Thursday, June 19, 2014

ကချင်နှင့် လီဆူး တိုင်းရင်းသားများအား KIA အဖွဲ့မှ လူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီး

Posted by drmyochit Thursday, June 19, 2014, under | No comments

ဇွန်လ ၁၉ ရက် ၂၀၁၄ ခုနှစ်

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့၊ အောင်မြေ(၁)ကျေးရွာ၊ ရပ်ကွက်(၃)၌ နေထိုင်သော ဒေသခံကချင်နှင့် လီဆူး တိုင်းရင်း သားများအား KIA အဖွဲ့မှ ဇွန် ၁၇ ရက် ည ၉ နာရီ ခန့်တွင် အတင်းအကြပ်လာရောက် ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရ သည်။

KIA မှ ဖမ်းဆီးခေါ်ဆောင်သွားသူများမှာ ဦးမာဘွန် (၃၀)နှစ်၊ ကချင်/ခရစ်ယာန်၊ ဦးတုန်ဝူး(၂၈)နှစ်၊ လီဆူး/ ခရစ်ယာန်၊ ဦးမာနော် (၄၄)နှစ်၊ ကချင်/ခရစ်ယာန် တို့ဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

KIA အဖွဲ့၏ လူသစ်စုဆောင်းမှုလုပ်ရပ်များအပေါ် လုံးဝလက်မခံနိုင်သော ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့( ကချင် ပြည်နယ်) မှ နေပြည်တော်ရှိ သမ္မတထံ သွားရောက်တိုင်ကြားမှုများ ပြုလုပ်နေသော်လည်း KIA ကတော့ လူသစ်စုဆောင်းမှုကို လုပ်နေဆဲဖြစ်ကြောင်း ၀ိုင်းမော်မြို့ခံ ဦးအိုက်လျှန်က ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ရပ်ကွက်(၃)၌ နေထိုင်သော ဖမ်းဆီးခံရသူများနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက “ ည ၉ နာရီလောက် အတင်းဖမ်းခေါ်သွားတာ၊ ဘာအကြောင်းပြချက်မှ မပေးဘဲနဲ့ ရိုက်ပုတ်ပြီး ကြိုးတုပ် ခေါ်သွားတာ၊ ကချင်လူမျိုးကို ကချင်စစ်သားက ပြန်နှိပ်စက်တာ ကချင်တိုင်းရင်းသားတွေအတွက် စိတ်မကောင်း စရာပါ ” ဟု ပြောကြားသွားသည်။

KIA အဖွဲ့မှ အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးခေါ်ဆောင်နေသော ဒေသခံများအား လူသစ်အဖြစ် အတင်းအကြပ် လုပ်ခိုင်းကြောင်း၊ လူသစ်မလုပ်ပါက သေနတ်ဖြင့် ပစ်သတ်သဖြင့် အများစုမှာ လူသစ်လုပ်သွား ရသူများကြောင်း၊ ယခင်က ရှမ်းတိုင်းရင်းသားများ အပါအ၀င် လီဆူး၊ ပလောင် များကိုသာ အဓိကစုဆောင်း သော်လည်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)မှ သွားရောက်တိုင်ကြားမှုများရှိနေ၍ ဒေသခံ ကချင် များအား အတင်းအကြပ်စုဆောင်းနေခြင်း ဖြစ်ကြောင်း အငြိမ်းစားကျောင်းဆရာတစ်ဦးက ဆိုသည်။

KIA အဖွဲ့သည် အစိုးရနှင့် ငြိမ်းချမ်းရေးသဘောတူညီမှု မရရှိသေးသော အဖွဲ့ဖြစ်ပြီး ယခုကဲ့သို့ ဥပဒေမဲ့ လုပ်ရပ်များ က ငြိမ်းချမ်းရေးရသော်လည်း ပျောက်ပျက်မသွားပါက ဒေသခံများအတွက် ပိုမိုခြိမ်းခြောက် လာနိုင် ကြောင်း၊ ဒေသခံများအပေါ် KIA အဖွဲ့၏ လူသစ်စု၊ ဆက်ကြေးကောက် အနိုင်အထက်ပြုခြင်းတို့ကို KIA ခေါင်းဆောင် ပိုင်းများအား တိုင်ကြားသော်လည်း တစ်စုံတစ်ရာ ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိ၍ ဒေသခံ များမှာ လူ့အခွင့်အရေးချိုးဖောက်မှုကို ခါးသီးစွာ ခံစားနေရကြောင်း သိရှိရပါသည်။

ဇော်မိုင်
ဓာတ်ပုံ- အင်တာနက်
Kachin Daily News

Tuesday, April 22, 2014

“ ငြိမ်းချမ်းရေးမလိုချင်တဲ့ KIA ”

Posted by drmyochit Tuesday, April 22, 2014, under | 2 comments


ပြီးခဲ့သည် ဧပြီ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ရန်ကုန်မြို့ ၌ ကျင်းပပြုလုပ်ခဲ့ သည် အစိုးရနှင့် တိုင်းရင်းသား လက် နက်ကိုင်ခေါင်းဆောင်များ၏ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲအပြီးမှာ ပထမမူကြမ်းကို သဘော တူညီမှုရရှိပြီးလို့ နှစ်ဖက်ခေါင်းဆောင်တွေက ထုတ်ဖော်ပြော ဆိုခဲ့ကြပါတယ်။ တချို့တိုင်းရင်း သားခေါင်းဆောင် များနှင့် ပညာရှင်တချို့ က ငြိမ်းချမ်းရေးကြီး ရုပ်လုံးပေါ်လာပြီးလို့ သုံးသပ်ကြပါတယ်။ ဒီသတင်း ကို ကြားလိုက် ရတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအားလုံး ၀မ်းသာကြ သလို စစ်ဘေးကြောင့် ဒုက္ခသည်စခန်းရောက်နေ တဲ့ ကချင်ပြည်နယ်ကြ ပည်သူတွေက ပိုပြီးဝမ်းသာနေမယ် ဆိုတာတော့ မှားမယ်မထင်ပါဘူး။

သို့သော် ကချင်ပြည်နယ်နှင့်ဒုက္ခသည်စခန်းများ ရှိ ပြည်သူများ၏၀မ်းသာမှု့ ဟာ ကြာကြာမခံလိုက်ပါဘူး။ ဆွေး နွေးပွဲပြီးလို့ သိပ်မကြာခင်မှာဘဲ ကချင်ပြည်နယ်ဘက်မှာတိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲ စဖြစ့် လိုက်တိုင်းလည်း ကချင်လူထုကို ကိုယ်စားပြုတယ်ဆို့တဲ့ KIA က စတင် တိုက်ခိုက်တာက များပါတယ်။ KIA ဟာ သူတို့ရဲ့တရားမ၀င်စီးပွားရေး လုပ်ငန်းတွေကို ကာကွယ်ဖို့ အကြောင်းအမျိုးမျိုးပြကာ အစိုးရတပ်များ တိုက်ခိုက် ခဲ့ကြတာပါ။

ငြိမ်းချမ်းရေးဆွေးနွေးစဉ် ကာလများကလည်း စောင့်စည်းရမည့်စည်း ကမ်းများကိုမစောင့်ထိန်းဘဲ အစိုးရတပ်တွေကို လစ်ရင်လစ်သ လို ချောင်းမြောင်းပစ်ခတ်ခဲ့သဖြင့် အစိုးရတပ်မှ အရာရှိစစ်သည်များ ကျဆုံး ခဲ့ရတာအားလုံးအသိပါဘဲ။ ဒါအပြင် KIA ဟာ တစ်နိုင်ငံလုံးအတွက် အရေးကြီးတဲ့ အစိုးရ ရဲ့သန်းခေါင် စာရင်းကောက်ယူမှုများကိုလည်း လက်မခံဘဲ ပယ်ချခဲ့သည့်အပြင် သန်းခေါင်စာ ရင်းကောက်ခံသည့်အဖွဲ့များကို လည်း နည်းမျိုးစုံနဲ့ခြိမ်းခြောက်ဟန့်တားခဲ့ကြပြီး လုံခြုံရေးလိုက်ပါေ ဆာင်ဆောင်ပေး သည့်အဖွဲ့များချောင်းမြောင်း ပစ်ခတ်ခဲ့ကြသည်။သန်းခေါင်စာ ရင်းကောက်ယူ မှုအတွက် တစ်နိုင်ငံလုံးပူးပေါင်းပါဝင်နေချိန်တွင် KIA အဖွဲ့၏ ဖျက်လိုဖျက်ဆီးလုပ်ရပ်တွေဟာ စိတ်ပျက်စရာပါဘဲ။ 

ထိုအပြင် KIA ဟာ ကချင်လူမျိုးတွေ လွတ်မြောက်ဖို့အတွက် တိုက်ပွဲဝင်နေတယ်လို့ ပါးစပ်ကသာ ကြွေးကြော် နေပေမယ့် လက်တွေ့လုပ်ရပ်တွေက တခြားစီးပါဘဲ။ လက်ရှိမှာ ကချင်လူမျိုးတွေအတွက် အကျိုးရှိတဲ့လုပ် ဆောင်မှုတွေပြုလုပ်နေတာမရှိတဲ့အပြင် ဒေသခံပြည်သူတွေကို အတင်းတသသစဆောင်းတယ်။

ပြန်လိုချင်တဲ့ မိဘတွေထံမှ ငွေးကြေးနဲ့ပြန်ရွေးခိုင်းတယ်။ ဒေသခံပြည်သူေ တွရဲ့တပိုင်တနိုင်စီးပွားရေး လုပ်ငန်းပါမကျန်ဆတ် ကြေးတောင်းတယ်။ ၎င်းအပြင် လူမျိုးမတူဘာသာမတူ တဲ့သူတွေကိုလည်း လူမျိုးရေးခွဲခြားမှုတွေ ဘယ်လိုလုပ် တယ်ဆိုလုပ်တယ် ဘယ်လိုနှိပ်စက်သလဲဆိုတာ ကချင်ပြည်နယ်မှာရှိတဲ့ ရှမ်းလူမျိုးတွေအသိဆုံးပါဘဲ။ အမှန်တ ကယ်တော့ KIA ဟာ သူတို့စီးပွားရေးနဲ့ ထိန်းချုပ်နယ်မြေမှာ သူတို့အာဏာတည်မြဲေ ရးကိုသာ ဆောင်ရွက်နေ တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ကချင်တပ်မတော်ဟု ဗန်းပြပြီး ၎င်းတို့အဖွဲ့ကိုထောက်ပံ့နေတဲ့ တရားမ၀င်စီးပွားရေး လုပ်ငန်းရှင်များကို ကာကွယ်ပေးနေတဲ့အဖွဲ့သြာ ဖစ်တယ်။

