ဖြစ်ပုံက ဒီလိုရယ်ပါ။
ကျွန်တော်ငယ်ငယ်တုန်းက အဲဒီအလည်လာတဲ့ အကိုတို့ ရှိတဲ့ နယ်မြို့ လေးကို အလည်သွားဖူးတယ်။ ရှမ်းတွေပါ သူတို့ က။ ပြီးတော့ 
နေရာလေးကလည်း အရမ်းခေါင်တယ်။ ရထားလမ်းပဲ ကောင်းကောင်းပေါက်တာ။ အဲဒီမြို့ ကို သွားမယ်ဆိုရင်လေ။ ကားလမ်းမပေါက်ဝူး။
မြို့ ရဲ့ အလည်ခေါင်မှာ ဘူတာရုံရှိတယ်။ ရထားလမ်းက အဲဒီမြို့ အလယ်မှာပေါ့နော်။ ပြီးတော့ ရထားလမ်းစစဖေါက်တုန်းကဆို အဲဒီမြို့ က
လူတွေက ရထားသံလမ်းတွေ ဖြုတ်ဖြုတ်ခိုးလို့ ဆိုပြီး ရထားလမ်းကို အုတ်တံတိုင်းတွေ ခတ်ထားတယ်။ ရန်ကုန်ဘူတာကြီး အ၀င်လိုပေါ့။ အပေါ်မှာ ကုန်းကျော်တံတားတွေ ထိုးပေးထားတယ်။ ဒါပေ့ မယ် ကုန်းကျော်တံတားတွေက ဖြစ်သလိုထိုးထားတာဆိုတော့ ဗျာ။
သိပ်တော့ ခိုင်တယ်မဟုတ်ဝူး။ ရထားလာပီဟေ့ ဆိုရင် အဲဒီကုန်းကျော်တံတားတွေက တုန်ခါနေတာ။ ပြီးတော့ လက်ရန်းတွေကလည်း တစ်ချောင်းတည်းထားထားတာ။ ဖြစ်သလို အကြမ်းလုပ်ထားတဲ့ သဘောကြီးပါ။ အန္တရာယ်တအားများတယ်။ အဲဒီအခါတုန်းကပြောပါတယ်။ အခုနောက်ပိုင်းတော့ မသိ။
ဒီလိုနဲ့ တစ်နေ့ ဗျာ။ ရထားလမ်း ဟိုဘက်ကခြမ်းက ဗိုက်ကြီးသည်တစ်ယောက် မီးဖွားမလို ဖြစ်တယ်။ အရပ်လက်သည်တွေ ခေါ်လို့ ရပေ့ မဲ့ လည်း သူတို့ က ခေတ်မှီတယ်လေ။ အဲဒီတော့  ဗိုက်ကြီးသည်ကို ပုခက်ပုံစံလုပ်ထားတဲ့ ထမ်းစင်နဲ့ ခေါ်လာကြတယ်။ ဒီဘက်ခြမ်းက ပြည့် သူဆေးရုံကို ပေါ့။ ဆေးရုံကလည်း သိပ်အကြီးကြီးမဟုတ်ပါဝူး။ သေးသေးရယ်ပါ။ အဲဒီလို ခေါ်လာတဲ့ အချိန်
ကုန်းကျော်တံတား အလယ်လောက် အရောက်မှာပေါ့နော်။ အောက်မှာကလည်း ရထားသံလမ်း။ အဲဒီအချိန် ရထားက လာတယ်။
အရှိန်ပြင်းပြင်းနဲ့ မောင်းလာတာ။ ကုန်းကျော်တံတားက တုန်နေတာပေါ့ဗျာ။ ထမ်းတဲ့ လူနှစ်ယောက်ကလည်း အားမရှိဝူးထင်ပါတယ်။
တံတားက တုန်နေတော့  ဟန်ချက်ပျက်ပြီး။ ဘယ်ယာ ယိုင်ထိုး ပြီးတော့  လဲကြတယ်ဆိုပါတော့ ။ ဘေးကလူတွေကလည်း ပုခက်ကို ၀ိုင်းထိမ်းတယ်ဆိုပါတော့ ။ ဒါပေ့ မယ် သူတို့ ထိမ်းတဲ့ ဘက်က တံတားလက်ရန်းဘက်ကမဟုတ်ဝူး။ ဒီဘက်က ဖြစ်နေတယ်။ အရှိန်နဲ့ ဆိုတော့ ပုခက်က လွှဲသလိုဖြစ်။ ဗိုက်ကြီးသည်ကလည်း နာလို့ လှိမ့် နေတော့  တံတားလက်ရန်းဘက်ကို အရှိန်လွန်ပြီးတော့  ဗိုက်ကြီးသည် ဆင်းသွားတယ်။ တံတားအောက်ကို။
