Wednesday, September 03, 2014

ကိုရီးယား အဖွဲ့စည်းကြီးရဲ့ အဖြစ်မှန်ရဲ.နောက်ဆက်တွဲသတင်းများ


အင်္ဂလန်နိုင်ငံ ဘရစ်စတိုလ် (Bristol) မြို့  အလှမယ် Amy Willerton က သူ့အနေနဲ့
Miss Asia Pacific World အလှမယ်ပြိုင်ပွဲ စီစဉ်ကျင်းပတဲ့ တောင်ကိုရီးယားအလှမယ်
အဖွဲ့နဲ့ တာဝန်ရှိသူများကို တရားစွဲဆိုသွားမယ်။
————————————————————————————————-
ရှုပ်ထွေးပွေလီနေတဲ့ အရှုပ်တွေများနဲ့ မြန်မာပြည်မှာ ဒီရက်ပိုင်းအတွင်း ဟိုးလေး
တကျော်ကျော် ဖြစ်နေတဲ့ အလှမယ် မေမြတ်နိုးရဲ့  ပြဿနာကလည်း နိုင်ငံသိမဟုတ်၊ ကမ္ဘာကျော် ဖြစ်နေတယ်ဆိုတော့ ဒီ ရုပ်ဆိုးညစ်စုတ်လှတဲ့ အလှမယ်ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ ဖတ်မိတဲ့ သတင်းတပုဒ်ကို မိုးမခစာဖတ်သူများအတွက် မျှဝေလိုက်ပါတယ်။

အင်္ဂလန်နိုင်ငံ ဘရစ်စတိုလ် (Bristol) မြို့  အလှမယ် Amy Willerton က သူ့အနေနဲ့
Miss Asia Pacific World အလှမယ်ပြိုင်ပွဲ စီစဉ်ကျင်းပတဲ့ တောင်ကိုရီးယားအလှမယ်
အဖွဲ့နဲ့ တာဝန်ရှိသူများကို တရားစွဲဆိုသွားမယ်လို့ ပြောဆိုလိုက်တယ်။

အင်္ဂလန်နိုင်ငံ ၂၀၁၃ Miss Universe Great Britain သရဖူပိုင်ရှင်၊ ၂၀၁၀ အသက်
(၁၇) နှစ်မှာ ဘရစ်စတိုလ်မြို့  အလှမယ်သရဖူ ရရှိခဲ့သူ၊ ၂၀၁၁ မှာ Miss Bath နဲ့
၂၀၁၂ မှာ Miss Wales ဆုတွေ ဆွတ်ခူးထားသူ အလှမယ် အေမီ က ဒီနှစ်အစောပိုင်း
တာင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Miss Asia Pacific World ပြိုင်ပွဲကာလ
အတွင်း သူ့ရဲ့  လုံခြုံရေးအတွက် ပြိုင်ပွဲမှာ ထွက်ခဲ့ကြောင်း ပြောဆိုတယ်။

အသက် (၁၉) နှစ်သူ အေမီ က အင်္ဂလန်နိုင်ငံ Wales ပြည်နယ်ကိုယ်စားပြုပြီး ဒီနှစ်
အစောပိုင်း မေလမှာ တောင်ကိုရီးယားနိုင်ငံ၊ ဒေဂူးမြို့ မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Miss Asia
Pacific World (မေမြတ်နိုး အနိုင်ရရှိခဲ့ပြီး သရဖူးပြန်သိမ်းမယ် ဘာညာအရှုပ်အရှက်
ပြဿနာများဖြစ်နေတဲ့ ပြိုင်ပွဲ) အလှမယ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်တယ်။

အေမီရဲ့  စွပ်စွဲပြောဆိုချက်တွေထဲမှာ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သူတွေကို လိင်ပိုင်ဆိုင်ရာ
နှောက်ယှက်မှုတွေ၊ လာဘ်စားမှုတွေ ရှိသလို၊ အစားအသောက်လည်း မကျွေးခဲ့ဘူးလို့
ဆိုတယ်။

အလှမယ်ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Lawrence Choi က ဒီလို ပြိုင်ပွဲဝင်
သူတွေရဲ့  ပြောဆိုမှုတွေကို သူ့အနေနဲ့ တောင်းပန်ကြောင်း။ သူ့ရဲ့  အီးမေးလ်မှာ ဒီလို
လုပ်ရပ်တွေက အလှမယ်ပြိုင်ပွဲကို ထိခိုက်ပျက်စီးစေခဲ့ပြီး ဆိုးဝါးတဲ့လုပ်ရပ်တွေလို့
ပြောဆိုထားတယ်။အလှမယ်သရဖူ အနိုင်ရရှိသူအနေနဲ့ ဆုငွေ ဒေါ်လာနှစ်သောင်းနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အခမဲ့ ခွဲစိတ်ပြုပြင်ပေးမယ့် ဒီအလှမယ်ပြိုင်ပွဲကို နိုင်ငံ (၅၀)
မှ အလှမယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတယ်။

ကျမတို့ကိုထားတဲ့ ဟိုတယ်အခန်းတွေဆိုရင် အိပ်ရာအခင်းအကျင်း ဘာမှမရှိဘူး။ အစားအသောက်လည်း မပေးဘူး။ ဒါကို ကျမအနေနဲ့ ချက်ချင်း ကန့်ကွက်ပြောဆိုတော့
သူတို့က ဒီလို ပူညံပူညံ လုပ်နေရင် ပြိုင်ပွဲမှာ အနိုင်ရစရာ အခွင့်မရှိဘူးလို့ ခြိမ်းခြောက်ပြောဆိုတယ်။

နောက်တဆင့် တက်လာတာက ပြိုင်ပွဲမှာ ဆုရဖို့အတွက် လာဘ်ထိုးဖို့၊ ပြီးတော့ လိင်
ကာမပိုင်းဆိုင်ရာ အနှောက်အယှက်တွေ တောင်းဆိုမှုတွေ ပြုလုပ်လာတယ်။
တော်တော်လေးကို ဆိုးဝါးတဲ့ အခြေအနေဖြစ်လာခဲ့တယ်။ ဒီလို လွန်ကျူးတဲ့ ကာမ
ပိုင်ဆိုင်ရာ အနှောက်အယှက်တွေ ရှိလာတော့ သူနဲ့ ပြိုင်ပွဲဝင် အလှမယ်တချို့ က
သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားတိုင်ကြားခဲ့တယ်။

ရဲတွေရောက်ရှိလာပြီး ပြိုင်ပွဲကျင်းပရေး ဥက္ကဋ္ဌကို ခေါ်ယူမေးမြန်းစစ်ဆေးတဲ့အခါ ကျမ
တို့ကို ပြိုင်ပွဲစီစဉ်သူတွေက တားမြစ်ထားပြီး စကားပြောဆိုခွင့် လုံးဝမပေးခဲ့ဘူး။ ပြီးတော့
ရဲကို ပြိုင်ပွဲဥက္ကဋ္ဌ က ပိုက်ဆံအိတ်ဖွင့်ပြီး ငွေပေးလာဘ်ထိုးလိုက်တယ်။ ကျမတို့
ဘာသာပြန်က ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတွေနဲ့ ရဲတွေ ပြောဆိုချက်တွေကို ဘာဆို
ဘာမှ ဘာသာမပြန်ပေးဘူးလို့ အေမီ က သတင်းထောက်များကို ပြောဆိုတယ်။

ဒါနဲ့ မစ္စအေမီ က သူ့အစီအစဉ်နဲ့သူ ပြိုင်ပွဲကနတ်ထွက်ပြီး အိမ်ပြန်သွားခဲ့တယ် (အေမီနဲ့
အတူ Guyana နဲ့ Costa Rica နိုင်ငံတို့မှ အလှမယ်များလည်း ပြိုင်ပွဲမှ *နုတ်ထွက်ပြီး၊ အတူထွက်ပြေးခဲ့တယ်။ ပြိုင်ပွဲကျင်းပသူတွေက လေယာဉ်ကွင်းအထိ လိုက်လံပြီး
နှောက်ယှက်တားဆီးခဲ့ကြတယ်လို့ သူတို့က ထွက်ဆိုတယ်)။ ပြိုင်ပွဲဝင်ဖို့အတွက်လာ
ရောက်ခဲ့တဲ့ လေယာဉ်ခရီးစရိတ်ကို ပြန်ပေးမယ်လို့ ပြောဆိုထားတဲ့ကတိကို ပြိုင်ပွဲ
ကော်မတီက ငြင်းဆိုပြီး ပြန်မပေးခဲ့ဘူး။ ဒါကြောင့် *နိုင်ငံတကာတရားဥပဒေနဲ့ ဒီပြိုင်ပွဲ
ကျင်းပသူတွေကို တရားစွဲဆိုဖို့ လုပ်ဆောင်နေကြောင်း မစ္စအေမီ က ပြောဆိုတယ်။

ဘီဘီစီ က ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူ မစ္စတာ Choi ကို မစ္စအေမီ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးကြားပေမယ့် အကြောင်းပြန်ဆိုခြင်း မရှိခဲ့ဘူး။ သူ့ရဲ့ 
အီးမေးလ် တုန့်ပြန်ချက်ကတော့ ပြိုင်ပွဲအခမ်းအနား ဝင်ရောက်တဲ့ အလှမယ်များ နေထိုင်
ဖို့ နဲ့ သွားလာဖို့အတွက် စီစဉ်ထားတဲ့ ဟိုတယ် နဲ့ ခရီးသွားလာရေးကုမ္ပဏီက သူတို့နဲ့ သဘောတူချုပ်ဆိုထားတဲ့ စာချုပ်အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိတာကြောင့်
အခုလို လိုအပ်ချက်တွေ ရှိခဲ့ကြောင်း ရှင်းလင်းပြောဆိုထားတယ်။

ဘီဘီစီသတင်းဌာနက တောင်ကိုရီးယားနိုင်ငံ ဒေဂူးမြို့  ရဲစခန်းကို ဆက်သွယ်စုံစမ်းတဲ့
အခါ အာဏာပိုင်များက သူတို့ စုံစမ်းစစ်ဆေးချက်တွေအရ ရဲအရာရှိများအနေနဲ့ ဒီပြိုင်ပွဲတာဝန်ရှိသူများထံမှ လာဘ်ငွေခြစားမှု မရှိကြောင်း၊ တခြားပါဝင်ပတ်သက်မှု
များ မတွေ့ရကြောင်း ပြောဆိုတယ်။ တာဝန်ရှိသူများကို ပိုက်ဆံအိတ်ဖွင့်ပြီးပေးတာေ
ငွေကြေးမဟုတ်ဘဲ၊ မစ္စတာ Choi ရဲ့  စီးပွားရေးလုပ်ငန်း ကတ်ပြားဖြစ်ကြောင်း ရဲဌာနက ပြောဆိုတယ်။

ကိုးကားသတင်း – http://www.bbc.co.uk/news/uk-england-bristol-15369197

Bristol teenage beauty queen flees South Korean pageant
———————————————————————————–
Amy Willerton said she is considering taking legal action against the
pageant’s organisersA triple-crowned beauty queen from Bristol has
claimed she had to leave a competition in South Korea because she
feared for her safety.

