Saturday, August 25, 2012

""နိုင်ငံတခါးများကျိုးပေါက်ခြင်းမှုကို အစိုးရအနေနှင့်လုံခြုံမှုရအောင် ထိမ်းသိမ်းဖို့လိုဟု ဦးကျော်သူပြော ပြီ""

Posted by drmyochit Saturday, August 25, 2012, under | No comments

ရခိုင်ပြည်တွင် ဇွန်လက ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်း ဖက်မှုသည် မြန်မာနိုင်ငံခြံစည်းရိုး၊ တံခါးများကျိုး ပေါက်ခြင်းကို အခြေခံကာ ဖြစ်ပေါ်ခဲ့ရာ နိုင်ငံတော် အစိုးရအနေဖြင် နိုင်ငံခြံစည်းရိုး လုံခြုံအောင် ထိန်းသိန်းရန် လိုအပ်ကြောင်း နာရေးကူညီမှုအသင်း( ရန်ကုန်) ဥက္ကဌ ဦးကျော်သူက သြဂုတ်လ ၂၄ ရက်နေ့ စစ်တွေမြို့ အင်းပေါက်ဝ ဟိုတယ်တွင် ဒေသခံနာရေး ကူညီမှုအသင်းနှင့် တွေ့ဆုံစဉ် သတင်းထောက်များကို ပြောကြားခဲ့ကြောင်း သိရသည်။" မြန်မာနိုင်ငံရဲ့ အနောက်ဘက်တံခါး ကျိုးပေါက်တယ်။ အရှေ့ဘက်ကလဲ ကျိုးပေါက်တယ်။ မြောက်ဘက်လဲ ကျိုးပေါက်နေတယ်။ နောက်ဆိုရင် မြန်မာနိုင်ငံလို့ပြောရမယ့် အနေအထား မရှိအောင်ထိ ဖြစ်လာနိုင်တယ်။ ဒီလိုဖြစ်နေတာကို နိုင်ငံတော် အစိုးရအနေနဲ့ ကိုယ့်အိမ်၊ ကိုယ့်ခြံ၊ ကိုယ့်နိုင်ငံကိုရဲ့ ခြံစည်းရိုးကို သတ်မှတ်ပြီး လုံခြုံမှု အပြည့်အ၀ ရှိအောင်လုပ်ဖို့ လိုတယ် " ဟု ဦးကျော်သူက ပြောသည်။ အိမ်ထောင်စု တစ်ခုအတွင်းသို့ အပြင်မှ ဧည့်သည်တစ်ဦး ၀င်လာကာ အိမ်တစ်ခုလုံးကို အပိုင်သိမ်းချင် သောကိစ္စကို သူ့အနေနှင့် လက်မခံနိုင်ကြောင်း၊ နိုင်ငံမှာဆိုရင်လည်း နိုင်ငံ၏စည်းကို ထိန်းသိမ်းရန် အားလုံးမှာ တာဝန်ရှိကြောင်းကို အသင်းစည်းကမ်းနှင့် ပတ်သက်၍ ဆွေးနွေးချက်တွင် အလေးထား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံတွင် အင်ဒိုနီးရှား၊ မလေးရှားများကဲ့သို့ ဘာသာခြားတစ်ခု လွှမ်းမိုးမှုမခံရအောင်၊ မိမိတို့ဘာသာ ပျောက်ကွယ် မသွားအောင် ရခိုင်တိုင်းရင်းသားများက တံတိုင်းကြီး တစ်ခုသဖွယ် ကြံ့ကြံ့ခံ ရပ်တည်ပေး နေကြောင်းကို နာရေးကူညီ မှုအသင်း(ရန်ကုန်) အထွေထွေအတွင်း ရေးမှူးဒေါ်ရွှေဇီးကွက်က တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။ အိမ်နီးချင်း နိုင်ငံများမှ လူမျိုးခြားများ မြန်မာနိုင်ငံအတွင်း စိမ့်ဝင်ရောက်ရှိနေခြင်း၊ မသမာသော နည်းလမ်းများဖြင့် နိုင်ငံသားစိစစ် ရေးကဒ်ပြားများ ကိုင်ဆောင်ထား ခြင်းများကို ဥပဒေစိုးမိုးရေး အတွက် အမျိုးသားရေး တာဝန်အဖြစ် အထူးစီမံချက် တစ်ရပ်ချမှတ် ဖော်ထုတ် အရေးယူဆောင်ရွက် ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စား လှယ် မြတ်ဉာဏစိုးက သြဂုတ်လ (၈)ရက်နေ့ ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္တပုံမှန် အစည်းအဝေးတွင် (၂၂)ရက်မြောက်နေ့က တင်သွင်းခဲ့ရာ ဆွေးနွေးရန် အချိန်စော သေးကြောင်းပြောကာ အစည်းအဝေးမှ ပယ်ချခဲ့သည်။

Posted by drmyochit Saturday, August 25, 2012, under | No comments

ထင်ရှားသော ခေါင်းဆောင်မှု သီအိုရတစ်ရပ်အရ အဖြစ်အပျက် အပြောင်းအလဲ ကြီးကြီး မားမားများ နှင့်အတူ ခေါင်းဆောင်များပေါ်ထွက် လာတတ်သည့် အတိုင်း မြန်မာ့ သမိုင်းတွင် အပြောင်းအလဲ ထူးထူးခြားခြား ဖြစ်ပေါ်နေချိန် ယနေ့အခါ သမယတွင် ခေါင်းဆောင် သုံးဦး ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။ ထိုခေါင်းဆောင် သုံးဦး၏ ဥာဏ် အမြော်အမြင်၊ လုပ်ဆောင်ချက် များနှင့် သူတို့အကြား ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်မှုတို့သည် နိုင်ငံ၏ ပစ္စုပ္ပန် ကိုသာမက မဝေးလှသည့် အနာဂတ်၊ ခပ်ဝေးဝေး အနာဂတ်ကိုပါ ဖော်ဆောင် ပဲ့ကိုင်သွားလိမ့်မည်။
သမ္မတကြီး ဦးသိန်းစိန်
ယခင် အစိုးရလက်ထက်က ၀န်ကြီးချုပ် ဖြစ်ခဲ့သော ဦးသိန်းစိန် သမ္မတအဖြစ် တက်လာစ အချိန်တွင် စောင့်ကြည့် ရဦးမည် ဟူသော ထင်မြင်မှုများ ရှိခဲ့သော်လည်း လပိုင်းအကြာ၌ ရင်သပ် ရှုမောရသော ပြုပြင် ပြောင်းလဲရေးများ ဆက်တိုက် ပြုလုပ်ခဲ့ပြီး နိုင်ငံတွင်း သာမက တစ်ကမ္ဘာလုံးက အသိအမှတ် ပြုရသော ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင် အဖြစ် ပေါ်ထွက် လာခဲ့သည်။ယိုင်တိုင်တိုင် စီးပွားရေးကို ထောင်မတ်ရန်၊ နိုင်ငံရေး စနစ်ကို ဗဟို ဦးစီးစနစ်မှ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရန်၊ ပြည်တွင်း ငြိမ်းချမ်းရေးမှသည် တစ်နိုင်ငံလုံး စည်းလုံး ညီညွတ်ရန်၊ နိုင်ငံတကာတွင် မြန်မာ့ ဂုဏ်သိက္ခာ တက်အောင် ဆောင်ရွက်ရန် တို့သည် မြန်မာနိုင်ငံကို ဦးသိန်းစိန် တစ်ပြိုင်တည်း ဦးဆောင် ချီတက်ရသည့် အဓိက ပန်းတိုင်များ ဖြစ်ပြီး တစ်ခုချင်းစီပင် ဖြစ်မြောက်အောင် လုပ်ဆောင်ရန် မလွယ်လှသည့် ရည်မှန်းချက် များဖြစ်သည်။
စွမ်းရည်မြင့် လူသား အရင်းအမြစ်များ ရှားပါးမှု၊ ရိုးသားခြင်း ကြိုးစားခြင်းတို့ကို တန်ဖိုး ထားသော်လည်း လက်တွေ့ ကျင့်သ ပြောင်းလိုသူနှင့် မပြောင်းလိုသူ၊ ပြောင်းနေမှန်း မသိသူတို့အကြား လွန်ဆွဲပွဲ စသော စိန်ခေါ်မှုကြီးများ ရှိနေသည့်ကြားမှ အထက်ပါ ပန်းတိုင်များသို့ ချီတက် ရသည်မှာ ဧရာမ တာဝန်ပင် ဖြစ်သော် လည်း နိုင်ငံအရွေ့ တစ်ခုသို့ အချိန်တို အတွင်း ရောက်ခဲ့သည်မှာ သမ္မတကြီး ဦးသိန်းစိန်၏ ခေါင်းဆောင်မှုနှင့် ဇွဲနပဲ တို့ကြောင့် ဖြစ်သည်။
ရိုးသားခြင်း၊ အခြားသူတို့ အမြင်ကို နားစိုက် ထောင်ခြင်း၊ ပြုပြင် ပြောင်းလဲရေး သန္နိဋ္ဌာန် မြင့်မားခြင်း တို့မှာ အများ အသိအမှတ် ပြုရသော ဦးသိန်းစိန်၏ ထူးခြားသည့် စရိုက် လက္ခဏာများ ဖြစ်ပြီး ပြည်တွင်းတွင်လည်း ယုံကြည် ကိုးစားခံရမှု အထူးပင် မြင့်တက် နေခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း

