Tuesday, October 23, 2012
နန်းခင်ဇေယျာ အမိမြေသို့ယနေ့ အောက်တိုဘာလ ၂၃ ရက် မနက် ၁၀ နာရီ၂၅မိနစ်အချိန်တွင် ပြန်လည်ရောက်ရှိလာ
Posted by drmyochit
Tuesday, October 23, 2012, under သတင်းများ | No comments
မိမိနေအိမ်ကို မီးရှို့ပြီး ပဋိပက္ခဖန်တီးသူ ဘီင်္ဂလီများကို ဦးလှသိန်းက ခိုးဝင်လာသူများဟုဆို
Posted by drmyochit
Tuesday, October 23, 2012, under သတင်းများ | No comments
စစ်တွေဆေးရုံသို့ စက်လှေဖြင့် ခေါ်ဆောင်လာသော ဒဏ်ရာရသူများစာရင်း
Posted by drmyochit
Tuesday, October 23, 2012, under သတင်းများ | No comments
ည
၁၁း၀၀ နာရီအချိန်သတင်း
------------------------------
စစ်တွေဆေးရုံသို့
စက်လှေဖြင့် ခေါ်ဆောင်လာသော ဒဏ်ရာရ သူများမှာ
(၂)
မောင်ထွီးစိန်၊ ၂၅ နှစ်၊ ၀ဲဘက်ဗိုက်မှ ကျောသို့ ပေါက်ထွက်သည့် လှံ ဒဏ်ရာ၊ ကျောင်းတောင်ရွာ၊
(၃)
မောင်မောင်ခိုင်၊ ၃၀ နှစ်၊ဓါးဒဏ်ရာ၊ မောင်သာကုန်းရွာ၊ တို့ဖြစ် ကြောင်း သိရှိရပါသည်။
အမေရိကန် ဒု-ဘဏ္ဍာရေးဝန်ကြီး မြန်မာပြည်လာမည်
Posted by drmyochit
Tuesday, October 23, 2012, under သတင်းများ | No comments
အမေရိကန်အစိုးရ
ဒုတိယဘဏ္ဍာ ရေးဝန်ကြီး Neal S. Wolin ဟာ အောက်တိုဘာ ၂၃ ကနေ ၂၅ ရက်နေ့အတွင်း စင်္ကာပူနိုင်ငံနဲ့ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ Mr. Wolin ဟာ စင်္ကာပူနဲ့ မြန်မာ နှစ်နိုင်ငံ စလုံးမှာ သက်ဆိုင်ရာ အစိုးရထိပ်တန်းတာဝန်ရှိသူတွေ။
လူထုအခြေပြု လူ့အဖွဲ့ အစည်း ခေါင်းဆောင် တွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီး တွေနဲ့ တွေ့ဆုံပြီး
အရေးပါတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။
အီတလီ မြေငလျင် အရာရှိတွေကို ထောင်ချ
Posted by drmyochit
Tuesday, October 23, 2012, under နိုင်ငံတကာသတင်းများ | No comments
အီတလီမှာ
ငလျင်တိုင်းတာရေး အရာရှိ ခြောက်ယောက်နဲ့ အစိုးရ အရာရှိ တယောက် ကို ငလျင် အန္တ ရာယ်ခန့်မှန်းမှုနဲ့
ပတ်သက်လို့ လျော့ပေါ့ မှားယွင်းစွာ တွက်ဆမှုနဲ့ တရားရုံးက ထောင်ဒဏ်
ချမှတ်ခဲ့ ပါ တယ်။
၂ဝဝ၉
ခုနှစ်တုန်းက အီတလီ အလယ်ပိုင်း လာကွီးလားမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူသုံးရာကျော်
သေဆုံးခဲ့ရပြီး အဲဒီ အဖြစ်အပျက် နှစ်ပတ်လည် မတိုင်ခင် ရက်ပိုင်း အလိုမှာ အခုလို ပြစ်ဒဏ်
ချမှတ် လိုက် တာဖြစ်ပါတယ်။
ကျောက်ဖြူတွင် ဘင်္ဂလီများ ဗလီကျောင်းကို မီးရှို့ကာ ပဋိပက္ခဖန်တီး
Posted by drmyochit
Tuesday, October 23, 2012, under သတင်းများ | No comments
မင်းပြားနဲ့ မြောက်ဦးမှာ အကြမ်းဖက်မှုဖြစ်ပွားခြင်း၏ (နောက်ဆုံးရသတင်း) VOA
Posted by drmyochit
Tuesday, October 23, 2012, under ပြည်တွင်းသတင်းများ | No comments
ရခိုင်
ပြည်နယ် မြောက်ပိုင်း မင်းပြား နဲ့ မြောက်ဦး မြို့နယ်တွေမှာ မနေ့ညနဲ့ ဒီကနေ့ မနက် အစော
ပိုင်းက စတင် ခဲ့တဲ့ မီးရှို့မှုနဲ့ တိုက်ခိုက် မှုတွေ ကို ပြည်နယ် အစိုးရက လုံခြုံရေး တပ်ဖွဲ့တွေရဲ့ အကူ အညီ ရယူပြီး အခြေ အနေကို ငြိမ်သက်အောင် ထိန်းချုပ်
နေပါတယ်။ ဒီကနေ့ မနက်မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့ နယ်မှာ အတွင်းဖြစ်ပျက်ခဲ့တဲ့
အရေးအခင်းမှာတော့ အိမ်ခြေ၂၀၀ကျော်လောက် မီးလောင်ကျွမ်းခဲ့ပြီး နှစ် ဘက်တိုက်ခိုက် မှုတွေကတော့
နေ့ခင်း မွန်းလွဲပိုင်းအထိ ဆက်လက် ဖြစ်ပွားနေပါတယ်။ ဒီသတင်း အပြည့် အစုံကို တော့ ထိုင်းအခြေစိုက်
သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ငွေကျပ် ၃၁ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူမှုန့်များ ဖမ်းဆီးရမိ
Posted by drmyochit
Tuesday, October 23, 2012, under ပြည်တွင်းသတင်းများ | No comments
မြစ်ကြီးနား
အောက်တိုဘာ ၂၁
မူးယစ်ဆေးဝါး
သုံးစွဲ ရောင်းချ သူများအား ကချင်ပြည်နယ် အတွင်း နှိမ်နင်းမှုများ ဆောင်ရွက် လျက်ရှိရာ
အောက်တိုဘာ ၁၆ ရက်က မိုးကောင်း မြို့၌ ငွေကျပ် ၃၁ သိန်းကျော် တန်ဖိုးရှိ ဘိန်းဖြူ မှုန့်များ
ဖမ်းဆီး ရမိခဲ့သည်။
ဖြစ်စဉ်မှာ
အောက်တိုဘာ ၁၆ ရက် နံနက် ၈ နာရီ ခွဲခန့် မိုးကောင်းမြို့တွင် မူးယစ် ဆေးဝါးများ ရောင်းချ
နေကြောင်း သတင်း အရ မြစ်ကြီးနား မူးယစ် (အထူး) မိုးကောင်းလှုပ်ရှား အဖွဲ့မှ တပ်ဖွဲ့
ဝင်များသည် သက်သေများနှင့် အတူ နမ္မတီး ကျေးရွာ ရွှေလီ ရပ် ကွက် မြတ်မွန် စားသောက်ဆိုင်တွင်
စောင့်ဆိုင်း နေစဉ် FEILING အမျိုးအစား ဆိုင်ကယ် အနက် ရောင်ကို စီးနင်းလာ သူ ကျော်ကျော်
စိုးအား ရပ်တန့် ရှာဖွေရာ မုန့်ပုံး အတွင်းမှ ဆပ်ပြာခွက် ငါးခွက် အတွင်း ငွေကျပ် ၃၁၃ဝဝဝဝ
တန်ဖိုးရှိ ဘိန်းဖြူမှုန့် ၆၂ ဒသမ ၆ ဂရမ်အား ရှာဖွေ သိမ်းဆည်း ရမိခဲ့ သည်။ ဖြစ်စဉ်နှင့်