Amy Willerton, 19, the title holder of Miss Bath, Miss Bristol and Ms
Wales University competed in Miss Asia Pacific World earlier this month.
But she alleged competitors were sexually harassed and bribed and
were not provided with food.

Organiser, Lawrence Choi has apologised to competitors over their
complaints.In an email he said the competition had been “totally
destroyed”.

‘Completely corrupt’Fifty competitors from around the world attended
the event in the hope of winning $20,000 and some girls were also offered
plastic surgery.

Ms Willerton said: “They put us in a hotel with no beds, they often didn’t
feed us.”I started complaining straight away, but they would always reply
with ‘you won’t win the contest if you complain’.
“Then it moved onto bribery, sexual harassment. Girls were offered places
in the competition in exchange for sex, in exchange for money, it was
completely corrupt.”

She said after being sexually harassed she and several others informed
police.

‘I am terribly sorry’
“When the police arrived they called in one of the chairmen of the pageant
who actually got his wallet out straight away and we were all pushed back
by the organisers so we couldn’t speak.
“Our translator would not translate for us, so we were completely helpless.”

Ms Willerton said she managed to arrange flights home but had not been reimbursed for the cost of the original flights which she was promised
when she agreed to take part.She said she was considering taking legal
action against the organisers of the event.

The BBC contacted Mr Choi about Ms Willerton’s allegations but has not
received a response.In his email to competitors Mr Choi said the
committees in charge of booking the hotels and transport “did not keep
the agreement”.

He said: “In conclusion, it’s fully my mistake and fault, I had only vision
but forget reality. I am terribly sorry what happened here in Korea.”

Photo: Amy Willerton said she is considering taking legal action against
the pageant’s organisers

သတင်း- မိုးမခ
ဓါတ်ပုံ- မိုးမခ၊ 7 Day Daily.

Thursday, August 21, 2014

ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲသစ် ထပ်မံ ထွက်ရှိ

Posted by drmyochit Thursday, August 21, 2014, under | No comments


ဂျေတေရိုလင်း ရေးသားထားသည့် ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲသစ် ထပ်မံ ထွက်ရှိခဲ့သည်။ ယင်း ဇာတ်လမ်းတွဲ သည် မှော်ဆရာ ဘီလက်စတီနာဝါဘက်ခ်၏ သီချင်းဆိုဟန်နှင့် ပတ်သက် ၍ ရေးဖွဲ့ထားသည့် အတ္တုပ္ပတ္တိ ဇာတ်လမ်း တစ်ပုဒ် ဖြစ်သည်။

ဇာတ်ကောင် စရိုက်သည် ဟယ်ရီပေါ်တာ  စာအုပ်ကွဲများတွင် ပါဝင်သော မိုလီဝီစိလေး၏  အကြိုက်ဆုံး အဆိုတော် အဖြစ် ရေးဖွဲ့ထားသည်။ ဆီလက်စတီနာဝါဘက်ခ်သည် ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲများ၏ ဇာတ်ကောင်များသည်" မိမိအကြိုက်ဆုံး ဇာတ်ကောင် စရိုက် တစ်ခု ဖြစ်ပါတယ်"ဟု ရိုလင်းက ပြောကြားသည်။

၎င်းတို့ အနေဖြင့် ထွက်ရှိပြီးသား ဟယ်ရီပေါ်တာ စာအုပ်တွဲ နှစ်ခုတွဲစလုံးတွင် ဆီလက်စကီနာ ကို မမြင်ခဲ့ ဖူးသော်လည်း ၎င်း၏ ပုံပန်း သွင်ပြင်နှင့် စတိုင်လ် သည် ရှီလေးဘက်စ်ဆေးနှင့် ဆင်တူ သည်ဟု ၎င်းအနေဖြင့် အမြဲတမ်း ပုံဖော်ခဲ့ပါတယ်ဟု ရိုလင်းက ပြောကြားသည်။

အဆိုပါ ဇာတ်လမ်းတွဲသစ်ကို Potter more website အတွင်း ရရှိနိုင်ပြီး Today.com တွင်လည်း ဖော်ပြထားသည်။ ဆီလက်စတီနာကို အသီးသီးသော ကတော့ ချွန်သဏ္ဍာန် ထင်ရှူးပင်နှင့် ဖီးနစ်ငှက်မွေးဖြင့် ပြုလုပ်ထားသည့် ကြိမ်တံကို သေခြင်း နိမိတ်အသံ ဆိုးဖြင့် အော်မြည်စွမ်း ရှိသည့် ဂရစ်ဖင်ဒါဟောင်း အဖြစ် သရုပ်ဆောင် ထားသည်။

Mizzima

Friday, July 25, 2014

ရိုက်ကူးနေဆဲ Dragon Bladeသည် ၎င်းစိတ်ကြိုက်အတွေ့ဆုံး ရုပ်ရှင်ဟု ဂျက်ကီချန်း မှတ်ချက်ပြု

Posted by drmyochit Friday, July 25, 2014, under | No comments



လက်ရှိ ရိုက်ကူးနေသည့် Dragon Blade ဇာတ်ကားသည် မိမိဘဝတွင် အထင်ကရ မှတ်တိုင်တစ်ခု ဖြစ်လိမ့်မည်ဟု ဂျက်ကီချန်းက ပြောကြားခဲ့သည်။

ဟောင်ကောင် အက်ရှင်မင်းသား ချန်းသည် (၂၀၁၅)ခုနှစ်တွင် ရုံတင်မည့် ရုပ်ရှင်မှာ ၎င်း၏ဘဝ တစ်လျှောက်လုံး လက်တွေ့ရိုက်ကူးရန် မျှော်လင့်ထားသည့် ဇာတ်ကားမျိုးဟု မှတ်ချက်ပြုခဲ့သည်။ ချန်းသည် Dragon Blade ရိုက်ကူးရေးအတွက် တရုတ်နှင့် အိန္ဒိယ နယ်နိမိတ်အနီး အက်ဆိုင်းသို့ ရောက်ရှိနေပြီး ယခုသီတင်းပတ် အစောပိုင်းက မီဒီယာများနှင့် ရိုက်ကွင်းတွင် တွေ့ဆုံခဲ့သည်။

“ဒီပရောဂျက်ကို အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ (၇)နှစ်လောက် အချိန်ယူခဲ့ရတယ်။ ဒါရိုက်တာ ဒန်နီရယ်လ်လီက ဇာတ်ညွှန်းကို စိတ်တိုင်းကျ ပြန်ပြီး အချောသပ်တယ်။ ဒီဇာတ်ကားဟာ ကျွန်တော် တကယ်တမ်း အလေးအနက် အလိုရှိခဲ့တဲ့ ရုပ်ရှင်မျိုးပါ။ ဇာတ်ဝင်ခန်းတွေထဲက ပြောစကားတွေ၊ ဇာတ်အိမ်အလှည့်အပြောင်းတွေ၊ အချိတ်အဆက်တွေ အားလုံးက အရမ်း ပြောင်မြောက်တယ်”ဟု ချန်းက ဆိုသည်။

Dragon Bladeသည် တရုတ်သမိုင်းနောက်ခံ ရုပ်ရှင်တစ်ကားဖြစ်ပြီး ရိုက်ကူးရသည်မှာ တာဝန်ကြီးလွန်းကြောင်းလည်း ချန်းက မှတ်ချက်ပြုခဲ့သည်။ “ရိုက်ကွင်းမှာ လူတွေရာနဲ့ချီပြီး လှုပ်ရှားနေတာကို ပေါ်လွင်စေဖို့အတွက် တိုက်ခိုက်မှု ပုံစံတွေကအစ ပိုပြီး ခက်ခဲတဲ့ အခြေအနေမျိုးကို ပြောင်းလဲလိုက်ရတယ်။ အများစုကတော့ သင်ပေးရင် အတတ်မြန်ကြပါတယ်”ဟု ချန်းက ဆိုသည်။ ၎င်းက “ဒီဇာတ်ကားမှာ ပါဝင်တဲ့ အတိုက်အခိုက် ဇာတ်ဝင်ခန်းတွေက တကယ့် မာမာထန်ထန်၊ အားပါပါ လှုပ်ရှားမှုတွေပါ။ ကိုယ်ခံပညာရဲ့ အနှစ်သာရ စစ်စစ်တွေကို ရုပ်ရှင်ပိတ်ကားပေါ်မှာ ပြသရတာမျိုးကို ကျွန်တော် အရမ်းကြိုက်ပါတယ်”ဟုလည်း ပြောကြားသွားသည်။

_Channel NewsAsia
7 Day

အက ကောင်းတဲ့ ထိုင်းနိုင်ငံက ရဲ

Posted by drmyochit Friday, July 25, 2014, under | No comments


ထိုင်း နိုင်ငံက ရဲတဦးက လူထု ဆက်ဆံရေး ကောင်းမွန်မှုကို ပြသတဲ့အနေနဲ့ ကျောင်းသား ကျောင်းသူတွေ နဲ့ တွေ့ဆုံပွဲ တခုမှာ အခုခေတ် လူငယ်တွေ အကြိုက် က ပြဖျော်ဖြေခဲ့ပါတယ်။

ထိုင်းရဲ ကပြဖျော်ဖြေသွားတဲ့ ကကွက်တွေက ယူနီဖောင်းဝတ်နဲ့ ကပြတာဖြစ်ပြီး ခက်ခဲတဲ့ ကကွက်တွေ လည်းဖြစ်ပါတယ်။

ကျောင်းသား ကျောင်းသူတွေက လည်း သူရဲ့ ကပြဖျော်ဖြေမှုကို အားပေးမှုက တခဲနက်ဖြစ်ပါတယ်။ ထိုင်း နိုင်ငံမှာ အခုလို လူထုဖျော်ဖြေရေး လုပ်ငန်းတွေအနေနဲ့ အစိုးရ ဝန်ထမ်းတွေက အလျဉ်းသင့်သလို
ဖျော်ဖြေ မှုတွေ လုပ်ကြပါတယ်။

မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့ လပိုင်းတွေက အွန်လိုင်းလောကမှာပါ နာမည်ကြီးခဲ့တဲ့ ရန်ကုန်မြို့က ယာဉ်ထိန်းရဲ့ တဦးရဲ့ တာဝန်ထမ်းဆောင်မှုက တကယ့်ကို အကွက်ကျကျ က  နေသလားလို့တောင် ထင်ကြရပါတယ်။


