Wednesday, October 10, 2012
မြန်မာ့တပ်မတော် အင်အား ၂၀ ရာခိုင်နှုန်းသုံး၍ ကေအိုင်အေအား တိုက်ခိုက်နေ
Posted by drmyochit
Wednesday, October 10, 2012, under ပြည်တွင်းသတင်းများ | No comments
နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ အီမြောင်ဘတ်နှင့် တွေ့ဆုံဆွေးနွေး
Posted by drmyochit
Wednesday, October 10, 2012, under သတင်းများ | No comments
From : သမ္မတရုံး
နေပြည်တော် အောက်တိုဘာ ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဒေသစံတော်ချိန် ယနေ့ညနေ (၅)နာရီတွင် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ရှိ သမ္မတအိမ်တော်၌ ကိုရီးယား သမ္မတနိုင်ငံ သမ္မတ မစ္စတာ အီမြောင် ဘတ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များကို ဆွေးနွေးကြ သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ အီမြောင်ဘတ်က ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆို
Posted by drmyochit
Wednesday, October 10, 2012, under သတင်းများ | No comments
Fromး သမ္မတရုံး
နေပြည်တော် အောက်တိုဘာ ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ကိုရီးယားသမ္မတ နိုင်ငံ သမ္မတ မစ္စတာ အီမြောင်ဘတ်က ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားကို ယနေ့ ဒေသစံတော်ချိန် ညနေ(၄)နာရီတွင် ဆိုးလ်မြို့ရှိ သမ္မတအိမ်တော်(Blue House) ရှေ့ မြက်ခင်းပြင်၌ ကျင်းပသည်။
လက်ပံတောင်းတောင်မှ ဒေသခံများ အသိဥာဏ်ဖွံ့ဖြိုးမှု အလွန်နည်းပြီး အယူသည်းမှု များ ရှိနေ
Posted by drmyochit
Wednesday, October 10, 2012, under ပြည်တွင်းသတင်းများ | No comments
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ ထူးချွန်မှုကြောင့် ဘဏ်ငွေထုတ်လာသူ အမျိုးသမီးထံမှ ငွေထုတ်လုယက်သူ ကို မကွေးတိုင်း ရဲတပ်ဖွဲ့မှ (၂၄)နာရီအတွင်းဖော်ထုတ်နိုင်ခဲ့
Posted by drmyochit
Wednesday, October 10, 2012, under ပြည်တွင်းသတင်းများ | No comments
From : hot news
မကွေးတိုင်းဒေသကြီးမကွေး ခရိုင်မကွေးမြို့ ကမ္ဘောဇဘဏ်မှ ငွေ ထုတ်ပြီးပြန်လာသူ မိန်းကလေး နှစ်ဦး ထံမှလမ်းမှဖြတ်၍ ငွေ ထုပ်အားအမည်မသိ ဆိုင်ကယ် စီးယောင်္ကျားသားတစ်ဦးက လုယူထွက်ပြေး သွားမှု အား မြန်မာနိုင်ငံရဲတပ်ဖွဲ့ အထက်ဌာနအဆင့်ဆင့်တို့၏စီမံ ညွှန်ကြားကွပ်ကဲ ဆောင်ရွက်မှု များကြောင့် ငွေ ထုပ်လုယူသွား သူအမည်မသိ အမျိုးသားအား (၂၄)နာရီအတွင်း ဖော်ထုတ် ဖမ်းဆီး ရမိ ခဲ့ကြောင်း သတင်း ရရှိသည်။
ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများ မြန်မာနိုင်ငံထဲသို့ ပြန်လည်ဝင်ရောက် လုပ်ကိုင်မှု များပြားလာ