ယခင် အစိုးရ လက်ထက်က နံပါတ်သုံး နေရာတွင် ရှိခဲ့သော သူရဦးရွှေမန်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာသောကြောင့် ဘေးသို့ ရောက်သွားသည်ဟု ထင်မြင်သူ အချို့ ရှိခဲ့သော်လည်း ယင်းမှာ စနစ်သစ် တွင် လွှတ်တော်၏ ကြီးမားသော အခန်းကဏ္ဍကို အမှတ်တမဲ့ ဖြစ်နေသောကြောင့် ဖြစ်သည်။
အမေရိကန် ပြည်ထောင်စုတွင်လည်း ကျင့်သုံးသည့် သမ္မတ စနစ် တွင် အုပ်ချုပ်ရေး မဏ္ဍိုင်နှင့် ဥပဒေပြုရေး မဏ္ဍိုင်တို့ အပြန်အလှန် ထိန်းညှိ ခြင်းဖြင့် ဒီမိုကရေစီကို ထိန်းသိမ်း ထားသလို နိုင်ငံကိုလည်း ချောမွေ့စွာ လည်ပတ်စေသည်။
အထူးသဖြင့် ဗဟို ဦးစီးစနစ်မှ ကူးပြောင်းစ နိုင်ငံတို့တွင် အုပ်ချုပ်ရေး မဏ္ဍိုင်မှာ အားကောင်းမြဲ ဖြစ်သည့်အတွက် လွှတ်တော်ပါ လိုက်ပါ အားကောင်းလာမှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ရည်ရွယ်သည့် အပြန်အလှန်ထိန်းညှိခြင်း ( Checks and Balance) အထ မြောက်မည်။ ထိုသို့ အထမြောက်မှသာ သမ္မတစနစ် အသက်ဝင် ကာ ဒီမိုကရေစီ ခိုင်မာ အားကောင်း လာမည်။သမ္မတ စနစ်၏ လွှတ်တော်ကဲ့သို့ လွှတ်တော်မျိုး မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးချိန်မှ စကာ မပေါ်ဖူး သေးခြင်း၊ မြန်မာနိုင်ငံ ၏ ဥပဒေ အများအပြားမှာ အိုမင်း ဟောင်းနွမ်း ခေတ်မမီခြင်းကြောင့် ပြင်ဆင် အသစ်ရေးဆွဲရန် လိုခြင်းတို့ကြောင့် လွှတ်တော် အသက်ဝင်ရန် လိုအပ်ခြင်း ဖြစ်သည်။ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ရဲရဲဝံ့ဝံ့ ဆောင်ရွက်ကြရန် အစဉ်တစိုက် ဆော်သြခဲ့ သလို အခြေအနေ ကောင်းများ ဖန်တီးပေးခဲ့သောကြောင့် လွှတ်တော် ကိုယ်စားလှယ် များ တစတစ ပြောရဲဆိုရဲ ရှိလာကာ လွှတ်တော် စတင် အသက်ဝင် လာခဲ့သည်။ယခုနောက်ပိုင်းလွှတ်တော် အရှိန် ရလာချိန် အရေးပါသော အချိုးအကွေ့များတွင်လည်း ဦးရွှေမန်း၏ ခေါင်းဆောင်မှုမှာ အရာရောက် ခဲ့သောကြောင့် သူသည်လည်း ပြုပြင်ပြောင်းလဲရေး ထိပ်တန်း ခေါင်းဆောင် ( Reformist Figure) အဖြစ် အသိအမှတ် ပြုခံလာရသည်။
ဒေါ်အောင်ဆန်းစုကြည်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား နောက်ပိုင်းတွင် အကျော်ကြားဆုံးသော နိုင်ငံတကာ ခေါင်းဆောင်နေရာကို ရရှိထားခဲ့သည့် ပုဂ္ဂိုလ်ဖြစ်သည်။မြန်မာ့ အရေးနှင့် ပတ်သက်သည့် သူ၏အမြင်၊ အတွေးတို့သည် နိုင်ငံတကာ အသိုက်အ၀န်း၊အထူးသဖြင့် စက်မှုအင်အားကြီး နိုင်ငံတို့ကို သြဇာ လွှမ်းမိုးသည်။
 ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တစ်နေရာမှ လွဲလျှင် နေရာ အားလုံးရရှိကာ အောင်ပွဲ ခံနိုင်ခဲ့ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် ၏အား အဓိက (Aung San Suu Kyi Factor) ဟု မြန်မာ့နိုင်ငံရေး သုတေသီများက အကဲဖြတ် ခဲ့သည်အထိ ပြည်တွင်း တွင်လည်း ထောက်ခံမှု အားကောင်းခဲ့သည်။မူလက အလုပ်သဘော နိုင်ငံရေး ဖြစ်စဉ် (Formal Political Process) တွင် မပါဝင်ဘဲ ရှိနေခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် သည် ရွေးကောက်ပွဲ အနိုင်ရကာ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာ ချိန်တွင် ထိုဖြစ်စဉ် ထဲသို့ ၀င်ရောက်လာခဲ့ပြီး ယင်းဖြစ်ရပ်တစ်ခု တည်းကပင် မြန်မာ့နိုင်ငံရေး မျက်နှာစာ၏ အလှည့်အပြောင်း တစ်ရပ် ဖြစ်လာခဲ့သည်။ရွေးကောက်ပွဲ ရလဒ်အရ လွှတ်တော် အတွင်းတွင် ဒုတိယနေရာ အများဆုံးရ ပါတီ၏ ခေါင်းဆောင် ဖြစ်လာခဲ့သလို လွှတ်တော်ကော်မတီ တစ်ရပ်၏ ဥက္ကဋ္ဌလည်းဖြစ်လာ ခဲ့သည်။ လွှတ်တော်တွင်း ဒေါ်အောင်ဆန်းစုကြည် ၀င်ချိန်မှ စကာ လွှတ်တော်ကို ပြည်သူလူထု စိတ်ဝင်စားခြင်း ပိုမို မြင့်တက်လာပြီး မြန်မာ့လွှတ်တော်သည် ကမ္ဘာ့ လွှတ်တော်များ အနက် နိုင်ငံတကာ စိတ်ဝင်စားခြင်း အခံရဆုံး လွှတ်တော် တစ်ရပ်ဖြစ်လာသည်။
သုံးဦးသုံးဖလှယ်
မြန်မာနိုင်ငံတွင် Democratic Institutions(ဒီမိုကရေစီ အစဉ် အလာ၊ လုပ်ထုံးလုပ်နည်း၊ အဖွဲ့အစည်းများ) ဖြစ်တည်စ ရှိနေသေး သောကြောင့် ပုဂ္ဂိုလ် (Individual ) ကို အခြေပြု နေရသေးပေရာ မြန်မာ့ ပြုပြင် ပြောင်းလဲရေးသည် ခေါင်းဆောင်များ အပေါ်တွင်သာ မူတည်နေ ရဦးမည်။
သက်တမ်းရ လာသည် နှင့်အမျှ Institutions များ ပုံပေါ်လာသည့် အချိန်တွင်မူ မည်သူတက်တက် ထို Institutions များအတိုင်း လိုက်ပါ လုပ်ဆောင်ခြင်းဖြင့် နိုင်ငံကို ရှေ့သို့ တွန်းနိုင်မည်။
 ထို့ကြောင့် ခေါင်းဆောင်သုံးဦး တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်ရေးသည် Institutions များ ပုံပေါ်လာရေး၊ ထိုမှတစ်ဆင့် အနာဂတ် နိုင်ငံတော်တို့အတွက် များစွာ အဓိကကျသည်။ သမ္မတကြီး ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦးလုံးသည် သူတို့၏ ဆိုင်ရာ ဆိုင်ရာ အရေးကြီး အခန်းကဏ္ဍ များကို ပါဝင်ထမ်း ဆောင်ခြင်းဖြင့် ပြုပြင် ပြောင်းလဲရေးတွင် ရှေ့ဆုံးမှ ပါဝင်နေကြသူများ ဖြစ်သည် (Role Play)။ ယင်းတို့၏ တာဝန်များသည် စနစ်သစ်၏ သဘောအရ အချို့ နေရာများတွင် အပြိုင်အဆိုင် (Competitive) ဖြစ်သကဲ့သို့ မြင်ရသော် လည်း အမှန်တကယ်တွင် စနစ် အောင်မြင်စွာ လည်ပတ်စေရန် အပြန် အလှန် အားဖြည့် ကူညီရေး (Competitive) ပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့ ပထမဦးဆုံး အကြိမ် တွေ့ဆုံ အပြီးတွင် ပြည်တွင်း ရင်ကြားစေ့ရေး အခန်းသစ် ဖွင့်လှစ်နိုင်ခဲ့ ကာ ပြုပြင် ပြောင်းလဲရေးများ ပို အရှိန်မြန်လာသလို နိုင်ငံတကာ ပံ့ပိုးမှုများ ရောက်ရှိ လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင် နိုင်ခဲ့ခြင်း၊ ၀င်ခဲ့ခြင်း၊ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာခြင်း တို့မှာယင်းတို့နှစ်ဦး တွေ့ဆုံခြင်းမှ အစပျိုးခဲ့ပြီး တစ်ဦးနှင့် တစ်ဦး အပြန်အလှန် လေးစားမှု ပြသခဲ့သည်။ကျရာ တာဝန်တို့ကို ထမ်းဆောင်ရာတွင် အပြန်အလှန် ထိန်းညှိ ကြသည့် အုပ်ချုပ်ရေး မဏ္ဍိုင် အစိုးရနှင့် ဥပဒေပြုရေး မဏ္ဍိုင်တို့ကို ကိုယ်စားပြုထားသည့် လွှတ်တော်တို့အကြား ပွတ်တိုက်မှု ရှိမည်မှာ ဓမ္မတာ ဖြစ်သော်လည်း ဓမ္မတာကို ကျော်လွန် မသွားစေရန် မဏ္ဍိုင်နှစ်ရပ် ကိုယ်စားပြု သမ္မတကြီး ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း တို့ကို ယခင် အစိုးရ လက်ထက်က လက်တွဲ လုပ်ကိုင်ခဲ့သည့် ဆက်ဆံရေး က အကူအညီ ပေးသည်။
ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သည်လည်း ယခု လွှတ်တော်တွင်းတွင် လွှတ်တော် ကိုယ်စားလှယ် များအဖြစ် အတူတကွ လက်တွဲ အလုပ်လုပ်နေပြီး ဒေါ်အောင်ဆန်းစုကြည် အားသန်သည့် တရား ဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ နိုင်ရန် ဦးရွှေမန်းက လမ်းခင်း ပေးခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ကလည်း လက်ခံခဲ့သည်။
ကိုယ်တိုင် အသွင်ကူးပြောင်း
နိုင်ငံအသွင် ကူးပြောင်းရေးကို ဦးဆောင် နေသည့် ယင်းတို့ သုံးဦး ကိုယ်တိုင်သည်လည်း အသွင် ကူးပြောင်းရေး ကာလကို ဖြတ်ကျော် နေရ သည်။ ဦးသိန်းစိန်သည် ယခင် အစိုးရ လက်ထက်က ၀န်ကြီးချုပ်ဖြစ် ခဲ့ပြီး ဆုံးဖြတ်ချက်များကို အကောင်အထည် ဖော်သည့် နေရာ (Manager) မှ တာဝန် ယူခဲ့သော်လည်း ယခုအချိန်တွင် သမ္မတ အဖြစ် ပန်းတိုင် အပါအ၀င် အဓိက ဆုံးဖြတ်ချက်များကို ချမှတ်သလို အကောင်အထည် ဖော်သည့်နေရာ (Leader + Manager) ကို ယူနေရသည်။ဦးရွှေမန်း သည် ယခင် အစိုးရ လက်ထက်က အုပ်ချုပ်ရေးတွင် ထိပ်တန်း နေရာမှ ပါခဲ့ပြီး ယခုအချိန်တွင် အုပ်ချုပ်ရေး မဏ္ဍိုင်ကို ထိန်းညှိမည့် ဥပဒေပြု ရေး မဏ္ဍိုင်ကို ဦးဆောင်နေရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယခင်က မူဝါဒ ချမှတ်ရေး ဖြစ်စဉ်တွင် မပါခဲ့သော်လည်း ယခုအချိန် တွင် လွှတ်တော် ကိုယ်စားလှယ် အဖြစ်လည်းကောင်း၊ လွှတ်တော်တွင်း ဒုတိယ အင်အား အကြီးဆုံး ပါတီ၏ ခေါင်းဆောင်အဖြစ် လည်းကောင်း မူဝါဒ ချမှတ်ရေး ဖြစ်စဉ်တွင် ပါဝင် ပတ်သက်နေသည်။စနစ်သစ် တည်ဆောက်စ အရေးကြီး ကာလတွင် ထိုပုဂ္ဂိုလ်ကြီး သုံးဦး၏ အခန်းကဏ္ဍမှာ ယင်းတို့အကြား ပူးပေါင်း ဆောင်ရွက် ခြင်း၊ အပြန်အလှန် ထိန်းညှိခြင်းဖြင့် ယင်းတို့သုံးဦး မျက်နှာလွှဲ သွားချိန်၊အနားယူသွားချိန်တွင် ဆက်လက် တည်ရှိနေမည့် ကြာရှည်ခံ နိုင်ငံတော်သစ် တည်ဆောက်ရေး၊ ဒီမိုကရေစီ ယဉ်ကျေးမှု တည်ဆောက်ရေး၊ နောင်လာနောက်သားများအား အစဉ်အလာ ကောင်းများ အမွေပေးခဲ့ရေးတို့ ဖြစ်သည်။

ထိုသုံးဦး

နည်းပညာခိုးယူမှုကြောင့် Appleကို ဒေါ်လာ သန်း ၁ ထောင်ကျော် Samsung လျော်ကြေးပေးရန် တရားရုံးအမိန့်ချ

Posted by drmyochit Saturday, August 25, 2012, under | No comments

မိုဘိုင်းဖုန်းနှင့် Tablet ကွန်ပြူတာများတွင် Apple ၏နည်းပညာအချို့ကို Samsung ကုမ္ပဏီက  ခိုးယူခဲ့ခြင်းကြောင့် Samsung ကုမ္ပဏီက Apple ကုမ္ပဏီကို အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော် ပေးဆောင်ရန် အမေရိကန် တရားရုံးက အမိန့်ချမှတ် လိုက်ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည။်...မိုဘိုင်းဖုန်း ထုတ်လုပ်သည့် ကမ္ဘာကျော် ကုမ္ပဏီကြီးများဖြစ်သော Samsung နှင့် Apple တို့သည် မူပိုင်ခွင့်ချိုး ဖောက်မှုနှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဂျိုးရှိ ပြည်နယ်တရားရုံးတွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် တရားစွဲဆိုခဲ့ကြ ခြင်းဖြစ်သည်။ အဖွဲ့ဝင်၉ ဦးပါဝင်သော ဂျုရီလူကြီးများက Samsung က Apple ၏ နည်းပညာများကို ခိုးယူသုံးစွဲ ခဲ့ခြင်းကြောင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၅ ဘီလီယံ (စတာလင်ပေါင် ၆၆၅သန်း)ံလျော်ကြေးပေး ရန်ဆုံးဖြစ်ခဲ့ပြီး၊ Samsung ၏တရားစွဲဆိုချက်ကိုမူ ဂျုရီအဖွဲ့က ပယ်ချခဲ့သည်။Samsung ကထုတ်လုပ်သော Galaxy S 4G မော်ဒယ် အပါအဝင် မိုဘိုင်းဖုန်းများတွင် Apple ကုမ္ပဏီ၏ ဒီဇိုင်းများဖြစ်သော စာသားဖော်ပြမှုပုံစံ စသည်တို့ တွင်အသုံးပြုသော စနစ်ကို ခိုးယူခဲ့သည်ဟု အမေရိကန်တရားရုံး ဂျုရီအဖွဲ့က ဆုံးဖြတ်ခဲ့သည်။ Samsung ထုတ်မိုဘိုင်းဖုန်း များတွင် Apple ၏နည်းပညာ များဖြစ်သော ဖုန်းမျက်နှာပြင်ကို နှိပ်၍ မြင်ကွင်းချုံ့ခြင်း၊ချဲ့ခြင်းများ ပြုလုပ်ခြင်း၊ မိုဘိုင်းဖုန်းတွင် ကင်မရာ၊အီးမေးလ် များသုံးနိုင်ခြင်းစသော နည်းပညာများကို ယူသုံးခဲ့သည်ဟု ဂျုရီအဖွဲ့က ဆုံးဖြစ်ခဲ့သည်။ ထို့ပြင် Samsungက တရားစွဲဆိုသော ၎င်း၏ နည်းပညာများကို Apple က ခိုးယူသည် ဆိုသည်ကိုမူ အဆိုပါ ဂျုရီအဖွဲ့က ပယ်ချခဲ့သည်။ အဆိုပါတရားရုံး ဆုံးဖြတ်ချက်ကို အယူခံတရားရုံးသို့ အယူခံဝင်သွားမည်ဟု Samsung ကုမ္ပဏီက ထုတ်ပြန်ကြေညာသည်။

လှော်ကား - အင်းစိန် လော်ကယ်ရထား တိုက်မိ၍ တစ်ဦးသေဆုံး

Posted by drmyochit Saturday, August 25, 2012, under | No comments

မီးရထား တိုက်မိ၍ မတော်တဆ လူသေဆုံးမှုများ ဖြစ်ပွားနေဆဲ မြန်မာနိုင်ငံတွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့ နယ် အင်းစိန်ဘူတာ၌ ဆဒ္ဒန် ( ၅ )အမည်ရှိ လှော်ကား- အင်းစိန် လော်ကယ် ရထားတစ်စီး ဝင်ရောက်လာစဉ် ရထားလမ်း ဖြတ်ကူးခဲ့ သူတစ်ဦး ပွဲချင်းပြီး သေဆုံးမှု သြဂုတ်လ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်က ဖြစ်ပွားခဲ့ကြောင်း  အင်းစိန် ဘူတာရုံပိုင်က ပြောကြားသည်။ သေဆုံးသွားသူမှာ အသက် ၃၀ ကျော်ခန့်ရှိ အမျိုးသား တစ်ဦး ဖြစ်ပြီး ရထား ဝင်လာစဉ် ရုတ်တရက် ဖြတ်ကူးလိုက်သဖြင့် တိုက်မိခြင်း ဖြစ်ကြောင်း မျက်မြင် ခရီးသည်တစ်ဦးက ဆိုသည်။ ယင်းအပြင် ကြည့်မြင်တိုင် ဘူတာလည်း သြဂုတ် ၁ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က အသက် ကိုးနှစ်အရွယ်ရှိ မျက်မမြင် ကလေးငယ် တစ်ဦး ရထားတိုက်မိသဖြင့် သေဆုံးသွားခဲ့ကြောင်း လှော်ကား - ရန်ကုန် ရထားထိန်း တစ်ဦးက ပြောကြားသည်။

""နိုင်ငံတခါးများကျိုးပေါက်ခြင်းမှုကို အစိုးရအနေနှင့်လုံခြုံမှုရအောင် ထိမ်းသိမ်းဖို့လိုဟု ဦးကျော်သူပြော ပြီ""