ဖစ်ပွားခဲ့သည့်တိုက်ပွဲများကလည်း အစိုးရတပ်က တရားမ၀င်စီးပွားရေးလုပ်ငန်းများကို ပိတ်ပင်မှုအပေါ် KIA အဖွဲ့က ၎င်းလုပ်ငန်းရှင်တွေအတွက် အကာအကွယ် ပေးရင်းဖြစ်ပွားနေသည့် တိုက်ပွဲမျာတွေကများပါတယ်။
အထက်ပါအကြောင်းအရာများကိုကြည့်ချင်းအားဖြင့် KIA အဖွဲ့ဟာ ငြိမ်းချမ်းေ ရးကို အလိုမရှိဘဲ သူတို့၏အာ ဏာတည်မြဲရေး၊သူတို့စီးပွားရေး ကိုသာရှေ့ရှု့နေတဲ့ အဖွဲ့အစည်းသာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရရှိခဲ့ပါက ၎င်းတို့ အဖွဲ့၏ ချုပ်ကိုင်ချယ်လှယ်နေမှုများမရရှိတော့မှာကို စိုးရိမ်နေပေလိမ့်မည်။ KIA အဖွဲ့ဟာ အမှန်တကယ် ကချင် လူထုကို ကိုယ်စားပြုပါက ကချင်ပြည်သူတွေလိုလားနေတဲ့ ငြိမ်းချမ်းရေးကို မရ ရအောင်ညှိ့နှိုင်းယူပါလိမ့်မယ်။

တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံးနီးပါးတောင်မှညှိ့နှိုင်း လို့ရတာ၊ KIA ကဘာလို့ညှိ့နှိုင်းလို့ မရ တာလဲ။ ကျန်တဲ့ဒေသတွေမှာ တိုက်ပွဲတွေမဖြစ်ဘဲ KIA နယ်မြေထဲမှာ ဘာကြောင့်တိုက်ပွဲတွေဖြစ်ေ နရတာလဲ။ KIA အဖွဲ့ ဟာ အမှန်တကယ် ငြိမ်းချမ်းရေးကို လို့လားတဲ့အဖွဲ့ ဟုတ်မဟုတ်ဆိုတာတော့ စဉ်းစားကြည့် ကြပါတော့။

ညီနောင်ဘွား
Kachin Daily News

Monday, April 21, 2014

စာရွက်ပေါ်တွင် လက်မှတ်ရေးထိုးပြီးသော်လည်း လူသတ်၊ ဗုံးခွဲမှုများ ရှိနေသဖြင့် KIA ပြောသည့် ငြိမ်းချမ်းရေး ကို လေ့လာစောင့်ကြည့်သူများ သံသယဖြစ် စိုးရိမ်နေ



ဧပြီလ ၂၀ ရက် ၂၀၁၄ ခုနှစ်

ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့က စတင်ပြီး လေး ရက်ကြာ ပြုလုပ်ခဲ့တဲ့ အစိုးရနဲ့ NCCT တို့ရဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် တစ်ခုတည်း သော သဘောတူညီချက် (Single Text) ပထမမူကြမ်းကို သဘောခဲ့ကြပေမယ့် လူသတ်၊ ဗုံးခွဲမှုများ ရှိနေသေး သဖြင့် KIA ပြောတဲ့ ငြိမ်းချမ်းရေး ကို လေ့လာစောင့်ကြည့်သူများက သံသယဖြစ် အထူးစိုးရိမ်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။

ဧပြီလ ၈ ရက်နေ့က KIA မ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ကိုယ်တိုင် ရန်ကုန်မြို့ MPC သို့သွားရောက်ကာ ငြိမ်းချမ်းရေးဆွေးနွေး ခဲ့ပြီးနောက် ၅ ရက်အကြာ ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့မှာ မိုးမောက်-လွယ်ဂျယ် ကားလမ်းပေါ်တွင် ယာဉ်ခုနစ်စင်းပါဝင်တဲ့ အစိုးရ စစ်တပ် ယာဉ်တန်းကို ကေအိုင်အေ က ဗုံးခွဲ တိုက်ခိုက်ခဲ့တာကြောင့် ယာဉ်တစ်စီး မီးလောင်ပျက်စီးခဲ့ပြီး အစိုးရတပ်သား နှစ်ဦးကျဆုံးကာ လေးဦးဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်။

"မိုးမောက်မှာ သင်္ကြန်အကြိုနေ့က တပ်ကို ကားမိုင်းခွဲလိုက်တယ် အဲ့ဟာလိုက်ရှင်းနေတာ၊ ရှင်းနေတုံးပဲ အဲ့ဖြစ်စဉ်ရဲ့ နောက်ဆက်တွဲပဲ၊ လွယ်ဂျယ်- ဗန်မော်လမ်းကြီးပေါ်မှာ မိုင်းခွဲလိုက်တာလေ ကားတစ်စီး မီးလောင်သွားတယ်လေ၊ ဗန်မော်- လွယ်ဂျယ်လမ်းပေါ်မှာတင် မိုးမောက်အထွက်ပဲရှိသေးတယ် အဲ့ဒါကို မိုင်းခွဲလိုက်တာ" လို့ မြစ်ကြီးနားမြို့ အခြေ စိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်အရာရှိ တစ်ဦးက RFA ကိုပြောပါတယ်။

မြန်မာ့ရိုးရာ သင်္ကြန် ရက်များကို မရှောင်ပဲ KIA မှ စတင်ကာ ရန်စ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲများကြောင့် ဧပြီလ ၁၇ ရက်နေ့မှာ (၇) နာရီကြာနီးပါးလောက် ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဧပြီ ၁၇ ရက်နှင့် ၁၈ ရက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနေရာများတွင် လူနေအိမ်များနှင့် ရွာများမရှိကြောင်း သိရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မန်ဝိန်းကြီး ဒေသနဲ့ KIA တပ်မဟာ ၄၊ တပ်ရင်း ၉ နယ်မြေများတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကချင်နှင့် ရှမ်းတိုင်းရင်းသား ကျေးရွာများတွင် နေထိုင်သူများ အိုးအိမ် စွန့်ခွာပြေးခဲ့ရပြီး စစ်ပြေးဒုက္ခသည် တစ်သောင်းကျော်ရှိခဲ့ကြောင်း ဒေသခံလူမှု ကူညီရေး အဖွဲ့များထံမှ သိရသည်။

မနှစ်က အခုလိုနွေရာသီ ရေရှားပါးချိန်တုန်းကတော့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဦးဆောင် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပေမယ့် လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲများက ဒုက္ခသည်များကိုတော့ သင်္ကြန်ကာလအတွင်း ဖြစ်တာကြောင့် လည်းကောင်း၊ မည်သူမျှ မျှော်လင့်မထားသော နေ့ထူးနေ့မြတ်တွေမှာ KIA က ဗုံးခွဲခဲ့တာ ဖြစ်ခြင်းကြောင့်လည်းကောင်း ကူညီမယ့်သူမရှိသေးဘူးလို့ သိရပါတယ်။
"ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ဖြစ်လဲဆိုတော့ အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင် ကျင်းပလေ့ရှိတဲ့ မြန်မာရိုးရာ သင်္ကြန် စတင်တဲ့ ရက်မှာပဲ မိုးမောက်-လွယ်ဂျယ် အများသုံးလမ်းမှာ KIA ဘက်က ဗုံးခွဲတိုက်ခိုက်တာ တွေရှိတယ်…။ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြီးတာလည်း တစ်ပတ်မပြည့်သေးဘူး…၊ ဗိုလ်ချုပ်ဂွမ်မော်ကလည်း အမေရိကန် ရောက်နေတယ်… ကချင်ပြည်သူတွေက သင်္ကြန်တွင်းမှာ အေးချမ်းပျော်ရွှင်ရမယ့်အစား.. စစ်ပြေးဒုက္ခသည်ဖြစ်နေတယ်.. ဒီတော့ KIA ရက်လုပ်ရပ်တွေက ကချင်လူထုအတွက်လား.. ငြိမ်းချမ်းရေးကို တကယ်လိုလားတာ ဟုတ်ရဲ့လားဆိုတာ သံသယဖြစ်မိတယ်…” လို့ MPC မှ ကျွမ်းကျင်သူတစ်ဦးက ဆိုပါတယ်။

သမ္မတပြောခွင့်ရလည်းဖြစ်၊ ဒု ပြန်ကြားရေး ဝန်ကြီးလည်း ဖြစ်တဲ့ ဦးရဲထွဋ်ကို ဗွီအိုအေမြန်မာပိုင်းက ဆက်သွယ်မေးမြန်းစဉ်မှာတော့ ကချင်ပြည်နယ်မှာကတော့ သန်းခေါင်စာရင်းကောက်ယူနေတဲ့ အချိန်အတွင်းမှာ ကေအိုင်အေဘက်ကနေ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့တွေကို တားမြစ်တာ၊ ဟန့်တားခဲ့တာတွေ ရှိတယ်။ သန်းခေါင်စာရင်းကောက်ယူရေးကိစ္စတွေကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တပ်မတော်က အရာရှိတွေနဲ့ စစ်သည်တွေကို ချောင်းမြောင်းပစ်ခတ်တဲ့ အတွက်ကြောင့်မို့ ဗိုလ်မှူးတစ်ဦး ကျဆုံးခဲ့ရတာရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ကလည်း သန်းခေါင်စာရင်းကောက်ဝန် ထမ်းများကို ကေအိုင်အေမှခြိမ်း ခြောက်မှုများရှိနေသည့်အတွက် ကချင်ပြည်နယ် မန်ဝိန်းကြီး အနီးရှိ ကေအိုင် အေ ထိန်းချုပ်နယ်မြေမဟုတ်တဲ့ မန်ဝိုင်းကျေးရွာအတွင်း လုံခြုံရေးဆောင်ရွက်ပေး နေတဲ့ အစိုးရတပ်ခမရ(၅၆၇)မှ တပ်ရင်းမှူး ဗိုလ်မှူးမျိုးညွန့်စိုးကို KIA က ချောင်းမြောင်းပစ်ခတ်ခဲ့တာကြောင့် ဧပြီ ၄ရက်နေ့က ကျဆုံး သွားခဲ့ပါတယ်။
မြန်မာစစ်တပ် ဒုတပ်ရင်းမှူးကို ကေအိုင်အေ ချောင်းမြောင်းပစ်ခတ် သတ်ဖြတ်စဉ်က ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွန်မော်ဟာ တစ်နိုင်ငံလုံးအ ပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ တက်ရောက်ဖို့ ရန်ကုန်မြို့မှာ ရောက်ရှိနေပြီး အများပြည်သူသုံးလမ်းပေါ် ကေအိုင်အေ ဗုံးခွဲမှုကြောင့် တိုက်ပွဲများ ဖြစ်ပွားနေချိန်မှာ ဗိုလ်ချုပ်ဂွမ်မော်ဟာ အမေရိကန်အစိုးရတာဝန်ရှိသူတွေ၊ မြန်မာ့အရေး၊ ကချင့်အရေး စိတ်ဝင်စားတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုပြီး အမေရိကန်ပြည်ထောင်စု ကို ရောက်ရှိနေပါတယ်။

