ဆီးရီးယား နိုင်ငံ အရေးအခင်းမှာ ဓါတုလက်နက် သုံးစွဲတဲ့သာဓက တွေ့ရှိတယ်ဆိုပြီး အနောက်တိုင်း နိုင်ငံတွေက စစ်ရေးအရ ဝင်ရောက် ဖြေရှင်းဖို့ တကဲကဲ ဖြစ်နေပါတယ်။
အမေရိကန် နိုင်ငံက ဆီးရီးယား နိုင်ငံတွင်းက ပစ်မှတ်တချို့ကို ဒုံးကျဉ်တွေနဲ့ ပစ်ခတ်ဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေလဲ ထွက်ပေါ်နေပါတယ်။
အမေရိကန် သမ္မတ ဘားရက်အိုဘားမား က ကမ္ဘာပေါ်က လူသားတွေအပေါ် အသုံးချတဲ့ အဆိုးဝါးဆုံး လက်နက်ကို အသုံးချသူတွေဟာ ဒီထက်ကို ကြီးလေးတဲ့ အပြစ်ကျူးလွန်မှု မရှိတော့ဘူးလို့ ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က လူပေါင်း ၃၅၅ ယောက်မှာ ဓါတုလက်နက်ရဲ့ ထိခိုက်မှုတွေကြောင့် အာရုံကြော ပြဿနာတွေနဲ့ နယ်စီးမခြားဆရာဝန်တွေက တွေ့ ရှိခဲ့ တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ အထွေထွေ အတွင်း အရေးမှူး Ban Ki-moon ကတော့ ဘေးအန္တရယ် ထူပြောလှတဲ့ အခြေအနေတွေကို ရင်ဆိုင်ပြီး ကုလသမဂ္ဂက စုံစမ်းစစ်ဆေး မေးမြန်းမှုတွေကို ဆက်လက်ဆောင် ရွက်နေတယ်လို့ ဆိုပါတယ်။
ဓါတု စစ်လက်နက် သုံးစွဲမှုတွေကြောင့် လူပေါင်း တသိန်း အသက်ဆုံးရှုံး ခဲ့ရပြီလို့ စွပ်စွဲပြောဆို ထားပါတယ်။
ဒီစွပ်စွဲချက်ကို Syria အစိုးရ ခေါင်းဆောင် Assad က ယူတ္တိ မရှိတဲ့ စွပ်စွဲချက်တွေလို့ ငြင်းဆိုထားပါတယ်။
အီတလီ နိုင်ငံက နိုင်ငံတကာ ပေါင်းစည်းပါဝင်တဲ့ တုန့်ပြန်ချက် ဆုံးဖြတ်ဆောင်ရွက်ဖို့လိုတယ်လို့ ပြောလိုက်ပါတယ်။
အနောက်တိုင်း နိုင်ငံတွေကလဲ မိမိ ရဲ့ပြည်သူတွေ အပေါ် ဓါတုလက်နက် အသုံးချတယ်ဆိုတဲ့ အစီရင်ခံစာတွေ ထွက်ပေါ်လာ ပြီးနောက် စစ်ရေးအရ တုန့်ပြန်ဖို့ ပြော ဆိုလာ နေကြ ပြီး၊ အမေရိကန်၊ ဗြိတိန် နဲ့ ပြင်သစ် နိုင်ငံတို့ကတော့ စစ်ရေးနဲ့ တုန့် ပြန်ဖို့ ပြောဆိုနေကြပြီး ဖြစ်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်ဖြစ်တဲ့ Russia နိုင်ငံကတော့ Syria နိုင်ငံက Assad ဦးဆောင်တဲ့ အစိုးရကို ဆက်လက်ထောက်ခံ နေပါတယ်။
ဗြိတိန်နဲ့ ပြင်သစ် နိုင်ငံတို့ က ကုလသမဂ လုံခြုံရေးကောင်စီရဲ့ သဘောတူညီချက် မပါဘဲနဲ့လဲ နိုင်ငံတကာ အဖွဲ့အစည်းတွေကနေ စစ်ရေးအ ရတုန့်ပြန်လို့ ရတယ်လို့ ဆိုပါတယ်။
Russia နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကတော့ စစ်ရေးအရ ဝင်ရောက်တုန့် ပြန်ခဲ့ရင် နိုင်ငံတကာရဲ့ ဥပဒေကို ဖီဆန်ရာ ရောက်မယ်လို့ သတိပေးထားပါတယ်။
အဲဒါ အပြင် Syria အစိုးရအနေနဲ့ ဓါတုလက်နက် အသုံးချမှုဆိုတာ သက်သေအထောက်အထား မတွေ့ရှိရ သေးဘူးလို့လဲ ဆိုပါတယ်။
သြဂုတ် လ ၂၁ ရက်နေ့တည်းက ဓါတု လက်နက် အသုံးချ မှု တွေ့  ရှိခဲ့တယ်ဆို ပြီး အနောက်တိုင်း နိုင်ငံတွေက စစ်ရေး အရ ဝင်ရောက်ဖို့ သွေးပူ တာဆူနေ ကြတယ်လို့ ရုရှား နိုင်ငံက ပြောပါတယ်။
တချိန် ထဲမှာဘဲ Syria နိုင်ငံအတွင်း အစိုးရနဲ့ သူပုန်တွေကြားက ဒေသမှာ ဓါတုလက်နက် သုံးမသုံး စုံစမ်းဖို့ သာဓက ကောက်ယူနေတဲ့ ကုလသမဂ္ဂ လုံ ခြုံရေးတပ်တွေရဲ့ ယာဉ်တန်းက ထိပ်ဆုံး ကားတစီး ပစ်ခတ်ခံခဲ့ရတဲ့အတွက် Syria အစိုးရနဲ့ သူပုန်တို့ တဖက်နဲ့ တဖက် လက်ညိုးထိုး စွပ်စွဲနေကြပါတယ်။
ABC Radio Australia
0 comments:
Post a Comment