Posted by drmyochit
Wednesday, October 10, 2012, under သတင်းများ | No comments
From : Arakan Times
ထိုင်းနိုင်ငံတွင် လုပ်အားခနည်းပါးလာမှုနဲ့ လူနေမှုအသုံးစရိတ် မြင့်မား လာခြင်းကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများမှ မိမိနိုင်ငံမှ စက်ရုံများသို့ ပြန်လည်သွားရောက် လုပ်ကိုင်မှု များပြားလာကြောင်း သိရှိရ သည်။
ရခိုင်ပဋိပက္ခနှင့်ကချင်ပြည် နယ်ပြည် တွင်း စစ်ကိစ္စများအပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးရေး စရိတ်များပါ နောက်ဆက် တွဲဘတ်ဂျက် တောင်းခံနိုင်
Posted by drmyochit
Wednesday, October 10, 2012, under သတင်းများ | No comments
From : ရန်ကုန်တိုင်းမ်း
ရခိုင်ပဋိပက္ခနှင့်ကချင်ပြည် နယ်ပြည်တွင်းစစ်ကိစ္စများအပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးရေး စရိတ်များ ပါ နောက်ဆက်တွဲ ဘတ်ဂျက်တောင်းခံ မှု ပြည်ထောင်စု အစိုးရအဖွဲ့မှနောက်ဆက် တွဲဘတ်ဂျက်တွင် တင်ပြလာမည်ဖြစ်ကြောင်း မကြာမီရက်ပိုင်းတွင်ဆွေး နွေးမည်ဖြစ် ကြောင်း ပြည်သူ့ငွေ စာရင်းပူး ပေါင်း
ကော် မတီအဖွဲ့ဝင်ပြည်သူ့လွှတ် တော်ကိုယ်စား လှယ်ဦးမန်းမောင်မောင် ဉာဏ်ထံမှ သိရ သည်။
ငွေတိုက်စာချုပ်များက ဘဏ်တွင် ရုတ်တရက် ငွေထုတ်သူများလာသောအခြေအနေကို ဖြေရှင်းပေးနိုင်
Posted by drmyochit
Wednesday, October 10, 2012, under ပြည်တွင်းသတင်းများ | No comments
ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက ရခိုင်အမျိုးသား ကွန်ရက်နှင့် တွေ့ဆုံလိုဟု ဆို
Posted by drmyochit
Wednesday, October 10, 2012, under သတင်းများ | No comments
မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်
သံအမတ်ကြီးက ရန်ကုန်အခြေစိုက် ရခိုင်အမျိုးသားကွန်ရက်နှင့် တွေ့ဆုံ စကား ပြောလိုသည်ဟု
အလွတ်သဘော ကမ်းလှမ်းကြောင်း သတင်းရရှိသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ ဖျက်ဆီးခံရမှုနှင့် ပတ်သက်ပြီး ရန်ကုန်အခြေစိုက်
ဘ င်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် သံဃာတော်များ ဦးဆောင် ဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပွားနေသည့်
ကိစ္စနှင့် ပတ်သက် ၍ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက ရခိုင်အမျိုးသား
ကွန်ရက်နှင့် တွေ့ဆုံ စကား ပြောလို သည်ဟု သံရုံးဝန်ထမ်းတဦးမှတဆင့် ကမ်းလှမ်းခဲ့ကြောင်း
အဆိုပါ ကွန်ရက် ဥက္ကဋ္ဌ ကိုတင်ထူးအောင်က ဧရာဝတီကို ပြောသည်။
ကချင်ငြိမ်းချမ်းရေး မဖြစ်မနေလုပ်မည်ဟု ဦးသိန်းဇော် ဆို
Posted by drmyochit
