အခု ဖော်ပြပါ ဓာတ်ပုံက ထိုင်းနိုင်ငံ အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ လူအများဆုံး ဖြန့်ဝေနေ တဲ့ ဓာတ်ပုံတခုပါ။
ထိုင်းတွေကတော့ ချမ်းသာမှုတွေ၊ စီးပွားလာဘ်၊ လာဘတွေ တိုးပွားချင်ရင် ဒီဓာတ်ပုံကို ဖြန့်ဝေပါ လို့ နိုးဆော်ပြီး ဖြန့်ဝေနေတာပါ။
ဓာတ်ပုံထဲမှာ ပျံလွန်တော်မူသွားပြီဖြစ်တဲ့ ရဟန်းတပါးကို ရွှေချထားတာဖြစ်ပြီး ဘေးမှာလည်း ရဟန်းတော်
တွေက
ဆုတောင်းနေကြတဲ့ မြင်ကွင်းပါ။
ပျံလွန်တော်မူသွားတဲ့ ရုပ်ကလပ် ရွှေချထားတဲ့ ဆရာတော် ဘယ်သူဆိုတာ သိစေဖို့ လိုက်လံ ရှာဖွေကြည့် တဲ့ အခါ ဆရာတော်ဟာ မြန်မာ ရဟန်းတော်ဖြစ်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်း လန်းပွန်း ဒေသက ဖြစ်ပြီး ပျံလွန်တော်မူပြီးနောက် တပည့်ရဟန်းတွေက ဆရာတော်ရဲ့ ရုပ်ကလပ်ကို ရွှေချ ပူဇော်ထားတာဖြစ်ပါ တယ်လို့ ဖော်ပြထားတာပဲ တွေ့ရပါတယ်။
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ
ဒက္ကာမြို့တွင် မြန်မာ ကျပ်ငွေတွေ အပြင် ငွေစက္ကူမျိုးစုံ အတုလုပ်သည့် ဂိုဏ်းတစ်ခုကို
ငွေစက္ကူ အတု သန်း ၁၀၀ ကျော်နှင့် အတူ ဘင်္ဂလာရဲက ယမန်နေ့က ဖမ်းဆီးခဲ့သည်။ ရဲအဖွဲ့မှ ၀င်ရောက် စီးနှင်း စဉ် အတွင်း တာကာငွေ အတု ၂၅၀၂၂၀၀၀ နှင့်
အိန္ဒိယရူပီငွေ အတု ၈၈၀၀၀၀ ကို ရှာဖွေ ဖမ်းဆီး မိခဲ့ သည်ဟု ဆိုသည်။ ဖမ်းဆီးခံရသူ (၁၀) ဦးထဲတွင် အမျိုးသမီး ၃ ဦးပါဝင်ပြီး ထိုအထဲတွင် ဇာမန်ဆိုသော အမျိုးသားမှာ
ဒင်္ဂါးအတု လုပ်သည့် အတွေ့အကြုံ ၁၄ နှစ်ခန့်ရှိပြီဟု ဆိုသည်။
အောက်တိုဘာလ (၁၁)
ရက်နေ့မှာ ဦး.....(၄၁)နှစ်သည်အောင်မင်္ဂလာ အဝေးပြေးကားဝင်း အတွင်းမှာ ရှိနေစဉ် မွေးစားသမီး
ဖြစ်သူ မ.....(၃၁)နှစ် ကို ဓါးထိုး ခံရကြောင်း ဇနီးဖြစ်သူ....က
ဖုန်းဆက် အကြောင်း ကြား တဲ့ အတွက် နေအိမ်ကို ပြန်တဲ့အခါ သမီးဖြစ်သူမှာ သူ၏ ရည်းစားဖြစ်သူ
ကို.....(စိစစ်ဆဲ) နဲ့ စကားနိုင် လုရင်း ကနေ စကားများပြီး အဖြူရောင် ကော်ရိုးတပ် အရိုးအသွား(၆)လက်မခန့်ရှိတဲ့
စတီးဓါးနဲ့ ထိုးတဲ့အ တွက်မ.......ရဲ့ ၀ဲပါးပြတ်ရှ၊ ကျောဝဲဘက် ထိုးသွင်း ဒဏ်ရာတို့ရပြီး
သင်္ဃကျွန်း စံပြဆေးရုံမှာ အတွင်း လူနာ (စိုးရိမ်ရ) အဖြစ် ကုသရတဲ့ အတွက် ဖခင်ဖြစ်သူဦး.......ကတရား
လိုပြုတိုင် တန်းထားကာ တ/ဥက္ကလာပ ရဲ စခန်းက (ပ) ၆၄၇/၁၂ ပုဒ်မ ၃၂၆ နဲ့ စုံစမ်းနေရာကနေ
အောက်တိုဘာလ (၁၂) ရက်နေ့မှာ သေဆုံးသွားတဲ့ အတွက် ပုဒ်မ ၃၂၆ မှ ပုဒ်မ ၃၀၂ ကိုပြောင်းလဲ
အမှုဖွင့်ပြီး အမှုကို ဆက်လက်စုံစမ်း နေတယ်လို့ သိရတယ်။
နိုင်ဂျီးရီးယား နိုင်ငံ
မြောက် ဘက်ပိုင်း ကန်ဒူနာ ပြည်နယ်က ရွာတရွာမှာ သေနတ် သမားတွေရဲ့ ပစ်ခတ် မှုကြောင့် အနည်းဆုံး
လူ ၂၀ လောက် သေဆုံး သွားတယ် လို့  နိုင်ဂျီးရီးယား အရာရှိ တွေက
ပြောပါတယ်။
မနက် အရုဏ်တက် အချိန်မှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ တာကြောင့် သေဆုံးခဲ့ရသူ အများစုဟာ
ဗလီထဲက လူတွေ ဖြစ်ကြ ပါတယ်။ ဒေသခံ ဓားပြဂိုဏ်း တခု ကနေ ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာ
ဖြစ်ကြောင်း နိုင်ဂျီး ရီးယား နိုင်ငံ သတင်း ပြန်ကြားရေး ကော်မရှင်နာ မင်းကြီး ဆာအိဒူ အဒါမူ က ဘီဘီစီကို
ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး
(KNU) တရာရေးဌာန တာဝန်ခံ ဖဒိုစောဒေးဗစ်ထော ဟာ နှလုံး အဆုတ် ဆီးချိုရော ဂါတွေနဲ့ ရန်ကုန်မြို့က
မင်္ဂလာဒုံ စစ်ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။