Posted by drmyochit Saturday, August 25, 2012, under | No comments

ခိုင်ပြည်တွင် ဇွန်လက ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်း ဖက်မှုသည် မြန်မာနိုင်ငံ ခြံစည်းရိုး၊ တံခါးများကျိုး ပေါက်ခြင်းကို အခြေခံကာ ဖြစ်ပေါ်ခဲ့ရာ နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံခြံစည်းရိုး လုံခြုံအောင် ထိန်းသိန်းရန် လိုအပ်ကြောင်း နာရေးကူညီမှု အသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူက သြဂုတ်လ ၂၄ ရက်နေ့ စစ်တွေမြို့ အင်းပေါက်ဝ ဟိုတယ်တွင် ဒေသခံနာရေး ကူညီမှုအသင်းနှင့် တွေ့ဆုံစဉ် သတင်းထောက်များကို ပြောကြားခဲ့ကြောင်း သိရသည်။" မြန်မာနိုင်ငံရဲ့ အနောက်ဘက် တံခါးကျိုးပေါက်တယ်။ အရှေ့ဘက်ကလဲ ကျိုးပေါက်တယ်။ မြောက်ဘက်လဲ ကျိုးပေါက်နေတယ်။ နောက်ဆိုရင် မြန်မာနိုင်ငံ လို့ပြောရမယ့် အနေအထား မရှိအောင်ထိ ဖြစ်လာနိုင်တယ်။ ဒီလိုဖြစ်နေတာကို နိုင်ငံတော် အစိုးရအနေနဲ့ ကိုယ့်အိမ်၊ ကိုယ့်ခြံ၊ ကိုယ့်နိုင်ငံကိုရဲ့ ခြံစည်းရိုးကို သတ်မှတ်ပြီး လုံခြုံမှုအ ပြည့်အ၀ ရှိအောင် လုပ်ဖို့လိုတယ် " ဟု ဦးကျော်သူက ပြောသည်။ အိမ်ထောင်စု တစ်ခုအတွင်းသို့ အပြင်မှ ဧည့်သည်တစ်ဦး ၀င်လာကာ အိမ်တစ်ခုလုံးကို အပိုင်သိမ်းချင်သောကိစ္စကို သူ့အနေနှင့် လက်မခံနိုင်ကြောင်း၊ နိုင်ငံမှာဆိုရင်လည်း နိုင်ငံ၏စည်းကို ထိန်းသိမ်းရန် အားလုံးမှာ တာဝန်ရှိကြောင်းကို အသင်းစည်းကမ်းနှင့် ပတ်သက်၍ ဆွေးနွေးချက်တွင် အလေးထား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံတွင် အင်ဒိုနီးရှား၊ မလေးရှားများကဲ့သို့ ဘာသာခြားတစ်ခု လွှမ်းမိုးမှုမခံရအောင်၊ မိမိတို့ဘာသာ ပျောက်ကွယ် မသွားအောင် ရခိုင်တိုင် ရင်းသားများက တံတိုင်းကြီး တစ်ခုသဖွယ် ကြံ့ကြံ့ခံ ရပ်တည်ပေး နေကြောင်းကို နာရေးကူညီမှုအသင်း (ရန်ကုန်) အထွေထွေ အတွင်း ရေးမှူး ဒေါ်ရွှေဇီးကွက်က တွေ့ဆုံပွဲတွင် ပြောကြား ခဲ့ကြောင်း သိရသည်။ အိမ်နီးချင်း နိုင်ငံများမှ လူမျိုးခြားများ မြန်မာနိုင်ငံအတွင်း စိမ့်ဝင်ရောက် ရှိနေခြင်း၊ မသမာသော နည်းလမ်းများဖြင့် နိုင်ငံသားစိစစ် ရေးကဒ်ပြားများ ကိုင်ဆောင်ထား ခြင်းများကို ဥပဒေစိုးမိုးရေးအတွက် အမျိုးသားရေး တာဝန်အဖြစ် အထူးစီမံချက် တစ်ရပ်ချမှတ် ဖော်ထုတ် အရေးယူဆောင် ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စား၏  လှယ် မြတ်ဉာဏစိုးက သြဂုတ်လ (၈)ရက်နေ့ ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္တပုံမှန် အစည်းအဝေးတွင် (၂၂) ရက်မြောက်နေ့က တင်သွင်းခဲ့ရာ ဆွေးနွေးရန် အချိန်စောသေး ကြောင်းပြောကာ အစည်းအဝေးမှ ပယ်ချခဲ့သည်။

ဒု-ကင်းချောင်း ကျေးရွာအနီးတွင် ရခိုင်တိုင်းရင်း သားတစ်ဦးအလောင်းအား ကင်းလှည့်တပ်သားတစ်ဦးတွေ့ရှိ

Posted by drmyochit Saturday, August 25, 2012, under | No comments

ခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကင်းချောင်းကျေးရွာအုပ်စု၊ ဒု-ကင်းချောင်း ကျေးရွာအနီးဥယျဉ်ခြံ တစ်ခုတွင် အလောင်း တစ်လောင်းအား လုံခြုံရေးချ ထားသော ခလရ (၂၃၃)မှ တပ်သားတစ်ဦးကင်းလှည့်စဉ် သြဂုတ်လ ၂၄  ရက် နေ့ညနေ ၅ နာရီတွင် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ အလောင်းမှာ ဦးထွန်းရွှေလှိုင် အသက် (၄၀) နှစ် (ဘ) ဦးလှအောင် ဖြစ်ပြီး ဘူးသီးတောင်မြို့ အေးစေတီဘုန်းတော်ကြီး ကျောင်းအနီး အမှတ်(၅) ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း ဘူးသီတောင်မြို့မှ ဒေသခံတစ်ဦး ကပြောသည်။ " ဦးကျော်လှိုင်က ဘူးသီးတောင်မှာနေတာ၊ သူက သူ့မိဘပိုင် ဒု-ကင်းချောင်းကျေးရွာ အနီးနှစ်ဖာလုံခန့် အကွာမှာရှိတဲ့ ဥယျဉ်ခြံကို လုပ်ကိုင်စား သောက်နေတာ၊ အလောင်းမှာက ဦးခေါင်းထက်ခြမ်းကွဲ ဓါးဒဏ်ရာတစ်ချက်၊ ညာဘက် လက်မောင်းအောက်မှ ၀မ်းဗိုက်ထိ ထက်ခြမ်းကွဲ ဓါးဒဏ်ရာ တစ်ချက်၊ ၀ဲဘက်လက်မောင်း ဓါးဒဏ်ရာတစ်ချက်၊ ကျောကုန်းတွင် ဓါးဒက်ရာတစ်ချက်၊ လက်ဝဲဘက်ပေါင် ဓါးဒဏ်ရာတစ်ချက်၊ ခန္ဓာကိုယ်အနှံ့ ရိုက်နှက်ဒဏ်ရာ မြောက်းများစွာ ဖြင့်ရက်ရက်စက်စက် သတ်ဖြတ်ခံထားရတာ တွေ့ရတယ်။ " ဟု အဆိုပါဒေသခံက ပြောသည်။ အဆိုပါ အလောင်းအား (၂၅-၈-၁၂) နံနက်တွင် ဘူးသီးတောင် ဆေးရုံးသို့ သယ်ယူစစ် ဆေးခဲ့ပြီး မွန်းလွဲ (၁)နာရီတွင် သေဆုံးသူ၏ မိသားစုဝင်များနှင့် မြို့သူမြို့သားများက လိုက်ပါ သင်္ဂြိုလ် ခဲ့ကြကြောင်း သိရသည်။ ဘူးသီးတောင်မြို့နယ်၊ ကင်းချောင်းကျေး ရွာအုပ်စုတွင် ကင်းချောင်း၊ ဒု-ကင်းချောင်း၊ သဘောက်ချောင်း၊ လက်ပံကိုင်း၊ အာကာပျံ၊ စသောကျေးရွာငါးရွာတွင် လုံခြုံရေးအတွက် ခလရ (၂၃၃) မှ တပ်သားအင်အား ၈ ယောက် တာဝန်ယူလျက်ရှိပြီး အမှုမှန်ပေါ်အောင် ဘူးသီးတောင်မြို့နယ် ရဲတပ်ဖွဲ့မှ ဆက်လက် စုံစမ်းစစ် ဆေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင်း ဒုကင်းချောင်းကျေးရွာနေ ဒေသခံဒိုင်းနက် တိုင်းရင်းသားများမှာ အသက်အန္တာရာယ် အတွက်လုံခြုံရေးစိတ်ချရသည့် အခြေအနေမရှိသောကြောင့် နီးစပ်ရာလုံခြုံ သောနေရာများသို့ ထွက်ပြေးတိမ်းရှောင် နေကြကြောင်း သတင်းရရှိသည်။ ယခုကဲ့သို့ ရခိုင်ပြည်အနှံ့တွင် ဘင်္ဂလီကုလားများ၏ ငြိမ်းခြောက် သတ်ဖြတ်နေမှုကြောင်း ဒေသခံတိုင်းရင်း သားများမှာ မိမိတို့၏ နေ့စဉ်ပုံမှန် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို မလုပ်ကိုင်နိုင် ကြသဖြင့် စားဝတ်နေ ရေးအတွက် အလွန်အခက် အခဲရောက်လျက် ရှိသည် ။ ရခိုင်ဒေသတွင် အေးအေးချမ်းချမ်း ပြန်လည်တည်ငြိမ်နေပြီဟု အစိုးရအဏာပိုင်များမှ ထုတ်ပြန်ကြေငြာ ထားသော်လည်း ရခိုင်လူမျိုး များမှာလူများစု ဘင်္ဂလီကုလားများ၏ သတ်ဖြတ် ခြိမ်းခြောက် မှုများကို ခံနေရဆဲ ဖြစ်ကြောင်းသိရသည်။

""ဆရာမစောမြရာဇာလင်း ပြည်တော်ပြန်တော့မယ်""

Posted by drmyochit Saturday, August 25, 2012, under | No comments

ရခိုင်ပြည်လွတ် မြောက်ရေးပါတီ ခေါင်းဆောင် တစ်ဦးလည်းဖြစ် ရခိုင်အမျိုးသမီး များအစဉ်းအရုံး ဥက္ကဌ လည်းဖြစ်သူ ဆရာမ စောမြရာဇာလင်းသည် ၁၉၈၈ ခုနှစ်မှ ယနေ့ထိ ၂၄ နှစ်တိတိ နိုင်ငံရပ်ခြား၌နေ ပြီး နောက် ဦးသိန်းစိန် အစိုးရ၏-ငြိမ်းချမ်းရေးခေါ်ဆောင် မှုအစီအစဉ်ဖြင့် ဇာတိရပ်ထံပြန်မည် သတင်းရရှိသည်။ ဆရာမသည် ၁၉၈၈  ခုမြန်မာဒီမိုက ရေစီအရေး အခင်းတွင် ရခိုင်ပြည်၌ ခေါင်းဆောင်ခဲ့ပြီး ဘင်္ဂလား ဒေ့ခ်ျ နပ်စပ်၌ခိုလှုံခဲ့သည်။
ဆရာမစောမြရာဇာလင်း နှင့်အဖွဲ့ကို ဗိုလ်မှူးကြီး ထိန်လင်းဗိုလ်မှူးကြီး အောင် နိုင်ဦးတို့၏ အစီအစဉ်ဖြင့် ကြိုမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းအပြည့်အစုံကို ဆရာမနှင့်ဆက်သွယ်ရန်။ ဖုန်း ၀၀ ၈၈ ၁၈၃၀၈၇၉၄၇၃ ဖုန်း ၀၀၈၈၀၁၇၃၂၆၄၉၀၀၇ လေးစားစွာဖြင့် စောစန္ဒာဌေး ခိုင်မင်းထက်ဝေ အလုပ်ချုပ်ရေးမှူး စောမြရာဇာလင်း (ကိုယ်ရေးအရာရှိ) လောင်းချိပ်ရုံး ဘင်္ဂလားဒေခ်ျ ဌာနခွဲရခိုင်အမျို သမီးမျးအစည်းအရုံး ရခိုင်ပြည်လွတ် မြောက်ရေးပါတီ။

ဗီယက်နမ်မှာ ဘဏ်ကနေ အလုအယက် ငွေထုတ်ယူနေ

Posted by drmyochit Saturday, August 25, 2012, under | No comments

ဗီယက်နမ် နိုင်ငံမှာ အဂတိ လိုက်စားမှု စွပ်စွဲချက်နဲ့ တနင်္လာ နေ့က ဖမ်းဆီး ခံနေရတဲ့ ဘဏ် လုပ်ငန်းရှင် ငုယင် ဒု ကီယန် Nguyen Duc Kien နဲ့ ပတ်သက် တဲ့ ထိပ်တန်း ဘဏ်ကြီး မှာ ငွေကြေး စုဆောင်း ထားကြသူတွေက စိုးရိမ်ပူပန်ပြီး သူတို့ ငွေတွေကို သန်းနဲ့ ချီ ပြန်လည် ထုတ်ယူနေကြပါတယ်။
ဗီယက်နမ် ဗဟိုဘဏ်က သူတို့ ငွေတွေ စိတ်ချ ရပါတယ်လို့ အာမခံ နေတဲ့ ကြားက ဟနွိုင်းနဲ့ ဟိုချီမင်း မြို့တို့မှာ ရှိတဲ့ Asia Commercial Bank ရဲ့ ဘဏ်ခွဲတွေ ရှေ့မှာ လူတွေ အမြောက် အများ တန်းစီ နေကြပါတယ်။ ဘဏ် လုပ်ငန်းရှင် ကြီး ကို ဖမ်းဆီးခဲ့ပြီးတဲ့ နောက်ပိုင်းမှာ အစုရှယ်ယာ ဈေးတွေလည်း သိသိသာသာ ထိုးကျ သွားခဲ့ပါတယ်။ သူဟာ ဗီယက်နမ် ကွန်မြူနစ် ပါတီ ခေါင်းဆောင်ပိုင်းနဲ့ နီးစပ်သူလို့ လူတွေက သိထားကြတာ ဖြစ်ပြီး သူ့ကို ဖမ်းဆီးမှုကြောင့် နိုင်ငံရဲ့ ဘဏ္ဍညရေး ကဏ္ဍ အပေါ် ယုံကြည်မှု နည်းပါး လာတာ ဖြစ်ပါတယ်။