အိမ့်သံစဉ်
ဧရာဝတီ

Wednesday, July 23, 2014

နားဆင်ကြည့်ပါ

Posted by drmyochit Wednesday, July 23, 2014, under | No comments


ဒါကတော့ နာမည်ကြီး All of Me ဆိုတဲ့ သီချင်းပါ။ John Legend ရဲ့ ၂ဝ၁၃ ခုနှစ်က အမေရိကားမှာ ထွက်ခဲ့တဲ့ Love in the Future အမည်ရ တေးစီးရီးထဲက R&B သီချင်းကောင်းတပုဒ်ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မေလ ၁၆ ရက်နေ့က Billboard Hot 100 စာရင်းဝင်ဖြစ်လာခဲ့ပြီး ဗြိတိန်နဲ့ နယူးဇီလန်တို့မှာ နံပတ် ၂ နေရာရှိပြီး သြစတြေးလျ၊ ကနေဒါ၊ အိုင်ယာလန်၊ ပေါ်တူဂီ၊ ဆွီဒင်၊ ဆွစ်ဇာလန်နဲ့ နယ်သာလန်တို့ မှာ နံပတ် ၁ အဆင့်ချိန်တဲ့ သီချင်းကောင်းတပုဒ်ပါ။

All of Me သီချင်းကို အခု သီဆိုထားသူကတော့ Luciana Zogbi ဆိုတဲ့ မိန်းကလေးပါ။ သူ့ရဲ့ ယူကျုကနေ ဒီသီချင်းကို ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က တင်ခဲ့တာမှာ အခုဆို ကြည့်ရှုကြိမ်ရေပေါင်း ၈ သန်းနီး ပါး ရှိနေပါပြီ။ သူ့ရဲ့ ဒီသီချင်းလေးဟာ အွန်လိုင်းမှာတော့ လူကြိုက်များနေပါတယ်။

မြန်မာနိုင်ငံက ပရိသတ်တွေကတော့ ယူကျုကို ကောင်းကောင်း ကြည့်လို့မရတာကြောင့် သူ့ရဲ့ သီချင်း ဆိုထားတာအပေါ် အပြည့်အဝ ခံစားလို့ရမယ် တော့ မထင်ပါဘူး။

အင်တာနက် ကော်နက်ရှင် ကောင်းရင်တော့ ဒီသီချင်းကို အပြည့်အဝ ခံစားနားဆင်လို့ ရနိုင်ပါလိမ့်မယ်။

အိမ့်သံစဉ်
ဧရာဝတီ

Tuesday, June 10, 2014

သရဖူ စွန့်လိုက်ရတဲ့ ထိုင်း အလှမယ်

Posted by drmyochit Tuesday, June 10, 2014, under | No comments

ထိုင်းနိုင်ငံက ၂ဝ၁၄ ခုနှစ်အတွက် Miss Universe Thailand သရဖူဆုရှင် မစ္စ ဝေလူရီ ဖိုင် Weluree Fai ဟာ ထိုင်း လူမှု ကွန်ရက်တွေက သရဖူနဲ့ မထိုက်တန်ဘူးဆိုတဲ့ သူ့ကို အဆက်မပြတ် ပြင်းထန် တဲ့ ဝေဖန် တိုက် ခိုက်မှုတွေကြောင့် သရဖူကို စွန့်လွှန့် လိုက်ပါတယ်။

ထိုင်း မစ္စယူနီဗာ့စ် ၂ဝ၁၄ သရဖူဆုရှင် မစ္စ ဖိုင်၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

ဘန်ကောက်ဟိုတယ်မှာ အကျဉ်းလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းအလှမယ် ဖိုင်ဟာ မျက်ရည်စက် လက်နဲ့ အခုလို သရဖူကို ခြွင်းချက်မဲ့ ပြန်လည် အပ်နှင်တာဟာ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သာဖြစ် တယ် လို့ ပြောသွား ပါတယ်။
အလှမယ်သရဖူဆောင်းခဲ့ရစဉ်က ပျော်ရွှင်ခဲ့ရပေမယ့် ထိုင်း လူမှု ကွန်ရက်တွေက အဆက်မပြတ် ပြင်းထန် တဲ့ ဝေဖန်တိုက်ခိုက်ရေးသားမှုတွေကြောင့် မစ္စ ဖိုင်နဲ့ သူ့ မိသားစုဝင်တွေပါ စိတ်မချမ်းမြေ့ ဖြစ်ခဲ့ရတာလို့ လည်း ဆို ပါတယ်။ တချို့ဝေဖန်မှုတွေက သူဟာ ဗိုက်နဲ့ ပေါင်တံမှာ အဆီရှိတယ်ဆိုပြီး တိရိစ္ဆာန်နဲ့ နှိုင်းကာ အလှမယ်ဆိုတာ ဒီလို အဆီတဝင်းဝင်းနဲ့ ဝတုတ်မ ဖြစ်တယ် စသဖြင့် ဝေဖန်ပြစ်တင်တာမျိုးလည်း ပါဝင်ပါတယ်။

အသက် ၂၂ နှစ်အရွယ် တချိန်က တီဗွီအစီအစဉ်ကြေညာသူလည်း ဖြစ်၊ သရုပ်ဆောင်လည်းဖြစ်တဲ့ မစ္စ ဖိုင်ဟာ လွန်ခဲ့တဲ့ နှစ် နိုဝင်ဘာလလောက်က သူ့ရဲ့ တွစ်တာနဲ့ ဖေ့စ်ဘုတ် အကောင့်တွေကနေ ရှပ်နီ အုပ်စုတွေကို ပြင်း ထန်တဲ့ ဝေဖန်စာသားတွေနဲ့မှတ်ချက်တွေ ရေးခဲ့ဖူးပါတယ်။

ဒါကြောင့် အခုနှစ်အတွက် Miss Universe Thailand 2014 အလှမယ်ပြိုင်ပွဲမှာ နောက်ဆုံး အလှမယ် သရဖူ ဆု ကို ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့က အောင်မြင်ခဲ့ပေမယ့် ဝေဖန်မှုတွေနဲ့ အတော်ပဲ ပွဲဆူခဲ့တာပါ။

အဲဒီတုန်းက First Runner Up ဆုနဲ့ သာ နှစ်သိမ့်ကျေနပ်ခဲ့ရတဲ့ Ellie ကို ပရိသတ်က သရဖူရမယ်လို့
မျှော်လင့် ထားခဲ့ပြီး မစ္စဖိုင်က သရဖူရခဲ့တာကို အတော်အံ့အားသင့်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒါပေမယ့်  မေလ ၁၉ ရက်နေ့တုန်းကတော့ မစ္စ ဖိုင်ဟာ ဖေ့စ်ဘုတ်နဲ့ တွစ်တာတွေကနေ အဲဒီတုန်းက မစ္စယင်လတ်အစိုးရ ကို ထောက်ခံတဲ့ ရှပ်နီတွေကို ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ စကားလုံးတွေ သုံးခဲ့မိတာ ကို လူသိရှင်ကြားတောင်း ပန်ခဲ့ပါတယ်။

အခြေခံ လူတန်းစား ရှပ်နီတွေက သူတို့ကို ဝေဖန်ပြစ်တင်တဲ့ သူဟာ ထိုင်းနိုင်ငံကို ကိုယ်စားပြုတဲ့ အလှမယ်မဖြစ်သင့်ဘူးလို့ ဝေဖန်ရှုံချကြတယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်က ရေးပါတယ်။



အိမ့်သံစဉ်
ဧရာဝတီ

Monday, June 09, 2014

PSY ရဲ့ ဖန်တီးမှု အသစ် HANGOVER

Posted by drmyochit Monday, June 09, 2014, under | No comments

ယူကျုမှာ ကမ္ဘာ့စံချိန်တင် လူကြည့်များတဲ့ အိုပါဂမ်းနမ်စတိုင်နဲ့ ကမ္ဘာကျော်လာသူ ကိုရီးယား အဆိုတော် PSY ရဲ့ HANGOVER ဆိုတဲ့ ဖန်တီးမှု အသစ်ဟာ ဇွန်လ ၈ ရက်နေ့ကပဲ ယူကျုပေါ် ကို တရားဝင် တက် လာပြီး တရက် အတွင်း ကြည့်ရှုကြိမ်ပေါင်း ၃ သိန်းကျော် ရှိနေပါပြီ။


PSY ရဲ့ ပရိသတ်လည်း အသစ်ထွက်ပေါ်လာတဲ့ သူ့ရဲ့ ဖန်တီးမှုကို မြည်းစမ်းလို့ ရပါပြီ။




အိမ့်သံစဉ်
ဧရာဝတီ

Saturday, June 07, 2014

၂၀၁၄ ကမ္ဘာ့အလှဆုံး အမျိုးသမီးဆယ်ဦး

အရာအားလုံးတွင် အခြားအရာများနှင့် ကွဲပြားစေသော ကိုယ်ပိုင်ထူးခြားမှုနှင့် အရည်အသွေးများ ကိုယ်စီရှိကြသည်။ သို့သော် သဘာဝအလှဆိုသည်မှာ ကံ၏ အကျိုးကျေးဇူးသာဖြစ်၏။ ကမ္ဘာပေါ်တွင်ရှိသည့် လှပသောအရာများအနက် လူသားများလည်း ပါဝင်သည်။ အမျိုးသမီးတစ်ဦး၏အလှမှာ မျက်နှာအလှသာမဟုတ်ဘဲ ကိုယ်ခန္ဓာကောက်ကြောင်း အလှလည်း ပါဝင်သည်။ အမေရိကန်နိုင်ငံ ဟောလိဝုဒ်တွင် အချောအလှဆုံး အမျိုးသမီးများအတွက် ဆန္ဒမဲကောက်ခံခဲ့မှုအရ ၂၀၁၄ ခုနှစ် ကမ္ဘာ့အချောအလှဆုံး အမျိုးသမီး ၁၀ ဦးကို ဖော်ပြပေးလိုက်ပါသည်။

(၁၀) နာအိုမီဝပ်စ်

နာအိုမီဝပ်စ်၏အလှကြောင့် ၂၀၁၃ ကိုယ်ရေးအတ္ထုပ္ပတ္တိရုပ်ရှင်တွင် မင်းသမီးဒိုင်ယာနာအဖြစ် သရုပ်ဆောင်ရန် ရွေးချယ်ခံခဲ့ရသည်။ ၎င်းသည် ရုပ်ရှင်ကားများစွာတွင်လည်း ဘုရင့်သမီးတော်နေရာမှ ပါဝင်သရုပ်ဆောင်ထားသည်။ မျက်နှာအလှနှင့် ရွှေရောင်ဆံပင်တို့က ၎င်း၏ ကြော့ရှင်းလှပမှုကို များစွာအားဖြည့်ပေးသည်။