အောက်တိုဘာ ၁၄ ရက်နေ့ည ၁၀ နာရီ ၃၇ မိနစ်မှာ ဖဒိုစောဒေးဗစ်ထောကွယ်လွန်သွားခဲ့ကြောင်း
သူ့ကို အနီးကပ် ကြည့်ရှုပေးနေတဲ့ ဒေါက်တာ စိုင်မွန်သာက ပြောပါတယ်။
သြစတီးယန်းနိုင်ငံသား
စွန့်စားသူဖီးလစ်ဘွမ်ဂါ့တ်နာသည် အာကာသတွင်းမှ မြေပြင်သို့ အလွတ် ခုန်ချမှု ကမ္ဘာ့ စံချိန်
သစ်တင်နိုင်ရေး အတွက် အောက်တိုဘာလ ၁၄ ရက် နေ့တွင် ဒုတိယအကြိမ်မြောက်
ကြိုးပမ်းမှု အောင်မြင် ခဲ့သည်။
ဘွမ်ဂါ့တ်နာသည် အမြင့်ပေ ၁၂၈၀၉၇ ပေ မှ ၄ မိနစ် ၁၉ စက္ကန့်ကြာ အလွတ် ခုန်ဆင်း ခဲ့ပြီးမှ
လေ ထီးဖွင့် ခဲ့ခြင်း ဖြစ်သည်။ ယခုကြိုးပမ်းမှုတွင် အမြင့်ဆုံး အလွတ်ခုန်ချမှု၊ လူသားတစ်ဦးအတွက်
အမြင့်ဆုံးအမြန်နှုန်း၊ အသံ၏ အမြန်နှုန်းကို ချိုးဖျက်နိုင်မှု စံချိန် များတင်နိုင်ခဲ့သော်လည်း
ဆင်းလာသည့်အချိန် မြန်ဆန်ခြင်း ကြောင့် အချိန် အကြာဆုံး အလွတ်ခုံစံချိန်ကိုမူ လက်လွှတ်ခဲ့ရသည်။
စစ်ကိုင်းတိုင်း မုံရွာခရိုင်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တည်ဆောက်ဖို့ဆိုပြီး ကျေးရွာ တချို့မှာ စာသင်ကျောင်းတွေ
အပိတ်ခံထားရတာကို ပြန်လည် ဖွင့်ပေးဖို့ အတွက် မူလတန်း ကျောင်းသား
(၁၀၀) ကျော်က ၀က်မှေးရွာ မူလတန်းကျောင်းရှေ့မှာ ဒီကနေ့ မနက်ပိုင်းက (၃)နာရီကြာ ဆန္ဒပြ
တောင်းဆိုခဲ့ကြ ပါတယ်။
ဝက်မှေးရွာ၊ ဆည်တဲရွာ၊
တုန်အလယ်ရွာ၊ တုန်ရွာသစ်၊ တုန်ရွာမ၊ ဇီးတော စတဲ့ကျေးရွာတွေက မူလတန်း ကျောင်းသား တွေဟာ
စာသင်ကျောင်းတွေ ပြန်ဖွင့် ပေးဖို့ကို အခုလို ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာ နိုင်ငံ ဆိုင်ရာ
အမေရိကန် သံအမတ်ကြီး Derek Mitchell ဒဲရစ်မစ်ချယ်ဟာ ၂၀၀၇ ရွှေဝါရောင် တော် လှန်ရေး တုန်းက
ဦးဆောင် သံဃာ တစ်ပါးဖြစ်တဲ့ ဦးဂမ္ဘီရ အခုတော့ လူဝတ်လဲ လိုက်ပြီဖြစ်တဲ့
ဦးညီညီလွင် နဲ့အ ဖွဲ့ကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ၊ ပြည်လမ်းမှာရှိတဲ့ အမေရိကန်သံအမတ်ကြီးရဲ့
နေအိမ်မှာ တစ်နာ ရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံတော်
ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်း တွေမှာ
မတည် ရင်းနှီးငွေ ပမဏဟာ ယခင်က ငွေကျပ်၂၃၆ ဘီလီယံသာ ရှိရာမှ ယခုအခါ ၄၀၁ ဘီလီယံ အထိ ရှိလာပြီ ဖြစ်တယ် လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့
ဘဏ်လုပ်ငန်း များမှာ တစ်နှစ်ကျော် ကာလ အတွင်း များစွာ တိုးတက် လျက်ရှိပြီး ဘဏ် လုပ်ငန်း
များရဲ့ မတည် ရင်းနှီးငွေများ ဟာလည်း ယခုလို တိုးတက် လာတာ ဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန် လေတပ်၏ မဟာဗျူဟာမြောက်
ဗုံးကြဲလေယာဉ် B-2များအတွက် ဆက်သွယ်ရေးနှင့် လက်နက် သယ်ယူမှု စနစ်များ ပိုမိုကောင်းမွန်အောင်
အဆင့်မြှင့်တင်နေကြောင်း သိရသည်။ အမေရိကန် လေတပ်၏ မဟာဗျူ ဟာမြောက်
ဗုံးကြဲလေယာဉ် B-2များအတွက် ဆက်သွယ်ရေးနှင့် လက်နက်သယ်ယူမှု
စနစ်များ ပိုမိုကောင်း မွန်အောင် အဆင့်မြှင့်တင်နေကြောင်း သိရသည်။ Northrop Grumman
ကုမ္ပဏီက မြန်နှုန်းမြင့် Processing စနစ် သစ် တစ်ခုအတွက် Softwareရော၊ Hardwareပိုင်းပါ
မြှင့်တင်မှုကို ပြုလုပ်သွားမည်ဟု အတည်ပြုခဲ့သည်။
မြောက်ကို ရီးယား
နိုင်ငံသည် အမေရိကန် နိုင်ငံ၏ ကျူးကျော် ရန်စမှုကို တုံ့ပြန်ရန် အတွက် ဒုံးပျံ စွမ်းပ
ကားကို တိုးမြှင့် သွား မည် ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြား ရေး ဝန်ကြီး ဌာနက
