင် ဖြစ်လေသည်။
“ကျွန်မထင်ပါတယ် ဒီအလုပ်နဲ့ အသက်မွေးနေကြတဲ့ မိန်းကလေးတွေ အကုန်လုံးက သူတို့ဘ၀ကိုသူတို့ ပျော်လို့ကျေနပ်လို့ လုပ်နေကြတာတော့ မဟုတ်ပါဘူး”ဟု ပြောလာသူမှာ ပြည့်တန်ဆာလုပ်ငန်းဖြင့် ဆယ်စုနှစ်တစ်ခုနီးပါး အသက်မွေးနေရသည့် မမော်မော်(အမည်လွှဲ)ပင်ဖြစ်သည်။

ဟိုမှသည်မှ ဥဒဟိုသွားလာသူများနှင့် အသက်ဝင်လှုပ်ရှားနေသည့် ရန်ကုန်မြို့၏ ညနေချမ်းအချိန်တွင် မမော်မော်တို့ကဲ့သို့သော လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုရသူလေးများလည်း လူစည်ကားရာ ကားမှတ်တိုင်ကဲ့သို့သော နေရာများတွင် လုပ်ငန်းခွင် ၀င်ရောက်လာကြပြီဖြစ်သည်။
သူတို့လုပ်ငန်းခွင်ဝင်ရာ နေရာသည် အခြားသော သူများကဲ့သို့ ရုံးအဆောက်အအုံမရှိ၊ လုံခြုံရာနထ္ထိ။ လမ်းဘေး ကွမ်းယာဆိုင်များသည်ပင်လျှင် သူတို့၏ရုံးခန်း၊ ကားမှတ်တိုင်သည်ပင်လျှင် သူတို့ အလုပ်လက်ခံရာပင် ဖြစ်တော့သည်။ လူမြင်ကွင်းတွင် ဧည့်သည်ရှာ ဈေးညှိ အလုပ်လုပ်နေရသော်လည်း သူတို့၏ အလုပ်မှာ တရားဝင် အလုပ်မဟုတ်။ ထို့ကြောင့် တစ်ခါတစ်ရံ ကံမကောင်း အကြောင်းမလှပါက တစ်နှစ်တန်သည် နှစ်နှစ်တန်သည် သံတိုင်လေးဘက်ကြား အနားယူရသည်များလည်း ရှိတတ်သည်။
ခွင့်ပြုချက်များ လိုင်စင်များဖြင့် တရားဝင် အလုပ်လုပ်ခွင့်ရသည့် အလုပ်မဟုတ်သော်လည်း သူတို့အဖွဲ့ဝင်ဦးရေမှာ တစ်နေ့တခြား တိုးတိုးလာပြီး သူတို့ကျင်လည်ရာ ပတ်ဝန်းကျင်သည်လည်း ပို၍ကျယ်ပြန့်လာနေပြီဖြစ်သည်။ ထိုသို့ တိုးပွားများပြားလာခြင်းမှာ နိုင်ငံ၏ စီးပွားရေး လူမှုရေး ပညာရေး နိမ့်ကျမှုများကြောင့်ပင် ဖြစ်သည်ဟု ကောက်ချက်ဆွဲသူများလည်း ရှိကြသည်။
နိုင်ငံတော်မှလည်း ထိုသို့ လုပ်ကိုင်စားသောက်သည့် ပြည့်တန်ဆာများ ပပျောက်သွားစေရန် လွတ်လပ်ရေးရပြီးစ ၁၉၄၉ ခုနှစ်ကပင် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေကို ပြဌာန်းဆောင်ရွက်ခဲ့သော်လည်း မပပျောက်သည့်အပြင် တစ်နေ့ထက်တစ်နေ့
ပိုမိုများပြားလာခဲ့သည်ကို တွေ့နေရသည်။ ထို့ကြောင့် ယင်းကဲ့သို့ နှိပ်ကွပ်ရေးဥပဒေဖြင့် ကိုင်တွယ်ခြင်းအား ပြန်လည်သုံးသပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဥပဒေပညာရှင်များက သုံးသပ်သည်။
ပြည့်တန်ဆာများ ပပျောက်စေရန် နှိပ်ကွပ်ရေးဥပဒေဖြင့် ဆောင်ရွက်သော်လည်း ဥပဒေအား လက်တွေ့ အကောင်အထည်ဖော် လုပ်ကိုင်လျက်ရှိသည့် အောက်ခြေအဖွဲ့အစည်းများ၏ အားနည်းချက်များကြောင့် လုပ်ငန်းခွင်ထဲတွင် လုပ်ကိုင်စားသောက်နေသည့် ပြည့်တန်ဆာများမှာ နှိပ်ကွပ်ခံရသည့် ပုံသဏ္ဍန်များ လွဲမှားနေကြောင်း သိရသည်။

“ကျွန်မတို့ ဒီနယ်မြေမှာ လုပ်ကိုင်စားသောက်နေတာ သူတို့မသိတာမဟုတ်ဘူး သိတယ် တစ်ခါတလေ ပေးရကမ်းရတာတွေလည်း ရှိတယ်။ ဒါပေမဲ့ စီမံချက်ဆိုတာကို အကြောင်းပြပြီးတော့လည်း အဖမ်းခံရတာမျိုးလည်း ရှိတယ်”ဟု လုပ်ငန်းခွင်အတွင်းမှ ပြည့်တန်ဆာတစ်ဦးက ပြောသည်။
၁၉၄၉ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေအရ ပြည့်တန်ဆာဖမ်းဆီးမည်ဆိုပါက ရဲအုပ်အောက်မနိမ့်သည့် ရဲအရာရှိက ၀ရမ်းမပါဘဲ ဖမ်းဆီးချုပ်နှောင်နိုင်ပြီး ဖမ်းမိပါကလည်း နောက်တစ်ရက်တွင် တရားရုံးသို့ အမှုဖွင့်ရမည်ဟု ပါရှိသည်။

ဖမ်းဆီးမိသည့်နေ့၏ နောက်တစ်နေ့သည် အစိုးရရုံးပိတ်ရက် ဖြစ်ပါက အနီးစပ်ဆုံး အစိုးရရုံးဖွင့်ရက်တွင် တရားရုံးတင်ရမည်ဟု ပါရှိကြောင်း ပိတောက်မြေအသံလွှင့်ဌာနတွင် ဥပဒေအကြောင်းအရာများ အသံလွှင့်လျက်ရှိသည့် ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)က ပြောသည်။ သို့သော် ယခုနောက်ပိုင်းတွင် ချက်ချင်းရုံးမတင်ဘဲ ယမန်ယူသည့် အလေ့အထဖြစ်လာကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့အပြင် ပြည့်တန်ဆာဖမ်းဆီးသည့် အခါတွင်လည်း ရဲအုပ်အောက်မနိမ့်သည့် အရာရှိဆိုသော်လည်း ယခုအခါတွင် အဆင့်မျိုးစုံမှ ဖမ်းဆီးနေမှုများလည်းရှိကြောင်း အထက်တန်းရှေ့နေတစ်ဦးက ပြောသည်။ ရန်ကုန်မြို့တွင် ကျင်လည်နေသည့် ပြည့်တန်ဆာအချို့မှာ အတန်အသင့် လယ်ဝယ်မှုရှိသဖြင့် အကြောင်းပြ ဖမ်းဆီးခံရမှု အနည်းငယ် သက်သာသော်လည်း နယ်မှ ပြည့်တန်ဆာများမှာ အနိုင်ကျင့် နှိပ်ကွပ်ခံရမှု ပိုများကြောင်း ပြည့်တန်ဆာကွန်ရက်တစ်ခုမှ သိရသည်။

ပြည့်တန်ဆာလုပ်ငန်းသည် တရားမ၀င်သော်လည်း ထိုလုပ်ငန်းဖြင့် အသက်မွေးသူများ တစ်နေ့ထက်တစ်နေ့ များပြားလာသည့်အတွက် ပြည့်တန်ဆာနှင့် ဆက်စပ်သည့် HIV ၊ ကာလသားကဲ့သို့သော ရောဂါပျံ့နှံ့မှုမှာလည်း ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။ လိင်မှတစ်ဆင့် ကူးစက်သည့် ရောဂါများအား ကာကွယ်ရန်အတွက် ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ပြည့်တန်ဆာများအား ကွန်ဒုံးများ ဖြန့်ဝေထားသော်လည်း သက်ဆိုင်ရာမှ ဖမ်းဆီးလိုပါက ကွန်ဒုံးရှိသည်ဟု အကြောင်းပြ ဖမ်းဆီးမှုများလည်းရှိသဖြင့် ကွန်ဒုံးမဆောင်ထားရဲကြောင်း မမော်မော်ကပြောသည်။
“ကွန်ဒုံးရှိရင် ဖမ်းရမယ်လို့ ဥပဒမှာမပါဘူး။ အဲဒီလိုသာ ဖမ်းကြေးဆိုရင် အင်န်ဂျီအိုက ၀န်ထမ်းတွေ၊ ဆရာဝန်တွေပါ အကုန်ဖမ်းရမလို ဖြစ်နေပြီပေါ့”ဟု ရှေ့နေဦးခင်ဇော်က ပြောသည်။ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော စင်ကာပူ၊ ထိုင်း အစရှိသည့် နိုင်ငံများတွင် ပြည့်တန်ဆာများအား နေရာသတ်မှတ်၍ တရားဝင် လုပ်ကိုင်ခွင့်များ ပြုထားသောကြောင့် လိင်မှတစ်ဆင့် ကူးစက်သည့် ရောဂါများအား ထိထိရောက်ရောက် ကာကွယ်နိုင်သည့်အပြင် ပြည့်တန်ဆာအရေအတွက်ပါ ထိန်းချုပ်နိုင်ခဲ့ကြောင်း ဥပဒေပညာရှင်များက ပြောသည်။

“ကျွန်မတို့ကိုလာပြီး ပညာပေးတဲ့အဖွဲ့တွေနဲ့ တချို့တွေက ကျွန်မတို့ရဲ့ အလုပ်အကိုင်တွေပြောင်းဖို့ ပြောကြတယ်။ အလုပ်အကိုင် ပြောင်းရအောင် ကျွန်မတို့မှာ ပညာမှမတတ်တာ ကျွန်မတို့ တတ်တဲ့ပညာနဲ့ဆိုလည်း ရတဲ့အလုပ်က အခုဝင်ငွေကို မီမှာမဟုတ်ဘူး”ဟု ပြည့်တန်ဆာတစ်ဦးက သူ၏ခံစားချက်ကို ပြောပြသည်။

“အခုပြဌာန်းထားတဲ့ ဥပဒေတွေက နှိပ်ကွပ်ရေးဥပဒေတွေနဲ့ ပပျောက်ရေးဥပဒေတွေပဲ ဖြစ်နေတယ် ကာကွယ်ရေးဥပဒေ မပါဘူး”ဟု သူမက ဆက်လက်ပြောပြသည်။ ပြည့်တန်ဆာများ အနေဖြင့်လည်း သူတို့နှင့်ဘ၀တူများအား ကာကွယ်မှုများပေးရန်နှင့် လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါများမှ ကာကွယ်မှုများ ပြုလုပ်ပေးရန် ပညာပေးအဖွဲ့အား တရားဝင် ဖွဲ့စည်းလိုသော်လည်း လူမှုရေးအသင်းအဖွဲ့များ တရားဝင်ဖွဲ့စည်းခြင်း
စည်းမျဉ်းစည်းကမ်းများနှင့် ငြိစွန်းနေသဖြင့် ဖွဲ့ခွင့်မရကြောင်း သိရသည်။

“ကျွန်မတို့က တစ်ခြားနိုင်ငံတွေမှာလို တရားဝင်အတန်းတွေ ဘာတွေ ချက်ချင်းရဖို့ မဆိုလိုပါဘူး။ ဒါပေမယ့် ဥပဒေထဲမှာပါတဲ့အတိုင်း တိတိကျကျ ဖြစ်စေချင်တာပါ”ဟု မမော်မော်ကပြောသည်။
“အခုက တစ်ခါတလေ ပေးလည်းပေးရသေးတယ်။ ဖမ်းချင်တဲ့ အချိန်ကျတော့လည်း အဖမ်းခံရသေးတယ်”ဟု သူမက ဆက်လက်ပြောပြသည်။

၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေအရ ပြည့်တန်ဆာများကို ဖမ်းဆီးမိပါက တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ကို ချမှတ်ရမည်ဟု ပါရှိပြီး နောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရတက်ပြီးချိန်တွင် သုံးနှစ်ထက်မပိုသည့် ထောင်ဒဏ်ဟု ပြောင်းလဲခဲ့ကြောင်း ဥပဒေပညာရှင်များထံမှ သိရသည်။