Wednesday, October 10, 2012, under ပြည်တွင်းသတင်းများ | No comments
ကချင်ပြည်နယ်
ငြိမ်းချမ်းရေးကို မဖြစ်မနေဖော်ဆောင် သွားမည်ဟုပြည်ထောင်စု ငြိမ်း
ချမ်းရေး ဖော်ဆောင် လုပ်ငန်း ကော်မတီဒုဥက္ကဌတစ်ဦးဖြစ်သည့်
ဦးသိန်းဇော် က ပြောကြား လိုက် သည်။ အောက် တိုဘာ(၆)ရက် မြစ်ကြီး နားမြို့ရှိ
မြို့တော် ခန်းမတွင်
ပြုလုပ်ခဲ့သောလွှတ်တော် အတွေ့ အကြုံရှင်းလင်း ပွဲနှင့် လူထုတွေ့ဆုံပွဲတွင်
၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗန်းမော်နားက မြစ်ကျဉ်းဝမှာ စက်လှေမှောက်
Posted by drmyochit
Wednesday, October 10, 2012, under ပြည်တွင်းသတင်းများ | No comments
အောက်တိုဘာလ(၈)ရက်တွင် ကချင်ပြည်နယ် ဗန်းမော်-ဆင်ဘို-မြစ်ကြီးနားပြေးဆွဲနေသော ငွေဧရာ လိုင်း စက်လှေအသင်းမှ ချစ်ကိုမောင်းနှင်လာသော နဒီလုလင် အင်းလေးဘုတ်စက်လှေသည် ယာဉ်နောက် လိုက် ၂ ဦး၊ ခရီးသည် ၇ ဦး၊ စုစုပေါင်း ၉ ဦးလိုက်ပါလျက် ဗန်းမော်မြို့မှ နံနက် ၁၀ နာရီခွဲအချိန်တွင် ထွက် ခွာလာရာ KIA ဆက်ကြေးကောက်ခံသည့်နေရာသို့မရောက်မှီ ဆင်ဘိုမြို့နယ်ခွဲ၊ ရေနားပင်လုံကျေးရွာအနီး ဧရာဝတီမြစ်ကျဉ်းဝတွင် စက်လှေဝမ်းနှင့် ကျောက်ဆောင်တိုက်မိခဲ့ပြီး စက်လှေတိမ်းမှောက်ခဲ့ရာ လူထိ ခိုက်သေဆုံးမှုမရှိကြောင်းနှင့် ကုန်/ယာဉ် ပျက်စီးဆုံးရှုံးမှု စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၄၀ ခန့် ရှိကြောင်း ငွေဧရာ လိုင်းဂိတ်မှူးမှပြောကြားခဲ့သည်။
ဖားကန့်မြို့နယ်တွင် တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေ
Posted by drmyochit
Wednesday, October 10, 2012, under ပြည်တွင်းသတင်းများ | No comments
တလခန့်ကြာ ငြိမ်သက်နေခဲ့ရာမှ ဖားကန့်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်နှင့် အစိုးရ တပ်များအကြား အင်္ဂါနေ့ နံနက်ပိုင်းက တနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ကားမိုင်းဘက်မှ တက် လာသော အင်အား ၂၀၀ ကျော်ရှိ အစိုးရ စစ်ကြောင်းအား လုံးခင်း ကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာအနီး ဖားကန့် လမ်း၊ ပဇောက်ကွေ့တွင် KIO ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း KIA ရှေ့တန်းမှ ဗိုလ်ကြီး လဒွဲက ပြောသည်။
KIA နေရာအတော်များများမှာ ဆက်ကြေးကောက်
Posted by drmyochit
Wednesday, October 10, 2012, under ပြည်တွင်းသတင်းများ | No comments
