ပြည်ပ မီဒီယာများမှ သတင်းထုတ်လွှင့်
လျက်ရှိသော ပြည်ထောင်စု တိုင်းရင်းသား ဖွံ့ဖြိုးရေးတက္ကသိုလ် မန္တလေးသို့ ပြန်လည်ပြောင်းရွှေ့ခြင်းသည် မဟုတ်မှန်ကြောင်း တောင်းဆို မှုတွင် ပါဝင်သော တိုင်းရင်းသား ကျောင်းသား တစ်ဦးက ဆက်သွယ်ပြောကြားခဲ့သည်။ မန္တလေးမြို့၊ ပြည်ကြီးတံခွန် မြို့နယ်အတွင်းရှိ
ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး ဒီဂရီကောလိပ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ငါးဇွန်မြို့နယ် ရွာသစ်ကြီးကျေးရွာရှိ တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေး
တက္ကသိုလ်သို့ ပြောင်းရွှေ့ခံရသည့် တိုင်းရင်းလူငယ်ကျောင်းသား ၅၀၀ ခန့်သည် နိုဝင်ဘာလ
၂၂ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်က ခြေကျင်ခရီးနှင်၍ မူလကျောင်းရှိရာ မန္တလေးမြို့
ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး ဒီဂရီ ကောလိပ်သို့ ပြန်လည် ထွက်ခွာလာခဲ့ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၁ နာရီ အချိန်ခန့်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။ ယင်းနောက်
နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသား ၀တ်စုံများ ၀တ်ဆင်၍ ကျာင်းရှေ့ဝင်ပေါက်သို့
ထွက်ရှိလာခဲ့ပြီး ရွာသစ်ကြီးကျောင်းသို့ မပြောင်းရွှေ့ လိုကြောင်း၊ မန္တလေး ကျောင်း၌သာ ဆက်လက်
ပညာသင်ကြားသွားလိုကြောင်း၊ ရွာသစ်ကြီးကျောင်းတွင် နေရေးထိုင်ရေးနှင့် အခြားပညာရပ်များ ဆည်းပူးရန်အတွက် အဆိုများကို နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းအထိ တောင်းဆိုမှုများ ပြုလုပ်ခဲ့ရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး
ဦးသိန်းဌေး ရောက်ရှိလာခဲ့ပြီး ကျောင်းသားအားလုံးကို ခေါ်ယူတွေ့ဆုံကာ တိုင်းရင်းသားကျောင်သားများ
တောင်းဆိုမှုနှင့် ပတ်သက်၍ မန္တလေးမြို့ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး ဒီဂရီကော လိပ်တွင်
ကျောင်းသားများအား ယာယီနေထိုင်ခွင့် ပြုခဲ့ပြီးတစ်လအတွင်း တိကျသည့်အဖြေတစ်ခု ပေးနိုင်ရန်
စီစဉ်ဆောင်ရွက် ပေးသွားမည်ဟု ပြောကြားကာ ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၂၅
ရက်နေ့နှင့် ၂၆ ရက်နေ့ နံနက်ပိုင်းအချိန်ထိ တိုင်းရင်းသား ကျောင်းသားများသည် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးတိုးတက်ရေး
ဒီဂရီ ကောလိပ်အတွင်း နေထိုင်လျက်ရှိပြီး စုပေါင်းတောင်းဆိုမှုများ ဆက်လက်ပြုလုပ်ခြင်း
မရှိဘဲ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဌေး၏ ပြောကြားချက်အတိုင်း တစ်လ (သို့မဟုတ်)
၁၅ ရက်အတွင်း တိုင်းရင်းကျောင်းသားများ၏ တောင်းဆိုမှုနှင့် ပတ်သက်၍ တိကျသည့်အဖြေအား စောင့်ဆိုင်းလျက်ရှိကြောင်းသိရှိရသည်။
Eleven Media Group
သင်္ဘောဓားပြ တိုက်ခံရပြီး ပင်လယ်ထဲ မျောနေတဲ့
မြန်မာသေင်္ဘာသား၅ ဦးအပါအဝင် နိုင်ငံခြား သင်္ဘော သားတွေကို ဗီယက်နမ်ရေကြောင်း ကယ် ဆယ်ရေး အဖွဲ့က အသက်ရှင်လျက်
ကယ်ဆယ်နိုင်ခဲ့တယ်လို့ Thanh Nien ဗီယက်နမ်သတင်းမှာ ဖော်ပြပါတယ်။ မလေးရှားနိုင်ငံ ပါဆာဂူဒေါင်
ဆိပ်ကမ်းက ထွက်ခွာလာတဲ့ မေလးရှားပိုင် ဆီတင်သင်္ဘော ဇာဖီရာဟာ အင်ဒိုနီးရှား ရေပိုင်နက်ထဲမှာ
နိုဝင်ဘာ ၁၈ ရက်နေ့က ပင်လယ်ဓားပြေတွေရဲ့တိုက်ခိုက်ခဲ့ရတာပါ။
ပင်လယ်ဓားပြတွေက သင်္ဘောကိုသိမ်းယူပြီး သေင်္ဘာသားတွေကို သက်ကယ်လှေနဲ့ ပင်လယ်ထဲ မျောပစ်ခဲ့တာဖြစ်ပါတယ်။ သင်္ဘောသားတွေကို
Vung Tau ခရိုင်က ဗီယက်နမ် ငါးဖမ်းသင်္ဘော ၂ စင်းက တွေ့ရှိပြီး ဗီယက်နမ် ရေကြောင်းကယ်ဆယ်
ရေးအဖွဲ့ကို အကြောင်းကြားခဲ့ရာမှာ သင်္ဘောသားတွေကို ကယ်ဆယ်နိုင်ခဲ့တာပါ။ ဗီယက်နမ် ရေကြောင်း
ရဲတပ်ဖွဲ့ကလည်း ပင်လယ်ဓားပြေတွကို ရှာဖွေရာမှာ ဓားပြေတွ သိမ်းပိုက်ထားတဲ့ ဇာဖီရာသင်္ဘောကို
ဗီယက်နမ် ရေပိုင်နက်ထဲမှာ တွေ့ရှိပြီး သင်္ဘောကို တိုက်ခိုက်သိမ်း ယူခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ အင်ဒိုနီးရှားနိုင်ငံသား ပင်လယ်ဓားပြ ၁၁ ဦးကို လက်နက်တွေနဲ့အတူ
ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ပင်လယ်ဓားပြတွေဟာ သင်္ဘောသားတွေကို သက်ကယ်လှေနဲ့ ပင်လယ်ထဲ
မျောမပစ်ခင် သင်္ဘောသားအခန်းထဲမှာ အစားအစာအနည်းငယ်နဲ့  သော့ခတ်ထားခဲ့တယ်လို့ အသက် ၃၇
နှစ်အရွယ် မြန်မာနိုင်ငံသား သင်္ဘော ကပ္ပတိန်က ပြောပါတယ်။ လတ်တလော သင်္ဘောသားတွေကို ကျန်းမာရေး
ဆေးစစ်မှုတွေ ပြုလုပ်နေပြီး ဗီယက်နမ် အာဏာပိုင်တွေက နေရပ်ပြန်ပို့ ပေးဖို့  စီစဉ်နေတယ်လို
့ သိရပါတယ်။
ညောင်ဦးမြို့ တုရွင်းတောင်အနီးမီးရထားမိုင်တိုင်အမှတ်
၃၉၁/၁၃- ၁၄ ကြား နှင့် ညောင်ဦး-ကျောက်ပန်းတောင်းသွား ကားလမ်းတို့ဆုံရာ နေရာတွင် နိုဝင်ဘာလ ၂၅ ရက်နေ့၊
ည ၇ နာရီအချိန်ခန့်က နေပြည်တော်-ပုဂံ ၁၀၇ အဆန်မီးရထားနှင့် လိုက်ထရပ်ကား အဖြူရောင်တစ်စီး
တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
ညောင်ဦးမှ ကျောက်ပန်းတောင်းဘက်သို့ မောင်းနှင်လာသော လိုက်ထရပ်ကား အဖြူရောင်သည် ပုဂံတောင်ဇင်းကြားရှိ
မြို့ပြအင်ဂျင်နီယာဌာန၊ တုရွင်းတောင် ကားလမ်းကူးဂိတ်အရောက် ပိတ်ထားသော သံလမ်းဂိတ်တံခါးအား
ဝင်တိုက်ကာ နေပြည်တော်မှ ပုဂံဘူတာသို့ ၀င်ရောက်လာသော မီးရထားစက်ခေါင်းနှင့် တိုက်မှုဖြစ်ပွားခဲ့ကြောင်း၊
ယာဉ်နှစ်စီးတိုက်မှုကြောင့် လိုက်ထရပ်ကားမောင်းသူ ယာနဖူး အနည်းငယ် ပေါက်ပြဲဒဏ်ရာ ရရှိခြင်းမှတစ်ပါး
အခြားထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း၊ လိုက်ထရပ်ကားတွင် ယာဉ်မောင်းနှင့်အတူ ဇနီးဖြစ်သူလည်း
လိုက်ပါလာကြောင်း သိရသည်။ ''ရထားစက်ခေါင်း ၀ဲဘက်ခြမ်းနဲ့ ၀င်တိုးတာ။ ကားခေါင်းထဲကလူ
ထွက်နိုင်အောင် ကားကိုနောက်ပြန်ဆွဲပြီး ထုတ်ရတယ်။ ကံသီလို့သာပေါ့'' ဟု အခင်းဖြစ်အရပ်
ရောက်ရှိနေသော ဒေသခံတစ်ဦးက ပြောပါသည်။
အဆိုပါမီးရထားနှင့် ကားတိုက်မှုကြောင့် လိုက်ထရပ်ကားမောင်းသူ (၂၂) နှစ်အရွယ် ---၊ တောင်ဇင်းနယ်၊
ဘုန်းတော်ရွာ နေသူအား ညောင်ဦးရဲစခန်းမှ (ပ)၁၈၀/၂၀၁၂၊ မီးရထား အက်ဥပဒေပုဒ်မ ၁၂၉ အရ
အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။
Eleven media Group
တန်ဖိုးနည်း
3G Sim Card များကို လာမယ့် ၂၀၁၃ ခုနှစ် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲအမီ ထွက်ရှိ
သွားမှာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ
တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ တန်ဖိုးနည်း 3G Sim Card များရဲ့
တန်ဖိုး ကိုတော့ ၁၅ ဒေါ်လာနဲ့ သတ်မှတ် ရောင်းချဖို့ အတွက် ယခု လက်ရှိမှာ ရည်ရွယ် ထားတာ
ဖြစ်ပါတယ်။ ဒီလို ရောင်းချရာမှာ ၅ ဒေါ်လာကို Sim Card တန်ဖိုး သတ်မှတ်ထားပြီး၊
၁၀ ဒေါ်လာ ကိုတော့ ဖုန်းပြောဆိုနိုင်ရန် ငွေဖြည့်ကဒ် အဖြစ် သတ်မှတ် ထားတာ ဖြစ်ပါတယ်။
အဆိုပါ Sim Card တွေဟာ သက်တမ်း ၃ လ အသုံးပြုလို့ ရမှာ
ဖြစ်ပြီး ၁၀ ဒေါ်လာတန် ငွေဖြည့်ကဒ်ကို အဆိုပါ ကာလ အတွင်း ဖြည့်သွင်း အသုံးပြုနိုင်မှာ
ဖြစ်ပါတယ်။ အဆိုပါ တန်ဖိုးနည်း ဖုန်းတွေ ကိုတော့ ပြည်တွင်း နေထိုင်သူများ အတွက် ဦးစားပေး
ရောင်းချမှာ မဟုတ်ဘဲ Sea Game ကာလ ပြည်ပက လာရောက်ကြမယ့် ဧည့်သည်များ အတွက် ဦးစားပေး
ရောင်းချမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ Sim Card များကိုတော့ လေဆိပ် ကောင်တာများ၊
Sea Game ကျင်းပရာ နေရာများ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ငွေဆောင် အစရှိတဲ့
နေရာများနဲ့ အားကစား ရွာများ အစရှိတဲ့ နေရာတွေမှာ ရောင်းချပေး သွားမှာ ဖြစ်တယ်လို့
သိရပါတယ်။ ဒါ့အပြင် ပြည်သူတွေ အတွက် တန်ဖိုးနည်း ဖုန်းများကို လာမယ့်နှစ် အတွင်းမှာ
ထပ်မံ ရောင်းချမှုများ ပြုလုပ် သွားမှာ ဖြစ်တယ် လို့လည်း သတင်း ရရှိပါတယ်။
ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်ရှိ မြန်မာ့မီးရထားရုံး
အဆောက်အအုံဟောင်းကို မူလလက်ရာ မပျက်စေဘဲ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်အဖြစ် ပြုပြင်တည်ဆောက်
သွားမည်ဖြစ်ကြောင်း အဆိုပါစီမံကိန်းကို လုပ်ဆောင်မည့် စင်ကာပူအခြေစိုက် Yoma
Strategic Holdings ကုမ္ပဏီမှ ပြန်ကြားရေးတာဝန်ခံ ဒေါ်ခင်သူသူက နိုဝင်ဘာ ၂၀ ရက်နေ့က ပြောကြားခဲ့သည်။
၁၈၇၇ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ရန်ကုန်မြို့လယ်ကောင်တွင် တည်ရှိကာ ကိုလိုနီခေတ်
လက်ကျန်ရှေးဟောင်း အဆောက်အအုံဟောင်း ဖြစ်သည့် အဆိုပါ မြန်မာ့မီးရထားရုံးချုပ် အဆောက်အအုံဟောင်းကို
စင်ကာပူရှိ Raffles ဟိုတယ်ပုံစံ ပြောင်းလဲပြင်ဆင်သွားမည်ဟု Yoma Strategic
Holdings က နိုဝင်ဘာ ၂၀ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဗိုလ်ချုပ်လမ်းမပေါ်ရှိ
FMI အဆောက်အအုံ၊ ဂရင်းမီးရထားဟိုတယ်နှင့် မြန်မာ့မီးရထား အဆောက်အအုံများ ပါဝင်သော မြေဧရိယာ
၁၀ ဧကခန့် (စတုရန်းပေ နှစ်သန်းခန့်)ပေါ်တွင် ကြယ်ငါးပွင့်အဆင့်ရှိ ကွန်ဒိုမီနီယံနှင့်
ဟိုတယ်၊ ကြယ်လေးပွင့် အဆင့်ရှိ ဟိုတယ်နှင့် လက်လီစတိုးဆိုင်၊ အခြားအထပ်မြင့် ရုံးအဆောက်အအုံနှစ်ခုတို့
ပါဝင်သော အမေရိကန်ဒေါ်လာ သန်း ၃၃၀ ခန့် ကုန်ကျမည့် စီမံကိန်းကြီးကို အကောင်အထည်ဖော်သွားမည်
ဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြပါရှိသည်။ အဆိုပါ နေရာများကို ပိုင်ဆိုင်သော
SPA- Serge Pun & Associates (Myanmar) ကုမ္ပဏီ၏ လက်အောက်ခံ မီးရထားနိုင်ငံတကာ ဟိုတယ်လီမိတက်
(Meeyahta International Hotel Ltd.) ၏ ရှယ်ယာ ၈၀ ရာခိုင်နှုန်း (တန်ဖိုး အမေရိကန်ဒေါ်လာ
၈၁ သန်းခန့်) ကို ဝယ်ယူခဲ့ကြောင်း ဖော်ပြထားသည်။ “ဒီအဆောက်အအုံက ရန်ကုန်မှာ တော်တော်ရှားပါးတဲ့
ဂဝံအဆောက်အအုံဆိုတော့ သေသေချာချာ ထိန်းသိမ်းသင့်တယ်။ သူတို့ဘက်က သေချာပြင်မယ် ဆိုရင်တော့