“ပြည့်တန်ဆာတွေကို နှိပ်ကွပ်မယ်။ ထောင်ထဲထည့်မယ် ဆိုတာထက် အလုပ်အကိုင် အသိပညာ ပေးမယ်ဆိုရင် မပပျောက်တောင် လျော့ပါးသွားမယ်၊ထောင်ချရုံနဲ့တော့ ထောင်ကထွက်လာရင် မထူးဇာတ်ခင်းရာကနေ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် ထောင်ထဲဝင်ရတဲ့ ပြည့်တန်ဆာတွေ အများကြီးပဲ ရှိတယ်”ဟု ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)က ပြောသည်။

ထို့ကြောင့် ပြည့်တန်ဆာလုပ်ငန်းများ မပပျောက်သည့်တိုင် စည်းကမ်းတကျ ဖြစ်လာစေရန်အတွက် အစိုးရ၏ ထိန်းသိမ်းကိုင်တွယ်မှုသည် အရေးကြီးပြီး အသိပညာပေးမှုများလည်း ပြုလုပ်သွားရန် လိုအပ်သည်ဟု ဥပဒေပညာရှင်များက ပြောသည်။ ထို့အပြင် ၁၉၄၉ ခုနှစ် အက်ဥပဒေသည် နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် ခေတ်နှင့်လျော်ညီသည့် ပြုပြင်ပြောင်းလဲမှုများလည်း ပြုလုပ်ရန် လိုအပ်ကြောင်း ဥပဒေပညာရှင်များက ပြောသည်။

ရန်ကုန်၏ ညနေချမ်းသည်လည်း တဖြည်းဖြည်း ရင့်ကျက်လာခဲ့ပြီဖြစ်သည်။ လူစည်ကားရာ လမ်းမများနှင့် ကားမှတ်တိုင်များတွင်လည်း ဘ၀ကြမ်းကြမ်း ပန်းနွမ်းနွမ်းလေးများ၏ သရုပ်သည်လည်း ပိုမိုပီပြင်လာခဲ့သည်။

သို့သော် သူတို့၏ လမ်းမထက်က ဘ၀များကား ရင့်ကျက်မှု မရရှိနိုင်သေးပေ။ မမော်မော် ပြောသလို ဥပဒေထဲတွင် ပါသည့်အတိုင်း တိတိကျကျ ဖြစ်ခဲ့လျှင်သော်လည်းကောင်း (သို့မဟုတ်) အခြားအိမ်နီးချင်းနိုင်ငံများကဲ့သို့ သတ်သတ်မှတ်မှတ် နေရာတစ်ခုများ ရခဲ့လျှင်သော်လည်းကောင်း ညဥ့်လမ်းပေါ်က ဘ၀များစွာ၏ ရှင်သန်မှုမှာ.... ။

From -7DayNewsJournal

YouTubeကို မထစ်ဘဲ ကြည့်မယ်

Posted by drmyochit Tuesday, August 27, 2013, under | No comments


ကွန်နက်ရှင် မကောင်းတဲ့သူတွေအတွက် YouTubeကို ကြည့်ရင် Pause လုပ်ထားပြီး Video တစ်ခုလုံးကို Preloadလုပ်ပြီးတော့မှ ကြည့်ရင် မထစ်ဘဲ ကြည့်နိုင်ပါတယ်။ ဒါကအရင်တုန်းက သုံးလို့ ရတဲ့နည်းပါ။

အဲဒီနည်းကို အခုအသုံးပြုလို့ မရတော့ပါဘူး။ ဘာလို့လဲဆိုရင် YouTubeက အတိုကောက်အားဖြင့် DASHလို့ခေါ်တဲ့ Dynamic Adaptive Streaming over HTTPကို ပြောင်းလဲ အသုံးပြုလိုက်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ DASHကို Disableလုပ်လို့  ရတဲ့နည်းကတော့ YouTube Centerဆိုတဲ့ Browser Extensionကို အသုံးပြုရမှာပါ။ YouTube Centerကို Firefox, Chrome, Opera, Safari, Maxthonစတဲ့ Browserတွေမှာ သုံးနိုင်ပါတယ်။
YouTube Centerကို သက်ဆိုင်ရာ Browserမှာ အင်စတောလုပ်ပြီးရင် YouTubeကို Login ၀င်ပါ။ သင့်အကောင့်ပုံဘေးမှာ Gear Iconကို တွေ့ မြင်နိုင်ပြီး Gear Iconကိုနှိပ်ပါ။ YouTube Center Settings ပေါ်လာရင် Player အောက်က Dash Playbackကို Uncheck လုပ်ပါ။ ဒါဆိုရင် အရင်နည်းအတိုင်း YouTubeကို မထစ်ဘဲ ကြည့်နိုင်ပါပြီ။



YouTube Centerကို Official Websiteကနေတစ်ဆင့် သက်ဆိုင်ရာ Browserတွေမှာ အင်စတော လုပ်နိုင်ပါတယ်။ Chrome Web Storeမှာ YouTube Center မရှိတဲ့အတွက် Chrome User တွေအတွက်တော့ YouTube Centerရဲ့  Extensionဖိုင်ကို ဒေါင်းလုပ်လုပ်ပြီး Extension Page ထဲကို Drag and Drop လုပ်ပြီး Manual Install လုပ်ရမှာပါ။ Extension Pageမှာ Developer Modeကို Onထားရပါမယ်။
Download YouTube Center

Source : Myanmar ICT

ရင်သားတွဲ ကျခြင်းကို ကာကွယ်နိုင်သော နည်းလမ်းများ

Posted by drmyochit Tuesday, August 27, 2013, under | No comments

ပြည့်ဖြိုး တင်းရင်းတဲ့ ရင်သားအလှကို ပိုင်ဆိုင်လိုတာ မိန်းကလေးတိုင်းရဲ့ ဆန္ဒဖြစ်ပါ လိမ့်မယ်။ မိန်းကလေး တစ်ယောက်ရဲ့ အလှတရားကို ထင်ရှား ပေါ်လွင်စေပြီး ဆွဲဆောင်မှု ရှိစေတဲ့ အရာတွေထဲမှာ ရင်သားက မရှိမဖြစ်ပါ။

သင့်ကောက်ကြောင်းလေး အထင်သား ပေါ်လွင်စေဖို့ ရင်သားကလည်း ပံ့ပိုးပေးပါတယ်။ ဒါပေမဲ့ တစ်ချိန်မှာ ဒီအလှတရား ဆုံးရှုံးသွားမှာကို သင်စိုးရိမ် နေပါသလား။ အဆီတွေ၊ ဂလင်းတွေ၊ တွယ်ဆက် တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ရင်သားဟာ တစ်သျှူးတွေ လျော့ရဲ လာတဲ့အခါ၊ တစ်သျှူးရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ စွမ်းအား လျော့နည်း လာတဲ့အခါ မျိုးတွေမှာ တွဲကျလာ တတ်ပါတယ်။
မိန်းကလေး အများစုက ရင်သား တွဲကျလာတာကို မလိုလား ကြသလို သင်တို့ရဲ့ အမျိုးသား အဖော်ကလည်း နှစ်သက်မှာ မဟုတ်ပါဘူး။ ရင်သား တွဲကျတာကို နို့သီးခေါင်းရဲ့ အနေအထားပေါ် မူတည်ပြီး ခွဲခြား နိုင်ပါတယ်။ နို့သီးခေါင်းက ပုံမှန် အနေအထားထက် အနည်းငယ် နိမ့်ကျနေပါက ရင်သား တွဲကျတာ သိပ်မဆိုးပါဘူး။ တကယ်လို့ နို့သီးခေါင်းတွေက ပုံမှန် အနေ အထားထက် အလွန်အမင်း နိမ့်ကျပြီး အောက်ဘက်ကို စိုက်နေရင်တော့ ရင်သား တွဲကျတာ ဆိုးနေပါပြီ။
ရင်သား တွဲကျစေသော အကြောင်းအရာများ
၁။ ကိုယ်အလေးချိန် ကျဆင်းခြင်း
ကိုယ်အလေးချိန် ကျဆင်းတာက ရင်သား တွဲကျတာကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းပါ။ ခန္ဓာကိုယ် အလေးချိန် တိုးလာတဲ့အခါ အရေပြားကို ကျယ်ပြန့်အောင် ဆန့်ထားတာကြောင့် တင်းတင်းရင်းရင်း ဖြစ်စေပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန် လျော့သွားတဲ့အခါ ခန္ဓာကိုယ် တစ်ခုလုံးက အရေပြားတွေ လျော့တွဲလာသလို သင့်ရင်သားတွေလည်း လျော့တွဲလာ စေပါတယ်။
၂။ ကမ္ဘာမြေကြီး ဆွဲငင်အား
ကမ္ဘာမြေကြီး ဆွဲငင်အားက သင့်ရင်သားကို တွဲကျစေတယ်ဆိုလို့ မအံ့သြ လိုက်ပါနဲ့။ ဒါက အမှန်တကယ်ပါပဲ။ ကမ္ဘာမြေကြီး ဆွဲငင်အားက အရာ အားလုံးကို ဆွဲထားသလို သင့်ရင်သား ကိုလည်း ဆွဲတာကြောင့် တွဲကျ စေတာပါ။ ရင်သား တစ်သျှူးတွေကို လျော့ရဲစေသလို ရင်သားမှာ အရေး ကြောင်းတွေကိုပါ ဖြစ်ပေါ်စေပါတယ်။
၃။ မီးယပ်သွေးဆုံးခြင်း
အမျိုးသမီးတွေ သွေးဆုံးချိန်မှာ အီစထရိုဂျင် လို့ခေါ်တဲ့ မဟော်မုန်းဓာတ် လျော့နည်း သွားပါတယ်။ အဲဒီအချိန်မှာ ရင်သားကို တင်းရင်း ပြည့်ဖြိုးစေတဲ့ ကော်လာဂျင်တွေ လျော့နည်း သွားပြီး သင့်ရင်သားကို လျော့တွဲလာ စေပါ တယ်။
၎။ လျော့ရဲသော ဘရာစီယာ ဝတ်ဆင်ခြင်း
အမျိုးသမီးတွေ အတွက် အရေးကြီးဆုံးက ဘရာစီယာကို ရင်သား အရွယ် အစား အလိုက် သင့်တော်တဲ့ ပုံစံအနေအထား ဝတ်ဆင်ဖို့ပါ။ ဘာကြောင့်လဲ ဆိုတော့ ဘရာစီယာ ပုံစံမှန်မှန် မဝတ်ဆင်တာက သင့်ရင်သားကို တွဲကျ စေတာကြောင့်ပါ။

ဘယ်လို ကာကွယ်ရမလဲ -

၁။ အစားထိုးခြင်း၊ ခွဲစိတ်ခြင်း

ရင်သားပိုမို ပြည့်ဖြိုးစေဖို့နဲ့ တင်းတင်းရင်းရင်း ရှိစေဖို့ ရင်သား အစားထိုး ခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင်ခြင်းတွေ ပြုလုပ်လို့ ရပါတယ်။ ရင်သား တွဲကျ နေသူ တစ်ယောက်အနေနဲ့ ရင်သား အစားထိုးခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင် ခြင်းတွေ လုပ်တာက တွဲကျနေတဲ့ ရင်သားကို အပြည့်အဝ မပြုပြင်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြုပြင်တာဟာ ရင်သား ပြည့်တင်း လာပေမယ့် နို့သီး ခေါင်းကတော့ အောက်ဆိုက်နေ နိုင်ပါတယ်။

၂။ အရွယ်အစားနဲ့ ကိုက်ညီသော ဘရာစီယာ ဝတ်ဆင်ပါ

ရင်သား အရွယ်အစားနဲ့ ကိုက်ညီပြီး သင့်တော်တဲ့ ဘရာစီယာအရွယ်အစားကို ရွေးချယ် ဝယ်ယူကာ ၀တ်ဆင်ပါ။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ကျွေးချိန် တွေက ရင်သား တွဲကျနိုင်တာ ကြောင့် သင့်တော်တဲ့ ဘရာစီယာ ဝတ်ဆင် ပေးဖို့ ပိုမို အရေးကြီးပါတယ်။

၃။ သဘာဝကရတဲ့ ဆေး

ဒါတွေကို အသုံးပြုတာဟာ အန္တရာယ် အကင်းဆုံး၊ ငွေကုန်ကြေးကျ အသက် သာဆုံးနဲ့ ခွဲစိတ်စရာ မလိုတဲ့ နည်းလမ်း တစ်ခုပါ။ သဘာဝကရတဲ့ အရာ တွေနဲ့ ဖော်စပ် ထုတ်လုပ်ထားတဲ့ လိမ်းဆေး၊ ဖျန်းဆေးတွေ အသုံးပြုပြီး သင့်ရင်သား အလှကို ပြုပြင်နိုင်ပါတယ်။ အသင့်တော်ဆုံး နည်းလမ်းဖြစ် ပါတယ်။