KIA တပ်မဟာ(၃)မှ ဆရာကြီးတစ်ဦးခေါင်းဆောင်တဲ့ ၅ ယောက်ခန့်သည် သေနတ်များကိုင်ဆောင်ပြီး မိုးမောက်မြို့နယ်၊ မြို့သစ်ကျေးရွာအုပ်စု၊ အူထန်ယန်ကျေးရွာမြောက်ဘက် ၂ မိုင်ခန့်အကွာ မြစ်ကြီးနား- ဗန်းမော်ကားလမ်းပေါ်တွင် နှစ်ဘက်အသွားအပြန်ဆိုင်ကယ်များနှင့် ကားများအား ရပ်တန့်စစ်ဆေးလျက် ဆိုင်ကယ် တစ်စီးလျှင် ၁၀၀၀ ကျပ်နှုန်းဆက်ကြေးကောက်ခံလျက်ရှိကြောင်း သိရှိရသည်။ ထိုသို့ဆက်ကြေး
ကောက် နေသည်မှာ အောက်တိုဘာလ(၇)ရက်နေ့မှစတင်ပြီး ယနေ့အထိ နေ့ စဉ် ကောက်ခံနေကြောင်း ဆက်ကြေး ပေးခဲ့ရသည့် ဒေါ့ဖုန်းယန်မှ ဒေသခံတစ်ဦးမှ KDN သို့ပြောကြားသည်။
ဖားကန့် လုံးခင်း၌ တိုက်ပွဲများပြင်းထန်၊ ထိခိုက်ဒဏ်ရာရရှိမှုမရှိ
Posted by drmyochit
Wednesday, October 10, 2012, under ပြည်တွင်းသတင်းများ | No comments
နိုဘယ်လ် ဆေးသိပ္ပံဆု ဂျပန်နဲ့ ဗြိတိန် သိပ္ပံပညာရှင်တွေ ရရှိ
Posted by drmyochit
Wednesday, October 10, 2012, under နိုင်ငံတကာသတင်းများ | No comments
Nobel Prize for Medicineဆုကိုဗြိတိန်နဲ့ ဂျပန်ပညာရှင်နှစ်ဦး ဆွတ်ခူးရရှိ ပါ တယ်။၂၀၁၂ ခုနှစ် အ တွက် ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုကို stem cell နဲ့ပတ်သက်တဲ့ သုတေသန လုပ်ငန်းတွေကို လုပ်ကြတဲ့ဂျပန်နိုင်ငံသား Shinya Yamanaka နဲ့ ဗြိတိန်နိုင်ငံသား John Gurdon တို့ ဆွတ်ခူးသွားပါတယ်။
ဆုရသူတွေကို ဆွီဒင်နိုင်ငံ၊ စတော့ခ်ဟုမ်းမ်စ်မြို့မှာ တနင်္လာနေ့က ကြေညာခဲ့တာပါ။ Adult cell လို့ခေါ်တဲ့ ဆဲလ်တွေကနေ ဘယ် စဉ်ပြန်လုပ်တဲ့ လုပ်ငန်းစဉ်တရပ်ကို သုတေသနပြုခဲ့ကြတဲ့အတွက် အဲဒီသိပ္ပံ ပညာရှင် နှစ်ဦးကို နိုဘဲလ်ဆု ချီးမြှင့်ခဲ့တာပါ။
ဘီပိုး စီပိုး အသည်းသမားများအတွက် သခွတ်၏ အစွမ်း
Posted by drmyochit
Wednesday, October 10, 2012, under သတင်းများ | No comments
ဆေးရည်ကျိုနည်း …. ပထမဦးစွာ ဆေးကျိုရန်အတွက် မြေအိုးအသစ်တလုံးကို ရယူပါ မြေအိုးထဲ့တွင် သ ခွတ်ပွင့် ၊ အရွက် နှင့် အခေါက်တို့ ကို ရေနဲ့  သုံးခွက်တခွက်ကျော်ကျော်လောက် ပြုတ်ပြီး သောက်သုံးပေး ပါတနေ့ကို သုံးကြိမ်(သို့ ) နှစ်ကြိမ်လောက် လုပ်ဆောင်သောက်သုံးပေးပါ ။ အခေါက်တစ်မျိုးတည်း ကို လည်း ကြိုချက်သောက် သုံးနိုင်ပါသည် ။ အရွက်အခြောက်နှင့် အပွင့်အခြောက်ကိုတော့ အောက်ဖော်ပြပါ အတိုင်းသောက်သုံးလည်းရပါသည်။
မနက် အိပ်ယာထချိန် ငှက်ပျောသီး စားသင့်မစားသင့် (ဝမ်းထဲ အစာမရှိချိန် ငှက်ပျောသီး စားသင့် မစားသင့်)
Posted by drmyochit
Wednesday, October 10, 2012, under သတင်းများ | No comments
အချို့သောလူများဟာ ငှက်ပျောသီးကို ဗိုက်ဆာနေတဲ့ အချိန် အစာပြေစေရန် စားတတ်ကြ ပါတယ်။ အချို့ ကျတော့ အဆီကျစေရန် ရည်ရွယ်ချက်ဖြင့် ငှက်ပျောသီးကို အိပ်ယာထချိန်မှာ မှီဝဲတတ်ကြပါတယ်။ အမှန်တော့ ငှက်ပျောသီးဆိုတာ အစာစားပြီးတဲ့အခါမှ စားသင့်တဲ့ သွားရည်စာ တစ်မျိုးဖြစ်ပါတယ်။ နိုင်ငံ တကာမှ ဆေးပညာရှင်သုတေသနအဖွဲ့များက အမျိုးမျိုးအဖြေထုတ် ကြပါတယ်။
