Tuesday, April 02, 2013

မိတ္ထီလာအကြမ်းဖက်မှုတွင် ပါဝင်သူများကို ဖော်ထုတ်ပြီး သေဒဏ်နှင့် တစ် သက် တစ် ကျွန်းပြစ် ဒဏ်များ ချမှတ်မည်

Posted by drmyochit Tuesday, April 02, 2013, under | No comments




မိတ္ထီလာ၊ ဧပြီ ၂။

မိတ္ထီလာ အကြမ်း ဖက်မှုတွင် ပါဝင် သူများကို စုံစမ်း ဖော်ထုတ်ပြီး ဥပဒေကြောင်း အရ အရေးယူ မှုများပြုလုပ် တော့မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က ပြောကြား သည်။

“နောက်လာ မယ့် အပတ်မှာ အကြမ်း ဖက်မှုမှာ ပါတဲ့ သူတွေကို ဖမ်းဆီးပြီး စစ်ဆေးမှု တွေပြုလုပ် တော့မယ်။ လူသေအောင် လုပ်တဲ့ လူတွေကို သေဒဏ် ပေးမယ်။ မီးရှို့ တဲ့ သူတွေကို တစ်သက် တစ်ကျွန်း။ အနာ တရဖြစ်အောင် ရိုက်နှက်တဲ့ သူတွေ ကိုလည်း တစ်သက် တစ်ကျွန်း ပေးမယ်။ အဲ့ဒီ တော့ ထိထိ ရောက်ရောက် အရေး ယူနိုင်အောင် ပြည်သူတွေ ဘက်ကလည်း ပူးပေါင်းဖို့ လိုအပ် ပါတယ်။” ဟု မန္တလေး တိုင်းဒေ သကြီး ဥပဒေရေး ရာချုပ် ဦးရဲအောင်မြင့်က မိတ္ထီလာမြို့ရှိ ဒုက္ခသည်စခန်းများတွင် ဒုက္ခသည် များကို ထောက်ပံ့ ပစ္စည်းများ ပေးအပ် စဉ်ပြော ကြားသည်။

“ဥပဒေ အတိုင်း အရေး ယူမယ် ဆိုရင် ကောင်းပါတယ်။ ဒါမှ မြို့က အရင်လို ပုံမှန်ပြန် ဖြစ်မှာပါ။ အခု ကတော့ နှစ်ဖက် စလုံးက ကြောက်နေကြတာ ဆိုတော့။ ဒီလို ဖော်ထုတ်မှ လည်း အသက် ဆုံးရှုံး ရတဲ့ သူတွေ ရော ဒုက္ခသည် ဖြစ်သွား ရတဲ့သူ တွေအား လုံး အ တွက် လည်း တရား မျှတ မှာပါ” ဟု အစ္စလာမ် ဘာသာဝင် ဒုက္ခသည် ဒေါ်မြင့်ကြည် ကပြော ကြားသည်။

“ပုဒ်မ ၁၄၄ ထုတ် ထားတယ် ဆိုတာ ကလည်း လို အပ်လို့ ထုတ် တာပါ။ အပြစ် မဲ့တဲ့ အသက် အိုးအိမ် စည်းစိမ်တွေ ထက်ပြီး မပျက် ဆီးရအောင် ထုတ် ထား တာပါ။ လူတွေ ထုတ်ပြန် တဲ့ ဥပဒေပဲ ဒီနေ့ ဒေသ ဒေသ အေးချမ်း သွား တာနဲ့ ဒီနေ့ပုဒ်မ ၁၄၄ကို ရုတ်သိမ်းပေးမှာပါ” ဟု မန္တလေးတိုင်း ဒေသကြီး ဥပဒေရေး ရာချုပ် ဦး ရဲအောင်မြင့်က ရှင်းလင်းပြောကြားသည်။

ယခု အခါ မိတ္ထီလာ အကြမ်းဖက်မှုနှင့်စပ်လျဉ်ပြီး ပြည်ထဲရေးဒုတိယ၀န်ကြိး ဗိုလ်မှုးချုပ်ကျော်ဇံမြင့်၊ မန္တလေး တိုင်းဒေ သကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်၊ ခရိုင်အုပ်ချုပ်ရေးမှုး ဦးခင်မောင်စိုး နှင့် အခြား ဌာန ဆိုင်ရာများမှ သက်ဆိုင်ရာ အရာရှိ များ ဦးဆောင်သော စုံစမ်း စစ်ဆေးရေး ကော်မ ရှင်မှ ပြစ်မှု ကျူးလွန် သူ များ ကို ဖော်ထုတ် အရေး ယူ မည်ဖြစ် ကြောင်း သိရသည်။

ဆုဝေ

Form: မြန်မာ့ခေတ်

"ဗိုလ်တစ်ထောင်မှဗလီမီးလောင်မှု ကောလဟာလသတင်းရှင်းလင်း"

Posted by drmyochit Tuesday, April 02, 2013, under | No comments



ရန်ကုန်၊ ဧပြီ၂ ဗိုလ် တစ်ထောင် တွင်ဖြစ် ပွားခဲ့သော မီးလောင်မှု နှင့် ပတ် သက်၍ ကောလ ဟာလ သတင်းများ ထွက်ပေါ် နေမှုကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ ၀န်ကြီးချုပ်နှင့် ရဲတပ်ဖွဲ့မှ တာဝန် ရှိသူ များက ယနေ့ ညနေ ၅ နာရီ၃၀ ခန့်တွင် ဒုတိယ အကြိမ် သတင်းစာ ရှင်းလင်း ပွဲပြု လုပ်လိုက်သည်။

အဆိုပါ ရှင်းလင်းပွဲတွင်ဝန်ကြီးချုပ်နှင ရဲတပ်ဖွဲ့မှုးတို့မှအခင်းဖြစ်ပွားရာတွင် ဗလီ ဆရာ ဦးဇေယျာဖြိုးမှ လုပ်ကြံ ဖန်တီးထွက်ဆိုမှု ကြောင့် ကောလဟာ လသတင်း များထွက် ရှိခဲ့ကြောင်း၊ ယခု အခါ စစ်ဆေး ချက် များ အရ အဖြစ် မှန်ကို သိရှိ နေရပြီ ဖြစ်ကြောင်း ပြောကြားကြသည်။

"တကယ် တမ်း စပြီးတော့ မီးအား မြင့်စက် အသံ မြည်တယ်။ ခလေး တွေက နိုးတယ် နောက်တော့ ဗလီ ဆရာကို နိုးတော့ မနိုး ဘူးလို့ သိရတယ်။ မီးပြတ်ရင် စက်ရှိတယ် တဲ့။ တရုတ်နီ ၂၅ ကောင်အား ဒီဇယ် သုံးတာပါ။ လှေခါးရဲ့အောက်မီ အားမြင့် စက်အောက် မှာ ဒီဇယ်ဗုံး ရှိပါတယ်။

ဒီဇယ် ဆွတ်ထား တဲ့စောင် ကိုဖြန့်ပြီး ပစ်မလား၊ ထွက် ဆို ချက်တွေ လွဲနေပြီ ဆိုတော့မှ ၀န်ခံပါတယ်။ခလေး တွေ ကပြော တယ်။ လှေကား အောက် မီးအား မြင့် စက် နားမှာ ဒီဇယ် ဗုံးထား တာပါ။

၅ ဂါလံ ဗုံးက ဒီ အထဲကို ရောက်နေ မလား။ သူ့ကြောင့် ခလေးတွေ ဆုံးတာ ကို တမင် လွဲပြော ထားတာ။ ၁၈၈  ထုတ် ထားတာ ကြောင့် လူတွေဟာ မထွက်ကြပါဘူး၊တပ်ကကင်းလှည့် ။ရဲက ကင်းလှည့် ဘယ်သူ ကလာ ရဲမှာလဲ။ ၁၀ နာရီနောက်ပိုင်းမှာ သိပ်ကို မထွက်ကြပါဘူး" ဟု ၀န်ကြီး ချုပ် ဦးမြင့်ဆွေ ကပြော သည်။

AH(NYK) Popular Myanmar News Journal

ဒီနှစ်သင်္ကြန်မှာလန်းမယ့် အနုပညာရှင်တို့ရဲ့ ရေကစားမဏ္ဍပ်

Posted by drmyochit Tuesday, April 02, 2013, under | No comments


သင်္ကြန်နီး လာတာနဲ့ အတူ အနု ပညာရှင်များ ကလည်း သင်္ကြန်ရက်များမှာ ပရိသတ်တွေအတိုင်း သင်္ကြန် အစီ အစဉ်တွေ စီစဉ်နေ ကြပြီ ဖြစ်ပါတယ်။ သင်္ကြန်မှာ မဏ္ဍပ် ဆောက်ပြီး ပျော်ရွှင်ကြဖို့ အတွက် စီစဉ် နေကြ သူများလည်း ရှိပါတယ်။

မျိုးဆက်သစ် အနု ပညာရှင် များ အနေ နဲ့ သင်္ကြန် ကာလ များမှာ ချစ်တဲ့ ပရိသတ် တွေနဲ့ အတူ ပျော်ရွှင် နိုင်ဖို့ မဏ္ဍပ်တွေ ဆောက်လေ့ ရှိကြ ပါတယ်။ မဏ္ဍပ် တည်ဆောက် တဲ့အခါ အစစ အရာရာ ဂရု စိုက်ရတဲ့ အပိုင်း တွေရှိကြ စမြဲဖြစ် ပါတယ်။ ဒိနှစ် မှာလည်း မဏ္ဍပ် ဆောက်ဖို့ စီစဉ် နေကြတဲ့ အနု ပညာရှင် တချို့ရဲ့ စီစဉ် ဆောင်ရွက် ထားမှု တွေကို မေးမြန်း ဖော်ပြ ပေးလိုက် ပါတယ်။