(၉) အလီစီယာကီးစ်

ဂီတပညာရှင်တစ်ဦးဖြစ်သည့် အလီစီယာကီးစ်မှာ အချိန်တိုတိုအတွင်း ၂၀၁၄ ခုနှစ် ကမ္ဘာ့အလှဆုံးအမျိုးသမီးများ စာရင်းတွင် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။ ၎င်းသည် သွယ်သွယ်လျလျနှင့် ဆွဲဆောင်မှုအလွန်ရှိသူဖြစ်ကာ သရုပ်ဆောင်အလုပ်လည်းလုပ်သူ ဖြစ်သည်။

(၈) ဇူအီဒက်စ်ချန်နယ်

ဇူအီဒက်စ်ချန်နယ်မှာ ၎င်း၏ ပင်လယ်ရေကဲ့သို့ အပြာရောင်မျက်ဝန်းများကြောင့် ကျော်ကြားပြီး အရပ်မြင့်ကာ ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး ထင်ရှားသော ဂီတပညာရှင်တစ်ဦး ဖြစ်သည်။

(၇) အန်ဂျလီနာဂျိုလီ
အန်ဂျလီနာဂျိုလီမှာ နာမည်ကြီးပြီး ဆွဲဆောင်မှုရှိသော မင်းသမီးဖြစ်ကာ အလွန်လှပသော အမျိုးသမီးတစ်ဦးဖြစ်သည်။ ၎င်းသည် အက်ရှင်ကားပေါင်းများစွာ ရိုက်ကူးထားပြီး တိုက်ခိုက်ရာတွင်လည်း ကောင်းသူဖြစ်သည်။ ၎င်းသည် စေတနာကောင်းသူတစ်ဦးဖြစ်ကာ ကမ္ဘာတစ်ဝန်း အလှူအတန်းများစွာ ပြုလုပ်ထားသည်။

(၆) အန်းဟက်သဝေး

ဟောလိဝုဒ်မင်းသမီး အန်းဟက်သဝေးမှာ တည်ငြိမ်လှပချောမောသော အမျိုးသမီးဖြစ်သည်။ ၎င်း၏ အပေါက်ဆုံးဇာတ်ကားမှာ Dark Night Rises ဇာတ်ကားဖြစ်ပြီး ငယ်ရွယ်စဉ်က ဘုရင့်သမီးတော်အဖြစ် ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သဖြင့် လူသိများသူဖြစ်သည်။

(၅) အမန်ဒါဆေးဖရီး

ဟောလိဝုဒ်၏ ငှားရမ်းခအများဆုံး မင်းသမီးတစ်ဦးဖြစ်သော အမန်ဒါဆေးဖရီးသည် အညိုရောင်ဆံပင်ကောက်ကောက်အရှည်နှင့် ခန္ဓာကိုယ်အချိုးအစား ပြေပြစ်သူဖြစ်သည်။

(၄) ကိတ်မစ်ဒယ်လ်တန်

ကိတ်မစ်ဒယ်လ်တန်၏ ဆွဲဆောင်မှုရှိသောအလှနှင့် မဟာဆန်မှုကို မည်သူမျှ ငြင်းနိုင်မည်မဟုတ်ပေ။ ၎င်း၏အရပ်မြင့်ခြင်း၊ ချစ်စရာကောင်းခြင်းနှင့် ဆံပင်ရှည်ရှည်ကြောင့် ကမ္ဘာ့တစ်ဝန်း ပရိသတ်များစွာ ရရှိထားသူဖြစ်သည်။

(၃) ရိုးစ်ဘန်နီ
၂၀၁၄ ကမ္ဘာ့အလှဆုံးအမျိုးသမီး ၁၀ ဦး စာရင်းတွင် တတိယနေရာ၌ ရှိနေသည့် ရိုးစ်ဘန်နီမှာ အံ့သြစရာလှပသော ရုပ်ရည်ရှိပြီး ယင်းတတိယနေရာကိုရရန် အသက်ငယ်ရွယ်လွန်းသူ ဖြစ်သည်။ ပြုံးနေစဉ် အလွန်ချစ်စရာကောင်းလောက်အောင် လှပသူဖြစ်သည်။ ၎င်းသည် Star War ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ထားသည်။

(၂) အေမီအဒမ်
ဟောလိဝုဒ်၏ ဈေးအကြီးဆုံး မင်းသမီးစာရင်းတွင် ပါဝင်သော အေမီအဒမ်မှာ ဟောလိဝုဒ်တွင်တွေ့ရသော အလုပ်အများဆုံး မင်းသမီးဟုပြောလျှင် လွန်မည်မထင်ပေ။ Man of Steel ဇာတ်ကားတွင် Lois Lane အဖြစ် သရုပ်ဆောင်ချက်မှာ အလွန်ဆွဲဆောင်နိုင်သည့် သရုပ်ဆောင်ချက်ဖြစ်သည်။

(၁) ရိုစီဟန်တင်တန်ဝှိုက်တလေ

အလွန်ချစ်စရာကောင်းသော အပြုံးနှင့် ပြီးပြည့်စုံသည့် ခန္ဓာကိုယ်အလှကို ပိုင်ဆိုင်ထားသည့် ဟောလိဝုဒ်ဈေးကြီးသော မင်းသမီးတစ်ဦးဖြစ်သူ ရိုစီဟန်တင်တန်ဝှိုက်တလေသည် ကမ္ဘာ့အလှဆုံးအမျိုးသမီးအဖြစ် ယခု ဆန္ဒမဲကောက်ခံမှုတွင် ရွေးချယ်ခံရသည်။ ၎င်း၏ အပေါက်ဆုံး ရုပ်ရှင်ဇာတ်ကားမှာ Transformer ဇာတ်ကား Dark of the Moon ဖြစ်ပြီး တစ်သက်တာ အလှဆုံးအမျိုးသမီးတစ်ဦးဟု ၎င်းကိုမှတ်ယူမှုမှာ ငြင်းဆန်ရန်ခက်ခဲသည်။

7 Day

Wednesday, May 21, 2014

ကိုယ်ရေးအထုပ္ပတ္တိ စာအုပ်အတွက် စိတ်လှုပ်ရှားနေသည့် ဂျေလို

Posted by drmyochit Wednesday, May 21, 2014, under | No comments

ဂျေလိုသည် သူမ၏ ဘဝနှင့် အချစ်ရေးတို့ကို ဖွင့်ဟထားသည့် Ture Love အမည်ရှိ ကိုယ်ရေးအထုပ္ပတ္တိ စာအုပ်ကို ရေးသားထားသည်

သူမ၏ ဘဝတွင် ပထမဆုံး ရေးသားထုတ်ဝေသည့် စာအုပ်နှင့် ပတ်သက်၍ စိတ်လှုပ်ရှားနေမိကြောင်း ဂျနီဖာလိုပက်ဇ်က ဖွင့်ဟဝန်ခံခဲ့သည်။ ဂျနီဖာသည် သူမ၏ ဘဝနှင့် အချစ်ရေးတို့ကို ဖွင့်ဟထားသည့် Ture Love အမည်ရှိ ကိုယ်ရေးအထုပ္ပတ္တိ စာအုပ်ကို ရေးသားထားသည်။ အဆိုပါ စာအုပ်ကို အောက်တိုဘာလတွင် ဖြန့်ချီသွားမည်ဖြစ်ရာ သူမဘဝ၏ အတွင်းကျကျ အချစ်ရေး ခံစားချက်များကို လူအများ သိရှိအောင် ဖြန့်ဝေလိုက်သည့် အခြေအနေအတွက် မတင်မကျ ခံစားချက်များ ဖြစ်ပေါ်မိကြောင်း ဂျနီဖာက ပြောကြားခဲ့သည်။

“ရယ်စရာတော့ကောင်းတယ်။ တကယ်တမ်းကျတော့ ကျွန်မအနေနဲ့ ကိုယ့်အကြောင်းတွေကို ပုံနှိပ်ထုတ်ဝေဖြစ်ဖို့ ခုလိုစာရေးဖြစ်ခဲ့တာ မဟုတ်ဘူးလေ”ဟု ဂျနီဖာက Peopleသို့ ဆိုသည်။ သူမက “ကျွန်မက နှစ်တိုင်းနှစ်တိုင်း ဒိုင်ယာရီ ရေးဖြစ်တယ်။ အထူးသဖြင့် ကမ္ဘာလှည့် ဖျော်ဖြေပွဲတွေ ရှိနေချိန်တွေမှာပေါ့။ လမ်းပေါ်မှာ ခရီးသွားဖြစ်နေတဲ့ အခါမျိုးမှာ တစ်ခုခု လုပ်ချင်နေတယ်လေ။ နောက်တော့ ကျွန်မ သတိပြုမိလာတယ်။ ဘုရားရေ။ ငါဟာ စာအုပ်တစ်အုပ် ရေးဖြစ်နေပါလား ဆိုတာကိုပေါ့”ဟုလည်း ရှင်းပြခဲ့သည်။


သူမက “တစ်ခါမှာတော့ စဉ်းစားမိလာတယ်။ ဒီအကြောင်းအရာတွေကို စာအုပ်ထုတ်သင့်သလား ဆိုတာကိုပေါ့။ ကျွန်မဘဝမှာ ထပ်တူကျ သင့်တော်သူ တစ်ယောက်ကို လိုက်ရှာမိတာ၊ ဆုတောင်းခဲ့ဖူးတာတွေ ရှိတယ်။ ကျွန်မရဲ့ ခံစားချက်တိုင်းကိုတော့ ဖြန့်ဝေပြတာမျိုး မဖြစ်ချင်ခဲ့ဘူး။ ဒါပေမဲ့လည်း  အမှားတစ်ခုကို ကျွန်မလုပ်ခဲ့ဖူးရင် ဒါမျိုးကို တခြားသူတွေ မကြုံစေချင်ဘူးလေ။ ဒါကြောင့်လည်း ကျွန်မ တတ်နိုင်သလောက် လူတွေကို ဝေမျှပေးဖို့ စဉ်းစားမိခဲ့တာပါ”ဟု ရှင်းပြခဲ့သည်။ On The Floorစတား အဆိုတော်သည် တနင်္ဂနွေနေ့က ကျင်းပသည့် Billboard ဂီတဆုပေးပွဲတွင် Icon Award ဂုဏ်ပြုဆုကို ချီးမြှင့်ခံရသည့် ပထမဆုံး အမျိုးသမီး အနုပညာရှင် ဖြစ်လာခဲ့ကြောင်းလည်း သိရှိရသည်။