တောင်ပိုင်းမှာ သေဆုံးခဲ့ရတဲ့ ABSDF ကျောင်းသားရဲဘော် ဋ္ဌေးနိုင် မိသားစုရဲ့…(၂)
Posted by drmyochit
Wednesday, October 10, 2012, under သတင်းများ | No comments
စစ်တွေ ရဟန်းတော်များ ဆန္ဒပြပွဲ လူပေါင်းသောင်းချီ ပူးပေါင်းပါဝင်
Posted by drmyochit
Wednesday, October 10, 2012, under သတင်းများ | No comments
စစ်တွေတွင်ယနေ့ ပြုလုပ်သော ရဟန်းတော်များ ဦးဆောင် ဆန္ဒပြပွဲသို့ လူပေါင်းသောင်းချီ ပူးပေါင်း ပါဝင် လာသဖြင့် လူထု လူပ်ရှားမူ ဆန္ဒပြပွဲ တစ်ခု အဖြစ်သို့ ပြောင်းလဲ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ဦးဆောင် ဆရာတော် တစ်ပါးက နိရဉ္စရာသို့ မိန့်ကြားသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ မြန်မာပညာသင်များနှင့်တွေ့ဆုံ
Posted by drmyochit
Wednesday, October 10, 2012, under သတင်းများ | No comments
From : သမ္မတရုံး
'
နေပြည်တော် အောက်တိုဘာ ၉
ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့တွင် ရောက်ရှိနေသည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အောက်တို ဘာ(၈)ရက် ညနေ (၆) နာရီ (၁ဝ) မိနစ်တွင် ဆိုးလ်မြို့ရှိ ကိုရီးယားသမ္မတနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံရုံး၌ သံအမတ်ကြီး ဦးညွန့်လှိုင်၊ စစ်သံမှူး ဗိုလ်မှူးချုပ် မြင့်ဟိန်း၊ သံရုံး၊စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစု များနှင့် ကိုရီးယားသမ္မတနိုင်ငံတွင် ပညာ သင်ကြားနကြသည့် မြန်မာပညာသင်များနှင့် တွေ့ဆုံ၍ သြဝါဒ စကားပြော ကြားသည်။
မောင်တောနယ်စပ်အတွင်းထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်အား ည(၁၀) နာရီမှ နံနက်(၄) နာရီထိလျော့ချလိုက်ပြီ
Posted by drmyochit
Wednesday, October 10, 2012, under ပြည်တွင်းသတင်းများ | No comments
အမေရိကန် နိုင်ငံသည် မိမိတို့၏ ဒုံးကျည် ပစ်ခတ်နိုင်စွမ်းရှိသော အကွာအဝေး အတွင်း၌သာ တည်နေကြောင်း မြောက်ကိုရီးယားက ပြောကြား
Posted by drmyochit
Wednesday, October 10, 2012, under နိုင်ငံတကာသတင်းများ | No comments
ဝမ်ပေါင်နိုင်ငံ ထူထောင်ဖို့ ကေအိုင်အေ စုဆောင်းထားတဲ့ ကချင်မိန်းကလေးများ၏ ကံကြမ္မာ
Posted by drmyochit
Wednesday, October 10, 2012, under သတင်းများ | No comments