အောက်တိုဘာလ ၁ဝ ရက် နေ့တွင် ပြောကြား ခဲ့ပါသည်။ မြောက်ကို ရီးယား နိုင်ငံတွင် အမေရိကန်
နိုင်ငံနှင့် အခြားသော စစ်အ ခြေစိုက် စခန်းများထိရောက်ရှိ နိုင်သော မဟာ ဗျူဟာမြောက်
ဒုံးတပ်ဖွဲ့များ ရှိကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ အမည် မဖော်လိုသူ
တစ်ဦးက ပြောကြား ခဲ့ပါသည်။ အမေရိကန် နိုင်ငံသည် အရှေ့မြောက် အာရှ ဒေသတွင်းဒုံးပျံ
ယှဉ်ပြိုင်ပွဲ တစ်ရပ် ဖြစ်အောင် ဖန်တီး နေကြောင်း ကိုရီးယား ကျွန်းဆွယ်နှင့် ပတ်ဝန်းကျင်
ဒေသများကို မတည်မငြိမ်ဖြစ်စေရေး ဖျက်လိုဖျက်ဆီးပြုလုပ် နေသည့် အပြင် အပြန် အလှန် ဆွေးနွေး
မှုနှင့် စေ့စပ် ညှိနှိုင်းမှုများ အတွက် အခြေခံ အုတ်မြစ်ကိုလည်း ဖျက်ဆီးနေကြောင်း ၎င်းက
ပြောကြား ခဲ့ပါသည်။ တောင်ကိုရီးယား နိုင်ငံ သည် အမေရိကန်နှင့် ပြန်လည် ညှိနှိုင်း ပြင်ဆင်
ထားသည့် သဘော တူညီချက် အရ အကွာအဝေး ၈ဝဝ ကီလိုမီတာ (၄၉၇မိုင်) အထိ ရောက်ရှိသော ပဲ့ထိန်း
ဒုံးပျံများ ထုတ်လုပ်ရန် စီစဉ်ထားကြောင်း အောက်တိုဘာလ ၈ ရက်နေ့က ထုတ်ပြန် ကြေညာ ခဲ့ပြီးနောက်
မြောက်ကိုရီးယား နိုင်ငံ၏ ထိုကဲ့သို့ ပြောကြားချက် ထွက်ပေါ် လာခြင်း ဖြစ်ပါသည်။
လန်ဒန်မှာ ရောက်ရှိနေကြတဲ့
ဗုဒ္ဓဘာသာ ရဟန်းတော်တွေနဲ့ ရာဂဏန်း ခန့်ရှိတဲ့ ဗုဒ္ဓဘာသာ ၀င်တွေဟာ (အောက်တို ဘာ ၁၁ ရက်)
လန်ဒန်မြို့ ပါလီမန် စကွဲလ် (Parliament Square) ရှေ့မှာ ဘင်္ဂလာဒေခ်ျ့က ဗုဒ္ဓ ဘာသာ ၀င်တွေ
တိုက်ခိုက်ခံ ရတာနဲ့ ပတ်သက်ြ ပီး ငြိမ်း ချမ်းစွာ ဆန္ဒပြ ပွဲ တစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီ ဆန္ဒပြပွဲ ကို Bangladesh Buddhist Association UK – British Sri Lanka Forum တို့နဲ့
မြန်မာ ဗုဒ္ဓဘာ သာ ဘုန်းတော်ကြီးတွေ၊ ယူကေနိုင် ငံရောက် နိုင်ငံတကာ ဗုဒ္ဓဘာသာဝင်တွေကနေ
စုပေါင်းပြုလုပ်တာ ဖြစ် တယ် လို့ ဆိုပါ တယ်။ မြန်မာ၊ ထိုင်း၊ ဘင်္ဂလာဒေခ်ျ့၊ သီရိလင်္ကာ
စတဲ့ နိုင်ငံတွေက ရဟန်းတော် ၂၃ ပါး ကြွရောက် ချီးမြှင်ြ့ပီး လူကတော့ ၁၅၀ နဲ့ ၂၀၀ အကြားမှာ
ရှိလိမ့်မယ်လို့ ဆန္ဒပြပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့သူ တစ်ဦးက ပြောပါ တယ်။ တက်ရောက်လာကြသူတွေ
အထဲမှာ ဗြိတိန် အထက်လွှတ်တော်က Lord Averic ဆိုတဲ့ ပုဂ္ဂိုလ် တစ်ဦး လည်း ပါဝင်ပြီး တခြား
ခေါင်းဆောင်တွေနဲ့ အတူ မိန်းခွန်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ခုလို လန်ဒန်မှာ ဆန္ဒပြပွဲ ကျင်းပရခြင်းရဲ့
အဓိက ရည်ရွယ်ချက်တွေ ကိုတော့ ပါဝင်တဲ့ ဘင်္ဂလာဒေခ်ျ့က ဦးဇင်း တစ်ပါးက ခုလို ပြောပြပါ တယ်။
“ မကြာသေးခင်ကမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ် တကောင်းဒေသ နှင့် ပန်းဝါဒေသများတွင် လူနည်း စု
ဒေသခံများဖြစ်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေကို တိုက်ခိုက်တာ၊ သတ်ဖြတ် တာ၊ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီး ခံရ တာ၊
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေနဲ့ ဗုဒ္ဓဘုရား ရုပ်ပွါးတော်တွေ ကို တိုက်ခိုက် ဖျက်ဆီးတာတွေကို
တားဆီး ရန်နဲ့ ခုလို ယုတ်မာ ရက်စက်မူတွေကို ကမ္ဘာက သိရှိစေ လိုတဲ့ အတွက် ငြိမ်းချမ်းစွာ
တောင်းဆို ဆန္ဒပြ ရခြင်း ဖြစ်ပါတယ်” လို့ ဆိုပါတယ်။ ဆန္ဒပြပွဲ အတွင်း Bangladesh
Buddhist Association UK မှ Sujan Barua က လည်း ခုလို ပြောပါတယ်။ “ မိမိတို့ အနေနဲ့