From: Planet Myanmar Network

Tuesday, May 20, 2014

အော်လန်ဒိုဘလွန်းက တေလာဆွစ်ဖ်ရဲ့ နောက်ဆုံးချစ်သူဖြစ်လေမလား

Posted by drmyochit Tuesday, May 20, 2014, under | No comments


စံနဒီ ၊ရန်ကုန် ၊၂၀.၅.၂၀၁၄

မင်းသားချော အော်လန်ဒိုဘလွန်းဟာ မကြာသေးခင်ရက်ပိုင်းအတွင်းကမင်းသမီးငယ်လေး စလီနာဂွန်း မက်ဇ်နဲ့ ညဘက်ချိန်းတွေ့မှုလုပ်ခဲ့ဖူး ပါတယ်။တေလာဆွစ်ဖ်ရဲ့ အရင်းအနှီးဆုံး သူငယ်ချင်း အဆိုတော် အက်ရှီရန်ကတော့ဗြိတိန်သရုပ်ဆောင် အော်လန်ဒိုဘလွန်းဟာ Red အဆိုကျော် တေလာဆွစ်ဖ်နဲ့ မှပိုပြီးလိုက်ဖက်ညီကြောင်း မေ ၁၇ ရက်က ယူအက်ဝီးကလီးကို ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။

နာမည်ကြီး အမျိုးသားအဆိုတော်အက်ရှီရန်က အသက်၂၄နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကန်းထရီးဘုရင်မလေးတေ လာဆွစ်ဖ်တစ်ယောက်တည်းဖြစ်နေတာကြာပြီမို့ ချစ်သူအသစ်ရစေချင်ပြီးအဲဒီ ချစ်သူဟာ အသက် ၃၇နှစ်အရွယ် ၀ါရင့်မင်းသားအော်လန်ဒိုဘလွန်းဖြစ်သင့်ကြောင်း
ဝေဖန် ပြောကြားခဲ့ပါတယ်။

တေလာဆွစ်ဖ်ကလည်း 'ကျွန်မအမြဲတမ်း ဖြစ်လေ့ဖြစ်ထရှိနေတဲ့တွဲလိုက်၊ ပြတ်သွားလိုက်ပြဿ နာကို ဒီအချစ်ကစားပွဲတွေထဲကခဏ အနားယူလိုက်မှသာ ဖြေရှင်းနိုင်လိမ့်မယ်လို့ယူဆပါတယ်'လို့ မနှစ်က In Style မဂ္ဂဇင်း မှာ ၀န်ခံပြောဆိုပါတယ်။ တေလာဆွစ်ဖ်ဟာ၂၀၁၃ခုနှစ် ပထမဆုံးလမှာ One Direction အဖွဲ့ဝင်ဟယ်ရီစတိုင်နဲ့ ခဏတာချစ်ကျွမ်းဝင်ပြီး လမ်းခွဲခဲ့ရပါတယ်။

အဲဒီမတိုင် ခင်ကလည်း ခဏခဏ အသည်းကွဲခဲ့ရတဲ့ အတွက်အချစ်ကိစ္စတွေကနေ အနားယူပြီး အနုပညာအလုပ်ကိုသာ အာရုံစိုက်ခဲ့ကြောင်းဖော်ပြထားပါတယ်။

အက်ရှီရန်အပါအ၀င် အခြားသူငယ်ချင်းတွေနဲ့ အနုပညာအသိုင်းအ၀ိုင်းက ချစ်သူထားဖို့အချိန် တန်ပြီဖြစ်တဲ့ တေလာဆွစ်ဖ်ကို မော်ဒယ်လ်မင်းသမီးချောမီရန်ဒါကားရ်ရဲ့ခင်ပွန်းဟောင်း ကမ္ဘာကျော်
မင်းသား အော်လန်ဒိုဘလွန်းနဲ့ နီးစပ်သွားစေချင်တဲ့အတွက် သူငယ်ချင်းတွေ ရဲ့ပို့ဆောင်မှုကြောင့် သူတို့နှစ်ဦးနီးစပ်သွားလေမလားဆိုပြီး ရာဟူးသတင်းဌာနက ဖော်ပြထားပါတယ်။

စံတော်ချိန် နေ့စဉ်သတင်းစာ

Wednesday, April 23, 2014

Star Wars: Episode VII မှာ သရုပ်ဆောင်ဖို့ ခေါင်းတုံးတုံးခဲ့ရတဲ့ မင်းသမီး Karen Gillan

Posted by drmyochit Wednesday, April 23, 2014, under | No comments


Star Wars: Episode VIIဟာ ဘယ်လိုပုံစံမျိုးဖြစ် လာဦးမလဲ ဆိုတာ ကျွန်တော်တို့ မသိသေးပါဘူး။ ဇာတ်လမ်းဇာတ်ကွက် ဘယ်လိုရှိမယ်ဆိုတာကိုရောပါပဲ။

Adam Driverက လူဆိုးတစ်ယောက်အနေနဲ့ သရုပ်ဆောင်မယ်လို့ပဲ အတည်ပြုထားပါတယ်။ အပိုင်း ၆ ရဲ့ နောက်နှစ်၃၀အကြာက အဖြစ်အပျက်တွေပါ။

ခုသတင်းအတိုအစ သစ်တွေရထားပါတယ်။ Doctor Who ဇာတ်ကားနဲ့ လူသိများတဲ့ မင်းသမီး Karen Gillan ဟာ Guradians of the Galaxy မှာ ဘယ်လိုဘယ်ပုံ သရုပ်ဆောင်ထားကြောင်း၊ ဒါပေမဲ့ Star Wars ရဲ့ တစ်စိတ်တစ်ပိုင်း ပြည့်ပြည့်၀၀ကြီးမဟုတ်ကြောင်းတွေကို သူမက ပြောပြခဲ့ပါတယ်။ မင်းသမီး Karen Gillan ဟာ Guardians if the Galaxy မှာ သူမရဲ့ဇာတ်ရုပ်ကို သရုပ်ဖော်ဖို့အတွက် ခေါင်းတုံးတုံး ခဲ့ရတယ်လို့လည်း သိရပါတယ်။

Credit : Trend Myanmar

Tuesday, April 08, 2014

ဝိတ်လျှော့ရန်အတွက် အစားအသောက် အငတ်မခံနိုင်ကြောင်း ကိတ်အပ်တန်ဆို

Posted by drmyochit Tuesday, April 08, 2014, under | No comments


ဝိတ်လျှော့ရန်အတွက် အစားအသောက် အငတ်မခံနိုင်ကြောင်း ကိတ်အပ်တန်ဆို Sports Illustrated မဂ္ဂဇင်း၏ လုံးကြီးပေါက်လှ မော်ဒယ်လ်က သူမအနေဖြင့် ကိုယ်အလေးချိန် လျှော့ချရန် ဖိအားပေးမှုများစွာ ကြုံနေရသည့် အမျိုးသမီးများ၏ ရှေ့မှောက်တွင် စံပြုရမည့်သူမျိုး ဖြစ်ချင်ကြောင်းလည်း ဆိုသည်။

မိမိသည် ဝိတ်လျှော့ချင်သဖြင့် မိမိကိုယ်ကိုယ် အစာအငတ်ခံမည့် မိန်းကလေးမျိုး မဟုတ်ကြောင်း ကိတ်အပ်တန်က ပြောကြားခဲ့သည်။ Sports Illustrated မဂ္ဂဇင်း၏ လုံးကြီးပေါက်လှ မော်ဒယ်လ်က သူမအနေဖြင့် ကိုယ်အလေးချိန် လျှော့ချရန် ဖိအားပေးမှုများစွာ ကြုံနေရသည့် အမျိုးသမီးများ၏ ရှေ့မှောက်တွင် စံပြုရမည့်သူမျိုး ဖြစ်ချင်ကြောင်းလည်း ဆိုသည်။ Daily Star သတင်းစာနှင့် အင်တာဗျူးတွင် အသက်(၂၁)နှစ် အရွယ်ရှိ အမေရိကန် မော်ဒယ်လ်က “မိန်းကလေးတွေမှာ ဝိတ်လျှော့ဖို့ ဆိုတာက အမြဲတမ်းလိုလို ဖိအားတစ်ခုလို ရှိနေတာပါ။ ကျွန်မ ကောလိပ်မှာ ရှိနေတုန်းကတောင် ကြုံဖူးတယ်။ ဝိတ်မလျှော့ရင် ကျွန်မရဲ့ မော်ဒယ်လ်အလုပ်အတွက် အဆင်မပြေသလိုတောင် ပြောဆိုခံရဖူးတယ်လေ”ဟု ဖွင့်ဟခဲ့သည်။

ကိတ်က “ကျွန်မ စိတ်ထင်တော့ ပတ်ဝန်းကျင် အမြင်ဆိုတာ ဒီကိစ္စမှာ အများကြီး သက်ရောက်မှု ရှိနေသလိုပဲ။ ကျွန်မရဲ့ လက်ရှိ ပုံစံက ကြည့်ကောင်းတဲ့ အတိုင်းအတာမျိုးလို့ ထင်တယ်။ သေချာတာကတော့ ပိန်ချင်လို့ဆိုပြီး အငတ်ခံမယ့်ထဲမှာ ကျွန်မတော့ မပါဘူး”ဟုလည်း ဆိုသည်။ သူမက “ကျွန်မကတော့ ဘဝကို ပျော်ပျော်နေချင်တယ်။ ကိုယ်စားချင်တာမှ မစားရရင် ဘဝက ဘယ်လိုလုပ် ပျော်စရာ ကောင်းတော့မှာလဲ”ဟုလည်း မေးခွန်းထုတ်ခဲ့သည်။ ကိတ်သည် The Other Women ဇာတ်ကားတွင် ကင်မရွန်ဒိုင်ယက်ဇ်၊ လက်စ်လီမန်းတို့နှင့်အတူ သရုပ်ဆောင်ထားပြီး အမျိုးသမီးများအတွက် ကျန်းမာကြံ့ခိုင်သည့် အလှအပမျိုး ဆောက်တည်နိုင်အောင် ပါဝင်ကူညီခွင့် ရခဲ့သည့်အတွက် ပျော်ရွှင်မိကြောင်းလည်း ဆိုသည်။

“ဒီဇာတ်ကားက ကျွန်မအတွက်တော့ တကယ့်ကို စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု ဖြစ်ခဲ့ပါတယ်။ ကျွန်မက ပိန်အောင် ဝိတ်လျှော့နေဖို့ထက် ကျန်းကျန်းမာမာ နေထိုင်ဖို့ အမျိုးသမီးတွေ အားလုံးကို တိုက်တွန်းပြီး စံပြအနေနဲ့ ရှိချင်တယ်လေ။ ဒီဇာတ်ကားမှာ လူတွေကို ကျန်းမာရေးနဲ့ သင့်တော်တဲ့ နည်းလမ်းမျိုးနဲ့ ရှင်သန်နေထိုင်နိုင်အောင် ကျွန်မက ကူညီနိုင်ခဲ့တယ်လို့ ထင်ပါတယ်”ဟု ကိတ်က မှတ်ချက်ပြုသွားသည်။

Planet Myanmar Network.