ပတ်သက်၍ ဘိန်းဖြူ မှုန့်များ လက်ဝယ် တွေ့ရှိသူ ကျော်ကျော်စိုး ၃၉ နှစ်(ဘ) ဦးမောင်မြင့်
မိုးကောင်းမြို့ နေသူအား နမ္မတီး ရဲစခန်းမှ မယ(ပ) ၃၂/ ၂ဝ၁၂၊ မူး/စိတ်ပုဒ်မ ၁၅/၁၉ (က)
အရ အမှုဖွင့် အရေးယူ ထားကြောင်း သ တင်း ရရှိသည်။
From: မြ၀တီ
Street View ဂျာနယ် မေးမြန်းချက်အပေါ် နိုင်ငံတော်သမ္မတ၏ ရှင်းလင်းဖြေကြားချက်
Posted by drmyochit
Tuesday, October 23, 2012, under ပြည်တွင်းသတင်းများ | No comments
From
: မှူးဇော်
လမ်းပေါ်မှာရောက်နေသည့် ကလေးငယ်များအတွက် အစိုးရ၏ စီစဉ်ဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး
Street View Journal မှ မေးမြန်းချက်။
ခုနကလို
ကျောင်းမနေနိုင်တဲ့ ကလေးတွေကို ကျောင်းနေနိုင်ဖို့အတွက် အစိုးရတင် မဟုတ်ပါဘူး ကျနော်
တို့ အဖွဲ့အစည်းတွေနှင့် ဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။ ဥပမာ မိခင်နှင့်ကလေး စောင့်ရှောက်
ရေးအသင်း တို့ ပြီး အမျိုးသမီးရေးရာ အဖွဲ့ချုပ်တို့ နှင့် ကျနော်တို့ ဒါတွေနှင့် ဆောင်ရွက်နေတာတွေ
ရှိပါ တယ်။ အဲဒီတော့ဒီကိစ္စ ဘာကြောင့် ဖြစ်လာသလဲ ဆိုတော့ အရင်းခံကတော့ စီးပွားရေးပါ။
ဒီအလုပ်ကိုင် အခွင့် အလမ်းတွေ ရလာမယ်၊ ဝင်ငွေ တွေ ရလာမယ် စားနိုင်သောက်နိုင်တဲ့သူ
ဖြစ်မယ်ဆိုရင် သားသမီး တွေ လည်း ကျောင်းထား နိုင်မှာ ဖြစ်ပါတယ်။ အဲဒီတော့ စီးပွားရေးအခြေအနေက
ခုနကလို တောင့်တောင့် တင်းတင်းနှင့် မရှိသေးတဲ့ အတွက်ကြောင့် ဒီပြဿနာတွေ ဖြစ်ပွားနေတာ
ဖြစ်ပါတယ်။ သို့သော်လဲ ခုန ကလို စီးပွားရေးတောင့်တင်းတဲ့အထိ စောင့်မနေ ဘဲနှင့် ဒီကနေ့
ခုနကလို အစိုးရပိုင်းကလည်း ကျောင်းနေ နိုင်အောင် ဆိုပြီးတော့ လုပ်ပေးနေတာ တွေရှိပါတယ်။
အဲဒီတော့ လူထုအဖွဲ့ အစည်းတွေကလည်း ဝိုင်းပြီး တော့ ကျနော်တို့ လုပ် ပေးနေတာ တွေရှိပါတယ်။
News Watch ဂျာနယ်၏ မေးမြန်းချက်အပေါ် နိုင်ငံတော်သမ္မတ၏ ရှင်းလင်းပြောကြားချက်
Posted by drmyochit
Tuesday, October 23, 2012, under ပြည်တွင်းသတင်းများ | 1 comment
From
:မှူးဇော်
မြန်မာပြည်တွင်းတွင် OIC ရုံးများဖွင့်ခွင့်မပေးသည့်ကိစ္စ၊ကချင်ပြည်နယ်တွင် ICRC ဝင်ခွင့်မပေး တာနှင့် ပတ်သက်ပြီး News Watch မှ မေးမြန်းချက်။
တစ်အချက်က OIC ကိစ္စOIC ကိစ္စနှင့်ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ ခုနကလို
ဒီဆူ ပူမှု ပဋိပက္ခ ပေါ့ဒါ တွေကတော့ ကျနော်တို့အားလုံးသိပြီး ဖြစ်ပါတယ်။ အဲဒီတော့ ဆူပူမှုပဋိပက္ခနှင့်အတူ
ခုနလို သေဆုံးတာတွေဒဏ်ရာ ရတာတွေဟာ တခြားဖြစ်စဉ်တွေနှင့် ယှဉ်ရင်တော့သိပ်ပြီးတော့ကျနော်တို့
ဒါများများ စားစား မရှိလှဘူးလို့ ဒီလိုပြောရမှာ ဖြစ်ပါတယ်။
မော်ဒန်ဂျာနယ်၏ မေးမြန်းချက်အပေါ် နိုင်ငံတော်သမ္မတ၏ ရှင်းလင်းဖြေကြားချက်
Posted by drmyochit
Tuesday, October 23, 2012, under ပြည်တွင်းသတင်းများ | No comments
From
: မှူးဇော်
ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အစိုးရ၏ လမ်းပြမြေပုံ နှင့်ပတ်သက်ပြီး
Modern Journal မှမေးမြန်းချက်။
သမီး
ခဏ။ ဒီကိစ္စကတော့ ဖြေပြီးဖြစ်ပါတယ်။ အန်ကယ်တို့က ခုနကလို မူဝါဒ သုံးရပ်နဲ့ ဒီကအဆင့်
သုံးဆင့်နဲ့ အန်ကယ်တို့ လုပ်နေပါတယ် ။ ပထမအဆင့်ကတော့ ပြည်နယ် အဆင့်ပါ။ ပြည်နယ် အဆင့်က
တော့ ခုနကလိုသိပ် ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့် မဟုတ်ပါဘူး။ ပြည်နယ်အတွင်းမှာ
ပစ်တာ ခတ် တာ တိုက်တာခိုက်တာတွေ ဒါတွေ။ နောက်တစ်ခုက ခုနကလိုဒီပြည်ထောင်စုအဆင့်ပါ။ ပြည်ထောင်စု
အဆင့် မှာတော့ ခုနကလို ပြည်ထောင် စုက ဖွဲ့ပေးထားတဲ့ ငြိမ်းချမ်းရေး၊ ဖော်ဆောင်ရေး ၊
ခုနက လိုလုပ်ငန်း ကော်မတီ ချင့်ချိန်တာတွေ ဆွေးနွေး တာ တွေ ဒါတွေဆက်ပြီးလုပ်နေပါတယ်။
နေပြည်တော်တိုင်းမ်ဂျာနယ်၏ မေးမြန်းချက်အပေါ် နိုင်ငံတော်သမ္မတ၏ ရှင်းလင်း ဖြေကြားချက်
Posted by drmyochit
Tuesday, October 23, 2012, under ပြည်တွင်းသတင်းများ | No comments
From
: မှူးဇော်
သယံဇာတရောင်းချမှုမှ ရရှိသည့်ငွေပမာဏအား လွှတ်တော်တွင်
တင်ပြဖို့ ရှိ၊မရှိ Nay Pyi Taw Timesမှ မေးမြန်းချက်။
ပွင့်လင်းမြင်သာသော
ကျွန်တော်တို့ တင်ပြဖို့ ရှိ-မရှိဆိုတာ ကျွန်တော်တို့ ဘတ်ဂျက်တင်ရတဲ့ အခါမှာ အရ ငွေ
ဆိုတာ ကျွန်တော်တို့ ပြရပါတယ်။ ဒီအရငွေပေါ်မှာ ကျွန်တော်တို့ ဘာတွေ သုံးမယ် ဆိုတာ ကျွန်တော်
တို့ ပြရ ပါတယ်။အဲဒီတော့ ရငွေအပေါ်မှာခုနက ကျွန်တော်တို့ ရတဲ့ဟာ အဲဒီတော့ သဘာဝ အရင်း
အမြစ် တွေကို ခုနကလိုဘယ်လို အစီအစဉ်နဲ့ သုံးနေလဲဆိုတာ ကျွန်တော်တို့ စောစောက ပြောသွား
တဲ့အထဲ မှာပါ ပါတယ်။
Sky Net မီဒီယာ၏ မေးမြန်းချက်အပေါ် နိုင်ငံတော်သမ္မတ၏ ရှင်းလင်းဖြေကြားချက်