UNHCR ၀န်ထမ်း မောင်တောတွင် ထောင် ၆ နှစ် ချမှတ်ခံရ

Posted by drmyochit Saturday, August 25, 2012, under | No comments

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်း ဖက်မှုကြောင့် ဖမ်းဆီးခံ ထားရသည့် ယူအန်အိပ်စီအာရ် ၀န်ထမ်း တဦးဖြစ်သူ ဒေါ်ချိုလေးမာခါတုန်နှင့် တခြား ၂ ဦးတို့ကို မောင်တော ခရိုင် တရားရုံးမှ ယနေ့တွင် စီရင်ချက် ချမှတ်လိုက်ကြောင်း သိရှိရသည်။ တရားခံ ၃ ဦးထဲမှ ဒေါ်ချိုလေးမာခါတုန်အား ထောင် (၆) နှစ်နှင့် ဘူးသီးတောင်မြို့မှ ဘင်္ဂလီ အမျိုး သားများ ဖြစ်သည့် ဦးမောင်ခင်ရွှေနှင့် ဦးမောင်ခင်ဇော်တို့အား (၃) နှစ် တစ်ဦး (၂) နှစ် တစ်ဦးစီ ချမှတ်လိုက်သည်ဟု ဆိုသည်။ “ ချိုလေးမာခါတုန်ကို ၂ နှစ်နဲ့ တစ်မှု၊ ၆ နှစ်နဲ့ တစ်မှု စုစုပေါင်း အမူ ၂ ခုနဲ့ (၈) နှစ်ဖြစ်ပါတယ်။ ဒါပေမဲ့ စုစုပေါင်း ကျခံမဲ့ နေရာမှာ ၆ နှစ်ဆိုပြီး တရားသူကြီးက အမိန့်ချလိုက်ပါတယ်။ ဘူးသီးတောင်က ဖမ်း ထားတဲ့ ဘင်္ဂလီမွတ်ဆလင် ၂ဦးဖြစ်တဲ့ မောင်ခင်ရွှေနဲ့ မောင်ခင်ဇော်ကိုတော့ ၃ နှစ်တယောက်၊ ၂ နှစ် တယောက် ချလိုက်ပါ တယ် ” ဟု မောင်တော တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။ အမိန့်ကို မောင်တောခရိုင် တရားသူကြီး ဦးခင်ဇော်မှ ယနေ့ နေ့လည်ပိုင်းတွင် စီရင် ချမှတ် လိုက်ခြင်း ဖြစ်သည်။ သူတို့အား စွဲဆိုထားသည့် ပုဒ်မနှင့် စီရင်ချက် ချမှတ်သည့် ပုဒ်မများကိုလည်း သူကယခုကဲ့သို့ ဆက် ပြောသည်။ “ သူတို့ကို စွဲတာက ၁၄၈ ပုဒ်မ၊ ၅၀၅ (ဂ)၊ ၁၃၅ (က) နဲ့စွဲပါတယ်။ ချတာက ၄၃၆ ပုဒ်မ၊ (၁၀၉)၊ ၅၀၅ (ဂ) ပါ။ အမှန်တကယ်ဆိုရင် ၄၃၆ ပုဒ်မ၊(၁၀၉)က ၅ နှစ်ရှိပါတယ်။ ၅၀၅ (ဂ)က ၂ နှစ်ပါ။ နိုင်ငံခြားငွေ အလွဲသုံးစားမှု ၂၁ လည်း ၁ နှစ်ရှိပါတယ်။ အားလုံး ၈ နှစ်ရှိပါတယ်။ အခုက တရားသူကြီးက ၆ နှစ် ဆိုပြီး အမိန့်ချပါတယ်။ ဘူးသီးတောင်က နှစ်ယောက်တော့ စွဲတာက အတူတူ ပါ ။ ချတာက မတူပါ ဘူး။ ၁၄၅ (က) ၂ နှစ်ပါ၊ ၂၄ က ၁ နှစ်ပါ။ နောက်တယောက်က ၁၃၅ (က) ၅၀၅ (ဂ)ပါ ” ဟု ပြော သည်။
သူတို့အား ဇွန်လအတွင်းက မောင်တောမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်း ဖက်မှုတွင် ပါဝင်ပတ် သက်သည်ဟုဆိုကာ ပုဒ်မ ၁၅၃-က၊ ၄၃၆၊ ၁၄၈၊ ၅၀၅ (ဂ)၊ အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ (၅) ည တို့ဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ကြာသားပတေးနေ့က ပြည်ထဲရေး ၀န်ကြီးဌာန အမိန့်ဖြင့် ဖမ်းဆီးထားသည့် နိုင်ငံတကာ အန်ဂျီအို ၀န်အထမ်းနှင့် ယူအန်အိပ်စီအာရ် ၀န်ထမ်း ၅ ဦးကို ဘူးသီးတောင်နှင့် စစ်တွေ အကျဉ်းတို့မှ လွတ်ပေးခဲ့သည်။

ရေကြီးနစ်မြုပ် နေသည့် ဒေသ အချို့သို့ သွားရောက် လှူဒါန်းမှုများ ပြုလုပ်

Posted by drmyochit Saturday, August 25, 2012, under | No comments

ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ ရေလွှမ်းမိုးခြင်း ခံရသော ဒေသများရှိ ရေဘေးသင့် ပြည်သူများနဲ့ တောင်သူ လယ်သမား များကို မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းချုပ်က သြဂုတ်လ ၂၂ ရက် နေ့က သွားရောက် လှူဒါန်းမှုများ ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ ဒီလို လှူဒါန်းရာ မှာတော့ ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ တာဝန်ရှိ သူများကို မျိုးစပါးများ၊ ဆန်အိတ်များနဲ့ အလှူငွေ များကို သွားရောက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ လှူဒါန်းမှု မှာတော့ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းချုပ်မှ မျိုးစပါး တင်း ၁၀၀၀ နဲ့ ဆန်အိတ် ၅၀၀ နဲ့ လှူဒါန်းငွေ သိန်း ၁၀၀ တို့ကို သွားရောက် လှူဒါန်း ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ရေကြီးနစ်မြုပ်ရာ မှာတော့ ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ၂၈ မြို့နယ်အနက် ပဲခူးတိုင်း ဒေသကြီး အရှေ့ပိုင်းမှ မြို့နယ် ၁၄ မြို့နယ်သာ ရေလွှမ်းမိုးခံ ခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို ရေလွှမ်းမိုး ခံရမှုကြောင့် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ လယ်မြေဧက ၃ သိန်းကျော် ရေလွှမ်းမိုး ခြင်းခံခဲ့ရ တာဖြစ်ပြီး မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းချုပ် အနေနဲ့ ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ ရေကြီး နစ်မြုပ် ပျက်စီး သွားတဲ့ နေရာများမှာ အချိန်မီ ပြန်လည် အစားထိုး စိုက်ပျိုး နိုင်ရန်အတွက် အခုလို မျိုးစပါးများ၊ ဆန်အိတ်များနဲ့ အလှူငွေ များကို သွားရောက် လှူဒါန်း ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းချုပ် အနေနဲ့ နိုင်ငံ အတွင်းရှိ ဒေသ အသီးသီးရှိ ရေလွှမ်းမိုးခြင်း ခံရတဲ့ တောင်သူ လယ်သမားများကို ကူညီ ထောက်ပံ့ နိုင်ရန် အတွက် အရေးပေါ် ကူညီမှု အဖွဲ့ EERTကို ဖွဲ့စည်းပြီး မျိုးစပါးများကို လုပ်ငန်းရှင်များ ထဲမှ ၀ယ်ယူလျက် ရှိတယ်လို့ သိရပါတယ်။

မြန်မာအစိုးရနှင့် NGOs ကွန်ယက်တို့ NGOs မှတ်ပုံတင်ခြင်း ဥပဒေဆိုင်ရာ တွေ့ဆုံဆွေးနွေး

Posted by drmyochit Saturday, August 25, 2012, under | No comments

မြန်မာနိုင်ငံ၏ ပြည်တွင်း အစိုးရ မဟုတ်သော အဖွဲ့အစည်း-NGOs မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပြန်လည် ရေးဆွဲရေး ကိစ္စကို NGOs ကွန်ယက် အဖွဲ့များနှင့် အစိုးရဌာန ဥပဒေရေးရာ တာဝန်ရှိသူများ ယမန်နေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ ဆွေးနွေးပွဲကို နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် ညနေ ၆နာရီမှ ၈နာရီခွဲအထိ ပြုလုပ်ခဲ့ရာ ၎င်းတွေ့ဆုံပွဲ၌ ၁၉၈၈ခုနှစ်က အတည်ပြု ထားခဲ့သည့် NGOs မှတ်ပုံတင်ခြင်း ဥပဒေကို NGOs ကွန်ယက် အဖွဲ့များက လက်မခံ နိုင်သဖြင့် ထိုသို့ ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း မြန်မာ အမျိုးသမီးများ ကွန်ယက်အဖွဲ့ ဥက္ကဌ နော်စူစဲနာလှလှစိုး က ကေအိုင်စီသို့ ပြောသည်။
“နဂိုရှိပြီးသား NGOs ဥပဒေက အခုခေတ်နဲ့ မသင့်တော်ဘူး။ အဲ့ဒါ ၈၈(အရေးတော်ပုံ) တုန်းကနေပြီးတော့ အသင်းအဖွဲ့တွေကို နှိပ်ကွပ်ဖို့ ထုတ်ပြန်ထားတဲ့ အမိန့်ဥပဒေဖြစ်လို့ လက်မခံနိုင်ဘူး”ဟု ပြောသည်။ ပြီးခဲ့သည့် အပတ်က ပြည်သူ့လွှတ်တော် ထဲတွင် သင်္ကန်းကျွန်း မဲဆန္ဒနယ်မှ အမျိုးသား ဒီမိုကရက် တစ်တပ်ဦး -NDF ပြည်သူ့လွှတ်တော် ဦးသိန်းညွန့်က ခေတ်နှင့်လျှော်ညီသည့် NGOs မှတ်ပုံတင်ခြင်း ဥပဒေတစ်ရပ်ကို ပြဌာန်းနိုင်ရေးကို အဆိုတင်သွင်းခဲ့ရာ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဥပဒေရှိပြီး သားဖြစ်၍ အသစ်ပြန်လည် ရေးဆွဲရန် မလိုအပ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ တွေ့ဆုံပွဲတွင် အစိုးရဘက်မှ လူမှုဖွံ့ဖြိုးရေး ကော်မတီဥက္ကဌ ဦးမောင်မောင်ရွှေ၊ ဥပဒေကြမ်း ရေးဆွဲရေးကော် မတီ၊ ဥပဒေရေးရာနှင့် အထူး ကိစ္စများ လေ့လာသုံးသပ်ရေး ကော်မရှင်ဥက္ကဌ တို့ပါဝင်ပြီး NGOs ကွန်ယက် အဖွဲ့များဘက်မှ မြန်မာအမျိုးသမီး များကွန်ယက်၊ မြန်မာNGO ကွန်ယက်မှ ဦးမြင့်ဆွေ၊ နာရေးကူညီ မှုအသင်းမှ ဆရာမသန်းမြင့်အောင်၊ HIV positive ကွန်ယက် အဖွဲ့တို့အပြင် ၈၈မျိုးဆက် ကျောင်းသား အဖွဲ့ခေါင်းဆောင် ဦးကိုကိုကြီး၊ မျိုးဆက်သစ် လူငယ်များအစည်းအရုံး (GW)စသည်ဖြင့် စုစုပေါင်း လူ ၈၀ဦးခန့် တက်ရောက်ခဲ့ကြသည်။ အစီအစဉ်အရ တွေ့ဆုံဆွေး နွေးပွဲသို့ လွှတ်တော်ဥက္ကဌ ဦးသူရရွှေမန်း တက်ရောက် မည်ဖြစ်သော် လည်း နောက်ပိုင်းတွင် အရေးပေါ် အစည်းအဝေးကြောင့် မတက်ရောက် နိုင်တော့ကြောင်းလည်း သိရသည်။
ထို့အပြင် ပြည်တွင်း NGOs ကွန်ယက်အဖွဲ့များမှ တင်ပြဆွေးနွေး ချက်များကို ဥပဒေပြုရေး လွှတ်တွေကိုယ် စားလှယ်များနှင့် သက်ဆိုင်ရာ ကော်မရှင်များဘက်မှ နားထောင်ပေးခဲ့ပြီး နောက်ဆုံးအနေဖြင့် NGOs ဘက်မှ တောင်ဆိုထားသည့်အတိုင်း ဖြစ်ရပါစေ မည်ဟုလည်း မှတ်ချက် ပေးခဲ့ကြောင်း သိရသည်။ နော်စူစဲနာလှလှစိုးက “လွှတ်တော်ဥက္ကဌက NGOs Law ရှိပြီးသားပဲ။ ဆက်ပြီးတော့ ပြဌာန်းစရာ မလိုဘူး။ နည်းဥပဒေတွေပဲ လိုတယ်ဆို ပြီး ပြောတယ်။ အဲ့ဒါကိုပဲ ကျမတို့က စိုးရိမ်ပါတယ်။ အခုက NGOs Law နဲ့ပတ်သတ်ပြီးတော့ သူတို့ကဆွဲမယ်။ ပြင်မယ်ဆိုတော့ ဒီ NGOs တွေရဲ့အသံကိုလည်းကြားဖို့ လူထုနဲ့ဖလှယ်မှုလုပ်တာပါပဲ”ဟု ပြောသည်။
ယခု လက်ရှိ ဥပဒေထဲတွင် NGOs မှတ်ပုံတင် သည့်အခါ အစိုးရထံ မြန်မာ ငွေကျပ်ငါးသိန်း ပေးရမည့်အချက် ပါဝင်နေသဖြင့် ကိုယ်ထူကိုယ် ထ ရပ်တည်နေသည့် NGOs အဖွဲ့လေးများအနေဖြင့် မပေးဆောင်နိုင် သည်များကို ထည့်သွင်းဆွေးနွေး နိုင်ခဲ့သဖြင့် ယင်းတွေ့ဆုံ ဆွေးနွေး ပွဲအပေါ် NGOs ကွန်ယက်များဘက်မှ အားရကျေနပ် မှုရှိကြောင်း သိရသည်။

