Saturday, January 26, 2013
မိုးကောင်းမြို့နယ် တလီတွင် မီးသွေးဖိုများအား ငွေကောက်ခံ
မိုးကောင်း ဇန်န၀ါရီလ ၂၄ရက်
မိုးကောင်းမြို့နယ် ဆောင်းခါရွာ နန့်ကောင်းချောင်းတဖက်ကမ်းရှိ တလီတ၀ိုက်တွင် မီးသွေးဖုတ် လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသူများထံမှ မီးသွေးဖိုတစ်ဖိုလျှင် ၇သောင်း နှုန်းနဲ့ KIA အဖွဲ့ တစ်ဖွဲ့မှ ယမန်နေ့က ကောက်ခံနေကြောင်းသိရှိရပါသည်။ မီးသွေးဖိုတစ်ဖိုလျှင် အကြီးအသေးပေါ် မူ တည်ပြီး အိတ် ၃၀ မှ ၇၀ အတွင်းရရှိကြပြီး၊ တအိတ်လျှင်၂၅၀၀မှ ၃၀၀၀ အတွင်းရရှိကြောင်းသိရှိရသည်။
ရခိုင်နယ်စပ်တွင် ဂျီအီးတပ်ဖွဲ့ ဒုတိယ အကြိမ် တိုက်ခိုက်ခံရပြီး ကားပါမီးရှို့ခံရ
Posted by drmyochit
Saturday, January 26, 2013, under ပြည်တွင်းသတင်းများ | No comments
ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တွင် ခြံစည်းရိုးကာရံနေသော ဂျီအီးတပ်ဖွဲ့ဝင်များကို ယခုလ ၂၄ ရက်နေ့က အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုက ၀င်ရောက် တိုက်ခိုက်ခဲ့ပြီး ကားတစ်စီးအားလည်း မီးရှို့သွားခဲ့သည်ဟု သတင်း ရရှိသည်။
ဟင်းသီးဟင်းရွက်များ၌ အဆိပ်ပါသည်ဟု ရခိုင်၌ သတင်းများ ပြန်လည်ထွက်ပေါ်
Posted by drmyochit
Saturday, January 26, 2013, under ပြည်တွင်းသတင်းများ | No comments
တပ်မတော်က ခုခံစစ်သာ တိုက်နေတယ် ဆိုတာကို KIO ကန့်ကွက်တာလား မကျေနပ်တာလား
Posted by drmyochit
Saturday, January 26, 2013, under ပြည်တွင်းသတင်းများ | No comments
ဝတပ်ကို တရုတ်လက်နက်ရောင်း
Posted by drmyochit
Saturday, January 26, 2013, under မြန်မာသတင်းများ | No comments
ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)မှ တပ်သားများကို တရုတ်နယ်စပ်တွင် တွေ့ရစဉ်။
တရုတ်မြန်မာ နယ်စပ်မှာ အခြေ စိုက်တဲ့ လက်နက်ကိုင် အဖွဲ့ တခုကို တရုတ် နိုင်ငံက ခေတ်မှီ လက်နက်တွေ ကို ရောင်းချနေ တယ်လို့ လုံခြုံရေး ဆိုင်ရာလေ့ လာသုံး သပ်သူတွေက ပြောလိုက် ပါတယ်။ မြန်မာနိုင်ငံ ထဲက အင်အားအကြီးဆုံးလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် ကို တရုတ်က လက်နက်တွေ တိတ်တဆိတ် ရောင်းချနေ တာဖြစ်တယ်လို့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင် ရာလေ့လာရေး အဖွဲ့ဖြစ်တဲ့ Jane Defense အဖွဲ့ကပြော လိုက်တာဖြစ်ပါတယ်။
ဂစ္စပနဒီမြစ်အတွင်း တိုက်ခိုက်လုယက်မှု ကျူးလွန်သူများမှ ၆ ဦးသာဖမ်းဆီးခံရ
Posted by drmyochit
Saturday, January 26, 2013, under ပြည်တွင်းသတင်းများ | No comments
ဇန္နဝါရီလ ၂၃ ရက်နေ့ တွင်ဖြစ်ပွား သွားသော ဂစ္စပနဒီမြစ် အတွင်း တိုက်ခိုက် လုယက် မှုကြောင့် ကျောက်တော် ရဲစခန်းမှ ဒုရဲအုပ်ဇော်မင်းအောင် ဦးဆောင်သည့် ရဲတပ်ဖွဲ့မှာ ဇန္နဝါရီလ ၂၄ ရက်နေ့ နေ့လယ် ၂ နာရီခွဲတွင် တိုက်ခိုက်လုယက်ရာ တွင်ပါဝင်သော ကုလားများအား သွားရောက်ဖမ်းဆီးရာ ကျူးလွန်သူ များထဲမှ ၆ ဦးကိုသာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။