Posted by drmyochit
Tuesday, October 23, 2012, under ပြည်တွင်းသတင်းများ | No comments
From
:မှူးဇော်
အဂတိလိုက်စားမှု ပပျောက်ရေးနှင့်စပ်လျဉ်း၍ Sky Net ၏မေးမြန်းချက်။ ။
အဲတော့
ပထမက အဂတိလိုက်စားမှု စောစောကလည်း ဒီမေးခွန်း ကျွန်တော် တို့ မေးပါတယ်။ အဲတော့ အဂတိ
လိုက်စားမှုက ချက်ချင်း ခုနကလို ပပျောက်အောင် လုပ်ဖို့ကတော့ မလွယ်တဲ့ ကိစ္စဖြစ်ပါတယ်။
အဲတော့ ကျွန်တော်တို့ အပိုင်းမှာ ခုနကလို ဒီအမှု အကြီးအသေးပေါ်မှာ မူတည်ပြီး အရေးယူတာတွေ
ဒါတွေက ကျွန်တော်တို့ ခုနကလို ဆောင်ရွက်နေတာတွေ ရှိပါတယ်။ အဲတော့ စောစောကပြောသလို အရေး
ယူတာ တစ်ခုတည်းနဲ့ အဂတိလိုက်စားမှုဟာ မပျောက်နိုင်ဘူး။ သူရဲ့ ခုနကလို စားဝတ်နေရေးတွေ
အဆင်ပြေအောင် လုပ်ပေးဘို့ ဒါလည်း ကျွန်တော်တို့ အင်မတန်မှ အရေးကြီးပါတယ်။
Messenger ဂျာနယ်၏ မေးမြန်းချက်အပေါ် နိုင်ငံတော်သမ္မတ၏ ရှင်းလင်းဖြေကြားချက်
Posted by drmyochit
Tuesday, October 23, 2012, under ပြည်တွင်းသတင်းများ | No comments
From
: Hmuu Zaw
တန်ဖိုးနည်းဖုန်းများ ဘယ်လောက်တန်ဖိုးနည်းနည်း ချထားပေးမည်လဲဟု
Messenger Journal မှ မေးမြန်းချက်။
အဲတော့
တန်ဖိုးနည်း ဖုန်းတွေ ကျွန်တော်ရဲ့ဆန္ဒ ပြောရမယ်ဆိုရင်တော့ တန်ဖိုးနည်းတင် မဟုတ်ဘူး
အလကားတောင် ကျွန်တော်တို့က ပေးချင်တယ်။ အလကားကို သုံးစေချင်ပါတယ်။ သို့သော်လည်း ဒီ
အလကား ပေးနိုင်တဲ့ အဆင့်က ကျွန်တော်တို့က မရောက်သေးဘူး ပေါ့နော်။ တဖြည်းဖြည်းတော့ ခုနက
လို သက်သာတဲ့နှုန်းထားတွေ ဖြစ်လာမှာပါ။ ကျွန်တော်ပထမ ပြောတဲ့အထဲမှာ ပါပါတယ်။
ကုမုဒြာဂျာနယ်၏ မေးမြန်းချက်အပေါ် နိုင်ငံတော်သမ္မတ၏ ရှင်းလင်းဖြေကြားချက်
Posted by drmyochit
Tuesday, October 23, 2012, under ပြည်တွင်းသတင်းများ | No comments
From
: မှူးဇော်
ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်
ပတ်သက်ပြီး Kumudra Journal မှ မေးမြန်းချက်။
စောစောကလည်း
ကချင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ဝင့်ဝင့် ရှင်းပြ ထားပြီးသား ဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရရဲ့ သဘောထားကတော့ ငြိမ်းချမ်းရေး ရချင်တယ်။ တစ်ပြည်လုံး ငြိမ်းချမ်း
ရေးရအောင် ကျွန်တော်တို့ ကြိုးစားနေတာပါ။ တစ်ပြည်လုံး ငြိမ်းချမ်းရေး ရအောင် ကြိုးစားတဲ့အခါမှာ
ဒီ ကချင် ပြည်နယ်က လက်နက်ကိုင်အဖွဲ့ အစည်းနဲ့ ငြိမ်းချမ်းရေး မရမချင်း တစ်ပြည်လုံး
ငြိမ်းချမ်းရေး ရတယ်လို့ ပြောလို့မရပါဘူး။ စောစောက ခုနပြောသလို ဆုံးရှူံးမှုတွေ ပျက်စီးမှုတွေ
ဒါတွေက တိုင်းပြည်ရဲ့ ပျက်စီး ဆုံးရှူံးမှု တွေဖြစ်တယ်။ အဲဒီထဲမှ သနားစရာအကောင်းဆုံးကတော့
ဟိုပြေး ဒီပြေးနဲ့ ကိုယ့်ရဲ့ အိမ်တွေ အလုပ်တွေ စွန့်ပစ် ပြီးတော့ ခိုလှုံနေရတဲ့ ကျွန်တော်တို့ရဲ့
တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။ ဒီဒေသ မှာရှိနေတဲ့ တိုင်းရင်းသားတွေက ကျွန်တော်တို့
စိတ်မကောင်းစရာ အကောင်းဆုံး ဖြစ်ပါတယ်။
ဗီးနပ်စ်ဂျာနယ်၏ မေးမြန်းချက်အပေါ် နိုင်ငံတော်သမ္မတ၏ ရှင်းလင်းဖြေကြားချက်
Posted by drmyochit
Tuesday, October 23, 2012, under ပြည်တွင်းသတင်းများ | No comments
From : မှူးဇော်
ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး ပြည်သူ့အသံကို သိရှိရန်ဘယ်လိုလုပ်မည်လဲဟု
Venus Journal မှ မေးမြန်းချက်။
အဲဒီတော့
အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီးတော့နော်။ ကျွန်တော် ထင်ပါတယ်။ ခင်ဗျားသာ လက်မ ခံတာ ဖြစ်ရင်ဖြစ်မယ်။
ပြည်ပက အထိတော့ လက်ခံ နေကြတာ။ ပြောင်းလဲနေတာတော့ အမှန်ပါပဲ။ ခုနက လို ဟုတ်တယ်မို့လား။
သို့သော်လည်း လူတိုင်းကျေနပ်အောင် ပြောင်းလဲနိုင်ဖို့ ဆိုတာကတော့ ခက်တာ က ခုနက တော်တော်လေး
ကျွန်တော်တို့ ခက်ပါတယ်။ အချိန်လဲ ကျွန်တော်တို့ ယူရမှာပါ။ အဓိက ကတော့ ခုနကလို စားဝတ်နေရေးပါ။
စားဝတ်နေရေးတွေ ကျွန်တော်တို့ အဆင်ပြေဖို့ လိုပါတယ်။ ခုနက လို ကျွန်တော်တို့
အလုပ်အကိုင် အခွင့်အလမ်းတွေ ရဖို့ လိုတယ်။ အလုပ်အကိုင် အခွင့်အလမ်း ရတာနဲ့ တစ်ပြိုင်တည်း
ခုနလို ကျွန်တော်တို့ ဝင်ငွေ ကျွန်တော်တို့ ရလာမယ်။ ဝင်ငွေရရင် စားနိုင်မယ်၊ ဝတ်နိုင်
မယ်၊ နေနိုင်မယ်၊ ကလေးတွေအတွက် ခုနကလို ကျောင်းထားနိုင်မယ်။ ဆေးဝါးကုသနိုင်မယ်။
ဆင်ဟွာသတင်းဌာန၏ မေးမြန်းချက်အပေါ် နိုင်ငံတော်သမ္မတ၏ ရှင်းလင်းဖြေကြားချက်
Posted by drmyochit
Tuesday, October 23, 2012, under ပြည်တွင်းသတင်းများ | No comments
From
: မှူးဇော်
ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်နှင့် ပတ်သက်ပြီး
Xinhua သတင်းဌာန၏ မေးမြန်းချက်။
အဲတော့