ကေအိုင်အေ တပ်ဖွဲ့အတွင်း အထက်အောက် အမိန့်နာခံမှု ကင်းမဲ့နေခြင်း၊ တပ်ဖွဲ့ဝင်အားလုံးက ငြိမ်းချမ်းရေး လိုလားမှုမရှိခြင်း နဲ့ ရန်ကုန်သို့ အကြိမ်ကြိမ်ရောက်ရှိသော်လည်း ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်ဂွမ်မော် သွားရောက်တွေ့ဆုံမှု မရှိခြင်း တို့အတွက် ကေအိုင်အေ ရဲ့ ငြိမ်းချမ်းရေး လိုလားမှု အမှန်တကယ် ရှိ/မရှိ ကို မြန်မာ့အရေးစောင့်ကြည့်သူများက မေးခွန်းထုတ်နေကြပြီး ကေအိုင်အေ ရဲ့ ရန်စ တိုက်ခိုက်မှုတွေကြောင့် မေလ တွင်းမှာလုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ အချိန်ကြန့်ကြာမှာကို လူထုတစ်ရပ်လုံးက အားလုံးက စိုးရိမ်လျှက်ရှိကြောင်း သိရပါတယ်။

မောင်လွင်
Kachin Daily News

Tuesday, April 01, 2014

ဒေသခံ လီဆူးတိုင်းရင်းသူ မူကြိုဆရာမအား KIA တပ်ဖွဲ့ဝင်များမှ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်


ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ အောင်မြေ(၃)ကျေးရွာနေ လီဆူးတိုင်းရင်းသူ မူကြိုဆရာမအား မတ်(၂၉) ရက်နေ့ ညပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ရပ်ကွက်(၅)နေအိမ်၌ မူကြိုဆရာမ မ…………သည် ဖခင်နှင့် ညီမဖြစ်သူတို့နှင့်အတူ အိပ်နေစဉ် ည ၈ နာရီခန့်တွင် နေအိမ်အောက်မှ ကချင်စကားဖြင့် အဖွားဟုခေါ်သဖြင့် ဖခင်ဖြစ်သူမှ သွားရောက်ကြည့်ရှုရာ KIA တပ်ဖွဲ့ဝင်(၄)ဦးမှ သမီး(၂)ယောက်ရှိသည့်အတွက် တစ်ဦးထည့်ပေးရမည်ဟု ပြောကာ မ…………အား အိမ်ပေါ်သို့တက်၍ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ရွာနှင့် (၂)မိုင်ခန့်အကွာရှိ လယ်တဲသို့ရောက်ရှိစဉ် မ………… အား ရိုက်နှက်၍ ၎င်းတို့(၄)ဦးမှ အလိုမတူဘဲ (၂) နာရီကြာ သားမယားအဖြစ် ၀ိုင်းဝန်းပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ၀ိုင်းမော်မြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

`` သမီးကို ဖမ်းသွားပြီး အတင်းအဓမ္မကျင့်ခံရတာတောင် ဖအေလုပ်သူက ဘယ်မှ မတိုင်ရဲဘူးလေ၊ လီဆူး ဆိုတော့ ရိုး အ တယ်၊ ပြီးတော့ KIA ကို ကြောက်ရတာလည်း ပါတာပေါ့၊ ရပ်ကွက်ထဲက လူတွေက ၀ိုင်းပြော၊ ၀ိုင်းအကြံပေးလို့ ရဲစခန်းကိုသွားပြီး အမှုဖွင့်ခဲ့တာ ´´ ဟု ၎င်းရပ်ကွက်နေ ကူညီဆောင်ရွက် ပေးသူ တစ်ဦးက ပြောကြားခဲ့သည်။
KIA တပ်ဖွဲ့ဝင်(၄)ဦးမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ထိုးကြိတ်ရိုက်နှက်ကာ အလိုမတူဘဲ သားမယားအဖြစ် ၀ိုင်းဝန်းပြုကျင့်ခဲ့မှုကြောင့် မ………… လီဆူး/ခရစ်ယာန်သည် ရရှိဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေ ရကြောင်း သိရသည်။

`` မူကြိုဆရာမကို အတင်းအဓမ္မဖမ်းသွားပြီး အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်တာကတော့ တော်တော် မိုက်ရိုင်းလွန်းပါတယ်၊ တရားမျှတအောင် ဆောင်ရွက်ပေးဖို့ လိုပါတယ်၊ အပြစ်ကျူးလွန်သွားတဲ့ ကချင်စစ်သားတွေကို ဖမ်းဆီးပြီး အမှုမှန်ဖော်ထုတ်ပေးဖို့လိုပါတယ်၊ KIA ခေါင်းဆောင်တွေအထိ အသိ ပေးပြီး အရေးယူဖို့ လိုပါတယ်၊ ဒီတစ်ကြိမ် ဥပဒေမဲ့ လီဆူးတိုင်းရင်းသူကို မုဒိမ်းကျင့်လို့ ရတယ်၊ ဘာအမှုမှ မဖြစ်ဘူးဆိုရင် ကျန်တဲ့ လီဆူးတိုင်းရင်းသူတွေအတွက် အန္တရာယ်ကြီးပါတယ်´´ ဟု မြို့ခံ လီဆူး တိုင်းရင်းသားတစ်ဦးက ပြောကြားသွားသည်။

မူကြိုဆရာမ မ………… သားမယားအဖြစ် ပြုကျင့်ခဲ့သော KIA တပ်ဖွဲ့ဝင်(၄)ဦးအား မနရ(၀ိုင်းမော်)မှ (ပ)၄၅/၂၀၁၄၊ ပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေး ယူဆောင်ရွက်ထားရှိကြောင်းနှင့် တရားခံ(၄)ဦးအား ဖမ်းဆီး ရမိနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းရဲစခန်းမှ သိရှိရသည်။

ညီသစ် (မြစ်ကြီးနား)

Shan News

Wednesday, March 12, 2014

မန်စီမြို့နယ် ပန်ဆက်ရွာက ရှမ်းစာပေဥက္ကဋ္ဌ၏ သမီးနှင့် ရှမ်းလူငယ်နှစ်ဦးကို KIA ဖမ်းဆီး

Posted by drmyochit Wednesday, March 12, 2014, under | No comments


မြန်မာပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ ပန်ဆက်ရွာက ရှမ်းစာပေနှင့် ယဉ်ကျေးမှု ဥက္ကဋ္ဌ၏ သမီးဖြစ်သူနှင့် မိုင်းခေါင်ရွာက တိုင်းလေ ရှမ်းလူငယ်နှစ်ဦးကို တပ်သားသစ် စုဆောင်းရေး အနေနဲ့ ၂၀၁၄ ၊ မတ်လ ၁၁ ရက်နေ့တွင် KIA ကချင်လွတ်မြောက်ရေး တပ်မတော်မှ ဖမ်းဆီးခေါ် ဆောင်သွားခဲ့တယ်လို့ သိရသည်။

မန်စီမြို့နယ် ပန်ဆက်ရွာက ရှမ်းစာပေနှင့် ယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးစိုင်းမောင်၏ သမီးဖြစ်သူကို KIA ကချင်လွတ်မြောက်ရေး တပ်မတော်က အိမ်အထိ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး၊ မိုင်းခေါင်ရွာက တိုင်းလေ ရှမ်းလူငယ် နှစ်ဦဖြစ်တဲ့ စိုင်းအိုက်ကြာ အသက်(၂၀) အဘ-ဦးစံနဲ့ စိုင်းထွန်း အသက်(၂၀) အဘ-ဦးစံမိုတို့ကို အဆိုပါ မတ်လ ၁၁ ရက်နေ့ နံနက် ၇း၀၀ နာရီခန့်အချိန်တွင် မိုင်းခေါင်ရွာအထွက် ၁ ဖာလုံခန့်အကွာ ခက်ပရာလမ်းတွင် KIA တပ်ရင်း (၂၇) က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဗန်းမော်ဒေသခံ တစ်ဦးဖြစ်တဲ့ ဦးစံတေက ပြောကြားသည်။

ရှမ်းမျိုးနွယ်စုရေးရာခေါင်းဆောင် ဦးစိုင်းထိန်လင်းကတော့ “အဖမ်းဆီးခံရတဲ့ လူငယ်တွေ ပြန်လွတ်ရေးပဲ ကျွန်တော်တို့က လုပ်ဆောင်နေတာပါ၊ ဘာမှ အဆန်းတကြယ် လုပ်နေတာလည်း မဟုတ်ပါဘူး၊ မိဘတွေကလည်း ဒီလို ဖမ်းဆီးစုဆောင်းတာကို သဘောမတူဘူးလေဗျာ၊ ဒီလို အဓမ္မဖမ်းဆီးတာကို လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ပဲ ယူဆပါတယ်” လို့ ပြောကြားသည်။
ပန်ဆက်နှင့် မိုင်းခေါင်ရွာက အမျိုးသား/အမျိုးသမီး ရှမ်းလူငယ် သုံးဦးကို KIA က တပ်သားသစ် စုဆောင်းရေး ဖမ်းဆီးမှုနှင့် ပက်သက်ပြီး KIO နည်းပညာအထောက်အကူပြုအဖွဲ့က ဦးခွန်နောင်ကို ၄င်း၏ လိပ်စာကာဒ်ပါ ဖုန်းနံပါတ်အတိုင်း ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမှားနေပါတယ်လို့ ပြန်လည်ပြောကြားခဲ့ပါသည်။

ဧရာဝတီမြစ်ဖျားဆီက

Monday, March 10, 2014

ပါပေါင်းရွာသားတစ်ဦးကို သစ်လျှော်ကြေး သိန်း ၂၀၀ မပေးနိုင်သဖြင့် တစ်လကျော် ဖမ်းချုပ်ထားဆဲ

Posted by drmyochit Monday, March 10, 2014, under | No comments


ဗန်းမော်မြို့နယ် ပါပေါင်းရွာသား ကိုအောင်စိုးသိန်းကို သစ်လျှော်ကြေး သိန်း ၂၀၀ မပေးနိုင်သဖြင့် ကေအိုင်အေ ရင်း ၅ လက်အောက်ခံ မှော်ဝမ်းကလေး စခန်းတွင် လွန်ခဲ့သော ဇန်န၀ါရီလ ၃၁ ရက်နေ့ကတည်းက ယနေ့အထိ ထိပ်တုံးခတ် ဖမ်းချုပ်ထားဆဲဖြစ်ကြောင်းသိရသည်။

" ကေအိုင်အေက သစ်သယ်ခိုင်းလို့ သယ်တာ အစိုးရကလိုက်ဖမ်းလို့ မံစီမြို့နယ်ဘက်မှ ၀ှက်ထားတုန်း ပျောက်သွားလို့ဆိုပြီး သူတို့လင်မယား နှစ်ယောက်လုံးကိုခေါ်သွားတာ ။ သိန်းနှစ်ရာ ပေးမှလွှတ်ပေးမယ် ။ မပေးနိုင်ရင် အေအိုင်အေစစ်သားလုပ်လို့ပြောတယ်။ သူ့မိန်းမကတော့ မနေ့က ငွေရှာဖို့ဆိုပြီးပြန်လွှတ် လိုက်တယ်။ " ဟု ကိုအောင်စိုးသိန်း တို့ လင်မယားနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးကဆိုသည

ကိုအောင်စိုးသိန်းနှင့် ဇနီးဖြစ်သူ မစုလိုင်မိုးတို့ကို ကေအိုင်အေထံတွင် ဒေါ်အားမိုင်က တရားလိုပြုလျှက် တိုင်ကြား ခဲ့ခြင်းဖြစ်ပြီး အဆိုပါအမူနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကေအိုင်အေ ဌာနတွင် ရုံးချိန်း ခုနှစ်ကြိမ်ခန့် ပြုလုပ်ခဲ့ သော်လည်း ဒေါ်အားမိုင်မှာ နှစ်ကြိမ်ခန့်သာလာရောက်ခဲ့ပြီး ကျန်အကြိမ်များတွင် ဖုန်းဖြင့် ကြိမ်းမောင်းဆဲဆိုမူသာပြုလုပ်ခဲ့သည်ဟုလည်းသိရသည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများသို့ တိုင်ကြားခဲ့ခြင်းမ ရှိသေးကြောင်း လည်း ဆွေမျိုးနီးစပ်သူများကဆိုသည်။

'' သူတို့လက်ထဲမှာဆိုတော့ တိုင်လိုက်ရင် တစ်ခုခုလုပ်မှာစိုးရိမ်ရတယ်။ လိုင်ဇာထိသွားပြီး အကူအ ညီတောင်းရမ လားလို့တော့စဉ်းစားနေပါတယ်။ " ဟု ၎င်းကပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကေအိုင်အေ စခန်းအား ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်ရ ရှိခြင်းမရှိခဲ့ပါ။

Credit to:ရှမ်းနီသတင်းဋ္ဌာန

Monday, February 17, 2014

ပန်ဝါနယ်မြေအတွင်းရှိ KIA တပ်ဖွဲ့ဝင်များ လစာ၊ ရိက္ခာ မရရှိမှုကြောင့် ထွက်ပြေးတိမ်းရှောင်မှုပိုမို များပြား

Posted by drmyochit Monday, February 17, 2014, under | No comments


ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၁၄

ကချင်ပြည်နယ် ပန်ဝါမြို့နယ်ခွဲအတွင်း သွားလာလှုပ်ရှားနေသော ကချင် လွတ်လပ်ရေး တပ်မတော် (KIA) အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လစာ၊ ရိက္ခာမရရှိမှုကြောင့် ဖေဖော်ဝါရီဒုတိယပတ်ခန့်မှစ၍ ထွက်ပြေး တိမ်းရှောင် မှု များ ပိုမို များပြားနေကြောင်း ယင်းဒေသခံအချို့ထံမှ သိရသည်။

KIA မှ ထွက်ပြေးသွားသော တပ်ဖွဲ့ဝင်များအား ပြန်လည်ဖမ်းဆီးရမိရေး ပန်ဝါမြို့နယ်ခွဲအတွင်းရှိ ကျေးရွာ များ သို့ လာရောက်စုံစမ်းမှုများ ပြုလုပ်နေကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများခေါ်၍ ရွာထဲသို့မျက်နှာစိမ်း ဧည့်သည် များ ၀င်ရောက်လာပါက KIA တပ်ဖွဲ့သို့ ချက်ချင်းလာရောက် သတင်ပို့ရန် မှာကြားသွားကြောင်း အီမောဘွမ်ရွာသားတစ်ဦးက ပြောသည်။

ပန်ဝါနယ်မြေအတွင်းလှုပ်ရှားနေသော KIA အဖွဲ့မှ ထွက်ပြေးသွားသည့် တပ်ဖွဲ့ဝင်အရေအတွက်မှာ အလွန် များပြားနေ၍ တွေ့သမျှမြင်သမျှ ဒေသခံ ရွာသားများအား လူသစ်အဖြစ် အတင်း အဓမ္မ ဖမ်းဆီးခေါ်ဆောင် မှု ကြောင့် ဒေသခံများလည်း ကျေးရွာများ၌ မနေရဲဘဲ တိမ်းရှောင်နေကြရကြောင်း သိရသည်။

``လစာကလည်း မရဘူး။ စားစရာရိက္ခာကလည်း အခုနောက်ပိုင်းမပေးတော့ ကြုံသ လိုတောင်း ရမ်းစားနေ ရတဲ့ သဘောပါ။ ရွာတွေကလည်း KIA တောင်း သမျှ ဘယ်ပေးနိုင်မလဲ၊ ကိုယ့်မိသားစု အတွက်တောင် မနည်းရှာကြံ စားနေရ တာ။ KIA ဌာနချုပ်က လစာနဲ့ရိက္ခာမပေးမှတော့ ထွက်ပြေးကြမှာပေါ့´´ ဟု ပန်ဝါမြို့ခံတစ်ဦးက ဆိုသည်။

``ပန်ဝါနဲ့ ဖီမော်မှာက ပြည်သူ့စစ်အဖွဲ့တွေရှိတယ်။ KIA က ပြည်သူ့စစ် တွေကို မထိမဲ့မြင်ပုံစံနဲ့လာပြီး လှုပ်ရှားနေကြတာ၊ KIA တပ်ဖွဲ့ဝင်တွေအနေနဲ့ ကျွန်တော်တို့ ရွာတွေကနေ လူသစ်စု၊ ဆက်ကြေးကောက်၊ ရိက္ခာမတောင်း နိုင်အောင် ပြည်သူ့စစ်အဖွဲ့က စောင့်ကြည့်နေတယ်လေ။ ဒါ့ကြောင့် KIA တပ်ဖွဲ့ဝင်တွေ လစာ၊ ရိက္ခာမရတော့မနေနိုင်ဘဲ ထွက်ပြေးနေကြတာ ဖြစ်မှာပါ´´ ဟု ပန်ဝါပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးမှ ပြောကြား သွားခဲ့သည်။

KIA အနေဖြင့် သစ်မှောင်ခို၊ ကျောက်စိမ်းမှောင်ခို၊ မူးယစ်ဆေးဝါး မှောင်ခို လုပ်ငန်းများမှာလည်း အစိုးရဌာန ဆိုင်ရာအဖွဲ့အစည်းများနှင့် နယ်မြေခံ စစ်ကြောင်းများ၏ ဆက်တိုက်ဖမ်းဆီးနေမှုများကြေင့် စီးပွားရေး အကြပ် အတည်းနှင့် ရင်ဆိုင်နေရပြီး လက်အောက်ခံ တပ်ဖွဲ့များအား လစာနှင့် ရိက္ခာပေး ဆောင်ရန် အခက်ကြုံနေခြင်း ဖြစ်နိုင်ကြောင်း ကချင်အရေး လေ့လာသုံးသပ်သူ သတင်းထောက်တစ်ဦးက ပြောကြားသွားပါသည်။

တူးမိုင်
Kachin Daily News

Thursday, February 13, 2014

နှစ်ခြင်းဘုရားကျောင်းဝန်းနေ ဒေသခံစစ်ရှောင်ရွာသား(၄)ဦးအား KIA မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်

Posted by drmyochit Thursday, February 13, 2014, under | No comments


ဖေဖေါ်ဝါရီ ၁၃ ရက် ၂၀၁၄

ကချင်ပြည်နယ် မိုးမောက်မြို့ နှစ်ခြင်းဘုရားကျောင်းဝန်းနေ ဒေသခံ စစ်ရှောင်ရွာသား(၄)ဦးအား ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၁၀ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ် ဆောင်သွားကြောင်း ယင်းဒေသံအချို့ထံမှ သိရသည်။

``ဦးခန့်ကျယ်လက အရင်ရောက်လာတာ၊ ဘာသာရေးကိစ္စ ပြောစရာရှိတယ် ဆိုပြီး သူတို့(၄)ယောက်ကို ခေါ်ခိုင်းလိုက်တယ်။ တောင်ယာမှာ အလုပ်လုပ် နေတဲ့အချိန်၊ နောက်တော့ ကချင်တပ်က အဖွဲ့တွေရောက် လာတယ်´´ ဟု ယင်းဘုရားကျောင်းဝန်းနေ အသက်ခုနှစ်ဆယ်အရွယ် ဦးဖော်ရင်ဂျွန်နော်က ဆိုသည်။

ဦးခန့်ဂျယ်လသည် KIA အဖွဲ့၏ လူယုံဖြစ်ပြီး ဘုရားကျောင်းဝန်းနေ စစ်ရှောင်ဒုက္ခသည်များအား KIA တပ်ဖွဲ့သို့ ၀င်ရန် လာရောက်စည်းရုံး နေသူဖြစ်ကြောင်းလည်း ယင်းဘုရားကျောင်းဝန်းနေ စစ်ရှောင်မိသားစုများ၏ ပြောပြ ချက်အရ သိရသည်။

``ခဏလိုက်ခဲ့ဆိုပြီးခေါ်တော့ သူတို့လေးယောက်က ငြင်းတယ်။ အဲဒါကို ကချင်စစ်သားတွေက သေ နတ်တွေ နဲ့ ချိန်ပြီး အတင်းဖမ်းခေါ်သွားတယ်´´ ဟု မျက်မြင်ကြုံတွေ့သော စစ်ရှောင်ဒေသခံတစ်ဦးက ပြော သည်။
KIA မှ ဖမ်းဆီးခေါ်ဆောင်သွားသော စစ်ရှောင်ဒေသခံ(၄)ဦးမှာ ဦးဒေါ်ဖော်ဘုံ၊ ဦးဖော်ရမ်လအောင်၊ ဦးကျော်ဖားလ၊ ဦးဖော်သယ်ထုံ တို့ဖြစ်ကြောင်း သိရသည်။

``အသက်တွေက ကြီးနေကြပြီ၊ ဘယ်လိုလုပ်စစ်သားလုပ်နိုင်တော့မှာလဲ၊ နေစရာအိမ်ရာ မရှိလို ဒီဘုရား ကျောင်းမှာ လာပြီး ခိုကပ်နေရတာပါ။ ကျန်ရစ်တဲ့ မိသားစုက ဘယ်သူ့ကို အားကိုးပြီး နေရမှန်းတောင်မသိ တော့ဘူး။ ကချင်တပ်က ဒီလိုသာ လူသစ်လာစုမယ်ဆိုရင် ဒီဘုရား ကျောင်းကနေ အခြား ဒုက္ခသည် စခန်း ကို ပြောင်းမှ ဖြစ်တော့မှာ´´ ဟု စစ်ရှောင်ဒေသခံဒေါ်ဂျာနူးကလည်း ပြောကြားသွားခဲ့သည်။

နော်မိုင်
Kachin Daily News

Monday, February 10, 2014

KIA အဖွဲ့မှ ဖမ်းဆီးသွားသော ဒေသခံရွာသား(၁၁)ဦးအတွက် တရုတ်ယွမ်ငွေ ၂ သောင်းဖြင့် ပြန်ရွေး

