Wednesday, July 18, 2012
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3337-2012-07-18-09-41-43.html
Posted by drmyochit
Wednesday, July 18, 2012, under | No comments
အာဇာနည်နေ့၊ မေ့တေ့တေ့
Posted by Anonymous
Wednesday, July 18, 2012, under ပြည်တွင်းသတင်းများ | No comments
သရုပ်ဖေါ် ပန်းချီ ၀င်းကို
အာဇာနည် နေ့  နီးလာပြန်ပြီ ဆိုတာ သတိရမိပြီး တဆက်တည်း အခုခေတ်လူငယ်တွေ အာဇာနည် တွေအကြောင်းမှသိသေးရဲ့ လား လို့
တွေးမိတာနဲ့ ကုမ္ပဏီမှာ ရှိတဲ့ အသက် ( ၃၀ ) အောက် လူငယ် တွေကို တခန်းဝင်တခန်းထွက်လိုက်မေးကြည့်ပါတယ်။မေးတဲ့မေးခွန်းက ရိုးရိုးလေးပါ။
အာဇာနည်နေ့မှာကျဆုံးသွားတဲ့ အာဇာနည် ကိုးဦးရဲ့နာမည်ကို အကုန်သိကြသလားလို့မေးကြည့်တာပါ။ပထမဆုံး မေးမိတာက မိန်းခလေး၂ ယောက်၊
တယောက်က( ၂၇ ) နှစ်၊ နောက်တယောက်က ( ၂၄ ) နှစ်၊ တအင်းအင်း တအဲအဲ လုပ်နေပြီးတော့ မှ “ဗိုလ်ချုပ် အောင်ဆန်း.” လို့ထွက်လာပါတယ်။
ရန်ကုန်ရောက် ရခိုင်ကျောင်းသားများ ဆွေးနွေးပွဲလုပ်မည်
Posted by Anonymous
Wednesday, July 18, 2012, under ပြည်တွင်းသတင်းများ | No comments
ရန်ကုန်ရောက် ရခိုင်ကျောင်းသား ကျောင်းသူများ၏ ဆွေးနွေးပွဲ တစ်ရပ်ကို လာမည့် ဇူလိုင်လ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ရခိုင်ကျောင်းသားများ အနေဖြင့် လက်ရှိ ဖြစ်ပေါ်နေသော ရခိုင်ပြည်နယ် ဆူပူအကြမ်းဖက်မူကြောင့် ထိခိုက်နေကြရသော ရခိုင်ပြည်သူ မိဘ မောင်နှမများအရေး၊ ၎င်းထိခိုက်မူကို သွယ်ဝိုက် ခံစား နေကြရသော ရန်ကုန်ရောက် ရခိုင် ကျောင်းသားများ အရေးနှင့် လုံခြုံရေးကြောင့် စာသင် ကျောင်းများသို့ မသွားနိုင် ဘဲ ဖြစ်နေကြသော ရခိုင်ပြည်နယ်မှ ကျောင်းသားများ၏ အရေးကို ဆွေးနွေးကြမည်ဟု ဆိုသည်။
လွှတ်တော်အစည်းအဝေးများ ယာယီ ရပ်နားမည်
Posted by drmyochit
Wednesday, July 18, 2012, under | No comments
နေပြည်တော်၊ ဇူလိုင် ၁၈
အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော် ၌ပြုလုပ်နေသည့် လွှတ်တော် အစည်းအဝေး များကို ဇူလိုင် ၁၉ အာဇာနည်နေ့နှင့် ဇူလိုင် ၂၂ရက်နေ့ထိ ခေတ္တရပ်နား ထားမည်ဟု လွှတ်တော် အစည်းအဝေး၌ သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှာ အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ယနေ့မွှန်းလွှဲပိုင်းတွင် ပြုလုပ်မည့် လွှတ်တော် အစည်းအဝေးသို့ တက်ရောက် မည်မဟုတ်ပဲ ၁၂ နာရီခန့်တွင် ရန်ကုန်မြို့ သို့ ပြန်လာမည် ဖြစ်ကြောင်း၊ လွှတ်တော် အစည်းအဝေး ခေတ္တရပ်ဆိုင်းချိန်တွင် သူရ ဦးရွှေမန်းနှင့် ထပ်မံ တွေ့ဆုံခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင်က သတင်းမီဒီယာများသို့ ပြောကြားသည်။
