Mac OS အသုံးပြုသူတွေရော Windows
OS ကို အသုံးပြုသူတွေရော Apple ကုမ္ပဏီကထုတ်လုပ်တဲ့ ပစ္စည်းတစ်ခုခုကို ၀ယ်ယူအသုံးပြုပြီဆိုရင်
iTunes ကို မဖြစ်မနေ အသုံးပြုရမှာဖြစ်ပါတယ်။ Mas OS ပေါ်မှာပဲဖြစ်ဖြစ် ထည့်သွင်း ထားတဲ့
iTunes Application ရဲ့ Music Library ထဲကနေ သီချင်းတွေကို နားထောင် တတ်သူတွေအတွက်ကတော့
အသံစွမ်းရည် ပိုမိုကောင်းမွန်တဲ့ ခံစားမှုကို နားဆင်ချင်ကြမှာ အမှန်ပဲ ဖြစ်ပါတယ်။
iTunes ပေါ်ကနေ သီချင်းတွေကို နားထောင်တဲ့အခါမှာ ပုံမှန်ထက် ပိုမိုကောင်းမွန်တဲ့ အသံအရည်အသွေးကို
နားဆင်ချင်သူတွေအတွက် iTunes ပေါ်ကနေ သီချင်းတွေကို နားထောင်တဲ့ အခါမှာ ပိုမိုကောင်းမွန်တဲ့
အသံအရည်အသွေးကိုရရှိဖို့ Setting တွေချိန်ညှိပုံကို ယခုတစ်ပတ်မှာ ရွေးချယ် တင်ပြ လိုက်ပါတယ်။
iTunes ပေါ်ကနေ ပိုမိုကောင်းမွန်တဲ့ အသံကို ချိန်ညှိနိုင်ဖို့အတွက် ပထမဦးဆုံး
Sound Enhancer Feature ကို ဖွင့်ပေးရမှာဖြစ်ပါတယ်။