အောင်ရဲလင်း
(The Captain မဏ္ဍပ်) 
”မဏ္ဍပ်ကို ထူးခြားအောင် မီးတွေ၊ ဒီဂျေတွေ၊ Sound တွေကအစ အ ကောင်းဆုံး လုပ်ချင် တယ်။ ဒီနှစ်က ကုန်ကျစ ရိတ်လည်း တော်တော်များ တယ်။ သေချာလုပ်မယ်လို့ စဉ်းစား ထားတယ်။I Max ရယ်၊ Giorenzo ရယ်၊ AIR KBZ ၊ ADMA တို့ကလည်း စပွန်ဆာအနေနဲ့ ကူညီပံ့ပိုး ပေးကြတယ်။ မဏ္ဍပ်ဆောက် ရတာ တော်တော် တာဝန် ကြီးပါတယ်။ သေချာလေးလုပ်ဖို့ စီစဉ်ထားတယ်။ ပထမဆုံး ကျွန်တော် စဆောက် တဲ့ မဏ္ဍပ်ပါ။ အဓိက ကတော့ အေးအေး ဆေးဆေးလေးနဲ့ အန္တရာယ် ကင်းကင်း လေးနဲ့ လုပ်ဖြစ် သွားရင် ကျေနပ် ပါပြီ”

မြနှင်းရည်လွင်( မဏ္ဍပ်) 
”မဏ္ဍပ် အကျယ် အဝန်းက ပေ ၆ဝ x ပေ၁ဝဝ ကျယ် ပါတယ်။ မဏ္ဍပ်မှာ ရေကစားမယ့် သူေ တွ အတွက် ဖယ်ရီလည်းစီစဉ် ပေးမယ်။ မဏ္ဍပ် ပေါ်မှာဆိုရင်လည်း စားသောက် စရာတွေပါမယ်။ လိုက်တင်ကလည်း နိုင်ငံခြား က အတိုင်း လုပ် ထားတယ်။ Sound System အတွက်ဆိုရင်လည်း တအားမိုက်တဲ့ ဒီဂျေတွေကို ခေါ်ထား တယ်။သူများတွေ ထက်သာအောင် ထူးထူးခြားခြားလေးလုပ်ထားပါ တယ်”အစားအသောက်နဲ့ ပတ်သက် တာတွေလည်း စီစဉ် ထားပါတယ်။ Lucky Draw တွေလည်းပါမှာပါ။

မဏ္ဍပ် မှာလည်း လုံခြုံရေးပိုင်းကို ဦးစားပေးလုပ် ထားတယ်။ နာမည်ကြီးတဲ့ လုံခြုံရေးအစောင့် တော်တော် များများ ခေါ်ထားတယ်။ ဆယ်တန်း စာမေးပွဲလည်း ပြီးပြီဆိုတော့ ကလေးတွေရဲ့ မိဘတွေလည်း စိတ်ချ ရအောင် လစ်ဟာမှု မရှိအောင်လုပ်ထားပါတယ်”

ကျော်ထွဋ်ဆွေ(69.4မဏ္ဍပ်)

“ကျွန်တော်တို့ ဦးစီးပြီး မဏ္ဍပ်ဆောက်တာက အကုန်လုံး ပျော်ပျော်ပါးပါးမြူးလို့ ရအောင်ဆိုပြီး ရည်ရွယ် ထားတာ။ ကျွန်တော်တို့လူငယ်တွေဦးစီးပြီး ဆောက်တယ် ဆိုတော့ ပိုပြီးတာဝန်ပိုကြီးတယ်။

ရန်ဖြစ်တာ ကအစ ကျွန်တော်တို့ပဲ တာဝန်ယူရတာဆိုတော့ တာဝန်ကြီးတယ်။ ဘက်ပေါင်းစုံကိုလည်း ကြည့်နေ ရတယ်။ Security တွေကအစ ထားရတယ်။ ဒီနှစ်မဏ္ဍပ်မှာတော့ လာပက်တဲ့ သူတွေပျော်ဖို့၊ကဖို့ကောင်းအောင် ကျယ်ကျယ် ဝန်းဝန်းနဲ့ စီစဉ်နေပါပြီ။

အနုပညာရှင်တွေချည်းပဲ ဆောက်တဲ့ မဏ္ဍပ်တွေကပဲ လူပိုစည်ကားတာမဟုတ်ပါဘူး။ တခြား နာမည်ကြီး မဏ္ဍပ်တွေ ကလည်း လူစည်းကားပါတယ်။

ဒါပေမဲ့ အနုပညာရှင်တွေ ဆောက်တဲ့မဏ္ဍပ် မှာလည်း ကောင်းကျိုး၊ဆိုးကျိုးရှိပါ တယ်။ကျွန်တော် တို့မ ဏ္ဍပ်မှာ တစ်ခုခုများဖြစ်ရင်တော့ ကျွန်တော်တို့ မျက်နှာပျက် ရတာမျိုးတွေ၊ ဖြေရှင်းရတာမျိုးတွေရှိတာပေါ့။ ကျွန်တော် တို့ (69.4)မဏ္ဍပ်မှာ ကျွန်တော်ရယ်၊ လွှမ်းပိုင်၊ဂျောက်ဂျက်၊Ah-Boy ၊ SZ တို့လည်းပါမယ်”

ရတနာမိုင် (My New April မဏ္ဍပ်)
“မဏ္ဍပ် နာမည်ကို ‘My New April’ လို့ပေးထားတယ်။ ဒီမဏ္ဍပ်ကို My Lay Entertainment က စီစဉ်တာပါ။ ဒီလို မဏ္ဍပ် ဆောက်ရတဲ့ ရည်ရွယ်ချက်က လူငယ်တေ Relax အနေနဲ့ပျော် လို့ရအောင် အဆိုတော် ညီအစ်ကိုမောင်နှမတွေလည်း ပျော် လို့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဖြစ်တာပါ။ ဒီလို မဏ္ဍပ် ဆောက်ရတာလည်း စီးပွားရေးအနေနဲ့ တွက်လို့ မရဘူး။ အားလုံးပျော်ဖို့ဆိုပြီး ဆောက်ခဲ့တာပါ။

ဒီလို မဏ္ဍပ်ဆောက် ဖို့ စီစဉ် ရတာ သိပ်တာဝန်ကြီးတယ်။ အခုကတည်းက နေရာကို မကြိုက်လို့ ပြောင်းရ၊ ရွှေ့ရ တာနဲ့ပေါ့။ ဘက်ပေါင်းစုံက အခက် အခဲတွေရှိတယ်။ ခေါင်းလည်းစားရတယ်။ပြီးတော့ အဆိုတော် တွေ ပါလာ တော့ ပိုပြီးတော့ တာဝန်ပိုကြီးတယ်။

အနုပညာရှင် တွေဆောက်တဲ့ မဏ္ဍပ်က လူပိုစည်းကားကြတယ်ဆို တာက ဖျော်ဖြေရေးအပိုင်းတွေ ပါလာတဲ့ အတွက် တခြားမဏ္ဍပ်တွေထက်စာရင် လူပိုစည်းကားလာ တယ်။မိုင်လေးတို့ မဏ္ဍပ်မှာတော့ ဆိုတေး၊ အောင်လ၊ နန်းဆုနဲ့ မိုင်လေးကိုယ်တိုင်ဖျော်ဖြေသွားမှာပါ”

ရန်ကုန်ဗလီ မီးလောင်မှု ရဲစခန်း ပြောကြားချက်

Posted by drmyochit Tuesday, April 02, 2013, under | No comments



မေး။          ။ မူဆလင် စာသင်ကျောင်း လို့ ပြောပါတယ်။ ဟုတ်လားခင်ဗျ။

ဖြေ။          ။“ဟုတ်ကဲ့ ဗလီနဲ့ စာသင်ကျောင်း တွဲလျက် ပါခင်ဗျ။ မီးလောင် တာက ခဏလေး ပါခင်ဗျ။ မကြာပါ ဘူးခင်ဗျ။ ငြိမ်းသွား ပါပြီ ခင်ဗျ။”

မေး။          ။ ဟုတ်ကဲ့ ဘာကြောင့်မီးလောင် တာလဲခင်ဗျ။ ဘာကြောင့်ဖြစ် တယ်လို့ သိရပါလဲ။

ဖြေ။          ။ “မီးအားမြှင့်စ က်ကနေ ၀ါယာ ရှော့ဖြစ်ပြီး မီးလောင် တာပါ။ မီးအားမြှင့်စက် အပူရှိန် လွန်ပြီးတော့ ဖြစ်သွား တာပါခင်ဗျ။”

မေး။          ။ လူ အသေအပျောက်ရှိတယ်လို့ သိရပါတယ်။

ဖြေ။          ။“ကျနော်တို့ အဲ့ဒါကတော့ စာရင်းက စိစစ်နေတုန်းပဲခင်ဗျ။”

“ဒီတံခါးကို ဖွင့်လိုက်တဲ့ အချိန်မှာ ဒီမှာ ရှိနေတဲ့ ကလေးတွေက ဆင်းပြေး လာတယ်။ အဲ့တော့ လုံးပေါင်းက ၅၀ ကျော် ၆၀ လောက်ရှိတယ်။ ကျနော်တို့က အောက်ကို ငြိမ်းပြီးတော့မှ အပေါ်တက်တဲ့အခါမှာ လာင်းတွေ ကို တွေ့တယ်။ လောင်တဲ့ အကြောင်းရင်းကတော့ ဘာကြောင့်လဲဆိုရင် အောက်ထပ်မှာရှိတဲ့ လှေကား နားမှာ မီးအားမြှင့်စက်ရှိတယ်။ အဲ့ဒီမီးအားမြှင့်စက်ကနေ စပြီးတော့ လောင်တာ။ အဲ့ဒီကနေ မီးအများဆုံးလောင်ထားပြီးတော့ အဲ့ဒီကနေပြီးတော့မှ လှေကားပေါက်ကို ပိတ်နေ ပြီးတော့မှ ကလေးတွေက ဆင်းပြေးလို့ မရဘဲနဲ့ အဲ့ဒီမှာ ပိတ်မိပြီးတော့ သေဆုံးရ တာပါ။ သေဆုံးတာကတော့ အခုလောလောဆယ် ၁၃ ယောက်။ ဒဏ်ရာရတာတော့ မသိသေးဘူး။”