Wednesday, March 12, 2014

K-popဂီတအဖွဲ့တစ်ခု ထူထောင်မည့် ဂျက်ကီချန်း

Posted by drmyochit Wednesday, March 12, 2014, under | No comments


ဂျက်ကီသည် ကိုယ်ပိုင် K-pop အဖွဲ့တစ်ခုကို စီမံဖန်တီးကာ စီစဉ်သူအဖြစ် နောက်ကွယ်မှ တာဝန်ယူ သွားမည်ဟု ဆိုသည်။

ဟောင်ကောင် နာမည်ကျော် အက်ရှင်မင်းသား ဂျက်ကီချန်း အနေဖြင့် တောင်ကိုရီးယား၏ K-pop ဂီတလော က ထဲတွင် အမျိုးသား အဆိုတော်အဖွဲ့တစ်ခု ထူထောင်ပေးသွားမည်ဟု သိရသည်။ ဂျက်ကီသည် ကိုယ်ပိုင် K-pop အဖွဲ့တစ်ခုကို စီမံဖန်တီးကာ စီစဉ်သူအဖြစ် နောက်ကွယ်မှ တာဝန်ယူသွားမည်ဟု ဆိုသည်။ အဆိုပါ ဂီတအဖွဲ့သစ်ကို ယခုလကုန်ပိုင်းတွင် မိတ်ဆက် ကြေညာဖွယ် ရှိနေကြောင်း တောင်ကိုရီးယား မီဒီယာများက ဆိုသည်။ ဂီတအဖွဲ့၏ အမည်ကို JJCCဟု အတိုကောက် အမည်ပေးဖွယ် ရှိနေပြီး သို့မဟုတ်ပါကလည်း Double JCဟု မှည့်ခေါ်နိုင်ကြောင်း သိရသည်။ ယင်းအဖွဲ့တွင် ကိုရီးယားမှ (၄)ဦးအပြင် တရုတ်မှ (၁)ဦးလည်း ပါဝင်မည်ဟု ဆိုသည်။

ဂျက်ကီ၏ ကုမ္ပဏီဖြစ်သော Jackie Chan Group Koreaက ယင်းအဖွဲ့ကို ကိုင်တွယ် တာဝန်ယူမည် ဖြစ်သည်။ ဖွဲ့စည်းမည့် အဖွဲ့ဝင် အားလုံးသည် အရပ် (၁.၈)မီတာအထက်တွင် ရှိကြပြီး အသက်(၂၀)ဝန်းကျင်များ ဖြစ်မည်ဟုလည်း သိရသည်။ ဂျက်ကီသည် အဖွဲ့ကို ဖွဲ့စည်းမှုနှင့် အဖွဲ့သားများ ရွေးချယ်စိစစ် အတည်ပြုပြီးနောက် လေ့ကျင့်ပေးမှုများတွင် ထဲထဲဝင်ဝင် ပါဝင်မည်ဟုလည်း ဆိုသည်။ ယခုအစီအစဉ်သည် ဂျက်ကီ၏ K-pop အနုပညာ နယ်ပယ်တွင် ပထမဆုံးအကြိမ် ပါဝင်ဆက်နွယ်မှု ဖြစ်လာကြောင်းလည်း သိရှိရသည်။

From: Planet Myanmar Network

Saturday, March 01, 2014

မိန်းမအချင်းချင်း နမ်းရတာကို ကြိုက်ပြန်တဲ့ မိုင်လီဆိုင်းရပ်စ်

Posted by drmyochit Saturday, March 01, 2014, under | No comments


Saturday, March 1, 2014

ပြီးခဲ့သည့် စနေနေ့ညက လော့စ် အိန်ဂျလိစ်မြို့ရှိ စတေပယ် စင်တာ တွင် ပြုလုပ်ခဲ့သည့် မိုင်လီ၏ ဖျော်ဖြေပွဲတွင် ပွဲလာကြည့်သော ကေတီပယ်ရီ ကို နမ်းလိုက် သဖြင့် ရွှေပွဲ လာပရိသတ်များက ဖုန်းများဖြင့် အမိအရ ဓာတ်ပုံရိုက်ခဲ့ကြ သည်။

”မိန်းကလေးတစ်ယောက်ကို နမ်း လိုက်မိရုံပါပဲ။ ဒါပေမဲ့ ဒီခံစားမှုကို ကျွန် မ တကယ် အများကြီးနှစ်သက်မိတယ်”ဟု မိုင်လီက စမတ်ဖုန်းဖြင့် ဓာတ်ပုံ ရိုက် နေကြသော ပရိသတ် ဆီသို့ ပြောကြား ခဲ့သည်။

အဆိုပါ မိုင်လီ၏ ဖျော်ဖြေပွဲသို့ ဟောလီးဝုဒ် အကျော်အမော်များ ဖြစ် သော ကိုးလ်ကာဒါရှိန်း၊ ဟီလာရီ ဒပ်ဖ်၊ နီးကိုးလ်ရစ်ချီ၊ ခရစ္စတီးနား အဂွီလီ ရာတို့ တက်ရောက် ခဲ့ကြပြီး ကေတီ သည် ရှေ့ဆုံးတန်းတွင် ကြည့်ရှုအား ပေးနေ ခဲ့ခြင်းဖြစ်သည်။

လာရောက် ကြည့်ရှုကြသော ပရိ သတ်ထောင်သောင်း များစွာ၏ ရှေ့ မှောက် တွင် ဤကဲ့သို့ အပြုအမူမျိုးကို ပြုလုပ်လိုက်မိသည့် အတွက် မိုင်လီမှာ အနည်းငယ်မျှ ရှက်ရွံ့ မိခြင်း၊ စိတ်ပျက် ခြင်းမရှိကြောင်း ပြန် လည်ပြောကြားခဲ့ သည်။

ထို့အပြင် ကေတီကလည်း သူမ ၏ တွစ်တာ စာမျက်နှာပေါ်တွင် ”နမ်း ပြီးသွားတော့မှ ငါနင့်ကိုပိုချစ်လာတယ်”ဟု ရေးသားသွားခဲ့သည်။

KTZO
Ref : Yahoo
Popular Myanmar News Journal

Friday, February 28, 2014

အာရပ်မင်းသားတစ်ပါးက ညနေစာအတူစားဖို့  ပေါင်တစ်သန်းပေး ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်တဲ့ နာမည်ကြီး ဂျာမန်စူပါမော်ဒယ် ကလောက်ဒီယာရှစ်ဖာ

Posted by drmyochit Friday, February 28, 2014, under | No comments

 
စူပါမော်ဒယ် ကလောက်ဒီယာရှစ်ဖာ ဟာ ညနေစာအတူစားဖို့ အာရပ်မင်းသားတစ်ပါးက ပေါင်တစ်သန်းနဲ့  ဌားရမ်းခဲ့မှုကို သူမ ငြင်းဆန်ခဲ့တဲ့အကြောင်း ဖွင့်ဟလိုက်ပါတယ်။

ဂျာမန်လူမျိုး အလှဘုရင်မ က သူမဟာ အခုလို မော်ဒယ်လောကရဲ့ ဘုရင်မတစ်ဆူဖြစ်ပြီး ကမ္ဘာပေါ်မှာ ဓာတ်ပုံအရိုက်ခံရဆုံး မိန်းမသားတစ်ဦးဖြစ်နေရတဲ့အတွက် သူမကို မရေမတွက်နိုင်တဲ့ ထူးထူးဆန်းဆန်း ကမ်းလှမ်းမှုတွေ ခံခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

“ ကျွန်မ ထူးထူးဆန်းဆန်းကမ်းလှမ်းမှုတွေ အများကြီးကြုံခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီ့အာရပ်မင်းသား ကိစ္စကတော့ အထူးဆန်းဆုံးပါပဲ။ ကျွန်မနဲ့ ညနေစာအတူစားဖို့ အတွက် ပေါင်တစ်သန်းနဲ့ ဌားရမ်းနိုင်မလား လို့  သူမေးတယ်လေ။ ကျွန်မကတော့ ငြင်းလိုက်တယ်။ ဒါနဲ့ ပဲ တခြား စူပါမော်ဒယ်တွေ အဲ့အခွင့်အရေးကို အမိဖမ်းသွားခဲ့တယ်” လို့ သူမက ပြန်ပြောကြားခဲ့ပါတယ်။

အသက် ၄၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကလောက်ဒီယာ တစ်ယောက်တည်း အခုလို အဖြစ်မျိုး ကြုံခဲ့ရတာမဟုတ်ပါဘူး။ ၂၀၁၀ ခုနှစ်တုန်းကလည်း ပေါ့စ်စတား မိုင်လင်းကလတ်စ် ကို ဟောလီးဝုဒ် ထိပ်တန်းတစ်ဦးက နေ့ လည်စာအတူစားဖို့ အခုလို ကမ်းလှမ်းခံရဖူးပြီး မင်းသမီး Stephanie Beacham ကလည်း ၂၀၁၀ ခုနှစ် Big Brother တီဗွီအစီအစဉ်မှာ လူစိမ်းတစ်ယောက်က လိင်ဆက်ဆံဖို့ ပေါင် လေးသောင်းနဲ့ ကမ်းလှမ်းခံခဲ့ရဖူးကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။

Ref: Mirror
Trend Myanmar

Monday, February 24, 2014

ငယ်ဘ၀ က မုဒိန်းကျင့်ခံရဖူးကြောင်း ကမ္ဘာကျော် အဆိုတော် မက်ဒေါနားဖွင့်ဟ

Posted by drmyochit Monday, February 24, 2014, under | No comments

ဖေဖေါ်ဝါရီ ၂၄ ရက် ၂၀၁၄ ခုနှစ်

သူမ၏ ငယ်ဘဝက နယူးယော့ခ် မြို့တော်တွင် မုဒိမ်း ကျင့်ကြံမှု ခံခဲ့ရဖူးကြောင်း မက်ဒေါနားက ကိုယ်တိုင် ကိုယ်ကျ ဖွင့်ဟ ပြောကြားလိုက်သည်။ နိုဝင်ဘာလ ထုတ် Harper's Bazaar မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် Pop ဂီတ နာမည်ကျော် အဆိုတော်က နယူးယော့ခ် သည် သူမအတွက် နွေးထွေးစွာ ကြိုဆိုသည့် နေရာ တစ်ခု မဖြစ်ခဲ့ဟု ဝန်ခံခဲ့သည်။ သူမ၏ လူငယ် အဆိုတော် ဘဝ နေ့ရက်များအကြောင်း ဖွင့်ဟရေး သားထားသည့် မှတ်တမ်းတွင် မက်ဒေါနားက ယင်းတုန် လှုပ်ဖွယ် ဖြတ်သန်းမှုကို ထည့်သွင်း ဖော်ပြခဲ့ သည်။ အသက်(၅၅)နှစ် အရွယ်ရှိပြီဖြစ်သော မက်ဒေါနားက သူမသည် နယူးယော့ခ်ကို ရောက်ကာစ အချိန်တွင် တိုက်ခေါင်မိုး တစ်ခုပေါ်၌ ဓားထောက်၍ မုဒိမ်းကျင့်သူ တစ်ဦး၏ သားကောင် ဖြစ်ခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