ယခုလို တောင်းဆို ဆန္ဒပြပွဲတွေ ကာကွယ်မူတွေ မလုပ်ရင် ဗုဒ္ဓဘာ သာသည် မကြာခင်ကာလ အတွင်းမှာပင်
ဤကမ္ဘာမြေပေါ်မှ ပျောက်ကွယ်သွား ရတော့မည်ဖြစ်ကြောင်း၊ မိမိတို့ ဗုဒ္ဓဘာ သာဝင်များသည် ဘင်္ဂလားဒေခ်ျ့
နိုင်ငံ၊ စစ်တကောင်းဒေသနဲ့ ပန်းဝါဒေသ များတွင် မည်သည့် ဘာသာ ဝင်များကိုမှ တိုက်ခိုက်မူ
မရှိသော်လည်း၊ ယခုမူ မိမိတို့အပေါ် လူမျိုးတုံး၊ ဘာသာပျောက်အောင်ပင် ရည်ရွှယ် ချက်ရှိရှိ၊
အငြိုးကြီးကြီးဖြင့် လိုက်လံတိုက်ခိုက်ခံနေရကြောင်း၊ မိမိတို့ ဗုဒ္ဓဘာသာဝင် များမှာ
ထိုဒေသတွင် လူနည်း စုသာဖြစ်၍ တစ်ရာခိုင် နှုံးခန့်သာရှိကြောင်း၊ မိမိတို့ ဗုဒ္ဓဘာသာကို
မပျောက်ကွယ်၊ ရည်ရှည် တည်တန့် ခိုင်မြဲအောင် ဗုဒ္ဓဘာသာ တိုင်းမှာ တာဝန်ရှိကြောင်း အကျယ်တဝန့်
ရှင်းလင်းပြောကြားခဲ့တယ်” လို့ဆိုပါ တယ်။ ဆန္ဒပြတဲ့ သူတွေဟာ အဲဒီနေရာကနေ ဒေါင်းနင်းလမ်းကို
သွားရောက်ပြီး အဲဒီအထဲက ရဟန်းတော် ငါးပါး ဟာ သူတို့ရဲ့ မေတ္တာရပ်ခံစာကို ဗြိတိန် ၀န်ကြီးချုပ်ဆီကို
သွားရောက် ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီက တဆင့် ဆန္ဒပြသူတွေဟာ Foreign office ရှေ့ကို
ချီတက်ခဲ့ကြတယ်လို့ ပြောပါတယ်။ သူတို့ တောင်းဆို ထားစာထဲ မှာတော့ အချက် (၆) ချက်ကို
တောင်းဆိုထားတယ်လို့ ပြောပါတယ်။ တောင်းဆိုတဲ့ အချက်တွေကတော့ သမာ သမတ် ကျတဲ့ စုံစမ်း
စစ်ဆေးရေးကော်မီတီ ဖွဲ့ပြီး စစ်ဆေးဖို့နဲ့ ကျူးလွန်ခဲ့တဲ့သူတွေကို အပြစ်ပေး အရေးယူဖို့၊
ထိခိုက် ဆုံးရှုံး ခံခဲ့ရတဲ့ ရွာသားတွေကို လျှော်ကြေးပေးဖို့နဲ့ မီးရှို့ခံလိုက်ရတဲ့
ဘုန်းတော်ကြီးကျောင်းတွေ – လူနေ အိမ်တွေကို ပြန်ဆောက်ပေးဖို့၊ နောက်နောင် တိုက်ခိုက်မူတွေ
မဖြစ်ပွားရအောင် လူနည်းစု ဗုဒ္ဓဘာသာဝင်တွေကို ကာကွယ်ပေးဖို့၊ တိုက်ခိုက်မူမှာ ပါဝင်သူတွေကို
လူသိရှင်ကြား ထုတ်ဖေါ်ပေးဖို့၊ ဘင်္ဂလာဒေခ်ျ့နိင်ငံမှာ ဘာသာရေး အရ နားလည် ခွင့်လွတ်မူတွေနဲ့
အပြန်အလှန် လေးစားမူတွေ ပိုရအောင် လူမူ အဖွဲ့အစည်းတွေ အတွင်း ပညာရေး မြင့် တင်ရန်နဲ့
အပြန်အလှန် လေးစား ယုံကြည်မူတွေ ပြန်လည် တည်ဆောက်နိုင်အောင် စနစ် တကျ သုတေသန လုပ်ငန်းတွေ
လုပ်နိုင်အောင် ငွေကြေးပိုမို စိုက်ထုတ် အသုံးပြုရန်တို့ ဖြစ်ပါတယ်။ ဒီစာကို ဗြိတိန်
ဝန်ကြီချုပ်ကို လိပ်မူ တက် ပေးပို့တာ ဖြစ်ပြီး မိတ္တူကိုတော့ ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်၊
ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး၊ Human Rights Watch၊ amnesty International၊ အီးယူးနိုင်ငံခြားရေး
ရုံးနဲ့ အမေရိကန်-ဂျပန်- တရုတ် သံအမတ်ကြီးတွေဆီကိုလည်း ပေးပို့ခဲ့ တယ်လို့ သိရပါတယ်။
ကေအိုင်အေ (ကချင်)အဖွဲ့ မိုင်းထောင်မှု များကြောင့် အပြစ် မဲ့ပြည်သူ များ ထိခိုက် ဒဏ်ရာရရှိ
၉-၁၀-၂၀၁၂ ရက်နေ့ တွင် ဖားကန့်မြို့နယ်၊ ဝှေခါးကျေး ရွာနေ တင်လင်း (၂၈)နှင့် (ဘ)ဦးသန်းပိုနှင့်
ဇော်ဝင်းနိုင် (၂၅)နှစ် (ဘ)ဦးပဲကျော် တို့(၂) ဦးသည် ရတနာကြယ် ကုမ္ပဏီမြေစာ ပုံအောက်သို့
မျှစ်ချိုးရန် ရောက်ရှိစဉ် ကေအိုင်အေ (ကချင်) အဖွဲ့မှ ထောင်ထား သည့် မိုင်း(၁)လုံးအားနင်းမိ
ပေါက်ကွဲ သွားခဲ့ သဖြင့် တင်လင်းမှာ ၀ဲခြေ ကျင်းဝတ်နှင့် ခြေဖ၀ါးကျိုး၊ ပေါက်ပြဲဒဏ်ရာဖြင့်
၎င်းနေရာတွင် သေဆုံး သွားခဲ့ပြီး ၎င်းနှင့် အတူပါ လာခဲ့သော ဇော်ဝင်းနိုင်(၂၅)နှစ် (ဘ)ဦးပဲကျော်တွင်