ကောင်းတာပေါ့။ ဟိုတယ်လုပ်မယ်ဆိုတာနဲ့ ပတ်သက်ပြီေးတာ့ ဘာမှ မပြောလိုတော့ပါဘူး” ဟု သမိုင်းပညာရှင်
ဒေါက်တာကျော်လတ်က ပြောကြားသည်။ နိုင်ငံရေးအရ ပွင့်လင်းမြင်သာမှု ရှိလာခြင်းနှင့် နိုင်ငံတကာမှ
အရေးယူပိတ်ဆို့မှုများ လျှော့ချလိုက်ခြင်းတို့ကြောင့် နိုင်ငံတကာမှ ဧည့်သည်များ ပိုမိုဝင်ရောက်လာသော်လည်း
ရန်ကုန်မြို့တွင် ဟိုတယ်အခန်းပေါင်း ၈၀၀၀ ခန့်သာရှိပြီး နိုင်ငံတကာအဆင့်မီ အခန်းအရေအတွက်
၁၅၀၀ နှင့် ၂၅၀၀ ကြားသာ ရှိသောကြောင့် အဆင့်မြင့်ဟိုတယ်များ တည်ဆောက်၍ ရင်းနှီးမြှုပ်နှံမှုများ
ပြုလုပ်သင့်ကြောင်း ကမ္ဘာကျော် Jones Lang LaSalle Hotels မှ သုတေသနပြု ထုတ်ပြန်သော
Hotel Intelligence Report-Market Insight Yangon စာတမ်းတွင် ဖော်ပြထားသည်ဟု ၂၀၁၂ ခုနှစ်
နိုဝင်ဘာလ ၂၆ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express
(၂၃၊ ၁၁၊ ၂၀၁၂) ညဦးပိုင်းမှာ
ဒဂုံမြို့သစ် တောင်ပိုင်းနဲ့ ဆိပ်ကမ်းမြို့နယ်အစပ် မြန်မာ့သားကောင်းရွာအနီး၊ ငါးပိငါးခြောက်ဇုန် (သရက်ပင်ချောင်ရွာ)သွား ကား လမ်းဘေးတွင် ကိုရင်လေးတစ်ပါး (အသက် ၈-နှစ်ခန့်)
အိပ်ပျော်နေသည်ကို လယ်သမား မိသားစုတစ်စုက တွေ့ရှိသဖြင့် သူတို့တဲသို့ ခေါ်ဆောင်လာကာ
တစ်ညတာ
တည်းခိုအိပ်နား စားသောက်စေ၍ ဘယ်ကလာတာလဲ၊ ဘယ်ကို သွားမှာလဲစတဲ့မေးခွန်း တွေကို မည်မျှမေးမေး ဘာမှ ပြန်မဖြေနိုင်ဖြစ်နေသဖြင့် ပအိုဝ့်ကိုရင်လေးများ၊
ချင်းကိုရင်လေးများ ရှိရာ ကျုပ်ကျောင်းကို ခေါ်ဆောင်လာ ကြသည်ဟု အရှင်ဝဏ္ဏသီရီ Facebook စာမျက်နှာ ဖော်ပြထားပါသည်။ ကျောင်းမှ တိုင်းရင်းသား ကိုရင်လေးများက
သူတို့ဘာသာစကားဖြင့် မည်မျှမေးမေး မဖြေနိုင်သောကြောင့် ယင်းတိုင်းရင်းသား
မဖြစ်သည်မှာ သေချာဟု လည်းရေးသားထားပါသည်။
မြန်မာစကားလည်း ကောင်းစွာ မတတ်သဖြင့် အခြား ပလောင်၊ ၀ တိုင်းရင်းသားလေး ဖြစ်ဖွယ်ရှိကြောင်း သင်္ကန်းတစ်ထည်နှင့် ဘာပစ္စည်းမှ မပါသော
ယင်းကိုရင်လေးနှင့် ပတ်သက်သူများ စိတ်ပူနေဖွယ်ရှိကြောင်း သို့ဖြစ်၍ အဆိုပါ
ကောက်ရထားသော ကိုရင်လေးအား သိရှိသူများ အကြောင်းကြားကြပါရန် ဖော်ပြထားပါသည်။ ယင်းကိုရင်လေး
နေထိုင်ရာ ကျောင်းတိုက်သို့ အရောက်ပြန်ပို့ပေးပါမည်ဖြစ်ကြောင်း Facebook တွင် ကြေငြာအပ်ပါသည်ဟုလည်းအရှင်ဝဏ္ဏသီရီ
Face စာမျက်နှာဖော်ပြထားပါသည်။
မှတ်ချက်။ ။ သင်္ကန်းကျွန်း ဇ၀န မှ လေးထောင့်ကန် စိုက်/မွေး သို့ ပြေးဆွဲနေသော အမှတ် (၂၂၉) ဒိုင်နာကားဂိတ်ဆုံး အနီးတွင် ယင်းကိုရင်လေးကို တွေ့ရှိခဲ့သဖြင့် သင်္ကန်းကျွန်း၊ သုဝဏ္ဏ၊ တောင်ဥက္ကလာ၊ ဒဂုံ တောင်၊ ဒဂုံမြောက် မြို့နယ်ရှိ ကျောင်းတစ်ကျောင်းကျောင်း မှကိုရင်လေးဖြစ်ဖွယ်ရှိပါသည်။
ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်ယဉ်လတ်အား
ရာထူးမှနုတ်ထွက်ရန် တောင်း ဆို သည့် စုရုးဆန္ဒပြမှုများ ဘန်ကောက်မြို့၌ ယနေ့ စတင်ပြုလုပ်ကြသည်။ ဆန္ဒပြပွဲများ
ပိုမိုအရှိန်ကောင်း ပြန့်နှံ့လာမည်ကို အာဏာပိုင်များက စိုးရိမ်လျက်ရှိပြီး ရဲတပ်ဖွဲ့
ဆန္ဒပြ သူများအား မျက်ရည်ယိုဗုံးများ အသုံးပြုဖြိုခွင်းကြောင်း သိရသည်။ ယနေ့နံနက် ဘန်ကောက်စံတော်ချိန် ၉း၀၀ နာရီအချိန်ခန့်တွင် ဆန္ဒပြသူ ၁၀,၀၀၀ နီးပါး စုရုံးကာ ဆန္ဒပြမှု စတင်ခဲ့ခြင်းဖြစ်သည်။ဘန်ကောက်တွင် ရဲတပ်ဖွဲ့ဝင်
အများအပြားကိုလည်းအသင့်ချထားသည်။
ကုလသမဂ္ဂရုံး အဆောက်အအုံအနီးမှ အတားအဆီးများကို ဖယ်ရှားရန်ကြိုးပမ်းသော ဆန္ဒပြလူအုပ်အတွင်းသို့
ရဲတပ်ဖွဲ့ မျက်ရည်ယိုဗုံးဖြင့် ၁၀ ကြိမ်မျှပစ်ခတ်ခဲ့ကြောင်း Bangkok Post သတင်းတွင်
ဖော်ပြသည်။
ကျောက်ဖြူ သတင်း - ယနေ့ ၂၅-၁၁-၂၀၁၂
၊ မနက်၎နာရီခန့်တွင် ကျောက်ဖြူမြို့၊ ခြေမြန်တပ်ရင်းအမှတ်
၅၄၂ အနီးရှိ အုန်းတောကျေးရွာ ပင်လယ်ကမ်းခြေတွင် စက်လှေဝင်ရိုး ချွတ်ယင်းမှုကြောင့်
ဘင်္ဂလီ စက်လှေတစီး တစီးကို ရေတပ်က ဖမ်းဆီး နိုင်ခဲ့သည်။ အဆိုပါ စက်လှေတွင် ဘင်္ဂလီမူဆလင်
၄၆ ယောက် စီးနှင်းလိုက်ပါလာကြောင်း သိရသည်။ အဆိုပါ ဘင်္ဂလီကုလားများမှာ အသက် ၂၀ ကျော်
နှင့် ၅၀ နီးပါးရှိ လူရွယ်လူငယ်များဖြစ်ပြီး မြန်မာ စကားနှင့် ရခိုင်စကား ကို တတ်ကျွမ်းမှု
မရှိကြောင်း ဒေသခံများပြောပြချက် အရသိရသည်။
အဆိုပါ တရားမ၀င် ခိုးဝင်လာသူ ဘင်္ဂလီများကို အမှတ် ၅၄၂ ခြေမြန် တပ်ရင်းက ထိန်း သိမ်း
ဖမ်းဆီး ထားသည်။ ကျောက်ဖြူဒေသခံတဦးက မနက်က ရဲစခန်းကနေ ကြားခဲ့တယ်။ ကုလား ၄၆ ယောက်
ဖမ်းမိထားတယ်။ အဲကုလားတွေက စစ်တွေ သဲချောင်းကနေလာပြီး ကျောက်ဖြူမြို့ကို မီးရှို့ရန်
လာတယ်ဆိုပြီး ကောလဟာလ သတင်းထွက်တော့ ဒေသခံတွေက အတော် စိုးရိမ်ထိတ်လန့်သွားတာပေါ့၊ နောက်မှ
ဘင်္ဂလီတွေ၊ တဖက်နိုင်ငံကနေ စက်လှေစီးပြီး ထွက်လာတာ။ လမ်းခုလတ်မှာ စက်လှေပျက်လို့ ခုလို
ကျောက်ဖြူကမ်းကို ရောက်လာတယ်။ ရခိုင်စကားလည်းမတတ်ဘူးလေ။ ဘင်္ဂလားဒေ့ရှ်ကနေ လာကြတာဖြစ်တယ်။
ခု ၅၄၂ စစ်တပ်က သူတို့ ကို ဖမ်းဆီး ထိန်းသိမ်းထားတယ်" ဟု ဆိုသည်။