ခက်တာက ရင်းနှီးမြှုပ်နှံမှု ဥပဒေကလည်း ထွက်လာရင်တော့လည်း ကျွန်တော်တို့ ဒါအသေးစိတ် ပါလာမယ်နော်
အဓိက ကတော့ ခင်ဗျားပဲ ဖြစ်ဖြစ် ကျွန်တော် ပဲ ဖြစ်ဖြစ်ပေါ့ဗျာ ငွေထုတ်ကြီးပိုက်ပြီးတော့
ကျွန်တော်တို့ သွားပြီးတော့ နိုင်ငံ တစ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှာ အဲတော့ ငွေထုတ်ကြီးပိုက်ပြီးတော့
ရင်းနှီးမြှုပ်နှံတယ် ဆိုတာ ဒီနိုင်ငံကို ချစ်လွန်းလို့ လာတာမဟုတ်ပါဘူး။ သူ့အကျိုးကိုယ့်အကျိုးလဲ
သူက ကြည့်ရတာပါ။ နောက် ဒီနိုင်ငံအကျိုးလဲ ပါတာပေါ့။ သူ့အကျိုးလဲ သူကြည့်ရတယ်။ အဲတော့
ငွေထုတ်ကြီး ပိုက်ပြီးတော့ သူများနိုင်ငံမှာ လာပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ လာတဲ့လူက
ဒါသူ့ သဘာဝပဲ။
The Independence ဂျာနယ်၏ မေးမြန်းချက်အပေါ် နိုင်ငံတော်သမ္မတ၏ ရှင်းလင်းဖြေကြားချက်
Posted by drmyochit
Tuesday, October 23, 2012, under ပြည်တွင်းသတင်းများ | No comments
တရုတ်နိုင်ငံနှင့် မဟာဗျူဟာ ဆက်ဆံရေး မည်သို့ ရှိပါသလဲဟု
The Independence ဂျာနယ်မှ မေးမြန်းချက်။
ကောင်းပါပြီ။
အဲတော့ တရုတ်နိုင်ငံ ကျွန်တော်တို့ နိုင်ငံတကာလို နယ်နိမိတ်ချင်း ထိပြီးသား ကီလိုမီတာ
နှစ်ထောင်လောက် ဒါ ကျွန်တော်တို့ ဆက်စပ်နေပြီး ဖြစ်ပါတယ်။ အဲတော့ ဒီအစိုးရချင်းတင်
မကပါဘူး လူလူချင်းလဲ နိစ္စဓူဝ ကျွန်တော်တို့သွားလာ ဆက်ဆံမှုတွေ ကျွန်တော်တို့ ရှိနေပါတယ်။
အဲတော့ ပြောကြမယ်ဆိုလို့ရှိရင်တော့ ဒါ အိမ်နီးနားချင်း နိုင်ငံ တစ်နိုင်ငံထဲမှာ ရင်းနှီးတဲ့
ကျွန်တော်တို့ အိမ်နီးနားနှစ်နိုင်ငံလို့ ပြောရမှာ ဖြစ်ပါတယ်။ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ
ပြောရမယ် ဆိုလို့ရှိရင် ဒီကျွန်တော်တို့ရဲ့ တိုင်းပြည်ကို ခုနကလို စီးပွားရေးတွေ ကျွန်တော်တို့
ပိတ်ဆို့ ထားတဲ့အချိန် ဘယ်နိုင်ငံမှ ကျွန်တော်တို့ကို လှည့်ပြီးတော့ မကြည့်တဲ့အချိန်
ဘယ်နိုင်ငံမှ ကျွန်တော်တို့ကို အကူအညီ မပေးတဲ့အချိန်မှာ ကျွန်တော်တို့ကို စာနာပြီးတော့
ခုနကလို ကျွန်တော်တို့ နိုင်ငံမှာ ချေးငွေတွေ ကျွန်တော်တို့ ပေးတာတွေ Grant တွေ ကျွန်တော်တို့
ထုတ်ပေးတာတွေ Loan တွေ ဒါဟာ ကျွန်တော်တို့ တရုတ်နိုင်ငံကပဲ ကျွန်တော်တို့ ဆောင်ရွက်ပေးနေတယ်ဆိုတာ
အားလုံးကျွန်တော်တို့ သိပါတယ်။ နော် ဒါအားလုံး ကျွန်တော်တို့ သိရှိပြီးဖြစ်ပါတယ်။
နောက်တစ်ခုကလည်း
ခုနကလို ကျွန်တော်တို့ ဒေသတွင်း ဒေသတွင်းမှာတော့ ထားလိုက်တော့ပေါ့နော် ဒေသတွင်းမှာတော့
ကျွန်တော်တို့ အာဆီယံ + ၃ အနေနဲ့ပဲ သူကပါတယ်။ နိုင်ငံတကာ နယ်ပယ်မှာ တရုတ်နိုင်ငံက
မြန်မာနိုင်ငံ ဘက်ကနေ အများကြီးရပ်တည်ပြီးတော့ ထောက်ခံ ပေးတဲ့ နိုင်ငံဖြစ်ပါတယ်။ အမြဲတမ်း
ထောက်ခံပေးနေတယ်။ သူ့ကြည့်တော့ ခုနကလို အခက်အခဲ အကြပ်အတည်း ကြုံတွေ့ လာတဲ့အခါမှာ သူရဲ့
ဗီရို အာဏာကိုပါ သုံးပြီးတော့မှ မြန်မာနိုင်ငံဘက်ကနေ ထောက်ခံပေးတာ အဲတော့ ကျွန်တော်တို့
မြန်မာလူမျိုးဆိုတာ ဒါ ကျေးဇူးတရား ကျွန်တော်တို့ သိတတ်တဲ့ လူမျိုးကျွန်တော်တို့ ဖြစ်ပါတယ်။
အဲတော့ ကျွန်တော်တို့ ကျေးဇူးတရား သိတတ်တယ်ဆိုရင်တော့ ဒါတွေဟာ ကျွန်တော်တို့ ကျေးဇူးတင်ရမယ့်
ထုံးတမ်းတွေ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကို ဘယ်သူမှ ဆေးဘို့ကြောဘို့ မလုပ်တဲ့အချိန် ဘယ်နိုင်ငံမှ
အကူအညီမပေးတဲ့အချိန် ဘယ်နိုင်ငံမှ လှည့်မကြည့်တဲ့အချိန် ဘာဖြစ်ဖြစ် ကိုယ့်ကို ကူညီစောင့်ရှောက်ထားတာ
တရုတ်မှတင် မဟုတ်ပါဘူး။ လူတိုင်း ဒီကျေးဇူးတရား တွေကို ကျွန်တော်တို့ ဒါ မမေ့ကောင်းပါဘူး။
နောက်တစ်ခုကတော့ ခုနကလို ရင်းနှီးမြှုပ်နှံမှုဆိုတာ ကိုယ်ရင်းနှီးမြှုပ်နှံချင်သလို
လာပြီးတော့ ရင်းနှီးမြှုပ်နှံချင်လို့ မရပါဘူး။ ဥပဒေတွေ ရှိပါတယ်။ စည်းမျဉ်းစည်းကမ်းတွေ
ရှိပါတယ်။ ဒီမှာ ခုနကလို မူဝါဒအနေနဲ့ ချမှတ်ထားတာပါ။
နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုတွေ လာမယ်ဆို တစ်အချက်က ကိုယ့် တိုင်းရင်းသားတွေ အကျိုးစီးပွားကို
ကျွန်တော်တို့ ဒါ မထိခိုက်စေရပါဘူး။ ကိုယ့် တိုင်းရင်းသားတွေ အကျိုးစီးပွား၊ နောက်တစ်ခါ
ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျွန်တော်တို့ ဒါမထိခိုက်စေရပါဘူး။ အဲတော့ ကျွန်တော်တို့နိုင်ငံက
စောစောကပြောသလို တရုတ်ချည်းပဲ ခုနကလို လွှမ်းမိုးသွားတာ။ အမေရိကန် ချည်းပဲ လာပြီးတော့
လွှမ်းမိုးသွားတာ ခုနကလို ဒီကျန်တဲ့ နိုင်ငံတွေပဲ လာပြီးတော့ လွှမ်းမိုးသွားတယ်ဆိုတာဟာ
နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ ကိစ္စပါ။ ဒါမျိုးကျွန်တော်တို့ အဖြစ်မခံပါဘူး။
မူဝါဒကလဲ ဒီအတိုင်း ကျွန်တော်တို့ ချမှတ်ပါတယ်။ နောက်တစ်ချက်ကတော့ ခုနကလို အချုပ်အခြာ