The Voice Weekly
စစ်တွေ (GTC) မှ ဆရာမများ ဘင်္ဂလီရိုဟင်ဂျာများ၏ တိုက်ခိုက်ခြင်းခံရ
Posted by drmyochit
Wednesday, July 18, 2012, under | No comments
ယနေ့ ၁၇.၇.၂၀၁၂ ရက်နေ့ နေလည် ၃ နာရီပတ်ဝန်လောက်တွင် စစ်တွေမြို့
ရေချမ်းပြင် ကျေးရွာနားတွင် ရှိသော အစိုးရနည်းပညာတက္ကသိုလ်(GTC)မှ
ကျောင်းပြန်လာသော ဆရာမများ စီးနှင်းလိုက်ပါလာသော သုံးဘီးဆိုင်ကယ်ကို
လမ်းပေါ်ရှိ ရွာကြီး၊ ရွာငယ် ဘင်္ဂလီကျေးရွာများမှ ဘင်္ဂလီရိုဟင်ဂျာ ၃၀၀
လောက်က တားဆီပြီး ဒုတ်၊ ဓားများဖြင့် သတ်ဖြတ်ခဲ့---
စစ်တွေမြို့ ရေချမ်းပြင် ကျေးရွာနားတွင် ရှိသော အစိုးရနည်းပညာ တက္ကသိုလ်(GTC)
|
"ဒီမိုမိတ်ဆွေ ၁၀ပါတီ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် တွေ့ဆုံမည်"
Posted by drmyochit
Wednesday, July 18, 2012, under ပြည်တွင်းသတင်းများ | No comments
ဒီမိုမိတ်ဆွေ ၁၀ ပါတီမှ နေပြည်တော်တွင် ဇူလိုင်လ ( ၁၈ )ရက်နေ့ တွင် နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်နှင့် သွားရောက်တွေ့ဆုံမည် ဟုသိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ဒီမိုမိတ်ဆွေ ၁၀ ပါတီမှ လယ်ယာမြေကိစ္စ ၊ မြစ်ဆုံကိစ္စ ၊ပြည်ပရောက်မြန်မာနိုင်ငံသားမျာ
နိုင်ငံတော် သမ္မတ နှင့်တွေ့ဆုံကြမည့် ဒီမိုမိတ်ဆွေ ၁၀ ပါတီမှာ ချင်းအမျိုးသားပါတီ ၊ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ဒီမိုကရေစီန
ဆီးရီးယားအရေးကိစ္စအား အဆုံးသတ်ရန်အတွက် ရုရှားနှင့်တရုတ်နိုင်ငံတို့ကုလသမဂ္ဂသံတမန်များ စေလွှတ်ခဲ့ခြင်း
Posted by drmyochit
Wednesday, July 18, 2012, under | No comments
ကုလသမဂ္ဂသည် ဆီးရီးယားနိုင်ငံ၏မဆုတ်သာမတိုးသာအခြေအနေအား
အဆုံးသတ်စေရန်အတွက် အထူးသံတမန်ကိုဖီအာနန်အား ရုရှားနိုင်ငံသို့လည်းကောင်း၊ အထွေထွေအတွင်းရေးမှူးချုပ်
ဘန်ကီ မွန်းအား တရုတ် နိုင်ငံသို့လည်းကောင်း စေလွှတ်ခဲ့ကြောင်း သိရှိရပါသည်။ အထူး သံတမန် ကိုဖီအာနန်သည် ရုရှားသမ္မတ ဗလာဒီမာပူတင် အပါအ၀င် ခေါင်းဆောင် များနှင့်
ဆွေးနွေး မှုများပြုလုပ်ရေးအတွက် ဇူလိုင်လ ၁၆ ရက်နေ့က ရုရှားနိုင်ငံသို့သွားရောက်ခဲ့ပါသည်။
ကုလ သမဂ္ဂလုံခြုံရေးကောင်စီတွင်ပါဝင်သော အနောက်အုပ်စုနိုင်ငံများက ဆီးရီးယားနိုင်ငံအား