၎။ နှိပ်နှယ်ပေးခြင်း

သင့်ရင်သားကို နှိပ်နယ်ပေးတာက ဆိုးကျိုး အန္တရာယ် တစ်စုံတစ်ရာ မပေးဘဲ သင့်ရင်သား တွဲကျတာကို ကာကွယ်ပေး နိုင်ပါတယ်။ နှိပ်နယ် ပေးတဲ့ အခါ ရင်သားအတွက် သီးသန့် ထုတ်လုပ်ထားတဲ့ အဆီနဲ့ လိမ်းဆေး တွေကို အသုံးပြုပြီး နှိပ်နယ်ပေးပါ။

Need To Know

ဗီဇာကြေးရရှိငွေ နှစ်စဉ်ကန်ဒေါ်လာ ၁၃သန်းကျော်

Posted by drmyochit Tuesday, August 27, 2013, under | No comments

နိုင်ငံတ ကာရှိ မြန်မာသံရုံးများမှ ဗီဇာ ထုတ်ပေးရာမှ ကောက်ခံရရှိငွေ တစ်နှစ်လျှင် ကန်ဒေါ်လာ ၁၃ သန်းကျော်ရရှိနေကြောင်း သိရ သည်။

နိုင်ငံတကာရှိ မြန်မာသံရုံး၊ ကောင်စစ်ဝန်ရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးများ၏ ဗီဇာ (Visa)ထုတ်ပေးခြင်းမှကောက်ခံ ရရှိငွေမှာ ၂၀၁၁ခုနှစ်ဧပြီမှ ၂၀၁၃ ခုနှစ်မတ်အထိ အမေရိကန်ဒေါ် လာ ၂၉၂၂၁၈၀၄ ဒေါ်လာရရှိ နေရာ ပျမ်းမျှအားဖြင့် နှစ်စဉ်တစ် နှစ်လျှင် ကန်ဒေါ်လာ ၁၃၄၈၆၇၇၉ ဒေါ်လာအထိရရှိနေကြောင်း နိုင်ငံ ခြားရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး ဦးတင်ဦးလွင်ကပြောသည်။
ဩဂုတ် ၂၆ ရက်တွင်ကျင်းပ သည့် ပြည်သူ့လွှတ်တော် ၂၃ရက် မြောက်အစည်းအဝေးတွင် ရေ ဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးဝင်းဦး ၏မေးမြန်းချက်ကို ဒုတိယဝန်ကြီး က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ် သည်။

ဦးဝင်းဦးက ''နိုင်ငံခြားက နေလာကြတဲ့ နိုင်ငံခြားသားတွေ နဲ့ တိုးရစ်တွေရဲ့ ဝင်တဲ့အပေါ်မှာ ကျွန်တော်တို့ကခန့်မှန်းပြီးတော့ တစ်နှစ်ကိုနိုင်ငံခြားဝင်ငွေ ဘယ် လောက်ရနိုင်လဲဆိုတာကို ခန့်မှန်း ကြည့်ပါတယ်။ နိုင်ငံခြားရေးဝန် ကြီးဌာနရဲ့ ရသုံးဘတ်ဂျက်မှာကြည့် တဲ့အခါကျတော့ အဲဒီဝင်ငွေတွေ ဖော်ပြထားတာ မတွေ့ရပါဘူး''ဟုလွှတ်တော်မှတစ်ဆင့် မေးမြန်း ရခြင်းဖြစ်ကြောင်း ပြောသည်။
နိုင်ငံခြားရေးဒုတိယဝန်ကြီး က ကောက်ခံရရှိသော နိုင်ငံခြား ငွေများအား သက်ဆိုင်ရာရုံးများ မှ မြန်မာ့နိုင်ငံခြားကုန်သွယ်မှု ဘဏ်သို့ သုံးလတစ်ကြိမ် ယူရိုငွေ ဖြင့် လွှဲပြောင်းပေးပို့ပြီး ယင်းယူ ရိုငွေဖြင့်ညီမျှသည့် ကျပ်ငွေအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနသို့ ဆက် လက်၍လွှဲပြောင်းပေးရကြောင်း၊ ကောက်ခံရရှိငွေအားလုံးအား သက်ဆိုင်ရာရုံးများမှ မြန်မာ့နိုင်ငံ ခြားကုန်သွယ်မှုဘဏ်သို့ ပုံမှန်လွှဲ ပြောင်းပေးပို့ပြီး ထိုသို့လက်ခံရရှိ ပါက ညီမျှသည့်ကျပ်ငွေဖြင့် ဝင် ငွေခွန်မှကောက်ခံရရှိငွေအတွက် ဘဏ္ဍာရေးဝန်ကြီးဌာန ငွေစာ ရင်းသို့လည်းကောင်း၊ ထောက်ခံ စာထုတ်ပေးခြင်းမှ ကောက်ခံရရှိ ငွေအတွက် နိုင်ငံခြားရေးဝန်ကြီး ဌာနငွေစာရင်းသို့လည်းကောင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ခြင်းနှင့် အသစ်ထုတ်ခြင်းမှ ကောက် ခံရရှိငွေအတွက် ပြည်ထဲရေးဝန် ကြီးဌာန ငွေစာရင်းသို့လည်း ကောင်းဆက်လက်လွှဲပြောင်းပေး သွားလျက်ရှိကြောင်း ဖြေဆိုခဲ့သည်။
လာမည့်ဘဏ္ဍာနှစ်များတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ကူး သန်းသွားလာရာတွင် သံတမန် နိုင်ငံကူးလက်မှတ်နှင့် အထူးနိုင်ငံ ကူးလက်မှတ်ကိုင်ဆောင်သူများ အား အပြန်အလှန်ဗီဇာကင်းလွတ် ခွင့်ကို အာဆီယံနိုင်ငံများနှင့် သ ဘောတူလက်မှတ်ထိုးထားပြီးဖြစ် ကြောင်း ဒုတိယဝန်ကြီးက ဆက် လက်ပြောသည်။

Yangon Media Group
သြဂုတ်(၂၇)၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ

ရိုမီရိုဖြစ်ချင်သူနဲ့ ဂျူးလိယက် မဖြစ်သူ (ဖြစ်ရပ်မှန် ဒူဘိုင်း အချစ်ဇာတ်လမ်း)

Posted by drmyochit Tuesday, August 27, 2013, under | No comments


အာရပ်ဆော်ဘွားနိုင်ငံ - ယူအေအီးရဲ့  ဒူဘိုင်းမြို့ မှာ တကယ် ဖြစ်သွား ပါတယ်။ ဝမ်းနည်း ဝမ်းသာ ဖြစ်ရပ်လေးပါ။

ဒူဘိုင်းမြို့ ရဲ့  လူစည်ကား ရှော့ပင်တစ်ခု မှာ ဖြစ်ပါတယ်။ ကောင်လေးက Youtube ထဲက ဗီဒီယိုတွေ အတော်အကြည့်များထားပုံ ရပါတယ်။ လုပ်လို့ လုပ်မှန်းမသိ၊ အမှန်ဟုတ်မှန်း မသိ သူကတော့ Romantic ဆန်တဲ့ အချစ်မျိုး ကို သဘောကျလွန်းတော့ လူလည်ကောင်မှာ လက်ထက်ခွင့် တောင်းပါတယ်။

ဂီတာလွယ်ထားတဲ့ အနုပညာရှင် သုံးလေးယောက် ကို ငှားရမ်းထား ပါတယ်။ အောက် လည်း ရောက်ရော မိုက်ခရိုဖုန်းကြီး ကိုင်ပြီး ဈေးဝယ်လာတဲ့ အများပြည်သူများ ကို သက်သေ ပြုပါကြောင်း၊ သူနဲ့ ကျနော်နဲ့ ချစ်ကျွမ်းဝင်လာကြတာ ဘယ်နှစ်နှစ်ရှိပြီ ဖြစ်ကြောင်း၊ အချစ်ဆိုတဲ့ အရာကို သူမနဲ့တွေ့မှ သိရှိခဲ့ပြီး ဘဝအတွက် လက်တွဲဖော် အဖြစ် ရွေးချယ်ရန်ဆုံးဖြတ်ခဲ့ကြောင်း ဘာညာပြောပြီး နောက်ဆုံးပိတ် မှာ ဒူးထောက်ပြီးတော့ ကိုယ်မင်းကို လက်ထက်ပါရစေလို့ ခွင့်တောင်း ရှာ ပါတယ်။

အဲ့လို ဒူးထောက်မှာစိုးလို့ တားတဲ့ကြားက ဒူးထောက်လိုက်တဲ့ သူ့ချစ်သူ အကြောင့် အရှက်မွံ နေပြီဖြစ်တဲ့ ကောင်မလေးက အရွယ်သေး ဂစ်တာနဲ့ ရိုက်ပစ်လိုက်တာ ကြမ်းပြင်ပေါ်တောင် လှဲသွား ရှာပါတယ်။ ပတ်ဝန်းကျင်ကလည်း မှင်သက်လို့။

ဖြစ်ပုံက ရယ်ရလည်းခက်၊ ငိုရလည်းခက်လေ။ ကောင်လေးက ရိုမန်တစ် ဆန်ချင်တာတော့ မှန်ပါတယ်။ သို့ပေမယ့် Planning မှာ နည်းနည်းလိုသွားပုံ ရပါတယ်။ Youtube ဗီဒီယိုတွေမှာတုန်းက ပတ်ဝန်းကျင် တစ်ခုလုံးက လူတွေကို စည်းရုံးထားပြီး တိုင်ပင်ဇာတ်ညှိထားတာပါ။ ပြောမယ်ဆို ဇာတ်က တဲ့ သဘောပါပဲကွယ်။ ဒါကို မသိတဲ့ ကောင်လေးကတော့ ၅ ယောက်၊ ၆ လောက်နဲ့ ပွဲစည်မယ်လို့ ထင်နေရှာပုံ ရပါမယ်။ စပီကာ ကြီးနဲ့ တောင် အော်ပြောတာ ဖြစ်တဲ့အတွက် ကောင်မလေး ကလည်း ရှက်ချင်စရာပါပဲ။

ဖြစ်ရပ်က မိနစ်ပိုင်းလေးတွင်းပါပဲ။ ပိုပြီး သေသေချာချာ သိဖို့အတွက် အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.

Aung Kham (ရိုးရာလေး)
 http://youtu.be/D8L3Zeini-Y

လင်မယား ဆက်ဆံရေး မေးခွန်းနှစ်ခု

Posted by drmyochit Tuesday, August 27, 2013, under | No comments


မေး။ ။ ၁။ တစ်လင် တစ်မယားစနစ်ကို ကျင်သုံးတဲ့ ဇနီးမောင်နှံတို့အတွက် တစ်ဦးကိုတစ်ဦး လေချို သွေးခြင်းပာာ အန္တရာယ် ရှိနိုင်ပါသလားရှင်။ လေချိုသွေးတဲအခါမှာ စအို မပါပါဘူး ကျား၊ မ အင်္ဂါတို့ကို သာ လေချိုသွေးပါတယ်။ တကယ်လို့ အန္တရာယ် ရှိမယ်ဆို လေချိုမသွေးခင် အန္တရာယ် မရှိအောင် ဘာလုပ် သင့်ပါသလဲရှင်။ အန္တရာယ် ရှိမယ်ဆို ကျန်မာရေး ရုထောင်ကနေ ပြောပြပေးပါဆရာ။

၂။ (က) သာမန်ယောက်ျားတစ်ယောက်သည် သူ၏ မိန်းမနဲ့ တပတ်ကို အနည်းဆုံး ဘယ်နှစ်ကြိမ် ဆက်ဆံနိုင်ပါသလဲ။ ပျမ်းမျှအားဖြင့် သိလိုပါတယ်။ အသက်အရွယ်နဲ့ရော ဆိုင်နေပါသလား။ (ခ) တကယ်လို့ သာမန်ထက် နည်းပြီး ဆက်ဆံနိုင်တယ်ဆို ဘယ်လိုဆေးမျိုးကို သုံးစွဲသင့်ပါသလဲရှင်။ အားတိုးဆေး သောက်ခြင်းက များစေနိုင်ပါသလား။ ဖြေ။ ။ ဇနီးမောင်နှံ လိင်မဆက်ဆံခင် ကနဦး ကလူကျီစယ်ကြတာကို မေးတယ်လို့ ထင်ပါတယ်။ အမှန်က လိင်ဆက်ဆံတာမှာ အဆင့် ၃ ဆင့်လို့ သတ်မှတ်တာမို့ အခုပြောတာက ပဌမဆင့်၊ အင်္ဂလိပ်လို Foreplay လို့ ခေါ်ကြတယ်။