၂-၄-၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် ဗိုလ်တစ်ထောင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ (၄၈)လမ်း၊ မ/၁၈၃ရှိ မီးလောင် ကျွမ်းသော အဆောက်အဦးမှာ (၆၀x၆၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ် အခင်းဖြစ်၍ အပေါ် ထပ်တွင် ပေ(၂၀)ပတ်လည် ပျဉ်ခင်းထပ်ခိုးပြုလုပ်ထားပြီး ထပ်ခိုး၏ အောက်ထပ်လှေကား ခြေရင်း၌ထားရှိ အသုံးပြုသော မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူလွန်ကဲလောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ မီးလောင် မှုကြောင့် ထပ်ခိုးအတက်အဆင်း လှေကားလက်ရမ်း၊ ထပ်ခိုးကြမ်းခင်းနှင့် သစ်သား ပြူတင်းပေါက်များ မီးလောင်ကျွမ်းခဲ့ပြီး တန်ဖိုး (၈၅၀၀၀၀ိ/-)ခန့် ဆုံးရှုံးခဲ့ကြောင်း အဆိုပါ ကျမ်းစာသင်ကျောင်းအတွင်း ညအိပ် သူ ဗလီကျောင်းသားဦးရေ (၇၀)ဦးခန့်ဖြစ်ပြီး သေဆုံးသူမှာ ကျား(၁၃)ဦးဖြစ်၍ ပျောက်ဆုံးသူ(၄)ဦးအား ဒဏ်ရာ တစ်စုံ တစ်ရာ မတွေ့ရဘဲ အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း မီးလောင်ဒဏ်ရာများဖြင့် သေဆုံး နေသော အလောင်းများကို ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်ထားရှိခဲ့ကြောင်း သတင်းရရှိသည်။

From: ME

၄၈ လမ်းမီးလောင်မှုဖြစ်ပွားရာသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ သွားရောက် စစ်ဆေး ကြည့်ရှု

Posted by drmyochit Tuesday, April 02, 2013, under | No comments



၄၈ လမ်း မီးလောင်မှုဖြစ် ပွား ရာသို့ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ လည်း သွားရောက် စစ်ဆေး ကြည့်ရှု ခဲ့သည်။

မီးသတ် ဦးစီး ဌာနမှ သတင်း အရ အပေါ်ထပ် ၀င်ပေါက်မှာ တစ်ခု တည်း သာရှိပြီး၊ ပြူတင်း ပေါက် များတွင် သံတိုင် များ ကာရံ ထားသည့် အတွက် မီးလောင်မှု ဖြစ်ချိန်တွင် အတွင်း ၀ယ်ရှိနေ သူများ ပိတ်မိ ခြင်းဖြစ် ကြောင်း သိရသည်။

အသက် ဆုံးရှုံး သွားသူ များမှာလည်း ယင်းပြူ တင်းပေါက် များမှ ထွက်ရန် ကြိုးစားရင်း ဆုံးပါး ရခြင်းဖြစ် ကြောင်းသိ ရသည်။

"မြန်မာ့ အသံနဲ့ ရုပ်မြင် သံကြား မနက် ၉ နာရီသတင်းမှာ မီးလောင်မှုဖြစ်ပွား တဲ့ ဗလီကို ရိုက်ကူးပြသ ထုတ်လွှင့် ပေးခဲ့ ပါတယ်။

အဲဒီ ပုံကို ကြည့်ရင် ဗလီရဲ့ ပြင် ပနံ ရံများ မီးဟပ် ထားတာ လုံးဝ မရှိကြောင်း၊ အဆောက် အဦအပြင် ဘက်မှာ မီးလောင် ကျွမ်း ထားတာ မရှိကြောင်း၊ အပေါ် ထပ်ပြူ တင်းပေါက် များရဲ့ အတွင်း ဘက်မှာသာ မီးဟပ် ထားကြောင်း တွေ့ နိုင်ပါတယ်။

ဒါ့အပြင် ဗလီ ၀င်ပေါက်ကို သံတခါးနဲ့ သော့ ခတ်ထား တဲ့အ တွက် မီးသတ်ဖို့ တောင် တခါးကို ချိုးဖျက် ၀င် ခဲ့ရကြောင်း မျက်မြင် သက်သေများ ရဲ့ ပြောကြားချက်ကို တွေ့ နိုင်ပါတယ်။

ဒါ့ကြောင့် အပြင် ကနေ မီးရှို့ တယ် ဆိုတဲ့ စွတ်စွဲချက်များမမှန်ကန်ကြောင်း တင်ပြအပ်ပါတယ်"ဟု ပြန်ကြား ရေး ၀န်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကပြောပါသည်။

ယခုအခါ ယင်းမီး လောင်မှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ရုံးတွင် သတင်း စာရှင်း လင်းပွဲပြု လုပ်နေကြောင်း သိရသည်။

From : .popular

အဖွဲ့အစည်းပေါင်းစုံနှင့် အနုပညာရှင်များ မိတ္ထီလာဒုက္ခသည်များကို ကူညီအားပေး

Posted by drmyochit Tuesday, April 02, 2013, under | No comments



အဖွဲ့ အစည်း ပေါင်းစုံနဲ့ ရုပ်ရှင် အနု ပညာရှင်များ ပါတဲ့ အဖွဲ့ဝင် အင်အား ၂၀၀ လောက် ဟာ မိတ္ထီလာမြို့က ဒုက္ခသည် စခန်း တွေကို April 1 ရက်နေ့ လှည့်လည် သွားရောက်ပြီး ကူညီထောက်ပံ့ အားပေး နှစ်သိမ့် ခဲ့ကြပါတယ်။

၈၈ မျိုးဆက် ပွင့်လင်း အဖွဲ့၊ ရုပ်ရှင် အစည်း အရုံး အဖွဲ့က ဇာတ်ပို့ ဇာတ်ရန်နဲ့ ကိုလူချောတို့ အဖွဲ့ အပါအ၀င် မင်းသား မင်းသမီး ၁၀၀ ကျော်၊ နာရေး ကူညီမှု အဖွဲ့ရယ်၊ မဖြူဖြူသင်း အဖွဲ့တို့ ပူးပေါင်းပြီး ‘အပြစ်မဲ့ နာကျင်မှု များ အတွက် စာနာမှု လက်များ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်ပုဒ်နဲ့ သွား ခဲ့ကြ တယ်လို့ ၈၈ မျိုးဆက် ပွင့်လင်း လူ့ အဖွဲ့ အစည်းက ဦးဂျင်မီက ပြောပါ တယ်။

“ကားအားလုံးပေါင်း ၁၀ စီးလောက်ရှိမယ်။ နောက် ဟိုရောက်တော့ ဆရာတော် အရှင်ဆန္ဒာဓိကလည်း ရောက်နေ တော့ ဆရာတော် ကလည်း ကျနော်တို့နဲ့ ပေါင်းလှူ ကြမယ် ဆိုတော့ အဲမှာ စုပေါင်းလှူတဲ့ ပွဲလေး ၁ ခု ဖြစ်သွား တယ်။ ဆရာတော် အရှင် ဆန္ဒာ ဓိက က သိန်း ၃၀၀ ကျော်ပါတယ်။ ရုပ်ရှင် အစည်း အရုံးက ၅၈ သိန်း။ ကျနော် တို့က အ၀တ် အထည်၊ ဆန်၊ နို့မှုန့် ဘူးတွေ၊ အခြား အဖွဲ့ အစည်း တွေက လည်း ဆိုင်ရာဆိုင်ရာ အလှူ ဒါန တွေပါ ကြပြီး ဒီနေ့ စုပေါင်း လှူ ဖြစ်ကြတယ်။”

မိတ္ထီလာမြို့ရှိ ဒုက္ခသည် စခန်း ၇ ခုကို လှည့်လည် သွားရောက်ပြီး ကူညီ ခဲ့ကြတာ ဖြစ်ပါတယ်။  မိတ္ထီလာ ခရီးကို ရုပ်ရှင် အစည်း အရုံး ဥက္ကဋ္ဌ တဦး အနေနဲ့ လိုက်ပါ သွားတဲ့ ဦးဇင် ၀ိုင်းက “လူတွေက ဒီကွင်း ပြင်ကြီး တွေမှာ ရွက်ဖျင်တဲ တွေနဲ့ နေကြ ရတယ်။ တချို့လည်း အား ကစား ရုံကြီး တွေမှာ သူ့အကန့် လေးတွေ နဲ့သူ ဖျာခင်းပြီး နေကြတယ်။ အားလုံး မျက်နှာ တွေက ညှိုးငယ် နေကြတယ်။

ကြောက်ရွံ့ နေကြ တယ်။ သံသယ တွေလည်း ရှိနေကြ တယ်။ သောက တွေလည်း မပျောက်ကြ သေးဘူး။ ဘယ်လို မှလည်း ပျောက် စရာ မရှိနိုင် သေးဘူးလေ။ သူတို့ ကြုံတွေ့ ခဲ့ရ တာတွေက ထိတ်လန့် ကြောက် စရာ အဖြစ် အပျက် တွေပဲလေ။ နောက်ကွယ်မှာ ဖန်တီး နေတာ ကြိုးကိုင် တာတွေ ရှိတယ် လို့လည်း ပြောဆိုကြ တာလည်း ရှိတယ်။ နိုင်ငံတော်အာဏာပိုင်တွေလည်း ပြောနေတယ်။ အခု ဒုက္ခသည် စခန်းရောက် တော့လည်း သူတို့ရဲ အထင် အမြင် အယူ အဆတွေ ဒီလိုတွေ ရှိနေတာ တွေ့ရတယ်။ တော်တော် စိတ် မချမ်းမြေ့ စရာကောင်း တာပေါ့။ ဒီလူတွေဟာ ကျနော်တို့ တနိုင်ငံ တည်း သား တွေပဲ။ ဘာသာ အယူ ၀ါဒ ကွဲ ပေမယ့် ကျနော်တို့ သွားရာ မှာလည်း သူတို့မှာ ဘယ်သူ ဘယ်ဝါ ဆိုရယ်လို့ မရှိဘူး။ တဒင်္ဂ လေးတော့ ပျောက်သွား တာပေါ့။ ဒါပေမယ့် ကျနော်တို့ ပြန်သွား ရင်လည်း သူတို့ သောက ပြန်တောက် လောင်ကြ မှာပါ။ သူတို့ မှာလည်း သူတို့ကို ထင်နေ တာတွေ၊ သံ သယ တွေလည်း ရှိနေတယ်။ ဒါတွေ အများကြီး ဖြေဖျောက် သွားဖို့ လိုမယ်လို့ ထင်တယ်။”