ဆန့်ကျင်သော အရေးယူပိတ်ဆို့မှုများတောင်းဆိုခဲ့သော်လည်း ရုရှားနိုင်ငံအနေဖြင့် ထိုအရေးယူပိတ်ဆို့မှုအား
ကန့်ကွက် ခဲ့ေ ကြာင်း သိရှိရပါသည်။
ဆီးရီးယား၏ မဆုတ်သာမတိုးသာအခြေအနေအား အဆုံးသတ်စေရန်အတွက်
နောက်ထပ်တစ်ကြိမ် လိုက်လျောမှုတစ်ရပ်ပြုလုပ်ပေးရန် အာနန်က ရုရှားခေါင်းဆောင်များအား
တိုက်တွန်း သွားမည်ြ ဖစ်ပါသည်။ ဘန်ကီမွန်းသည်လည်း ဇူလိုင်လ ၁၆ ရက်နေ့တွင် တရုတ်နိုင်ငံ သို့သွားေ ရာက်မည်ဖြစ်ပါသည်။
ဇူလိုင်လ ၁၅ ရက်နေ့ တွင် ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကတ် မြို့ရှိအချို့နေရာများတွင်
တိုက်ခိုက်မှုများမြင့်တက်လျက် ရှိကြောင်း၊ ဒမတ်စကတ် တွင် နေ့စ ဉ်နှင့်အမျှဆိုးရွားသောတိုက်ခိုက်မှုများအား
တွေ့မြင်နေရကြောင်း ဆီးရီးယား လှုပ်ရှား တက်ကြွ သူများက NHK သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ ဆီးရီးယားနိုင်ငံအလယ်ပိုင်းတွင်
ပြည်သူ ၂၀၀ ကျော်အား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည်ဆိုသော သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍
မိမိတို့ အနေဖြင့် စစ်ဆင်ရေးတစ်ခုဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက
ဝန်ခံြေ ပာကြားခဲ့ပါသည်။
PressTV.com;July-16(Mon)
အာဖရိကသမဂ္ဂကော်မရှင်ဥက္ကဋ္ဌအဖြစ် တောင်အာဖရိကပြည်ထဲရေးဝန်ကြီးအား ရွေးချယ်ခဲ့ခြင်း
Posted by drmyochit
Wednesday, July 18, 2012, under | No comments
အာဖရိကသမဂ္ဂ (Afican
Union-AU) သည် အာဖရိက သမဂ်္ဂကော်မရှင် ဥက္ကဋ္ဌအဖြစ်
တောင် အာဖရိက ပြည်ထဲရေးဝန်ကြီး Nkosazana Dlamini- Zuma အား ရွေးချယ်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါဝန်ကြီးသည် အာဖရိကသမဂ္ဂ၏ပထမဆုံးသောအမျိုးသမီးအကြီးအကဲဖြစ်ကြောင်း Press TV သတင်းဌာနကထုတ်ပြန် ကြေညာခဲ့ပါသည်။
Dlamini-
Zuma သည် ယခင်ေ တာင်အာဖရိက သမ္မတဟောင်း
Jacob
Zuma ၏ အမျိုးသမီး ဖြစ်ပါသည်။
ဇူလိုင်လ ၁၅ ရက်နေ့တွင် အီသီယိုးပီး ယားနိုင်ငံ အဒစ်အဘာဘာမြို့၌ပြုလုပ်သော (၁၉)ကြိမ်မြောက်
အာဖရိက သမဂ္ဂဆွေးနွေး ပွဲ၌ ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။
Dlamini-
Zuma သည် လွန်ခဲ့သော ၆
လကပြုလုပ်ခဲ့သော အာဖရိက သမဂ္ဂညီလာ ခံတွင် ထောက်ခံမဲ ၃ ပုံ ၂ ပုံဖြင့် လက်ရှိတာဝန်ထမ်းဆောင်နေသော
Jean
Ping ကိုအနိုင် ရရှိခဲ့ခြင်းဖြစ်ပါသည်။ Dlamini- Zuma သည် နောက်ဆုံးလျှို့ဝှက်မဲ ၃၇ မဲတွင်
၆၀ ရာခိုင်နှုန်းေ ကျာ်ရရှိခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရခြင်း ဖြစ်ပါသည်။ ၂