ယာပေါင်/ခြေကျင်းဝတ် ပေါက်ပြဲဒဏ်ရာ(၂)ချက်၊ ၀ဲပေါင် နှင့် ခြေကျင်းဝတ်တို့တွင် ဒဏ်ရာများ
ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
ကေအိုင်အေ (ကချင်) အဖွဲ့မှ မိုင်းထောင်ဖေါက်ခွဲ မှုကြောင့် မပြစ် မဲ့ပြည် သူများ ဒဏ်ရာများ ရရှိ ၁၀-၁၀-၂၀၁၂
ရက်နေ့ ဖားကန့်မြို့ နယ်တွင် ကေအိုင်အေ (ကချင်)အဖွဲ့မှ မိုင်းထောင်ဖေါက် ခွဲမှုကြောင့်
ဦးနော်ဆိုင်း၊ (၃၈)နှစ် (ဘ) ဦးဆွေနော် သည် လည်ပင်း မိုင်းစ ထိမှန်ပြီး၊ မောင်လှိုင်မင်းအောင်
(၂၇)နှစ် (ဘ)ဦးအောင်မင်းသည် ဘယ်န ဖူး မိုင်းစထိမှန်၊ မောင်အောင်ဇော်လတ် (၂၇)နှစ် (ဘ)
ဦးသိန်းဝင်းသည် ညာတစ်တောင်ဆစ်အား ထိခိုက် ဒဏ်ရာ များ အသီးသီးရရှိခဲ့သောကြောင့် ဖားကန့်ဆေးရုံတွင်
ဆေးကုသခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။
နမ့်စန် မြို့နယ် လွယ်မား တဲစု
ဦးခွန်တလူ အသက်ခံ ရမှုနှင့် ပါက်သက် ၍ ဇနီးမှ ရဲစခန်း သို့ တိုင်ကြားရာ နမ့် စန် မြို့နယ်
ရဲတပ် ဖွဲ့မှ ရဲအုပ် ဇော်မင်း ဦးစီးအဖွဲ့နှင့် မိုင်းစိတ်ကျေး ရွာမှ ကျေးလက် ကျန်းမာရေးမှူး
ဦးမြင့်သန်း ဦးစီး အဖွဲ့ ၂ ဖွဲ့သည် မိုင်းစိတ်ကျေးရွာမှ ထွက်ခွာလာခဲ့ပြီး လွယ်မားတဲစု
ရွာလူကြီးများဖြင့် အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက် စစ်ဆေး ခဲ့ပါသည်။ အခင်း ဖြစ်ပွားသည့်
နေရာတွင် အလောင်းအား တူးဖော် စစ်ဆေး ကြည့်ရာ အလောင်းအား အညိုရောင်စောင် ၁ ထည်ဖြင့်
ဖုံးအုပ်ထားပြီး အရှေ့မြောက် ဘက်သို့ ဦးခေါင်းပြု၊ ဘယ်ဘက် တစောင်းလဲ၊ ညာလက် နောက်ပစ်၊
ဒူးကွေးလျက် အနေအထားဖြင့် မြုပ်နှံထား ကြောင်း တွေ့ရှိရသည်။ အလောင်းမှ ဒဏ်ရာများကို
ဆက်လက် စစ်ဆေး ကြည့်ရှုရာ နောက်စေ့ ဦးခေါင်း အရိုးကြေ မွဒဏ်ရာ၊ ဘယ်ဘက်မေးရိုး ကျိုးကြေ၍
မျက်နှာ ညိုမဲ ဖူးရောင် ဒဏ်ရာ၊ လက်ကောက် ၀တ်ကြော ဘယ်/ညာ အကြောပြတ် ရှ၍ ဓားဒဏ်ရာ အလျား
၁ လက်မခွဲခန့်၊ အနက် ၀.၅ လက်မခန့်၊ ခြေဖ နောင့်ကြော ဘယ်/ညာ အကြောပြတ်ရှ၍ ဓားဒဏ်ရာ အလျား
၂ လက်မခွဲခန့်၊ အနက် ၀.၅ လက်မခန့် ဒဏ်ရာများဖြင့် အသတ်ခံထားရကြောင်း တွေ့ရှိရ သည်။ အလောင်းအား
စစ်ဆေးပြီးနောက် ပြန်လည်မြုပ်နှံပေးခဲ့ပြီး လွယ်မားတဲစုသို့ ပြန်လည် ထွက်ခွါ လာခဲ့ပြီး
ရဲအုပ်ဇော်မင်း ဦးစီးအဖွဲ့သည် သက်သေ ၁၁ ဦးအား ခေါ်ယူစစ်ဆေးရာတွင် အသတ်ခံ ရသူမှာ လွယ်မားတဲစု
ရွာမှ ဦးခွန် တလူ ဖြစ်ပြီး လက်နက်ကိုင် ပြောက်ကျားဝတ် ၂ ဦးမှ လာရောက် ခေါ်ဆောင် သွားကြောင်း
သိရသည်။ အက်စ်အက်စ်အေ (ရွက်ဆစ်) အဖွဲ့မှ အင်အား ၆ ဦးအဖွဲ့သည် စက်တင်ဘာ ပထမအပတ်မှ စတင်၍
လွယ်မားတဲစု တစ်ဝိုက်သို့ ၀င်/ထွက်သွားလာ နေပြီး အလောင်းမှ တွေ့ရှိရသည့် ဒဏ်ရာများသည်
အသက်သေစေ နိုင်သော ဒဏ်ရာများ ဖြစ်ပြီး သောင်းကျန်းသူများ ပြုလုပ်လေ့ရှိခြင်း၊ အလောင်းတွေ့ ရှိသည့်နေရာ၏
အနောက်ဘက် မီတာ ၂၀၀ ခန့်တွင် အက်စ်အက်စ်အေ(ရွက်ဆစ်)အဖွဲ့ ယာယီ နေထိုင် လေ့ရှိသော ၂
ယောက်အိပ်တဲ ၃ လုံးတွေ့ရှိရကြောင်း သိရှိရသည်။ ၄င်းလုပ်ရပ်သည် အက်စ်အက်စ်အေ(ရွက်ဆစ်)အဖွဲ့မှ
လူသတ်၍ အလောင်းမြုပ်နှံသွားကြောင်း သိရှိရသည်။ သွေးလန့်သူများ မကြည့်ပါရန်-
" ရှေ့တန်း စစ်မြေပြင်မှာ တိုက်ပွဲ ဝင်နေတဲ့ ကိုယ့်လူမျိုး၊ စစ်သားအယောက် ၅၀၀ ကျသွားခဲ့ရင် လည်း၊ နောက် တန်းမှာ ကိုယ့်လူမျိုး မိခင်တွေရှိနေသေးရင် ပြန်လည်မွေးထုတ်နိုင်ပါသေးတယ်..
ကိုယ်လူမျိုးမိန်းကလေးတစ်ယောက်သာ လူမျိုးခြား၊ ဘာသာခြားနဲ့ ရသွားခဲ့ရင်ဖြင့်....