Posted by drmyochit Monday, February 10, 2014, under | No comments


ဖေဖော်ဝါရီ ၁၀ ရက် ၂၀၁၄

ကချင်ပြည်နယ်၊ ပန်ဝါမြို့နယ်ခွဲ ကျီးကြာကျေးရွာအနီးတွင် လွန်ခဲ့သော သုံးရက်ခန့်က ၀ါးခုတ်နေစဉ် KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသော ဒေသခံရွာသား(၁၁)ဦးအား တရုတ်ယွမ်ငွေ ၂ သောင်းပေး၍ ဖေဖော်ဝါရီ (၇)ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
`` ဖမ်းသွားတုန်းက (၈)ယောက်ပါ၊ အခု (၃)ယောက် ပိုလာတာပေါ့၊ အားလုံး(၁၁)ယောက် လွှတ်လာပါတယ်၊ တရုတ်ယွမ်ငွေ ၂ သောင်းပေးလိုက် ရတယ်လို့တော့ သိရတယ်´´ ဟု ကျီးကြာရွာသားတစ်ဦးက ပြောသည်။

အဆိုပါ ရွာသားများအား KIA အဖွဲ့ထံမှ ပြန်လည်ခေါ်ယူပေးခဲ့သူများမှာ တရုတ်နိုင်ငံသား လောဝုနှင့် ၀ူချုန်းချုံ တို့ဖြစ်ကြောင်း၊ KIA တောင်းသော ယွမ်ငွေ ၂ သောင်းအား ကိုယ်စားလှယ်ရွာသားတစ်ဦး စေလွှတ်၍ ပေးခိုင်းခြင်း ဖြစ်ကြောင်း သိရသည်။
KIAမှ ၀ါးခုတ်နေစဉ် ဖမ်းဆီးသွားသော ရွာသား(၈)ဦးမှာ ကျီးကြာရွာနေ ဦးလဂျောင်ဇောင်းဟောင်(၄၂)နှစ်၊ ရှီးကျန်ကျန်းဒေါ(၂၇)နှစ်၊ ဖရဲဇုန်းချမ်း(၂၁)နှစ်၊ ဇုန်းယိန်း(၂၀)နှစ်၊ ဘောမ်ဒေါ(၂၂)နှစ်၊ ဇုန်းခေါ(၂၁)နှစ်၊ စီကြူဝေ့ (၂၈) နှစ်နှင့် လုပီကျေးရွာနေ အားစီလု(၃၂)နှစ်တို့ဖြစ်ကြပြီး ထပ်မံ လွတ်မြောက် ခဲ့သော ရွာသား(၃)ဦးမှာ ကျီးကြာရွာနေ ဒေါင်ခေါင်း(၂၉)နှစ်၊ ဘွန်ယိန်း(၂၁)နှစ်နှင့် လုပီရွာနေ အားဆာ(၄၅)နှစ်တို့ ဖြစ်ကြသည်။

`` ကချင်တပ်က ဖမ်းသွားပြီဆိုကတည်းက လူသစ်လုပ်ရတော့မယ်ဆိုပြီး စိုးရိမ်ထိတ်လန့်နေကြတာ၊ အခုလို ငွေပေးပြီး ပြန်ခေါ်ပေးတဲ့ တရုတ်လူမျိုး သူဌေး(၂)ယောက်ကို ကျေးဇူးတင်ပါတယ်၊ သူတို့ ငွေကို ပြန်မဆပ် ခိုင်းပေမယ့် ကျွန်မတို့ ဘာပဲလုပ်ပေးရ လုပ်ပေးရပြန်ပြီး ကျေးဇူးဆပ်မှာပါ ´´ ဟု ပြန်လည်ရောက်ရှိလာသော ရွာသား တစ်ဦး၏ ဇနီးဖြစ်သူ မနော်ဂျာက ဆိုသည်။

ပန်ဝါမြို့ခံတစ်ဦးက `` လဝေါ်လချိတ်လည်း ကချင်၊ ဂျိမ်းဖောလည်း ကချင်ပါပဲ၊ ကိုယ့်ကချင် အချင်းချင်းကို ပြန်ဖမ်းပြီး ငွေတောင်းတဲ့ ကချင်တပ်ရဲ့ လုပ်ရပ်က အတော်အံ့အားသင့်ဖို့ ကောင်းပါတယ်၊ အခု တရုတ်တွေက ကချင်တွေကို ငွေပေးပြီး ပြန်ခေါ်ရတယ်ဆိုတော့ ကိုယ့်ကချင်ထက် တရုတ်ကတောင်ပိုပြီး ကိုယ်ချင်းစာနာတဲ့ သဘောမျိုးဖြစ်နေတယ်၊ အခုလုပ်ရပ်အတွက် KIA ခေါင်းဆောင်ပိုင်းတွေ ရှက်ဖို့ကောင်းပါတယ် ´´ ဟု ပြောကြား သွားသည်။

ကချင်အရေး လေ့လာသုံးသပ်သူ သတင်းထောက်တစ်ဦးက `` အခုကိစ္စက ထူးဆန်းတယ်၊ KIA က ဖမ်းသွားတဲ့ ရွာသားတွေကို တရုတ်သူဌေး ၂ ယောက်က ငွေပေးပြီး ပြန်ခေါ်တယ်ဆိုတာ အကြောင်းမဲ့တော့ မဟုတ်ဘူး၊ KIA က တရုတ်ကို ကြောက်ရတော့ ငွေအယူပြပြီး ပြန်လွှတ်ပေးတာလည်း ဖြစ်နိုင်တယ်၊ နောက် တစ်ချက်က လွတ်လာတဲ့ ရွာသားတွေကို တရုတ်သူဌေးနှစ်ယောက်က ဘယ်လိုပြန်ပြီး ခိုင်းစားဦးမလဲ စောင့်ကြည့်ရမယ်၊ ရိုးရိုးသားသားနဲ့ ငွေအကုန်ခံပြီး ကူညီခဲ့တာဆိုရင် တရုတ်သူဌေး ၂ ယောက်နဲ့ အဲဒီရွာသား တွေကြားမှာ ပတ်သက်မှု တစ်ခုခုရှိနေ တာတော့ သေချာတယ်´´ ဟု ပြောကြားသွားခဲ့ပါသည်။

Credit To >> အယ်လ်နော်ဆိုင်း

Monday, February 03, 2014

KIA မှတောင်းသော တစ်နှစ်စာ ဆက်ကြေးငွေများပြား၍ ဈေးဆိုင်ပိုင်ရှင်များ အခက်ကြုံ

Posted by drmyochit Monday, February 03, 2014, under | No comments

ကချင်ပြည်နယ် ရှင်ဗွေယန်မြို့နယ် ခလုံးရေဆိပ်အနီးတွင် ဈေးဆိုင်ဖွင့် လှစ်ရောင်းချလျက်ရှိသည့် ဆိုင်ပိုင်ရှင် များအား ဇန်န၀ါရီ ၃၁ ရက်နေ့ နောက်ဆုံးပေးသွင်းရန် KIA မှ တောင်းခံသော ဆက်ကြေးငွေမှာ အလွန်များပြား နေ၍ ပေးဆောင်ရန် အခက်ကြုံနေကြကြောင်း ယင်းရေဆိပ်ဝန်းကျင်ရှိ ဒေသခံအချို့ထံမှ သိရသည်။

“ မနှစ်ကတော့ တစ်ဆိုင်ကို တစ်နှစ်စာ ဆက်ကြေးငွေ ၅ သိန်း သွင်းရ တာတော့ သေချာတယ် ၊ အဲဒါကြောင့် ဒီရေဆိပ်မှာ ဆက်ပြီး ဈေးရောင်းခွင့် ပြုတာပါ၊ ဒီနှစ်အတွက် ဘယ်လောက်တောင်းလဲတော့ မသိဘူး ” ဟု ရွာသားတစ်ဦးက ဆိုသည်။

အဆိုပါ ရေဆိပ်အနီးတွင် ဈေးဆိုင် (၅) ဆိုင်ခန့်ရှိပြီး KIA အဖွဲ့အား နှစ်စဉ် ဆက်ကြေးငွေ ပေးဆောင်၍ ရောင်းချနေရကြောင်း၊ ၂၀၁၄ -၁၅ ခုနှစ်အတွက် တောင်းထားသော ဆက်ကြေးငွေအား ဇန်န၀ါရီ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ပေးသွင်းရမည်ဖြစ်၍ အချို့ဆိုင်များမှာ ပေးသွင်းနိုင်သော်လည်း အချို့မှာ ငွေပမာဏများ လွန်းသောကြောင့် အခက်အခဲဖြစ်နေကြောင်း၊ ဈေးဆိုင်ပိုင်ရှင်များနှင့် နီးစပ်သူ ရွာသားတစ်ဦး၏ ပြောပြချက် အရ သိရသည်။

“ ဈေးဆိုင်ပိုင်ရှင်တွေကတော့ ပြောရဲမှာ မဟုတ်ဘူး၊ KIA က သိသွားရင် မလွယ်ဘူးလေ၊ ဈေးမရောင်းရတဲ့ အပြင် အသက်အန္တရာယ်လည်း စိုးရိမ်ရတယ်လေ၊ တစ်ချို့ ဈေးဆိုင်တွေဆိုရင် အရှုံးပေါ်နေလို့ မရောင်းတော့ ဘူး လို့တောင်ပြောသံကြားတယ် ” ဟု ရေဆိပ်၌ စက်လှေမောင်းနေသော ရွာသားတစ်ဦးက ပြောကြားသွား သည်။

ဈေးဆိုင်ပိုင်ရှင်များမှာ KIA အဖွဲ့မှ တောင်းသော ဆက်ကြေးငွေ အဆမတန်များပြားလွန်းသော်လည်း မိသားစု စားဝတ်နေရေးအတွက် ဆက်လက်ဖွင့်လှစ်ရောင်းချနေရခြင်းဖြစ်ကြောင်း ၊ ယခင်နှစ်က ၅ သိန်းသွင်းရသော် လည်း ယခုနှစ်အတွက် တောင်းသော ဆက်ကြေးငွေမှာ ၁၀ သိန်းမှ ၁၅ သိန်းအထိ ဖြစ်နေ၍ ဈေးဆိုင် ပိုင်ရှင်များမှာ ဈေးရောင်းရန်ထက် KIA အား ဆက်ကြေးပေးရန်သာ ငွေရှာနေရကြောင်း ဈေးဆိုင်ပိုင်ရှင်နှင့် ရင်းနှီးသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ၏ ပြောပြချက်အရ သိရှိရပါသည်။

နေမိုင်
Kachin Daily News

Tuesday, October 01, 2013

KIA မှ ဒေသခံရွာသူ/ရွာသား (၃) ဦးအား လက်ပြန်ကြိုးတုပ် ဖမ်းဆီးခေါ် ဆောင်မှု ၀ိုင်းမော်မြို့နယ်တွင် ဖြစ်ပွား