ရက်ကြာပြုလုပ်သော ညီလာ ခံတွင်အာဖရိကသမဂ္ဂခေါင်းဆောင်များသည် မာလီနိုင်ငံတွင် ဖြစ်ပွားနေသော
မငြိမ်မသက်မှုများ၊ ကွန်ဂို ဒီမိုကရက်တစ်သမ်္မတနိုင်ငံတွင်ဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့်
မဖြေရှင်းနိုင်သေးသော ဆူဒန်နှင့်ေ တာင်ဆူဒန်တို့အကြား အငြင်းပွားမှုများကိုဆွေးနွေးခဲ့ကြကြောင်း
သိရှိရ ပါသည်။
PressTV.com;July-16(Mon)
အီရန်နိုင်ငံသည် ဒေသအတွင်းထိန်းချုပ်နိုင်ပြီး နိုင်ငံ၏လုံခြုံရေးအား ထိန်းသိမ်းနိုင်ကြောင်း ရေတပ်အကြီးအကဲက ပြောကြားခြင်း
Posted by drmyochit
Wednesday, July 18, 2012, under | No comments
အီရန်နိုင်ငံအနေဖြင့်
ဒေသ တစ်ဝန်းလုံးအား ထိန်းချုပ်နိုင်ပြီး အီရန်နိုင်ငံ၏ လုံခြုံရေးအား ထိန်း သိမ်း နိုင်ေ ကြာင်းအီရန်ရေတပ် အကြီးအကဲရေတပ်ဗိုလ်ချုပ် Habibollah Sayyari က ပြောကြား ခဲ့ပါသည်။ အီရန်နိုင်ငံ အနေဖြင့်
စစ်အင်အားများ တည်ထောင်ြ ခင်းဖြင့် ဒေသတွင်း လုံခြုံရေး အားထိန်း သိမ်းနိုင်ခဲ့ကြောင်း ရေတပ်
ဗိုလ်ချုပ် Sayyari
က ဇူလိုင်လ ၁၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ လွန်ခဲ့သည့်နှစ်များအတွင်း၌
အီရန်နိုင်ငံသည် အရေးကြီးသောစစ်စ္စည်းများအား ကိုယ်တိုင် ထုတ်လုပ်ခြင်းဖြင့် ၎င်း၏ ကာကွယ်ရေးကဏ္ဍအား
တည်ထောင်နို င်ခဲ့ကြောင်းနှင့် အမျိုးမျိုးသော စစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့်
အီရန်တပ်ဖွဲ့၏ အသင့်ဖြစ်မှုအား မြှင့်တင်နိုင်ခဲ့ပါသည်။
ခြိမ်းခြောက်မှု အဟန့်အတားများအပေါ်
အခြေခံမျှသာရှိသည့် ကာကွယ်ရေး အခြေခံ သဘော တရား တို့ကို အခြားတိုင်းပြည်များ၊ အထူးသဖြင့်
အိမ်နီးချင်းဒေသများသို့ ခြိမ်းခြောက်မှုမဟုတ်သော စစ်ရေးအမြင် ဖြစ်ပေါ်စေကြောင်း အီရန်က
ထပ်တလဲလဲအခိုင်အမာပြောဆိုလျက်ရှိသည်။ အီရန်ေ ရတပ်အနေဖြင့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း၌
၁၀ ရက်ကြာ Velayat
90 စစ်ရေးေ လ့ကျင့်ခန်းအားပြုလုပ်ခဲ့ပြီး
အဆိုပါ စစ်ရေး လေ့ကျင့်ခန်း Tareq နှင့် Qadir တို့အပါအ၀င်အမျိုးမျိုးသော ရေငုပ်သင်္ဘောများနှင့်
မြေပြင်မှရေပြင်ပစ်ဒုံးပျံ စနစ်သစ်များ ပါဝ င်လေ့ကျင့်ခဲ့ကြောင်း သိရှိရပါသည်။
Presstv.ir;July-16(Mon)
ဆီးရီးယားနိုင်ငံအတွက် လက်နက်များသယ်ဆောင်ထားသော သင်္ဘောတစ်စီးသည် စိန့်ပီတာစဘတ် ဆိပ်ကမ်းသို့ ခုတ်မောင်းလျက်ရှိသည်ဆိုခြင်း
Posted by drmyochit
Wednesday, July 18, 2012, under | No comments