ယမန် တနေ့ကလည်း ကျောက်ဖြူမြို့ သို့ စစ်တွေ သဲချောင်း စခန်းမှ ကျောက်ဖြူအကြမ်းဖက် မီးရှို့မှုတွင်
အဓိက ပါဝင် ကြိုးကိုင်ခဲ့သူ ကျောက်ဖြူမြို့ပိုက်ဆိုက်ရပ်ကွက်မှ ဘင်္ဂလီ မူဆလင်ကုလား ၆
ယောက်ကို ဖမ်းဆီး ခေါ်ဆောင်လာခဲ့ပြီး ကျောက်ဖြူ အကျဉ်းထောင်တွင် ထိန်းသိမ်းထားလျက်ရှိကြောင်း
ကျောက်ဖြူမှ လာသော သတင်းအရ သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထည်ချုပ်စက်ရုံတရုံ
မီးလောင်ရာမှာ အမျိုးသမီးအများစု အပါအ၀င် လူ ၁၀၀ ကျော်သေဆုံး ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ သေဆုံးသူဦးရေ
ပိုတိုးလာနိုင်တယ်လို့လည်း ဆိုပါတယ်။
ကယ်ဆယ်ရေးဝန်ထမ်းတွေက သေဆုံးသူတွေရဲ့ အေ လင်းတွေကို ဒီနေ့မနက်ပိုင်းမှာ တွေ့ရှိခဲ့ကြတာပါ။
ဒါကာမြို့ပြင်ရှိ Tazreen Fashion အထည်ချုပ်စက်ရုံဟာ ၉ ထပ် အဆောက်အဦး ဖြစ်ပြီး မြေညီထပ်မှာ
စနေနေ့ညက မီးလောင်ခဲ့တာ ဖြစ်ပါတယ်။ အပေါ်ထပ်တွေမှာ အလုပ်လုပ်နေကြတဲ့ သူတွေ ပိတ်မိနေကြပြီး
ကယ်ဆယ်ရေးတွေ မရောက်လာခင်မှာ တချို့တိုက်ပေါ်က ခုန်ချလို့ သေဆုံးကြရသလို ဒဏ်ရာတွေလည်း
ရရှိခဲ့ကြပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ ချက်ချင်း မသိရသေးပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ
တ၀န်း နိုင်ငံတကာ အမှတ်တံဆိပ်မျိုးစုံ အထည်ချုပ်စက်ရုံပေါင်း ၄,၀၀၀ ကျော် ရှိပါတယ်။
တချိန်တည်မှာပဲ နိုင်ငံအရှေ့တောင်ပိုင်း စစ်တကောင်းမြို့မှာ ဆောက်လက်စ ခုံးကျော်တံတားတခုရဲ့
ယက်မကြီး ပြိုကျလို့ ၁၁ ယောက် သေဆုံးပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက
ပြောပါတယ်။
ရခိုင်ပြည်နယ်တွင်း
ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူတွေ အတွက် ကုလသမဂ္ဂ ဒုက္ခသည်များ
ကူညီစောင့်ရှောက်ရေး အေဂျင်စီရဲ့ ကူညီပံ့ပိုးရေး အစီအစဉ်တွေ စတင် ပေးပို့နေပြီ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တွင်း ဒုက္ခရောက်နေ သူတွေ အတွက် ရွက်ဖျင်တဲတွေ တင်ဆောင်သွားတဲ့
လေယာဉ်ဟာ ဒူဘိုင်း လေဆိပ်ကနေ ထွက်ခွာသွားပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ
မဟာမင်းကြီးရုံး UNHCR အဖွဲ့ရဲ့ ပြောခွင့်ရသူက ဂျနီဗာမြို့မှာ သတင်းထောက်တွေကို ပြောဆိုလိုက်ပါတယ်။
အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်သူပေါင်း တစ်သောင်း ခုနှစ်ထောင့် ငါးရာအတွက် မိသားစုတွေ နေထိုင်နိုင်တဲ့
ရွက်ဖျင်တဲပေါင်း သုံးထောင့်ငါးရာ ထောက်ပံ့ပေးသွားမှာ ဖြစ်တဲ့အကြောင်း UNHCR ပြောခွင့်ရက
ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လက ပဋိပက္ခ စတင်ဖြစ်ပွားချိန်ကစလို့ UNHCR အဖွဲ့က ရွက်ဖျင်တဲပေါင်း ငါးရာ
ထောက်ပံ့ပေးခဲ့ပြီး ဖြစ်သလို ကိုရီးယားနိုင်ငံက နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး
အေဂျင်စီအဖွဲ့ကလည်း ရွက်ဖျင်တဲ ခုနှစ်ရာ ထောက်ပံ့ပေးခဲ့ပါတယ်။
ဒါပေမဲ့ အောက်တိုဘာလအတွင်း ထပ်မံဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု တွေကြောင့် အိုးအိမ်စွန့်ခွာ
ထွက်ပြေးရသူတွေ အရေအတွက်ဟာ တစ်သိန်း တစ်သောင်း ငါးထောင်အထိ ရှိလာတဲ့အတွက် ဒုက္ခသည်တွေ
နေထိုင်စရာ အထူးလိုအပ်နေတာ ဖြစ်ပါတယ်။ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ အရေးအခင်းအတွင်း လူပေါင်း
တစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရသလို လူပေါင်း ၁၈၀ လောက် သေဆုံးခဲ့ရပါတယ်။
လတ်တလော ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ လူတွေ ပြည့်ကျပ် သိပ်နေပြီး အများသောအားဖြင့်
ဒုက္ခသည်အချင်းချင်း အပြန်အလှန် အကူအညီတွေ ပေးနေရတယ်လို့ UNHCR အဖွဲ့က ပြောပါတယ်။
Myanmar Express
မန္တလေးမြို့တွင်
ရောက်ရှိနေသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတဦးသိန်းစိန်သည်
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်းနှင့် ပြည်ထောင်စုဝန်ကြီး များလိုက်ပါလျက်
ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ မဟာမုနိရုပ် ရှင်တော် မြတ်ကို
သွားရောက်ဖူးမြော်ကြည်ညိုသည်။ နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် နံနက် (၇)
နာရီတွင် မဟာမုနိရုပ်ရှင်တော် မြတ်ကို ရောက်ရှိကြပြီး ပန်း၊ ဆွမ်း၊ ရေချမ်း၊
ဆီမီးနှင့် နံ့သာတိုင်များကပ်လှူ၍ဖူးမြော် ကြည်ညိုသည်။ ထို့နောက်
ရုပ်ရှင်တော်မြတ်ကို ရွှေသင်္ကန်းများ ကပ်လှူကြပြီး အလှူငွေများပေးအပ် လှူဒါန်းကြသည်။
ဆက်လက်၍
ဘုရားဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ် ရေးထိုးကြပြီး
ဘုရားပရိဝုဏ်အတွင်း လှည့်လည်ကြည်ညိုကြသည်။ ထို့နောက် နိုင်ငံတော် သမ္မတသည်
ဘုရားဖူးလာ ပြည်သူများနှင့် ဘုရားစောင်းတန်းတွင် ဆိုင်ခန်းဖွင့်လှစ် ရောင်းချနေကြ
နေသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
Myanmar Express