တိုင်းပြည်ရဲ့ ရှေ့ရေးအတွက် အကြီးမားဆုံးထိုးနှပ်ချက်နဲ့ ရင်လေးစရာ တွေကို ကြုံတွေ့ရတော့မှာပါဘဲ"
နိုင်ငံတော် သြ၀ါဒစရိယ၊ အဘိဓဇမဟာရဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက မြတောင်တိုက် အဓိပတိ မဟာ နာယက ဘဒ္ဒန္တသာသနာဘိဝံသ ရွှေဝါ၀င်းကျောင်းဆရာတော်ကြီးမှ သဘောထားထုတ်ပြန်ချက်ကို လက်မှတ်ရေး ထိုးနေစဉ်။
၁။ Eleven Media Group မှ၂၀၁၂ခုအောက်တိုဘာလ ၅ရက်နေ့တွင်ထုတ်ဝေသော Bi Weekly Eleven ဂျာနယ် တွင်ဖော်ပြသည့် မြန်မာ့ စီးပွားရေး ဦးပိုင် လီမီတက်နှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက် များကို ကင်မရာလက်ဆောင်ပေးအပ်ခဲ့ကြောင်း သတင်းများပျံ့နှံ ခေါင်းစဉ်ပါသတင်းတွင် “အထူး သဖြင့် မန္တလေး နှင့် နယ်သတင်းထောက်များအကြား လက်ဆောင်ရယူခြင်းများက ရှိနေ ဆဲဖြစ်ကြောင်း သိရပါသည်” ဟု ရေးသားထားပါသည်။
၂၀၁၂ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်ကို သွက်သွက်လက်လက် လုပ်ဆောင်နေကြ တာကို တွေ့ရတယ်။ ထို လုပ်ငန်းစဉ်ကို အစိုးရ၊ အတိုက်အခံ၊ တိုင်းရင်းသား လက်နက် ကိုင်၊ တက်ကြွလှုပ်ရှားသူတွေ့ သက်ဆိုင်ရာနေရာကနေ ပူးပေါင်း ဆောင်ရွက်နေကြပါတယ်။ ထို သို့ ဆောင်ရွက်နေ သူများအနက် မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ အကြံပေး အဖွဲ့ဝင် တဦးဖြစ်ပြီး တိုင်းရင်းသား လက်နက် ကိုင်တွေနဲ့ ငြိမ်းချမ်းရေး လက်မှတ်ရေး ထိုးပွဲ ကိစ္စများကို ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့သူ ဦးလှမောင်ရွှေနဲ့ အထူး မေးမြန်းခွင့် ကြုံခဲ့ရပါတယ်။ ထိုသို့ မေးမြန်းခွင့် ပြုတဲ့ ဦးလှမောင်ရွှေ ကိုလည်း ယနေ့မြန်မာ အနေနဲ့ ကျေးဇူးဥပကာယ အထူး တင်ရှိ ပါတယ်။ မြန်မာပြည် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အတွင်းကျကျ လေ့လာမယ်ဆိုရင် မမြင်နိုင်တဲ့ အခက်အခဲတွေ အများကြီး ရှိနေတာ ကို မြင်တွေ့ ရနိုင်ပါတယ်။ ထို အခက်အ ခဲတွေကို ဘယ်လို ကျော်ဖြတ်နိုင်မလဲ၊ ဘာတွေ လုပ်ကိုင်ခဲ့ပြီးပြီလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဦးလှမောင်ရွှေ ပြောပြတဲ့ စကားများအနက် ဖော်ပြခွင့်ရသမျှကို အားလုံး အတွက် ဝေမျှလိုက်ပါတယ်။ ဦးလှမောင်ရွှေနဲ့ မေးမြန်းမှုကို ၂၀၁၂ စက်တင်ဘာ ၃၀ ရက်နေ့က ပြုလုပ်ခဲ့ပြီး နယူးယောက်မှ ၀ါရှင်တန်ဒီစီမြို့တော်ဆီ မော်တော်ကားနဲ့ ခရီးသွားနေတဲ့ ဦးလှမောင်ရွှေကို တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ယနေ့မြန်မာ။ ။ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ အမေရိ ကန်ပြည်ထောင်စု ခရီးစဉ်မှာ အစ်ကိုတို့ သမ္မတအကြံပေးအဖွဲ့၊ မြန်မာဝန်ကြီးများ ပါဝင်ကြတာကို တွေ့ရပြီး အမေရိကန်ပြည်ထောင် စုကလည်း မြန်မာပြည်နဲ့ ပိုမို နီးနီးကပ်ကပ် ဆက်ဆံ လုပ်ကိုင်လိုတဲ့ ဆန္ဒတွေ တွေ့ရပါတယ်။ ဒီတော့ အခု ခရီးစဉ်နဲ့ ပတ်သက်ပြီး အောင်မြင်မှု၊ လိုအပ်မှု အပါအ ၀င် မြန်မာအစိုးရနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ အနာဂတ် ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အကျဉ်း ဖြစ်ဖြစ် ပြောပေး ပါလား ခင်ဗျာ။
၁။ နိုင်ငံတော်သမ္မတကြီးအနေဖြင့် မြန်မာနိုင်ငံတွင် OIC ရုံး (OIC Office, OIC Branch) ဟူ၍ ဖွင့်လှစ် ခွင့် ပြုမထားပါ။
၂။ နယ်စပ်ရေး ရာဝန်ကြီး ဌာနနှင့် MoU ရေးထိုးထားသော ရုံးမှာ ထောက်ပံ့ ကူညီမှုများ ဆောင်ရွက်ရာတွင် ကာလ သတ်မှတ် ချက်ဖြင့် ထားရှိမည့် ယာယီ ဆက်ဆံရေးရုံး (OIC ရုံး မဟုတ်ပါ) ဖြစ်ကြောင်းတွေ့ရှိရပါ သည်။