လူတွေကလည်း ပြာကုန်တာပေါ့။ သိတယ်မလား။ မြင်ကွင်းက မြင်ရက်စရာတော့ မကောင်းပါဝူး။ အဲဒီဗိုက်ကြီးသည်က ရထားလမ်းပေါ်ပြုတ်ကျ။ မြင့်ကလည်း မြင့်တော့ ကိုယ်ဝန်ပျက်သွားတယ်ထင်တယ်။ သွေးတွေက မြင်မကောင်းဝူးတဲ့ ။ သူလည်း နာလို့ အော်နေတဲ့ အချိန်မှာ ရထားကလာနေတာ။ တံတားပေါ်ကလူတွေကလည်း ဘာလုပ်လို့ လုပ်ရမှန်းမသိဘူးလေ။ အဲဒီလို ရှုပ်ရှုပ်ထွေးထွေးနဲ့ အရမ်း စိုးရိမ်စရာကောင်းတဲ့ အခြေအနေမှာ ဗိုက်ကြီးသည်ကို ရထား ကြိတ်ရှာတယ်။ တော်တော်ကို စိတ်မကောင်းဖြစ်စရာ အကြောင်းအရာကြီးပါ။ ကြားရတိုင်း နားမချမ်းသာဝူး။
သေနေစေ့ နေလို့ ပဲလား။
ဒါမှမဟုတ် ထမ်းတဲ့ လူတွေ သောက်သုံးမကျလို့ ပဲလား။
တံတားလုပ်တဲ့ သူတွေ ညံ့ ဖျင်းတာလားကတော့  ဘုရားသာ သိနိုင်မယ်ထင်တယ်။
ဒီလိုနဲ့  အဲဒီတံတားမှာ ဗိုက်ကြီးသည်သရဲ ခြောက်ပါလေရောဗျို့ ။ သူသေသွားတဲ့ နေ့ တွေက ညတိုင်း အော်တာတဲ့ နော်။ နာနာကျည်းကျည်း ညဉ်းတွားသံက အဲဒီတံတားအောက်က ည (၁၀) ကျော်တာနဲ့ စတော့ တာပဲတဲ့ ။ ည (၁၁) နာရီလောက်ဆိုရင်
တံတားပေါ်မှာ သူက ဟိုဘက်လျှောက်လိုက်။ ဒီဘက်လျှောက်လိုက်နဲ့  “တောက်” တစ်ခေါက်ခေါက်ဆိုဗြဲ။ သံလမ်းတံတိုင်းတွေရဲ့ ဒီဘက်ကလည်း လူနေအိမ်တွေ ရှိတယ်လေ။ အဲဒီတော့  တော်တော်များများက တံတားပေါ်မှာ ဘုန်းကြီးတွေ ဘာတွေ ပင့်ပေးပြီးတော့ 
ပရိတ်တွေဘာတွေ ရွှတ်ပေးတယ်။ ဒါပေ့ မယ် လည်း မကျွတ်ဘူးပြောကြတယ်။ နောက်ပိုင်း ပြောင်းပြေးတဲ့ အိမ်တွေ များလာတယ်။
အထက်ပါအကြောင်းအရာလေးကတော့ အတိတ်က အဖြစ်အပျက်ပါ။ ကျွန်တော်တို့ အဲဒီမြို့ ကို အလယ်ရောက်သွားတဲ့ အချိန်ကျတော့ 