အချို့ကတော့
ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒီမိုကရေစီ ခေါင်းဆောင်ကြီး အဖြစ် သတ်မှတ်ကြ၏။ အချို့
ကတော့ နိုင်ငံ တကာနှင့် ရင်ပေါင် တန်းနိုင်သော မြန်မာနိုင်ငံ၏ တစ်ခေတ်မှာ တစ်ခါေ ပ်ါသော
အမျိုးသ မီး ခေါင်းေ ဆာင် တစ်ဦး အဖြစ် သတ် မှတ်ကြ ၏။ မည်သို့ပင် ဖြစ်စေ၊ သမိုင်းတစ်ခုကို
ရေး မည့် ခေါင်း ဆောင်တစ် ဦး အတွက် သမိုင်းတွင် သည့် သူရဲကောင်း တစ်ယောက်ဖြစ်ရန် မှာ
ကောင်းသော လုပ်ဆောင်ချက် များကို လုပ်ဆောင် ပြရ မည် သာ ဖြစ်ပေသည်။ မြန်မာ့လွတ် လပ်ရေးခေါင်းဆောင်
တစ်ဦး၏ သမီးအဖြစ် မွေးဖွားလာသည့်အတွက် သူမ၏ ငယ်ဘ သည် ရွှေလင်ဗန်းနှ င့် အချင်းဆေးသည်သာ
ဖြစ်သည်။ ဗိုလ်ချုပ် ကျဆုံးပြီးနောက် တပ်မတော်က ထိန်းကွပ်နေရသည့် တိုင်းပြည် အခြေအနေတွင်
သံအမတ်ကြီး သမီးအဖြစ်နှင့် နိုင်ငံခြားတွင် အကျော်ကြားဆုံး ခေါင်းဆောင် များ၏ သားသမီးများနှင့်အတူ
ပညာသင်ကြား ခဲ့ရခြင်းသည်လည်း သူမအတွက် တန်ဖိုး မဖြတ်နိုင်သော ထိုအချိန် ခေါင်းဆောင်များ၏
ကျေးဇူးတရားကြောင့်ပင်။ ထို့နောက်တွင် ကမ္ဘာပတ်၍ ပညာ ဆည်း ပူးခွင့် ရခဲ့ခြင်း၊ တိဗက်
တောင်တန်းများ အကြား၊ ဗိုလ်ချုပ်သမိုင်း ပြုစုခြင်းများဖြင့် တိုင်း တစ်ပါး တွင် နေခဲ့ခြင်း
က သူမ၏ ဆန္ဒအရပင် ဖြစ်သည်။
အမျိုးကို စောင့်သိခြင်းသည် ကာလံ၊ဒေသံနှင့် ရာနှုန်းပြည့် သက်ဆိုင်ခြင်းတော့ မရှိ။ ထိန်းသိမ်းတတ်လျှင်
မွန်မြတ်သည်သာ ဖြစ်သည်။ မြန်မာရာဇ၀င် တွင် ကျန်စစ်သား မင်း၏ သမီးတော် ရွှေအိမ်စည်သည်လည်း
ကုလားနှ င့်ဖောက်ပြန်၊ သီပေါမင်း သမီးတော် များသည်လည်း ကုလားနှင့် အတူနေခဲ့ကြသည်။ ထိုသမိုင်းကို
ဗိုလ်ချုပ် သမီး သည်လည်း ဆက်လက်ကျင့်သုံးကာ တိုင်းတစ်ပါးသားများနှင့် ဖောက်ပြန်၍ အဆုံးတွင်
အင်္ဂလိပ် ဇနီးမယား တစ်ယောက်သာ ဖြစ်ခဲ့လေသည်။ မြန်မာ့နိုင်ငံရေး သမိုင်းတွင်လည်း မိခင်နေ
မကောင်း၍ ပြန်လာသည်မှ စကာ နိုင်ငံရေးနှင့် စတင် မြည်း စမ်း ခဲ့ရ၏။ ပေစုတ်စုတ် ဘ၀တွင်
စိတ်လွတ်လပ်စွာနေထိုင်၍ စိတ်ဆန္ဒကို အသားပေးသော သူမ အတွက် ဟေးလား ၀ါးလား လက်ခုပ်သံများအကြား
ပျော်ရွှင် သာယာခြင်းဖြင့် ဒီမိုကရေစီကို ဦးဆောင် ခဲ့ပြန်သည်။ တာဝန်ရှိသူ များ၏ သတိပေးခြင်း
အကြိမ်ကြိမ်ကို မျက်ကွယ်ပြုကာ လုပ်ချင်ရာ ဇွတ်လုပ် ခဲ့သည့် သူမ အတွက် ထိန်းသိမ်း ထားရန်မှ
တစ်ပါး အခြားရွေးချယ်ရန်မရှိ။ ထိုအချိန်တွင် နိုင်ငံကို ဖိ အားပေး လိုသော အနောက် အုပ်စု
မှ ဘွဲ့တံဆိပ်များ တပ်ကာ သူမကို ငြိမ်း ချမ်းရေး နိုဘယ် ဆုရှင် တစ်ယောက် အဖြစ် ရပ်တည်စေခဲ့၏။
အိမ်အတွင်း ထိန်းသိမ်းစဉ်တွင် အကြမ်းဖက် ဗုံးခွဲသူများအား လက်ခံပေး၏။ ဆုတံဆိပ်များ၊
ဝင်ငွေများကို မည်သည့် အခါမှ မကြေငြာခဲ့သလို အမျိုးသားခေါင်းဆောင်ကြီး၏ သမီးအဖြစ် ဥပဒေအထက်
မှာ နေထိုင်ခဲ့ သည်မှာလည်း ယနေ့တိုင်အောင် ပင်ဖြစ်သည်။ ပညာတွေ မည်မျှပင် သင်ကြားခဲ့စေကာမူ
အနောက်တိုင်း ယဉ်ကျေး မှုကို မြတ်နိုးသော သူမမှာတော့ အကျယ်ချုပ်ကျစဉ် အိမ်အတွင်း ပျော်ပျော်ပါးပါး
Sex ခေါင်းစဉ် များတပ်ကာ ဆွေးနွေးခဲ့ကြကြောင်း သတင်းများက ဖော်ပြကြ၏။ ဖောက်ပြန်မှုများကို
သိသူများက ဖော် ထုတ် ခဲ့ကြ၏။ မှန်သည် မှားသည် မရှင်းလင်းခဲ့သလို ငြင်းခဲ့ခြင်းလည်းမရှိ။
နိုင်ငံခြားက လာသမျှ သူများ သူမလက်ခံတွေ့ဆုံ၏။ အစိုးရကို တိုက်ခိုက် ပုတ်ခတ်သော စကားများဖြင့်
သူမ ယဉ်ကျေးသိမ်မွေ့ကြောင်း ဖော်ပြ၏။ ကုလ ကိုယ်စားလှယ် လာသော်လည်း ထွက်မတွေ့သည့်သူမက
ဂျွန်ယက်တောကို အိမ်တွင်း ခိုးသွင်းသဖြင့်အရှက်ရခဲ့ရတော့သည်။
သူမသည် ခေါင်းဆောင်မှုကို သင်ကြားခဲ့ဖူးခြင်းမရှိ။ ခောတ်နှင့် အဆက်ပြတ်သည်သာမက သူမသည်
တစ်ဇွတ် ထိုး ဆန်ကာ ဆန္ဒကို လွန်စွာဦးစား ပေးလေသည်။ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံဟု ဆိုကာ
ရွေးေ ကာက် ပွဲကို ဆန့်ကျင်၏။ အကျယ်ချုပ်မှ လွတ်မြောက်သော် လူမှုကွန်ယက်များ အသုံးပြု၏။
အိုက်တင် အမျိုးမျိုးပေး ကာ ရုပ်ပြဓာတ်ပုံရိုက်သော ကမ္ဘာ့ခေါင်းဆောင်များတွင် သူမသည်
ထိပ်ဆုံးအဆင့် ၀င်၏ ။ ပြည် သူ ချစ်အောင် မြန်မာဝတ်စုံ ၀တ်သော်လည်း လေဒီရှုးဖြင့် အနောက်တိုင်းကို
ချစ်ကြောင်း ဖော်ပြ၏။ အနမ်း များဖြင့် နှုတ်ဆက်၏။ ကုလားနှင့် ပါးချင်းအပ်ရမှာ မရှက်သလို
အင်္ဂလိပ်၊အမေရိကနှင့် နမ်းရန် လည်း ရှက်ရွံ့ခြင်း အလျင်းမရှိ။ ဖိလစ်ပိုင်သမ္မတ အာရိုယိုသည်
လူကြားတွင် သူမကို ဖက်၍ နှုတ်ဆက်သည် ကိုလည်း လက်မခံ။ သူမ လက် ကို သူမပြည်သူ ယောက်ျားလေးများ
ကိုင်သည်ကိုလည်း တရားဝင် ပြောကာ ငြင်းဆန်ခဲ့ ဖူး၏။ သူမ ကတော့ ရောက်လေ ရာတွင် လက်ချင်း
ချိတ်ကာ ပါးချင်းအပ်၏။ ဗိုလ်ချုပ်အောင်ဆန်း ၏ သွေးဆိုပေမယ့် သူမ ၏ တစ်ကိုယ်လုံး တွင်
အနောက်တိုင်း အမူအကျင့်များသာ ပြည့်နှက်နေတော့သည်။ ပြင်ပ ကမ္ဘာနှင့် အဆက် အသွယ် ပြတ်ရာမှ
သူမသည် အသက်အရွယ် ကိုပင် မေ့လျော့နေ လေတော့သည်။ လူငယ်လေးများ ၊ယောက်ျားလေး များ၏ အသွေး