မတ်လ ၂၀ ရက်နေ့ က မိတ္ထီလာက စခဲ့တဲ့ ပဋိ ပက္ခဟာ မြို့နယ် ၁၅ မြို့နယ်ကို ကူးစက် ခဲ့ပြီး အကြမ်း ဖက်မှု ၁၆၃ ကြိမ်၊ သေဆုံးသူ ၄၃ ဦး၊ ဒဏ်ရာရသူ ၈၆ ဦး ရှိကြောင်း ပြည်ထဲရေး ၀န်ကြီး ဌာနက သတင်း ထုတ်ပြန် ထားပါတယ်။

လူဦးရေ ၁ သောင်း တထောင်ကျော် အိုးအိမ် မဲ့ဖြစ် ခဲ့ရပြီး ကယ်ဆယ်ရေး စခန်း ၆ ခုမှာ လူဦးရေ ၉၀၆၅ ဦးကို စောင့်ရှောက် ထားကြောင်း ဖော်ပြ ထားပါတယ်။

ဒါ့အပြင် ပြစ်မှု ကျူးလွန်သူ ၆၈ ဦးကို ဖမ်းဆီးရမိပြီး ဥပဒေနဲ့ အညီ အရေး ယူရန် ဆောင်ရွက် နေကြောင်း လည်း ဖော်ပြထား ပါတယ်။

News From: DVB
Phto From: ပေါ်ပြူလာ

ရေကျော် အစ္စလာမ် စာသင်ကျောင်း မီးလောင်မှု မြင်ကွင်း (ရုပ်/သံ)+ အသံဖိုင်

Posted by drmyochit Tuesday, April 02, 2013, under | 1 comment

ဧပြီလ(၂)ရက်နေ့ က ရန်ကုန်မြို့ ဗိုလ် တထောင်မြို့ နယ် ရေကျော် အစ္စလာမ် စာသင်ကျောင်း မီးလောင် မှုတွင် ဗလီအတွင်း ကျာင်းသား (၇၀) ဦးရှိ၍ ဗလီမှာ စာသင် ကျောင်းသား နှင့် တွဲဖက် ထာရှိခြင်း ဖြစ်ကြောင်း မီးလောင်း ကျွမ်း မှုကြောင့် ဗလီစာသင်ကျောင်း အပေါ်ထပ်တွင်  အိပ်ပျော် နေ သော ဗလီ ကျောင်းသား (၁၃)ဦးမှာ၊ မီးခိုးမွှန်၍  မီးလောင်းဒဏ်ရာတို့ဖြင့် သေဆုံးနေကြောင့် သိရသည်။



ဗိုလ်တထောင် အစ္စာလာမ် စာသင်ကျောင်း မီးလောင်မှု ဆက်သွယ်မေးမြန်းချက် (အသံဖိုင်)

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်က အစ္စလာမ် ဘာသာရေး စာသင်ကျောင်း တခုမှာ ဧပြီလ ၂ ရက် မနက် ၂ နာရီ ၁၅ မိနစ် လောက်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၁၇ ဦး လောက် သေဆုံးသွား တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး၊ ဗိုလ်တထောင် ဒေသခံ အမျိုးသမီး တဦးကို ဒေါ်ယဉ်ယဉ်မေက မေးမြန်း ထားပါတယ်။ 

ဘီဘီစီ (မြန်မာပိုင်း)

ရခိုင်စုံစမ်းရေး အစီရင်ခံစာ ထုတ်ပြန်ရက်ရွှေ့ဆိုင်း

Posted by drmyochit Tuesday, April 02, 2013, under | No comments


ရခိုင်မှာဖြစ်ခဲ့တဲ့ အဓိကရုဏ်းအတွင်း လုံထိန်းရဲက လုံခြုံရေး ယူထားစဉ် (၂၇ အောက်တိုဘာ ၂၀၁၂)

ရခိုင် ပြည်နယ် တွင်းက အကြမ်းဖက် ပဋိ ပက္ခ တွေနဲ့ ပတ် သက်ပြီး နိုင်ငံတော် သမ္မတ ဆီကို မတ်လ နောက်ဆုံး ရက်မှာ အပြီးသတ် တင်သွင်းရမယ့် အစီရင်ခံစာကို ဧပြီလလယ်ပိုင်းအထိ ရက် ရွှေ့ဆိုင်း လိုက်တယ်လို့ ရခိုင် စုံစမ်း စစ်ဆေးရေး ကော်မ ရှင်က ကြေညာ လိုက်ပါတယ်။ နိုင်ငံတကာ ကပါ စောင့်ကြည့် လေ့လာ မယ့် အစီရင်ခံစာ အပေါ် နောက်ဆုံးအကြိမ် ပြန်လည်စိစစ်သုံးသပ်ဖို့ အချိန် ယူတာနဲ့အမျှ အချက် အလက် မှန်ကန်တဲ့ ဒီအစီရင်ခံစာ ထွက်ပေါ်လာမယ့်လို့ မျှော်လင့် တဲ့ အကြောင်း ဒေသခံ ပြည်သူ့ လွှတ်တော် အမတ် တွေက ပြောပါတယ်။ အပြည့် အစုံကို မဆုမွန်က တင်ပြ ပေးထား ပါတယ်။

မတ်လ ၃၁ ရက်နေ့ နောက်ဆုံး ထားပြီး နိုင်ငံတော် သမ္မတဆီ အပြီးသတ် တင်သွင်း ရမယ့် ရခိုင် ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်း ဖက်မှု ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံး အစီရင် ခံစာထဲမှာ ပါတဲ့ သတင်း မှတ်တမ်း အချက် အလက် တွေနဲ့ ပတ်သက်ပြီး  ပြန်လည် စိစစ် သုံးသပ်ဖို့ လိုသေးတဲ့ အတွက် ဖြစ်တယ် ဆိုပြီး ဧပြီလ ၂၄ ရက်နေ့ကို ရက် ရွှေ့ဆိုင်း လိုက်တယ်လို့ ကော်မရှင်က ကြေညာ လိုက်ပါတယ်။

နိုင်ငံတော် သမ္မတနဲ့ ပြည်သူတွေတင်မကဘဲ နိုင်ငံတကာကပါ စောင့်ကြည့်လေ့လာမယ့် အစီရင်ခံစာ ဖြစ်တဲ့ အတွက် အငြင်းပွားဖွယ်ရာ အချက်အလက်တွေ မပါဝင်အောင် စနစ်တကျ လုပ်ဆောင်ဖို့ ကြိုးစား နေကြတယ်လို့ စုံစမ်း စစ်ဆေးရေး ကော်မရှင်ရဲ့ အဖွဲ့ဝင်လည်းဖြစ်၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီရဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဒေါက်တာအေးမောင် က ပြောပါတယ်။

“ဒါနဲ့ ပတ်သက်လို့ ထပ်ဖြည့် နိုင်တာလေးတွေ ပေါ့နော်၊ နောက် ဘယ်လိုဆောင်ရွက်ရင် ကောင်းမလဲ ဆိုတာ လေးတွေ သူတို့ ဒီဘက်မှာ ရှိတဲ့ အသွင်အပြင် မတူတဲ့ မျိုးနွယ်စု နှစ်ခု ဟာ တဦးကိုတဦး ယုံကြည်မှုထက် ဖြစ်လာ နိုင်တဲ့ တခြားအကြမ်းဖက်မှုလေးတွေကို စိုးရိမ်တဲ့အခါကျတော့ အတူယှဉ်တွဲနေထိုင်ရေးထက်လေ ယုံကြည်မှု တည်ဆောက်ရေး ကာလရှည်တခုကို ဖြတ်ဖို့ လိုမယ်ဆိုတဲ့ သဘော ရှိနေကြတယ်လို့ သုံးသပ် ပါတယ်။”

အခုလမှာ ထွက်ရှိမယ့် အပြီးသတ် အစီရင်ခံစာနဲ့ ပတ်သက်ပြီးလည်း ကော်မတီ၊
ကော်မရှင်ပါ အဖွဲ့ဝင်တွေအနေနဲ့လည်း အစီရင်ခံစာ တင်ပြနိုင်အောင် အချိန်နဲ့တပြေးညီ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့သင့်တယ်လို့လည်း ဒေါက်တာ အေးမောင်က ပြောပါတယ်။