ALD ၏ ၆ လပတ် ဗဟိုကော်မီတီ မျက်နာစုံညီ အစည်းအဝေး ပေါက်တောတွင်ကျင်းပ
Posted by drmyochit
Saturday, January 26, 2013, under ပြည်တွင်းသတင်းများ | No comments
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ၏ ခြောက်လပတ် မျက်နာစုံညီ အစည်းအဝေးကို ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် ဇန္န၀ါရီလ ၂၅ ရက်နေ့က စတင်ကျင်းပသည်။
၂ ရက်တာ ကြာမြှင့်မည့် မျက်နာစုံညီ အစည်းအဝေးသို့ ပါတီ ဥက္ကဌ ဦးအေးသာအောင် အပါအ၀င် ဗဟိုမှ ခေါင်းဆောင်များ တက်ရောက်ခဲ့သည်ဟု ပေါက်တောမြို့နယ် ဒုဥက္ကဌ ဦးမြတ်ထွန်းက ပြောသည်။
သင်္ဃန်းကျွန်းမြို့နယ်ရှိ ပရိဘောဂပစ္စည်းအဟောင်းအရောင်းဆိုင် တစ်ဆိုင်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား
Posted by drmyochit
Saturday, January 26, 2013, under ပြည်တွင်းသတင်းများ | No comments
သင်္ဃန်းကျွန်းမြို့နယ်ရှိ ၅/ခ ရပ်ကွက်ရှိ ပရိဘောဂပစ္စည်းအဟောင်းအရောင်းဆိုင် တစ်ခုတွင် မီးလောင်ကျွမ်း မှုတစ်ခု နံနက် ၃ နာရီကျော်အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ လောင်ကျွမ်း မှုအား နံနက် ၄း၁၀ မိနစ်ခန့်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင့် သိရသည်။ မီးလောင်ကျွမ်းမှုသို့ မီးသတ်ကား အစင်း ၃၀ ခန့် လာရောက် ငြိမ်းသတ်ခဲ့ပြီး မီးလောင်မှု အကြောင်းရင်းကိုမူ စုံစမ်းနေ ဆဲဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
နော်ဝေနိုင်ငံသားတစ်ဦး ငပလီတွင်ရေဆင်းကူးရာမှ ရေနစ်သေဆုံး…
Posted by drmyochit
Saturday, January 26, 2013, under သတင်းများ | No comments
နော်ဝေနိုင်ငံသား Mr .STA BURSVID AMEFINN ဆိုသူ မှာ ငပလီကမ်းခြေသို့ အပန်းဖြေ ရန်လာရောက်စဉ် ဇန်န၀ါရီ ၂၃ ရက်နေ့လယ် (၁း၃၀) အချိန်တွင် ပင်လယ်ကမ်းခြေသို့ ရေဆင်းကူး ရာမှ ရေနစ်သေ ဆုံးခဲ့ကြောင်းသိရ သည်။အဆိုပါ နော်ဝေနိုင်ငံသား Mr .STA BURSVID AMEFINN မှာငပလီ ကမ်းခြေ Amata ဟိုတယ် s19 အခန်း တွင် တည်းခိုသည်ဟု သိရပြီး ယင်းနိုင်ငံခြား သားမှာ ငပလီ ကမ်းခြေသို့ ရောက် ရောက် ခြင်းနေ့တွင်ပဲ ရေနစ်သေဆုံးခဲ့ ခြင်းဖြစ် သည် ဟု Amata ဟိုတယ် မှ တာဝန်ရှိ့သူတစ်ဦးက ဆိုသည်။
သစ်တောများ သိမ်းယူခံရ၍ မာန်အောင် ဒေသခံများအထက်သို့ စာတင်
Posted by drmyochit
Saturday, January 26, 2013, under ပြည်တွင်းသတင်းများ | No comments
ကျောက်တော် ကုလားတန်မြစ်အတွင်း ဆန်စက်လှေ လုယူမှု နောက်ဆက်တွဲသတင်း
Posted by drmyochit
Saturday, January 26, 2013, under ပြည်တွင်းသတင်းများ | No comments