လူငယ်များ၏ စကားလက်ဆောင်။

Posted by drmyochit Saturday, August 25, 2012, under | No comments

ကျနော်က ဖာပွန်မြို့နယ်၊ ကွီးတမာ့ (မိချောင်းဝင်း) ရွာမှာ နေပါ တယ်။ မောင်နှမ လေးယောက်ရှိပြီး ကျနော်က ၂ယောက်မြောက် သားပါ။ မိဘတွေ ကတော့ ရွာမှာပဲ နေကြပြီး လယ်နဲ့ တောင်ယာပဲ လုပ်ပါတယ်။ ကျနော် ရွာမှာ သူငယ်တန်းကနေ ၃တန်းအောင် အထိ ကျောင်းနေ ခဲ့ပါတယ်။ မိဘတွေ အလုပ်က ပင်ပမ်းတဲ့အတွက် သူတို့ကို ကူညီချင်တာနဲ့ ၃တန်းအောင် တဲ့နှစ်မှာ ပဲ ကျောင်းဆက် မတက်တော့ဘဲ တနှစ် နွားကျောင်းတယ်။ ဒါပေမယ့် ကျောင်းကလည်း တက်ချင်သေး တယ်ဆိုတော့ နွားကျောင်းပြီး ကျောင်းဆက်နေဖို့ ဆုံးဖြတ်ခဲ့တယ်။
ရွာမှာ ကျောင်းဆက် တက်မယ်ဆိုရင် ကျောင်းစရိတ် ကလည်း ရှိသေးတယ်လေ။ အလုပ်လုပ် နေရတဲ့ မိဘကိုလည်း စာနာတယ်။ ဒါကြောင့် ကျောင်းစရိတ် မလိုတဲ့ ထိုင်း-မြန်မာနယ်စပ်က မဲခေါင်ခါး(ယခု မယ်လအူး) ဒုက္ခသည် စခန်းကို တော်လှန်ရေးအဖွဲ့ အကူအညီနဲ့ ၁၉၉၉ ခုနှစ်မှာ တက်လာပြီး ကျောင်းဆက်နေတယ်။ ဒုက္ခသည် စခန်းမှာ ကျောင်းတက်တာ ဆယ်တန်းအောင် တဲ့အထိပါပဲ။ ဆယ်တန်း အောင်ပြီး ၂၀၀၇မှာ KNU က တပ်မဟာ(၅)မှာ ဖွင့်လှစ်တဲ့ မျိုးဆက်သစ် ကရင်လူငယ် သင်တန်းကျောင်းကို ၂နှစ် တက်တယ်။ အဲဒီ ကျောင်းကစပြီး ကရင့်သမိုင်းနဲ့ တော်လှန်ရေးသမိုင်း ကို တော်တော် သိလာခဲ့တယ်။ ပြီးတော့ KNU တပ်မဟာ(၅) ကဖွင့်တဲ့ ဒေးဖိုးနို အထက်တန်းကျောင်း မှာ ကျောင်းဆရာ တနှစ် ပြန်လုပ်တယ်။ အဲဒီနောက်ပိုင်း KNU ထဲမှာ စ၀င် အလုပ်လုပ်တာ အခုထိပါပဲ။ လက်ရှိ ၂၀၁၂ခုနှစ်၊ KNU တပ်မဟာ(၇)၊ လှိုင်းဘွဲမြို့နယ် မှာဖွင့်တဲ့ မျိုးဆက်သစ် ကရင်လူငယ် သင်တန်းကျောင်းကို တက်ရောက်မှာ ဖြစ်ပါတယ်။ ကျနော ငယ်ငယ်တုန်းက စစ်ဗိုလ် အရမ်းဖြစ်ချင်တာ။ ဒါပေမယ့် လူမှုအသိုင်း အ၀ိုင်းထဲမှာ အလုပ်လုပ်ရင်း နိုင်ငံရေးဘက်ကို စိတ်ပြန်ဝင်စား လာတယ်။ ဒီလိုမျိုး နိုင်ငံရေးသင်တန်း ကျောင်းအရင်က တက်ထား ဖူးပေမယ့် အခုဒီကျောင်းမှာ ဒီနှစ်သင်မယ့် ဘာသာရပ်တွေ အရမ်းစိတ် ၀င်စားတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဘာသာရပ် ကတော့ အဓိကပေါ့။ အခြေခံစစ် သင်တန်းလည်း ပါတယ်လေ။ ကျနော် ရည်ရွယ်ထား တဲ့အရာတွေကို တတ်စွမ်းသမျှ ကြိုးစားပြီး လုပ်သွားမယ်လို့ ဆန္ဒပြုထားပါတယ်။ နောက်ဆုံးအနေနဲ့ ကရင်လူငယ်တွေကို ကျနော်ပြော ချင်တာက ကိုယ့်ကရင့်သမိုင်းကို သိရှိနားလည်အောင် လေ့လာပါ။ ကိုယ့်ကရင် အမျိုးသား အတွက်လည်း တတ်နိုင်တဲ့ဘက်က အလုပ် လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။

ရခိုင်ပြည်နယ်ကိစ္စကြောင့် ဝါရှင်တန်၏ မြန်မာ့ရေးရာမူဝါဒ အပေါ်ထိခိုက်မှုမရှိဟု သံအမတ်ကြီးပြောကြား

Posted by drmyochit Saturday, August 25, 2012, under | No comments

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ဆူပူအုံကြွ မှုများကြောင့် မြန်မာနိုင်ငံ အပေါ်ထား ရှိသော အမေရိကန် ပြည်ထောင်စု၏ ပိတ်ဆို့အရေး ယူမှုလျှော့ချပေး ရေးဆိုင်ရာ မူဝါဒအပေါ် ထိခိုက်နစ်နာ မှုမရှိကြောင်း မြန်မာဆိုင်ရာ အမေရိကန် သံအမတ်ကြီး  ဒဲရစ်မစ်ချဲလ်က ပြောကြားကြောင်း The Wall Street Journal က သြဂုတ်လ ၂၄ ရက်နေ့တွင် ရေးသားဖော်ပြသည်။ "ဆူပူအကြမ်း ဖက်မှုတွေ အင်မတန် လျင်မြန်စွာ ဖြစ်ပေါ်သွားတယ်၊ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကူးဆက်ပြန့်နှံ့ ခဲ့တယ်ဆိုတဲ့ ကိစ္စတွေက ကျွန်တော်တို့ကို အံ့အားသင့်လောက် အောင်ဖြစ်စေခဲ့တယ် ဆိုတာကိုတော့ ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စက ပိတ်ဆို့အရေး ယူမှုအပေါ် ထားရှိတဲ့ ကျွန်တော်တို့ရဲ့ သဘောထားကို ထိခိုက်မှုရှိမယ်လို့ မထင်မိပါဘူး။  ကျွန်တော်တို့အတွက် မြန်မာနိုင်ငံမှာ ပိုပြီးရှုပ်ထွေးတဲ့ စိန်ခေါ်မှု တွေရှေ့မှာ ရှိနေပြီဆို တဲ့သဘော မျှသာဖြစ်ပါတယ်" ဟု နှစ်ပေါင်း ၂၂ နှစ်တာကာလ အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ကြီးဖြစ်လာသူ ဒဲရစ်မစ်ချဲကဆိုသည်။ ရိုဟင်ဂျာ ပဋိပက္ခ အများစုမှာ ၎င်းတို့အား နိုင်ငံတွင်းနေ ထိုင်ခွင့်ပြုရန် ငြင်းဆန်ကြသူ မြန်မာနိုင်ငံသား များထံမှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။ 
"နိုင်ငံသားတွေအကြား သည်းညဉ်း မခံနိုင်မှုနဲ့ ခွဲခြားဆက်ဆံမှု သဘောထားကို အနက်ရှိုင်းဆုံး အနေအထားနဲ့ တွေ့မြင်ရတာဟာ ကြမ္မာငင်မှုတစ်ခုပါ" ဆူပူအုံ ကြွမှုများသည် လူ့အဖွဲ့ အစည်းတွင်း နက်ရှိုင်းစွာ အမြစ်တွယ် နေသည့် သည်းညဉ်း မခံတတ်သော သဘောတရားများ နှင့်အတူထွက် ပေါ်လာကြောင်း၊ အဆိုပါ သည်းညဉ်းမခံ တတ်သည့် သဘောတရားမှာလည်း လူ့အဖွဲ့ အစည်းအတွင်း ကြီးမားထင်ရှားသော သာဓကတစ်ခု သဖွယ်ရှိ နေပုံရကြောင်း ၎င်းကပြောကြားသည်။
ထို့ပြင် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်က ရခိုင်ပြည် နယ်တွင်းရှိ ဗုဒ္ဓဘာသာဝင် များအကြား ဖြစ်ပေါ်နေသည့် စိတ်ခံစားချက်ကို အမေရိကန်ပြည် ထောင်စုကနား လည်ပါကြောင်း၊ နိုင်ငံတကာအဖွဲ့ အစည်းများက ရိုဟင်ဂျာအရေး ကိစ္စအပေါ်အလွန် အမင်အသားပေး ပြောဆိုခဲ့သည် ဟူသောအချက် ကိုလည်း မိမိတို့က သိရှိနားလည် ထားပါကြောင်း ပြောကြားသည်။

ရန်ကုန် သတင်းထောက်များ ဆန္ဒပြခွင့် မရ

Posted by drmyochit Saturday, August 25, 2012, under | No comments

သတင်းလွတ်လပ်ခွင့် ရရှိရေးအတွက် ပြည်တွင်း သတင်းသမားများ စုပေါင်းပြီး ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ဆန္ဒပြရန် တရားဝင် လျှောက်ထားခဲ့ရာ ခွင့်ပြုချက်မရဘဲ ဆန္ဒပြလျှင် အရေးယူခံ ရမည်ဟု ရဲက သတိပေးလိုက်သည်။ “ဒီလ ၂၁ ရက်နေ့မှာ တရားဝင် ဆန္ဒပြခွင့် လျှောက်ထားတယ်။ ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးယုကြည်က လျှောက်လွှာ လက်ခံတယ်။ ဒီနေ့ ၂၄ ရက်နေ့မှာ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြမယ့် ကိစ္စကို သက်ဆိုင်ရာက ခွင့်မပြုနိုင်ဘူး။ ငြင်းပယ် တယ်ဆိုပြီး အမိန့်ထုတ်တယ်။ အဲဒီအမိန့်ကို အယူခံခွင့်ရှိတယ်၊ ဒါပေမဲ့ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြရင်တော့ ဥပဒေအရ အရေးယူမယ်လို့ ပြောတယ်” ဟု သတင်းလွတ်လပ်ခွင့် ကော်မတီ၏ ပြန်ကြားရေး တာဝန်ခံ ကိုဇော်သက်ထွေးက ပြောသည်။ ဆန္ဒပြခွင့်ကို ငြင်းပယ်ရခြင်းမှာ သတင်းသမားများ ဆန္ဒပြမည့် ရန်ကုန်မြို့တော် ခန်းမရှေ့သည် အများပြည်သူ များသွားလာ နေသော နေရာဖြစ်ပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂(ဂ)တွင် “ယာဉ်များနှင့် လမ်းသွား လမ်းလာများ၊ ပြည်သူများကို အနှောင့်အယှက် ဖြစ်စေသော တားဆီး ပိတ်ဆို့ခြင်းမပြုရ” ဆိုသော ပြဋ္ဌာန်းထားသဖြင့် ခွင့်မပြုခြင်း ဖြစ်သည်ဟု အမိန့်စာတွင် ဖော်ပြသည်။ ရန်ကုန်မြို့တွင် လူသွားလူလာ ကင်းရှင်းသည့် နေရာဟူ၍ နည်းပါးပြီး လူရှင်းသော နေရာကို မည်သို့မည်ပုံ သတ်မှတ်သနည်း၊ လူရှင်းသော နေရာများတွင် ဆန္ဒပြလျှင် ခွင့်ပြုနိုင် မည်လောဟု သတင်း သမားများက ရဲစခန်း တာဝန်ရှိ သူများကို မေးမြန်းရာတွင်မူ အမိန့်စာကို အယူခံဝင် နိုင်သည်ဟု တာဝန်ကျ ရဲအရာရှိက ပြောဆိုကြောင်း သိရှိရသည်။ သတင်းလွတ်လပ် ခွင့်မရရှိခြင်း၊ သတင်းဂျာနယ်များကို အစိုးရ တရားစွဲဆိုနေခြင်း၊ မီဒီယာဥပဒေကို မီဒီယာသမားများ ကိုအသိမပေးဘဲ ရေးဆွဲခြင်းများကို ကန့်ကွက်ရန် တရားဝင်ဆန္ဒပြခွင့် လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ဆန္ဒပြခွင့် ငြင်းပယ်ခံ လိုက်ရသော်လည်း သတင်း လွတ်လပ်ခွင့် ရရှိရေးအတွက် ဆက်လက်ကြိုးပမ်းသွား မည်ဖြစ်ကြောင်း သိရှိရသည်။ “သတင်းလွတ် လပ်ခွင့်ရဖို့တော့ လုပ်စရာရှိတာတွေ ဆက်လုပ်သွားမယ်” ဟု ကိုဇော်သက်ထွေးက ပြောသည်။ယနေ့ ပုဇွန်တောင်မြို့နယ်တရားရုံးတွင် လျှပ်တပြက်ဂျာနယ်အမှုကို ကြားနာခဲ့ပြီး စက်တင်ဘာလ ၇ ရက်နေ့တွင် လျှပ်တပြက် ဂျာနယ်ကို ပုဇွန်တောင်မြို့နယ်အုပ်ချုပ်ရေးမှူးက ဆူပူအုံကြွအောင် လှုံ့ဆော်ေ ရးသားမှုဖြင့် တရားစွဲဆိုမှုအပေါ် စွဲချက်တင်သင့်၊ မတင်သင့် ဆုံးဖြတ်မည်ဖြစ်သည်။ သတ္တုတွင်း ၀န်ကြီးဌာနနှင့် The Voice ဂျာနယ်အမှုကိုလည်း စက်တင်ဘာလ ၆ ရက်နေ့တွင် စွဲချက်တင်သင့်၊ မတင်သင့် ဆုံးဖြတ်ရန်ရှိသည်။

ရခိုင်အရေး တည်ငြိမ် အေးချမ်း သွားပြီ ဖြစ်ကြောင်း မြန်မာ သံအမတ်က ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်ကို ပြောကြား

Posted by drmyochit Saturday, August 25, 2012, under | No comments

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခမှာ တည်ငြိမ်အေး ဆေးသွားပြီ ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ  မြန်မာနိုင်ငံ သံအမတ် ဦးမျိုးမြင့်သန်း ကဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာကို ပြောကြားလိုက်သည်။ ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာနှင့် ယမန်နေ့က သူမ၏ ရုံးခန်းတွင် သွားရောက် တွေ့ဆုံစဉ် မြန်မာသံအမတ် ဦးမျိုးမြင့်သန်းက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
မြန်မာ သံအမတ်က ယခုအခါ ရခိုင်အရေးမှာ မြန်မာ အစိုးရ၏ ကြိုပမ်းဆောင် ရွက်ချက်ကြောင့် အေးဆေး တည်ငြိမ်သွားပြီ ဖြစ်ကြောင်း၊  မြန်မာ သမ္မတမှ ရခိုင်အရေးကို စုံစမ်း စစ်ဆေးနိုင်ရန် လွတ်လပ်သော ၂၇ ဦးပါ စုံစမ်း စစ်ဆေးရေး ကော်မရှင် တစ်ရပ်ကိုလည်း ဖွဲ့စည်းထားပြီး လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်းပြောကြားသည်။ ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်မှလည်း မြန်မာ အစိုးရ၏ ဆောင်ရွက်ချက်များကို ကြားသိရသဖြင့် ၀မ်းမြောက် ချီးကျူးပါကြောင်း၊ မြန်မာနိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မူနှင့် နိုင်ငံသားများ အားလုံး ညီမျှသော အခွင့်အရေးများ ရရှိခြင်းဖြင့် ငြိမ်းချမ်းရေးကို တည်တံ့နိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက်ပိုင်းတွင် မြန်မာ သံအမတ်နှင့် ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်တို့သည့် အကျိုးတူ နှစ်နိုင်ငံဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်ဟု ဆိုသည်။ ဆွေးနွေးသည့် အထဲတွင် ရခိုင်နှင့် ချင်းပြည်နယ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းများမှာ ဓါတ်အား ၀ယ်ယူရေး ကိစ္စ၊ ကော့စ်ဘဇား ခရိုင် ဒုက္ခသည် စခန်း (၂) ခုမှ ဒုက္ခသည်များကို ပြန်ယူရေး ကိစ္စ၊ရန်ကုန်- ဒက္ကား- စစ်တကောင်း လေကြောင်းလိုင်း ပျံသန်းရေး  စာချုပ် လက်မှတ်ရေးထိုးရေး ကိစ္စများကို ဆွေးနွေး ခဲ့ကြသည်ဟု ဆိုသည်။