Posted by drmyochit Tuesday, October 01, 2013, under | No comments



အောက်တိုဘာလ ၁ ရက် ၂၀၁၃

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် အောင်မြေ (၁) ကျေးရွာ၊ ရပ်ကွက် (၃) ၌ နေထိုင်သော ရွာသူ/ရွာသား (၃) ဦးအား စက်တင်ဘာ (၂၈) ရက်နေ့ ညနေပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့ တစ်ဖွဲ့မှ ရွာထဲသို့ ၀င်လာပြီး လက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ယင်းဒေသခံများ ထံမှ သိရှိ ရ သည်။

“ အဖမ်းခံရတာက ယောင်္ကျားလေးနှစ်ယောက်နဲ့ မိန်းကလေး တစ်ယောက်ပါ၊ ရွာရဲ့ အရှေ့မြောက်ဘက်ကို ဖမ်းခေါ်သွားတာ မြင်တဲ့ရွာသားတွေလည်းရှိ တယ်၊ ဒါပေမယ့် ဘာမှ မလုပ်ရဲကြပါဘူး၊ နန်ဇော်ယန်စခန်းမှာ ဖမ်းချုပ်ထား တယ်လို့ သတင်းရပါတယ် ” ဟု ယင်းရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောပြသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အဖမ်းခံရသည့် အကြောင်းအရင်းကို မေးမြန်းကြည့်ရာ မူးယစ်ဆေးဝါးကိစ္စနှင့် ပတ်သက်၍ စစ်ဆေးစရာရှိသည်ဟု အကြောင်းပြကာ ဖမ်းဆီးခြင်းဖြစ်ကြောင်း အဖမ်းခံရသူများမှာ မောင်ငွါး ဆာ၊ မောင်ပေါ်စန်းတူနှင့် မချမ်းဝမ်တို့ဖြစ်ကြကြောင်း သိရှိရသည်။

“ မချမ်းဝမ်က မောင်ငွါးဆာရဲ့အိမ်မှာ သူ့မိန်းမ မရီရွယ်ဂျားနဲ့အတူ တီဗွီကြည့်နေကြတာ၊ အဲဒီအချိန်မှာ ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ဝင်တွေ အိမ်ပေါ်တက်လာပြီး မောင်ငွါးဆာနဲ့ မချမ်းဝမ်တို့ကို လက်ပြန်ကြိုးတုပ်တော့ တာပဲ ၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး စစ်ဆေးစရာရှိတယ်ဆိုပြီး ဖမ်းခေါ်သွားတာ၊ မရီရွယ်ဂျားကိုလည်း သက်ဆိုင်ရာကို အကြောင်းကြားရင် သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်သွားသေးတယ် ” ဟု ယင်းရွာခံတစ်ဦးက ပြောပြသည်။

KIA အဖွဲ့မှ အဆိုပါ (၂) ဦးအား ဖမ်းဆီးခေါ်ဆောင်သွားစဉ် အပြန်လမ်း၌ နန့်မီးခချောင်းတွင် မောင်ပေါ်စန်းတူ အား တွေ့ရှိသဖြင့် ထပ်မံဖမ်းဆီး သွားခြင်းဖြစ်ကြောင်း ယင်းရွာခံက ဆက်လက်ပြောပြသွားသည်။

“ မောင်ငွါးဆာရော မချမ်းဝမ်ပါ တောင်သူတွေပါ၊ ရိုးရိုးသားသားပဲ လုပ်ကိုင် စားသောက်နေကြတာပါ၊ မူးယစ် ဆေးဝါးနဲ့ ဘာမှ မပတ်သက်ဘူးဆိုတာ တစ်ရွာလုံးသိနေတာပဲ၊ ကချင်တပ်က သက်သက်မဲ့ အကြောင်းရှာပြီး လာဖမ်းတာ၊ မူးယစ်ဆေးသုံးလို့ ဖမ်းကြေးဆိုရင် သူတို့တပ်ဖွဲ့ဝင်အားလုံးကို လည်းပြန်ဖမ်းရမှာပဲ၊ အကုန်လုံး ဘိန်းစားတွေချည်းပဲ၊ အစိုးရစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်တုန်းက ဘိန်းတွေကျွေးပြီး KIA တပ်ဖွဲ့ဝင်တွေကို စစ်တိုက်ခိုင်းတာ ကျွန်တော်တို့သိနေတာပဲ၊

သူတို့ကိုယ်တိုင်ကျူးလွန်နေတာကျတော့ ဘာမှ မလုပ်ဘဲနဲ့ အပြစ်မရှိတဲ့ ရွာသားတွေကို ဖမ်းတာတော့ တော်တော်တရားလွန်တယ်ဗျာ ” ဟု ယင်းရွာမှ ပညာတတ်ဘွဲ့ရ လူငယ်တစ်ဦးက ပြောပြသွားသည်။

အတင်းအဓမ္မဖမ်းဆီးခြင်းခံရသော ရွာသူရွာသား (၃) ဦး၏ မိသားစုများမှာ သက်ဆိုင်ရာသို့ တိုင်ကြားခြင်းမပြု လုပ်ရဲဘဲ ကြောက်ရွံ့နေကြကြောင်း၊ KIA မှ သက်ဆိုင်ရာကို တိုင်ကြားပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ထား ကြောင်း၊ သို့သော် ၀ိုင်းမော်မြို့ရှိ အစိုးရဌာနဆိုင်ရာရုံးများသို့ သွားရောက်တိုင်ကြားရန် ရွာသူရွာသားများက စီစဉ်နေကြကြောင်း ၊ တရားဥပဒေမဲ့လုပ်ရပ်များကို KIA က ယခုလို ကျူးလွန်နေခြင်းကို တရားဥပဒေနှင့်အညီ ဖြေရှင်းပေးရန် ဆန္ဒရှိနေကြကြောင်း ယင်းကျေးရွာသူ/ရွာသားများ၏ ပြောပြချက်အရ သိရှိရပါသည်။

ခွန်နော်
ကချင်နေ့စဉ်သတင်း

Thursday, September 19, 2013

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ မိုင်းများ ပြန်ထောင်ထားမှုကြောင့် ဒေသခံတိုင်းရင်းသားများ၏ လူနေမှုဘ၀ စိုးရိမ် စရာဖြစ်လာ

Posted by drmyochit Thursday, September 19, 2013, under | No comments


စက်တင်ဘာ ၁၉ ရက် ၂၀၁၃

ကျွန်တော်က မန်စီမြို့ခံတစ်ဦးဖြစ်ပါတယ်။ ကုန်ကားတစ်စီးထောင်ထားပြီး ဗန်းမော် - မန်စီ - ဂိုက်ထိပ် - နမ့်ခမ်း လမ်း ကြောင်းနဲ့ ဗန်းမော် - မိုးမောက် - စိန်လုံ - လွယ်ဂျယ်လမ်းကြောင်းမှာ ပြေးဆွဲပါတယ်။ တစ်ခါတစ်ရံမှာတော့ ကချင် လွတ်လပ်ရေးတပ်က တပ်ဖွဲ့ဝင်တွေနဲ့တွေ့ရင် ငွေပေးရတာရှိပါတယ်။ အဲဒီ လိုငွေတောင်းတာကိုသိတဲ့ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းတွေကတော့ ဆက်ကြေးကေက်တယ်လို့ ပြော ဆိုကြကြောင်း သိရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒေသခံ တွေကတော့ တောင်းရင်ပေးလိုက်ရတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အသက်ကို ရန်မရှာဖို့နဲ့ ကိုယ့်စီးပွားရေးကို ကောင်းကောင်းမွန်မွန် လုပ်စားနိုင် ဖို့ပါပဲ။

မနေ့က လွယ်ဂျယ်ကို ရောက်တော့ ကုန်ချရင်း ခဏနားဖြစ်တယ်။ လွယ်ဂျယ်မြို့ပေါ်မှာ ပျံ့နေတဲ့ သတင်းကြောင့် ကျွန်တော် စိတ်ပူမိတာတော့ အမှန်ပဲဗျာ။ ဒီမြို့အနောက်ဘက်သင်္ချိုင်းနားမှာ ထင်းရှာသွား တဲ့ မြို့ခံတစ်ဦး မိုင်းနင်းမိတယ်။ ကချင်တပ်က ထောင်ထားတာလို့ ပြောနေကြတယ်။ အဲဒီလူမှာ တစ်ကိုယ်လုံး ဒဏ်ရာတွေရသွားပြီး ကျန်းမာရေး ဆေးခန်း မှာ ဆေးကုနေပေမယ့် စိုးရိမ်ရတယ်လို့ သိရပါတယ်။ အကြောင်းစုံသိတဲ့ မြို့ခံတစ်ဦးရဲ့ ပြောပြပုံအရဆိုရင် အဲဒီမိုင်းထိတဲ့ လူဟာ ကျွန်တော်တို့ မန်စီမြို့နယ် ကထောင်ကျောင်းကျေးရွာဇာတိ နော်ဒင်းလို့ သိရပါတယ်။ ဒီမြို့ကို ပြောင်းလာပြီး ရပ်ကွက်(၁) ခေါက်ဆွဲဆိုင်အနီးမှာ ကြုံရာကျပန်းလုပ်ကိုင်စားနေတဲ့သူပါ။ အခုမိုင်းနင်းမိတာဆိုတော့ သူ့ဘ၀ ကတော့ တွေးရဲစရာမရှိပါဘူး။ ကျွန်တော့်စိတ်ထဲမှာ ကိုယ့်ကချင်လူမျိုးအချင်းချင်း အခုလို ဒုက္ခ ရောက်ရ တာကို သိရတော့ စိတ် မကောင်း ဖြစ်ရပါတယ်။ အဓိကတရားခံဟာ ကချင်တပ်က ထောင်ထားတဲ့ မိုင်းတွေ ကြောင့်ဆိုတာ ငြင်းလို့မှ မရဘဲ။ အဲဒီ မိုင်းကြောင့် လူတစ်ယောက်ရဲ့ဘ၀ဟာ နစ်နာဆုံးရှုံးမှုတွေ အများကြီး ဖြစ်သွားပါပြီ။

အိမ်ကိုပြန်ရောက်တော့ မံသာရွာက အမျိုးတွေ မြို့ပေါ်ဈေးဝယ်လာကြရင်း အိမ်ကို ၀င်လာကြတယ်။ မံသာရွာနဲ့ စီမွန်း ရွာတစ်ဝိုက်မှာ ကချင်တပ်က အဖွဲ့တွေ လွန်ခဲ့တဲ့တစ်ပတ်လောက်က မိုင်းတွေလာ ထောင်ထားကြောင်း၊ ရွာသူရွာသား များကိုလည်း တောထဲမလာရန် ပြောထားသလို ကျွဲ၊ နွား များကိုလည်း တောထဲသို့ လွှတ်ကျောင်းခြင်း မပြုရန် ပြောထား ကြောင်း၊ မိုင်းနင်းမိရင် ကချင်တပ်က တာဝန်ယူမှာ မဟုတ်ကြောင်းနဲ့ ကျွဲ၊ နွားနင်းမိရင် ပိုင်ရှင်က ငွေ(၅) သိန်းလျော်ကြေး ပေးရမယ်လို့ ပြောထားကြောင်း သိရပါတယ်။ လယ်တောယာတော တွေမှာ သီးနှံတွေစိုက်ထားပြီးပြီ။ အခုချိန်ပေါင်းခုတ် မြေသြဇာကျွေးဖို့ အချိန်ဖြစ်ပေမယ့် မသွားရဲတော့ ဘူးလို့ ပြောသွား ကြတယ်။