“အမှန် အချိန်က တော်တော်နည်းပါတယ်။ အကုန်လုံး စုစည်းဖို့ကလည်း လိုချင်မှ လိုမယ်လေ။ ဒါပေမဲ့လည်း ကော်မတီ သို့မဟုတ် ကော်မရှင်ရဲ့ ပုံမှန်လုပ်ငန်း လုပ်ဖို့အတွက်တော့ သူ့မှာ ခိုင်မာတဲ့ report တခု မပြီးခင်မှာ ကျနော်တို့ကို ပြန်ပြီး ဥပမာ final report မထွက်ခင် ၃ ပတ်လောက် ကြိုပြီး တွေ့ဆုံညှိနှိုင်းဖို့ သင့်တယ်။ တွေ့ရှိချက် အပေါ်မှာလည်းပဲ အပြန်အလှန် သုံးသပ် ဝေဖန် ဆွေးနွေးကြတဲ့ အဆင့်လည်း ရှိသင့်တာပေါ့လေ။”
နိုင်ငံတော်သမ္မတထံ တင်သွင်းမယ့် အပြီးသတ် အစီရင်ခံစာထဲမှာ ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ အခြေခံ အကြောင်း အရင်း၊ အဓိကအကြောင်းအရင်း၊ ပဋိပက္ခ ဖြစ်ပွားမှုကြောင့် သေဆုံး ထိခိုက်ဒဏ်ရာရမှုတွေ၊ ပျက်စီးဆုံးရှုံးမှုတွေ အပါ အဝင် နယ်မြေ တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှုတွေ အပါအဝင်၊ ဒုက္ခသည် တွေကို ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့  ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင် ဖို့နဲ့ ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် ရေတို၊ ရေရှည် ဆောင်ရွက်သင့်တဲ့ အချက်များ၊ မတူကွဲပြားတဲ့ လူအုပ်စုတွေ အကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မည့် နည်းလမ်းတွေနဲ့ နယ်မြေတွင်း ပြန်လည် ထူထောင်ရမယ့် စီးပွား ရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြံပြုချက်တွေ ပါဝင်မှာဖြစ်ပါတယ်။

အခုလို သမ္မတ ဦးသိန်းစိန်ဆီကို အပြီးသတ် အစီရင်ခံစာတင်သွင်းဖို့ ရက်ရွှေ့ဆိုင်းလိုက်ပြီး  ဧပြီ လကုန် ပိုင်းလောက်မှာ ထွက်လာမယ့် အစီရင်ခံစာပါ မှတ်တမ်း အချက်အလက်တွေဟာ မှန်ကန်မှုရှိဖို့ လိုအပ်ပြီး၊ အငြင်း ပွားဖွယ်ရာ အချက်အလက်တွေနဲ့ပတ်သက်ပြီး သမိုင်းမှတ်တမ်းတွေ၊ ဘက်ပေါင်းစုံက လေ့လာ စုံစမ်းမှု စုံစုံ လင်လင်နဲ့ ထွက်ရှိသင့်ပြီး ပွင့်လင်းမြင်သာမှု ရှိသင့်တယ်လို့လည်း အချက်အလက် စုဆောင်းရေးမှာ ပါဝင် ကူညီ ခဲ့တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်အမတ် ဦးရွှေမောင်း က ထောက်ပြ ပြောဆိုလိုက်ပါတယ်။

“ဒီလကုန်မတိုင်ခင် ထွက်ရမယ်လို့၊ တင်မယ်လို့ အဲ့လို ကြားခဲ့တာ။ အဲ့ဒါက နိုင်ငံတော် သမ္မတဆီကို တင်မှာ ပေါ့နော်။ တင်ပြီးလို့ရှိရင် နိုင်ငံတော် သမ္မတကနေ ဒါကို လူသိရှင်ကြားဖြစ်အောင် ကြေ ညာမယ်။ အဲ့လိုမျိုး အကြမ်းဖျင်း သိရတယ်။ ကျနော်တို့ကလည်း တောက်လျှောက် သူတို့ကို လိုအပ်တဲ့ အချက်အလက်တွေ၊ ကျနော်တို့ ပေးထားတာ ရှိတယ်။ ဒီရခိုင်စုံစမ်းရေးကော်မရှင်အနေနဲ့ နိုင်ငံတော် သမ္မတဆီကို တင်သွင်းတဲ့ အခါမှာ သူတို့အနေနဲ့ ဘယ်လို စုံစမ်းလို့ ရခဲ့တယ် ဆိုတာကို အလေးအနက် ထားပြီးမှ ပါစေချင်တယ်ခင်ဗျ။”

ကော်မရှင်အနေနဲ့ အပြီးသတ် အစီရင်ခံစာ တင်သွင်းမယ့်ရက်ကို အချိန်ယူပြီး ပြန် သုံးသပ်ဖို့ လုပ်ဆောင် နေတဲ့ အချိန်မှာပဲ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ပဋိပက္ခအတွင်း အိုးအိမ် ဆုံးရှုံး ခဲ့ရသူတွေ အတွက် လည်း မိုးရာသီအမှီ နေစရာ အခက်အခဲ ဖြစ်နေတဲ့အပေါ် အရေးတကြီး ဆောင်ရွက်သင့်တယ်လို့  ဘူးသီးတောင် အမတ် ဦးရွှေမောင်း က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

“အခုက မိုးရာသီက လာတော့မယ်။ ဇွန်လဆိုရင်ပေါ့နော်။ တချို့ဆိုရင် မေလ အလယ်လောက်မှာ မိုးရွာတာပဲ။ ဆိုတော့ အခု အချိန်ထိ အိမ်တွေ ဆောက်ဖို့အတွက်ကို အဆင်မပြေသေးဘူး။ လိုအပ်တဲ့ အစီအမံ တွေကိုလည်း ဆောင်ရွက်ပေးရမယ်။ လုံခြုံရေးကိစ္စတွေကိုလည်း သူတို့က ၀င်ပြီး လုပ်ပေးလိမ့်မယ်။”

ရခိုင် စုံစမ်းစစ်ဆေးရေး ကော်မတီရဲ့ ကြားဖြတ် အစီရင်ခံစာကို နိုဝင်ဘာလ နောက်ဆုံး ပတ်တွင် နိုင်ငံတော် သမ္မတ ဆီကို တင်သွင်းခဲ့ပြီး၊ အပြီးသတ် အစီရင်ခံစာ တင်သွင်း မယ့်ရက်ကို ၂၀၁၃ မတ်လ ၃၁ ရက်နေ့ကို သတ်မှတ် ခဲ့တာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံကို တိုက်ရိုက်အစီရင်ခံ တင်ပြ ရမယ်လို့ သမ္မတက အမိန့်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

From: VOA

မိတ္ထီလာအကြမ်းဖက်မှု စုံစမ်းဖော်ထုတ်ဖို့ HRW တိုက်တွန်း

Posted by drmyochit Tuesday, April 02, 2013, under | No comments


ပြီးခဲ့တဲ့ လကုန်ပိုင်း မြန်မာနိုင်ငံ အလယ်ပိုင်းမှာ လူတွေ သေဆုံး ခဲ့ရတဲ့ အထိ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် အဓိ ကရုဏ်း အရေး အခင်းနဲ့ ပတ်သက်ပြီး ပါဝင် ပတ်သက်တဲ့ သူတွေ၊ လှုံ့ဆော် ဖန်တီး သူတွေ၊ တာဝန် ခံမှု ရှိစွာနဲ့ စုံစမ်း ဖော် ထုတ် ပေးဖို့ နိုင်ငံ တကာ လူ့ အခွင့် အရေး အဖွဲ့ တခုက တောင်း ဆိုလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီး ဖြစ်တဲ့ HRW က ခွဲခြား ဆက်ဆံ မှုတွေကို တိုက်ဖျက်ဖို့နဲ့ မူဆလင် လူ့အဖွဲ့အစည်းအပေါ် ဆန့်ကျင် တိုက်ခိုက်နေမှုတွေ ရပ်တန့် သွားစေရေး အတွက် ဘာသာရေး အဖွဲ့အစည်းတွေရဲ့ ကြိုးပမ်း နေမှု တွေကို ပိုမို လုပ်ဆောင် နိုင်အောင် အားပေးဖို့ မြန်မာ အစိုးရကို တောင်းဆို လိုက်ပါတယ်။

မန္တလေး တိုင်းဒေသကြီး မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်း ဖက်မှုတွေ အတွင်း သတ်ဖြတ် မှုတွေ ဖြစ်ပွား ခဲ့ တာနဲ့ အဆောက် အဦးတွေ၊ လူနေအိမ်တွေ မီးရှို့ နေတာကို ရဲတပ်ဖွဲ့က ဘာကြောင့် မတားဆီးနိုင် ခဲ့ တာ လဲ ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီးတော့ လည်း စုံစမ်း စစ်ဆေး ပေးဖို့ တောင်းဆိုထားပါတယ်။

မတ်လ ၂၀ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် အဓိကရုဏ်းအတွင်း လူပေါင်း ၄၀ ကျော် သေဆုံး ပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ HRW အဖွဲ့က ပြော ပါတယ်။

မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘာသာရေး လွတ်လပ်ခွင့်နဲ့ ကိုးကွယ် ယုံကြည်မှုကို ကာ ကွယ် ပေးရမယ် ဆိုတဲ့အချက် ပါရှိကြောင်း လူ့အခွင့်အရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မနေ့ကတော့ ပဲခူးတိုင်းထဲက အဓိကရုဏ်းတွေ အပြင်းထန်ဆုံး ဖြစ်ခဲ့တယ်လို့ ဆိုကြတဲ့ ဇီးကုန်းမြို့ အကြမ်း ဖက် မှုမှာ ပါဝင်တယ်လို့ သံသယရှိသူ ၁၀ ဦးကို ဖမ်းဆီးထားပြီး၊ ပေါင်းတည်ထောင် အချုပ်မှာ ချုပ်နှောင် ထားတ ယ်လို့ ဇီးကုန်းမြို့ ရဲစခန်း တာဝန်ရှိသူ တဦးက ဗွီအိုအေကို ပြောဆို တယ်။