ရခိုင်အရေး သုံးသပ်ချက် သမ္မတရုံး သဘောထား မဟုတ် ( အထူးသတင်းပေးချက်)

Posted by drmyochit Saturday, August 25, 2012, under | No comments

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ နှင့်ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်သို့ နိုင်ငံတော် သမ္မတ ရုံးမှပေးပို့သည့် သ၀ဏ်လွှာနှင့် အတုပူးတွဲ ပါရှိသည့် သုံးသပ်ချက်များ သည်သမ္မတ၏ သဘောထား မဟုတ်ကြောင်း နိုင်ငံတော် သမ္မတရုံး ကယနေ့ ထုတ်ပြန်သည်။ သမ္မတရုံး သုံးသပ်ချက်၌ ရခိုင်ပဋိပက္ခသည် ရခိုင်နိုင်ငံ ရေးပါတီများ၊ သံဃာတော်များ၊ လူပုဂ္ဂိုလ်များနှင့် ရခိုင်ပြည်သူ တရပ်လုံး အပေါ် ပြင်းထန်သည့် စကားလုံး အသုံး အနှုန်းများဖြင့် ပုတ်ခတ် စွပ်စွဲထားသည့် အတွက် လွှတ်တော် ကိုယ်စားလှယ်များ က ကန့်ကွက်သည့် အပြင် လူအများအပြား၏ ဝေဖန်ကန့် ကွက်မှုများ ထွက်ပေါ်ပြီးနောက် သမ္မတ ရုံး၏ ကြေညာချက် ထွက်ပေါ် လာခြင်း ဖြစ်သည်။
သ၀ဏ်လွှာပါ သုံးသပ်ချက်သည် သမ္မတ ၏ သဘောထား မဟုတ်ဟု ထုတ်ပြန်သော်လည်း မည်သည့် ဌာန၊ မည်သည့် အဖွဲ့ အစည်း၏ သဘောထား သုံးသပ်ချက်ဆိုသည်ကို ဖော်ပြထားခြင်း မရှိပေ။

ချမ်းမြသာစည်၊ ခတ္တန်းရပ်မှ ဆရာဖြစ်သူကို သတ်သည့်တရားခံအား နာရီပိုင်းအတွင်း ဖမ်းမိ

Posted by drmyochit Saturday, August 25, 2012, under | No comments

၀၁၂ခုနှစ် ၊ သြဂုတ်လ (၂၃)ရက်နေ့ ည( ၁၀ ) နာရီခွဲအချိန်က မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် ၊ တမ္မပ၀တီရပ်ကွက် ၊ ခတ္တန်းရပ်ကွက် တွင်လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း အမှတ် (၁၀) ရဲစခန်မှ တာဝန်မှူးက အတည်ပြုပြော ကြားသည်။ သေဆုံးသူမှာ အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ ဦးတင်မောင်မြင့် ဖြစ်ပြီးဇနီးဖြစ်သူ ဒေါ်ဌေးဌေးဝင်းကိုလည်း နောက်ကျောတွင် ထိုးသွင်းဒဏ် ရာတစ်ချက် ၊ ၀ဲလက်မောင်း ပျက်ရှဒဏ် ရာတစ်ချက်နှင့် ၀ဲလက်ခလယ် ပျက်ရှဒဏ်ရာ တစ်ချက်တို့ဖြင့်   မန္တလေး ဆေးရုံကြီးတွင် တက်ရောက် ကုသမှုခံနေရ ကြောင်းသိရသည်။ တရားခံဖြစ်သူ ငတိ (ခ)ကျော်မင်းဦးအား သြဂုတ်လ (၂၃) ရက်နေ့ နံနက်(၃) နာရီထိုးခါနီးတွင် ၎င်း၏အိမ်မှ ဖမ်းမိကြောင်း သိရပြီး အမှုကြီးအမှတ်စဉ် ( ၂/၂၀၁၂ ) ပုဒ်မ ( ၃၀၂ ) ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရပြီး အမှုစစ်မှာ စခန်းမှူး ရဲအုပ်သိန်းဦး ဖြစ်ကြောင်းကိုလည်း သိရသည်။ ယခုဖြစ်စဉ်နှင့် ပတ်သတ်၍ တရားခံမှာ နေအိမ်အတွင်း သို့ကြိုတင်ရောက် ရှိနေပြီး ဦးတင်အောင်မြင့်နှင့် ဇနီးဖြစ်သူတို့ အိပ်ခန်းအတွင်းမှ အထွက်တွင် လှေခါးအကွယ်တွင် ပုန်းနေရာမှ ထွက်လာပြီး ဓါးဖြင့်ထိုးကာ ထွက်ပြေးသွားခြင်း ဖြစ်သည်ဟု ရဲသုံးသပ်ချက် မှတ်တမ်းအရ သိရှိရသည်။ အဆိုပါကိစ္စနှင့် ပတ်သတ်၍ သေဆုံးသူ ဦးတင်မောင်မြင့် ၏အကိုဖြစ်သူ ဒေါက်တာဌေးမြင့်ကို ဆက်သွယ်မေးမြန်းခဲ့ရာ သေဆုံးသူ ဦးတင်မောင်မြင့်၏ သမီးဖြစ်သူမှ ၎င်းအား ဖုန်းဆက် အကြောင်းကြားခဲ့၍ သိရှိခဲ့ကြောင်းပြောပြခဲ့သည်။
 '' ကျွန်တော့်ဆီ ဖုန်းဆက်တော့ ည(၁၁)နာရီရှိနေပြီ ၊ သူတို့က အောက်ထပ်မှာအိပ်တယ် ၊ ကလေးတွေက အပေါ်ထပ်မှာ ၊ သူ့သမီးက ကျွန်တော့်ကို ဖုန်းဆက်ပြီးအောက်မှာ အဖေကြီးကို လုပ်နေလို့ဆိုပြီး ဖုန်းဆက်ခေါ်တာနဲ့ ချက်ခြင်း လိုက်လာတာ ဒီရောက်တော့ ဓါးဒဏ်ရာနဲ့ လဲနေ တာတွေ့လို့ ဆေးရုံတန်း ခေါ်သွားတယ် ၊ ဟိုရောက်တော့ ဆုံးသွားတယ် '' ဟု ဒေါက်တာဋ္ဌေးမြင့်က ပြောကြားခဲ့သည်။ အဆိုပါကိစ္စနှင့် ပတ်သတ်၍ ဒေါက်တာဌေးမြင့်မှ ဖြစ်စဉ်အား အတိအကျမသိ သေးကြောင်း ၊ ဒေါ်ဌေးဌေးဝင်းမှာလည်း စကားမပြောနိုင် သေး၍ငွေကြေးနှင့် ပစ္စည်းများဆုံးရှုံးမှု ရှိမရှိကို မသိရ သေးကြောင်း ဆက်လက် ပြောကြားခဲ့သည်။ တရားခံဖြစ်သူ ငတိ(ခ)ကျော်မင်းဦးသည် တမ္မပ၀တီအရပ် ၊ ငွေဇင်ရပ်ကွက် တွင်နေထိုင်သူဖြစ်ပြီး ဘုရားရောင်တော် ဖွင့်လုပ်ငန်းလုပ် ကိုင်သူဖြစ်ကာ သေဆုံးသူ ဦးတင်မောင်မြင့်၏ ကြေးသွန်း ပစ္စည်းများကို ၎င်းအိမ်တွင် ယူ၍အရောင်တင်သော အလုပ်လုပ်ကိုင် သူဖြစ်ပြီး ဦးတင်မောင်မြင့်၏ တပည့်ဟောင်း တစ်ဦးလည်းဖြစ် ကြောင်းစုံစမ်း သိရှိရသည်။
 မှုခင်းဖြစ်ပွား သည့်အချိန်က မန္တလေးမြို့တွင် မိုးအနည်းငယ် ရွာသွန်းနေချိန် ဖြစ်ကြောင်းသိရပြီး ပတ်ဝန်းကျင်မှ အိမ်များသိရှိချိန်
နောက်ကျခဲ့ ကြောင်းကိုလည်း ခတ္တန်းရပ် တွင်နေထိုင်သူ အမျိုးသား တစ်ဦးက ပြောကြားသည်။
 `` မနေ့ညက မိုးရွာနေတော့ အကုန်လုံး စောစောအိပ်ကြတာ ၊ အမှန်ဆိုအခင်း ဖြစ်တဲ့အိမ်နဲ့ မျက်စောင်းထိုးမှာ ဆေးခန်းရှိတယ်။ အဲဒီဆေးခန်း ကိုကည(၁၂)လောက်မှ ပိတ်တာ ၊ နောက် ဒီအရပ်က အလုပ်က ည တစ်နာရီ လောက်ဆိုပြန် ထပြီးလုပ်ကြတယ် ၊ လူသွားလူလာတော့ မပြတ်ဘူး ၊ ဖြစ်ပြီးလို့ သူတို့ ထွက်အော်မှ ပဲသိလိုက်ရတာ ´´ ဟု ၎င်းက ပြန်လည် ဖြေကြားခဲ့သည်။

""နော်ဝေလူသတ်သမားကြီးကို ထောင်ဒဏ် ၂၁ နှစ်ချမှတ်လိုက်ပြီ""

Posted by drmyochit Saturday, August 25, 2012, under | No comments

နော်ဝေနိုင်ငံတွင် လူ ၇၇ ဦး သေဆုံးခဲ့ရသော အစိုးရ အဆောက် အအုံများကို ပစ်မှတ်ထားကာ ကားဗုံးခွဲ တိုက်ခိုက်ခြင်းနှင့် လူအများအပြားအား ပစ်ခတ် သတ်ဖြတ်ခြင်းတို့ကို ကျူးလွန်ခဲ့ သူအန်းဒရက်စ် ဘရီဗစ်ခ် (Andres Breivik) အား တရားရုံးက ထောင်ဒဏ် ၂၁ နှစ် ယနေ့ ချမှတ်လိုက်သည်။ နော်ဝေတရားရုံးက ဘရီဗစ်ခ်အား စိတ်ပုံမှန်ရှိ သူတစ်ဦးအဖြစ်သာ သတ်မှတ်ခဲ့ပြီး ၎င်းအား စိတ်ရောဂါ ကုဆေးရုံတွင် ထားရှိမည် မဟုတ်ဘဲ အကျဉ်းထောင်သို့သာ ပို့ဆောင်မည် ဖြစ်သည်။ဘရီဗစ်ခ်သည် ၂၀၁၁ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် နော်ဝေနိုင်ငံ အော်စလိုမြို့ရှိ အစိုးရရုံးများ တည်ရှိရာ အနီးတွင် ကားဗုံးဖောက် ခွဲခဲ့ရာ လူ ၈ ဦးသေဆုံးခဲ့သည်။ ထို့နောက် ယူတိုရာ (Utoya) ကျွန်းသို့သွားရောက်ကာ လူငယ်အများအပြား ပါဝင်သော လူအုပ်စုအား ပစ်ခတ် သတ်ဖြတ်ခဲ့ရာ ၆၉ ဦးသေဆုံးခဲ့သည်။

ကျောက်ပန်းတောင်း စိတ္တဇလူသတ်သမား ခြေရာခံလိုက်နေ

Posted by drmyochit Saturday, August 25, 2012, under | No comments

မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့နယ်မှ အမျိုးသမီး ၂ ဦး ပုံစံတူ သတ်ဖြတ်ခံ ခဲ့ရမှုကို စိတ်မူမမှန်သည့် သတ်ဖြတ်မှုမျိုးဟု ရဲက ယူဆထားပြီး  ထိုအမှုမျိုး ထပ်မံ မဖြစ်ပွားရေး အတွက် ကြပ်မတ်ဆောင် ရွက်နေကြောင်း ရဲကပြောသည်။ယခုနှစ် ဇွန်၊ ဇူလိုင် လပိုင်းက မြို့နယ်တွင်းရှိ ကြောင်းဒူးကျေးရွာသူ ဒေါ်သောင်း ( ၆၉ နှစ်) နှင့် ရေထွက် ကျေးရွာသူ ဒေါ်ရင်ကြည် ( ၅၆ နှစ်) တို့ ပုံစံတူ သတ်ဖြတ် ခံခဲ့ရပြီး ယင်းဖြစ်ရပ်မျိုး ထပ်မံမဖြစ် ပွားစေရန် အခင်းဖြစ်ပွားခဲ့သည့် ရွာများထံ ရဲတပ်ရင်းများ ချ၍ စောင့်ကြပ်ရှာဖွေမှု ပြုလုပ်နေသည်ဟု သိရသည်။ “စုံစမ်းနေတုန်းပဲ၊ အဖွဲ့တွေခွဲပြီးတော့ ကင်းပုန်းတွေချထားတယ်၊ ကြောင်းဒူးမှာလည်း တဖွဲ့ချထားတယ်လေ” ဟု ကြောင်းဒူး ကျေးရွာ လူသတ်မှုကို အဓိက ကိုင်တွယ်ဆောင် ရွက်နေသော ပွေးကျစ်ရဲစခန်းမှ ရဲအရာရှိက ပြောသည်။ ရေထွက်ကျေးရွာသူ ဒေါ်ရင်ကြည်၏ အမှုနှင့် ပတ်သက်ပြီး မသင်္ကာဖွယ်ပုဂ္ဂိုလ် တဦးကို ဖမ်းဆီးပြီး စစ်ဆေးနေကြောင်း၊ တရားခံ အစစ် ဟုတ်မဟုတ်ကို အတည်မပြုနိုင်သေးကြောင်း ကျောက်ပန်းတောင်း မြို့နယ်ရဲစခန်းမှ ရဲအရာရှိတဦးက ပြောသည်။“ဒီအမှုနဲ့ ပတ်သက်ပြီး လောလောဆယ်တော့ ယမန်ယူပြီးစုံစမ်း စစ်ဆေးနေ တာတော့ ရှိပါတယ်၊ အတိအကျတော့ ပြောလို့ မရသေးပါဘူး၊ ဒီအမှုက စခန်းမှူး ကိုင်တာပါ” ဟု ရဲအရာရှိက ဧရာဝတီသို့ ပြောသည်။
ကြောင်ဒူးကျေးရွာသူ ဒေါ်သောင်းသည် ဇူလိုင်လ ၁၅ ရက်နေ့က တောထဲတွင် မန်ကျည်းသီးစိမ်းသွားခူးရာမှ ပျောက်ဆုံး နေခဲ့ပြီး ၅ ရက်အကြာတွင် ရွာသို့ အပြန်လမ်းအနီး နဘူးခြုံထဲ၌ သူ့ကို ရှာဖွေတွေ့ရှိခဲ့သည်။သူ၏ ပါးစပ်ထဲတွင် သစ်ရွက်များ ထိုးသွင်းထားပြီး ခေါင်းကို ပုဆိုးဖြင့်စည်းထားကာ လည်ပင်းအား ညှစ်သတ်ထားသည့် ဒဏ်ရာဖြင့် တွေ့ရှိရကြောင်း ပွေးကျစ်ရဲအရာရှိနှင့် ကြောင်းဒူးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ကိုတို့က ပြောသည်။ ရေထွက်ရွာလူသတ်မှုအပြီး ရက်ပိုင်းအတွင်းမှာ ကြောင်ဒူးကျေးရွာ၌ ပုံစံတူ လူသတ်မှုထပ်ဖြစ်ပွားခဲ့သည်။ ထိုအမျိုးသမီးတို့ ၀တ်ဆင်ထားသော ရွှေငွေများကို ယူဆောင် သွားခြင်းမရှိဟု ရဲနှင့် ဒေသခံများက ပြောသည်။
ထိုအမှု၂ခုဖြစ်ပြီးနောက် ဒေသခံတို့မှာ တောထဲအလုပ် လုပ်သွားရန်ပင် အခက်တွေ့နေကြကြောင်း ၎င်းတို့ဒေသတွင် အမျိုးသားများပင် တစ်ဦးတည်း အပြင်ထွက် သွားလာခြင်း မပြုရဲတော့ ကြောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ကိုက ဧရာဝတီသို့ ပြောသည်။