ဒီလိုသာဆက်နေရမယ်ဆိုရင် ကျွန်တော်တို့ ဒေသခံတွေရဲ့ စီးပွားရေးတွေကြပ်တည်းလာမယ်။ အသက် အန္တရာယ် အတွက် ခြိမ်းခြောက်မှုတွေရှိနေတယ်။ မိသားစုစားဝတ်နေရေးအတွက် မိရိုးဖလာလယ်ယာ လုပ်ငန်း လုပ်ဖို့တောင် အခြေအနေ မပေးဘူးဆိုရင် ဘယ်လိုဆက်ရပ်တည်ကြမလဲ။ အဓိကကတော့ အဲဒီမိုင်းတွေပါပဲ။ ကျွန်တော်တို့ ဒေသခံတွေအတွက် အဲဒီ မိုင်းအန္တရာယ်တွေက လွတ်ကင်းအောင် ဘယ်သူ့ကို အကူအညီတောင်းရမှာပါလဲ။ ကချင်တပ်က ခေါင်းဆောင်တွေက အရင်ထောင်ထားတဲ့ မိုင်းတွေ ပြန်ဖော်မပေးတဲ့အပြင် နောက်ထပ်တောင် ထောင်ထားပြန်ပြီ။ ဒါ့ကြောင့် ကချင်လွတ်လပ် ရေး တပ်မတော်က ပြန်ထောင်ထားတဲ့ မိုင်းတွေကြောင့် ကျွန်တော်တို့ ဒေသခံတွေရဲ့ လူနေမှုဘ၀ စိုးရိမ်စရာ ဖြစ်လာတာ တော့ အမှန်ပါပဲဗျာ….။

ကချင်တိုင်းရင်းသား တစ်ဦး

ဒေသခံ ပြည်သူ ၂ ဦး ကေအိုင်အေ (ကချင်) အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံး နင်းမိ ပေါက်ကွဲပြီး ဒဏ်ရာရရှိ

Posted by drmyochit Thursday, September 19, 2013, under | No comments


၂၀၁၃ ခုနှစ် စက်တင်ဘာ လ ၁၇ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့် တွင် ဖားကန့်မြို့နယ်၊ တံ ဆီး ကျေးရွာမှ ဒေါ်လုတောင် ( ၆၀ )နှစ် နှင့် ဒေါ်အင်ဂျာ ကော့တောင် ( ၅၅ ) နှစ်တို့ နှစ်ဦး သည် မျှစ်ချိုး ရန် ဥရုချောင်း အရှေ့ဘက် ကမ်း ပွိုင့် - ၅၀၁ တောင်ကုန်း အနီး သို့ ရောက်ရှိ စဉ် ကေ အိုင်အေ ( ကချင် ) အဖွဲ့မှ ထောင်ထား သည့် ဒေသန္တရ နင်းမိုင်း ဟောင်း တစ်လုံး နင်းမိ ပေါက်ကွဲ ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။

မိုင်း ပေါက်ကွဲ မှု ကြောင့် ဒေါ်လုတောင် ၏ ဘယ် ခြေသလုံး အရိုးကျိုး၊ ဘယ် / ညာ ခြေသလုံး ကြွက်သား မိုင်းစ ထိမှန် ဒဏ်ရာ နှင့် ဒေါ်အင်ဂျာ ကော့တောင် ၏ ညာခြေ သလုံး အရိုးကျိုး၊ ဘယ် / ညာ ခြေသလုံး ကြွက်သား မိုင်းစ ထိမှန် ဒဏ်ရာ တို့ ရရှိခဲ့ သဖြင့် နယ်မြေခံ တပ်နယ် မှ ဆေး တပ်ဖွဲ့ဖြင့် လိုအပ်သော ဆေးဝါး ကုသမှု ပြုလုပ် ၍ တံဆီး ကျေးရွာ ရှိ မော်တော်ယာဉ် ၂ စီးဖြင့် လုံးခင်း တိုက်နယ် ဆေးရုံ သို့ ပို့ဆောင် ပေးခဲ့ပြီး ဆေးရုံမှ လိုအပ်သော ဆေးဝါး ကုသမှု ပြု လုပ်ေ ပး ပြီး စက်တင်ဘာလ ၁၈ ရက်နေ့ တွင် မြစ်ကြီးနား အထွေထွေ ရောဂါကု ဆေးရုံကြီး သို့ ဆက်လ က် လွှဲပြောင်း ကုသမှု ခံယူ စေ ခဲ့ကြောင်း သိရပါသည်။

မိုင်းစ ထိမှန် ဒဏ်ရာရ ရရှိခဲ့သူ လူနာ ၂ ဦးအား နယ်မြေခံ တပ်နယ် မှ လူနာ တစ်ဦး လျှင် ၅၀၀၀၀ိ ကျပ်စီ ကူညီ ထောက်ပံ့ ပေးအပ် ခဲ့

goldenland Myanmar

Friday, September 13, 2013

ကေအိုင်အေ ဌာနချုပ် လိုင်ဇာကို တကယ်အပြုတ်တိုက်တော့မည်လား ...

Posted by drmyochit Friday, September 13, 2013, under | No comments



ကချင်ပြည်နယ် ဗန်းမော်ခရိုင်အခြေစိုက့် (KIA) တပ်မဟာ (၃) ဒေသရှိ မုန်းဒိန်ပါ၊ မုန်းခေါင်နေရာတွင် ယနေ့နံနက် မှာ တပ်မတော် နှင့် KIA တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဗန်းမော်ဖက်မှလှုပ်ရှားလာသော အစိုးရတပ်များသည် KIA တပ်ရင်း ၂၇ နှင့် တပ်ရင်း ၁၂ ရှိရာဖက်သို့ လှုပ်ရှားလာသောကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KIA ဖက်မှအတည်ပြုသည်။

တိုက်ပွဲများသည် ယမန်နေ့ စက်တင်ဘာ ၁၀ ရက်တွင်လည်း နံနက်ပိုင်းမှ ည ၆ နာရီထိ မဂျီကောင်ကဂျီမှ ဂျေခဖက်သို့လှုပ်ရှားလာသော အစိုးရတပ် ခမရ (၅၀၇) နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး အစိုးရတပ်ဖက်မှကိုင်ထိပ်တောင်ကုန်းမှ KIA တပ်ရှိရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း တပ်မဟာ (၃) ဌာနချုပ် မိုင်ဂျာယန်မှ KIA စစ်ဗိုလ် ဇော်ဆိုင်းက KNG ကချင်သတင်းဌာန သို့ပြောသည်။

“မနေ့ကဖြစ်တဲ့တိုက်ပွဲမှာ လက်နက်ကြီးနဲ့ပစ်ခတ်ကြတာပိုများတယ်။ မနေ့ကမနက်ကနေ ဒီနေ့ နေ့လည်ထိ ဆက်တိုက်ဖြစ်နေတာပေါ့။ အခုက အစိုးရတပ်တွေ နေရာအနှံ့ စစ်အင်အားတွေတိုးချလာလို့ အဲလိုကနေ နယ်မြေတွင်းဝင်လာတော့ ပစ်ကြတာပါ။ ဒီနေ့ ၁၂ နာရီထိတော့ တော်တော်လေး ပြင်းထန်တဲ့ တိုက်ပွဲ ဖြစ်တယ်လို့ သိရတယ်။ ထိခိုက်ကျဆုံးမှုကိုတော့ အတည်ပြုလို့မရသေးဘူး။”

နှစ်ဖက်တိုက်ပွဲများသည် ပြင်းထန်မှုရှိပြီး အစိုးရတပ်ဖက်မှ စစ်ကြောင်းအလဲအလှယ်လုပ်သည်ဟု အကြောင်းပြချက် အမျိုးမျိုးပေးနေကြောင်းဆက်ဆိုသည်။

“သူတို့ဖက်က ကိုယ်နယ်မြေထဲဝင်လာတော့ KIA ဖက်ကပစ်တယ်။ အဲဒါကို အစိုးရဖက်ကတော့ လမ်းမှားလို့ပါ၊ စစ်ကြောင်းသစ် အလဲအလှယ်လုပ်တာ လမ်းမှားသွားကြတာဆိုပြီး ပြောတာပေါ့။ တကယ်တမ်း ပြောရရင် ကျွန်တော်တို့ရှေ့တန်းကအမြင်ကတော့ ဒီလိုနေရာတွေမှာတောင် လျှောက်သွားနေမှတော့ လမ်းမသိလို့ ပါ ဆိုတာကတော့ လုံးဝမဖြစ်နိုင်ဘူး။ စစ်ရေးဖက်ကပဲကြည့်ကြည့်။ သိလျက်နဲ့ လာပြီး တိတ်တဆိတ် ၀င်အုပ်မယ့်သဘောပဲ။ နိုင်မယ့်အလားလာမရှိရင်တော့ လူထုကို ခေါင်းစဉ်တခု ပြန်တပ်ပြီး အကြောင်းပြတာမျိုးဖြစ်တယ်လို့ မြင်ပါတယ်။”

အဆိုပါ KIA တပ်မဟာ (၃) ဒေသသည် ဗန်းမော်ခရိုင် မိုးမောက်အခြေစိုက် ခမရ ၅၀၇၊ ခလရ ၂၄၁၊ ခလရ ၆၉ လှုပ်ရှားနယ်မြေများဖြစ်ကြောင်း သိရသည်။

ထို့ပြင် အစိုးရတပ်များသည် တပ်မဟာ (၄) ဖက်တွင်လည်း ဂက်စ်ပိုက်လိုင်းလုံခြုံရေးဟု ပြောဆိုကာ ယမန်နေ့မှ ယနေ့ထိ ၁၀၀ ခန့်တိုးချထားကြောင်း သိရသည်။

ယခုလဆန်းပိုင်းမှစ၍ အစိုးရတပ်များသည် KIA တပ်ရှိရာ ရှမ်းပြည်မြောက်ပိုင်းဖက်တွင်သာမက ဗန်းမော်ခရိုင်၊ ပန်ဝါဒေသ၊ ပူတာအိုဒေသ၊ ဆဒုန်းဒေသ အသီးသီးတို့တွင် အင်အားဖြင့်လှုပ်ရှားနေကြောင်း KIA အရာရှိများ ပြောသည်။