From: VOA

ကိုးရီးယားကျွန်းဆွယ် စစ်ရေးမာန်ဖီမှု အထွတ်အထိပ်ရောက်

Posted by drmyochit Tuesday, April 02, 2013, under | No comments

တောင်နဲ့ ​မြောက် ​ကိုးရီးယား ​နှစ်နိုင်ငံ ​စစ်စာချုပ်ကို ​မြောက် ကိုးရီးယား နိုင်ငံက ​ပယ်ဖျက်ပြီး ​နှစ်နိုင်ငံ ​​ဆက်ဆံရေး ​​တင်းမာ နေတုန်း ​​ပြီးခဲ့တဲ့ ​​ရက်ပိုင်း ကပဲ ​​မြောက် ကိုးရီးယား နိုင်ငံဟာ ​​တောင် ကိုးရီးယား နိုင်ငံနဲ့ ​​စစ်ဖြစ် နေပြီလို့ ​​ကြေငြာ ခဲ့တဲ့အတွက် ​​တောင် ကိုးရီးယား အစိုးရက ​တိုက်ခိုက်မှု မှန်သမျှကို ​တုန့်ပြန်ဖို့ ​ကာကွယ်ရေး တပ်ကို ​မှာကြား ​လိုက်ပြီး ​တင်းမာ မှုတွေ ​အထွတ် အထိပ် ​ရောက်ရှိ နေပါတယ်။

မြောက် ကိုးရီးယားနိုင်ငံကို ဝင်ရောက်မယ့် ကားတွေကို တောင်ကိုးရီးယားလုံခြုံရေးတပ်တွေ စစ်ဆေးမှု လုပ်နေ (Credit: AFP)

ဗီဒီယို နျူကလီးယား အစီအစဉ် တိုးချဲ့မယ်လို့ မြောက်ကိုးရီးယားပြော

အ ​မေ ​ရိ ​ကန် ​နိုင်ငံ ​ကလည်း ​မြောက်ကိုးရီးယား ​နိုင်ငံက ​လွှတ်တင်တဲ့ ​ဒုံးကျဉ်တွေကို ​ပစ်ချနိုင်မယ့် ​စစ် သင်္ဘောတွေ ​အသင့် နေရာ ​ယူထား ပြီလို့ ​သိရပါတယ်။

အရင် ရက်တွေ တုန်းက ​အ ​မေ ​ရိ ​ကန် ​နိုင်ငံက ​တောင်ကိုးရီးယား ​နိုင်ငံနဲ့ ​စစ်ရေးလေ့ကျင့်ဖို့ ​F-22 ​စစ် ​လေ ​ယာဉ် ​တွေ ​ကို ​တောင်ကိုးရီးယား ​နိုင်ငံကို ​စေလွှတ်တုန်း ​တောင်ကိုးရီးယား ​သမ္မတ ​Park ​Geun-Hye ​က ​မြောက် ကိုးရီးယား ​တိုက်ခိုက်မှုတွေကို ​တုန့်ပြန်ဖို့ ​သတိပေးလိုက်တာ ​ဖြစ်ပါတယ်။

မြောက် ကိုးရီးယား နိုင်ငံရဲ့ ​နေ့စဉ်နှင့်အမျှ ​ချိမ်းခြောက်မှုတွေကို ​တောင်ကိုးရီးယားအနေနဲ့ ​အလေး အနက် ထားပြီး ​စောင့်ကြည့် နေပြီး ​တုန့်ပြန်မှု လုပ်မယ်လို့ ​ဆိုပါတယ်။

အမေ ရိကန် နိုင်ငံက ​မိမိရဲ့ ​စစ်လေယာဉ် အစွမ်း တွေကို ​တောင် ကိုးရီးယား နိုင်ငံနဲ့ ​မီဒီယာ တွေကို ​ပြသဖို့ ​စေလွှတ်ခဲ့ ပေမယ့် ​အဲဒီ အစီ အစဉ်ကို ​ဖျက်သိမ်း လိုက်တယ်လို့ ​သိရပါတယ်။

မြောက် ကိုးရီးယား အစိုးရရဲ့ ​ဆိုးဝါးတဲ့ ​တုန့်ပြန်မှုကို ​ရှောင်ရှားလိုတဲ့အတွက် ​အမေရိကန်အစိုးရက ​အဲဒီ အစီ အစဉ်ကို ​ဖျက်သိမ်းတာ ဖြစ်နိုင် တယ်လို့ ​ထင်ကြေး ပေးနေ ကြပါတယ်။

ဒါပေမယ့် ​မြောက် ကိုရီးယား နိုင်ငံက ​လွှတ်တင်တဲ့ ​ဒုံးကျဉ် တွေကို ​ပစ်ချ နိုင်မယ့် ​အမေရိကန်နိုင်ငံ ​စစ် သင်္ဘော တွေတော့ ​အသင့်နေရာ ​ယူထား ပြီလို့ ​သိရပါတယ်။

ပြီးခဲ့တဲ့ ​တပတ်ကပဲ ​ကိုးရီးယားကျွန်းဆွယ်ပေါ်ကို ​အမေရိကန်နိုင်ငံရဲ့ ​ဗုံးကျဲလေယာဉ် ​B-2 ​ဖြတ်သန်းပြီးနောက် ​မြောက် ကိုးရီးယား အစိုးရကို ​အကြီး အကျယ် ​ဒေါသ ထွက်စေ ခဲ့ပါတယ်။

တောင် ကိုးရီးယားနဲ့ ​အမေရိကန်နှစ်နိုင်ငံ ​စစ်ရေးလေ့ကျင့်မှုဟာလည်း ​မြောက်ကိုးရီးယားနိုင်ငံကို ​တိုက်ခိုက်ဖို့ ​ပြင်ဆင်ဖို့ ဖြစ်တယ်လို့ ​မြောက်ကိုးရီးယားက ​စွပ်စွဲထားပြီး ​ကန့်ကွက်မှုတွေ ​ခြိမ်းခြောက်မှုတွေ ​လုပ်ခဲ့ပါတယ်။

မြောက် ကိုးရီးယား နိုင်ငံက ​ခြိမ်းခြောက် မှုတွေ ​လုပ်လာတာ နဲ့အမျှ ​နိုင်ငံ တကာ ကလည်း ​ပိုမို တင်းကြပ်တဲ့ ​ဒဏ်ခတ် ပိတ်ဆို့မှုတွေ ​ချမှတ်ဖို့ ​ကြိုးစားနေပြီး ​သြစတြေးလျနိုင်ငံကလည်း ​ငွေရေးကြေးရေးနဲ့ ​ကုန်သွယ်ရေး တွေမှာ ​ဒဏ်ခတ် ပိတ်ဆို့ မှုလုပ်ဖို့ ​စဉ်းစားနေပါတယ်။

မြောက် ကိုးရီးယား နိုင်ငံနဲ့ ​ရင်းနှီး မှုရှိတဲ့ ​တရုတ်အစိုးရနဲ့ ​ဘင်ကျင်းမြို့မှာ ​တွေ့ဆုံတဲ့အခါ ​မြောက်ကိုးရီးယားကို ​ဖိအားပေးဖို့ ​တိုက်တွန်းမယ်လို့ ​သြစတြေးလျနိုင်ငံခြားရေး ​ဝန်ကြီးက ​ပြောပါတယ်။

တောင် ကိုးရီးယား နိုင်ငံက ​ကျွမ်းကျင် ပညာရှင် တစ်ဦးကတော့ ​ဒဏ်ခတ် ပိတ်ဆို့မှုတွေ ​ထိရောက်မှု မရှိတဲ့ အတွက် ​တခြား နည်းလမ်းတွေ ​အသုံး ပြုသင့် ပြီလို့ ​ပြောပါတယ်။

လက်ထောက်ပါမောက္ခ ​John ​Delury ​က ​မြောက်ကိုးရီးယားနိုင်ငံဟာ ​အစာရေစာ ​ပြတ်တောက်မှု ဒဏ် ကိုလည်း ​ခံနိုင်စွမ်း ရှိတဲ့ ​နိုင်ငံ ဖြစ်တဲ့ အကြောင်း၊ ​၁၉၉၀ ​ပြည့်နှစ် ဝန်းကျင် တွေ မှာလည်း ​လူဦးရေ ​၂၄ ​သန်းလောက် ရှိတဲ့အချိန်မှာ ​လူပေါင်း ​၅၀၀၀၀၀ ​ကျော်ကို ​သတ်ဖြတ်ခဲ့တဲ့အတွက် ​အခက်အခဲ ​မှန်သမျှကို ​ကျော် လွှား ​သီးခံ နိုင်တယ်ဆိုတာကို ​ပြသ ခဲ့ပြီလို့ ​ဆိုပါတယ်။

အခက် ခဲကြားမှာ ​နှစ်ပေါင်း ​၆၀ ​လောက် ​ရပ်တည်လာနိုင်ခဲ့ပြီ ​ဖြစ်တဲ့အတွက် ​ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ​မြောက်ကိုးရီးယား အာဏာရှင် စနစ် ဖြုတ်ချရေးမှာ ​ထိရောက်မှုမရှိဘူးလို့ ​ဝေဖန်လိုက်တာ ​ဖြစ်ပါတယ်။

From: ABC Radio Australia

ပြည်သူ့ လွှတ်တော် တရား ဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌအား စင်ကာပူ သမ္မတနှင့် ဇနီးတို့ တွေ့ဆုံ နှုတ်ဆက်

Posted by drmyochit Tuesday, April 02, 2013, under | No comments


နေပြည်တော် ဧပြီ ၁

ယနေ့ညနေ ၆ နာရီတွင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၌ ချစ်ကြည်ရေး ခရီးလည် ပတ် ရန် ရောက်ရှိ နေသည့် စင်ကာပူ သမ္မတ နိုင်ငံ သမ္မ တ ဒေါက်တာ တိုနီတန် ကင်ယမ်း နှင့် ဇနီးတို့ သည် ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်အား နေပြည်တော်ရှိ ရွှေနန်းတော် ဟို တယ် ဧည့် ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ စင်ကာပူ နိုင်ငံ သံ အမတ် ကြီးလည်း တက်ရောက်သည်။

မြ၀တီ

ရေကျော် ဗလီတွင် မီးလောင်မှု ကလေးငယ် ၁၃ဦး သေဆုံးပြီး ယင်းမီးမှာ သာမန် မတော် တဆ မီးသာ ဖြစ်သည်ဟု နိုင်ငံပိုင် မီဒီယာ သတင်း ထုတ်ပြန်