အမျိုးသမီးစစ်သည်များအတွက် စစ်ပွဲများတွင် ထိခိုက်သေဆုံးတာထက် စစ်တပ်အတွင်း မုဒိမ်းကျင့်ခံရဖို့ ရာခိုင်နှုန်း ပိုပြီးများတယ် ဆိုပြီး အမေရိကန်နှင့်ဥရောပ နိုင်ငံများမှ အမျိုးသမီးစစ်သည်များက ညည်း တွားနေကြပြီ။ စည်းစနစ်မရှိ၊ ထင်ရာလုပ်တတ်သော၊ ၀မ်ပေါင်နိုင်ငံထူထောင်မည့် ရူးမိုက်သော အကြံရှိ သည့် ကေအိုင်အေတို့ စုဆောင်းထားသည့် အမျိုးသမီးများသည် စစ်တိုက်ဖို့ အတွက်သာ မဟုတ်ပါ။
စခန်းအတွင်း မုဒိမ်းကျင့်ခံရသော အမျိုးသမီးနှင့် မုဒိန်းကျင့်ခံရမှု အများဆုံးနေရာ။ ကေအိုင်အေ ထဲက အမျိုးသမီးများအတွက်ကတော့ ချောင်းနဲ့ခြုံပဲ ရှိတယ်
စစ်ပွဲမှာ သေမယ်၊ ပြတ်မယ်၊ ဒုက္ခရောက်ကြရမယ်။
သေနတ်တစ်လက် ကိုင်ဖူးရုံမျှနှင့် စစ်ပွဲဆင်နွှဲနိုင်မည် မဟုတ်ပါ။ ကေအိုင်အေတို့၏ ကိုယ့်ကချင်တိုင်းရင်း သား များအပေါ် ကြံစည်ရက်သည့် အကြံအစည်မှာ ယုတ်မာလွန်းလှသည်။ ယခင်ကလည်း ၀မ်ပေါင် သမ္မတနိုင်ငံ ထူထောင်ဖို့ ကြိုးစားခဲ့ကြသည်။ လက်နက်၊ငွေကြေးများ ပြည့်စုံသည့်အခါ အကြမ်းဖက်မှုများ ဖန်တီးပြီး လူများ စုဆောင်းတော့သည်။ အမျိုးသမီးများအား မည်သည့်အတွက် စုဆောင်းသနည်း။
ကေအိုင်အေတို့အတွက် အသုံးတော်ခံရမည့် ကချင်အမျိုးသမီးလေးများ
အမျိုးသမီးများအား လူသားတံတိုင်းအဖြစ်အသုံးချနိုင်သည်။ တိုက်ပွဲတွင် အမျိုးသမီးများ ကျဆုံးမှုများလေ ဂရုဏာပိုရလေလေ ဖြစ်သည်။ ဒါတွင်မက ၀မ်ပေါင်သမ္မတနိုင်ငံကြီးအတွက် မျိုးဆက်များကို ထိုအမျိုးသမီး များထံမှ ထုတ်ယူမည် ဖြစ်သည်။ တိုက်ပွဲများ အနည်းငယ်ဖြစ် ပွားပြီးနောက် ကေအိုင်အေ တို့ ငြိမ်း ချမ်းရေးယူဖို့ စကားများထွက်လာကြလိမ့်မည်၊ အခွင့်အရေးများ တောင်းဆိုကြလိမ့် မည်။ ငြိမ်းချမ်းပြီဟု အားလုံးယူဆသော အချိန်တွင် ထိုအမျိုးသမီးများသည် ကေအိုင်အေ၏ အသုံးချ မယားများ ဖြစ်ကုန် ကြတော့ မည်။ ကေအိုင်အေ ငြိမ်းချမ်းရေးယူအဖွဲ့၏ အဖြည့်ခံ အသုံးတော်ခံ များ ဖြစ် လာ ကြတော့ မည် ဖြစ်သည်။
စစ်တိုက်ဖို့မဟုတ်ဘဲ စစ်ပွဲအကြောင်းပြ အသုံးချ အတင်းစုဆောင်းခံထားရသူများ စစ်ပွဲတစ်ခုဖြစ် ပွား သည်ဆိုတာနဲ့ အင်အားနည်းတာလည်း မရှိတော့ဘူး၊ အင်အားများတာလည်း မရှိတော့ဘူး၊ သေစေ တတ် တဲ့ လက်နက်တွေကို ကိုင်ဆောင် ထားပြီဆိုတာနဲ့ ကိုယ့်အသက်ကို ကိုယ်ကာကွယ်ကြဖို့သာ အဓိကဖြစ် သွားမည်ဖြစ်သည်။ သေစေ တတ်သော လက်နက်များကို ကိုင်ဆောင် ထားကြသူ အတွက် ပေးဆပ်မှု တစ်ခုကိုလည်း မှတ်သားထားဖို့ လိုအပ်သည်။ မြန်မာ့ တပ်မတော်၏ စစ်သားတိုင်း သည် နိုင်ငံတော် အလံ ကိုကိုင်၍ဒို့တာဝန်အရေး သုံးပါးကို ကာကွယ်ရန် သစ္စာဆို ထားကြသူများ ဖြစ်သည့်အ တွက် ပြည်ထောင် စု ဖြိုခွဲမည့်အကြံဖြင့် လက်နက်ကိုင် တိုက်ပွဲဝင်နေသူ မှန်သမျှအား ခွင့်ပြုမိန့်သာရမည် ဆိုပါက မည်သည့် အကြောင်းနှင့်မျှ ခွင့်လွှတ်လိမ့်မည် မဟုတ်။ သို့ပါဆိုလျှင် ထိုမိန်းကလေး များ၏ ကံကြမ္မာသည်ကား..
နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ ကျင်းပသည့် Myanmar Investment Forum သို့ တက်ရောက် မိန့်ခွန်းပြောကြား
Posted by drmyochit
Wednesday, October 10, 2012, under သတင်းများ | No comments
From : သမ္မတရုံး
နေပြည်တော် အောက်တိုဘာ ၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဒေသစံတော်ချိန် ယနေ့ နံနက်(၉)နာရီခွဲတွင် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ရှိ Korea Trade - Investment Promotion Agency (KOTRA) ဌာနချုပ်ရုံး၌ ကျင်းပသည့် Myanmar Investment Forumသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် ပြည်ထောင်စု ဝန်ကြီး များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယ ဥက္က ဋ္ဌ ဒေါက်တာမြဟန်နှင့် ဗဟိုအလုပ် အမှုဆောင်များ၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့မှ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေး အသိဥာဏ်ပညာဆိုင်ရာ ဝန်ကြီး Mr. Hong Sukwoo ၊ KOTRA ဥက္ကဋ္ဌ Mr. Oh Young Ho နှင့် အမှုဆောင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် KOTRA ဥက္ကဋ္ဌနှင့် ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေး အသိဥာဏ်ပညာဆိုင်ရာ ဝန်ကြီး တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်က မိန့်ခွန်းပြောကြားရာတွင် မိမိအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသည့် ရင်းနှီးမြှုပ်နှံမှု များနှင့် နိုင်ငံတကာကုန်သွယ်မှုများကို အဓိကဖော်ဆောင်ပေးခဲ့သည့် KOTRA တွင် လာရောက်ပြော ကြားခွင့်ရသည့်အတွက် အထူးဝမ်းမြောက် ပါကြောင်း၊ မြန်မာနိုင်ငံသည် နိုင်ငံတကာစီးပွားရေး အသိုင်းအဝိုင်းနှင့် ချိတ်ဆက်ပြီး ဈေးကွက် စီးပွားရေး စနစ် ပုံပေါ်အောင် ကြိုးပမ်းနေချိန်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အရေးကြီး သည့် Inclusive Economic Institutions ပေါ်ပေါက်လာပြီး မိမိတို့ရရှိထားသည့် နိုင်ငံရေးဖြစ်ထွန်း တိုး တက်မှုများကို ပံ့ပိုးကူညီနိုင်မည့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှု များ၊ နည်းပညာအကူအညီများ လိုအပ်နေ ချိန်လည်း ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် တည်နေရာသည်လည်း ကမ္ဘာ့စီးပွားရေး အင်ဂျင်ကြီး နှစ်ခု၏ ထိတွေ့ဆက်စပ်သည့် နေရာတွင် တည်ရှိနေပြီး အခြားတိုးတက်ဖွံ့ဖြိုးလာသည့် အာဆီယံနိုင်ငံများနှင့် ယင်း စီးပွားရေး အင်ဂျင်ကြီးများ အကြား ကုန်စည်ဆက်သွယ် တင်ပို့မှုအတွက် အရေးပါ အချက်အခြာ ကျသည့် နေရာတွင်လည်း တည်ရှိနေပါကြောင်း၊ အာရှဒေသအတွင်း ကုန်စည်ဆက်သွယ် တင်ပို့မှုပုံစံကို တိုးမြှင့်စေနိုင်မည့် အဝေးပြေး လမ်းမကြီးများ၏ အချက်အခြာနေရာတွင် ရှိနေသည့် မြန်မာနိုင်ငံသည် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုပြုသူများ၏ အထူးအလေးထား စောင့်ကြည့်ခြင်း ခံနေရသည့် အချိန်ပင် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသည့် နုပျိုသည့်လူဦးရေပုံစံ (Youthful Population) သည်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးအတွက် အရေးကြီးသည့် လူသား အရင်းအမြစ် တစ်ခုလည်းဖြစ် ပါကြောင်း၊ ထို့အတူ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးတကြီး လိုအပ်သည့် သဘာဝ သယံဇာတ များ ပိုင်ဆိုင်ထားသည့် နိုင်ငံလည်းဖြစ်ပါ ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ ကောင်းသော်လည်း ရင်းနှီးမြှုပ်နှံမှု အားနည်း နေသေးသည့် စီးပွားရေးကဏ္ဍများ ရှိနေသေးခြင်းသည်လည်း မြန်မာနိုင်ငံ၏ စီးပွားရေး အနာဂတ်အတွက် အားသာချက်များပင်ဖြစ်သည်ကို တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် လိုအပ်သည့် စီးပွားရေး ဝန်းကျင်ကောင်း တစ်ခုကိုလည်း ဖန်တီးဖော်ဆောင် နေပါကြောင်း။