အာဏာ ၊ အချုပ်အခြာအာဏာကို ကျွန်တော်တို့ ဒါအထိပါး မခံပါဘူး။ အချုပ်အခြာအာဏာနဲ့ ဘာဆိုင်သလဲ
ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုရင် ဆိုင်ပါတယ်။အဲတော့ ဒီပါတီစုံ ဒီမိုကရေစီ စနစ်မှာ နိုင်ငံရေးသမားဟာ
ခုနကလို စီးပွားရေးသမားနဲ့ သူက ပေါင်းထားရပါတယ်။ ဘာကြောင့်လဲဆိုရင် သူမဲဆွယ်တဲ့အခါမှာ
သူငွေလိုမယ်။ ငွေလိုတဲ့အခါမှာ ခုနလို စီးပွားရေးသမားဆီကနေပြီးတော့ ခုနကလို အကူအညီတွေ
ရမယ်။ လှူငွေတွေရမယ်။ စသည်အားဖြင့် ဒါတွေကို ရယူရပါမယ်။
ကျွန်တော်တို့ နိုင်ငံတင် မဟုတ်ပါဘူး။ အမေရိကန်လဲ ဒီအတိုင်းပါပဲ။ ကျန်တဲ့နိုင်ငံတွေလဲ ဒီအတိုင်းပါပဲ။ အဲတော့ ဒီလိုရယူပြီးတော့ ခုနလို မဲဆွယ်မယ်။ မဲဆွယ်တဲ့အခါ ရွေးကောက်ပွဲဝင်မယ်။ ဝင်တဲ့အခါမှာ ခုနကလို ဒီပါတီ အနိုင်ရတယ်။ ဒီပါတီအနိုင်ရတဲ့အတွက်ကြောင့် ခုနကလို အစိုးရဖွဲ့တယ်။ အစိုးရဖွဲ့တဲ့အခါမှာ ပြန်ပြီးတော့ ခုနကလို စောစောက ရယူထားတဲ့ စီးပွားရေးသမားကို သူက အခွင့်အလမ်းတွေ ပေးရပါမယ်။ အဲတော့ ဒီလို အခွင့်အလမ်းတွေ ပေးရင်းပေးရင်းနဲ့ စီးပွားရေးသမားက နိုင်ငံရေးသမားရဲ့ အပေါ်မှာ လွှမ်းမိုးပြီးတော့မှ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ လာပြီးတော့ ခုနကလို ထိပါးနိုင်တာမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ခုနကလို ကျွန်တော်တို့ နိုင်ငံမှာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျွန်တော်တို့ ခုနကလို လာရောက်ပြီးတော့ ထိပါး နိုင်တာမျိုး ဒါတွေ ကျွန်တော်တို့ မဖြစ်စေရပါဘူး။ နောက်တစ်ခု ကတော့ ကျွန်တော်တို့ သဘာဝအရင်းအမြစ်တွေ နဲ့ သဘာဝ သယံဇာတတွေ သဘာဝ ပတ်ဝန်းကျင်တွေ အဲတော့ ဒါတွေက သားစဉ်မြေးဆက်ပါ ထုတ်ယူသုံးစွဲဘို့ အတွက် ကျွန်တော်တို့စဉ်စားပြီးတော့ ကျွန်တော်တို့ လုပ်သွားရမဲ့ဟာတွေ ဖြစ်ပါတယ်။ ရတိုင်း ခုနကလို အကုန်ထုတ်ပြီးတော့ သုံးလို့ ကျွန်တော်တို့ မဖြစ်ပါဘူး။ သားစဉ်မြေးဆက် အတွက်ပါ ကျွန်တော်တို့ စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လာရောက်ပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုလို့ရှိရင် သူရင်းနှီး မြှုပ်နှံချင်တိုင်း ရင်းနှီးမြှုပ်နှံလို့ ကျွန်တော်တို့ မရပါဘူး။ ဟုတ်လား ပါးစပ်နဲ့ ပြောပြီးတော့ ငါတော့ ဒီအလုပ် လာလုပ်မယ်ဆိုလို့ မရပါဘူး။ သေချာလုပ် ခုနက Proposal တင်ရတယ်။
ဒါတာ့ ရင်းနှီးမြှုပ်နှံလို့ ကောင်း၏ မကောင်း၏ ဒါကတော့ ကျွန်တော်တို့သူ့ဘက် ကိုယ်ဘက် နစ်နာဆုံးရှုံးမှုတွေ မပါလားပါလား ဒါတွေ ကျွန်တော်တို့ကြည့်ပါတယ်။ ဥပဒေ ရှုဒေါင့်ကနေ ကြည့်ရပါတယ်။ ဥပဒေ အကြံပေးတွေနဲ့ကြည့်ရပါတယ်။ ပြီးတော့မှသာ နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် ဆိုတဲ့ ဒီကိစ္စမျိုးကျွန်တော်တို့ လုပ်တာ ဖြစ်ပါတယ်။ ဒီလောက်ပဲ ကျွန်တော် ဖြေချင်ပါတယ်။
ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နှင့် ကေအိုင်အို လိုင်ဇာတွင် ဆွေးနွေး
Posted by drmyochit
Tuesday, October 23, 2012, under ပြည်တွင်းသတင်းများ | No comments
အစိုးရနဲ့
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွေ
ဖြစ်မြောက်ဖို့ ကြား ၀င်ဆောင်ရွက် ပေးနေတဲ့ အကျိုး တော်ဆောင် အဖွဲ့ဝင် ၂ ဦးဟာ အစိုးရနဲ့
ကချင် လွတ်လပ်ရေး အဖွဲ့ (ကေအိုင် အို) တို့ ထပ်မံ ဆွေးနွေးဖို့ ရက်သတ် မှတ်ရေးအတွက်
ကေအိုင်အို ဌာနချုပ် ရှိရာ လိုင်ဇာမှာ ဒီနေ့ ဆွေးနွေး နေပါတယ်။
ရည်းစားဖြစ်သူ၏ မိဘများမှ လက်ထပ်ရန်သဘောမတူသဖြင့် အသက် ၂၂ ရွယ် အမျိုးသားတစ်ဦး မိမိကိုယ်မိမိ အဆုံးစီရင်
Posted by drmyochit
Tuesday, October 23, 2012, under ပြည်တွင်းသတင်းများ | No comments
ရည်းစားဖြစ်သူ၏
မိဘများမှ လက်ထပ်ရန် သဘောမတူသဖြင့် စိတ်ညစ်ပြီး အသက် ၂၂ ရွယ် အမျိုးသား တစ်ဦး မိမိကိုယ်မိမိ
အဆုံးစီရင်ခဲ့မှု ဗဟန်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မင်းပြားနဲ့ မြောက်ဦးမှာ အကြမ်းဖက်မှုဖြစ်ပွားခြင်း၏ (နောက်ဆုံးရသတင်း) VOA
Posted by drmyochit
Tuesday, October 23, 2012, under ပြည်တွင်းသတင်းများ | No comments
ရခိုင်ပြည်နယ်မြောက်ပိုင်း
မင်းပြား နဲ့ မြောက်ဦးမြို့နယ်တွေမှာ မနေ့ညနဲ့ ဒီကနေ့ မနက်အစောပိုင်းက စတင် ခဲ့တဲ့
မီးရှို့မှုနဲ့ တိုက်ခိုက်မှုတွေ ကို ပြည်နယ် အစိုးရက လုံခြုံရေး တပ်ဖွဲ့
တွေရဲ့ အကူ အညီ ရယူပြီး အခြေ အနေကို ငြိမ်သက်အောင် ထိန်းချုပ်နေပါတယ်။
အသက် ၇၅နှစ်အဖွားအိုတစ်ဦး အဓမ္မပြုကျင့်ခံရ
Posted by drmyochit
Tuesday, October 23, 2012, under ပြည်တွင်းသတင်းများ | No comments
အသက်
၇၅နှစ် အရွယ် အဖွားအို တစ်ဦး အဓမ္မ ပြုကျင့် ခံခဲ့ရ မှုကြောင့် ရွှေပြည်သာ ရဲစခန်းတွင်