၂၀၁၂ခုနှစ် ငြိမ်းချမ်းရေး နိုဘဲလ်ဆုအတွက် မျှော်လင့်မထားတဲ့ ဥရောပသမဂ္ဂကို ရွေးချယ်လိုက်တာနဲ့ ပတ် သက်ပြီး ဥရောပနိုင်ငံတချို့ရဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဆင်းရဲနွမ်းပါးမှုနဲ့ ရုန်းကန်နေရတဲ့ သာမာန်ပြည် သူတချို့ကတော့ ဒီဆုရွေးချယ်မှုအတွက် အံ့အား သင့်ပြီး ရွေးချယ်မှု အတွက် စိတ်ပျက်မိ တယ်လို့ ဆိုကြပါတယ်။ ယူရိုငွေကြေးဇုန်အတွင်း အကျပ် အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဒီ ငြိမ်းချမ်းရေး ဆုကို ချီးမြှင့်လိုက်တာဟာ အဆီအငေါ်မတည့်တဲ့ ဟာသပြက် လုံးတခုလို ဖြစ်နေတယ်လို့ ဆိုကြပါတယ်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ နေသော ဆူဇူကီးဖလား ခြေစစ်ပွဲ၏ အုပ်စုနောက်ဆုံး ပွဲစဉ် တစ်ခုဖြစ်သော မြန်မာအသင်းနှင့် လာအို အသင်းတို့၏ ပွဲတွင် မြန်မာပရိသတ် များမှာ လာအို အသင်း သို့ ပြောင်းလဲ အားပေးခဲ့ကြောင်း အဆိုပါပွဲသို့ သွားရောက် သတင်းရယူနေသည့် The Voice Weekly သတင်းထောက်မှ သတင်းပေးပို့သည်။
၁၃-၁၀-၂၀၁၂ ည ၁၀ နာရီခန့် တွင် ရမည်းသင်း မြို့ ဝါတိုး လယ်ရပ်နေ ဦးခင်မောင်အေး အသက်(၄၅)နှစ်
နှင့် ဦးညို စိမ့် အသက်(၃၄)နှစ်တို့ သည် အလုပ်ကိစ္စဖြင့် သိမ်ကုန်းကျေးရွာသို့ စည်ပင် သာယာ လမ်း အတိုင်း ဆိုင်ကယ်ဖြင့် သွားရာ လုံခြုံရေး တာဝန်ကျ အရံ မီးသတ် တပ်ဖွဲ့ ဝင် မွတ်စ လင်များမှ စစ်ဆေးရန် အကြောင်းပြ တားဆီးခဲ့ ကြောင်းသိ ရပါတယ်။
စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့တွင် နယ်စပ် ဖြတ်ကျော် လမ်းများ မှတရား မဝင်ခိုးဝင် လာသော ဘင်္ဂါလီ လူမျိုး(၁၆) ဦးအားအောက် တိုဘာလ (၁၄) ရက်နေ့တွင် ထပ်မံ ဖမ်းဆီး ရမိခဲ့ကြောင်း ကလေးမြို့ နယ်ရဲ စခန်း မှ အတည်ပြု ပြောကြားချက် အရ သိရသည်။
ဧရာဝတီ တိုင်းဒေသကြီး သာပေါင်းမြို့နယ် ကျိန္တလီ သစ်တော ကြိုးဝိုင်းအတွင်းရှိ ဝါးခုတ် စခန်း၌ အောက်တို ဘာ၁ဝ ရက် နံနက်ပိုင်းက တောဆင်ရိုင်းတစ်ကောင်သည် တဲအတွင်း၌ အိပ်နေသူ တစ်ဦး အား နင်းသတ် ခဲ့ခြင်းကြောင့် လူသေဆုံးမှု တစ်ခု ဖြစ်ပွားကြောင်း သိရသည်။
KNU ဗဟိုကော်မတီဝင်များ။ လာမည့် ၂၂ ရက်နေ့တွင် ဗဟိုကော်မတီ အစည်းအဝေး စတင်ကျင်းပ မည်ဖြစ် သည်။ ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့အတွင်း လတ်တလော ဖြစ်ပွားနေ သည့် ပြဿနာ များကို ဆွေးနွေးညှိ နှိုင်းမူများမှတဆင့် ပြေလည်မှု ရရှိသွားကြောင်း သိရသည်။
KNU ဗဟိုကော်မတီဝင်တဦးက ”ဗဟိုကော်မတီအစည်းအဝေးလုပ်ဘို့ မနေ့က လေးဝါးစခန်းမှာ ဗဟိုကော် မ တီနဲ့ခရိုင်ဥက္ကဌအချို့ ဆွေးနွေးခဲ့ကြတာ အဆင်ပြေသွားပြီ။ အစည်းအဝေးကို အရံဗဟိုကော်မတီဝင် များအပါ အ၀င် ဗဟိုကော်မတီဝင် ၄၅ ဦး တက်ရောက်ကြမှာဖြစ်တယ်” ဟု ဧရာဝတီ သတင်းဌာန သို့ပြော သည်။
KNU အဖွဲ့၏ ၁၄ ကြိမ်မြောက် ညီလာခံသက်တမ်း နောက်ဆုံးအစည်းအဝေးဖြစ်သည့် ဗဟိုကော်မတီ အစည်းအဝေး သို့ ယခုလ ၂ ရက်နေ့က အဖွဲ့မှ ထုတ်ပယ်ခြင်းခံရသူ ၃ ဦးကိုလည်း ဖိတ်ကြားထားသည်။
ဗဟိုကော်မတီ အစည်းအဝေး ကျင်းပမည့် နေရာနှင့်အချိန် သတ်မှတ်နိုင်ရန်အတွက် ယမန်နေ့က လေးဝါး တပ်စခန်း တွင် ကျင်းပသည့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဖာပွန်ခရိုင်ဥက္ကဌ ပဒိုစောထဲ ဒယ်က ပြဿနာများပြေလည် မှုရရှိခဲ့ သည့်အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရသည်ဟု ပြောသည်။
KNU အရပ်ဘက် ခေါင်းဆောင်များ၊ စစ်ဘက်ခေါင်းဆောင်များ၊ တပ်မှူးများ
အဖွဲ့အတွင်း မကြေလည်မှုများ ပေါ်ပေါက်ခဲ့သဖြင့် မူလစီစဉ်ထားသည့် ဗဟိုကော်မတီအစည်းအဝေးကို ယခုလ ၈ ရက်နေ့က မကျင်းပနိုင်ခဲ့ပေ။ ထိုမကြေလည်မှုနောက်ဆက်တွဲအဖြစ် ထိပ်တန်းခေါင်းဆောင် ၃ ဦး ရာထူးမှ ထုတ်ပယ်ခံလိုက်ရသည်။ ထိုသို့ ထုတ်ပယ်မှုကို ထောက်ခံသူများနှင့်မထောက်ခံသူများ သဘော ထား တင်းမာမှုများ ဖြစ်ပွားခဲ့သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ဗဟိုတရားရေး ဌာနတာ ၀န်ခံဗဒိုဒေးဗစ်ထောနှင့် ဗဟိုလူမှုဝန်ထမ်းနှင့်ကယ်ဆယ်ရေးဌာနတာဝန်ခံပဒိုရောဂျာခင်တို့ကို ဗဟို၏ခွင့်ပြုချက် မရဘဲ ဘားအံမြို့တွင် KNU ဆက်ဆံရေးရုံးသွားရောက်ဖွင့်လှစ်မှုအပါအ၀င် အဖွဲ့၏စည်း မျဉ်းစည်း ကမ်းများကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့သည်ဟုဆိုကာ ယခုလ ၂ ရက်နေ့ရက်စွဲဖြင့် တာဝန်အ သီးသီးမှ ရပ်စဲကာ အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်လိုက်သည်ဟု ဗဟိုက အမိန့်စာထုတ်ပြန်ခဲ့သည်။