အသားနှင့် ထိတွေ့ ရသည်ကို သာယာ တတ်သည့် စိတ်ရောဂါ တစ် မျိုး ၀င်နေသည် ဟုပင် သုံးသပ်
ရပေသည်။ သူမတွင် မြန်မာ့ ယဉ်ကျေးမှု ဆိုသည် မရှိ။ မြန် မာ ဆိုသည် မည်သည့်သွေးနှင့်ရောရော
မြန်မာဖြစ်နေသေးသည် ဟုပင် သူမလက်ရှိအနေ အ ထား အရ ယုံကြည် လျှက် ရှိပေသည်။
သူမ လွှတ်တော်အတွင်း ရောက်သဖြင့် ပြည်သူအများ မျှော်လင့်ချက်တွေ ရင့်သန်လာ၏။ သို့သော်
သူမ၏ လုပ်ဆောင် ချက်သည် ရန်ကုန် တက္ကသိုလ်နှင့် ရန်ကုန်ဆေးရုံကြီးသာ ဖြစ်သည်။ ယခုလည်း
လက်ပံေ တာင်း သွား၍ ဆူပူမှု ဖြစ်အောင် ထပ်မံ ဖန်တီးလေအုံးမလား မပြောတတ်။ အနောက်တိုင်း
ယဉ်ကျေးမှု ကို မြတ်နိုြး ခင်း အရင်ဖျောက် မှသာ သူမ သည် မြန် မာနိုင်ငံကို ဦးဆောင်ခွင့်
ရမည်ဖြစ်သည်။ မဟုတ် ပါက သူမ လက် ထက် တွင် ညစ်ညမ်းမြန်မာဇာတ်ကားများ၊ မြန်မာ အမျိုးသမီးများ
အရှက်မဲ့ခြင်း တို့ ဖောေ ဖာ သီသီ ဖြစ်လာပေလိမ့်မည်။ တစ်ဇွတ်ထိုး လုပ်တတ်သော၊ ခေါင်းဆောင်မှု
မသိသော သူမသည် မြန်မာကို ဘားမားလုပ်ခြင်းဖြင့် အ တိုက် အခံ စစ်မျက်နှာ အသစ်တစ်ခု ဖွင့်ဖို့
ကြိုးစားလေ၏။ မြန်မာထက် ဘားမားကို ပြည်သူ အများက လက် ခံ ကြောင်း ပြောလေ၏။ အမေရိ ကန်နှင့်
ဥရောပသည် မြန်မာ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု ကို မြှင့် တင် ချိန် တွင် သူမ သည်
အရေးမပါတော့။ သူမ မပါလဲ မြန် မာ့နိုင်ငံရေး သည် ပြောင်းလဲေ နပြီ ဖြစ် သည်။ အမေရိကန်သမ္မတက
မြန်မာကို မြန်မာလို့ သုံးနှုံးခဲ့သလို ဟီလာရီ ကလင်တန် သည် လည်း မြန် မာကို ဘားမားဟု
မသုံးနှုံးရဲ။ နှုတ်ကျိုး၍ သုံးနှုံး မိသော အမေရိကန် ကာကွယ်ရေး ၀န်ကြီးသည် လည်း မြန်မာ
ဝန်ကြီးက ထောက်ပြသည်တွင် ပြန်တောင်း ပန် ခဲ့၏။ အနောက်မျှော်သူမ၏ ဘားမားသမိုင်း တွင်
သူမ နာမည် ထပ်တိုး၍ ပျက်ချေတော့မည်။ အနမ်းခံ ဘားမားစုကြည်အတွက် လုပ်ဆောင်စရာ များများ
မရှိတော့။ သူမကို လက်ခံခဲ့သူများပင် သူ မကြောင့် စိတ် ပျက် ရချေပြီ။ ယနေ့အမျိုးသမီးများ၏
စိတ်ပျက်စကားသံများကို မကြားချင် အဆုံး နေရာ အနှံ့ ထွက်ပေါ်နေ ပေသည်။ သူမအမှားများအတွက်တောင်းပန်သင့်လေပြီ။သို့မဟုတ်ပါက…..
Myanmar Express
ခေတ်မမီတော့သည့် ဥပဒေများ ပြုပြင်ရာတွင် ပါဝင်လုပ်ကိုင်ခဲ့သော ကမ္ဘောဒီးယားနိုင်ငံ
ဖနွမ်းပင် အခြေစိုက် ဥပဒေရေးရာ အကြံပေးအဖွဲ့ အစည်းတစ်ခုဖြစ်သော Sciarori &
Associates က ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံ၌ ရုံးခွဲဖွင့်လှစ် မည်ဖြစ်ကြောင်း
အဆိုပါ အဖွဲ့၏ အကြီးအကဲ Senior Partner ဖြစ်သူBretton G.Sciaroni က နိုဝင်ဘာလ ၂၂ ရက်နေ့တွင်ပြောကြားသည်။
အဆိုပါ ရုံးခွဲကို မြန်မာနိုင်ငံအပြင် လာအိုနိုင်ငံတွင်လည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊
ကမ္ဘောဒီးယားတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း ဥပဒေရေးရာ ပြောင်းလဲမှုများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သော
အတွေ့အကြုံဖြင့် မြန်မာနိုင်ငံတွင်လည်း ၎င်းတို့ အဖွဲ့က အလားတူ ပါဝင်လုပ်ဆောင်နိုင်မည်ဟု
ယုံကြည်ကြောင်း ၎င်း ကပြောဆိုသည်။ “အာဆီယံ အစည်းအဝေးမှာ မြန်မာနိုင်ငံအစိုးရအဖွဲ့ဝင်တွေနဲ့
တွေ့ပါတယ်။ သူတို့နဲ့လည်း ဒီကိစ္စပြောပြီးပါပြီ။ အဆင်ပြေပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိပြဋ္ဌာန်းထားတဲ့
ရင်းနှီးမြှုပ်နှံမှု ဥပဒေကိုတော့ အင်္ဂလိပ်လိုဘာသာ ပြန်နေတုန်းမို့ မဖတ်ရသေးပါဘူး။ လက်ရှိ
မြန်မာနိုင်ငံရဲ့ အခြေအနေက လွန်ခဲ့တဲ့ နှစ်၂၀ ကမ္ဘောဒီးယားရဲ့ အခြေအနေနဲ့ တူတယ်” ဟု
၎င်း ကဆိုသည်။ ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ စသည်တို့ထံမှ
အကူအညီများရယူကာ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ်သောကြောင့်
မြန်မာနိုင်ငံကိုလည်း ယင်းကဲ့သို့ ပုံစံမျိုး အကြံပေးလိုကြောင်း၊ စီးပွားရေးတိုး တက်မှုများရလာမည်ဖြစ်ကြောင်း၊
ကမ္ဘောဒီးယားနိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲ ကာလအတွင်းဝင်လာသော အကူအညီများမှ တစ်ဆင့်နိုငံဖွံ့ဖြိုးတိုးတက်ရေးကို
ပြောင်းလဲလုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အဖွဲ့၏ အကြီးအကဲ Senior Partner ဖြစ်သူ
Bretton G. Sciaroni ကပြောကြားသည်။ “ပြုပြင်ပြောင်းလဲဖို့ သိန္နိဋ္ဌာန်ရှိဖို့လိုတယ်။
ဒီအပြောင်း အလဲကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေလာနေတာ” ဟု ယင်းအဖွဲ့မှ
Managing Partner တစ်ဦးဖြစ်သူ Matthew Rendall ကပြောကြားသည်။
Sciarori&Asssociates ၏ အကြီးအကဲ Senior Partner ဖြစ်သူ Bretton G.Sciaroni သည်
ကမ္ဘောဒီးယား၏ Internatonal Business Chamber ၏ ဥက္ကဋ္ဌ ဖြစ်ပြီး အာဆီယံစီးပွားရေးနှင့်
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အစည်းအဝေးတွင် လည်းပါဝင်ဆောင်ရွက်နေသူဖြစ်သည်။
Myanmar Express