အမှု ဖွင့် ထားကြောင်း သတင်းရရှိသည်။ အောက်တိုဘာလ ၂၀ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊
ဝါးတစ်ရာ ၂၃ ရပ်ကွက်၌ နေထိုင်သည့် ဒေါ်---၇၅နှစ် ဖြစ်သူမှာ နေအိမ်တွင် သမီးဖြစ်သူ မခင်ရွှေတို့
လင်မယား စကား များရန်ဖြစ် နေမှုကြောင့် သာကေတမြို့နယ်ရှိ သူငယ်ချင်းဖြစ်သူ ဒေါ်စိန်သန်း၏
နေအိမ်သို့ ညအိပ် ရန် သွားရောက် ခဲ့ကြောင်း သိရှိရသည်။
ဘင်္ဂလီများမှ သေနပ်များဖြင့် ပစ်ခတ်မှုဖြင့် ရခိုင် ၄ ယောက်နှင့် စစ်တပ်မှ ၂ ယောက် ကျဆုံး(ယနေ့ နောက်ဆုံးရ သတင်း)
Posted by drmyochit
Tuesday, October 23, 2012, under ပြည်တွင်းသတင်းများ | No comments
ဆရာကြီးဖိုးသောကြာ၊ ဦးမြတ်ခိုင်တို့၏ မေးမြန်းချက်များအပေါ် နိုင်ငံတော်သမ္မတ၏ ရှင်းလင်းဖြေကြားချက်
Posted by drmyochit
Tuesday, October 23, 2012, under ပြည်တွင်းသတင်းများ | No comments
ရခိုင်ပြည်နယ်အခြေအနေကိုမည်သို့ဆက်လက်ကိုင်တွယ်ဆောင်ရွက်မည်လဲဟု
AFP သတင်းဌာန မှ မေးမြန်းချက်။
သမီးမေးတဲ့
မေးခွန်းက အင်မတန်မှ မေးသင့်မေးထိုက်တဲ့ မေးခွန်းဖြစ်ပါတယ်။ ရခိုင် ပြည်နယ် ရဲ့ အရေး
ကိစ္စဟာ တိုင်းပြည်ရဲ့အရေးကြီးတဲ့ အရေးကိစ္စတစ်ခု ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့
အစိုးရ တက်လာ ပြီးတဲ့နောက်ပိုင်းမှာ ခုနကလို အောင်မြင်မှုတွေလည်းရှိပါတယ်။ နောက်တစ်ခါ
အခက်အခဲ တွေ စိန်ခေါ် မှုတွေ ဒါတွေလည်းရှိပါတယ်။ အဲဒီတော့ အဲဒီ အခက်အခဲတွေ စိန်ခေါ်မှုတွေထဲကမှ
မမျှော်လင့်ဘဲ ဖြစ်လာ တဲ့ အခက်အခဲ စိန်ခေါ်မှုကတော့ ဒီ ရခိုင်ပြည်နယ် အရေးကိစ္စပဲဖြစ်ပါတယ်။
အဲဒီတော့ ဒီဟာက ခုနကလို ကမ္ဘာက တစ်ချို့လည်း ကျွန်တော်တို့အပေါ်မှာ နားလည်မှုတွေ စာနာမှုတွေ
ရှိပါတယ်။ တစ်ချို့ လည်း ဖြစ်ရပ်မှန်တွေကို အမှားဖြစ်အောင် လုပ်ကြံဖန်တီးပြီးတော့ စွပ်စွဲတာတွေ
ကမ္ဘာ့အလယ်မှာ မျက်နှာ ပျက်အောင် လုပ်တာတွေ ဒါမျိုးတွေလည်း ဒီကနေ့ ကျွန်တော်တို့ ကြုံတွေ့နေရ
ပါတယ်။ အဲဒီတော့ ဒီလူ့ အဖွဲ့ အစည်းနှစ်ခုပေါ့၊ လူ့အဖွဲ့အစည်းနှစ်ခုဟာ တစ်နေရာတည်းမှာ
နေနေရတာ ဖြစ်တဲ့အတွက်ကြောင့် ခုနလို ဘယ်လိုနည်းမျိုးတွေနဲ့ အတူယှဉ်တွဲပြီးတော့ နေနိုင်မလဲဆိုတာကို
ဒီအချက် က ကျွန်တော်တို့ အတွက် အရေးအကြီးဆုံးအချက် ဖြစ်ပါတယ်။ အဲဒီတော့ အတူယှဉ်တွဲပြီးတော့
နေနိုင်ဖို့ အတွက် လုပ်ရ မယ့် လုပ်ငန်းတွေကတော့ အများကြီးရှိပါတယ်။ အများကြီးရှိပါတယ်။
အခြေခံကျတဲ့ လုပ်ငန်း တွေ၊ အခြေခံ ကျတဲ့ လုပ်ငန်းတွေက ခုနကလို ပညာရေးပါပဲ။ အဲဒီဒေသမှာရှိတဲ့
လူတွေက အသိပညာတွေ ကြွယ်ဝဖို့ လိုပါတယ်။ နောက်တစ်ခါ အမြင်တွေ ကျယ်ဖို့ လိုပါတယ်။ အမြင်တွေကျယ်ဖို့
လိုပါတယ်။ ကိုယ်လူ မျိုးကို ကိုယ်ချစ်ပါတယ်။ ကိုယ်လူမျိုးချည်းပဲ ကိုယ်ချစ်လို့ မရပါဘူး။
ကမ္ဘာမှာ ဒီကနေ့ Human Right ဆိုတဲ့ လူ့အခွင့်အရေးတွေ ဘာတို့ ဒါတွေကိုလည်း အလေးထားပြီးတော့
လုပ်ရ ပြုရ တာဖြစ် ပါတယ်။ တစ်အချက်ကတော့ စိတ်ထားတွေပြောင်းအောင် လုပ်ရမှာဖြစ် ပါတယ်။
လက်ခံနိုင်တဲ့ စိတ်ထား တွေ ဒီလို ဖြစ်ပေါ်လာအောင် ကျွန်တော်တို့ လုပ်ရမှာဖြစ်ပါတယ်။
အဲဒီတော့ လက်ခံနိုင်တဲ့ စိတ်ထားတွေ ဆိုတာလည်း ခုနကလို ပညာရေး၊ ဒီအပေါ်မှာ အခြေခံတာဖြစ်တဲ့အတွက်ကြောင့်
ပညာရေး ကနေ စပြီးတော့ အခြေခံပြီးတော့ ဒီလိုတွေ ဒါ လုပ်ပေးစရာတွေရှိနေပါတယ်။ ဟိုတစ်ဖက်က
ဘင်ဂလီ တွေ ဆိုလို့ရှိ ရင်လည်း သားသမီးတွေ မွေးဖွားတာတွေက အင်မတန်မှ များပါတယ်။ များတဲ့
အတွက်ကြောင့် လည်း ဒီက ခုနကလို ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ အဲဒီတော့ ဒါနဲ့ပတ်သက်ပြီး တော့လည်း
ဥပဒေက တော့ ဘယ်လောက် မွေးရမယ်၊ ဘယ်လောက်မမွေးရဘူး ဆိုတာတော့ မရှိဘူး။ ကျွန်တော်တို့ဆီမှာလည်း
မရှိပါ ဘူး။ သို့သော် လည်းပဲ ခုနကလို ဒီဒေသမှာရှိနေတဲ့ ဒေသခံတွေရဲ့ ဓလေ့ထုံးတမ်းစဉ်လာအရ
ဘယ် လောက်ပဲ မွေးရ မယ်။ ဒါလေးတွေလည်း ညှိနှိုင်းပြီးတော့မှ လူဦးရေတိုးပွားနှုန်းတွေလည်း
အဲဒီဘက် တွေမှာ သိပ်ပြီးတော့ အလွန် အကျွံတွေ မဖြစ်အောင် ကျွန်တော်တို့ လုပ်သွားဖို့လိုပါတယ်။
နောက်တစ်ခုက ပညာရေး အပြင် အလုပ် အကိုင် ရရှိရေးဟာလည်း သူတို့အတွက် အရေးကြီးပါတယ်။ အလုပ်
အကိုင် ရရှိရေးက အရေးကြီးပါတယ်။ ဥပမာ- ဘင်ဂလား ဒေ့ရှ်က လူဦးရေကို ထိန်းတာ ဘာနဲ့ ထိန်းသလဲဆိုတော့
အလုပ် အကိုင်ရရှိရေးနဲ့ သူတို့ထိန်းပါတယ်။ ဥပမာ- အထည်ချုပ်စက်ရုံ လိုဟာမျိုးမှာ မိန်းကလေး
တစ်ယောက်က အလုပ်ဝင်လုပ်တယ် ပြုတယ်ဆိုလို့ရှိရင် ခလေးက နှစ်ယောက်အပြင် သူတို့ ပိုပြီးတော့
မယူချင် ကြပါဘူး။ အဲဒါ ကလေးတစ်ယောက်ရှိတာတောင်မှ အင်မတန်မှ အလုပ်အကိုင် တစ်ဖက်က လုပ်ရပြု
ရတာဆိုရင် ကျွန်တော်တို့လည်း ဒီမှာ အလုပ်တစ်ဖက်နဲ့ မိခင်တွေ ပါမှာပါ။ အင်မတန် အခက်