ထိုင်းနယ်စပ်ရှိ RCSS/SSA ၏ တပ်မိသားစုနေအိမ်အား ထိုင်းတပ်မတော်ဝင် ရောက်ဖျက်ဆီး

Posted by drmyochit Saturday, August 25, 2012, under | No comments

ထိုင်း - သျှမ်း နယ်စပ်အနီး ထိုင်းနိုင်ငံ နယ်နမိတ်ဟု ယူဆရသည့် သျှမ်းပြည်တပ်မတော် RCSS/SSA ဌာနချုပ်ရှိ တပ်သားမိသားစု နေအိမ်တချို့အား ထိုင်းစစ်တပ်က ဝင်ရောက်ဖျက် ဆီးလိုက်သည်ဟု လွယ်တိုင်းလျဲန်းဌာနချုပ် မှ အရာရှိများက ပြောပြပါသည်။ “၁၉ ရက်နေ့ ကတည်းက လာရောက်ဖျက် ဆီးတာပါ။ ထိုင်းစစ်သား အယောက် ၂၀ ကျော်လောက်ရှိမယ်။ မနေ့တုန်းက အထိဘဲ ။ အိမ်ခြေ ၂၀ နီးပါးဖျက် ခံရတယ်။ အရာရှိနေ အိမ်လဲပါတယ်။ နယ်နိမိတ် သတ်မှတ်တုန်းက သုံးတဲ့ ဗြိတိသျှ မြေပုံအရတော့ ဗမာ-သျှမ်း နယ်ထဲမှာရှိတယ် လို့မြင်ပါတယ်။ ထိုင်းကတော့ သူတို့သုံးတဲ့ US မြေပုံအရ သူတို့တိုင်းပြည်ရဲ့ နယ်မြေ လို့ပြောပြီး ဖျက်တာဘဲ” - ဟု အမည်မ ဖေါ်လိုသည့် အရာရှိတဦးက ပြောပါသည်။ ဩဂတ်စ် ၁၉ - ၂၄ ရက်နေ့ အထိ မယ်ဟောင်ဆောင်မြို့နယ် ပန်မူကျေးရွာအုပ်စု အခြေအခြေစိုက် ထိုင်းဘုရင့် တပ်မတော်၏ တပ်မှ လာရောက် ဖျက်ဆီးခြင်း ဖြစ်ကြောင်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ဘုန်းတော်ကြီး ကျောင်း နှင့် လူနေအိမ်ခြေ ၂၀ ခန့် ပါဝင်ကြောင်း ကြားသိရပါသည်။ သျှမ်းပြည် တပ်မတော် RCSS/SSA ၏ တိုင်းဖရီးဒမ်း ဝဲပ်ဆိုဒ်က ၁၉ - ၂၁ ရက်နေ့ထိ အိမ်ခြေ ၁၇ လုံး ဖျက်ဆီး သွားသည်ဟု ရေးသားပါသည်။ “ဟုတ်တယ်၊ မယ်ဟောင်ဆောင် အခြေစိုက်တဲ့ ထိုင်းစစ်တပ်က လာရောက်ဖျက်ဆီးတာပါ။ ကျနော်တို့ တပ် မိသားစုနေအိမ်တွေက ထိုင်းနယ်မြေထဲမှာ ဖြစ်နေလို့၊ လွန်ခဲ့တဲ့ နှစ်နှစ်တုန်း ကဖယ်ပေးဖို့ သဘောတူထား တယ်။ အခုလာဖျက် တာလဲအိမ်အ လွတ်တွေပါ။ မဖျက်ခင်အထိ အဲဒီအိမ် အလွတ်တွေမှာ ဧည့်သည်လာရင် တည်းခိုဖို့ ပစ္စည်းထားဖို့ သဘောတူထား တယ်လေ” - ဟု သျှမ်းပြည် တပ်တော်ပြောခွင့် ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။ လွန်ခဲ့သည့် ၇ နှစ်ခန့်လည်း သျှမ်းပြည် တပ်မတော်၏ ကျေးရွာတခုအား ထိုင်းအစိုးရ တကြိမ်ဖျက်ဆီးခဲ့ပြီး ဖြစ်ကြောင်း၊ယခုမှာ ဒုတိယ အကြိမ်ဖြစ်ကြောင်း၊ ထိုင်းအစိုးရနှင့် တင်းမာမှု မဟုတ်ဘဲ ဌာနချုပ် စတင်တည် ထောင်စဉ်ကတည်းက နယ်မြေပိုင်နက် သတိမမူဘဲ တည်ဆောက် ထားသောကြောင့် ဖြစ်ခဲ့ရကြောင်း ပြောခွင့်ရ ဗိုလ်မှူး လောဝ်ဆိုင်က ပြောပါသည်။

KIA ၏ စစ်ရေးလှုပ်ရှားမှုများ အစိုးရ၏ နောက်တန်း စခန်းဖက် ဦးတည်လာ

Posted by drmyochit Saturday, August 25, 2012, under | No comments

K_41

ကချင်ပြည် လွတ်မြောက်ရေး တပ်မတော်(KIA) သည် အစိုးရ၏ နောက်တန်း စခန်းဖက်ကို ပိုမို စစ်ဆင်လာနေ သည်ဟု KIA တပ်မှူးတဦးကပြော ပါသည်။ယမန်နေ့၌ တိုက်ပွဲ (၅) ကြိမ် ဖြစ်ပွားခဲ့ရာတွင် အများစုသည် လိုင်ဇာ စစ်ဌာနချုပ် နှင့်ဝေးသော အစိုးရ၏  ရှေ့တန်းတပ်ဖွဲ့၏ ထောက်ပို့လမ်းကြောင်း နေရာများ၌ ဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲသည် ကေအိုင်အေ တပ်မဟာ (၂) မှ တပ်ရင်း (၅) တပ်ဖွဲ့ သည် မိုညင်းခရိုင် မြို့လှမြို့နယ်ခွဲ ပန်ခေါန်ယန်ရွာတွင် အစိုးရခလရ ၂၇၄ တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ် ပွားခဲ့ရာ အစိုးရဘက်မှ (၄) ဦးကျပြီး (၁၀) ဦးကျော်ထိခိုက် ခဲ့သည်ဟု KIA ဖက်ကဆိုပါသည်။ KIA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၂၅) သည် ခလရ ၁၂၁ တပ်ဖွဲ့နှင့်  ဖုတ်တုန်းယန်း မြို့နယ်ခွဲ မြို့သစ်အထက် ငါးကြုံနာင်း အနီးတွင် တိုက်ပွဲဖြစ် ပွားခဲ့သည်။ KIA တပ်ရင်း (၆) ဖါကန့်ဒေသ ဂွေခါ (ကျောက်စိန်) အနီး၌ အနောက်တောင် တိုင်းတပ်ဖွဲ့မှ ခမရ (၁၆) နှင့် အရှေ့မြောက် တိုင်းမှ ခလရ (၂၇၂) တို့နှင့် တိုက်ပွဲဖြစ် ပွားခဲ့သည်။ “ မနေ့က တိုက်ပွဲ (၅) ကြိမ်ရှိတယ် ခင်ဗျ။ တပ်မဟာ (၅) ဒေသ ခမရ (၃၈၄) (၃၈၉) စစ်ကြောင်းတွေနဲ့ ကျနော်တို့ လှုပ်ရှားတပ်တွေနဲ့ (၂၅၄) အဖွဲ့နဲ့ တိုက်ပွဲဖြစ်တယ် မနေ့က မြစ်ကြီးနား ဗန်မော်လမ်း မနိယမ်း အနီအနား တဝိုက်မှာ ဖြစ်တယ်။ ” ဟု တပ်မှူးတဦးက ဆိုပါသည်။ ထို့အပြင် ယမန်နေ့၌ တွင်ပင် ဖြစ်ပွားခဲ့သော တိုက်ပွဲများမှာ တပ်မဟာ (၂) မှ တပ်ရင်း (၁၁) တို့သည်။ ခလရ ၃၇ တပ်ဖွဲ့နှင့် မြစ်ကြီးနားမြို့နယ် နယ်ဖျား တွင်လည်းကောင်း ဧရာဝတီမြစ် အနောက်ဖက်ခြမ်းတွင် လည်းကောင်း ဖြစ်ပွားခဲ့ပါသည်။ KIA တပ်မဟာ (၄) မှ တပ်ရင်း (၃၄) တပ်ဖွဲ့တို့သည် အစိုးရတပ်ရင်း အမည်မသိရ သေးသော တပ်ဖွဲ့နှင့်  နမ်းတူမြို့ နယ်အတွင်း ရှိမုလုံနဲ့ လွယ်ဇာ အဲဒီရွာ အနားတဝိုက် အနီးတဝိုက်၌ တိုက်ပွဲဖြစ် ပွားခဲ့ပါသည်။ အလားတူ တပ်မဟာ (၅) မှ တပ်ဖွဲ့တချို့နှင့် ခလရ ၁၀၅ တပ်ရင်း တို့သည်၊ ဗန်မော်မြို့နယ်ရှိ ဒူပေါင်ဘုံကျေးရွာ ၌ တိုက်ပွဲ ဖြစ်ခဲ့ပါသည်။အစိုးရစစ် ကြောင်းများမှာမူ KIA ဌာနချုပ်ဖက်၌ နေ့စဉ်တိုက်ပွဲများ ဖေါ်ဆောင် နေခဲ့ပါသည်။ သို့သော် ရှေ့တိုးလာ ခြင်းမရှိ သေးဟု KIA တပ်မှူးတဦး ကဆိုပါသည်။ KIA သည် အစိုးရ ရှေ့တန်းထိုး စစ်များ လျှော့ပါး လာစေရန် ရည်ရွယ်သည့်အ နေနှင့် အစိုးရ၏ ထောက်ပို့လမ်း ကြောင်းများ၌ တိုက်ပွဲများ ပိုမိုဆင်နွဲ လာနေသည်ဟု ဝေဖန်သူများက သုံးသပ်နေပါသည်။