Material Girlစတား မက်ဒေါနားက "နယူးယော့ခ်ဟာ ကျွန်မကို လက်ကမ်းကြိုခဲ့တာတော့ မဟုတ်ဘူး။ ပထမဆုံးနှစ်မှာ ကျွန်မ သေနတ်နဲ့ ချိန်ခံရဖူးတယ်။ ကျွန်မကျောကို ဓားတစ်ချောင်းနဲ့ ထောက်ပြီး အတင်းဆွဲခေါ်တဲ့ လူတစ်ယောက်က တိုက်ခေါင်မိုး တစ်ခုမှာ မုဒိမ်းကျင့်တာကို ကြုံရဖူးတယ်"ဟု မဂ္ဂဇင်းတွင် ကိုယ်တိုင် ရေးသားထားခဲ့သည်။ သူမအနေဖြင့် ယင်းကဲ့သို့ ခက်ခဲကြမ်းတမ်းသော အတွေ့အကြုံကို မည်သည့်အသက်အရွယ်တွင် ဖြတ်သန်းခဲ့ရကြောင်း ဖော်ပြမထားသည့်တိုင် နယူးယော့ခ်သို့ ရောက်ကာစ နှစ်အပိုင်းအခြားဟု ရည်ညွှန်းမှုအရ အသက်(၂၀) ဝန်းကျင် ဖြစ်နိုင်သည်။

မက်ဒေါနားသည် အဆိုပါ လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်မှုကို ရဲတပ်ဖွဲ့ထံ သတင်းပို့ တိုင်ကြားမှု မပြုလုပ်ခဲ့ချေ။ လူစီအိုဘရိုင်ယန် ရေးသားသည့် မက်ဒေါနား၏ အထုပ္ပတ္တိ စာအုပ်ထဲတွင် ယင်းအကြောင်းကို ထည့်သွင်း ရေးသားဖူးပြီး မက်ဒေါနား အနေဖြင့် ရဲတိုင်ရန်ထက် တုန်လှုပ်စွာပင် ငိုကြွေးနေခဲ့ကြောင်း ဖော်ပြထားသည်။ မက်ဒေါနားက နယူးယော့ခ်သည် သူမ၏ ပျိုမြစ်သော အချိန်ပိုင်းများတွင် အန္တရာယ် အပေးနိုင်ဆုံး နေရာတစ်ခုအဖြစ် ရှိနေခဲ့ကြောင်းလည်း ဝေဖန်ထားသည်။ "ကျွန်မအိမ်ကို (၃)ခါ ဖောက်ထွင်းခံရတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ ကျွန်မဆီမှာ ဘာတန်ဖိုးရှိတဲ့ အရာမှ မရှိတော့ ရေဒီယိုလေးကို ခိုးသွားတယ်"ဟု Vogue အဆိုတော်က မဂ္ဂဇင်းအတွင်း ရေးသားထားသည်။

သူမက နယူးယော့ခ်တွင် အထီးကျန် ဆန်ခဲ့ခြင်းကပင် ဘဝ၏ အောင်မြင်မှု တွန်းအား ဖြစ်လာကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။ "ကျွန်မကို လူတော်တော်များများ ကြောင်တောင်တောင်လို့ ထင်ကြတယ်။ ကျွန်မမှာ သူငယ်ချင်း များများစားစားလည်း မရှိဘူး။ ဒါပေမဲ့ အားလုံးဟာ အဆုံးသတ်ချိန်မှာ အကောင်းဘက်ကို ဦးတည်သွားတယ်။ ကိုယ့်မှာ ပုဂ္ဂိုလ်ရေးဘဝ တွယ်ယှက်မှု သိပ်မရှိတဲ့အခါ အနာဂတ်ကို ပိုပြီးတော့ အာရုံစိုက်လို့ ရလာတယ် မဟုတ်လား"ဟု သူမက ထောက်ပြသွားသည်။


By Planet

Monday, February 03, 2014

စင်ပေါ်တက်ပြီး စာပေးခံလိုက်ရသည့် တေလာဆွစ်ဖ်

Posted by drmyochit Monday, February 03, 2014, under | No comments

တလာ့ကို အလွန်ချစ်ခင်စွာ အားပေးနေသည့် အမျိုးသား ပရိသတ် တစ်ဦးသည် လန်ဒန်မြို့၊ O2 အားကစား ကွင်းကြီး၌ ပြုလုပ်သော ဖျော်ဖြေပွဲတွင် စင်ပေါ်ထိ တက်လာကာ သူမကို စာပေးသွားခြင်း ဖြစ်သည်
တေလာဆွစ်ဖ်တစ်ယောက် လူပေါင်းများစွာရှေ့မှောက် ဖျော်ဖြေနေစဉ် အတော အတွင်းမှာပင် စင်ပေါ်ထိတက်ကာ စာပေးခံလိုက်ရကြောင်း သိရ သည်။ အသက်(၂၄)နှစ်ရှိ Countryဂီတစတား အဆိုတော် မလေးသည် ကမ္ဘာလှည့် ဖျော်ဖြေပွဲ ခရီးစဉ်အဖြစ် အမေရိကန်မှ ခြေဆန့် ထွက်ခွာ လာပြီး ဗြိတိန်နိုင်ငံ အရောက်တွင် ယခုလို ကြုံခဲ့ ရခြင်း ဖြစ်သည်။ တေလာ့ကို အလွန်ချစ်ခင်စွာ အားပေးနေသည့် အမျိုး သား ပရိသတ် တစ်ဦးသည် လန်ဒန်မြို့၊ O2 အားကစားကွင်းကြီး၌ ပြုလုပ်သော ဖျော်ဖြေပွဲတွင် စင်ပေါ်ထိ တက်လာကာ သူမကို စာပေးသွားခြင်း ဖြစ်သည်။ စင်မြင့်လုံခြုံရေး တာဝန်ခံများသည် ထိုသူ စင်ပေါ်အလစ်ပြေးတက်သွားသည်ကို မတားဆီးနိုင်ခဲ့ချေ။


တေလာသည် သူမ၏ နာမည်ကျော် We Are Never Getting Back Together သီချင်းကို ဖျော်ဖြေနေစဉ် ထိုသူ က စင်ပေါ် တက်သွားခြင်း ဖြစ်သည်။ တေလာသည် အတန်ငယ် အံ့ဩသွားဟန် ရှိသော်လည်း ထိုပရိသတ် ကို အပြုံးနှင့် ဆီးကြိုခဲ့သည်။ ထို့နောက် ယင်းပရိသတ်က တေလာကို စကား အနည်း ငယ်ပြောပြီး စာရွက်ငယ်တစ်ခု လက်ထဲထည့်ပေးကာ စင်ပေါ်မှ ပြန်ဆင်းသွားခဲ့သည်။ လုံခြုံရေး ဝန်ထမ်း များသည် အစောပိုင်းက ၎င်းကို အကအဖွဲ့ဝင် တစ်ဦးဟုသာ အထင်မှားနေခဲ့သည်။ ပြီးခဲ့သည့် သီတင်း ပတ်ကုန် ဖျော်ဖြေပွဲတွင် ထိုသူစင်ပေါ်မှ ဆင်းလာသည့်နောက် လုံခြုံရေးများက အကြမ်းပတမ်း ဖမ်းဆီး ချုပ်နှောင် ခဲ့သည်ကို ပွဲကြည့်ပရိသတ်များက ဝေဖန် ပြစ်တင်မှုများ ပြုလုပ်ခဲ့သည်။



မျက်မြင်တစ်ဦးဖြစ်သော အန်ဒရူးဆင်မ်ဆမ်က "ဒါဟာ လုံခြုံရေးအဖွဲ့ရဲ့ အားနည်းမှုသက်သက်ပဲလေ။ ကျွန်တော်တော့ ရုတ်တရက် ယုံတောင် မယုံဘူး။ လူတစ်ယောက် စင်ပေါ်ကို ပြေးတက်သွားတော့ အားလုံးက အကသမားလို့ ထင်နေတာ။ နောက်မှ ဒါဟာ တစ်ခုခု အမှားအယွင်း ဖြစ်နေပြီဆိုတာ သတိထားမိလာတယ်။ အဲဒီလူကိုမြင်တော့ တေလာက ရယ်ချင်သွားပုံရတယ်။ သူက တေလာ့ကို တစ်ခုခုပြောဖို့ ကြိုးစားတယ်။ ပြီးတော့ တေလာ့လက်ထဲ တစ်ခုခု ထည့်ပေးလိုက်တယ်။ တေလာကလည်း ယူထားတယ်။ အဲဒီလူ ပြန်ဆင်းလာတော့မှ လုံခြုံရေးတွေက ဝုန်းဒိုင်းကြဲပြီး သူ့ကို ဖမ်းကြတော့တာပဲ။ လှေကားထစ်တွေအတိုင်း သူ့ကို တရွတ်ဆွဲပြီး ခေါ်သွားတယ်"ဟု ပြောကြားခဲ့သည်။


အခြားမျက်မြင် တစ်ဦးကလည်း "အဲဒီနားမှာ ကလေးတွေ၊ လူငယ်လူရွယ်လေးတွေ အများကြီး ရှိနေတယ်။ ဘာတွေဖြစ်နေတယ် ဆိုတာကို လုံခြုံရေးတွေက နားလည်ပုံ မရဘူး။ ကျွန်မသမီးနှစ်ယောက်က အသက်(၉)နှစ်နဲ့ (၁၃)နှစ်စီပဲ ရှိကြသေးတယ်။ သူတို့မြင်သမျှကို တုန်လှုပ်နေတယ်။ သမီးငယ်က ဒီလူထူးလူဆန်းက ဘာလို့ စင်ပေါ်ပြေးတက်သလဲ ဆိုတာကို မေးပါတယ်။ ပြီးတော့ တခြားလူတွေက ဘာကြောင့် အတင်းဆွဲချကြတယ် ဆိုတာကိုလည်း သူနားမလည်ဘူး။ ဖြစ်ရပ်တစ်ခုလုံးကို သူ့အသိဉာဏ်နဲ့ ခြုံငုံပြီး သရုပ်မခွဲနိုင်သေးဘူးလေ"ဟုလည်း မှတ်ချက်ပြုခဲ့သည်။ တေလာသည် လန်ဒန်ဖျော်ဖြေပွဲတွင် ဖက်ရှင်အမျိုးမျိုး ပြောင်းလဲသွားခဲ့ပြီး I Knew You Were Trouble၊ 22နှင့် Love Storyတို့ကဲ့သို့ လူသိများသော သီချင်းများကို ဖျော်ဖြေသီဆိုသွားခဲ့သည်။