အခဲရှိပါတယ်။ အဲဒီတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့၊ နောက်တစ်ခါ ကျွန်တော်တို့
မြင်တတ် တဲ့ပေါ့ ခုနကလို ဟိုနင်း သူရယ်ငါရယ် သူ့လူမျိုးရယ် ကိုယ့်လူမျိုးရယ် ဖြူတယ်ရယ်
မည်းတယ် ရယ် ဒီလို အစွဲအလမ်းတွေကို သိပ်ပြီးတော့ ဦးစားမပေးဘဲနဲ့ လူသားဆိုတဲ့ စိတ်ဓာတ်နဲ့
နောက်တစ်ခါ လူ့အခွင့် အရေးကို ဒီကနေ့ ကမ္ဘာကလည်း ကြည့်နေတယ်။ လူ့အခွင့်အရေးကို ဦးစားပေးနေတယ်။
လူတွေ လည်း ခုနကလို ကမ္ဘာကြီးနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်ထိုင်တတ် ရမယ်ဆိုတဲ့
ဒီအတွေး အခေါ်တွေ အလေ့အကျင့်တွေ ရအောင် ဒါတွေ ကျွန်တော်တို့ လုပ်ပေးသွားမှပဲ ဒီလူ့အဖွဲ့အစည်း
နှစ်ရပ် က အတူတကွနဲ့ နေထိုင်နိုင်ကြမှာ ဖြစ်ပါတယ်။ မနေလို့လည်း မရပါဘူး။ မနေလို့လည်း
မရပါဘူး။ အဲဒီ တော့ နေနိုင်တဲ့ နည်းလမ်းတွေတော့ ကျွန်တော်တို့လည်း အများကြီး ရှာကြံနေပါတယ်။
အခု ဆိုလို့ ရှိရင် ကျွန်တော်တို့ ဒါ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ကြားအဖွဲ့အစည်းတစ်ခုအနေနဲ့
အားလုံး (၂၇) ယောက်ပါ တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ လွှတ်လိုက်ပါပြီ။ လွှတ်လိုက်ပြီးတော့
သွားပြီးတော့ စုံစမ်းစစ်ဆေး နေပါတယ်။ ဒီအဖွဲ့လည်း တော်တော်လေး ဦးနှောက်ခြောက်နေ ပုံရပါတယ်။
ဒီကနေ့ထိတော့ ကျွန်တော့်ကို သူတို့ ဘာမှ အကြံပေးတာတွေ ဘာတွေတော့ သူတို့ မလုပ်နိုင်သေးပါဘူး။
အဲဒီတော့ သူတို့ရဲ့ အကြံပေး ချက်တွေ ပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ အကောင်း ဆုံးဖြစ် အောင်
အကောင်အထည် ဖော်ပြီးတော့ ဆောင်ရွက် သွားဖို့ ရှိပါတယ်။
မြောက်ဦးတွင် အကြမ်းဖက်မှု ရခိုင် ၅ဦးသေဆုံး
Posted by drmyochit
Tuesday, October 23, 2012, under ပြည်တွင်းသတင်းများ | No comments
၎နာရီ
၃၀ မိနစ် ရရှိသော သတင်း
မြောက်ဦး
မြို့နယ်တွင် ဖြစ်ပွါးနေသော ဆူပူ အကြမ်း ဖက်မှုတွင် ဘင်္ဂါလီ လူမျိုးများ သတ်ဖြတ်မှုကြောင့်
ရခိုင်တိုင်းရင်းသား ၅ ဦး သေဆုံးခဲ့ပြီး အလောင်း သုံးလောင်းမှာ
မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးကို ရောက် ရှိနေပြီ ဖြစ်ကြောင်း မြောက်ဦးမြို့ နယ်ဒေသခံ
အမျိုးသားတစ်ဦးက ပြောကြားသည်။
ဆေးရုံတွင်
ရောက်ရှိနေသော အလောင်းသုံးလောင်းမှ ဘီဘူးပြန် ကျေးရွာ အုပ်စုမှ ဖြစ်ပြီး ကျန်နှစ်ဦး
အလောင်းကို ထုတ် ပေးရန် စစ်သားများက တောင်းနေကြောင်း၊ ဆေးရုံသို့ ရောက်ရှိနေသော အလောင်း
သုံးလောင်းတွင် ညီပု ဆိုသော ရခိုင် တိုင်းရင်းသား တစ်ဦး ပါဝင်ကြောင်း ၄င်းက ဆိုသည်။
လူသတ်တရားခံ ကြေးမုံကမိ ရဲကမမိ
Posted by drmyochit
Tuesday, October 23, 2012, under ပြည်တွင်းသတင်းများ | No comments
ရင်းနှီးမြှုပ်နှံမှု ဥပဒေ အမြန်ဆုံး ထုတ်ပြန်နိုင်ဖို့ သမ္မတ ဦးသိန်းစိန် မျှော်လင့်
Posted by drmyochit
Tuesday, October 23, 2012, under နိုင်ငံတကာသတင်းများ | No comments
မြန်မာနိုင်ငံမှာ
နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးအတွက် လိုအပ်နေတဲ့ ဥပဒေတရပ်ကို
မကြာခင် ရက်ပိုင်း
အတွင်းမှာပဲ ချမှတ်နိုင်တော့မယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြား
လိုက်ပါတယ်။ ဒီဥပဒေ ပြဌာန်း နိုင်ဖို့ လုပ်ဆောင်နေတာ အချိန်ကြာမြင့်နေပြီဖြစ်ပြီး လွှတ်တော်မှာ
လအတော်ကြာ ညှိနှိုင်း ဆွေးနွေး ငြင်းခုံမှုတွေ လုပ်ခဲ့ရသလို လွှတ်တော်နဲ့ သမ္မတရုံးတွေမှာ
ပြင်ဆင်မှုတွေ လုပ်ဆောင်နေရပေမဲ့ မကြာခင် ရက်ပိုင်း အတွင်းမှာပဲ အပြီးသတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ဥပဒေမူကြမ်း တရပ် ထွက်ပေါ် လာတော့မှာ ဖြစ်ကြောင်း တနင်္ဂနွေနေ့ ပြည်တွင်း သတင်းမီဒီယာတွေနဲ့
နေပြည်တော် တွေ့ဆုံဆွေး နွေးပွဲမှာ သမ္မတ က ပြောကြားခဲ့တာပါ။ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ
အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရလက်က နေ အရပ်သားအစိုးရ တက်လာခဲ့တဲ့ နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ်
သမ္မတက ပြည်တွင်း သတင်း မီဒီယာ တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနှင့် မြန်မာ အလုပ်သမားများ ခိုက်ရန်ဖြစ်၊ ၃ ဦး ဒဏ်ရာ ပြင်းထန်
Posted by drmyochit
Tuesday, October 23, 2012, under သတင်းများ | No comments
မိုးကောင်းမှာထွက်တဲ့ ငါးပေါက်သီးကလည်း လောင်စာတစ်မျိုးပါပဲ
Posted by drmyochit
Tuesday, October 23, 2012, under ပြည်တွင်းသတင်းများ | No comments
ကချင်
ပြည်နယ် ဒေသကြီး၊ မိုးညှင်းမှ ထွက်သော ငါးပေါက်သီး များကို ကောလင်း စည်ပင် ဈေးသို့
မီးရ ထားဖြင့် သယ်ပို့ ရောင်းချကြသည်။ စည်ပင် ဈေးတွင် ငါးပေါက် သီးများကို ခင်းကျင်း