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကျပ်နှစ်သိန်းဖြင့် ရောင်းချလျက်ရှိသည့်
GSM ဖုန်းများကို ကျပ်တစ်သိန်း ငါးသောင်းအောက် ဈေးနှုန်းဖြင့် လာမည့်ငါးလအတွင်း ဈေးလျှော့
ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ်အင်ဂျင်နီယာချုပ်
ဦးဌေးဝင်းက ပြောကြားသည်။ “တစ်သိန်းလည်း ဖြစ်နိုင်တယ်။ ငါးသောင်းလည်း ဖြစ်နိုင်တယ်။
သေချာမပြောနိုင်သေးပါဘူး။ တစ်သိန်းခွဲအောက် ရောက်နိုင်မယ် ဆိုတာပဲ ပြောနိုင်ပါတယ်”
ဟု ဈေးနှုန်းလျှော့ချမည့် အစီအစဉ်နှင့် ပတ်သက်၍ ၎င်းက ပြောကြားသည်။ မြန်မာ့ ဆက်သွယ်ရေးအနေနှင့်
ဇန်နဝါရီလအတွင်း ဖုန်းဈေးနှုန်း လျှော့ချပေးနိုင်ရန် ဆောင်ရွက် လျက်ရှိပြီး နောက်အကျဆုံး
ဧပြီလတွင် ကျိန်းသေ လျှော့ချသွား မည်ဖြစ်ကြောင်း ဦးဌေးဝင်း၏ ပြောကြားချက်အရ သိရသည်။
ယင်းသို့ လျှော့ချပေးနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လက်ရှိ မိုဘိုင်းလ်ကွန်ရက်ကို
တိုးချဲ့ရန်အတွက် နိုဝင်ဘာ ၁၇ ရက်နေ့တွင် ZTE, Huawei, ASB(Alcatel Shanghai Bell)
ကုမ္ပဏီသုံးခုနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး 3G ဖုန်းလိုင်းတစ်သန်းကို နှစ်လအတွင်း အပြီးတပ်ဆင်သွားမည်
ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။ “ဈေးတွေကတော့ အမျိုးမျိုး ပြောနေကြတာပဲ။ ရှစ်သောင်း
ပြောလိုက်၊ တစ်သိန်းပြောလိုက်နဲ့။ ကျွန်တော့်အနေနဲ့တော့ ငါးသောင်းလောက်ဆို ဝယ်နိုင်မယ်
ထင်ပါတယ်” ဟု ဈေးနှုန်းအသစ်နှင့် ပတ်သက်၍ သန်လျင်မြို့ရှိ အင်တာနက်ဆိုင်တစ်ဆိုင်မှ
ဝန်ထမ်းဖြစ်သူ ဦးမောင်မောင်သန်းက ပြန်လည်ဖြေကြားသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းလ်ဖုန်း
ဈေးနှုန်းများကို ကျပ်ဆယ့်ငါးသိန်းမှ ပြီးခဲ့သည့် ၂ နှစ်အတွင်း ကျပ်ငါးသိန်း၊ ယင်းမှ
ကျပ်နှစ်သိန်းနှင့် ကျပ်နှစ်သိန်းငါးသောင်းသို့ အသီးသီးလျှော့ချ သတ်မှတ်ခဲ့ကြောင်း
၂၀၁၂ ခုနှစ်နိုဝင်ဘာ ၂၆ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးမြညိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊
တပ်မတော် အရာရှိကြီးများနှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင်
ရဟတ်ယာဉ်များဖြင့် စစ်ကိုင်းမြို့သို့ ရောက်ရှိကြသည်။ ထို့နောက်
စစ်ကိုင်းမြို့တွင် လာမည့်ပညာ သင်နှစ်မှ စတင်၍ ဖွင့်လှစ်မည့် စစ်ကိုင်း
တက္ကသိုလ်သို့ရောက်ရှိရာ တာဝန်ခံပါမောက္ခချုပ် ဒေါက်တာ သူရဦးနှင့်ဆရာ၊ ဆရာမများ၊
မြို့မိမြို့ဖများ ကကြိုဆိုကြသည်။
ယင်းနောက်
နှစ်ထပ်စာသင်ဆောင် ခန်းမ၌ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်သူ့ဆောက်
လုပ်ရေးလုပ်ငန်းမှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးခင်မောင်ဆွေက တက္ကသိုလ်
စာသင်ဆောင်နှင့် ဝန်ထမ်းနေအိမ်များ ဆောက်လုပ်ပြီးစီးမှုနှင့် ဆက်လက် ဆောက်လုပ်မည့်
အခြေအနေ များကို ရှင်းလင်းတင်ပြပြီး တာဝန်ခံပါမောက္ခချုပ်က တက္ကသိုလ်
စတင်ဖွင့်လှစ်ရန် ဆောင်ရွက်နေမှု၊ သင်ကြား ပေးမည့် အထူးပြု ဘာသာရပ်များ နှင့် ဆရာ၊ ဆရာမများ
အင်အားတို့ကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များ နှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက
လမ်းညွှန်မှာကြားရာတွင် ယခင်ကဆိုလျှင် စစ်ကိုင်းမြို့မှ ကျောင်းသား ၊ကျောင်းသူများ အနေဖြင့်
တက္ကသိုလ်ပညာ ဆက်လက် ဆည်းပူး လိုပါက ရွှေဘိုနှင့်မုံရွာမြို့များသို့
သွားရောက်သင်ယူကြ ရကြောင်း၊ ထို့ကြောင့် ငွေကြေးကုန်ကျမှု
ပိုမိုများပြားခဲ့ကြောင်း၊ ဤတက္ကသိုလ်ကြီးဖွင့်လှစ်ပါက စစ်ကိုင်းမြို့မှာပင်
အချိန်ကုန်၊ငွေကုန်သက် သာစွာဖြင့် ပညာ သင်ယူနိုင်တော့မည်ဖြစ်ကြောင်း။
ဤစစ်ကိုင်းတက္ကသိုလ်ကြီးကို
နိုင်ငံတော်က အထူးအစီအစဉ်ဖြင့် တည်ဆောက်ဖွင့်လှစ် ပေးခြင်းဖြစ်ရာ စစ်ကိုင်းတိုင်း အတွင်းရှိ
တက္ကသိုလ်များအနက် အကောင်းဆုံး တက္ကသိုလ်ကြီး- Excellience University အဖြစ်ပေါ်ထွန်း
လာစေလိုကြောင်း၊ ကျောင်းသားကျောင်းသူများကို စည်းကမ်းကောင်း၊ ကိုယ်ကျင့် တရားကောင်းပြီး
ပြည်ထောင်စုကြီး တစ်ခုလုံးကို လွှမ်းခြုံ ချစ်မြတ်နိုးသည့် မျိုးချစ်စိတ်ဓာတ်ရှင်သန်သော
လူတော်လူကောင်းများအဖြစ် မွေးထုတ်ပေးရန်ဖြစ်ကြောင်း၊ ထို့အတူ ကျောင်းသား
ကျောင်းသူများအား ဘွဲ့တစ်ခုရရှိ ရန်အတွက်သာ မဟုတ်ဘဲ အမှန်တကယ် ပညာတတ် မြောက်သူများ
ဖြစ်အောင် လေ့ကျင့်ပြုစု ပျိုးထောင်ပေးရန်လိုကြောင်း၊ ထိုသို့လေ့ကျင့်
ပျိုးထောင်ပေးနိုင်ရန်အတွက် ဆရာ၊ဆရာမများ ကိုယ်တိုင်ကလည်း အတော်ဆုံး၊ အကောင်းဆုံး
ဖြစ်အောင် စဉ်ဆက်မပြတ် လေ့လာဆည်းပူး နေရမည်ဖြစ်ကြောင်း။ မိမိတို့နိုင်ငံအနေဖြင့်
အာဆီယံနိုင်ငံများ၊ အာဆီယံနှင့်ဆွေးနွေး ဖက်နိုင်ငံများ၊ အရှေ့အာရှ
နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှု ပိုမိုများပြား လာသည်ဖြစ်ရာ