Posted by drmyochit Tuesday, April 02, 2013, under | No comments


ရန်ကုန်၊ ဧပြီ ၂
ရန်ကုန်မြို့ ဗိုလ် တစ်ထောင် မြို့နယ်၊ (၄၈)လမ်းရှိ ရေကျော် ဗလီတွင် မီးလောင်မှု ဖြစ်ပွားရာ ဗလီ အပေါ် ထပ်တွင် အိပ်နေသော ဗလီ ကျောင်းသား ၇၀ ရှိ သည့် အနက်၊ ၁၃ဦးမှာ မီး လောင် ဒဏ်ရာ၊ မီးခိုး မွန်ဒဏ် ရာတို့ဖြင့် အိပ်လျက် သေဆုံး ခဲ့ပြီး ပျောက် ဆုံး နေသည့် ၄ ဦးကို ပြန်လည် တွေ့ရှိပြီ ဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်မြင် သံကြားက တဆင့် ယနေ့ နံနက် ၈နာရီ သတင်းတွင် ထုတ်ပြန် ကြေ ညာသည်။

မီးလောင်ရာသို့ ဗိုလ်တစ်ထောင် ဒုတိယမြို့နယ်မှူးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အတည်ပြုဆဲ သတင်း အရ ဗလီ အတွင်း တပ်ဆင် ထားသော မီးအား မြှင့်စက် ဗို့အားမြင့် တက်ရာမှ အပူ လွန် ကဲပြီး မီး လောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး နံနက် ၃နာရီ ၁၃ မိနစ်တွင် မီးငြှိမ်းသတ် နိုင်ခဲ့ သည်ဟု ထုတ်ပြန် ချက်တွင် ဖော်ပြ ထားသည်။

"ဒါက သာမန် မတော် တဆမှု ပါပဲ။ ဒါကို အခွင့်ကောင်း ယူပြီး ဆူပူ မှုတွေ ဖြစ်အောင် လို့လူမှု ကွန်ယက်နဲ့ အင်တာနက် စာမျက်နှာ တွေမှာ ရေးသား လှုံ့ဆော် နေတာတွေ တွေ့ရ ပါတယ်။ အဲဒါကြောင့် အစိုးရ တာဝန် ရှိသူတွေ အနေနဲ့ သတင်း အမှန် တွေကို အချိန် တပြေးညီ ထုတ်ပြန် သွားမှာ ဖြစ်ပါတယ်။ အင်တာနက် မှာလည်း ရဲဇာနည် ဖေ့စ်ဘွတ် စာမျက် နှာနဲ့ မြန်မာ အသံ ရုပ်မြင် သံကြား ကနေ သတင်း  တွေ တောက်လျောက် လွှင့်သွားမှာပါ" ဟု ဦးရဲထွဋ်က အတည်ပြု ပြောကြားသည်။

7Day News Journal

ယခုလမှစတင်၍ ဗီဇာကတ်များ CB ဘဏ် ၏ POS ( ငွေချေစက် )များတွင် အသုံးပြုနိုင်ပြီ

Posted by drmyochit Tuesday, April 02, 2013, under | No comments



ယခုလမှစတင်၍ CB ဘဏ် ၏ POS ( ငွေချေစက် )များတွင် ဗီဇာကတ်များပါ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

CB ဘဏ်၏ POS ( ငွေချေစက် )နေရာ ၃၈ ခုတွင် အသုံး ပြုနိုင် ပြီဖြစ်ကာ အဆိုပါ POS များတွင် ဗီဇာ ကတ် အပြင် မာစကာ ကတ်များကိုပါ အသုံးပြုနိုင်နေပြီဖြစ်သည်။

CB ဘဏ်သည် နိုင်ငံတကာ ငွေချေကတ်များဖြစ်သာ မာစတာကတ် ၊ ဗီဇာကတ် ၊ချိုင်းနားယူနီကတ် နှင့် ပြည်တွင်း သုံး MPU ( ဈေးဝယ်ကတ် )များနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး မကြာမီ ချိုင်းနားယူနီယမ် ပေး ကတ် များ ကိုလည်း POS တွင် အသုံးပြုနိုင်ရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

From : ..popular

ရန်ကုန်၊ ရေကျော် ဗလီမီးလောင် ၁၃ ဦး သေဆုံး

Posted by drmyochit Tuesday, April 02, 2013, under | No comments


ရန်ကုန်မြို့တွင်း ဗိုလ်တစ်ထောင်မြို့နယ်၊ (၁၀) ရပ်ကွက်၊ (၄၈)လမ်း၊ မ/၁၈၃ရှိ ဆော်ဒီကီးရား၊ ရေကျော် ဗလီမှာ ယနေ့ နံနက် ၃ နာရီ လောက်က မီးလောင် မှု တခုဖြစ်ပွားပြီး ဗလီအတွင်း ကျောင်း သား ၁၃ ဦး  သေဆုံးသွားပါတယ်။ 

လတ်တလော ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မီးရှို့မှု တွေနဲ့ ပတ်သက်ပြီး ကောလာဟလတွေ ပျံ့နေချိန် မှာ အခုလို မီးလောင် မှုကြောင့် သို့လောသို့လောဖြစ်ကြပေမယ့် ရဲတပ်ဖွဲ့ကတော့ ဒါဟာ မီးအားမြှင့် စက်ကြောင့် ဖြစ် ခဲ့တာ လို့ ဆိုပါတယ်။

"ဗိုလ်တစ်ထောင် ဒုတိယမြို့နယ်မှူးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အတည်ပြုဆဲသတင်းအရ ဗလီ အတွင်း တပ်ဆင် ထားသော မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ် ပွားခဲ့ ခြင်း ဖြစ်ကြောင်း သိရှိရပြီး မီးလောင်ရာသို့ အမှတ်(၂)တိုင်းမီးသတ်ဦးစီးမှူးနှင့်အဖွဲ့မှ မီးသတ် ယာဉ်(၆)စီး၊ အုပ်ချုပ် မှု ယာဉ်(၇)စီးတို့ဖြင့် ရောက်ရှိမီးငြိမ်းသတ်ခဲ့ရာ ၀၃၁၀ အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၀၃၁၃ အချိန် မီးငြိမ်း သွားခဲ့ကြောင်း မီးလောင်မှုကြောင့် ဗလီအပေါ်ထပ်တွင် အိပ်နေသော ဗလီ ကျောင်းသား (၇၀) ဦးရှိ သည့် အနက်၊ (၁၃) ဦးမှာ မီးလောင်ဒဏ်ရာ၊ မီးခိုးမွန်ဒဏ်ရာတို့ဖြင့် အိပ်လျက် သေဆုံးနေပြီး (၄) ဦးမှာ ပျောက်ဆုံးနေကြောင်း ဗလီမှာ စာသင်ကျောင်းနှင့်တွဲဖက်ထားရှိကြောင်းနှင့် အခင်းဖြစ် အရပ်သို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံ/နယ်စပ် ၀န်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး တို့ရောက်ရှိပြီး အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် စစ်ဆေးလျက် ရှိကြောင်း ကနဦးသတင်းရရှိသည်" လို့ ရဲတပ်ဖွဲ့ရဲ့ ရဲဇာနည်ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ရေကျော်ဗလီ မီးလောင်မှုကြောင့် ကျောင်းသား ၁၃ ဦး သေဆုံး သတင်းကို လို့ နိုင်ငံတကာ သတင်း မီဒီယာတွေ ကလည်း ရဲအရာရှိတွေကို ကိုးကားပြီး ဖော်ပြပါတယ်။

အိမ့်သံစဉ်
Fro: ဧရာဝတီ Blog

လှိုင်သာယာမှာ အလုပ်သမားတွေ ဆန္ဒပြ

Posted by drmyochit Tuesday, April 02, 2013, under | No comments


လှိုင် သာယာ မြို့နယ်မှာရှိတဲ့ တော်ဝင်မြန်မာ ဇာပန်း ထိုး စက် ရုံရှေ့မှာ ဧပြီလ ၁ ရက်နေ့က အလုပ် သမား တွေ ဆန္ဒပြ ခဲ့စဉ်

ရန်ကုန် တိုင်း၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာ ယာ စက် မှုဇုန် (၁)၊ ကနောင် မင်းသားကြီး လမ်းမှာ ရှိတဲ့ တော် ၀င် မြန်မာ ဇာပန်းထိုးစက်ရုံရှေ့မှာ စက်ရုံ ၇ ခုက အ လုပ် သမား ၂၅၀ လောက်ဟာ သူတို့ အခွင့် အရေး တွေ အပြည့် အ၀ ရရှိရေး အတွက် ဒီနေ့မှာ ဆန္ဒပြ တောင်းဆို ခဲ့ကြပါတယ်။

တော်ဝင် ဇာပန်းထိုးစက်ရုံ အုပ်ချုပ်ရေးက အလုပ်သမားခေါင်းဆောင်တချို့ကို အလုပ် ထုတ်လိုက်တဲ့ အ တွက် အခုလို အလုပ်သမားရာနဲ့ချီပြီး ဆန္ဒပြကြတာလို့ အလုပ်သမတစ်ဦးက RFA ကို ပြောပါတယ်။

ဒါ့အပြင် အလုပ် သမားတွေရဲ့ တောင်းဆိုချက်ထဲမှာ အလုပ် သမား အဖွဲ့ အစည်းနဲ့ အမှုဆောင်တွေကို အလုပ် ရှင် ဘက်က အသိအမှတ်ပြုရေး၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေနဲ့ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို လေးစားလိုက်နာရေး၊ အလုပ်သမား ဥပဒေပါ အချက်တွေအတိုင်း အကောင်အထည် ဖော်ဆောင် ရွက်ပေးရေးနဲ့ တော်ဝင်မြန်မာ ဇာပန်းထိုးစက်ရုံက အလုပ်အမှုဆောင်တွေကို အလုပ်ပြန် လည်ခန့်အပ်ရေး စတဲ့အချက်တွေ ပါဝင်ပါတယ်။