နှစ်ယောက်သားအကြားမှာ Intimate အလွန်ရင်နှီးမှုရှိလှတဲ့ Psychological စိတ်ပိုင်းရော Physically ရုပ်ပိုင်းပါ Intimate acts ပြုမူဆောင်ရွက်ကြတာတွေ ဖြစ်တယ်လို့ ဆိုလိုပါတယ်။ ဒီလိုလုပ်ကြတာရဲ့ ရည်ရွယ်ချက်ကတော့ Sexual activity လိင်မှုကိစ္စ္စ လုပ်ကြဘို့ နဲ့ Sexual arousal လိင်စိတ် ထကြွနိုးသန်လာစေဘို့ ဖြစ်တယ်။ တယောက်ကနေ စနိုင်တယ်။ နှစ်ဦးသား စိတ်တူကိုယ်တူ လုပ်နိုင်တယ်။ တဖက်လူကိုလဲ စိတ်ပါလာစေအောင်၊ ယုံကြည်မှုရစေအောင်၊ သက်တောင့် သက်သာ ရှိစေအောင် ဖြစ်စေနိုင်ပါတယ်။

တယောက်နဲ့ တယောက် မတူဘူးဆိုတာ ဒီနေရာမှာလဲ သိသာတယ်။ ရှက်သူ၊ ရှုတ်သူ၊ ကဲသူ၊ စိတ်နည်းသူ စတာမျိုး ရှိနိုင်တယ်။ နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာလဲ လူချင်း သိကာစ၊ ချစ်ခင်ကာစ၊ သိပ်ရင်းနှီးလွန်းနေပြီ၊ မူးနေကြတာ၊ လင်နဲ့ မယားဖြစ်သွားပြီ စတာမျိုးတွေ ရှိတယ်။ တယောက်ကနေ ဇွတ်ဆက်ဆံချင်တာလဲ ရှိမယ်။ Foreplay ကို အများအားဖြင့် မသိမသာကနေ စကြတယ်။ ပေါင်းဖက်တာ ကြာနေသူတွေဆိုရင် မျက်လုံးကြည့်တာနဲ့ အကဲခတ်တတ်ကြပြီ။

မေးထားတာမှာပါတဲ့ ကိုယ်ခန္ခာချင်း ထိစပ်မှုကိုသာ ရေးပါမယ်။ အရေပြားချင်း၊ ပါးစပ်-နှုတ်ခမ်းချင်း၊ ဒုတိယတန်းစား လိင်အင်္ဂါတွေခေါ်တဲ့ ရင်သား၊ တင်ပါး ဆီးစပ်နေရာ၊ ကိုယ်မွှေးချင်း၊ ထိကိုင်မှု၊ ပွတ်သပ်မှုတွေ အပြန်အလှန် လုပ်နိုင်တယ်။ ကျား-အင်္ဂါ၊ မ-အင်္ဂါချင်း ဆက်ဆံကြတော့မယ်။ ဘယ်ဟာ အရင်လဲ တသမတ်ထဲ မရှိဘူး။ နောက်ရောက် ပြီးလဲ ရှေ့ပြန်လာသေးတယ်။ တပြိုက်နက် လုပ်နိုင်တာကိုလဲ လုပ်တယ်။ တယောက်ထဲကဖြစ်ဖြစ်၊ တလှည့်စီဖြစ်ဖြစ်၊ ပြိုင်တူဖြစ်ဖြစ် လုပ်နိုင်တယ်။ Fantasies အဆန်းအပြား တွေလဲ ရှိတယ်။ Bondage အနှိပ်စက်ခံချင်-ပြုချင်တာမျိုးလဲ ရှိသေးတာဘဲ။ အစပျိုးနေတုံးမှာရော နောက်ပိုင်းမှာပါ လုပ်နိုင်ကြတယ်။

အသုံးပြုလေ့ရှိကြတဲ့ နေရာ၊ နည်းနာတွေနဲ့ဆိုင်တဲ့ ကျန်းမာရေး အကျိုး-အပြစ်တွေ ရေးထားပါတယ်။

- French kiss အနမ်း နဲ့ ကျန်းမာရေး
- Oral practice ဆက်ဆံရာတွင် ပါးစပ်ကို အသုံးပြုခြင်း
- Anal practice ဆက်ဆံရာမှာ စအိုကို အသုံးပြုခြင်း
- Anal Practice Q and A စအိုကိုအသုံးပြုခြင်း အမေး-အဖြေများ
- Sexually Transmitted Diseases (STDs) လိင်မှတဆင့် ကူးစက်သော ရောဂါများ

၂။ (က) သာမန် ယောက်ျား တစ်ယောက်သည် သူ၏ မိန်းမနဲ့ တပတ်ကို အနည်းဆုံး ဘယ်နှစ်ကြိပ် ဆက်ဆံနိုင်ပါသလဲ။ ပျမ်းမျှ အားဖြင့် သိလိုပါတယ်။ အသက်အရွယ်နဲ့ရော ဆိုင်နေပါသလား။
တခါက မိန်းကလေးတယောက် အလုပ်လျှောက်တယ်။ ပုံစံမှာ ဖြည့်ရတာပေါ့။ Name နာမည်၊ Age အသက် ပြီးတော့ Sex လာတယ်။ မိန်းကလေး ပြန်တွေးပြီးမှ ရေးချလိုက်တာက Twice a week တပါတ် ၂ ကြိမ်။

လိင်ဆက်ဆံတဲ့ အကြိမ်အရေအတွက်ကို ဆရာဝန်အနေနဲ့ ပြောဘို့ အကိုးအကားရှာရင် (အွန်လိုင်း) မှာ တယောက် တမျိုး ကိုယ့်အတွေ့၊ ကိုယ့်အတွေးတွေသာ ရေးကြတာများတယ်။ တကဲ့သုတေသန နည်းတယ်။ သူများဆီက သုတတွေသာ ရေးနိုင်ပါတယ်။ “ရွှေ” တွေမှာလဲ ထူးခြားမယ် ထင်ရပါတယ်။ နောင်မှာ Online မေးခွန်းတွေကို လေ့လာမှုပြုပြီး စစ်တမ်း တခု ထွက်လာနိုင်မလား မသိဘူး။

Durex (ဂျူးရက်စ်) လေ့လာဆန်းစစ်မှုရဲ့ ၂ဝဝ၁ Sexual Satisfaction လိင်မှုရေးရာ ကျေနပ်မှု စာရင်းဇယားတခုမှာ ဒီလိုပါရှိပါတယ်။

• တနှစ်မှာ အမေရိကန်တွေက (၁၃၂) ကြိမ်၊ ရုရှား (၁၂၂) ကြိမ်၊ ပြင်သစ်တွေက (၁၂၁) ကြိမ်၊ ဂရိစ်တွေက (၁၁၅) ကြိမ် လိင်ဆက်ဆံကြတယ်။

• အနည်းဆုံးနိုင်ငံတွေက တရုတ် (၆၉) ကြိမ်၊ မလေးရှား (၆၂) ကြိမ်၊ ဂျပန် (၃၇) ကြိမ် လိင်ဆက်ဆံကြတယ်။

• Living together လက်မထပ်ဘဲ အတူနေ အတွဲတွေက တနှစ်မှာ ၁၄၆ ကြိမ် လိင်ဆက်ဆံကြတယ်။
• Marriage လက်ထပ်တဲ့ အတွဲတွေက (၉၈) ကြိမ် လိင်ဆက်ဆံကြတယ်။
• Singles တကိုယ်တော်သမားတွေက (၄၉) ကြိမ် လိင်ဆက်ဆံကြတယ်။
• နေ့တိုင်း လိင်ဆက်ဆံသူ ၄% ရှိတယ်။
• ၅၇% က ၇ ရက်တပါတ် ၁ ကြိမ် လိင်ဆက်ဆံကြတယ်။
• အပြင်ထွက် အတူလည်သူ အတွဲတွေဟာ လိင်အတွက် မဟုတ်တာများတယ်။
• ၂၂% က Peers အဖေါ်တယောက်ယောက်နဲ့ လိင်ဆက်ဆံကြတယ်။
• ၁၉% က Partner အတူနေဖေါ်နဲ့ လိင်ဆက်ဆံကြတယ်။
• ၁ဝ% က လိင်ကိစ္စ မပါကြဘူး။
Durex Survey ၂ဝဝ၃ လေ့လာမှုအရ -
• လေ့လာသူတွေမှာ ပျမ်းမျှ ၁ နှစ်မှာ ၁၂၇ ကြိမ် လိင်ဆက်ဆံမှုပြုကြတယ်။
• လူမျိုးအရ ပြောရရင် အမေရိကန်တွေဟာ တနှစ်မှာ ၁၁၈ ကြိမ် ဆက်ဆံကြတယ်။ ဆွီဒင် (၁ဝ၂) ကြိမ်၊ မလေးရှား (၁ဝဝ) ကြိမ်၊ စင်္ကာပူ (၉၆) ကြိမ်သာ ဆက်ဆံကြတယ်။
• လေ့လာသူတွေထဲက ၃ ပုံ ၁ ပုံက လိင်ကိစ္စ ကျေနပ်မှု ရကြတယ်။
• အရှေ့ဥရောပနိုင်ငံက အတွဲတွေက ပိုပြီး တက်ကြွမှု ရှိကြတယ်။ တနှစ်မှာ အကြိမ် ၁၅ဝ ဆက်ဆံတယ်။
• ၄၅% ဟာ One night stand အဖေါ်တယောက်ကို တညတာ ပျော်ပါးသူတွေ ဖြစ်ကြတယ်။
• ထိုင်း၊ တရုတ် နဲ့ ဗီယက်နမ် နိုင်ငံက အတွဲတွေဟာ ရောင့်ရဲမှု ရှိသူတွေဖြစ်တယ်။
• ဖင်လန် နဲ့ ရုရှားတွေက မပျော်ရဆုံးလူတွေ ဖြစ်တယ်။
• ၄၈% အမျိုးသမီးတွေက Fake orgasm (အောဂဇင်) အတုလုပ်တယ်။
• နာမည်ကြီး ယောက်ျားတွေထဲက David Beckham, George Clooney and Ben Affleck တို့နဲ့ မင်းသမီးထဲက Jennifer Lopez, Catherine Zeta Jones, Halle Berry and Britney Spears တို့ကို Sexy (ဆက်ဆီ) အဖြစ်ဆုံးတွေလို့ ရွေးတယ်။
Durex Survey ၂ဝ၁ဝ လေ့လာမှုအရ -
• ၄၄% အတွဲတွေက လိင်ပိုင်းဆိုင်ရာ ကျေနပ်မှုရကြတယ်။
• ၄၈% က Orgasm (အော်ဂဇင်) ရလေ့ရှိကြတယ်။
• ယောက်ျားတွေက ၆၄% နဲ့ မိန်းမတွေထက် နှစ်ဆ Orgasms (အော်ဂဇင်) ရကြတယ်။
• အသက် ၆၅ နှစ် ကျော်ပေမဲ့လဲ တပါတ် အနည်းဆုံး ၁ ကြိမ် လိင်ဆက်ဆံကြတယ်။
• Mutual respect အပြန်အလှန် လေးစာမှု ရှိကြတာဟာ လိင်ကိစ္စ ကျေနပ်မှုရစေဘို့ရာ အလွန်အရေး ပါတယ်။
• ကျေနပ်တယ်လို့ ဆိုသူတွေထဲက ၈၂% က အဲလို လေးစားသမှုရှိတာကို ထုတ်ပြောတယ်။
• ၃၉% ဟာ Love and romance ချစ်မေတ္ကာနဲ့ စိတ်ကူးယဉ်မှုရတာမျိုး ပိုတောင့်တကြတယ်။
• ၃၆% ဟာ Quality time အရည်အသွေးပါတဲ့ ကျနပ်မှုကို လိုလားတယ်။
• ၃၁% ဟာ Fun အပျော်သဘော နဲ့ ဆက်ဆံရေးကောင်းတာကို ပိုလိုလားပြီး၊
• ၂၉% ဟာ Sex drive လိင်စိတ်တွန်းအား ပိုလိုချင်ကြတယ်။
• ၃၇% ဟာ စိတ်ဖိစီးမှု သက်သာသွားတယ်၊ အားကုန်သွားတယ်လို့ ခံစားရတယ်။

အမေရိကန် (အင်ဒီယားနာ) မှာ ရှိတဲ့ National Survey of Sexual Health and Behavior (NSSHB) နဲ့ Center for Sexual Health Promotion at Indiana University’s School of Health, Physical Education and Recreation တို့ ပူးတွဲပြီး ကျယ်ပြန့်တဲ့ လေ့လာမှုတခုကို အသက် ၁၄ နှစ်ကနေ ၉၄ အထိရှိတဲ့ ၅၈၆၅ ယောက်ကို ဆယ်စုနှစ် နှစ်ခုတွက် လုပ်ခဲ့တယ်။