Posted by drmyochit Saturday, August 25, 2012, under | No comments

ပြည်ထောင်စု လွှတ်တော်မှာ မှတ်တမ်းတင်ဖို့ ဆိုင်းငံ့ထားတဲ့ သမ္မတရဲ့ သ၀ဏ်လွှာနဲ့ ပတ်သက် လို့ နိုင်ငံတော် သမ္မတရုံးက ဒီကနေ့ ဖြေရှင်းချက်  ထုတ်ပြန်လိုက်ပါတယ်။ သမ္မတက လွှတ်တော် ကို ပေးပို့တဲ့ သ၀ဏ်လွှာနဲ့အတူ ပူးတွဲပါလာတဲ့ သတင်းသုံး သပ်ချက်ထဲမှာ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ ရခိုင်ပါတီနဲ့ ရခိုင်မျိုးချစ် ပုဂ္ဂိုလ်တွေကြောင့် ဖြစ်တယ်ဆိုတဲ့ ပုံစံမျိုး ရေးသား ဖော်ပြထားတဲ့ အချက်တွေကို ရခိုင် လွှတ်တော် အမတ်တွေက ကန့်ကွက်တာကြောင့် မှတ်တမ်း တင်မယ့်ကိစ္စကို ဆိုင်းငံ့ထားခဲ့တာပါ။ 
 အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။ နိုင်ငံတော် သမ္မတက လွှတ်တော်ကို သြဂုတ်လ ၂၁ ရက်နေ့မှာ ပေးပို့ခဲ့တဲ့ အချက် အချက် ၆ ချက်ပါ သ၀ဏ်လွှာကသာ သမ္မတရဲ့ သဘောထားဖြစ်ပြီး အဲဒီ သ၀ဏ်လွှာ နဲ့အတူ ပူးတွဲပါလာတဲ့ သတင်း သုံးသပ်ချက်ကတော့ သမ္မတရဲ့ သ၀ဏ်လွှာ မဟုတ်ဘူးဆိုပြီး သမ္မတရုံးက ဒီကနေ့ ရှင်းလင်းချက် ထုတ်ပြန်ခဲ့တာပါ။
သ၀ဏ်လွှာနဲ့ အတူ ပူးတွဲပေးပို့လိုက်တဲ့ သတင်းသုံး သပ်ချက်ဟာ လုပ်ငန်းပိုင်းဆိုင်ရာ အားနည်းချက် ရှိတာတွေကြောင့် နားလည်မှု လွဲစရာ ဖြစ်ကုန်တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး ဗွီအိုအေ မြန်မာပိုင်းကို ရှင်းပြပါတယ်။
“သမ္မတကြီးရဲ့ သဝဏ်လွှာက အပိုဒ် (၁) ကနေ (၆) အထိပေါ့နော်။ စာပိုဒ် ခြောက်ပိုဒ်ရှိတယ်ဗျ။ စာမျက်နှာ သုံးမျက်နှာရှိတယ်။  အဲဒီမှာ ပူးတွဲဆိုတဲ့ သတင်းသုံးသပ်ချက်က နားလည်မှုလွဲစရာတွေ ပါသွားတယ်ပေါ့နော်။ အဲဒါတွေသည် ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ ဖြစ်စဉ်များ သတင်း သုံးသပ်ချက်မှတ်တမ်း- ဆိုတာ ဒါက ကျနော်တို့ သမ္မတရုံးကို သတင်းဌာန တွေကနေ စုစည်းပြီးတော့ တင်တဲ့သူက တင်တယ်။ နောက် သတင်းရင်းမြစ် များစွာပေါ့နော်။ အဲဒီတွေကနေ ပြောတာတွေ ရှိတယ်။ တချို့ အရပ်သားအဖွဲ့ အစည်းတွေက အကြံပြုတင် ပြတာတွေ ရှိတယ်ပေါ့နော်။ 
 အဲဒါတွေ ရောနှောပြီးတော့ တင်ထားတဲ့ သုံးသပ်ချက် ပေါ့နော်။ အဲဒီသုံးသပ်ချက်က အောက်က ဝန်ကြီးဌာန တွေက တင်ပြတာတွေ ရှိပါတယ်။ အဲဒီမှာ ပူးတွဲအနေနဲ့ ပါသွား တာပေါ့နော်။ အထင်အမြင် လွဲစရာ ဖြစ်သွားတာက သမ္မတကြီးရဲ့  သဘောထားလား၊ နိုင်ငံတော် သမ္မတရုံးရဲ့ သုံးသပ်ချက်လား၊ သမ္မတကြီးရဲ့ သုံးသပ်ချက် လားဆိုတဲ့အထိ အငြင်းပွားဖွယ် ဖြစ်သွားတာပေါ့။ အဲဒါနဲ့ ပတ်သက်လို့တော့ သမ္မတကြီးရဲ့ သဘောထားသည် စာပိုဒ် တစ်ကနေ ခြောက်အထိ၊ နောက်ဆက်တွဲ ပူးတွဲကတော့ သိသာဖို့-ပေါ့နော်။
 ဒီလို ဒီလို ဖြစ်နေတဲ့ဟာတွေ၊ အမြင်တွေကတော့ အမျိုးမျိုး ရှိပါတယ်။ အဲဒီလို အမြင်အမျိုး မျိုးပေါ်မှာ ဟိုဘက် ဒီဘက် အမြင်တွေကလည်း ဒီအချိန်မှာ တချို့လည်း ပြင်းထန်တယ်၊ တချို့လည်း အပြုသဘော မဆောင်တာတွေလည်း ရှိပါတယ်။ နိုင်ငံတကာ မှာလည်း အမျိုးမျိုးဖြစ်နေတယ်။ ဒီအခြေအနေနဲ့ အစိုးရရဲ့ သဘောထားကို အကုန်လုံး ဖတ်ကြည့်ရင် ပေါ်ပါတယ်။ တချို့ဟာတွေက သိသင့်တဲ့အပိုင်း တွေပေါ့နော်။ ထုတ်နှုတ်ပြီး ပေးလိုက်တဲ့သဘော ဖြစ်ပါတယ်။ သို့သော်လည်း သမ္မတကြီးရဲ့ သဝဏ်လွှာကတော့ ကျနော်တို့ကို ပြုစုခိုင်း တာကတော့ ရှေ့ပိုင်းကိုပဲ ပြုစုခိုင်းတာ။ ဒါကတော့ သက်ဆိုင်ရာ staff ပိုင်းမှာ အားနည်းချက်တွေလည်း ရှိပါတယ်။ အဲလိုလေးတွေလည်း ဖြစ်သွားတယ်။ ဒါကတော့ နားလည်မှုလွဲ သွားတာပေါ့နော်။”သ၀ဏ်လွှာပါ အချက် ၆ ချက်ကို နဂိုရ်ကတည်းက ထောက်ခံထားပြီး ဖြစ်တဲ့အတွက် အခုလို ရှင်းလင်း တင်ပြချက် ထုတ်ပြန်တဲ့အပေါ် ကြိုဆိုကြောင်း RNDP ရခိုင်တိုင်း ရင်းသားများ တိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ စစ်တွေမြို့နယ် ကိုယ်စားပြု အမျိုးသား လွှတ်တော်အမတ် တဦးလည်းဖြစ်တဲ့ ဒေါက်တာအေးမောင်က ပြောပါတယ်။ “ကျနော်တို့ကလည်း အဲဒီ ခြောက်ချက်ကို ထောက်ခံပါတယ်ဗျ။ လက်လည်း လက်ခံပါတယ်။ သမ္မတကြီးရဲ့ ပူးတွဲပါ လေးကတော့ဖြင့် မဖော်ပြအပ် ဘူးလို့ ကျနော်တို့ သုံးသပ်ပါတယ်။ ဒါမျိုးက ဘယ်လိုပဲ သုံးသပ် သုံးသပ်လေ၊ တည်ငြိမ်အေးချမ်းတဲ့ ကာလတခုကို ထူထောင်တည် ဆောက်တဲ့ကာလမှ လူထုကို ဒါမျိုး ဆွပေးသလိုမျိုး၊ မငြိမ်မသက်ဖြစ်အောင် အသုံးအနှုန်းလေးတွေ သုံးစွဲမိတယ်ဆိုရင် သုံးစွဲတဲ့ ပုဂ္ဂိုလ်တွေမှာ သမိုင်းရဲ့ ဒဏ်ခတ်မှုကို ခံရတတ်ပါတယ်။ ဒါလည်း ကျနော်တို့ ဖော်ပြခဲ့ပါတယ်။ အဲဒါကြောင့် ဒီကာလအတွင်း သတင်းဖော်ပြမှုဟာ သမ္မတရုံးရဲ့ ဖော်ပြမှု မဟုတ်ဘူးလို့ ထုတ်ပြန်ပေးမယ်ဆိုရင် ပေးခဲ့တယ် ဆိုရင်ပေါ့ဗျာ။ ကျနော်တို့က အမြဲ ကြိုဆိုပါတယ်။ လူထုကလည် ကျေကျေလည်လည်နဲ့ သဘောပေါက် လက်ခံမယ်လို့ ယူဆပါတယ်။ ”လုပ်ထုံးလုပ်နည်းအရ နိုင်ငံတော်သမ္မတက လွှတ်တော်ကို ပေးပို့တဲ့ သ၀ဏ်လွှာတွေကို ပြည်ထောင်စု လွှတ်တော်မှာ မှတ်တမ်းတင်ရတဲ့ အစဉ်အလာ ရှိတာကြောင့် သြဂုတ်လ ၂၃ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ မှတ်တမ်းတင်ဖို့ စီစဉ်တာမှာ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက လွှတ်တော် အမတ်တွေက ကန့်ကွက်တဲ့အတွက် အဲဒီ မှတ်တမ်းတင်မယ့် အစီအစဉ်ကို လွှတ်တော် ဥက္ကဋ္ဌက ဆိုင်းငံ့ထား လိုက်တာပါ။ ဒီသ၀ဏ်လွှာကို မှတ်တမ်းတင်ဖို့ ပြန်အဆိုတင်သွင်း တဲ့အခါမှာတော့ အခု အငြင်းပွားစရာ ဖြစ်နေတဲ့ သတင်းသုံးသပ်ချက်ပါ အကြောင်းအရာတွေကို ပြင်ဆင်ပြီးမှ တင်သွင်းမယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။“အခု ဖြစ်တဲ့ဟာကိုတော့ ကျနော်တို့လည်း သမ္မတကြီးကို ပြန်ပြီးတော့ သတင်းပို့ရမှာပေါ့နော်။ သတင်းပို့ပြီး သဝဏ်လွှာကိုလည်း ပြင်ဆင်ပြီး ပို့ရမှာပေါ့။ နောက်တော့ ဒါက သမ္မတ သဘောထားလည်း မဟုတ်ဘူး။ ဒါက သတင်းသုံးသပ်ချက်လို့ ပူးတွဲလိုလို ပါသွားတဲ့ သဘောပေါ့နော်။ ပူးတွဲ သုံးသပ်ချက်ကလည်း သမ္မတရုံးရဲ့ သုံးသပ်ချက်လည်း မဟုတ်ဘူး၊ သမ္မတကြီးရဲ့ သဘောထားလည်း မဟုတ်ဘူး။ သမ္မတကြီးရဲ့ ရပ်တည်ချက်ကလည်းး အကုန်လုံးကို ပွင့်ပွင့်လင်းလင်း ပြောထားပြီး ဖြစ်ပါတယ်။” နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး ပြောပြခဲ့တာပါ။ သ၀ဏ်လွှာနဲ့အတူ ပူးတွဲ တင်ပြခဲ့တဲ့ သတင်းသုံးသပ် ချက်နဲ့ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်အနေနဲ့ သိရှိခဲ့ခြင်း မရှိဘူးဆိုတာ သူတို့အနေနဲ့လည်း ကြားသိခဲ့ရတယ်လို့ ဒေါက်တာအေးမောင်က ဗွီအိုအေကို ပြောပြပါတယ်။ သမ္မတရုံးဘက်က တစုံတရာ စတင် မလုပ်ဆောင် မခြင်းတော့ ဒီကိစ္စဟာ အခုအတိုင်းပဲ ဆက်ရှိနေဦးမယ်လို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။ 

သမ္မတသဝဏ်လွှာ နားလည်မှုလွဲမှား

ဆီးရီးယားဆန္ဒပြသူ ၁၄၀ ခန့် သေဆုံး

Posted by drmyochit Saturday, August 25, 2012, under | No comments

ဆီးရီးယားနိုင်ငံက မြို့အတော်များများ မှာအစိုးရဆန့်ကျင် ရေးဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတဲ့ တချိန်တည်းမှာပဲ ဆီးရီးယားတပ် တွေကသူပုန်တွေကို နှိမ်နင်းနိုင်ဖို့ အတွက်ဒမတ် စကတ်စ်မြို့ဆင်ခြေဖုံး ဒေသတွေကို ပစ်မှတ်ထားပြီးတော့ ဗုံးကြဲတိုက်ခိုက် တာတွေလုပ်နေပါတယ်။ သောကြာနေ့က အစိုးရဆန္ဒပြ မှုတွေအတွင်း လူ ၁၄၀ လောက်သေဆုံး ခဲ့တယ်လို့ ဆီးရီးယား အတိုက်အခံ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ အဲဒီလူအများစုဟာ လက်နက်ကိုင် ဆောင်ထားခြင်းမရှိတဲ့ သာမန်အရပ်သားတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ သမ္မတဘာရှာ အယ်လ်-အာဆတ်ဒ် အစိုးရကတော့ သူပုန်တွေဟာ နိုင်ငံခြားကနေ အထောက်အပံ့ တွေယူပြီး တိုင်းပြည်ကို မငြိမ်မသက် ဖြစ်အောင်လုပ် နေကြတဲ့ အကြမ်းဖက်သမား တွေလို့ပဲ မြင်တယ်လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ ဆီရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ အာရပ်အဖွဲ့ချုပ် သံတမန်ကတော့ သူ့ကို အခုလို ခန့်အပ်လိုက် တဲ့အပေါ်မှာ ဂုဏ်ယူ ၀မ်းမြောက်မိသလို ကြောက်လည်း ကြောက်ပါတယ်လို့ ပြောပါတယ်။ အရင်က အဲဒီနေရာကို ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအန်နန်က တာဝန်ယူတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ တာဝန်ရှိသူတွေနဲ့ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာတော့ အယ်လ်ဂျီးရီးယား သံတမန် Lakhdar Brahimin က သူ့အနေနဲ့ ဆီးရီးယား နိုင်ငံအရေးကိစ္စကို ဦးစားပေး ဆောင်ရွက်သွား မယ်လို့ ပြောလိုက်တဲ့ တချိန်တည်းမှာပဲ ဆီးရီးယားပြည်သူတွေကပဲ ဆီးရီးယားအရေးကို ကျွမ်းကျင်ကြတာ ဖြစ်တယ်လို့ သူကပြောပါတယ်။ အခုဆိုရင် ဆီရီးယား ဒုက္ခသည် အရေအတွက်ဟာ ၂၀၀,၀၀၀ ကျော်သွားပြီး အများစုဟာ တူရကီနိုင်ငံမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မာတင် နာဆားကီး (Maritn Nesirky)က ပြောပါတယ်။

Empire State အနီး သေနတ် ပစ်ခတ်မှု

Posted by drmyochit Saturday, August 25, 2012, under | No comments

နယူးယောက်မြို့ Empire State အဆောက်အဦး ကြီးအနီးမှာ သေနတ်ပစ်မှု ကျူးလွန်ခဲ့သူဟာ အလုပ်ပြုတ်လာ ခဲ့သူတယောက်ဖြစ်ပြီး လုပ်ဖော်ကိုင်ဖက် ဟောင်းတယောက်ကို ပစ်သတ်ခဲ့ ပြီးတဲ့နောက် ရဲကလဲ သူ့ကိုပစ်သတ် လိုက်ပါတယ်။ ရဲကပစ် သတ်လိုက်ရတဲ့ ၅၃ နှစ်အရွယ်ရှိ Jefferey Johnson ဆိုသူဟာ ဒေါသ အလွန်ကြီးသူ ဖြစ်ပြီး လွန်ခဲ့တဲ့တနှစ်က Empire State အဆောက်အဦး ကြီးနားမှာရှိတဲ့ Hazan Importers လို့ခေါ်တဲ့ အမျိုးသမီး အ၀တ်အထည် ကုမ္ပဏီကနေ အလုပ်ထုတ် ခံခဲ့ရကြောင်း ၊၄၁ နှစ်ရှိ သူ့လုပ်ဖော်ကိုင် ဖက်ဟောင်းရဲ့ ဦးခေါင်းကို .45 ခြောက်လုံးပြူးနဲ့ ပစ်သတ်ခဲ့တာ ဖြစ်ကြောင်း နယူးယောက်ရဲမင်းကြီး Ray Kelly ကသတင်းထောက် တွေကိုပြောပြပါတယ်။ Johnson ဟာ လူသတ်ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့ကြောင်း၊ ဒါပေမဲ့ ဆောက်လုပ်ရေး လုပ်သား တဦးကရဲတွေကို လှမ်းပြော တဲ့အတွက် ရဲတွေက လိုက်တဲ့အခါမှာ Johnson က ရဲတွေကို ပြန်ပစ်တဲ့အတွက် ပစ်သတ်လိုက် ရတဲ့အကြောင်း ရဲမှူးကြီး ကရှင်းပြပါတယ်။ အဲဒီသေနတ် ပစ်မှုမှာ တခြားအမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့လဲ ဒဏ်ရာ ရခဲ့ကြကြောင်း၊ တချို့ကိုလဲ ရဲတွေကပစ်တဲ့ ကျည်ဆံ ထိမှန်ကြောင်း၊ နယူးယောက် ရဲမင်းကြီးနဲ မြို့တော်ဝန် Michael Bloomberg တို့ကရှင်းပြပါတယ်။ ဒါပေမဲ့ ဒဏ်ရာသူတွေမှာ သေနိုင် လောက်တဲ့ဒဏ် မရှိကြဘူးလို့ ဆိုပါတယ်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်