ပြောပြလို့ ပြန်ကြားရတာလေးပါ။ အလယ်သွားရတဲ့ အကြောင်းရင်းကလည်း အဘွားရဲ့ ညီမ ဆုံးလို့ သွားတာပါ။ ဟိုရောက်တော့ တန်ဆောင်တိုင်လကြီးခင်ဗျ။ အနော်ကတော့ ခလေးဆိုတော့  အဲဒီက အကိုတွေ အမတွေနဲ့ ဆော့ ပေါ့ဗျာ။ တိတယ်မလား။ ငယ်ငယ်ကတည်းက အဆော့က မက်ပါဘိသနဲ့ ။ အဘွားကတော့  သူညီမ ဆုံးတာဆိုတော့ မျက်ရည်လေး စမ်းတန်း၊ စမ်းတန်းနဲ့ ပေါ့ဂျာ။ အဲဒီမှာ ဆော့ ရင် ညဘက်ဆို အနော်တို့ က တူတူပုန်းတိုင်းကစားကြတယ်ခင်ဗျ။ မောင်နှမတွေကလည်း ဆယ်ယောက်ကျော်တယ်လေ။ တစ်ဝမ်းကွဲတွေရော၊ နှစ်ဝမ်းကွဲတွေရော။ တစ်ချို့  ရှမ်းတရုတ်တွေ ဆိုလည်း အမျိုးတဲ့ ဗျာ။ ယုံချင်စရာတောင်မချိဝူး။ အဘွားပြောလို့ ယုံတာ။ ရှုပ်နေတာဗြဲ။ ကုလားတွေရော၊ တရုတ်တွေရော၊ ရှမ်းတွေရော။ အမျိုးတဲ့ ဗျာ။လေဒယ်။ ထားလော့ အဲဒါ။ ဒီလိုနဲ့  တူတူပုန်းတိုင်း ကစားရင် အနော်သတိထားမိတာ တစ်ခုရှိတယ်ဗျ။ သံလမ်းအုတ်တံတိုင်းရှိတဲ့ ဘက်ကို ဘယ်သူမှ မပုန်းကြဘူး။ အဲဒါနဲ့ အနော်က နောက်ပိုင်းမှာ လည်တယ်။ အဲဒီမှာ သွားသွားပုန်းနေတာ။ တစ်ခုထူးခြားတာတော့ ရှိတယ်။ အဲဒီဘက်က အိမ်တွေက လူမရှိကြ၀ူး ဟိဟိ။ အဲဒါ သူတို့ လိုက်၇ှာရင် အနော်ကို လုံးဝမတွေ့ ဘူး။ နောက်ဆုံးမှ အနော် ထွက်
အမိခံတော့ မှ မိသွားတာ။ အဲဒါ တစ်ရက်ဆော့ တယ်။ ဘာမှဖြစ်ဝူး။ နှစ်ရက်ဆော့ တယ်။ ဘာမှ ဖြစ်ဝူးခင်ဗျ။
တစ်နေ့ ပါ။ တစ်နေကုန် အဘွားလေး အသုဘ ကိစ္စနဲ့ မဆော့ ရတာနဲ့  ညဘက်မှာ အတိုးချပြီးဆော့ ကြတယ်။ ဆယ်နာရီလည်း ကျော်နေပြီလေ။ အသုဘအိမ်ဆိုတော့ ဗျာ။ သိတယ်မလား။ လူတွေက ရှုပ်နေတာဆိုတော့ ခလေးတွေကိုလည်း သူတို့ က သိပ်မပြောသာသေးဘူး။ အဲဒါ တူတူပုန်းတိုင်းကစားတော့  အနော်က အဲဒီသွားပုန်းနေတာ။ အနော်ပုန်းတဲ့ နေရာလေး ဒီလိုဗျ။
အရှေ့ မှာ အမှိုက်ကန်ရှိတယ်။ အနောက်မှာ အုတ်တံတိုင်း အဲဒီကြားထဲ ၀င်နေတာ။ အားလုံးမိသွားပြီးနောက် သူတို့ ကျွန်တော်ကို လိုက်ရှာတယ်။ သူတို့ ကျွန်တော် ရှိနေတဲ့ လမ်းဆီကို ထိပ်ကနေကြည့် တယ်။ ပြီးတော့ မတွေ့ တော့ မှ ပြန်သွားတာ။ အနော်ရှိတဲ့ ဆီ