ကျောင်းသား ကျောင်းသူများကို အင်္ဂလိပ်ဘာသာ ကျွမ်းကျင် သူများ ဖြစ်လာစေရန် နှင့်
ကျောင်းပြီးသည်နှင့် တစ်ပြိုင်တည်း လုပ်ငန်းခွင်အသီးသီးသို့
ဝင်ရောက်လုပ်ကိုင်နိုင်သည် အထိ ရည်ရွယ် သင်ကြားပေးကြရန် ဖြစ်ကြောင်းနှင့်
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးဖွံဖြိုးမှုက အခြေခံကျသည်ဟု
မှတ်ယူကြရန် ဖြစ်ကြောင်း၊ Good Governance ဖြစ်လာရန်အတွက်လည်း စာသင်ကျောင်းများက
စတင်လေ့ကျင့်သင်ကြားပေးရမည် မြို့မိမြို့ဖများကလည်း ဝိုင်းဝန်း ကူညီဆောင်ရွက်
ကြစေလိုကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် နိုင်ငံတော် သမ္မတသည် ကျောင်းဆောင်အတွင်းရှိ
စာသင်ခန်းများကို လှည့်လည် ကြည့်ရှုပြီး တက္ကသိုလ်ဝင်းအတွင်း
စိမ်းလန်းစိုပြည်ရေးအတွက် လုပ်ဆောင်ရန်များ၊ ဆရာ၊ ဆရာမ များ၊ ဝန်ထမ်းများ၊
တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများ သွားလာဆက်သွယ်မှု လွယ်ကူအဆင် ပြေ စေရေးဆောင်ရွက် ပေးရန်များကိုလည်း
အသေးစိတ်မှာကြားခဲ့သည်။
စစ်ကိုင်းတက္ကသိုလ်ကို
ယခုနှစ် ဒီဇင်ဘာ(၅)ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ(၇၃၅)ဦး
တက်ရောက်ခွင့်ရရှိ ထားကြောင်း သိရှိရသည်။ ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတသည်
စစ်ကိုင်းမြို့ ရာဇာမဏိစူဋ္ဌာ ကောင်းမှုတော်စေတီ တော်သို့ ရောက်ရှိပြီး စေတီတော်ရှိ
ဗုဒ္ဓ ရုပ်ပွားတော်များအား လှည့်လည်ဖူးမြော်ကြည်ညို ကာ
ဈေးဆိုင်ခန်းဖွင့်လှစ်ရောင်းချနေသူများ၊ ဘုရားဖူးပြည်သူများအား ရင်းရင်းနှီးနှီး
နှုတ်ဆက်သည်။ ထို့နောက် စေတီတော်အထွတ်ရှိ စိန်ဖူးတော်ကို ဖူးမြော်ကြည်ညိုရာ
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက
နိုဝင်ဘာ(၁၁)ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် စိန်ဖူးတော်ကို ဆိုင်းထားသည့်
ကြိုးတစ်ချောင်း ကျိုးပြတ်သွားသဖြင့် စိန်ဖူးတော် ယိမ်းယိုင် သွားမှုနှင့် နိုဝင်ဘာ
(၁၂)ရက်တွင် စိန်ဖူးတော်ကို ဆိုင်းထားသည့်ကြိုးအားလုံးအား သံမဏိကြိုးများဖြင့်
အစားထိုး လဲလှယ်ပြီး စိန်ဖူးတော် အား ပြန်လည်တည့်မတ် ပြီးစီးခဲ့မှု အခြေအနေကို
ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည်
စေတီတော်အတွက် အလှူငွေများပေးအပ်လှူဒါန်းပြီး စေတီတော် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင်
မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။ ဆက်လက်၍ စေတီတော် အာရုံခံတန်ဆောင်းတွင် ပြသထားသည့်
စစ်ကိုင်းမြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ သည့် စေတီ၊ပုထိုးနှင့်
သာသနိက အဆောက်အုံများ၏ မှတ်တမ်း ဓာတ်ပုံများကို ကြည့်ရှုသည်။ ထို့နောက်
နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည်
ရဟတ်ယာဉ်များဖြင့် မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြပြီး ထိုမှတစ်ဆင့်
အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် နေပြည်တော် သို့ ပြန်လည်
ရောက်ရှိသည်။
Myanmar Express
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်း၍ မန္တလေးမြို့တော် ၇၃ လမ်း မဟာမန္တလေးမြို့တော်
စီမံကိန်းအနီးတွင် Myanmar Institute of Information Technology (MIIT) တက္ကသိုလ် တည်ဆောက်ရန်
ဆွေးနွေးလျက်ရှိကြောင်း မန္တလေးမြို့တော် အိန္ဒိယကောင်စစ်ဝန်ရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ တက္ကသိုလ်ကို အိန္ဒိယအစိုးရက ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်နိုင်ရန်
ရည်ရွယ်ထားကြောင်း၊ အိုင်တီနည်းပညာ ပိုင်းဆိုင်ရာ ဘာသာရပ်များနှင့် ပတ်သက်၍ ငါးနှစ်သင်တန်း
ပြီးပါက ဘွဲ့ရရှိမည်ဖြစ်ပြီး သင်တန်းသား ငါးထောင်ခန့် လက်ခံသင်ကြားပေးမည် ဖြစ်ကြောင်းလည်း
၎င်းကထပ်မံ ပြောကြားသည်။ သင်ကြားရေးပိုင်းနှင့် ပတ်သက်၍ ပထမနှစ်တွင် အိန္ဒိယနိုင်ငံမှ
ဆရာများက ရာနှုန်းပြည့် လာရောက်သင်ကြားပေးမည် ဖြစ်ပြီး ဒုတိယနှစ်တွင် မြန်မာဘက်မှ ဆရာအရေအတွက်
၂၀ ရာခိုင်နှုန်း၊ တတိယနှစ်တွင် ၄၀ ရာခိုင်နှုန်း ပါဝင်သင်ကြားပေး မည်ဖြစ်ကြောင်း၊ ငါးနှစ်ပြည့်ပါက
အိန္ဒိယမှ ဆရာ၊ ဆရာမများ သင်ကြားပေးမည် မဟုတ်တော့ကြောင်း အိန္ဒိယကောင်စစ်ဝန်ရုံးထံမှ
သိရှိရသည်။ သင်ကြားရေးနှင့် ပတ်သက်၍ သင်ရိုးညွှန်းတမ်းများ ရေးဆွဲလျက်ရှိပြီး သင်တန်းကြေးကိုမူ
ဆွေးနွေးသတ်မှတ်ရခြင်းများ မရှိသေးကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဖော်ဆောင်ရေး၊ မန္တလေးမြို့တော်တွင်
MIIT တည်ဆောက်နိုင်ရေး၊ မြေနေရာသတ်မှတ်ရေး၊ နည်းပြနှင့် ဝန်ထမ်းများ ခန့်အပ်ရေး စသည်တို့နှင့်
စပ်လျဉ်း၍ အိန္ဒိယနိုင်ငံမှ အစိုးရအဖွဲ့ဝင် ဝန်ကြီးအဆင့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းတို့ နိုဝင်ဘာ ၁၆ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express