• (ဗဂျိုင်းနာ) ကို လိင်ဆက်မှုပြုတာတွေထဲက ၄ ပုံ ၁ ပုံ ကသာ (ကွန်ဒွမ်) သုံးတယ်။ တကိုယ်တော်သမား ထဲက ၃ ပုံ ၁ ပုံ (ကွန်ဒွမ်) သုံးတယ်။
• (ကွန်ဒွမ်) သုံးစွဲမှု တက်လာပေမဲ့ အများကြီးလိုသေးတယ်။ အဖြူမဟုတ်သူတွေက ပိုသုံးလာကြတယ်။
• လူအတော်များများ သူများတွေရဲ့ လိင်မှုအရေးကို စိတ်ဝင်စားကြတာလဲ တွေ့ရတယ်။
• ချိန်းတွေ့ပြီး အတူနေသူတွေဟာ ဆက်ဆံတာကို တမျိုးမက လုပ်ဆောင်ကြတယ်။ (ဗဂျိုင်းနား) ကို အများဆုံး အသုံးပြုတာ ဖြစ်ပေမဲ့ အဖေါ်နဲ့ (မာစတာဘေးရှင်း) လုပ်တာ၊ (အိုရယ်) ပါးစပ်အသုံးပြုတာ တွေကိုပါ တွဲကြတယ်။
• အသက်ငယ်ရွယ်သူတွေ ပိုလုပ်လာနေတာ တွေ့လာရတယ်။
• ယောက်ျားတွေက သူတို့အဖေါ် မိန်းမတွေမှာ Orgasm (အော်ဂဇင်) ရပါတယ်လို့ ၈၅% က ပြောတယ်။
• မိန်းမတွေကနေပြောတာက ၆၄% မှာ Orgasm (အော်ဂဇင်) ရတယ်။
• ယောက်ျားတွေက (ဗဂျိုင်းနား) ကို အသုံးပြုတာကနေ အများဆုံး (အော်ဂဇင်) ရကြတယ်။
• မိန်းမတွေက (အိုရယ်လ်) နည်းပါတွဲတာက ပိုပြီး (အော်ဂဇင်) ရကြတယ်။
• မိန်းမ ၇% နဲ့ ယောက်ျား ၈% တို့ဟာ Gay, Lesbian or Bisexual လိင်တူ ဒါမှမဟုတ် လိင်နှစ်မျိုးလုံး သုံးသူတွေ ဖြစ်ကြတယ်။
• ၁၇ နှစ်အရွယ် ယောက်ျားလေး ၄ဝ% ဟာ လွန်ခဲ့တဲ့ တနှစ်အတွင်း လိင်ဆက်ဆံခဲ့ကြတယ်။
• ၁၇ နှစ်အရွယ် မိန်းကလေး ၂၇% ဟာ လွန်ခဲ့တဲ့ ရက် ၉ဝ အတွင်းမှာ လိင်ဆက်ဆံခဲ့ကြတယ်။

(ခ) တကယ်လို့ သာမန်ထက် နည်းပြီး ဆက်ဆံနိုင်တယ်ဆို ဘယ်လို ဆေးမျိုးကို သုံးစွဲသင့်ပါသလဲရှင်။ အားတိုးဆေး သောက်ခြင်းက များစေနိုင်ပါသလား။
ဖတ်စရာတွေ ရေးထားပါတယ်။

- Libido ဟိုစိတ်-ဒီစိတ်
- Sex helps elderly women age gracefully (ဆက်က်စ်) ဟာ အမျိုးသမီးတွေကို အရွယ်မငယ်ပေမဲ့လဲ ကြက်သရေ ရှိနေစေတယ်
- Flibanserin Boosts Sex Life of Low-Libido Women အမျိုးသမီးတွေ လိင်စိတ်ကဲစေတဲ့ဆေး
- Women need to chat to pep up libido စိတ်နည်းနေသည့် အမျိုးသမီးများ ဆရာဝန်နှင့် စကားပြောပါ။
- Female Libido အမျိုးသမီး “စိတ်” နည်းနေခြင်း
- Kegel exercises for Men ယောက်ျားများ စိတ်ဝင်စားကြသည်
- Aphrodisiac လိင်စိတ်အားပေး အစာနဲ့ ဆေးများ ဖြစ်ပါတယ်။
- Flibanserin Boosts Sex Life of Low-Libido Women အမျိုးသမီးတွေ လိင်စိတ်ကဲစေတဲ့ဆေး
ချုပ်လိုက်ရင် အကြိမ်ရေ အကန့်အသတ် မရှိပါ။ အသက်အကန့်အသတ် မရှိပါ။ လင်နဲ့မယား အရွယ်၊ အလေ့အထ တူသူတွေ ညားကြရင် အကောင်းဆုံး ဖြစ်တယ်။ အားနည်းနေသူကို အားကူပေးနိုင်တယ်။ နားလည်မှုရှိရင် အိမ်ထောင်ရေး ပြဿနာကို ရှောင်နိုင်မယ်။ ဖေါက်ပြန်တယ်ဆိုတာ အလိုဆန္ဒကဲလို့ ဖြစ်နိုင်သလို အကျင့် မကောင်းလို့လဲ ဖြစ်သေးတယ်။ မျိုးရိုးနဲ့ ဆိုင်တယ်လို့လဲ ပြောနိုင်တာတွေ ရှိတယ်။ ပတ်ဝန်းကျင် စေ့ဆော်မှုတွေကလဲ သက်ရောက်တယ်။ ဆေးနဲ့ ကုစားလို့ ရတာတွေ ရှိသလို လိင်ဆေး ပညာရှင်နဲ့ တိုင်ပင်ရမှာလဲရှိမယ်။

By ဒေါက်တာတင့်ဆွေ

အသားမည်းမည်း လူမျိုးခြားဟု ထင်ရသူနှစ်ဦးက အမျိုးသမီး တစ်ဦး၏မျက်နှာကို ဓားဖြင့်လှီးရာ ၁၆ ချက်ချုပ်ရ

Posted by drmyochit Tuesday, August 27, 2013, under | No comments

ရန်ကုန် ၊ ၂၇-၈-၂၀၁၃

ရန်ကုန်တိုင်း ဒေသကြီး ၊ တောင်ဥက္ကလာပ မြို့နယ် ၊ (၁ဝ)ရပ်ကွက် ၊ အာဿက(၂၂)လမ်း နှင့် (၂၅)လမ်းအနီးတွင် ယနေ့မွန်းလွဲ (၂)နာရီခွဲခန့်က ဆိုက်ကား စီးလာသူ အမျိုးသမီး တစ်ဦးအား အမည်မသိ အသားမည်းမည်း လူမျိုးခြားဟု ထင်ရသူ နှစ်ဦးမှ မျက်နှာပြင် အား ဓားဖြင့်လှီးရာ (၁၆)ချက် ချုပ်လိုက် ရကြောင်း သိရသည်။

ယင်းနှင့် ပတ်သက်၍ သင်္ဃန်းကျွန်း စံပြဆေးရုံ အရေးပေါ် ဌာနတွင် ပြင်ပလူနာအဖြစ် ဆေးကုသမှု ခံယူနေသော ဓားဖြင့် လှီးခံရသူ တောင်ဥက္ကလာပ မြို့နယ်၊ (၁ဝ)ရပ်ကွက် နေ သူ ဒေါ်ချိုချိုဝင်း ၊ အသက်(၄၆) နှစ်က ''ကျွန်မက ကလေး ကျောင်းကြိုဖို့ အာဿက(၂၂) လမ်းအအတိုင်း ဆိုက်ကားစီး လာခဲ့ရာ (၂၅)လမ်းဖြတ် အရောက်မှာ အသင့်ရပ်စောင့် နေတဲ့ အသားမည်းမည်း လူမျိုးခြားလို့ ထင်ရသူ အမည်မသိ အမျိုးသား (၂)ယောက်ကို အမှတ်မထင် တွေ့လိုက် ရပြီး အိက်ႌအျဖဴ ဝတ္ထားတဲ့ လူက ဆုိက္ကားကုိ တားၿပီး က်န္အိက်ႌ အျပာ ဝတ္ထားသူက အသင့် ယူဆောင်လာတဲ့ ခေါက်ဓားလို့ ထင်ရတဲ့ ချွန်ထက်သော အရာနှင့် ကျွန်မ ဝဲဘက်ပါးကို ဆွဲခြစ် လိုက်ပါတယ် ၊ ကျွန်မလည်း ပူကနဲ ဖြစ်သွားပြီး လက်နဲ့ပါးကို ကိုင်လိုက်မှ သွေးတွေ ရွှဲနေတာကို တွေ့ရပါတယ် ၊ အဲဒီအချိန်မှာ ကျွန်မနဲ့အတူလာတဲ့ အသက်(၆ဝ) အရွယ် ဆိုက်ကားသမား အဘိုးကြီးမှာ ကြောင်အမ်းအမ်း ဖြစ်နေပြီး ကျွန်မလည်း ဓားနဲ့လှီးတယ် . ဓားနဲ့လှီးတယ် ... ဟုအော်လိုက်ရာ အဲဒီ လူနှစ်ယောက် အတူတူ ထွက်ပြေးသွား ပါတော့တယ် ... '' ဟု ပြောကြားသည်။

ယင်းဖြစ်ပွားမှု နှင့်ပတ်သက်ပြီး တောင်ဥက္ကလာပ (၁ဝ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က '' ကျွန်တော်တို့ လည်း ယခုအချိန် ထိတော့ အတိအကျ မသိရသေးပါဘူး ၊ အသားမည်းမည်း လူမျိုးခြားလို့ ယူဆရသူ အမျိုးသား နှစ်ဦးက ဓားနဲ့ မျက်နှာလှီးပြီး ထွက်ပြေး သွားတယ်လို့ပဲ သိရသေးတယ် ၊ ဖြစ်စဉ်အမှန်ကို စုံစမ်းဆဲပါ ... ''ဟု ပြောကြားသည်။

ယင်းနှင့် ပတ်သက်၍ ဓားဖြင့်လှီးခံရသူ မချိုချိုဝင်းမှာ သင်္ဃန်းကျွန်း စံပြဆေးရုံ အရေးပေါ် ဌာနတွင် ပြင်ပလူနာ အဖြစ် ဆေးကုသမှု ခံယူခဲ့ရာ ဝဲဘက်ပါးပြင်တွင် (၁၆)ချက်ချုပ်လိုက် ရကြောင်း သိရသည်။ ထိုဖြစ်ပွားမှုကို တောင်ဥက္ကလာပ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များနှင့် သက်ဆိုင်ရာ ဒေသအာဏာပိုင် များက ထွက်ပြေး တိမ်းရှောင် နေသူ အမျိုးသား နှစ်ဦးအား စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။


From: ပြည်ချစ်သား

ငါးပိတွင် ယူရီးယားဓာတ်မြေသြဇာ ရောရောင်းသူ များကို အရေး ယူမည်

Posted by drmyochit Tuesday, August 27, 2013, under | No comments

ရန်ကုန် ၊ သြဂုတ် ၂၆ ။         ။ ဈေးကွက် အတွင်း ရောင်းချ နေသော ငါးပိ များတွင် ယူရီးယား ဓာတ်မြေဩဇာများ အသုံးပြုကာ မမှန်မကန် ပြုလုပ်၍ ရောင်းချသော လုပ်ငန်းရှင် များအား အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။ ဩဂုတ်၂၆ ရက်က မြန်မာ နိုင်ငံ စားသုံးသူ ကာကွယ်ရေးရုံး ခန်း၌ပြုလုပ်သော ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက် လုပ်ငန်းရှင်များ အသင်းဖြစ်မြောက်ရေး ကော်မတီနှင့် မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းတို့ ပူးပေါင်း၍ ဆောင်ရွက်မှု များပြု လုပ်သွားမည် ဖြစ်ကြောင်း မြန်မာ နိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းဥက္ကဌ ဦးဗအုပ်ခိုင်က ပြောသည်။ ယင်းက ''ရန်ကုန် ဈေးကွက် ထဲက ငါးပျိတွနဲ့ ဧရာဝတီတိုင်း ဒေသကြီးက ငါးပိတွေကို တစ်ပတ် အတွင်း စစ်ဆေး မှုများပြုလုပ် သွားမှာပါ'' ဟုပြောသည်။

ငါးပိရည် များကို အဓိက ထုတ်လုပ်သော နေရာမှာ လေးဒေါင့်ကန်၊ ပဲခူးနှင့် ကျိုက်ထိုတို့ ဖြစ်သော်လည်း ဧရာဝတီတိုင်းမှ ငါးပိများမှာ ဓာတ်မြေဩဇာအ ရောအနှောများ ပါဝင်ကြောင်း သတင်း ရရှိမှု များကြောင့် ဧရာဝတီတိုင်းရှိ ငါးပိများ ကိုလည်း စစ် ဆေးမှုများ ပြုလုပ် သွားပြီး အမျိုးသား အစား အသောက် ဥပဒေဖြင့် လည်းအရေးယူ မှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။ ယင်းသို့ ပြုလုပ်သူ များကို အရည် အသွေးကောင်းအောင် နှင့် ဓာတ်မြေဩဇာများ မထည့်အောင် ပညာပေး အနေဖြင့် ပထ မဆုံးပြုလုပ် သွားမည် ဖြစ်ပြီး ပညာပေး ကာလ ပြီးဆုံး သွားပါက  FDA  နဲ့ ပူးပေါင်းပြီး အရေးယူမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်လုပ် ငန်းရှင်များ အသင်း ဖြစ်မြောက် ရေး ကော်မတီဖွဲ့မှ ဥက္ကဌဦးစိုးဝင်း နိုင်က ပြောသည်။