လိုက်မရှာဝူး။ ဟီး ဂွင်ကောင်းတယ်နော်။ အနော်ပုန်းတဲ့ နေရာလေ။ အဲဒါနဲ့ အနော်လည်း သူတို့ ကို ပန်းပေးပြီလား မေးဖို့ ဆိုပြီး နေရာပြောင်းရတယ်။ ဟုတ်တယ်လေ။ ကိုယ်နေတဲ့ နေရာကနေ လှမ်းမေးရင် နေရာသိသွားမှာပေါ့နော့ ။ အဲဒါကြောင့် နေရာပြောင်းတာ။ အဲဒါ မတ်တပ်ရပ်ပြီးတော့ အနော်တို့ လမ်းထဲကို ထဖို့ အသွားဗျာ။ အုတ်တံတိုင်းပေါ်က အသံကြားလို့ လှည့် ကြည့် မိတာ။ လားလား ဘယ်နှယ်ဗျာ။ အုတ်တံတိုင်း ကုန်ကျော်တံတားလောက်ကနေ လူတစ်ယောက် လမ်းလျှောက်လာတယ်။ သူလျှောက်လာတဲ့ 
ပုံစံကလည်း အုတ်တံတိုင်းပေါ်မှာဗျာ။ လူက ၀တုတ်တုတ်ကြီးရယ်။ လှုပ်တုတ်၊ လှုပ်တုတ်နဲ့ ။ အဲဒါကို အနော်က
ဆပ်ကပ်ပြသလို သေသေချာချာကြည့် နေသေးတယ်။ ဟုတ်တယ်လေ။ ကြိုးတန်းလမ်းလျှောက်သလို လုပ်နေတာကိုး။ အဲဒီဟာက အနော်နဲ့ နီးလာလေလေ အနော် ကြက်သီးထလေလေပဲဗျ။ သိလား။ ပြီးတော့  မှောင်နေတာနဲ့ ဆိုတော့ သေသေချာချာတော့  မမြင်ရ၀ူး။ အဲဒီအချိန် သူဆီက “တောက်” ဆိုပြီး ခေါက်သံတစ်ချက်ပေါ်လာတယ်။ အဲဒါနဲ့ အနော်လည်း
“ဟ၊ အရက်မူးသမားထင်တယ်။ လစ်မှ” ဆိုပြီး ပြေးသွားလိုက်တယ်။ ဟုတ်တယ်လေ။ အရက်မူးသမားဆိုတာ ပြောလို့ ရတာမဟုတ်ဝူး။
ပြီးတော့ အဲဒီဘက်တွေက လူဆိုးသူခိုး များကများနဲ့ ။ ခလေးဆိုပေ့ မယ် အဘွားက ခရီးထွက်တော့ လည်ပင်းမှာ ရွှေဆွဲပြားလေး ဆွဲထားပေးတယ်။ လုယူ ဘယ်နှယ့် လုပ်မတုန်းနော့ ။ ခလေးဆိုပေ့ မယ့် အနော်လည်း လည်ပါတယ်ဗျ အဟဲ။ အဲဒါနဲ့ ပြေးတာ။
ပြေးရင်း လှည့် ကြည့် သေးတယ်။ သူကလည်း ပြေးလိုက်လာတာနော်။ သိလား။ သူလိုက်တဲ့ ပုံစံကြီးကလည်း သူ့ ကိုသူ မနိုင်တစ်နိုင်နဲ့ 
ပြေးနေတဲ့ ပုံ။ ဆံပင်ကလည်း ဖားလားနဲ့ ။ သူမမှီပါဝူးဂျာ အနော်ကို။ အနော်က အပြေးက သန်တယ်လေ။ အဲဒါကြောင့်။
ဒီလိုနဲံအိမ်နားကို ရောက်တော့  ကျွန်တော်ညီအကို တွေက စောင့်နေတယ်။ ကျွန်တော် အဲဓီဘက်လမ်းထဲက ထွက်လာတာမြင်တော့ 
သူတို့ က အနော်ကိုဆီကို ပြေးလာကြတယ်။ ဘာဖြစ်လဲ ဘာညာပေါ့ဗျာ။ အနော်က ငါအဲဒီမှာ သွားပုန်းတာလို့ ။ အဲဒါကို အရက်မူးသမားထင်တယ်လို့ ။ ငါ့ကို လုမလို့ လာလုပ်လို့ ပြေးလာတယ်ပေါ့ဗျာ။ ပြောလိုက်တာ။ သူတို့ က ချက်ခြင်းပဲ။ အားလုံး အိမ်ထဲဝင်ကုန်တော့ တာပဲ။ အနော်နဲ့ အကိုတစ်ယောက်လာအိပ်ပေးတယ်။ သူက ပြောတယ်။ နောက် တူတူပုန်းတိုင်း ကစားရင် အဲဒီသွားမပုန်းနဲ့ တဲ့ ။ ဒါပဲ ပြောတာ။ ဘာဖြစ်လို့ လဲလို့ မေးလို့ ကို မရ၀ူး။ မနက်မှ ဖြေမယ် ကြီးလုပ်နေတာနဲ့ တင် အဲဒီညက အနော် စိတ်ထဲမှာ မတင်မကျနဲ့ အိပ်လိုက်ရတယ်။