မကြာသေးခင် ကပဲ KIA ဘက် က တပ်မတော် မှ သုံ့ပန်း စစ်သည် ၁၄ ဦးကို ရက်ရက်စက်စက် ခေါင်းဖြတ် ၊ ဗိုက်ခွဲ သတ်ဖြတ်ခဲ့မှုအပေါ် အစိုးရ တပ်မတော် မှ ပြင်းပြင်ထန်ထန် တုန့်ပြန်မယ်လို့ သတင်းများ ပျံ့နှံ့လာ
ပြီး အခုလို တပ်တွေ လှုပ်ရှားမှု ရှိလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကချင်သတင်းဌာန

Thursday, September 12, 2013

ကေအိုင်အေဌာနချုပ် လိုင်ဇာအား (၄၈) နာရီအတွင်း ထိုးစစ်ဆင်တော့မည်

Posted by drmyochit Thursday, September 12, 2013, under | 1 comment


အပစ်အခတ်ရပ်စဲရေးကာလတွင် ပူတာအို ခရိုင်ထဲမှာ KIA က ဆက်ကြေးကောက်တာကို သတင်းရလို့ မချမ်းဘောက ခလရ ၁၃၇ လိုက်သွားတဲ့ တပ်မှ အင်အား ၁၄ ယောက်ကို KIA က ရက်ရက်စက်စက် ခေါင်းဖြတ် သတ်လိုက်တဲ့ သတင်း အင်တာနက် စာမျက်နှာတွေပေါ် ကျယ်ကျယ်ပြန့်ပြန့် ပျံနှံ့လာပြီးတဲ့ နောက်မှာ အစိုးရ တပ်မတော် က ကေအိုင်အေ ဌာနချုပ် လိုင်ဇာကို ထိုးစစ်ဆင်တော့မယ်လို့ မြစ်ကြီးနား စစ်ဌာနချုပ် အသိုင်းအ၀ိုင်း နဲ့ နီးစပ်သူတွေက ယခုပဲသတင်းပေးပို့လာပါတယ်။
ကေအိုင်အေ ရဲ့ ဖမ်းဆီးမိတဲ့ စစ်ပွဲသုံ့ပန်းအပေါ် ရက်ရက်စက်စက် လည်ဖြတ် ၊ ဗိုက်ခွဲ သတ်တဲ့အပေါ် တပ်မတော် အသိုင်းအ၀ိုင်းတစ်ခုလုံး က ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ကေအိုင်အေ ကို အပြတ်တိုက်ဖို့အတွက် ပြင်ဆင်ဖို့ အမိန့်ပေးလိုက်တာပဲ ဖြစ်တယ်လို့ မြစ်ကြီးနား တပ်မတော် နှင့် နီးစပ်ရာအသိုင်းအ၀ိုင်းကဆိုပါတယ်။
ကေအိုင်အေ လိုင်ဇာ ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ဖို့အတွက် တပ်မ (၄)မနဲ့စကခ (၃)ခုတို့ ကို ပူးတွဲတာဝန်ပေးသွားလိမ့်မယ်လို့ လည်းသိရပါတယ်။ ဒီစစ်ဆင်ရေးမှာ တပ်မ (၈၈) နဲ့ တပ်မ (၃၃) စတဲ့တပ်မတွေကို ထုတ်သုံးသွားမယ့်အပြင် မြေပြင်ပစ် ဒုံးတပ်နှင့် သံချပ်ကာတပ်မများကိုလည်း ၂၄ နာရီအတွင်း တိုက်ပွဲဝင်နိုင်ဖို့ အသင့်ပြင်ဆင်ထားရန် ညွှန်ကြားထားတယ်လို့ သိရပါတယ်။ဒီလိုထိုးစစ်ဆင်မယ့် အစီအစဉ်အပေါ်မှာလဲ ပြည်သူတွေ က ထောက်ခံမှုတွေ ဟာ ယခင်ကထက် ရာခိုင်နှုန်းမြင့်လာတာကိုတွေ့ရပါတယ်။

ဒီအခြေအနေ မှာ ကေအိုင်အေ ရဲ့ လုပ်ရပ်ဟာ ကချင်တိုင်းရင်းသားတွေ အပေါ် တိုင်းရင်းသားတွေ အပေါ် ဆိုးကျိုးသက်ရောက်ဖို့များနေပြီး စစ်ဘေးဒုက္ခသည် အရေအတွက် မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းသူတွေ လဲ ရှိနေပါတယ်။


ရွှေသတင်းသစ်

Thursday, January 31, 2013

KIA စစ်ရှုံးခဲ့တာ ဘာကြောင့်လဲ

Posted by drmyochit Thursday, January 31, 2013, under , | No comments

စစ်တို့ရဲ့သဘောမှာ သတင်းလုံခြုံမှု၊ သတင်းလက်ဦးမှု အရေးကြီးပါတယ်။

(၁) ပရော်ဖက်ရှင်နယ်မဟုတ်တဲ့ ဂွမ်မော်-ဂွမ်ရှောင်တို့ဟာ တိုက်ပွဲသတင်းတွေ ဟုတ်တာရော မဟုတ် တာရော ရောကြိတ်ပြီး ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ သတင်းတွေမှာ မြန်မာစစ်တပ်က သေတာတွေရော KIA ဘက်က သေတာတွေရော ပါပါတယ်။ စစ်တပ်ကို ပုံကြီးချဲ့လိုဇောနဲ့ အမောင်းသင်လေယာဉ်ကို တစ် ကယ့် အမေရိကန်လေတပ်က မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ကြီးတွေလို အမွှမ်းတင်ချဲ့ ကားခဲ့ပါတယ်။ ဓါတုလက်နက်တွေ ဘာတွေ ဆိုပြီး နာမည်ပျက် အောက် ဖျက်ခဲ့ပါတယ်။

KIO/KIA တို့၏ အပစ်မရပ်ရေးလမ်းစဉ်နှင့်လုပ်ရပ်များ

Posted by drmyochit Thursday, January 31, 2013, under , | No comments

လိုင်ဇာ ဇန်န၀ါရီ ၃၀ 
ကချင်ပြည်နယ် အတွင်း တိုက် ပွဲတွေကြာရှည် လာတာနဲ့ အမျှ ဒေသခံ ပြည်သူတွေ ဒုက္ခမျိုးစုံ တွေ့ကြုံ နေလျက် ရှိပြီး ပြည်တွင်းပြည် ပမှာ ရှိနေကြတဲ့ အဖွဲ့ အစည်းပေါင်းစုံ ကနေ ကချင်ပြည် နယ်ကြီးမှာ စစ်ရပ် စဲပြီး ငြိမ်းချမ်းရေး လုပ်ဆောင် ကြဖို့ တောင်းဆိုနေကြ လျက် ရှိသည်။ ရန်ကုန် ကနေလိုင်ဇာ အထိ လမ်းလျှောက် ပြီး ငြိမ်းချမ်းရေး တောင်းဆိုနေကြသလို ဒေသခံပြည်သူတွေကိုယ်နှိုက်ကလဲ စာတမ်းတွေ ကိုင်ဆောင် ကာ ဆန္ဒပြပြီး ငြိမ်းချမ်းရေး တောင်းဆိုနေကြောင်း သိရှိရသည်။ အမျိုးသား လွှတ်တော် နဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် တွေကလဲ ငြိမ်းချမ်းရေး လုပ်ဆောင်ကြဖို့တောင်းဆိုနေ ဒါကြောင့် လဲ နိုင်ငံတော် သမ္မတက တပ်မတော် အနေနဲ့ ထိုးစစ်တွေ ရပ်ဆိုင်း ထားဖို့ အမိန့် ထုတ်ပြန် လိုက်ပါသည်။ 


သစ်လုံးတင်ယာဉ်များအား KIA တပ်ဖွဲ့ဝင်များ ပစ်ခတ်နှောင့်ယှက်


မန်စီ ဇန်န၀ါရီ ၃၀ 

ကချင်ပြည်နယ် မန်စီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာ တစ်ဝိုက်မှာ တရုတ်နိုင်ငံမှ ကုန်သည်အချို့နဲ့ KIA အဖွဲ့ တို့ သဘော တူညီမှုဖြင့် သစ်ကွ က်ထုတ်လုပ်ရောင်း ချနေတဲ့ ကုမ္ပဏီတွေ ဖွင့်လှစ် ထားလျက် ရှိပါသည်။ အဲဒီ ကုမ္ပဏီတွေ အနေနဲ့ KIA အဖွဲ့နဲ့စာချုပ်ချုပ်ထားရာမှာ တရားဝင်သတ်မှတ် ငွေကြေးပေးရတဲ့ အပြင် မော်တော် ယာဉ်မောင်းသူ တွေအနေနဲ့ KIA တပ်ဖွဲ့တွေကို သီးခြားငွေကြေးပေးပြီး ဖြတ် သန်း သွားလာ နေကြရ ပါသည်။ တိုက်ပွဲတွေမရှိခင် တုန်းကတော့ ပိုက်ဆံပေးပြီးသွားလာလို့ လွယ်ကူပေမယ့် အခုခါ မှာတော့ ကားတွေ သွားလာမှုကို KIA ဘက်က ပိတ်ထားလိုက်ကြောင်းသိရှိရသည်။

Tuesday, January 22, 2013

တစ်နှစ်ခွဲကျော် စစ်ပွဲ မည်သည့် အထောက်အပံ့ဖြင့် ဆင်နွှဲသလဲ

Posted by drmyochit Tuesday, January 22, 2013, under , | No comments


ကချင်ဒေသတွင်း စစ်ပွဲများနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် တို့ ၂၀-၁-၂၀၁၃ တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ တွေ့ဆုံ ခဲ့ရာ တရုတ်ဒုတိယ စစ်ဦးစီးချုပ်မှ မြန်မာနိုင်ငံအတွင်း ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ၏ အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်မှုကို အားပေး ထောက်ခံမည် မဟုတ်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့သည်ဟု မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထား ချက်အရ သိရသည်။

Sunday, January 20, 2013

ဖားကန့်မြို့ပေါ် အရပ်သားနေအိမ်ကို အသုံးပြုပြီး တိုက်ခိုက်သော KIA အထိနာသွား၊ အရပ်သားဟု လိမ်လည်ကာ ဒဏ်ရာရ သူမှ ဖားကန့်ဆေးရုံတွင် ဆေးကုသခံယူနေ

From : ခေတ်သစ်

ဖားကန့်မြို့ပေါ် စမ်းသီတာရပ်ကွက်သို့ (၁၈-၁-၂၀၁၃)ရက်နေ့ ညပိုင်း (၁၀၀၀)ချိန်ခန့်တွင် KIA အကြမ်း ဖက်သောင်း ကျန်းသူ ခေါင်းဆောင်စီစစ်ဆဲ အင်အား(၁၀)ဦးရောက်ရှိလာကြောင်း၊ စမ်းသီတာ ရပ်ကွက် အတွင်းနေ ထိုင်သော ကိုအောင်စိုးလွင်နှင့်ဒေါ်အာပူ နေအိမ်သို့ ရောက်ရှိလာပြီးနေအိမ်ပေါ်မှ လူများ အောက် သို့ဆင်းကာ ဖယ်ရှားပေးရန် ပြောဆိုခဲ့ပါသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်