ယင်းက ''ရန်ကုန်မှာ ရှိတဲ့ ငါး ပိတွေကိုတော့ အချိန်မ ရွေး စစ် ဆေးလို့ရပါတယ်။ တကယ်လို့ ယူရီးယား ပါတယ်ဆိုရင် အရေးယူ မှုများ ပြုလုပ်နိုင်ပါတယ်''ဟု ပြော သည်။ ယင်းသို့ ငါးပိရည်ချို အတွင်း ယူရီးယား ဓာတ်မြေဩဇာများ ထည့်၍ သိပ်ခြင်းကြောင့်လည်း ငါးပိမှာ ပိုမို ရောင်းချ ရခြင်း ရှိမည် မဟုတ်ကြောင်းနှင့် ငါးပိမှာ အကောင် ပြပြီး ရောင်းရ သောကြောင့် ယင်းသို့ ဓာတ်မြေဩဇာများ ထည့်ခြင်းဖြင့် အကောင်ျပျာက်ပြီး ဈေးကွက် အတွင်း ဝင်ရောက် နိုင်မည် မဟုတ်သော ကြောင့်ထည့်ကြမည် မဟုတ်ကြောင်း ယင်းက ဆက် လက်ပြောသည်။ ယင်းကဲ့သို့ စစ်ဆေး မှုများ ပြုလုပ်ရာတွင် ပြည်သူ လူထုများ ရွေးချယ်၍ စားသောက် နိုင်ရန် နှင့် ဝယ်ယူ စားသုံးသူ များအား အကာ အကွယ် ပေးနိုင်ရန်  ရည်ရွယ်ချက် များနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ် သွားမည်ဖြစ် ကြောင်း သိရသည်။

ယင်းကဲ့သို့ ငါးပိ အတွင်း ဓာတ်မြေဩဇာများ ထည့်သွင်းသည် ဆိုသော သတင်းများကြောင့် ငါးပိရည်ချို ရောင်းချမှု များမှာ ငါးပုံ လေးပုံ လျော့ကျခြင်းများကြောင့် မှန်မှန် ကန်ကန် လုပ်သော လုပ်ငန်းရှင် များမှာ နစ်နာ ရပြီး ယင်းကဲ့သို့ အဖွဲ့ အစည်းများ ပြုလုပ်ပြီး ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရကြောင်း ရွှေမင်းသား ငါးပိ၊ ငါးခြောက်လုပ်ငန်းရှင် ဦးမောင်မောင် သိန်းက ပြောသည်။ ယင်းက ''ဓာတ်မြေဩဇာ ထည့်ပြီးရောင်းတဲ့ လူက နှစ်ရာ ခိုင်နှုန်းတောင် ရှိပါ့မလား မသိပါဘူး။  ဒါပေမဲ့ လုံးဝ မလုပ် ဘူးလို့တော့ ပြောလို့ မရပါဘူး''ဟု ပြော သည်။ မြန်မာ့ အစား အစာဖြစ်သည့် ရေချို ငါးပိများအား ပျောက်ပျက် သွားမည် စိုးသောကြောင့် လည်း ယင်းကဲ့သို့ စစ်ဆေး မှုများ ပြုလုပ် သင့်ကြောင်း ယင်းက ဆက်လက်ပြောသည်။ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် လုပ်ကိုင်သော ၉၉ ရာခိုင်နှုန်း မှာ လေးဒေါင့်ကန်၊ ပဲခူး၊ ကျိုက်ထို တို့တွင် ဖြစ်ပြီး ဧရာဝတီမှာ တစ်ရာခိုင်နှုန်းလောက်သာ ရှိကြောင်း ငါးပိ၊ ငါးခြောက်၊ ငံပြာရည် လုပ်ငန်းရှင်များ ထံမှ သိရ သည်။


မို့မို့သန္တာ
Yangon Media Group
ဓာတ်ပုံ - ရဲနောင်(ဖယ်ခုံ) / ရန်ကုန်တိုင်းမ်

လိမ်လည်လှည့်ဖြားသောခင်ပွန်းအား ဂျပန်အမျိုးသမီးကြီးက ကော်ဖီခွက်ဖြင့် ရိုက်သတ်

Posted by drmyochit Tuesday, August 27, 2013, under | No comments

သူ့အပေါ် လိမ်လည်လှည့် ဖြားမှုများကို တွေ့ရှိခဲ့ပြီးနောက် ဂျပန်အမျိုးသမီးကြီးက အသက် ၇၀ ကျော်ခင်ပွန်းသည်အား ကော် ဖီခွက်ဖြင့် ထုရိုက်၍ သေအောင် သတ်ဖြတ်ခဲ့ကြောင်း တနင်္လာနေ့ က သိရှိရသည်။

အသက် ၆၁ နှစ်ရှိ အမျိုး သမီးက သူ၏ခင်ပွန်း၏ အရှုပ် အရှင်းကိစ္စများကို သိရှိရပြီးနောက် မျက်နှာနှင့် ဦးခေါင်းအား ကော် ဖီခွက်ဖြင့် ထပ်ခါတလဲလဲ ကြိမ်ဖန် များစွာ ထုနှက်ခဲ့ကြောင်း၊ တနင်္ဂ နွေနေ့မွန်းလွဲပိုင်း တိုကျိုမြို့အ နောက်တောင်ပိုင်း ၎င်းတို့၏နေအိမ်၌ ဖြစ်ကြောင်း အဆာဟိရှင်ဘွန်း သတင်းစာနှင့် တခြားမီဒီယာများ က ဖော်ပြခဲ့သည်။

အသက် ၇ဝရှိပြီဖြစ်သော ယာဆူအိုဟီရိုဆီမှာ ယိုကိုဟား မားအမျိုးသားတက္ကသိုလ်မှ ဂုဏ် ထူးဆောင်ပါမောက္ခဖြစ်ကြောင်း၊ ၎င်းအား ဆေးရုံသို့ တင်ပို့ခဲ့သော် လည်း နောက်ပိုင်း၌ သေဆုံးသွား ခဲ့ကြောင်း သိရသည်။

''သူက အမျိုးသမီးတစ်ဦး နဲ့ရှုပ်နေလို့ ကျွန်မ မနှစ်သက်ခဲ့ ပါဘူး''ဟု အီမီကိုဟီရိုဆီက ရဲ ကို ပြောပြခဲ့သည်။

''ကျွန်မ ရူးသွပ်သွားပါပြီ။ ကော်ဖီခွက်နဲ့ သူ့ကို အကြိမ် ၁၀၀ ကျော် ရိုက်နှက်မိခဲ့ပါတယ်''ဟု သူမက ပြောပြခဲ့သည်။

အမျိုးသမီးအား လူသတ် ရန် ကြိုးစားမှု သံသယဖြင့် ရဲက ဖမ်းဆီးခဲ့ကြောင်း သတင်းစာက ဖော်ပြခဲ့သည်။

Ref-AFP
Yangon Media Group

ဟိုင်းကြီးကျွန်းနားမှာ ဘင်္ဂါလီ ၃၂၇ ဦး ဖမ်းမိ

Posted by drmyochit Tuesday, August 27, 2013, under | No comments

ဧရာဝတီတိုင်းဒေသကြီး၊ ​ပုသိမ်ခရိုင် ​ဟိုင်းကြီးကျွန်းအနီးမြို့နယ်ခွဲအတွင်း ​လိပ်ကျွန်းနဲ့ ​ငရုတ်ကောင်းမြို့နယ်ခွဲအနီး ​ပင်လယ်ပြင်အတွင်း ​နိုင်ငံဖြတ်ကျော် ​၀င်ရောက်လာတဲ့ ​ဘင်္ဂါလီလူမျိုး ​(၃၂၇)ဦးကို ​အာဏာပိုင်တွေက ​တွေ့ရှိပြီး ​ဖမ်းဆီးစစ်ဆေး ​နေတယ်လို့ ​သိရပါတယ်။


ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း တနင်္သာရီတိုင်း မြိတ်မြို့မှာ ရိုဟင်ဂျာတချို့ သောင်တင်ခဲ့ပါတယ်။ (Credit: ABC) 

ပုသိမ်ခရိုင်၊ ​ငရုတ်ကောင်းမြို့နယ်ခွဲ၊ ​နံသာပုကျေးရွာအုပ်စုအနီးရှိ ​ကုလားမချိုင် ​ပင်လယ်ရေပြင်ကို ​ကူးဖြတ်ပြီး ​ကမ်းစပ်ကို ​ရောက်ရှိလာတဲ့ ​ဘင်္ဂါလီလူမျိုး(၅၃)ဦးနဲ့  ​ဟိုင်းကြီးကျွန်းအနီး ​လိပ်ကျွန်းမှာ ​ဘင်္ဂါလီလူမျိုး ​(၂၇၄)ဦး ​တို့ကို ​ဒေသခံတွေရဲ့ ​သတင်းပေးပို့ချက်အရ ​ဖမ်းဆီးခဲ့တာ ​ဖြစ်ပါတယ်။

ပုသိမ်မြို့နယ် ​ရဲစခန်းက ​ရဲအရာရှိတစ်ဦး ​ပြောပြချက်အရ ​ဒီလူတွေဟာ ​မလေးရှားနဲ့ ​ထိုင်းကို ​ဦးတည်ပြီး ​စက်လှေနဲ့ ​ထွက်ခွာလာရင်း ​စက်လှေဝမ်းကွဲသွားပြီး ​မြန်မာနိုင်ငံထဲ ​ရောက်လာတာဖြစ်သလို ​တချို့ကလဲ ​မလေးရှား ​နိုင်ငံအသွား ​သင်္ဘောပေါ်က ​ကန်ချခံခဲ့ ​ရတာလို့ ​ဆိုပါတယ်။

ကျွန်းပေါ်ကို ​လူတွေ ​အများကြီးရောက်ရှိ ​လာတာကို ​ဒေသခံတွေက ​တိုင်ကြားခဲ့တာဖြစ်ပြီး၊ ​အာဏာပိုင်တွေက ​စက်လှေ ​ပြန်ပြင်ပြီ ​ပြန်လွှတ်မယ်လို့ ​ဒေသခံတစ်ဦးက ​ပြောပြပါတယ်။

ဘင်္ဂလားဒေ့နိုင်ငံကနေ ​အာဆီယံ ​ဒေသတွင်းနိုင်ငံတွေမှာ ​အလုပ်လုပ်လိုသူတွေ ​တင်ဆောင်လာသော ​စက်လှေနဲ့ ​သင်္ဘောတွေ ​ဟိုင်းကြီးကျွန်းဒေသမှာ ​ဖြတ်သန်း ​လေ့ရှိတဲ့အတွက် ​မကြာခဏဆိုသလို ​ဘင်္ဂါလီလူမျိုးတွေ ​ရောက်လာတာတွေ ​ရှိတယ်လို့ဆိုပါတယ်။

သြဂုတ်လလယ်ခန့်က ​ငရုတ်ကောင်းမြို့နယ်ခွဲကို ​ရောက်လာတဲ့ ​ဘင်္ဂါလီလူမျိုး(၅၃)ဦးမှာ ​ဘင်္ဂလားဒေ့ရှ် ​နိုင်ငံ ​စစ်တကောင်းဒေသက ​(၃၆)ဦးနဲ့ ​မောင်တောမြို့နယ်၊ ​ရွက်ညိုတောင်က ​(၁၇)ဦး ​ဖြစ်တယ်လို့ ​သိရပါတယ်။

လူပေါင်း ​၄၀၀ ​တင်ဆောင်တဲ့လှေတစီးကနေ  ​သူတို့ကိုချခဲ့ပြီး ​ဆက်လက် ​ထွက်ခွါသွါးတယ်ဆိုတဲ့ ​အကြောင်း ​မြစ်မခ ​သတင်းဌါနရဲ့ ​သတင်းပေး ​ပို့ချက်အရ ​သိရပါတယ်။

ABC Radio Australia

ဆီးရီးယားက ဓာတုလက်နက်သုံးတယ်ဆိုပြီး စစ်ရေးအရ ဝင်ရောက်ဖြေရှင်းလိုကြ

Posted by drmyochit Tuesday, August 27, 2013, under | No comments

ဆီးရီးယား ​နိုင်ငံ ​အရေးအခင်းမှာ ​ဓါတုလက်နက် ​သုံးစွဲတဲ့သာဓက ​တွေ့ရှိတယ်ဆိုပြီး ​အနောက်တိုင်း ​နိုင်ငံတွေက ​စစ်ရေးအရ ​ဝင်ရောက် ​ဖြေရှင်းဖို့ ​တကဲကဲ ​ဖြစ်နေပါတယ်။