မနက်ကျတော့  သူတို့ ကို အနော် အတင်းမေးတာ။ အဲဒီတော့ မှ အဲဒါသရဲမတဲ့ ။ ဗိုက်ကြီးသည်သရဲမတဲ့ ။ နောက်မသွားနဲ တဲ့ ။ သွားရင် မဆော့ တော့ ဝူးလို့ ပြောတယ်။ အနော်က ယုံမလားဗျာ။ အနော်လို ကောင်က ယုံမလား…သရဲဆိုတာကို။ သက်သက် ငါ့ကို လိုက်မရှာချင်လို့  အဲဒီလို ပြောတယ်ထင်တယ် ဆိုပြီး ပါးစပ်ကသာ မဆော့ ရမှာဆိုးလို့  “ဟုတ်” ပြောလိုက်ပေ့ မယ်။ စိတ်ထဲမှာတော့ 
တေးထားတာ။ အဲဒီညကလည်း တူတူပုန်းတိုင်းဆော့ တယ်။ အနော်နဲ့ တစ်ယောက်က အမြဲလိုက်လိုက် ပုန်းတာနဲ့ ။ အဲဒီဘက် သွားမပုန်းရတော့ ဝူ။
ဒီလိုနဲ့  သူခိုးကြီးည ကိုရောက်လာတယ်ဆိုပါတော့ ။ မနက်ဆို အနော်တို့ က ပြန်တော့ မှာလေ။ အဲဒါည အလွှမ်းတွေဘာတွေသယ်ပေါ့ဗျာ။ အဘွားက။ အနော်တို့ ကလည်း အတိုးချပြီးဆော့ ပေါ့။ ဒီမှာပျော်ရတာကိုး။ အဲဒီမှာ ညကျရင်တဲ့ 
“ငါတို့ ရှမ်းခေါက်ဆွဲ ဆိုင်က ခုံတွေကို ရွှေ့ ကြရအောင်လို့ ” အကိုတစ်ယောက်က ပြောတယ်။ ကျန်တဲ့ သူတွေကလည်း သဘောတူတယ်။ လကလည်း သာနေတာ ထိန်လင်းနေတာပဲ။ အဲဒီညက။ လူခြေတိတ်တော့  ဆိုင်ကခုံ တွေကို ရွှေ့ တယ်ဆိုပါတော့ ဗျာ။ ကျန်တဲ့ သူတွေက နီးနီးနားနား ရွှေ့ တာဗျ။ မနက်ရှာတဲ့ လူအဆင်ပြေအောင်။ အနော်တို့ ဆီမှာက ဒီလိုမှ မဟုတ်တာ။ အဝေးကြီးတွေ့ ရွှေ့ ကြတာ။ အဲဒါနဲ့ က ဘိန်းမုန့် ရောင်းတဲ့ ဆိုင်က ခုံတွေကို မပြီး တော့  အဲဒီအုတ်တံတိုင်းဘက်မှာ သွားသွားထားနေတာ။ လူတွေက ကိုယ်ဇောနဲ့ ကိုယ်မို့ အနော်ကို သတိမထားမိဝူး။ အဲဒါ နောက်ဆုံး ခုံသွားထားတော့ ပြသနာက စတော့ တာပဲ။ ဒီတစ်ခေါက် ခုံသွားထားတဲ့ နေရာက ကုန်းကျော်တံတားနဲ့ နီးတယ်ဗျ။ အဲဒီမှာ ခုံတွေကို အနော်က လမ်းမပေါ်မှာ လှလှလေးဆီနေတာ။ “Zu” ဆိုတဲ့ နာမည် အစ “Z” ပုံစံစီနေတာပါ။ အဲဒီအချိန် ကုန်းကျော်တံတားပေးမှာ ဘာမှမရှိဝူးနော်။ အနော်ကြည့် နေသေးတယ်။ ပတ်ဝန်းကျင်ကိုလေ။ အစအဆုံး စီပြီးတော့ စိတ်တိုင်းကျပြီးလည်း ဆိုရော။ ကုန်းကျော်တံတားဘက်က