From: planet Myanmar Network

Saturday, February 01, 2014

ရှကီးရာနဲ့ ရီဟားနားတို့ ၂ ယောက်တွဲ သီချင်း ယူကျုမှာ စံချိန်တင်

Posted by drmyochit Saturday, February 01, 2014, under | No comments

ကမ္ဘာကျော် အဆိုတော်တွေဖြစ်တဲ့ ရှကီးရာ (Shakira ) နဲ့ ရီဟားနား (Rihanna) တို့ ၂ ယောက်တို့ရဲ့
မင်းကို မမေ့နိုင်ဘူး ဆိုတဲ့ တေး အယ်ဘမ် အသစ်စက်စက်ထွက်လာပါပြီ။


မြန်မာဂီတပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ သူတို့ ၂ ယောက်ရဲ့ စုံတွဲ သီးချင်း တပုဒ် ဖြစ်တဲ့ Can't Remember to Forget You ဆိုတဲ့ သီချင်းကတော့ အခု အွန်လိုင်းမှာ အလွန်ရေပန်းစားနေပါတယ်။

သူတို့ ၂ ဦးရဲ့ Sexy ကျကျ သီဆိုဟန်တွေနဲ့ သရုပ်ဖော်ဟန်တွေ၊ သူတို့ရဲ့ အသံတွေနဲ့ အဲဒီသီချင်းဟာ အတော် ဆွဲ ဆောင်မှု ရှိတာတော့ သေချာပါတယ်။

ဘာလို့လည်း ဆိုတော့ ဒီသီချင်းကို အဆိုတော် ရှကီးရာရဲ့ ယူကျူအကောင့်ကနေ ဇန်နဝါရီလ ၃ဝ ရက်နေ့ က တင်ခဲ့ အပြီး ၃ ရက် အတွင်း မှာပဲ ကြည့်ရှုကြိမ်ပေါင်း ၁၂ သန်းခွဲကျော်ရှိလာနေလို့ပါ။ ဒါဟာ ယူကျုမှာ စံချိန်တင်လိုက်တာပါ။

ဒီသီချင်းလေးကို နားဆင်ခံစားကြည့်နိုင်ပါတယ်။

Wednesday, January 29, 2014

အလုပ်များလွန်းသဖြင့် လက်ထပ်ရန် မစဉ်းစားနိုင်သေးသည့် ကိတ်ဟတ်ဒ်ဆန်

Posted by drmyochit Wednesday, January 29, 2014, under | No comments

အသက်(၃၄)နှစ်ရှိ ဟောလီးဝုဒ် မင်းသမီးသည် မက်သရူး ဘယ်လာမီနှင့် တွဲနေသော်လည်း လက်ထပ်ရန် အစီအစဉ်သည် အလုပ်များလွန်းခြင်းကြောင့် ဖြစ်မြောက်လာဖွယ် မရှိသေးဟု ဆိုသည်

အနုပညာ အလုပ်များဖြင့် ရုန်းကန်နေရသည့် အခြေအနေကြောင့် ချစ်သူနှင့် လက်ထပ်မည့် ကိစ္စကို အကောင်အထည် မဖော်နိုင်သေးကြောင်း ကိတ်ဟတ်ဒ်ဆန်က ဝန်ခံခဲ့သည်။ အသက်(၃၄)နှစ်ရှိ ဟောလီးဝုဒ် မင်းသမီးသည် မက်သရူး ဘယ်လာမီနှင့် တွဲနေသော်လည်း လက်ထပ်ရန် အစီအစဉ်သည် အလုပ်များလွန်းခြင်းကြောင့် ဖြစ်မြောက်လာဖွယ် မရှိသေးဟု ဆိုသည်။ Birbe Warsဇာတ်ဆောင် မင်းသမီးသည် Muse ဂီတအဖွဲ့မှ မက်သရူးနှင့် (၂၀၁၁)ခုနှစ်၊ ဧပြီလကတည်းက စေ့စပ်ထားခဲ့သည်။ သို့သော်လည်း လက်ရှိ အချိန်ထိ မင်္ဂလာဆောင်နှင်းမှု မရှိသေးခြင်းကြောင့် သတင်းထောက်များက မေးမြန်းရာ ကိတ်က သူမအနေဖြင့် အလုပ်များလွန်း၍ ဖြစ်ကြောင်း ညည်းညူဖြေကြား သွားခဲ့သည်။

သူမနှင့် မက်သရူး လက်ထပ်ရန် ပြင်ဆင်နေပြီဆိုသော ကောလာဟလများကို သတင်းသမားများက မေးမြန်းရာ ကိတ်က "မဟုတ်ပါဘူး။ ခုလောလောဆယ် အဲဒီကိစ္စကို မစီစဉ်အားသေးဘူး။ ကျွန်မအနေနဲ့ လောလောဆယ် အရမ်းကို အလုပ်များနေပါတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ဆက်ဆံရေးက အကောင်းဆုံးမှာ ရှိနေဆဲပါ။ ကျွန်မအနေနဲ့ လက်ထပ်ဖို့ဆိုတာ အရေးအကြီးဆုံး အရာလို့လည်း မယူဆပါဘူး။ ကျွန်မကို ပျိုးထောင်ခဲ့တဲ့ မိဘတွေကလည်း လက်ထပ်ထားတာ မဟုတ်ဘူးလေ"ဟု တုံ့ပြန်ခဲ့သည်။

ကိတ်က "ကျွန်မအနေနဲ့ကတော့ လက်ထပ်ဖို့ စဉ်းစားထားပါတယ်။ လက်တွေ့လည်း အကောင်အထည် ဖော်ဖြစ်မှာပါ။ ဒါပေမဲ့ လောလောဆယ်တော့ လုပ်စရာတွေ များလွန်းတယ်။ လက်ထပ်ပွဲတစ်ခုကို စီစဉ်ရတယ် ဆိုတာက အင်မတန် အချိန်ယူရတာပါ။ တစ်ဖက်မှာ ကျွန်မက ရုပ်ရှင်တစ်ကားရိုက်ဖို့ တာဝန်ယူရတာတွေ ရှိနေသေးတယ်။ ဒါကြောင့် ခုလောလောဆယ်နဲ့ သိပ်မကြာခင် အတောအတွင်း အချိန်တွေမှာတော့ လက်ထပ်ဖို့ကိစ္စ မဖြစ်နိုင်သေးပါဘူး"ဟုလည်း ရှင်းပြသွားသည်။ ကိတ်နှင့် မက်သရူးတို့သည် (၂၀၁၁)ခုနှစ်၊ ဇူလိုင်လတွင် သားငယ်လေး ဘင်ဟမ်ဟွမ်း ဘယ်လာမီကိုလည်း ဖွားမြင်ထားပြီး ဖြစ်သည်။

Planet Myanmar Network

Monday, January 27, 2014

မိုင်လီဆိုင်းရပ်စ်ကို အားကျနေသည့် တက်သစ်စ အဆိုတော်မလေး

Posted by drmyochit Monday, January 27, 2014, under | No comments


Monday, January 27, 2014

Right Thereစတား အဆိုတော်မလေးက အငြင်းပွားဖွယ် အခြေအနေများစွာ ဖန်တီးပြခဲ့သည့် မိုင်လီ၏ ဘက်တော်သား တစ်ဦးအနေဖြင့် ရပ်တည်ခဲ့သည်

သူမအနေဖြင့် မိုင်လီဆိုင်းရပ်စ်၏ မိမိကိုယ်ကိုယ် ယုံကြည် စိတ်ချမှုမျိုးကို နှစ်သက် သဘောကျမိကြောင်း တက်သစ်စ အဆိုတော်မလေး အေရီရာနာ ဂရန်ဒီက ပြောကြားလိုက်သည်။ Right Thereစတား အဆိုတော်မလေးက အငြင်းပွားဖွယ် အခြေအနေများစွာ ဖန်တီးပြခဲ့သည့် မိုင်လီ၏ ဘက်တော်သား တစ်ဦးအနေဖြင့် ရပ်တည်ခဲ့သည်။ Wrecking Ball ဂီတ ဗီဒီယိုတွင် မိုင်လီက ဝတ်လစ်စားလစ် ပုံရိပ်များ ထည့်သွင်းခဲ့သလို ပြီးခဲ့သည့်နှစ် MTV၏ VMA ဆုပေးပွဲတွင် ကြမ်းတမ်းလော်လီလွန်းသည့် ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် လူပြောများခဲ့သည်။

မိုင်လီ့အနေဖြင့် ဝေဖန်မှုများ ကြုံနေရသော်လည်း ထောက်ခံရပ်တည်သူများလည်း ရှိနေရာ ယင်းတို့အနက် အေရီရာနာက တစ်ဦးအပါအဝင် ဖြစ်လာသည်။ အေရီရာနာက "ကျွန်မကတော့ မိုင်လီ့စိတ်ကို သဘောကျတယ်။ သူ့ကို Rock Starတစ်ယောက်လို မြင်တယ်။ မိုင်လီဟာ ကိုယ့်သရုပ်သကန်ကိုယ် ယုံယုံကြည်ကြည် ထုတ်ပြနေတာလို့ ကျွန်မ ထင်ပါတယ်။ Popဂီတ ယဉ်ကျေးမှုမှာ နည်းနည်းပါးပါး လွန်ကဲသွားတာဟာ အမှားတစ်ခု မဟုတ်ဘူး။ ပြောရရင် ကျွန်မကိုယ်တိုင်လည်း သံဘောလုံးကြီး တစ်ခုပေါ်မှာ ဝတ်လစ်စားလစ် တက်ထိုင်ပြရဲတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ကိုးစားမှုမျိုး လိုချင်မိပါတယ်။ ဒီအခြေအနေမှာ ကိုယ့်ခန္ဓာကိုယ်အပေါ် အပြည့်အဝ ဂုဏ်ယူယုံကြည်စိတ် ရှိနေရမယ်လေ"ဟု ပြောကြားခဲ့သည်။

အသက်(၂၀) အရွယ်ရှိ အေရီရာနာက Popဂီတ လောက၏ လူဆိုးလေးအဖြစ် နာမည်ကြီးနေသော ဂျက်စတင်ဘီဘာကိုလည်း ကာကွယ်သွားသည်။ ဂျက်စတင်သည် မကြာသေးမီက အရက်သောက်ပြီး ကားမောင်းမှုဖြင့် အဖမ်းခံရသည်။ "လူတွေက ပုံကြီးချဲ့နေတာပါ။ Twitterမှာ ဒါမျိုးဒါမျိုးတွေကို လူပေါင်းစုံ လုပ်ပြတာတွေ ဂုဏ်ယူပြီး ရေးနေတာပဲ။ အဲဒီလူတွေကျတော့ မျက်ကွယ်ပြု ခံနေရတယ်။ ဂျက်စတင် အဆင်ပြေပါစေလို့ ကျွန်မ ဆန္ဒပြုပါတယ်"ဟု သူမက ဂျက်စတင်ဘက်မှ ရပ်တည် ပြောဆိုသွားသည်။

Planet Myanmar Network

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်