ပြသပြီး၊နို့ဆီ ဗူးဖြင့် ချင့်တွယ်၍ လည်းကောင်း၊ ပြည်တောင်းဖြင့်ချင့်တွယ်၍လည်း ကောင်း၊လိုသလောက်ရောင်းချ
ပေးသည်။ နို့ဆီဗူး တစ်ဗူး(၂၀၀) ကျပ်၊တစ်ပြည်(၁၅၀၀)ကျပ်နှုန်း ပေါက်ဈေးရှိသည်။
သံတွဲခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းဝေမှလူထု ဆန္ဒထုတ်ဖော်ပွဲသို့ မလိုက်ပါရန် ၀န်ထမ်း များအား အတင်းအကျပ်ညွှန်ကြားခဲ့
Posted by drmyochit
Tuesday, October 23, 2012, under ပြည်တွင်းသတင်းများ | No comments
သံတွဲမြို့တွင်
မနေ့က ကျင်းပ ပြုလုပ်ခဲ့သော လူထု ဆန္ဒ ဖေါ်ထုတ် ပွဲတွင် ၀န်ထမ်းများ အနေဖြင့် လိုက်ပါ
ခွင့်မရခဲ့ပါ။ ၀န်ထမ်းများအနေဖြင့် အစိုး ရရုံးပိတ်ရက်တွင် ကျင်းပသော
ပြည်သူ့ ဆန္ဒဖေါ်ထုတ်ပွဲ သို့လိုက်ပါ လိုကြသည်။သို့သော်
သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေ အမိန့်အရ ဌာနဆိုင်ရာအရာရှိများမှ မိမိတို့
သက်ဆိုင်ရာ ၀န်ထမ်း များကို ဆန္ဒဖေါ်ထုတ်ပွဲသို့မလိုက်ပါရန်အတွက် အတင်း အကျပ် ညွှန်ကြား
ထားကြောင်း သိရပါ သည်။
KIO ၏ KIC ပါတီနှစ်ပတ်လည်နေ့တွင် ၀တ်ပြုဆုတောင်းပွဲပြုလုပ်ရန် လိုင်ဇာက ညွှန်ကြားထား
Posted by drmyochit
Tuesday, October 23, 2012, under သတင်းများ | No comments
နန့်မှော်တိုက်ပွဲတွင်
ကျဆုံးသွားသော KIA ရဲများအတွက်ဆုတောင်းပေးနေသော ကျဆုံးသူ၏ ဇနီးသည် တစ်ဦး လာမည့် အောက်တိုဘာလ
၂၅ ရက်နေသည် ၅၂ နှစ်မြောက် KIO ၏ KIC ပါတီ နှစ်ပတ်လည် နေ့ဖြစ်ပြီး ၄င်းနှစ်ပတ်လည်နေ့
အခမ်းအနားအား ကချင်ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်၊ တိုက်နယ်၊ တပ်ရင်း၊ တပ်ခွဲ၊
စခန်းများတွင် ၀တ်ပြု ဆုတောင်းပွဲများ ပြုလုပ်ကျင်းပသွားရန် လိုင်ဇာဌာနချုပ်မှ ညွန်
ကြားထားကြောင်း သိရပါတယ်။
ကလေးမြို့နယ်အတွင်း ခိုးဝင်ဘင်္ဂါလီများ အဆက်မပြတ် ၀င်ရောက်လာခြင်းကြောင့် ဒေသခံများ စိုးရိမ်
Posted by drmyochit
Tuesday, October 23, 2012, under နိုင်ငံတကာသတင်းများ | No comments
ကလေး
မြို့နယ်အတွင်း ခိုးဝင် ဘင်္ဂါလီများ အဆက်မပြတ် ၀င်ရောက်လာ ခြင်းကြောင့် ဒေသခံများ စိုးရိမ်
မှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု သိရှိရ ပါသည်။ ''ကလေးမြို့နယ်အတွင်းကို
စက်တင်ဘာလကနေစပြီး အခု အချိန်အထိ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေ မိတာ လေးကြိမ် ရှိပါပြီ ။
အောက်တိုဘာလ ၂၀ ရက်နေ့ ညကပဲ ခိုးဝင် ဘင်္ဂါလီ အမျိုးသမီး တစ်ဦး မိတယ်။ စက်တင်ဘာလ ၁၆
ရက်နေ့ ကနေပြီး ဒီကနေ့ အထိ တစ်လ ကျော်ကျော် ကာလ အတွင်းမှာ ၃၁ ယောက် ရှိပါပြီ။
KIA တပ်သား(၃)ယောက် တာလောကြီးမှာ အလင်းဝင်
Posted by drmyochit
Tuesday, October 23, 2012, under ပြည်တွင်းသတင်းများ | No comments
KIA
တပ်မဟာ(၅) လက်အောက်ခံ ရင်း(၂၄)မှ တပ်သား သန်းထွန်း ဦးဆောင်သော တပ်သား(၂)ဦးသည် အောက်တိုဘာလ(၂၁)ရက်နေ့တွင်
တာလောကြီးရှိ ဗမာစစ်တပ်ထံသို့ အလင်းဝင်ခဲ့ကြောင်း သိရပါတယ်။အဆိုပါ
အလင်းဝင်လာသော KIA တပ်သားများမှာ တပ်သား သန်းထွန်း၊ တပ်သား လဒွဲနန်နှင့် တပ်သား ဇော်လန်းတို့
ဖြစ်ပြီး ၄င်းတို့ အားလုံးမှာ တာလောကြီး ရွာသားများဖြစ်ကြပြီး အဆိုပါတပ်သား(၃)ဦးမှာ
၂၀၁၁ ခုနှစ်တွင် တာလောကြီးရွာ၌ KIA တပ်များမှ လူသစ်ဝင်ရောက်ဖမ်းဆီးရာတွင် ရွာသား အယောက်(၂၀)ကျော်နှင့်အတူ
အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း တာလောကြီးရွာသားတစ်ဦးက ပြောပါတယ်။ “သူတို့ကို ဖမ်းတုန်းက
ကျွန်တော်တူ တစ်ယောက်လဲ ပါသွားတယ်။ ဒီကောင်တွေကတော့ သေပြီလို့ ပြောတာပဲ၊
သူတို့ ပြန်လာတော့ ရွာထဲကို အရင်လာတာ။ အလင်းဝင်ချင်တယ်ဆိုလို့ ကျွန်တော်က စစ်တပ်ကို
သွားပြောပေးရ တာ။ KIA က သူတို့ကို ဖမ်းသွားပြီးတော့ သင်တန်းတစ်လသင်ပေးပြီး တပ်ရင်းကို
လွှဲပေးလိုက်တာ”ဟု တာလောကြီးရွာသား တစ်ဦးက ပြောကြားခဲ့ပါတယ်။
အိုအိုင်စီ ရုံးဖွင့်ခွင့်မပြုလို့ သမ္မတ ထပ်မံကတိပေး
Posted by drmyochit
Tuesday, October 23, 2012, under ပြည်တွင်းသတင်းများ | No comments
အောက်တိုဘာလ
၂၁ ရက်နေ့တွေ ပြုလုပ်သည့် သမ္မတ၏ သတင်းစာရှင်းလင်းပွဲ (ဓါတ်ပုံ သမ္မတရုံး အင်တာနက် စာမျက်နှာ)
နိုင်ငံတော်
သမ္မတ ဦးသိန်းစိန်ဟာ သူ့ရဲ့ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ အောက်တို
ဘာလ ၂၁ရက်နေ့ မနက်က နေပြည်တော်မှာ ရှိတဲ့ သမ္မတ အိမ်တော်မှာ ကျင်းပခဲ့ပါတယ်။နေပြည်တော်
သမ္မတ အိမ်တွင် ကျင်းပ ပြုလုပ်သည့် သမ္မတ ဦးသိန်းစိန်ရဲ့ သတင်းစာ ရှင်းလင်းပွဲ ဒီကနေ့
ပြည်တွင်း ၊ ပြည်ပ သတင်းစာ ဆရာတွေကို ဖိတ်ခေါ်ပြီး၊ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ ရတဲ့
အကြောင်း ကို သမ္မတ ဦးသိန်းစိန်က အခုလို ရှင်းလင်း ပြောကြား ခဲ့ပါတယ်။