“တောက်” ခေါက်သံ တစ်ချက် ပေါ်လာတယ်။ အဲဒါနဲ့ မော့ ကြည့် လိုက်မိတာ။ ဘာတွေ့ တယ်ထင်တုန်း။
ဟိုတစ်ခါက တွေ့ တဲ့ ဟာကြီးဗျ။ လှုပ်တုတ်လှုပ်တုတ်နဲ့ လေ။ အနော်က သေသေချာချာကြည့် နေတာ။ အဲဒါကို
သူက ကုန်းကျော်တံတားကို တွယ်တတ်နေတယ်။ ပြီးတော့  ကုန်းကျော်တံတားကို ရောက်လာတယ်။ အနော်ကို ကြည့် တယ်။
ပြီးတော့  ကျွန်တော်ဆီကို တည့် တည့် လျှောက်လာတာ။ အနော်က လမ်းမပေါ်မှာနော်။ သူက ကုန်းကျော်တံတားတစ်ဝက်ကနေ တတ်လာတာ။ ဘယ်လို မှ မဖြစ်နိုင်ဝူး။ တံတားကို လှေကားမရှိပဲ တတ်ဖို့ ဆိုတာ။ သူက ကျွန်တော်ဆီလျှောက်လာတဲ့ အထိ ကျွန်တော်ကြည့် နေသေးတယ်။ လူလို့ ထင်လို့ ။ ပြီးတော့  အကိုတွေ ပြောတာလည်း မယုံလို့ ။ အဲဒီအချိန်သူ ဗိုက်ကို ကျွန်တော်ကြည့် မိလိုက်တယ်။ အဲဒီမှာ ဘာဖြစ်နေလဲသိလား။ ဗိုက်ကြီးက အကြီးကြီးရယ်။ ပြီးတော့ အောက်နားက ပေါက်နေတယ်။ တစ်ခုခု ထွက်ကျနေတဲ့ ပုံစံမျိုးဗျာ။ မျက်နှာကိုတော့ မမြင်ရ၀ူး။ အဲဒါနဲ့ အနော် တစ်ဖြည်းဖြည်း အဘွားတို့ အိမ်ဘက်လမ်းကို ဆုတ်လာတယ်။
သူကလည်း အဲဒီတံတားပေါ်က ဖြည်းဖြည်းခြင်း ဆင်းလာတာ။ အခုတော့ အနော် သိလိုက်ပါပြီ။ အဲဒါ ဘာလဲဆိုတာလေ။ လူမဟုတ်တာတော့ သေချာသွားပြီ။ မိန်းမဗျ။ မိန်းမတစ်ယောက်ပါ။ ညကြီးမင်းကြီး ဒီလိုမျိုးဆိုတာ သွေးရိုးသားရိုးတော့ မဟုတ်နိုင်ဝူးလေနော့ ။ အဲဒါနဲ့ တစ်ဖြည်းဖြည်း နောက်ဆုတ်လာရင်းနဲ့ ။ လှည့် ပြီးပြေးတော့ တာပဲ ဗျို့ ။ ဒီတစ်ခေါက် အဲဒီ သရဲ လိုက်တာ မြန်တယ်နော်။ သိလား။ တော်တော်မြန်တာ။ အနောက်ကနေ တောက် တစ်ခတ်ခတ်နဲ့ ။ လမ်းထိပ်နဲ့ လည်း နီးရော။
“မြန်မြန်ပြေးဟ မြန်မြန်ပြေး” ဆိုပြီး အော်တဲ့ အသံတွေကြားလို့  လမ်းထိပ်ကို ကြည့် လိုက်တော့ ။ အနော်တို့ ညီအကို တွေ ရောက်နေပြီ။ စုပြီးလေ။ သူတို့ က လမ်းထဲမ၀င်လာရဲဝူး။ ဒါပေ့ မယ် ဘာဖြစ်နေလဲဆိုတာ သိတဲ့ ပုံပဲ။ ဒီလိုနဲ့ ပြေးရင်းလွှားရင်း။