ဆီးရီးယားနိုင်ငံအတွက်
လက်နက် အပြည့်အစုံတပ်ဆင် ထားသော ရဟတ်ယာဉ်များတင် ထားသည် ဟုပြောကြားလျက်ရှိသော ရုရှားသင်္ဘောတစ်စီးသည်
စိန့်ပီတာစဘက်ဆိပ်ကမ်းသို့ ဇူလိုင် လကုန်ပိုင်းတွင် ရောက်ရှိ မည်ဖြစ်ကြောင်း သင်္ဘောပိုင်ရှင် Femco က ဇူလိုင်လ ၁၆ ရက်နေ့ တွင် ပြောကြားခဲ့ပါသည်။
လက်ရှိအချိန်တွင် ၎င်းင်းသင်္ဘောသည် Murmansk မှ စိန့်ပီတာစဘက် ဆိပ်ကမ်းသို့ ထွက်ခွာလျက်ရှိကြောင်း၊
စိန့်ပီတာစဘက်ဆိပ်ကမ်း၌ ကုန်ပစ်္စည်းတင်ဆောင်ပြီးနောက် ၎င်းင်းသင်္ဘောသည် အရှေ့ဖျားဒေသသို့
ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း အဆိုပါ ကုမ်္ပဏီ က ပြောကြားခဲ့ပါသည်။ အဆိုပါ MV Alaed သင်္ဘောအား စောင့်ကြပ်လိုက်ပါရန် ရုရှား
စစ်သင်္ဘောများအနေဖြင့် အမိန့်တစ်စုံတစ်ရာရရှိခြင်းမရှိကြောင်း ရုရှားကာကွယ်ရေး ၀န်ကြီးဌာန
အဆင့်မြင့် သတင်းအရင်းအမြစ်တစ်ခုမှ RIA Novosti သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ ယခုအချိန်တွင်
ရုရှားရေတပ်အတွက် အလားတူအစီအစဉ်၊ သို့မဟုတ် ရည်မှန်းချက်တာဝန်မရှိကြောင်း ၎င်းမှ ပြောကြားခဲ့ပါသည်။
ယူရိုဇုန်ငွေကြေးဖောင်းပွမှုနှုန်းသည် ဇွန်လအတွင်း၌ ၂.၄ ရာခိုင်နှုန်းရှိခဲ့သည်ဆိုခြင်း
Posted by drmyochit
Wednesday, July 18, 2012, under | No comments
ယူရိုဇုန်ငွေကြေးဖောင်းပွမှုနှုန်းသည်
ဇွန်လအတွင်း၌ ၂.၄ ရာခိုင်နှုန်း ၌တည်ရှိနေ ခဲ့ပြီး မေလနှင့် နှိုင်းယှဉ်ပါက ပြောင်းလဲမှုမရှိခဲ့ကြောင်း
ဥရောပသမဂ္ဂစာရင်းဇယားဌာန (Eurostat)က ဇူလိုင်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
ယူရိုဇုန်ဧရိယာ၏ လစဉ်ငွေကြေးဖောင်းပွမှုနှုန်းသည် ဇွန်လအတွင်း၌ -၀.၁ ရာခိုင်နှုန်းရှိခဲ့ကြောင်း
Eurostat
စာရင်းဇယားများမှ ဖော်ပြလျက်ရှိပါသည်။
ဥရောပ သမဂ္ဂ၏ ဇွန်လအတွင်း ငွေကြေးဖောင်းပွမှုနှုန်းသည် ၂.၆ ရာခိုင်နှုန်း ရှိခဲ့ပြီး မေလ အတွင်းရှိခဲ့သည့်
ငွေကြေးဖောင်းပွမှုနှုန်း ၂.၅ ရာခိုင်နှုန်း ထက်မြင့်တက်ခဲ့ကာ လစဉ်ငွေကြေးဖောင်း ပွမှုနှုန်းသည်
ဝ.၀ ရာခိုင်နှုန်းရှိခဲ့ပါသည်။
ဇွန်လအတွင်း၌
အနည်းဆုံးငွေကြေးဖောင်းပွမှုနှုန်းများမှာ ဆွီဒင်နိုင်ငံ၌ ၀.၉ ရာခိုင်နှုန်း၊ ဂရိနိုင်ငံ၌
၁.၀ ရာခိုင်နှုန်းနှင့် ဘူလ်ဂေးရီးယားနိုင်ငံ၌ ၁.၆ ရာခိုင်နှုန်းရှိခဲ့ကာ အမြင့် ဆုံးငွေကြေးေ ဖာင်းပွမှုနှုန်းမှာ
ဟန်ဂေရီ၌ ၅.၆ ရာခိုင်နှုန်း၊ အက်စတိုးနီးယားနှင့် မော်လ်တာနိုင်ငံတို့၌ ၄.၄ ရာခိုင်နှုန်းအသီးသီးရှိခဲ့ပါသည်။