စီးပွားရေးဝန်းကျင်ကောင်းတစ်ခု ရှင်သန်နိုင်စေရန် အတွက် တရားဥပဒေ စိုးမိုးရေးဟု ခေါ်ဆိုသည့် Rule of Law သည် အခြေခံအကျဆုံး ဖြစ်သည်ဆိုသည်ကို မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် နားလည် သဘောပေါက် ထားပါကြောင်း၊ တရားဥပဒေ စိုးမိုးမှု ရှိစေရန် တရားရေးမဏ္ဍိုင်ပြုပြင် ပြောင်းလဲရေးကို အချိန် နှင့် တစ်ပြေးညီ ဖော်ဆောင် သွားမည်ဖြစ်ပါကြောင်း။
အခြေခံလူတန်းစား အလုပ်သမား အများစုအတွက် လိုအပ်သော အလုပ်အကိုင် အခွင့် အလမ်းများ လျင်လျင်မြန်မြန် ဖန်တီးပေးနိုင်မည့် လုပ်သားအင်အား အထူးပြု အခြေခံ ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများအတွက် ရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံ၏ အခြေခံ အဆောက်အအုံများ အတွက် ရင်းနှီးမြှုပ်နှံမှုများ အဓိက လိုအပ်နေပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍရင်းနှီး မြှုပ်နှံမှုများနှင့် အစိုးရမူဝါဒ အပြောင်း အလဲများသည် ရေရှည်ဖွံ့ဖြိုး တိုးတက်မှုဆီသို့ ဦးတည်သွား နိုင်အောင် ကြိုးပမ်းနေခြင်း လည်း ဖြစ်ပါကြောင်း။
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် သက်သက်သာ မဟုတ်ဘဲ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုအတွက် အထောက် အကူပြု သွားမည်ဖြစ်ပါကြောင်း။
မိမိတို့မြန်မာနိုင်ငံအနေဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် နှစ်နိုင်ငံ ပြည်သူလူထုအကျိုးရှိမည့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်နိုင်မည့် ကိုရီးယားသမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို လည်း နွေးထွေးစွာ ကြိုဆို ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး KOTRA ၏ လှုပ်ရှားဆောင်ရွက်မှုဆိုင်ရာ ပြခန်းကို လှည့်လည်ကြည့်ရှု အားပေး သည်။
မြန်မာပြည်တွင် နောက်ထပ်အစိုးရပိုင်စက်ရုံ ၂၆ ခု လေလံပစ်တော့မည်ဟု တရုတ်စင်ဟွာသတင်း ဖော်ပြ
Posted by drmyochit
Wednesday, October 10, 2012, under သတင်းများ | No comments
ကေအိုင်အေ၏ ပြည်ထောင်စုအား ၀မ်ပေါင်သမ္မတနိုင်ငံအဖြစ် ထူထောင်ဖို့ ခွဲထုတ်မည့်အကြံအား ပြည်တွင်း မီဒီယာမှ သတိပေးပြီ
Posted by drmyochit
Wednesday, October 10, 2012, under သတင်းများ | No comments
(The Voice weekly) ကေအိုင်အေတို့၏
ရည်ရွယ်ချက်က ငြိမ်းချမ်းရေး မဟုတ်၊ အပစ်အခတ် ရပ်စဲရေး လည်းမဟုတ်၊ ကချင်ပြည်သူ့ အကျိုးလည်း
မဟုတ်၊ ပြည်ထောင်စုမှ ခွဲထွက်ဖို့ ကြိုးစားပြီး ၀မ်ပေါင် သမ္မ တနိုင်ငံ ထူ ထောင် ဖို့
ဆိုတာ သတိပြုကြ စေလိုသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦီးသိန်းစိန်သည် ဆိုးလ်ြမို့ရှိ Saemaul Undong Central Training Institute သို့သွားရောက်ကြည့်ရှုလေ့လာ
Posted by drmyochit
Wednesday, October 10, 2012, under သတင်းများ | No comments
From : သမ္မတရုံး
နေပြည်တော် အောက်တိုဘာ ၈
ကိုရီးယား သမ္မတ နိုင်ငံ ဆိုးလ်ြမို့၌ရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦီးသိန်းစိန်သည် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့မွန်းလွဲ၂ နာရီခွဲတွင် ဆိုးလ်ြမို့ရှိ Saemaul Undong Central Training Institute ကို သွားရောက်ကြည့်ရှု လေ့လာသည်။