အခု ဆန္ဒပြပွဲဟာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ တရားဝင်ဆန္ဒပြတာလို့ အလုပ်သမားတွေက ပြော ပါ တယ်။ 
ဒီနေ့ ဆန္ဒပြပွဲကို လှိုင်သာယာ စက်မှု ဇုန်မှာ ရှိတဲ့ ဆာကူရာ အထည်ချုပ် စက်ရုံ၊ မြူးနဲ့စူး အထည်ချုပ် စက်ရုံ၊ ဒေါ်လီ ကွေ့ကျုံး အထည်ချုပ်စက်ရုံ၊ ကိုးရီး ယားလင့် အထည်ချုပ်စက်ရုံ၊ နယူးဝေးဖိနပ်စက်ရုံ၊ Hi-Mo ဆံပင်တု စက်ရုံ ကစ တဲ့ စက်ရုံ တွေက အလုပ်သမားတွေ ပါဝင်ခဲ့ပါတယ်။

From: RFA

မြန်မာ ပဋိပက္ခ အပေါ် စုံစမ်းဖို့ HRW ပြော၊ မီးလောင် ပျက်စီး ပုံကို ဂြိုလ်တု ဓာတ်ပုံနဲ့ ယှဉ်ပြ

Posted by drmyochit Tuesday, April 02, 2013, under | No comments

မြန်မာ နိုင်ငံမှာ ​ရဲတပ်ဖွဲ့တွေက ​ဗုဒ္ဓ ဘာသာနဲ့ မူစလင် ဘာသာကြား ​ပဋိ ပက္ခတွေ ​အိမ်တွေ ​ဗလီတွေ ​မီး ​ရှို့ ဖျက်စီး မှုတွေ​ကို ​တားစီးခြင်း မပြုလုပ် ခဲ့တဲ့ အမှုနဲ့ ပတ်သက်ပြီး ​စုံစမ်း စစ်ဆေးရေး ပြုလုပ်ဖို့ ​နိုင်ငံတကာ ​လူ့ အခွင့် အရေး ​စောင့်ကြပ်ရေး ​အဖွဲ့က တိုက်တွန်း ခဲ့ပါတယ်။
မြန်မာ နိုင်ငံမှာ ပဋိပက္ခ မဖြစ်ခင်နဲ့ ပဋိပက္ခ ဖြစ်ပေါ် ပြီးနောက် ဖြစ်ပေါ်လာတဲ့ အပျက် အစီးတွေကို ဆက်တ လိုက် ဓာတ်ပုံနဲ့ နှိုင်း ယှဉ်ပြထား (Credit: AFP)

ဗီဒီယို မြန်မာနိုင်ငံမှာ ပဋိပက္ခမဖြစ်ခင်နဲ့ ပဋိပက္ခဖြစ်ပေါ်ပြီးနောက် ဖြစ်ပေါ်လာတဲ့ အပျက်အစီးတွေကို ဆက်တလိုက်ဓာတ်ပုံနဲ့ နှိုင်းယှဉ်ပြထား

မိတ္တီလာ ​မြို့လည်ခေါင်မှာ ​မကြာသေးခင်က ​မီးလောင် ​ပျက်စီး ​သွားပြီး ​ပြာကျနေတဲ့ ​မြင်ကွင်းတွေကို ​လူ့ အခွင့် အရေး ​စောင့်ကြပ်ရေး ​အဖွဲ့ ​က ​ဂြိုဟ်တုကနေ ​ရိုက်ထားတဲ့ ​ပုံတွေကို ​ထုတ်ဖေါ် ​ခဲ့ပါတယ်။

မြန်မာ နိုင်ငံတွင်း ​က ​ဗုဒ္ဓဘာသာနဲ့ ​မူစလင် ​ဘာသာကြား ​ပဋိ ပက္ခတွေမှာ ​ရပ်ကွက်လိုက် ​မီးရှို့မှုတွေ ​သတ်ဖြတ် မှုတွေ နဲ့ ​ပတ် သက်ပြီး ​တရားခံတွေကို ​စုံစမ်းဖေါ်ထုတ်ပေး ​ဖို့ ​အစိုးရမှာ ​တာဝန်ရှိ ​တယ်လို့ ​လူ့ အခွင့် အရေး ​ဆိုင်ရာ ​အဖွဲ့အစည်းရဲ့ ​ဒါရိုက်တာ ​ကပြောသွားပါတယ်။

လူ့အခွင့် အရေးဆိုင် ​ရာအဖွဲ့က ​ထိခိုက်ပျက်စီးမှု ​အများဆုံးဖြစ်ခဲ့တဲ့ ​မိတ္တီလာမြို့မှာ ​ရဲတပ်ဖွဲ့ ​အနေနဲ့ ​ပဋိ ပက္ခ တွေ ကို ​ရက်အနည်းငယ် ​ဆက်လက်ဆိုးဝါး ​လာ ​နေတဲ့ ​အထိ ​အရေးယူခြင်း ​မရှိ ​ခဲ့ဘူးဆိုတဲ့ ​သက်သေ ​သာဓက တွေကို ​တွေ့ ​ခဲ့ ​တယ်လို့ ​ဆိုထားပါတယ်။

ဆက်လက်ပြီးတော့ ​မိတ္တီလာမှာ ​ဖြစ်ပွါးခဲ့ ​တဲ့ ​ဖြစ်စဉ်ဖြစ်ရပ်တွေဟာ ​ရခိုင်ပြည်မှာ ​ဖြစ်ပွါးသွားခဲ့ ​တဲ့ ​အခြေ အနေ မျိုး ​- ​လူပေါင်း ​၁၈၀ ​လောက်သေဆုံးပြီး ​လူနေရပ်ကွက်တွေ ​မီးလောင်ပြာကျခဲ့ ​တဲ့ ​အခြေအနေ ​နဲ့ ​တူနေ ​တဲ့ ​အကြောင်း ​-- ​မိတ္တီလာမြို့မှာ ​မူစလင်ဘာသာဝင်ဦးရေ ​သိသိသာသာများပြားမှု ​ရှိ ​နေတယ် ဆိုတာ ​တွေ့ ရှိ ​ခဲ့ရ တဲ့ ​အကြောင်းတွေကိုပြောသွားပါတယ်။

ပြီးခဲ့တဲ့ တပါတ်က ​သမ္မတဦးသိန်းစိန်က ​နေပြီး ​အကြမ်းဖက်သူတွေ ​ကို ​ထိထိ ရောက်ရောက် အရေးယူမှာ ဖြစ်တဲ့ အကြောင်း၊ ​နိုင်ငံရေး ​အခွင့်အရေးသမားတွေ ​နဲ့ ​ဘာသာရေး ​အစွန်းရောက်သူ ​တွေရဲ့ လက် ချက်ဖြစ် တဲ့ အကြောင်းတွေ ​ကို ​ပြောဆိုပြီး ​နောက် ​အခြေအနေ ​ငြိမ်သက်သွားတဲ့ ​သဏ္ဍန်ရှိ ​တယ်လို့ ​လူ့အခွင့် အရေး ​စောင့်ကြပ်ရေး ​အစီရင် ခံစာမှာဖေါ်ပြ ထားပါတယ်။

ပြီးခဲ့တဲ့ ​နှစ်က ​ရခိုင်ပြည်အရေးအခင်းမှာ ​လုံခြုံရေးတပ်ဖွဲ့တွေ ​ဟာ ​မူစလင်ရွာသူရွာသားတွေကို ​သတ်ဖြတ်ခဲ့ပြီး ​အစိုးရ ​စစ်တပ် ဖွဲ့ဝင်တွေက ​ဘာမှ ​မလုပ်ဘဲ ​ကြည့်နေကြတယ်လို့ ​လူ့ ​အခွင့်အရေး ​စောင့် ​ကြပ်ရေးအဖွဲ့က ​စွပ်စွဲ ခဲ့ပါတယ်။

ဒီ တချီမှာ ​လဲ ​အလားတူ ​အခြေ အနေ မျိုးတွေကို ​မြင်တွေ့ ရတဲ့ ​အကြောင်း ​လုံခြုံရေး တွေက ​ဆူပူ မှုတွေ ငြိမ်း သွားအောင် ​မိုးပေါ်ကို ​ထောင်ပြီး ​သေနတ်ပစ်ခဲ့ ​တဲ့ ​အကြောင်း၊ ​ဒါပေ ​မဲ့ ​တိုက်ခိုက်မှု ​တွေကို ​လက် ပိုက် ကြည့် ​နေခဲ့တယ်လို့ ​စွပ်စွဲပြော ​ဆိုသွားပါတယ်။

စောစော ပိုင်းက ​ကုလသမဂ္ဂ ​က​နေ ​စွပ်စွဲ ထားတာ တွေကို ​မြန်မာ ​အစိုး ​ရ က ​အခြေ ​အမြစ် မရှိတဲ့ ​စွပ်စွဲ ချက် တွေလို့ ​ငြင်းဆို ထားပါတယ်။

အစ္စလာမ် ဘာသာဝင် နိုင်ငံများ ​ပေါင်းစည်း ထားတဲ့ ​OIC ​အဖွဲ့ဝင် နိုင်ငံက ​ဝန်ကြီး တွေက ​လာမည့် ​စနေ နေ့မှာ ​မြန်မာ ​နိုင်ငံက ​ဘာသာရေး ​ပဋိပက္ခ ​နဲ့ ​ပတ်သက်ပြီးတွေ့ဆုံဆွေးနွှေးမှာဖြစ်တဲ့အကြောင်းနဲ့၊ ​ကုလ သမဂ္ဂ ​လုံခြုံရေး ကောင်စီ ​ကို လဲ ​အရေးယူ ဆောင်ရွက်ပေး ​ဖို့ ​တောင်းဆို ထားတယ်လို့ ​သိရပါတယ်။

From: ABC Radio Australia

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်