ဇွန်လအတွင်း၌ ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံြး ဖစ်သည့် လုပ်ငန်းတို့မှာ အရက်နှင့်ဆေးရွက်ကြီးလုပ်ငန်း၌
၎.၉ ရာခိုင်နှုန်း၊ အိမ်ရာလုပ်ငန်း၌ ၃.၇ ရာခိုင်နှုန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း၌
၃.၁ ရာခိုင်နှုန်းရှိခဲ့ကာ ငွေကြေးဖောင်းပွမှု အနည်းဆုံြး ဖစ်သည့် လုပ်ငန်းတို့မှာ ဆက်သွယ်ရေးလုပ်ငန်း၌
-၂.၈ ရာခိုင်နှုန်း၊ ပညာရေးလုပ်ငန်း၌ ၀.၇ ရာခိုင်နှုန်း နှင့် အပန်းဖြေမှုနှင့်ယဉ်ကျေးမှုလုပ်ငန်းတို့၌
ဝ.၈ ရာခိုင်နှုန်းတို့ဖြစ်ကြပါသည်။
Xinhuanet.com;July-16(Mon)
အိန္ဒိယနိုင်ငံက ဘရာမို့စ်ဒုံးပျံအား ရုရှားရေတပ်တွင် အသုံးပြုရန်တောင်းဆိုခဲ့သည်ဟုဆို
Posted by drmyochit
Wednesday, July 18, 2012, under နိုင်ငံတကာသတင်းများ | No comments
အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည်
အသံထက်မြန်သော ခရုစ်ဒုံးပျံများပူးတွဲထုတ်လုပ်ရေးလုပ်ငန်းအား ၁၉၉၈ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း၊
အိန္ဒိယနိုင်ငံက ရုရှားနိုင်ငံအား နှစ်နိုင်ငံအကြား ပူးတွဲလုပ်ဆောင်မှု ပိုမိုခိုင်မာလာစေရန်အတွက်
အကွာအဝေးကီလိုမီတာ ၂၉ဝ အထိရောက်ရှိပစ်ခတ်နိုင်သော အသံထက်မြန်သည့် ဘရာမို့စ်ခရုစ်ဒုံးပျံများအား
ရုရှားရေတပ်တွင် စတင်တပ်ဆင်အသုံးပြုရေးအတွက် ဇူလိုင်လ ၁၇ ရက်နေ့တွင် တောင်းဆိုခဲ့ကြောင်း
သိရှိရပါသည်။ ရုရှားဒုတိယဝန်ကြီးချုပ် ဒီမီထရီရိုဂိုဇင်သည် အိန္ဒိယနိုင်ငံရှိ ဘရာမို့စ်ဒုံးပျံ
ထုတ်လုပ်ရေးစက်ရုံသို့ လာရောက်လည်ပတ်စဉ်ကာလအတွင်း အဆိုပါပူးတွဲလုပ်ငန်းအဖွဲ့အကြီးအကဲ
အေဆီဗာသာနုပီလိုင်က ဘရာမို့စ်ဒုံးပျံများအား ရုရှားရေတပ်တွင် တပ်ဆင်အသုံးပြုရန်တိုက်တွန်းခဲ့ခြင်း
ဖြစ်ပါသည်။ အဆိုပါခရီးစဉ်အတွင်း ရိုဂိုဇင်သည် ဘရာမို့စ်ဒုံးပျံမျိုးကွဲအများအပြားတိုးတက်စမ်းသပ်အောင်မြင်မှု
နှင့် ၂ဝ၅ဝ ခုနှစ် အနာဂတ်အစီအစဉ်အပါအဝင် ကုမ္ပဏီ၏အနာဂတ်အစီအစဉ်များကို ကြည့်ရှုခဲ့ကြောင်းသိရှိရ
ပါသည်။ အိန္ဒိယကြည်း၊ ရေ၊ လေတပ်ဖွဲ့များအနေဖြင့် အဆိုပါဘရာမို့စ်ဒုံးပျံများအား မှာယူအသုံးပြုခဲ့သော်လည်း
ရုရှားစစ်ဘက်အနေဖြင့် မှာယူအသုံးပြုမှုမရှိသေးကြောင်းသိရှိရပါသည်။ အိန္ဒိယနိုင်ငံတွင်
ရေတပ်နှင့်ကြည်းတပ် တို့၌ အဆိုပါဘရာမို့စ်ဒုံးပျံများကို တပ်ဆင်အသုံးပြုလျက်ရှိပြီး
အိန္ဒိယလေတပ်ရှိ့ SU-30 MKI တိုက်လေယာဉ်
များတွင်တပ်ဆင်မည့် ဘရာမို့စ်ဒုံးပျံများထုတ်လုပ်မှုကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းသိရှိရပါသည်။