KNU အဖွဲ့အတွင်း ပြည်လည်ရင်းကြားစေ့နိုင်ရေးအတွက် ပြည်တွင်းပြည်ပရှိကရင် အမျိုးသားရေးဆောင် ရွက်နေကြသည့် ကရင်နိုင်ငံရေးပါတီနှင့် လူထုအခြေပြု အဖွဲ့အစည်းများ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် အခြားမဟာမိတ်အဖွဲ့အစည်းက တိုက်တွန်းမှုနှင့် တောင်းဆိုမှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြ သည်။
လိုအပ်ပါက အကူအညီများပေးရန် အသင့်ရှိသည်ဟုလည်း မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ် ငန်းကော် မတီနှင့် ထိုင်းအာဏာပိုင်အချို့က သဘောထားများပေးကာ ချဉ်းကပ်မှုအချို့ ပြုလုပ်ခဲ့သည် ဟု KNU ခေါင်းဆောင်တဦးကပြောသည်။
အဖွဲ့၏ဗဟိုကော်မတီအစည်းအဝေး ကျင်းပပြီးစီးပါက ၁၅ ကြိမ်မြောက် KNU ညီလာခံကို ဆက်လက် ကျင်းပမည်ဖြစ်ပြီး လာမည့် ၄ နှစ် ညီလာခံ သက်တမ်း အတွက် ခေါင်းဆောင်များကိုလည်း အသစ် ရွေးချယ်ကြ မည် ဖြစ်သည်။
Form: (ဧရာဝတီ)
အစိုးရမှ ထပ်မံကမ်းလှမ်းထား သည့် KIOနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တပ်မတော် အကြီးအကဲ များနှင့် KIA အကြီး အကဲများပါဝင်ဆွေးနွေးရန်ရှိကြောင်း ငြိမ်းချမ်းရေးဆွေးနွေး ပွဲဖြစ်မြောက် ရေးအဖွဲ့ဝင် ဦးလမိုင်ဂွမ်းဂျာက အောက်တိုဘာလ ၁၃ ရက်နေ့တွင်ပြောကြားခဲ့သည်။
အစိုး ရမှ အောက်တိုဘာလ ၁၀ ရက်နေ့တွင် KIO နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲပြုလုပ် ရန် ကမ်းလှမ်းမှုများပြုလုပ်ထားပြီး အဆိုပါအစိုးရ၏ ကမ်းလှမ်းမှုကို KIO ဘက်မှ လက်ခံရရှိကြောင်း၊ ကမ်းလှမ်း ချက်ကို အစည်းအဝေး ပြုလုပ်ကာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၁ ရက် နေ့ တွင် ပြန်လည် အကြောင်းပြန် ထားသည်ဟု ဦးလမိုင်ဂွမ်းဂျာက ပြောကြားခဲ့သည်။
Popout
ကချင်ပြည်နယ်ရှိ
စစ်ဘေးဒါဏ်သင့် ပြည်သူများအတွက်
ရန်ကုန်တောင် ပိုင်းခရိုင်ကျောင်း သားများ သမဂ္ဂ မှ ကျောင်းသားများက စစ်ဆန်
့ကျင်ရေးသီချင်းများ သီဆို၍ အလှူငွေများ လိုက်လံကောက်ခံခဲ့ကြပါသည်။
အလှူငွေကောက်ခံ မှုကို
သန်လျင်မြို့ နယ်အတွင်းရှိ လူစည်ကားသည့် လက်ဖက်ရည်ဆိုင်များ၊
စားသောက်ဆိုင် များနှင့် ဖိတ်ကြားထားသည့်အိမ်များတွင်
ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ (ရတကသ) မှ
ကျောင်းသား(၂၁)ယောက်ဖြင့် လိုက်လံကောက်ခံခဲ့ကြခြင်း ဖြစ်ပါသည်။ သီချင်းများ
သီဆို အလှူခံ ထွက်ရင်း တပြိုင်နက် (ရတကသ) မှ ပြည်တွင်း စစ်ရပ်ဆဲ ၍
ငြိမ်းချမ်းရေးဖော်ဆောင်ပေး ရန် တောင်းဆို သည့် ကြေငြာချက် များကိုလည်း ဖြန်
့ဝေခဲ့ကြပါသည်။
ဒေါ်ဝိုင်းတင်( ၁/မမန(နိုင်)၀၂၀၁၄၀) တိန်းမကြိုင်းကျေးရွာ ၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊ ဗန်းမော် ခရိုင်နေသူ မှ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဥက္ကဌ ထံသို့ ၄င်း၏မိဘနှစ်ပါးအား လူမဆန်စွာ သတ်ဖြတ် သွားခဲ့ သည့် KIA များအား အရေးယူပေးနိုင်ရေး တိုင်ကြားသည့်စာ(၃- မျက်နှာ)အား KDN သို့မေလ်းဖြင့်ပေး ပို့လာပါ သဖြင့် ဖော်ပြလိုက် ပါသည်။
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ကုန်ပိုင်း မှစ၍ ဖားကန့်ဒေသ မှာရှိတဲ့ တပ်မတော် စစ်ကြောင်းတွေကို KIA တပ်ရင်း (၆)မှ အဆက်မပြတ်လိုက်လံတိုက်ခိုက်လျက်ရှိကြောင်း သိရှိရပါတယ်။ ယခုကဲ့သို့ တပ်ရင်း(၆)မှ အစိုးရ တပ်များအား လိုက်လံ တိုက်ခိုက်နေခြင်းမှာ စစ်တပ် များရှိနေခြင်းဖြင့် အခွန် အကောက်များ မရတော့ခြင်းကြောင့် စစ်တပ်တွေ နေလို့မရအောင် တိုက်ခိုက် ခြင်းဖြစ်ကြောင်း တပ်ရင်း(၆)မှ KIA တပ်ဖွဲ့ဝင် တစ်ဦးမှ ပြောပြသည်။