ဓာတုလက်နက်ကြောင့် ဒဏ်ရာရခဲ့သူတွေကို ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့ သွားရောက်ကြည့် ရှုမေးမြန်း ခဲ့စဉ် (Credit: Reuters) 

အမေရိကန် ​နိုင်ငံက  ​ဆီးရီးယား ​နိုင်ငံတွင်းက ​ပစ်မှတ်တချို့ကို ​ဒုံးကျဉ်တွေနဲ့ ​ပစ်ခတ်ဖို့ ​ရှိတယ်ဆိုတဲ့ ​သတင်းတွေလဲ ​ထွက်ပေါ်နေပါတယ်။

အမေရိကန် ​သမ္မတ ​ဘားရက်အိုဘားမား ​က ​ကမ္ဘာပေါ်က ​လူသားတွေအပေါ် ​အသုံးချတဲ့ ​အဆိုးဝါးဆုံး ​လက်နက်ကို ​အသုံးချသူတွေဟာ ​ဒီထက်ကို ​ကြီးလေးတဲ့ ​အပြစ်ကျူးလွန်မှု ​မရှိတော့ဘူးလို့ ​ဆိုပါတယ်။

အမေရိကန် ​နိုင်ငံခြားရေးဝန်ကြီး  ​John ​Kerry ​က ​လူပေါင်း ​၃၅၅ ​ယောက်မှာ ​ဓါတုလက်နက်ရဲ့ ​ထိခိုက်မှုတွေကြောင့် ​အာရုံကြော ​ပြဿနာတွေနဲ့ ​နယ်စီးမခြားဆရာဝန်တွေက ​တွေ့ ​ရှိခဲ့ ​တယ်လို့ ​ဆိုပါတယ်။

ကုလသမဂ္ဂ ​အထွေထွေ ​အတွင်း ​အရေးမှူး ​Ban ​Ki-moon ​ကတော့  ​ဘေးအန္တရယ် ​ထူပြောလှတဲ့ ​အခြေအနေတွေကို ​ရင်ဆိုင်ပြီး ​ ကုလသမဂ္ဂက ​စုံစမ်းစစ်ဆေး ​မေးမြန်းမှုတွေကို ​ဆက်လက်ဆောင် ​ရွက်နေတယ်လို့ ​ဆိုပါတယ်။

ဓါတု ​စစ်လက်နက် ​သုံးစွဲမှုတွေကြောင့် ​လူပေါင်း ​တသိန်း ​အသက်ဆုံးရှုံး ​ခဲ့ရပြီလို့ ​စွပ်စွဲပြောဆို ​ထားပါတယ်။

ဒီစွပ်စွဲချက်ကို  ​Syria ​အစိုးရ ​ခေါင်းဆောင် ​Assad ​က ​ယူတ္တိ ​မရှိတဲ့ ​စွပ်စွဲချက်တွေလို့  ​ငြင်းဆိုထားပါတယ်။  

အီတလီ ​နိုင်ငံက ​နိုင်ငံတကာ ​ပေါင်းစည်းပါဝင်တဲ့ ​တုန့်ပြန်ချက် ​ဆုံးဖြတ်ဆောင်ရွက်ဖို့လိုတယ်လို့ ​ပြောလိုက်ပါတယ်။

အနောက်တိုင်း ​နိုင်ငံတွေကလဲ ​မိမိ ​ရဲ့ပြည်သူတွေ ​အပေါ် ​ဓါတုလက်နက် ​အသုံးချတယ်ဆိုတဲ့ ​အစီရင်ခံစာတွေ ​ထွက်ပေါ်လာ ​ပြီးနောက် ​စစ်ရေးအရ ​တုန့်ပြန်ဖို့ ​ပြော ​ဆိုလာ ​နေကြ ​ပြီး၊ ​အမေရိကန်၊ ​ဗြိတိန် ​နဲ့ ​ပြင်သစ် ​နိုင်ငံတို့ကတော့ ​စစ်ရေးနဲ့ ​တုန့် ​ပြန်ဖို့ ​ပြောဆိုနေကြပြီး ​ဖြစ်ပါတယ်။

ကုလသမဂ္ဂ ​လုံခြုံရေးကောင်စီ ​အဖွဲ့ဝင်ဖြစ်တဲ့ ​Russia  ​နိုင်ငံကတော့ ​Syria ​နိုင်ငံက ​Assad ​ဦးဆောင်တဲ့ ​အစိုးရကို ​ဆက်လက်ထောက်ခံ ​နေပါတယ်။

ဗြိတိန်နဲ့ ​ပြင်သစ် ​နိုင်ငံတို့ ​က ​ကုလသမဂ ​လုံခြုံရေးကောင်စီရဲ့ ​သဘောတူညီချက် ​မပါဘဲနဲ့လဲ ​နိုင်ငံတကာ ​အဖွဲ့အစည်းတွေကနေ ​စစ်ရေးအ ​ရတုန့်ပြန်လို့ ​ရတယ်လို့ ​ဆိုပါတယ်။

Russia ​နိုင်ငံခြားရေးဝန်ကြီး ​Sergei ​Lavrov ​ကတော့ ​စစ်ရေးအရ ​ဝင်ရောက်တုန့် ​ပြန်ခဲ့ရင် ​နိုင်ငံတကာရဲ့ ​ဥပဒေကို ​ဖီဆန်ရာ ​ရောက်မယ်လို့ ​သတိပေးထားပါတယ်။

အဲဒါ ​အပြင် ​Syria ​အစိုးရအနေနဲ့ ​ဓါတုလက်နက် ​အသုံးချမှုဆိုတာ ​သက်သေအထောက်အထား ​မတွေ့ရှိရ ​သေးဘူးလို့လဲ ​ဆိုပါတယ်။

သြဂုတ် ​လ ​၂၁ ​ရက်နေ့တည်းက ​ဓါတု ​လက်နက် ​အသုံးချ ​မှု ​တွေ့ ​ရှိခဲ့တယ်ဆို ​ပြီး ​အနောက်တိုင်း ​နိုင်ငံတွေက ​စစ်ရေး ​အရ ​ဝင်ရောက်ဖို့ ​သွေးပူ ​တာဆူနေ ​ကြတယ်လို့ ​ရုရှား ​နိုင်ငံက ​ပြောပါတယ်။ 

တချိန် ​ထဲမှာဘဲ ​Syria ​နိုင်ငံအတွင်း ​အစိုးရနဲ့ ​သူပုန်တွေကြားက ​ဒေသမှာ ​ဓါတုလက်နက် ​သုံးမသုံး ​စုံစမ်းဖို့ ​သာဓက ​ကောက်ယူနေတဲ့ ​ကုလသမဂ္ဂ ​လုံ ​ခြုံရေးတပ်တွေရဲ့ ​ယာဉ်တန်းက ​ထိပ်ဆုံး ​ကားတစီး ​ပစ်ခတ်ခံခဲ့ရတဲ့အတွက် ​Syria ​အစိုးရနဲ့ ​သူပုန်တို့ ​တဖက်နဲ့ ​တဖက် ​လက်ညိုးထိုး ​စွပ်စွဲနေကြပါတယ်။

ABC Radio Australia

မြန်မာနိုင်ငံ၌ Facebook အသုံးပြုသူ ၁ သန်း ၄ သောင်း ရှိသည်ဟု သိရ

Posted by drmyochit Tuesday, August 27, 2013, under | No comments


သြဂုတ်လ ၂၂ ရက်နေ့ စစ်တမ်းအရ ဖေ့စ်ဘုတ်အသုံးပြုသည့် မြန်မာနိုင်ငံသားပေါင်း ၁ သန်း ၄ သောင်း ရှိသည်ဟု Clean Text (Facebook) စာမျက်နှာ၌ ဖော်ပြထားသည်။

၎င်း၏ လေ့လာတွေ့ရှိချက်အရ မြန်မာနိုင်ငံမှ အမျိုးသား ၆ သိန်း ၂ သောင်းနှင့် အမျိုးသမီး ၄ သိန်း ၂ သောင်းမှာ ဖေ့စ်ဘုတ် အသုံးပြုနေသည်ဟု သိရသည်။ အသက် ၂၁ နှစ်မှ အသက် ၃၀ အကြား ဖေ့စ်ဘုတ် အသုံးပြုသူမှာ ၂ သိန်း ၄ သောင်းရှိပြီး အသက် ၅၀ နှင့် အထက် အသုံးပြုသူမှာ ၁ သောင်း ၄ ရာ ရှိသည်ဟု သိရသည်။ Wikipedia ၏ ဖော်ပြချက်အရ ၂၀၁၃ ခုနှစ် မတ်လ၌ တစ်ကမ္ဘာလုံး၌ ဖေ့စ်ဘုတ် အသုံးပြုသူဦးရေသည် ၁.၁၅ ဘီလီယံရှိကြောင်း သိရပြီး အဆိုပါ အရေအတွက်အနက် မြန်မာနိုင်ငံမှ ဖေ့စ်ဘုတ် အသုံးပြုသူဦးရေသည် ၁ သန်းကျော် ပါဝင်နေခြင်းဖြစ်သည်။

Clean Text ၏ ဖော်ပြချက်အရ ဖေ့စ်ဘုတ်၌ လူကြိုက်များသည့် စာမျက်နှာများ၊ လူကြိုက်များသည့် မီဒီယာများကို လေ့လာနိုင်ကြောင်း သိရသည်။ “လွန်ခဲ့တဲ့ နှစ်လလောက်က တစ်ခါကြည့်တော့ အသုံးပြုသူ ၈ သိန်းကျော်လောက်ပဲ ရှိသေးတယ်ဆိုတော့ အခု အသုံးပြုသူဦးရေ တိုးတက်လာတယ်လို့ ပြောရမှာပဲ။ အသုံးပြုသူ အရေအတွက်ကို နိုင်ငံခြားက ဘဏ်အကောင့်တစ်ခုနဲ့ ချိတ်ဆက်ပြီး Advertising လုပ်နေတဲ့အတွက် တွက်ကြည့်လို့ ရခဲ့တာပါ” ဟု ကြော်ငြာလုပ်ငန်းရှင် တစ်ဦးကပြောသည်။

 ဖေ့စ်ဘုတ်အသုံးပြုသူဦးရေ တိုးတက်သည့်အတွက် ကဏ္ဍအားလုံးသည် သတိပြုရမည့် အဆင့်သို့ ရောက်ရှိလာကြောင်း၊ အကောင်းအဆိုး ပါဝင်နေသော်လည်း ပုံနှိပ်မီဒီယာ အပါအဝင် ကဏ္ဍအားလုံး၌ သိသာထင်ရှားသော နေရာတစ်ခုသို့ ဖေ့စ်ဘုတ်မှ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း အထက်ပါ လုပ်ငန်းရှင်က သုံးသပ်သည်။ မြန်မာနိုင်ငံ၌ အင်တာနက် အသုံးပြုဦးရေသည် ၆ သိန်းကျော်ရှိသည်ဟု ၂၀၁၂ ခုနှစ်အတွင်း ရတနာပုံ တယ်လီပို့မှ ခန့်မှန်းထားရှိခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေး၏ မျှော်မှန်းချက်အရ ရန်ကုန်မြို့တွင် ၂၀၁၅-၂၀၁၆ ခုနှစ်အရောက်၌ အင်တာနက် အသုံးပြုသူ အရေအတွက် ၂.၅ သန်းသို့ ရောက်ရှိလာလိမ့်မည်ဟု သိရကြောင်း ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

Internet Journal

အကြမ်းဖက် သမားများက နိုင်ငံခြား ခရီးသွားများအား ဦးတည်တိုက်ခိုက်မှု မဖြစ်စေရန် လုံခြုံရေးတိုးမြှင့်

Posted by drmyochit Tuesday, August 27, 2013, under | No comments

ယခုနှစ် မေလအတွင်းက  အင်းလေးကန်သို့ လာရောက် လည်ပတ်ကြသော နိုင်ငံခြား ခရီးသွား ဧည့်သည်များကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

မြန်မာနိုင်ငံအတွင်း နိုင်ငံခြား ခရီးသွား ဧည့်သည်များအား အကြမ်းဖက် သမားများက ဦးတည်တိုက်ခိုက်မှု မပြုလုပ်စေရန် လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက် လျက်ရှိနေကြောင်း နိုင်ငံခြား ခရီးသွားဧည့်သည် အများဆုံး ၀င်ရောက်သည့် ဒေသအချို့နှင့် နိုင်ငံခြား ခရီးသွား ဧည့်သည် စောင့်ရှောက်ရေး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။