သူတို့ ဆီရောက်သွားတယ်ဆိုပါတော့ ဗျာ။ အနော်တော်တော်ပင်ပန်းနေပြီ။ အနော် အကိုတွေလက်ထဲမှာ “ပုံခနဲ” လှဲတာပဲ။ သူတို့ ဆီရောက်တော့ ။ အဲဒီ သရဲက ဆက်မလိုက်တော့ ဝူးနော်။ သိလား။ လမ်းထိပ်ထိမလိုက်ဝူး။ နည်းနည်းလေး ကွာတဲ့ နေရာမှ ရပ်နေတာ။
အနော်လှည့် ကြည့် တော့ ။ အဲဒီမည်းမည်းကြီးက သေသေချာချာကြည့် နေသေးတယ်။ ပြီးတော “့တောက်” ခေါက်ပြီး ပြန်လှည့် သွားတယ်။ သွားရင်းသွားရင်းနဲ့  ပျောက်သွားတာဗျ။ တော်တော်ထူးဆန်းတယ်။ အခုထိ ကြက်သီးထတုန်း။ ပြန်တွေးမိတိုင်းပြောပါတယ်။ အနော်လည်း အကိုတွေ လက်ထဲမှာပဲ အနော်လွှတ်သွားတယ် ဆိုတာသိတော့ ။ တင်းထားတဲ့ စိတ်ကို ဖြေချလိုက်မိတယ် ထင်ပါတယ်။ အ၇မ်းလည်း ကြောက်သွားတယ်။ လူက အားကို မရှိတော့ တာ။ အဲဒါ အကိုတွေက အနော်ကို တွဲပြီး အိမ်ကို ခေါ်သွားကြတယ်။ ဟိုရောက်တော့  အဘွားတွေကို မပြောဝူး သူတို့  နှုတ်လုံတယ်။ အမတစ်ယောက်က ရေမန်းတစ်ခွက်လာတိုက်တယ်။ အဲဒါသောက်ပြီး အိပ်လိုက်တော့ တာပဲ။ တစ်ညလုံးဗျာ။ အိမ်မက်ဆိုးတွေနဲ့ လန့် လန့် နိးတယ်။ အိပ်လို့ ကို မပျော်ဝူး။ အဘွားကတောင် လှမ်းမေးတယ်။ အဲဒီကောင် ဖျားနေပြီလားမသိဘူးတဲ့ ။
မနက်ကျတော့ အဟုတ်ဖျားတော့ တာပါပဲဗျာ။ အကိုတွေ အမတွေက သိပေ့ မဲ့ လည်း ပြောရင် အနော်အတီးခံရမှာဆိုးလို့ မပြောဝူး။
အဘွားကလည်း ဒီကောင်ဖျားနေတာနဲ့  ပြန်လို့ ဖြစ်ပါ့မလားမသိဝူးတဲ့ ။ အနော်က အဲဒါနဲ့ ခပ်မြန်မြန်ပဲ။ ပြန်မှာသာ ပြန်ပါ အဘွားရယ် ဆိုပြီး ထပြောလိုက်ရတယ်။ ဟုတ်တယ်လေ။ မနေရဲတော့ ဘူး။ ကြောက်တာလည်း ပါတာပေါ့။ အဲဒါနဲ့ ပြန်လာခဲ့ တယ်ဆိုပါတော့ ဗျာ။
ဒါကတော့ အဲဒီနယ်မြို့ လေးမှာ အနော်တွေ့ ခဲ့ တဲ့  အဖြစ်အပျက်လေးပါ။ အခုရောက်လာတဲ့ အကိုကိုလည်း အဲဒီအကြောင်းမေးဖြစ်တော
“ လူနေအိမ်များလာလို့ ထင်တယ်ကွ၊ အခုနောက်ပိုင်းတော့ အရင်ကလို မခြောက်တော့ ဘူး။ အုတ်တံတိုင်း ဘက်မှာလည်း တိုက်တွေ ဖြစ်ကုန်ပြီလေ။ အဲဒီလမ်းက ညဆို စည်နေပြီဟ။ အဲဒါကြောင့် သရဲလည်း သူခြောက်ရမဲ့ သူများနေတော့  ခြောက်မနိုင်တော့ ဘူး ထင်ပါတယ်ကွာ” ဆိုပြီး ခပ်ဟဟ ရယ်နေလေရဲ့ ။ ။
By ZuZunAung