ယခုနှစ်ပိုင်းအတွင်း ကောလာဟလ အမျိုးမျိုး ထွက်ပေါ်နေခြင်း၊ ပြည်တွင်းသို့ နယ်စပ်ဝင်ပေါက်များမှ ၀င်ရောက်လာသည့် အကြမ်းဖက် ဖောက်ခွဲရေး သမားအချို့ကိုလည်း ဖမ်းမိနေခြင်းနှင့် ပဋိပက္ခ ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွား နေခြင်းကြောင့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ၏ လုံခြုံရေးကိုလည်း ပိုမိုတိုးမြှင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံခြားသား ခရီးသွား စောင့်ရှောက်ရေး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးမင်းဦးက ''ကျွန်တော်တို့ တပ်ဖွဲ့အနေနဲ့က နိုင်ငံတစ်ခုလုံး ကိုတော့ သက်ရောက်မှု မရှိသေးဘူး။ ဒါပေမဲ့ နိုင်ငံခြား ခရီးသည် အများအပြား ၀င်ရောက်နေတဲ့ ဒေသတွေမှာတော့ လုံခြုံရေးကို ထိရောက် စွာ ဆောင်ရွက်နေတယ်။ အဲဒီဒေသ တွေမှာလည်း နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေ လုံခြုံရေးအတွက် သက်ဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေတယ်။ အခုလက်ရှိ အချိန်မှာ နိုင်ငံခြားခရီးသွား ရဲတပ်ဖွဲ့ကို ဖွဲ့စည်းတာ မကြာသေးတဲ့အတွက် လိုအပ်မှုတွေကို နိုင်ငံတကာမှာ ဆောင်ရွက်နေတဲ့ အခြေအနေတွေကို လေ့လာနေတယ်။ တိုးချဲ့ပြီးတော့ ဆောင်ရွက်သွားမယ်'' ဟု ဆိုသည်။

နိုင်ငံခြား ခရီးသွား ဧည့်သည်များ၏ လုံခြုံရေးကို လစ်ဟာမှု မရှိစေရန် ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့တွင် ရဲတပ်ဖွဲ့မှ ဦးစီးပြီး ဟောပြောပွဲများနှင့် သတင်းအမြန်အဆန် ရရှိရေးအတွက် ခေါ်ယူဆွေးနွေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

''ကျွန်တော်တို့ရဲ့ ဒေသက ခရီးသွား အများအပြား လာရောက်နေတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ အဲဒါကြောင့် ရဲတပ်ဖွဲ့အနေနဲ့ လှည့်ကင်းပတ်ကင်းတွေကို နေ့တိုင်းဆောင်ရွက်တယ်။ ရှိတဲ့အင်အားနဲ့ အပြည့်အ၀ လုံခြုံရေး ဆောင်ရွက်ဖို့ အခက်အခဲတွေ ရှိတဲ့အတွက် ရပ်ကွက်အလိုက် ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေကို ခေါ်ယူပြီးတော့ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ တစ်ခုခုဖြစ်တာနဲ့ အမြန်ဆုံး သတင်းပေးပို့ဖို့ သြဂုတ် ၂၅ ရက်က အစည်းအဝေး ခေါ်ယူပြီးတော့ ပြောထားတယ်။ ပြီးခဲ့တဲ့ရက်က ဆိုရင် နိုင်ငံခြား ခရီးသွားဧည့်သည် နှစ်ဦးက လမ်းဘေးမှာပဲ အိပ်မယ်ဆိုပြီး လုပ်နေတဲ့အတွက် ဟိုတယ်ကို လိုက်ပို့ခဲ့ရတဲ့ ဖြစ်စဉ်တွေရှိတယ်။ သူတို့နဲ့ ပတ်သက်ပြီးတော့ မှုခင်းနဲ့ဆက်စပ်တဲ့ ဖြစ်စဉ်တွေသာ မကဘူး။ ကျန်းမာရေး ကိစ္စတွေကိုလည်း ကူညီဆောင်ရွက် ပေးနေပါတယ်'' ဟု ရှမ်းပြည်နယ် ညောင်ရွှေမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်က သြဂုတ် ၂၆ ရက် နံနက်ပိုင်းက ဆိုသည်။

Eleven

ကမ္ဘာ့အကောင်းဆုံးလို့ ကြွေးကြော်ထားတဲ့ UnlockRoot Pro Version သစ် 4.11 Full

Posted by drmyochit Tuesday, August 27, 2013, under | No comments


ခု 4.11 ကို Full Version ထပ်တင်ပေးလိုက်ပါပြီ... UnlockRoot ကို အရင် 3.36 ထိ တွင်တွင်ကျယ်ကျယ်သုံးခဲ့ကြပေမယ့် နောက်ပိုင်းမှာ သိပ်မသုံးကြတော့ပါဘူး.. ဒါပေမယ့် သူ့ရဲ့ Official Site ကတော့ UnlockRoot နဲ့ Root လို့မရတဲ့ Android Phone ဆိုတာ မရှိဘူးလို့ ကြွေးကြော်ထားတာပါ.. ဒီ ဗားရှင်းကို အရင်လိုပဲ Online နဲ့သုံးရမှာပါ.. Online နဲ့သုံးရမယ်ဆိုပေမယ့် Connection ကောင်းဖို့ မလိုပါဘူး.. ကီးဖြည့်စဉ်မှာ Online ရှိနေဖို့ပါပဲ..


အဆင်ပြေပါစေ..ခင်မျာ။



Maung Pauk

Windows Doctor 2.7.5.0 for Windows XP/7/8

Posted by drmyochit Tuesday, August 27, 2013, under | No comments


Windows XP / Windows 7 / Windows Vista / Windows 8 အသုံးပြုကွန်ပျူတာတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ကွန်ပျူတာ သန့်ရှင်းမြန်ဆန်ရေးဆော့ဝဲလေးဖြစ်တဲ့ Windows Doctor ကိုတင်ပေးလိုက်ပါတယ်။ ဒီဆော့ဝဲလေးကိုအသုံးပြုခြင်းအားဖြင့် ကွန်ပျူတာသုံးစွဲရာမှာ မြန်ဆန်လာစေခြင်း ၊ အင်တာနက် Web Page များကြည့်ရှုရာတွင် ပိုမြန်ခြင်း ၊  ကွန်ပျူတာ system ကိုလေးလံစေမယ့် Registery, broken shortcut, file များကို scan ဖတ်ရှင်းလင်းပေးနိုင်ခြင်း စတဲ့ feature တွေပါဝင်ပါတယ်။ Windows Doctor 2.7.5.0 for Windows XP/7/8 ကိုအောက်က link များမှာရယူနိုင်ပါတယ်။


Windows Doctor 2.7.5.0 for Windows XP/7/8 အားရယူရန်

From: Myanmar Mobile

ဆီးရီးယားတွင် ဓာတုလက်နက်စစ်ဆေးသည့်ကုလသမဂ္ဂအရာရှိများ စနိုက်ပါဖြင့်အပစ်ခံရ

Posted by drmyochit Tuesday, August 27, 2013, under | No comments


ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားသည့် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးရန် ဒမတ် စကက်မြို့တော်သို့ ရောက်ရှိနေသော ကုလသမဂ္ဂစစ်ဆေးရေးမှူးများ၏ မော်တော်ယာဉ်တန်းမှာ စနိုက် ပါဖြင့် ချောင်းမြောင်း ပစ်ခတ် ခံခဲ့ရသည်။

စနိုက်ပါဖြင့် ပစ်ခတ်ခံရမှုကြောင့် ပျက်စီးသွားသည့် မော်တော်ယာဉ်ကို လဲလှယ်ရန် ကုလ သမဂ္ဂ စစ်ရေးရေး မှူးများ အဖွဲ့သည် အစိုးရထိန်းချုပ်ရာ နေရာတစ်ခုကို ပြန်လှည့်ခဲ့ရသည်။

AFP
From: OPP

ကန့်ဘလူမြို့နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် ဖြစ်စဉ်၏ နောက်ကွယ်၌ လှုံ့ဆော်ဖန်တီးသူ ရှိသည်ဟု ဒေသခံများဆို

Posted by drmyochit Tuesday, August 27, 2013, under | No comments


ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် မီးရှို့မှုများ ဖြစ်ပွားခဲ့ပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ် နေသည်ကို သြဂုတ် ၂၅ ရက်က တွေ့ရစဉ်

စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် ဖျက်ဆီးမှု ဖြစ်စဉ်ကို နောက်ကွယ်၌ ကြိုးကိုင်လှုံ့ဆော် ဖန်တီးသူ ရှိသည်ဟု ဒေသခံများက ပြောကြားခဲ့သည်။

ထို့ပြင် ယခုကိစ္စတွင် နောက်ကွယ်၌ လှုံ့ဆော်ဖန်တီးသူ ရှိ-မရှိကို စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က သြဂုတ် ၂၆ ရက် နံနက်က ပြောကြားသည်။

အဆိုပါ အကြမ်းဖက်ဖြစ်စဉ်မှ ကျူးလွန်သူဟု ယူဆရသူ ၁၁ ဦးကို ဖမ်းဆီးထားပြီး စတင်စစ်ဆေး နေပြီဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်ကို သြဂုတ် ၂၄ ရက် ညနေပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာ၌ အမျိုးသမီးတစ်ဦးအား အစ္စလာမ်ဘာသာဝင် အမျိုးသား တစ်ဦးက အဓမ္မပြုကျင့်ရန် ကြိုးစားရာမှ အစပြု၍ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် လုံခြုံရေးဌာန တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင် က ''အခုလက်ရှိ အချိန်ထိတော့ ကျူးလွန်တယ်လို့ သံသယရှိသူ ၁၁ ဦးကို ဖမ်းဆီးထားတယ်။ အဲဒီ ၁၁ ဦးထဲက ကိုယ်တိုင်ပါဝင်သူ မဟုတ်တာတွေလည်း ရှိတယ်။ ဒါကြောင့် အဲဒီအထဲက အစပြုခဲ့တဲ့ ကျူးလွန်သူတွေကို စစ်ဆေးမယ်။ ပြီးတော့ ဒီဖြစ်စဉ်ကို နောက်ကွယ်က ဖန်တီးသူ ရှိမရှိ ဆိုတာကိုလည်း စုံစမ်းသွားမယ်။ အခုအချိန်အထိ နောက်ကွယ်က ရှိနေတယ် ဆိုတာတော့ မကြားသေးဘူး'' ဟု သြဂုတ် ၂၆ ရက် နံနက်က ပြောသည်။

ထန်းကုန်းကျေးရွာရှိ မီးလောင်ဖျက်ဆီးခံရသော အိမ်တစ်အိမ်အား သြဂုတ် ၂၅ ရက်က တွေ့ရစဉ်

ယင်းအကြမ်းဖက် ဖြစ်စဉ်မှာ ဖန်တီးသူ ရှိသည်ဟု ဒေသခံများက သုံးသပ်နေကြကြောင်း သိရသည်။

''သတင်းထွက်ပေါ်ခဲ့တာ ညနေ ၅ နာရီဝန်းကျင်လောက်မှာ ဖြစ်ခဲ့တယ်။ နောက်သိပ်မကြာဘူး။ တစ်နာရီခွဲလောက်မှာ မြို့နယ်ဆက်စပ်တဲ့ ကျေးရွာတွေက လူတွေ အုပ်စုလိုက် ရောက်လာပြီးတော့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာကို ကျွန်တော်တို့ ဒေသခံတွေက ဒီဖြစ်စဉ်ကြီးကို ကြိုတင်ရည်ရွယ် ခဲ့တယ်လို့တောင် သုံးသပ်လို့ ရပါတယ်'' ဒေသခံ တစ်ဦးက ပြောကြားသည်။

စစ်ကိုင်းတိုင်း ဒေသကြီး သတင်းရဲတပ်ဖွဲ့မှ ရဲမှူးစိုးအောင်က ''အခုချိန်အထိတော့ သေဆုံးခဲ့တဲ့လူ မရှိပါဘူး။ ပျက်စီးခဲ့တဲ့ အိမ်အရေအတွက်က ၄၀ နီးပါး ရှိတယ်။ ဒီဖြစ်စဉ်ကို ကြိုတင်ဖန်တီးခဲ့တယ် ဆိုတာကိုတော့ အခုချိန်မှာ မသိသေးပါဘူး'' ဟု ပြောပါသည်။

ဒုတိယရဲမှူးကြီး မင်းအောင်က ''အခု လက်ရှိအချိန်မှာတော့ အခြေအနေ အားလုံးကို ထိန်းနိုင်ခဲ့ပါပြီ။ ကန့်ဘလူမြို့ နယ် အနီးနားမှာတော့ ရဲတပ်ရင်းတွေ ရှိတဲ့အတွက် တိုင်းဒေသကြီးက ရဲတပ်ရင်းတွေကို စေလွှတ်ထားပါတယ်'' ဟု ပြောကြားသည်။

By: Eleven

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်